← Chapters

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း (၅၆၈-၅၇၀)

Vol. 38 Ch. 568-570

အခန်း(၅၆၈) တာအိုညီလာခံ၏ ဆုကြေး

ယခုနှစ်ညီလာခံတွင် နတ်ဆိုးဂိုဏ်းသည် ကြီးမားသော အထိကရုန်းတစ်ခုကို ဖန်တီးခဲ့သည်။ အကယ်၍ ပြည်ထောင်စုအစိုးရကသာ တမင်ရည်ရွယ်၍ သတင်းမဖုံးခဲ့ပါက ဤကိစ္စသည် ယခုလ၏ ခေါင်းကြီးပိုင်းသတင်းဖြစ်လာနိုင်သည်။ သို့ထိတိုင် ဤကိစ္စပြီးသွားပါက အရာအားလုံး ငြိမ်းချမ်းသွားလိမ့်မည်ဟု မဆိုလိုပေ။ မည်သူမျှမသိသော နေရာတစ်ခုတွင်ဆက်လက်ရှိ တည်ရှိနေမည်ဖြစ်သည်။ ဤနတ်ဆိုးဂိုဏ်း၏ ကြီးမားသော တိုက်ခိုက်မှုကြီးသည် တာအိုညီလာခံ၏ နောက်ဆက်တွဲများထဲမှ တစ်ခုဖြစ်သည်။

နတ်ဆိုးဂိုဏ်းကို တန်ပြန်တိုက်ခိုက်ခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းများ စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း ယင်းသည် ထိုမျှသာဖြစ်သည်ဟု မဆိုလိုပါ။ နက္ခတ်ဂိုဏ်းအပေါ် သို့ ဖိအားများလည်း ရှိနေသည်။ နက္ခတ်ဂိုဏ်းသည် ဤအရာများကို ကောင်းမွန်စွာ မစီမံနိုင်ခဲ့ပေ။ ဂိုဏ်းပေါင်းစုံမှ တပည့်များအပါအဝင် ကြယ်တာရာကျွန်းတွင် ကွယ်လွန်ခဲ့သော တက္ကသိုလ်အသီးသီးမှ ကျောင်းသားများသည်လည်း သောင်းဂဏန်းအထိ ရှိခဲ့သည်။ ဂိုဏ်းငယ်များ၏ တပည့်များအားလုံးသေဆုံးသွားရသည့် ကိစ္စများပင် ရှိခဲ့ရာ၊ ထိုကဲ့သို့သော ပြင်းထန်သောအကျိုးဆက်များဖြင့် နက္ခတ်ဂိုဏ်းသည် ရိုးရှင်းသောတောင်းပန်မှုမျိုးဖြင့် ဤကိစ္စကို ကြေအေးနိုင်မည်မဟုတ်ပေ။

ဖိအားများ၊ လျော်ကြေးပေးခြင်းနှင့် တိုက်ခိုက်ခြင်း အမျိုးမျိုးတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ချန်ပီယံဆုကို ခပ်စောစောမရခဲ့သည့်တိုင် ချူးယွင်ဖန်းက အလျင်လိုခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် သူအလေးထားဆုံးသော အတွင်းအူတိုင်ကို ရရှိထားပြီးဖြစ်သည်။ ယခု ကျန်းယွမ်ပင်သည် ပထမနေရာမှ ဆုလာဘ်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးအပ်ခဲ့ခြင်းကြောင့် ညီလာခံနှင့်ပတ်သက်သည့် ကိစ္စရပ်များအားလုံး အမှန်တကယ် ပြီးဆုံးသွားပြီပင်ဖြစ်သည်။

“ဟုတ်တယ်။ အားလုံးပြေလည်သွားပြီ" ကျန်းယွမ်ပင်က ခေါင်းညိတ်လိုက်သည်။

“ဒီတစ်ကြိမ်မှာ နက္ခတ်ဂိုဏ်းက အများကြီးဆုံးရှုံးသွားတယ် သူတို့က လျှော်ကြေးအတွက် ပိုင်ဆိုင်သမျှကို ကမ္ဘာတစ်ဝန်းလုံးကနေပြန်စုပြီး ပေးဆပ်ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာ အရင်နှစ်ညီလာခံက သူတို့ နိုင်ခဲ့တဲ့ အကျိုးအမြတ်တွေအားလုံးကို ချက်ချင်းပြန်ထုတ်ပေးလိုက်ရတာပဲ”

"မင်းရဲ့မိဘတွေက မင်းဆုကြေးကို မင်းအခန်းထဲပို့ပေးပြီးပြီ။ ပထမတစ်ခုက နက္ခတ်ဂိုဏ်းရဲ့အစာရှောင်ဆေးပဲ”

“အဲဒါကို စွယ်စုံကျမ်းမှာ ဖတ်ဖူးတယ်။ နက္ခတ်ဂိုဏ်းက ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာတွေနဲ့ ပေါင်းစပ်ထားတဲ့ ရှေးဟောင်းလူသားကာလရဲ့ အပျက်အစီးတွေကနေ ရထားတဲ့ ဖော်မြူလာအတိုင်းလုပ်ထားတဲ့ဆေးပဲမဟုတ်လး။ ဒါကို နက္ခတ်ဂိုဏ်းရဲ့အထူးထုတ်ကုန်လို့ ယူဆလို့ရတယ်။ ဒီဆေးတွေက စျေးကြီးတယ်”

ချူးယွင်ဖန်းသည် စွယ်စုံကျမ်းထဲမှ သူဖတ်ဖူးသော နက္ခတ်ဂိုဏ်း၏ စာရှောင်ဆေးအကြောင်း မှတ်တမ်းများကို ပြန်သတိရသွားသည်။ အစာရှောင်ဆေးများသည် အဆင့်မြင့်ကျင့်ကြံသူများအတွက် မရှိမဖြစ်လိုအပ်သည်။ ကျင့်ကြံခြင်း၏အဆုံးသို့ရောက်သောအခါ ၎င်းတို့သည် ၎င်းတို့၏ သေမျိုးခန္ဓာကိုယ်ကို စွန့်ခွာ၍ ကိုယ်ခံအားအရည်အသွေးများကို ပိုမိုအဆင့်မြင့်လာစေသည်။ ဤအဆင့်တွင် သာမန်အစာများစားပါက အသုံးမဝင်သည့်အပြင် အဆိပ်ပင်ဖြစ်သွားစေနိုင်သည်။ သာမာန်အစားအစာများသည် အဆင့်မြင့်ကျင့်ကြံသူများ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပေ။ ထိုအချိန်တွင် အစာရှောင်ဆေးများကို မရှိမဖြစ်လိုအပ်၏။ သာမာန်အစာရှောင်ဆေးများသည် အစာဖြည့်စွက်ရန်မလိုအပ်ဘဲ ကျင့်ကြံသူ၏လုပ်ဆောင်နိုင်စွမ်းကို သုံးရက်မှငါးရက်အထိ ထိန်းသိမ်းထားနိုင်သည်။

