← Chapters

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း (၅၆၂-၅၆၄)

Vol. 38 Ch. 562-564

အခန်း(၅၆၂) စစ်မှန်သော သတ်ဖြတ်ရေးသမား

တောမီးသည် ခပ်တိုးတိုး ရေရွတ်ကာ ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ မာနကြီးသော်လည်း၊ သူသည် ဂုဏ်မမောက်ပေ။ ချူးယွင်ဖန်းက သူ့ကို ညှာတာပေးခဲ့သည်။ သူ့ကို ဆက်၍ နှောက်ယှက်ပါက အဆင့်အတန်းနိမ့်ကျသွားလွန်းမည်ဖြစ်ကာ သူ့စိတ်ထဲမှ မာနက ဤသို့လုပ်ခွင့်မပြုပေ။

ဤအခိုက်တွင် ဝံပုလွေခေါင်းဆောင်အပါအဝင် အခြားသူများ၏ အကြည့်များအားလုံးပြောင်းလဲသွားခဲ့သည်။ သူ့ကို ယခင်ကကဲ့သို့ အထင်မသေးကြတော့ပေ။ ချူးယွင်ဖန်းက တောမီးကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့၏။ ဆိုလိုသည်မှာ ချူးယွင်ဖန်း၏ အင်အားသည်အမှန်ပင် နားမလည်နိုင်သောအတိုင်းအတာတွင်ရှိနေခြင်းဖြစ်သည်။ မှန်သည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့မရောက်သေးပေ။

ချူးယွင်ဖန်းထုတ်ခဲ့သော တိုက်ခိုက်မှုသည် ရွှယ်ပိုင်လုံကဲ့သို့သော မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူနှင့် နှိုင်းယှဥ်၍ မရပေ။

"အခုတော့ မင်းအပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတာ မင်းအားလုံးနားလည်သွားပြီပေါ့။ အထက်တန်းကျောင်းပြီးတုန်းက တောမီးက စစ်တပ်ထဲဝင်လာတယ်။ သူက အမြဲကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာ ဘယ်သူ့ကိုမှ မလေးစားဘူး။ ယခုအချိန်က အချိန်ကောင်းပဲ။ ချူးယွင်ဖန်း၊ သူ့အထက်မှာ တစ်ယောက်ယောက်အမြဲရှိနေတယ်ဆိုတာ မင်းသူ့ကို သတိပေးလိုက်ပြီ”

တောမီးသည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ သူသည် အသက်နှစ်ဆယ်ကျော်အရွယ်သာရှိသေးသော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ဖြတ်ကျော်သွားခဲ့ပြီဖြစ်သဖြင့် အလိုအလျောက်ပင် တပ်မတော်ထဲမှ အကောင်းဆုံးပျိုးပင်များထဲမှ တစ်ပင်ဖြစ်လာခဲ့သည်။ မဟုတ်လျှင် ရွှယ်ပိုင်လုံအတွက် အလုပ်လုပ်ပေးရန် ခေါ်ယူခြင်းခံရမည်မဟုတ်ပေ။

တောမီးသည် မိမိကိုယ်မိမိ အလွန်အထင်ကြီးသူတစ်ဦးဖြစ်၍ ပြည်ထောင်စုတက္ကသိုလ်မှကျောင်းသားများကို အထင်သေးကာ ဖန်လုံအိမ်ထဲ စိုက်ပျိုးထားသော ပန်းပင်များဟုသာထင်ခဲ့သည်။ သူနှင့် မျိုးဆက်တူတွင် နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် လူသိများသော ချူးယွင်ဖန်းကိုပင် မလေးစားခဲ့ပေ။ ချူးယွင်ဖန်းသည် သူ့ထက် အသက်အနည်းငယ်ငယ်၏။ ချူးယွင်ဖန်းက သူ့ကို လက်သီးတစ်ချက်တည်းဖြင့် သင်ခန်းစာပေးလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ တောမီးသည် သူ၏ခွန်အားကို အပြည့်အ၀အသုံးမချသော်လည်း ချူးယွင်ဖန်းကလည်း အသုံးမချခဲ့ပေ။ နောက်ဆုံးတွင်မူ ၎င်းတို့အားလုံး ဂျက်လေယာဥ်ပေါ်၌ စွမ်းအားအပြည့်ထုတ်သုံးရန် မဖြစ်နိုင်ပေ။ သို့သော် သူ၏ ခွန်အားကို အပြည့်အဝအသုံးပြုခဲ့လျှင်ပင် အနိုင်ရရန် အခွင့်အရေးအများအစားမရှိဟု တောမီးက ခံစားမိသည်။

၎င်းတို့ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခုရှိ၍ တောမီးက လက်မခံချင်လျှင်ပင် လက်ခံရမည်ဖြစ်သည်။

ချူးယွင်ဖန်း၏ ခွန်အားကို လူတိုင်း အသိအမှတ်ပြုကြသည်ကို မြင်ပြီးနောက် ရွှယ်ပိုင်လုံကပြောလိုက်၏။

“ကောင်းပြီ။ အရေးကြီးတဲ့ကိစ္စတွေကို အရင်ပြောကြရအောင်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်က ငါတု့ိရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ငါတို့က တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ နတ်ဆိုးဂိုဏ်းတည်နေရာကို အတည်ပြုပြီးသွားပြီ။ ဂိုဏ်းသားတွေက အရမ်းပါးနပ်တာကြောင့် သူတို့ ထွက်မပြေးအောင် ငါတို့ သတိထားရမယ်”

"တိုက်ပွဲအစီအစဉ်ကရော။ ကျွန်တော်တို့က ချီတက်ရတော့မှာလား” ချူးယွင်ဖန်းက မေး၏။

“ငါတို့ကရှေ့တန်းတပ်ဖြစ်ပြီး ချေမှုန်းရေးရဲ့ အဓိက အင်အားစုလည်း ဖြစ်တယ်။ ငါတို့စစ်ဆင်ရေးစတင်ပြီးတော့ တပ်မတော်က သူတို့ကို အဘက်ဘက်က ဝိုင်းဖို့ ချက်ချင်းတပ်ဖြန့်လိမ့်မယ်။ ဘယ်ဟာမှမမှားအောင်လို့ လေးဘက်လေးတန်ကို ကာဖို့ စစ်လေယာဥ်ဆယ်ခုကိုလည်းချထားမယ်။ သူတို့ လွတ်မှာမဟုတ်ဘူး”

