← Chapters

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅-၅၆၇)

Vol. 38 Ch. 565-567

အခန်း (၅၆၅) မွေးဖွားခြင်းနယ်မြေတစ်ဝက်အဆင့်က ဒီလောက်စွမ်းအားကြီးလား

မြေခွေးပျိုသည် နောက်ဆုံးတွင် အသိစိတ်ပြန်ဝင်လာ၏။ ချူးယွင်ဖန်းက နတ်ဆိုးဂိုဏ်းသားကို ငစနူတစ်ကောင်ကဲ့သို့ သတ်လိုက်သည်ကို သူမမြင်လိုက်ရသောအခါတွင် တိတ်တဆိတ် အံ့ဩနေမိ၏။

ချူးယွင်ဖန်းသည် မြေခွေးပျိုကဲ့သို့ လူများစွာကို မသတ်ဖူးခဲ့သည့်အပြင်၊ သူမကဲ့သို့ အတွေ့အကြုံများစွာလည်းမရှိပေ။ သို့သော် ချူးယွင်ဖန်းသည် မကြာသေးမီကပင် လူများစွာကို သတ်ဖြတ်ခဲ့ရာ နောက်ထပ်ဆယ်နှစ်ကြာပါက ထိုဂိုဏ်းသားကဲ့သို့ လူတစ်ယောက်ကို သတ်ပစ်ရန် များများစားစား ကြိုးစားအားထုတ်ရန်လိုလိမ့်မည်မဟုတ်ပေ။

ထိုလူများသည် ချူးယွင်ဖန်း၏သတ်ဖြတ်ခြင်းခံရသော အမည်မသိလူများပင်ဖြစ်သော်ငြားလည်း ၎င်းတို့သည် မေ့ဟိုက်ယွင်နှင့် အခြားသူများနှင့် နှိုင်းစာလျှင် နာမည်မကြီးလှခြင်းကြောင့်သာဖြစ်သည်။ သို့သော် အထက်တန်းကျောင်းနှင့် ၎င်းတို့၏ ဂိုဏ်းခွဲများတွင် မည်သူက နာမည်မကြီးဘဲနေလိမ့်မည်နည်း။

၎င်းတို့နှင့် ယှဉ်ပါက ဤဂိုဏ်းသားသည် မည်သည့်အဆင့်မျှမရှိပေ။

ဤဂိုဏ်းသားကို ကိုင်တွယ်ပြီးနောက် ချူးယွင်ဖန်းနှင့် မြေခွေးပျိုတို့သည် စက်ရုံ၏ဗဟိုသို့ ဝင်ရောက်လာကြသည်။ ကြီးမားသော ဓာတ်ခွဲခန်းများကို နေရာတိုင်းတွင် တွေ့နိုင်သည်။ လူသားတို့၏ စမ်းသပ်မှုများကို နေရာတိုင်းတွင် မြင်တွေ့နေရ၏။ ဦးနှောက်အမှေးပါးကို ဖယ်ရှားခံရပြီးနောက် လူတစ်ဦးစီသည် အသီးအရွက်များဖြစ်လာ၍ ၎င်းတို့ကို လွတ်လပ်စွာ စမ်းသပ်မှုများ ပြုလုပ်နိုင်သည်။ စမ်းသပ်မှု အများအပြားသည် အလွန်ရက်စက်ကြမ်းကြုတ်လှသည်။ ထို့အပြင် ကျိုးပဲ့နေသော မွန်းစတားခြေလက် အများအပြားလည်း ရှိ၏။

နောက်ဆုံးတွင်၊ မျိုးစပ်ခြင်းနည်းပညာသည် ရုတ်တရက် ဘွားခနဲပေါ်လာသောအရာတစ်ခုကဲ့သို့ လေထဲတွင်ဖန်တီးမရနိုင်ပေ။ ဤရက်စက်ကြမ်းကြုတ်သော လူသားစမ်းသပ်မှုများကို လုပ်ဆောင်ရန်လိုအပ်သည်။

ချူးယွင်ဖန်း၏ အမူအရာ အေးစက်သွားသည်။ ဤကမ္ဘာကြီးသည် ဤခေတ်သို့ တိုးတက်လာကာ ပြည်ထောင်စုအစိုးရသည် အရာရာကို တာဝန်ယူရသော်လည်း ကြီးမားသော အမှောင်ဘက်ခြမ်းရှိနေဆဲဖြစ်သည်ကို သူသိသည်။ လူတိုင်းအတွက် အမှန်တကယ်တန်းတူညီမျှမှုရရှိရန် မဖြစ်နိုင်ပေ။

သို့သော်လည်း ဂိုဏ်းချုပ်၏နည်းလမ်းများက သူ့ကို ဒေါသဖြစ်စေခဲ့သေးသည်။ ထိုအချိန်က ချူးချင်ရွှမ်၏ ပြန်ပေးဆွဲခြင်းကို အခွင့်မသာခဲ့ပါက၊ သူမကို ဤကဲ့သို့ စမ်းသပ်ရန် ဤနေရာသို့ ခေါ်ဆောင်သွားပေလိမ့်မည်။ အကယ်၍ သူမကိုသာ တန်ဖိုးမရှိဟုသတ်မှတ်ခဲ့ကြမည်ဆိုလျှင် ယခုအချိန်တွင် ဤလူ့နမူနာများထဲမှ တစ်ဉီးဖြစ်လာနိုင်ဖွယ်ရှိသည်။

ဤသည်ကို တွေးမိသောအခါ ချူးယွင်ဖန်းက မည်ကဲ့သို့ စိတ်မဆိုးဘဲနေလိမ့်မည်နည်း။ ချူးယွင်ဖန်းသည် မလှမ်းမကမ်းမှ တိုက်ခိုက်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါကို ခံစားလိုက်ရသည်။

"ဒါဟာ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူပဲ!" မြေခွေးပျိုကပြောသည်။ ဝေးကွာနေသော်လည်း အတွင်း၌ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ရှိနေသည်ကို သူမ ခံစားနိုင်၏။

ဤသည်က ခန့်မှန်းရမခက်ပေ။ မွေးဖွာရခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသာ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အစပျိုးနိုင်မည်ဖြစ်သည်။

"ဒါဖြစ်မှာပေါ့" ချူးယွင်ဖန်းက လေးနက်သောအမူအရာဖြင့်ပြောသည်။

သူ၏ လက်ရှိ ခွန်အားဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူနှင့် တိုက်ခိုက်မှုအောက်တွင် မိမိကိုယ်ကို ကာကွယ်ရန် ခွန်အားရှိလိမ့်မည်ဟု ယုံကြည်ထားစည်။ သို့သော်လည်း သူသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူနှင့် မယှဉ်နိုင်သေးပေ။ ကံကောင်းထောက်မစွာဖြင့် ရွှယ်ပိုင်လုံသည်လည်း ဤနေရာတွင် ရှိနေသောကြောင့် ၎င်းတို့ စိတ်ပူနေရန်မလိုအပ်ပေ။

