← Chapters

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း (၅၂၉-၅၃၁)

Vol. 36 Ch. 529-531

အခန်း(၅၂၉) လေးယောက်တစ်ယောက်ဖြစ်နေရင်တောင် နောက်ပြန်မဆုတ်ဘူး

လီရွှမ်သည် ကျယ်လောင်စွာညည်းညူပြီးနောက် ချက်ချင်းပင် သွေးအန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်သည် နံရံနှင့် ဝင်တိုက်မိသဖြင့် အရိုးကျိုးကြေသွားသံများကိုပင် ကြားနိုင်၏။

ဤသည်ကား တစ်ချက်တည်းသာဖြစ်သည်။

လူတိုင်း အထူးသဖြင့်လုဖေးယွီနှင့် ယွီဖုန်းတို့အပါအဝင် တိုက်ပွဲကို အဝေးကစောင့်ကြည့်နေသည့်သူများ အားလုံး အံသြသွားကြသည်။ သူတို့သည် တိုက်ပွဲနေရာနှင့် အနည်းငယ်ဝေးသော်လည်း ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များသည် မျက်မှောက်ခေတ်က သာမန်လူများထက် များစွာသာလွန်နေသည်။ ၎င်းတို့၏ အမြင်အာရုံသည် အလွန်ကောင်းမွန်လှသဖြင့် ဖြစ်ပျက်သမျှကို မြင်နိုင်ခဲ့ကြသည်။

ဤအခိုက်တွင် ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို အမှန်တကယ် ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သူတို့ နောက်ဆုံး သိလိုက်ရသည်။ ယခင်က သူ၏ ခွန်အားက ၎င်းတို့ကို ထိတ်လန့်စေခဲ့သည်ဟုဆိုလျှင် ယခုအခါတွင် သူ၏ စွမ်းအားအပြည့်ကို ထုတ်သုံးခဲ့သော ချူးယွင်ဖန်းသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။

တစ်ကြိမ်တိုက်ခိုက်ရုံဖြင့် ချူးယွင်ဖန်းသည် လီရွှမ်ကို တုန်လှုပ်သွားစေသည်။ လီရွှမ်မသေခဲ့လျှင်ပင် သူ

၏ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားရပေလိမ့်မည်။

အခြေအနေများပြောင်းလဲသွားသည်။ အထူးသဖြင့် လဲ့ယွီကျူးနှင့် လီရှု့ရှန်တို့အတွက်ဖြစ်သည်။ အရာအားလုံး မြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု ၎င်းတို့ မည်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့ကြပေ။ လီရွှမ်က အရေးနိမ့်နေကြောင်း သူတို့မြင်နိုင်သော်လည်း အရေးနိမ့်ခြင်းနှင့် ရှုံးနိမ့်ရခြင်းမှာ မတူညီသော အရာနှစ်ခုဖြစ်သည်။

လီရွှမ်သည် လူသိများသော ပညာရှင်တစ်ဦးဖြစ်သည်။ မေ့ဟိုက်ယွင်ကို တိုက်ခိုက်ရာတွင် တစ်ခါမှ မရှုံးဖူးသူအဖြစ် လူသိများသည်။ သူ့ကို အမျှအလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားကြပေ။ သို့သော် အမှန်မှာ လီရွှမ်သည် ထိုးနှက်ချက်တစ်ခုတည်းကိုပင် မခံနိုင်ပေ။

၎င်းတို့တုံ့ပြန်သည့်အချိန်တွင် ချူးယွင်ဖန်းသည် ၎င်းတို့ဘက်သို့ပင် လှည့်လာခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် သူ့ကို လေးထောင့်မှ ဝိုင်းရံထားခြင်းဖြစ်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင့်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့၏။

ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းက သူ၏ပြိုင်ဘက်ကို လျင်မြန်စွာအဆုံးသတ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ လီရွှမ်သည် အမှန်တကယ်ပင် အင်အားနည်းလွန်းလှသည်။ သူသည် သူ၏ ဒူးလေးကို ဒုတိယမြှားထပ်ဖြည့်ထားသည်။ ပြုပြင်မွမ်းမံထားသည့်အတိုင်း၊ ၎င်း၏ ပစ်ခတ်မှုအမြန်နှုန်းနှင့် ထုထည်သည် ရှေးဒူးလေးများထက် များစွာသာလွန်သည်။ မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်း၏ အမြန်နှုန်းသည် လီရွှမ်ကို သုတ်သင်ပစ်ရာတွင် အလွန် မြန်လွန်းသဖြင့် လူများစွာက သတိလက်လွတ်ဖြစ်သွားခဲ့ကြသည်။

ဘွန်း

ကျန်းပိုင်ဖေးသည် လက်ထဲမှ ဒူးလေးကို ဒုတိယတစ်ကြိမ်ထပ်ပစ်လိုက်ကာ ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်သို့ ချိန်ရွယ်ထားသည်။ ဤအချိန်တွင် ချူးယွင်ဖန်း၏ စိတ်ထဲ၌ ကြည်လင်သော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းသွားရာ သူ့မျက်လုံးများ တောက်ပ၍ အရာအားလုံး နှေးကွေးသွားသည်ဟု ခံစားလိုက်ရသည်။

ချူယွင်ဖန်၏ မျက်လုံးထဲတွင် လျှပ်စီးကြောင်းကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသော လေး၏ လှုပ်ရှားမှုသည် နှေးကွေးနေ၏။ ချူးယွင်ဖန်း၏ ဓားသည် လျှပ်စီးတစ်စင်းကဲ့သို့ ထွက်လာသည်။ သူ၏ ခွန်အားသည် အကန့်အသတ်မရှိရုံသာမက သူ၏ အရှိန်သည်လည်း သာမန်လူများ၏ စိတ်ကူးထက် ကျော်လွန်သွားခဲ့သည်။ လျှပ်စီးကြောင်းကဲ့သို့ပင် သူက ဝင်လာသောမြှားကို အပြင်းအထန် ခုတ်ထစ်ပစ်လိုက်သည်။

Boom!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ မြှားသည် လေထဲတွင် ပေါက်ကွဲသွားသည်။

"ဘာလဲ" ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းက သူပစ်လိုက်သော မြှားကို အလွယ်တကူတားဆီးနိုင်လိမ့်မည်ဟုမထင်ထားခဲ့ပေ။

