← Chapters

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း (၅၅၉-၅၆၁)

Vol. 38 Ch. 559-561

အခန်း(၅၅၉) ရွှယ်ပိုင်လုံ၏ သူ့အပေါ်အမြင်ပြောင်းလဲသွားခြင်း

စစ်မှန်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူက ၎င်းတို့၏ အရှိန်အဝါကို ထုတ်ဖော်ပြလိုက်သည်နှင့် ၎င်းတို့သည် တောင်များမှထွက်လာသော ပြင်းထန်ကြမ်းတမ်းသည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်ပေလိမ့်မည်။ ယခု ရွှယ်ပိုင်လုံသည်လည်း သူ၏ အရှိန်အဝါကို ထိန်းထား၏။ သို့သော် အမျိုးမျိုးသော ရောင်ဝါများကို နားလည်နိုင်သည့် ချူးယွင်ဖန်းထံမှမူ ဖုန်းကွယ်ထား၍မရပေ။

လှောင်အိမ်ထဲတွင် ပိတ်လှောင်ခံထားရသည့် ကြောက်မက်ဖွယ်ကောင်းသော ရက်စက်သည့် သားရဲတစ်ကောင်ကဲ့သို့ပင်ဖြစ်ရာ လွှတ်လိုက်သည်နှင့် ကမ္ဘာတစ်ခုလုံး လှုပ်ခါသွားပေလိမ့်မည်။ ရွှယ်ပိုင်လုံလာလည်သည်ကို သိပြီးနောက် ချူးယွင်ဖန်းသည် ထူးဆန်းသော ခံစားချက်ကို ရလိုက်သည်။ သို့သော် ခဏတာတွေးပြီးသည့်နောက် ယင်းသည်မထူးဆန်းလှကြောင်း သူသသဘောပေါက်သွားသည်။ ချူးယွင်ဖန်းသည် သူဤနေရာတွင် မည်မျှ ကာလကြာကျင့်ကြံနေကြောင်း မည်သူ့ကိုမျှ မပြောခဲ့ဖူးသော်လည်း ဂရုတစိုက်ရှာသူများအတွက်မူ ခန့်မှန်းရခက်လိမ့်မည်မဟုတ်ပေ။ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းကြီး၏ ထောက်လှမ်းမှုစွမ်းရည်ဖြင့်ဆိုလျှင် တောတွင်းကဲ့သို့နက်ရှိင်းသော တောင်တန်းများနှင့်သစ်တောများထဲသို့ မပြေးသရွေ့ လုံးလုံးလျားလျားပုန်းအောင်းရန် မဖြစ်နိုင်ပေ။

ချူးယွင်ဖန်းက ရွှယ်ပိုင်လုံကို ဗီလာ၏ ဧည့်ခန်းအတွင်း၌ ဧည့်ခံထားသည်။ ရွှယ်ပိုင်လုံက ချူးယွင်ဖန်းကို မြင်သောအခါ ပထမဆုံး တုံ့ပြန်မှုသည်ကား ထိတ်လန့်မှုပင်ဖြစ်သည်။

“မင်း မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ရောက်နေလိမ့်မယ်လို့ တကယ် မမျှော်လင့်ထားဘူး။ မင်းအကြောင်း အရင်တည်းက သတင်းကြားခဲ့ပေမယ့် တကယ်တမ်းမြင်လို့ရတော့ အံ့သြမိနေတုန်းပဲ”

“ငါ့အသက်အရွယ်ကို ထည့်တွက်ရင် ငါတကယ် အသုံးမကျဘူးလို့ ခံစားရတယ်”

ချူးယွင်ဖန်းကို မြင်သည့်အခါတိုင်း ချူးယွင်ဖန်း၏ ခွန်အားက အကြိမ်တိုင်းအနည်းငယ်တိုးတက်လာသည်ဟု သူခံစားမိသည်။

ချူးယွင်ဖန်းက ခပ်ပါးပါးပြုံးလိုက်သည်။ သူသည် လွန်ခဲ့သောနှစ်တစ်လျှောက် တိုးတက်လာခဲ့သဖြင့် လူမည်ပေါင်းမည်မျှ အံ့သြနေကြသည်ကို မသိခဲ့ပေ။ ရွှယ်ပိုင်လုံသည်လည်း တစ်ကြိမ်ထက်မက အံ့သြနေ၏။

“ဗိုလ်ချုပ်ရွှယ် ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်။ ငယ်ငယ်တုန်းကတည်းက ခင်ဗျားက မွေးဖွားခြင်းနယ်မြေအဆင့်ကို တက်လှမ်းနိုင်ပြီး လူငယ်ပါရမီရှင်တွေစုထားတဲ့ စစ်တပ်ရဲ့ အနာဂတ်မဏ္ဍိုင်ပါပဲ”

“ငါက မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေတာ မင်းမြင်နိုင်တယ်ဆိုတော့ တော်တော်ကောင်းတာပဲ”

သူက ဤသို့ပြန်ပြောပြီးနောက် မျက်နှာထက်တွင် ဂုဏ်ယူသောအမူအရာတစ်ခု ပေါ်လာသည်။ နောက်ဆုံးတွင်မူ ပြည်ထောင်စုတွင် မရီးဒျန်သန့်စင်ခြင်းအဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်းခြင်းမှာ ရေတံခွန်ပေါ်၌ ငါးတစ်ကောင် ခုန်ခြင်းကဲ့သို့သော ဖြစ်စဥ်မျိုးဖြစ်သည်။ ရွှယ်ပိုင်လုံက မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်သောအခါတွင် သူသည် လူ့အဖွဲ့အစည်း၏ ဗိုလ်ချုပ်ဖြစ်လာသည်။ သူသည် ဗိုလ်မှူးချုပ်တစ်ဦးမျှသာဖြစ်သော်လည်း ဗိုလ်ချုပ်တစ်ဦးဖြစ်ဆဲဖြစ်သည်။ သေချာသည်မှာ ပြည်ထောင်စု၏ အထက်တန်းစားအသိုင်းအဝိုင်းထဲမှ တစ်ယောက်ဖြစ်သည်။ ရွှယ်ပိုင်လုံသည် အထူးတပ်ဖွဲ့တွင် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သဖြင့် သာမာန်စစ်တပ်သာဆိုပါက သူ့ရာထူးဖြင့် တပ်တစ်တပ်ကိုကွပ်ကဲနိုင်မည်ဖြစ်သည်။ သူ၏ လက်ရှိအခြေအနေအရ ပါရမီရှင်များ ပြည့်နှက်နေသည့် ပြည်ထောင်စုတွင်ပင် ထူးချွန်သူဟု ယူဆနိုင်သည်ဖြစ်ရာ ငယ်ရွယ်၍ အလားအလာကောင်းသည်ဟုပင်ဆိုနိုင်သည်။ ရွှယ်ပိုင်လုံက အနည်းငယ်မျှပင် နိမ့်ကျသည်ဟု ယူဆ၍မရနိုင်ပေ။ သို့သော် သူ့ကိုယ်သူ အလျင်အမြန် ထိန်းလိုက်၏။

