အခန်း (၅၃၈-၅၄၀)
Vol. 36 Ch. 538-540
အခန်း(၅၃၈) လူအုပ်ကြီး၏ ထိတ်လန့်တုန်လှုပ်ခြင်း
ဘမ်း
အရွယ်အစားမတူသော ဓားနှစ်လက်သည် လေထုထဲ၌ ပြင်းထန်စွာ တိုက်မိသွားသည်။ တခဏချင်း၌ပင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရပြီးနောက် အရာအားလုံး ကွဲကြေသွားသကဲ့သို့ပင်ဖြစ်သည်။
ချူးယွင်ဖန်းက ဝင်လာသောဓားချက်ကို တားဆီးခဲ့သော်လည်း မေ့ဟိုက်ယွင်သည် အရှုံးမပေးပေ။ သူ၏ အမူအရာသည်ပင် မပြောင်းလဲသေးပေ။
"ဒြပ်စင်ငါးသွယ် ရွှေဓား"
ဓားအလင်းသည် အရာခပ်သိမ်းကို ကျော်လွန်ကာ ရွှေရောင်အလင်းတန်းကို ထွန်းလင်းစေသည်။ ဤသည်မှာ အလွန်တုန်လှုပ်ဖွယ်သိုင်းပညာတစ်ခုဖြစ်ကြောင်းရှင်းလင်း၏။ ၎င်းသည် ဒြပ်စင်ငါးခု၏ ပြောင်းလဲမှုများကို ဓားနည်းပညာတွင် ထည့်သွင်းခြင်းသည် အလွန်ပြောင်မြောက်သော နည်းပညာတစ်ခုဖြစ်သည်။ ဓားတစ်ချက်တည်းတွင် ဒြပ်စင်ငါးခုလုံးပါဝင်နေသဖြင့် လူတစ်ယောက်သည် သိုင်းတာအို၏ခြေရာများကိုပင် ဝိုးတဝါးခံစားမိနိုင်သည်။ တူညီသောအသက်အရွယ်အုပ်စုများထဲတွင်၊ ဤနည်းပညာသည် အမှန်တကယ်ပင် ထူးချွန်သည်ဖြစ်ရာ ၎င်းသည် အကောင်းဆုံး၏အကောင်းဆုံးဖြစ်ဟန်တူသည်။
မေ့ဟိုက်ယွင်သည် သုန်ဖန်ဟောက်နှင့် ရင်ဆိုင်သောအခါတွင် သူ၏ ခွန်အားကို ဖုံးကွယ်ထားသည်။ သူသည် နောက်ဆုံးအခိုက်အတန့်တွင် ပေါက်ကွဲ၍ အတွင်းအူတိုင်ကို သိမ်းပိုက်ရန် အခြားသူများကို အနိုင်ယူချင်နေခြင်းဖြစ်သည်။ ချူးယွင်ဖန်းကဲ့သို့ အရူးတစ်ယောက် ပေါ်လာမည်ကို မည်သူထင်မည်နည်း။ ချူးယွင်ဖန်းသည် သုန်ဖန်ဟောက်ကို လက်သီးဖြင့် အနိုင်ယူ၍ ထိုအင်အားကြီးမားသော ပြိုင်ဖက်များကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့သည်။
သို့မှသာ မေ့ဟိုက်ယွင်သည် သူ၏ ခွန်အားကို အမှန်တကယ် ထုတ်ဖော်ပြသနိုင်ခဲ့သည်။
"ကမ္ဘာ့သခင်၊ ကမ္ဘာမြေဓား”
ချူးယွင်ဖန်းသည် သူ့ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ လျှပ်စီးကဲ့သို့ လျင်မြန်လှသော ရွှေဓားနှင့် ထိပ်တိုက်တွေ့သွားသည်။
“မဆိုးပါဘူး။ အမြန်နှုန်းပဲဖြစ်ဖြစ် ခွန်အားပဲဖြစ်ဖြစ်၊ ပြစ်ချက်ကင်းတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မင်းက မရီးဒျန်သန့်စင်ခြင်း အဌမအဆင့်ကို မရောက်သေးဘူး။ ဒါက မင်းနဲ့ မွေးဖွားခြင်းနယ်မြေအဆင့်ကြားက ကွာဟချက်ပဲ”
ချူးယွင်ဖန်း၏ ဓားသည် မေ့ဟိုက်ယွင်၏ လက်မောင်းသို့ထိမှန်သွားပြီးနောက် အနည်းငယ်ထုံသွားရသည်။ သို့သော် မေ့ဟိုက်ယွင်က ထိတ်လန့်နေခြင်းမရှိပေ။ သူသည် အလွန်ယုံကြည်ချက်ပြင်းထန်လှသဖြင့်
ချူးယွင်ဖန်းကိုအနိုင်ယူနိုင်မည်ဟု အပြည့်အဝဝယုံကြည်မှုရှိသည်။
“အဲဒါတော့ မဖြစ်ပါဘူး။ မင်းရဲ့အဆင့်ကမြင့်နေတိုင်း အသုံးဝင်မယ်လို့ မင်းထင်လား" ချူးယွင်ဖန်းက ကျယ်လောင်စွာအော်လိုက်သည်။ သူသည်လည်း မကြောက်နေပေ။ သူ့အတွက် စစ်ပွဲပေါင်းများစွာကို ဆင်နွှဲပြီးရင် ကြောက်စရာ ဘာမှမရှိပါဘူး။
ချွင်
ချွင်
ချွင်
မကြာမီတွင် နှစ်ဘက်စလုံးသည် ဒါဇင်နှင့်ချီသောသိုင်းကွက်များကို ဖလှယ်ခဲ့ပြီးဖြစ်သည်။ ချူးယွင်ဖန်းသည် မေ့ဟိုက်ယွင်အသုံးပြုနေသည့် လှုပ်ရှားမှုများကို နောက်ဆုံးတွင် နားလည်ခဲ့သည်။ မေ့ဟိုက်ယွင်သည် ဒြပ်စင်ဓားငါးမျိုးဓားသိုင်းကို အလှည့်ကျအသုံးပြုခဲ့သည်။ ဓားနည်းပညာတစ်ခုစီသည် မတူညီသော အကျိုးသက်ရောက်မှုနှင့် စွမ်းအားရှိသည်။ တွဲသုံးသည့်အခါတွင် စွမ်းအားသည် ပိုများလာ၏။ မေ့ဟိုက်ယွင်သည် ၎င်း၏ နံပါတ်တစ် အဆင့်နှင့် ထိုက်တန်သည်။ ချူးယွင်ဖန်းကြောင့်သာမဟုတ်လျှင် သူသည် သူ၏လုပ်ဖော်ကိုင်ဖက်များကို ပြင်းပြင်းထန်ထန် ချေမှုန်းပစ်ပေလိမ့်မည်။ သူသည် ကျန်းလင်းရှောင်ကဲ့သို့ပင် ပြိုင်ဘက်ကင်းသူဖြစ်သည်။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့လူတွေလဲ"