အထူးသဖြင့် တောင်တန်းများနှင့် သစ်တောများအတွင်း တောနက်ပိုင်း၌ တစ်နှစ်ပတ်လုံးကျင့်ကြံကြသော အဆင့်မြင့် ကျင့်ကြံသူများသည် ဤဆေးများကို ပို၍ပင် လိုအပ်သည်။ ဂိုဏ်းခွဲများ၊ တက္ကသိုလ်များနှင့် ငွေကြေးအဖွဲ့များစွာတို့သည် ၎င်းတို့၏ကိုယ်ပိုင် အစာရှောင်ဆေးများကို တီထွင်ကြလာကြရာ မိမိတို့ မျိုးနွယ်စုကို ထောက်ပံ့နိုင်ရုံမျှမက ရောင်းချ၍လည်း အမြတ်အစွန်းရနိုင်သည်။ ဤအစာရှောင်ဆေးများထဲတွင် နက္ခတ်ဂိုဏ်း၏ အစာရှောင်ဆေးများသည် အကောင်းဆုံးဖြစ်ကာ စျေးအကြီးဆုံးလည်းဖြစ်သည်။ ဆေးတစ်လုံးစီကို ယွမ် ၁၀၀,၀၀၀ ကျော်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိသဖြင့် ဤသည်မှာ သာမန်လူများတတ်နိုင်သော ပမာဏမဟုတ်ပေ။

ကျင့်ကြံသူများထဲမှ တစ်နှစ်ပတ်လုံး ထိုဆေးပြားကို စားသုံးရန် ငွေကြေးတတ်နိုင်သူများမှာ ငွေကြေးဆိုင်ရာ တတ်စွမ်းနိုင်သော မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများဖြစ်သည်။ တကယ်တမ်းတွင် မွေးဖွားခြင်းနယ်မြေအဆင့်ကျင့်ကြံသူများသာ ဤသို့သောဆေးမျိုးကိုလိုအပ်၏။

“ဟုတ်တယ်။ နက္ခတ်ဂိုဏ်းက နက္ခတ်ဂိုဏ်းအစာရောင်ဆေးအလုံးတစ်ထောင် ဆုချီးမြှင့်ထားတယ်။ မူလက ဆေးပြားတစ်ရာလောက်ပဲ ကမ်းလှမ်းဖို့ ရည်ရွယ်ထားပေမယ့် သူတို့အမှားလုပ်မို့လို့ ဆေးအလုံးတစ်ထောင် ဆုချီးမြှင့်လိုက်တယ်”

ချူးယွင်ဖန်းက ခေတ္တခဏမျှ စဥ်းစားလိုက်သည်။ နက္ခတ်ဂိုစ်း၏အစာရှောင်ဆေးအလုံးတစ်ထောင်သည် သန်း တစ်ရာကျော်ဖြစ်သည်။ သို့သော် ပထမနှစ်ကျောင်းသားများအတွက် ထိုအရာကို ဆုအဖြစ်ယူခြင်းက ကြီးမားသော ပမာဏမဟုတ်ပေ။ ချူးယွင်ဖန်းထက် အဆင့်နိမ့်သော လူများ၏ ဆုကြေးများပါပေါင်းလိုက်လျှင်မူ စိတ်ကူးမယဥ်နိုင်သော ပမာဏတစ်ခုဖြစ်ပေလိမ့်မည်။

“ဒါအပြင် မင်းက မွေးဖွားခြင်းနယ်မြေဆေးကိုလည်းရသေးတယ်။ ဒီဆေးရဲ့ဈေးက သိန်းတစ်ရာ ကျော်တယ်။ စျေးကွက်မှာတောင် ရှာမတွေ့ဘူး”

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ မွေးဖွားခြင်းနယ်မြေဆေးသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ဖြတ်ကျော်ရန် အခွင့်အလမ်းကို တိုးမြင့်စေသော ဆေးဖြစ်ကြောင်း ထင်ရှားလှ၏။ ရှေးဟောင်းလူသားများကာလတွင် ဂိုဏ်းအမျိုးမျိုးတို့သည် ၎င်းတို့၏ ထူးချွန်သောတပည့်များကို ဆုချရန်နှင့် ၎င်းတို့မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်ရန် ကူညီပေးရန်အတွက် မွေးဖွားခြင်းနယ်မြေဆေးကို အသုံးပြုကြသည်။ ရာနှုန်းပြည့်‌အောင်မြင်သည်ဟု မပြောနိုင်သော်လည်း မွေးဖွားခြင်းနယ်မြေဆေး၏ အကူအညီဖြင့် အောင်မြင်နိုင်ခြေများလှသည်။

ထို့ကြောင့် ၎င်းတို့ကိုယ်တိုင်အဆင့် ဖြတ်ကျော်ရန်ကြိုးစားသည်ထက် များစွာပိုလွယ်ကူ၏။

ပြည်ထောင်စု၏ ဆေးပညာလက်ရှိဖွံ့ဖြိုးတိုးတက်မှုသည် ချူးယွင်ဖန်း၏အမြင်တွင် အခြေခံကျဆဲဖြစ်သည်။ မွေးဖွားခြင်းနယ်မြေဆေးကို ကိုယ်ခန္ဓာသန့်စင်ဆေးကဲ့သို့ အစုလိုက်အပြုံလိုက်မထုတ်နိုင်ပေ။

ထိုဆေးများကို ဂိုဏ်းပေါင်းစုံမှ ထုတ်လုပ်ခဲ့သော်လည်း ထုတ်လုပ်မှု ပမာဏမှာ အလွန်နည်းပါးသည်။ ဤဆေးများကို ပြုလုပ်ပြီးသောအခါတွင် ၎င်းတို့၏ အထူးချွန်ဆုံး တပည့်များ အဆင့်တက်နိုင်ရန် လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

ထို့ကြောင့် သန်တစ်ရာကျော် တန်ကြေးရှိသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ၎င်းအတွက် စျေးကွက်မရှိပေ။ ဤသည်မှာ ပိုက်ဆံဖြင့် ဝယ်၍မရသောအရာတစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၏ ကိုယ်ရံတော်များတွင် ထင်ရှားကျော်ကြားသော မိသားစုနောက်ခံရှိသည်။ အတူတူအလုပ်လုပ်ပါ ဤဆေးများ၏တန်ကြေးကို တတ်နိုင်မည်မှန်သော်လည်း ၎င်းတို့တွင် ပိုက်ဆံရှိလျှင်ပင် ဝယ်၍မရနိုင်ပေ။ ဤသည်က အကြီးမားဆုံးပြဿနာဖြစ်၏။