သူတို့ နှစ်ယောက်က ရှေ့သို့အရှိန်ပြင်းပြင်းဖြင့် ပြေးသွားကြသည်။ ရုတ်တရက် ၎င်းတို့ရှေ့တွင် တိုက်ခိုက်သံများ ဆက်တိုက်ကြားလိုက်ရ၏။

တောမီးနှင့် ပြာနက်တို့က အရပ်ခပ်မြင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်ကို တိုက်ခိုက်နေကြောင်း ချက်ချင်းမြင်လိုက်ရ၏။ ၎င်းတို့၏ မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် စွမ်းအားသည်လည်း ဖိနှိပ်ခြင်းခံထားရသည်။ အရပ်ရှည်သောသူသည် ၎င်း၏ လူသားအသွင်အပြင်များပျောက်ဆုံးနေပြီဖြစ်ရာ၊ အမွှေးဖြူများနှင့် အစွယ်များပါရှိသော ကြီးမားသည့် သားရဲကြီးနှင့်တူသည်။ တောမီးနှင့် ပြာနက်တို့၏ တိုက်ခိုက်မှုများသည် သူ့ကို ထိခိုက်စေရန်မလွယ်ကူခဲ့ပေ။ ၎င်းတို့က သူ၏ အမွှေးများကိုပင် မဖြတ်နိုင်ကြပေ။

နှစ်ယောက်စလုံး အရေးနိမ့်လျက်ရှိရာ တောမီးသည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ သူ၏ လက်မောင်းတစ်ဖက်လုံး အများအပြား စုတ်ပြဲသွား၍ မျက်နှာထက်တွင် ချွေးစေးများတင်ကပ်နေသည်။ ပြာနက်က တောမီးအတွက် ဘေးမှ ကာပေးထားသော်လည်း အသုံးမဝင်ပေ။ ၎င်းတို့သည် လူပုံသဏ္ဍာန်ရှိသော မွန်းစတား၏တိုက်ခိုက်မှုကို မရပ်တန့်နိုင်ခဲ့ကြပေ။

"သေစမ်း" လူပုံသဏ္ဍာန်ရှိသော မွန်းစတားသည် ဆက်လက်တိုက်ခိုက်နေရင်းဖြင့် မျက်လုံးများမှာလည်း သွေးကဲ့သို့ ရဲရဲနီလာသည်။ သူသည် ပို၍ပင် ပြောင်းလဲလာကာ ချူးယွင်ဖန်းအနိုင်ယူခဲ့သော ဂိုဏ်းသားထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ထိုအခိုက်အတန့်တွင် ချုးယွင်ဖန်းနှင့် မြေခွေးပျိုတို့ ရောက်ရှိလာသဖြင့် တောမီးနှင့် ပြာနက်တို့ အလွန်ပျော်သွားကြ၏။ သို့သော် ချူးယွင်ဖန်း နှင့် မြေခွေးပျိုတို့အံ့အားသင့်နေချိန်တွင် လူပုံသဏ္ဍာန်ရှိသော မွန်းစတားက တောမီး၏ရင်ဘတ်ကို ၎င်း၏လက်သည်းဖြင့် ကုတ်လိုက်ရာ တောမီး၏ ရင်ဘတ်ပေါ်ရှိ အသားတစ်ပြင်လုံး သွေးချင်းချင်းနီ ကွဲထွက်လျက် ခန္ဓာကိုယ်သည်လည်း ချက်ချင်း လွင့်ထွက်သွားသည်။

တောမီးသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ပြင်းထန်စွာ ဒဏ်ရာရသွား၏။

"သတိထား" မြေခွေးပျိုက ကမန်းကတန်း အော်လိုက်သည်။

ထိုအချိန်တွင် ပြာနက်သည် တောမီးကို ကာကွယ်ရန် နောက်ပြန်ဆုတ်လိုက်၏။

"ချူးယွင်ဖန်းနဲ့ မြေခွေးပျို၊ ဒီလူက တည်ငြိမ်သမုဒ္ဒရာမြို့ရဲ့ နတ်ဆိုးဂိုဏ်းခေါင်းဆောင်ပဲ”

ချူးယွင်ဖန်း နှင့် မြေခွေးပျိုတို့၏ အမူအရာများ ချက်ချင်းပင် လေးနက်သွားခဲ့သည်။ ဂိုဏ်း၏ အဆင့်သတ်မှတ်ချက်အရ တည်ငြိမ်သမုဒ္ဒရာမြို့ကဲ့သို့ ဩဇာခံမြို့တစ်မြို့၏ အမြင့်ဆုံးပုဂ္ဂိုလ်မှာ ဂိုဏ်းချုပ်ပင်ဖြစ်သည်။

တုန်ဟွာမြို့ကဲ့သို့သော အခြေစိုက်စခန်းတစ်ခု၏ တာဝန်ခံမှာ ဌာနခွဲခေါင်းဆောင်ဖြစ်ရာ သူ့အထက်တွင် အကြီးအကဲများ၊ အကာအကွယ်ပေးသူများ၊ လက်ထောက်ခေါင်းဆောင်များနှင့် ဂိုဏ်းခေါင်းဆောင်များ စသည်တို့ရှိသေးသည်။ ၎င်းသည် ဂိုဏ်း၏ အုပ်ချုပ်ခံလူတန်းစား၏ အနိမ့်ဆုံးအဆင့်တွင် ရှိနေသော်လည်း ၎င်းကို လျှော့တွက်၍မရသည်မှာ သေချာလှသည်။ ဤသည်မှာ ဂိုဏ်းခွဲတစ်ခုလုံး၏ တာဝန်ခံဖြစ်သည်။

"ချူးယွင်ဖန်းလား" လူသားနှင့်တူသောမွန်းစတားက ချူးယွင်ဖန်းကို သွေးစွန်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ သူ့သွားများသည် အလွန်ကြောက်စရာကောင်းလှ၍ လူမဟုတ်၊ တစ္ဆေလည်းမဟုတ်သော အခြေအနေမျိုးတွင်ရှိနေ၏။

“မင်းပဲ…” ဂိုဏ်းချုပ်က ဤသို့ ထုတ်ပြောလိုက်သည်။ သူ့တွင် အသိဉာဏ်ရှိနေဆဲဖြစ်ကာ မွန်းစတား၏ သဘောသဘာဝကို အပြည့်အဝမစုပ်ယူရသေးကြောင်း မြင်နိုင်၏။

