← Chapters

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း (၅၄၁-၅၄၃)

Vol. 37 Ch. 541-543

အခန်း(၅၄၁) အစိမ်းရောင်ဝတ်ရုံတွေရဲ့ သခင်လေးလား။ ငါမင်းကို စောင့်နေတာကြာပြီ

ချူးယွင်ဖန်း၏ ကမ္ဘာမြေဓားသိုင်းက ပြီးပြည့်စုံအဆင့်သို့ရောက်ရှိသွားသောအခါ ချူးယွင်ဖန်းထုတ်သုံးနေသော ခွန်အားသည်လည်း အနည်းငယ်ခန့်တိုးမြင့်လာသည်။ ထို့ကြောင့် တစ်ခဏတာအတွင်း၌ပင် နှစ်ဦးကြားမှ ခွန်အားကွာခြားချက်သည် ပြောင်းပြန်ဖြစ်လာ၏။ အနည်းငယ်မျှသော ကွာခြားမှုပင်လျှင် ကောင်းကင်နှင့် မြေကြီးတမျှ ခြားနားလှသည်။

အဖြစ်အပျက်များသည် လျင်မြန်စွာပြောင်းလဲသွားသည်။ မကြာသေးမီက မေ့ဟိုက်ယွင်သည် အောင်ပွဲရရန် သေချာနေခဲ့သော်လည်း ယခုအခြေအနေသည်မူ အပြည့်အဝပြောင်းလဲသွားပြီဖြစ်ရာ အောင်နိုင်သူကို အဆုံးအဖြတ်ပေးနိုင်ပြီဖြစ်သည်။

“ပွဲကို ဆုံးဖြတ်ပေးလို့ရပြီ။ ချူးယွင်ဖန်းက အောင်နိုင်သူပဲ”

ဤအချိန်တွင် လူတိုင်းက အမှန်တရားကို စတင်လက်ခံလာကြသည်။ ယခင်က လူများစွာက ထင်ကြေးများစွာပေးခဲ့ကြသည်။ မေ့ဟိုက်ယွင်ဖြစ်စေ၊ သုန်ဖန်ဟောက်ဖြစ်စေ၊ စီတုကျီယင်းဖြစ်စေ ဟန်ပင်းဖြစ်စေ ၎င်းတို့ကို ထောက်ခံသောသူ များစွာရှိသည်။ ထိုသူများကို ချန်ပီယံဖြစ်လာရန် ထောက်ခံအားပေးသူအများအပြားရှိခဲ့သည်။ ၎င်းတို့အနက် ချူးယွင်ဖန်း၏ ကျော်ကြားမှုနှင့် အားပေးသူအရေအတွက်သည် အခြားသူများနှင့် ဝေးကွာလှသည်။ သို့သော် သူသည် ထိုကဲ့သို့ အားနည်းချက်များဖြင့်ပင် နောက်ဆုံးတွင်အနိုင်ရရှိခဲ့သည်ဖြစ်ရာ လူတိုင်းကို အံ့သြထိတ်လန့်စေခဲ့သည်။

ညီလာခံတွင် ဟန်ပင်း၏ အောင်ပွဲနှင့် နှိုင်းစာလျှင် ချူးယွင်ဖန်း၏ နောက်ဆုံးအောင်နိုင်မှုက ပို၍တန်ဖိုးရှိသည်မှာ သေချာလှသည်။ ဤတိုက်ပွဲက သူနှင့် ရွယ်တူများကြားတွင် ထိပ်တန်းကျောင်းသားအဖြစ် ချူးယွင်ဖန်းကို အခိုင်အမာရပ်တည်စေနိုင်ခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က တိုက်ပွဲတစ်ခုတွင် သူနှင့် သက်တူရွယ်တူများအားလုံးကို အနိုင်ယူခဲ့သော ကျန်းလင်းရှောင်ကဲ့သို့ပင်ဖြစ်၏။ လူတိုင်းက အသိပြန်ဝင်လာကြသည်။ ချူးယွင်ဖန်းက မေ့ဟိုက်ယွင်နှင့် အခြားသူများကို အနိုင်ယူလိုက်ခြင်းသည် မည်သည်ကို ဆိုလိုသနည်း။

“ခေါင်းဆောင်ချူးက နံပါတ်တစ်လား” ရှဖန်နှင့်အခြားသူများက တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်တကြားကြည့်လိုက်ကြသည်။ ၎င်းတို့အားလုံးသည် ဤအချက်ကို လက်မခံနိုင်ကြသေးသကဲ့သို့ ကြက်သေသေနေကြ၏။ ချူးယွင်ဖန်း၏ အဖွဲ့သားများသည် ချူးယွင်ဖန်း၏ အင်အားကို အလွန်ယုံကြည်ထားသော်လည်း အမှန်တကယ် နံပါတ်တစ်ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယင်းသည် အလွန်ကွဲပြားသော ကိစ္စဖြစ်သည်။ ဤအရာက ကျောင်းတစ်ကျောင်းလုံးတွင် နံပါတ်တစ်မဟုတ်သော်လည်း သူနှင့် သက်တူရွယ်တူများကြားတွင် နံပါတ်တစ်ဖြစ်သည်။ သက်တူရွယ်တူများထဲမှ မည်သူတစ်ဦးတစ်ယောက်သည်မှ ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။

“နောက်ဆုံးအောင်နိုင်သူက ချူးယွင်ဖန်းဟုတ်လား” ဤအခိုက်အတန့်တွင် စစ်သင်္ဘောထက်မှ နည်းပြများအားလုံးသည်လည်း အံ့သြကုန်ကြသည်။ ၎င်းတို့အားလုံးက ယင်းကို လက်သင့်မခံနိုင်ကြပေ။ ညီလာခံမတိုင်မီတွင် ၎င်းတို့အားလုံးသည် မေ့ဟိုက်ယွင်ကို ကိုင်တွယ်ဖြေရှင်းရမည့်ကြီးမားသော ရန်သူအဖြစ် သဘောထားခဲ့ကြသည်။ မေ့ဟိုက်ယွင်နှင့် အခြားသူများကို ရင်ဆိုင်ရန် ပြင်ဆင်မှုများစွာလုပ်ထားခဲ့သော်လည်း ချူးယွင်ဖန်းသည်မူ ၎င်းတို့ စီစဥ်ထားသောအရာမဟုတ်သည်မှာ သေချာလှသည်။ သို့သော် နောက်ဆုံးရလဒ်က ချူးယွင်ဖန်းသည် မည်သည့်နေရာကမှန်းမသိ ထိုးတက်လာကာ အောင်နိုင်ခဲ့၍ ကျောင်း၏ သက်တူရွယ်တူများကြားတွင် ထိပ်တန်းကျောင်းသားဖြစ်လာစေခဲ့သည်။