သို့သော် ဤအရာက ချူးယွင်ဖန်းအတွက် ပြဿနာမဟုတ်ပေ။ သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိထားသဖြင့် ဤသို့သော ဆေးများကို အမြောက်အမြားထုတ်လုပ်နိုင်မည့် နည်းလမ်းများရှိသည်။ သို့သော် သူအသတ်ခံရလျှင်ပင် ဤလျှို့ဝှက်ချက်ကို ထုတ်ဖော်လိမ့်မည်မဟုတ်ပေ။

ခန္ဓာကိုယ်သန့်စင်ဆေးနှင့် မတူသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ဆေးများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်သည့်နည်းလမ်းကို ထုတ်ဖော်ပြသလိုက်သည်နှင့် ၎င်းကို လက်လွှဲရန် သို့မဟုတ် အဖွဲ့အစည်းကြီးများ၏ သတ်ဖြတ်ခြင်းကို ခံရမည်ဖြစ်သည်။ ယင်းမှတပါးအခြားဖြစ်နိုင်ချေမရှိပေ။ ဆိုလိုသည်မှာ လူသားများ၏ အလုံးစုံ ခွန်အားကို အဆင့်များစွာ မြှင့်တင်နိုင်သည်ဟု ဆိုလိုသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများပင်လျှင် အမြောက်အမြားပေါ်ထွက်လာနိုင်ကာ လူသားများ၏ အနာဂတ်အတွက် မည်သို့ဆိုလိုကြောင်း အများအပြားပြောရန်မလိုအပ်ပေ။

ချူးယွင်ဖန်းသည် နောင်အနာဂတ်တွင် ၎င်းကိုထုတ်ကောင်းထုတ်ဖော်ပစ်နိုင်သော်လည်း ယခုတော့မဖြစ်နိုင်ပေ။

ဤအရာသည် ရွှေအုတ်သယ်နေသည့် ကလေးတစ်ယောက်နှင့် မည်သို့မျှ ကွာခြားမည်မဟုတ်ပေ။ တစ်နည်းအားဖြင့် ဤအရာသည် သေခြင်းတရားကို စိန်ခေါ်နေခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် နောက်ထပ်အချက်တစ်ခုကို သတိပြုမိသည်။ ဤအဆင့်ရှိ မွေးဖွားခြင်းနယ်မြေအဆင့် ဆေးများသည် သူ့အတွက် အသုံးမဝင်ပေ။ သူသည် ဧကရာဇ်ခန္ဓာကိုယ်ကိုကျင့်ကြံခဲ့ရာ အဆင့်တူသော ကျင့်ကြံရေးအဆင့်၌ ရှိနေသူများထက် များစွာပို၍ စွမ်းအားကြီးသည်။ ထို့ကြောင့် အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ဖြတ်ကျော်နိုင်ရန် အဆပေါင်းများစွာပို၍ ခက်ခဲမည်ကို သူကြိုသိသည်။

မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်ရခြင်းမှာ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ရောက်ပြီးနောက် ရန်နှင့် တု မရီးဒျန်များကိုဖွင့်ရခြင်း ဖြစ်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ မရီးဒျန်များခိုင်မာတောင့်တင်းမှုသည် သာမန်လူများထက် များစွာပိုပြင်းထန်သည်။ ၎င်းသည် ချီစွမ်းအင်များကို လည်ပတ်စေနိုင်သောကြောင့် အလိုအလျောက်ပင် ကောင်းမွန်သောအရာတစ်ခုဖြစ်သည်။ သာမန်လူများ၏ မရီးဒျန်များသည် ချီစွမ်းအင်ယူနစ်တစ်ရာကို ခံနိုင်ရည်ရှိပါက ချူးယွင်ဖန်းသည် အနည်းဆုံးယူနစ်တစ်ထောင်ကို ခံနိုင်ရည်ရှိသည်။

သို့သော်၊ ဤအရာသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်ရန် အမှန်တကယ်ပင် အတားအဆီး ဖြစ်နေ၏။ ချူးယွင်ဖန်းသည် သာမန်လူတစ်ယောက်ထက် အဆင့်တက်နိုင်ရန် ပို၍ ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် သူသည် ယခုကတည်းကစ၍ အဆင်သင့်ပြင်ထားရမည်ဖြစ်ကာ အရာအားလုံးအဆုံးသတ်သွားသည်အထိ စောင့်‌နေ၍မရတော့ပေ။

ကျန်းလင်းရှောင်ကို ရင်ဆိုင်ရမည်မှာ လွယ်ကူမည်မဟုတ်သဖြင့် ချူးယွင်ဖန်း၌ အချိန်မကျန်လှတော့ပေ။

အခန်း(၅၆၉) ကျောထောက်နောက်ခံ

“နောက်တစ်ခုကတော့ ငွေသားဆုငွေ သိန်းတစ်ရာပဲ။ ဒုတိယဆု သိန်း ၅၀ နှင့် တတိယဆု သိန်း ၃၀။ အဆုံးမှာတော့ သန်းပေါင်းများစွာကနေ သန်းဆယ်ဂဏန်းအထိ ဆုလာဘ်အများကြီးလည်းရှိဦးမှာပါ” ကျန်းယွမ်ပင်က ဆက်လက်ပြောပြသည်။

ဤသည်မှာ များပြားလှသော ငွေပမာဏဖြစ်သော်လည်း ၎င်းတို့သည် လုပ်ငန်းအမျိုးမျိုးမှ ခွဲထုတ်ခံရလျှင် ဖြစ်လာမည့် ရာနှင့်ချီသော ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ပါက မည်သို့မျှမဟုတ်ပေ။ ဂိုဏ်းပေါင်းစုံနှင့် တက္ကသိုလ်များမှ ရရှိသည့်အရာမှာ အမှန်တကယ်ပင် ငွေအမြောက်အများဖြစ်သည်။ သို့ရာတွင် လူတစ်ဦးချင်းစီနှင့် ပတ်သက်လာသောအခါ၊ ဤအရာများသည် အလွန်ရက်ရောသော ဆုလာဘ်များဖြစ်ကြောင်း သံသယဖြစ်နေရန်ပင်မလိုပေ။ အထူးသဖြင့် သန်းရာနှင့်ချီသော ဆုလာဘ်ကို ရရှိခဲ့သော ချူးယွင်ဖန်းအတွက်ဖြစ်သည်။ မွေးဖွားခြင်းနယ်မြေဆေးကဲ့သို့သော အရာများကို တန်ဖိုးဖြတ်၍မရသဖြင့် ပိုက်ဆံရှိလျှင်ပင် ဝယ်ယူနိုင်မည်မဟုတ်ပေ။

