← Chapters

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း (၅၄၇-၅၄၉)

Vol. 37 Ch. 547-549

အခန်း(၅၄၇) မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ၏ ကြောက်လန့်ဖွယ်

လူတို်ငး၏ အမူအရာများပြောင်းလဲသွားသည်။ သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်တစ်ယောက်ဖြစ်လျှင် ၎င်းတို့သည် အခွင့်အရေးတစ်ခုရှိနေကြဦးမည်ဖြစ်သော်လည်း သွေးမင်းသားသည်မူ သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူမဟုတ်ကြောင်း သိသာလှသည်။

သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ပုံမှန်အားဖြင့် အသက် ၅၀၊ ၆၀ ဝန်းကျင်ရှိကာ တချို့သည် အသက် ၇၀၊ ၈၀ ဝန်းကျင်ရှိနိုင်သည်။ သို့သော်လည်း သွေးမင်းသားသည် ထိုမတိုင်မီကပင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်လာခဲ့သည်။ သူ၏ ခွန်အားသည် သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များနှင့် နှိုင်းယှဉ်နိုင်သည့် အရာမဟုတ်ပေ။

လက်သီးသည် လူငယ်ကို ကြောက်သည်။ ဤနိယာမကို မွေးဖွားခြင်းနယ်မြေအဆင့်တွင်လည်း ကျင့်သုံး၍ရသည်။ အသက်ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ကျော်ကျွမ်းကျင်သူနှင့် အသက်နှစ်ဆယ်ကျော် ကျွမ်းကျင်သူတို့အကြား နှိုင်းယှဥ်၍ မရပေ။ ၎င်းတို့သည် တူညီသော ကျင့်ကြံရေးအဆင့်တွင် ရှိနေကြလျှင်ပင် အသက်ခုနှစ်ဆယ်သို့မဟုတ် ရှစ်ဆယ်ကျော် ကျွမ်းကျင်သူတစ်ဦးသည် ထိုငယ်ရွယ်သော ကျွမ်းကျင်သူများထံတွင်အနိုင်ယူခြင်း ခံရနိုင်၏။

ထို့အပြင် သွေးမင်းသားသည် နတ်ဆိုးဂိုဏ်း၏ ကြီးမြတ်‌သော မင်းသားလေးပါးထဲမှ တစ်ပါးရှိသည်။ သူ နာမည်ကြီးလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၎င်းတို့ကဲ့သို့ ပါဝင်သူများပင်လျှင် သွေးနတ်ဆိုးအကြောင်း ကြားဖူးကြသည်။

“သွေးမင်းသားပဲ”

လူတစ်ယောက်က အံ့သြစွာအော်လိုက်သည်။ ၎င်းသည် အမှန်ပင် နတ်ဆိုးဂိုဏ်း၏ မင်းသားလေးပါးထဲမှ တစ်ပါးဖြစ်သည့် သွေးမင်းသားဖြစ်သည်။

“မှန်တယ် အဲ့တာ ငါပဲ။ ကြည့်ရတာ ငါတော်တော် နာမည်ကြီးနေပုံပဲ။ မင်းတို့အားလုံး ငါ့ကို သိကြတယ်ပေါ့” သွေးမင်းသားက အပြုံးမပျက်ပြောသည်။

“ ပညာရှိသောသူသည် အခြေအနေအရပ်ရပ်ကို လိုက်လျောတတ်၏ ဆိုတဲ့ ဆိုရိုးစကားလိုပဲ မင်းတို့အားလုံးက ပြည်ထောင်စုက ရွေးထားတဲ့ လက်ရွေးစင်တွေပဲ။ ငါတို့ရဲ့ နတ်ဆိုးဂိုဏ်းကမင်းလိုမျိုး လက်ရွေးစင်နဲ့ ပါရမီရှင်းတွေသိပ်မရှိလှဘူး။ ငါမင်းတို့ကို အခွင့်အရေးပေးမယ်။ မင်းတို့သာ နတ်ဆိုးဂိုဏ်းကို တလိုတလားပူးပေါင်းမယ်ဆိုရင် မင်းတို့ သေစရာမလိုဘူး”

“သွေးမင်းသား အဲ့တာဖြစ်နိုင်တယ်လို့ ထင်လား” မေ့ဟိုက်ယွင်က အေးစက်စွာပြောသည်။

“ငါတို့က လူသားတွေကြားက နဂါးတွေပဲ။ မင်းရဲ့ ဂိုဏ်းက ပိုးကောင်တွေ အမှိူက်တွေချည်းပဲ။ မင်းက အလင်းထဲကို မထွက်ရဲတဲ့ အရိပ်ထဲပဲပုံးနေတဲ့ ကြွက်တွေပဲ”

ဤသည်မှာ မေ့ဟိုက်ယွင်သာမကပေ။ သုန်ဖန်ဟောက်နှင့် အခြားသူများပင်လျှင် ၎င်းတု့ိ၏ မျက်နှာထက်တွင် ရွံရှာသောအမူအရာများထင်ဟပ်နေ၏။ နတ်ဆိုးဂိုဏ်းက မည်သို့သော အဖွဲ့အစည်းမျိုးဖြစ်ကြောင်း ၎င်းတို့ ကောင်းစွာသိထားသည်။ ၎င်းတို့သည် အကြမ်းဖက်သမားတစ်စုမျှသာဖြစ်သည်။

၎င်းတို့သာ နတ်ဆိုးဂိုဏ်းနှင့် ပူးပေါင်းပါက ကြွက်များအစုအဝေးသာဖြစ်ပေလိမ့်မည်။ ဤသည်က တိုက်ပွဲတွင် သေသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာဖြစ်သည်။

“ဟူး မင်းတို့ ပြည်ထောင်စုက လူတွေ အရမ်း ခေါင်းမာကြတယ်။ ချူးယွင်ဖန်းလည်း အတူတူပဲ။ မင်းတို့လည်း အတူတူပဲ။ မင်းတို့ ငါ့ကို တကယ်စိတ်ပျက်စေတာပဲ။ မင်းတို့က သူရဲကောင်းတွေဖြစ်လိမ့်မယ်လို့ ငါထင်ခဲ့တာ” သွေးမင်းသား၏ မျက်နှာထက်တွင် အနည်းငယ်နှမျောသောအမူအရာမျိုးပေါ်လာသည်။

