← Chapters

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း (၅၅၃-၅၅၅)

Vol. 37 Ch. 553-555

အခန်း(၅၅၃) ပုံမှန်အတိုင်းသတ်ခြင်း

ဤတိုက်ခိုက်မှုသည် ကျန်းရှောင်နှင့် ဟွမ်လူကြီးမင်းတို့ကိုအလွန် ထိတ်လန့်သွားစေသည်။ နောက်ဆုံးတွင် ကောင်းကင်ယံမှ ဆင်းသက်လာ‌သော လူကို မြင်လိုက်ရသည်။

ယင်းမှာ ကျန်းယွမ်ပင်မှတပါး မည်သူဖြစ်လိမ့်မည်နည်း။

“ကျန်းယွမ်ပင် မင်းတကယ်ပဲ ကျန်းမိသားစုအကြီးအကဲကို သတ်ရဲတယ်ပေါ့။ မင်း ဘယ်လောက်တောင် သတ္တိရှိနေတာလဲ။ ပြည်ထောင်စုတက္ကသိုလ်တောင်မှ မင်းကို အခုကာကွယ်နိုင်မှာမဟုတ်ဘူး” ကျန်းရှောင်က ဟိန်းဟောက်၍ ကျန်းယွမ်ပင်သတ်ခဲ့သောလူကြီးကို ကြည့်လိုက်သည်။

“မင်းငါ့ကို ဒီလိုပြောခွင့်ရှိတယ်လို့ထင်လား။ မင်းတို့က ငါ့ကျောင်းသားကို ပေါ်ပေါ်တင်တင် တိုက်ခိုက်ပြီးတော့ အနိုင်ကျင့်ရဲတယ်ပေါ့။ လူအိုကြီးတွေက အရှက်မဲ့တာပဲ” ကျန်းယွမ်ပင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

“မင်းရဲ့ နာမည်ဂုဏ်သတင်းကို ဂရုမစိုက်မှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မပြောနဲ့ပေါ့။ ငါ ကျန်းယွမ်ပင်က ပြဿနာတက်မှာမကြောက်ဘူးကွ”

“မင်းရူးနေပြီလား ကျန်းယွမ်ပင်။ ချူးယွင်ဖန်းက ဟွမ်မိသားစုနဲ့ကျန်းမိသားစုကို စော်ကားခဲ့တယ်။ မင်းသူ့ကို တကယ်ကာကွယ်နိုင်မယ်လို့ ထင်နေတာလား” ဟွမ်အကြီးအကဲက အော်လိုက်သည်။

“ဟွမ်မိသားစုခေါင်းဆောင်က ငါ့ကို ဒီလိုပြောရင်တောင် အနည်းနဲ့အများ အတူတူပဲ။ မင်းလိုမျိုး ဟွမ်မိသားစုအကြီးအကဲလောက်က ငါ့ကို ပြောဖို့ ဝေးသေး” ကျန်းယွမ်ပင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

ကျန်းယွမ်ပင်၏ စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်ထက်မှ အငွေ့အသက်များသည် အရူးအမူး မြင့်တက်လာ၏။ တစ်ခဏအတွင်း၌ပင် ကြောက်မက်ဖွယ်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာသည်။ သို့သော် ဤကြောက်မက်ဖွယ်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသည် သူ့ပတ်ဝန်းကျင် သုံးပေပတ်လည်အကွာအဝေးအထိသာရှိနေ၏။ ကျန်းယွမ်ပင်၏ မိမိခွန်အားမိမိ ထိန်းချုပ်နိုင်မှုသည် အလွန်မြင့်မားသော အထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်သည်။

ကျန်းယွမ်ပင်၏ သတ်ဖြတ်လိုစိတ်ကို မြင်လိုက်ရသောအခါ ကျန်းရှောင်နှင့် ဟွမ်အကြီးအကဲသည် ချက်ချင်းပင် အလွန်အမင်းကြောက်လန့်သွားသည်။ ၎င်းတို့ သုံးယောက်ပေါင်း၍ ချူးယွင်ဖန်းကို သတ်ဖြတ်ရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။ သို့သော် တစ်ဖက်တွင်မူ ကျန်းယွမ်ပင်ကသာ ၎င်းတို့ကို သတ်ချင်ပါက သူ့အတွက် ခက်ခဲလှမည်မဟုတ်ပေ။

“မင်းလုပ်ရဲတယ်ပေါ့” ကျန်းရှောင်က ကြိမ်းဝါးလိုက်သည်။

“ငါက ဘာလို့မလုပ်ရဲရမှာလဲ” ကျန်းယွမ်ပင်က ရယ်မောလိုက်ပြီးနောက် ချက်ချင်းပင် သူ၏ ကြီးမားသော လက်ကို ဆန့်ထုတ်၍ တိုက်ခိုက်လိုက်သည်။ ဟွမ်အကြီးအကဲသည် ဟန်ချက်မထိန်းနိုင်တော့ဘဲ ချက်ချင်းပင် ဆိုင်ကလုန်းမုန်တိုင်းနှင့် ထိမှန်သွားကာ မျက်စိတစ်မှိတ်အတွင်း၌ ကျန်းယွမ်ပင်လက်ထဲသို့ရောက်သွား၏။

ကျန်းယွမ်ပင်၏ နောက်ဘက်မှ ချူးယွင်ဖန်းသည် ဤမြင်ကွင်းကိုကြည့်၍ မှင်သက်နေမိသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် သဘာဝအားဖြင့် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် မတည်ငြိမ်မှုမရှိသော်လည်း ကျန်းယွမ်ပင်၏ ချက်ချင်းဖမ်းဆီးခြင်းခံခဲ့ရသည်။

ဟွမ်အကြီးအကဲသည် တန်ပြန်မတိုက်ခိုက်နိုင်ပေ။ သူနှင့် ကျန်းယွမ်ပင်တို့ နှစ်ဦးစလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ဟွမ်မိသားစုအကြီးအကဲသည် ကျန်းယွမ်ပင်ထက် များစွာအဆင့်နိမ့်သည်။

ဤသည်က စစ်မှန်သောသူရဲကောင်းတစ်ယောက်၏ ပုံစံပင်ဖြစ်၏။

ဟွမ်အကြီးအကဲက အဆက်မပြတ်ရုန်းကန်နေသော်လည်း ကျန်းယွမ်ပင်က သူ့ကို မြဲမြံစွာဖမ်းဆုပ်ထားသည်။ ထို့နောက် ဟွမ်မိသားစုမှ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများအားလုံးသည် ဖရဲသီးတစ်လုံးကဲ့သို့ ချက်ချင်း ကြေမွသွား၏။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူနှင့် သာမန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကြား ကွာဟချက်ကို အမှန်တကယ်မြင်လိုက်ရခြင်းမှာ ဤသည်က ချူးယွင်ဖန်းအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်းယွမ်ပင်နှင့် အခြားသူများသည် စစ်မှန်သော ဆရာများဖြစ်သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်မှ ထိပ်တန်းအဆင့်မြင့်အရာရှိများဖြစ်ကြကာ တက္ကသိုလ်ခေါင်းဆောင်များနှင့်ပင် တန်းတူအဆင့်အတန်းရှိကြသည်။