“ဒါပဲ ဒီကိစ္စအပြင် ကျောင်းမှာ ဖြစ်ခဲ့တာတွေလည်းရှိသေးတယ်။ ကောလဟာလတွေနဲ့ အမျိုးမျိုးကျိန်ဆဲတာတွေကြားထဲကမှ မင်းက ညီလာခံရဲ့ ချန်ပီယံဆုကို ရခဲ့တယ်။ ဒါက အကောင်းဆုံး တန်ပြန်တိုက်စစ်ပဲ။ မင်းကြောင့်သာမဟုတ်ရင် ဒီနှစ်ညီလာခံရဲ့ချန်ပီယံဆုက နက္ခတ်ဂိုဏ်းဆီရောက်သွားမှာ”

ယခုအခိုက်အတန့်တွင် ပြည်ထောင်စုတက္ကသိုလ်အတွင်းနှင့် အပြင်တွင် ကျူးပုမီမှ လှုံ့ဆော်ပေးထားသော ပြဿနာအမျိုးမျိုးမျိုးရှိနေကြာင်း ချူးယွင်ဖန်းသိသည်။ ချူးယွင်ဖန်းသည် ညီလာခံအတွင်း ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ တပည့်များကို သုတ်သင်ရှင်းလင်းခဲ့သဖြင့် ထိုမိသားစုနှစ်စု၏ အကြီးအကဲများက အလွန်ဒေါသဖြစ်လျက်ရှိသည်။ ပြည်ထောင်စုတက္ကသိုလ်အတွက်၊ ဤမိသားစုနှစ်စုပေါင်းစည်းရေးဖိအားသည် အလွန်ထင်ရှားပါသည်။ ထို့ကြောင့် ချူးယွင်ဖန်း၏ခေါင်းကို အဆက်မပြတ် ဝရမ်းထုတ်ထားသော်လည်း ၎င်းကို အမြဲဖိနှိပ်ခံထားရသည်။ ချူးယွင်ဖန်းသည် ညီလာခံနိုင်အနိုင်ရခဲ့ပြီးစဥ်တည်းက တက္ကသိုလ်က သူ့ကို အဆုံးရှုံးခံလိမ့်မည်မဟုတ်ပေ။

“မင်းရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ်။ မင်းရဲ့ခွန်အားကို ဖုံးကွယ်ပြီး မင်းရဲ့အချိန်တွေကို သေချာသုံးသင့်တယ်။ မင်းရဲ့စွမ်းဆောင်မှုက ပိုထူးခြားလေလေ၊ မင်းအတွက်ပြောပေးဖို့ ငါတို့က ယုံကြည်မှုပိုရှိလာလေလေပဲ။ ဒါဆို သူတို့ ဆက်ပြီးပြောနိုင်တော့မှာမဟုတ်ဘူး။ ဒါပေမယ့် နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားနဲ့ မင်းရဲ့အတွင်းအူကို လိုချင်တဲ့လူတွေ အများကြီးရှိမှာစိုးတယ်။ ဟေ့ကောင်၊ မင်းရဲ့ဒုက္ခက အခုစနေပြီ။ စိတ်မပူဘူးလား"

“စိုးရိမ်နေတာက အသုံးမဝင်ပါဘူး။ လေနဲ့မိုးမကြုံရင် သက်တံကို ဘယ်လိုမြင်နိုင်မလဲ။ ဒါကိုကြောက်ရင် သတ္တိရှိရှိ တိုးတက်လာချင်တဲ့ သိုင်းပညာရှင်ရဲ့ နှလုံးသားကို ဆုံးရှုံးသွားလိမ့်မယ်။ ဒါဆိုရင် ခင်ဗျားမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရလာမှာ မဟုတ်ဘူး” ချူးယွင်ဖန်းက မဆိုင်းမတွ ပြောသည်။

ချူးယွင်ဖန်းက မည်မျှပင်စိတ်ပူနေပါစေ ဒီပစ္စည်းနှစ်ခုကို သူလွှဲပေးလိမ့်မည်မဟုတ်သဖြင့် ၎င်းတို့ကို ဆက်လက်၍ စိုးရိမ်နေရန်မလိုပေ။

"မင်းက အရမ်းဉာဏ်ကောင်းတယ်" ကျန်းယွမ်ပင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကျင့်ကြံရေးဆိုတာ ပါးလွှာတဲ့ရေခဲပေါ်မှာ နင်းသလိုမျိုး သတိထားရမှာဖြစ်ပေမယ့် စိတ်ဓာတ်အရတော့ သတ္တိရှိရှိကြိုးစားနေရမယ်။ နောက်မဆုတ်သင့်ဘူး။ ကျ့င်ကြံမှုမှာ မတိုးတက်ရင် နောက်ကျကျန်ခဲ့လိမ့်မယ်”

ချူးယွင်ဖန်းက အချိန်အတော်ကြာ နှုတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

"ဆရာကျန်း ကျွန်တော် တစ်ခုတွေးထားတယ်။ အတွင်းအူတိုင်ကို ဆရာ့ကို ပေးလိုက်မယ်”

"ဘာလဲ" ကျန်းယွမ်ပင်အံ့သြသွားသည်။ ချူးယွင်ဖန်းက ဤသို့ ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ မွန်းစတား၏ အတွင်းအူတိုင်သည် အလွန်အဖိုးတန်သောကြောင့် သူမနာလိုမဖြစ်ရန် မဖြစ်နိုင်ပေ။ ဤအတွင်းအူတိုင်၏ ပိုင်ရှင်က အခြားတစ်ယောက်သာဖြစ်ပါက အဆင်ပြေလိမ့်မည်ဖြစ်သော်လည်း ချူးယွင်ဖန်းဖြစ်နေသောကြောင့် ထိုအရာကို လုယူရန် စိတ်ကူးမရှိပေ။ ကျန်းယွမ်ပင်၏ နှလုံးသားထဲမှ မာနက သူ့ကို ခွင့်မပြုနိုင်သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ ချူးယွင်ဖန်းက ရုတ်တရက်ပြောလာသောအခါ သူအနည်းငယ်သတိလွတ်သွားမိသည်။

ချူးယွင်ဖန်းက အလေးအနက်ပြောလာသည်ကို မြင်လိုက်ရသဖြင့် ကျန်းယွမ်ပင်၏အမူအရာသည်လည်း လေးနက်လာ။

“မင်းမှာ ဖိအားတွေ အရမ်းများနေလား။ ဒါမှမဟုတ် ငါက ငါ့တပည့်တွေရဲ့ ဥစ္စာကို မက်မောတဲ့လူလို့ မင်းထင်နေလား”

ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“မစ္စတာကျန်း စိတ်မပူပါနဲ့။ ကျွန်တော် အဲဒီလို ပြောချင်တာမဟုတ်ဘူး။ တကယ်တော့ ဒီကိစ္စကို ပြီးခဲ့တဲ့လမှာ ကျွန်တော် အကြိမ်ပေါင်းများစွာ စဉ်းစားပြီးပါပြီ”