၎င်းတို့အားလုံး ပြန်အသိဝင်လာသောအခါ လူတိုင်းက ချူးယွင်ဖန်းကို အန္တရာယ်အရှိဆုံးအမျိုးအစားအဖြစ် သတ်မှတ်လိုက်ကြသည်။ အများစုသည် နက္ခတ်ဂိုဏ်းကို မျှော်လင့်နေကြသည်။ နက္ခတ်ဂိုဏ်းက ညီလာခံ ချန်ပီယံနေရာကို ရယူရန် ၎င်းတို့၏ ဦးနောက်များကို စုစည်းထားခဲ့သော်လည်း အရေးအကြီးဆုံးအရာကိုမူ ဆုံးရှုံးခဲ့ရသည်။

၎င်းတို့အားလုံးက ဟန်ပင်းကို ချူးယွင်ဖန်း မည်သို့အချိန်တိုအတွင်းသတ်ပစ်ခဲ့သည်ကိုသာ မြင်တွေ့ခဲ့ကြရသည်။ ညီလာခံဆုဖလားသည် မည်သို့မျှမဟုတ်သော်လည်း ယခုတွင်မူ ဟန်ပင်းသည် လူအများ၏ လှောင်ရယ်စရာတစ်ခုဖြစ်လာပေတော့မည်။ ပို၍ စိတ်ပျက်နေကြ၍ အမှန်းတရားကို လက်မခံနိုင်သူများသည် ကျန်းမိသားစု၊ ဟွမ်မိသားစုနှင့် ထိပ်တန်းယှဥ်ပြိုင်သူများ၏ နည်းပြဆရာများပင်ဖြစ်သည်။ ချူးယွင်ဖန်းက ၎င်းတို့၏ မျှော်လင့်ချက်များကို သတ်ပစ်လိုက်ကာ နောက်ဆုံးတွင် ထိပ်တန်းရောက်ခဲ့သည်။ ၎င်းတို့က ဤအရာကို မည်ကဲ့သို့ လက်ခံနိုင်ကြလိမ့်မည်နည်း။

ထို့အပြင် မေ့ဟိုက်ယွင်၏ ဆရာဖြစ်သူသည်လည်း အလွန်ကြက်သေသေနေသည်။ သူသည် မေ့ဟိုက်ယွင်၏ ခွန်အားကို ကောင်းစွာသိထားသည်။ မေ့ဟိုက်ယွင်သည် မည်သူမျှ အနိုင်မယူနိုင်သည့် အနှိုင်းမဲ့ကျောင်းသားဟု သူထင်ခဲ့သည်။ ချူးယွင်ဖန်းက သူ့ကို ဤမျှ အလွယ်တကူအနိုင်ယူခဲ့လိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ ယင်းကို ညီမျှသော တိုက်ပွဲတစ်ပွဲဟုပင် ယူဆ၍ မရနိုင်ခဲ့ပေ။

“သူတကယ် အနိုင်ရခဲ့တယ်” ချူးယွင်ဖန်းကို အလွန်အယုံအကြည်ရှိသော ဆရာဖြစ်သူ ကျန်းယွမ်ပင်သည်ပင် မယုံကြည်နိုင်ခဲ့ပေ။ ချူးယွင်ဖန်း၏ အရည်အချင်းကို သံသယမရှိသော်လည်း သူသည် ထိုလေ့ကျင့်မှုအားလုံးကို အလွန်လျင်မြန်စွာ မည်ကဲ့သို့ စုပ်ယူနိုင်ခဲ့သနည်း။ တစ်နှစ်ခွဲသာရှိသေးသည်။ မေ့ဟိုက်ယွင်ဖြစ်စေ၊ ကျန်းပိုင်ဖေးဖြစ်စေ၊ သုန်ဖန်ဟောက်ဖြစ်စေ ၎င်းတို့အားလုံးသည် နှစ်အနည်းငယ်ကြာ အဆင့်မြင့်လေ့ကျင့်ခဲ့ကြသည်မှာ သေချာလှသည်။ ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို မည်ကဲ့သို့ နောက်တွင် ချန်ထားနိုင်ခဲ့သနည်း။

“ဒီကလေးမှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ်။ ဒါပေမယ့် သူ့မှာမရှိရင်ရော ငါ့တပည့်ဖြစ်ဖို့ ထိုက်တန်ပါ့မလား” ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းတွင် လျှို့ဝှက်ချက် မည်မျှ ရှိသည်ကို ဂရုမစိုက်ပေ။ ထိုစဥ်က နည်းပြပြိုင်ပွဲ၌ ဗိုလ်ဆွဲခဲ့ရာ ချူးယွင်ဖန်းတွင် လျှို့ဝှက်ချက်များစွာနှင့် ကံကြမ္မာကောင်းများတွေ့ကြုံခဲ့ရခြင်းဖြစ်ကြောင်းကို သေချာသိနိုင်သည်။

ထိပ်တန်းကို ရောက်နိုင်သူများသည် ထူးချွန်သော ပါရမီ၊ လုံ့လဝီရိယရှိရှိ လေ့ကျင့်ထားမှု၊ ကံကောင်းမှုနှင့် အဆုံးမဲ့သော ကံကြမ္မာများနှင့် ကြုံတွေ့ခဲ့ကြရသူများဖြစ်သည်။ ဤအခြေအနေများသည် မရှိမဖြစ်ပင်ဖြစ်သည်။

“ဒီကလေးမှာ လျှို့ဝှက်ချက်တွေအများကြီးရှိတယ်။ လူတွေက လက်ခံခံလက်မခံခံ ဒါက အမှန်တရားပဲ”

ဤအခိုက်အတန့်တွင် လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြသော်လည်း ချူးယွင်ဖန်းသည် သတ္တုစင်မြင့်ထက်သို့ ခြေတစ်လှမ်းချင်းလျှောက်သွားခဲ့သည်။ ကျောက်စိမ်းသေတ္တာကို ယူရန် လက်လှမ်းလိုက်စဥ်၌ပင် နှင်းကဲ့သို့ ဖြူဖွေးသော ဓားတစ်စင်း လေထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းသည် ချူးယွင်ဖန်း၏ ခေါင်းကို ဖြတ်တောက်သွား၏။

“ချီးပဲ” ရှဖန်နှင့် အခြားသူများက အလန့်တကြားအော်လိုက်ကြသည်။

ဤအခိုက်အတန့်တွင် လူတိုင်းက ချူးယွင်ဖန်းကို စူးစိုက်ကြည့်နေကြသည်။ ချူးယွင်ဖန်းသည် အတွင်းအူတိုင်ကို ယူခါနီး၌ ပြောင်းလဲမှုတစ်ခု ရုတ်တရက်ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ ချူးယွင်ဖန်းသည် လူတိုင်းအာရုံစိုက်မှုကို ခံနေရပြီဖြစ်ကာ ယခုအချိန်တွင် လူတိုင်းက ယင်းကို မျက်မြင်တွေ့နေကြသည်မှာလည်း သေချာလှသည်။

