← Chapters

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း (၅၄၄-၅၄၆)

Vol. 37 Ch. 544-546

အခန်း(၅၄၄) နတ်ဆိုးဂိုဏ်း ရုတ်တရက် ပေါ်ပေါက်လာမှု

ချူးယွင်ဖန်းက မျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ သူ့တစ်ကိုယ်လုံး စွမ်းအားများပြည့်နေသည်ကို ခံစားလိုက်ရသည်။ သူသည် ယခင်ကထက် မြောက်မြားစွာပို၍ သန်မာလာခဲ့ပြီဖြစ်သည်။

“ငါအဆင့်ဖြတ်ကျော်ဖို့ မလိုတော့ဘူး” ချူးယွင်ဖန်းက စိတ်ထဲတွင် ပြောလို်သည်။ ယခုသူသည် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်သို့ ဖြတ်ကျော်သွားပြီးသည့်နောက် အဌမအဆင့် ကျွမ်းကျင်သူများနှင့် အဆင့်တူတွင်ရှိနေပြီဖြစ်ကာ ကျောင်းသားကောင်စီ ဒုက္ကဌကဲ့သို့လူမျိုး ဝမ်ချီနှင့် ရင်ဆိုင်ရလျှင်ပင် သူ့ကိုယ်သူကာကွယ်ရန် ခွန်အားရှိနေပြီဖြစ်သည်။

လက်ရှိအချိန်တွင် မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်ကျော်သွားခဲ့သည့် ကျွမ်းကျင်သူအချို့မှ လွဲ၍ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်မှ မည်သူ့ကိုမျှ ကြောက်နေမည်မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်မှ နည်းပြဆရာအများစုပင် သူ့ကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်တွ် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ရှိနေသော ဆရာများစွာရှိရာ ၎င်းတို့ကို အကောင်းတကာ့အကောင်းဆုံးများဟု ယူဆထားကြသည်။ သာမန် ဆရာများသည်မူ မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်၌သာရှိကြသည်။

မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင်ရှိသော နည်းပြများသာ အဖွဲ့များကို ဦးဆောင်သော နည်းပြများအဖြစ် လျှောက်ထားရန် အရည်အချင်းပြည့်မီသည်။ သို့သော် သာမန်ကျောင်းသားအချို့ကိုသာ ဦးဆောင်နိုင်ကြ၍ အမှန်တကယ် လက်ရွေးစင်ကျောင်းသားများကို မွေးဖွားခြင်းနယ်မြေအဆင့် သင်တန်းဆရာများကသာ ဦးဆောင်နိုင်သည်။

ဤသည်မှာ အကောင်းဆုံး သင်ကြားရေး အရင်းအမြစ်များကို အကောင်းဆုံး ကျောင်းသားများအတွက် အသုံးပြုမည် ဖြစ်ကြောင်း သေချာစေရန် ဖြစ်ပါသည်။ ချူးယွင်ဖန်းသည် တက္ကသိုလ်ဝင်ပြီး တစ်နှစ်အကြာတွင် နည်းပြဆရာအများစုကို ကျော်တက်သွားခဲ့သည်။ သို့သော် ယင်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ပုံစံပင်ဖြစ်သည်။ ထူးချွန်သော ကျောင်းသားများသည် အများအားဖြင့် အစောပိုင်းတွင် အလွန်အစွမ်းထက်ကြသည်။ အကယ်၍ သူသည် ကျန်းလင်းရှောင်၏အဆင့်သို့ရောက်ရှိသွားပါက၊ မွေးဖွားခြင်းနယ်မြေအဆင့် ဆရာများကြားတွင်ပင် သူ့ကို နှိမ်နှင်းနိုင်သူ အများအပြားရှိလာလိမ့်မည်မဟုတ်ပေ။

‘ငါအဆင့်ဖြတ်ပြီးရင် နောက်တစ်ဆင့်က မွေးဖွားခြင်းနယ်မြေအဆင့်ကို တက်ဖို့ပဲကျန်တယ်။ အဲ့အချိန်ကျရင် ငါ အဲ့အဆင့်မရောက်ခင်မှာတင် တက္ကသိုလ်တစ်ခုလုံးက ငါ့ကို အာရုံစိုက်လာလိမ့်မယ်’ ချူးယွင်ဖန်းက တွေးလိုက်သည်။

“ကျန်းလင်းရှောင် မင်းရဲ့ အောင်ပွဲက သေချာနေပြီလို့ မင်းထင်နေပေမယ့် ငါ့မှာ နိုင်ဖို့ အခွင့်အရေးလုံးဝမရှိဘူးလို့ ထင်နေတာလား” ချူးယွင်ဖန်းက ခပ်ပါးပါးလှောင်ရယ်လိုက်သည်။

မရဏသတ်ကွင်းသို့ ရောက်ရန် အချိန်အနည်းငယ်ခန့်ကျန်သေးသည်။ ချူးယွင်ဖန်းသည် လက်ရှိတွင် ကျန်းလင်းရှောင်နှင့် မယှဥ်နိုင်သေးသော်လည်း အချိန်တစ်ခုသာ လိုပေလိမ့်မည်ဖြစ်ကြောင်း သူသေချာသိသည်။

ချူးယွင်ဖန်းသည် သူ့ရှေ့ရှိ ကျောက်စိမ်းသေတ္တာအတွင်းမှ အတွင်းအူတိုင်ကို ကြည့်လိုက်သည်။ ကျောက်စိမ်းသေတ္တာအတွင်းမှ နတ်ဆိုးစွမ်းအင်ကို ကျောက်စိမ်းသေတ္တာဖြင့် စည်းချိပ်ပိတ်ထားသည်။ ချူးယွင်ဖန်းက သေတ္တာကို ဖွင့်လိုက်သောအခါတွင် ၎င်းသည် ကောင်းကင်ယံတစ်ခုလုံး ပြည့်သွားနိုင်သည့် နတ်ဆိုးစွမ်းအင်များကို လွှင့်ထုတ်လိုက်သည်။ ၎င်းသည် ဝိဉာဥ်စွမ်းအင်နှင့် လုံးလုံးလျားလျားခြားနားသောအရာတစ်ခုဖြစ်သဖြင့် သာမန်လူတစ်ယောက်က အသုံးချရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည်မူ မတူပေ။

ဧကရာဇ်နည်းလမ်းနှင့် ချူးယွင်ဖန်းကျင့်ကြံခဲ့သော ဧကရာဇ်ခန္ဓာကိုယ်သည် သာမန်အတွင်းစွမ်းအင်ထက် ပိုမို အားကောင်းသည် သူသည် အတွင်းအူတိုင်ထဲမှ နတ်ဆိုးစွမ်းအင်ကို အတင်းအကြပ်ပြောင်းလဲ၍ စုပ်ယူနိုင်ခဲ့သည်။