ချူးယွင်ဖန်းသည် ဤလူသားပုံစံ မွန်းစတားကို အနည်းငယ်ရင်းနှီးသည်ဟု ခံစားမိသည်။ သို့သော် ခဏအကြာတွင် ဤလူသည် မည်သူဖြစ်ကြောင်း သဘောပေါက်လိုက်၏။

ယင်းမှာ မြို့နယ်ပညာရေးဗျူရိုမှ ပို့လွှတ်လိုက်သော ဒါရိုက်တာ မစ္စတာလင်းဖြစ်သည်။

ချူးယွင်ဖန်းသည် မစ္စတာလင်းနှင့် အဆက်အသွယ်ရခဲ့ဖူးသည်။ ထိုအချိန်ကတည်းက မစ္စတာလင်းက အလွန်ထူးဆန်းသည်ဟု သူထင်ခဲ့၏။ မစ္စတာလင်းသည် ဂီုဏ်းသားတစ်ယောက်ဖြစ်နေရုံသာမက အမှန်တကယ်တွင် ဂိုဏ်းချုပ်ပါဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ပြန်တွေးကြည့်လျှင် ချူးယွင်ဖန်းသည် ထိုအခြေအနေက မည်မျှ အန္တရာယ်ကြီးခဲ့သည်ကို သဘောပေါက်လိုက်သည်။ ဂိုဏ်းဝင်အများအပြားသည်လည်း ပြည်ထောင်စုတွင် ပုန်းအောင်းနေကာ တရားဝင်အလုပ်များရှိကြသည်။

"ချူးယွင်ဖန်း ငါတို့ ဂိုဏ်းခေါင်းဆောင်ကိုတွေ့တုန်းက သူက မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်ဖို့လုပ်နေတာ ကံကောင်းလို့ အချိန်မီတွေ့ပြီး နှောက်ယှက်လိုက်နိုင်လို့ သူအဆင့်မတက်နိုင်ခဲ့ဘူး။ ဒါပေမယ့် အရမ်း စွမ်းအားကြီးတယ်။ မင်း သတိထားရမယ်။” တောမီး၏ ဒဏ်ရာများကိုကုသရန် ရှေးဦးသူနာပြုကိရိယာအစုံကို ထုတ်လျက် ပြာနက်ကပြောလိုက်သည်။ သူမ ယခင်က ဤသို့ မလုပ်နိုင်ခဲ့သေည်လည်း ယခု အဖော်နှစ်ယောက် ရောက်လာသောအခါတွင်မူ တောမီးကို ကုသပေးနိုင်ပြီဖြစ်သည်။

"ကျစ် မွေးဖွားခြင်းနယ်မြေအဆင့်ကို ခြေတစ်လှမ်းပဲလိုတော့တာလား” မြေခွေးပျိုက အသက်ပြင်းပြင်းရှုလိုက်သည်။ နောက်ဆုံးတွင် တောမီးနှင့် ပြာနက်တို့ကို မည်သို့အနိုင်ယူခဲ့ကြောင်း သူမနားလည်သွား၏။ နတ်ဆိုးဂိုဏ်းချုပ်သည် သာမန်မရီးဒျန်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးထက် ပို၍ စွမ်းအားကြီးကာ၊ တောမီးနှင့် ပြာနက်တို့၏ နှောက်ယှက်မှုကြောင့် မွေးဖွားခြင်းနယ်မြေအဆင့်သို့ မတက်လှမ်းနိုင်ခဲ့သော်လည်း သူသည် ၎င်းတို့ထက် များစွာသာလွန်၏။ မြေခွေးပျို၏အမူအရာသည် လေးနက်လာသည်။ သူမသည် ယခင်ကတိုက်ခိုက်ရန်မလိုအပ်ခဲ့သော်လည်း ယခုအခါတွင် သူမလက်ထဲမှဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမသာ သတိမထားပါက ဤနေရာတွင် သေသွားနိုင်သည်။

ဂိုဏ်း၏ ခေါင်းဆောင်သည် မြေခွေးပျိုထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။

"ချူးယွင်ဖန်း နင်သတိထား” မြေခွေးပျိုက ပြာနက်၏ရှေ့မှ ကာကွယ်ထားသည်။

ချူးယွင်ဖန်းက ထိုစကားကိုကြားသောအခါ ခေါင်းညိတ်လိုက်၏။ နောက်ဆုံးတွင် အစီအစဥ်မရှိသော မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူက သူ့ကို နှောင့်နှေးစေသည့် အကြောင်းအရင်ကို သူနားလည်လာသည်။ ဤသည်မှာ နတ်ဆိုးဂိုဏ်းချုပ်ကို ကာကွယ်ပေးရန်ရောက်လာခြင်းဖြစ်နိုင်၏။ ၎င်းတို့အား နတ်ဆိုးဂိုဏ်းဌာနချုပ်မှ အထူးစေလွှတ်ထားခြင်းဖြစ်သော်လည်း တောမီးနှင့်အခြားသူများ၏ ခြုံခိုတိုက်ခိုက်ခြင်းခံခဲ့ရသည်။ ဤသို့မဟုတ်ပါက ယခုအချိန်တွင် ၎င်းတို့ ရင်ဆိုင်နေရသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားတစ်ယောက်ကို ရင်ဆိုင်နေရနိုင်ခြေရှိသည်။

“အရေးမကြီးပါဘူး။ မွေးဖွားခြင်းနယ်မြေအဆင့်ကို ခြေလှမ်းတစ်ဝက်လောက်လှမ်းပြီးတော့ရော ဘာလုပ်ရမှာလဲ။ သူအဲ့အဆင့်ကို ရောက်သွားရင် ငါသူ့ကို ဘာမှမလုပ်နိုင်လောက်ဘူး။ ဒါပေမယ့် အခု မဟုတ်ဘူးဆိုတော့ ငါသူ့ကို သတ်တာကို စောင့်နေလိုက်”

အခန်း(၅၆၆) ဂိုဏ်းချုပ်နှင့် တိုက်ပွဲ

မွေးဖွားခြင်းနယ်မြေအဆင့်သို့ ခြေလှမ်းတစ်ဝက်။ ဒီအကြောင်းကို တွေးလိုက်ရုံဖြင့်‌ မြေခွေးပျို၏ ရင်ထဲတင်းကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျင့်ကြံသူတစ်ဦးသည် အဆင့်မကျော်ဖြတ်နိုင်ခဲ့သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ ခွန်အားသည် သာမန်မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်ထက် အဆပေါင်းများစွာ ကျော်လွန်နေ၏။ သာမန်လူများအတွက် မွေးဖွားခြင်းနယ်မြေအဆင့် အတားအဆီးကိုချိုးဖျက်ရန်အလွန်ခက်ခဲသည်။ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ခြင်းကပင် များစွာအကျိုးရှိနိုင်သည်။