ဘယ်လောက်တောင် မြန်တာလဲ။

ချူးယွင်ဖန်းက ရှောင်တိမ်းခဲ့လျှင် အဆင်ပြေသော်လည်း သူသည် ဓားစောင်းဖြင့် လေထဲမြှားကို အမှန်တကယ် ဖျက်ဆီးပစ်လိုက်သည်။

ယခုအချိန်တွင် ထောင်နှင့်ချီသော ပါဝင်သူများ စုဝေးနေကြသော်လည်း တိုက်ပွဲအခင်းအကျင်းနှင့် အဝေးမှ ကြည့်နေကြတယ်။ ဒီအခင်းအကျင်းကို မြင်ပြီးနောက်တွင် ၎င်းတို့သည် သရဲတစ္ဆေမြင်ရသကဲ့သို့ ခံစားမိလိုက်ကြသည်။

ဤသည်ကား ဒူးလေးဖြစ်သည်။ တက္ကသိုလ်များက ကျောင်းသားများကို မသုံးရန်တားမြစ်ရသည့် အကြောင်းရင်းမှာ သူ၏ ကြီးမားသော စွမ်းအားကြောင့်ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများသာလျှင် လေထုအလယ်တွင် ဒူးလေးကိုပေါက်ကွဲရန် တုံ့ပြန်နိုင်သော အမြန်နှုန်းရှိကြသည်။ သာမာန်ကျောင်းသားများအတွက်၊ ဤစွမ်းအားသည် စိတ်ကူးယဉ်မှုထက် ကျော်လွန်နေ၏။ သို့သော် ဤစည်းမျဉ်းသည် ချူးယွင်ဖန်း နှင့်သက်ဆိုင်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်းသိရသည်။ တစ်စုံတစ်ယောက်၏ တုံ့ပြန်မှုအရှိန်သည် ထိုကဲ့သို့သောအဆင့်သို့ မည်သို့ရောက်ရှိနိုင်မည်နည်း။ အကယ်၍ သူတို့သည် မီတာအနည်းငယ်အကွာအဝေးတွင်ရှိလျှင် ၎င်းကို ရှောင်တိမ်းသွားသည်ဟု ယုံကြည်ကြပေမည်။ သို့သော် သူတို့ရှေ့ မီတာအနည်းငယ်မျှသာကွာဝေးခြင်းသည်မူ သေခြင်းတရားနှင့်သာကြုံတွေရမည်မှာ သေချာလှ၏။

ချူးယွင်ဖန်းသည် ဧကရာဇ်ကိုယ်ခန္ဓာစနစ်ကို ကျွမ်းကျင်ပြီးနောက် သူ၏ အမြန်နှုန်း၊ ခွန်အားနှင့် တုံ့ပြန်မှုအမြန်နှုန်းတို့သည် သိသိသာသာ တိုးတက်လာသည်ကို သူတို့မသိခဲ့ပေ။ ၎င်းတို့သည် သာမန်လူများအတွက် စိတ်ကူးမယဉ်နိုင်သော တုံ့ပြန်မှုကန့်သတ်ချက်များဖြစ်သည်။

ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်း၏ အလွန်ကြီးမားသော တုံ့ပြန်ချက်ကြောင့် ထိတ်လန့်သွားသည်။ သို့သော် ကျန်းပိုင်ဖေးထိတ်လန့်နေပုံပေါ်သောကြောင့် ချူးယွင်ဖန်းက အရှိန်မလျှော့ခဲ့ပေ။

လေးကိုထိပြီးနောက် ချူးယွင်ဖန်း၏ညာဘက်လက်သည် အနည်းငယ်ထုံကျင်လာသည်။ သူသည် သန်မာသော်လည်း ဤစစ်မှန်သော စက်ပိုင်းဆိုင်ရာ စွမ်းအားကို ယှဉ်ပြိုင်ရန် နည်းလမ်းမရှိပေ။ သို့သော် သူ၏ချီစွမ်းအင်သည် သူ့လက်မောင်းကိုဖြတ်ဝင်သွားသဖြင့် ထုံကျင်မှုခံစားချက်သည် လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေး၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ အချိန်က တိုတောင်းလွန်းသောကြောင့် ကျန်းပိုင်ဖေးသည် သူ၏ ဒူးလေးကို ထပ်မံအသုံးပြုရန် အခွင့်အရေးမရှိတော့ပေ။ သူသည် သူ၏ဓားကိုဆွဲကာ ချူးယွင်ဖန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။

ဘမ်း

ချီစွမ်းအင်များအချင်းချင်းတိုက်မိပြီးနောက် ကြောက်မက်ဖွယ်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကျန်းပိုင်ဖေးသည် သူ့ဓားထဲသို့ တိုးဝင်လာသော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်ရသည်။ လွန်ခဲ့သော သုံးလနှင့် နှိုင်းယှဥ်ပါက ကျန်းပိုင်ဖေးသည် ပို၍ သန်မာလာရာ မရီးဒျန်သန့်စင်ခြင်း ဆဌမအဆင့်ကို တည်ငြိမ်စေခဲ့ရုံသာမက သတ္တမအဆင့်သို့ပင်တက်လှမ်းနိုင်ခဲ့သည်။ သူသည် ယခု မေ့ဟိုက်ယွင်ကိုပင် ယှဥ်ပြိုင်နိုင်မည်ဟု ယုံကြည်ချက်ရှိထားသည်။ သူ၏ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်၍ ပြည်ထောင်စုတက္ကသိုလ်တွင် နံပါတ်တစ်ဖြစ်လာမည်ဟုထင်ထား၏။

သို့သော် သိုင်းကွက်ဖလှယ်ပြီးသည့်နောက် ကျန်းပိုင်ဖေးသည် သူတိုးတက်ကောင်းမွန်လာရုံသာမက ချူးယွင်ဖန်းလည်း တိုးတက်လာသည်ကို သိလိုက်ရသည်။ တကယ်တမ်းတွင် ချူးယွင်ဖန်း၏ တိုးတက်မှုသည် သူ့ထက်ပင် ပို၍ ကြီးမားလှ၏။

ကျန်းပိုင်ဖေးသည် နောက်သို့ ခြေလှမ်းများစွာပြန်ဆုတ်လိုက်ရသည်။ သူခြေလှမ်းတစ်လှမ်းဆုတ်လိုက်တိုင်း မြေပြင်ပေါ်တွင် ကြီးမားသောခြေရာများကျန်ရစ်ခဲ့၏။