‘ဒီပြည့်လျှံနေတဲ့နတ်ဆိုးစွမ်းအင်က ငါ့ကို အဌမအဆင့် အထွတ်အထိပ်အထိရောက်အောင် လုပ်ပေးလိမ့်မယ်။ အနည်းဆုံး တစ်လလောက်အပြင်းအထန်ကျင့်ကြံဖို့ မလိုလောက်ဘူး။ ငါသာ ဆေးလုံးတစ်လုံးဖြစ်အောင် လုပ်နိုင်ရင် သူ့ရဲ့ ဆေးဖက်ဝင်အာနိသင်က စိတ်ကူးလို့တောင်ရမှာမဟုတ်ဘူး။ မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်သွားဖို့ဆိုတာ လွယ်လွယ်လေးပဲ’ ချူးယွင်ဖန်းက တွေးသည်။

မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းသည် သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားသည်။ ဤအတွင်းအူတိုင်သည် များပြားလှသော စွမ်းအားများကို ပိုင်ဆိုင်ထားသဖြင့် မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်ကျော်ရန်အသုံးပြုခဲ့ပါက အမှိုက်တစ်ခုဖြစ်သွားပေလိမ့်မည်ဖြစ်သည်။

၎င်းကို အကောင်းဆုံးအသုံးပြုခြင်းသည် ချူးယွင်ဖန်းက မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်သွားပြီးနောက် နတ်စွမ်းရည်များကို ကျင့်ကြံ၍ နတ်အဆင့်သို့ တက်လှမ်းခြင်းဖြစ်သည်။ ထိုမတိုင်မီတွင် အတွင်းအူတိုင်၏ အခြားအသုံးပြုမှုများအားလုံးသည် အလွန်အမင်းလွန်ကဲနေပေလိမ့်မည်ဖြစ်သည်။

မြင့်မြတ်သော စွမ်းရည်များကို ကျင့်ကြံနိုင်သည့် သတ္တဝါများသည် ရှားပါးလှသည်။ ၎င်းတု့ိထဲမှ တစ်ကောင်က ဒေသကြီးတစ်ခု၏ နတ်ဆိုးတစ်ကောင်ဖြစ်လာသဖြင့် သတ်ရန်မလွယ်ကူပေ။ နက္ခတ်ဂိုဏ်းသည် ဤအတွင်းအူတိုင်ကို ရရှိရန် အလွန်မြင့်မားသော စျေးနှုန်းကို ပေးဆောင်ခဲ့ရမည်မှာ သေချာသည်။ မူလက နက္ခတ်ဂိုဏ်းသည် ၎င်းကို ဖြတ်ကျော်နိုင်ရန် ဟန်ပင်းကို ပေးချင်ခဲ့သ်ည။ အဆုံးတွင်မူ ချူးယွင်ဖန်းက အကျိုးအမြတ်ရခဲ့လိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

‘ငါ့ကို နတ်အဆင့် ကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးနိုင်တဲ့ ဆေးဖော်မြူလာတွေအများကြီးကို ငါသိပါတယ်။ ပြဿနာက မွန်းစတားတစ်ကောင်ရဲ့ အတွင်း အူတိုင်က အဓိက ပါဝင်ပစ္စည်းပဲ။ အခြား ဖြည့်စွက်ပါဝင်ပစ္စည်းတွေက အတွင်း အူတိုင်လိုမျိုး စျေးမကြီးဘူး’

ချူးယွင်ဖန်းသည် မျက်လုံးများကို မှိတ်ထား၍ ပြန်တွေးလိုက်သည်။ ထိုဆေးလုံးများကို ဖော်စပ်ရန်လိုအပ်သော ချမ်းသာကြွယ်ဝမှုသည် အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်းသည် ထိုသို့သောအရာများကို ပြုလုပ်ရန် မစဥ်းစားနိုင်ခင်တွင် သူ၏ စည်းစိမ်ဥစ္စာများကို ဦးစွာစုဆောင်းခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူသည် အရင်ဆုံး မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ရမည်ဖြစ်သ်ည။ ယုံကြည်ချက်ရှိသော်လည်း ဤသည်မှာ အချိန်တိုအတွင်းပြီးမြောက်နိုင်သောအရာမဟုတ်ပေ။ သူ့အတွက် တဖြည်းဖြည်းချင်း ပြင်ဆင်ရန် အချိန်ရှိသေးသဖြင့် စိုးရိမ်နေရန်မလိုအပ်ပေ။

ချူးယွင်ဖန်းက တောင်မြစ်ပန်းချီကားထဲမှ ထွက်လာသောအခါ လေထဲတွင် နတ်ဆိုးစွမ်းအင်များပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။ ဆိုးရွားသောအရာတစ်ခုဖြစ်ခဲ့သည်ကို သူချက်ချင်းသိလိုက်သည်။ ယေဘုယျအားဖြင့် ပြော၍လျှင် လေထဲတွင် ပါရှိသော စွမ်းအင်ကို အဓိကအားဖြင့် ဝိဉာဥ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ဖြစ်နိုင်ခြေတစ်ခုသာရှိတော့သည်။ ဤသည်မှာ မွန်းစတားအုပ်ကြီးကျူးကျော်လာခြင်းပင်ဖြစ်သည်။

အဆုံးမဲ့သော မွန်းစတားကောင်များစုဝေးနေမှသာလျှင် ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်လာနိုင်မည်ဖြစ်သည်။ ထို့နောက် နတ်ဆိုးစွမ်းအင်သည် လေထဲတွင်ရှိနေသော ဝိဉာဥ်စွမ်းအင်ကို လွှမ်းမိုးသွားလိမ့်မည်။

“မွန်းစတားအုပ်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ချူးယွင်ဖန်းသည် ချက်ချင်းပင် ကြီးမားသော ကောင်းကင်ထိမြင့်သည့် သစ်ပင်ကြီးဆီသို့ ပျံတက်သွားသည်။ လရောင်၏ အကူအညီဖြင့် နောက်ဆုံးတွင် သူသည် ဖြစ်ပျက်နေသည်ကို မြင်လိုက်ရ၏။

ကြယ်တာရာကျွန်းတစ်ခုလုံးတွင် မရေမတွက်နိုင်လောက်အောင် များပြားလှသော အရွယ်အစားအမျိုးမျိုးရှိသည့် မွန်းစတားကောင်များ စုဝေးနေကြရာ ကျွန်းအလယ်ရှိ တောင်ထွတ်ကြီးဆီသို့ ချီတက်နေကြသည်။ မျက်စိဖြင့်မြင်နိုင်သလောက် မရေမတွက်နိုင်သော မွန်းစတားများကတောင်ထိပ်ကို ဝိုင်းရံထားသည်။ ထောင်ပေါင်းများစွာသော မွန်းစတားကောင်များ သို့မဟုတ် ရာထောင်နှင့်ချီသော မွန်းစတားကောင်များစွာသည် မည်သည့်နေရာကမှန်းမသိ ပေါ်လာခဲ့သည်။ ၎င်းတို့အားလုံးစုဝေးလိုက်သောအခါ ရောင်ဝါသည် အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။