သို့သော် ချူးယွင်ဖန်းက မကြောက်ပေ။

"ချူးယွင်ဖန်း၊ တကယ်ပဲ မင်းကိုး”

နတ်ဆိုးဂိုဏ်းချုပ်၏ မျက်လုံးများသည် သွေးရောင်ဖြင့်နီရဲနေသော်လည်း သူသည် ဆင်ခြင်တုံတရားကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကာ သူ့အတွင်းမှ နတ်ဆိုးသွေးများကို မစုပ်ယူခဲ့ပေ။ သို့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်ကို မဖြတ်ကျော်နိုင်ခြင်းက သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိသည်။ သူ၏ လူပုံစံကို မထိန်းနိုင်တော့ပေ။

ချူးယွင်ဖန်းနှင့် ယခင်က တွေ့ခဲ့ဖူးသော မစ္စတာလင်းသည် ဤသို့မဟုတ်ပေ။

“မင်းကို ရှာဖို့သုံးခဲ့တဲ့ အချိန်နဲ့အားထုတ်မှုက အချည်းအနှီးပဲ။ မင်းအကြောင်း ငါကြားဖူးတယ်။ ပြည်ထောင်စုတက္ကသိုလ်ကို တက်ပြီးတော့ ဒီလောက် ကြီးမားတဲ့ပြောင်းလဲမှုမျိုး မင်းလုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားဘူး။ ဌာနချုပ်က မင်းသေဆုံးမှုအတွက် ဖမ်းဝရမ်းထုတ်ထားတာမို့လို့ အရင်က မင်းမိသားစုကို ဓားစာခံလုပ်ပြီး မင်းကို ဖမ်းချင်တာ။ မင်းငါ့တံခါးကိုလာခေါက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။" ဂိုဏ်းချုပ်က ဟက်ဟက်ပက်ပက် ရယ်သည်

“ကောင်းကင်ကြီးက ငါ့ကို တကယ်ပဲစောင့်ရှောက်ပေးနေတာပဲ။ သူတို့က ငါ့ကို နောက်ထပ်အခွင့်အရေးပေးတယ်။ ငါမင်းကိုသတ်နိုင်ရင် ငါ့ဂိုဏ်းဆရာရဲ့ သင်ကြားမှုတွေကိုရနိုင်မယ်။ မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်ပြီး ဖြတ်လျှောက်ရမှာပါ” ဤသို့ပြော၍ ဂိုဏ်းချုပ်၏ အကြည့်များပြောင်းလဲသွားသည်။ သူ့မျက်နှာတွင် လောဘကြီးသော အမူအရာ ပေါ်လာသည်။ သူ့အတွက် ချူးယွင်ဖန်းသည် အခွင့်အရေးတစ်ခုဖြစ်သည်။ ဂိုဏ်းအတွက်မူ မွေးဖွားခြင်းနယ်မြေအဆင့် နှင့် မရီးဒျန်သန့်စင်ခြင်းအဆင့်သည် လုံးဝကွဲပြားခြားနားသော အဆင့်နှစ်ခုဖြစ်သည်။

"မင်းသေချင်နေတာလား"

ချူးယွင်ဖန်းသည် ဂိုဏ်းချုပ်၏အကြံအစည်ကိုကြားသည်နှင့် မျက်လုံးများ ပို၍ အေးစက်လာသည်။ ဤလူများတွင် ယုတ်မာသော ရည်ရွယ်ချက်များရှိနေကြောင်း မှန်းဆထားနိုင်သော်လည်း တကယ်တမ်းကြားလိုက်ရသောအခါ ဒေါသမထွက်ဘဲမနေနိုင်တော့ပေ။

ချူးယွင်ဖန်းအတွက်မူ သူ့မိသားစုသည် မီးခလုပ်တစ်ခုသဖွယ်ပင်ဖြစ်ကာ တစ်စုံတစ်ယောက်က ယင်းကိုလာထိသည်နှင့် ဒေါသများပေါက်ကွဲရမည်မှာသေချာ၏။ ချူးယွင်ဖန်းသည် သူ၏ခွန်အားများ ဆက်လက်တိုးလာသည်နှင့်အမျှ ပို၍ပို၍ အာရုံစိုက်ခံရမည်ကို သိထားသည်။ အမျိုးမျိုးသော အန္တရာယ်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသော်လည်း သူ့တွင် ရွေးချယ်ခွင့်မရှိပေ။ သူပို၍ သန်မာလာရမည်ဖြစ်၏။

“ကောင်းကင်ဘုံက အခွင့်အလမ်းကို ပေးထားတာသေချာပေမယ့် အဲ့တာ ခင်ဗျားအတွက်မဟုတ်ဘူး။ ကျုပ်အတွက်ပဲ။ ခင်ဗျားက ဒီနေ့ အသေကောင်ပဲ။ ဒီနေ့၊ ခင်ဗျားသေကိုသေရမယ်။ နတ်ဆိုးဂိုဏ်းလည်းဖျက်ဆီးခံရမယ်”

"ဟေးဟေး မင်းက ငါ့ရှေ့မှာ ဒီလို မိုက်ရိုင်းရိုင်းစိုင်း အော်ပြောရဲတယ်ပေါ့။ ချူးယွင်ဖန်း မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ် တာအိုညီလာခံကိုအနိုင်ရတာက ကိစ္စကြီးတစ်ခုလို့ မင်းတကယ်ပဲထင်နေလား။ ဆက်မတိုးတက်နိုင်တဲ့ပါရမီရှင်ဆိုတာ သေလူတစ်ယောက်ပဲကွ”

ဘာသာရေးခေါင်းဆောင်က ဆိုးယုတ်စွာပြုံး၍ သူ့နောက်မှ ပုဆိန်ကြီးကို ထုတ်လိုက်သည်။ ပုဆိန်ပေါ်က သွေးရောင်ချီစွမ်းအင်များ စတင်၍ ပွက်ပွက်ဆူလာသည်။ အဝေးမှကြည့်လျှင် မီးတောက်များကဲ့သို့ပင်ထင်ရ၏။

“မြန်မြန်လုပ်ရမယ်။ ရွှယ်ပိုင်လုံက မကြာခင် ဒီကိုရောက်လာတော့မှာ။ ငါမင်းကို အရင်သတ်မယ်”

ဂိုဏ်းခေါင်းဆောင်က ခြေဆောင့်လိုက်သောအခါ သူ့ခန္ဓာကိုယ်သည် လေထဲ၌ အကြိမ်အနည်းငယ်ခန့် ဖျတ်ခနဲပေါ်လာပြီးနောက် ခဏအကြာတွင် ချူးယွင်ဖန်း၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် မြေခွေးပျို နှင့် ပြာနက်ကဲ့သို့သော အခြားသူများကို ဂရုမစိုက်ပေ။ ချူးယွင်ဖန်းသည်သာ သူ၏ စစ်မှန်သောပစ်မှတ်ဖြစ်သည်။