အခြားဆရာများက ၎င်းတို့ထက် ပို၍ နိမ့်ကျသည်။

“ဘာလို့ မင်းဖြစ်နေတာလဲ” ကျန်းရှောင်သည် ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ခံစစ်အနေအထားကို ချက်ချင်းပြောင်းလဲလိုက်သည်။ ကျန်းယွမ်ပင် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူသိသည်။ ကျန်းရှောင်သည် ကျန်းမိသားစု၏ သာမန် အကြီးအကဲ တစ်ဦးမျှသာဖြစ်သော်လည်း ကျန်းယွမ်ပင်သည်မူ လူသားနှင့် မွန်းစတားကြားတိုက်ပွဲတစ်ခုလုံးကို တုန်လှုပ်စေသည့် နာမည်ရှိ‌သော ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် နတ်စွမ်းအင်များရနိုင်ခြေရှိသည့် အဆင့်အထိ တက်နိုင်ခြေရှိသော လူများထဲမှ တစ်ဦးဖြစ်သည်။

“ထွက်သွားစမ်း ငါမင်းကို မသတ်ဘူး။ ငါ့တပည့်က နောင်တစ်ချိန်မှာ မင်းကို သတ်ပစ်မယ်လို့ ပြောထားလို့ မင်းကို ချန်ခဲ့မဘ်။ ကျန်းမိသားစုက ဒီကိစ္စကို မကျေနပ်ရင် ငါ့ကို လာရှာလို့ရတယ်။ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်” ကျန်းယွမ်ပင်က လှောင်ပြောင်ပြောဆိုလိုက်သည်။

ကျန်းရှောင်သည် ကျောရိုးတစ်လျှောက်အေးစက်စွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကို ချန်ခဲ့ရသည့်အကြောင်းမှာ ကျန်းယွမ်ပင်က သူ့ကျောင်းသားအတွက် ချန်ထားခဲ့ချင်ခြင်းကြောင့်သာဖြစ်ကာ အနည်းဆုံးအနေဖြင့် သူလွတ်မြောက်သွားခဲ့သည်။ ကျန်းယွမ်ပင်သာ ဆက်လက်တိုက်ခိုက်ပါက သူသေရမည်မှာ သေချာသည်။

ကျန်းရှောင်သည် ကျန်းယွမ်ပင်နှင့် ချူးယွင်ဖန်းကို စိုးရွံ့စွာကြည့်နေသည်။ သူဆက်၍ မနေဝံ့တော့ပေ။ ကျန်းယွမ်ပင်စိတ်ပြောင်းသွားမည်ကို စိုးရိမ်သောကြောင့် ခပ်ဝေးဝေးသို့ အမြန်ပြေးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူ မည်သည့်အရာမျှ မပြီးမြောက်နိုင်ခဲ့ပေ။

“မင်းလှုပ်ရှားလို့ရလား” ကျန်းယွမ်ပင်က မေးသည်။

“ဟုတ် ရပါတယ်” ချူးယွင်ဖန်းက ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သည်။

ကျန်းယွမ်ပင်က ချူးယွင်ဖန်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။

“ဒီတစ်ခါတော့ မင်းရဲ့ အသက်သွေးကြောကို တကယ်ထိခိုက်သွားပြီ။ သက်သာဖို့ တစ်လလောက်အချိန်လိုလိမ့်မယ်။ ဒါပေမယ့် မင်းကောင်းကောင်းလုပ်နိုင်ခဲ့တဲ့အတွက် ငါအရမ်းကျေနပ်တယ်။ အဲ့နတ်ဆိုးရတနာက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားမလား။ သွေးနတ်ဆိုးဂိုဏ်းသခင်က ပြုပြင်ထားတဲ့အရာပဲ။ မင်းလက်ထဲမှ အဆုံးသတ်လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားဘူး”

ချူးယွင်ဖန်း၏ ပ‌ဟေဠိဆန်သော အကြည့်ကိုကြည့်၍ ကျန်းယွမ်ပင်က ပြောလိုက်သည်။

“ပြည်ထောင်စုတက္ကသိုလ်ရဲ့‌ ထောက်လှမ်းရေးစနစ်ကို မလျော့တွက်ပါနဲ့ သူတို့က မင်းထင်ထားတာထက် အများကြီး ပိုသိပါတယ်”

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ချူးယွင်ဖန်း၏ လက်ထဲသို့ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားရောက်ရှိနေသည်ကို ပြည်ထောင်စုတက္ကသိုလ်၏ ထောက်လှမ်းရေးစနစ်က မသိနိုင်ပေ။ သို့သော် သွေးနတ်ဆိုးများက ဤနတ်ဆိုးရတနာကို ပြုပြင်နေကြောင်းကိုမူ ရှင်းလင်းစွာသိကြသည်။

“ဖုံးကွယ်တဲ့နေရာမှာ မင်းတော်တော်တော်တာပဲ။ မင်းရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်။ မေ့ဟိုက်ယွင် လှည့်စားခံလိုက်ရပြီးတော့ ဒီနှစ်ချန်ပီယံဆုက နက္ခတ်ဂိုဏ်းကို ရောက်သွားမယ်လို့ ငါတို့အားလုံးထင်နေကြတာ။ မင်းပြန်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ တော်တယ်” ကျန်းယွမ်ပင်က ကျေနပ်စွာပြောလိုက်သည်။ ဤကျောင်းသား၏ ထူးချွန်မှုအဆင့်မှာ သူမျှော်မှန်းထားသည်ထက်ပင် ကျော်လွန်သွား၏။

“ဒါပေမယ့် မင်းကိုယ်တိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးကို ထုတ်ဖော်လိုက်မိတာပဲ။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားက နတ်ဆိုးရတနာတစ်ခုဖြစ်ပေမယ့် အဲ့တာကို မက်မောတဲ့လူတွေအများကြီးရှိေနတယ်။ အဲ့ထဲမှာ အတွင်းအူတိုင်လည်းအပါ်အဝင်ပဲ။ သာမန်လူတွေကမပြောနဲ့ ငါ့အဆင့် ကျွမ်းကျင်သူတောင်မှာ သွေးဆောင်ခံရလိမ့်မယ်”

“အဲ့လူတွေက တိုက်ရိုက်တိုက်ခိုက်ဖို့ မဝံ့ရဲကြပေမယ့် တိတ်တဆိတ်တိုက်ခိုက်မယ်ဆိုရင်တော့ အဲ့တာက ကွဲပြားတဲ့ကိစ္စပဲ။ ဒါပေမယ့် စစ်သည်တစ်ဦးအတွက် နောက်ထပ် စမ်းသပ်မှုတွေ ကြုံရတယ်ဆိုတာ မကောင်းတဲ့အရာတော့မဟုတ်ဘူး။ ဒီအရာတွေက မင်းအတွက် လေ့ကျင့်မှုတစ်ခုလည်းဖြစ်လိမ့်မယ်”

