← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း(၅၅၆) မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်

သီးသန့်လေ့ကျင့်မှုမှ ချူးယွင်ဖန်း ပြန်ထွက်လာသောအခါတွင် တစ်လခန့်ပင် ကြာခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် အချိန်များစွာကြာသည်အထိ မုန်တိုင်း၏ အဓိကအရင်းအမြစ်ဖြစ်နေခဲ့သည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားနှင့် နတ်စွမ်းအင်မွန်းစတား၏ အတွင်းအူတိုင်ကို ပိုင်ဆိုင်ထားသောကြောင့် မရေမတွက်နိုင်ဖွယ်များပြားသောသူများ၏ မက်မောဖွယ်ဖြစ်လာခဲ့သည်။

ချူးယွင်ဖန်းက ဤသည်ကို ကောင်းစွာသိထားသည်။ သူသည် လူများစွာကို ဆိုးရွားလှသည်ဟု တွေးတောနေလိမ့်မည်မဟုတ်သော်လည်း သူ့အပေါ်သို့ မကောင်းသော အကြံအစည်များရှိနေသည့်သူများကိုမူ ကြောက်နေကြမည်မဟုတ်ပေ။ ထို့အပြင် ချူးယွင်ဖန်းက ဒဏ်ရာအပြင်းအထန်ရရှိထားသည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ထောက်ပံ့ထားသည့် အချိန်တိုအတွင်းတွင် သူ၏ ဆဲလ်တစ်ခုစီတိုင်းရှိ အသက်စွမ်းအင်များကုန်ဆုံးသွားခဲ့ရသည်။ ယခင်ခေတ်ကသာဆိုလျှင် မျှော်လင့်ချက် မဲ့သွားရပေလိမ့်မည်ဖြစ်သော်လည်း ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အသက်စွမ်းအင်ကို ဖြည့်တင်းခြင်းသည် နောက်ဆုံးပေါ် အကောင်းမွန်ဆုံးသော နည်းပညာဖြစ်သည်။ လူသားများသည် မသေနိုင်သောလမ်းကြောင်းကို အဆက်မပြတ်ရှာဖွေခဲ့ရာ ဤအသက်စွမ်းအင်ဖြည့်တင်းမှုသည် ယင်း၏ အကျိုးဆက်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဤကုသမှု၏တန်ကြေးမှာ အလွန်မြင့်မားလှသဖြင့် ချူးယွင်ဖန်းက ယခင်ငွေညှစ်မှုမှ ရခဲ့သည့် သန်းတစ်ရာ့ငါးဆယ်လုံးကို သုံးခဲ့ရသည်။

ဤအရာများအားလုံးသည် ကျန်းယွမ်ပင်၏ ကျေးဇူးကြောင့်သာဖြစ်သည်။ မဟုတ်လျှင် သူ၏ လက်ရှိအဆင့်ဖြင့် ချူးယွင်ဖန်းသည် ထိုကဲ့သို့သော ခေတ်မီနည်းပညာများနှင့် ထိတွေ့နိုင်လိမ့်မည်မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အရဲစွန့်အသုံးပြုခြင်း၏ရလဒ်သည် ကောင်းမွန်းစွာပင် ပေါ်ထွက်လာခဲ့သည်။ ချူးယွင်ဖန်းက သွေးမင်းသားကို သတ်နိုင်ခဲ့ရုံသာမက ယခုနှစ်ညီလာခံချန်ပီယံအဖြစ်လည်း ပြန်လာနိုင်ခဲ့သည်။

ကျန်းယွမ်ပင်ပေးပို့သော မက်ဆေ့ချ်အရ ကျူးပုမီနှင့် အခြားသူများသည် ချူးယွင်ဖန်းကို မောင်းထုတ်လိုကြသည်။ သို့သော် ချူးယွင်ဖန်းအနိုင်ရပြီးနောက် ကျောင်းရှိ ဆရာ၊ ဆရာမ အကြီးအငယ်များအားလုံး ချူးယွင်ဖန်းကို ကာကွယ်ရမည်ဟု သဘောတူညီခဲ့ကြသည်။

ဤသည်မှာ မိမိတွင် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားရှိနေသည်ဟူသည့်အချက်ကိုဖော်ထုတ်ရန် တုံ့ဆိုင်းမနေခဲ့ရသည့်အကြောင်းပင်ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းတွင် ခွန်အားကို ဖုံးကွယ်၍ အချိန်အကုန်ခံရန်မလိုအပ်ပေ။ အနည်းဆုံးမူ သူသည် ထိုအဆင့်သို့မရောက်သေးပေ။ ချူးယွင်ဖန်းသာ သာမန်ကျောင်းသားတစ်ယောက်ဖြစ်လျှင် ပြည်ထောင်စုတက္ကသိုလ်က သူ့ကို မျက်ကွယ်ပြုထားမည်ဖြစ်သော်လည်း ယခု ပြည်ထောင်စုတက္ကသိုလ်ထဲရှိ လူတိုင်းက သူ့နာမည်ကို သိထားသဖြင့် ညတွင်းချင်းနာမည်ကြီးလာသည်ဟုပင်ဆို၍ ရသည်။

ဤဂုဏ်သတင်း၊ ဤကျော်ကြားမှုသည် တစ်ခါတစ်ရံတွင် အသက်အန္တရာယ်ရှိသောအရာတစ်ခုဖြစ်၍ လူများစွာ၏အာရုံကို ဆွဲဆောင်နိုင်သည်။ သို့သော် အခြားအချိန်များတွင် ဤအရာက လူများကို တုံ့ဆိုင်းနေစေကာ အန္တရာယ်မပြုစေနိုင်သည့် ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ စတင်လှုပ်ရှားလိုသောသူ များစွာရှိသော်လည်း သူ့ကို ကာကွယ်ပေးချင်သောသူပမာဏသည်မူ ပို၍များပြားနေသည်။

ချူးယွင်ဖန်းက သူ၏ တိုးတက်မြင့်မားလာမှုလမ်းကြောင်းမှာ လွယ်ကူချောမွေ့လိမ့်မည်မဟုတ်ကြောင်း ကောင်းစွာသိထားသည်။ အကယ်၍ မုန်တိုင်းရှိပါက ၎င်းသည် ပြင်းထန်ပေလိမ့်မည်။ အပင်ငယ်တစ်ပင်သည် မုန်တိုင်းမရှိဘဲ မကြီးထွားလာနိုင်ပေ။

ဤတစ်လသို့မဟုတ် တစ်လထက်ပိုသောကာလတွင် ချူးယွင်ဖန်းသည် မည်သည့်အရာမျှ မလုပ်ဘဲထိုင်နေခဲ့သည်။ နောက်ဆုံးသော သွေးရင်းမြစ်ဆေးလုံးကိုစားပြီးနောက် မရီးဒျန်သန့်စင်ခြင်း သတ္တမအဆင့်အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့သဖြင့် တိုက်ပွဲစွမ်းအားပိုင်းတွင် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်အထိပင် နီးကပ်နေပြီဖြစ်သည်။