"နတ်ဘုရားမီးပုဆိန်" နတ်ဆိုးဂိုဏ်းချုပ်က သူ့ပုဆိန်ကို ကိုင်မြှောက်၍ ချူးယွင်ဖန်းကို လွှဲရိုက်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုသည် ပင်လယ်ကို နှစ်ခြမ်းခွဲ၍ ကြောက်မက်ဖွယ် လှိုင်းလုံးများ ဖြစ်ပေါ်စေသည့်ပုံပေါ်သည်။ ချူးယွင်ဖန်းက လက်ထဲမှ ကျူးချွဲ့ဖြင့် ဂိုဏ်းချုပ်ကို လျင်မြန်စွာတန်ပြန်တိုက်ခိုက်ခဲ့သည်။

ချွင်

ဓားနှင့် ပုဆိန်တို့ ထိပ်တိုက်တွေ့သောအခါ မီးတောက်တစ်ခု ချက်ချင်းလျင်မြန်စွာ လောင်ကျွမ်းလာသည်။ သွေးရောင်ချီစွမ်းအင်မှ ဖြစ်ပေါ်လာသော မီးတောက်များသည် ချက်ချင်းပင် ချူးယွင်ဖန်းကို ထိုးတော့မည့် ဓားများအဖြစ်ပြောင်းလဲသွားသည်။ ဂိုဏ်းခေါင်းဆောင်က ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။ ဤတိုက်ခိုက်မှုသည် သူ၏ထူးခြားချက်ဖြစ်သည်။ ဂရုမစိုက်ပါက လူများစွာသည် သူ့ထောင်ချောက်ထဲသို့ ကျရောက်ရပေလိမ့်မည်ဖြစ်ကာ သူ၏ ချီစွမ်းအင်ဖြင့် ဖန်တီးထားသော ဓားများနှင့်ထိမှန်ပါက မသေလျှင်ပင် အပြင်းအထန်ဒဏ်ရာရပေလိမ့်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဂိုဏ်းခေါင်းဆောင်က ချူးယွင်ဖန်းနှင့်တွေ့ခဲ့သည်။ ချူးယွင်ဖန်းက လှောင်ပြောင်၍ ချီစွမ်းအင်များကို ပါးစပ်အပြည့်မှုတ်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်း၍ အလွန်များပြားသော ချီစွမ်းအင်များသည် သွေးရောင်စွမ်းအင်ဖြင့် ဖန်တီးထားသည့် ချွန်ထက်သောဓားများကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။

ဂိုဏ်းချုပ်သည် ချူးယွင်ဖန်း၏ အနားသို့ကပ်နိုင်ရန် နည်းလမ်းမရှိပေ။

"ခင်ဗျားတတ်နိုင်တာ ဒါအကုန်ပဲလား။ ကျုပ်တကယ်စိတ်ပျက်မိတယ်" ချူးယွင်ဖန်းက လှောင်ရယ်၍ လက်ထဲမှ ကျူးချွဲ့ကို တစ်ဖန်ပြန်လည်ဝှေ့ယမ်းလိုက်သည်။ တစ်ခဏချင်းအတွင်း၌ပင် သူသည် ခံစစ်မှတိုက်စစ်သို့ပြောင်းလဲသွား၏။

"ကမ္ဘာ့သခင်၊ ကမ္ဘာမြေဓား"

ချူးယွင်ဖန်းသည် လက်ထဲမှ ဓားထဲသို့ ချီစွမ်းအင်အများအပြားထည့်သွင်းလိုက်ရာ၊ ဓားသည် ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာသည်။ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီးနောက် သုံးပေရှည်သော ဓားရှည်တစ်ချောင်းဖြစ်ပေါ်လာသည်။ ၎င်း၏ စွမ်းအားသည် အဆုံးမဲ့လွန်းလှသဖြင့် ဤတစ်ချက်တည်းဖြင့် လေထုတစ်ခုလုံး အက်ကွဲသံများ ဆက်တိုက်ထွက်လာသည်။ ချူးယွင်ဖန်းကြောင့် လေထုတစ်ခုလုံးကွဲသွားသည်နှင့်အမျှ မြေခွေးပျိုနှင့် ပြာနက်တို့သည်လည်း ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို မျက်ချေမပြတ်ဆက်ကြည့်နေကြ၏။

ချူးယွင်ဖန်း၏ရှေ့တွင်ရပ်နေသော ဂိုဏ်းချုပ်သည်လည်း ကြောက်မက်ဖွယ် ဖိအားတစ်ခုကို ခံစားလိုက်မိသည်။ ယခင်က သူသည် ချူးယွင်ဖန်းကို အထင်မကြီးခဲ့ပေ။ တာအိုညီလာခံတွင်ချန်ပီယံဖြစ်ရသည်မှာ ဂုဏ်ယူဖွယ်ကောင်းသော်လည်း ချူးယွင်ဖန်းသည် ကျောင်းသားသစ်တစ်ဦးမျှသာဖြစ်နေသေးသဖြင့် သူ၏ ခွန်အားနှင့်မူနှိုင်းယှဥ်၍မရပေ။

ယခုမူ ၎င်းတို့ အပြန်အလှန် ထိုးနှက်နေကြသောအခါတွင် ချူးယွင်ဖန်းထံမှ ကြောက်မက်ဖွယ်စွမ်းအားများကို သူခံစားမိလာ၏။ ဂိုဏ်းချုပ်က ရှောင်တိမ်းနိုင်ရန် အလွန်နောက်ကျသွားပြီဖြစ်သဖြင့် အံကိုကြိတ်ကာ လက်ထဲမှ သွေးရောင်ပုဆိန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဘွန်း

ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးတစ်ခု ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုဟာ ဒုတိယအကြိမ် ဖြစ်ခဲ့ပါတယ်။ ယခင်အချက်နှင့်နှိုင်းယှဥ်ပါက ဤတိုက်မိမှုသည် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကို ဖြစ်ပေါ်စေ၍ အမြင်အာရုံကိုပင်ဝေဝါးသွားစေနိုင်၏။ လူတိုင်းမျက်လုံးများဝေဝါးသွားသည့်အချိန်တွင် ထိုစွမ်းအင်ပေါက်ကွဲမှု၏ လှိုင်းလုံးများကြားမှ လူတစ်ယောက်လွင့်ထွက်လာသည်။