ချူးယွင်ဖန်း ဆွံ့အနေမိသည်။ ကျန်းယွမ်ပင်သည် အလွန်လွတ်လပ်သော စိတ်ဓာတ်မျိုးရှိသည်။ ကျန်းယွမ်ပင် ဤအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်မှာ မယုံနိုင်ဖွယ်ကောင်းလှသည်။

“လေ့ကျင့်ရေးဟုတ်လား။ လေ့ကျင့်ရေးကနေ ကျွန်တော်သေသွားရင်ဘယ်လိုလုပ်မလဲ” ချူးယွင်ဖန်းက မျက်လုံးကို လှန်၍ ပြောလိုက်သည်။

“ဒါဆို မင်းသိပ်အသုံးမကျလို့ပေါ့။ အနာဂတ်မှာ မင်းကြုံရမယ့် အန္တရာယ်တွေက ဒီ့ထက် ဆယ်ဆလောက်ပိုဆိုးလိမ့်မယ်။ ဒါက မျိုးနွယ်စုတွေကြား တကယ့် စစ်မြေပြင်ပဲ။ ဘာမှမဟုတ်ဘူး”

“ဒါ့ကြောင့် မင်းရဲ့ ခွန်အားကို တတ်နိုင်သလောက် မြှင့်တင်ဖို့ လိုတယ်။ အချိန်တိုအတွင်းမှာ မင်းရဲ့ ကျင့်ကြံရေးအဆင့်ကို မြှင့်တင်နိုင်ဖို့ မင်းအတွက် ခက်ခဲလိမ့်မယ်။ ဒါပေမယ့် တိုက်ခိုက်ရေးစွမ်းရည်ကတော့ မင်းရဲ့အဆင့်ထက် အများကြီးသာလွန်တယ်။ မွေးဖွားခြင်းနယ်မြေအဆင့်အထိ မင်းရဲ့စွမ်းအားတွေ တိုးလာအောင်ကြိုးစားရမယ်။ အဲ့အဆင့်မှာ မင်းက ကျန်းလင်းရှောင်နဲ့ ယှဥ်ပြိုင်ဖို့ အရည်အချင်းရော အရင်းအနှီးရော ရှိလာလိမ့်မယ်”

“မွေးဖွားခြင်းနယ်မြေအဆင့်ဟုတ်လား” ချူးယွင်ဖန်းက အံ့အားသင့်စွာပြောလိုက်သည်။ ကျင့်ကြံရေးအဆင့်အရမူ အဆင့်နိမ့်နေသေးသော်လည်း တိုက်ခိုက်ရေးအင်အားတိုးမြင့်လာလျှင်မူ ကွာဟချက်မှာ ကြီးမားနေတော့မည်မဟုတ်ပေ။

“ကျွန်တော် နားလည်ပါပြီ။ ဒါပေမယ့် ဆရာကျန်း။ ကျွန်တော့် သန်းတစ်ရာ့ငါးဆယ်ကို လိမ်ယူသွားတာ ဆရာ ပြန်ပေးဖို့ စဥ်းစားထားလား။ ကျွန်တော် ဒဏ်ရာရထားတယ်။ ကျွန်တော့် ဆေးဖိုးတွေရော” ချူးယွင်ဖန်းက ရုတ်တရက်ပြောလိုက်သည်။

“ဟားဟားဟား အဲ့ အသေးစိတ်လေးတွေကို ဂရုစိုက်မနေပါနဲ့”

အခန်း(၅၅၄) ပြင်းထန်သော အကျိုးသက်ရောက်မှု

ယခုနှစ် တာအိုညီလာခံသည် နောက်ဆုံးတွင် အဆုံးသတ်သွားပြီဖြစ်ကာ ညီလာခံ၌ ဖြစ်ပျက်သွားသမျှသည် ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်သွားစေမည်မှာ အသေအချာပင်ဖြစ်သည်။

တက္ကသိုလ်များနှင့် ဂိုဏ်းပေါင်းစုံက ဖြစ်ပျက်သမျှများကို ပါးစပ်ပိတ်ထားသော်လည်း သတင်းအများအပြား ထွက်ပေါ်နေဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ပြည်ထောင်စုတစ်ခုလုံးကို အုတ်အော်သောင်းတင်းဖြစ်သွားစေသည်။ ကြယ်တာရာကျွန်းသည် ကြီးမားလှသဖြင့် ထိုနေရာတွင် အသေအပျောက်များခြင်းမှာ ပုံမှန်ဖြစ်သော်လည်း ဤညီလာခံတွင် ထောင်ပေါင်းများစွာသော ကျောင်းသားများပျောက်ဆုံးသွားခဲ့သည်။

ညီလာခံအတွင်း ၎င်းတို့အားလုံး ကျဆုံးခဲ့ကြသည်။ ခေတ်မီနည်းပညာဖြင့် ပွဲချင်းပြီးမသေသေးသရွေ့ အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်။ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားခြင်းသည်ပင် ကိစ္စမရှိလှပေ။

ထို့ကြောင့် ယခုအကြိမ်တွင် အသေအပျောက်များစွာ ရှိခဲ့သည့်အတွက် ပြည်ထောင်စုတစ်ခုလုံးကို ထိတ်လန့်စေသည်။ လွန်ခဲ့သည့် အနှစ် ၂၀ မှ ၃၀ အတွင်း အသေအပျောက်များ တိုးလာမှု အားလုံးသည် ယခုနှစ် ဆုံးရှုံးမှုပမာဏနှင့် မနှိုင်းယှဥ်နိုင်ပေ။ တစ်ခုသောရှုထောင့်မှကြည့်လျှင် အသေအပျောက်အရေအတွက်ကို မွန်းစတားများက စိမ်းလန်းမြို့တော်ကို ဖောက်ဖျက်ခဲ့ချိန်နှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း၊ လက်တွေ့တွင် လူ့အသိုင်းအဝိုင်းအပေါ် သက်ရောက်မှုမှာ အလွန်ကွာခြားသည်။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် လက်ရွေးစင်များဖြစ်ကြသည်။ လူတစ်ယောက်ရဲ့တန်ဖိုးသည် သာမန်လူ လူတစ်ရာကျော် သို့မဟုတ် တစ်ထောင်ကျော်နှင့် ညီမျှ၏။