အဝေးမှ ထောင်ပေါင်းများစွာသော ပါဝင်သူများသည် တိုက်ပွဲကို နည်းအမျိုးမျိုးဖြင့် ကြည့်ရှုခဲ့ကြသည်။ အအေးဓာတ်က ၎င်းတို့၏ ကျောရိုးထဲသို့ ဆိမ့်ဝင်သွားသည်။
ချူးယွင်ဖန်းနှင့် မေ့ဟိုက်ယွင်တို့ လက်ထဲတွင်တို့ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများနှင့်အတူ ဓားအမျိုးမျိုး လှုပ်ရှားပေါက်ကွဲသွားသည်။ ၎င်းတို့နှစ်ဦးတွင် အားနည်းချက် လုံးဝမရှိခဲ့ပေ။ ၎င်းတို့၏ အမြန်နှုန်း၊ ခွန်အား ဒါမှမဟုတ်သိုင်းပညာကျွမ်းကျင်မှုဖြစ်စေ မည်သည့်အားနည်းသောလက္ခဏာမျိုးမျှမရှိပေ။
လူအုပ်အတွက် ဤအရာသည် အလွန်ပင် စိတ်ကူးမယဉ်နိုင်သောအရာမျိုးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တခြားပါဝင်သူများတွင် အားသာချက် အားနည်းချက်များကိုယ်စီ ရှိကြသည်။ သို့သော် သူတို့နှစ်ဦးတွင်မူ အားနည်းချက်များ ရှိပုံမပေါ်ပေ။ မေ့ဟိုက်ယွင်သည် သာမန်ဓားတစ်ချောင်းကို အသုံးပြုနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ မေ့ဟိုက်ယွင်က ဓားနဲ့ထိုးလိုက်သည့်အခါတိုင်း ၎င်းသည် အပြင်းအထန်ပေါက်ကွဲသွားသော အမြောက်ကျည်တစ်ခုကဲ့သို့ပင်၊ သူ့ရှေ့မှ အရာအားလုံးကို အမှုန့်အဖြစ်ဖြိုခွဲပစ်လိုက်သည်။ သူ၏ အလွန်စွမ်းအားကြီးသော ခွန်အားများကို ဤနေရာတွင် အပြည့်အဝပြသထားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းသည် ကျူးချွဲ့ကို လက်ထဲတွင် ကိုင်ထားသည်။ သူ၏ဓားသည် ကြီးမားသော်လည်း ၎င်းကို လွယ်ကူသွက်လက်စွာ ကိုင်ဆောင်နိုင်ခဲ့သည်။ သူသည် ဆန်းပြားသော ဓားသိုင်းအမျိုးမျိုးကို ပြသခဲ့သည်။ မျက်စိပသာဒရှိသော်လည်း အနှိုင်းမဲ့ ပြင်းထန်လှသဖြင့် ၎င်း၏ကြီးမားသောအသွင်အပြင်နှင့် လုံးလုံးလျားလျားလိုက်ဖက်မှုမရှိပေ။
“ဒီလူနှစ်ယောက်က အရမ်းသန်မာတယ်။ သူတို့က သက်တူရွယ်တူတွေရဲ့အထက်မှာရှိတာသေချာတယ်” လုဖေးယွီသည် နှစ်ယောက်ကြား တိုက်ပွဲကို ကြည့်၍ အစောပိုင်းက သူမသေခဲ့သည်မှာ ကံကောင်းသည်ဟု ခံစားမိသည်။ မဟုတ်လျှင် သူသည်လည်း ကျန်းပိုင်ဖေးကဲ့သို့ အဆုံးသတ်သွားနိုင်သည်။
လုဖေး 'ဥက္ကဌတောင် တကယ်ပဲ ချူးယွင်ဖန်းကို ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားနိုင်တယ်' ဟုပင် တွေးခဲ့မိဖူးသည်။
အခြားသော ပညာရှင်များလည်း အံသြသွားကြသည်။ ဝှက်ထားသည့် အတွင်းအူတိုင်ကို လုယူရန် ၎င်းတို့စိတ်ထဲမှ အတွေးကိုပင် ခေတ္တ မျိုသိပ်ထားရသည်။ ၎င်းတို့နှစ်ဦးကြားမှတိုက်ပွဲကိုကြည့်၍ ရင်များတုန်ယင်နေရသည်။
တိုက်ပွဲက ပိုပြင်းထန်လာသည်။ အကြိမ်တိုင်းတွင် အတက်အကျများက ပို၍ပို၍ အင်အားကောင်းလာသည်။ မေ့ဟိုက်ယွင်၏ တိုက်ခိုက်မှုများသည် ပို၍ပိုမို ပြတ်သားလာသည်။ သူသည် သူ၏ဒြပ်စင်ငါးသွယ်ဓားများကို အလှည့်ကျအသုံးပြုခဲ့ရာ သူ၏ အရောင်အဝါသည်လည်း အဆက်မပြတ်တိုးလာခဲ့သည်။ ဤအခိုက်အတန့်တွင် သူထုတ်လွှတ်လိုက်သော စွမ်းအားသည် ယခင်ကထက် အနည်းဆုံး အဆများစွာ ပိုအားကောင်းလာခဲ့သည်။
သာမာန်တစ်ဦးသာဆိုပါက ခံနိုင်ရည်ရှိမည်မဟုတ်သော်လည်း ချူးယွင်ဖန်း၏ဓားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အကာအကွယ်ပေးထားကာ ပို၍သန်မာလာခဲ့သည်။ သူ၏ ကာကွယ်မှုသည် လေနှင့် ရေကိုပင်ခံနိုင်ရည်ရှိသည်။ မေ့ဟိုက်ယွင်၏ ဓားအလင်းက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ချူးယွင်ဖန်းကို မည်သို့မျှ မခြိမ်းခြောက်နိုင်ပေ။
မေ့ဟိုက်ယွင်၏ မျက်နှာထက်တွင် နောက်ဆုံး၌ စိုးရိမ်မှုအရိပ်အမြွက်များပေါ်လာသည်။ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသော်လည်း ဤအချိန်တွင် ချူးယွင်ဖန်းသည် လိပ်အခွံကဲ့သို့ အတွင်းဘက်ကို အပြည့်အဝကာကွယ်ထားသည်။ သူပင်လျှင် ယင်းကို မချိုးဖောက်နိုင်သဖြင့် သူက မည်သို့ပြင်းထန်သော ဓားတိုက်ခိုက်မှုကို အသုံးပြုနေစေကာမူ မထိုးဖောက်နိုင်ပေ။