ချူးယွင်ဖန်း ချက်ချင်း သဘောပေါက်သွားသည်။ ဤတစ်ကြိမ်တွင် ပြည်ထောင်စုအစိုးရက များစွာကြိုးပမ်းအားထုတ်ထားသည်။ လက်ရှိပြည်ထောင်စုတပ်မတော်တွင် တစ်ခုတည်းသော ထိပ်တန်းတိုက်ခိုက်ရေးပစ္စည်းမှာ စစ်လေယာဥ်များဖြစ်သည်။ သိုင်းပညာကျွမ်းကျင်သော လေယာဥ်မှုးနှင့် ပေါင်းစပ်၍ ဖန်တီးထားသော နည်းပညာမြင့်အရာမျိုးဖြစ်ကာ အနိမ့်ဆုံးအဆင့် စစ်လေယာဥ်သည်ပင် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ အဆင့်မြင့်စစ်လေယာဥ်သည် မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူကို ချေမှုန်းနိုင်သည်။ တပ်မတော်တွင် စွမ်းအားအကြီးဆုံး လက်နက်ဟုပင် ယူဆနိုင်၏။

"ဒါပေမယ့် ငါတို့က စစ်လေယာဥ်ဆယ်ခုကို စည်းရုံးပြီးပြီကို ငါတို့ တိုက်ဖို့လိုသေးတာလား” ချူးယွင်ဖန်းက ပ‌ဟေဌိဖြစ်စွာမေးသည်။

ဤကဲ့သို့သော ခွန်အား အတိုင်းအတာဖြင့် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ နတ်ဆိုးဂိုဏ်းခွဲကို ဖြတ်ကျော်ရန် ၎င်းတို့အတွက် ပြဿနာမရှိပေ။ နတ်ဆိုးဂိုဏ်း၏ အဓိကပြဿနာမှာ ၎င်းတို့သည် ကိုင်တွယ်ရန် ခက်ခဲကာ အမှောင်ထဲမှ ပြဿနာရှာခြင်းပင်ဖြစ်သည်။ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်မှုအရ ၎င်းတို့သည် ပုံမှန်စစ်တပ်နှင့် မယှဉ်နိုင်ပေ။ ပုံမှန်အားဖြင့် နတ်ဆိုးဂိုဏ်းသည် ပုံမှန်စစ်တပ်ကို တိုက်ခိုက်ရန်အတွက်မွန်းစတားအုပ်တစ်အုပ်ကို တိတ်တဆိတ် စည်းရုံးလေ့ရှိသည်။

"ဘာလို့လဲဆိုတော့ စစ်လေယာဥ်တွေဟာ ထိပ်တိုက်တိုက်ခိုက်မှုအတွက် သင့်တော်လို့ပဲ။ ဒါကစစ်မြေပြင်မှာဆို ပြဿနာမရှိပေမယ့် ဒါပေမယ့် ဒါက မြို့လယ်မှာဆိုတော့ တကယ်လို့ တိုက်ပွဲကြီးတစ်ခု ဖြစ်လာရင် ဒီကောင်တွေရဲ့ ဖျက်စီးမှုက အရမ်းများလိမ့်မယ်။ အရပ်သားတွေကို ထိတ်လန့်စေလိမ့်မယ်။ ဒါ့ကြောင့် ငါတို့ အထူးတိုက်ခိုက်ရေးအဖွဲ့တစ်ခုဖွဲ့လိုက်ရတာပဲ” ရွှယ်ပိုင်လုံက ပြောသည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ တောထဲတွင် ၎င်းတို့သည် စိုးရိမ်နေစရာမလိုဘဲတိုက်ခိုက်နိုင်ကြသည်မှန်သော်လည်း မြို့လယ်တွင်မူ စိတ်ပူရမည့်ကိစ္စအများအပြားရှိသည်။

မကြာခင်တွင်ပင် တိုက်လေယာဉ်သည် တည်ငြိမ်သမုဒ္ဒရာမြို့နှင့် တုန်ဟွာမြို့အကြားဆက်သွယ်ထားသော စက်ရုံဧရိယာသို့ရောက်လာသည်။

“ဒီနေရာကိုဝင်ဖို့ ဝင်ပေါက်တွေ အများကြီးရှိတယ်။ လူတိုင်း၊ သီးခြားစီဝင်ပါ။ ဝံပုလွေခေါင်းဆောင်နဲ့ ဝံပုလွေဖန်း၊ မင်းတို့နှစ်ယောက် အတူတူဝင်မယ်။ ပြာနက်နဲ့ တောမီးက ဒုတိယအတွဲ။ မြေခွေးပျိုနဲ့ ချူးယွင်ဖန်းက တတိယအတွဲ” ရွှယ်ပိုင်လုံက လေယာဥ်ပေါ်မှ ဆင်းပြီးနောက် အမိန့်ပေးလိုက်သည်။

“ငါတပ်ကိုလှုပ်ရှားဖို့ အကြောင်းကြားထားပြီးသား။ ဂိုဏ်းက အထဲမှာသာ အခြေတည်ထားရင် သိပ်မကြာခင် သူတို့ သတင်းရလိမ့်မယ်။ ငါတို့ မြန်မြန်လှုပ်ရှားရမယ်။ လွှတ်ပေးလိုက်လို့မရဘူး”

အဖွဲ့သည် အတွဲများစွာခွဲ၍ စက်ရုံသို့ လမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်သွားခဲ့သည်။

ချူးယွင်ဖန်းနှင့် မြေခွေးနတ်သမီးတို့သည် စက်ရုံထဲသို့ တစ်ယောက်ချင်းဝင်သွားကြသော်လည်း ၎င်းတို့ဝင်လာသည်နှင့် ချက်ချင်းခြုံခိုတိုက်ခိုက်ခံလိုက်ရသည်။ ဓားမြှောင်တစ်စင်းသည် ချူးယွင်ဖန်း၏ခေါင်းဆီသို့ တည့်တည့်တိုးဝင်သွားသည်။

ချူးယွင်ဖန်းသည် ဓားမြှောင်ကို လက်နှစ်ချောင်းဖြင့် ဖမ်းလိုက်ရာ ၎င်းသည် အနက်ရောင်ဝတ်ဆင်ထားသော ဂိုဏ်းသားတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ တံခါး၏နောက်ကွယ်တွင် ပုန်းနေသည့် ကင်းသမားတစ်ယောက်ရှိသည်။ ချူးယွင်ဖန်းက ချက်ချင်းပင် လက်သီးတစ်ချက် ပစ်သွင်းလိုက်သောအခါ ဂိုဏ်းသားသို့ထိမှန်၍ ကျယ်လောင်စွာအော်လိုက်ပြီးနောက် လွင့်ထွက်သွားသည်။ ထို့နောက် သွေးများအန်ထွက်လာကာ ပွဲချင်းပြီးသေဆုံးသွား၏။