ထို့အပြင် ဤသည်က နတ်ဆိုးဂိုဏ်းနှင့်သက်ဆိုင်နေသည်။ အချိန်တိုအတွင်း၌ပင် ဂိုဏ်းက ကြီးမားသော ရာဇဝတ်မှုကြီးနှစ်ခုကို ကျူးလွန်ခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုအစိုးရသည် ဒေါသတကြီးဖြင့် အမိန့်အမျိုးမျိုးထုတ်ခဲ့သည်။ ၎င်းတို့၏ မောက်မာမှုအတွက် နတ်ဆိုးဂိုဏ်းကို တန်ရာတန်ကြေးတောင်းရမည်ဖြစ်သည်။

ပြည်ထောင်စုရှိ တက္ကသိုလ်များနှင့် ကျောင်းသားများစွာအတွက်၊ ချူးယွင်ဖန်း၏ နာမည်သည် လူတိုင်း၏နားထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။ ထိုမတိုင်ခင်က ချူးယွင်ဖန်းသည် အနည်းငယ်ကျော်ကြားခဲ့သော်လည်း အများအပြားက ဖြတ်သွားဖြတ်လာလူတစ်ယောက်အဖြစ်သာ မှတ်ယူထားကြသည်။ ချန်ပီယံဖြစ်ခဲ့သည့်လူကို လူအများက မှတ်မိကြလိမ့်မည်။ ချူးယွင်ဖန်းကဲ့သို့ ကျောင်းသားများကိုမဆိုနှင့် ဒုတိယနေရာနှင့် တတိယနေရာရှိကျောင်းသားများ၏ အာရုံစိုက်ခံရမှုသည်ပင် ပထမနေရာကို အာရုံစိုက်ခံရမှုထက် များစွာနိမ့်ကျနေလိမ့်မည်။ သို့သော် ယခုက မတူပေ။ ညီလာခံအတွင်းတွင် ကြယ်တာရာကျွန်းပေါ်၌ ချူးယွင်ဖန်းက လူတိုင်းကို လက်တစ်ဖက်တည်းဖြင့် သတ်ပစ်ခဲ့သည်။

မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်၊ ဟန်ပင်းနှင့် အခြားသော နာမည်ကြီး ထိပ်တန်းဖြစ်တည်မှုများကို သူကိုယ်တိုင် အနိုင်ယူခြင်း၊ သို့မဟုတ် နတ်ဆိုးဂိုဏ်း၏ ထိပ်တန်း ကျွမ်းကျင်သူများကို နတ်ဆိုးရတနာအသုံးပြု၍ လုပ်ကြံခြင်း၊ အစရှိသည့် မြေကြီးပြိုကွဲလုနီးပါး တန်ပြန်တိုက်ခိုက်မှုတိုင်းကို လုပ်ခဲ့သည်။ ထို့နောက် သူ၏ အမှတ်များသည်လည်း ခုန်တက်လာကာ ညီလာခံ၏ ချန်ပီယံဖြစ်လာခဲ့သည်။

ဤဖြစ်ရပ်များထဲမှ တစ်ခုစီသည် စကားဝိုင်း၏ ခေါင်းစဉ်ဖြစ်လာရန် လုံလောက်သည်။ ချူးယွင်ဖန်းသည် နေ့ချင်းညချင်း နာမည်ကြီးလာ၏။

သတင်းပြန့်နှံ့ပြီးနောက် ချူးယွင်ဖန်းနှင့်ပတ်သက်သည့်အရာအားလုံး သိသာထင်ရှားလာခဲ့သည်။ အထူးသဖြင့် သူနှင့် ကျန်းလင်းရှောင်တို့အကြားတိုက်ပွဲသည် ကမ္ဘာကြီးကို တုန်လှုပ်သွားစေခဲ့သည်။ ကျန်းလင်းရှောင်သည် မည်သို့သော သူမျိုးဖြစ်သနည်း။ ချူးယွင်ဖန်းက လူမသိသူမသိဖြစ်နေသောအချိန်တွင် ကျန်းလင်းရှောင်သည် လက်ရွေးစင်ကျောင်းသားများအကြား၌ နာမည်ကြီးလာခဲ့သည်မှာ ကြာပြီဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ မည်သူမျှ ဤသို့ မတွေးဝံ့ကြတော့ပေ။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုသည် ကျန်းလင်းရှောင် ယခင်ကကဲ့သို့ပင် ကြီးမြတ်လှသည်။ ချူးယွင်ဖန်းသည် ပို၍ပင် အံ့သြဖွယ်ကောင်းသော ဖြစ်တည်မှုအဆင့်တွင် တည်ရှိနေသည်ဟု ဆိုရပေလိမ့်မည်။

မရဏသတ်ကွင်းသို့ရောက်ရန် တစ်နှစ်ခွဲကျန်သေးသဖြင့် ချူးယွင်ဖန်းတွင် တန်ပြန်တိုက်စစ်ဆင်ရန် အခွင့်အရေးရှိသေးသည်။

"ဒီချူးယွင်ဖန်းကို မှတ်ထားရမယ်။ သူကျမသွားသေးသရွေ့တော့ အနာဂတ်မှာ ထိပ်တန်းကျွမ်းကျင်သူတွေရဲ့ အဆင့်သတ်မှတ်ချက်ထဲ သူ့အတွက် နေရာတစ်ခုရှိမှာ သေချာတယ်”

"ချူးယွင်ဖန်းက ဒီညီလာခံမှာတောက်ပနေတဲ့ တစ်ခုတည်းသောသူပဲ”

“သူဟာ သူနဲ့သက်တူရွယ်တူတွေကြားမှာ မယုံကြည်နိုင်စရာပါ။ အခုတစ်ကြိမ်မှာ ချူးမိသားစုက ဒီလောက် ကြီးကျယ်မြင့်မြတ်တဲ့ မြင်းကောင်တစ်ကောင်ကို ထပ်ပြီးပျိုးထောင်နိုင်ခဲ့တယ်။ ချူးဟောက်ယွဲ့အပြီး နှစ်တွေအများကြီးကြာပြီးတော့ သူလိုမျိုး ထူးချွန်တဲ့ ချူးယွင်ဖန်းကိုထပ်ပျိုးထောင်နိုင်ခဲ့တာ အံ့သြစရာပဲ”

“ဒါပေမယ့် ဒီကောင်လေးက မာနကြီးလွန်းတယ်။ သူတကယ် အကုန်လုံးကို သတ်ပစ်လိုက်တာ ကျန်းမိသားစုက ကျန်းပိုင်ဖေးနဲ့ ဟွမ်မိသားစုက ဟွမ်ယုကိုပါသတ်လိုက်တာ။ သေချာပေါက် ဒါကို သူတို့ အလွတ်ပေးမှာမဟုတ်ဘူး”