မဟုတ်ပေ။ ချူးယွင်ဖန်းသည် သာမန် မရီးဒျန်အဆင့် အထွတ်အထိပ်ကိုပင် ကျော်သွားပြီဟုဆိုရပေလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် ကျောင်းသားကောင်စီ၏ ဒုဥက္ကဌ ဝမ်ချီဖြစ်သည်။ ယခင်က ချူးယွင်ဖန်းသည် ဝမ်ချီကိုမယှဥ်နိုင်သေးသဖြင့် ထိပ်တိုက်မရင်ဆိုင်ဝံ့ခဲ့သော်လည်း ယခုမူ ဝမ်ချီကို အနိုင်ယူနိုင်မည်ဟု အကြွင်းမဲ့ယုံကြည်ထားသည်။ နောက်ထပ်ခြေတစ်လှမ်းလှမ်းပါက ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် လူသားမျိုးနွယ်၏ ၉၉ ရာခိုင်နှုန်း၏ကြောက်ရွံ့မှုဖြစ်သော မွေးဖွားခြင်းနယ်မြေအဆင့်ကိုပင် ကျော်တက်နိုင်လိမ့်မည်ဖြစ်၏။

မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့်မတူသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့်ကို လူ့အဖွဲ့အစည်း၏ ကျောရိုးအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် လူ့အဖွဲ့အစည်း၏ အထက်ပိုင်း၌ ရှိနေကြသည်။ လူသားလောကကြီးတစ်ခုလုံး၏

ထိပ်တန်း လက်ရွေးစင်များဖြစ်၏။

ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်သွားသည်နှင့် သူ၏အဆင့်အတန်းသည်လည်း လုံးဝပြောင်းလဲသွားသည်။ သူသည် ဤလက်ရွေးစင်များနှင့် တန်းတူရပ်တည်နိုင်မည်ဖြစ်ကာ မည်သူကမျှ သူ့ကို အငယ်တန်းအဖြစ် ဆက်ဆံဝံ့မည်မဟုတ်ပေ။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူသည် အသက်ကို ဂရုမစိုက်ပေ။ ၎င်းတို့သည်သည် ခွန်အားကိုသာ အလေးထားကြ၏။

ချူးယွင်ဖန်းသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ သူ့မိသားစု၏ အိမ်မှ ထွက်လာသည်။ ဤကာလအတွင်း ပြန်လည်သက်သာလာရန် ဤနေရာတွင် ပုန်းအောင်းနေခဲ့ရသည်။ ဤသည်က ယင်းကိုလုပ်ဆောင်ရန် အကောင်းဆုံးနေရာဖြစ်သည်။ ပြည်ထောင်စုမပြိုကွဲသရွေ့ ဤနေရာသည် အလုံခြုံဆုံးနေရာဖြစ်၏။

ဤနေရာ၌ မည်သူမျှ ပြဿနာမရှာဝံ့ကြပေ။ မည်သူမဆို ပေါ့ပေါ့ဆဆပြုမူပါက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများပင်လျှင် သေခြင်းတရားမှ လွတ်မြောက်ကြလိမ့်မည်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ မိဘနှစ်ပါးလုံး အလုပ်သွားလုပ်နေကြသည်။ ညီမဖြစ်သူသည်လည်း ကျောင်းတက်နေသဖြင့် အပြင်ရောက်နေပြီဖြစ်ရာ ချူးယွင်ဖန်းတစ်ယောက်သာ ဗီလာထဲတွင် ကျန်ခဲ့သည်။

“ဘယ်သူရောက်နေတာလဲ ထွက်လာခဲ့” ချူးယွင်ဖန်းက ခြံဝန်းတစ်ဝိုက်ကိုကြည့်၍ပြောလိုက်သည်။

ထိုအချိန်တွင် ရုတ်တရက် လူထွားကြီးတစ်ယောက် ခုန်ထွက်လာသည်။ ဤသည်မှာ ချူးယွင်ဖန်း ယခင်က ငှားရမ်းခဲ့သည့် ချန်ရှန်၏ ကိုယ်ရံတော်ဖြစ်သည်။ ဟိုစဥ်က ဤလူကို ငှားရန် ငွေအမြောက်အများကုန်ကျသည်။ ချန်ရှန်သည် စစ်အထူးတပ်ဖွဲ့များ၏ မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် လက်ရွေးစင်တစ်ဦးဖြစ်သည်။

ချန်ရှန်အပြင် အခြားလူအနည်းငယ်လည်းရှိသေးသည်။ ချူးယွင်ဖန်း၏ မိဘများနှင့် ညီမဖြစ်သူကိုကာကွယ်ရန်အတွက် ၎င်းတို့အားလုံးကို ငှားရမ်းထားခြင်းဖြစ်သ်ည။

“အိမ်မှာ မင်းတို့ချည်းပဲမလား” ချူးယွင်ဖန်းက မေးသည်။

“ဟုတ်ပါတယ် ဆရာချူး” ချန်ရှန်က ခေါင်းညိတ်လိုက်သည်။

“ဒါဆို အချိန်ကိုက်ပဲပေါ့။ အချိန်အများကြီးကြာပြီး နောက်ဆုံး ပြန်ကောင်းလာပြီ။ လေ့ကျင့်တိုက်ခိုက်ကြည့်ရအောင်” ချူးယွင်ဖန်းက ပြောသည်။

ချန်ရှန်က အများအစားစဥ်းစားမနေသော်လည်း ချူးယွင်ဖန်းက ဆက်ပြောသည်။

“မင်းရဲ့ စွမ်းအားအပြည့်ကို ထုတ်သုံးပါ”

“ဒါပေမယ့် ဆရာချူး မင်းကအခုမှ ပြန်ကောင်းလာတာလေ။ အလောတကြီးလုပ်တာမကောင်းဘူးမလား” ချန်ရှန်က ကမန်းကတန်းပြောသည်။

ချူးယွင်ဖန်းက အနည်းငယ်ပြုံး၍ ချန်ရှန်ကိုကြည့်လိုက်သည်။ ချန်ရှန်၏အတွေးကို သူချက်ချင်းနားလည်လိုက်၏။

“ငါတို့ သိုင်းသမားတွေဆိုတာ ငါတို့ရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းနားလည်တယ်။ ငါ့ကန့်သတ်ချက်ကို ငါဘယ်လိုလုပ်မသိဘဲနေမလဲ”

“မင်းဘာတွေးနေလဲဆိုတာ ငါသိပါတယ်။ ငါက မင်းကို မယှဥ်နိုင်ဘူးလို့ မင်းထင်နေပေမယ့် ပေါ်တင်ပြောဖို့ အားနာနေတာမလား” ချူးယွင်ဖန်းက ပြော၏။