“သူများတွေ ဒီလိုပြောရင် ချီးကျူးစရာလို့ပဲ မှတ်ယူတယ်။ ဒါပေမယ့် မင်းပြောလာတာကျတော့ ငါ့ကို လှောင်ပြောင်နေသလို ခံစားရတယ်" ရွှယ်ပိုင်လုံက ဆိုဖာပေါ်တွင်ထိုင်၍ ပြောလိုက်သည်။

"ကျစ် ကျစ် အံ့ဩစရာပဲ ချူးယွင်ဖန်း။ မင်းကိုစတွေ့တုန်းက မင်းက အမှတ် ၁၃ အထက်တန်းကျောင်းသားလေးပဲလေ။ နတ်ဆိုးဂိုဏ်းကြောင့်သာမဟုတ်ရင် ငါတို့ တွေ့ရမှာတောင်မဟုတ်ဘူး။ ဒါပေမယ့် နှစ်နှစ်အတွင်းမှာ မင်း ဒီလောက်ကြီးကျယ်တဲ့အရာတွေကို လုပ်နိုင်ခဲ့လိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ မင်းနဲ့ သက်တူရွယ်တူ ထိပ်တန်းကျောင်းသားတွေ မေ့ဟိုက်ယွင်၊ သုန်ဖန်ဟောက်နဲ့ အခြားသူတွေကိုတောင် မင်းအနိုင်ယူလိုက်ပြီးပြီ။ ဒီနာမည်တွေက စစ်တပ်မှာတောင် ငါ့နားထဲ မိုးခြိမ်းနေသလိုပဲကွ”

ဤသို့ပြောလာသော ရွှယ်ပိုင်လုံ၏ မျက်နှာထက်တွင် ခံစားချက်အမူအရာတစ်ခု ထင်ဟပ်လာကာ သူ့စိတ်ထဲအမှန်ပင် ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူဤသို့သော ပြိုင်ပွဲမျိုးကို ကြုံခဲ့ဖူးသည်။ ပြည်ထောင်စုတက္ကသိုလ်တွင် ထိပ်တန်းအဆင့်တစ်ထောင်သို့ ဝင်နိုင်ရန်ပင် အလွန်ခက်ခဲမည်ဖြစ်ကာ ရွယ်တူများကြား၌ ပထမနေရာကို ရယူနိုင်ခြင်းသည် “ခက်ခဲသည်” ဟူသော စကားလုံးတစ်လုံးဖြင့် ရှင်းပြနိုင်သောအရာမဟုတ်ပေ။

၎င်းတို့အားလုံးသည် အံ့ဖွယ် လူစွမ်းကောင်းများဖြစ်ကြသည်။

"ဗိုလ်ချုပ် ရွှယ်၊ ခင်ဗျားကျုပ်ကို ချီးကျူးဖို့အတွက်နဲ့တော့ ခင်ဗျားရဲ့ အလုပ်များတဲ့အချိန်တွေကို ဖဲ့ပေးမှာမဟုတ်ဘူးမလား။ တည့်တိုးပဲပြောလိုက်ပါ”

"ကောင်းပါပြီ။ မင်းက အရမ်းရိုးဖြောင့်တယ်ဆိုတော့ ငါ တည့်တည့်ပြောမယ်။ ငါ မင်းကို တကယ်မေးစရာရှိလို့ မင်းကိုရှာဖို့ ဒီနေ့လာခဲ့တာ”

"ဗိုလ်ချုပ်ရွှယ် ခင်ဗျားက ကျုပ်အကူအညီကို ဘာလို့လိုမှာလဲ” ချူးယွင်ဖန်းက ဤအရာသည် အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိသည်။ ရွှယ်ပုံလုံသည် ယခုအခါတွင် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်နေပြီဖြစ်ရာ စစ်ဗိုလ်ချုပ်တစ်ဦးမျှသာဖြစ်သည့်တိုင် ချီစွမ်းအင်မှာမူ အလွန်စွမ်းအားကြီးလှသည်။ ရွှယ်ပိုင်လုံက အဘယ်ကြောင့် သူ့အကူအညီကို လိုအပ်လိမ့်မည်နည်း။

“ငါ အများကြီး မပြောပါဘူး၊ ဒါပေမယ့် မင်း ဒါကို စိတ်ဝင်စားမှာ သေချာပါတယ်။ ဒါက နတ်ဆိုးဂိုဏ်းကိုသုတ်သင်ရှင်းလင်းမယ့်ကိစ္စပဲ”

ရွှယ်ပိုင်လုံမျှော်မှန်းထားသည့်အတိုင်း ချူးယွင်ဖန်းက ဂိုဏ်းအမည်ကို ကြားလိုက်သည်နှင့် မျက်လုံးများချက်ချင်းအရောင်တောက်လာသည်။ ချူးယွင်ဖန်းသည် အခြားအကြောင်းအရာများကို စိတ်မဝင်စားသော်လည်း နတ်ဆိုးဂိုဏ်းကိုဆန့်ကျင်တိုက်ခိုက်သောအခါတွင်မူ ကြိုးစားအားထုတ်မှုအပြည့်ဖြင့် ဆောင်ရွက်လေ့ရှိကာ နတ်ဆိုးဂိုဏ်းကို အမြစ်မှ ဖြုတ်ပစ်မည်ဟု ကတိပြုခဲ့ဖူးသည်။

“တစ်ခုခုတော့ မမှန်ဘူး။ ဗိုလ်ချုပ်ရွှယ် ခင်ဗျား ကျူပ်ကို နောက်နေတာလား။ ကျုပ်က သန်မာပေမယ့် ကျုပ် တတ်နိုင်တဲ့အတိုင်းအတာကို သိပါတယ်။ ကျွမ်းကျင်သူတွေအကြောင်းပြောရအောင်လည်း ခင်ဗျားရဲ့စစ်တပ်မှာ ကျွမ်းကျင်သူတွေအပြည့်ပဲလေ။ ဘာလို့ သူတို့က အကူအညီလိုမှာလဲ”

ပြည်ထောင်စု၏ အကြမ်းမဖက်ဆုံးအဖွဲ့အစည်းအနေဖြင့် စစ်တပ်သည် လူသားမျိုးနွယ်တစ်ခုလုံးတွင် ကျွမ်းကျင်ပညာရှင်ဦးရေ အများဆုံးရှိသည့်နေရာဖြစ်သည်။ ၎င်းတို့တွင် ပုန်းကွယ်နေသော နဂါးများနှင့် ဝပ်နေသည့် ကျားများ ရှိနေကြကာ၎င်း၏ စွမ်းအားသည် ပြည်ထောင်စုတစ်ခုလုံး၏ ကြီးမားသော အဖွဲ့အစည်းကြီးအသီးသီးတွင် နံပါတ်တစ်အဖြစ် အခိုင်အမာရပ်တည်ထားသည်။ ဤသို့မှမဟုတ်ပါက ပြည်ထောင်စုအတွင်းနှင့် အပြင်မှ လူယုတ်မာများကို မည်သို့ နှိမ်နင်းနိုင်မည်နည်း။