ဒီရွေးချယ်မှုက အသင့်တော်ဆုံးမို့လို့ ကျွန်တော်ဒီလိုရွေးချယ်လိုက်တာပါ။ ဒီအတွင်းအူတိုင်က အရမ်းတန်ဖိုးကြီးပြီး ရဖို့ချက်ပေမယ့် ကျွန်တော့်လက်ရှိကျင့်ကြံရေးအဆင့်နဲ့တော့ အချိန်အကြာကြီး သုံးနိုင်မှာမဟုတ်ဘူး။ အခုအချိန်မှာ ခင်ဗျားရဲ့လက်ထဲမှာမှ သူ့အကောင်းဆုံးသက်ရောက်မှုကို ပြနိုင်မှာပါ”

ချူးယွင်ဖန်း၏အပိုင်းကို သေချာစဉ်းစားပြီးနောက်ဖြစ်သည်။ သူနှင့် ကျန်းလင်းရှောင်အကြား တိုက်ပွဲသည် တစ်နှစ်ခွဲပင် နည်းပါး၏။ ထိုအချိန်အတွင်း၌ပင် မွေးဖွားခြင်းနယ်မြေအဆင့် အထွတ်အထိပ်သို့ မည်သို့မျှ တက်လှမ်းနိုင်မည်မဟုတ်သဖြင့် အတွင်းအူတိုင်သည် သူ့အတွက်အသုံးမဝင်ပေ။

ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကိုရင်ဆိုင်ရပါက သူသေလျှင်ပင် သူ့သေဆုံးမှုနှင့် ပတ်သက်၍ မည်သို့မျှပြောရန်ရှိလာမည်မဟုတ်သော်လည်း ကျန်းလင်းရှောင်ကို အနိုင်ရ၍ သတ်လိုက်လျှင်မူ ကျန်းမိသားစုက ဤကိစ္စကို ငြိမ်ခံနေလိမ့်မည်မဟုတ်ပေ။

ကျန်းမိသားစုတို့သည် မြင့်မြတ်သော မိသားစုကြီးရှစ်ခုထဲမှ တစ်ခုအဖြစ်အဆင့်သတ်မှတ်ခြင်းခံထားရကာ ၎င်း တစ်ခုအဖြစ် အဆင့်သတ်မှတ်ခံရနိုင်သည်။ သူတို့ထဲတွင် နတ်စွမ်းအင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ကျွမ်းကျင်သူ အကြီးအကဲတစ်ယောက်အကြောင်း ကောလဟာလများပင်ရှိသည်။

ကျန်းမိသားစုသည်လည်း ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေသည်ဖြစ်သဖြင့် အလွန်ဒေါသထွက်လာကြပါက ပြည်ထောင်စုတက္ကသိုလ်ကပင် သူ့ကို အကာအကွယ်ပေးနိုင်တော့မည်မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားများကို အကာအကွယ်ပေးထားသော်လည်း အခြေအနေပေါ်၌မူတည်နေသေးသည်။ ကျန်းမိသားစု၏ နောက်ထပ် မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာနိုင်သော ကိုယ်စားလှယ်လောင်းကျန်းလင်းရှောင်ကို သတ်ဖြတ်ခြင်းသည် သတင်းခေါင်းကြီးပိုင်းများသို့ပင်ရောက်ရှိလာမည်မှာအသေအချာပင်ဖြစ်ကာ ပြည်ထောင်စုတက္ကသိုလ်က ယင်းကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ချူးယွင်ဖန်းသည် အခြားသော ဝှက်ဖဲများနှင့် အရန်နည်းလမ်းများ လိုအပ်နေသည်။ ကျန်းလင်းရှောင်ကို သတ်ခြင်းသည် ကိစ္စတစ်ခု၏ အဆုံးမဟုတ်ဘဲ ပိုကြီးသည့်အရာ၏ အစဖြစ်သည်။ သူ့နောက်တွင် နတ်စွမ်းအင်အဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦးရှိနေပါက၊ ကွဲပြားသောကိစ္စဖြစ်လိမ့်မည်။

ချူးယွင်ဖန်း၏ စိတ်ထဲမှအစီအစဉ်သည် ကျန်းလင်းရှေင်ကို သတ်ပစ်ရုံသာမက ကျန်းမိသားစု၏ နောက်ဆက်တွဲ တန်ပြန်တိုက်ခိုက်မှုကို တွန်းလှန်ရန်လည်းဖြစ်ကာ မိသားစုကြီးများနှင့် ဂိုဏ်းခွဲများကိုလည်း ရင်ဆိုင်နိုင်ရန်ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ချူးမိသားစုသည် သူ့နောက်တွင် မရပ်တည်နိုင်ပေ။ သူသာ ချူးဟောက်ယွဲ့ဖြစ်ပါက ၎င်းတို့က သူ့ကို ကျောထောက်နောက်ခံပေးနိုင်မည်မှန်သော်လည်း ချူးယွင်ဖန်းသည်မူ သူ၏ မျှော်လင့်ချက်များကို ဤကိစ္စအပေါ်၌ မတင်ထားပေ။

ချူးမိသားစုနှင့် ပြည်ထောင်စုတက္ကသိုလ်၏ ပံ့ပိုးကူညီမှုဖြင့် သူအနိုင်ရနိုင်မည်မဟုတ်ဟု လူတိုင်းကထင်ကြကာ အောင်နိုင်သူမှာ ကျန်းလင်းရှောင်ဖြစ်မည်မှာ သေချာသည်ဟုယုံကြည်ထားကြသည်။ ၎င်းတို့လုပ်ရမည်မှာ ချူးယွင်ဖန်းကို ကျန်းလင်းရှောင်၏လက်ထဲမှ ကယ်ထုတ်၍ သေသည်အထိအရိုက်မခံရစေရန် ၎င်းတို့၏ သြဇာကို အသုံးချရန်သာဖြစ်သည်။ သို့သော် ချူးယွင်ဖန်း၏ စိတ်ထဲမှ အစီအမံက ၎င်းတို့ထင်ထားသည်နှင့် လုံးလုံးလျားလျားမတူကြောင်းသာ သိခဲ့ပါက အလွန်ထိတ်လန့်ကုန်ကြပေလိမ့်မည်ဖြစ်သည်။

သူသည် မိမိအသက်ကို ကယ်တင်နိုင်ရန် ကြိုးစားရုံသာမက ကျန်းလင်းရှောင်ကို သတ်ပစ်ရန်လည်းကြံစည်နေသေးသည်။ ထိုအချိန်ကျလျှင် အခြေအနေသည် အပြည့်အဝကွဲပြားခြားနားသွားလိမ့်မည်ဖြစ်၏။ ထို့ကြောင့် ချူးယွင်ဖန်းသည် ပိုမိုအားကောင်းနိုင်မည့် ဝှက်ဖဲကို အရယူရန်ကြိုးစားလျက်ရှိကာ သူ့ကို ကူညီပေးနိုင်မည့် တစ်ဦးတည်းသောသူမှာ ကျန်းယွမ်ပင်ဖြစ်သည်။