“ကျန်းပိုင်ဖေး မင်းက ငါ့ကို သတ်ချင်နေတယ်ပေါ့ဟုတ်လား။ ငါမင်းကို အရင်သတ်ပစ်မယ်”

ချူးယွင်ဖန်းက အသာစီးရပြီးနောက် မည်သူ့ကိုမျှသက်ညှာမပေးတော့မည်ပုံပေါ်သည်။ ပထမဓားချက်အောင်မြင်သွားပြီးနောက် ကျန်းပိုင်ဖေးကို ထပ်မံတိုက်ခိုက်ခဲ့သည်။

“မင်းတို့နှစ်ယောက်က ငါတို့ကို တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူသွားတာစောင့်နေကြတာလား” ကျန်းပိုင်ဖေးက ထအော်လိုက်သည်။ ဓားချက်တစ်ချက်တည်းဖြင့်ပင် အောင်နိုင်သူကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ ဝန်မခံချင်လျှင်ပင် ဝန်ခံရပေလိမ့်မည်။ ယခုအချိန်တွင် သူသည် ချူးယွင်ဖန်း၏ ပြိုင်ဘက်ဖြစ်ရန် မထိုက်တန်တေ့ပေ။ လွန်ခဲ့သောအခိုက်အတန့်တွင် လီရွှမ်သည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်ခဲ့သည်။ သူသည် သွေးအန်၍ မသန်မစွမ်းပင်ဖြစ်သွားခဲ့သည်။ ကျန်းပိုင်ဖေသည်လည်း ထိုသင်ခန်းစာကို မြင်ခဲ့ရသဖြင့် ချောင်ပိတ်တိုက်ခိုက်ခံရသောအခါတွင် ချက်ချင်းအကူအညီတောင်းခဲ့သည်။

လုရှုရှန်နှင့် လဲ့ယွီကျူးတို့က ချက်ချင်းတုံ့ပြန်လိုက်ကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် တစ်ဦးချင်းမတိုက်ခိုက်နိုင်ကြပေ။ အင်အားစုများပူးပေါင်းမှသာလျှင် အနိုင်ရရန် အခွင့်အလမ်းရှိသည်။ ထိုအချိန်တွင် ၎င်းတို့၏ နာမည်ဂုဏ်သတင်းကို ဂရုမစိုက်နိုင်တော့သဖြင့် ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။

“ဖယ်စမ်းပါ လမ်းမပိတ်နဲ့”

၎င်းတို့နှစ်ယောက်က ချူးယွင်ဖန်းကိုတိုက်ခိုက်တော့မည့်အချိန်၌ပင် သူဒေါသများတောက်လောင်နေသည်နှင့်အတူ သူ့ထံမှ ကြောက်မက်ဖွယ်စွမ်းအင်များ လှိုင်းကြီးတစ်လုံးသဖွယ်ထွက်လာသည်ကိုလည်း မြင်လိုက်ရသည်။

လဲ့ယွီကျူးနှင့် လီရှု့ရှန်တို့သည် အဆင်သင့်မဖြစ်နေကြသဖြင့် ချက်ချင်းပင် ထိုစွမ်းအင်လှိုင်းလုံးကြီးကြောင့် အလွယ်တကူ လွင့်ထွက်သွားကြသည်။

အခန်း(၅၃၀) နောက်ဆုံးတွင် ကျန်းပိုင်ဖေးကို သတ်ပစ်ခဲ့ခြင်း

လဲ့ယွီကျူးနှင့် လီရှု့ရှန်တို့သည် ချူးယွင်ဖန်းက ဤသို့သော နည်းမျိုးဖြင့် အဝေးသို့ တွန်းထုတ်လိမ့်မည်ဟုမထင်ခဲ့ကြပေ။ သူ၏ ချီစွမ်းအင်များသည် အလွန်သိပ်သည်း၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့၏ သိုင်းပညာသည် လေးနက်သည်။ ၎င်းတို့ထက် အဆင့်တူ၍ အသက်ပိုကြီးသော သိုင်းပညာရှင်များပင်လျှင် ၎င်းတို့၏သိုင်းပညာကဲ့သို့ လေးနက်မှုရှိမည်မဟုတ်ပေ။

၎င်းတို့သည် မည်သူသောသူမျိုးဖြစ်ကြသနည်း။ ၎င်းတို့သည် ကောင်းကင်ဘုံက ကောင်းချီးပေးထားသော ပါရမီရှင်များဖြစ်ကြသည်။ ပြည်ထောင်စုတွင် ဤနှစ်အတွင်း၌ အသက်တူ သန်းထောင်နှင့်ချီသော ဖြစ်တည်မှုများအနက် အကောင်းဆုံးသူများဖြစ်ကြသည်။ ၎င်းတို့၏ သာမန်ထက်လွန်ကဲသော စွမ်းအင်များသည် ၎င်းတို့ကို ဖော်ပြရန် လုံလောက်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကို ကောင်းကင်ဘုံမှ ပါရမီရှင်များဟုပင်ယူဆနိုင်သည်။ ထိုသို့ဆိုလျှင်ပင် ထိုသူများသည် မရေမတွက်နိုင်လောက်အောင် များပြားသော အရင်းအမြစ်များကို အသုံးပြုထားကြသည်။ ၎င်းတို့၏နောက်တွင် မရေမတွက်နိုင်သော လူများစွာသည် သူတို့ မြင့်မားလာနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။ ဤအပါရမီရှင်များသည် ဤအရင်းအမြစ်မျိုးစုံကို စုဆောင်း၍ အဆင့်အထိရောက်လာနိုင်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

သို့သော် ထိုသို့ဆိုလျှင်ပင် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရာတွင် ၎င်းတို့သည် ဓားချက်တစ်ချက်ကိုပင် မခံနိုင်ခဲ့ကြပေ။

သိုင်းကွက်တစ်ကွက်တည်းဖြင့်ပင် ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်မှာ မိမိတို့ထက် အဆပေါင်းများစွာပိုလွန်ကြောင်း သေချာသွားကြသည်။ ၎င်းတို့၏ ကျင့်ကြံမှုသည် တူညီသော အဆင့်တွင်ရှိနေသော မွန်းစတားများနှင့် နှိုင်းယှဥ်နိုင်သည်။ ချူးယွင်ဖန်းက ၎င်းတို့ထက် အဆပေါင်းများစွာပို၍ သန်မာနေသလော။