မျက်စိတစ်မှိတ်အတွင်း၌ အရာအားလုံးဖြစ်ပျက်ခဲ့သဖြင့် တုံ့ပြန်ရန် အချိန်အနည်းငယ်မျှပင်မရှိခဲ့ပေ။ ချူးယွင်ဖန်းရှေ့တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သူ့ကို မည်သူကမျှ သတိမထားမိပေ။ ဤအခိုက်အတန့်တွင် တိုက်ခိုက်မှုအောင်မြင်ခါနီး၌ လူတစ်ယောက်ထွက်လာသည်။ ၎င်းမှာ အသက်လတ်ပိုင်းလူငယ်တစ်ဦးဖြစ်၍ အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိမည်ထင်ရသည်။ သူသည် ပိန်သွယ်သော ကိုယ်ခန္ဓာရှိကာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ မျက်နှာအမူအရာသည်လည်း အေးစက်နေသည်။ ချူးယွင်ဖန်း၏ ခေါင်းကို ဓားဖြင့် ခုတ်ပိုင်းပြီးသည့်နောက် သူ့မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်ခုပေါ်လာသည်။

“လုပ်ကြံသူ အစိမ်း‌ရောင်ဝတ်ရုံဂိုဏ်းက လုပ်ကြံသူပဲ” လူများစွာက လူငယ်ကို ချက်ချင်း သတိထားမိကြသည်။ သူသည် အစိမ်းရောင်ဝတ်ရုံများဂိုဏ်းမှ ဖြစ်ကြောင်းသေချာ၏။ အစိမ်းရောင်ဝတ်ရုံဂိုဏ်းမှ လုပ်ကြံသူများသည် ပုံမှန်အားဖြင့် ခွဲခြားရန် အလွန်လွယ်ကူသည်။ လုပ်ကြံသူဦးရေ အလွန်နည်းပါးကာ ၎င်းတို့သည်လည်း မောက်မာကြသည်။ ဤသည်က အစိမ်းရောင်ဝတ်ရုံဂိုဏ်း၏ သင်္ကေတတစ်ခုဖြစ်လာ၏။ သို့သော် ဤကျောင်းသားများတွင် တုံ့ပြန်ရန်အချိန်မရှိဘဲ အံ့အားသင့်စွာအော်ဟစ်ရန်သာ အချိန်ရှိကြသည်။ ချူးယွင်ဖန်း၏ ခေါင်းကို ဓားက ဖြတ်သွားသောအခါမှသာ ၎င်းတို့အားလုံး တုံ့ပြန်မိကြသည်။ မှန်သည်။ ၎င်းက ဖြတ်သန်းသွားခြင်းဖြစ်သည်။

ဓားသည် ချူးယွင်ဖန်းကို မထိခဲ့ဘဲ ချူးယွင်ဖန်းက ပျောက်ကွယ်သွားခဲ့ကာ ပုံရိပ်ယောင်ကိုသာ ထိမိလိုက်ခြင်းဖြစ်သည်။ ပုံရိပ်ယောင်သည် ယင်းနှင့် ထိမှန်သည်နှင့် ချက်ချင်းပျောက်ကွယ်သွားသည်။

ပုံရိပ်ကိုးသွယ်ကိုယ်ပွားရွေ့လျားခြင်းစနစ်

ချူးယွင်ဖန်းသည် ဤလှုပ်ရှားမှုနည်းပညာကို ပြီးပြည့်စုံအဆင့်အထိ ကျင့်ကြံထားခဲ့သဖြင့် ထိုကဲ့သို့ ရုတ်တရက် တိုက်ခိုက်ခြင်းမျှဖြင့် ချူးယွင်ဖန်းကို ထိခိုက်စေနိုင်ရန် မလုံလောက်ပေ။ ထိုအချိန်တွင် လုပ်ကြံသူ၏ မျက်နှာထက်မှ ထူးဆန်းသောအပြုံးသည် အေးခဲသွားပုံရသည်။ သူ သေသေချာချာ စီစဥ်ထားသော တိုက်ခိုက်မှုသည် မအောင်မြင်လိမ့်မည်ဟု အမှန်တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။ သူက အချိန်ကို တွက်ဆထားခဲ့သည်။ ချူးယွင်ဖန်းက သတိမထားမိဆုံးအချိန်ဖြစ်သင့်ကာ အောင်မြင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သင့်သည်။

ယင်းက မည်ကဲ့သို့ ကျရှုံးနိုင်လိမ့်မည်နည်း။

“အစိမ်းရောင်ဝတ်ရုံအဖွဲ့ရဲ့ သခင်လေးလား။ ငါမင်းကို စောင့်နေတာကြာပြီ”

အခန်း(၅၄၂) အစိမ်းရောင်ဝတ်ရုံအဖွဲ့က သခင်လေးကို ချက်ချင်းသတ်ပစ်ခြင်း

ချူးယွင်ဖန်း၏အသံကြောင့် အစိမ်းရောင်ဝတ်ရုံဂိုဏ်းသခင်လေးသည် ရေခဲလှိုဏ်ဂူထဲသို့ ကျသွားသကဲ့သို့ခံစားလာရသည်။ လုပ်ကြံသူ၏ လမ်းကြောင်းသည် တိုက်ခိုက်မှုတွင် ပါဝင်ရန်မဟုတ်ဘဲ တိုက်ခိုက်မှုတစ်ခုမှ လွတ်သွားပါက မိုင်ထောင်ပေါင်းများစွာအကွာသို့ ထွက်ပြေးရန်ဖြစ်သည်။ ဤသည်မှာ လုပ်ကြံသူ၏ လမ်းကြောင်းဖြစ်သည်။ ၎င်းတို့သည် ယုံကြည်မှုရှိသော်လည်း မျက်နှာချင်းဆိုင်တိုက်ခိုက်ရလျှင် ချူးယွင်ဖန်းကဲ့သို့ ပါရမီရှင်တစ်ယောက်ကို အလွယ်တကူသတ်ပစ်ရန် မဖြစ်နိုင်ပေ။ အစိမ်းရောင်ဝတ်ရုံဂိုဏ်းက ကြီးကျယ်ခမ်းနားသော စွမ်းဆောင်မှုများဖြင့် ပြည်ထောင်စုသမ္မတကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် အချက်ကို ပြောနေရန်ပင်မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မတဘက်သို့ ခိုးဝင်ကာ တစ်ချက်တည်းဖြင့် လုပ်ကြံသတ်ဖြတ်နိုင်ခြင်းကြောင့် ဖြစ်သည်။