၎င်းတို့နှစ်ဦးကြားမှ ဆက်ဆံရေးသည် ဆရာနှင့်တပည့်ဆက်ဆံရေးဖြစ်သဖြင့် ထုံးစံအတိုင်းပင် နှစ်ယောက်လုံးအတူတူထ၍ အတူတူလဲကျတတ်သည်။ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်၏ အကောင်းဆုံးတပည့်ဖြစ်သည်။ ကျန်းယွမ်ပင်သည် နတ်စွမ်းအင်အဆင့်သို့ တက်လှမ်းတော့မည်ဖြစ်ကာ ကျန်းယွမ်ပင်က ပေးနိုင်သည့် အကျိုးအမြတ်များသည်လည်း အလွန်ထင်ရှားလှသည်။ သူသည် အကောင်းဆုံးကျောထောက်နောက်ခံတစ်ခုဖြစ်လာနိုင်သည်။

ချူးယွင်ဖန်းသည် အချိန်လိုအပ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် သို့မဟုတ် နတ်စွမ်းအင်အဆင့်သို့ ဖြတ်ကျော်ရန် အချိန်လိုအပ်သည်။ ထိုအချိန်ရောက်သောအခါ သူသည် မည်သည့်ခြိမ်းခြောက်မှုကိုမျှ ကြောက်တော့မည်မဟုတ်ပေ။

အပင်ငယ်တစ်ပင်သည် လုံလောက်သောအချိန်မရှိဘဲ အပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာရန် မဖြစ်နိုင်ပေ။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် အချိန်အတွက် တိုက်ပွဲဝင်နေရသည်။

“ငါ့ကို ပေးရင် မင်း ဘာအကျိုးအမြတ်တွေ ရမှာလဲ”

“မစ္စတာကျန်း ခင်ဗျားက နတ်အဆင့်ကို ဖြတ်ကျော်သွားနိုင်တာက ကျွန်တော့်အတွက် အကြီးမားဆုံးအကျိုးအမြတ်ပဲ” ချူးယွင်ဖန်းက ပြုံးလျက်ပြောသည်။

"မင်းသိသားပဲ။ မင်းပြောတာမှန်တယ်" ကျန်းယွမ်ပင်သည် ချူးယွင်ဖန်း၏ အစီအစဥ်ကို နားလည်သည့်ပုံဖြင့် ရုတ်တရက် ပြုံးလိုက်သည်။

အခန်း (၅၇၀) ငါ့မှာ အောင်မြင်နိုင်ချေ ၇၀ ရာခိုင်နှုန်းရှိတယ်

ကျန်းယွမ်ပင်သည် အလွန်ထက်မြက်သော လူတစ်ယောက်ဖြစ်သဖြင့် ချူးယွင်ဖန်း၏ အစီအစဉ်ကို လျင်မြန်စွာ နားလည်သည်။ ချူးယွင်ဖန်းပြောခဲ့သည့်အတိုင်းပင် နတ်စွမ်းအင်အဆင့်သို့ ကျန်းယွမ်ပင်တက်လှမ်းနိုင်ခြင်းသည် ချူးယွင်ဖန်းအတွက် အကျိုးအမြတ်များစွာရနိုင်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် မွေးဖွားခြင်းနယ်မြေအဆင့်သည် မတူညီသောကမ္ဘာနှစ်ခုဖြစ်သည်။ ထို့နောက် မွေးဖွားခြင်းနယ်မြေအဆင့်နှင့် နတ်စွမ်းအင်အဆင့်သည်လည်း မတူညီသော ကမ္ဘာနှစ်ခုဖြစ်သည်။

နတ်စွမ်းအင်အဆင့်သို့ ရောက်သောအခါ လူသည် ချက်ချင်းပင် မွန်းစတားအဖြစ်သို့ပြောင်းလဲသွားပေလိမ့်မည်။ စစ်ထဲဝင်လျှင် စစ်ဗိုလ်အဆင့်၌ဖြစ်မည်ဖြစ်ကာ နိုင်ငံရေးလောကထဲသို့ဝင်ပါက ပြည်ထောင်စုသမ္မတရာထူးကိုပင် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းများရမည်ဖြစ်သည်။ ၎င်းတို့သည် ပြည်ထောင်စုတစ်ခုလုံးအတွက် ကြီးမားသော ရိုက်ချက်တစ်ခုသဖွယ်ဖြစ်ပေလိမ့်မည်။

မှန်သည်။ အကြီးမားဆုံးအကျိုးအမြတ်ရရှိမည်မှာ သူကိုယ်တိုင်ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်၏ ကာကွယ်မှုဖြင့် များစွာသော လျှို့ဝှက်ကြံစည်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းထံမှ အကျိုးအမြတ်များစွာကို ရပြီးလျှင် အလိုအလျောက်ပင် ကျန်းယွမ်ပင်က ချူးယွင်ဖန်းကို လေနှင့်မိုးဒဏ်မှ ကာကွယ်ပေးရမည်ဖြစ်သည်။ သို့သော် ဤသည်က ကြီးမားသော ကိစ္စတစ်ခုမဟုတ်ပေ။ဤသည်မှာ မိမိ၏ ဆရာဖြစ်သူထံမှ မျှော်လင့်ထားခဲ့သောအရာပင်ဖြစ်သည်။ ချူးယွင်ဖန်းတွင်လည်း သူ့အစီအစဉ်နှင့်သူရှိသည်။ သူသည် မျက်မမြင်မဟုတ်ပေ။ သူ့အပေါ် မည်သူက ကောင်း၍ မည်သူက မကောင်းသည်ကို ကောင်းစွာနားလည်ထားသည်။ ကျန်းယွမ်ပင်သည် လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်မှစ၍ မိမိအပေါ် တာဝန်ကျေခဲ့ကာ နည်းအမျိုးမျိုးဖြင့် ကာကွယ်ပေးခဲ့သည်။

အတွင်းအူတိုင်ကို လွှဲပြောင်းပေးခြင်းသည် အလွန်ခိုင်မာသော ကျောထောက်နောက်ခံကို ဖန်တီးနိုင်ရုံသာမက သူ၏ အကာအကွယ်ပေးမှုအတွက် ကျန်းယွမ်ပင်ကို ပြန်လည်ပေးဆပ်ခြင်းလည်းဖြစ်သည်။

“ဒါပေမယ့် မင်းက အားနည်းတဲ့လူမဟုတ်ဘူးဆိုတာ ငါမြင်ပါတယ်။ မင်းရဲ့လက်ရှိအခြေအနေအရ ပြည်ထောင်စုတက္ကသိုလ် ဒါမှမဟုတ် ချူးမိသားစုပဲဖြစ်ပါစေ၊ သူတို့က မင်းကိုကာကွယ်ဖို့ အကောင်းဆုံးကြိုးစားမှာပါ။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဒီလိုလုပ်စရာ မလိုပါဘူး။ တခြားတစ်ခုခုကို ဖန်တီးချင်တာလား

