အခန်း (၅၉၂-၅၉၄)
Vol. 40 Ch. 592-594
အခန်း (၅၉၂) နောက်ထပ် ငါးဘီလီယံ
"စကားပြောရအောင်" ချူးဟောက်ယွဲ့က ချူးယွင်ဖန်းဘက်သို့ လှမ်းပြောလိုက်သည်။
ချူးယွင်ဖန်းက ခဏတာမျှစဥ်းစားပြီးနောက် ခေါင်းညိတ်ကာ ချန်ရှန်ကို ပြောလိုက်သည်။
"မမလေးကို ကာကွယ်ထားပါ”
ထို့နောက် ချူးယွင်ဖန်းက တံခါးဝတွင်ရပ်နေသော ချူးချင်ရွှမ်ကို ပြောလိုက်သည်။
"မင်းတို့တွေ တခြားတစ်နေရာမှာ သွားပြီး ဆင်နွှဲကြ။ ငါဒီမှာအရာတွေကိုကိုင်တွယ်မယ်။ ဆရာကြီးဝမ်ဖြစ်ဖြစ်၊ လင်ကျန်းရှန်ဖြစ်ဖြစ် သူတို့ မင်းတို့ကို ထပ်ပြီးနှောက်ယှက်ရဲတော့မှာမဟုတ်ဘူး”
ရှောင်ဟေးနှင့် အခြားသူများသည် ကမန်းကတန်း ခေါင်းညိတ်လိုက်ကြကာ ချူးချင်ရွှမ်ကို အမြန်ဆွဲခေါ်သွားကြသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့၏ နှလုံးသားများအလွန်လျင်မြန်စွာခုန်နေ၍ ရင်ဘတ်ထဲမှပင် ခုန်ထွက်သွားတော့မည့်လုနီးပါးဖြစ်နေသည်။
ယနေ့တွင် သူတို့သည် ဘဝတစ်လျှောက်လုံး ဆုံတွေ့ခွင့်မရခဲ့သော ပုဂ္ဂိုလ်ကြီးများစွာကို တွေ့ခဲ့ကြရသည်။ အထူးသဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်က သတင်းစာနှင့် မဂ္ဂဇင်းများတွင် အတောက်ပဆုံးကြယ်ပွင့်ဖြစ်ခဲ့သည့် ချူးဟောက်ယွဲ့ပင်ဖြစ်ကာ၊ ချူးမိသားစုကဲ့သို့သော လူချမ်းသာမိသားစု၏ အငယ်တန်းခေါင်းဆောင်အဖြစ်၊ သူသည် လူများစွာ၏ အာရုံစိုက်မှုကို လုံလောက်စွာရထားသည်။ သူ၏ ခွန်အားအပြင်၊ သူသည် ရွယ်တူချင်းများကို ကျော်ဖြတ်၍ ပြိုင်ဘက်ကင်းသည်။ တိုက်ခိုက်မှုများတွင် ထပ်ခါထပ်ခါရလာသော ကျော်ကြားမှုက သူ့ကို ပို၍ပင် အံ့သြစေသည်။
ချူးဟောက်ယွဲ့သည် မျိုးဆက်တစ်ခု၏ အိုင်ဒေါဖြစ်ခဲ့ဖူးသည်။
"ဒါက ချူးဟောက်ယွဲ့လား။ အိုး ဘုရား၊ သူ့ပုံကို အင်တာနက်မှာ မြင်ဖူးတယ်။ ဒါ လက်တွေ့ဘဝမှာသူ့ကို ပထမဆုံးတွေ့ဖူးတာပဲ”
"ဒါက အံ့သြစရာပဲရွှမ်ရွှမ်၊ နင့်မိသားစုက မချမ်းသာဘူးလို့ပြောခဲ့တာ နောက်ဆုံးတော့လည်း ချူးမိသားစုကဖြစ်နေတာပဲ”
“မင်းအစ်ကိုက တကယ်ကို အံ့သြစရာကောင်းတယ်။ ချူးမိသားစုမှာ တော်တော်များများက ချူးဟောက်ယွဲ့နဲ့ ရင်းနှီးတာ မဟုတ်ဘူး”
ကောင်မလေးများက စကားများပြောရင်းဖြင့် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ ယနေ့ အဖြစ်အပျက်ကြောင့် အခြားနေရာတွင်အောင်ပွဲခံကြရသော်လည်း ၎င်းတို့က စိတ်ဓာတ်ကျခြင်းအလျင်းမရှိခဲ့ပေ။
ထိုအချိန်တွင် ချူးယွင်ဖန်းနှင့် ချူးဟောက်ယွဲ့တို့သည် သီးသန့်ခန်းထဲသို့ ဝင်သွားကြသည်။
"ချူးယွင်ဖန်း၊ ဒါက ထပ်ခါတလဲလဲပြောသလိုဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မင်းဒီလောက် မြန်မြန်တိုးတက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မင်း အခု ကျင့်ကြံရေးအဆင့်ဘယ်လောက်လဲ။" ချူးဟောက်ယွဲ့က မေးသည်။