အကယ်၍ ဤသို့သာဆက်သွားပါက တိုက်ပွဲသည် မကောင်းသောရလဒ်ဖြင့်အဆုံးသတ်သွားနိုင်သည်ဖြစ်ရာ ဤသည်က မေ့ဟိုက်ယွင်လိုချင်သောအရာတစ်ခုမဟုတ်ပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည်မူ ကွဲပြားနေသည်။ သူက များများတိုက်လေ ပို၍သန်မာလာလေဖြစ်သဖြင့် ကမ္ဘာသခင် ကမ္ဘာမမြေဓားများကို တတ်မြောက်မှုသည်လည်း ပြစ်ချက်ကင်းအဆင့်သို့ရောက်လာသည်။ သို့သော် သူသည် ပြီးပြည့်စုံအဆင့်သို့ရောက်ရန်အလှမ်းဝေးနေသေးသည်။ ပြီးပြည့်စုံအဆင့်သို့ ရောက်ရှိပြီးမှသာ ချူးယွင်ဖန်းသည် ကမ္ဘာသခင်၏ စွမ်းအားကို အပြည့်အဝထုတ်ပြနိုင်ပေလိမ့်မည်ဖြစ်သည်။ ရှင်းနေသည်မှာ လက်ရှိမေ့ဟိုက်ယွင်သည် ချူးယွင်ဖန်းကို ကြီးမားစွာဖိအားပေးနိုင်ခဲ့ခြင်းက အဆင့်ဖြတ်ကျော်ရန် အဆက်မပြတ်တွန်းအားပေးနေခြင်းဖြစ်သည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏မျက်လုံးများသည် အပြည့်အဝတည်ငြိမ်နေပုံပေါ်သည်။ မရေမတွက်နိုင်အောင်များပြားသော ဓားချက်များက သူ့စိတ်ထဲတွင် ပုံပေါ်လာသည်။ ပြီးပြည့်စုံသောအဆင့်သို့ရောက်နေပြီဖြစ်သော ဒြပ်စင်ငါးသွယ်ဓားများသည်ပင် ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် အပြစ်အနာအဆာများကို မြင်တွေ့၏
မတွန်းလှန်နိုင်သော ဓားသိုင်းဟူ၍ မရှိ၊ မတွန်းလှနိုင်သောလူဟူ၍သာရှိသည်။
ကြယ်တာရာကျွန်းအပြင်ဘက်ရှိ စစ်သင်္ဘောပေါ်တွင် ဂိုဏ်းဆရာကြီးများနှင့် သင်တန်းပို့ချသူအများအပြား နှုတ်ဆိတ်နေခဲ့သည်။ ဤလူနှစ်ဦးထဲမှ တစ်ဦး တစ်ယောက်ယောက်က သူတို့ရဲ့ ရွယ်တူများကို ချေမှုန်းပစ်ရန် လုံလောက်သည်။ ၎င်းတို့၏စွမ်းဆောင်ရည်က မိမိတို့တပည့်များထက် များစွာပို၍ အင်အားကောင်းသည်။
“သူတို့နှစ်ယောက်ဟာ အရည်အချင်းကောင်းတွေနဲ့ အစီအစဥ်ကောင်းတွေ ရှိနေတာပဲ။ သူတို့ရဲ့အနာဂတ်က အကန့်အသတ်မရှိဘူး။ ပြည်ထောင်စုတက္ကသိုလ်က ဒီနှစ်မှာ ဒီလိုလူနှစ်ယောက် မွေးထုတ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
"ဟူး၊ ငါတို့ဂိုဏ်းထဲမှာ ဘာလို့ဒီလိုလူမရှိတာလဲ။ မေ့ဟိုက်ယွင်ကတော့ထားပါတော့၊ ငယ်ငယ်ကတည်းက ထူးချွန်တယ်လို့ ကြားတယ်။ ဒါပေမယ့် ချူးယွင်ဖန်းက ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ပြီးမှ သူ့စွမ်းအားတွေကိုပြခဲ့တာ။ သူက ကမ္ဘာပေါ်က အရည်အချင်းအားလုံးကို တကယ်စုပ်ယူထားတယ်”
ပြည်ထောင်စုတက္ကသိုလ်မှ ဆရာများ၏ အမူအရာများသည်လည်း ရောထွေးနေသည်။ ဤလူနှစ်ယောက် ကျောင်းမှာ ပေါ်လာသဖြင့် ပျော်ရမည်လော၊ စိတ်ဓာတ်ကျရမည်လော မသိပေ။ ဤနှစ်ယောက်၏ ထက်မြက်မှုသည် အခြားသူတိုင်း၏ ထက်မြက်မှုကို ဖုံးကွယ်ထားနိုင်သည်ဟု အဓိပ္ပါယ်ရသည်။
ရုတ်တရက်၊ ဤအခိုက်အတန့်တွင် လူတစ်ယောက်က စကားပြောလိုက်သဖြင့် လူတိုင်း၏အကြည့်များက သူ့ဘက်သို့ လှည့်လာသည်။
“နောက်ဆုံးတော့ သူတို့ရဲ့ စွမ်းအားအစစ်ကို ပြတော့မယ်။ မေ့ဟိုက်ယွင်က စလှုပ်ရှားတော့မယ်”
အခန်း(၅၃၉) မယုံကြည်နိုင်စရာကောင်းတဲ့ ချူးယွင်ဖန်း
တိုက်ပွဲသည် အချိန်အတန်ကြာနေလိမ့်မည်ဟု လူတိုင်းက ထင်မှတ်လိုက်သောအခိုက်အတန့်တွင် မေ့ဟိုက်ယွင်သည် နောက်ဆုံး၌ စတင်လှုပ်ရှားလိုက်၏။ မေ့ဟိုက်ယွင်၏ ရွှေဓား နှင့် ကမ္ဘာမြေဓားတို့သည် ထိုးစစ်နှင့် ခံစစ်နှစ်မျိုးလုံး တတ်နိုင်သော်လည်း ချူးယွင်ဖန်း၏ ကမ္ဘာသခင်ဓားသိုင်းသည်လည်း ထိုးစစ် နှင့် ခံစစ်ဖြစ်သည်။ ၎င်းတို့နှစ်ယောက်သည် လိပ်ခွံကြီးနှစ်ခုကဲ့သို့ ထိပ်တိုက်ခိုက်ခိုက်နေကြသည်။
သို့သော်လည်း မေ့ဟိုက်ယွင်က ကြာကြာမထိန်းနိုင်တော့သည်မှာ ထင်ရှားသည်။
