← Chapters

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း (၅၃၂-၅၃၄)

Vol. 36 Ch. 532-534

အခန်း(၅၃၂) အားလုံး စုဝေးလာကြသည်

လီရွှမ်နှင့် အခြားသူများက သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ ၎င်းတို့သည် ယွမ်သန်းတစ်ရာပေးခဲ့ကြရသော်လည်း အနည်းဆုံး၎င်းတို့ ရှင်သန်နိုင်ခဲ့ကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ ပြတ်သားမှုကို သံသယမဝင်ကြပေ။

၎င်းတို့ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကာ မျက်လုံးထဲတွင် ပျော်ရွှင်မှုများကိန်းအောင်းနေကြောင်း မြင်နေရသည်။ ကျန်းပိုင်ဖေး၏အလောင်းကိုကြည့်ကာ ဒဏ်ရာကင်းမဲ့စွာ လွတ်မြောက်ရန် မလွယ်ကူကြောင်း သူတို့သိသည်။

"ချူးယွင်ဖန်းက ဘယ်လိုလေ့ကျင့်မှုမျိုး လုပ်တာလဲ။ သူ ဘယ်လိုများ ဒီလောက် ထူးထူးခြားခြား လုပ်နိုင်တာလဲ”

“မူလက သူကသော့ကိုင်ရှင်ငါးဦးတွင် မျက်နှာရအနည်းဆုံးပဲ။ ဒါပေမယ့် အခုတော့ ချူးယွင်ဖန်းက မပျော့ညံ့ဘူးဆိုတာ ရှင်းပါတယ်”

“အတွင်းအူအတွက် ပြိုင်ဆိုင်မှုတွေက ပြင်းထန်မှာ သေချာတယ်။ မြန်မြန်သွားကြည့်ရအောင်"

ဤတိုက်ပွဲ၏ရလဒ်သည် ကြည့်ရှုသူများကို တုန်လှုပ်စေခဲ့ပါတယ်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းတက်လာခြင်းသည် နောက်ဆုံးတိုက်ပွဲက ပို၍ပင် ရက်စက်လာမည်ကို သတိပြုမိလိုက်ကြသည်။ လူများစွာသည် ရဲတိုက်ဆီသို့ ပြေးသွားကြသည်။ တချို့က ဒုက္ခရောက်နေတဲ့ ရေထဲတွင် ငါးရှာရန် စိတ်ကူးရှိကြသည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် ရဲတိုက်သို့ရောက်ရှိလာသည်။ ထိုနေရာမှ ရဲတိုက်ကြီးသည် မကြီးလှပုံပေါ်သော်လည်း တကယ်တမ်းတွင် ယင်းသည် အလွန်ကြီးမားလှသည်။ ၎င်း၏နံရံများသည် ပေထောင်ပေါင်းများစွာ ကျယ်ဝန်းကာ အမြင့်ပေ ၆၀ ကျော်ရှိသည်။ တံတိုင်းများ မည်သည့်နေရာတွင်ဆုံးသွားမည်ဖြစ်ကြောင်း မည်သူမျှမမြင်နိုင်ကြပေ။

အဆောက်အအုံကို ရဲတိုက်ပုံသဏ္ဍာန်ဖြင့် ပြုလုပ်ထားသော်လည်း ၎င်းသည် လူသားရှေ့ဆောင်စခန်းတစ်ခု၏ အရွယ်အစားဖြစ်သည်။ ဤသည်မှာ နက္ခတ်ဂိုဏ်းက အစောပိုင်းအဆင့်တွင် တည်ဆောက်ခဲ့သော အခြေစိုက်စခန်းဖြစ်သည်။ လူသားများသည် မွန်းစတားများနှင့် ကွဲပြားကြသည်။ တောထဲတွင် လွတ်လွတ်လပ်လပ် နေရန်မဖြစ်နိုင်ပေ။ လူသားရှေ့ဆောင်ပုံစံသည် အခြေစိုက်စခန်းတစ်ခုတည်ဆောက်ပြီးနောက် ကျယ်ပြန့်သောမြေကြီးကို ဖြည်းညှင်းစွာသိမ်းပိုက်ရန်ဖြစ်သည်။

"မင်းတကယ်အနိုင်ရခဲ့တာလား"

လူတစ်ယောက်သည် ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာပြီးနောက် ချူးယွင်ဖန်းကို ကြည့်၍ အံ့အားသင့်သော အမူအရာဖြင့် ပြောလိုက်သည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းသည် ထိပ်ဆုံးမှ ထွက်ပေါ်လာမည့်သူဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားမိကြောင်း ရှင်းသည်။

ဤလူ၏ ရုပ်သွင်သည် အရပ်ရှည်၍ ဖြောင့်မတ်ကာ ထူးခြားလှသည့် အသွင်အပြင်မျိုးရှိသည်။ သူသည် ချင်းဟွာတက္ကသိုလ်၏ နံပါတ်တစ် စီတုကျီယင်းဖြစ်သည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်မှ လာခဲ့ခြင်းမဟုတ်သော်လည်း၊ စီတုကျီယင်း၏ ခွန်အားသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရလျှင်ပင် ယုတ်ညံ့မည်မဟုတ်ကြောင်း သိသာသည်။

“ဒါ့အပြင် မင်းက အဲဒါကို မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်လိုက်ပေါ့။ ချူးယွင်ဖန်း၊ မင်းနာမည်ကို ငါမှတ်ထားပါ့မယ်"

စီတုကျီယင်း၏ မျက်လုံးများတွင် တုနှိုင်းမရသော အကြောက်တရားတစ်ခု ရှိနေသည်။ ချူးယွင်ဖန်းကို ဝိုင်းရံထားသူများသည် မည်သူမည်ဝါဖြစ်ကြောင်း သူသိသဖြင့် ၎င်းတို့၏အင်အားကိုလည်း သူသိသည်။ အကယ်၍ သူသာ ၎င်းတို့ကို ရင်ဆိုင်ရမည်ဆိုလျှင် အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ကို လျင်မြန်စွာ ကိုင်တွယ်ခဲ့သည့်အပြင် အထိအခိုက်လည်းမရခဲ့ပုံပေါ်သည်။

စီတုကျီယင်းသည် တိုက်ပွဲကို သူ့မျက်လုံးများဖြင့် မမြင်ခဲ့ရသော်လည်း သူ၏အစွမ်းသတ္တိနှင့် အသိပညာဖြင့် အဖြစ်အပျက်ကို ခန့်မှန်းရန် သူ့အတွက် မခက်ခဲပေ။