မြေခွေးပျိုနှင့် ပြာနက်တို့သည် ဤကြီးမားသောလူမှာ ဂိုဏ်းချုပ်ပင်ဖြစ်ကြောင်း နှစ်ခါပြန်ကြည့်ရန်မလိုဘဲသိလိုက်သည်။ ဤအချိန်တွင် ဂိုဏ်းချုပ်၏ တစ်ကိုယ်လုံးကို သွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်ကာ သူရင်ဘက်တစ်ခုလုံး ထက်ခြမ်းကွဲ၍ ဒဏ်ရာကြီးတစ်ခု ရထားသည်။ နောက်ဆုံးတွင်မူ သူ့မျက်လုံးများထဲ၌ ကြောက်ရွံ့မှုအငွေ့အသက်များကို မြင်နေရပြီဖြစ်သည်။ လူငယ်တစ်ယောက်၏ လက်ထဲတွင် ဤမျှအတိုင်းအတာအထိ သင်ခန်းစာပေးခံရလိမ့်မည်ဟု သူတစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးပေ။

ဂိုဏ်းချုပ်သည် ဓားချက်တစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန်ရသွား၏။ ယခင်က ပြာနက်နှင့် တောမီးတို့က အတူတကွတိုက်ခိုက်ခဲ့သော်လည်း ဂိုဏ်းချုပ်ကို ဒဏ်ရာမရစေနိုင်ခဲ့ပေ။ ယခုမူ ချူးယွင်ဖန်းက သူ့ကို အလွယ်တကူ ဒဏ်ရာရစေနိုင်ခဲ့၏။

ဂိုဏ်းချုပ်၏သည် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်ပေ။

ဤအခိုက်အတန့်တွင် ဂိုဏ်းချုပ်၏ ပထမဆုံး အတွေးမှာ ပြေးရန်ဖြစ်သည်။ သို့သော်လည်း ယခုထွက်ပြေးခြင်းသည် ချူးယွင်ဖန်းကို ကျောပေးလိုက်ခြင်းဖြစ်နေလိမ့်မည်ကို သူသိသည်။ ထို့ကြောင့် သူက တောမီးကို လှမ်းကြည့်၍ ဒဏ်ရာအပြင်းအထန်ရစေရန် စတင်တိုက်ခိုက်လိုက်သည်။

"မင်းက သေချင်နေတာပဲ” ချူးယွင်ဖန်းက ရှေ့သို့တစ်လှမ်းတိုးကာ ဂိုဏ်းချုပ်ကို ချက်ချင်းဖမ်းလိုက်သည်။ ဂိုဏ်းချုပ်၏ ပန်းတိုင်ကို သူသိသည်။

ဂိုဏ်းချုပ်သည် ရန်သူကိုတိုက်ခိုက်၍ ချူးယွင်ဖန်းကို နှောင့်နှေးစေလိုခြင်းဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူသည် ချူးယွင်ဖန်း၏ အရှိန်ကို လျှော့တွက်ထား၏။ ချူးယွင်ဖန်းသည် သူ့ကို အမှီလိုက်နိုင်ရန် ခြေတစ်လှမ်းခုန်ရန်သာလိုခဲ့သည်။ ဤအခိုက်အတန့်တွင် ပုံရိပ်ကိုးသွယ်ရွေ့လျားခြင်းသည် ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပေါက်ထွက်လာ၏။

"သေ"

ချူးယွင်ဖန်း၏ ကျူးချွဲ့သည် လေးလံသော တူကြီးတစ်စင်းကဲ့သို့ ဂိုဏ်းချုပ်ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ထို့နောက် ရုန်းကန်ရန် အချိန်ပင်မပေးဘဲ ဓားသည် တစ်ဖန်ပြန်၍ ခုတ်ပိုင်းကျလာကာ ဂိုဏ်းချုပ်၏ ခေါင်းတစ်ခုလုံးချက်ချင်းပြတ်ထွက်သွားသည်။

အခန်း(၅၆၇) တည်ငြိမ်သမုဒ္ဒရာမြို့မှ နတ်ဆိုးဂိုဏ်း

ပြာနက်သည် ဤမြင်ကွင်းကို မျက်တောင်မခတ်ဘဲကြည့်လျက် စိတ်ထဲတွင် မြင်းကောင်တစ်ရာခန့် ပြေးလွှားနေသည့်နှယ်ခံစားနေရ၏။ သူမနှင့် တောမီးကို ဖိနှိပ်ထားခဲ့သည့် ဂိုဏ်းချုပ်သည် ချူးယွင်ဖန်း၏လက်သီးချက်အနည်းငယ်အောက်တွင် အမှန်ပင် ရှုံးနိမ့်ခဲ့၏။

‘ဒါ ဟာသပဲဖြစ်ရမယ်’

အကယ်၍ ပြာနက်သည် ၎င်းကို သူမ၏မျက်လုံးများဖြင့်မြင်ခဲ့ရခြင်းမဟုတ်ပါက သံသယဝင်မိမည်မှာသေချာ၏။ ဂိုဏ်းချုပ်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းရန် ခြေလှမ်းတစ်ဝက်သာလိုတော့သော အလွန်ရှားပါးသည့် ကျွမ်းကျင်သူဖြစ်ကာ မရီးဒျန်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးအတွက် ထိုသို့သော သူမျိုးသည် နှိုင်းယှဥ်၍ မရနိုင်ပေ။

သို့သော် ထိုကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူကို ၎င်းတို့၏ အဖွဲ့တစ်ဖွဲ့လုံး အတူတွဲတိုက်ခိုက်မည်ဆိုလျှင်ပင် အနိုင်ရရန် အခွင့်အလမ်းအလွန်နည်းပါးလွန်းလှသည်။ သို့သော် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ချူးယွင်ဖန်း၏ လက်ထဲတွင် သိုင်းကွက်အနည်းငယ်အတွင်းရှုံးနိမ့်ခဲ့၏။

ဤသည်က မယုံချင်စဖွယ်ကောင်းလှသည်။

သက်သာပျောက်ကင်းသွားသော တောမီးသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွား၏။ သူသည်ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရသောအခါ၌ပင် တန်ပြန်တိုက်ခိုက်ရန် စွမ်းအားမရှိခဲ့ပေ။ သို့သော် ချူးယွင်ဖန်းသည် ဘာသာရေးခေါင်းဆောင်ကို တုံ့ဆိုင်းခြင်းမရှိအနိုင်ယူနိုင်ခဲ့သည်။ တစ်နည်းအားဖြင့် လေယာဉ်ပေါ်၌ ချူးယွင်ဖန်း သည် သက်ညှာပေးခဲ့ရုံမျှမက သူ့ခွန်အားကို အများအပြားပင်အသုံးမပြုခဲ့ပေ။