မေ့ဟိုက်ယွင်သည် ချူးယွင်ဖန်း၏ဓားသိုင်း စွမ်းအင်အစစ်အမှန်ကို ခံစားသိရှိနိုင်သော်လည်း သူ၏ဓားလှုပ်ရှားမှုများကမူ ပို၍ပို၍ပျော့ပြောင်းလာသည်။ တစ်နည်းဆိုရလျှင် ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်ကို စဉ်ဆက်မပြတ် ထက်မြက်၍သန်မာလာစေရန် သူ့ကို ဓားသွေးကျောက်အဖြစ် အသုံးပြုခဲ့သည်။
မေ့ဟိုက်ယွင်သည် အရူးမဟုတ်ပေ။ ချူးယွင်ဖန်းက သူ့ကိုခြေနင်းအကျောက်အဖြစ်အသုံးပြုနေသည်ကို မည်ကဲ့သို့ ရပ်ကြည့်နေနိုင်လိမ့်မည်နည်း။ ရုတ်တရက် မေ့ဟိုက်ယွင်က ရပ်လိုက်ပြီးနောက် ဓားကိုဓားအိမ်ထဲသို့ ပြန်ထည့်ကာ ချူးယွင်ဖန်းကို အေးစက်စွာကြည့်လိုက်၏။
“ချူးယွင်ဖန်း မင်းက တကယ်ရဲတင်းတာပဲ။ မင်းလောက် ရဲတင်းတဲ့လူမျိုး ငါမမြင်ဖူးဘူး။ မင်းငါ့ကို ဓားသွေးကျောက်အဖြစ်တကယ်သုံးရဲတယ်ပေါ့”
မေ့ဟိုက်ယွင်က ဤသို့ပြောသည့်အခါ တခြားကျောင်းသာများက နောက်ဆုံး၌ အသိပြန်ဝင်လာ၍ ရုတ်တရက် သဘောပေါက်သွားကြသည်။ တိုက်ပွဲတစ်ခုလုံးတွင်ထူးထူးဆန်းဆန်းခံစားမိနေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ သူတို့ အနည်းငယ် အဆင်မပြေဟုခံစားရသော်လည်း ၎င်းတို့ မသိလိုက်မီတွင် တိုက်ပွဲ အလယ်တွင် ရှိနေသော မေ့ဟိုက်ယွင်က စတင်သိရှိသွားသည်။
မေ့ဟိုက်ယွင်သည် ချူးယွင်ဖန်းကို ကိုင်တွယ်ရခက်လာသည်နှင့်အမျှ ပိုပို၍ ကြောက်စရာကောင်းလာသည်ကို အလိုလိုခံစားမိနိုင်သည်။ ချူးယွင်ဖန်းလုပ်လိုက်သော လှုပ်ရှားမှုတိုင်းသည် ယခင်နှင့် ယှဉ်လျှင် ပို၍တိုးတက်လာသည်။ တိုးတက်မှုက မကြီးမားလှသော်လည်း အချိန်များစွာကြာပြီးသည့်နောက်တွင် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။
မေ့ဟိုက်ယွင်က ယင်းကို ခံစားမိသည်။
"ချူးယွင်ဖန်းက အရမ်းရဲတင်းတယ်။ သူ တကယ်ပဲ မေ့ဟိုက်ယွင်ကို ဓားသွေးကျောက်အဖြစ်အသုံးချရဲတယ်ပေါ့”
“ဟုတ်တယ် ဒါပေမယ့် ဒီမေ့ဟိုက်ယွင်ကလည်း လူကောင်းမဟုတ်မှာ ကြောက်မိတယ်”
"သူက ဘယ်လောက်တောင် တန်ခိုးကြီးတာလဲ။ ငါတို့က သူနဲ့ တစ်ခေတ်တည်းမှာ တကယ်မွေးတာလား”
ချူးယွင်ဖန်းကလည်း သူ့ဓားကို ဖယ်လိုက်သည်။
“သနားပါတယ်။ နည်းနည်းပဲလိုတော့တာကို မင်း မြန်မြန် သဘောပေါက်သွားတယ်။ ဤတိုက်ပွဲက ငါ့ ကြိုးစားအားထုတ်မှု တစ်လခွဲနှင့် ညီမျှတယ်။ မင်းက ငါ့ကို ဒီလိုပြဿနာပေးနိုင်တဲ့ တစ်ခုတည်းသောလူပဲ”
"ပြဿနာဟုတ်လား ချူးယွင်ဖန်၊ မင်း နည်းနည်း ယုံကြည်မှုလွန်ကဲနေတယ်လို့ ငါထင်တယ်" မေ့ဟိုက်ယွင်က ပြောလိုက်သည်။
"မင်းရဲ့ ချီစွမ်းအင်က တဖြည်းဖြည်း အားနည်းလာတာကို ငါ ခံစားရတယ်။ မင်းက မရီးဒျန်သန့်စင်ခြင်း အဋ္ဌမအဆင့်ကို လှမ်းတောင်မလှမ်းရသေးဘူးလေ။ မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးက မရီးဒျန်သန့်စင်ခြင်းအဌမအဆင့်နဲ့ ယှဥ်နိုင်ပေမယ့် နောက်ဆုံးတော့ မရနိုင်ဘူး။ မင်း အနှေးနဲ့အမြန်ကျဆုံးလိမ့်မယ်”
“မင်းဆက်နေရင် မင်း အနှေးနဲ့အမြန် ရှုံးနိမ့်လိမ့်မယ်။ ဒါပေမယ့် အဲ့လမ်းကြောင်းကို မရွေးချယ်ကြရအောင်။ ငါတို့ကြားက ခွန်အားကွာခြားချက်ကို မင်းနားလည်စေချင်တယ်" မေ့ဟိုက်ယွင်၏ မျက်နှာတွင် ယုံကြည်မှုများပြန်လည် ပြည့်နှက်လာသည်။
မေ့ဟိုက်ယွင်၏ ကျင့်ကြံရေးအဆင့်သည်ချူးယွင်ဖန်းထက် များစွာမြင့်မားသည်။ ချူးယွင်ဖန်း၏ အကြိုက်အတိုင်းမလိုက်နိုင်ပါက အမှန်ပင် အရှက်ကွဲရပေလိမ့်မည်ဖြစ်သည်။
ယခုအချိန်တွင် မေ့ဟိုက်ယွင်က စတင်လှုပ်ရှားလိုက်သည်။ သူ့လက်ထဲမှ ဓားသည် ချက်ချင်းဆိုသကဲ့သို့ပင် လေထုထဲ၌ ဓားရိပ်ငါးခုဖန်တီးလိုက်၏။ ၎င်းတို့မှာ ရွှေဓား၊ မြေကြီးဓား၊ ရေဓား၊ သစ်ဓားနှင့် မီးဓားတို့ဖြစ်သည်။
ဒြပ်စင်ငါးသွယ်၏ ဓားငါးချောင်းပင်ဖြစ်သည်။