ချူးယွင်ဖန်းသည် စီတုကျီယင်းကို ကြည့်ရုံမျှသာကြည့်၍ပြောလိုက်သည်။

“ငါဒီမှာရှိတယ်။ တခြားသူတွေ ဘယ်မှာလဲ။ အချိန်မဖြုန်းပါနဲ့။ ထွက်လာတော့"

“စိတ်မပူပါနဲ့။ အခု မင်းပေါ်လာတော့ သူတို့လည်း မကြာခင်မှာပဲ ပေါ်လာလိမ့်မယ်”

စီတုကျီယင်းမှလွဲ၍ ကျန်သူများ မပေါ်လာပေ။ ဤသည်က ချူးယွင်ဖန်းကြောင့်ဖြစ်သည်။ သူရောက်လာသည်မှာနောက်ကျနေသောကြောင့် မေ့ဟိုက်ယွင်နှင့် အခြားသူများက သူ့ကိုရှာရန် နေရာတိုင်းသို့ သွားခဲ့ကြသည်။

သူတို့လိုက်ရှာနေစဥ် ချူးယွင်ဖန်းက ပေါ်လာလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

စီတုကျီယင်းအပြီး နောက်ထပ်ရောက်လာသူမှာ ချူးယွင်ဖန်း ယခင်က မြင်ခဲ့ဖူးသည့် သုန်ဖန်ဟောက်မှတပါး အခြားသူမဟုတ်ပေ။ မှန်သည်။ ချူးယွင်ဖန်းသည်သာ သုန်ဖန်ဟောက်ကို မြင်ခဲ့ဖူးခြင်းဖြစ်ကာ ဤသည်က သုန်ဖန်ဟောက်က ချူးယွင်ဖန်းကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

ယခင်က ချူးယွင်ဖန်းသည် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီ သုန်ဖန်ဟောက်ကို အာကာသယာဉ်ပေါ်တွင် တွေ့ဖူးသည်။ ထိုအချိန်တွင် သုန်ဖန်ဟောက်သည် အာကာသယာဉ်၏ဗဟိုဖြစ်၍ လူတိုင်း၏အာရုံစူးစိုက်မှုကို ခံရသည်။ သုန်ဖန်ဟောက်နှင့် အခြားကျောင်းသားများကြားတွင် ထိုစဥ်က မတူညီသော ကမ္ဘာနှစ်ခု ဖြစ်နေခဲ့ကြောင်း ထင်ရှား၏။

မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် စွမ်းအင်သန့်စင်ခြင်းအဆင့်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခုရှိသည်။ ထိုအချိန်တွင် သုန်ဖန်ဟောက်သည် မြို့၏ ထိပ်တန်းကျွမ်းကျင်သူဖြစ်ကာ ချူးယွင်ဖန်းသည်မူ ထောင်နှင့်ချီသော စာဖြေသူများကြားမှ သာမန်လူတစ်ဦးမျှသာဖြစ်သည်။ သုန်ဖန်ဟောက်သည် ထိုစဥ်က သာမန် ငစနူလေးတစ်ယောက်ဖြစ်သော ချူးယွင်ဖန်းကို သတိထားမိခဲ့လိမ့်မည်မဟုတ်ပေ။ သို့သော် သုန်ဖန်ဟောက်သည် ချူးယွင်ဖန်းက သူနှင့် တူညီသော မြို့မှဖြစ်ကြောင်း သိသောကြောင့် ချူးယွင်ဖန်းကို အနည်းငယ်အံ့သြကာကြည့်နေမိသည်။

ယခုအချိန်တွင် ချူးယွင်ဖန်းက မည်သည့်အမူအရာမျှမပြသော်လည်း ပြဿနာတစ်ခုဖြစ်ကြောင်း သူသိသည်. ဤနေရာသို့ လာရာလမ်းတွင် ချူးယွင်ဖန်းက ကျန်းပိုင်ဖေးကိုသတ်ခဲ့ကြောင်း သတင်းရရှိခဲ့သော်လည်း လက်ရှိ ချူးယွင်ဖန်းကိုကြည့်လျှင်မူ ကြီးမားသောတိုက်ပွဲကို ကြုံတွေ့ခဲ့ရပုံမပေါ်ပေ။

သုန်ဖန်ဟောက်သည် ယခုအခါ ချူးယွင်ဖန်းကို ပို၍ပင် အလေးထားလာခဲ့သည်။ သို့သော် သူ့တွင် မာနရှိသည်။ အကြည့်အနည်းငယ်အကြာတွင် သူသည် ကိစ္စရပ်ကို မေ့ထားလိုက်သည်။ ချူးယွင်ဖန်း၏ နောက်ခံသမိုင်းကြောင်းက အရေးမကြီးပေ။ ခွန်အားသည်သာလျှင် အရာအားလုံး၏ အဓိကသော့ချက်ဖြစ်သည်။

ခဏအကြာတွင် စတုတ္ထလူ ရောက်လာသည်။ ထိုလူသည် ဤအချိန်၌ နက္ခတ် ဂိုဏ်းမှ ပံ့ပိုးပေးနေသော နက္ခတ်ဂိုဏ်း၏ ထိပ်တန်းတပည့် ဟန်ပင်းဖြစ်သည်။

ဟန်ပင်းချဥ်းကပ်လာသည်ကို မြင်သောအခါ သုန်ဖန်ဟောက်နှင့် စီတုကျီယင်းတို့က နှာခေါင်းရှုတ်လိုက်မိသည်။ ၎င်းတို့သည် ဟန်ပင်း၏ ကစားကွက်များကို မမေ့ကြသေးပေ။ သူတို့ကဲ့သို့ မာန်မာနထောင်လွှားသူများအတွက် ဤအရာကို သံသယကင်းစွာ လက်ခံရန် ခက်ခဲလှသည်။

ချူးယွင်ဖန်းသည် ဟန်ပင်းကို စိတ်ဝင်တစားကြည့်နေသည်။ ဟန်ပင်းသည် နူးညံ့၍သပ်ရပ်ပုံပေါ်ကာ ယောက်ျားဆန်သောအမူအရာမျိုးရှိသည်။ သို့သော် ချူးယွင်ဖန်းသည် ထိုနူးညံ့သိမ်မွေ့သောအသွင်အပြင်ကိုကျော်လွန်၍ သူ၏ ကြမ်းတမ်းဆိုးယုတ်သော သဘောသဘာဝရှိကြောင်းမြင်နိုင်သည်။