လွန်ခဲ့သည့်တစ်နှစ်ကို ပြန်တွေးကြည့်လျှင် ချူးယွင်ဖန်းသည် ဤသာမန်ဂိုဏ်းသားတစ်ဦးနှင့် ရင်ဆိုင်ရသောအခါတွင် သူ၏ခွန်အားအားလုံးကို အသုံးပြုခဲ့ရသည်။ ယခုမူ သူသည် တစ်ချက်ထိုးရုံဖြင့် သတ်နိုင်ပြီဖြစ်သည်။

“ကျွန်တော်တို့ အရှိန်မြှင့်ရမယ်။ ဂိုဏ်းခေါင်းဆောင်က သတင်းကြားပြီး ထွက်ပြေးခွင့်မပေးနိုင်ဘူး” ချူးယွင်ဖန်းပြောသည်။

စက်ရုံကို နယ်မြေအသီးသီးပိုင်းခြားထားသည်။ မကြာခင်၌ပင် အဘက်ဘက်မှခြေသံပြင်းပြင်းများကို ကြားလိုက်ရသည်။ ချူးယွင်ဖန်းနှင့် အခြားသူများသည် ဂိုဏ်းကို သတိပေးလိုက်မိပုံပေါ်သည်။ ဃဏတာအတွင်း၌ပင် အနက်ရောင်ဝတ်ထားသော ဂိုဏ်းဝင်လူပေါင်းများစွာသည် ချူးယွင်ဖန်းနှင့် မြေခွေးပျိုတို့ရှေ့တွင်ပေါ်လာ၏။

“သွား သူတို့ကို သတ်လိုက်”

ဂိုဏ်းချုပ်က ပြောပြီးသည်နှင့် ချူးယွင်ဖန်းက ရှေ့သို့ ရုတ်တရက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။ ဂိုဏ်းသားများသည် ၎င်းတို့၏ ဒူးလေးများကိုကိုင်၍ ချူးယွင်ဖန်းကို ပြင်းထန်စွာတိုက်ခိုက်ခဲ့သည်။

ဘမ်း

ဘမ်း

ဘမ်း

ပြည်ထောင်စုအစိုးရသည် စက်လက်နက်များကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသော်လည်း အဆိုပါ ဒူးလေးများအပေါ်ထိန်းချုပ်မှုမှာ အနည်းငယ် အားနည်းသွားခဲ့သည်။ ၎င်းတို့ကို သေနတ်များနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း၊ ၎င်းတို့၏ စွမ်းအားသည် အလွန်တုန်လှုပ်ဖွယ်ကောင်းနေသေး၏။

"သတိထား”

မြေခွေးပျိုက ဒူးလေးများ၏တိုက်ခိုက်မှုကို ရှောင်တိမ်း၍ အလွန်ထိတ်လန့်စွာဖြင့် ကျယ်လောင်စွာသတိပေးလိုက်သည်။ သို့သော် သူမထပ်မြင်လိုက်ရသည်မှာ အလွန်ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်နေ၏။ မြေခွေးပျိုသည် ချူးယွင်ဖန်း၏ လက်ထဲ၌ ကျူးချွဲ့ကို ကိုင်ထားသည်ကို မြင်လိုက်ရ၏။ ထို့နောက် ခပ်ပါးပါး လှုပ်ရှားမှုများဖြင့် ကောင်းကင်ယံထက်မှ မိုးရွာချသကဲ့သို့ များပြားလှသည့် မြှားများကို ရှောင်တိမ်းလိုက်သည်။ ဤသည်မှာ အလွန်ပြောင်မြောက်သော လှုပ်ရှားမှုနည်းပညာတစ်ခုဖြစ်သည်။ အဝေးမှ မြေခွေးပျိုသည် ချူးယွင်ဖန်း၏ ပြောင်မြောက်သော ရှောင်တိမ်းမှုကို မြင်နေရကာ တစ်ခဏအတွင်း၌ပင် သူသည် ဂိုဏ်းဝင်များအနားသို့ရောက်လာ၏။

"မင်းတို့အားလုံး ငရဲကိုသွားကြ"

ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်စာအတွင်း၌ပင် ဆက်တိုက်သတ်ဖြတ်ပစ်ခဲ့ရာ လက်ထဲမှ ကျူးချွဲ့ကို တစ်ချက်လွှဲလိုက်ရုံဖြင့် ဂိုဏ်းသားအားလုံးကို သတ်ပစ်လိုက်၏။

အခန်း(၅၆၃) သူထွက်မပြေးနိုင်ဘူး

ချူးယွင်ဖန်း၏နောက်မှ မြေခွေးပျိုက တအံ့တသြကြည့်နေသည်။ ချူးယွင်ဖန်း၏ မြင့်မားသော သတ်ဖြတ်မှုစွမ်းရည်သည် စစ်တပ်တွင် သင်ယူခဲ့သည့်အရာများနှင့် လုံးဝကွဲပြားသည်။ တပ်မတော်တွင် ပထမဆုံး သင်ကြားသော ဘာသာရပ်မှာ သတ်ဖြတ်ခြင်းဖြစ်သည်။ ဒုတိယသည်မူ စွမ်းဆောင်ရည် မြင့်မားစွာနဲ့ သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ ဤသည်မှာ သတ်နည်းဟု ခေါ်တွင်ပြီး သာမာန်သဘောအရ သိုင်းပညာမဟုတ်ပေ။

ချူးယွင်ဖန်း၏သတ်နည်းသည် အလွန်ထိရောက်သော်လည်း နည်းစနစ်များကို အားကိုးခြင်းဖြင့် သူတို့သင်ယူခဲ့သည့်အရာများနှင့် ကွဲပြားသည်။ လူတစ်ယောက်ကို ရိုးရှင်းစွာသတ်ဖြတ်သွားခြင်းပင်ဖြစ်၍

ချူးယွင်ဖန်း၏ဓားဖြင့်ထိမိသူတိုင်းသည် တစ်ချက်တည်းဖြင့် ၎င်းတို့၏ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို ကျိုးလျှင်ကျိုး မကျိုးလျှင် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားရသည်။ တစ်ချိန်တည်း၌ပင် လူပေါင်းများစွာသည် ဓားတစ်ချက်တည်းဖြင့် လွင့်ထွက်ကုန်၏။