မေ့ဟိုက်ယွင်၏ ယခင်လှုပ်ရှားမှုများသည် ဤငါးခုအနက်မှ တစ်ခုမျှသာဖြစ်၍ ၎င်းတို့အတွင်းမှ စွမ်းအားများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ မေ့ဟိုက်ယွင်နောက် ဒုတိယလိုက်သော သုန်ဖန်ဟောက်ပင်လျှင် ယင်းကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ထို့အပြင် ယခုတွင်မူ ဓားငါစင်းကို တစ်ကြိမ်တည်းတွင်အသုံးပြုနေခြင်းဖြစ်ရာ ၎င်းသည် သိုင်းတာအိုနှင့် နီးစပ်သည်။ ဤသည်မှာ သာမန်သိုင်းပညာတစ်ခုမှ ပြသနိုင်သည့်အရာမဟုတ်ပေ။
"ဘာလဲ။ မေ့ဟိုက်ယွင်မှာ ဒီလို ဝှက်ဖဲတစ်ချပ် ရှိတာလား" ဤသည်ကို တွေ့သောအခါ ကျောင်းသားများအားလုံးထိတ်လန့်ကုန်ကြသည်။
ယခင်က မေ့ဟိုက်ယွင်သည် သူ၏ အထွတ်အထိပ်အခြေအနေ၌ မရှိခဲ့သော်လည်း ယခုအချိန်တွင်မူ သူ၏ ခွန်အားအပြည့်အဝကို ပြသလျက်ရှိသည်။
ဤတိုက်ခိုက်မှုကို စတင်လိုက်သောအခါတွင် ကမ္ဘာပေါ်ရှိ အလင်းအားလုံးသည် ၎င်း၏အလင်းရောင်ကြောင့် ချက်ချင်း တိမ်မြုပ်သွားသည်။ လူတိုင်း၏ မျက်လုံးများသည် ဤတိုက်ခိုက်မှုကို စူးစိုက်ကြည့်နေကြ၏။
"ပြီးသွားပါပြီ။ ချူးယွင်ဖန်းရှုံးတော့မယ်" ကြည့်ရှုသူအချို့က အော်သည်။
သူတို့သည် ချူးယွင်ဖန်းအတွက် စိတ်မပူကြပေ။ ချူးယွင်ဖန်းသာ အနိုင်ရခဲ့ပါက ၎င်းတို့အားလုံးကို အနိုင်ယူနိုင်မည်မဟုတ်ပေ။ ထိုအချိန်ကျလျှင် သူတို့ မျှော်လင့်ချက်ထားနိုင်ကြသေးသည်။ သို့သော် အကယ်၍ မေ့ဟိုက်ယွင်သာ အနိုင်ရခဲ့ပါက ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံးက သူ့ကို ကျောထောက်နောက်ခံပေးထားမည်ဖြစ်သဖြင့် အတွင်းအူတိုင်ကို သူ့လက်မှ လုယူရန် မဖြစ်နိုင်ပေ။
ထို့ကြောင့်၊ ချူးယွင်ဖန်းနှင့် မေ့ဟိုက်ယွင်သည် နှစ်ဘက်လုံး ပြင်းထန်စွာ ဆုံးရှုံးသည်အထိ တိုက်ပွဲဝင်မည်ဟု လူအများက မျှော်လင့်ခဲ့ကြသည်။ ထိုနည်းအားဖြင့် ၎င်းတို့သည် အတွင်းအူတိုင်ရရှိရန် အခွင့်အလမ်းရယူနိုင်မည်ဖြစ်သည်။ ပြတ်ပြတ်သားသားပြောရလျှင် ၎င်းတို့သည် မိမိအကြောင်းသာမိမိ တွေးနေကြခြင်းဖြစ်သည်။
ဤတိုက်ခိုက်မှုသည် ဒြပ်ဓားငါးပါး၏ အနှစ်သာရနှင့် ပေါင်းစပ်ထားခြင်းဖြစ်သဖြင့် ချူးယွင်ဖန်းက ရှုံးနိမ့်တော့မည်ဖြစ်သည်။ ၎င်း၏ စွမ်းအားကို စိတ်ကူး၍ပင် ရနိုင်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ယင်းကို တားဆီးရန် ဓားကို မြှောက်လိုက်သောအခါ ကြောက်မက်ဖွယ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုကြောက်မက်ဖွယ်စွမ်းအားသည် သူ့လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးသွားမည့် ဆိုင်ကလုံးမုန်တိုင်းတစ်ခုနှယ်ပြော်းလဲသွားသည်။
“ပြီးသွားပြီ။ ချူးယွင်ဖန်းရှုံးတော့မှာ သေချာတယ်”
“ထင်ထားတဲ့အတိုင်း မေ့ဟိုက်ယွင်ကနိုင်တော့မှာပဲ။ နောက်ဆုံးတော့လည်း မြင်းနက်က မြင်းနက်ပဲ။ မေ့ဟိုက်ယွင်လိုလူမျိုးနဲ့ ယှဥ်ရင် ဘယ်လောက်ပဲမြင်းနက်ဖြစ်နေပါစေ အသုံးမဝင်ဘူး”
“ဒီနှစ်ညီလာခံက မျှော်လင့်ထားတဲ့အတိုင်းပဲ အရင်နှစ်နဲ့ယှဥ်ရင် အများကြီးပိုကောင်းလာတယ်”
လူအများက အသက်ဝင်စွာဆွေးနွေးနေကြကာ ကောက်ချက်ပင်ချလိုက်ကြပြီဖြစ်သည်။ ၎င်းတို့အမြင်အရ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။
“ဟူး… ဟူး”
မေ့ဟိုက်ယွင်က အသက်ကို ပြင်းထန်စွာရှုရှိုက်လိုက်သည်။ ဤတိုက်ခိုက်မှုသည် သူ၏ စွမ်းအင်ပမာဏအမြောက်အမြားကို ကုန်ဆုံးစေသည်။ သို့သော် ချူးယွင်ဖန်းကို ဒဏ်ရာရရန် လုပ်နိုင်လျှင် အရာအားလုံးက ထိုက်တန်သည်။
သို့သော် ဤအခိုက်အတန့်တွင် ကြီးမားလှသော ဓားရောင်ခြည်တစ်ခုသည် လေကို ခွင်း၍ ထွက်ပေါ်လာသည်။ ဓားရောင်ထွက်ပေါ်လာသောအခိုက်အတွင် အရာအားလုံး ငြိမ်သက်သွား၏။
“ဒါ… ဒါ” ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်ကုန်ကြသည်။ ဓားရောင်ခြည်အဆုံးတွင် ချူးယွင်ဖန်းက ရှေ့သို့ထွက်လာသည်။ သူသည် လူတိုင်းထင်ထားသကဲ့သို့ ဒဏ်ရာအပြင်းအထန်မရရှိခဲ့ပေ။ တကယ်တမ်းတွင် ချူးယွင်ဖန်းသည် ဥသြငှက်တစ်ကောင်ကဲ့သို့ သန့်ရှင်းနေသည်။ သူက တည်ငြိမ်စွာမတ်တပ်ရပ်၍ အနိုင်ယူနိုင်စွမ်းမရှိသော ခံစားချက်မျိုးကို ပေးစွမ်းလျက်ရှိသည်။