ချန်ရှန်က ရှက်ရွံ့စွာပြုံးလိုက်သည်။ ချူးယွင်ဖန်းက သူ့ကို နားလည်၏။ သူ၏အစွမ်းအစကိုလည်း သူကောင်းစွာနားလည်ထားသည်။ မျက်မှောက်ခေတ်တွင်သာဖြစ်ပါက သံချပ်ကာကားတစ်စင်းလုံးကိုပင် လက်သီးတစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေနိုင်လိမ့်မည်ဖြစ်သည်။

ချန်ရှန်၏ အသိပညာအရ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ပင်မရောက်သေးပေ။ ချန်ရှန်သည် ဤအဆင့်ရှိ သိုင်းပညာရှင်ကို လက်သီးတစ်ချက်ဖြင့် သတ်နိုင်သည်။

မှန်သည် ၎င်းသည် လွန်ခဲ့သော တစ်နှစ်ခွဲကျော်ခန့်ကဖြစ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ခွင့်မရသေးပေ။ သို့သော် ချူးယွင်ဖန်းက ပြည်ထောင်စုတက္ကသိုလ်သို့ တက်ခွင့်ရလျှင်ပင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ရုံသာရှိလိမ့်မည်ဟု ချန်ရှန်က ထင်ထားသည်။ ပြည်ထောင်စုတက္ကသိုလ်တွင် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများကို စွမ်းအားကြီးသူများဟုပင် ယူဆ၍ ရပြီဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ရောက်နေသော ချန်ရှန်ကဲ့သို့ စစ်တပ်ထဲတွင်တိုက်ခိုက်ဖူးသူတစ်ဦးသည်မူ လက်သီးနှစ်ချက်သုံးချက်ဖြစ်လာရန် လက်သီးတစ်ချက်ကို အသုံးပြုရမည်ဟူသော အချက်ကို ဂရုမစိုက်ပေ။

ယခင်က ချူးယွင်ဖန်းသည် တိုက်ခိုက်ရေးအတွေ့အကြုံတိုးမြှင့်ရန်အတွက် ချန်ရှန်နှင့် လေ့ကျင့်တိုက်ခိုက်ခဲ့သော်လည်း ထိစဥ်က ချန်ရှန်သည် သူ၏ခွန်အားအပြည့်ကို အသုံးမပြုခဲ့ပေ။ ယခု ချူးယွင်ဖန်းသည် သူ့ကို ခွန်အားအပြည့်အသုံးပြုစေလိုသောကြောင့် ချူးယွင်ဖန်းကို မတော်တဆသတ်ပစ်မိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

“ဟားဟားဟား သုံးရက်ကြာပြီးရင် ငါ့ကို အမြင်သစ်တစ်မျိုးနဲ့ကြည့်ရမယ်ဆိုတဲ့ဆိုရိုးစကားအတိုင်းပဲမလား။ မင်းငါ့ကို အရမ်းလျှော့တွက်နေတာလား။ အလုပ်ဖြစ်မဖြစ်ဆိုတာ မင်းကြိုးစားကြည့်ရင် သိမှာပဲ”

ချူးယွင်ဖန်းက ရယ်နေသော်လည်း ဒေါသမထွက်ပေ။ အကယ်၍ သူကိုယ်တိုင်ကြုံခဲ့ရခြင်းမဟုတ်ပါက လွန်ခဲ့သော တစ်နှစ်ခွဲအတွင်း ဤအဆင့်အထိရောက်နိုင်ခဲ့သည်မှာ မယုံကြည်နိုင်ဖွယ်ကောင်းလှသည်။ သာမန်လူများက ၎င်းတို့၏ဘဝတစ်လျှောက်လုံးမရောက်နိုင်သည့်အဆင့်တစ်ခုဖြစ်နိုင်သည်။

“အဲ့လိုဆိုမှတော့ ငါအကုန်ထုတ်သုံးလိုက်မယ်” ချန်ရှန်သည် ဟန်မဆောင်နေတော့ဘဲ ချက်ချင်းနေရာယူလိုက်သည်။

အခန်း(၅၅၇) မရီးဒျန်သန့်စင်ခြင်းအဆင့်၏ ပြိုင်ဘက်ကင်း

ချန်ရှန်က သူ၏ အရောင်အဝါကို အပြည့်အဝထုတ်လွှတ်လိုက်ပြီးနောက် ချက်ချင်းပင်တိုက်ခိုက်ရေးခြေကွက်ကို ပြင်လိုက်သည်။ သူသည် ဓားအိမ်ထဲတွင် ချိတ်ပိတ်ထားသည့် အဖိုးတန်ဓားတစ်လက်ကဲ့သို့ဖြစ်၍ ဓားအိမ်ထဲမှထွက်လာသည်နှင့် ၎င်း၏ချွန်ထက်မှုမှာ ထင်ရှားလှသည်။ ချန်ရှန်က ကောင်းကင်ကို ထိုးဖောက်နေ‌သော လှံကြီးတစ်စင်းကဲ့သို့ မတ်မတ်ရပ်နေသည်။ ဤသည်မှာ လက်ရွေးစင် အထူးတပ်ဖွဲ့စစ်သားတစ်ဦးအနေဖြင့် သူ၏စစ်မှန်သော ခွန်အားဖြစ်သည်။ ဤအင်အားသည် ပြည်ထောင်စုတက္ကသိုလ်နည်းပြဆရာများထက် အနည်းငယ်လေးမျှပင် အဆင့်မနိမ့်လှပေ။ ပို၍ပင် သန်မာနေနိုင်၏။

“ဆရာချူး ကျွန်တော်အခု အကုန်ထုတ်သုံးတော့မယ် သတိထားပါ” ချန်ရှန်က ပြောသည်။

“စိတ်မပူပါနဲ့ ငါက မာန်တက်နေတဲ့ကောင်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေမှ တိုက်ခိုက်ပါတယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

“ဒါဆိုငါလာပြီ။ ဆရာချူး ဒီလက်သီးချက်က ငါ့ကို စစ်တပ်က သင်ပေးလိုက်တာပဲ။ သတိထားပါ” ချန်ရှန်သည် ပေါ့ပေါ့ဆဆ မတိုက်ခိုက်ဝံ့ပေ။ ချူးယွင်ဖန်းကို ဦးစွာသတိပေးပြီးမှ စတင်တိုက်ခိုက်၏။