အကယ်၍ ၎င်းတို့သည် ခေါင်းချင်းဆိုင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့မည်ဆိုပါက၊ အစိမ်းရောင်ဝတ်ရုံဂိုဏ်းတစ်ခုလုံး အတူတကွ တိုက်ခိုက်မည်ဆိုလျှင်ပင် သမ္မတ၏ခေါင်းပေါ်မှ ဆံပင်တစ်ချောင်းကိုပင် ထိရန် မဖြစ်နိုင်ပေ။ လူအနည်းငယ်သာရှိလျှင်ပင် ၎င်းတို့သည် သမ္မတ၏ အစောင့်များ၏ ပထမဆုံး ကာကွယ်ရေးစည်းကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့်၊ "အမှောင်ထဲတွင် အရိပ်လမ်းလျှောက်သူ"ဟူသည် ၎င်းတို့က ဂုဏ်ယူဝံ့ကြွားသော ခေါင်းစည်းတစ်ခုဖြစ်သည်။ ယခုမူ ၎င်းတို့ကိုယ်၎င်းတို့ ထုတ်ဖော်ပြီးသောအခါတွင် မှောင်ရိပ်ထဲမှ ထွက်၍ အလင်းထဲသို့ ဝင်လိုက်သောအခါ အခြေအနေသည် အပြည့်အဝပြောင်းလဲသွားခဲ့သည်။

ချူးယွင်ဖန်းသည် သူ့နောက်သို့ ရောက်နေပြီဖြစ်ကြောင်း လူငယ်က ရုတ်တရက် သတိပြုမိလိုက်၍ ချက်ချင်းပင် အတားခံရသည့်ခံစားချက်တစ်ခု ပေါ်လာသည်။ သူ့လက်ထဲကဓားကို အနောက်ဘက်သို့ အလိုလို ခုတ်ပိုင်းလိုက်သော်လည်း သူ့အကျပ်အတည်းကို မဖြေရှင်းနိုင်ခဲ့ပေ။ လူငယ်က ဓားချင်းတိုက်မိသော အသံတစ်ခုကိုသာ ကြားလိုက်ရသည်။ ချက်ခြင်းပင် ကြောက်မက်ဖွယ်ကောင်းသော ပြန်တွန်းအားတစ်ခု သူ့လက်မောင်းကို ဖြတ်သွားသည့်နှယ် ခံစားလိုက်ရသည်။ သူသေသွားသကဲ့သို့ပင် ခံစားလိုက်ရသဖြင့် မေ့ဟိုက်ယွင်နှင့် အခြားသူများ၏ ခံစားချက်ကို သူချက်ချင်း သဘောပေါက်သွားတယ်။

လူငယ်သည် သတ္တုတုံးတစ်တုံးဖြင့် ခုတ်ပိုင်းခြင်းခံလိုက်ရသကဲ့သို့ပင်ဖြစ်သွားရာ ဤအခိုက်အတန့်တွင် လူတိုင်းက ချူးယွင်ဖန်းသည် သူ့ဆီသို့ရောက်လာသော ဓားသွားကို လက်ဗလာဖြင့်ကိုင်လိုက်သည်ကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သို့သော် ဓားသည် ချူးယွင်ဖန်း၏ လက်ဖဝါးပေါ်ရှိ အရေပြားကို မဖြတ်နိုင်ပေ။

ချူးယွင်ဖန်း၏ လက်ဖဝါးမျက်နှာပြင်ပေါ်တွင် ကျောက်စိမ်းနှင့်တူသောအရောင်တစ်ခု ပျံ့နှံ့သွားသည်။ ဤဓားသည် အလွန်ထက်မြက်သည်။ ထို့အပြင် ၎င်းကို အဆိပ်များ လိမ်းကျံထားသည်ဖြစ်သော်လည်း ချူးယွင်ဖန်းအတွက် အသုံးမဝင်ကြောင်း သက်သေပြခဲ့သည်။ အဆိပ်သည် ချူးယွင်ဖန်း၏အရေပြားကို အမှန်တကယ်ထိမိသော်လည်း အရေပြားအတွင်းသို့ မစိမ့်ဝင်နိုင်ပေ။

ထိုသခင်လေးသည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ ဓါးပေါ်တွင် သူလိမ်းကျံထားသော အဆိပ်သည် လက်ဖဝါးကိုပင်မဆိုနှင့် ပစ်မှတ်၏ လည်ပင်းကိုပင် အပြင်းအထန်ဒဏ်ရာရရှိစေနိုင်သည်။ ဒဏ်ရာမရခဲ့လျှင်ပင် သွေးများစွာထွက်၍ ချက်ချင်းပင် ထိမိသော အရေပြားတစ်ခုလုံး ယောင်ယမ်းလာမည်ဖြစ်သည်။ ယင်းသည် အနည်းငယ်မျှသာဖြစ်လျှင်ပင် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို အဆိပ်မိ၍ သေသိအထိ ဖြစ်စေနိုင်၏။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ထိုအဆိပ်ကို အပြည့်အဝခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

ဤသည်မှာ အစိမ်းရောင်ဝတ်ရုံဂိုဏ်း၏ လုပ်ကြံသူများ၏ အလွန်ကြောက်မက်ဖွယ်ကောင်းသော အကြောင်းရင်းဖြစ်သည်။ ၎င်းတို့သည် နည်းအမျိုးမျိုးကို အသုံးပြုကြသဖြင့် သာမန်လူများက ၎င်းတို့ကို မတိုက်ခိုက်နိုင်ကြပေ။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်တူညီနေလျှင်ပင် အစိမ်းရောင်ဝတ်ရုံဂိုဏ်း၏ ခိုးဝင်တိုက်ခိုက်မှုများကို ခံကြရပေလိမ့်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် ခြွင်းချက်ဖြစ်သည်။ အစိမ်းရောင်ဝတ်ရုံဂိုဏ်းသခင်လေး အသုံးပြုသည့် နည်းလမ်းများသည် သူ့ရှေ့တွင် အသုံးမဝင်ပေ။ သခင်လေးသည် လုပ်ကြံသတ်ဖြတ်မှုကို ချက်ချင်းလက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင်မူ သူသည် အဖော်ထုတ်ခံလိုက်ရပြီးဖြစ်သည်။

အစိမ်းရောင်ဝတ်ရုံဂိုဏ်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး လူသတ်အဖွဲ့အစည်း သုံးခုအနက်မှ တစ်ခုဖြစ်၍ မရေမတွက်နိုင်အောင် များပြားသောအုပ်စုများသည် ၎င်းတို့နှင့် လျှို့ဝှက်စွာ စီးပွားရေးလုပ်နေကြသည်။ သို့သော် ၎င်းတို့ကို မုန်းတီးသူ အများအပြား ရှိသည်။ အထူးသဖြင့် သူတို့ရဲ့ ခွန်အားနဲ့ အမှတ်သညာများဖြစ်ကြသည်။