“မဖြစ်နိုင်ဘူး။ ငါ့ဓားချက်ကို လက်ခံပြီးရင် မင်းဘယ်လိုမှ ဒဏ်ရာမရဘဲမနေဘူး” မေ့ဟိုက်ယွင်က မယုံကြည်နိုင်စွာပြောလိုက်သည်။ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည်ဟု မေ့ဟိုက်ယွင်က ယုံကြည်ထားခဲ့သော်လည်း မမျှော်လင့်ထားဘဲ ဒဏ်ရာကင်းမဲ့စွာဖြင့် ထွက်လာနိုင်ခဲ့သည်။ ကျောင်းသားများအားလုံး ထိတ်လန့်ကုန်သည်သာမက စစ်သင်္ဘောထက်မှ ဆရာများပင် ဤမြင်ကွင်းကို မြင်၍ထိတ်လန့်သွားကြသည်။
“ဒီအရွယ်ကျောင်းသားတွေက တကယ့်ကို ပိုကြမ်းတမ်းလာတယ်။ ဒြပ်စင်ငါးသွယ်ဓားရဲ့တိုက်ခိုက်မှုက ကြောက်စရာကောင်းနေပေမယ့် ချူးယွင်ဖန်းက ခြစ်ရာတစ်ခုမှတောင်မရှိဘဲ အဲ့တာကို ဘယ်လို လက်ခံလိုက်တာလဲ”
အခန်း(၅၄၀) မေ့ဟိုက်ယွင် ရှုံးနိမ့်သွားပြီ
ချူးယွင်ဖန်းက ဘယ်လို လုပ်လိုက်တာလဲ' လူများစွာက ဤမေးခွန်းကို စိတ်ထဲမှ မေးလိုက်မိကြသည်။ချူ
ယွင်ဖန်း ၏ ခန္ဓာကိုယ်သည် အလင်းတန်းများအားလုံးကို ပုံပျက်စေသော လှိုင်းလုံးများဖြင့် ရစ်ပတ်ထားသောကြောင့် ၎င်းတို့တွင်သဲလွန်စမရှိပေ။ သူမည်သို့လုပ်ခဲ့ခြင်းဖြစ်ကြောင်း မမြင်နိုင်ခဲ့ပေ။
"မင်း ငါ့ရဲ့တိုက်ခိုက်မှုကို မင်းတကယ်ခံနိုင်ရည်ရှိတယ်" မေ့ဟိုက်ယွင်က မျက်လုံးပြူးလျက် ပြောလိုက်သည်။ “ဒါက မဖြစ်နိုင်ဘူး ငါ့ဓားငါးစင်းကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ထားတာ။ ငါ့ထက် အဆင့်နိမ့်တဲ့လူ မပြောနဲ့ အဆင့်တူတဲ့လူတွေတောင် ငါ့ရဲ့တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး ”
မေ့ဟိုက်ယွင်သည် သူ၏တိုက်ခိုက်မှုအပေါ် ယုံကြည်မှုအပြည့်အဝရှိသည်။ ချူးယွင်ဖန်းက ယင်းကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ပေ။
"ကျေးဇူးတင်ပါတယ်၊ ငါ့ရဲ့ကမ္ဘာ့သခင်နည်းပညာက ပြီးပြည့်စုံတဲ့အဆင့်ကို တရားဝင်ရောက်သွားပါပြီ" ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာပြောသည်။ မှန်သည်။ ထိုအရေးကြီးသောအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ကမ္ဘာ့ဓားသည် ပြီးပြည့်စုံအဆင့်သို့ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် မေ့ဟိုက်ယွင်၏ဓားကြောင့် မည်သည့်ဒဏ်ရာမှ မရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ ကမ္ဘာမြေဓားက အဆင့်မတက်သွားလျှင်ပင် မေ့ဟိုက်ယွင်က သူ့ကို ဒဏ်ရာရစေနိုင်လိမ့်မည်မဟုတ်ပေ။ အများဆုံးအနေဖြင့် သူ့ကို အနည်းငယ်သာ အရှက်ရစေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်း၏ ဧကရာဇ်ကိုယ်ခန္ဓာစနစ်မှ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ သံသယဝင်နေရန်မလိုအပ်ပေ။ ၎င်းသည် သာမန်လူများနှိုင်းယှဥ်နိုင်သည့် တည်ရှိမှုမျိုးမဟုတ်ပေ။ ဟန်ပင်း၏ တိုက်ခိုက်မှုကို လက်ဗလာဖြင့် ခံယူခဲ့ခြင်းသည် ယင်းကို သက်သေပြနေခြင်းဖြစ်သည်။
“မင်းရဲ့ ဒီတိုက်ခိုက်မှုဟာ အမြင့်ဆုံးအဆင့်အထိ အောင်မြင်ခဲ့တယ်လို့ မင်းပြောခဲ့တယ်။ ဟားဟားဟား ရယ်စရာကောင်းလိုက်တာ။ ငါ့လို အပြင်လူတောင်မှ သူ့သဘောတရားကို နားလည်နိုင်ပေမယ့် မင်းကနားမလည်ဘူး”
“ဒြပ်စင်ငါးပါးက တစ်ခုတည်းပဲ။ မင်းရဲ့နည်းပညာက အားကောင်းနေပုံရပေမယ့် တကယ်တော့ ဒါဟာ ကြီးမားတဲ့အမှားတစ်ခုပါပဲ။ စစ်မှန်တဲ့အမြင့်ဆုံးအဆင့်က ဒြပ်ငါးပါးလုံး ပေါင်းစပ်မှုဖြစ်သင့်တာကွ” ချူးယွင်ဖန်းက ကျယ်လောင်စွာပြောသည်။
“ငါမမှားရင် မင်းရဲ့ဓားနည်းပညာက မပြည့်စုံတဲ့ဓားကျမ်းကနေလာတာမလား။ မပြည့်စုံတဲ့ဓားကျမ်းက မင်းကို အဲ့အဆင့်အထိ ရောက်ပေးနိုင်တယ်ဆိုတာကတင် တော်တော်ကောင်းနေပြီ”
