အခန်း (၅၃၅-၅၃၇)
Vol. 36 Ch. 535-537
အခန်း(၅၃၅) စီတုကျီယင်းကို လက်သီးနှစ်ချက်ဖြင့် အနိုင်ယူခြင်း
စီတုကျီယင်း၏ အစွမ်းထက်သော လက်သီးများသည်ချူးယွင်ဖန်းဆီသို့ အပြင်းအထန် ပြေးဝင်လာသော နဂါးနှစ်ကောင်နှင့်တူသည်။ သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် ၎င်းတို့နှင့်တိုက်ရိုက်ထိမှန်ပါက သေဆုံးရမည်မှာ သေချာသည်။ အခြားဖြစ်နိုင်ခြေမရှိပေ။ သို့သော် ယခုအချိန်တွင် ဤဥပဒေသသည် ချူးယွင်ဖန်းအပေါ်သို့ သက်ရောက်မှုမရှိတော့ပေ။ စီတုကျီယင်းသည် သူ၏ လက်သီးနှစ်စင်းမှာ ကြီးမားသော အသားထုကြီးသို့ ထိုးဖောက်ဝင်ရောက်နေသည်ဟု ခံစားလိုက်ရသည်။ သူ၏တိုက်ခိုက်မှုများသည် ချူးယွင်ဖန်း ယိမ်းယိုင်သွားရန် မလုပ်ဆောင်နိုင်ခဲ့ပေ။ သူ၏တိုက်ခိုက်မှုအားလုံးသည် ချူးယွင်ဖန်း၏ ဧကရာဇ်ခန္ဓာကိုယ်ရှေ့တွင် စွမ်းအားအားလုံး ဆုံးရှုံးသွားသည့်ပုံပေါ်သည်။
“ချီးပဲ” စီတုကျီယင်းက လျင်မြန်စွာတုံ့ပြန်လိုက်သည်။ သူ၏တိုက်ခိုက်မှုမအောင်မြင်သည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင်ထွက်ပြေးသွာသည်။
“ဒီလိုအချိန်မှာ ထွက်ပြေးဖို့ ကြိုးစားနေတာလား။ အဲ့အတွက်အချိန်ရှိလား” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
“မင်းဆီက လက်သီးနှစ်ချက်ကို ငါခံလိုက်ပြီဆိုတော့ မင်းငါ့ဆီက တစ်ချက်ကို ခံတော့”
“တောဘုရင်သိုင်း”
ချူးယွင်ဖန်းက ကြုံးဝါးလိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ ချီစွမ်းအင်များမြင့်တက်လာပြီးနောက် ကျားတစ်ကောင်အဖြစ်ပြောင်းလဲသွားသည်။ ဤသည်မှာ သူ၏ သိုင်းပညာများအတိုင်း ပြောင်းလဲခြင်း ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သရုပ်မှန်ကို စွက်ဖက်နိုင်သော စိတ်စွမ်းအားများ၏ အစဖြစ်သည်။ နတ်စွမ်းအင်အဆင့်သို့ မရောက်ရှိသေးသော်လည်း၊ ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံပြီးနောက် သိုင်းပညာရှင်တစ်ဦးသည် ၎င်းတို့၏ သိုင်းပညာတွင်ပါဝင်သော စိတ်စွမ်းအင်ကို ထုတ်သုံးနိုင်သည်။
ဝိညာဉ်ရေးရာကျားသည် ပြင်းထန်စွာဟိန်းဟောက်လိုက်သည်။ ယင်းနောက်မှာတွင် ချူးယွင်ဖန်း၏ လက်သီးသည် ပြင်းထန်သော ကျားတစ်ကောင်၏ တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ လက်သီးချက်သည် လေထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်ကာ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
"သေစမ်း" စီတုကျီယင်းသည် လျင်မြန်စွာ တုံ့ပြန်ခဲ့ရာ သူ့ရင်ဘတ်ကို ကာကွယ်ရန် သူ့ရှေ့တွင် လက်နှစ်ဖက်ကို ကြက်ခြေခတ်သဏ္ဍာန် ဖန်တီးလိုက်သည်။
ဘမ်း
ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ စီတုကျီယင်းသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြတ်ကျော်ဝင်ရောက်လာသောကြောင့် သူ၏လက်နှစ်ဖက်စလုံး ကျိုးတော့မည်ကို ချက်ချင်းခံစားလိုက်ရသည်။
'သူ့မှာ ဘယ်လိုလုပ် ဒီလောက်ခွန်အားတွေ ရှိနိုင်မှာလဲ' စီတုကျီယင်းသည် စစ်ကားတိုက်ခံရသကဲ့သို့ သူ့လက်နှစ်ဖက်စလုံး ကျိုးတော့မည်ကို ခံစားလိုက်ရသည်။
စီတုကျီယင်းက လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ သူက ရှေ့ကို ခြေတစ်လှမ်းမလှမ်းနိုင်တော့ဘဲ ခြေရာများသာ ချန်ရစ်ထားခဲ့သည်။ နောက်ဆုံးတွင် ဟန်ပင်းက အဘယ်ကြောင့် လက်သီးတစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားရသည်ကို သူနားလည်သွားသည်။ အစပိုင်းတွင် သူအလွန် အံသြနေခဲ့သည်။ နောက်ဆုံးတွင် ၎င်းတို့၏ ခန္ဓာကိုယ်များသည် နှစ်များစွာကြာ ကျင့်ကြံထားခြင်းဖြစ်သဖြင့် လူတစ်ယောက်က မည်သို့ပင် အသာစီးရနေစေကာမူ ၎င်းတို့သည် သာမန်မဟုတ်ကြီးမားသော ခွန်အားရှိသူများဖြစ်ကြသည်။ စီတုကျီယင်းက သူ့မှာ ကြံ့ခိုင်မှုပိုင်းတွင် အားသာချက်မရှိဘူးဟု ယုံကြည်ထားသော်လည်း ဝေးကွာလွန်းလှမည်မဟုတ်ဟု သူထင်ထားခဲ့သည်။ သို့သော် ချူးယွင်ဖန်း၏လက်ချက်ကြောင့် သူ့ယုံကြည်မှုတစ်ခုလုံး ပျက်စီးသွားခဲ့သည်။