“မင်းတို့အားလုံးက ဖန်လုံအိမ်ထဲပျိုးထားတဲ့ ပန်းတွေပဲ။ မင်းတို့ စကားပုံတစ်ခု မကြားဖူးဘူးလား။ ‘အသက်နဲ့ သေခြင်းကြားမှာ ကြီးမားတဲ့ ကြောက်လန့်စိတ်တစ်ခု ရှိတယ်တဲ့။ မင်းတို့အားလုံးက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားက ယုတ္တိဗေဒကို နားမလည်ကြဘူးပဲ”

“မင်းတို့အားလုံး ဒီစကားကို နားမလည်ကြတဲ့အတွက် ငါမင်တို့ကို ခံစားခွင့်ပေးလိုက်မယ်”

သွေးမင်းသားက စတင်လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ပြင်းထန်သော လေတိုက်သံတစ်သံကို ကြားလိုက်ရသည်။ တစ်ခဏချင်း၌ပင် သွေးမင်းသားသည် မေ့ဟိုက်ယွင်၏ အရှေ့သို့ ရောက်လာ၏။

သွေးမင်းသာသည် ကောင်းကင်ယံတစ်ခုလုံးကို သွေးရောင်လွှမ်းသွားစေနိုင်သည့် လက်ဝါးဖြင့် ဆန့်ထုတ်၍ မေ့ဟိုက်ယွင်ကို တိုက်ခိုက်လိုက်သည်။ ၎င်းသည် ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုမျှသာဖြစ်သော်လည်း ၎င်းသည် ပကတိအနုပညာနှင့် မယှဥ်နိုင်သည့် ထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားတစ်ခု ရှိသည်။

မေ့ဟိုက်ယွင်သည် တိုက်ခိုက်မှုကို တားဆီးရန် လက်နှစ်ဖက်ကို အဆောတလျင်မြှောက်လိုက်သော်လည်း အပြည့်အဝ မတုံ့ပြန်နိုင်ခဲ့ပေ။ သူသည် ယင်းနှင့်ထိမှန်၍ ချက်ချင်းပင် နောက်သို့ လွင့်ထွက်သွားသည်။

မေ့ဟိုက်ယွင်လွင့်ထွက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကျိုးကြေသွားသည့်ပုံပေါ်သည်။ သူသည် သွေးတစ်ပွက်အန်ထွက်ကာ‌မြေပြင်ပေါ်သို့ ပြင်းထန်စွာလဲကျသွာသည်။

ဤသည်က တစ်ချက်တည်းဖြင့်တိုက်ခိုက်လိုက်ခြင်းသာဖြစ်သော်လည်း မေ့ဟိုက်ယွင်သည် ဒဏ်ရာအပြင်းအထန် ရနေခဲ့ပြီဖြစ်သည်။ မေ့ဟိုက်ယွင်က သူ၏ အပြည့်အဝအခြေအနေတွင် မရှိနေခြင်းကြောင့်ဖြစ်သော်လည်း သူနှင့် သွေးမင်းသားကြားတွင် သိသာသော ကွာဟချက်တစ်ခုရှိနေသည်။ ထိုကွာဟချက်သည် အလွန်ကြီးမားလှသဖြင့် ၎င်းတို့သည် တူညီသောအဆင့်တွင် လုံးဝရှိမနေဟုပင် ဆိုနိုင်သည်။ မေ့ဟိုက်ယွင်ကို တစ်ချက်ရိုက်၍ ဒဏ်ရာအပြင်းအထန်ရသွားသည်ကို မြင်သောအခါ သွေးမင်းသားက အေးစက်စွာပြုံးလိုက်သည်။

“ဘယ်မှာလည်း အတွင်းအူတိုင်၊ ငါ့ကို ပြောစမ်း ငါ့ကို ပြောတဲ့လူရဲ့အသက်ကို ငါသက်ညှာပေးမယ်။ ငါ့မှာလူသတ်ဖို့ အကြောင်းပြချက်မရှိဘူး”

သွေးမင်းသားသည် လူအုပ်ထဲသို့ ဖြည်းညှင်းစွာလျှောက်လာသည်။ လူအုပ်ကို လုံးလုံးလျားလျားဂရုမစိုက်ပေ။ လူများဝိုင်းလာလျှင်လည်း သူ့အတွက် အရေးမကြီးပေ။ ဤလူများစုပေါ်ငးတိုက်ခိုက်ကြလျှင်ပ်င သူနှင့် ပြိုင်ဆိုင်ဝံ့မည်မဟုတ်ပေ။

“ငါ အဲ့အတွင်းအူတိုင်ကို ရရမယ်။ ဘယ်မှာရှိတယ်ဆိုတာမပြောရင် ငါမ ယဥ်ကျေးလို့ဆိုပြီး ငါ့အဆိုးမဆိုနဲ့” သွေးမင်းသားက ဂရုမစိုက်စွာပြောသည်။

“အိပ်မက်မက်နေတာ ရပ်လိုက်ပါ သွေးမင်းသား ငါတို့ မင်းကို ဦးညွှတ်မယ်လို့ မင်းထင်လား" ပါဝင်သူတစ်ဦးက ကျယ်လောင်စွာပြောသည်။ သို့သော် သူပြောပြီးသည်နှင့် တစ်ကိုယ်လုံး ကွဲကြေသွားသည် ။ ချက်ခြင်းပင် သူသည် သွေးအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားသည်။

အဝေးမှကြည့်လျှင်ပင် သွေးမင်းသား၏ လှုပ်ရှားမှုကို မြင်နိုင်သည်။ သူ့လက်များသည် သွေးနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။ သူသည် ထိုပါဝင်သူကို အစိတ်စိတ်ကွဲကြေသွားစေခဲ့သူဖြစ်၏။

“မင်းတို့ ဘာလို့ ငါ့ကိုအတင်းဖိအားပေးနေတာလဲ။ မင်းတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ့ရဲ့ စိတ်ရှည်သည်းခံမှုဟာ အချိန်နဲ့တပြေးညီပါပဲ။ ငါမင်းကို နောက်ထပ်သုံးစက္ကန့်ပေးမယ်။ မင်းဘာမှမပြောရင် မင်းအားလုံးသေလိမ့်မယ်” လို့ သွေးမင်းသားက ခေါင်းယမ်း၍ပြောလိုက်သည်။