“အဲတာ ငါလည်း ကြားတယ်။ ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတို့က ချူးယွင်ဖန်းကို သတ်ဖို့ အဓိက လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ကြီးသုံးခုကို အမိန့်ပေးထားတယ်။ သူတို့က ဒါကို ဖုံးကွယ်ထားဖို့ လုံးဝစိတ်မဝင်စားဘူး။ မျောက်တွေကို သတိပေးဖို့ ကြက်ကို သတ်ဖို့ ကြံစည်ထားတာ။ လူတိုင်းက လူချမ်းသာမိသားစုရဲ့ သားမြေးတွေကို ဆန့်ကျင်ဖို့ သတ္တိရှိနေရင် ကမ္ဘာကြီးတစ်ခုလုံး ကမောက်ကမဖြစ်သွားလိမ့်မယ်”

“ဒီလိုလျှို့ဝှက်သတင်းတွေ ပျံ့သွားတာ အံ့သြစရာမရှိပါဘူး။ ဒါပေမယ့် ကျန်းမိသားစုနဲ့ ဟွမ်မိသားစုက အမိန့်မပေးခဲ့ရင်တောင် အစိမ်းရောင်ဝတ်ရုံအဖွဲ့က လွှတ်ထားမှာမဟုတ်ဘူးလို့ ငါထင်တယ်။ နောက်ဆုံးတော့ ချူးယွင်ဖန်းက သူတို့ရဲ့ သခင်လေးတစ်ယောက်ကို သတ်ပစ်လိုက်တာပဲလေ”

“ကမ္ဘာကြီး ကမောက်ကမ ထပ်ဖြစ်တော့မယ်။ ချူးယွင်ဖန်းမှာ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားနဲ့ မွန်းစတားအတွင်းအူတိုင်ပါရှိတယ်။ မြို့ပြင်က နတ်ဆိုးလေးပါးက အဲ့တာကို စိတ်ဝင်စားတယ်လို့ ကြားမိသေးတယ်။ ကျစ် ကျစ် အဲ့ဒီ့နတ်ဆိုးတွေ ဒီမှာ ပုန်းနေတာကြာပြီ။ အခု သူတို့တွေက ဒီပစ္စည်းတွေလိုချင်လို့ ထွက်လာတော့မယ်”

“ဒါက သဘာဝပဲလေ။ တကယ်လို့ ဒီပစ္စည်းတွေက နက္ခတ်းဂိုဏ်းရဲ့ လက်ထဲမှာ ရှိနေရင် သူတို့က ဒီလိုလုပ်ဖို့ သတ္တိရှိမှာမဟုတ်ဘူး။ ဒါပေမယ့် ချူးယွင်ဖန်းရဲ့လက်ထဲမှာတော့ ကလေးက ရွှေတုံးကို ကိုင်ထားသလိုပဲမဟုတ်ဘူးလား။ ဒါက သေချင်နေတာပဲမလား။ ပြည်ထောင်စုတက္ကသိုလ်က ဖြစ်ခဲ့ရင်တောင် သူ့ကိုဘယ်လောက်ကြာကြာ ကာကွယ်ထားနိုင်မှာတဲ့လဲ။ သူ့ဘဝတစ်လျှောက်လုံး ပြည်ထောင်စုတက္ကသိုလ်က ထွက်မသွားမှပဲ အဲ့လိုဖြစ်နိုင်လိမ့်မယ်”

“မြစ်တွေ တောင်တွေကနေ ပါရမီရှင်တွေ အမြဲထွက်ပေါ်လာနေဦးမှာပဲ။ သူတို့တွေက နှစ်ရာနဲ့ချီပြီး ဦးဆောင်နိုင်လိမ့်မယ်”

ရုတ်တရက် ချူးယွင်ဖန်းနှင့်ပတ်သက်သည့် ကောလာဟလမျိုးစုံ လွင့်ပျံလာသည်။ အားလုံးက သူ့ကိုလိုက်ရှာနေသော်လည်း သူသည်မူ ပျောက်ကွယ်သွား၏။

ကြယ်တာရာကျွန်းမှ ပြန်လာပြီးနောက် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ မပြန်သွားခဲ့ပေ။ သူလုပ်ခဲ့သော ကြီးမားသည့် မုန်တိုင်းသည် တဖြည်းဖြည်းကြီးပြင်းလာကာ ပျံ့နှံ့သွားသည်။ ထိုသို့ဖြစ်၍ အဓိကအကြောင်းအရာဖြစ်သည့် သူသည်မူ ထိုနေရာတွင်မရှိတော့ပေ။

ညီလာခံသည် အစမ်းပွဲအမျိုးအစားဖြစ်သော်လည်း ချူးယွင်ဖန်း၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ကျန်းနှင့် ဟွမ်မိသားစုများသာမက မိသားစုအားလုံး၏ ကန့်ကွက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို သတ်ဖြတ်ရန် တုံ့ဆိုင်းမနေသည့်အတွက် သူ့ကို မုန်းတီးနေသည့်အခြားသူများစွာရှိနေသည်။

ဒီလူများအားလုံးသည်လက်ရွေးစင်များနှင့် ပါရမီရှင်များဖြစ်သည်။ ထို့ထဲတွင် ဂိုဏ်းခွဲပေါင်း သုံးဆယ်ကျော် ပါဝင်ခဲ့သည်။ ဤဂိုဏ်းများသည် ပြည်ထောင်စုတက္ကသိုလ်ကို ဖိအားပေးရန် ကျန်းမိသားစု၊ ဟွမ်မိသားစုတို့နှင့် ပူးပေါင်းခဲ့သည်။ ၎င်းတို့သည် ချူးယွင်ဖန်းရခဲ့သော အမြတ်အစွန်းများကို လွှဲပြောင်းပေးစေလိုသည့်အပြင် ချူးယွင်ဖန်းကိုလည်း အပြင်းအထန် ပြစ်ဒဏ်ချမှတ်စေလိုသည်။

တိုက်ရိုက်ပါဝင်သည့် ဂိုဏ်းများနှင့် မိသားစုများအပြင် မီးထဲသို့ လောင်စာထည့်သည့် အခြားမိသားစုများလည်း ရှိသေးသည်။ ပြည်ထောင်စုတက္ကသိုလ် သို့မဟုတ် ချူးမိသားစုတွင် ဤမျှကြီးမားသောပုဂ္ဂိုလ်မျိုးကို မည်သူမျှ မမြင်လိုကြပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုတက္ကသိုလ်မှတုံ့ပြန်ဖြေကြားခဲ့သည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားတစ်ဦးဖြစ်သဖြင့် မည်သူမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိပေ။ ပြည်ထောင်စုတက္ကသိုလ်၏ အဓိပတိကို မည်သည့်နေရာတွင်မှ မတွေ့ခဲ့ရသော်လည်း ပြည်ထောင်စုတက္ကသိုလ်သည် နှစ်ပေါင်းရာနှင့်ချီ၍တည်မြဲနေခဲ့ကာ အမျိုးမျိုးသောကိစ္စရပ်များကို လွယ်ကူစွာကိုင်တွယ်နိုင်ခဲ့သည်။ ဤလူများ၏ တောင်းဆိုချက်များကို နားထောင်၍ ချူးယွင်ဖန်းကို ပြင်းပြင်းထန်ထန်ပြစ်ဒဏ်‌ပေးခြင်းသည် မြင်းရှေ့တွင် လှည်းချိတ်လိုက်သည့် သဘောပင်ဖြစ်သည်ကို ၎င်းတို့ကောင်းစွာသိထားကြသည်။