ချူးယွင်ဖန်းကသူ့ကို အလွတ်မပေးချင်သဖြင့် မျက်စိတစ်မှိတ်အတွင်း၌ပင် စီတုကျီယင်း၏ရှေ့ကို ရောက်နေပြီဖြစ်သည်။ သူ့ခြေထောက်က လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာ၍ စီတုကျီယင်းကို ချက်ချင်းထိမှန်သွားသည်။
ဘမ်း
ဒီတစ်ကြိမ်တွင်မူ စီတုကျီယင်းသည် ချူးယွင်ဖန်းကဲ့သို့ကံမကောင်းခဲ့ပေ။ ချူးယွင်ဖန်း၏ ကန်ချက်ကို ထိမှန်ပြီးနောက် ခြေထောက်ကိုပင်မထိန်းနိုင်ခဲ့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရဖြစ်စွာဖြင့်နောက်သို့ လွင့်ထွက်သွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားရာ သွေးတစ်ပွက်အန်ထွက်လာသည်။
နောက်ထပ်တစ်ယောက် ဖယ်ရှားခံလိုက်ရပြီဖြစ်သည်။
ဤသည်ကား ပြီးပြည့်စုံသော ချေမှုန်းမှုဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့် တိုက်ပွဲစွမ်းရည်ကို လုံးလုံးလျားလျား ထုတ်ပြပြီးနောက်၊ ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်သည် ဟန်ပင်းနှင့် စီတုကျီယင်းတို့ကို ကျော်လွန်သွားခဲ့သည်။
ယခုအချိန်တွင် နက္ခတ်ဂိုဏ်းအပြင် ကြယ်တာရာကျွန်းအပြင်ဘက်ရှိ စစ်သင်္ဘောပေါ်တွင် ချင်းဟွာတက္ကသိုလ်သည် လုံးလုံးလျားလျားအရှက်ရနေကြသည်။ ၎င်းတို့သည် စီတုကျီယင်းကိုပြုစုပျိုးထောင်ရန်အတွက် ၎င်းတို့တက္ကသိုလ်၏အရင်းအမြစ်အားလုံးကို အသုံးပြုခဲ့ရာ သုန်ဖန်ဟောက်နှင့် မေ့ဟိုက်ယွင်တို့နှင့်ပင် ယှဥ်ပြိုင်ဝံ့ခဲ့သည်။ ယခုမူ ချူးယွင်ဖန်းသည် စီတုကျီယင်းကို လက်သီးနှစ်ချက်တည်းဖြင့် အနိုင်ယူခဲ့၏။
စီတုကျီယင်းသည် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်ပေ။
အခြေအနေများရှင်းလင်းလာရာ ပြည်ထောင်စုတက္ကသိုလ်အတွင်းတွင် ကျောင်းတွင်းစစ်ဖြစ်လာသည်။ ဤသို့သောအခြေအနေမျိုးကို ယခင်က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြုံခဲ့ရသော်လည်း ဒီတစ်ကြိမ်သည် ထူးထူးခြားခြား ဖမ်းစားနိုင်ခဲ့သည်။အထူးသဖြင့် နက္ခတ်ဂိုဏ်းအတွက်ဖြစ်သည်။ အချိန်အတော်ကြာ စီစဉ်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ဤရလဒ်ဖြစ်ခဲ့သည်။
အနည်းဆုံးအနေဖြင့် ညီလာခံချန်ပီယံဖြစ်နိုင်ရန် အထောက်အထားရှိနေသေးသည်။ ဤချန်ပီယံသည် ချူးယွင်ဖန်း၏ လက်သီးတစ်ချက်တည်းဖြင့်အသတ်ခံခဲ့ရသော်လည်း ၎င်းတို့သည် ချန်ပီယံဖြစ်နိုင်နေဆဲဖြစ်သည်။
"မွန်းစတား ငါတို့အားလုံးမှားနေတာ ဒါက မြင်းနက်မဟုတ်ဘူး မွန်းစတားပဲ” ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ယောက်က တုန်လှုပ်စွာပြောလိုက်သည်။
မူလက သူတို့ရဲ့ အာရုံသည် မေ့ဟိုက်ယွင်ဖြစ်သည်။ အထူးသဖြင့် လီရွှမ်နှင့် စီတုကျီယင်းအပါအဝင် ကျွမ်းကျင်သူများစွာသည် သူ့ကို ၎င်းတို့၏ အကြီးမားဆုံးပြိုင်ဘက်အဖြစ် မြင်သောကြောင့် မေ့ဟိုက်ယွင်ကို ဦးစွာသုတ်သင်လိုကြသည်။
၎င်းတို့ အာရုံစိုက်ထားသူအပြင် နောက်တစ်ယောက်ရှိနေသေးလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။ ဤလူသည် အမှန်ပင် မွန်းစတားတစ်ကောင်ဖြစ်သည်။ စီတုကျီယင်းနှင့် ဟန်ပင်းတို့ နှစ်ဦးစလုံးသည် ညီလာခံချန်ပီယံဖြစ်လာသည့် တိုက်ခိုက်မှုတွင် ပါဝင်သူများဖြစ်ခဲ့ကြသော်လည်း သူ၏ လက်သီးချက်အနည်းငယ်ခန့်ကိုပင် မခံယူနိုင်ခဲ့ကြပေ။
“သူ ချန်ပီယံဖြစ်လာဖို့ စီစဥ်ထားတာလား” လူတစ်ယောက်က ထိတ်လန့်တကြားအော်ပြောလိုက်သည်။
ပြည်ထောင်စုတက္ကသိုလ်မှ ဆရာအများစုအတွက် ဤသည်က အဆုံးသတ်ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ နတ်စွမ်းအင်အဆင့် မွန်းစတား၏အတွင်းအူတိုင်သည် ပြည်ထောင်စုတက္ကသိုလ်၏ လက်ထဲတွင် ကျရောက်မည်ဖြစ်ရာ ၎င်းတို့၏ ချန်ပီယံဆုဆုံးရှုံးမှုကို အစားထိုးနိုင်သည်။