ချူးယွင်ဖန်းသည် တစ်ချိန်က ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ဤဓားသိုင်းကို တစ်ချက်ကြည့်ခဲ့ဖူးသောကြောင့် သေချာစွာပြောလိုက်သည်။ ယင်းသည် အဆင့်အလွန်နိမ့်နေသော်လည်း နိယာမများနှင့် သိုင်းတာအိုများပါဝင်နေခြင်းသည်မူ ပြောင်းလဲမှုမရှိပေ။ ဒြပ်စင်ငါးပါး ပေါင်းစည်းမှုသည် အဆင့်အမြင့်ဆုံးဖြစ်သည်။ ၎င်းတို့ကို ခွဲခြားလိုက်သောအခါ အလွန်စွမ်းအားကြီးပုံပေါ်သော်လည်း အမှန်တကယ်တွင် လမ်းမထက်မှ ခက်ရင်းတစ်ခုမျှသာဖြစ်သည်။
"ငါတကယ်လမ်းမှားနေတာပဲ" မေ့ဟိုက်ယွင် သူ့မျက်နှာထက်မှ ထိတ်လန့်မှုကို မထိန်းထားနိုင်တော့ပေ။
သူလေ့ကျင့်နေသော ဒြပ်စင်ငါးသွယ်ဓားသည် လက်ရှိလူ့အသိုင်းအဝိုင်းမှ တီထွင်ထားသော သိုင်းပညာမဟုတ်ကြောင်း မေ့ဟိုက်ယွင်က ကောင်းစွာသိထားသည်။ ၎င်းသည် ရှေးဟောင်းလူသားများကာလမှ သိုင်းပညာတစ်ခုဖြစ်ကာ ယင်းကို သူ့မိသားက အပျက်အစီးများကြားမှ ပြန်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အလွန်အဆင့်မြင့်သော ဓားသိုင်းတစ်ခုဖြစ်၏။
သို့သော် ၎င်းတို့ရရှိလာကတည်းက ၎င်းကို ကျွမ်းကျင်နိုင်သူ အလွန်နည်းပါးသည်။ ယေဘူယျအားဖြင့်ပြောရလျှင် လူတိုင်းသည် တစ်ကြိမ်လျှင် နည်းပညာတစ်ခုသာ လေ့ကျင့်နိုင်သည်။ နှစ်ခုကို လေ့ကျင့်နိုင်တဲ့သူများသည် ၎င်းတို့ထဲတွင် အကောင်းဆုံးများဖြစ်ကြ၏။ မေ့မိသားစုသည် ၎င်းမှာ အမှန်တကယ် ဓားဖွဲ့စည်းမှုတစ်ခုဖြစ်ကြောင်း အမြဲသံသယရှိခဲ့သည်။ ဓားငါးစင်းကို ဓားတစ်ချောင်းဖွဲ့စည်းရန် သီးခြားစီ ကျင့်ကြံရမည်။ ၎င်းတို့ကို ပေါင်းစည်းလိုက်သောအခါတွင် စွမ်းအားသည်အဆုံးမဲ့ပေလိမ့်မည်ဖြစ်သည်။ ထို့အပြင် မေ့မိသားစုသည် ဤနည်းဖြင့် အမြဲတစေ ကျင့်ကြံခဲ့ရာ ၎င်းတို့က မပြည့်စုံသော ကျမ်းကို ရခဲ့ကြခြင်းဖြစ်သဖြင့် ၎င်းတို့၏ ကျင့်ကြံရေးနည်းလမ်းများနှင့် အသုံးပြုခြင်းနည်းလမ်းများဖြင့်ပြုပြင်ခဲ့ရသည်။
မေ့မိသားစု၏ ဒြပ်စင်ငါးသွယ်ဓားများက စတင်လှုပ်ရှားသောအခါ ယင်းကို တွန်းလှန်နိုင်သောအရာမရှိပေ။ လူငါးယောက်အတူတကွလုပ်ဆောင်ပါက ပြိုင်ဘက်သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်နေလျှင်ပင် ရင်ဆိုင်ဝံ့လိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဒြပ်စင်ငါးသွယ်ဓားကို ကိုယ်တိုင်ပြီးမြောက်သည်အထိ စွမ်းဆောင်နိုင်ခဲ့ရာ၊ မူရင်းဓာကျမ်းအရ နောက်ဆုံးမှသာ မေ့ဟိုက်ယွင်က ဤဓားသိုင်းကို လူတစ်ယောက်က ဦးစွာအသုံးပြုခဲ့ကြောင်း သဘောပေါက်နားလည်သွားသည်။
မေ့ဟိုက်ယွင်သည် ဒြပ်စင်ငါးသွယ်ဓားများကို မိမိကိုယ်ယ်တိုင်ဖန်တီးနိုင်ခဲ့သည်။ သူစတင်ကျင့်ကြံခဲ့ချိန်မှစ၍ သူသည် အမြဲတစေ ပြိုင်ဘက်ကင်းဖြစ်နေခဲ့ဖူးသည်ဖြစ်ရာ သူနှင့်အမြဲပြိုင်ဆိုင်နေခဲ့သော သုန်ဖန်ဟောက်သည်ပင်လျှင် ဤလှုပ်ရှားမှုကြောင့် ရှုံးနိမ့်ခဲ့သည်။
၎င်း၏ စွမ်းအားသည် အလွန်ကြီးမားသောကြောင့် မှန်ကန်သောလမ်းကြောင်းဖြစ်ကြောင်း မည်သူမျှ သံသယမရှိကြပေ။ မေ့ဟိုက်ယွင်သည် သူ၏ ကျင့်ကြံရေးစနစ်တွင် အမှားအယွင်းတစ်စုံတစ်ရာရှိနေကြောင်း မည်သည့်အခါကမျှ သံသယမရှိခဲ့ပေ။
သို့သော် ယခု ချူးယွင်ဖန်းက ယင်းကိုဖော်ပြလိုက်ရာ မေ့ဟိုက်ယွင်သည် နောက်ဆုံးတွင် မေ့မိသားစုတစ်ခုလုံး မှားယွင်းနေကြောင်း သိလိုက်ရသည်။ ဒြပ်စင်ငါးပါး၏ ပေါင်းစပ်မှုသည် အပြင်းထန်ဆုံး သိုင်းတာအိုပင်ဖြစ်သည်။
ဤသို့သော မှန်းဆချက်မျိုး တစ်ကြိမ်တစ်ခါမျှ မလုပ်ခဲ့ဖူးကြပေ။ ယင်းကို သတိထားမိရန်လည်းဖြစ်နိုင်ချေမရှိပေ။ မေ့မိသားစုသည် လွန်ခဲ့သောနှစ်တစ်ရာကျော်ခန့်မှစ၍ ဒြပ်စင်ငါးသွယ်ဓားကို ရရှိခဲ့ကာ ထိုအချိန်က မေ့ဟိုက်ယွင်သာလျှင် ဓားသိုင်းငါးခုလုံးကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။ ဤနည်းပညာများထဲမှ တစ်ခုကိုကျင့်ကြံနိုင်သူတိုင်းကို အလွန်စွမ်းအားကြီးသည်ဟု ယူဆထားပြီးဖြစ်သဖြင့် ထိုကဲ့သို့ မှန်းဆချက်မျိုးရှိခဲ့သော်လည်း လက်တွေ့အကောင်အထည်မဖော်ခဲ့ကြပေ။ ယခုအချိန်တွင် ချူးယွင်ဖန်းက အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း သေချာသည်။