ရွှယ်ပိုင်လုံ၏ ခွန်အားဖြင့်ဆိုပါက တစ်မိနစ်အတွင်းတွင် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများကို ချေမှုန်းခြင်းသည် ကလေးစကားခြင်းတမျှ လွယ်ကူ၏။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စက မင်းတို့အားလုံးနဲ့သက်ဆိုင်တယ်။ တာအိုညီလာခံကို ဂိုဏ်းက ခြုံခိုတိုက်ခိုက်သွားတယ်။ ပြည်ထောင်စုအစိုးရအပါအဝင် အင်အားစုတွေအများကြီးက လက်စားချေဖို့ စိတ်ပိုင်းဖြတ်ထားကြပြီ”

“ဒီရက်တွေထဲမှာ အစွန်းရောက်တွေက လှုပ်ရှားမှုတွေ အများကြီးလုပ်ပြီး ကြီးမားတဲ့ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်ခဲ့တယ်။ သမ္မတကလည်း အရမ်းဒေါသထွက်နေတယ်”

“အခု ညီလာခံကို အခွင့်ကောင်းယူပြီး ပြည်ထောင်စုက နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့ တခြားမိသားစုတွေနဲ့ လက်တွဲထားတယ်။ သူတို့ရဲ့ မောက်မာမှုကို ဖိနှိပ်ရမယ်။

“ဒီစစ်ဆင်ရေးကို ပြည်ထောင်စုရဲ့ ပိုင်နက်နယ်မြေအတွင်းမှာ လုပ်မယ်။ စစ်တပ်ထဲမှာ ကျွမ်းကျင်သူအများကြီးရှိပေမယ့် အများစုက လူသားနဲ့မွန်းစတားတိုက်ပွဲမှာရှိနေကြလို့ သူတို့ ထွက်လာလို့မရဘူး။ ကျန်နေတဲ့နေရာတွေမှာ တပ်စွဲထားရမယ်။ ဒါ့ကြောင့် ငါတို့မှာ လှုပ်ရှားနိုင်တဲ့ စစ်သားအရေအတွက် များများစားစားမရှိဘူး”

“အရေးကြီးဆုံးကတော့ နတ်ဆိုးဂိုဏ်းက ငါတို့နယ်မြေထဲကို နက်နက်နဲနဲ ဝင်ရောက်နေတာပဲ။ ဘေးကင်းအောင်လို့ သူတို့ကို အကြီးစား တပ်စုပြီးတိုက်လို့မရဘူး။ မဟုတ်ရင် သတင်းရပြီး ထွက်ပြေးသွားလိမ့်မယ်”

“နောက်ပြီး မြို့ကြီးထဲမှာစစ်တပ်ကြီးတစ်တပ်က တိုက်တာ မသင့်တော်ဘူး။ နိုင်ငံသားတွေကို အနှောက်အယှက်ဖြစ်တယ်။ အကောင်းဆုံးက အထူးစစ်ဆင်ရေးလုပ်ဖို့အတွက် ထိပ်တန်းကျွမ်းကျင်သူတွေကို အသုံးချဖို့ပဲ။ နတ်ဆိုးဂိုဏ်း ရဲ့ပိုင်နက်ထဲရောက်တာနဲ့ သူတို့ ခေါင်းဆောင်ကို သတ်နိုင်မှာမို့ အခြားသာမန်ဂိုဏ်းသားတွေ ထွက်ပြေးမှာ စိုးရိမ်နေဖို့ မလိုဘူး”

ရွှယ်ပိုင်လုံ၏ရှင်းပြချက်အပြီးတွင် ချူးယွင်ဖန်းချက်ချင်းနားလည်သွားသည်။ သူ အနည်းငယ်ပင့်သက်ရှိုက်လိုက်မိသည်။ ဤတစ်ကြိမ်တွင် ပြည်ထောင်စုက အလေးအနက်ထား၍ ဆောင်ရွက်နေခြင်းဖြစ်ကာ ပြည်ထောင်စု၏ နယ်မြေတွင်တည်ငြိမ်သမုဒ္ဒရာမြို့သည် မြို့ငယ်လေးတစ်ခုမျှသာဖြစ်သည်။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို သင်ခန်းစာပေးတော့မည်ဖြစ်သည်။

ဆက်တိုက် တိုက်စစ်ဆင်ပါက နတ်ဆိုးဂိုဏ်း၏ ကျောရိုးကိုချိုးဖျက်ရန် လုံလောက်ပေလိမ့်မည်။

"ငါက တခြားသူတွေအတွက် မပြောနိုင်ပေမယ့် မင်းနဲ့နတ်ဆိုးဂိုဏ်းကြားက ရန်ငြှိုးကို ငါနားလည်တယ်။ ညီလာခံမှာ မင်းရဲ့ထူးချွန်ထက်မြက်တဲ့စွမ်းဆောင်ရည်တွေအပြင်၊ အဲဒါကြောင့် မင်းကိုဖိတ်ဖို့ ဆုံးဖြတ်ခဲ့တာ။ ဘယ်လိုထင်လဲ။ စိတ်ဝင်စားလား”

“ခင်ဗျား ထပ်ပြောစရာ မလိုဘူး။ ကျွန်တော် သဘောတူတယ် နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်တာဟာ ပြည်ထောင်စုအတွက်သာမကဘဲ ကျွန်တော်နဲ့လည်းဆိုင်လို့ ဒါကို သဘောမတူဖို့ အကြောင်းပြချက်မရှိဘူး”

အခန်း(၅၆၀) မင်းတို့ဘာလို့ တစ်ခါတည်းအကုန်မသုံးတာလဲ

တခြားအရာတစ်ခုခုသာဖြစ်ပါက ချူးယွင်ဖန်းက စျေးကိုင်ချင်ကိုင်ပေလိမ့်မည်ဖြစ်သော်လည်း နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်၍မူ အရာအားလုံးသည် ကွဲပြားလှသည်။ နတ်ဆိုးဂိုဏ်းကင်ဆာသည် လူသားမျိုးနွယ်ကိုသာမက ချူးယွင်ဖန်းနှင့် သူ့မိသားစုတို့၏ အသက်ကိုလည်း ခြိမ်းခြောကလျက်ရှိသည်။