ဘမ်း

ဤလက်သီးသည် လေကို ခွင်း၍ ထိုးဖောက်ဝင်ရောက်သွားသည်။ လက်သီးချက်သည် ဦးစွာရောက်လာပြီးမှ ကျယ်လောင်သောအသံတစ်ခုပေါ်ထွက်လာ၏။ ဤလက်ချက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တွေးကြည့်နိုင်၏။ ဤအရေးကြီးအခိုက်အတန့်တွင် ချူးယွင်ဖန်းက လက်ကိုမြှောက်၍ တိုက်ခိုက်မှုကို လက်ဝါးဖြင့် ရင်ဆိုင်လိုက်သည်။

ဘမ်း

လက်သီးနှင့် လက်ဝါးတို့ ထိပ်တိုက်တွေ့သွားရာ သံမဏိလက်သီးနှင့်လက်ဝါးတို့ တိုက်မိသည့်နှယ်ပင်ဖြစ်၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တစ်ဝိုက်သို့ လေစီးကြောင်းများမြင့်တက်လွင့်ပျံလာသော်လည်း ချူးယွင်ဖန်းသည်မူ တစ်လက်မမျှ မလှုပ်ပေ။ သူ့အဝတ်အစားများသာ အနည်းငယ်တုန်ခါသွားသည်။ တစ်နည်းအားဖြင့် စတင်တိုက်ခိုက်ခဲ့သော ချန်ရှန်သည် ကြီဂမားသော အင်အား၏ ဖိအားပေးခြင်းကိုခံရကာနောက်ဆုတ်သွားရသည်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်မှုများပြည့်နေ၏။ သူ၏တိုက်ခိုက်မှုတွင် ခွန်အားရာနှုန်းပြည့်ထည့်မထားသော်လည်း ထည့်ထားသလောက်နီးပါးပင်ဖြစ်သည်။ ယခုမူ ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူတားဆီးနိုင်ခဲ့သည်။ ဤသည်က လုံးဝမဖြစ်နိုင်ပေ။ ချန်ရှန်၏ မူလအမြင်အရ ချူးယွင်ဖန်းသည် သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။ သာမန်သိုင်းပညာရှင်တစ်ဦးသည် ဤလက်သီးချက်ဖြင့် သေရပေလိမ့်မည်ဖြစ်သည်။

“ဘယ်လို…” ချန်ရှန်က အံ့သြစွာပြောလိုက်သည်။

“ဟားဟားဟား ချန်ရှန် မင်းရဲ့ ခွန်အားအပြည့်သုံးဖို့ပြောတုန်းကကျတော့ ငါ့ကိုမယုံဘူး အခု မင်းငါ့ကိုယုံပြီမလား။ မင်းရဲ့ခွန်အားကို အပြည့်သုံးလို့ရတယ်။ ငါ နားနေတာ တစ်လကျော်ခဲ့ပြီး မလှုပ်နိုင်သလောက်နီးပါးပဲ။ အခုတော့ ငါ့ကြွက်သားနဲ့အရိုးတွေပြေလျော့သွားပြီ” ချူးယွင်ဖန်းက ရယ်မော၍ ပြောလိုက်သည်။

ချူးယွင်ဖန်းက တစ်ကိုယ်လုံးကို အကြောဆန့်လိုက်သောအခါ ရုတ်တရက် အရိုးကျိုးသံများပင် ကြားနိုင်၏။ သူပြန်လည်ကုသချိန်တစ်လတာအတွင်းတွင် အနည်းငယ်မျှပင် မလှုပ်ရှားဝံ့ခဲ့ပေ။ အသေးငယ်ဆုံးသော ဒဏ်ရာကို ချန်ထားခဲ့လျှင်ပင် အကျိုးအမြတ်များသည် ဆုံးရှုံးမှုများနှင့် တန်လိမ့်မည်မဟုတ်ပေ။

မည်သို့ပင် ဆိုစေကာမူ ချူးယွင်ဖန်းက ကုသမှုခံယူနေချိန်တွင် သူ၏ အစွမ်းထက်သန်မှုမှာ ဆရာဝန်များအားလုံးကို အံ့အားသင့်သွားစေ၏။ သာမန်လူတစ်ယောက်သာဖြစ်ပါက ဤအတိုင်းအတာအထိ အသက်ရှင်ရန်မဆိုနှင့် သေသွားသည်မှာ ကြာနှင့်ပြီဖြစ်သည်။ ၎င်းတို့ ရှင်သန်ရန်မဖြစ်နိုင်ပေ။ ၎င်းတို့ ရှင်သန်နိုင်လျှင်ပင် ဖွံ့ဖြိုးမှုအဆင့်တွင် ရှိနေကြလိမ့်မည်ဖြစ်သည်။

လူတိုင်းတွင် ဇီဝကမ္မဆိုင်ရာကန့်သတ်ချက်ရှိသည်။ ထို့အပင် ၎င်းတို့ကို စောင့်နေသည်မှာလည်း သေခြင်းတရားသာဖြစ်ကာ ချူးယွင်ဖန်းတစ်ယောက်သည်သာ ကွာခြားသည်။

ချန်ရှန်က အံ့သြသွားသည်။ ချူးယွင်ဖန်းသည် ကြွားဝါနေခြင်းမဟုတ်ကြောင်း သူခံစားနိုင်၏။ ချူးယွင်ဖန်းသည် သူနှင့်ယှဥ်ရန် အမှန်ပင် ခွန်အားရှိသည်။

ယခုအချိန်အထိ ချန်ရှန်သည် မယုံမကြည်နိုင်ဖြစ်နေသည်။ ချူးယွင်ဖန်းက သူ့ကို ငှားခဲ့သည်မှာ တစ်နှစ်ခွဲခန့်သာရှိသေးသည် တစ်နှစ်ခွဲခန့်သာ ကြာခဲ့သော်လည်း ချူးယွင်ဖန်းသည် သူနှင့် တန်းတူဖြစ်နေပြီဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်သို့ရောက်ရှိနိုင်ရန် ချန်ရှန်အတွက် ဆယ္နှစ်ထက်ပို၍ ကြာခဲ့သည်။ ထိုအချိန်တွင် သူသ်ည ဤအဆင့်သို့ ရောက်နိုင်ရန် မရေမတွက်နိုင်သော အသက်အန္တရာယ်ရှိသည့်တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည်။ ယခုတွင်လည်း သူ၏အလားအလာသည် ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ စစ်တပ်က သူ့ကို လေ့ကျင့်ပေးရန် ကြိုးစားအားထုတ်မှုများမထည့်ပေးပါက မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ချန်ရှန်သည် အငြိမ်းစားယူရန် ရွေးချယ်ခဲ့သည်။ မွေးဖွားခြင်းနယ်မြေအဆင့်သည် ကောင်းမွန်လှသော်လည်း လူတိုင်းတွင် ဤသို့သောအခွင့်အရေးမျိုးမရှိပေ။ တကယ်တမ်းတွင် ၉၉ ရာခိုင်နှုန်းခန့်သည် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်သို့ရောက်နိုင်လိမ့်မည်ပင်မဟုတ်ပေ။