ဤတိုက်ခိုက်နည်းမျိုးသည် သတ်ဖြတ်ခြင်း၏အထွတ်အထိပ်သို့ရောက်ရန် မြေခွေးပျိုသင်ယူခဲ့သည့်အရာနှင့် လုံးဝကွဲပြားသည်။ သို့သော် ချူးယွင်ဖန်းသည် လူသတ်နည်းကို မလေ့ကျင့်ခဲ့သည့်တိုင် နောက်ဆုံးရလဒ်သည် အတူတူပင်ဖြစ်သည်။ သာမာန်လူတစ်ယောက်ရဲ့ ခွန်အားက ကြီးမားပါက ၎င်းတို့၏ အရှိန်လျော့သွားပေလိမ့်မည်ဖြစ်၍ ချူးယွင်ဖန်းကဲ့သို့ လျင်မြန်၍ သန်မာသောလူနည်းပါးလှသည်။ သူ့လူအုပ်စုကို ချူးယွင်ဖန်းက သတ်အပြီးတွင် မြေခွေးပျိုက ကြားဝင်စွက်ဖက်ရန် အချိန်ပင်မရလိုက်ပေ။

"သွားကြရအောင် ငါတို့အရှိန်မြှင့်ရမယ်”

ချူးယွင်ဖန်းသည် အခြားလမ်းကြောင်းမှ ထွက်ပေါ်လာသော တိုက်ပွဲသံများကို ကြားနေရသည်။ တခြားသူတွေလည်း ခြုံခိုတိုက်ခိုက်သူများနှင့် ကြုံနေရခြင်းဖြစ်သည်မှာ သိသာသည်။ ၎င်းတို့သည် နတ်ဆိုးဂိုဏ်း၏ လျှို့ဝှက်အင်အားစုများဖြစ်သည်။ သာမာန်အားဖြင့် ၎င်းတို့က ပေါ်လာမည်မဟုတ်သော်လည်း ယခုအခါ ဤအတိုင်းအတာအထိ ကျူးကျော်ဝင်ရောက်ခြင်းခံရပြီဖြစ်သဖြင့် ဆက်လက်၍ ပုန်းမနေတော့ပေ။ ချူးယွင်ဖန်း၏ အနောက်မှ လိုက်လာပြီးနောက် မြေခွေးပျိုသည် စက်ရုံ၏ အတွင်းပိုင်းသို့ ပြေးဝင်သွားခဲ့ရာ လမ်းတစ်လျှောက်တွင် ၎င်းတို့ကို ဟန့်တား ချောင်းမြောင်းတိုက်ခိုက်သည့် နတ်ဆိုးဂိုဏ်းသားအများအပြားနှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော် ၎င်းတို့သည် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ဘဲ ပွဲချင်းပြီးသေဆုံးခဲ့ကြပြန်၏။ ဤနတ်ဆိုးဂိုဏ်းတပည့်များအပေါ် ချူးယွင်ဖန်းက ညှာတာခြင်းအလျင်းမျှမရှိပေ။ သူ၏လက်ရှိအင်အားဖြင့် အမြင့်ဆုံး ချီပင်လယ်အဆင့်တွင်သာရှိနေသည့် ဂိုဏ်းသားများကို အလွယ်တကူ သတ်ပစ်ခဲ့သည်။

ချူးယွင်ဖန်းသည် တစ်ချက်တည်းဖြင့် အများအပြားကို သတ်နိုင်ခဲ့သည်။ သူ့နောက်၌ရှိနေသော မြေခွေးပျိုက တိုက်ခိုက်ရန် အခွင့်အရေးပင် မရခဲ့ပေ။ သူမက သူ့နောက်သို့ အမှီလိုက်နိုင်သောအခါတွင် ချူးယွင်ဖန်းသည် ပြိုင်ဘက်အားလုံးကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။ မြေခွေးပျိုသည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုနည်းပညာမှာ အလွန်မြန်ဆန်နေသည်ဟု တွေးမိသည်။ သူမသည် စစ်တပ်တွင် ထိပ်တန်း လှုပ်ရှားမှုနည်းပညာများကို သင်ယူခဲ့သဖြင့် အသက်အနည်းငယ်ရှုစာခန့်ကာလတွင် မည်သည့်ရန်သူမဆို၏ လက်ထဲမှ ရုန်းထွက်နိုင်၏။

လုပ်ငန်းခွင်ရောဂါတစ်ခုကဲ့သို့ပင် မြေခွေးပျိုသည် ချူးယွင်ဖန်း၏ သိုင်းကွက်အမျိုးမျိုးကို အလိုလိုခွဲခြမ်းစိတ်ဖြာလာသည်။ သူ၏ အမြန်နှုန်း၊ ခွန်အား၊ သိုင်းစွမ်းရည်နှင့် လှုပ်ရှားမှုနည်းပညာများအားလုံးသည် ထိပ်တန်းအဆင့်တွင်ရှိနေသည်။

မြေခွေးပျိုသည် ယခင်က အဘက်ဘက်မှပြည့်စုံသူများဟူသည့်သူများကို မြင်ခဲ့ဖူးသော်လည်း ယေဘုယျအားဖြင့် ပြောရလျှင် ထိုအဘက်ဘက်မှ ပြည့်စုံသူများဟူသည် သာမန်အဆင့်တွင်သာရှိသည်။ ချူးယွင်ဖန်းကဲ့သို့ အားနည်းချက်လုံးလုံးလျားလျားမရှိသူမျိုးဟူသည် လောက၌ မရှိနိုင်ပေ။ သို့သော် ထိုလူသည် သူမ၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ဤအခိုက်အတန့်တွင် သူမ မယုံကြည်နိုင်ဘဲ မနေနိုင်တော့ပေ။ ထိုအချိန်တွင် လမ်းကို ဦးဆောင်နေသော ချူးယွင်ဖန်းက မြေခွေးပျိုမည်သို့ တွေးနေကြောင်းကို မသိပေ။ ဤလူများသည် သူနှင့်လုံးဝမယှဥ်နိုင်သော်လည်း နတ်ဆိုးဂိုဏ်းချုပ်ထွက်ပြေးသွားမည်ကိုမူ စိုးရိမ်မိသည်။ ရွှယ်ပိုင်လုံ၏ နည်းဗျူဟာမှာ ဤနတ်ဆိုးဂိုဏ်းဝင်များကို အဝေးသို့ ခြောက်ထုတ်ရန်ဖြစ်၍ သူတို့ ပြေးသွားသည်နှင့် အပြင်တွင် စောင့်ကြိုနေသောအရာမှာ ပြည်ထောင်စုအစိုးရ၏ ဝိုင်းရံတိုက်ခိုက်မှုဖြစ်၍ အဘက်ဘက်မှ စစ်လေယာဥ်များဖြင့် စောင့်ဆိုင်းလျက်ရှိသည်။