မေ့ဟိုက်ယွင်သည် ဒြပ်စင်ငါးသွယ်ကို တစ်ခုတည်းအဖြစ်ပေါင်းစပ်နိုင်ပါက သူ့ရှေ့တွင် ရပ်နေသော ချူးယွင်ဖန်းကို အပြင်းအထန်ဒဏ်ရာရစေနိုင်လိမ့်မည်မှာ သေချာသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းက ကျူးချွဲ့ကို မြှောက်လိုက်သည်။
“ငါ့ခွန်အားက မင်းထက် ယုတ်ညံ့နေလို့ ချီစွမ်းအင်က တဖြည်းဖြည်း အားနည်းလာတယ်လို့ ထင်နေတာလား။ မင်းမှားသွားပြီ။ ဒါက ငါတစ်ချိန်လုံးသုံးနေတဲ့ နည်းဗျူဟာတစ်ခုပဲ”
ဘွန်း
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များပေါက်ကွဲထွက်သွားကာ ချက်ချင်းပင် သူ၏ အထွဋ်အထိပ်သို့ ပြန်ရောက်သွားသည်။ မဟုတ်ပေ။ သူသည် သူ၏ အမြင့်ဆုံးကို ကျော်လွန်သွား၏။ ယခင်က ချူးယွင်ဖန်းသည် ဤမျှထိ ကြောက်မက်ဖွယ်မကောင်းနေခဲ့ပေ။
“ကဲ ဒီနေ့ အတွင်းအူတိုင်အတွက် တိုက်ပွဲက ပြီးခါနီးပြီ။ ခုတော့ ငါ့ကမ္ဘာမြေကြီးဓားရဲ့ စစ်မှန်တဲ့စွမ်းအားကို မင်းကို မြည်းစမ်းခွင့်ပေးလိုက်မယ်”
ချူးယွင်ဖန်းက ရယ်လိုက်ပြီးနောက် လက်ထဲမှ ကျူးချွဲ့သည် အဆုံးမဲ့သော အရှိန်အဝါများဖြင့် ပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသော ချီစွမ်းအင်များပေါက်ကွဲလာပြီးနောက် မေ့ဟိုက်ယွင်၏ ဦးတည်ရာဆီသို့ ခုတ်ပိုင်းကျသွားသည်။
ကျစ်
လေထုကြီးတစ်ခုလုံးကွဲသွားပုံရသည်။
ချူးယွင်ဖန်း’ ခွန်အားသည် ယခင်နှင့် လုံးဝမတူတော့ကြောင့် မေ့ဟိုက်ယွင်က သတိထားမိသဖြင့် အမူအရာများလေးနက်လာသည်။ ပြစ်ချက်ကင်းြစ်ချက်ကင်အဆင့်နှင့် ပြီးပြည့်စုံအဆင့်ကြားတွင် ကွာဟချက် အနည်းငယ်မျှသာရှိသော်လည်း ခွန်အားချင်းကွာဟချက်သည်မူ ကောင်းကင်နှင့်မြေကြီးတမျှ ခြားနား၏။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ကမ္ဘာမြေကြီးဓား၏ စွမ်းအားအပြည့်ကို အမှန်တကယ်ပြသခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များနှင့်အတူ လေပြင်းများတိုက်ခတ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းသည် မေ့ဟိုက်ယွင်၏ရှေ့သို့ရောက်လာ၏။
အနှိုင်းမဲ့ ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဓားနှစ်လက်သည် လေထဲတွင် တိုက်မိသွားသည်။ ယခင်ကကဲ့သို့ အဆုံးသတ်မည်ဟု လူတိုင်းက မျှော်လင့်ထားကြသော်လည်း ကြီးမားသော ပြောင်းလဲမှုတစ်ခုဖြစ်သွားသည်။
မေ့ဟိုက်ယွင်က ကမန်းကတန်းဆုတ်ခွာ၍ ကျယ်လောင်စွာညည်းညူလိုက်သည်။ သူနှင့် ချူးယွင်ဖန်းတို့ အပြန်အလှန်ထိုးနှက်နေသောနေရာမှ ချက်ချင်းဆုတ်ခွာသွားရာ သူခြေလှမ်းလှမ်းလိုက်သည့်အခါတိုင်းတွင် ခြေရာကြီးများ ကျန်ရစ်နေခဲ့၏။
ဤအခိုက်အတန့်တွင် လူအားလုံးက မေ့ဟိုက်ယွင်၏ လက်များတုန်ယင်နေသည်ကို သတိပြုမိကြသည်။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို လက်ခံပြီးနောက် သူသည် ဆုံးရှုံးမှုတစ်ခုကို သိသိသာသာခံစားလိုက်ရသည်။
ဤအခိုက်တွင် Chu Yunfan လျင်မြန်စွာ ခြေလှမ်းလှမ်းလိုက်သည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ရှေ့သို့လှမ်း၍ မေ့ဟိုက်ယွင်ရှေ့သို့ရောက်လာသည်။ သူ့တွင် မည်သူ့ကိုမျှ သက်ညှာပေးနေမည့်စိတ်ကူးမရှိပေ။
“ကမ္ဘာမြေကြီးဓား”
ချူးယွင်ဖန်း၏ ဒုတိယဓားချက်သည် ယခင်ကထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ဤတစ်ကြိမ်တွင် မေ့ဟိုက်ယွင်က မခံနိုင်တော့ပေ။ နာကျင်မှုကြောင့် ကျယ်လောင်သော အော်သံနှင့်အတူ နောက်သို့ လွင့်ထွက်သွားရာ မြေပြင်ပေါ်သို့ ပြုတ်ကျပြီးနောက် ပြန်မထနိုင်တော့ပေ။
မေ့ဟိုက်ယွင်သည် ချက်ချင်းပင် ချေမှုန်းခံလိုက်ရသည်။