ချူးယွင်ဖန်းသည် ချန်ရှန်နှင့် အခြားသူများကို ငှားရမ်းရန် အဖိုးအခအမြောက်အမြားပေးနေရသည့် အဓိက အကြောင်းအရင်းမှာ သူနှင့် သူ့မိသားစုကို ကာကွယ်ရန်အတွက်ဖြစ်၍ တစ်နည်းအားဖြင့် နတ်ဆိုးဂိုဏ်း၏ ခြိမ်းခြောက်မှုကြောင့် ဖြစ်သည်။ အထူးသဖြင့် သူ့ညီမ ချူးချင်ရွှမ်ကို နတ်ဆိုးဂိုဏ်းက အလိုရှိနေခြင်းသည် လည်ပင်းတွင်စူးနေသည့် ငါးရိုးတစ်ချောင်းကဲ့သို့ ခံစားရစေသည်။ နတ်ဆိုးဂိုဏ်းမကျဆုံးသရွေ့ ချူးယွင်ဖန်းသည် ပေါ့ပေါ့ပါးပါးရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဂိုဏ်းတစ်ခုလုံးကို လျင်မြန်စွာ အမြစ်ပြတ်ချေမှုန်းနိုင်မည် မဟုတ်ပေ၊ သို့သော် ပြည်ထောင်စုအစိုးရ၏ အင်အားကို ငှားယူသည်ဟုသဘောသက်ရောက်နိုင်သည့်တိုင် တည်ငြိမ်သမုဒ္ဒရာမြို့တွင် နတ်ဆိုးဂိုဏ်းကို ပပျောက်သွားစေရန်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် ယခင်ကနှင့် လုံးဝမတူပေ။ ထိုအချိန်၊ နတ်ဆိုးဂိုဏ်း၏ အနိမ့်ဆုံးသော ဂိုဏ်းသားများနှင့်သာ ရင်ဆိုင်တိုက်ခိုက်နိုင်၍ ၎င်းတို့ကို သတ်ရန်ပင် သူ၏ခွန်အားနှင့် အကြံအစည်အားလုံးကို ထုတ်သုံးခဲ့ရသည်။ ယခုအချိန်တွင်မူ တည်ငြိမ်သမုဒ္ဒရာမြို့ဌာနခွဲ၏ ဂိုဏ်းခေါင်းဆောင်ကိုပင် သတ်ပစ်နိုင်မည်ဟု ယုံကြည်ထားသည်။ နတ်ဆိုးဂိုဏ်း၏ ယေဘုယျဖွဲ့စည်းပုံအရ တည်ငြိမ်သမုဒ္ဒရာမြို့၏ ဂိုဏ်းခွဲခေါင်းဆောင်သည် မရီးဒျန်အဆင့်အထွတ်အထိပ်သို့ရောက်နေမမည်ဖြစ်သည်။ တုန်ဟွာမြို့ရှိ ပင်မခေါင်းဆောင်တစ်ဦးသည်သာ မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိနေနိုင်၏။

နတ်ဆိုးဂိုဏ်းက အလွန်သန်မာသည်မှန်သော်လည်း ပြည်ထောင်စု၏ အင်အားနှင့်နှိုင်းယှဥ်ပါက မည်သို့မျှမဟုတ်ပေ။ အကယ်၍ပြည်ထောင်စု၏ အဓိကအင်အားစုသည်သာ လူသား နှင့် မွန်းစတားတိုက်ပွဲတွင် မတိုက်ခိုက်နေပါက ဂိုဏ်းသည် ယခုအချိန်ကတည်းကပင် ပျက်သုဥ်းသွားပေလိမ့်မည်ဖြစ်သည်။ နတ်ဆိုးဂိုဏ်းက ပုန်းအောင်းနေနိုင်သော်လည်း ၎င်းတို့ကို ချေမှုန်းပစ်ရန် ဆုံးဖြတ်ထားသည့် ပြည်ထောင်စု၏ မျက်စိရှေ့မှောက်တွင်မူ သေခြင်းတရားမှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

“ကောင်းတယ်။ ငါ မင်းကို အထင်မလွဲမိလို့ ဝမ်းသာပါတယ်" ရွှယ်ပုိင်လုံက တောက်ပစွာပြုံး၍ပြောလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းက အရပ်သားပဲ။ ငါတို့စစ်တပ်ကို ကူညီဖို့ မင်းမှာ တာဝန်မရှိဘူး။ ဒါပေမယ့် ဒီကိစ္စကနေပြီးတော့ မင်းအကျိုးအမြတ်ရလိမ့်မယ်။ တပ်မတော်က မင်း ဆုံးရှုံးရအောင်လုပ်မှာမဟုတ်ဘူး။ ဒီကိစ္စကို မင်းရဲ့ ကိုယ်ရေးကိုယ်တာဖိုင်မှာ မှတ်တမ်းတင်ထားမယ်။ အဲဒီနောက်မှာ မင်းရဲ့နိုင်ငံသားအဆင့်ကို အဆင့်တစ်ဆင့် မြှင့်တင်ပေးလိမ့်မယ်။ အနာဂတ်မှာမင်းက စီးပွားရေးမှာဖြစ်ဖြစ်၊ နိုင်ငံရေးမှာဖြစ်ဖြစ် ပြည်ထောင်စုအစိုးရက မင်းအတွက် လမ်းဖွင့်ပေးထားလိမ့်မယ်။ စစ်ထဲဝင်မယ်ဆိုရင် အနည်းဆုံး ဗိုလ်မှုးတစ်ယောက်အနေနဲ့စဝင်လို့ရတယ်”

ရွှယ်ပိုင်လုံပြောနေသော နိုင်ငံသားအဆင့်ကို ခေတ်သစ်ပြည်ထောင်စုအစိုးရက ဖန်တီးထားခြင်းဖြစ်သည်။ ဤနိုင်ငံသားအဆင့်သည် နိုင်ငံသားတိုင်းနှင့် နီးစပ်သည်။ အဆင့်ဆင့်သော နိုင်ငံသားများသည် မတူညီသော အကျိုးအမြတ်များကို ခံစားနိုင်မည်ဖြစ်သည်။ ယင်းတွင် ရွေးကောက်ပွဲနှင့် ရွေးကောက်တင်မြှောက်ခြင်းတို့လည်း ပါဝင်သည်။ ဥပမာအားဖြင့် လူတစ်ဦးသည် သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုပါက နောက်ကွယ်မှ ထောက်ခံမှုနှင့် ၎င်း၏ကိုယ်ပိုင်အင်အားကို ဘေးဖယ်ထားလျှင်ပင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် အဆင့် ၁၀ နိုင်ငံသား ဖြစ်ရမည်။ အကယ်၍ လူတစ်ဦးသည် အဆင့် 10 နိုင်ငံသားဖြစ်လိုပါက ပြည်ထောင်စုအတွက် မရေမတွက်နိုင်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရမည်ဖြစ်သည်။

နောက်ဆုံးတွင်မူ ဤသည်က ဒီမိုကရက်တစ်လောကဖြစ်နေဆဲပင်ဖြစ်သဖြင့် ဤအဆင့်ကို အမွေဆက်ခံ၍မရပေ။ နိုင်ငံသားအဆင့်မြင့်လေ အကျိုးအမြတ် များများရလေ ဖြစ်သည်။ ဤသည်က လူတိုင်းသိထားသည့်အရာတစ်ခုဖြစ်သည်။

“စစ်ဆင်ရေးကို လျှို့ဝှက်ထားရမှာဖြစ်တဲ့အတွက် ပြင်ဆင်ချိန်အများကြီးရှိမှာ မဟုတ်ဘူး။ ငါဒီည မင်းကိုလာကြိုမယ်။ မင်းအဆင်သင့်ဖြစ်မယ်လို့ ငါမျှော်လင့်ပါတယ်”

"ကျွန်တော်နားလည်ပါပြီ"

ရွှယ်ပိုင်လုံကို ပြန်ပို့ပြီးနောက် ချူးယွင်ဖန်းသည်အဝေးမှ မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်သည်။ အချို့သော ကိစ္စများကို အမြန်ဖြေရှင်းသင့်သည်။ ဂိုဏ်းက သူ့မိသားစုကို ဆက်လက်၍ နှောက်ယှက်နေခွင့်မပြုသင့်ပေ။