၎င်းတို့ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ သို့သော် နတ်ဆိုးဂိုဏ်းသည် အမြဲတစေကောက်ကျစ်စဥ်းလဲကာ ပါးနပ်လှသဖြင့် အမြဲတစေသတိတကြီးထားနေသည်မှာ သေချာသည်။ ချူးယွင်ဖန်းက ဤဖြစ်နိုင်ခြေကို ဖယ်ရှားပစ်ချင်၏။ ယခုတစ်ကြိမ်တွင် ပြည်ထောင်စုအစိုးရသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ နတ်ဆိုးဂိုဏ်းကို ချေမှုန်းပစ်တော့မည်ဖြစ်ကာ ဤသည်က အပြီးသတ်ဖယ်ရှားသုတ်သင်ပစ်ခြင်းမဟုတ်သော်လည်း နစ်အနည်းငယ်ကြာ ထိန်းချုပ်ထားရန် လုံလောက်သည်။

ချူးယွင်ဖန်း၏မိသားစုကို ပို၍လုံခြုံစေရန် လုံလောက်သည်။

ဘမ်း

ဘမ်း

ဘမ်း

ပြင်းထန်သော တိုက်ပွဲသံများကို နေရာတိုင်းတွင် ကြားနေရသည်။ လမ်းအားလုံးကို အင်အားကြီး တပ်ဖွဲ့များက ပိတ်ဆို့ထားပြီဖြစ်သဖြင့် အမျိုးမျိုးသောတိုက်ခိုက်သံများထွက်ပေါ်နေသည်။ ဤအခိုက်အတန့်တွင် စွမ်းအားကြီး မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသည် နောက်ဆုံး၌ ချူးယွင်ဖန်းနှင့် မြေခွေးပျိုတို့ရှေ့တွင် ပေါ်လာသည်။ ဤမရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းစွာအသွင်ပြောင်းနေ၍ သူ၏လက်နှစ်ဘက်သည် လူသားလက်များမဟုတ်၊ သားရဲလက်များဖြစ်နေ၏။

မြေခွေးပျို၏အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။ ဤဂိုဏ်းမှ ပညာရှင်သည် မည်မျှ စွမ်းအားပြင်းသည်ကို သူမ ခံစားမိနိုင်သည်။ သူမသည် သာမန် မရီးဒျန်သန့်စင်ခြင်းနဝမအဆင့် ကျွမ်းကျင်သူတစ်ဦးမျှသာဖြစ်၍ မရီးဒျန်သန့်စင်ခြင်းအဆင့်အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း၊ သူမသည် နှစ်ပေါင်းများစွာ တိုက်ခိုက်ရေး အတွေ့အကြုံများရှိကာ နတ်ဆိုးဂိုဏ်း၏ တပည့်များနှင့် အကြိမ်ပေါင်း များစွာတိုက်ခိုက်ခဲ့ဖူးသည်။ အသွင်ပြောင်းသွားသော ဤတပည့်များ၏ ခွန်အားသည်၎င်းတို့၏ ကျင့်ကြံရေးအဆင့်ထက်ပင် ပိုမိုသန်မာအားကောင်းကြောင်း သူမကောင်းစွာသိထားသည်။

ဤနတ်ဆိုးဂိုဏ်းဝင်တွင် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ အစွမ်းသတ္တိမျိုးရှိနေကြောင်း သေချာ၏။

"ချူးယွင်ဖန်း၊ ငါ သူ့ကိုကိုင်တွယ်လိုက်မယ်။ မြန်မြန်သွား”

ချူးယွင်ဖန်းက အဘယ်ကြောင့်ဒေါသထွက်နေခြင်းမသိသော်လည်း သူမခံစားမိသဖြင့် မြေခွေးပျိုက နောက်တွင်ကျန်ခဲ့ရန်ဆုံးဖြတ်ချက်ချလိုက်သည်။

“ဟားဟားဟား ငါဒီနေ့ဒီမှာရှိနေပြီဆိုမှတော့ မင်းရှေ့ဆက်ဖို့ အခွင့်အလမ်းမရှိတော့ဘူး။ ငါ့ဖင်ကြီးကို ပြည်ထောင်စုရဲ့လက်ရွေးစင်လား။ ဟားဟားဟား ငါတို့မလွတ်မြောက်နိုင်ရင် မင်းတို့အားလုံးကို ငါတို့နဲ့အတူ မြေမြှုပ်ပစ်လိုက်မယ်” ချူးယွင်ဖန်းနှင့် မြေခွေးပျိုကို ကြည့်၍ ဂိုဏ်းသားက ဆိုးယုတ်စွာပြုံးလိုက်သည်။

ပြည်ထောင်စုသည် ဂိုဏ်း၏နေရာကို ရှာဖွေနိုင်ခဲ့သည်။ ၎င်းတို့ကို ချောင်းမြောင်းတိုက်ခိုက်သည်မှာ ဤအထူးတပ်ဖွဲ့တစ်ဖွဲ့ထပ်ပိုကြောင်း ထိုဂိုဏ်းသားက ကောင်းစွာသိထားသည်။ အပြင်၌ ဝိုင်းဝန်းထားနှင့်ပြီးလိမ့်မည်မှာသေချာသည်ဖြစ်ရာ ၎င်းတို့လွတ်မြောက်ရန် အလွန်ခက်ခဲပေလိမ့်မည်။

လေယာဉ်ဖြင့်ထွက်ပြေးနိုင်လျှင်ပင် တည်ငြိမ်သမုဒ္ဒရာမြို့မှ ထွက်သွားနိုင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် လေယာဥ်တစ်စင်းတည်းဖြင့် ဝေဟင်ထက်ရှိ ထောင်ချီသော မွန်းစတားများကို ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ပေ။

ဥမင်လိုဏ်ခေါင်းတူး၍ သွားခြင်းက ပို၍ပင်လက်တွေ့မကျပေ။ မွန်းစတားအမျိုးအစားများစွာရှိ၍ အချို့သည် မြေအောက်တွင်း၌ နေထိုင်ကြရာ ထိုမွန်းစတားများထွက်မလာစေရန်အတွက် မြို့၏အုတ်မြစ်ကို သတ္တုစပ်ဖြင့် ပြုလုပ်ထားသည်။ ထို့ကြောင့် ယင်းကိုတူးရန်မဖြစ်နိုင်ပေ။

အပြင်းအထန် တူးဆွခြင်းသည် သတိပေးစက်များကိုအချက်ပေးလိုက်သကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။