နောက်ဆုံးတွင်‌ မေ့ဟိုက်ယွင်ရောက်လာသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ နံပါတ်တစ်နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်မိခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသည် တက္ကသိုလ်တစ်ခုတည်းတွင် တက်ရောက်နေခြင်းဖြစ်‌သော်လည်း တက္ကသိုလ်သည် ကြီးမားလှသဖြင့် ရည်ရွယ်ချက်ရှိရှိ တွေ့ဆုံခြင်းမဟုတ်ပါက ကြုံကြိုက်ရန်မဖြစ်နိုင်ပေ။

မေ့ဟိုက်ယွင်ရောက်သွားချိန်တွင် ဟန်ပင်းကို သတိထားမိပြီးနောက် အခြားသူများနှင့်ယှဥ်ပါက သူ့ခံစားချက်များသည် ပို၍ နက်ရှိုင်းလာသည်။ ဟန်ပင်းသည် သူ့ကို ကောင်းကင်မှ ငရဲသို့ လက်တစ်ဖက်တည်းဖြင့် တွန်းချခဲ့ခြင်းဖြစ်ရာ ဤကြံစည်မှုသည် သူ့နှလုံးသားထဲတွင် စွဲမြဲကပ်တွယ်နေ၏။

“အခုလူတိုင်းရောက်ပြီဆိုတော့ ငါတို့ စကြမလား” ဟန်ပင်းက ပြောသည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် မေ့ဟိုက်ယွင်၊ ဟန်ပင်း၊ သုန်ဖန်ဟောက်နှင့် စီတုကျီယင်းတို့၏ နောက်လိုက်များသည် အခြားသူများကို တိတ်တဆိတ်တားဆီးထားကြောင့် ရှင်းလင်းစွာမြင်နိုင်လိုက်သည်။ ယခုအချိန်တွင် ပါဝင်သူအများအပြားသည် အဝေးသို့ပြေးရုံသာပြေး၍ အဝေးမှသာစောင့်ကြည့်နိုင်ကြသည်။

သော့ကိုင်သူငါးဦးသည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပြောဆိုခြင်းမရှိသော်လည်း တိတ်ဆိတ်နားလည်မှုရှိကြသည်။ ၎င်းတို့ငါးယောက် မည်သို့ပင် ပြိုင်ဆိုင်နေစေကာမူ အခြားသူများကို အခွင့်ကောင်းယူခွင့်မပြုပေ။

ဤသို့သော ပြင်ဆင်မှုမျိုးသည် လူများစွာကို အလွန်စိတ်ပျက်စေခဲ့သည်။ မေ့ဟိုက်ယွင်နှင့် အခြားသူများသည် ၎င်းတို့ကို အခွင့်ကောင်းယူလိမ့်မည်ဖြစ်ကြောင်း သတိပြုမိကြသည်မှာ ကြာပြီဖြစ်သည်။ ဤသို့သော ကိစ္စများကို တတ်နိုင်သမျှ မြန်မြန်ရပ်တန့်သင့်သည်။ မဟုတ်ပါက လူစု၍ သောင်းနှင့်ချီသောလူများက ၎င်းတို့ဆီသို့ ချီတက်လာပေလိမ့်မည်။

“ငါတို့ အရင်တိုက်သင့်လား တံခါးအရင်ဖွင့်သင့်လား” ချူးယွင်ဖန်းက မေ့ဟိုက်ယွင်ကို ကြည့်၍ ပြောလိုက်သည်။

အခန်း(၅၃၃) ငါ့ကို ဖယ်ရှားဖို့ အတူတူလုပ်နေတာလား။ အချိန်ကိုက်ပဲ

ချူးယွင်ဖန်းက အခြားလေးယောက်ကို ကြည့်၍ ပြောလိုက်သည်။

"ငါတို့ထဲက တစ်ယောက်ယောက်က အောင်နိုင်သူ ဒါမှမဟုတ် အရှုံးသမားဖြစ်သွားတာကို စိတ်ထဲမထားရင်ပေါ့”

“အရင်ဆုံး တံခါးဖွင့်သင့်တယ်လို့ ထင်တယ်။ အတွင်းအူတိုင်အနေနဲ့ကတော့ အဲဒါကိုရဖို့အတွက် ငါတို့ရဲ့အရည်အချင်းတွေကို အားကိုးရမယ်ထင်ပါတယ်”ဟန်ပင်းက ပြောသည်။

"မှန်တယ်။ ငါတို့က ဒီမှာ သေတဲ့အထိ တိုက်ရရင် ဒီကောင်တွေက ငါတို့ဆီက လွယ်လွယ်လေးလုသွားလိမ့်မယ်” စီတုကျီယင်းကပြောသည်။ သူ့နောက်မှလူများက သူ့ကို သားကောင်ကိုစိုက်ကြည့်နေသော ကျားတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြကြောင်း သူသိသည်။ ကိုင်တွယ်ဖြေရှင်းရခက်လိမ့်မည်ဟုပင် သူခံစားရသည့် ဖြစ်တည်မှုအချို့လည်းရှိသည်။ ၎င်းတို့က ဤနေရာတွင် ရန်ဖြစ်တိုက်ခိုက်ပါက အခြားသူများကို အကျိုးအမြတ်ခံစားစေရမည့်သာဖြစ်သည်။

မေ့ဟိုက်ယွင် နှင့် သုန်ဖန်ဟောက်တို့က ခေါင်းညိတ်သဘောတူသည်။

“အဲဒါဆိုရင် မင်းရဲ့သော့တွေကိုထုတ်ပြ” မေ့ဟိုက်ယွင်က ဤသို့ပြော၍ သူ့သော့ကို ထုတ်လိုက်သည်။ တခြားသူများကလည်း လိုက်လုပ်ကြသည်။ နောက်ဆုံးတွင် ရဲတိုက်တံခါးများသည် သော့ငါးခုလုံး၏တည်ရှိမှုကို သတိပြုမိသဖြင့် အသံတိုးတိုးဖြင့် ဖွင့်လာသည်။ မြေပြင်သည် အနည်းငယ်တုန်ခါနေ၍ မြင်ကွင်းသည် အလွန်ခမ်းနားသည်။

တံခါးနောက်ကွယ်တွင် ဧရာမဟင်းလင်းပြင်ကြီးတစ်ခုရှိကာ ဟင်းလင်းပြင်အတွင်းတွင် သတ္တုစင်မြင့်ကြီးတစ်ခုပေါ်၌ ကျောက်စိမ်းသေတ္တာတစ်လုံးရှိသည်။ ကျောက်စိမ်းသေတ္တာထဲတွင် မည်သို့သောအရာရှိနေကြောင်း သိသောကြောင့် လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြသည်။