သိုင်းပညာလောကတွင် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများကိုပင် အားနည်းသူနှင့် အားကြီးသူ၏ ခွဲခြားထားသည်။ ရုပ်ပိုင်းဆိုင်ရာအားနည်းသူများသည် ဆယ်နှစ်ကျော်မျှ ကျင့်ကြံပြီးသည့်တိုင် အနှိုင်းမဲ့ခွန်အားကို ရနိုင်မည်မဟုတ်ပေ။ ထူးကဲသော အရည်အချင်းရှိသူသည်မူ လအနည်းငယ်ခန့်ကြာ ကျင့်ကြံပြီးနောက် ပို၍ စွမ်းအားကြီးလာမည်ဖြစ်သည်။

ဤသည်က မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိသော ကျွမ်းကျင်သူများ၏ ကွာဟချက်ဖြစ်သည်။ အထူးသဖြင့် လူနှင့် မွန်းစတားများကြားတွင် ကြီးမားသော ခြားနားချက်တစ်ခုရှိသည်။ ၎င်းတို့သည် တူညီသော ကျင့်ကြံရေးအဆင့်တွင် လူသားများထက်အဆပေါင်း ဆယ်ဂဏန်း သို့မဟုတ် ရာနှင့်ချီ၍အစွမ်းထက်သည်။

အပေါ်ယံတွင် ၎င်းတို့သည် လူသားများနှင့် ကွာခြားချက်မရှိလှသော်လည်း လက်တွေ့တွင်မူ ထိုလူများသည် လူသားများကြားမှ လူထူးဆန်းများဖြစ်သည်။ ၎င်းတို့၏ မရီးဒျန်များသည် သာမန်လူများထက် ပို၍သန်မာလှသည်။

ချူးယွင်ဖန်းသည် လူထူးဆန်းများကြားမှ လူထူးဆန်းတစ်ဦးဖြစ်သည် သူသည် လူသားအသွင်ခြုံထားသော မွန်းစတားတစ်ကောင်ဖြစ်သည်။ ကျန်းပိုင်ဖေးက အလွန်ထိတ်လန့်သွားရသည်။ လုရှု့ရှန်နှင့် လဲယွီကျူး၏ ခွန်အားကို သံသယဝင်နေရန်မလိုပေ။ ၎င်းတု့ိသည် သူနှင့် တူညီသော သောအဆင့်တွင် ရှိနေသော်လည်း ယခုတွင်မူ ၎င်းတို့သည် ဘေးသို့ လွင့်ထွက်သွားကြရပြီဖြစ်သည်။ ဤမှတဆင့် ခွန်အားချင်းကွာခြားမှုကို ချက်ချင်းခံစားလိုက်ရသည်။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန် ဒူးလေးကို အသုံဂပြုလိုက်သည်။ သိုင်းပညာရှင်တစ်ဦးအတွက် ဤသည်မှာ ရှင်းလင်းသော ရှုံးနိမ့်မှုတစ်ခုဖြစ်ကြောင်း သိသာ၏။

ကျန်းပိုင်ဖေးက လက်တုံ့ပြန်ချင်သော်လည်း သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး ပြိုကွဲသွားသကဲ့သို့ ခံစာလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုမှ စွမ်းအားသည် သူ့ခန္ဓာကိုယ်ထဲတွင် ကျန်ရစ်ခဲ့၏။ သူတုံ့ပြန်ချင်သော်လည်း ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူခံစားနိုင်သည်မှာ အလွန်ပြင်းထန်သော နာကျင်မှုတစ်ခုတည်းသာဖြစ်၏။

“ငါဆက်ပြီး ထိန်းထားမှာမဟုတ်တော့ဘူး ကျန်းပိုင်ဖေးက ကြုံးဝါး၍ လက်ထဲမှ ဓားကို မြှောက်လိုက်သည်။

“မုန်း မုန်း မုန်း ကောင်းကင်နှင့် မြေကြီးကို မုန်းတီးခြင်း”

ကျန်းပိုင်ဖေး၏ ခန္ဓာကိုယ်သည် အလွန်ပြင်းထန်သော အမုန်းတရားများဖြင့် ပေါက်ကွဲထွက်လာသည်။ ဤသည်မှာ ကျန်းပိုင်ဖေး၏ အပြင်းထန်ဆုံးသိုင်းကွက်ဖြစ်ကာ ချူးယွင်ဖန်းကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည်။

“ဒီလို အသေးအမွှားလှည့်ကွက်တွေ”

ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေး၏ ရှေ့သို့ရောက်လာ၏။ ခြေထောက်ကို မြှောက်လိုက်ပြီးနောက် မြေပြင်သို့ ဆောင့်ချလိုက်သောအခါ ထိုအကန့်အသတ်မဲ့သော အမုန်းတရားများသည် အချည်းအနှီးဖြစ်၍ ပျောက်ကွယ်သွားသည်။ မည်သို့သော အစွမ်းထက်သည့် သိုင်းမျိုးဖြစ်နေစေကာမူ ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးပုံစံနှင့် ကြုံတွေ့လိုက်ရသောအခါ ၎င်း၏ စွမ်းအားအားလုံး ဆုံးရှုံးသွားခဲ့ရသည်။

ချူးယွင်ဖန်း၏ ကျန်ချက်သည် ကျန်းပိုင်ဖေး၏ သိုင်းပညာကို ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားရုံသာမက ကျန်းပိုင်ဖေ၏ ခန္ဓာကိုယ်ကိုလည်း အပြင်းအထန်ဖိနှိပ်ချလိုက်သည်။

ဘမ်း

ကျန်းပိုင်ဖေးက ယင်းနှင့် ထိမှန်သွားသည်နှင့် ချက်ချင်း အော်ဟစ်ကာ သွေးတစ်ပွက်အန်ထွက်လာသည်။ ဤသည်မှာ သံချပ်ကာယာဥ်တစ်စီးက သူ့ကို အပြင်းအထန်တိုက်သွားသကဲ့သို့ဖြစ်ကာ မခုခံနိုင်တော့ဘဲ လွင့်ထွက်သွားသည်။ ချူးယွင်ဖန်းသည် အလွန်လျင်မြန်လှသည်ဖြစ်ရာ သူက ခုခံချင်လျှင်ပင် သူလုပ်နိုင်သောအရာမရှိပေ။