မှန်သည်။ ၎င်းတို့သည် သာမန်လူများနှင့် သက်ဆိုင်သော မစ်ရှင်များကို လက်ခံရန်စိတ်မ၀င်စားကြပေ။၎င်းတို့ အရေးတယူတိုက်ခိုက်မည်မှာ အမျိုးမျိုးသော ဂိုဏ်းများမှ လက်ရွေးစင်များနှင့် ပုဂ္ဂိုလ်ကြီးများသာဖြစ်ကြသည်။

ထို့ကြောင့် အစိမ်းရောင်ဝတ်ရုံဂိုဏ်းသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ရန်သူများရှိသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ဂိုဏ်းကြီးအသီးသီး၏ သားစဉ်မြေးဆက်များကြားတွင်ဖြစ်ကာ အစိမ်းရောင်ဝတ်ရုံများကို လူအများက အထင်မကြီးကြပေ။

ထို့အပြင် သခင်လေး၏ ခေါင်းပေါ်တွင် အမြဲတစေ ကြီးမားသော ဆုလာဘ်များ ရှိနေသည်။ မရေမတွက်နိုင်သောလူများသည် ဆုကြေးငွေဖြင့် သူ့ကိုသတ်ပစ်ချင်ကြသည်။

ပထမအကြိမ် လုပ်ကြံမှု မအောင်မြင်သဖြင့် သခင်လေးသည် ချက်ချင်း ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။ သူသည်ချက်ချင်း အရိပ်တစ်ခုအဖြစ်သို့ပြောင်းလဲကာ လှည့်ပြေးသွားခဲ့သည်။ သူ့ပုံသဏ္ဍာန်သည် တဖြည်းဖြည်း လေထဲသို့ ပျောက်ကွယ်သွားတော့သည်။ ဤအကျိုးသက်ရောက်မှုသည် သခင်ငယ်၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များကြောင့်ဖြစ်သည်။ သူဝတ်ထားသည့်အဝတ်အစားများသည် သာမန်ဟုထင်ရသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် အစိမ်းရောင်ဝတ်ရုံဂိုဏ်း၏နောက်ဆုံးပေါ်နည်းပညာနှင့် ပြုလုပ်ထားခြင်းဖြစ်ကာ အစိမ်းရောင်ဝတ်ရုံဂိုဏ်း၏ ကျော်ကြားသောဖုံးကွယ်မှုနည်းပညာပေါင်းစပ်မှုဖြစ်သည်။

ဤဝတ်စုံဖြင့် အစိမ်းရောင်ဝတ်ရုံဂိုဏ်း လုပ်ကြံသတ်ဖြတ်သူများသည် ၎င်းတို့၏ပစ်မှတ်ဘက်သို့ တိတ်တဆိတ် ပြေးလွှာနိုင်ကြသည်။

"အခုထွက်သွားချင်လား မင်းနောက်ကျနေပြီထင်တယ်" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ အစိမ်းရောင် ၀တ်ရုံဂိုဏ်းက သူ့ကိုသတ်ရန် စီစဥ်နေကြောင်းသိသဖြင့် သူ မည်သို့မျှ သတိမထားဘဲမနေနိုင်တော့ပေ။ သူသိထားသည်မှာ အစိမ်းရောင်ဝတ်ရုံများသည် သေသည်အထိတိုက်ပွဲဝင်တတ်ကြသည်။

ကျွန်းပေါ်တွင် တစ်လအတွင်း ချူးယွင်ဖန်းသည် အစိမ်းရောင်ဝတ်ရုံသခင်လေးကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူသည် တစ်ကြိမ်မျှ စိတ်အေးလက်အေး မရှိခဲ့ပေ။

သခင်လေးသည် ယခုအချိန်တွင် ထွက်သွားချင်နေခြင်းမှာ ချူးယွင်ဖန်း၏ အမြန်နှုန်းကို လျှော့တွက်နေခြင်းဖြစ်သည်။ ချူးယွင်ဖန်းက အလျင်အမြန်ပင် လိုက်ခဲ့ရာ ချက်ချင်းဆိုသကဲ့သို့ပင် သခင်လေး၏ နောက်သို့ အမှီလိုက်နိုင်ခဲ့သည်။ သခင်လေးသည် အပြည့်အဝ ကြောက်လန့်လျက်ရှိ၏။ သူ၏ ရွေ့လျားရေးသိုင်းသည် အစိမ်းရောင်ဝတ်ရုံဂိုဏ်း၏ ထိပ်တန်းနည်းလမ်းဖြစ်ကာ အဆင့်တူရှိ အခြားကျွမ်းကျင်သူများထက် သာလွန်သည်။ သို့သော် ချူးယွင်ဖန်းက တစ်ခဏချင်း၌ပင် သူ့ကို အမှီလိုက်နိုင်ခဲ့၏။ ၎င်းတို့၏ ရွေ့လျားရေးနည်းပညာကြားတွင် ကြီးမားသော ကွာဟချက်ရှိနေသည်။

ထိုလူငယ်တွင် ရပ်ရုံမှတပါး အခြား‌ရွေးချယ်ရန်လမ်းမရှိတော့ပေ။ သူ၏ လက်များသည် ချက်ချင်းပင် ချွန်ထက်သော လက်သည်းများအဖြစ်သို့ပြောင်းလဲသွားကာ ချူးယွင်ဖန်းကို ချိန်ရွယ်ထားသည်။

“သွေးနဂါးလက်သည်း”

သွေးနီရောင် ချီစွမ်းအင်လှိုင်းလုံးများသည် သူ့လက်ဝါးထဲမှ သွေးများထွက်လာသကဲ့သို့ ထွက်ပေါ်လာသည်။

“မင်းက သေချင်နေတာလား” ချူးယွင်ဖန်းက လက်သီးဖြင့်ထိုး၍ လှောင်ရယ်လိုက်သည်။

ဘမ်း

ပြင်းထန်သော စွမ်းအင်များတိုက်မိသံနှင့်အတူ အရိုးများကွဲအက်သံကို ကြားလိုက်ရသည်။ အစိမ်းရောင်ဝတ်ရုံဂိုဏ်း၏ သခင်လေးသည် နာကျင်စွာအော်ဟစ်၍ ချက်ချင်းဆိုသကဲ့သို့ပင် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ အပြင်းအထန်ပြုတ်ကျသွားသည်။ သူ၏ လက်များသည် ချက်ချင်းပင် ချူးယွင်ဖန်းကြောင့် ချိနဲ့သွားသည်။

ချူးယွင်ဖန်းသည် လက်ဗလာဖြင့် လက်နက်များကိုပင် ကိုင်ဝံ့သည်ဖြစ်ရာ ဤနေရာတွင် နှစ်ဦးယှဥ်ပြိုင်လျှင်ပင် ဤသည်က ကိုယ့်သေတွင်းကိုယ်တူးနေခြင်းဖြစ်သည်။