“ဖန်လုံအိမ်ထဲက ပန်းပွင့်ဘဝတွေ။ သေခြင်းတရားရဲ့ အဓိပ္ပါယ်ကို မင်းတို့ မသိကြဘူးလား”

“မင်းကို ငါပြောရင် ငါ့ကို လွှတ်ပေးမှာလား။ အတွင်းအူတိုင်ကို ချူးယွင်ဖန်း ယူသွားပြီ။ သူအခု ဒီမှာမရှိဘူး” ကျောင်းသားတစ်ယောက်က ပြောသည်။ ချူးယွင်ဖန်းနှင့်သူ့အကြား ဆက်ဆံရေးသည် မကောင်းလှသောကြောင့် ချူးယွင်ဖန်းကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ကောင်းပြီ မင်းကိုငါသဘောကျတယ်။ ပညာရှိဆိုတာ အခြေအနေနဲ့ အထိုက်အလျောက်နေရတယ်။ မင်းမသေဘူး။ ချူးယွင်ဖန်း၊ မင်းက ငါ့ရဲ့ ပစ်မှတ်ဖြစ်လာပြန်ပြီ။ ဒါက တကယ့်ကို ကံပဲ” သွေးမင်းသားက ကျေနပ်စွာပြောသည်။

သွေးမင်းသားသည် ချူးယွင်ဖန်း၏ မိတ်ဆွေဟောင်းဖြစ်သ်ည။ နောက်ဆုံးတစ်ကြိမ်က ချူးယွင်ဖန်းကို သူ့လက်ကြားထဲမှ အလွတ်ပေးလိုက်ရရာ ၎င်းသည် အလွန်အရှက်ရဖွယ်ဖြစ်ခဲ့သည်။ သွေးမင်းသားသည် ချူးယွင်ဖန်းကဲ့သို့သော ပမွှားလေးတစ်ကောင်ကို အလွတ်ပေးခဲ့ရသည်။ ဤသည်က အရှက်ရဖွယ်တစ်ခု မဟုတ်သလော။

အချိန်များစွာကြာ နာမည်ကြီးခဲ့သည့် ကျန်းလင်းရှောင်ကဲ့သို့လူတစ်ယောက်သာဖြစ်လျှင် မဆိုနှင့် ချူးယွင်ဖန်းသည်မူ မရီးဒျန်သန့်စင်ခြင်းအဆင့်မှ လူသစ်တစ်ဦးမျှသာဖြစ်သည်။ ပါဝင်သူအားလုံးက ထိုကျောင်းသားကို စူးစိုက်ကြည့်နေကြသည်။ ချူးယွင်ဖန်းကို မည်သူမျှ မကြိုက်ကြသော်လည်း သူ့ကို ဖော်ထုတ်ခြင်းသည်မူ သစ္စာဖောက်ခြင်းတစ်မျိုးဖြစ်ကြောင်း ထင်ရှားသည်။

“ဒါဆိုရင် ကျန်တဲ့လူတွေက တန်ဖိုးမရှိဘူး။ အကုန်သတ်ပစ်ကြစမ်း” သွေးမင်းသားက အနက်ရောင်ဝတ်ကျွမ်းကျင်သူများကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ”

အနက်ရောင်ဝတ်ကျွမ်းကျင်သူများ စတင်လှုပ်ရှားလာသည်။ ၎င်းတို့နောက်တွင် မရေမတွက်နိုင်ဖွယ်များပြားသော မွန်းစတားများသည် ခံစစ်စည်းကို ကျော်ဖြတ်၍ ချီတက်လာကြသည်။

ကြီးမားသော အပေါက်ကြီးတစ်ခု ပွင့်သွားသဖြင့် ရှေ့တန်းမှ ပါဝင်သူများအားလုံး ကျရှုံးကုန်ကြသည်။

“အိုး မဖြစ်ဘူး။ အကုန်ပြီးသွားပြီ။ သွေးမင်းသားလည်း ပါတယ်။” ထိုအချိန်တွင် စစ်သင်္ဘောထက်ရှိ ဆရာများ၏ မျက်နှာများ ပြောင်းလဲသွားသည်။

သွေးမင်းသားကို မြင်လိုက်ရသောအခါ ၎င်းတို့၏ အမူအရာများအားလုံး ပြောင်းလဲသွားသည်။ သွေးမင်းသားသည် ၎င်းတို့အများစုထက် အဆင့်မနိမ့်ပေ။ အကယ်၍ ပါဝင်သူများသာဖြစ်ပါက ၎င်းတို့အားလုံး အမှန်ပင် ပြီးဆုံးသွားပေလိမ့်မည်။

“မဟုတ်ဘူး။ တောင်ခြေကို ကြည့်လိုက်”

အခန်း(၅၄၈) ချူးယွင်ဖန်း၏ ဝှက်ဖဲ

ဤဆရာများသည် စိတ်ပျက်လက်ပျက်ဖြင့် ကျော်ဖြတ်ခါနီးတွင် တောင်ခြေရင်းတစ်ခုလုံး ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ဤအခိုက်အတန့်တွင် တောင်ခြေရင်း၌ အပြောင်းအလဲတစ်ခု ဖြစ်သွားသည်ကို လူတိုင်းမြင်လိုက်ရ၏။

လျှပ်စီးတစ်စင်း၏ အလျင်ဖြင့် တောင်ပေါ်သို့ အပြေးအလွှားတက်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ တောင်းတန်းပေါ်ရှိ ထောင်ပေါင်းများစွာသော မွန်းစတားများက သူ့ကို မတားနိုင်ကြပေ။