အထူးသဖြင့် မေ့ဟိုက်ယွင်နှင့် အခြားသူများဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် ချက်ချင်းနီးပါး ပြေးဝင်လာကြသည်။ ခဏအကြာတွင်၊ ရင်ပြင်အလယ်ရှိ သတ္တုပလပ်ဖောင်းသို့ သူတို့ရောက်ရှိနေပြီဖြစ်သည်။ ပထမဆုံးရောက်လာသူမှာ ဟန်ပင်းဖြစ်သည်။

ဟန်ပင်းသည် ကျောက်စိမ်းသေတ္တာကို လုယူလိုဟန်ဖြင့် သူ့လက်ကို ဆန့်လိုက်သည်။

"မင်းသေချင်နေတာလား။ သေတ္တာကို ထိရဲတယ်ပေါ့"

ရုတ်တရက် ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။ စီတုကျီယင်းက စတင်တိုက်ခိုက်ခဲ့သည်။ သူသည် အနောက်မှ အနီးကပ်လိုက်လာ၍ ဟန်ပင်းကို တိုက်ခိုက်သည်။ သူ၏ လက်နှစ်ဖက်သည် နဂါးကြီးနှစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်တိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွားသည်။

၎င်းမှာ စီတုကျီယင်း၏ ကျော်ကြားသော လျှို့ဝှက်နည်းစနစ်ဖြစ်သည့် နဂါးနှစ်ကောင်ဧကရာဇ် လျှို့ဝှက်လက်သီးဖြစ်သည်။ ဒီလက်သီးနှစ်လုံးဖြင့်တိုက်ခိုက်သောအခါ ဟန်ပင်းသည်ပင်လျှင် ထိပ်တိုက်မရင်ဆိုင်ဝံ့တော့ပေ။ သူက လှည့်ကြည့်ရုံသာကြည့်၍ စီတုကျီယင်းကို ဓားဖြင့် ချက်ချင်းခုတ်ချလိုက်သည်။

ဓားအလင်း လင်းလက်လာပြီးနောက် လေထုတစ်ခုလုံး အေးခဲသွားသည်။

"ဟန်ပင်း မင်းရဲ့ ကြမ်းကြုတ်တဲ့ရေခဲဓားက အရမ်းအစွမ်းထက်တယ်လို့ ငါကြားဖူးပေမယ့် ငါမယုံဘူး။ တိုက်ကြရအောင်။" စီတုကျီယင်းက မကြောက်နေပေ။ သူ၏ လက်သီးများသည် နဂါးကြီးနှစ်ကောင်သဖွယ်ပြောင်းလဲသွားကာ ဟန်ပင်း၏ ဓားကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။

ကျယ်လောင်သော အသံနှင့်အတူ နှစ်ဖက်စလုံး ပြင်းထန်စွာ တိုက်မိကြသည်။ ဟန်ဘင်း၏ဓားသည် စီတုကျီယင်း၏လက်သီးများပေါ်သို့ ရောက်သောအခါ၊ တစ်လက်မမျှပင် မတိုးနိုင်ပေ။ စီတုကျီယင်း သည် လက်အိတ်တစ်စုံ ၀တ်ထားသည်။ ဤလက်အိတ်များသည် ခေတ်မီနည်းပညာ၏ ရလဒ်များဖြစ်သဖြင့် လက်ဝှေ့လေ့ကျင့်နေသူများအတွက် သင့်တော်သည်။

လက်နက်များအသုံးပြုရန် အချိန်မနှောင်းသေးသော်လည်း၊ ဤလက်အိတ်များကို ဆွဲထုတ်လိုက်သောအခါတွင်၊ အသုံးပြုသူသည် အခြားသူ၏ နတ်လက်နက်ကို ကြောက်ရွံ့ရန် မလိုအပ်ပါ။ ၎င်းတို့သည် လက်သီးထိုးနည်းစနစ်များ၏ စွမ်းအားကို အကန့်အသတ်အထိ ထုတ်လွှတ်ပေးနိုင်၏။

မည်သို့ပင်ဆိုစေကာမူ လူ့ခန္ဓာကိုယ်သည် နတ်လက်နက်တစ်ခုနှင့် နှိုင်းယှဉ်၍မရပေ။ အကာအကွယ်အစီအမံများ မလုပ်ဆောင်ပါက လက်သီးချက်တစ်ခုလုံး ပြတ်တောက်သွားဖွယ်ရှိသည်။ သူတို့နှစ်ဦးကြားက တိုက်ပွဲသည် ချီစွမ်းအင်များကို ကြောက်မက်ဖွယ်ပေါက်ကွဲစေကာ အဝေးမှကြည့်ရှု့နေသူများ၏ အမူအရာများပင်ပြောင်းလဲသွားသည်အထိ ကြောက်မက်ဖွယ်ကောင်းလှသည်။

ဤသည်မှာ အထွတ်အထိပ်ပါဝင်သူများကြား တိုက်ပွဲဖြစ်သည်။ စွမ်းအင်သန့်စင်မှုအဆင့်ရှိသူများသည် ၎င်းတို့၏ဆံပင်များပင် ထောင်ကုန်သည်ဟု ခံစားခဲ့ရသည်။ အကယ်၍သာ သူတို့သာဆိုလျှင်၊ ၎င်းတို့သည် လက်သီးချက် သို့မဟုတ် ဓားချက်ဖြင့်ပင် ချက်ချင်းအသတ်ခံကြရပေလိမ့်မည်။ စီတုကျီယင်း နှင့် ဟန်ပင်း နှစ်ဦးစလုံးသည် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်များဖြစ်ကာ ၎င်းတို့နှစ်ဦးစလုံးသည် အခြားသူတစ်ဦးကို လက်အောက်ခံရန် ဆန္ဒမရှိကြပေ။ဟန်ပင်း နှင့် စီတုကျီယင်း ရန်ဖြစ်နေစဉ်တွင်၊ မေ့ဟိုက်ယွင်သည် ကျောက်စိမ်းသေတ္တာကို ဖမ်းဆုပ်ထားပြီးဖြစ်သည်။ သို့သော် ယခုအခိုက်အတန့်တွင် လူတစ်ယောက်သည် လျှပ်စီးကြောင်း၏ အလျင်နှင့် မေ့ဟိုက်ယွင်၏နောက်သို့ လိုက်လာ၏။

"မေ့ဟိုက်ယွင်၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က တိုက်ပွဲမှာ မင်းကို ငါရှုံးတယ်။ အခု ငါဆုံးရှုံးခဲ့ရတဲ့ အရာကို ပြန်လိုချင်တယ်။ ငါမင်းထက်နိမ့်ကျနေတာမဟုတ်ဘူးဆိုတာကို တစ်ကမ္ဘာလုံးသိစေချင်တယ်။"