ကျန်းပိုင်ဖေးသည် သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး ကျိုးကြေသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူခန္ဓာကိုယ်တစ်ခုလုံးသို့ ဝင်ရောက်သွားသည့် နာကျင်မှုကြောင့် မျက်နှာသည်လည်း ရှုံ့မဲ့နေ၏။

သို့သော် ချူးယွင်ဖန်းသည် ရှေံသို့ ခြေတစ်လှမ်းထပ်တိုးလာသည်။ သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်အငွေ့အသက်များရှိနေ၏။ ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းက မိမိကို သတ်ရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ချက်ချင်းသတိထားမိလိုက်သည်။

“ချူးယွင်ဖန်း မင်းက ငါ့ကို သတ်ရဲလား” ကျန်းပိုင်ဖေးက ကြုံးဝါးလိုက်သောအခါ လူတိုင်း၏အ မူအရာများချက်ချင်း လေးနက်လာသည်။ မှန်သည်။ ကျန်းပိုင်ဖေးသည် သာမန်လူမဟုတ်ပေ။ သူသည် ကျန်းမိသားစု၏ လက်ရှိမျိုးဆက်၏ ထိပ်တန်းလက်ရွေးစင်များထဲမှ တစ်ဦးဖြစ်ကာ အလားအလာနှင့် အဆင့်အတန်းအရ သူသည် ကျန်းလင်းရှောင်ပြီးလျှင် ဒုတိယအဆင့်တွင်ရှိသည်။

“ရီရတယ် ငါက ဘာလို့ မင်းကို မသတ်ရဲရမှာလဲ” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

“ငါက ကျန်းမိသားစုရဲ့တိုက်ရိုက်မျိုးဆက်ပဲ။ မင်းငါ့ကို မသတ်နိုင်ပါဘူး” ကျန်းပိုင်ဖေးက ကမန်းကတန်းပြောလိုက်သည်။

“ဒါမင်းရဲ့ ဝှက်ဖဲလား။ တခြားဘာရှိသေးလဲ။ ဒါက မင်းကို အလွတ်ပေးဖို့ ခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ဘူး” ချူးယွင်ဖန်းက အေးစက်စွာပြောသည်။

“မင်းဟွမ်ယုကို သတ်ပြီးတော့ ဟွမ်မိသားစုကို ရန်စပြီးသွားပြီ။ ငါ့မိသားစုကိုပါ စိန်ခေါ်ရင် မင်းအကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး” ကျန်းပိုင်ဖေးက ရုန်းကန်ထ၍ ဆင်ခြေပေးရန်အကြောင်းပြချက်ရှာနေသည်။

ရုတ်တရက် ကျန်းပိုင်ဖေးက ထပ်မံတိုက်ခိုက်လိုက်သည်။ သူသည် ဒူးလေးဖြင့် ချူးယွင်ဖန်းကို ချိန်ရွယ်ကာတိုက်ခိုက်တော့မည့်ဆဲဆဲတွင် ချူးယွင်ဖန်း၏ လက်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာရွေ့လျားလာ၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် ကျန်းပိုင်ဖေး၏ လက်ကို ဖြတ်တောက်လိုက်ရာ ဒူးလေးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

“အား” ကျန်းပိုင်ဖေးက အော်ဟစ်ပစ်လိုက်သည်။ သူခုဏကပြောနေသည့်စကားများအားလုံး ရပ်တန့်သွားသည်။ ကံမကောင်းစွာဖြင့် ချူးယွင်ဖန်းသည် သတိလက်လွတ်မနေနေသဖြင့် တန်ပြန်တိုက်ခိုက်မှုမှာ အသုံးမဝင်ခဲ့ပေ။

“ဟုတ်တယ် ငါက ဟွမ်မိသားစုကို ရန်စပြီးပြီ။ နောက်တစ်ယောက်ကို ရန်စရင်ရောဘာဖြစ်လဲ။ ဒါ့အပြင် ငါကျန်းမိသားစုကို စိန်ခေါ်တာ ဒါပထမဆုံးအကြိမ်မဟုတ်ဘူး” ချူးယွင်ဖန်းက လှောင်ရယ်လိုက်ပြီးနောက် အချက်ပြစနစ်များအားလုံးကို ပိတ်ချလိုက်သည်။

“သူဘယ်လိုတောင် သတ္တိရှိလဲ”

ဤအခိုက်အတန့်တွင် ကြယ်တာရာကျွန်းနှင့် မဝေးကွာသော စစ်သင်္ဘောပေါ်တွင် ကျန်းမိသားစုအကြီးအကဲများက ပရမ်းပတာဖြစ်နေသည်။ ချူးယွင်ဖန်း၏ လုပ်ရပ်များသည် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပစ်တော့မည်ပုံပေါ်ကြောင်း သိသာ၏။ ၎င်းတို့အားလုံးသည်လည်း ငယ်ရွယ်ဖူးကြသဖြင့် နမိတ်လက္ခဏာများကို ကောင်းစွာသိထားကြသည်။

“သူ့ကိုတားပါ၊ ငါတို့သူ့ကို တားရလိမ့်မယ်”

ဤအခိုက်အတန့်တွင် ကျန်းမိသားစုအကြီးအကဲများသည် ဟွမ်မိသားစုက မည်မျှ ဒေါသဖြစ်ခဲ့သည်ကို နားလည်သွားကြသည်။ မိသားစု၏ မျက်နှာသာပေးခံထားရသော မျိုးဆက်သစ်လူငယ်များသည် ဤနေရာတွင်သေကြရတော့မည်။ ကံမကောင်းစွာဖြင့် ဤနေရာသည် ၎င်းတို့၏ နယ်မြေမဟုတ်သဖြင့် မည်သူကမျှ သူတို့ကို ဂရုမစိုက်ကြပေ။

ဤအခိုက်အတန့်တွင် တောင်ပေါ်၌ ချူးယွင်ဖန်းသည် ဓားကို မြှောက်၍ ခုတ်ပိုင်းချလိုက်သည်။ ကျန်းပိုင်ဖေးက သွေးအန်လုမတက်အော်ဟစ်လိုက်ပြီးနောက် သူ့ခေါင်းပြတ်ထွက်သွားရာ မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သူ၏ မျက်လုံးများမှာမူ ပွင့်နေဆဲဖြစ်၍ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။

ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်းအကြောင်းကို ပထမဆုံးကြားခဲ့စဥ်က ချူးယွင်ဖန်းက သူ၏ ဖိနပ်များသယ်ယူရန် အရည်အချင်းမရှိဟုထင်ခဲ့ဖူးသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာရှိနေ၍ သူသည်မူ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်နေပြီဖြစ်သည်။