"ချူးယွင်ဖန်း မြန်မြန်လုပ်။ သူတို့ရဲ့ခေါင်းဆောင်ကို ထွက်မပြေးစေနဲ့ ဒီကောင့်ကို ငါနဲ့ထားခဲ့”မြေခွေးပျို၏ ခန္ဓာကိုယ်မှ အလွန်ပြင်းထန်သော ရောင်ဝါများထွက်ပေါ်လာသည်။ ဤအထူးတိုက်ပွဲအဖွဲ့တွင်ပါဝင်ခွင့်ရခဲ့သည်ကို ကြည့်လျှင် သူမသည် တောမီးထက် အဆင့်မနိမ့်သည်မှာသိသာလှ၏။ သူမသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ တက်လှမ်းနေပြီဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်နှင့် ယှဉ်နိုင်သည့် မွန်းစတားမျိုးစပ်မျိုးနှင့် သူမသည် အနိုင်ယူနိုင်မည်ဟု လုံးဝယုံကြည်မှုမရှိသော်လည်း သူ့ကိုတော့ ထိန်းထားနိုင်လိမ့်မည်ဖြစ်သည်။

"ပြေးသွားမယ်ဟုတ်လား။ သူ မပြေးနိုင်သလို ဒီကောင်ကိုလည်း မင်းထိန်းထားစရာမလိုဘူး။ သိပ်ကြာမှာမဟုတ်ပါဘူး” ချူးယွင်ဖန်းက အစိမ်းရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသော မွန်းစတားတစ်ကောင်၏ လက်သည်းများအဖြစ် ပြောင်းလဲနေသည့် ဂိုဏ်းသား၏ လက်များကို ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် ရုပ်ခန္ဓာမှာ အရေပြားအိတ်တစ်ခုသာဖြစ်ကြောင်း နားလည်ထားသော်လည်း ယင်းကို သူလက်မခံနိုင်သေးပေ။ ထို့အပြင် သူ၏အမြင်အရ လူတစ်ဦးကို အချိန်တိုအတွင်း ကြီးကျယ်ခမ်းနားသောစွမ်းအားကို ရရှိစေနိုင်သည့် နည်းလမ်းသည် မှန်ကန်သောလမ်းကြောင်းမျိုးမဟုတ်ပေ။

"ဟားဟား ကြာမှာမဟုတ်ဘူးဟုတ်လား။ မာန်တက်နေလိုက်တာ မင်းအသက်ကို ကြည့်လိုက်ရင် မင်းက ဆယ်ကျော်သက်အရွယ်ပဲ မဟုတ်လား။ ငါအကြိုက်ဆုံးက မင်းလို ပါရမီရှင်တွေကို သတ်ပစ်ရတာပဲ။ အခုချက်ချင်းသေစမ်း”

ဂိုဏ်းသားက ချူးယွင်ဖန်းဆီသို့ ချဥ်းကပ်၍ ချွန်ထက်လှသော သွားများရှိနေသည့် ပါးစပ်ကို ဖြဲလိုက်သည်။

အခန်း(၅၆၄) ဂိုဏ်းသားကို သတ်ပစ်ခြင်း

“သတိထားပါ။ ငါက လူတွေကို ကျွမ်းကျွမ်းကျင်ကျင်မသတ်တတ်ပေမယ့် ငါ့အမြင်အရတော့ လုံလောက်တဲ့ ခွန်အားရှိနေတာက စစ်မှန်တဲ့လမ်းပဲ” ချူးယွင်ဖန်းက ပြောသည်။

သူ့ဆီသို့ ချီတက်လာသော နတ်ဆိုးဂိုဏ်းသားကို မျက်နှာမူကာ ချူးယွင်ဖန်းက တစ်လက်မမျှပင် နောက်သို့ ဆုတ်သွားခြင်းမရှိပေ။ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျုးချွဲ့က ရုတ်တရက် ခုတ်ပိုင်းကျလာသည်။ သည် ရုတ်တရက် ဓားနဲ့ထိုးလိုက်သည်။ ထိုသူက ဒုတိယအကြိမ်တိုက်ခိုက်မှုဖြစ်ရမည်ဖြစ်သော်လည်း ၎င်းက ဦးစွာထွက်ပေါ်လာ၏။ ယင်းသည် ဂိုဏ်းသားထံသို့ တည့်တည့်ဦးတည်လျက်ရှိသည်။ နတ်ဆိုးဂိုဏ်းသားသည် သူ့ဆီသို့ တိုက်ရိုက်ဦးတည်လာသော ဓားရှည်ကြီး၏ရှေ့တွင် အကြောက်တရားကို အနည်းငယ်မျှ မပြခဲ့ပေ။ သူက အားပါးတရရယ်မော၍ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူသည် ဓားကို ထိပ်တိုက်ရင်ဆိုင်ချင်၏။

ချွင်

ဂိုဏ်းသားက ချူးယွင်ဖန်း၏ဓားကို လက်နှစ်ချောင်းဖြင့် ဖမ်းလိုက်ရာ၊ တိုက်ခိုက်မှုကို အပြည့်အဝတားဆီးပြီးနောက် ခြေလှမ်းအနည်းငယ်မျှသာ နောက်ဆုတ်သွား၏။ ဂိုဏ်းသားက ရှက်ရွံ့စွာ ရယ်မောလိုက်သည်။ သူ၏လက်များကို ပြုပြင်ထားရုံမျှမက သူ့တစ်ကိုယ်လုံးကိုလည်း ပြောင်းလဲပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် သူ့လက်မောင်းတမျှပင် မကြီးကြဟုဆိုလျှင် ချဲ့ကားပြောခြင်းမဟုတ်ပေ။ ထိုသို့မဟုတ်ပါက ချူးယွင်ဖန်း နှင့် မြေခွေးပျိုတို့ကို သတ်ချင်သည်ဟု ပြောဝံ့လိမ့်မည်မဟုတ်ပေ။

"ချူးယွင်ဖန်း သတိထား ဒီမျိူးစပ်တွေရဲ့ ကိုယ်ခံအားက တချို့မွန်းစတားတွေနဲ့တောင် ယှဉ်နိုင်တယ်”

လူသားများနှင့် မွန်းစတားမျာအကြားတွသ် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများ၌ ကွာဟချက်ရှိသည်။ ခန္ဓာကိုယ်ပိုကြီးလေ၊ ကွာဟချက်ကြီးလေဖြစ်သည်။ ဤသည်မှာ သဘာဝ ကွာဟချက်ဖြစ်၍ ၎င်းကို မရီးဒျန်သန့်စင်ခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်က အမှီလိုက်နိုင်ရန်ခက်ခဲသည်။ သိုင်းပညာကျင့်ကြံခြင်းသည် နည်းလမ်းများထဲမှ တစ်ခုသာဖြစ်၍ ခန္ဓာကိုယ် ပြုပြင်မွမ်းမံမှုများလည်း ရှိသည်။ လူ့ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံရန် အဆင့်မြင့်ဆုံး သိပ္ပံနှင့် နည်းပညာကို အသုံးပြုလိုက်သောအခါ လူသားများသည် မွန်းစတားအများစုကို နှိုင်းယှဉ်နိုင်မည်ဖြစ်သည်။