ကြယ်တာရာကျွန်းထက်တွင် ခရမ်းရောင်ဖျော့ဖျော့အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ အရာအားလုံးကို ဖုံးလွှမ်းထားသည်။

“မကောင်းတာတစ်ခုခုဖြစ်သွားတယ်”

ချူးယွင်ဖန်းက သစ်ပင်ကြီးတစ်ခု၏ ထိပ်တွင် ရပ်နေသည်။ ကျွန်းတစ်ခုလုံးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခရမ်းရောင်ခပ်ဖျော့ဖျော့ အလင်းများထွက်နေသည့် ကြီးမားသော စစ်သင်္ဘောအများအပြားက အင်အားအပြည့်ဖြင့် ပစ်ခတ်နေသည်ကို မြင်လိုက်ရသည်။

သို့သော် ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတိုင်းသည် ဤခရမ်းရောင်ခပ်ဖျော့ဖျော့အတားအဆီးတွင် လှိုင်းဂယက်ငယ်များသဖွယ်သာဖြစ်သည်။ ဤခရမ်းရောင်ခပ်ဖျော့ဖျော့ အတားအဆီးကို ဖြတ်ကျော်နိုင်သည့် နည်းလမ်းမရှိပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သူ၏ စာပုံးထဲ၌ မက်ဆေ့ချ်များစုဝေးနေပြီဖြစ်ကြောင်း သိလိုက်ရကာ နောက်ဆုံးတွင် မည်သည့်အရာများဖြစ်နေပြီကို သိလိုက်သည်။

‘နတ်ဆိုးဂိုဏ်း အဲ့တာ နတ်ဆိုးဂိုဏ်းပဲ”

ပါဝင်သူများသည် နက္ခတ်ဂိုဏ်း၏တိုက်ခိုက်ရေးသင်္ဘောများ လာကြိုသည်ကို စောင့်ဆိုင်းနေကြချိန်တွင် နတ်ဆိုးဂိုဏ်းက ရုတ်တရက်ပေါ်လာကာ ပို့ဆောင်ရေးစနစ်ကို ဝင်ရောက်အသုံးပြုနှောက်ယှက်ခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးဂိုဏ်း၏ ပညာရှင်အများအပြား ရုတ်တရက် ပေါ်ပေါက်လာကာ ပါဝင်သူများကို သတိလက်လွတ်ဖြစ်နေချိန် ဝင်တိုက်ခဲ့သည်။ ခဏအကြာတွင် ပါဝင်သူအများအပြား သေဆုံးကာ အချို့သည်မူ ဒဏ်ရာရခဲ့ကြသည်။ အကယ်၍ ကျန်သူများက ရဲတိုက်ထဲသို့မဝင်ရောက်ခဲ့လျှင် ၎င်းတို့သည် ယခုအချိန်တွင် အသေသတ်ခြင်းခံရမည်မှာသေချာ၏။

ပါဝင်သူအားလုံး အသတ်မခံရသော်လည်း ၎င်းတို့သည် ကြီးမားသော ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရသည်မှာ သေချာသည်။ ရဲတိုက်ကို ခုခံကာကွယ်နေသူများသည် ဆက်လက်၍ တောင့်မခံနိုင်ကြတော့ပေ။။ ရဲတိုက်ကို ရှေ့ဆောင်စခန်း၏ သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ခဲ့သော်လည်း မပြီးပြတ်သေးပေ။ လက်နက်များမတပ်ဆင်ရသေးသောကြောင့် ပါဝင်သူများသည် ဂိုဏ်း၏တိုက်ခိုက်မှုကို တွန်းလှန်ရန် ၎င်းတို့၏ အသွေးအသားကိုသာ အားကိုးနိုင်ကြသည်။

နတ်ဆိုးဂိုဏ်းသည် ရဲတိုက်ရှိပါဝင်သူများကို တိုက်ခိုက်ရန် ကျွန်းတစ်ခွင်မှ မရေမတွက်နိုင်လောက်အောင်များပြားသော မွန်းစတားများကို စုဆောင်း၍ အခွင့်ကောင်းယူခဲ့သည်။ ထို့အပြင် နတ်ဆိုးဂိုဏ်းသည် ကြယ်တာရာကျွန်းတစ်ဝိုက်တွင် ရှည်လျားစွာမြှုပ်နှံထားသော ထောင်ချောက်တစ်ခုကို ဖန်တီးခဲ့သည်။ ဤတစ်ကြိမ်တွင် အပြင်ဘက်မှ ဂိုဏ်းအသီးသီး၏ နည်းပြဆရာများနှင့် သက်ကြီးရွယ်အိုများက သင်တန်းသားများကို ကယ်တင်ရန် ဆန္ဒရှိကြသော်လည်း မည်သူမျှ မတတ်နိုင်ကြပေ။

အခန်း(၅၄၅)နတ်ဆိုးဂိုဏ်း၏ သွေးမင်းသား ပြန်လည်ပေါ်ပေါက်လာခြင်း

ရဲတိုက်သည် သီးခြားဖြစ်သည်။ ၎င်းကို ပတ်လည်ဝိုင်းထားသည့် ထောင်ချောက်သည် အလွန်အစွမ်းထက်သည်။ နက္ခတ်ဂိုဏ်း၏ တိုက်ခိုက်ရေးသင်္ဘောများသည် ပြည်ထောင်စုထက် နိမ့်ကျသော်လည်း အများစုမှာ ပြည်ထောင်စုမှစွန့်ပစ်ထားသော ကုန်ပစ္စည်းဟောင်းများဖြစ်ကြသောကြောင့် ၎င်းတို့၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသညမှာ သေချာသည်။

ပေါက်ကွဲသံတစ်ချက်ကြောင့် တောင်တစ်တောင်သည် ချက်ချင်းပင် ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုသို့သော စွမ်းအားကို တားဆီးနိုင်သောအရာဟူ၍ မရှိလှပေ။ နတ်ဆိုးဂိုဏ်းသည် ယခုအချိန်တွင် ဤအစီအစဥ်ကို ချက်ချင်းအကောင်အထည်ဖော်ခဲ့ခြင်းမဟုတ်ပေ။ ယင်းကို ကြိုတင်စီစဥ်ထားမှသာဖြစ်နိုင်သည်။ နက္ခတ်ဂိုဏ်းအပါအဝင် ပြည်ထောင်စုတက္ကသိုလ်နှင့် ဂိုဏ်းခွဲများအားလုံးသည် ဂိုဏ်းကို ဆန့်ကျင်ရန်အကွက်ချ စီစဥ်ခဲ့ကြသည်။