“မဟုတ်ဘူး ချူးယွင်ဖန်းက တော်တော်သန်မာပေမယ့် မေ့ဟိုက်ယွင်နဲ့တော့ အများကြီးဝေးသေးတယ်” အသက်လတ်တန်းစားလူတစ်ယောက်က ပြောလိုက်သည်။ သူသည်ကား မေ့ဟိုက်ယွင်၏ ဆရာဖြစ်သည်။ လူတိုင်းက ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့်လန့်သွားသော်လည်း သူသည်မူ တုန်လှုပ်ခြင်း စိုးရိမ်ခြင်းမရှိပေ။ မည်သူကမျှ ဤအခိုက်အတန့်တွင် မငြင်းခုန်ချင်ကြပေ။
ချူးယွင်ဖန်းက လက်ကိုဆန့်ထုတ်၍ ကျောက်စိမ်းသေတ္တာကို လှမ်းယူလိုက်ပြီဖြစ်သည်။ ၎င်း၏ အထဲတွင် မွန်းစတားအူတိုင်ရှိသည်။ သို့သော် ယင်းကြောင့်တိုက်ခိုက်လျက် အလုပ်ရှုပ်နေသော မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့ ချက်ချင်း တုံ့ပြန်လာကြသည်။
၎င်းတို့သည် ချူးယွင်ဖန်းက ဟန်ပင်းနှင့် စီတုကျီယင်းကို အလျင်အမြန်တားဆီးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းတို့အားလုံးသည် ထိတ်လန့်တကြား ဒေါသဖြစ်နေကြသည်။ ထို့ကြောင့် တိုက်ခိုက်နေရာမှ ရပ်၍ ချူးယွင်ဖန်းဘက်သို့ နှစ်ဖက်လုံးမှ ပြေးလာကြသည်။
“စဥ်းတောင်မစဥ်းစားနဲ့ ချူးယွင်ဖန်း”
ပထမဆုံး ချီတက်လာသူမှာ သုန်ဖန်ေဟာက်ဖြစ်၍ သူ့လက်ထဲမှ ဓားဖြင့် ချူးယွင်ဖန်းကို ခုတ်ချလိုက်သည်။
“တောင်ဖျက်ဆီးသူ”
ဤတိုက်ခိုက်မှုသည် လေကို ခွင်း၍ မြေပြိုသကဲ့သို့ သက်ဆင်းလာသည်။ ၎င်း၏ စွမ်းအားသည် အဆုံးမဲ့လှ၏။ ဓားသွားအလင်းသည် ဓားတစ်ခုပုံစံဖြစ်ပေါ်လာကာ အရာအားလုံးကို ကြေမွသွားစေသည်။
ချူးယွင်ဖန်းသည် သူဘာမှမတတ်နိုင်ကြောင်း မြင်သောကြောင့် သေတ္တာကို ပြန်ချလိုက်သည်။ ထို့နောက် သုန်ဖန်ဟောက်ဘက်သို့လှည့်၍ ပြောလိုက်၏။
“သုန်ဖန်ဟောက် မင်းက သုန်ဟွာမြို့မှာ နံပါတ်တစ် အထက်တန်းကျောင်းသားလို့ လူသိများတယ်။ မင်းအကြောင်း အများကြီးကြားဖူးတယ်။ အခု မင်းငါ့ဆီကနေ ဘယ်လောက်ထိ ခံနိုင်မလဲဆို ကြည့်ကြရအောင်”
ချူးယွင်ဖန်းက ဤသို့ပြောသောအခါ သူ့တစ်ကိုယ်လုံးရှိ သွေးများဆူပွက်လာသည်။ သုန်ဖန်ဟောက်သည် နှစ်ပေါင်းများစွာကျော်ကြာ ကျော်ကြားခဲ့၍ သုန်ဟွာမြို့၏ နံပါတ်တစ်ကျောင်းသားဟု လူသိများသည်။ သူသည် အလွန်သန်မာလွန်းလှသောကြောင့် ၎င်းတို့၏ အသက်အရွယ်ထဲတွင် သူ့ကို ယှဥ်နိုင်သူရှာရခက်သည်။
ထိုအချိန်က ချူးယွင်ဖန်းသည် သာမန်လူတစ်ယောက်မျှသာဖြစ်သဖြင့် တူညီသောအဆင့်တွင်ဖော်ပြရန်ပင် မထိုက်တန်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင်မူ ၎င်းတို့သည် အဆင့်တူတွင်ရှိနေကြပြီဖြစ်သည်။
အခန်း(၅၃၆) ချူးယွင်ဖန်းကို ဘယ်သူတားနိုင်မလဲ
ချူးယွင်ဖန်းသည် သုန်ဖန်ဟောက်ကို တိုက်ခိုက်လိုသည်မှာကြာခဲ့ပြီဖြစ်သည်။ တကယ်တမ်းတွင် ဤသည်က မေ့ဟိုက်ယွင်နှင့် တိုက်ပွဲထက် သူ့ကို သွေးများပွက်ပွက်ဆူစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သုန်ဖန်ဟောက်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်မီတွင် ချူးယွင်ဖန်းအကြောင်းကို တစ်ခါမှ မကြားဖူးသောကြောင့်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့်၊ သုန်ဖန်ဟောက်သည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ချူးယွင်ဖန်း၏နားထဲသို့ နေမင်းတစ်စင်းကဲ့သို့၊ အခြားမိသားစုမှ ကလေးတစ်ယောက်ကဲ့သို့ ပေါ်လာခဲ့သည်။ ထို့အပြင် ၎င်းသည်အခြားမိသားစုမှ ကလေးကို အဆင့်မြှင့်တင်ထားသောပုံစံမျိုးဖြစ်သည်။
“မာန်တက်လိုက်တာ” သုန်ဖန်ဟောက်၏ မျက်နှာသည် ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
တောင်ဖျက်ဆီးသူဓားချက်သည် ကောင်းကင်ကို ဖြတ်ကျော်သွားသည်။ သုန်ဖန်ဟောက်က မည်သည့်အချိန်က အရှုံးကို ဝန်ခံဖူးသနည်း။ လူတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို အထင်သေးနေသည့်တည်ရှိမှုတစ်ခုဖြစ်သည်။ လူတိုင်းသည် ရှုံးနိမ့်မှုကို ဝန်ခံရန် ငြင်းဆိုခဲ့ကြ၍ ဤအတွင်းအူတိုင်ကို သိမ်းပိုက်လိုကြသည်။
ချူးယွင်ဖန်းသည် သူ့မျက်လုံးရှေ့တွင် ဓားတစ်စင်း လျှပ်တစ်ပြက်ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ဤဓားသည် ချူးယွင်ဖန်းရှေ့သို့ရောက်လာသည်။ ဤတစ်ချက်တည်းနှင့်ပင် ချူးယွင်ဖန်းသည် သူ့ရှေ့တွင် ကောင်းကင်နှင့် ကမ္ဘာတစ်ခုလုံး ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