သခင်လေးသည် ထရန်ရုန်းကန်နေသော်လည်း ကြီးမားသော ဓားတစ်ချောင်း ကောင်းကင်ယံထက်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် ၎င်းက လျှပ်စီး၏ အလျင်ဖြင့် ချဥ်းကပ်လာသည်။

ဓားသည် ပြင်းထန်စွာခုတ်ပိုင်းကျလာကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းသည် သခင်လေး၏ လည်ပင်းသို့ ဖြတ်သွားပြီဖြစ်သည်။ သခင်လေးသည် မျက်လုံးများပြူးကျယ်သွား၏။ ချူးယွင်ဖန်းက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။

သိုင်းကွက်အနည်းငယ်သာ ဖလှယ်ခဲ့ကြပြီးနောက် တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ လူများစွာက အချိန်များစွာကြာ စကားမပြောခဲ့ကြပေ။ ချူးယွင်ဖန်းသည် သူ၏ နတ်စွမ်းအားကို ပြသခဲ့သည်ကို ၎င်းတို့ကြည့်နေခဲ့ကြသည်။ သူသည် လူတိုင်းကို အဘက်ဘက်မှ ဖိနှိပ်ထားသော စစ်မှန်သည့် နတ်ဘုရားနှင့်တူသည်။

ချူးယွင်ဖန်းသည် ဓားကို ပြန်ရုတ်သိမ်းပြီးနောက် သေတ္တာဆီသို့ ချက်ချင်းသွား၍ လွယ်အိတ်ထဲတွင် သိမ်းထားလိုက်သည်။ လူတိုင်းက ချူးယွင်ဖန်းကို ကြည့်၍ မည်သူမျှ သူ့ကို တားနိုင်လိမ့်မည်မဟုတ်ကြောင်း သိကြသည်။

သို့သော် ချူးယွင်ဖန်းက ရဲတိုက်တံခါးမှ ထွက်လာသောအခါ မရေမတွက်နိုင်လောက်အောင်များပြားသော လူများကြားမှ လူတစ်ယောက်က စကားပြောလာသည်ကို ကြားလိုက်ကြရသည်။

“ချူးယွင်ဖန်း၊ အတွင်းအူတိုင်းကို မင်းသိမ်းထားနိုင်မယ်လို့ထင်လား။ မင်းအတွက် အကောင်းအဆိုးကိုသိရင် လက်လွှဲပေးလိုက်ပ။ မဟုတ်ရင် ငါတို့ အများကြီးရဲ့ ဒေါသက မင်းကို ဆွဲချလိမ့်မယ်”

အခန်း(၅၄၃) လူတစ်ရာကို ဥပမာပြရန် လူတစ်ယောက်ကို သတ်ခြင်း

ဤအသံသည် ပါဝင်သူ ထောင်ပေါင်းများစွာကြားထဲ၌ နစ်မြုပ်နေ၏။ အဆုံးကို မမြင်နိုင်သကဲ့သို့ ဘယ်သူပြောခြင်းဖြစ်ကြောင်းကိုလည်း မမြင်နိုင်ပေ။

“ခေါင်းကို ဝှက်ပြီး မင်းအမြီးကိုပဲ ပြရဲတဲ့ ကြွက်ကများ။ ငါ့ဥစ္စာကို လိုချင်ရင် ထွက်လာခဲ့။ သူများနောက်မှာ ပုန်းနေရတယ်။ မင်းဖို့ တခြားသူတွေ ရပ်တည်ပေးဖို့ မျှော်လင့်နေတာလား။ ထိုင်ပြီး သူများတွေကို ငါ့ကိုရိုက်ခိုင်းပြီး အကျိုးအမြတ်လိုချင်နေတယ်ပေါ့ဟုတ်လား။ ဘယ်လောက်ကောင်းတဲ့ အစီအစဥ်လဲ” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ချူးယွင်ဖန်းပြောသမျှကို အားလုံးက တွေးနေကြသည်။ မူလက သူတို့သည် သွေးဆောင်ခံခဲ့ရသည်။ သို့သော်ချူးယွင်ဖန်းသည် အတွင်းအူတိုင်ကို လွှဲပေးလိုက်လျှင်ပင် ၎င်းတို့လက်ထဲသို့ ကျရောက်နိုင်ခြေ လုံးဝမရှိပေ။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်တွင် မည်သူက အကျိုးရှိမည်ကို မည်သူသိသနည်း။

ချူးယွင်ဖန်းက ၎င်းကို သိမ်းသွားလျှင် အခြေခံအားဖြင့် သူတို့ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုအချိန်တွင် မျှော်လင့်ချက်ရှိနေသေး၏။ သို့သော် ချူးယွင်ဖန်း၏စကားကိုကြားပြီးနောက် သူတို့အားလုံး အာရုံပြန်ဝင်လာကြသည်။ တစ်စုံတစ်ယောက်က သူတို့ကို အနောက်မှ သွေးထိုးလှုံ့ဆော်၍ အမြှောက်စာအဖြစ် လုပ်ချင်နေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။

ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသည်မှာ လွယ်သလော။

ချူးယွင်ဖန်းသည် ဤမျှလောက် လူများစွာကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ဤအရာက အနည်းငယ်လေးမျှ လက်တွေ့မကျပေ။ သို့သော် လူသုံးဆယ်မှ ငါးဆယ် သို့မဟုတ် လူတစ်ရာကျော်ကို သတ်ခြင်းသည် သူ့အတွက် ပြဿနာမဟုတ်ပေ။ အချိန်တန်သောအခါ၌ အခြားသူတို့သည် အမြတ်အစွန်းကို ရရှိကြသော်လည်း မိမိတို့သည်မူသေမည့်သူများပင် ဖြစ်ပေလိမ့်မည်။

ဤပါဝင်သူများအားလုံးသည် လက်ရွေးစင်များဖြစ်ကြသည်။ မည်သူကမျှ သူများထက် ပို၍ မမိုက်မဲကြပေ။ ယခင်ကချူးယွင်ဖန်း၏လက်ရှိ အတွင်းအူတိုင်က ၎င်းတို့ကို ဆွဲဆောင်ခဲ့သည်။ ၎င်းတို့အသိဝင်လာသောအခါတွင်မူ မည်သူကမျှ ထောင်ချောက်ထဲသို့ မကျရောက်တော့ပေ။