နက္ခတ်ဂိုဏ်းအပါအဝင် အခြားသော နိုင်ငံရပ်ခြား ဂိုဏ်းခွဲများနှင့် မိသားစုကြီးများသည် ပြည်ထောင်စုနှင့် ပဋိပက္ခများ ရှိခဲ့သော်လည်း ၎င်းတို့သည်လည်း ပူးပေါင်း၍ဂိုဏ်းကို ဆန့်ကျင်ခဲ့ကြသည်။ သို့သော် နတ်ဆိုးဂိုဏ်းကမူ ကွဲပြားသည်။ ၎င်းတို့သည် လူသားမျိုးနွယ်ကို ဆန့်ကျင်ဖျက်ဆီးလိုသည့် အကြမ်းဖက်အုပ်စုများဖြစ်သည်။ နက္ခတ်ဂိုဏ်းသည် လူတိုင်း၏ သေစေနိုင်သော ရန်သူဖြစ်သည်။ လက်တွေ့တွင် ဂိုဏ်း၏ ဆန္ဒအတိုင်းသာဖြစ်ခဲ့လျှင် ကမ္ဘာကြီးကို မွန်းစတားများက အုပ်စိုးခဲ့ပါက လူသားများအားလုံး အမှန်ပင် ပြီးဆုံးသွားလိမ့်မည်ဖြစ်သည်။

“ကြီးကြီးမားမားတစ်ခုခုတော့ဖြစ်သွားပြီ။ ဂိုဏ်းကသာအောင်မြင်ရင် လူ့လောကရဲ့ လက်ရွေးစင်တွေအားလုံး မျိုးဖြုတ်ခံလိုက်ရမှာ ငါစိုးရိမ်တယ်” ချူးယွင်ဖန်းက ဤသည်ကိုအဝေးမှကြည့်၍ လက်ရှိအခြေအနေမှ တင်းမာမှုကို ခံစားမိလိုက်သည်။

“မင်းတို့က ဒီကို လာရဲတယ်ပေါ့ နတ်ဆိုးဂိုဏ်း၊ မင်းတို့ အစီအစဥ်ကဘယ်လိုပဲဖြစ်နေပါစေ မင်းတို့ တန်ရာတန်ကြေးပေးရလိမ့်မယ်” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

ချူးယွင်ဖန်းနှင့် ဂိုဏ်းကြားမှ ပဋိက္ခသည်တစ်ရက်နှစ်ရက်အတွင်းဖြစ်လာသောအရာမဟုတ်ပေ။ နတ်ဆိုးဂိုဏ်း က သူ၏ ညီမကို ပြန်ပေးဆွဲရန် ကြိုးစားခဲ့စဥ်တည်းက ၎င်းတို့နှင့်ပတ်သက်၍ အလျှော့ပေးလိုခြင်းမရှိခဲ့ပေ။ ချူးယွင်ဖန်းသည် ခြေကိုဆောင့်၍ တောင်ထိပ်ဆီသို့ ကြယ်တံစင်းနှယ်ပျံတက်သွားသည်။ ဤအခိုက်အတန့်တွင် ကြယ်တာရာကျွန်း၏ အပြင်ဘက်ရှိ ကြီးမားသောစစ်သင်္ဘောပေါ်တွင်၊ ဂိုဏ်းခွဲများနှင့် တက္ကသိုလ်များမှ သင်တန်းပို့ချသူများနှင့် အကြီးအကဲများအားလုံးသည်မျက်နှာများပျက်လျက် ကျွန်းကြီးကို ကြည့်နေကြသည်။ နက္ခတ်ဂိုဏ်းသည် ၎င်းတို့၏ အားနည်းသောနေရာကို တူးဆွခဲ့သည်။ ဤသောင်းနှင့်ချီသော ပါဝင်သူများသည် ၎င်းတို့၏ တစ်နှစ်တာ အကောင်းတကာ့အကေင်းဆုံးများဖြစ်ရာ အကယ်၍ ၎င်းတို့အားလုံးကို ဤနေရာတွင် သတ်လိုက်မည်ဆိုလျှင်၊ လွန်ခဲ့သော ဆယ်နှစ်ကျော်က တက္ကသိုလ်များနှင့် ဂိုဏ်းပေါင်းစုံမှ ရင်းနှီးမြုပ်နှံထားသည့် အရင်းအမြစ်များ အားလုံး အလဟဿဖြစ်သွားလိမ့်မည်ဟုဆိုလိုခြင်းဖြစ်သည်။ ဤပါဝင်သူများသည် အနာဂတ်တွင် ပြန်ပေးနိုင်မည့် အကျိုးအမြတ်များကို ထည့်သွင်းဆုံးဖြတ်လျှင် ဆုံးရှုံးမှုများကို တိုင်းတာ၍ပင်ရနိုင်လိမ်မည်မဟုတ်ပေ။

ကြယ်တာရာ ဂိုဏ်းအကြီးအကဲများသည်အားလုံး အလွန်အရှက်ရနေကြသည်။ ပါဝင်သူများသာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပါက ၎င်းတို့သည် နှိပ်စက်ညှဉ်းပန်းခံရခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အခြေခံအားဖြင့် ပြောရလျှင် ၎င်းတို့သည် ဤသို့ဖြစ်လာရသည့် အရင်းခံအကြောင်းအရင်းဖြစ်သည်။ ယခင်ညီလာခံများ၏ လမ်းကြောင်းကို မလိုက်နာသည့်အတွက် လျော်ကြေးငွေ တစ်ခုတည်းကပင် ၎င်းတို့ကို ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေလိမ့်မည်ဖြစ်သည်။

ဤအခိုက်အတန့်တွင် နက္ခတ်ဂိုဏ်းကို စိုက်ကြည့်နေစဉ် သက်ကြီးရွယ်အိုများနှင့် သင်တန်းဆရာများ၏ မျက်လုံးများ မှုန်ဝါးသွားခဲ့သည်။

"မြန်မြန်လုပ်ပါ။ အတားအဆီးကို ဖယ်လိုက်။ မဟုတ်ရင် မင်းတို့အားလုံး ဒုက္ခရောက်လိမ့်မယ်” အကြီးအကဲများနှင့် သင်တန်းဆရာများ၏ အကြည့်များသည် အလွန်ထက်မြက်သော ဓားများနှင့်တူသည်။

အကယ်၍ ၎င်းတို့သာ ဤစစ်သင်္ဘောပေါ်တွင် မရှိခဲ့ပါက၊ အဆိုပါ သင်တန်းပို့ချသူများနှင့် အကြီးအကဲများသည် ၎င်းတို့၏ အသက်ကို စွန့်စားရပေလိမ့်မည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်အထက် ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။ ၎င်းတို့လှုပ်ရှားသည်နှင့် နောက်ဆက်တွဲဆိုးကျိုးများမှာ မှန်းဆ၍မရပေ။