” ချူးယွင်ဖန်းသည် ခက်ခဲလာမည့်ရက်တစ်ရက်အတွက် ပြင်ဆင်နေပုံရသည်ကို ကျန်းယွမ်ပင်က ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

ပြည်ထောင်စုတက္ကသိုလ်နှင့် ချူးမိသားစုတို့က ချူးယွင်ဖန်းအပေါ်ထားရှိသည့် အရေးပါမှုကြောင့် ကျန်းမိသားစု နှင့် ဟွမ်မိသားစုတို့သည် သူ့ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ဝံ့မည်မဟုတ်ဘဲ အများဆုံး အသေးအမွှားလေးများဖြင့်သာ တိုးတိုးတိတ်တိတ်လုပ်ဆောင်လေ့ရှိသည်။

“ဆရာကျန်း ခင်ဗျားက ပညာရှိပဲ။ ဟုတ်ပါတယ် ကျွန်တော် နေ့တစ်နေ့အတွက် ကြိုပြင်နေတာ” ချူးယွင်ဖန်းက အပြုံးမပျက်ပြောသည်။

"နောက်ပြီး ခင်ဗျားကသာ နတ်အဆင့်ကို ဖြတ်ကျော်သွားရင် နတ်အဆင့် မွန်းစတားတစ်ကောင်ကို ကူရှာပေးမှာမလား”

ကျန်းယွမ်ပင်ခေါင်းညိတ်သဘောတူသည်။

“ဒါအမှန်ပဲ။ လက်ရှိ ငါက နတ်စွမ်းအင်အဆင့်မွန်းစတားတစ်ကောင်ကိုမှ မယှဥ်နိုင်ဘူး။ ဂိုဏ်းခွဲတွေနဲ့ မိသားစုကြီးတွေကပဲ အဲ့လိုအကောင်တွေကို ရှာနိုင်တာ။ ဒါပေမယ့် ငါသာ အဆင့်တက်သွားရင် အရမ်းကွာခြားသွားလိမ့်မယ်။ ငါမင်းအတွက် တစ်ခုရှာပေးဖို့ နည်းလမ်းရှိမှာပါ။ မင်းကို မနစ်နာစေရပါဘူး”

ဤသည်က ချူးယွင်ဖန်းမကြောက်မရွံ့ရသည့် အကြောင်းရင်းအမှန်ပင်ဖြစ်သည်။ ကျန်းယွမ်ပင်က နတ်စွမ်းအင်အဆင့်သို့ ရောက်သွားသည်နှင့် သူနစ်နာရမည်ကို ကြောက်နေရန်မလိုတော့ပေ။

“ဒါပေမယ့်၊ ဒီလိုမွန်းစတားတစ်ကောင်ကို ကိုင်တွယ်ဖို့မလွယ်မှာစိုးတယ်။ ဆေးဘုရင်ကိုရှာနိုင်မယ့် လူတစ်ယောက်ကို ရအောင်ရှာဖို့ နည်းလမ်းစဥ်းစားရမယ်။ သူ့အကူအညီနဲ့သာ ငါလိုအပ်တဲ့ဆေးပြားတွေကို တီထွင်ပြီး နတ်အဆင့်ကို ဖြတ်ကျော်ဖို့ အခွင့်အရေးရလိမ့်မယ်” ကျန်းယွမ်ပင်က ခဏတာတတွေး၍ ပြောလိုက်သည်။

ပြည်ထောင်စုအတွင်းတွင် နတ်အဆင့်သို့ တက်လှမ်းနိုင်သောသူ အများအပြားမရှိပေ။ ၎င်းတို့သည် စစ်မှန်သော သမုဒ္ဒရာ၏ ထောက်တိုင်များဖြစ်သည်။ ပြည်ထော နတ်အဆင့် မွန်းစတားများကိုလိုက်လံရှာဖွေရန် ခက်ခဲသော်လည်း ကောင်းကင်သို့တက်ရန် ၎င်းတို့အတွက် မခက်ခဲပေ။ သို့သော် ဤအဆင့်ရှိ မွန်းစတားများ၏ အတွင်းအူတိုင်များကို ရရှိထားလျှင်ပင် ၎င်းတို့က ယင်းတို့ကို အသုံးချရန် မဖြစ်နိုင်ပေ။ ဤသည်က ပြဿနာ၏ အဓိကအချက်ပင်ဖြစ်သည်။

လူသားများသည် မွန်းစတားများမဟုတ်ကြပေ။ မွန်းစတားများသည် လူများကို စား၍ ၎င်းတို့၏ အဆင့်နှင့် ခွန်အားကို တိုးမြင့်လာစေနိုင်သည်။ မွန်းစတားများက ဤသို့လုပ်လျှင် အဆင်ပြေသော်လည်း လူသားများက ဤသို့လုပ်လျှင်မူ မိမိကိုယ်မိမိ ဖျက်ဆီးမိကာ သေဆုံးကြရပေလိမ့်မည်။

ဤအတွင်းအူတိုင်များကို ဆေးဖက်ဝင်ဆေးများအဖြစ်ဖော်စပ်ခြင်းဖြင့်သာ လူသားများက ၎င်းတို့ကို အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော်လည်း လူ့ဆေးပညာဖွံ့ဖြိုးတိုးတက်မှုမှာ တိုတောင်းနေသေးသည်။ ဤအဆင့်တွင် ဆေးဖော်မြူလာများ အလွန်နည်းပါး၍ အောင်မြင်မှုနှုန်းလည်း အလွန်နည်းပါးသည်။

လက်ရှိဆေးပညာတွင် နံပါတ်တစ်ဖြစ်နေသည့် ဆေးဘုရင်သည်ပင် အောင်မြင်မှုနှုန်းမှာ သုံးဆယ်ရာခိုင်နှုန်း ထက်နည်းသည်။ ပိုင်ဟုန့်ကဲ့သို့ ဆေးပညာရှင်ကြီးတစ်ဦးဆိုလျှင်မူ ဆယ်ရာခိုင်နှုန်းခန့်ပင်ရှိပေလိမ့်မည်။

ဤသို့မှမဟုတ်ပါက နတ်စွမ်းအင်ကို ကျင့်ကြံနိုင်သော လူသားပညာရှင်အရည်အတွက် အလွန်များပြားနေပေလိမ့်မည်ဖြစ်သည်။ အကယ်၍ လူသားများသည် နတ်စွမ်းအင်မွန်းစတားများကို ဆက်လက်ဖမ်းဆီးပါက တစ်ဖက်တွင် လူသားများအတွက် ခြိမ်းခြောက်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် လူသားမျိုးနွယ်ကြားတွင် လက်ရွေးစင်ကျွမ်းကျင်သူ အရေအတွက်ကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ ကမ္ဘာနှစ်ခုလုံးတွင် အကောင်းဆုံးများရှိနေခြင်းက ပိုကောင်း၏။

ဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုသည် လူသားမျိုးနွယ်တစ်ခုလုံး၏ တိုးတက်မှုအောက် နောက်ကျကျန်ခဲ့သည်။ ဤသည်မှာ မကြာသေးမီနှစ်များအတွင်း ပြည်ထောင်စုအစိုးရမှ သဘောပေါက်ခဲ့သော အရာဖြစ်သည်။

လူနှင့် မွန်းစတားများအကြား စစ်ပွဲကို အနိုင်ယူလိုပါက လူတစ်ယောက်နှစ်ယောက်ပေါ်တွင်သာမှီခိုခြင်းဖြင့် အောင်မြင်ရန် အလွန်ခက်ခဲပေလိမ့်မည်။ လူသားမျိုးနွယ်တစ်ခုလုံး၏ အရည်အသွေးက ခုန်ပျံကျော်လွှား၍ မြင့်တက်လာမှသာဖြစ်နိုင်ပေလိမ့်မည်။ သို့သော် လူတိုင်းတွင် ထိုကဲ့သို့ ကြီးကျယ်သော အရည်အချင်းများ မရှိကြပေ။ အဆင့်များစွာကို ခုန်ပျံကျော်လွှား၍ နတ်အဆင့်အထိ ကျင့်ကြံနိုင်ရန် လူအများစုက ဆေးများကို မှီခိုအားထားခဲ့ရသည်။ ဤလူများသည် သာမန်ကျသည်ထင်ရသော်လည်း ၎င်းတို့အရေအတွက်က သတ်မှတ်ထားသော အဆင့်ရောက်သည့်အခါတွင် အင်အားကြီးသော ရန်သူများကိုပင် ချေမှုန်းနိုင်လိမ့်မည်။

“သူ့ကို ကူညီဖို့ ခေါ်တာက ငွေကုန်ကြေးကျများလွန်းတယ်။ နောက်ပြီး အဲ့ဆေးတွေအတွက် ဖြည့်စွက်ဆေးတွေအများကြီးကိုလည်း ပြင်ဆင်ရမယ်။ ဒီတစ်ခါတော့ ငါတကယ် ဒေဝါလီခံရတော့မယ်” ကျန်းယွမ်ပင်က ပြုံး၍ပြောလိုက်သည်။

ကျန်းယွမ်ပင်သည် ဒေဝါလီခံရလျှင်ပင် အနည်းငယ်မျှစိတ်ဓာတ်ကျမည့်ပုံမပေါ်ဘဲ ပျော်နေခဲ့သည်။

နတ်စွမ်းအင်အဆင့်ကို ဖြတ်ကျော်နိုင်ပါက သူဆုံးရှုံးသွားသမျှငွေကို ပြန်ရနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင်ချူးယွင်ဖန်းက ခပ်ဝါးဝါးပြောလိုက်၏။

"ဆရာကျန်း၊ ကျွန်တော် ဒီဆေးလုပ်ချင်တယ်”

"ဘာ" ကျန်းယွမ်ပင်က ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ ထို့နောက် ချူးယွင်ဖန်းသည် ဆေးပညာဌာနမှ ကျောင်းသားတစ်ဦးဖြစ်ကြောင်း ရုတ်တရက် သတိရသွား၏။ သို့သော် ဤအဆင့်၏ ဆေးဖက်ဝင်ဆေးတစ်လုံးအတွက်မူ ဆေးပညာဌာန၏ ကျောင်းသားကိုမဆိုနှင့် ၎င်းတို့၏ ဆေးဌာနမှူးပင် ၎င်းကို တီထွင်ရန် အရည်အချင်းမရှိပေ။

“ဒါက ရိုးရိုးဆေးလုံးမဟုတ်ဘူးကွ။ လူတွေကို နတ်အဆင့်ထိရောက်အောင်လုပ်ပေးနိုင်တဲ့ ဆေးဖက်ဝင်ဆေးပဲ” ကျန်းယွမ်ပင်က လေးနက်စွာပြောလိုက်၏။

“ဟုတ်တယ်။ ဒီဆေးလုံးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ သို့သော် ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါ။ ငါဟာ နတ်စွမ်းအင်အဆင့် မွန်းစတားရဲ့ အတွင်းအူတိုင်ကို အလဟဿ အဖြစ်မခံပါဘူး" ချူးယွင်ဖန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"မင်းအတည်ပြောနေတာလား"

“ဟုတ် ကျွန်တော် အမှန်အတိုင်းပြောနေတာပါ။ ဆေးဘုရင်က ဒီဆေးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခြေ သုံးဆယ်ရာခိုင်နှုန်းပဲရှိပေမယ့် ကျွန်တော့်မှာတော့ ၇၀ ရာခိုင်နှုန်းရှိတယ်လို့ အာမခံနိုင်ပါတယ်”

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံရပြီးနောက် ချူးယွင်ဖန်းသည် ဤအဆင့်ဆေးးကို ဖော်စပ်ရခြင်း၌ပင် ယုံကြည်ချက်အပြည့်ရှိသည်။ သို့သော် ယုံကြည်ချက်အပြည့်ရှိသည်ဟုဆိုလျှင် မည်သူမျှ ယုံလိမ့်မည်မဟုတ်ပေ။

"မင်းမှာ ဆေးပညာ အမွေရထားတာလား” ကျန်းယွမ်ပင်က ချက်ချင်းမေးလိုက်သည်။ ချူးယွင်ဖန်း၏ အမည်အောက်တွင် ဆေးကုမ္ပဏီတစ်ခုရှိကြောင်း သူသတိရမိသည်။ ထို့အပြင် ကျန်းယွမ်ပင်၏ စုံစမ်းစစ်ဆေးချက်များအရ ဤဆေးကုမ္ပဏီသည် ဆေးဖော်မြူလာတစ်ခုထက်ပို၍ ထုတ်လုပ်ခဲ့သည်။ တစ်နည်းအားဖြင့် ချူးယွင်ဖန်းက ထုတ်လုပ်ခဲ့ခြင်းဖြစ်၏။

ကျန်းယွမ်ပင်ရရှိထားသော အချက်အလက်များအရ ချူးယွင်ဖန်းသည် တစ်စုံတစ်ဦးထံမှ အမွေဆက်ခံခဲ့ရခြင်းဖြစ်နိုင်သည်။ အမွေဆက်ခံမှုမရှိဘဲ ချူးယွင်ဖန်းက ဤသို့သောဆေးမျိုးကို ထုတ်လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

"မှန်ပါတယ် ကျွန်တော့် အမွေတစ်ခုရထားတာမို့လို့ ယုံကြည်မှု ၇၀ ရာခိုင်နှုန်းရှိတယ်” ချူးယွင်ဖန်းက လေးနက်ကျယ်လောင်စွာပြောလိုက်သည်။

All Chapters