“နည်းစနစ်ကောင်းတယ်” ချူးယွင်ဖန်းရယ်သည်။ ထို့နောက် သူ့လက်ထဲကကျူးချွဲ့က ရုတ်တရက် ထွက်ပေါ်လာ၏။
"ကမ္ဘာ့သခင်"
ချူးယွင်ဖန်းက သူ့ဓားဖြင့် ညွှန်ပြလိုက်ရာ သူ၏ စစ်မှန်သော စွမ်းအင်များ ပြင်းထန်စွာ တုန်ခါသွား၍ ပတ်ဝန်းကျင်လေထုထဲတွင် ပြင်းထန်သော ပဲ့တင်ထပ်သံများဖြစ်ပေါ်လာသည်။ သူ၏သိုင်းပညာသည် သုန်ဖန်ဟောက်ထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။ တကယ်တမ်းတွင် သူက သုန်ဖန်ဟောက်ထက်ပင် အနည်းငယ် ပိုသန်မာပါတယ်။
ချွင်
ဓားများ ထိပ်တိုက်တွေ့သောအခါ ဒေါ်လာသန်းရာနှင့်ချီတန်သော ချူယွင်ဖန်၏ဓားတန်ဖိုးသည် ပြောစရာပင်မလိုတော့ပေ။ နှိုင်းယှဉ်ကြည့်လျှင် သုန်ဖန်ဟောက်၏လက်ရှိဓားသည် သိသိသာသာထူးခြားသည်။ တိုက်မိမှုသည် နှစ်ဖက်စလုံးဆီသို့ ပြန့်ကျဲသွားသည့် ကြောက်မက်ဖွယ်ကောင်းသော တွန်းလှန်အားအဖြစ်သို့ ပြောင်းလဲသွားသည်။ သုန်ဖန်ဟောက်သည် သူ့လက်ကို မိုးကြိုးပစ်သွားသကဲ့သို့ခံစားလိုက်ရရာ သူ့လက်တစ်ဖက်လုံးကို ကြောက်မက်ဖွယ်ရာ ထူးဆန်းသော စွမ်းအားတစ်ခုက လွှမ်းခြုံသွားသည်။ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစား၍ ယင်းကို တွန်းလှန်ရန် သူ၏ ချီစွမ်းအင်များကို ဖြန့်ကျက်လိုက်သည်။
ထိုကဲ့သို့သော တိုက်ပွဲနည်းလမ်းကို ရင်ဆိုင်ရသောအခါ သုန်ဖန်ဟောက်က အနည်းငယ်ထိတ်လန့်သွားသည်။ ဤတိုက်ခိုက်မှုကို ထိပ်တိုက်တွေ့ပြီးနောက်၊ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော ထူးဆန်းသည့် စွမ်းအားသည် သူ၏လက်တစ်ဘက်လုံးသို့ ပျံ့နှံ့သွားသည်ကို ချက်ချင်းခံစားနိုင်သည်။
ထိုအချိန်တွင်၊ ချူးယွင်ဖန်းကိုကြည့်ရင်း သုန်ဖန်ဟောက်၏အကြည့်များတွင် အထင်သေးမှုများမရှိတော့ပေ။ ချူးယွင်ဖန်း၏ လှုပ်ရှားမှုသည် ချူးယွင်ဖန်း၏သိုင်းပညာမှာ သူ့ထက်သာလွန်ကြောင်း ပြသနေသည်။ သို့သော် သုန်ဖန်ဟောက်သည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုကို ချေဖျက်နေချိန်တွင် ချူးယွင်ဖန်းက သူ့လက်ထဲမှ ဓားကို ဆွဲထုတ်လိုက်ပြီးဖြစ်သည်။ ဓားသည် မည်သို့မျှ လေးပုံမပေါ်သော်လည်း အနှိုင်းမဲ့အစွမ်းထက်သည်။
အစောပိုင်း တိုက်ခိုက်မှုက ချူးယွင်ဖန်းအပေါ် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။
“မဆိုးပါဘူး။ မင်းရဲ့ခွန်အားနဲ့၊ မင်းဟာ သုန်ဟွာမြို့ရဲ့ နံပါတ်တစ်ဖြစ်ထိုက်တယ်။ ခံကြည့်လိုက်" ချူးယွင်ဖန်းသည် သုန်ဖန်ဟောက်ဆီသို့ တစ်ဖန် တိုးဝင်လာသည်။
သို့သော် ထိုအချိန်တွင် သုန်ဖန်ဟောက်ကို တိုက်ခိုက်တော့မည့် မေ့ဟိုက်ယွင်က ရုတ်တရက် ရပ်တန့်သွားသည်။ သူရှေ့ဆက်ရန် ရည်ရွယ်ချက်မရှိပေ။
"မေ့ဟိုက်ယွင် ဒါက ဘာအဓိပ္ပာယ်လဲ။ မင်းက ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းသွားတာကိုစောင့်ချင်တာလား။" သုန်ဖန်ဟောက်က အော်လိုက်သည်။
"ဟားဟား! ငါတို့ကို တစ်ယောက်ပြီးတစ်ယောက် ချေမှုန်းပါစေ သုန်ဖန်ဟောက် အဲ့တာဖြစ်နိုင်တယ်လို့ မင်းထင်လား။ မင်းက ငါ့ကို မယှဥ်နိုင်ဘူး။ ချူးယွင်ဖန်းအတွက်လည်း ချွင်းချက်မရှိဘူး” မေ့ဟိုက်ယွင်က ရယ်မောကာ ပြောလိုက်သည်။
"ဒါဆို အရှုံးသမားကို မသတ်ခင် ထိုင်ပြီး စောင့်ကြည့်ချင်နေတာလား။ ဒါက မင်းမှာ အရည်အချင်းရှိမရှိပေါ် မူတည်တယ်။” ချူးယွင်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ မေ့ဟိုက်ယွင်၏ အကြံကို သူချက်ချင်းနားလည်သွားသည်။ မေ့ဟိုက်ယွင်သည် ၎င်းတို့နှစ်ဦးလုံး ဒဏ်ရာရသွားသည့်အချိန်ထိစောင့်ပြီးမှ တိုက်ခိုက်လိုခြင်းဖြစ်သည်။ မည်မျှကောင်းသောအကြံဖြစ်သနည်း။
"မင်းငါ့ကို အတူတူတိုက်ခိုက်ရင် ငါစိတ်မ၀င်စားဘူး ဒါပေမယ့် မင်းအရမ်းမာန်တက်နေလို့ ငါ့ကြိုးစားမှုရဲ့ရလဒ်ကို မင်းမြင်အောင် ငါခွင့်ပြုမယ်။" ချူးယွင်ဖန်းရယ်သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများသည် ယခင်ကထက် ပိုမိုများပြားလာခဲ့သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ပေါက်ကွဲသွားလေသည်။