ယခုမူ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ရန် အလားအလာမြင့်သည်။ ဤသည်က ချန်ရှန်၏ ယှဥ်ပြိုင်လိုစိတ်ကို နှိုးဆွပေးလိုက်သည်။ စစ်တပ်ထဲမှလူများသည် ခွန်အားခြင်းနှိုင်းယှဥ်ရသည်ကို ကြိုက်နှစ်သက်ကြသည်။

“ဒီလိုဆိုမှတော့ ငါထိန်းမထားတော့ဘူး ဆရာချူး” ချန်ရှန်က အော်လိုက်သည်။

“ထိန်းထားစရာမလိုပါဘူး။ မင်းရဲ့ခွန်အားအပြည့်ကို ထုတ်သုံးနိုင်တယ်” ချူးယွင်ဖန်းက လက်ယမ်းပါလိုက်သည်။

ဤအခိုက်အတန့်တွင် ချန်ရှန်၏ လက်သီးသည် စစ်သေနတ်တစ်စင်းကဲ့သို့ အလွန်လျင်မြန်ကာ ရက်စက်ကြမ်းတမ်းစွာဖြင့် ချူးယွင်ဖန်းဆီသို့ တည့်တည့်တိုးဝင်သွားသည်။ ချန်ရှန်သည် စစ်တပ်အတွင်းမှ သတ်ဖြတ်ခြင်းသိုင်းပညာ၏ အမှန်တရားကို နားလည်ထားသည်။ တကယ်တမ်းတွင် စစ်တပ်၌သင်ကြားခဲ့ရသည့် သိုင်းပညာများအားလုံးသည် သတ်ဖြတ်ခြင်း နည်းစနစ်များဖြစ်သည်။ ရန်သူကို တိကျမြန်ဆန်စွာသတ်ဖြတ်ခြင်းသည် အရာအားလုံး၏ သော့ချက်ဖြစ်၏။

ချူးယွင်ဖန်းက ကြောက်လန့်နေခြင်းအလျင်းမရှိဘဲ ကျယ်လောင်စွာကြုံးဝါး၍ လက်သီးကို တင်းတင်းဆုပ်ကာ ကျားနတ်ဆိုးလက်သီးများဖြင့် တိုက်ခိုက်လိုက်သည်။

ဘမ်း

ဘမ်း

ဘမ်း

နှစ်ဖက်လုံးသည် လျှပ်စီးတစ်စင်း၏အလျင်ဖြင့် စတင်တိုက်ခိုက်ကြသည်။ အသက်အနည်းငယ်မျှ ရှုချိန်အဆုံးတွင် ၎င်းတို့သည် ဆယ်ကြိမ်ထက်ပိုသော တိုက်ခိုက်မှုများကို ဖလှယ်လိုက်ပြီးဖြစ်၏။

နှစ်ဖက်စလုံးအပြန်အလှန်တိုက်ခိုက်ခဲ့ကြရာ ချူးယွင်ဖန်း၏ ကိုယ်ရောင်ကိုယ်ဝါသည် ကောင်းကင်ယံထိတိုင် မြင့်တက်လာသဖြင့် အလွန်ကျေနပ်လျက်ရှိသည်။ လွန်ခဲ့သည့်လက သူခံစားခဲ့ရသော စိတ်ပျက် အားငယ်မှုများအားလုံးကိုဖိနှိပ်ဖယ်ရှားပစ်လိုက်သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသည့် ချန်ရှန်သည်မူ အခြေအနေမကောင်းလှပေ။ သူ့လက်သီးသည် လုံးလုံးလျားလျား အညိုအမည်းဆွဲနေပြီဖြစ်သည်။ ချူးယွင်ဖန်းနှင့် ထိပ်တိုက်တိုက်ခိုက်မှုတွင် အနည်းငယ်ပင် အရေးနိမ့်ခဲ့ရ၏။ ချန်ရှန်၏ မျက်လုံးများသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေသည်။ လွန်ခဲ့သည့် တစ်နှစ်က ချူးယွင်ဖန်းက သူနှင့်လေ့ကျင့်တိုက်ခိုက်သောအခါတွင် အကောင်းဆုံးကြိုးစားခဲ့သည့်တိုင် သူ့ခေါင်းပေါ်မှ ဆံချည်မျှင်တစ်စကိုပင် မထိခိုက်စေနိုင်ခဲ့ပေ။ ယခုမူ ချူးယွင်ဖန်း၏ ရှောင်တခင်တိုက်ခိုက်မှုများက သူ့ကို ကြီးမားသောဆုံးရှုံးမှုများဖြစ်စေသည်။

“ဟားဟား စိတ်လှုပ်ရှားစရာပဲ။ လာ ထပ်လာခဲ့” ချူးယွင်ဖန်းက ရယ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ချန်ရှန်က ချူးယွင်ဖန်းကို ပြောလိုက်၏။

“ဆရာချူး ဒါက ငါ့ရဲ့ဝှက်ဖဲပါ။ ဒါကိုတားနိုင်ရင် ငါအရှုံးကို ဝန်ခံမယ်”

ချန်ရှန်၏ ကိုယ်ရောင်ကိုယ်ဝါများ လွန်ကဲစွာတောက်ပလာသည်။

“အမြောက်လက်သီး”

ချန်ရှန်၏ လက်သီးချက်သည် အမြောက်တစ်စင်းနှင့်ဆင်တူကာ တစ်ကိုယ်လုံးကိုသည် အမြောက်ကြီးတစ်စင်နောက်မှ ပါလာသော အရိပ်တစ်ခုနှယ်လိုက်ပါလာသည်။

ဘမ်း

ဤတိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်ကျရောက်သွားကာ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပေါက်ကွဲထွက်လာသည်။ ချီစွမ်းအင်များ အဘက်ဘက်သို့ ပျံ့နှံ့ကုန်၏။

ချန်ရှန်သည် သူ၏လက်သီးချက်က ချူးယွင်ဖန်းကို ထိမှန်သွားကြောင်း မြင်လိုက်ရသောအခါ ချူးယွင်ဖန်းကိုအနိုင်ယူနိုင်ပြီဟု ထင်လိုက်သည်။ သူ၏ စွမ်းအားဖင့် သံချက်ကာကားတစ်စီးကိုပင် လက်သီးတစ်ချက်ဖြင့် မှောက်ပစ်နိုင်သည်ဖြစ်သော်လည်း ချူးယွင်ဖန်းပေါ်သို့ ကျရောက်သွားသောအခါတွင်မူ သူသည် တုပ်တုပ်မျှပင်မလှုပ်ပေ။