တောမီးသည် ဤသည်ကို မလိုလားသော်လည်း လက်ခံရုံသာတတ်နိုင်၏။ တကယ်တမ်းတွင် ဤလောကတွင် မွန်းစတားများများလွန်းကာ ချူးယွင်ဖန်းတစ်ဦးတည်းမဟုတ်သည်မှာ သေချာသည်။ တစ်ဖက်တွင်မူ မြေခွေးပျိုသည် အလွန်တည်ငြိမ်နေ၏။ ဤလမ်းတစ်လျှောက်တွင် ချူးယွင်ဖန်းသည် ရန်သူအားလုံးကို ချေမှုန်းပစ်ခဲ့ကြောင်း သူမမြင်ခဲ့ရသည်။ လူမည်မျှပင်ရှိစေကာမူ၊ အင်အားမည်မျှပင်ရှိစေကာမူ ချူးယွင်ဖန်း ၏ခြေရာအတိုင်း လိုက်လျှောက်ရန် အလွန်ခက်ခဲသည်။

သို့သော်ဤသည်ကို လက်ခံရန် အလွန်ခက်ခဲသည်တော့မဟုတ်ပေ။ တောမီးက မတ်တပ်ရပ်၍ ချူးယွင်ဖန်းဆီသို့ လျှောက်လာသည်။

“လေယာဥ်ပေါ်မှာသက်ညှာပေးလို့ ကျေးဇူးတင်ပါတယ်။ ငါအကောင်းအဆိုးကို မခွဲတတ်လိုက်ဘူး”

တောမီး၏အမူအရာကိုမြင်သည်နှင့် ချူးယွင်ဖန်းသည် သူမည်သို့ တွေးနေကြောင်း မည်သို့ မသိဘဲနေလိမ့်မည်နည်း။

“စိတ်မပူနဲ့။ မင်းက တော်တော် ထူးချွန်ပြီးသားပါ။ မင်းက မင်းအဖွဲ့ထဲက လူတွေထက် အများကြီးငယ်ပေမယ့် ဒီအထူးတပ်မှာ ပါနိုင်တယ်ဆိုတာကတင် အရာအားလုံးကို ရှင်းပြပြီးသားဖြစ်နေပါပြီ။ မင်းငါနဲ့ယှဥ်စရာမလိုပါဘူး။ ငါက သာမန်လူတွေနဲ့မတူဘူး”

ချူးယွင်ဖန်း ပြောခဲ့သည်က အမှန်တရားပင်ဖြစ်သည်။ သူ့တွင် ရှေးဟောင်းလူသားများကာလ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိထားကာ သူကျင့်ကြံခဲ့သည်မှာလည်း ထိုကာလ၏ အကောင်းဆုံးသိုင်းပညာများထဲမှ တစ်ခုဖြစ်သော ဧကရာဇ်ခန္ဓာကိုယ်ဖြစ်သည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် သာမန်လူများတွေးနိုင်သည့်အတိုင်းအတာထက် များစွာကျော်လွန်သွားပြီဖြစ်သည်။ သို့သော် တောမီး၏နားထဲတွင် ဤလေသံသည် အနည်းငယ်ကြမ်းတမ်းနေသည်။ သို့သော်လည်း နှစ်ဖက်အကြား အင်အားကွာဟချက် အမှန်တကယ်ရှိနေသည်ကိုမူ သူလက်ခံရမည်ဖြစ်သည်။

ခဏအကြာတွင် ရွှယ်ပိုင်လုံရောက်လာသည်။ သူ့လက်ထဲတွင် လူတစ်ယောက်၏ခေါင်းကို ကိုင်ထားကာ ထိုသူ၏ မျက်နှာသည် မျက်လုံးအပြူးသားနှင့် သူသေဆုံးရသည်ကို မယုံနိုင်သေးသည့်အလားရှိနေ၏။ ခေါင်းတစ်ခြမ်းသာ ကျန်တော့သော်လည်း ယင်းနောက်တွင် ပြင်းထန်သော အရှိန်အဝါအချို့ကျန်နေသေးသည်။ လူတိုင်းက ၎င်းမှာ သူတို့ခံစားမိလိုက်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူဖြစ်ကြောင်းသိလိုက်ကြသည်။ အောင်နိုင်သူကို အဆုံးအဖြတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းထင်ရှားနေသည်။ အောင်နိုင်သူမှာ ရွှယ်ပိုင်လုံသာဖြစ်၏။

ရွှယ်ပိုင်လုံသည် ဂိုဏ်းချုပ် မစ္စတာလင်းမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေ၍ ဦးခေါင်းကို လှီးဖြတ်ခံထားရသည်ကို တွေ့လိုက်ရသည်။

“ဂိုဏ်းချုပ်က မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်သွားတယ်ဆိုပြီးကြားလိုက်ရလို့ အမြန်ပြေးလာတာ။ ကံကောင်းလို့ မင်းတို့အားလုံး အဆင်ပြေတာပဲ”

"ချူးယွင်ဖန်း၊ မင်းက သူ့ကိုသတ်တဲ့လူပဲဖြစ်မယ်"

"ဗိုလ်ချုပ်ရွှယ် ငါတို့ သူ့ကို သတ်တယ်လို့ ဆရာဘာလို့ မထင်တာလဲ" မြေခွေးပျိုက မကျေမနပ်ဖြစ်စွာပြောသည်။

“အခြားသူတွေက မင်းတို့ခွန်အားရဲ့ အတိုင်းအတာကို မသိလောက်ပေမယ့် ငါကတော့သိတယ်”

“မင်းတို့အားလုံးက ငါ့အောက်ကပဲ။ ငါက မင်းတို့ ဘယ်လောက်လုပ်နိုင်လဲဆိုတာ မသိဘဲနေမလား။ ဂိုဏ်းချုပ်က မွေးဖွားခြင်းနယ်မြေအဆင့်အထိ မတက်နိုင်ခဲ့ရင်တောင် သူက ခြေလှမ်းတစ်ဝက်ပဲလိုတော့တာ။ မင်းတို့အဆင့်နဲ့ ရင်ဆိုင်လို့ရတဲ့လူမျိုးမဟုတ်ဘူး။ မင်းတို့ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တာပဲ တော်လှပြီလို့ ပြောရမယ်။ ချူးယွင်ဖန်းတစ်ယောက်တည်းကပဲ အဲ့လိုလုပ်နိုင်တာ”

မြေခွေးပျိုနှင့် ပြာနက်တို့က ခါးသက်စွာပြုံးလိုက်ကြသည်။ ရွှယ်ပိုင်လုံပြောနေသည်မှာအဓိပ္ပါယ်ရှိသော်လည်း ၎င်းတို့အားလုံး ဆွံ့အကုန်ကြ၏။