နောင်တွင် ပြည်ထောင်စုတက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို မည်သူက ထပ်မံဖြေဆိုဝံ့မည်နည်း။ အကယ်၍ ကျောင်းတစ်ကျောင်းသည် ဤပါရမီရှင်များကို အကာအကွယ်မပေးနိုင်ပါက ယင်းကို လွှဲပြောင်းရယူလိုသော အခြားအဖွဲ့အစည်းတစ်ခုသည်လည်း သဘာဝအတိုင်း ရှိနေပေလိမ့်မည်။

ဖက်ဒရေးရှင်းတက္ကသိုလ်သည် ဦးညွှတ်လိုစိတ်မရှိသဖြင့် လူရှေ့တွင်သာမက နောက်ကွယ်တွင်ပါ အစီအစဥ်များထုတ်ဖော်လျက်ရှိသည်။

အခန်း(၅၅၅) ချူးမိသားစု၏ အာရုံစိုက်မှု

ပြည်ထောင်စုတက္ကသိုလ်အပြင် ချူးမိသားစုသည်လည်း ကြီးမားသောဖိအားများအောက်တွင်ရှိနေသည်။ ပြည်ထောင်စုတက္ကသိုလ်က ချူးယွင်ဖန်းကို နောက်ထပ်လေးနှစ်တာသာ ကာကွယ်ပေးရန်လိုအပ်သည်။ နောက်ဆုံးတွင်မူ ကျောင်းသားများအားလုံး ပြည်ထောင်စုတက္ကသိုလ်မှ ဘွဲ့ရကြပေလိမ့်မည်ဖြစ်သည်။

ထိုလေးနှစ်ကြာပြီးနောက် ပြည်ထောင်စုတက္ကသိုလ်သည် ၎င်း၏ဘွဲ့ရများ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက်မပြုနိုင်ပေ။ ပြည်ထောင်စုတက္ကသိုလ်သည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားဟူသည့် နာမည်ကိုသာ ကာကွယ်ပေးရုံဖြစ်သဖြင့် ကျောင်းသားများကို သီးခြားကာကွယ်ပေးခြင်းမဟုတ်ပေ။ ချူးယွင်ဖန်းက ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားဖြစ်နေသရွေ့ ပြည်ထောင်စုကတ္ကသိုလ်က သူ့ကို လက်လျှော့လိမ့်မည်မဟုတ်ပေ။ သို့သော် သူဘွဲ့ရသောအခါတွင်မူ ဤမျက်နှာဖုံးသည် အသုံးဝင်တော့မည်မဟုတ်ပေ။

သို့သော် ချူးမိသားစုသည်ကွဲပြားသည်။ ချူးယွင်ဖန်းသည် ချူးမိသားစုခွဲမှ ဖြစ်သော်လည်း သူသည် မိသားစုဝင်တစ်ဦးဖြစ်နေဆဲဖြစ်သည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုသည် သာမန်ဖြစ်ပါက သူကိုယ် စတေးခဲ့လျှင်ပင် လွှတ်ထားပေးမည်ဖြစ်သော်လည်း သူ၏စွမ်းဆောင်ရည်က အလွန် အံ့မခန်းဖြစ်နေသဖြင့် ချူးမိသားစုသည် လက်ရှိတ အလွန်ခက်ခဲသောအခြေအနေတွင်ရှိနေသည်။

ဤအခိုက်အတန့်တွင် ချူးမိသားစု၏ အစည်းအဝေးခန်းတစ်ခုတွင် လူဒါဇင်များစွာဖြင့် ပြည့်နေသည်။ ဤသည်မှာ မိသားစုမှ လူအများအပြားမရှိသော်လည်း ချူးမိသားစုင့် ရင်းနှီးသောသူများသာ ဤသည်ကို တွေ့ပါက အကုန်အံ့သြကုန်ကြလိမ့်မည်ဖြစ်သည်။ ဤလူများသည် ချူးမိသားစု၏ စစ်မှန်သောခေါင်းဆောင်များဖြစ်ကြသည်။ ချူးမျိုးနွယ်စုခေါင်းဆောင် ချူးယန်သည် စားပွဲ၏ခေါင်းရင်းတွင် ထိုင်နေသည်။ အငယ်တန်းခေါင်းဆောင် ချူးဟောက်ယွဲ့ပင်လျှင် ဤလူအုပ်စု၏အောက်ခြေတွင် တလေးတစားထိုင်နေရသည်။ ထို့ကြောင့် ချူးမိသားစုရှိ ဤလူအုပ်၏ အဆင့်အတန်းကို မှန်းကြည့်နိုင်၏။

ချူးမိသားစုအရေးကိစ္စများသည် ဤလူများ၏ သုံးပုံတစ်ပုံခန့်ကို အနှောက်အယှက်ပေးနိုင်သည်ဟုဆိုလျှင်ပင် အလွန်ထိတ်လန့်ဖွယ်ဖြစ်နေပြီဖြစ်သည်။ ဤလူများထဲမှ အချို့သည် သီးသန့်ကျင့်ကြံနေကာ အချို့ကမူ ချူးမိသားစုအရေးကို တာဝန်ယူကြသည်။ ထို့ကြောင့် ၎င်းတို့လုပ်နေသောအရာများကို လွှတ်ချရန် အလွန်ခက်ခဲသည်။

ထို့အပြင် ယခုအချိန်တွင် ၎င်းတို့အားလုံးသည် ချူးမိသားစု၏ မျိုးဆက်သစ်မြင်းနက်တစ်ကောင်ဖြစ်သည့် ချူးယွင်ဖန်းကြောင့် စုဝေးလာကြရသည်။

"ချူးယွင်ဖန်းရဲ့ အချက်အလက်ကို လူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ်။ ခင်ဗျားတို့ရဲ့ အတွေးအမြင်ကို ပြောပြပါ” ချူးယန်က ပြောသည်။

“ဒီကလေးက ပြဿနာကို ဘယ်လိုရှာရမလဲဆိုတာ ကောင်းကောင်းသိတယ်” အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ကျော်အရွယ်ရှိ အကြီးအကဲတစ်ဦးက ပြုံးလျက်ပြောသည်။

လူကြီးများအားလုံး ရယ်မောကြသည်။ ဒီလူကြီးသည် အသက် ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ်ခန့်ရှိသည်ထင်ရသော်လည်း တကယ်တမ်းတွင် အသက်တစ်ရာကျော်နေပြီဖြစ်၏။ သူ့ကို ချူးမိသားစုမှ အသက်ကြီးကာ ရာထူးမြင့်သော အကြီးအကဲတစ်ယောက်အဖြစ်ယူဆနိုင်သည်။ သူ့အသက်အရွယ်အရ သူက ချူးယွင်ဖန်းကို ‘ကလေး’ဟုခေါ်ခြင်းမှာ ပုံမှန်သာဖြစ်သည်။