ချူးယွင်ဖန်း ၏အရေပြားမျက်နှာပြင်ပေါ်တွင် ကျောက်စိမ်းရောင် ရောင်ခြည်အလွှာတစ်ခု စီးဆင်းသွားသည်။ သူသည် ချန်ရှန်၏ လက်သီးချက်ကို လက်ခံခဲ့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ချန်ရှန်သည် လုံးဝမယုံကြည်နိုင်ဖြစ်နေသည်။ သူယခင်က ထိန်းထားသော်လည်း ဤတစ်ကြိမ်တွင်မူ ချူးယွင်ဖန်း၏ ရင်ဘက်ကိုထိုးရန် အင်အားအပြည့်အသုံးပြုခဲ့သည်။ ဤအရာကအဆင်ပြေနေသေးလျှင် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် မည်မျှသန်မာသနည်း”

“ဟားဟားဟား မဖြစ်နိုင်တာဘာရှိလဲ”

ချူးယွင်ဖန်းက ခေါင်းအနည်းငယ်ခါလိုက်ပြီးနောက် ခွန်အားများလည်း သဲလွန်စပင်မကျန်တော့ပေ။ ချန်ရှန်၏ လက်ချက်သည် ဝမ်ချီတမျှ အစွမ်းထက်လှသည်မဟုတ်သော်လည်း ချူးယွင်ဖန်း၏ အကဲဖြတ်မှုကို အခြေခံ၍ပြောရလျှင် မကွာလှပေ။

ယခုမူ ချန်ရှန်သည် ချူးယွင်ဖန်းကို ဒဏ်ရာရစေရန် မလွယ်ကူပေ။ ဤသည်မှာ ချူးယွင်ဖန်း၏ စစ်မှန်သည့် ခွန်အားဖြစ်သည်။ လွန်ခဲ့သော လအနည်းငယ်ခန့်ကာလနှင့် နှိုင်းယှဥ်လျှင် သူသည် ယခုပို၍ သန်မာလာပြီဖြစ်သည်။

ဤသည်က မရီးဒျန်သန့်စင်ခြင်းအဆင့်၏ စစ်မှန်သောခွန်အားပင်ဖြစ်သည်။

အခန်း(၅၅၈) မင်းကို မွေးဖွားခြင်းနယ်မြေအဆင့်ထိရောက်အောင်လုပ်ပေးဖို့ ငါ့မှာ နည်းလမ်းရာကျော်ရှိတယ်ကွ

ချူးယွင်ဖန်းသည် ကြွားဝါခြင်းအလျင်းမရှိပေ။ မိမိကိုယ်မိမိ နားလည်မှုအပြည့်ရှိထားသည်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် နည်းပညာပစ္စည်းများသည် အလွန်အဆင့်မြင့်လာပြီဖြစ်သည်။

နည်းပညာမြင့် စက်ကိရိယာများချည်းဖြင့်ပင် ချူးယွင်ဖန်း၏ လက်ရှိ ကိုယ်ကာယကြံ့ခိုင်မှုသည် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ဦးထက် အနည်းဆုံး နှစ်ဆခန့်ပိုမိုကျွမ်းကျင်သည်။ ဤသည်မှာ ချူးယွင်ဖန်း၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်က မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူထက် နှစ်ဆပိုသာသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ တစ်နည်းအားဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်သည် ပို၍ပင် အဆင့်မြင့်နေနိုင်သည်။ ထို့အပြင် သူ၏ သိုင်းပညာနည်းလမ်းများကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ အံ့အားသင့်ဖွယ်စွမ်းဆောင်နိုင်၏။ မရီးဒျန်သန့်စင်ခြင်းကျွမ်းကျင်သူတစ်ဦးက ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်နိုင်ရန် မဖြစ်နိုင်ပေ။ ပြည်ထောင်စုတက္ကသိုလ်ကို တုန်လှုပ်စေနိုင်သည့် ဝမ်ချီကဲ့သို့သောသူမျိုးဖြစ်ပင်လျှင် ချူးယွင်ဖန်းရှေ့တွင် ပေါ်လာဝံ့ပါက ချူးယွင်ဖန်းက ကြိုးစားအားထုတ်မှုအများအပြားမရှိဘဲ သူ့ကို အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ မရောက်သေးကြောင်း သူသိသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးသည် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးထက် အနည်းဆုံးဆယ်ဆမက ပို၍သန်မာ၏။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့်ပတ်သက်၍ ကြောက်မက်ဖွယ်အကောင်းဆုံးသောအရာမှာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားရှိ တံတားကို ဖွင့်နိုင်ခြင်းဖြစ်၍ တိုက်ခိုက်ရာတွင်လည်း ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသုံးပြုနိုင်ခြင်းဖြစ်သည်။ ၎င်းတို့ လှုပ်ရှားလိုက်သည့် တိုက်ခိုက်မှုတိုင်းသည် ၎င်းစွမ်းအားကို မှီခိုထားခြင်းဖြစ်သည်။

လူသားများက လူသားများကိုတိုက်ခိုက်နိုင်လိမ့်မည်ဖြစ်သော်လည်း လူသားများက ကောင်းကင်ဘုံကို မည်သို့တိုက်ခိုက်နိုင်လိမ့်မည်နည်း။ ဤသည်ကြောင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို ထိ၍မရနိုင်ခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ချူးယွင်ဖန်းက စိုးရိမ်ခြင်းအလျင်းမရှိပေ။ မရီးဒျန်သန့်စင်ခြင်းအဌမအဆင့်သို့သူရောက်သောအခါ သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကိုပင် တိုက်ခိုက်ဝံ့မည်ဖြစ်သည်။ ယခုအချိန်တွင် ချူးယွင်ဖန်း၏ ခွန်အားသည် သာမန် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများထက် အဆပေါင်းများစွာပို၍ သန်မာသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်လာသောအခါ သူ၏ခွန်အားသည် ပို၍ပင် မြင့်မားလာသည်။ မည်သည့်ခေတ်ဖြစ်စေကာမူ မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်ခြင်းသည် ထိတ်လန့်ဖွယ်ကိစ္စပင်ဖြစ်ပေလိမ့်မည်။

“ငါမင်းကို မယှဥ်နိုင်ဘူး ဆရာချူး” ချန်ရှန်က ခါးသက်စွာပြုံး၍ ချူးယွင်ဖန်းကို ကြည့်လိုက်သည်။

ချူးယွင်ဖန်းသည် စစ်မှန်သော ပါရမီရှင်တစ်ဦးဖြစ်သည်။ အတိတ်တွင် ချန်ရှန်က စစ်ထဲရောက်နေချိန်၌ နည်းပြများက ပါရမီရှင်ဟု အမြဲတစေ ခေါ်ခဲ့သည်။ သို့သော် ယခုမူ သူသည် ပါရမီရှင်ဆိုသူများနှင့် စစ်မှန်သော ပါရမီရှင်များအကြားတွင်ကွာဟချက်ကြီးတစ်ခုရှိနေကြောင်း သိလိုက်ရပြီဖြစ်သည်။ နောက်ဆုံးတွင် သေမျိုးများက ပါရမီရှင်များကို မည်သို့အထင်ကြီးကြောင်း သူနားလည်ခဲ့သည်။