“ကျနော့် ပါဝင်သူတွေ အားလုံး အဆင်ပြေကြပါစေ။ မဟုတ်ရင် အကျိုးဆက်က မင်းမတတ်နိုင်တဲ့အရာဖြစ်လိမ့်မယ်” ချင်းဟွာတက္ကသိုလ်မှ နည်းပြဆရာက စပြောသည်။

“ဒီအခင်းအကျင်းနဲ့ ပတ်သက်ပြီး နတ်ဆိုးဂိုဏ်းကဘယ်လိုလေ့လာခဲ့လဲ။ ဒီအတားအဆီးကို ကြိုစိုက်ထားတုန်းက ဒီအကြောင်း မသိဘူးလို့ မပြောပါနဲ့။ မင်းရဲ့အတွင်းရေး လျှို့ဝှက်ချက်တွေကို ပေါက်ကြားခဲ့ပြီး တစ်စုံတစ်ယောက်ဟာ နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းလိုက်တာပဲ။ ဒီကိစ္စကို ငြိမ်မခံသင့်ဘူး”

“ဒီကိစ္စပြီးသွားတဲ့အခါ မင်း ငါတို့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်ပေးရမယ်။ မဟုတ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို မင်းခံဖို့ခက်လိမ့်မယ်”

ဆရာများနှင့် အကြီးအကဲများက သည်းမခံကြပေ။ ၎င်းတို့၏ နောက်ကွယ်မှ အင်အားစုများသည် အလွန်အင်အားကြီးမားလှသည်။ နက္ခတ်ဂိုဏ်း၏ အကြီးအကဲများသည် မိမိတို့နောက်ကွယ်မှ လူသတ်အကြည့်များကို ခံစားနိုင်သည်။ ယခုအချိန်တွင် စစ်သင်္ဘော ဆယ်စီးကျော်ကို စုစည်းထားပြီး ခရမ်းရောင်အတားအဆီးကို အဆက်မပြတ် ဗုံးကြဲလျက်ရှိသည်။ သို့သော်လည်း အချိန်မီ ဆောင်ရွက်နိုင်မည်ဟု မသေချာခဲ့ပေ။ ပါဝင်သူများ၏ အသက်အိုးအိမ် စည်းစိမ်သည် စိန်ခေါ်မှုများ ရှိနေသည်။

ဤအခိုက်အတန့်တွင် တောင်ပေါ်ရှိ ရဲတိုက်တွင် ပါဝင်သူများသည် ဘီလူးလှိုင်းတံပိုးများစွာကို တွန်းလှန်နေပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရဲတိုက်နံရံများသည် ၎င်းတို့ကို ကြားခံရန် နေရာအလုံအလောက်ပေးထားသည်။ မဟုတ်ပါက၊ ၎င်းတို့ထက် အဆပေါင်းများစွာ ပိုမိုအင်အားကောင်းသည့် ဘီလူးများ၏ ဝိုင်းရံခံထားရ၍ အသတ်ခံရပြီမှာ ကြာနှင့်ခဲ့လောက်ပြီဖြစ်သည်။ တောင်ထိပ်မှ တောင်ခြေအထိ မွန်းစတားများစွာရှိနေရာ အဆုံးမရှိပေ။ ရဲတိုက်ကို ကာကွယ်ထားကာ ပါဝင်သူများသည် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း နာရီအနည်းငယ်အတွင်း လူသုံးထောင်ကျော် သေဆုံးခဲ့သည်။ ၎င်းတို့၏ အလောင်းများကို ရှာမတွေ့နိုင်တော့ပေ။ မြို့ရိုးပေါ်မှ ပြုတ်ကျသူများသည် တွင်ရှိနေသော မွန်းစတားများ၏ စားသောက်ခြင်းကို ခံခဲ့ရသည်။

ကျန်ပါဝင်သူ တစ်သောင်းထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ ယခုအချိန်တွင် ယခင်က ချူးယွင်ဖန်းကြောင့် ဒဏ်ရာရရှိခဲ့သော မေ့ဟိုက်ယွင်နှင့် အခြားသူများသည် လွတ်မြောက်ရန် လမ်းမရှိတော့ဘဲ သေရတော့မည်ကို သိထားသဖြင့် ၎င်းတို့၏ ဒဏ်ရာရ အလောင်းများကို ရှေ့တန်းတွင် ကာဆီးထားလိုက်သည်။

ဤသည်မှာ မျိုးနွယ်စုနှစ်ခုကြားမှ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြားတိုက်ပွဲဖြစ်သည်။ လူတိုင်းက အံကြိတ်၍ တောင့်ခံထားကြသည်။ အပြင်ဘက်မှ ၎င်းတို့၏ နည်းပြဆရာများက ၎င်းတို့ကို ကယ်တင်ရန် နည်းလမ်းကို တွေးနေသည်မှာ သေချာကြောင်း သူတို့ သိကြသဖြင့် ထိန်းထားရမည့် နည်းလမ်းကိုသာ စဥ်းစားနေကြသည်။ ဤအခိုက်အတန့်တွင် မွန်းစတားကြီးတစ်ကောင်၏ ခေါင်းထက်၌ သွေးနီရောင်အဝတ်အစားဝတ်ထားသော အမျိုးသားတစ်ဦးသည် သူ့ရှေ့ရှိ အရာအားလုံးကို အေးစက်စွာကြည့်နေသည်။ ဤလူ၏ သြဘာသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်နှင့် တစ်သားတည်းဖြစ်နေသည်အထိ အလွန် စွမ်းအားကြီးလှသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် ပတ်ဝန်းကျင်ရှိ မွန်းစတားများကို တုန်လှဒပ်စေကာ သူ့ခြေရင်း၌ ဒူးထောက်ကျစေသည်။

“စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလိုပါရမီရှင်တွေကို သတ်ပစ်ရတာ စိတ်ဝင်စားစရာပဲ”သွေးနီရောင်ဝတ်စုံဝတ်ထားသော အမျိုးသားက အေးစက်စွာပြုံး၍ ပြောသည်။ အကယ်၍ ချူးယွင်ဖန်းသာ ဤနေရာတွင် ရှိနေခဲ့ပါက ဤသည်မှာ တောင်မြစ်ပန်းချီကားထဲ၌ ချူးယွင်ဖန်းကို အတင်းအကြပ်ပုန်းအောင်းစေနိုင်ခဲ့သော နတ်ဆိုးဂိုဏ်း၏သွေးမင်းသားဖြစ်ကြောင်း သတိထားမိပေလိမ့်မည်ဖြစ်သည်။