“မင်းကို ခေါ်လာတာ ဆုံးဖြတ်ချက်မှန်တာပဲ ချူးယွင်ဖန်း။ ငါသတ်လိုက်တဲ့ ဂိုဏ်းအကြီးအကဲအပြင် တည်ငြိမ်သမုဒ္ဒရာမြို့က ဂိုဏ်းချုပ်တွေအားလုံး သတ်ခံလိုက်ရပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂိုဏ်းသားတွေကို အလွတ်ပေးလို့မရဘူး။ သူတို့ကို ရှင်းပစ်မှရမယ်”

ဤအသိုက်ဟောင်းထဲတွင်ပုန်းအောင်းနေသည့် ဂိုဏ်းသားများအားလုံးကို ချေမှုန်းပစ်ခဲ့ပြီးဖြစ်သည်။ ချူးယွင်ဖန်းနှင့် အခြားသူများက ဖောက်ထွင်းဝင်ရောက်တိုက်ခိုက်အပြီးတွင် ပင်မတပ်ရင်းက အမြန်ဝင်ရောက်တိုက်ခိုက်ကာ သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။ ယင်းနောက်ဖြစ်လာမည့်ကိစ္စများမှာ ချူးယွင်ဖန်းနှင့် မဆိုင်တော့သဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန်မလိုပေ။ သူ့ကိုယ်ရေးကိုယ်တာဖိုင်တွင် သူ့နိုင်ငံသားအဆင့်သည် တစ်ဆင့်ထပ်မြင့်လာ၏။ တစ်နည်းဆိုရသော် ချူးယွင်ဖန်းသည် အရပ်သားအဆင့်မှ ခွဲထွက်၍ အချို့သော အထူးပံ့ပိုးမှုများကို လက်ခံရရှိနိုင်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် ဤကိစ္စကို ဂရုမစိုက်လှပေ။ ပိုအရေးကြီးသည်မှာ တိုက်ခိုက်မှုများအပြီး၌ အကြွင်းအကျန်တချို့ ရှိကောင်းရှိနိုင်သေးသော်လည်း တည်ငြိမ်သမုဒ္ဒရာမြို့တွင်ရှိသော နတ်ဆိုးဂိုဏ်းသည်မူ ရှင်းလင်းသွားပြီဖြစ်သည်။

ယခုအချိန်တွင် ချူးယွင်ဖန်း၏မိသားစုသည် လုံခြုံနေပြီဖြစ်သည်။ သူလုံးဝဘေးကင်းလိုပါက နတ်ဆိုးဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်စေနိုင်မည့် နည်းလမ်းတစ်ခု စဥ်းစားရန်လိုသည်။ သို့သော် ဤသည်မှာ ချူးယွင်ဖန်းက ယခုအချိန်တွင်လုပ်နိုင်သောအရာမဟုတ်ပေ။ နောက်တစ်နေ့မနက်စောစော အိမ်ပြန်ရောက်သောအခါတွင် သူ့ကို စောင့်နေသောလူများ ရှိနေပြီဖြစ်ကြောင်းသူသိလိုက်သည်။ စောင့်ဆိုင်းနေသူမှာ ဆရာဖြစ်သူ ကျန်းယွမ်ပင်မှတပါးအခြားသူမဟုတ်ပေ။

"မင်း နတ်ဆိုးဂိုဏ်းကို ဝိုင်းပြီး သုတ်သင်ရာမှာ ပါဝင်ခဲ့တာလား။ မင်းတော်တော်ပြန်ကောင်းလာပုံရတယ်"

ယန်ယာ့ယွင် နှင့် ချူးဝမ်ချန်းတို့သည် ဧည့်ခန်းထဲတွင် ကျန်းယွမ်ပင်ကို ဧည့်ခံလျက်ရှိကြ၏။ ပြည်ထောင်စုတက္ကသိုလ်မှ ၎င်းတို့သား၏ ဆရာဖြစ်ကြောင်းသိလိုက်ရသဖြင့် ၎င်းတို့နှစ်ဦးက လျစ်လျူမရှု့ဝံ့ကြပေ။

ဤသို့သော တက္ကသိုလ်မှ နည်းပြဆရာမျိုးသည် အခြားဆရာများထက် ပို၍ ရင်းနှီးလွယ်သည်။ သူတို့နှစ်ယောက်သည် ချူးယွင်ဖန်းနှင့် ကျန်းယွမ်ပင်တို့ လွတ်လပ်စွာစကားပြောနိုင်ရန် နေရာဖယ်ပေးလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ်"

သူ့မိဘများ ထွက်သွားပြီးနောက် ချူးယွင်ဖန်းက မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။ သုတ်သင်ရှင်းလင်းရေးအစီအစဉ်ကို မိဘများမသိစေချင်၊ စိတ်မပူစေချင်သဖြင့် လျှို့ဝှက်ထားခဲ့သည်။ သို့သော် ကျန်းယွမ်ပင်က မည်သို့သိခဲ့ကြောင်း သူအနည်းငယ်သိချင်မိသည်။

ချူးယွင်ဖန်း၏အမူအရာကိုမြင်လျှင် ကျန်းယွမ်ပင်က သူမည်သို့တွေးနေကြောင်း ချက်ချင်းသိလိုက်သဖြင့် ပြုံး၍ ပြောလိုက်သည်။

"ငါ့သိတာ ဘာထူးဆန်းလို့လဲ။ ငါ့နိုင်ငံသားအဆင့်က မင်းထက်အများကြီး မြင့်တယ်။ ငါက ပြည်ထောင်စုအစိုးရမှာ ရာထူးတစ်ခုရထားတာမို့လို့ဒီအချက်အလက်တွေကို စစ်ဆေးလို့ရတယ်”

“မစ္စတာကျန်း ဆရာဘာလို့ ဒီနေ့ရောက်လာတာလဲ”

"ငါ မင်းကိုပေးစရာရှိလို့လာခဲ့တာ။ ညီလာခံအတွက် ဆုကြေးငွေကိုပေးလာပြီ။ ငါမင်းကို လာပို့တာ”

"ညီလာခံကိစ္စ ပြေလည်ပြီလား"

တာအိုညီလာခံသည် လွန်ခဲ့သော တစ်လကျော်ခန့်က ပြီးဆုံးသွားခဲ့သော်လည်း ဤကိစ္စ၏ နောက်ဆက်တွဲရလဒ်သည်မူ ဆက်လက် ကစော်ဖောက်ဆဲဖြစ်ကာ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုကြီးမားနေခဲ့သည်။

ချူးယွင်ဖန်းက မုန်တိုင်း၏ ရှေ့ဆုံးသို့ တွန်းပို့ခံရကာ အာရုံစိုက်ခံခဲ့ရခြင်းသည်လည်း ထိုသက်ရောက်မှုများထဲမှ တစ်ခုဖြစ်၏။

All Chapters