"သူက တကယ့်ကို သန်မာတယ်" ခပ်လှမ်းလှမ်းတွင် ရှဖန် နှင့် အခြားလူများက ပါးစပ်အဟောင်းသားဖြင့် အော်ကြသည်။
ချူးယွင်ဖန်း၏ အသင်းဖော်များသည် မူလက ကူညီရန် စီစဉ်ခဲ့သော်လည်း ၎င်းတို့၏အဖွဲ့ခေါင်းဆောင်က မာနကြီးလွန်းသည်ဟု ခံစားခဲ့ရသည်။ အခြားသူများတွင် နောက်လိုက်များစွာရှိသည်။ နောက်လိုက်မရှိသူသည် ၎င်းတို့ ခေါင်းဆောင်တစ်ဦးတည်းသာ ရှိသည်။ အဘယ်ကြောင့် ထိုသို့အားနည်းချက်မျိုးရှိနေလိုသနည်း။ ယခုအချိန်တွင်မူ အားနည်သူမှာ ၎င်းတို့၏ ခေါင်းဆောင်မဟုတ်ကြောင်း သူတို့သဘောပေါက်သွားကြသည်။ ချူးယွင်ဖန်းသည် အလွန်သန်မာလွန်းလှသည်။ သူသည် အုပ်စုတစ်ခုလုံးကို ချေမှုန်းပစ်ခဲ့ရာ မည်သူမျှ သူ့ကို မဆန့်ကျင်နိုင်ပေ။
သူတို့ကြားဖူးရုံမျှသာရှိသော ကြီးမားသောပုဂ္ဂိုလ်များနှင့် တန်းတူဖြစ်ရန် မမျှော်လင့်ရဲသည့်တိုင် ၎င်းတို့သည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ ၎င်းအားလုံး ရိုးရှင်းစွာထိုးနှက်ခံခဲ့ကြရသည်။
"ကမ္ဘာမြေကြီးဓား" ချူးယွင်ဖန်းက ကြိမ်းဝါးလိုက်သည်။
ထို့နောက် သူ၏ဓားသည် လွင့်ထွက်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ခြည်တစ်ခု လေထဲသို့ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းသည် သုန်ဖန်ဟောက်ဆီသို့ ရောက်သွား၏။
"ငါ့ကို လျှော့မတွက်နဲ့"
သုန်ဖန်ဟောက်သည် ချူးယွင်ဖန်းနှင့် မေ့ဟိုက်ယွင်တို့ နှစ်ဦးလုံးက အောင်မြင်မှုအတွက် ယုံကြည်မှု လွန်ကဲနေကြသည်ဟု ခံစားမိကြသည်။ ၎င်းတို့နှစ်ယောက်က သူ့ကို ခြိမ်းခြောက်မှုတစ်ခုဟုပင် မမြင်မိကြပေ။
သုန်ဖန်ဟောက်က ယင်းကို မည်သို့သည်းခံနိုင်တော့မည်နည်း။ သူ မည်သည့်အချိန်မျှစ၍ အရေးမပါသောသူဖြစ်လာခဲ့သနည်း။
“တောင် ဖျက်ဆီးသူ”
ချူးယွင်ဖန်း၏ ဓားကို သုန်ဖန်ဟောက်က အလွန်မြန်ဆန်လှသည်ဟု ခံစားမိသည်။ သို့သော် သူသည်လည်း သူ၏ စံနှုန်းများကို ကျော်လွန်သွားခဲ့ပြီဖြစ်သဖြင့် သူ၏ ဒေါသစိတ်အောက်တွင် တိုက်ခိုက်မှုမှာ ၃၀%ခန့် ပို၍ မြင့်မားလာသည်။ သုန်ဖန်ဟောက်သည် ဤတိုက်ခိုက်မှုတွင် သူ၏ ချီစွမ်းအင်များအားလုံးကို စုစည်းထားသည်။ မေ့ဟိုက်ယွင်က နောက်ပိုင်းတွင် အမှိုက်အချို့ကို ကောက်ယူနိုင်သော်လည်း သူဂရုမစိုက်တော့ပေ။ ချူးယွင်ဖန်းသည် တန်ရာတန်ကြေးကို ပြန်ပေးရပေလိမ့်မည်။
မည်သူ့ကိုမျှ လျှော့မတွက်သင့်ပေ။ ကျွမ်းကျင်သူများအားလုံးတိုက်ခိုက်သောအခါ ၎င်းတို့ကြားမှ အဆင့်ကွာဟချက်သည် သေးငယ်လှနေလျှင်ပင် နောက်ဆုံးရလဒ်ကိုအဆုံးအဖြတ်ပေးနိုင်သည်။
“ဒါမင်းအကောင်းဆုံးလုပ်နိုင်တာလား” ချူးယွင်ဖန်းက ပြောလိုက်သည်။
“မေ့ဟိုက်ယွင်က မင်းကို အလေးမထားဘဲ ဖြိုခွဲနိုင်တာအံ့သြစရာတော့မဟုတ်ဘူး”
ချူးယွင်ဖန်းသည် ကျယ်လောင်စွာအော်ဟစ်၍ အရာအားလုံးကို တစ်ချက်တည်း ရိုက်ချလိုက်သည်။ သူ့ဓားမှအလင်းသည် အရာအားလုံးကို ဖြိုခွဲပစ်လိုက်၏။
တစ်ခဏအတွင်း၌ပင် သုန်ဖန်ဟောက်၏ ဓားအလင်းမှာ အစိတ်စိတ်ကွဲကြေသွားသည်။ သုန်ဖန်ဟောက်၏ဓားက ချူးယွင်ဖန်း၏ ဓားကို ရင်ဆိုင်ရသောအခါတွင် သူအနိုင်ရနိုင်ခြေအနည်းငယ်မျှ မရှိဘဲ တစ်ချက်တည်းဖြင့်ပင် အပိုင်းပိုင်းကွဲသွားသည်။
“မဖြစ်နိုင်ဘူး” သုန်ဖန်ဟောက်က ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။ သို့သော် ချူးယွင်ဖန်း၏ ဓားသည် သူနှင့်အလွန်နီးကပ်လာနေပြီဖြစ်သဖြင့် သုန်ဖန်ဟောက်က ပြန်လည်ခုခံရန် အချိန်မရှိသကဲ့သို့ပင်ဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို ပြင်းထန်စွာ အထိုးနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ ကိုးကောင်းကင်မှ မိုးကြိုးများဖြင့် တစ်ပြိုင်တည်းပစ်ခံလိုက်ရသကဲ့သု့ပင်ဖြစ်၏။
သုန်ဖန်ဟောက်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီးနောက်ဆုံးတွင် သူဆက်လက်၍ မထိန်းထားနိုင်တော့ဘဲ လွင့်ထွက်သွားရာ၊ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွားသည်။