နက္ခတ်ဂိုဏ်းသည် ကြယ်တာရာကျွန်းထက်ရှိ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများကို ရှင်းလင်းပြီးဖြစ်သည်။ အသန်မာဆုံးကောင်များသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်၌သာရှိကြသည်။ သို့ထိ၌ ၎င်းတို့သည် အရေအတွက် အလွန်နည်းပါး၏။ သို့သော် ဤထောင်ပေါင်းများစွာသော ဘီလူးကောင်များ စုဝေးမိသောအခါ၊ ၎င်းတို့၏ အရေအတွက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဤသို့ ဝိုင်းရံခြင်းခံရပါက မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်ပင် သေပေလိမ့်မည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦး၏ ကိုယ်ရောင်ကိုယ်ဝါကို အဆုံးမဲ့သည်ဟု ခံစားရသော်လည်း ၎င်းသည် အမှန်တကယ် အဆုံးမဲ့သည်ဟု မဆိုလိုပေ။ ကမ္ဘာပေါ်ရှိအရာအားလုံးသည် စွမ်းအင်ထိန်းသိမ်းမှု ဥပဒေသကို လိုက်နာကြရမည်ဖြစ်သည်။

ဤလူ၏ အရှိန်အဟုန်သည် မွန်းစတားများစွာကို ဖြတ်ကျော်သွားနိုင်သည်မှာ အံ့သြဖွယ်မဟုတ်လှပေ။ သာမန်သို့မဟုတ် ဧရာမမွန်းစတားတစ်ကောင်ဖြစ်စေ ဤသူ၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။ ထိုသူသည် လက်ထဲတွင် ဓားကြီးတစ်ချောင်းကို ကိုင်ထားသည်။၎င်းဓားအလင်း၏ ခုတ်ထစ်ခြင်း၊ ထိုးသွင်းခြင်း၊ ပိုင်းခုတ်ခြင်း အစရှိသည့် အရာများအားလုံးကို ဤမွန်းစတားများက မခံနိုင်ကြပေ။ မွန်းစတားအရေအတွက်သည် အဆုံးမဲ့နေသော်လည်း ထိုသို့သောအခြေအနေမျိုးအောက်တွင် ထိုသူသည် လမ်းကြောင်းကို ပိုင်နိုင်စွာရှင်းလင်းနိုင်ခဲ့သည်။

“ချူးယွင်ဖန်း အဲ့တာ ချူးယွင်ဖန်းပဲ”

ကင်မရာလှည့်လာသောအခါ လူတိုင်း၏အကြည့်များသည် ကင်မရာပေါ်ရှိလူပေါ်သို့ ကျရောက်သွားကြသည်။ ၎င်းသည် ချူးယွင်ဖန်းပင်ဖြစ်သည်။

“သူဘာလို့ အခုချိန်ပြန်လာတာလဲ။ သေချင်နေတာလား” ပြည်ထောင်စုတက္ကသိုလ်မှ နည်းပြတစ်ယောက်က ပြောသည်။

ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်မှာ ရှာတွေ့ခဲ့သည့် မရှာတွေ့ခဲ့သော ရတနာတစ်ပါးဖြစ်သည်မှာ သံသယရှိနေရန်ပင်မလိုပေ။ သို့သော် သူသည် ဤအံ့သြသင့်ဖွယ်တိုက်ခိုက်မှုကို ရှင်းလင်းစွာ ရှင်းလင်းစွာရှောင်တိမ်းခဲ့ကာ တောင်ပေါ်တွင်လည်းမရှိခဲ့ပေ။ သူအခု ချီတက်လာခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်းမဟုတ်သလော။

ယခုအချိန်သည် အတန်းဖော်များအတွက်စိတ်ပူနေရမည့်အချိန်မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် ပြည်ထောင်စုအစိုးရသည် ကြီးကြီးမားမားခံစားရမည်မှာသေချာသည်။ သွေးမင်းသား၏ တည်ရှိမှုဖြင့် မေ့ဟိုက်ယွင်ဖြစ်စေ၊ သုန်ဖန်ဟောက်ဖြစ်စေ၊ လုဖေးယွီဖြစ်စေ ၎င်းတို့အားလုံး သေဆုံးကြရမည်ဖြစ်သည်။ ဤအကြိမ်တွင် ချူးယွင်ဖန်းသည် ယခုနှစ်၏ တစ်ဦးတည်းသော ကျန်ရှိမည့် ပါရမီရှင်ဖြစ်နိုင်သည်။

ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံး သုတ်သင်ခံရခြင်း၏ အကျိုးဆက်ကို မခံနိုင်ကြပေ။

နည်းပြဆရာများနှင့် အကြီးအကဲများသည် ချူးယွင်ဖန်းက ရှေ့သို့ ချီတက်နေသည်ကို မြင်လိုက်ကြရသည်။

“ချူးယွင်ဖန်းက ဘယ်လောက်တောင် သန်မာတာလဲ။ သူနဲ့အဆင့်တူ မွန်းစတားတွေတောင် သူ့ကို မနိုင်ဘူး”

“ဟူး နှမျောဖို့ကောင်းလိုက်တာ ဒီကောင်က အံ့သြဖို့ကောင်းပေမယ့် အခုတော့ ဒီမှာပဲသေရတော့မယ်”

“သူအရမ်း လောလွန်းတယ်။ ဒီအချိန်မှာ သတ္တိရှိကြောင်း ပြမှဖြစ်မှာမို့လို့လား”

နည်းပြဆရာများစွာက ခေါင်းယမ်းလိုက်ကြသည်။ ဤယာယီသတ္တိမျိုးကို သူတို့ သဘောမပေါက်ကြပေ။ ၎င်းတို့သည် နှစ်ပေါင်းများစွာ နည်းပြဆရာများဖြစ်ခဲ့ကြကာ ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ရသည်။ တစ်ချိန်တည်း၌ပင် ပါရမီရှင်များစွာသေဆုံးသွားကြသည်ကို မြင်ခဲ့ရသည်။

ပိုမိုကောင်းမွန်သော အနာဂတ်နှင့် ဖွံ့ဖြိုးတိုးတက်မှုများစွာကို မည်သို့ ပြုလုပ်ရန် သိထားကြသင့်သည်။ ခြေတစ်လှမ်းဆုတ်ခြင်းသည် သူရဲဘောကြောင်ခြင်းမဟုတ် ဤသည်မှာ အခြေခံအားဖြင့် ကွဲပြားသော သဘောတရားနှစ်ခုဖြစ်သည်။