ချူးယွင်ဖန်း၏လက်ထဲက အတွင်းအူတိုင်ကို လိုချင်နေလျှင်ပင် ၎င်းတို့က မိုက်မဲစွာဖြင့် ရှေ့သို့ပြေးလာကာ အသက်အန္တရာယ်ပြုလိမ့်မည်မဟုတ်ပေ။ မည်သူကမျှ အမြောက်စာမဖြစ်လိုကြပေ။ လူတိုင်းက အကျိုးအမြတ်ကို အရယူချင်ကြသော်လည်း ချူးယွင်ဖန်း၏စကားများသည် လူတိုင်းကို ငြိမ်သက်သွားစေသကဲ့သို့ တိတ်ဆိတ်သွားစေသည်။

အော်ပြောသူသည် လက်လွှတ်မခံချင်ပုံရသည်။ သူက ထက်မြက်သောလေသံဖြင့် ဆက်ပြော၏။

"ငါတို့က လူအများကြီးပဲလေ။ ငါတို့ သူ့ကို ကြောက်သင့်သလား။ သူက အစွမ်းထက်ပေမယ့် ငါတို့အတူတူတိုက်ရင် ငါတို့အားလုံးကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ ငါတို့ထဲက လူတချို့ကိုတောင် မသတ်နိုင်ခင် သေမှာသေချာတယ်"

သို့သော် ဤတစ်ကြိမ်တွင် သူစကားမဆုံးခင်ချူးယွင်ဖန်းသည် ခြေဖဝါးဖြင့် မြေပြင်သို့ ဆောင့်၍ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ သူပြန်ပေါ်လာသောအခါတွင် သူသည် ထိုနေရာကို ပြန်လည်ရောက်ရှိနေပြီဖြစ်သော်လည်း ဤတစ်ကြိမ်တွင် သူသည် အသက်လတ်ပိုင်း လူငယ်တစ်ဦးကို ဖမ်းချုပ်ကိုင်ထားသည်။

"ငါ့ကိုလွှတ်" လူငယ်က အော်လိုက်သည်။ သူဤသို့ပြောနေစဉ် လူငယ်သည် သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်ကာ ချူးယွင်ဖန်းဆီသို့ တွန်းလိုက်သည်။

"မင်းအသက်ရှင်ဖို့ ငြီးငွေ့နေပြီထင်တယ်" ချူးယွင်ဖန်းက ရယ်မော၍ လူငယ်၏ခေါင်းကို မြေပြင်သို့ ပြင်းပြင်းထန်ထန် ဖိနင်းလိုက်သည်။

ဘမ်း

လူငယ်၏ ဦးခေါင်းသည် ကွဲထွက်သွားပြီးနောက် ချက်ချင်းသေဆုံးသွားသည်။

လူတိုင်း အံ့ဩသွားကြသည်။ ချူးယွင်ဖန်းသည် လူအများကြားတွင် ပြဿနာရှာ‌သောလူကို ရွေးထုတ်နိုင်မည်ဟု ၎င်းတို့မထင်ခဲ့ကြပေ။ ဤအရာက အပြောင်းအလဲတစ်ခုဖြစ်လာရန် မျှော်လင့်နေကြသူ အများအပြားကို ကျောရိုးတစ်လျှောက်အေးစက်သွားစေသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့သည်မပါဝင်ခဲ့ကြပေ။ ဤသို့မှမဟုတ်ပါက ၎င်းတို့အားလုံးသည် ဤလူငယ်ကဲ့သို့ အဆုံးသတ်ရမည်မှာ သေချာသည်။

ဤလူငယ်သည် ၎င်းတို့ကို အမြောက်စာဖြစ်လာစေရန် လှုံ့ဆော်ပေးခဲ့သူဖြစ်ကြောင်း ၎င်းတို့က ခန့်မှန်းခဲ့ကြသည်။ချူးယွင်ဖန်းက သူ့ကို လွယ်လွယ်နှင့် သတ်ပစ်ခြင်းကို ၎င်းတို့ မုန်းတီးကြသော်လည်း ယင်းနှင့်အတူ တုနှိုင်းမရသော ကြောက်ရွံ့မှုကို ခံစားလိုက်ကြရသည်။

"မင်းတို့ထဲက တစ်ယောက်ယောက်က သူ့ခြေရာအတိုင်း လိုက်ချင်ရင် ငါ့ဓားရဲ့ ထက်မြက်မှုကို စမ်းသပ်ဖို့ ကြိုဆိုပါတယ်" ဟုချူးယွင်ဖန်းက ကြေညာခဲ့သည်။

ချူးယွင်ဖန်းကဲ့သို့သောလူများသည် ကြောက်ရွံ့မနေကြပေ။ အရည်အချင်းရှိလျှင် ရှေ့ဆက်တိုးနိုင်သည်။ ဤအရာက လူများစွာကို ဒေါသထွက်စေသော်လည်း ချူးယွင်ဖန်း၏ ဓားထက်မြက်မှုကို စမ်းသပ်ရန် သတ္တိမရှိပေ။ ဤလူသည် တကယ်ကိုပင် လူများကို အလွယ်တကူ သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ဤသို့သော ကိစ္စမျိုးနှင့် ပတ်သက်၍ သူ့တွင် မည်သို့သော ခံစားချက်မျှမရှိပေ။ ဤကဲ့သို့လူများသည် များသောအားဖြင့် စိတ်ဓာတ်ပျက်ပြားသူ သို့မဟုတ် ရက်စက်သူမျိုးဖြစ်သည်။ ကျောင်းသားများကြားတွင် ရက်စက်သတ်သက်သော မရှိခြင်းမဟုတ်သော်လည်း ချူးယွင်ဖန်းက ရက်စက်သော လူတစ်ဦးဖြစ်နေခြင်းသည်မူ အခြားကိစ္စတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသည် လူတိုင်းကို ခြိမ်းခြောက်နိုင်ခဲ့ကြောင်း တွေ့လိုက်ရသောကြောင့် ထိုနေရာတွင် ဆက်မနေလိုတော့ပေ။ ထို့နောက် ဘေးကင်းရေးအတွက် လှည့်ထွက်ခဲ့သည်။ ယနေ့သည် ကျွန်းပေါ်တွင်နေရမည့် နောက်ဆုံးနေ့ဖြစ်သဖြင့် မနက်ဖြန်တွင် နက္ခတ်ဂိုဏ်းက ၎င်းတို့ကို ကြယ်တာရာကျွန်းစုမှ လာကြိုပေလိမ့်မည်။ ထိုအချိန်မတိုင်ခင်တွင် မည်သို့သော မတော်တဆမဆိုဖြစ်နိုင်၏။