ကျန်းပိုင်ဖေး၏ ပြိုင်ဘက်စာရင်းတွင် ထိုသို့သော လူမျိုးမရှိခဲ့ပေ။

ထို့အပြင် ယခုမူ နောက်ဆုံး၌ ကျန်းပိုင်ဖေးသည် ချူးယွင်ဖန်း၏ လက်ထဲတွင် သေဆုံးသွားရ၏။

သို့သော်လည်း ချူးယွင်ဖန်းအတွက်မူ ဤအရာက ခရီးရှည်ကြီး၏ ပထမဆုံးခြေလှမ်းပင်ဖြစ်သည်။ ကျန်းပိုင်ဖေးသည် တစ်ချိန်က အရက်စက်ဆုံးသော ရန်သူဖြစ်ခဲ့ကာ အဝေးသို့ ပုန်းရှောင်နေခဲ့ရဖူးသည်။ ယခုမူ ချူးယွင်ဖန်းသည် အရာအားလုံးကို အဆုံးသတ်ပစ်လိုက်ပြီဖြစ်သည်။

ကျန်းလင်းရှောင်သည်လည်း အနှေးနှင့်အမြန် ဤသို့ပင် အဆုံးသတ်သွားရပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းကိုတိုက်ခိုက်ရန်ပြင်ဆင်နေကြသော လဲ့ယွီကျူးနှင့် လီရှုရှန်တို့နှစ်ဦး ကြောက်လန့်နေကြ၏။

အခန်း(၅၃၁) ငွေညှစ်ခြင်းသည် ချမ်းသာနိုင်သည့်နည်းလမ်းဖြစ်သည်

ချူးယွင်ဖန်းသည် ကျန်းပိုင်ဖေးကို အမှန်တကယ်ပင် ဓားချက်သုံးချက်ဖြင့် သတ်ပစ်လိုက်သည်။ ၎င်းတို့နှင့် အဆင့်တူတွင်ရှိနေသော ကျန်းပိုင်ဖေးသည် ဤမျှထိ အလွယ်တကူ အသတ်ခံလိုက်ရသည်။ သူ့တွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အားပင်မရှိခဲ့ပေ။ ၎င်းတို့အားလုံးသည် မိမိတို့ကြားမှ ခွန်အားကွာခြားချက်ကို သဘောပေါက်နားလည်သွားကြသည်။ ထို့ကြောင့် ချက်ချင်း ရပ်လိုက်ကြပြီးနောက် ရှေ့ဆက်မတိုးရဲကြတော့ပေ။

ဤအခိုက်အတန့်တွင် အဝေးတွင်ရှိနေသော ယွီဖုန်းနှင့် လုဖေးယွီတို့သည် မျှော်လင့်ထားသကဲ့သို့ပင် ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးများတွင် ချူးယွင်ဖန်းသည် မျှော်လင့်ထားသည့်အတိုင်းပြုမူကာ ကျန်းပိုင်ဖေးကို အလွယ်တကူ သတ်ပစ်ခဲ့သည်။

မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ထင်ထားသည်ထက် ပို၍ များစွာလွယ်ကူ၏။

၎င်းတို့၏ စိတ်ကူးထဲတွင်ကြီးမားသော တိုက်ပွဲတစ်ခုဖြစ်ပြီးနောက်ဆုံးတွင် နှစ်ဖက်လုံး အပြင်းအထန်ဒဏ်ရာခံစားရမည်ဟုထင်ထားကြသည်။ ချူးယွင်ဖန်းသည် အလွန်သန်မာလှသော ကျန်းပိုင်ဖေးနှင့်အခြားသူများသည် လူပိုများသည်။ လက်လေးချောင်းကို လက်သီးနှစ်လုံးဖြင့် တိုက်ခိုက်ရန်ခက်ခဲသဖြင့် ချူးယွင်ဖန်းက ဒဏ်ရာအပြင်းအထန်ရရှိနိုင်ခြေရှိသည်။

သို့သော် လက်တွေ့သည် ၎င်းတို့စိတ်ကူးထားသည်နှင့် များစွာကွာခြားသည်။ ချူးယွင်ဖန်းက သူ၏ ခွန်အားအပြည့်ကို ထုတ်သုံး၍ လီရွှမ်ကို သိုင်းကွက်အနည်းငယ်ခန့်တွင် အနိုင်ယူကာ ကျန်းပိုင်ဖေးကို သတ်ပစ်ခဲ့သည်။ ထိုသို့သော တိုက်ခိုက်ရေးစွမ်းအားများက သူတို့ကို ကံကောင်းသည်ဟု ခံစားရစေသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည် ချူးယွင်ဖန်းကို တိုက်ခိုက်ရာတွင် မပါဝင်ခဲ့ကြပေ။ မဟုတ်လျှင် အကျိုးဆက်များကို ခန့်မှန်း၍ရနိုင်၏။

မဟုတ်ပေ။ အကျိုးဆက်များသည် သိသာနေသည်ဟုပင်ဆိုနိုင်သည်။ အခြားဖြစ်နိုင်ခြေမရှိပေ။

“တစ်လပဲရှိသေးတာ သူဘာလို့ ဒီလောက်သန်မာလာတာလဲ” လုဖေးယွီက သရဲတစ္ဆေတစ်ကောင်မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ လွန်ခဲ့သည့် တစ်လခန့်က ချူးယွင်ဖန်းသည် အလွန်သန်မာလှသော်လည်း သူသည် အမြင့်ဆုံးအနေဖြင့် သတ္တမအဆင့်၌သာရှိသေးသည်။ ယခုမူ ချူးယွင်ဖန်းသည် အခြားသော မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူကို အနိုင်ယူနိုင်ခဲ့သည်။ ဤကွာဟချက်သည် ကြီးမားလွန်းလှ၏။

“ကံကောင်းလို့ ငါတို့ ဝင်မပါလို့ပေါ့။ အဲ့မှာလူဘယ်နှစ်ယောက်ရှိရှိ သူ့ကို သတ်ဖို့ လောက်မှာမဟုတ်ဘူး။ သူတကယ် လူသတ်ရဲတယ်”