သုန်ဖန်ဟောက်ကို ဖယ်ထုတ်ပစ်လိုက်ပြီဖြစ်သည်။
ဤမြင်ကွင်းကို မြင်သူများစွာ၊ အထူးသဖြင့် ကျောင်းသားများသည် တုန်လှုပ်ခြောက်ခြားစွာ အော်လိုက်မိကြသည်။
“သူက မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်မှာပဲရှိနေသေးတာကို ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်တော့ဘူးလား။ မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့်ကို တစ်လှမ်းမှမလှမ်းနိုင်သေးရင် သူတို့မှာ နိုင်ဖို့ အခွင့်အလမ်းမရှိဘူး” ယွီဖုန်းက ထိတ်လန့်စွာအော်ပစ်လိုက်သည်။
ချူးယွင်ဖန်းသည် မရီးဒျန်သတ္တမအဆင့်တွင်သာရှိသေးသော်လည်း မည်သူမျှ သူ့ကို အနိုင်ရရန် မစွမ်းဆောင်နိုင်ခဲ့ကြပေ။ အကြိမ်အနည်းငယ်ကြာပြီးသည့်တိုင်ပြိုင်ဘက်ကို မရှာတွေ့နိုင်ဟုပင် ဆိုနိုင်သည်။ သူသည် ဤအဆင့်ကို ကျော်သွားခဲ့နှင့်ပြီဖြစ်၏။
‘အခု ချူးယွင်ဖန်းကို ဘယ်သူတားနိုင်မှာလဲ။ မေ့ဟိုက်ယွင်လား’
ဤအတွေးက လူအများ၏ ခေါင်းထဲတွင် ဖြတ်ပြေးသွားသည်။ မူလက ၎င်းတို့သည် မေ့ဟိုက်ယွင်ကို ပို၍ အထင်ကြီးကြသော်လည်း ချူးယွင်ဖန်းက သော့ကိုင်ဆောင်သူသုံးဦးကို လျှပ်စီး၏ အလျင်ဖြင့် ဖယ်ရှားပြီးသည့်နောက်တွင် ၎င်းတို့၏ စိတ်ထဲမှ အောင်နိုင်သူကို လုံးဝပြောင်းပြန်လှန်ပစ်လိုက်နိုင်ခဲ့သည်။
အခန်း(၅၃၇) နောက်ဆုံးတိုက်ပွဲ
ချူးယွင်ဖန်း၏ ရောင်ဝါသည် အလွန်ကြီးစိုးနိုင်စွမ်းလွန်းလှသည်။ ယခင်က သူသည် ကျန်းပိုင်ဖေးကို သတ်ခဲ့ပြီးနောက် လုရှင်းရှန်နှင့် အခြားသူများသည် ၎င်းတို့၏ အသက်အတွက် တန်ကြေးပေးခဲ့ရသည်။
ထို့နောက် ချူးယွင်ဖန်းသည် ဟန်ပင်းကို လက်သီးတစ်ချက်ဖြင့်အနိုင်ယူ၍ စီတုကျီယင်းကို လက်သီးနှစ်ချက်ဖြင့် ထိုးသတ်အနိုင်ယူခဲ့သည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်တုိပွဲများ ဆက်တိုက်ဖြစ်ပွားလာခြင်းကြောင့် ချူးယွင်ဖန်းသည် လူတိုင်း၏ မျက်လုံးထဲတွင် အန္တရာယ်အဖြစ်ပြောင်းလဲကာ ကြောက်မက်ဖွယ်ဖြစ်လာခဲ့သည်။
ထိုကဲ့သို့ မြင်းနက်၏ တန်ပြန်တိုက်ခိုက်မှုကို မည်သူက ရပ်တန့်နိုင်မည်နည်း။
၎င်းတို့ မေ့ဟိုက်ယွင်ကို အားကိုးကြရမည်လော။
ဤအခိုက်အတန့်တွင် အဆင့်အတန်းကြောင့်သာမဟုတ်ပါက မေ့ဟိုက်ယွင်သည် ချူးယွင်ဖန်းထက် များစွာနိမ့်ကျသည်ဟုပင် တွေးမိကြပေလိမ့်မည်။ သုန်ဖန်ဟောက်ကို အနိုင်ယူပြီးနောက် ချူးယွင်ဖန်းက ဓားကို မြှောက်လိုက်ကာ မေ့ဟိုက်ယွင်ကို ကြည့်လိုက်သည်။
“တကယ်တော့ ငါလည်းအရမ်းသိချင်တယ်။ မင်းကဘာလို့ အခွင့်ကောင်းယူနိုင်မယ်လို့ ထင်နေရတာလဲ”
“ငါသက်သေပြရမလား” မေ့ဟိုက်ယွင်က အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။
“မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက သတ္တမအဆင့်ကို ကျော်သွားပြီမှန်း ငါသိပါတယ်။ ဒါ့ကြောင့် မင်းနဲ့ ဘယ်သူမှ မယှဥ်နိုင်ခဲ့တာ။ ဒါပေမယ့် ငါက မတူဘူး”
“မင်းရဲ့ခွန်အားက သတ္တမအဆင့်မှာပဲရှိသေးပေမယ့် ငါက အဲ့တာကို ကျော်သွားပြီကွ”
မေ့ဟိုက်ယွင်၏ စကားအဆုံးတွင် သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများပေါက်ကွဲထွက်သွားကာ မရီးဒျန်သတ္တမအဆင့်သို့ရောက်ရှိသွားသည်။ တခဏချင်း၌ပင် သူသည် သတ္တမအဆင့် အထွဋ်အထိပ်သို့ ရောက်ရှိသွားကာ အဌမအဆင့်သို့ ရောက်သွားသည်။
လူတိုင်းက အံ့သြသွားကြသည်။ မေ့ဟိုက်ယွင်သည် အဌမအဆင့်အထိ ဖြတ်ကျော်သွားနိုင်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားသောကြောင့် အားလုံးက ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ဤကဲ့သို့စွမ်းဆောင်နိုင်သော အသုတ်တွင် ကျောင်းသားတစ်ဦးတည်မှာ သူသာဖြစ်နိုင်သည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ” လူတိုင်း ထိတ်လန့်သွားကြသည်။