ယေဘူယျအားဖြင့် ပြောရလျှင် ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံရေးအဆင့်ကို အခြားသူတစ်ဦးအား မေးမြန်းရန် တားမြစ်ထားသည်။ သိပ်ကောင်းလှသော ဆက်ဆံရေးရှိနေခြင်း သို့မဟုတ် နှစ်ဖက်ကြား၌ ရန်ငြှိုးရှိမရှိခြင်းတို့မှလွဲ၍ မေးရန် မသင့်တော်ပေ။
ချူးဟောက်ယွဲ့သည် ဒုတိယတစ်ခုနှင့် သက်ဆိုင်၏။
"မရီးဒျန်သန့်စင်ခြင်း အဌမမြောက်အဆင့်" ချူးယွင်ဖန်းက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
ချူးဟောက်ယွဲ့နှင့် အလုပ်တွဲလုပ်ရန် မလိုသောကြောင့် ဖုံဂကွယ်ထားရန် မလိုအပ်ပေ။
ချူးဟောက်ယွဲ့၏ မျက်လုံးများတွင် လေးစားမှုများရှိနေသည်။
“မင်းရဲ့ လက်ရှိကျင့်ကြံစဥ်က ငါမင်းအရွယ်ကနဲ့ ယှဥ်နိုင်ပေမယ့် တိုက်ပွဲခွန်အားအရဆိုရင်တော့ မင်းက ငါ့ထက် အများကြီး ပိုစွမ်းတယ်ဆိုတာ ငါဝန်ခံရမယ်”
ချူးဟောက်ယွဲ့၏ မျက်နှာပေါ်တွင် ခါးသက်သက်အပြုံးတစ်ခု ပေါ်လာသည်။ ဤသို့သော ပြိုင်ပွဲမျိုးတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သို့သော် ဝန်မခံချင်သော်လည်း သူ၏ကျင့်ကြံရေးအဆင့်သည် ချူးယွင်ဖန်းထက်မနိမ့်သည့်တိုင် တိုက်ပွဲအင်အားသည်မူ မယှဥ်နိုင်ပေ။
ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် အလွန်ကြီးမားလွန်းလှ၏။ ချူးဟောက်ယွဲ့က ဤသို့ကြုံခဲ့ဖူးသည်။ သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်တွင် အချိန်များစွာကြာပိတ်နေခဲ့ဖူးကာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန် နည်းလမ်းများကို တွေးဆခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် ၎င်းသည် စိတ်ကူးယဥ်မျှသာဖြစ်နေခဲ့၏။
ချူးဟောက်ယွဲ့မည်မျှပင် ကြိုးစားအားထုတ်သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ မဖြတ်ကျော်နိုင်ခဲ့ပေ။ မွေးဖွားခြင်းနယ်မြေအဆင့်သည် ပြင်းထန်လွန်းသည်။ မွေးဖွားခြင်းနယ်မြေအဆင့်ထဲ၌ စွမ်းအားအနည်းဆုံးသူကပင် သူ့ထက် များစွာသန်မာ၏။
ဤအရာကြောင့် ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းမည်မျှအင်အားကြီးသည်ကို သိလိုက်သည်။ ထို့အပြင်လက်ရှိ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ပင်မရောက်သေးပေ။
ဤအရာက ချူးဟောက်ယွဲ့ကို ပို၍ပင်ဆွံ့အသွားစေသည်။
"မင်း ဒီနေ့ မင်းရဲ့ ခွန်အားကို ထုတ်ပြလိုက်ပြီ။ ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေက မင်းကို ဒီလောက် လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး”
ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။ ဤအရာကို သူက သဘာဝကျကျ နားလည်သည်။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ လည်ပတ်ပုံဖြင့်၊ ပြဿနာ၏ အရင်းမြစ်ကို မဖျောက်ဖျက်လိုလျှင် ၎င်းသည် သိပ္ပံနည်းကျဖြစ်ပေလိမ့်မည်မဟုတ်ပေ။
“ကျွန်တော် စဉ်းစားဖူးပေမယ့် ဒီကိစ္စကို ထာဝရ ဖုံးကွယ်ထားလို့ မရဘူး။ အနှေးနဲ့အမြန်ဆိုသလို ပေါ်လာလိမ့်မယ်။ ရှန်ဟဲဆေးကုမ္ပဏီက ကျွန်တော့်အတွက် အရမ်းအရေးကြီးတယ်။ ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိဘူး”
ချူးဟောက်ယွဲ့က ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး၊ မင်းမှာ ရွေးချယ်စရာတစ်ခုရှိတယ်။ မိသားစုအတွက် ပေါင်းစည်းဖို့ မင်းကို လာဖိတ်ဖို့ ငါလာခဲ့တာ။ မင်းမှာမိသားစုရဲ့ အကာအကွယ်တွေ ရှိနေသရွေ့ ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေတောင် မင်းကို ပွင့်ပွင့်လင်းလင်း ကိုင်တွယ်ဖို့ ခက်လိမ့်မယ်”
"ကျွန်တော် မိသားစုဆီသွားပြီး ရာထူးနဲ့ အာဏာကို သိမ်းသွားမှာကို မကြောက်ဘူးလား" ချူးယွင်ဖန်းက မေးသည်။
"ငါ့မှာဒီလောက် သေးသိမ်တဲ့နှလုံးသားရှိရင် ချူးမိသားစုရဲ့ အငယ်တန်းခေါင်းဆောင်ဖြစ်လာမှာမဟုတ်ဘူး။ ချူးမိသားစု၏ လက်ရွေးစင်တွေအနေနဲ့ မိသားစုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာက အရေးကြီးဆုံးအရာပဲ” ချူးဟောက်ယွဲ့က ချူးယွင်ဖန်းကို ကြည့်၍ ပြောလိုက်သည်။
“မင်းမိသားစုနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားတာတွေ ရှိနိုင်တယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါတို့လို မိသားစုကြီးတွေအတွက် ဒါက အခြေခံအကျဆုံးအရာပဲလို့ ငါပြောနိုင်တယ်။ လူတိုင်းမှာ ကိုယ်ပိုင်စိတ်ကူးတွေ ရှိကောင်းရှိနိုင်ပေမယ့် မိသားစုရဲ့ အလုံးစုံအကျိုးစီးပွားအတွက် အပေးအယူလုပ်သင့်ရင် လုပ်ရမှာပဲလေ”
“နောက်တစ်မျိုးပြောရရင် ချူးမိသားစုက ပိုသန်မာလေ ပိုအားကောင်းလေပဲ။ ပါရမီရှင်တွေများလာလေလေ၊ ငါတို့အားလုံး အကျိုးအမြတ်များများ ပိုရလေလေပဲ”
ချူးဟောက်ယွဲ့က ဤမိသားစုကြီးများ၏ အကျိုးကျေးဇူးများအကြောင်း ချူးယွင်ဖန်းကို ပြောပြခဲ့သော်လည်း ၎င်းတို့ထင်စကဲ့သို့ မလွယ်ကူပေ။ ၎င်းတို့သည် ငယ်စဉ်ကတည်းက သာမန်လူများထက် များစွာ ပိုရခဲ့သောကြောင့် ပြန်လည်ပေးဆပ်ရသည့် ပမာဏလည်းများသည်။ ဤသည်ကို သာမန်လူများက နားမလည်ကြပေ။
"မင်း စိတ်ပူစရာ မလိုဘူး။ မင်းက ငါတို့နဲ့ မတူဘူးဆိုတာ ငါသိတယ်။ ငယ်ငယ်တုန်းက မိသားစုနဲ့ ဆက်ဆံရေး သိပ်မရှိခဲ့ဘူး။ မင်းမိသားစုအပေါ် ဘယ်လောက်ထိရှိလဲဆိုတာ ငါတွေးကြည့်လို့ မရဘူး ဒါပေမယ့် ကိစ္စမရှိပါဘူး။ မိသားစုက မင်းကို လေနဲ့မိုးဒဏ်က အကာအကွယ်ပေးလိမ့်မယ်။ ကိုယ့်ကို ကျောထောက်နောက်ခံပေးထားတဲ့ မိသားစုရှိတာက အရမ်းကျိုးရှိတာကို မင်း ဖြည်းဖြည်းချင်း သဘောပေါက်လာပါလိမ့်မည်။ အခုလည်း မင်းကို ကမ်းလှမ်းဖို့ မိသားစုကိုကိုယ်စားပြုပြီး လာခဲ့တာ"