သွေးမင်းသားသည် အမှန်တကယ်ပင် နတ်ဆိုးဂိုဏ်း၏ မျိုးဆက်သစ်လူငယ်များကြားမှ အထွတ်အထိပ်ပုဂ္ဂိုလ်ဖြစ်သည်။

ထို့အပြင် ဤစစ်ဆင်ရေးကို သွေးမင်းသားက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ သူ့နောက်တွင်မူ အနက်ရောင်အဝတ်အစားများဝင်ထားသည့် လူပေါင်း တစ်ဒါဇင်ကျော်ခန့်ရှိသည်။ ဤလူတစ်ယောက်စီတွင် အလွန်ပြင်းထန်သော အရောင်အဝါများရှိနေကာ တစ်ယောက်စီတိုင်းသည် မေ့ဟိုက်ယွင်ထက်ပင် ပို၍ သန်မာလှသည်။

၎င်းတို့၏ နောက် မနီးမဝေးတွင် ထိန်းသိမ်းထားရန် အကောင်းဆုံးကြိုးစားနေသည့် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ရှိသည်။ နက္ခတ်ဂိုဏ်း၏ ထောက်လှမ်းမှုကို ကျော်ဖြတ်၍ မည်သူမျှ သတိမထားမိဘဲ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကြယ်တာရာကျွန်းသည် နက္ခတ်ဂိုဏ်းမှ တစ်ကြိမ်သာ စူးစမ်းလေ့လာဖူးသည့် လူဆိတ်ညံသော မြေဖြစ်သဖြင့် နက္ခတ်ဂိုဏ်းက ကျွန်း၏ လျှို့ဝှက်ချက်မျာအားလုံးကို ဖော်ထုတ်ရန် မဖြစ်နိုင်ခဲ့ပေ။ ဤနေရာတွင် ရှေးကျသော အခင်းအကျင်းတစ်ခုရှိသည်ကို ၎င်းတု့ိက မသိခဲ့ကြပေ။ နတ်ဆိုးဂိုဏ်းက ယင်းကို အရင်ရှာတွေ့ခဲ့ရာ ဤသို့ဖြင့် ၎င်းတို့အားလုံးသည် လေထုထဲမှ ထွက်ပေါ်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ပုံမှန်အခြေအနေအရ၊ ဤပင်လယ်ဧရိယာသည် နက္ခတ်ဂိုဏ်းက နှစ်များစွာကြာပိတ်ထားခဲ့ပေလိမ့်မည်ဖြစ်၍ ပြင်ပလူများဝင်ရောက်ခွင့်မရှိပေ။

“ငါတို့ လုပ်ရမယ့်အချိန်ပဲ။ စက္ကန့်တိုင်းမှာ ဒီပို့ဆောင်ရေး လမ်းကြောင်းက သန်းပေါင်းများစွာရှိတဲ့ အရင်းအမြစ်တွေကို စားသုံးနေတာ။ ငါတို့ မြန်မြန်ချီတက်ပြီး ရဲတိုက်ထဲကို ချိုးဖောက်ဝင်ရမယ်။ နတ်အဆင့် မွန်းစတားတစ်ကောင်ရဲ့ အတွင်းအူတိုင်ကို အခုနှစ်မှာ ဆုကြေးအဖြစ်ပေးထားတယ်လို့ကြားတယ်။ အဲ့တာကို လိုက်ရှာကြ” သွေးမင်းသားက အော်လိုက်သည်။

“ဟုတ်ကဲ့ပါဆရာ”

အနက်ရောင်ဝတ်စုံဝတ်စားထားသူများက တုံ့ပြန်၍ ရဲတိုက်နောက်သို့ အရှိန်ပြင်းစွာ ပျံသွားကြသည်။

အခန်း(၄၅၆) ကျရောက်တော့မည့် အန္တရာယ်

အနက်ရောင်ဝတ်လူပေါင်းများစွာတို့သည် အရှိန်ပြင်းစွာဖြင့် ပျံသန်းသွားကြသည်။ ၎င်းတို့၏ ဟန်ပန်အမူအရာများသည် ရဲတိုက်ရှိထောင်နှင့် ချီသော ပါဝင်သူများကို ထိတ်လန့်စေခဲ့သည်။ ဤလူများအားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်တွင်ရှိနေသူများဖြစ်ကြကာ မေ့ဟိုက်ယွင်ထက်ပင် ပို၍ သန်မာသည်။

ပါဝင်သူများသည် ဤဒါဇင်နှင့်ချီသော လူများ အဝေးမှ ကြောက်မက်ဖွယ်အမူအရာများကို ခံစားမိနိုင်ကြသည်။

“ဂိုဏ်းက လူတွေအများကြီးကို လွှတ်လိုက်တာ။ ငါတို့ကို တကယ် သေစေချင်နေတာပဲ” ဤအချိန်တွင် မေ့ဟိုက်ယွင်က မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။ သူသည် ချူးယွင်ဖန်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်းမရှိခဲ့ပေ။ ပြင်းထန်သော တိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် မေ့ဟိုက်ယွင်သည် သူ၏ ခွန်အားအပြည့်အဝကို ပြန်လည်မရရှိခဲ့ပေ။ ဂိုဏ်း၏ ပညာရှင်ပေါင်းများစွာကို တွေ့လိုက်သောအခါ သူ့ကျော်ရိုးတစ်လျှောက် အေးစက်သွားသည့်နှယ်ခံစားလိုက်ရသည်။ မေ့ဟိုက်ယွင်တစ်ယောက်တည်းတင်သာမက သုန်ဖန်ဟောက်၊ ဟန်ပင်း၊ စီတုကျီယင်းနှင့် အခြားသူများသည်လည်း အလားတူအခြေအနေတွင်ရှိနေကြသည်။ ၎င်းတို့က အပြည့်အဝပြန်မကောင်းလာကြသေးသော်လည်း သာမန်လူများထက် များစွာပို၍ စွမ်းအားကြီးလှသေးသဖြင့် ရှေ့တန်းတွင်တိုက်ပွဲဝင်နေကြသည်။ ဤနတ်ဆိုးဂိုဏ်း၏ ပညာရှင်ပေါင်းများစွာသည် ပါဝင်သူတစ်သောင်းကျော်နီးပါးလုံးကို ပြိုလဲသွားစေရန်မလုံလောက်ပေ။ ဤလူများသည် သခင်အိုတစ်ဦးကိုပင် သာမန်ကာလျှံကာလက်သီးဖြင့် ထိုး၍သတ်နိုင်သည်။ အကယ်၍ ဤသောင်းနှင့်ချီသော လူများခိုးဝင်ဝံ့ပါက ၎င်းတို့သည် ထောင်သောင်းများစွာသော ပါဝင်သူများ၏ ရိုက်နှက် ပညာပေးခြင်းကို ခံရပေလိမ့်မည်ဖြစ်သည်။ မှန်သည်။ မွန်းစတားထောင်ချီကြောင့်သာမဟုတ်လျှင် ၎င်းသည် ကိစ္စတစ်ခုဖြစ်ပေလိ့မ်မည်ပင်မဟုတ်ပေ။