အထူးတပ်ရင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ချန်ရှန်ပင်လျှင် ထိုသို့သော ပါရမီရှင်မျိုးကို မမြင်ခဲ့ဖူးပေ။ အချိန်တိုအတွင်းတွင် ချူးယွင်ဖန်းသည် ဤအတိုင်းအတာအထိ ကျင့်ကြံနိုင်ခဲ့ခြင်းဖြစ်ရာ နောက်ထပ်တစ်နှစ်ကြာလျှင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်နိုင်လိမ့်မည်မဟုတ်လော။ သို့သော် ပြည်ထောင်စုတက္ကိသိုလ်က ထိုမျှထိ အမှန်တကယ်ပင် ဤမျှထိစွမ်းဆောင်နိုင်ခြင်းဖြစ်သလော။

ချူးယွင်ဖန်းက ခေါင်းခါ၍ ပြောလိုက်သည်။

“နှမမျောစရာပဲ။ ဒါပေမယ့် မင်း စိတ်မကောင်းဖြစ်စရာမလိုပါဘူး။ မင်းရဲ့ခွန်အားက တော်တော်ကောင်းတယ်လို့ ယူဆလို့ရပါတယ်။ နောင်ကျရင် မွေးဖွားခြင်းနယ်မြေအဆင့်ကို တက်ဖို့ မင်းအတွက် သိပ်ခက်တော့မှာမဟုတ်ဘူး”

“မင်းနောက်နေတာပဲဖြစ်ရမယ် ဆရာချူး။ ငါတိုက်ပွဲတွေအများကြီး တိုက်ပြီး အတွင်းဒဏ်ရာတွေအများကြီးရခဲ့ပါတယ်။ အခု ဒါကို ခံနိုင်ရည်ရှိတာတောင် မဆိုးဘူးလို့ ပြောရမယ်။ မွေး ဖွားခြင်းနယ်မြေအဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာ ကောင်းကင်ဘုံထိတက်သလိုပဲ ခက်လိမ့်မယ်” ချူးယွင်ဖန်းက သူ့ကို နှစ်သိမ့်ပေးနေခြင်းဖြစ်သည်ဟု ထင်သဖြင့် ချန်ရှန်က ခေါင်းခါလိုက်သည်။

“မင်းမှာ မျှော်လင့်ချက်ရှိတယ်လို့ပြောရင် မင်းမှာ မျှော်လင့်ချက်ရှိလို့ပဲ” ချူးယွင်ဖန်းက ရုတ်တရက် တစ်စုံတစ်ခုကို သတိသွားသည်။ သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိထားပြီဖြစ်ရာ သာမန်လူများက ထိုသို့မလုပ်နိုင်ကြသော်လည်း သူလုပ်နိုင်သည်။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ဆေးများစွာရှိသည်။ ရှေးဟောင်းလူသားများကာလ၏ ဆေးပညာလမ်းကြောင်းသည် ယနေ့ခေတ်နှင့် နှိုင်းယှဥ်လျှင် များစွာပိုအဆင့်မြင့်သည်။ ၎င်းတို့သည် ချန်ရှန်၏ ပြဿနာကို ဖြေရှင်းပေးနိုင်သော ဆေးများဖြစ်သည်။

“ဘယ်လိုလဲ။ ငါမင်းပြဿနာကို ရှင်းပေးပြီးတော့ မွေးဖွားခြင်းနယ်မြေအဆင့်ကို တက်အောင်လုပ်ပေးနိုင်ရင် မင်းရဲ့မူရင်းကုမ္ပဏီကို ထားခဲ့ပြီး ငါ့ဆီမှာအလုပ်လာလုပ်ပြီး ငါ့မိသားစုကို ကာကွယ်ပေးမလား” ချူးယွင်ဖန်းက တစ်စုံတစ်ခုကို ရုတ်တရက်တွေး၍ ပြောလိုက်သည်။ သူသည် လူများစွာကို စော်ကားခဲ့ဖူးသည်။ အနာဂတ်တွင် သူ့မိသားစုကို တိုက်ခိုက်လာနိုင်သည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများရှိနေနိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများကို ငှားရမ်းနိုင်ရန်မှာမူ အလွန်ခက်ခဲလှ၏။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများနှင့်မတူသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် အဆင့်မြင့်၍ စွမ်းအားကြီးလှသည်။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို စတင်လုပ်ကိုင်လာကြကာ နက်နဲသော အမွေအနှစ်များရှိသည့် ချူးမိသားစု၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစုတို့ကဲ့သို့သော ရှေးဟောင်းမိသားစုမှမဟုတ်ပါက ၎င်းတို့ကို ငှားရမ်းရန်အလွန်ခက်ခဲသည်။ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သဖြင့် ထိုသူများသည် ၎င်းတို့အပေါ် သစ္စာရှိကြသည်။

သို့သော် ဤပညာရှင်များကို ၎င်းတို့ကိုယ်တိုင် လေ့ကျင့်ပေးခြင်းကမူ မတူပေ။ ၎င်းတို့ကို မွေးဖွားခြင်းနယ်မြေအဆင့်ကိုဖြတ်ကျော်နိုင်ရန် ကူညီပေးခြင်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို အစမှအဆုံးလေ့ကျင့်ပေးခြင်းထက် များစွာလွယ်ကူ၏။

“ဘယ်လို” ချန်ရှန်က အံ့အားသင့်စွာဖြင့် အံကြိတ်၍ ပြောလိုက်သည်။

“မင်းသာ ငါနဲ့အခြားသူတွေကို မွေးဖွားခြင်းနယ်မြေအဆင့်ကိုတက်နိုင်အောင်လုပ်ပေးနိုင်ရင် ငါတို့က ချူးမိသားစုကို တစ်သက်လုံးအမှုဆောင်ပေးဖို့ ကတိသစ္စာပြုထားမှာပါ”