သို့သော် ယခုအချိန်တွင် ၎င်းတို့ ဝင်ရောက်စွက်ဖက်ရန် နည်းလမ်းမရှိသဖြင့် ချူးယွင်ဖန်းက တောင်ထိပ်သို့ ပြေးတက်သွားသည်ကိုသာ မြင်နိုင်ကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သွေးသံတရဲရဲ အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုကြီးဖြစ်လာသည်။ တိုက်ခိုက်မှုကို သွေးမင်းသားက ခေါင်းဆောင်၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ သာမန်လူများသည် ထိုကဲ့သို့သော ခွန်အားကို တွန်းလှန်ရန် နည်းလမ်းမရှိပေ။

“ကြည့်ရတာ အကုန်သတ်ပစ်ရတော့မယ်ထင်တယ်” သွေးမင်းသားက လှောင်ရယ်၍ စတင်လှုပ်ရှားလိုက်သည်။

“နတ်ဆိုးဂိုဏ်း ထွက်လာခဲ့စမ်း သေပေတော့”

တောင်ထိပ်မှ အော်သံတစ်ခု ရုတ်တရက် ပေါ်လာသည်။

“ဒီအသံ… ချူးယွင်ဖန်းလား”

ဤအသံကို သုန်ဖန်ဟောက်က ကြားလိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားသည်။ ချူးယွင်ဖန်း၏ အသံကို သူကြားလိုက်ရပုံပေါ်သည်။ ချူးယွင်ဖန်းက အမှန်ပင် ပြန်လာဝံ့လိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ သူသာဆိုပါက အနီးနားသို့ပင် ကပ်လာခဲ့လိမ့်မည်မဟုတ်ကြောင်း သေချာလှသည်။ ဤသည်မှာ သူရဲဘော‌ကြောင်ခြင်းမဟုတ် ပညာရှိခြင်းသာဖြစ်သည်။

ဤအသံပိုင်ရှင်သည် ချူးယွင်ဖန်းမှတပါး အခြားသူမဟုတ်ကြောင်း အခြားသူများကလည်း ပြောနိုင်သည်။

“မင်းရဲ့နှာခေါင်းအောက်မှာတင် မင်းလိုချင်တဲ့ ပစ္စည်းကို ရှာနေရတာ သဘောကျမိတယ်” သွေးမင်းသားက ရက်စက်စွာပြုံး၍ ပြောလိုက်သည်။

“မင်းတို့တွေ ကံကောင်းတယ်။ ခဏနေရင် ငါမင်းတို့ကို သတ်ဖို့ ပြန်လာမယ်”

သွေးမင်းသားက လှောင်ရယ်၍ လှည့်ထွက်ကာ ရဲတိုက်ထဲသို့ခုန်ဝင်သွားသည်။

ရဲတိုက်ထဲသို့သွားသောအခါ ချူးယွင်ဖန်းသည် မွန်းစတားကောင်များစွာကို သတ်ဖြတ်ခဲ့သော်လည်း ယခု မရပ်တန့်နိုင်ပေ။ သူရပ်လိုက်ပါက ချက်ချင်းပင် မွန်းစတားများအကြား၌ နစ်မြုပ်သွားမည်ဖြစ်ကာ အကျိုးဆက်များကို မှန်းဆ၍ မရနိုင်ပေ။

ရဲတိုက်အနားသို့ရောက်လာသောအခါ ချူးယွင်ဖန်းသည် နံရံထက်တွင် ရပ်နေသောသူကို မြင်လိုက်ရသည်။ ယင်းမှာ သွေးမင်းသားမှတပါး အခြားသူမဟုတ်ပေ။ ထိုအချိန်တွင် သွေးမင်းသား၏ နောက်ကွယ်၌ မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆိပ် အင်အားစုဒါဇင်ပေါင်းများစွာရှိနေသည်။

မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်

“ဒီမှာ ငါတို့ရထားတဲ့ အကြီးကြီးကို ကြည့်လိုက်စမ်း” ချူးယွင်ဖန်းက မျက်လုံးများကို မှတ်၍ ပြောလိုက်သည်။

“သွေးမင်းသား မင်းဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး”

“ဟားဟား ဒါက ကံတရားပဲ” သွေးမင်းသားက ရယ်၍ ပြောလိုက်သည်။

“ချူးယွင်ဖန်း မင်း နောက်ဆုံးတစ်ကြိမ်က ငါ့ဆီက လွတ်သွားပေမယ့် အခုတစ်ခါတော့ မင်းသိပ်ကံမကောင်းမှာစိုးတယ်”

“ငါလွတ်မြောက်ဖို့ လိုသေးလို့လား” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။

“အခုတော့ မင်းတို့ နတ်ဆိုးဂိုဏ်းဖြစ်မှန်းသိလို့ သွေးတွေပွက်ပွက်ဆူလာပြီး စိတ်လှုပ်ရှားနေတယ်။ သွေးမင်းသား ဒီနေ့ သေဖို့ အဆင်သင့်ဖြစ်ပြီလား”

“မင်း ရူးနေပြီထင်တယ်။ သွား သူ့ကို သွားသတ်ကြစမ်း သူကိုင်ထားတဲ့ အတွင်း အူတိုင်ကို လိုချင်တယ်” သွေးမင်းသားက အေးစက်စွာရယ်၍ ပြောလိုက်သည်။

ချက်ချင်းပင် အနက်ရောင်ဝတ်ရုံဝတ် နတ်ဆိုးဂိုဏ်းဝင်များက ချူးယွင်ဖန်းဆီသို့ ခုန်ဆင်းလာကြသည်။

ဤနတ်ဆိုးဂိုဏ်းပညာရှင်များသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်လှသည်။ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေကြသည်။ ထို့အပြင် ၎င်းတို့အားလုံး ဤအဆင့်သို့ရောက်နေခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။

၎င်းတို့၏ ကျင့်ကြံရေးအဆင့်ကို နားလည်၍မရနိုင်ပေ။ ၎င်းတို့တစ်ဦးစီသည် လက်ရှိ ချူးယွင်ဖန်းထက်ပင် ပို၍ စွမ်းအားကြီးကြသည်။ ထိုသို့သော အစုအဝေးကို ဆန့်ကျင်တိုက်ခိုက်ရာတွင် သူလှည့်ထွက်ပြေးသင့်သည်။ ထိုသူများကိုတိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