ချူးယွင်ဖန်းသည် ယနေ့ညတွင် နတ်ဆိုးဂိုဏ်းကို သုတ်သင်ရှင်းလင်းမည့်ကိစ္စနှင့်ပတ်သက်၍ မိဘနှင့် ညီမတို့ကို ပြောပြခြင်းမရှိပေ။ ၎င်းတို့ကို စိတ်မပူစေလိုသောကြောင့် ချန်ရှန်ကိုသာ အထူးသတိထားရန် ပြောခဲ့သည်။

အရုဏ်တက်ချိန်တွင် ချူးယွင်ဖန်း၏ အိမ်ကြီးအထက်တွင် ကြီးမားသော တိုက်လေယာဉ်ကြီးတစ်စင်း တိတ်တဆိတ် ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းက ၎င်းမှာ ရွှယ်ပိုင်လုံပို့ပေးလိုက်ခြင်းဖြစ်ကြောင်း သိ၏။ ဂျက်လေယာဥ်ပေါ်သို့ တက်သောအခါ ရွှယ်ပိုင်လုံကို မြင်လိုက်ရသည့်အပြင် အခြားလူငါးယောက်ပါရှိနေသည်။ ဤလူများတွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး ပါဝင်သည်။ သူတို့တစ်ဦးစီသည် အလွန်ပြင်းထန်သော ရောင်ဝါရှိကြသည်။

၎င်းတို့ထဲတွင် လူလတ်ပိုင်းတစ်ယောက်၊ လူငယ်တစ်ဦးနှင့် ဆယ်ကျော်သက်ကောင်လေးတို့ သုံးဦးသည် အလွန်ထူးခြားလှသည်။ အမျိုးသမီး နှစ်ဦးတွင် တစ်ဦးက ရဲရင့်၍ သူရဲကောင်းဆန်ကာ အခြားတစ်ဦးသည်မူ နူးညံ့၍ ချစ်စဖွယ်ကောင်းသည်။ သူတို့နှစ်ယောက်လုံးသည် အသက်နှစ်ဆယ်ခန့်ရှိပုံရသော်လည်း အဖွဲ့ထဲတွင် အင်အားကြီးမားပုံရသည်။

"ဒီလူတွေက …. "

၎င်းတို့သည်လည်း ချူးယွင်ဖန်းဘက်သို့ လှည့်ကြည့်လိုက်ကာ ချူးယွင်ဖန်း၏ သိသာထင်ရှားလှသော အသွင်အပြင်ကြောင့် အနည်းငယ်ပဟေဌိဖြစ်ကုန်သည်မှာ ထင်ရှားသည်။ ရွှယ်ပိုင်လုံက အဖွဲ့အလယ်သို့ လျှောက်သွားကာ မိတ်ဆက်ပေးလိုက်သည်။

“မင်းတို့နဲ့ မိတ်ဆက်ပေးပါရစေ။ ချူးယွင်ဖန်းက ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတစ်ယောက်ပဲ။ ဒီမစ်ရှင်မှာ ငါတို့ကို ကူညီဖို့ သူ့ကိုဖိတ်ထားတာ။ သူက ငယ်သေးပေမယ့် အထင်မသေးပါနဲ့။ သူက ဒီနှစ်တာအိုညီလာခံရဲ့ ချန်ပီယံပဲ”

ရွှယ်ပိုင်လုံ၏ စကားကို ကြားလိုက်ရသည်နှင့် လူအားလုံး၏ မျက်လုံးများ ချက်ချင်းတောက်ပလာပြီးနောက် ချူးယွင်ဖန်းကို မြဲမြံစွာစိုက်ကြည့်နေကြသည်။

"ချူးယွင်ဖန်း ဒီကအဖော်တွေက ငါ့ရဲ့ကွပ်ကဲမှုအောက်မှာရှိတဲ့ အထူးတိုက်ခိုက်ရေးအဖွဲ့မှာ အင်အားအကောင်းဆုံးပဲ။ သူတို့ကို တစ်ကိုယ်တော်ဝံပုလွေတွေလို့ခေါ်တယ်။ ဂိုဏ်းနဲ့တိုက်ခိုက်ဖို့ သာမန်တပ်တွေကို မခေါ်ခဲ့ဘူး။ ဒီတစ်ကိုယ်တော် ဝံပုလွေတွေကိုပဲခေါ်ခဲ့တာ”

"မင်းတို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါ"

“ကျွန်တော်က ဝံပုလွေခေါင်းဆောင်ပါ” သက်လတ်ပိုင်း အမျိုးသားက ပြောသည်။

"ကျွန်တော်က ဝံပုလွေဖန်းပါ" လူငယ်က ပြော၏။

“ကျွန်တော်က တစ်ကိုယ်တော် ဝံ့ပုလွေအဖွဲ့ရဲ့ တောမီးပါ။ မင်းက ဒီနှစ်ညီလာခံ ချန်ပီယံလား" ဆယ်ကျော်သက်အရွယ်လူငယ်က ချူးယွင်ဖန်းကို စိန်ခေါ်သောအကြည့်ဖြင့် ကြည့်၍ပြောလိုက်သည်။

“ကျွန်မက တစ်ကိုယ်တော်ဝံပုလွေအဖွဲ့ရဲ့ မြေခွေးနတ်သမီးပါ။ ကျွန်မကိုမြေခွေးပျိုလို့ ခေါ်ကြတယ်” ချောမောလှပသော အမျိုးသမီးက ခပ်တိုးတိုးပြောသည်။

“ကျွန်မ ပြာနက်ပါ” ရဲရင့်သော အမျိုးသမီးက ပြောသည်။

တစ်ကိုယ်တော် ဝံပုလွေအဖွဲ့ အထူးတိုက်ခိုက်ရေးအဖွဲ့၏အဖွဲ့ဝင်များသည် ၎င်းတို့၏ကုဒ်အမည်များကိုသာ ထုတ်ပြော၍ နာမည်ရင်းများကို ဖုံးထားလိုက်သည်။

"ကျွန်တော့်နာမည်က ချူးယွင်ဖန်းပါ" ချူးယွင်ဖန်းက ခေါင်းညိတ်နှုတ်ဆက်သည်။

ဤလူအနည်းစုသည် အမှန်ပင် တပ်မတော်၏ လက်ရွေးစင်များဖြစ်သည်။ ၎င်းတစ်ဦးစီတွင် တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်ရေးရောင်ဝါများကိန်းအောင်းနေသည်။