ဤလူသည် သုန်ဖန်ဟောက်ဖြစ်၍ လွန်ခဲ့‌သော တစ်နှစ်ခွဲခန့်က သူသည် မေ့ဟိုက်ယွင်ကို ရှုံးနိမ့်ကာ ဒုတိယနေရာရခဲ့သော်လည်း ဒုတိယနေရာနှင့် ပထမနေရာအကြား ကွာဟချက်က ကြီးမားလွန်းသည်ကို လူတိုင်းသိကြသည်။

သုန်ဖန်ဟောက်၏ လက်ထဲတွင် မည်သည့်အချိန်ကမှန်းမသိ ဓားတစ်ချောင်း ပေါ်လာရာ ချက်ချင်းပင် မေ့ဟိုက်ယွင်ကို ခုတ်ပိုင်းလိုက်သည်။

"တောင်တန်းဖျက်သူ” သုန်ဖန်ဟောက် ကအော်လိုက်သည်။

“မေ့ဟိုက်ယွင် ၊ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ငါ့ရဲ့ တောင်တန်းဖျက်သူဟာ ပြီးပြည့်စုံ အဆင့်ကို မရောက်သေးဘူး။ အဲဒါက ပြစ်ချက်ကင်းအဆင့်မှာပဲရှိသေးတယ်။အခု ငါ့ဆီကနေ ဓားနောက်တစ်ချက် မြည်းကြည့်စမ်း”

ဤတိုက်ခိုက်မှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းဆင်းလာသည်နှင့်အမျှ ကမ္ဘာကြီးတစ်ခုလုံး ပြင်းထန်စွာတုန်လှုပ်သွားသည်။

ဒီဓားချက်ကြောင့် မေ့ဟိုက်ယွင်က လက်တုံ့ပြန်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူ့လက်ထဲတွင် သူ့လက်ထဲမှာ ဓားရှည်တစ်လက်ပေါ်လာကာ ဓားရောင်ခြည်သည် အချိန်တိုအတွင်း၌ပင် သူ့ခန္ဓာကိုယ်တစ်ဝိုက်၌ အကာအကွယ်အတားအဆီးအဖြစ် ဖြစ်ပေါ်လာ၏။

"ဒြပ်စင်ငါးသွယ်၊ ကမ္ဘာမြေကြီးဓား”

ထိုအချိန်တွင် ယွင်ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားပုံစံတစ်ခု ပေါ်ပေါက်လာသည်။ သူ့ပတ်ဝန်းကျင်၌ ထူးဆန်းသော ဓားပုံစံတစ်ခု ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို အကာအကွယ်ပေးလိုက်သည်။ ယင်းအကာအကွယ်သည် ရေတစ်စက်မျှပင် မဖြတ်သန်းသွားနိုင်သည့်ပုံပေါ်၏။

တောင်ဖျက်သူသည် ဤဓားပုံစံကို တိုက်ရိုက်ခုတ်ပိုင်းကျလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ အချင်းချင်း ထိပ်တိုက်တွေ့၍ တစ်ခဏချင်း၌ပင် အရာအားလုံးကို ဖြတ်ကျော်သွားသည်။

ဤကြောက်မက်ဖွယ်ဓားကို တားဆီးပြီးနောက် မေ့ဟိုက်ယွင်သည် စဥ်းပင်မစဥ်းစားဘဲ ဓားကိုထုတ်၍ ပိုမိုလျင်မြန်သောအရှိန်ဖြင့်တိုက်ခိုက်လိုက်သည်။

“ဒြပ်စင်ငါးသွယ် ရွှေဓား”

ဤဓားတိုက်ခိုက်မှုသည် လျှပ်စီးလက်သကဲ့သို့လျင်မြန်လှသည်။ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီးနောက် သုန်ဖန်ဟောက်၏ လည်ချောင်းဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။

ယင်းသည် အလွန်လျင်မြန်လွန်းလှသည်။ ဓားအလင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းဖြင့် လင်းလက်သွားသည်။ တစ်ခဏအတွင်း၌ပင် ယင်းက သုန်ဖန်ဟောက်၏ရှေ့သို့ရောက်လာသည်။ သို့သော် သုန်ဖန်ဟောက်သည် သာမန်လူမဟုတ်ပေ။ သူသည် လက်ထဲမှ ဓားကို မြှောက်၍ ဝင်လာသောဓားချက်ကို တားဆီးလိုက်သည်။

၎င်းတို့နှစ်ဦးကြားမှ ရာစုနှစ်ကြာတိုက်ပွဲသည် တစ်ခဏအတွင်းထွက်ပေါ်လာရာ ဤအခိုက်အတန့်တွင် အဝေးမှကြည့်ရှု့သူများအားလုံး၏ မျက်နှာများဖြူဖျော့သွားသည်။ အကယ်၍ ၎င်းတို့သည် ၎င်းတို့၏ တိုက်ခိုက်မှုတစ်ခုခုကြောင့် ချေမှုန်းခံခဲ့ရပါက ကြောက်မက်ဖွယ်ကောင်းစွာသေဆုံးသွားရပေလိမ့်မည်။

“ဒြပ်စင်ငါးသွယ်၊ တောင်ဖျက်ဆီးသူ၊ နဂါးနှစ်ကောင်ဧကရာဇ်လျှို့ဝှက်လက်သီးနှင့် ကြမ်းကြုတ်သော ရေခဲဓား။ ကျစ်ကျစ် ကြောက်စရာစွမ်းအားတွေ”

ချူးယွင်ဖန်းက အံ့သြစွာဖြင့် လျှာကိုကိုက်လိုက်မိသည်။ ဤလေးယောက်သည် ၎င်းတို့၏ ရွယ်တူများကြားတွင် အကောင်းဆုံးဖြစ်ရန်ထိုက်တန်သည်။ ၎င်းတို့နှင့် အသက်တူအခြားသူများကြားတွင် သိသာသော ကွာဟချက်ရှိနေ၏။

အသက်လေးဆယ်၊ ငါးဆယ်နှင့် ခြောက်ဆယ်ကျော်ရှိနေသော သိုင်းပညာရှင်ကြီးများပင်လျှင် ဤသို့သော ထူးခြားသည့် စွမ်းရည်များကို ပြီးပြည့်စုံစွာကျွမ်းကျင်နိုင်မည်မဟုတ်ပေ။ သို့‌သော် ထိုလေးယောက်သည် အသက်နှစ်ဆယ်အောက်၌သာရှိသေးသော်လည်း ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ ထိုအချိန်တွင် ဟန်ပင်းနှင့် စီတုကျီယင်းတို့သည် ချူးယွင်ဖန်းက မည်သည့်တိုက်ပွဲတွင်မျှ မပါဝင်နေကြောင်း သတိပြုမိလိုက်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် ယခုအချိန်တွင် သူ့ကို တားနိုင်သောလူမရှိပေ။