တက္ကသိုလ်ပထမနှစ်တွင် မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ရောက်ရန်… မည်ကဲ့သို့ ကျင့်ကြံရမည်နည်း။ ကျောင်းသားကောင်စီ၏ လက်ရှိ ဥက္ကဌကျန်းလင်းရှောင်သည် ဤအဆင့်တွင်ရှိနေသည်။ တစ်နည်းအားဖြင့် မေ့ဟိုက်ယွင်သည် ကျန်းလင်းရှောင်နှင့်အနည်းဆုံးယှဥ်နိုင်သည်။
“ပြည်ထောင်စုတက္ကသိုလ်မှာ နောက်ထပ်မွန်းစတားတစ်ယောက်ထွက်ပေါ်လာတော့မယ်။ တကယ်တော့ မနှစ်ကသာ အဲ့လို မွန်းစတားတစ်ကောင်ရှိခဲ့ရင် နက္ခတ်ဂိုဏ်းက ဘယ်တော့မှ ချန်ပီယံဖြစ်လာမှာမဟုတ်ဘူး”
“ပါရမီရှင်တွေစုနေတဲ့ ပြည်ထောင်စုတက္ကသိုလ်လိုနေရာမျိုးမှာတောင် ဒီလိုလူမျိုး နှစ်တိုင်းပေါ်လာတတ်တာမဟုတ်ဘူး။ ပုံမှန်ဆိုရင် ဒီလိုလူမျိုးက နှစ်နှစ် သုံးနှစ်တစ်ခါပဲပေါ်လာတတ်တာ”
“အတိတ်တုန်းက ဒီလိုလူမျိုးသာပေါ်လာရင် ကမ္ဘာကို နင်းချေပစ်မှာသေချာတယ်။ သူ့ကို ဘယ်သူမှမယှဥ်နိုင်ဘူး”
“ဒီနှစ်ကတော့မတူတော့ဘူး။ ချူးယွင်ဖန်းက မရီးဒျန်သန့်စင်ခြင်း အဌမအဆင့်မှာမဟုတ်သေးပေမယ့် တိုက်ပွဲအင်အားအရဆို နည်းနည်းလေးတောင် နိမ့်ကျမနေဘူး”
“လူ့အဖွဲ့အစည်းရဲ့ အင်အားတွေဆက်ပြီးတိုးတက်နေတယ်ဆိုတဲ့ သက်သေမဟုတ်ဘူးလား။ လွန်ခဲ့တဲ့ ဆယ်စုနှစ်က ဒီလိုမျိုးကျောင်းသားမျိုးကို ဆယ်နှစ်တစ်ခါတောင် မတွေ့ရတတ်ဘူး။ ဒါပေမယ့် အခုက တစ်နှစ်မှာ နှစ်ယောက်ပဲရှိတော့တယ်”
ကြယ်တာရာကျွန်းနှင့် အနည်းငယ်အဝေး၌ရှိနေသည့် စစ်သင်္ဘောများတွင် တက္ကသိုလ်အသီးသီးမှ ဂိုဏ်းခွဲများမှ ဆရာများအားလုံးက ခါးသက်စွာပြုံးလိုက်ကြသည်။ နောက်ဆုံးတွင် ပြည်ထောင်စုတက္ကသိုလ်တွင်း တိုက်ပွဲဖြစ်လာသည်။ သို့သော် ၎င်းတို့သည် အမြန်ပင် အသိစိတ်ဝင်လာကြသည်။ ဤသည်က နှစ်တိုင်းအတူတူမျှသာဖြစ်ခဲ့ရာ ယင်းနှင့် အသားကျနေခဲ့ကြသည်မှာလည်း ပြာခဲ့ကြပြီဖြစ်သည်။
ပြည်ထောင်စုတက္ကသိုလ်သည် အလွန်သန်မာလွန်းလှသည်။ တက္ကသုိလ်မှ သာမန်ကျောင်းသားတိုင်းကို လက်ရွေးစင်ကျောင်းသားဟု သတ်မှတ်ထားရမည်ဖြစ်သည်။ ရှုံးနိမ့်မှုကို ဝန်ခံရုံမှတပါး ရွေးချယ်ရန် လမ်းမရှိတော့ပေ။
ထို့ကြောင့် တက္ကသိုလ်များနှင့် ဂိုဏ်းပေါင်းစုံမှ ပျိုးပင်ကောင်းများစွာကို နှစ်စဥ်စုဆောင်းခဲ့ကြသော်လည်း နောက်ဆုံးတွင် ပြည်ထောင်စုတက္ကသိုလ်အတွင်းတိုက်ပွဲအဖြစ်ပြောင်းလဲသွားတတ်သည်။ ထိုအချိန်တွင် အခြားပါဝင်သူများအားလုံးသည်လည်း မျှော်လင့်ချက်မဲ့သကဲ့သို့ ခံစားလာရသည်။ အချို့သောသူများသည် ပါရမီရှင်များနှင့် မွန်းစတားများဖြစ်နေချိန်၌ ၎င်းတို့သည်မူ လက်ရွေးစင်များသာဖြစ်ကြကြောင်း ဝန်ခံကြရမည်ဖြစ်သည်။ ၎င်းတို့ထက် သာလွန်သောသူတစ်ဦး အမြဲတစေရှိသည်။
“မင်းမှာ နောက်ဆုံးထိ ရပ်တည်ဖို့ ယုံကြည်ချက်ရှိတာ မအံ့သြတော့ပါဘူး။ မနှစ်ကပေါ်လာခဲ့ရင်တော့ လှည့်ကွက်တွေအများကြီးရှိမှာမဟုတ်ပါဘူး။ နက္ခတ်ဂိုဏ်းက ပြဿနာရှာဖို့ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး” ချူးယွင်ဖန်းက ပြောသည်။ မေ့ဟိုက်ယွင်၏ ယုံကြည်မှုက မည်သည့်နေရာမျှ လာခဲ့ခြင်းဖြစ်ကြောင်း ချက်ချင်းနားလည်သွားသည်။
လူများစွာနှင့် နှိုင်းယှဥ်လျှင် မေ့ဟိုက်ယွင်သည် မရီးဒျန်သန့်စင်ခြင်း အဌမအဆင့်အထိ တက်လှမ်းခဲ့သော မေ့ဟိုက်ယွင်သည် အမှန်ပင် ထိုသို့သော ယုံကြည်မှုမျိုးနှင့် ထိုက်တန်သည်။ မြင့်မားသောအဆင့်ကိုမဆိုနှင့် ၎င်းတို့သည် တူညီသော ကျင့်ကြံရေးအဆင့်တွင်ရှိနေလျှင်ပင် သူ့ကို မည်သူမျှ အနိုင်ယူနိုင်မည်မဟုတ်ပေ။
ဤအချိန်တွင် သုန်ဖန်ဟောက်သည် နောက်ဆုံးတွင် ထလာနိုင်ခဲ့သည်။ သူဖယ်ထုတ်ခံလိုက်ရပြီးနောက် အတွင်းအူတိုင်အတွက်တိုက်ပွဲဝင်ရန် အရည်အချင်းများလည်း ဆုံးရှုံးခဲ့ရသည်။ ချူးယွင်ဖန်းနှင့် မေ့ဟိုက်ယွင်တို့သည် အဘယ်ကြောင့် သူ့ကို အလေးအနက်မထားကြကြောင်းကိုလည်းနားလည်လိုက်သည်။