“အခုလေးတင်ပဲ၊ အသင်းခေါင်းဆောင်က မင်းက ညီလာခံရဲ့ ချန်ပီယံဖြစ်တယ်လို့ ပြောခဲ့တယ်။ ဟဲဟဲ မင်းက လေ့ကျင့်တိုက်ခိုက်ဖို့ စိတ်ဝင်စားလား။ ဗိုလ်ကြီးက ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေ ဘယ်လိုပုံစံလဲဆိုတာ အမြဲပြောတတ်ပေမယ့် ငါကတော့ ဘာမှထူးခြားတယ်လို့ မထင်ဘူး။ သူတို့က အသတ်မခံရဖူးတဲ့ ဖန်လုံအိမ်ထဲပျိုးထားတဲ့ပန်းတွေပဲ။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါမင်းကို သိုင်းကွက်သုံးကွက်အတွင်း အနိုင်ယူနိုင်တယ်" တောမီးက ရှေ့သို့တိုးလာ၍ ချူးယွင်ဖန်း၏ စိတ်အားထက်သန်မှုကို ပြတ်ပြတ်သားသား နှိုးဆော်လိုက်သည်။

ချူးယွင်ဖန်းက အခြားသူများကို ကြည့်လိုက်သောအခါ တောမီးကို မည်သူမျှ တားချင်သည့်ပုံမပေါ်သည့်အပြင် ရွှယ်ပိုင်လုံပင်လျှင် ၎င်းတို့ကို မတားခဲ့သဖြင့် ဤသည်က စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်း သူချက်ချင်းနားလည်လိုက်သည်။ သူကောင်းကောင်းမစွမ်းဆောင်နိုင်ပါက သူနှင့်ပူးပေါင်း၍ အတူလက်တွဲရန် အရည်အချင်းပြည့်မီလိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းကို မယုံကြည်သူ အများအပြား ရှိနေဆဲဟု ထင်ရသည်။ သို့သော် အလွန်ငယ်လွန်းနေပုံရသည်မှာလည်း အမှန်ပင်ဖြစ်သည်။ တောမီးသည်ပင် သူ့ထက် အသက်အနည်းငယ်ကြီးပုံရသည်။

မျက်နှာတွင် အမွှေးအမျှင်မရှိသောသူသည် ငယ်ရွယ်ရိုးအလွန်းနေဦးမည်ဖြစ်သည်။ ဤနိယာမသည် ပြည်သူများ၏ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေ၏။

"သုံးချက်ဟုတ်လား ဟားဟား စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် ငါ မင်းနဲ့ မတိုက်ဘူး" ချူးယွင်ဖန်းက ခေါင်းယမ်းလိုက်သည်။

"ဘာလို့လဲ။ မင်းကြောက်လို့လား"

"ငါမကြောက်ပါဘူး။ ငါဆိုလိုတာက မင်းတစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ မင်းတို့အားလုံး ဘာလို့ တစ်ခါတည်း မတိုက်ကြတာလဲ။ ဒါဆို အချိန်ကုန်သက်သာတာပေါ့”

အခန်း (၅၁၆) တစ်ချက်တည်းဖြင့် ထိုးနှက်ခြင်း

"မင်းငါ့ကို အထင်သေးနေတာလား" တောမီး၏မျက်နှာထက်တွင် ဒေါသအရိပ်အမြွက်များထင်ဟပ်လာ၏။

ဤသည်မှာ တောမီးတစ်ယောက်တည်းသာမဟုတ်ပေ။ ဝံပုလွေခေါင်းဆောင်နှင့် အခြားသူများလည်း အံ့သြသွားကြသည်။ ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားများသည် ဘက်စုံအရည်အချင်းများပြည့်ဝကြသော်လည်း သိုင်းပညာ သို့မဟုတ် စာပေညာဟူ၍ ကဏ္ဍတစ်ခုစီ၌သာ ကျွမ်းကျင်ကြသည်။ ယေဘူယျအားဖြင့်ဆိုရလျှင် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများသည် အဘက်ဘက်မှ ပြည့်စုံကြသည်။

အရည်အသွေးမြင့် ပါရမီရှင်များနှင့် ပတ်သက်၍ ပြည်ထောင်စုတက္ကသိုလ်သည် ထိပ်တန်းနေရာတစ်ခုဖြစ်သည်။ သို့သော် တပ်မတော်၏ လက်ရွေးစင်များသည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများနှင့်ယှဥ်ပါက အခြားကဏ္ဍများတွင် အဆင့်နိမ့်နေနိုင်သော်လည်း သတ်ဖြတ်ခြင်းတွင်မူ ၎င်းတို့က အတိအကျ နှိုင်းယှဥ်နိုင်သည်။

လူသတ်ခြင်းကို အထူးပြုထားသည့် လူသတ်သမားများပင်လျှင် တပ်မတော်ထဲတွင် မည်သည့်အဆင့်မျှရှိမည်မဟုတ်ပေ။ အကြောင်းပြချက်သည် ရိုးရှင်းလှ၏။ လူသတ်သမားများသည် အမှောင်ထဲ၌ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ရန်သာ သတ္တိရှိကြသည်။ တစ်ဖက်တွင်မူ တပ်မတော်သည် လုပ်ကြံသတ်ဖြတ်မှုများ၊ ရှေ့တန်းထိုးဖောက်ဝင်ရောက်မှုများနှင့် သတ်ဖြတ်နည်းမျိုးစုံကို စွမ်းဆောင်နိုင်စွမ်းရှိ၍ ၎င်းတို့အနက်မှ တစ်ဦးသည်မှ အခြားသူများထက် အဆင့်မနိမ့်ပေ။

ထို့ကြောင့် ဤအဖွဲ့သည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများကို ဂရုမစိုက်လှပေ။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများက တိုက်ပွဲအတွေ့အကြုံမရှိကြခြင်းမဟုတ်သော်လည်း တပ်မတော်၌ နေ့စဉ်ကြုံတွေ့နေရသော ကျည်ဆန်သွေးများအပြင် အသက်သေဆုံးရသည့် အခြေအနေများနှင့် နှိုင်းယှဉ်ပါက ယင်းကျောင်းသားများ တွေ့ကြုံရသည့် အနေအထားနှင့် ဝေးကွာလှသည်။ အတွေ့အကြုံရှိ တောမီးသည် သူ၏ သတ်ဖြတ်မှုအတွေ့အကြုံသည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများထက် ဆယ်ဆ သို့မဟုတ် ဆယ်ဆပင် ပြင်းထန်သည်ဟု ထင်ခဲ့သည်။

ထို့ကြောင့် သူသည် အရှက်မဲ့စွာ ကြွားလုံးထုတ်၍ ချူးယွင်ဖန်းကို သိုင်းကွက်သုံးကွက်အတွင်းအနိုင်ယူနိုင်သည်ဟု ပြောလာခြင်းဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်တွင် သိုင်းပညာကိုသာ သင်ကြားနိုင်၍ စစ်တပ်ကမူ လူသတ်ခြင်းလမ်းစဥ်ကို သင်ပြပေးသည်။

ဤနှစ်ခုသည် လုံးလုံးလျားလျားကွဲပြားခြားနား၏။

"မင်းကိုအထင်သေးနေတာ မဟုတ်ဘူး၊ ငါအမှန်အတိုင်းပြောနေတာ။ ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားတွေကို သိပ်အထင်မကြီးဘူးဆိုတာ ငါသိပါတယ်။ မင်းတို့အားလုံး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝတယ်လို့ ထင်ကြတယ်မလား”