“ချူးယွင်ဖန်းကို ငါတို့အတူတူအရင်ရှင်းကြရအောင်။ သူ့ကို အခွင့်ကောင်းယူခွင့်မပြုသင့်ဘူး” ဟန်ပင်းက ကြိမ်းဝါးလိုက်သည်။

ထိုအချိန်တွင် စီတုကျီယင်းတွင်လည်း အလားတူအကြံဉာဏ်တစ်ခုရှိသဖြင့် ၎င်းတို့နှစ်ယောက်က ချူးယွင်ဖန်းဆီသို့ ခုန်ဝင်သွားကြသည်။

“ငါ့ကို ချေမှုန်းဖို့ အတူတူတိုက်မယ်ဟုတ်လား။ ဟားဟားဟား အချိန်ကိုက်ပဲ”

ချူးယွင်ဖန်းက ကြုံးဝါး၍ ၎င်းတို့ထံသို့ ချက်ချင်းပြေးလာသည်။ သူ့ခန္ဓာပေါ်ရှိ ကိုယ်ရောင်ကိုယ်ဝါများအဆက်မပြတ်တိုးမြင့်လာသည်။ တစ်ခဏအတွင်း၌ပင် သူသည် ယခင်က ကန့်သတ်ချက်များကို ကျော်လွန်သွား၏။

အခန်း(၅၃၄) တစ်ချက်တည်းဖြင့် ဟန်ပင်းကို အနိုင်ယူခြင်း

ချူးယွင်ဖန်းသည် ချက်ချင်းပင် သူ၏ အကန့်အသတ်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ချီစွမ်းအင်များသည် အရပ်ရပ်အဘက်ဘက်သို့ အရူးအမူးပေါက်ကွဲထွက်ကာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုဖြစ်လာသည်။ ချူးယွင်ဖန်း၏ သြဘာရောင်ဝါသည် မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်မှာ သတ္တမအဆင့်အထွဋ်အထိပ်သို့ မြင့်တက်လာရာ ထို့နောက် အဌမအဆင့်သို့ရောက်လာသည်။ ဤသည်က ချူးယွင်ဖန်း၏ စစ်မှန်သော ဖုံးကွယ်ထားသည့် စွမ်းအင်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ၎င်းတို့သည် ချူးယွင်ဖန်း၏ တကယ့်အင်အားကို မဆုံးဖြတ်နိုင်သေးသော်လည်း ချူးယွင်ဖန်း၏ အရောင်အဝါများချက်ချင်း ပေါက်ကွဲတက်လာကာ ယခင်ကထက် ပို၍ သန်မာလာသည်ကို ၎င်းတို့ မြင်နိုင်ကြသည်။ ဟန်ပင်းနှင့် စီတုကျီယင်းတို့သည် ချူးယွင်ဖန်း၏ ချီစွမ်းအင်များ ရုတ်တရက် ပေါက်ကွဲသွားသည်ကို ခံစားမိသည်။ ချူးယွင်ဖန်းယခင်က ဖိနှိပ်ထားခဲ့သည့် ရောင်ဝါသည် ယခုမူ အဆက်မပြတ် စီးဆင်းနေသော မြစ်တစ်စင်းကဲ့သို့ ချက်ချင်းပေါက်ကွဲလာသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါတစ်ခုတည်းကြောင့်ပင် ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိကြသည်။ သို့သော်လည်း ၎င်းတို့နှစ်ဦး၏ အစီအစဥ်ကို ပြန်လည်စဥ်းစားရန်အတွက်မူ အချိန်နှောင်းနေပြီဖြစ်သည်။ အထူးသဖြင့် ဟန်ပင်းဖြစ်သဖြင့် သူ့လက်ထဲမှ ရေခဲဓားသည် ချူးယွင်ဖန်းကို ခုတ်ပိုင်းနေပြီဖြစ်သည်။ လုပ်ကြံမှု၏ အရှိန်အဝါသည်အလွန်ပြင်းထန်လှရာ လေထုတစ်ခုလုံး ပြိုကွဲ၍ ကြောက်မက်ဖွယ်လေမုန်တိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

ချွင်

ထို့နောက် ဟန်ပင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် သတ္တုကို ပင်ဖြတ်တောက်နိုင်သော ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို လက်ဗလာဖြင့် တားဆီးလိုက်ခြင်းဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါနှင့် အနှိုင်းမဲ့ချွန်ထက်သော ဓားကိုယ်ထည်တို့သည် ချူးယွင်ဖန်း၏ လက်ထဲတွင်စီးဆင်းနေသော ကျောက်စိမ်းရောင်အလင်းတန်းဖြင့် ရစ်ပတ်ခြင်းခံလိုက်ရသည်။ ဤလုပ်ကြံမှုသည် ချူးယွင်ဖန်း၏ လက်ဖဝါးကို ထိခိုက်မှုလုံးဝမရှိခဲ့ပုံရ၏။

ဤသည်မှာ အများတွေးထားခဲ့သော မြင်ကွင်းမဟုတ်ပေ။ ချူးယွင်ဖန်း၏ လက်ချောင်းများသည် ၎င်းတို့ထင်ထားခဲ့သကဲ့သို့ ပြတ်တောက်မသွားခဲ့ပေ။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာဲ” ဟန်ပင်းက ကြောင်အသွားသည်။ အကယ်၍ ချူးယွင်ဖန်းသာ စီတုကျီယင်းကဲ့သို့ လက်အိတ်များဝတ်ထားပါက ယင်းကို လက်သင့်ခံနိုင်မည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည်မူ သူ၏ဓားကို လက်ဗလာဖြင့် ဖမ်းလိုက်ခြင်းဖြစ်သဖြင့် ဟန်ပင်းတစ်ယောက် သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ဖြစ်သွားသည်။ ဟန်ပင်းသည် ချူးယွင်ဖန်း၏ လက်ဖဝါးပေါ်မှ ကျောက်စိမ်းရောင်သွေးစီးကြောင်းကိုကြည့်ကာ တွေးလိုက်မိသည်။

‘ဒါက ခေတ်မီနည်းပညာရဲ့ ပုံစံတစ်ခုများလား’