သို့သော် ဤလူဆယ်ယောက်သည် သူ့အထက်တွင်ရှိနေသော်လည်း ချူးယွင်ဖန်း၏ မျက်နှာသည်မူ ထူးမခြားနားသောအမူအရာသာရှိနေသည်။ ချူးယွင်ဖန်းက မည်သို့လုပ်ရမည်ကို မည်သူမျှ မသိကြပေ။ အထူးသဖြင့် စစ်သင်္ဘောပေါ်မှ ဆရာများဖြစ်ကြသည်။ နတ်ဆိုးဂိုဏ်းကျွမ်းကျင်သူများပြေးလာသည်ကို တွေ့သဖြင့် အေးခဲသွားကြသည်။

“သူအကြောက်လွန်ပြီး ရူးသွားပြီလား”

နတ်ဆိုးဂိုဏ်းပညာရှင်များက ချူးယွင်ဖန်း၏ဆယ်ပေအကွာသို့ရောက်သောအခါ နောက်ဆုံးတွင် သူစတင်လှုပ်ရှားလိုက်သည်။ စာလိပ်တစ်ခု လွင့်ထွက်လာပြီးနောက် အကန့်အသတ်မဲ့သော သွေးစွမ်းအင်များအဖြစ်ပြောင်းလဲထွက်ပေါ်လာသည်။

အခန်း(၅၄၉)နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား၏ ကြောက်မက်ဖွယ် စွမ်းအား

အကန့်အသတ်မဲ့သွေးစွမ်းအင်များ ချက်ချင်းထွက်ပေါ်လာသည်။

ဘွန်း

ချူးယွင်ဖန်းအနားမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များသည် ချူးယွင်ဖန်းကို အလယ်တွင် ဗဟိုပြု၍ အဘက်ဘက်သို့ စီးဆင်းသွားသည်။ ချီတက်လာသော မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဆယ်ဦးသည် သူ့အနားသို့ မချဥ်းကပ်နိုင်တော့ဘဲ သွေးရောင် စွမ်းအင်များကြောင့် အားလုံး တွန်းထုတ်ခံခဲ့ရသည်။

“ဒါဘယ်လိုစွမ်းအားမျိုးလဲ” သွေးမင်းသားပင်လျှင် ဤသွေးနီရောင်စွမ်းအင်များကြောင့် ထိတ်လန့်သွားရသည်။ ဤသည်မှာ သွေးမင်းသား ယခင်က မြင်ခဲ့ဖူးသည့် စွမ်းအားအမျိုးအစားများမဟုတ်ပေ။ ဤစွမ်းအင်သည် အလွန်သိပ်သည်းလှလွန်းသဖြင့် အနားသို့ချဥ်းကပ်လာသည့် ကျွမ်းကျင်သူများကိုပင် အဝေးသို့လွင့်စင်သွားစေနိုင်သည်အထိ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

ချူးယွင်ဖန်းကို ဗဟိုအချက်အချာအဖြစ်ထားထားသောအခါ ဤစွမ်းအင်စီးဆင်းမှုသည် ပို၍ပို၍ ကြီးမားလာသည်။ ၎င်းတို့ကိုယ် ၎င်းတို့ လွင့်မသွားစေရန် အတတ်နိုင်ဆုံးကြိုးစားနေကြသည့် နတ်ဆိုးဂိုဏ်းကျွမ်းကျင်သူများက မတုံ့ပြန်နိုင်ခင်၌ပင် ဧရာမ သွေးရောင်လွှမ်းနေသော အရိုးစုသဏ္ဍာန်လက်ကြီးတစ်ဖက် ထွက်လာကာ ၎င်းတို့အားလုံးကို ဖမ်းယူဿသွားသည်။

ဤသွေးနီရောင် အရိုးစုလက်သည် ပေသုံးဆယ်ကျော်ရှည်ကာ ပေပေါင်းများစွာကျယ်ပြောသည်။ ဤကြီးမားသောလက်ကြီးသည် ၎င်းတို့ထဲမှ အချို့ကို ဖမ်းကိုင်ပြီးနောက် ပေါက်ကွဲကာ သွေးမြူများအဖြစ်ပြောင်းလဲသွားသည်အထိ ညှစ်ပစ်လိုက်သည်။

“ဘာ… အဲ့တာဘာလဲ” ဤသတ်ဖြတ်မှုကို မြင်လိုက်ရသည့် နတ်ဆိုးဂိုဏ်းကျွမ်းကျင်သူများအားလုံး၏ အမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။

အသတ်ခံရလိမ့်မည်ကို ၎င်းတို့က မကြောက်ကြပေ။ တကယ်တမ်းတွင် ၎င်းတို့အားလုံးသည် ထိုသို့သော အခြေအနေမျိုးကို ဖြတ်ကျော်လာခဲ့ကြခြင်းဖြစ်သည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းတို့၏ အမူအရာများ မပြောင်းလဲသွားခဲ့ဖူးကြပေ။ ၎င်းတို့သည် နတ်ဆိုးဂိုဏ်းက မိမိကိုယ်မိမိ စတေးရန် လေ့ကျင့်ပေးထားသည့် စစ်သားများဖြစ်ကြသည်။ သို့သော် ဤသေခြင်းနည်းလမ်းသည် ၎င်းတို့ တွေးထားသည်ထက် သိသိသာသာ ကျော်လွန်နေခဲ့သည်။ မည်သည့်အရာများဖြစ်ပျက်နေကြောင်းကိုပင် ၎င်းတု့ိ မသိလိုက်ကြပေ။ အားလုံးက မည်မျှထိ ကြောက်မက်ဖွယ်ပြောင်းလဲသွားခဲ့သနည်း။ သို့သော် သွေးနီရောင်အရိုးစုလက်က ၎င်းတို့ကို စဥ်းစားရန်အချိန်မပေးခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းတို့အားလုံး လွင့်ထွက်သွားကာ ရက်ရက်စက်စက် ဖမ်းယူခံလိုက်ရသည်။ ထိုအချိန်တွင် နတ်ဆိုးဂိုဏ်းသားများသည် အန္တရာယ်ကို သတိပြုမိကာ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် ၎င်းတို့တွင် ထိုသို့လုပ်ဆောင်ရန် အချိန်မရှိခဲ့ပေ။ ၎င်းတို့ကို အရိုးစုလက်က ဖမ်းယူကာ အလယ်ဗဟိုရှိ သွေးမုန်တိုင်းအတွင်းသို့ ဆွဲသွင်းလိုက်သည်။