မြေခွေးပျိုသည် ထိုသို့သော လူပေါင်းများစွာကို ကြုံတွေ့ခဲ့ရကာ ၎င်းတို့သည် အလွန်ပြဿနာများခဲ့၏။ ဤအရာသည် သူမကြုံတွေ့ဖူးသမျှတွင် အပြင်းထန်ဆုံးနှင့် အခက်ခဲဆုံးဖြစ်သည်မှာ သိသာသည်။

“ဟေးဟေး နောက်ကျသွားပြီ"

ဂိုဏ်းသားက မြေပြင်ပေါ်သို့ ခြေဆောင့်၍ ချူယွင်ဖန်းဆီ အမြောက်ကျည်ကဲ့သို့ချက်ချင်း ပြေးသွားသည်။ ၎င်းတို့ကြားတွင် ဆယ်ပေခန့်အကွာအဝေးသာရှိ၍ ဤအကွာအဝေးကို ဂိုဏ်းသားက ချက်ချင်းပင် အလွန်လျင်မြန်စွာဖြတ်ကျော်နိုင်ခဲ့သည်။

"သတိထား"

မြေခွေးပျိုက အချက်ပေးသံဖြင့် အော်ဟစ်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။ ကြီးမားသော ခြေသည်းကြီးသည် ချူးယွင်ဖန်း အပေါ်ကို တိုက်ရိုက်ထိမှန်သွား၏

ဘမ်း

မျှော်လင့်ထားသကဲ့သို့ အသွေးအသားများ ရွှဲရွှဲစိုနေသည့် မြင်ကွင်းမျိုးဖြစ်မလာခဲ့ပေ။ ချူးယွင်ဖန်းသည် သူ့လက်ကို မြှောက်၍ ကြောက်မက်ဖွယ်ကောင်းသော လက်သည်းကို တားဆီးလိုက်သည်။ ဤအံ့အားသင့်ဖွယ် အင်အားများ ခိုအောင်းနေသော တိုက်ခိုက်မှုသည် သူ့ကို ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။

ချူးယွင်ဖန်း၏လက်မှ အလင်းတန်းတစ်ခု ထွက်လာကာ ဒီတိုက်ခိုက်မှုက သူ့အရေပြားကိုပင် မထိခိုက်စေနိုင်ခဲ့ပေ။

"ဘာလဲဟ"

ဂိုဏ်းသားက မိမိတိုက်ခိုက်မှုမှာ လုံးဝအသုံးမဝင်ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သာမန်အခြေအနေတွင် တစ်စုံတစ်ယောက်က တိုက်ခိုက်မှုကို လက်ဗလာဖြင့် သတ္တိရှိရှိ လက်ခံလိုက်မည်ဆိုပါက သူ၏ လက်တစ်ဖက်လုံး စုတ်ပြဲသွားပေလိမ့်မည်ဖြစ်သည်။ အသွင်ပြောင်းပြီးနောက် သူ၏ခန္ဓာကိုယ်သည် မည်မျှကြောက်မက်ဖွယ်ကောင်းလာကြောင်း သူကောင်းကောင်းသိသည်။ သို့သော် ချူးယွင်ဖန်းကို အနည်းငယ်မျှပင် နေရာမရွေ့သွားစေနိုင်ခဲ့ပေ။

"ချီးပဲ"

ဂိုဏ်သားက နောက်ဆုံးတွင် ပြဿနာ၏ လေးနက်မှုကို သဘောပေါက်ခဲ့သည်။ သို့သော် ချူးယွင်ဖန်းက သူ့ကို လက်တုံ့ပြန်ရန် အခွင့်အရေး မည်သို့ပေးနိုင်မည်နည်း။

ဂိုဏ်းသား၏ အခြားလက်တစ်ဖက်က တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ချူးယွင်ဖန်း၏ဓားကို ဖမ်းကိုင်ထားခြင်းဖြစ်ရာ ယခုတွင် ဓားသည် ရွေ့သွားကာ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု သူ့အပေါ်သို့ လွှမ်းခြုံသွားသည်။

ယခုအချိန်တွင်မူ သူလုံးဝမတားနိုင်တော့ပေ။

အရိုးနှင့် အသားများ ကျိုးကြေသွားသံကို ကြားလိုက်ရပြီးနောက် ဂိုဏ်းသားက ပြင်းထန်သော နာကျင်မှုကို ခံစားရ၍ နာကျင်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့လက်တစ်ဖက် လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။ ချူးယွင်ဖန်း၏ဓားကို မည်ကဲ့သို့ ဖမ်းယူနိုင်ခဲ့သည်ကို ဂိုဏ်းသားက ယခုမှ သဘောပေါက်သွားခဲ့သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် ထိုနေရာတွင် ရပ်သွားသောကြောင့် မဟုတ်ဘဲ ခွန်အားကို အပြည့်အဝ အသုံးမပြုထားသောကြောင့်သာ ဖြစ်၏။

ယခုလည်း အင်အားအနည်းငယ်မျှသာဖြင့် ဂုဏ်ယူရသော အလွန်စွမ်းအားကြီးလှသည့် သူ၏လက်သည် ပြတ်ထွက်သွားပြီဖြစ်၏။

ချူးယွင်ဖန်းက ပြုံးလိုက်သည်။ တကယ့်ဟာသပင်ဖြစ်သည်မဟုတ်လော။ ကျူးချွဲ့သည် ငွေသန်းတစ်ရာကျော်တန်ကြေးရှိသည်ဖြစ်ရာ အဘယ်ကြောင့် ဤမျှထိ စွမ်းအားနည်းလိမ့်မည်နည်း။ ဓား၏ စွမ်းအားသည် အသုံးပြုသူနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

ပိုင်ရှင်က ခွန်အားကြီးလေလေ ဓား၏ စွမ်းအားက ပြင်းထန်လေလေဖြစ်၏။ နတ်ဆိုးဂိုဏ်းသားက လွတ်မြောက်ချင်သော်လည်း ကျူးချွဲ့သည် လေးလံသော တောင်ကြီးတစ်လုံးကဲ့သို့ သူ့အပေါ်သက်ဆင်းလာသည်။ ချူးယွင်ဖန်း၏ ဓားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။

“ငါမလွတ်နိုင်တော့ဘူး”

နတ်ဆိုးဂိုဏ်းသားက မည်သည့်လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်းမရှိသော်လည်း သူ၏ လက်များအကြားရှိနေသည့် အကြေးခွံများသည်မူ အကြီးကျယ်ဆုံးသော အကာအကွယ်ကြီးကို ဖန်တီးထားသည်။