သို့သော် ချူးယွင်ဖန်းက သူ့ကို စဥ်းစားရန်ပင် အချိန်မပေးခဲ့ပေ။ ဤဓားတိုက်ခိုက်မှုကို သူလက်ခံပြီးသည်နှင့်တစ်ပြိုင်နက် ချူးယွင်ဖန်းသည် သူ၏ လက်ငါးချောင်းလုံးကို လက်သီးဆုပ်လိုက်သည်။ သူ့လက်ထဲမှ ကြောက်မက်ဖွယ်စွမ်းအားများသည် ဆိုင်ကလုန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ဤလက်သီးသည် လေကိုခွင်း၍ ချက်ချင်းပင် ဟန်ပင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဟန်ပင်းသည် ဤသို့သောအရာမျိုး အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု လုံးဝမတွေးထားခဲ့ပေ။

ဘမ်း

ဤလက်သီးက ဟန်ပင်း၏ ခန္ဓာကိုယ်ပေါ်သို တိုက်ရိုက်ကျသွားသောအခါ အာခေါင်ခြစ်အော်သံတစ်ခု ပေါ်ထွက်လာသည်။ သူ့ရင်ဘက်တစ်ခုလုံး ကွဲကြေသွားသည့်နှယ်ခံစားလိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အမြောက်ကျည်ဆန်တစ်ခုခဲ့သို့ လွင့်ပျံသွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ အကြိမ်ပေါင်းများစွာ ပြင်းထန်စွာပြုတ်ကျသွား၏။

တစ်ချက်တည်းထိုးရုံဖြင့် ဟန်ပင်းသည် ချက်ချင်းရှုံးနိမ့်သွားခဲ့သည်။ ဟန်ပင်း၏ ခွန်အားသည် မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်၍ သူ၏ခွန်အားကို ခန့်မှန်းကြည့်နိုင်သည်။ သို့သော် ချူးယွင်ဖန်းက ပိုကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ မရီးဒျန်သန့်စင်ခြင်း ဆဌမအဆင့်သို့ တက်လှမ်းပြီးနောက် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် သတ္တမအဆင့်အတားအဆီးကို ကျော်ဖြတ်ကာ အဌမအဆင့်သို့ တက်လှမ်းလာသည်။ ဟန်ပင်းမဆိုနှင့် သာမန်အဌမအဆင့် ကျွမ်းကျင်သူများပင်လျှင် ချူးယွင်ဖန်းကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

၎င်းသည် ကျင့်ကြံရေးအဆင့်တွင် သေးငယ်သော ကွာဟချက်တစ်ခုသာဖြစ်သော်လည်း ချူးယွင်ဖန်း၏ လက်ထဲတွင်မူ ကြောက်မက်ဖွယ်ကောင်းသော ကွာဟချက်တစ်ခုဖြစ်နေသည်။

အခင်းဖြစ်ရာနေရာတိုင်းရှိလူများအားလုံး ဆွံ့အကုန်ကြသည်။ အားလုံးက ချူးယွင်ဖန်းကို အံ့သြစွာကြည့်နေကြ၏။ ဟန်ပင်း၏တိုက်ခိုက်မှုကို ချူးယွင်ဖန်း၏ တိုက်ခိုက်မှုတစ်ခုတည်းဖြင့်တားဆီးခဲ့ရာ ဟန်ပင်းကရှုံးနိမ့်ခဲ့သည်။ ဤအရာများအားလုံးသည် အသက်တစ်ရှိုက်စာအချိန်အတွင်းဖြစ်ပျက်သွားခြင်းဖြစ်သဖြင့် အလွန်လျင်မြန်လွန်းလှသည်။ အရာအားလုံးပြီးသွားသောအခါတွင် အံ့အားသင့်စွာပင် အော်ချိန်မရလိုက်ပေ။

ဤအခိုက်အတန့်တွင် ကြယ်တာရာကျွန်း၏ အပြင်ဘက်ရှိ စစ်သင်္ဘောပေါ်မှအကြီးအကဲများအားလုံး အနည်းငယ် ကြောင်အကုန်သည်။ ဟန်ပင်းသည် အမှန်ပင် ချေမှုန်းခံလိုက်ရပြီဖြစ်သည်။ ၎င်းတို့အားလုံး ဤထောင်ချောက်ကို ပြင်ဆင်ရန် အခက်အခဲများစွာဖြတ်သန်းခဲ့ကြရသည်။ ၎င်းတို့အားလုံးသည် ဟန်ပင်းက ဤလူများအားလုံး၏ ထိပ်သို့တက်ရန်သာမဟုတ်ပါက မေ့ဟိုက်ယွင်နှင့် အခြားသူများအတွက် ထောင်ချောက်ဆင်ရန် ပိုက်ဆံအကုန်ခံခဲ့လိမ့်မည်မဟုတ်ပေ။

နက္ခတ်ဂိုဏ်းသည် နောက်ဆုံးအကြိမ်က ချန်ပီယံဆုကို အနိုင်ရ၍ ပြည်ပဂိုဏ်းများကို မကြုံစဖူးသော စိတ်လှုပ်ရှားမှုများကို လှုံ့ဆော်ပေးခဲ့သည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသော မိဘများသည် ဤတိုက်ပွဲကို မြင်တွေ့ခဲ့ရကာ ၎င်းတို့၏ ကလေးများကို နက္ခတ်ဂိုဏ်းသို့ ပေးပို့ရန် ရွေးချယ်ခဲ့ကြသည်။

ပြည်ထောင်စုတက္ကသိုလ်သည် တစ်နှစ်ထက်တစ်နှစ် ထိပ်တန်းတက္ကသိုလ်ရွေးချယ်မှုတွင် ပါဝင်ခဲ့သည်။ ထို့ကြောင့် မရေမတွက်နိုင်ဖွယ်များပြားလှသော ပါရမီရှင်များနှင့် လက်ရွေးစင်များသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။ အရည်အသွေးမြင့်ကျောင်းသားများ ပိုမိုရရှိလာပြီးနောက် ပြည်ထောင်စုတက္ကသိုလ်၏ ဂုဏ်သတင်းသည် တစ်စထက်တစ်စမြင့်မားလာကာ ကောင်းမွန်စွာလည်ပတ်လာသည်။

ယခုမူ၊ ချူးယွင်ဖန်းသည် ၎င်းတို့၏ တစ်နှစ်တာ အစီအစဉ်ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။ မျှော်လင့်ချက်များ အကုန်ပျောက်ကုန်ပြီဖြစ်ရာ အထူးသဖြင့် နတ်စွမ်းအင်အဆင့်မွန်းစတားတစ်ကောင်၏ အတွင်းအူတိုင်ဖြစ်သည်။ ဤပစ္စည်း၏တန်ဖိုးသည် ရိုးရိုးရှင်းရှင်း တိုင်းတာ၍မရနိုင်ပေ။