သို့သော် အနက်ရောင်ဝတ်လုံကျွမ်းကျင်သူများက ကာကွယ်ရေးစည်းကို ဖြတ်ကျော်လိုက်သည်နှင့် ၎င်းတို့နောက်ရှိ မွန်းစတားများသည်လည်း ခံစစ်စည်းတစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်လိမ့်မည်မှာ သေချာလှသည်။ ထို့နောက် ပါဝင်သူများအားလုံးပြီးဆုံးသွားပေလိမ့်မည်ဖြစ်သည်။

ရဲတိုက်၏ အကာအကွယ်မပါဘဲ ဤပါဝင်သူများသည် ဤမျှ များပြားသော မွန်းစတားများ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

“မဖြစ်ဘူး ငါတို့ အသက်ကို စွန့်စားရရင်တောင် သူတို့ကို တားရမယ်။ မဟုတ်ရင် ခံစစ်စည်းတစ်ခုလုံးပြိုကျပြီး သေခြင်းတရားက လွတ်မြောက်မှာမဟုတ်ဘူး” မေ့ဟိုက်ယွင်က အော်သည်။

“ချူးယွင်ဖန်းမရှိတာ နှမျောစရာပဲ။ သူသာဆိုရင် အနည်းဆုံး ငါတို့ ဒီလောက် အခြေအနေဆိုးမှာမဟုတ်ဘူး” ယွီဖုန်းက ရုတ်တရက်ပြောလိုက်၏။

သို့မှသာ ၎င်းတို့၏ နှလုံးသားထဲ၌ အရိပ်ကြီးတစ်ခု ချန်ရစ်နိုင်ခဲ့သော ကောင်လေးတစ်ယောက်အကြောင်း သတိရသွားကြသည်။ ၎င်းတို့ ရင်တွင်းတွင် ဖြစ်တည်လာခဲ့သည့် အကြောက်တရားကို ပြန်လည် အမှတ်ရကြသည်။ ယခုအချိန်တွင် ၎င်းတို့၏ ပြိုင်ဘက်ဟောင်းက ၎င်းတို့အတွက် အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်လာသည်။ ချူးယွင်ဖန်းသာ ဤနေရာတွင်ရှိနေခဲ့ပါက သူသည် အနက်ရောင်ဝတ်လုံကျွမ်းကျင်သူ အနည်းဆုံးတစ်ဦး သို့မဟုတ် နှစ်ဦးကို ထိန်းထားနိုင်မည်ဖြစ်သည်။ သူသည် အားလုံးကို အနိုင်ယူနိုင်မည်မဟုတ်သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့ထဲမှ အချို့ကို ထိန်းထားနိုင်လိမ့်မည်။

“အသုံးမဝင်ဘူး ချူးယွင်ဖန်းဒီမှာရှိတော့ရောဘာဖြစ်လဲ။ သူ လူနည်းနည်းလောက် ထိန်းထားနိုင်တော့ရော ဘာဖြစ်လဲ။ ဒီမှာ တစ်ဒါဇင်လောက်ရှိနေတာ။ ချူးယွင်ဖန်း ဒီမှာရှိရင်တောင် သူသေတွင်းသူတူးသလိုပဲဖြစ်နေမှာ။ လက်တွေ့မကျတာတွေ အခုမတွေးကြရအောင်။ ငါတို့ ဒီလူတွေကို ထိန်းထားဖို့ နည်းတွေတွေးရလိမ့်မယ်။ လူတိုင်းက မရီးဒျန်သန့်စင်ခြင်း ပဥ္စမအဆင့်အထက်မှာရှိနေကြတာ။ ငါတို့ သူတို့ကို ထိန်းထားရမယ်။ ငါတို့ရှိသလောက်ထုတ်သုံးရင် လက်နှစ်ခောျင်းက လက်လေးချောင်းကို မတိုက်နိုင်ဘူး။ လူတိုင်း၏ မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် တောက်လောင်သွားသည်။ မှန်သည်။ အနက်ရောင်ဝတ်ရုံကျွမ်းကျင်သူများကို ဝိုင်း၍တိုက်ခိုက်နှောင့်နှေးစေပါက ထိုသူများသည် အနှေးနှင့်အမြန်သေဆုံးကြရပေလိမ့်မည်။

ထို့အပြင် ၎င်းတို့တွင် အခြားရွေးချယ်ခွင့်မရှိပေ။ ဤအနက်ရောင်ဝတ်ရုံလူများသည် စွမ်းအားလွန်ကဲကြ၍ မရီးဒျန်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ် ကျွမ်းကျင်သူများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ပို့ဆောင်‌ရေးလမ်းကြောင်းကို ထိန်းသိမ်းခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောအ ရင်းအမြစ်များလိုအပ်သောကြောင့်ဖြစ်သည်။ သယ်ယူပို့ဆောင်ရေးတိုင်းသည် အလွန်များပြားသော အရင်းအမြစ်များလိုအပ်သည်။ ထို့ကြောင့် ဤနေရာသို့ စေလွှတ်ရန် ရွေးချယ်ခံရသူများမှာ လက်ရွေးစင်များဖြစ်ကြသည့် အကောင်းတကာ့အကောင်းဆုံးပုဂ္ဂိုလ်များဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် ဝတ်ရုံပြည့်ကျွမ်းကျင်သူများစွာသည် ရှေ့တန်းသို့ ချီတက်လာခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် မကွဲမလွင့်ဘဲ ခုခံရေးလမ်းကြောင်းကို ဖွင့်ရန် အတူတကွကြိုးစားရုန်းကန်နေကြသည်။ ၎င်းတို့၏ တိုက်ခိုက်မှုသည် ခံစစ်စည်းကို အပြင်းအထန်ထိုးဖောက်နေသော ပြင်းထန်သည့် လေနှင့်တူသည်။

အနက်ရောင်ဝတ်ရုံကျွမ်းကျင်သူများအားလုံးသည် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ် ကျွမ်းကျင်သူများဖြစ်ကြသဖြင့် ထိုသို့သော ကျွမ်းကျင်သူများ စုစည်းမိသောအခါတွင် ၎င်းတို့၏ စွမ်းအားမှာ စိတ်ကူးယဥ်၍ပင်မရပေ။ တစ်ခဏချင်း၌ပင် ၎င်းတို့သည် ခံစစ်စည်းကို ထိုးဖောက်ဝင်ရောက်လာကြသည်။