“သူဟာ ပြဿနာရှာနိုင်စွမ်းရှိပေမယ့် သူ့အရည်အချင်းက ပြဿနာရှာနိုင်စွမ်းနဲ့ တန်းတူပါပဲ။ ငါတို့မိသားစုက ဒီလိုလူမျိုးကို မွေးထုတ်ခဲ့တာကြာပြီ။ နောက်ဆုံးတစ်ယောက်က ဟောက်ယွဲ့ပဲ” အကြီးအကဲတစ်ယောက်က ပြောသည်။

“ဒါပေမယ့် သူကျော်ကြားလာတာ အရမ်းနောက်ကျနေပုံရတယ်။ သူ့အထက်တန်းကျောင်း တတိယနှစ်ရောက်တဲ့အချိန်မှ သူ့မျက်လုံးတွေပွင့်လာတာပဲ။ တကယ်လို့ ငါတို့ သူ့ကို စောစောတွေ့ခဲ့ရင် တတ်နိုင်သမျှ စောစောစပြီး ပျိုးထောင်ပေးနိုင်မှာကို။ အခုလုပ်နေတဲ့အတိုင်းဆို သူကို ငါတို့ မိသားစုစနစ်ကနေ ထွက်မသွားခိုင်းသင့်ဘူး”

အကြီးအကဲများစွာက ခါးသက်စွာပြုံးလိုက်ကြသည်။ ၎င်းတို့သည် အခြေအနေကို မည်သို့ လိုက်ရောညီထွေဖြစ်စေရန်နေရမည်ကို မသိကြသော မာန်တက်နေသည့် လူအိုကြီးများ မဟုတ်ကြပေ။ ၎င်းတို့အားလုံးသည် လောကီကျင့်စဉ်များကို ကောင်းစွာ တတ်မြောက်ကြသည်။ အကြောင်းပြချက်မရှိဘဲ မမုန်းတီးသင့်ကြောင်း၊ မချစ်သင့်ကြောင်း သိကြသည်။ ချူးယွင်ဖန်းသည် ငယ်ရွယ်စဥ်ကတည်းက မိသားစုထံမှ အကျိုးအမြတ်မရရှိခဲ့ပေ။ ထို့ကြောင့် ပိုင်ဆိုင်လိုစိတ်မရှိသည်မှာလည်း သာမန်မျှသာဖြစ်သည်။

အများအားဖြင့်တော့ ဤကဲ့သို့သော အခြေအနေမျိုးက ပြဿနာမဟုတ်လှပေ။ မူလအစက မိသားစုနှင့်မရင်းနှီးခဲ့လျှင်ပင် လောကတွင် မိမိစိတ်တိုင်းကျ ပြမူလုပ်ဆောင်လိုသောလူ မရှိပေ။ တစ်ဖွဲ့ပြီးတစ်ဖွဲ့‌ပေါ်ပေါက်လာသော အဖွဲ့များ အဖွဲ့အစည်းများရှိနေသည်ဖြစ်ရာ ချူးမိသားစုသည် အကောင်းဆုံးအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကြောင်း သိသာ၏။

ချူးမိသားစုသည် ကြီးမြတ်သော မိသားစုကြီးရှစ်ခုထဲမှ တစ်ခုဖြစ်သော်လည်း ၎င်းတို့၏ အင်အားစုများသည် ကျန်မိသားစုများထက် ပို၍ ကြီးမားသည်။ သို့သော် ၎င်းတို့သည် ဖီးနစ်အမွေးများနှင့် ယူနီကွန်ဦးချိုများကဲ့သို့ ရှားပါးသည်။ အခြေခံအားဖြင့် ၎င်းတို့သည် ပြည်ထောင်စု၏ ထိပ်တန်းအင်အားစုများဖြစ်သည်။

သူတို့သည် မည်သို့ပင် ငယ်ရွယ်သော ပါရမီရှင်များဖြစ်နေပါစေ အကယ်၍ ပို၍ တိုးတက်လာလိုပါက ချူမိသားစုကို အားကိုးရပေမည်။ ချူးမိသားစုကသာလျှင် ထိုပါရမီရှင်များကို လုံလောက်သော အရင်းအမြစ်များဖြင့် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

ဤလှုပ်ရှားမှုသည် အတိတ်ကတည်းက အောင်မြင်ခဲ့သည်။ ကျင့်ကြံရေးလောကတွင် ကျင့်ကြံသူတစ်ဦးသည် ချမ်းသာခြင်းဟူသော နိယာမကို အာရုံစိုက်ထားကြရမည်ဖြစ်သည်။ ဤဒြပ်စင်လေးပါးက မည်သို့ပင်ရှိနေစေကာမူ ၎င်းတို့ကို ရနိုင်ရန် ချူးမိသားစုကိုမှီခိုအားထားရပေလိမ့်မည်။

ပြည်ထောင်စုတက္ကသိုလ်က စေတနာရှိသော်လည်း စုစုပေါင်း ကျောင်းသားတစ်သိန်းကျော်ရှိသည်။ ၎င်းတို့ရနိုင်သည့်အရင်းအမြစ်များ မည်မျှပင်ရှိနေစေကာမူ ချူးမိသားစုက ပေးနိုင်သည့် အရင်းအမြစ်များနှင့် နှိုင်းယှဥ်၍ မရပေ။

ထိုပုဂ္ဂိုလ်နှင့်မိသားစုကြားတွင် နက်နဲသောမုန်းတီးမှုအချို့မရှိပါက ချူးမိသားစုသည် ချူးမိသားစုမှ ပေါက်ဖွားလာသည့် သံလွင်ခက်ကို ပုံမှန်အားဖြင့် ငြင်းပယ်လေ့ရှိလိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည်မူ ကွာခြားသည်။ သူသည် ချူးမိသားစုထံမှ အကူအညီများစွာ မရရှိခဲ့ပေ။ သူသည် အခြားသော မိသားစုကြီးများနှင့် ဂိုဏ်းဂဏများ၏ အပြည့်အဝ ထောက်ခံမှုကို ရရှိထားသော မျိုးဆက်များစွာကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခဲ့သည်။

သူ၏အရည်အချင်းသည် ချူးဟောက်ယွဲ့ထက် နိမ့်ကျသည်ဟုဆိုလျှင် နှိမ်ချခြင်းတစ်မျိုးဖြစ်ပေလိမ့်မည်။ သူသည် ထိုစဥ်က ချူးဟောက်ယွဲ့ထက်ပင် ပို၍ ထူးချွန်လှသည်။