သွေးနီရောင်မုန်တိုင်း၏ အလယ်ဗဟိုတွင် ကြီးမားလှသော ဦးခေါင်းခွံကြီးတစ်ခုရှိသည်။ ဆွဲယူခြင်းခံထားရသော အရာများအားလုံးကို ဝါးစားလိုက်ပြီးနောက် သွေးမြူများအဖြစ်ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် မရီးဒျန်သန့်စင်ခြင်းအဆင့် ဂိုဏ်းသားဆယ်ယောက်သည် ဦးခေါင်းခွံကြီး၏ ပါးစပ်ထဲသို့ အမှိုက်များသဖွယ် မြုပ်ဝင်သွားခဲ့သည်။

ထိုအသွေးအသားအားလုံးကို မြိုချပြီးနောက် ဦးခေါင်းခွံသည် ပို၍ ထင်ရှားလာသည်။ ဤအခိုက်အတန့်တွင် လူတိုင်းသည် အလွန်ကြီးမားသော သွေးနီရောင်ဦးခေါင်းခွံတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် တဖြည်းဖြည်း မတ်တပ်ရပ်လာသောအခါ အမြင့်ပေသုံးရာကျော်သွားသည်။ ဤသွေးနီရောင်အရိုးစုနှင့် နှိုင်းယှဥ်လျှင် အရပ်အရှည်ဆုံး မွန်းစတားကြီးတစ်ကောင်ပင်လျှင် အရောင်မှိန်သွားပေလိမ့်မည်ဖြစ်သည်။

သွေးနီရောင်အရိုးစု၏ ဝမ်းဗိုက်အလယ်တွင် မြုပ်ဝင်နေသည်မှာ ချူးယွင်ဖန်းမှတပါး အခြားသူမဟုတ်ပေ။

ထိုအချိန်တွင် ချူးယွင်ဖန်း၏ဆံပင်များအားလုံး လေထဲ၌ လွင့်နေကာ သွေးစွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် သွေးနီရောင်ပြောင်းလဲသွားပုံရသည်။ သူ့ခန္ဓာကိုယ်ထဲတွင် သွေးစွမ်းအင်များ ဆူပွက်နေ၏။ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်လာကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ ပါဝင်သူထောင်ပေါင်းများစွာဖြစ်စေ စစ်သင်္ဘောထက်ရှိ မရေမတွက်နိုင်ဖွယ်သော နည်းပြဆရာများနှင့် အကြီးအကဲများအားလုံးဖြစ်စေ ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေကြသည်။

“ချူးယွင်ဖန်းမှာ မှော်ရတနာတစ်ခုရှိတယ်”

“အဲ့တာ နတ်ဆိုးရတနာမှန်းသိသာတယ်”

“ဘယ်လို နတ်ဆိုးရတနာမျိုးလဲ။ ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ”

“ထုတ်လွှတ်လိုက်တဲ့စွမ်းအားက အနည်းဆုံး မွေးဖွားခြင်းနယ်မြေအဆင့်မှာရှိတယ်”

“ဒါတင်မကဘူး မွေးဖွားခြင်းနယ်မြေအဆင့်ရဲ့ နှောင်းပိုင်းအဆင့်လောက်ရှိနေပြီကွ”

နည်းပြဆရာအများအပြားသည် သွေးစွမ်းအင်လုံးတစ်လုံးအဖြစ်ပြောင်းလဲသွားသည့် ချူးယွင်ဖန်းကို ကြည့်လိုက်ကြသည်။ ၎င်းတို့ပင်လျှင် ဤသို့ ကြောက်မက်ဖွယ်အင်အားမျိုးကို တွန်းလှန်ရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

“ဒီကလေးက လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ ဒီအကြောင်းကို ငါတောင်မသိထားဘူး” ကျန်းယွမ်ပင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဒါဆို သူ့မှာ ဝှက်ဖဲရှိတယ်ဆိုတာ သိသာတယ်။ သူချီတက်ရဲတာ မဆန်းဘူး”

ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းတွင် နတ်ဆိုးရတနာရှိနေခြင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟုပင် မခံစားမိခဲ့ပေ။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် မှော်ကိရိယာများကို အကောင်းအဆိုး မခွဲခြားနားပေ။ သော့ချက်မှာ ၎င်းကို အသုံးပြုသူက ကောင်း၏မကောင်း၏ ကိုသာ ကြည့်ရန်ဖြစ်သည်။

မကောင်းသော သူသည် ကောင်းသော မှော်ရတနာကို အသုံးပြုပါက ထိုပစ္စည်းသည် တစ်နည်းအားဖြင့် နတ်ဆိုးပစ္စည်းဖြစ်ပေလိမ့်မည်ဖြစ်သည်။

“သူအဆင်ပြေပါတယ်။ အဲ့တာ အ‌ရမ်းကောင်းတယ်။ ချူးယွင်ဖန်းက သူ့စွမ်းအားရဲ့ အပိုင်းတစ်ပိုင်းကိုပဲသုံးရင်တောင် ငါတို့ ဝင်နိုင်တဲ့အချိန်ထိ လုံလောက်ပါတယ်”

ဤအခိုက်အတန့်တွင် နည်းပြဆရာများနှင့် အကြီးအကဲများစွာသည် အလွန်အမင်း သဘောထားကွဲလွဲလာကြသည်။ မူလအစက ၎င်းတို့အားလုံး ချူးယွင်ဖန်းကို မကြိုက်ကြပေ။ သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့၏ ကျောင်းသားများနှင့် တပည့်များကို ကယ်တင်နိုင်မည့်သူဖြစ်လာလိမ့်မည်ဟု ၎င်းတို့က မမျှော်လင့်ထားခဲ့ကြပေ။

ယခင်တိုက်ပွဲသည် အလွန်ပြင်းထန်နေပြီဖြစ်သည်။ ကျွန်းပေါ်တွင် ပါဝင်သူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကာ ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။ သို့သော် ချူးယွင်ဖန်းကြောင့်သာမဟုတ်ပါက အကျိုးဆက်များသည် ပို၍ပင် ပြင်းထန်လာလိမ့်မည်ဖြစ်သည်။