ပါဝင်သူများသည် တစ်ကြိမ်တည်းဖြင့် အကြိတ်အနယ် ထိုးနှက်ခံလိုက်ကြရသည်။ ၎င်းတို့သည် အနက်ရောင်ဝတ်ရုံကျွမ်းကျင်သူများထံမှ သိုင်းကွက်တစ်ခုတည်းကိုပင် တားဆီး၍ မရပေ။ သို့သော် ဤနတ်ဆိုးဂိုဏ်း၏ ကျွမ်းကျင်သူများသည် မေ့ဟိုက်ယွင်ဦးဆောင်သော ပါဝင်သူများထဲမှလက်ရွေးစင်များကြကာ ၎င်းတို့၏ ပြိုင်ဘက်များနှင့် လျင်မြန်စွာ တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့သည် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်တွင်ရှိနေသည့် ကျွမ်းကျင်ပညာရှင်များနှင့် မယှဥ်နိုင်သော်လည်း ရာနှင့်ချီအောင်များပြားနေလှသောအခါတွင်မူ ၎င်းတို့သည်နတ်ဆိုးဂိုဏ်း၏ ကျွမ်းကျင်သူများကို တားဆီးနိုင်ကြသေး၏။

အချိန်အတိုင်းအတာတစ်ခုအထိ အခြေအနေသည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည်။ အနက်ရောင်ဝတ်ရုံသိုင်းပညာရှင်များသည် စွမ်းအားကြီးလှသည်။ ၎င်းတို့တစ်ဦးစီသည် လူများစွာကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းနိုင်ကြ၏။ သို့သော် ပါဝင်သူများ ပိုမိုများပြားလာသည်နှင့်အမျှ ဝတ်ရုံနက် ကျွမ်းကျင်သူများသည် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကြသည်။ ဤပါဝင်သူများသည် ကျင့်ကြံရေးအဆင့်သတ်မှတ်ချက်အရ ၎င်းတို့နှင့် နှိုင်းယှဉ်၍မရပေ။ သို့သော် ၎င်းတို့အားလုံးသည် လက်ရွေးစင်များထဲမှ လက်ရွေးစင်များဖြစ်ကြသည်။

၎င်းတို့ သင်ယူခဲ့ရသော အသိပညာသည် နတ်ဆိုးဂိုဏ်းမှထိပ်တန်းကျွမ်းကျင်သူများ နှိုင်းယှဥ်၍ ရသောအရာမဟုတ်ပေ။ အချိန်တစ်ခုအကြာအထိ အခြေအနေအားလုံး ရပ်တန့်နေသည်။

“သူတို့ကို ထိန်းထား။ ငါတို့ သူတို့ကို ထိန်းထားနိုင်ရင် အကုန်ပြီးသွားပြီ” မေ့ဟိုက်ယွင်က အော်သည်။

“ထိန်းထား၊ အတားအဆီးက ကြာကြာမခံပါဘူး။ ငါတို့ကို မကြာခင်လာကယ်မှာပါ”

မေ့ဟိုက်ယွင်၏ စကားများက ပါဝင်သူများကို အားဖြစ်စေသည်။ ဤအရာက ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ မထိန်းနိုင်လျှင် အားလုံး သေကြရလိမ့်မည်။ ၎င်းတို့ ရှင်သန်နိုင်သည့် အခွင့်အလမ်းမရှိတော့ပေ။

“ထိန်းထားရမယ်ဟုတ်လား ဟားဟားဟား မေ့ဟိုက်ယွင် ငါမင်းအကြောင်းကြားဖူးပါတယ်။ ဒီနေ့က မင်းသေနေ့ပဲ”

ရုတ်တရက် ကျယ်လောင်သောအော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် သွေးရောင်သဏ္ဍာန်တစ်ခုသည် ကောင်းကင်ယံထံသို့ ပျံတက်သွားရာ လူအုပ်ထဲသို့ချီတက်လာသည်။ ပါဝင်သူအချို့ သတိလက်လွတ်ဖြစ်၍ ပွဲချင်းပြီး သေဆုံးသွားကြသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် အသေအလဲခံခဲ့သည်။ ဤစကားထွက်လာလျှင် ဟာသတစ်ခုသဖွယ်ဖြစ်နေပေလိမ့်မည်။ သို့သော် ပြိုင်ဘက်က မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်နေလျှင်မူ ခြွင်းချက်ဖြစ်သည်။

အကယ်၍ ပြိုင်ဘက်သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်ပါက အရာအားလုံးသည် လုံးဝကွဲပြားသွားလိမ့်မည်ဖြစ်သည်။

လူတိုင်းက ချက်ချင်း တုံ့ပြန်ကြသည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး ဝင်ရောက်လာ၏။

လူတိုင်း၏ အမူအရာများပြောင်းလဲသွားသည်။ မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် အနက်ရောင်ဝတ်ရုံဝတ်ကျွမ်းကျင်သူများသည် ၎င်းတို့ကို စိတ်ဓာတ်ကျစေရန် မလုံလောက်ခဲ့ပေ။ ၎င်းတို့နှင့် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်ကြားတွင် ကွာဟချက်ရှိသော်လည်း လူအရေအတွက်ကို အမီလိုက်နိုင်မည်မဟုတ်သောကြောင့် ၎င်းသည် ကြီးကြီးမားမားမဟုတ်ပေ။

သို့သော် ပြိုင်ဘက်က မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်နေလျှင်မူ ယင်းမှာ အခြားကိစ္စတစ်ရပ်ဖြစ်သည်။

ရန်နှင့်တု မရီးဒျန်များကို ဖွင့်ထားသောကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများက ထောင်နှင့် ချီသော တပ်များကို မကြောက်ကြပေ။ ၎င်းတို့သည် ပတ်ဝန်းကျင်မှ ချီစွမ်းအင်များကို စုပ်ယူ၍ အချိန်မရွေးပြန်လည်ဖြည့်တင်းနိုင်သည်။ ထောင်နှင့်ချီသော တပ်များက ဝိုင်းထားသော်လည်း လွတ်လွတ်လပ်လပ်သွားလာနိုင်ကြသေးသည်။ ၎င်းတို့ကို အကြိမ်ကြိမ်သတ်ပစ်ရန် လုံလောက်၏။

ထောင်ပေါင်းများစွာသော စစ်သားများနှင့် မြင်းများပင်လျှင် ဤအဆင့် ကျွမ်းကျင်သူကို သတ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့ရာတွင် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကမူ ၎င်းတို့ ဒါဇင်ပေါင်းများစွာကို သတ်ရန် မခက်ခဲပေ။ ၎င်းတို့အားလုံး အသတ်ခံရရန် အချိန်ကြာလိမ့်မည်မဟုတ်ပေ။

ပါဝင်သူများက နောက်ထပ်ရောက်လာသောလူကို မြင်လိုက်ကြသောအခါ ချက်ချင်း မှတ်မိသွားကြသည်။

“အဲ့တာ သွေးမင်းသားပဲ”

All Chapters