ယွီဖုန်း၏ အနားရှိကျောင်းသားများသည် မိမိတို့ နှလုံးသားထဲသို့ အကြောက်တရားများ ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။ မိမိတို့သာ ၎င်းတို့နေရာတွင်ဖြစ်ပါက အမှန်ပင် အဆုံးသတ်သွားပေလိမ့်မည်။ ဤအခိုက်အတန့်တွင် ပါဝင်သူများသည် ကြောက်လန့်နေကြသေး၏။ ၎င်းတို့အားလုံး ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရသော်လည်း ဤအဆင့် လူတစ်ယောက်သေဆုံးခြင်းသည် ကြီးမားသောကိစ္စတစ်ခုဖြစ်သည်။

ဟွမ်ယု၏ သေဆုံးမှုသည် လှိုင်းလုံးကြီးတစ်ခုဖြစ်ခဲ့ရာ ယခုအချိန်တွင် ကျန်းပိုင်ဖေးသည်လည်း သေဆုံးသွားခဲ့ပြီဖြစ်သည်။ အရေးအကြီးဆုံးမှာ ချူးယွင်ဖန်းသာ လှုပ်ရှားချင်ပါက လုရှု့ရှန်၊ လီရွှမ်နှင့် လဲ့ယွီကျူးတို့သည်လည်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ဒဏ်ရာအပြင်းအထန်ရသွားသော လီရွှမ်အပြင် လုရှု့ရှန်နှင့် လဲယွီကျူးတို့သည်လည်းစတင် သတိထားလာကြသည်။ နှစ်ယောက်လုံးက တိုက်ခိုက်ရန်မစဥ်းစားကြတော့ဘဲ အစွမ်းကုန်ခုခံကာကွယ်ရန်သာတွေးထားကြသည်။

“ချူးယွင်ဖန်း မင်းသေချာစဥ်းစားပါ။ တစ်လောကလုံးနဲ့ရန်ဖက်တွေဖြစ်ချင်နေတာလား” ယွီကျူးက အော်လိုက်သည်။

ချူးယွင်ဖန်းက လှောင်ရယ်လိုက်၏။

“တစ်လောကလုံးနဲ့ ရန်ဖက်ဟုတ်လား။ ဘယ်လောက်တောင်ကြီးတဲ့ကိစ္စလဲ။ အရင်က မင်းတို့ ငါ့ကို ဝိုင်းသတ်ဖို့လုပ်တုန်းက ကိစ္စမရှိဘူး။ မင်းတို့ပဲငါ့ကို သတ်လို့ရတာလား။ ငါကကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့တောင် အခွင့်မရှိဘူးလား”

ချူးယွင်ဖန်းက ဤသို့ပြောလာသောအခါ လူများစွာက စတင်ကျိန်ဆဲလာကြသည်။

“လခွီး ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်တယ်ဟုတ်လား။ ဒီအဆင့်မှာ ခုခံကာကွယ်တဲ့အကြောင်းပြောစရာမလိုတော့ဘူး”

သို့သော် လဲ့ယွီကျူးနှင့် လီရှု့ရှန်တို့တွင် ပြောစရာစကားမရှိတော့ပေ။ နောက်ဆုံးတွင် ၎င်းတို့လေးဦးက ချူးယွင်ဖန်းကို စုပေါင်းတိုက်ခိုက်ခြင်းသည် ဂုဏ်ယူဖွယ်မဟုတ်ပေ။ ချူးယွင်ဖန်းပြောသကဲ့သို့ပင် သူ့က တန်ပြန်တိုက်ခိုက်ခွင့်မရှိသလော။

သို့သော် ဤတန်ပြန်တိုက်စစ်သည် အနည်းငယ်ရက်စက်လှလွန်းသည်။

“ချူးယွင်ဖန်း ငါတို့ မင်းနဲ့သေတဲ့အထိ မတိုက်ချင်ဘူး။ ကြေအေးကြရအောင်” လုရှု့ရှန်က ကျယ်လောင်စွာအော်သည်။

“သေတဲ့အထိ မတိုက်ချင်ဘူးဟုတ်လား။ မင်းတို့နှစ်ယောက်ကိုလား” ချူးယွင်ဖန်းက ပြောသည်။

“ငါမင်းတို့ကို အရည်အချင်းမရှိဘူးလို့ ထင်တယ်။ ဒါပေမယ့် ငါက အမြဲစိတ်သဘောထားကောင်းတော့ မင်းတို့ တန်ရာတန်ကြေးပေးနိုင်ရင် ပြီးခဲ့တာတွေကို ပြီးခဲ့သလိုသဘောထားပေးမယ်”

‘လခွီးကို စိတ်နှလုံးသားကောင်း။ မင်း ကျန်းပိုင်ဖေးကို လျှပ်စီးရဲ့အမြန်နဲ့သတ်လိုက်တာကို ငါမမြင်လိုက်ရရင် ယုံပေးမယ်’ လုရှု့ရှန်က တွေးလိုက်သည်။ သူရင်ထဲတွင် မြင်ကောင်တစ်သိန်းခန့် ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် လုရှု့ရှန်သည် အခြားနည်းလမ်းမရှိကြောင်းသိသည်။ ဟွမ်ယုဖြစ်စေ ကျန်းပိုင်ဖေးဖြစ်စေ ချူးယွင်ဖန်းသည် ၎င်းတို့ကို သူ့စိတ်တိုင်းကျ သတ်လိုက်နိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ တောင်းဆိုမှုကို မဖြည့်ဆည်းနိုင်ခဲ့ပါက သေခြင်းမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

“မင်းဘာလိုချင်တာလဲ” လီရွှမ်က ရုတ်တရက် ရုန်းကန်ထ၍ ပြောလိုက်သည်။ သူ့ကိုယ်သူကုသပြီးသည့်နောက် စကားပင်ကောင်းကောင်းမပြောနိုင်တော့ပေ။ ယခုအချိန်တွင် သူသည် ယခင်ကကဲ့သို့ မာန်မတက်နေတော့ပေ။

“မင်းတု့ိ တစ်ယောက်ချင်းစီက သန်းတစ်ရာကို ငါ့ဆီ အသက်ကယ်ကြေးအဖြစ်လွှဲပေးမလား” ချူးယွင်ဖန်းက ခပ်တိုးတိုးပြောသည်။

“ငါ့ကို သန်းတစ်ရာပေးနိုင်ရင် ထွက်သွားလို့ရမယ်”

“သန်းတစ်ရာဟုတ်လား။ ငါတို့ကို ဘာလို့ ဒီတိုင်း ဓားပြမတိုက်လိုက်တာလဲ” လုရှု့ရှန်က အော်လိုက်သည်။