၎င်းတို့နှစ်ဦးသည် သူ့ထက်များစွာသာလွန်သွားခဲ့ပြီးဖြစ်ရာ မေ့ဟိုက်ယွင်သည် မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့်သို့ပင် ရောက်ရှိသွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် မေ့ဟိုက်ယွင်ထက် နိမ့်ကျသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအားသည်မူ အဌမအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ဤသည်မှာ သုန်ဖန်ဟောက်က အမှီလိုက်နိုင်ရန် မျှော်လင့်နိုင်သည့်အရာမဟုတ်ပေ။ လောလောဆယ်တွင် သူသည် ၎င်းတို့နှစ်ဦး၏ နောက်တွင် ကျန်ရစ်ခဲ့၏။ သုန်ဖန်ဟောက်က မယုံနိုင်သော်လည်း ပြောင်းလဲရန် မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။
“မှန်တယ် မင်းရဲ့တိုက်ပွဲစွမ်းရည်က အဌမအဆင့်နဲ့ယှဥ်နိုင်ပေမယ့် မင်းအခုထိမရောက်သေးဘူး။ မင်းနဲ့ငါ့ကြားကကွာဟချက်ကြီးတစ်ခုရှိသေးတယ်” မေ့ဟိုက်ယွင်က ဘာသိဘာသာခေါင်းညိတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရောင်အဝါများက အဆက်မပြတ်မြင့်တက်လာနေသည်။ သူသည် လူများစွာကို ဆက်တိုက်အနိုင်ယူနိုင်ခဲ့သည့် ချူးယွင်ဖန်းကို ကြောက်ရွံ့နေကြသည်။
“အိုး ဟုတ်လား။ ငါတော့မထင်ပါဘူး” ချူးယွင်ဖန်းက ပြောသည်။
“မင်းမှာ ဘယ်လို ဝှက်ဖဲမျိုးပဲရှိရှိ ဘယ်လောက်ပဲယုံကြည်မှုရှိရှိ မင်းက အသုံးမဝင်ဘူး။ ဘာလို့လဲဆိုတော့… ငါက အတွင်းအူတိုင်ကို လိုချင်နေလို့ပဲ” ချူးယွင်ဖန်းက လှောင်ရယ်၍ပြောလိုက်သည်။
မေ့ဟိုက်ယွင်က လက်ထဲမှ ဓားဖြင့်တိုက်ခိုက်လိုက်သည်။ ဓားတစ်ချောင်းလုံးချက်ချင်းပင် ပြင်းထန်စွာတုန်ခါသွားသည်။ ၎င်းကို ချီစွမ်းအင်များဖြင့် ထုပ်ပိုးထားသည်။ မေ့ဟိုက်ယွင်သည် ဤပေါ့ပေါ့ပါးပါးတိုက်ခိုက်မှုမှ ပြသခဲ့သည့် အင်အားသည် ယခင်ကထက် များစွာကျော်လွန်နေ၏။
ကျင့်ကြံရေးအဆင့်ကွာဟချက်သည် ယခုအချိန်တွင် မျက်ဝါးထင်ထင် ပေါ်လွင်နေသည်။ ဤမတိုင်ခင်က မည်သို့သောတိုက်ပွဲမျိုးပင်ဖြစ်နေစေကာမူ မေ့ဟိုက်ယွင်သည် သူမ၏ ခွန်အားကို အပြည့်အဝ အသုံးမချခဲ့ပေ။
ဘွန်း
တစ်ခဏအတွင်း၌ပင် ကြီးမားသော ပေါက်ကွဲသံကြီးထွက်လာသကဲ့သို့ ဖြစ်သွားရာ မေ့ဟိုက်ယွင်၏ လက်ထဲမှ ဓားသည် ရွှေရောင်ပြောင်းလဲသွားသည်။ ထို့နောက် လျှပ်စီးတစ်စင်းကဲ့သို့ ချူးယွင်ဖန်းဆီသို့ ပျံသန်းသွား၏။
ဓားပေါ်ရှိ ကြီးမားသော စွမ်းအင်ပမာဏများပေါက်ကွဲထွက်ကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည့်လှိုင်းလုံးကြီးတစ်လုံးသဖွယ် ပြောင်းလဲသွားသည်။ ဓားတစ်ချောင်းတည်းဖြင့် တိုက်ခိုက်ခြင်းသာဖြစ်သော်လည်း အကန့်အသတ်မဲ့သော စွမ်းအားများဖြင့် ကြောက်မက်ဖွယ် မုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။
ဤဓားချက်သည် ရွှေရောင် လျှပ်စီးတစ်စင်းကဲ့သို့ လျင်မြန်လွန်းလှသဖြင့် ချက်ချင်းပင် အရာအားလုံးကို ဖြိုခွင်း၍ ချူးယွင်ဖန်းထံသို့ ဦးတည်သွားသည်။ အစောပိုင်းက သူပြသခဲ့သည့် အမြန်နှုန်းနှင့် နှိုင်းယှဥ်ပါက ၎င်းသည် အလွန်ကွဲပြားခြားနားသော အဆင့်တစ်ခုဖြစ်သည်။ သုန်ဖန်ဟောက်သည် ကျောရိုးတစ်လျှောက်အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်လုံးများက ဤအရှိန်ကို အမီလိုက်နိုင်သော်လည်း သူ့ခန္ဓာကိုယ်ကမူ မထိန်းနိုင်ခဲ့ပေ။ သဤအရာများသည် လုံးဝကွဲပြားသောအရာနှစ်ခုဖြစ်သည်။
လူတစ်ယောက်၏ အမြန်နှုန်းက အဆင့်တစ်ခုသို့ရောက်သောအခါ အပ်တစ်စင်းပင်လျှင် အလွန်ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်နိုင်၏။
ဘွန်း
ကြောက်မက်ဖွယ်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်ခု ချက်ချင်းပေါ်လာကာ ချူးယွင်ဖန်းကို ဗဟိုပြု၍ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ချူးယွင်ဖန်း အသက်ရှင်နေသေး မသေသေး၏ကို မသိနိုင်ကြသဖြင့် လူအများ၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကြီးမားသော ဓားတစ်ချောင်းသည် ရုတ်ခြည်းဆိုသကဲ့သို့ပင် လေထုထဲမှ ပေါ်ထွက်လာ၍ မေ့ဟိုက်ယွင်ဆီသို့ ခုတ်ပိုင်းကျလာသည်။
စစ်မှန်သော ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတိုက်ပွဲ၊ နောက်ဆုံးတိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။