အကယ်၍ ဤပါဝင်သူများသည် တစ်စုံတစ်ခုကြောင့် ရူးသွပ်သွားကာ အတွင်းအူတိုင်ကို ရယူလိုလျှင် ချူးယွင်ဖန်းသည် ယနေ့တွင် အမှန်တကယ်ရုန်းထွက်နိုင်လိမ့်မည်မဟုတ်ပေ။ လူတစ်ယောက်က လူတစ်သောင်းခန့်ကို ရင်ဆိုင်ရန် မဆိုနှင့် လက်လေးချောင်းကို လက်နှစ်ချောင်း ကိုင်တွယ်ရန်ပင် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းက လူတိုင်းကို ထိတ်လန့်စေခဲ့သဖြင့် ၎င်းတို့က သူ့ကို မတားဝံ့ဘဲ ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ကြသည်။ ထိုအချိန်တွင်၊ ယခုနှစ်တာအိုညီလာခံကြီး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ပါဝင်သူအများအပြား ရုတ်ရုတ်သဲသဲဖြစ်ခဲ့ကြသည်။ ဒီညီလာခံတွင် အံ့သြဖွယ်ကိစ္စများစွာရှိနေသည်။ တကယ်တမ်းတွင် ပြည်ထောင်စုအစိုးရသည် ဤညီလာခံ၏ ချန်ပီယံနေရာကို ရှုံးနိမ့်ခဲ့သည်။ အမြဲတစေအ အသာစီးရနေခဲ့သည့် မေ့ဟိုက်ယွင်သည် ဟန်ပင်းကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ဟန်ပင်းသည်မူ ချူးယွင်ဖန်းနှင့် မျက်နှာချင်းဆိုင်တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

အဆုံးသတ်တွင် ၎င်းသည် အမည်ခံချန်ပီယံဖြစ်ခဲ့လျှင်ဖြစ်စေ စစ်မှန်သော အကျိုးအမြတ်များရခဲ့သည်ဖြစ်စေ ၎င်းတို့တစ်ဦးသ်ညမျှ နံပါတ်တစ် မေ့ဟိုက်ယွင်၏ လက်ထဲသို့ မကျရောက်ခဲ့ပေ။ ဤသည်မှာ လူများစွာ၏ ကနဦး မျှော်လင့်ချက်ကို ပြောင်းပြန်ဖြစ်သွားစေသည်မှာသေချာလှသည်။ ချူးယွင်ဖန်းသည် လျှပ်စီး၏ အလျင်ဖြင့်ထ၍ လမ်းတစ်လျှောက် စိန်ခေါ်သူအားလုံးကို အနိုင်ယူ၍ ပုလ္လင်ပေါ်တက်ခဲ့သည်။

ထို့အပြင် ဤအရာများအားလုံးသည် နေ့တစ်ဝက်အတွင်းဖြစ်ပျက်သွားခြင်းဖြစ်သည်။ ပါဝင်သူများသည် ယနေ့ဖြစ်ပျက်ခဲ့သော အရာများကို မေ့နိုင်ရန် အချိန်အနည်းငယ်လိုအပ်ပေလိမ့်မည်။ ချူးယွင်ဖန်းသ်ည ဤတောင်ခြေမှထွက်၍ တောင်မြစ်ပန်းချီကားထဲတွင် ပုန်းနေသည်။ ထို့နောက် ကျောက်စိမ်းသေတ္တာကို ထုတ်ယူလိုက်သည်။ သူ ၎င်းကို ဖွင့်လိုက်သည်နှင့် အလွန်သန့်စင်သောနတ်ဆိုးစွမ်းအင်များ ချက်ချင်းထွက်ပေါ်လာသည်။

နက္ခတ်ဂိုဏ်းသည် ဤအချက်ကို မလိမ်ညာခဲ့ပေ။ ယင်းသည် အမှန်တကယ်ပင် နတ်အဆင့်ရှိသော မွန်းစတားတစ်ကောင်ထံမှ အတွင်းအူတိုင်ဖြစ်သည်။ မိုးကြိုးတောင်ပံသားရဲ စားသောက်ခဲ့သည့် အကောင်နှင့်နှိုင်းယှဥ်ပါက ၎င်းသည် ပို၍ သန်မာ၏။

“အရူး ဒါက မင်းအတွက်မဟုတ်ဘူး”

အတွင်းအူတိုင်ကို မြင်လိုက်ရသောအခါ မိုးကြိုး‌တောင်ပံသားရဲ၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာသည်။ သို့သော် ချူးယွင်ဖန်း၏ အဆူခံလိုက်ရပြီးနောက် ၎င်းသည် နာခံမှုအပြည့်ဖြင့် မွေးဖွားခြင်းနယ်မြေအထွဋ်အထိပ်အဆင့် မွန်းစတား၏ အတွင်းအူတိုင်ကို ချေဖျက်ရန် ဘေးဘက်သို့ ထွက်သွားခဲ့သည်။

နတ်ဘုရားအဆင့် မွန်းစတား၏ အတွင်းအူတိုင်သည် လက်သီးနှစ်လုံးစာခန့်ကြီးမားသည်။ ၎င်းသည် အလွန်ကြီးမားလှကာ အလွန်သန့်စင်သဖြင့် ယင်းမှ ဖြာထွက်နေသော စွမ်းအင်ကိုပင် အဘက်ဘက်မှ ခံစားမိနိုင်သည်။

“ဒါက ဟန်ပင်းအတွက် ရည်ရွယ်ခဲ့တာဖြစ်မယ်။ သနားစရာပဲ။ နက္ခတ်ဂိုဏ်းက အများကြီးကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ ငါ့အတွက် အကျိုးရှိနေတာပဲ” ချူးယွင်ဖန်းက ရယ်သည်။

အတွင်းအူတိုင်အတွင်းမှ အကန့်အသတ်မဲ့သော စွမ်းအင်များ ဆူပွက်လာသည်။ ချူးယွင်ဖန်းသည် ဧကရာဇ်ကျင့်စဥ်ကို စတင်လည်ပတ်စေလိုက်ပြီးနောက် အူတိုင်အတွင်းမှ စိမ့်ထွက်နေသော စွမ်းအင်များကို အတင်းအကြပ်စုပ်ယူလိုက်သည်။ ပြင်ပဝိဉာဥ်စွမ်းအင်များနှင့် နှိုင်းယှဥ်ပါက အူတိုင်အတွင်းမှ စွမ်းအင်သည် အနည်းဆုံး အဆတစ်ရာခန့် ပိုမို သန့်စင်လာသည်။ နောက်ဆုံးတွင်မူ ဤအရာသည်ဖွံ့ဖြိုးနှင့်ပြီး နတ်စွမ်းအင်များဖြစ်ကာ နေနှင့်လမှ ဝိဉာဥ်စွမ်းအင်ကို စုပ်ယူထားခြင်းဖြစ်သည်။

မျက်စိတ်စမှိတ်အတွင်း၌ပင် ညဥ့်နက်နေပြီဖြစ်၍ ထိုမှသာ ချူးယွင်ဖန်းက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ နာရီအနည်းငယ်ကြာခန့်အတွင်းတွင် ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်း အဌမအဆင့်သို့ တက်လှမ်းသွားခဲ့သည်။

All Chapters