ဘမ်း

ကျူးချွဲသည် ဂိုဏ်းသား၏လက်များပေါ်ရှိ အကြေးခွံအားလုံးကို အမှုန့်ဖြစ်သည်အထိ လှီးဖြတ်လိုက်သော်လည်း ချူးယွင်ဖန်း၏ဓားအရှိန်မှာ မလျော့သွားပေ။ နတ်လက်နက်များကိုပင် ခုခံနိုင်သည့် ဂိုဏ်းသား၏ လက်နှစ်ဘက်လုံး ချက်ချင်းပင် ပြတ်တောက်သွားကာ သူ၏ သနားဖွယ် အော်သဲများထွက်ပေါ်လာသည်။

"နတ်ဆိုးဂိုဏ်းရဲ့ လူသားအသွင်ကူးပြောင်းမှုက ဒီထက်မပိုပါဘူး" ချူးယွင်ဖန်းက အော်လိုက်သည်။

ကျူးချွဲ့က မြေပြင်ပေါ်သို့သက်ဆင်းခါနီးဆဲဆဲတွင် ချူးယွင်ဖန်းက နောက်တစ်ကြိမ် မြှောက်လိုက်၏။ ယင်းသည် အလေးချိန်မရှိသကဲ့သို့ မြောက်တက်လာပြီးနောက် အောက်ဘက်သို့ ထပ်မံခုတ်ပိုင်းကျလာသည်။ ဂိုဏ်းသားက အော်ဟစ်၍ ကပျာကယာ ပြန်ဆုတ်သွားသော်လည်း အလွန်နှေးလွန်းသည်။ သူ၏အမြန်နှုန်းသည် ချူးယွင်ဖန်း၏အရှိန်ကို လိုက်မမီနိုင်ပေ။ ထို့နောက် ဓားမှ ဓားစွမ်းအင်များ တစ်ပေကျော်ခန့် ထွက်ပေါ်လာသည်။

ဂိုဏ်းသား၏ လည်ပင်းတွင် အစိမ်းရောင်အကြေးခွံများ ပေါ်လာသော်လည်း ဝင်လာသောတိုက်ခိုက်မှုကို ရပ်တန့်ရန် အနည်းငယ်မျှပင် မစွမ်ရးဆောင်နိုင်ခဲ့ပေ။ ဓားသည် တို့ဟူးကို လှီးလိုက်သကဲ့သို့ပင် လွယ်ကူစွာဖြင့် ဂိုဏ်းသား၏ ခေါင်းကို ဖြတ်ပစ်လိုက်၏

ဂိုဏ်းသား၏ ဦးခေါင်းကို လွင့်ထွက်သွားကာ မျက်လုံးများပြူးကျယ်စွာဖြင့် သေဆုံးသွား၏။ သူသည် တစ်နေ့တွင် တိုက်ပွဲ၌သေရမည်ဟု တွေးထင်ခဲ့သော်လည်း အလွယ်တကူ အသတ်ခံရခြင်းသည်မူ သူ တစ်ခါမျှ မတွေးဖူးသည့် အရာတစ်ခုဖြစ်သည်။ ဤသည်က ပထမဆုံးနှင့် နောက်ဆုံးအကြိမ်ဖြစ်သည်။

“ဖာ့ခ်”

အနောက်ကနေကြည့်နေသော မြေခွေးပျိုက ထိတ်လန့်သွား၏။ အရာအားလုံးက အလွန်လျင်မြန်လွန်းလှသည်။ ချူးယွင်ဖန်းကို သူမစိတ်ပူနေခဲ့သော်လည်း အသက်တစ်ရှိုက်ရှုစာ အချိန်အတွင်းတွင် ချူးယွင်ဖန်းက ဂိုဏ်းသားကို သတ်ပစ်လိုက်သည်။

မြေခွေးပျိုသည် တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ရသဖြင့် သူမတွင် ကျောက်တုံးနှလုံးသားရှိနေသည်ဟု ထင်ရသော်လည်း ဤကမ္ဘာပေါ်တွင် မွန်းစတားများစွာရှိသေးသေးကြောင်း သူမခံစားမိသေးသည်။ ဤဖြစ်ရပ်က အားလုံးမှားနေပြီဟု သူမထင်မိသည်။

မရီးဒျန်သန့်စင်ခြင်းအဆင့် ဤမွန်းစတားမျိုးစပ်များသည် မြေခွေးပျိုတမျှမမြင့်မားသော်လည်း တိုက်ခိုက်ရေးစွမ်းရည်အရ ၎င်းသည် အဆင့်မနိမ့်လှပေ။ အကယ်၍ သူမက မျိုးစပ်ခြင်းကို ချေမှုန်းချင်ပါက၊ သူမ၏ ဝှက်ဖဲများအားလုံးကို ထုတ်သုံးမည်ဆိုလျှင်ပင် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ယခုမူ ချူးယွင်ဖန်းက လက်သီးချက်အနည်းငယ်မျှဖြင့် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားဖြင့် ဂိုဏ်းသားသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ပသ် တက်လှမ်းနိုင်ခဲ့ပြီးဖြစ်နိုင်၏။ မဟုတ်ပေ။ ဂိုဏ်းသားက မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်ပင် ချူးယွင်ဖန်းက အလွယ်တကူသတ်ပစ်မည့်ပုံပေါ်သည်။

ပြည်ထောင်စုတက္ကသိုလ်တွင် မွန်းစတားများစွာ ရှိနေသလော။

စစ်တပ်တွင်းရှိ လက်ရွေးစင်များက ပြည်ထောင်စုတက္ကသိုလ်၏ ပါရမီရှင်များထက် မနိမ့်ကျကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။ သို့သော် ချူးယွင်ဖန်းသည် ပါရမီရှင်ဟုခေါ်သည့် အမျိုးအစားထက် သာလွန်နေပေလိမ့်မည်။ သူသည် ရိုးရှင်းစွာပင် မွန်းစတားတစ်ကောင်ဖြစ်၏။

ထို့အပြင် ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်တွင်မရှိနေသေးပေ။ ဤအရာက ကြောက်မက်ဖွယ်အကောင်းဆုံးပင်ဖြစ်၏။

ချူးယွင်ဖန်းသည် ဤဂိုဏ်းသားကိုလမ်းဘေးတွင်ရှိနေသည့် ပုရွက်ဆိတ်တစ်ကောင် နင်းမိသကဲ့သို့ပင် ဓားဖြင့်ခုတ်သတ်ပြီးနောက် ကျွမ်းကျင်ပညာရှင်တစ်ဦးကို သတ်ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်ပုံမပေါ်ပေ။

“သွားရအောင်။ မြန်မြန်လုပ်ရမယ်။ သူတို့ကို အလွတ်ပေးလို့မရဘူး”

All Chapters