၎င်းတို့၏ အနာဂတ်အတွက် သန်းတစ်ရာသည် မများလှသော်လည်း ၎င်းသည် အနာဂတ်ပင်ဖြစ်သည်။ ၎င်းတို့အတွက်မူ အလွန်များပြားလှသော ပမာဏဖြစ်၏။ မိမိတို့၏ အနာဂတ်အလားအလာက မည်မျှပင် ကောင်းနေစေကာမူ ယခုအချိန်သည် ယင်းကို ငွေထုတ်ရမည့်အချိန်မဟုတ်ပေ။

“ဓားပြတိုက်တာက ဥပဒေနဲ့မညီဘူးလေ။ ငါက ဥပဒေနဲ့အညီနေတဲ့လူပါကွ” ချူးယွင်ဖန်းက ဖြည်းညှင်းစွာပြောလိုက်သည်။

“မြန်မြန်ဆုံးဖြတ်ပါ။ ငါအလုပ်ရှုပ်နေတယ်”

“ကောင်းပြီ ငါတို့ မင်းကို ပေးမယ်” လီရွှမ်က အံကြိတ်၍ပြောလိုက်သည်။

၎င်းတို့၏ အသက်များနှင့်ယှဥ်လျှင် သန်းတစ်ရာသည် မများလှပေ။ ၎င်းတို့၏လက်ထဲတွင် သန်းတစ်ရာမရှိသော်လည်း သူတို့နောက်မှ အင်အားစုများအတွက်မူ သန်းတစ်ရာသည် ဘာမှမဟုတ်လှပေ။

၎င်းတို့သည် ဤတစ်ကြိမ်တွင် အလွန်ကြီးမားစွာရှုံးနိမ့်ခဲ့ရကြောင်း ထင်ရှားသည်။ ချူးယွင်ဖန်းထံတွင် ဒဏ်ရာအပြင်းအထန်ရပြီးနောက် ၎င်းတို့ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ သို့သော် သူတို့လုပ်နိုင်သောအရာမရှိလှပေ။ မည်သူက နိမ့်ကျသည်ဟု ပြောသနည်း။ ဤသည်မှာ နိမ့်ကျမှုအတွက် ပေးဆောင်ရမည့် စျေးနှုန်းဖြစ်သည်။

ချူးယွင်ဖန်း မျှော်လင့်ထားသကဲ့သို့ပင် အချက်ပြနှောက်ယှက်မှုကို ပြန်ပိတ်လိုက်ပြီးနောက် ကျန်းမိသားစုအကြီးအကဲများအားလုံး ပြိုကွဲသွားကြသည်။ အချိန်များစွာကျော် မျှော်လင့်ထားခဲ့ကြသော်လည်း ကျန်းပိုင်ဖေး၏ အလောင်းကို မြင်လိုက်ရသောအခါ အလွန်ဒေါသဖြစ်ကုန်ကြသည်။ ၎င်းတို့သည် ချူးမိသားစုနှင့် စတင်၍ တိုက်ပွဲဖြစ်လုနီးပါးပင်ဖြစ်ကုန်၏ ချူးမိသားစုက လူများလည်းအံ့သြကုန်ကြသည်။ ကျန်းယွမ်ပင်ကို ၎င်းတို့ အရင်ရှာသင့်သည်မဟုတ်သလော။

သရဖူနန်းတော်နှင့် အခြားအဖွဲ့များသည် တွန့်ဆုတ်မနေကြဘဲ ချက်ချင်းပင် ကျန်းယွမ်ပင်ကို ပိုက်ဆံပို့ရန်ဆုံးဖြတ်လိုက်ကြသည်။ သန်းတစ်ရာသည် အလွန်များပြားလှသော်လည်း ဂရုတစိုက်ပျိုးထောင်ပေးခဲ့ရသော မျိုးဆက်များ၏ တန်ဖိုးနှင့် ယှဥ်၍မရပေ။ ငွေကို ပြန်ရနိုင်သော်လည်း မျိုးဆက်များမရှိပါက အချည်းအနှီးဖြစ်ပေလိမ့်မည်။

ချူးယွင်ဖန်းက ဟွမ်ယုနှင့် ကျန်းပိုင်ဖေးတို့ကို အောင်မြင်စွာသတ်ပစ်ပြီးနောက် ချူးယွင်ဖန်းက လီရွှမ်နှင့် အခြားသူများကို သတ်ရဲ၏၊ မရဲ၏ကို မစမ်းသပ်ဝံ့ကြတော့ပေ။ သို့သော် ချူးယွင်ဖန်းသည် ငွေလက်ခံရရှိသောအခါတွင် အလွန်ဒေါသထွက်ခဲ့သည်။ သူသည် ငွေသန်းသုံးရာမှန်းထားခဲ့သော်လည်း သန်း၁၅၀သာရခဲ့သည်။ ကျန်းယွမ်ပင်က တစ်ဝက်ယူထားခဲ့၏။

ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းအတွက် စာတစ်စောင်ပင်ချန်ထားခဲ့သည်။ သူသည် ချူးယွင်ဖန်းကို လေ့ကျင့်ပေးရန် ငွေအမြောက်အမြားသုံးစွဲခဲ့ရာ သူ၏ ဝင်ငွေသည် ချူးယွင်ဖန်း၏ အသုံးစရိတ်ကို ကာမိရန်မလုံလောက်ပေ။ ဤငွေအနည်းငယ်ကို ယင်းအသုံးစရိတ်များအတွက် ထောက်ပံ့ရန် ယူထားလိုက်ခြင်းဖြစ်သည်။

ချူးယွင်ဖန်းက စာကို ဆွံ့အစွာဖြင့် ကြည့်လိုက်သည်။ ယင်းသည် အဓိပ္ပါယ်ရှိသော်လည်း သူအနည်းငယ်ဒေါသဖြစ်မိသေး၏။

ပိုက်ဆံတစ်ဝက်ကို အခြားသူတစ်ယောက်က သိမ်းယူထားသဖြင့် ချူးယွင်ဖန်းသည် စိတ်မရွှင်လန်းနေပေ။ သူသည် လီရွှမ်နှင့်အခြားသူများကို လွှတ်လိုက်ပြီးနောက် တောင်ထိပ်ရှိ နန်းတော်သို့ ဦးတည်သွားလိုက်သည်။

All Chapters