ယခုမူ ခရမ်းရောင်အတားအဆီးထက်တွင် အက်ကွဲကြောင်းများစတင်ပေါ်လာသည်။ ၎င်းကျိုးပျက်ရန် ကြာတော့မည်မဟုတ်ပေ။ တကယ်တမ်းတွင် အတားအဆီးက ဤမျှထိပြဿနာမဟုတ်ပေ။ အချိန်တစ်ခုသာလိုအပ်ကာ ၎င်းတို့တွင်မရှိသောအရာမှာလည်း အချိန်ပင်ဖြစ်နေသောကြောင့်ဖြစ်၏။

ယခု အက်ကွဲကြောင်းများစတင်ပေါ်ပေါက်လာချိန်တွင် ချူးယွင်ဖန်းက စစ်မြေပြင်သို့ ဖြည်းညှင်းစွာရွေ့လျားသွားသောအခါ သူနှင့်အတူတွဲလျက်ပါနေသော တုနှိုင်းမရနိုင်ဖွယ်ကြီးမားလှသည့် သွေးနီရောင်အရိုးစုကြီးသည်လည်း သူနှင့် အတူရွေ့လျားလာသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် သွေးစွမ်းအင်များအရူးအမူးစီးဆင်းနေသည်ကို ခံစား၍ရနိုင်၏။ သူခနံစားရသမျှမှာ အလွန်အမင်း နာကျင်မှပင်ဖြစ်သည်။ ဤနတ်ဆိုးရတနာသည် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားဖြစ်ကာ ၎င်း၏ စွမ်းအားသည်လည်း အမှန်တကယ်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အထွတ်အထိပ်အဆင့်သို့ ရောက်ပါက နတ်အဆင့်မှ နတ်ဆိုးဘုရင်ကိုပင် ဆင့်ခေါ်နိုင်သည်။

ယခုအချိန်တွင် ချူးယွင်ဖန်း၏ ကျင့်ကြံမှုသည် အလိုအလျောက်ပင် အလွန်မြင့်မားနေပြီဖြစ်သည်။ သူသည် သွေးနီရောင်အရိုးစုတစ်ခုကိုသာ ခေါ်နိုင်သော်လည်း ၎င်း၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ကာ မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိလုနီးပါးရှိနေပြီဖြစ်သည်။ သို့သော် တစ်ချိန်တည်း၌ပင် ဤနတ်ဆိုးရတနာကို ကိုင်ဆောင်ထားသော ချူးယွင်ဖန်းကိုလည်း ထိခိုက်စေနိုင်သည်။ အဓိကအားဖြင့် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ပံ့ပိုးပေးနေသည်မှာ တောင်မြစ်ပန်းချီကားထဲမှ ဝိဉာဥ်ကျောက်တုံးများဖြစ်သော်လည်း ၎င်းကို အစပြုခဲ့သူမှာ ချူးယွင်ဖန်းဖြစ်သည်။

သွေးနီရဲနေသော စွမ်းအင်များသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အနှံ့သို့ ဆက်တိုက်စီးဆင်းနေသည်။ ကြောက်မက်ဖွယ်ကောင်းသော ပွက်ပွက်ဆူနေသည့် ခံစားချက်ကို ခံစားရသော်လည်း တစ်ချိန်တည်း၌ပင် နာကျင်မှုကိုလည်း ခံစားရသည်။

သာမန်လူတစ်ဦး၏ ကိုယ်ခန္ဓာသာဖြစ်ပါက ပြိုလဲကာ ဒဏ်ရကြီးကြီးမားမားရရန် အချိန်ကြာလှမည်မဟုတ်သော်လည်း ဧကရာဇ်ခန္ဓာကိုယ်ကို ကျင့်ကြံထားသည့် ချူးယွင်ဖန်းသာလျှင် ယင်းကို ခံနိုင်ရည်ရှိသည်။ ထို့အပြင် ဤသွေးစွမ်းအင်တွင် မသန့်ရှင်းသော နာကြည်းမှုများပါဝင်နေသည်။ ဤနတ်ဆိုးရတနာသည် မရေမတွက်နိုင်လောက်အောင် များပြားလှသည့်လူများကို သတ်ဖြတ်၍ ပြုလုပ်ထားခြင်းဖြစ်သည်။ ဤနတ်ဆိုးရတနာကို အသက်သွင်းလိုက်သည်နှင့် ၎င်း၏ စွမ်းအားသည်လည်း အလိုအလျောက်ပင် အဆုံးမဲ့ဖြစ်ပေလိမ့်မည်။ သို့သော် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသော လူသားများ၏ နာကြည်းချက်များသည်မူ ကိန်းအောင်းနေဆဲဖြစ်သည်။

၎င်းသည် အသုံးပြုသူ၏စိတ်ကို အချိန်တိုင်း ထိခိုက်စေပါသည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်း၏ စိတ်ထဲမှ နတ်ဘုရားစိတ်ဝိဉာဥ်သည် ကြည်လင်သော စွမ်းအင်စီးကြောင်းများကို ထုတ်လွတ်နေကာ ချူးယွင်ဖန်း၏ စိတ်ကို သွေးစွမ်းအင်ကြောင့်မထိခိုက်စေရန် တားဆီးပေးသည်။ ၏

တောင်မြစ်ပန်းချီကားအတွင်းရှိ ဝိဉာဥ်ကျောက်တုံးများ လျင်မြန်စွာလျော့နည်းသွားသည်ကို အာရုံခံပြီးနောက် ချူးယွင်ဖန်းသည် သူ့၌ အချိန်မကျန်လှတော့ကြောင်း သိလိုက်သည်။ တိုက်ပွဲကို တတ်နိုင်သမျှ အမြန်ပြီးစေရန် ကြိုးစားရမည်ဖြစ်သည်။

ဒီနေ့ ဒီနေရာကို ရောက်လာတဲ့ နတ်ဆိုးဂိုဏ်းက ဘယ်ကောင်ကိုမှ အလွတ်မပေးဘူး။ အကုန်လုံး သေကြရမယ်’

“သွေးမင်းသား ငါလွတ်မြောက်ဖို့ လိုသေးတယ်လို့ မင်းထင်နေတုန်းလား” ချူးယွင်ဖန်းက ကြိမ်းဝါးလိုက်သည်။

All Chapters