“မင်းပြောတာ မှန်နိုင်တယ်။ ကျင့်ကြံရေးအဆင့်တူတဲ့ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေက မင်းတို့ကိုတိုက်ခိုက်တဲ့အခါမှာ အရေးနိမ့်ချင်နိမ့်နေလိမ့်မယ်။ ဒီကိစ္စက နှစ်ဖက်လုံးအင်အားချင်းတူတယ်ဆိုတဲ့အချက်ပေါ်မှာမူတည်တယ်” ချူးယွင်ဖန်းက ထူးမခြားနားသော အမူအရာဖြင့်ပြောသည်။ သူ့မျက်နှာတွင် ဒေါသအရိပ်အယောင်မရှိပေ။ သူသည် အမှန်အတိုင်းပြောနေခြင်းသာဖြစ်သည်။

“လူသတ်လမ်းကြောင်းက တကယ်ကို လိုက်ဖက်ဖို့ခက်တယ်။ ဒါပေမယ့် ဒါဟာ သိုင်းပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကနေ သွေဖည်သွားပါပြီ” ချူးယွင်ဖန်းက ခေါင်းယမ်း၍ပြောသည်။

"သိုင်းပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်က လူတစ်ဦး၏ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး ဆင့်ကဲပြောင်းလဲပြီး ပိုမြင့်မားတဲ့ဘဝအဆင့်ကို ရောက်သွားစေတာပဲ”

"ငါတို့ သိုင်းပညာရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကနေ လွဲသွားပြီလို့ မင်းပြောနေတာလား။ သိုင်းပညာကို မင်းကိုယ်တိုင် သင်မလာဘူးလား” ဝံပုလွေခေါင်းဆောင်ကပြောသည်။

“အဲတာ မဖြစ်နိုင်ဘူး။ ကျင့်ကြံရေးလမ်းကြောင်းမှာ ဘေးအန္တရာယ်တွေ အများကြီးရှိတယ်။ သဘာဝဘေးအန္တရာယ်တွေ၊၊ မြေကြီးဆိုင်ရာဘေးအန္တရာယ်တွေနဲ့ လူသားဘေးအန္တရာယ်တွေရှိနိုင်တယ်။ အမျိုးမျိုးသော အန္တရာယ်တွေက ငါတို့ကို ခြိမ်းခြောက်နေတယ်။ ဗုဒ္ဓဘုရားက ဝိဇ္ဇရ (Vajra) ကိုကိုင်ပြီး ဒေါသထွက်တဲ့အခါ နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကို ချေမှုန်းပစ်နိုင်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲလေ။ မြတ်စွာဘုရားတောင် ဒီလိုမျိုးဆိုတော့ ငါတို့ကရော" ချူးယွင်ဖန်းသည် နောက်ကျောဘက်တွင်လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

“သိုင်းစွမ်းရည်ဆိုတာ ကြီးမြတ်တဲ့ တာအိုကျင့်စဥ်ရဲ့ တစ်ဖက်ခြမ်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ငါ့အတွက် နည်းလမ်းတစ်ခုပါပဲ။ ကျင့်ကြံရေး လမ်းခရီးမှာကြုံလာမယ့် နတ်ဆိုးတွေနဲ့ မကောင်းဆိုးဝါးတွေကို သတ်ပစ်ဖို့အတွက် ငါအဲ့တာတွေကိုသုံးလို့ရတယ်”

“တစ်နေ့၊ ကျွန်တော် ကြီးမြတ်တဲ့တာအိုရဲ့ ရဲ့တစ်ဖက်ကမ်းကို ရောက်တဲ့အခါ ဒီလှေကို သဘာဝအတိုင်း စွန့်လွှတ်နိုင်မှာပါ။ ဒါပေမယ့် ငါတစ်ဖက်ကမ်းကို မရောက်သေးဘူး။ ဒါ့ကြောင့် ဒီလှေကို လိုအပ်သေးတယ်”

“ဒါပေမယ့် ကိရိယာက ကိရိယာတစ်ခု ဖြစ်နေတုန်းပဲ။ ငါတာအိုလမ်းစဥ်ကို လိုက်စားဖို့ ဆိုလိုတာက ကြီးမြတ်တဲ့တာအိုချည်းပဲမဟုတ်ဘူး။ ဒါတောင် မင်းက ဒါကို ကြီးမြတ်တဲ့တာအိုလို့ သဘောထားနေသေးတယ်။ မင်းရဲ့ ကိုယ်ပိုင်အောင်မြင်မှုနဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို လိုက်ရှာရမယ့်အစား သတ်ဖြတ်ခြင်းလမ်းစဥ်ကို လိုက်တယ်ပေါ့။ ကြီးမြတ်တဲ့တာအိုကို စွန့်လွှတ်ပြီး အဆင့်နိမ့်တာအိုလမ်းစဥ်ကို လိုက်တာက နှမျောဖို့မကောင်းဘူးလား”

“ကောင်းတယ်။ ပြောတာကောင်းတယ်” ရွှယ်ပိုင်လုံက မျက်လုံးများတောက်ပစွာဖြင့် လက်ခုပ်တီးလိုက်သည်။ သူ၏ လေ့ကျင့်မှုအဆင့်သည် ချူးယွင်ဖန်းထက် မြင့်မားသော်လည်း ချူးယွင်ဖန်းက သိုင်းတာအိုအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ထားသည်။ ချူးယွင်ဖန်း၏ စကားများသည် ရွှယ်ပိုင်လုံအတွက် အခြားတံခါးကို ဖွင့်ပေးခဲ့သည်။ သတ်ခြင်းလမ်းသည် မိမိကိုယ်မိမိ ကာကွယ်ခြင်းနည်းလမ်းဖြစ်သော်လည်း ယင်းမှာကြီးမြတ်သော တာအိုမဟုတ်ပေ။ အကယ်၍များ ရောနှော ပေါင်းစည်းခဲ့လျှင် ၎င်းတို့၏ ကျင့်ကြံရေးသည် ဤတစ်သက်တာတွင် ပြင်းထန်စွာ ကန့်သတ်ခံရမည်ဖြစ်သည်။

ချူးယွင်ဖန်းက ထိုသို့သောစကားများကို ပြောနိုင်သည်ကို ကြည့်ပါက တာအိုညီလာခံချန်ပီယံနေရာရရန် အမှန်ပင်ထိုက်တန်ကြောင်းသိသာသည်။ ရွှယ်ပိုင်လုံသည် ချူးယွင်ဖန်းကို အစောကြီးကတည်းက သိခဲ့သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းက ချီပင်လယ်အဆင့်တွင်သာရှိ၍ ချူးယွင်ဖန်း၏ အဆင့်ပြောင်းလဲမှုကို အံ့အားအသင့်ဆုံးသောလူများထဲမှ တစ်ယောက်ဖြစ်သည်။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် သိုင်းပညာအတတ်ပညာရှင်တစ်ဦး၏ အရည်အချင်းကို ပိုင်ဆိုင်ထားသည်။

ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြောင်း ရွှယ်ပိုင်လုံကို မသိခဲ့ပေ။ မှန်သည်။ တိုက်ခိုက်ရေးအင်အားအရဆိုပါက ဆေးဧကရာဇ်သည် ဧကရာဇ်အများစု၏အောက်တွင်ရှိနေ၏။ သို့သော် သူသည်လည်း ဧကရာဇ်တစ်ပါးသာဖြစ်သဖြင့် ကြီးမြတ်သော တာအိုကို နားလည်နိုင်စွမ်းသည် သာမန်ပြည်ထောင်စု၏ သိုင်းပညာရှင်များနှိုင်းယှဥ်နိုင်သောအရာမဟုတ်ပေ။

ယခင်က ချူးယွင်ဖန်းသည် ထိုအကြောင်းအရာများကိုသာ သိသော်လည်း လေးလေးနက်နက် နားလည်ခြင်းမရှိခဲ့ပေ။ သို့သော် သူ၏ ကျင့်ကြံရေးအဆင့်တိုးတက်လာသည်နှင့်အမျှ၊ ၎င်းတို့ကို သူ၏ကိုယ်ပိုင်အတွေ့အကြုံအဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ သူသည် အရာများကို သိခြင်းမှ နားလည်ခြင်းသို့ တဖြည်းဖြည်း ပြောင်းလဲလာ၏။

“ကိစ္စတွေအားလုံးကို ရှင်းပြတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် အကုန်လုံးက အသုံးမဝင်ဘူး။ မင်းငါနဲ့ လေ့ကျင့်တိုက်ခိုက်ရဲလား” တောမီးက ရယ်မော၍ ပြောသည်။

တောမီးနှင့် ချူးယွင်ဖန်းသည် အသက်အရွယ် အတူတူပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ "ကြီးကျယ်သောအောင်မြင်မှုများ" အကြောင်းကို သူကြားဖူးသည်။ ချူးယွင်ဖန်းသည် အခြားသူများ၏အမြင်တွင် အနှိုင်းမဲ့ဂုဏ်အသရေရှိသည်။ တောမီးသည် မိမိက ချူးယွင်ဖန်းထက် အဆင့်မနိမ့်ဟုထင်မြင်နေသော်လည်း သူသည်မူ လူမသိသူမသိဖြစ်နေသေးသဖြင့် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် မိမိက ချူးယွင်ဖန်းထက် များစွာ အစွမ်းထက်ကြောင်း သက်သေပြရမည်ဖြစ်သည်။

"မင်းက အတင်းတိုက်ချင်နေမှတော့ လုပ်လိုက်ကြရအောင်"

ဤအခိုက်အတန့်တွင် သူတို့ခြေထောက်အောက်ရှိ မြေပြင်သည် အနည်းငယ် တုန်ခါသွားကာ ပုံမှန်အတိုင်း ငြိမ်သက်သွားခဲ့သည်။ တိုက်ပွဲစပြီဖြစ်ကြောင်း လူတိုင်းသိလိုက်သည်။

“ကြည့်ရတာ အချိန်သိပ်မကျန်တော့ဘူး။ ဒါကို မြန်မြန်အဆုံးသတ်လိုက်ကြရအောင်”

“တော်တော် စိတ်ကြီးဝင်နေတာပဲ။ ပြည်ထောင်စုတက္ကသိုလ်ကဆိုတော့ရော ဘာဖြစ်လဲ" တောမီးက ကြုံးဝါး၍ ကြမ်းပြင်သို့ ခြေဆောင့်လိုက်သောအခါ မျက်စိတစ်မှိတ်အတွင်း၌ပင် သူ့တစ်ကိုယ်လုံး ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခ၊ သူသည် ချူးယွင်ဖန်းရှေ့တွင်ရှိနေပြီဖြစ်သည်။ တောမီး၏ အရှိန်အဝါသည် အကန့်အသတ်မဲ့နေ၏။ သူသည် တိုက်ပွဲအလယ်၌ ဒေါသကို မီးကဲ့သို့ ဖော်ထုတ်၍ ချူးယွင်ဖန်းကို လက်သည်းဖြင့် ကုတ်လိုက်သည်။

သူက ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို လက်သည်းဖြင့်ကုတ်ရန်ရွယ်လိုက်သော်လည်း ချူးယွင်ဖန်း၏ အသားကို မဖမ်းဆုတ်နိုင်ခဲ့ပေ။ သူ၏လက်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖြတ်သွား၏။

"သေစမ်း”

တောမီးက လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ ရာနှင့်ချီသော တိုက်ပွဲများကို တွေ့ကြုံခဲ့ရပြီးနောက် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူချက်ချင်းသိရှိကာ ယခင်ကထက်ပင် ပို၍ လျင်မြန်စွာဆုတ်ခွာသွားသည်။ သို့သော် ချူးယွင်ဖန်းက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာ၏။ ချူးယွင်ဖန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ တောမီးကို ဖမ်းမိခဲ့သည်။

"တောဘုရင်"

ချူးယွင်ဖန်းလှုပ်ရှားလိုက်သည့်အခိုက်တွင် ကောင်းကင်ကြီးပြိုကျကာ မြေကြီးကွဲသွားသကဲ့သို့ ထင်ရ၏။ လေထုသည် ရုတ်ချည်းပေါက်ကွဲသွားပြီးနောက် ကျားဟိန်းသံတစ်ခုကဲ့သို့ အသံတစ်ခုထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တောမီးကိုထိုးနှက်ပစ်လိုက်၏။

တောမီးသည် ပုံမှန်အတိုင်းပြန်လည်တားဆီးခဲ့သော်လည်း ချက်ချင်းဆိုသကဲ့သို့ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ယင်သွားစေနိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

ဘမ်း

ချက်ခြင်းပင်၊ စစ်မှန်သော စွမ်းအင် အများအပြားသည် တောမီးတစ်ဝိုက်တွင် ပေါက်ကွဲထွက်လာကာ သူ့ကို လွင့်ထွက်သွားစေ၏။ ခြေထောက်ပေါ်သို့ပင် ပြန်မထောက်နိုင်တော့ဘဲ လေယာဥ်ခန်းနံရံကို တိုက်ရိုက်ထိမှန်သွားသည်။ ထိုမှသာ နောက်ဆုံးတွင် ရပ်တန့်သွား၏။

ချူးယွင်ဖန်းသည် နောက်ထပ် ဆက်မတိုက်တော့ပေ။ တောမီး၏ မျက်နှာထက်တွင် အသက်အငွေ့အသက်အချို့ကျန်နေသေး၏။ ချူးယွင်ဖန်း၏ လက်သီးချက်သည် သူ့ကို အပြင်းအထန်ဒဏ်ရာရစေခြင်း သို့မဟုတ် အသေသတ်ခြင်းပင်ဖြစ်နိုင်၏။ သို့သော် တောမီးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်မှုမရှိခဲ့ကြောင်း ခံစားမိသည်။ ချူးယွင်ဖန်းက သူ့ကို ဒဏ်ရာရစေနိုင်စွမ်းမရှိခြင်းမဟုတ်ဘဲ၊ သူ၏ ခွန်အားကို ထိန်းထားခဲ့ခြင်းဖြစ်သည်။

"ငါရှုံးတယ်”

All Chapters