ချူးယွင်ဖန်း အံ့အားသင့်သွားရ၏။ ချန်ရှန်၏ အဆင့်တက်လိုသောဆန္ဒကို နောက်ဆုံးတွင်နားလည်သွားသည်။ ချူးယွင်ဖန်းအတွက်တော့ မွေးဖွားခြင်းနယ်မြေအဆင့်ကိုဖြတ်ကျော်ရန် မလွယ်သော်လည်း အောင်မြင်နိုင်မည်ဟု ယုံကြည်ထားသည်။ ချန်ရှန်နှင့် အခြားသူများသည် ဤအဆင့်တွင် နှစ်ပေါင်းများစွာနစ်မြုပ်နေခဲ့သည်။ ၎င်းတို့သာ ဤအခွင့်အရေးကို လက်လွတ်သွားပါက ဤတစ်သက်လုံးတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်နိုင်ရန် အခွင့်အရေးမရတော့သည်မျိုးဖြစ်နိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်နှင့် မရီးဒျန်သန့်စင်ခြင်းအဆင့်တို့အကြားကွာဟချက်မှာ မျဥ်းကြောင်းတစ်ကြောင်းတည်းသာရှိသော်လည်း ယင်းမျဥ်းကြောင်းသည် ၎င်းတို့ကို မွေးဖွားခြင်းနယ်မြေအဆင့်၏ အောက်တွင်ထာဝရချုပ်နှောင်ထားမည်ဖြစ်သည်။ ၎င်းတို့သာ မွေးဖွားခြင်းနယ်မြေအဆင့်ကိုသာ တက်လှမ်းခွင့်ရမည်ဆိုလျှင် အရာအားလုံး၊ တန်ရာတန်ကြေးအားလုံးကို ပေးရန်ဆန္ဒရှိကြ၏။

“ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ မင်းတို့တွေ စောင့်နေကြ’ ချူးယွင်ဖန်းက ပြုံးလိုက်သည်။

“မင်းတို့ကို အဆင့်တင်ပေးဖို့ ငါ့မှာ နည်းလမ်းရာကျော်ရှိတယ် ဘယ်ဟာအကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပါရစေ”

“ကျေးဇူးပါဆရာချူး”ချန်ရှန်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။ သာမန်လူတစ်ယောက်သာ ဤသို့ပြောလာပါက ယုံကြည်လိမ့်မည်မဟုတ်သော်လည်း ချူးယွင်ဖန်းဖြစ်လျှင်မူ အရာအားလုံးကကွဲပြားခြားနားသည်။ ချူးယွင်ဖန်းသည် ချီပင်လယ်အဆင့်မှ ယခု ချန်ရှန်ရောက်နေသောအဆင့်သို့ ပြိုင်ဘက်ကင်းစွာဖြတ်ကျော်နိုင်ခဲ့သဖြင့် မည်မျှ အစွမ်းထက်ကြောင်း ပြသရန် လုံလောက်နေပြီဖြစ်သည်။

၎င်းတို့မသိနိုင်သည့် ကံကောင်းမှုတစ်ခုဖြင့် ကြုံခဲ့ကြဖူးခြင်းဖြစ်နိုင်သည်။ ချူးမိသားစုကို တစ်သက်လုံးအလုပ်အကြွေးပြုရခြင်းက အရေးမကြီးပေ။ ချန်ရှန်သည် ချူးမိသားစုကို အစေခံရမည်ဆိုလျှင်ပင် မွေးဖွားခြင်းနယ်မြေအဆင့်သို့သာ ဖြတ်ကျော်နိုင်ပါက ၎င်းသည် ထိုက်တန်၏။ ချူးယွင်ဖန်းသည် သူ့လက်အောက်ငယ်သားများကို နှိပ်စက်တတ်သူမျိုးမဟုတ်သဖြင့် သူ၏အနာဂတ်အလားအလာမှာ အလွန်ကောင်းမွန်လှသည်။ ထို့အပြင် မရီးဒျန်သန့်စင်ခြင်းအဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်းခြင်းသည် လူ့အဖွဲ့အစည်းအတွင်း အရေခွံချွတ်လဲခြင်းမျိုးပင်ဖြစ်၏။

အလယ်အလတ်တန်းစားအဆင့်မှ အထက်တန်းစားအဆင့်သို့တက်လှမ်းခြင်းသည် လောကအလယ်တွင် ထင်ပေါ်ကျော်ကြားခြင်းနှင့် ဆင်တူ၏။ မွေးဖွားခြင်းနယ်မြေအဆင့်ကို လှမ်းနိုင်ပါက အရာအားလုံးသည် ထိုက်တန်သည်။ ချူးယွင်ဖန်း၏ စိတ်ထဲတွင် ၎င်းတို့ကို ကူညီပေးနိုင်သည့်ဆေးဖော်မြူလာများစွာကို တွေးနေသည်။ မှန်သည်။ သူကိုယ်တိုင်သည်လည်း အဆင့်တက်နိုင်ရန်လိုသည်။

သူ၏တိုက်ပွဲအောင်မြင်ပြီးသည်နှင့် တက္ကသိုလ်ရှိ သူ့အဆင့်မှာ ယခင်နှင့်တူတော့မည်မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်တွင် ကျောင်းသားထောင်ပေါင်းများစွာရှိသည်ဖြစ်ရာ အနည်းငယ်ကသာ မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်နိုင်ခဲ့သည်။ တစ်သောင်းတွင်တစ်ယောက်ဟူ၍ပင် ပြော၍ရ၏။ သို့သော် ထိုသို့သော ဆေးများကို ဖော်စပ်ရန်အတွက် ချူးယွင်ဖန်းသည် အဖိုးတန်ဆေးဖက်ဝင်အပင်များစွာလိုအပ်သည်။ ကံကောင်းထောက်မစွာဖြင့် ရှန်ဟဲကုမ္ပဏီသည် လွန်ခဲ့သော တစ်နှစ်ခွဲအတွင်းတွင် အလွန်လျင်မြန်ချောမွေ့စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ငွေအများစုကို ချဲ့ထွင်ရန်အသုံးပြုခဲ့ရသော်လည်း လုချင်းရွှမ်သည် ချူးယွင်ဖန်းကို အမြတ်ဝေစုနှစ်ဘီလီယံဆက်လက်ပေးနေဆဲဖြစ်သည်။

ယင်းဖြင့် လုံလောက်၏။

သို့သော် ဤအခိုက်အတန့်တွင် လူတစ်ယောက်လာလည်၍ ချူးယွင်ဖန်း၏ အစီအစဥ်များကို အနှောက်အယှက်ပေးခဲ့သည်။ ဤလူသည် ရွှယ်ပိုင်လုံမှတပါး အခြားသူမဟုတ်ပေ။ သူနှင့်မတွေ့ရသည်မှာ တစ်နှစ်ခွဲခန့်ရှိနေပြီဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်ခွဲနှင့်နှိုင်းယှဥ်ပါက ရွှယ်ပိုင်လုံ၏ အမူအရာအသွင်အပြင်သည် ပို၍ပင် သူရဲကောင်းဆန်၍ သန်မာလာသည်။ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ချူးယွင်ဖန်းနှင့်တွေ့ခဲ့စဥ်က သူသည် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်တွင်ရှိခဲ့ရာ ယခုမူ မွေးဖွားခြင်းနယ်မြေအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။

ရွှယ်ပိုင်လုံသည် ဗိုလ်မှုးချူပ်ရာထူးသို့လည်း တိုးမြှင့်ခြင်းခံထားရ၏။

All Chapters