သူ၏ အံ့အားသင့်ဖွယ်စွမ်းဆောင်ချက်ကြောင့်သာမဟုတ်လျှင် ချူးယွင်ဖန်းက ချူးမိသားစု၏ အထက်ပိုင်းပုဂ္ဂိုလ်များအားလုံးကို ထိတ်လန့်စေလိမ့်မည်မဟုတ်ပေ။ သူနှင့်ပက်သက်၍ ဆွေးနွေးရန် လူများစွာက ဤနေရာသို့ စုရုံးလာကြသည်။ ချူးမိသားစု၏ သမိုင်းတွင် ဤသို့သောအခြေအနေမျိုးသည် အလွန်ရှားပါးလှ၏။ အတိုချုပ်ပြောရလျှင် ဤကိစ္စဖြစ်သည်။ ၎င်းတို့လုပ်နိုင်သောအရာ မည်သည့်အရာမျှ မရှိပေ။ ချူးယွင်ဖန်းသည် ဖြူကောင်တစ်ကောင်နှင့်တူသဖြင့် သူ့ကို မည်သို့ ကိုင်တွယ်ရမည်ကို မသိကြပေ။

သာမန်လူတစ်ဦးသာဖြစ်လျှင် အဆင်ပြေသည်။ သို့သော် ချူးယွင်ဖန်းကဲ့သို့ ထိပ်တန်းပါရမီရှင်တစ်ဦးက ၎င်းတို့မိသားစုမှ ဆင်းသက်လာခဲ့သည်။ သူ့ကို မိသားစုအဆင့်သို့ မထည့်နိုင်ပါက အလွန်နှမျောဖွယ်ကောင်းပေလိမ့်မည်ဖြစ်သည်။

“ငါတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်နိုင်တာ ဘာမှမရှိဘူး။ ငါတို့မိသားစုက ကြီးမားပေမယ့် မျိုးဆက်အားလုံးကို တစ်ချိန်တည်းမှာ လေ့ကျင့်ပေးဖို့ မဖြစ်နိုင်ဘူး။ အဲ့လိုလုပ်ရင် ငါတို့ မိသားစုရဲ့စွမ်းအားက ဆယ်ဆပိုကြီးနေရင်တောင် ဒေဝါလီခံသွားရမှာပဲ။ နောက်ပိုင်းအဆင့်တွေမှာ ပိုထူးချွန်လာတဲ့ ချူးယွင်ဖန်းလိုလူမျိုးတွေ အများကြီးရှိတယ် ဒါပေမယ့် ဒီလိုထိတ်လန့်တကြားဖြစ်ရတာမျိုးက ဒါပထမဆုံးပဲ” အကြီးအကဲတစ်ဦးက သက်ပြင်းချ၍ ပြောလိုက်သည်။

အခြေအနေကို ကြည့်လျှင် ချူးယွင်ဖန်း ဖန်တီးထားသည့် အဖြစ်အပျက်ကို နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်စေရန် တားဆီးနိုင်သည့် နည်းလမ်းမရှိပေ။ သို့သော် ယေဘုယျအားဖြင့် ချူးယွင်ဖန်းကဲ့သို့သော မွန်းစတားတစ်ကောင်ပေါ်လာရန် မဖြစ်နိုင်ပေ။ လူတိုင်းက သူ့ကဲ့သို့ အမှီအခိုကင်းစွာဖြင့် ဤအတိုင်းအတာအထိ တိုးတက်လာရန် မဖြစ်နိုင်ပေ။

“ငါတို့အဲ့လိုမျိုးပါရမီရှင်မျိုးကို ခေါ်နိုင်ဖို့ ကြိုးစားရမယ်။ အရင်ကတုန်းက သိပ်မကြိုးစားခဲ့ဘူး။ ဒါပေမယ့်အ ခုတော့ ငါတို့ သူ့ကို လျှော့တွက်လိုက်မိပုံရတယ်။ ငါတို့ရဲ့ အတွေ့အကြုံတွေကိုသုံးပြီး ဝေဖန်လို့မရဘူး” အကြီးအကဲတစ်ဦးက ပြောသည်။

“နောက်ပြီး ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတို့ရဲ့ ဖိအားကို ငါတို့ ဂရုစိုက်နေစရာမလိုဘူး။ သူတို့က ငါတို့မိသားစုရဲ့ ရှားရှားပါးပါး ပါရမီရှင်ကို သတ်ပစ်ချင်နေကြတာ။ သူတို့ကို လျစ်လျူရှု့ထားလိုက်”

“ကျုပ်လည်းသဘောတူတယ်။ လူ့နှလုံးသားက အသားနဲ့ပြုလုပ်ထားတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ချူးယွင်ဖန်းက သူ့အရည်အချင်းကို ထုတ်ပြခဲ့တာ အချိန်မနှောင်းသေးဘူး။ ငါတို့မိသားစုရဲ့ အရည်အချင်းတွေကို မထုတ်ပြရသေးဘူး” အကြီးအကဲတစ်ဦးက အခိုင်အမာပြောသည်။

“ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတို့က ယုတ်မာတဲ့လှည့်ကွက်တွေ သုံးချင်လည်း သုံးကြပါစေ။ ငါတို့ ချူးမိသားစုက ပြဿနာကို ကြောက်နေတဲ့ ငပျော့တွေမဟုတ်ဘူး”

အကြီးအကဲများအားလုံး တစ်ယောက်ပြီးတစ်ယောက်ပြောလာကြသည်။

“အကုန်လုံးက ဒါကို သဘောတူပြီဆိုတော့ ကျွန်တော်တို့ ဆက်လုပ်ပါ့မယ်။ ကျွန်တော်တို့အကောင်းဆုံးကြိုးစားပြီး ချူးယွင်ဖန်းကို ခေါ်ဖို့ ကြိုးစားသွားမှာပပါ။ အခြားကိစ္စတွေကိုတော့ ချူးဟောက်ယွဲ့၊ မင်းကို တာဝန်ပေးလိုက်မယ်”

ချူးယန်က ချက်ချင်းအမိန့်ပေးလိုက်သည်။ ချူးမိသားစု၏ အကြီးအကဲဖြစ်သော သူသည် ပြည်ထောင်စုအစိုးရ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။ သူ့တွင် နေ့တိုင်း လုပ်ရမည့် ကိစ္စများ၊ တက်ရောက်ရမည့်ပွဲများရှိသည်။ ချူးယွင်ဖန်းက မည်မျှပင် အရေးကြီးနေစေကာမူ အသေးစိတ်တိုင်းကို သူအာရုံစိုက်နေ၍မရပေ။

“နားလည်ပါပြီ။ ကျွန်တော်နဲ့စိတ်ချထားလိုက်ပါ” ချူးဟောက်ယွဲ့ကပြောသည်။

ဤအချိန်တွင် ဤမုန်တိုင်းကို လှုံ့ဆော်ခဲ့သည့် ချူးယွင်ဖန်းသည် နောက်ဆုံး၌ ပေါ်လာ၏။

All Chapters