သို့သော် ထိတ်လန့်တုန်လှုပ်နေသူများချည်း မဟုတ်ပေ။

"သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်ကိုသေချာပေါက် ကျော်သွားပြီ"

“ဒါက အဋ္ဌမအဆင့်ပါ။ သေချာတာကတော့ အဋ္ဌမမြောက်ပဲ”

“ဒီအသုတ်ကျောင်းသားတွေကြားမှာ အဌမအဆင့်ကို ရောက်နိုင်တဲ့သူတစ်ယောက် ရှိလိမ့်မယ်လို့ ကျုပ်မမျှော်လင့်ထားဘူး။ အဲဒီတုန်းက ကျန်းလင်းရှောင်တောင် ဒါနဲ့ယှဥ်ရင် သာမန်ပဲမလား”

"မှန်တယ်။ ချူးယွင်ဖန်းရဲ့ လေ့ကျင့်မှုအဆင့်က နည်းနည်း နိမ့်နေတယ်ထင်ရပေမယ့် တိုက်ခိုက်ရေးအင်အားအရတော့ နည်းနည်းလေးတောင် မနိမ့်ကျဘူး”

ဤသင်တန်းပို့ချသူအားလုံးသည် အနည်းဆုံး မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိကြသည်။ ၎င်းတို့၏မျက်လုံးများသည် သာမန်လူများထက် သဘာဝအားဖြင့် ပိုကောင်းကာ ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို တစ်ချက်တည်းဖြင့် မြင်နိုင်သည်။ ထိုအချိန်တွင် ဟွမ်မိသားစုနှင့် ကျန်းမိသားတို့၏မျက်လုံးများသည် မီးများသကဲ့သို့တောက်လောင်နေသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကိုသေစေချင်သည်။ ယခုမူ ချူးယွင်ဖန်းသည် အသက်ရှင်နေရုံသာမက ထင်ပေါ်နေပုံပင်ရသည်။

“ဒီသူခိုးလေးက သေဖို့ထိုက်တန်တယ်”

ထိုကဲ့သို့သော ခွန်အားမျိုးသည် စစ်သင်္ဘောပေါ်ရှိ မွေးဖွားခြင်းနယ်မြေအဆင့် ဆရာသခင်များကို ထိတ်လန့်စေခဲ့သည်။ ကျန်းယွမ်ပင်ကဲ့သို့ လူတိုင်းကစွမ်းအားမကြီးကြပေ။ ၎င်းတို့အများစုသည် မွေးဖွားခြင်းနယ်မြေ၏အ‌စောပိုင်းအဆင့်များဖြစ်ကြသည်။ ထိုကဲ့သို့သော တိုက်ခိုက်ရေးအင်အားသည် ဂိုဏ်းပေါင်းစုံနှင့် တက္ကသိုလ်များ၏ လက်ရွေးစင်များ၏အင်အားဟု ယူဆနိုင်သည်။

ဂိုဏ်းတိုင်းက ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့ နာမည်မကြီးလှကြပေ။ နှစ်စဉ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားအများအပြား ဘွဲ့ရရှိခဲ့သော်လည်း ခြုံငုံအင်အားအရ ကျောင်းသားများ သို့မဟုတ် ဆရာများ အနေဖြင့် ၎င်းတို့သည် ဂိုဏ်းပေါင်းစုံတွင် အငြင်းပွားဖွယ်ပင်မရှိလောက်အောင် နံပါတ်တစ်ဖြစ်ကြသည်။

နက္ခတ်ဂိုဏ်းကဲ့သို့သော နိုင်ငံရပ်ခြား ဂိုဏ်းအနည်းငယ်အတွက်ပင်၊ အလုံးစုံ အင်အားအရဆိုလျှင် ပြည်ထောင်စုကဲ့သို့ အရာကိုမဆိုနှင့် ပြည်ထောင်စုတက္ကသိုလ်နှင့်ပင် နှိုင်းယှဉ်၍မရပေ။ ၎င်းတို့အမြင်အရ ချူးယွင်ဖန်းသည် နှစ်နှစ်အတွင်းတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်း၍ ၎င်းတို့နှင့် လက်ရည်တူလာလိမ့်မည်ဟုထင်သည်။

တကယ်တမ်းတွင် ချူးယွင်ဖန်း၏အနာဂတ်သည် ပို၍ပင် အကန့်အသတ်မရှိလှပေ။ အကယ်၍ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် အခွင့်သာပါက၊ သူသည် နတ်အဆင့်သို့ တက်လှမ်းနိုင်သည်။

ဤအခိုက်တွင်၊ စီတုကျီယင်းသည် ချူးယွင်ဖန်းဆီကို စတင်တိုက်ခိုက်နေပြီဖြစ်သည်။ ဟန်ပင်းက တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါတွင် သူ အလွန်တုန်လှုပ်သွားခဲ့သည်။ သို့သော် နောက်ကျနေပြီဖြစ်သည်။ သူသည် ချူးယွင်ဖန်း နှင့် အလွန်နီးကပ်စွာ ရပ်နေပြီဖြစ်သဖြင့် နောက်ဆုတ်ရန် နည်းလမ်းမရှိပေ။

"ငါအကုန်ထုတ်သုံးပြီ နဂါးနှစ်ကောင်ဧကရာဇ် လျှို့ဝှက်လက်သီး”

စီတုကျိယင် ၏ လက်သီးများသည် ရှည်လျားသော နဂါးနှစ်ကောင်နှင့်တူကာ ဘယ်ဘက်တွင် တစ်ကောင်နှင့် ညာဘက်တွင် တစ်ကောင်က ချူးယွင်ဖန်းကို နှစ်ဖက်စလုံးမှ တိုက်ခိုက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော လက်သီးနှစ် တားအဆီးကို ဖြတ်ကျော်သွားကာ တခဏချင်း၌ပင် ချူးယွင်ဖန်း၏ ကိုယ်ပေါ်သို့ ရောက်သွားသည်။

ဘွန်း

ကြောက်စရာကောင်းသော ပေါက်ကွဲသံနှင့်အတူ လက်သီးနှစ်လုံးသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်ကျသွား၏။ သို့သော် စီတုကျီယင်းသည် ပြုံးရန်အချိန်ပင်မရှိခဲ့ပေ။ လေသံ၏အဆုံးတွင် ချူးယွင်ဖန်း၏ အေးစက်သောအသံထွက်ပေါ်လာ၏။

"မင်းမှာရှိတာ ဒါအကုန်ပဲလား"

All Chapters