ချူးဟောက်ယွဲ့သည် မိမိအင်အားကို အားကိုးခြင်းဖြင့် ဤအဆင့်သို့ရောက်ရှိသွားသော ချူးယွင်ဖန်းကို လွယ်လွယ်ကူကူ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိသည်။ များများလုပ်လေ ခက်ခဲလေဖြစ်ကာ ပျော့ပျောင်းသောနည်းဖြင့်က ပို၍ ဆွဲဆောင်နိုင်၏။
အကျိုးစီးပွားနှင့် စိတ်ခံစားမှု ပေါင်းစပ်ခြင်းသည် ဘုရင်၏လမ်းစဉ်ဖြစ်သည်။ ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သူ့နောက်တွင် ချူးမိသားစုရှိခြင်း၏ အကျိုးကျေးဇူးများကို သူနားလည်သည်။ ဥပမာအားဖြင့်၊ ချူးမိသားစုသည် ယနေ့ပါဝင်ကူညီခဲ့မည်ဆိုပါက ဤမျှဒုက္ခဖြစ်မည်မဟုတ်ပေ။ သို့သော် မိသားစုနှင့်ပူးပေါင်းလျှင်မူ မိသားစုအကျိုးစီးပွားအတွက် အနစ်နာခံရမည်ဖြစ်သည်။ ဤအချက်ကို ရှောင်လွှဲ၍မရပေ။
ထို့ကြောင့် ဤသည်မှာ ချူးယွင်ဖန်းက ယခုအချိန်အထိ ပူးပေါင်းရန် မဆုံးဖြတ်ရသေးသည့် အကြောင်းရင်းဖြစ်သည်။ သူ ငယ်စဉ်ကတည်းက နေခဲ့သော ပတ်ဝန်းကျင်ကြောင့် အခြားသူများကို အားကိုးသည်ထက် မိမိ၏ ကိုယ်ပိုင် ခွန်အားကို အားကိုးကာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသည်။
ကျောထောက်နောက်ခံရှိလျှင်ပင် ကျောထောက်နောက်ခံက ပြုတ်ကျသွားနိုင်သည်။ ကိုယ့်ကိုကိုယ်ဖြစ်လျှင်မူ ထာဝရ အားကိုး၍ရနိုင်၏။
"မိသားစုရဲ့ ထောက်ပံ့မှုတွေ အပြင် ငါ မင်းကို တစ်ခုခု ယူလာသေးတယ်။ အရင်က သခင်လေးရွှယ်ကို သတ်လိုက်တုန်းက မင်းကမွန်းစတားဂိုဏ်းနဲ့ အစိမ်းရောင်ဝတ်ရုံဂိုဏ်းကလုပ်ကြံသူတွေကိုပါ သတ်ပစ်ခဲ့တယ်။ ဒီလူတွေအားလုံးဟာ ပြည်ထောင်စုအစိုးရရဲ့ အလိုရှိစာရင်းထဲမှာ ပါတယ်။ ငါတို့ မင်းဆီ ဆုငွေအများကြီး ပို့ပေးထားတယ်။ စုစုပေါင်း တစ်ဘီလီယံလောက်ရှိတယ်။ အဲဒါတွေအားလုံးကို နောက်ပိုင်းကျရင် မင်းရဲ့အကောင့်ထဲကို လွှဲပေးလိမ့်မယ်”
"အရမ်းကောင်းတယ်” နောက်ဆုံးတွင် ချူးယွင်ဖန်း၏မျက်နှာ၌ ပျော်ရွှင်မှုအငွေ့အသက်များ ပေါ်လာသည်။ ယခင်က သူသည် သူ၏ငွေအားလုံးကို နတ်ကျောက်များနှင့် ခရမ်းရောင်ရွှေဆေးလုံးသုံးလုံးအတွက် သုံးစွဲခဲ့သည်။
ယခု ချူးယွင်ဖန်းတွင် နောက်ထပ် တစ်ဘီလီယံအထိ ရပြီဖြစ်သဖြင့် အသက်ဝဝရှူနိုင်ပြီဖြစ်သည်။
အချိန်ကိုကြည့်လိုက်သောအခါ တက္ကသိုလ်ပြန်တက်ရန် အချိန်တန်နေပြီဖြစ်သည်။ ပထမပညာသင်နှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ဘာသာရပ်တစ်ခုစီအတွက် နှစ်စဉ်အကဲဖြတ်ခြင်းကို မကြာမီကျင်းပတော့မည်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ချူးယွင်ဖန်း ပြန်လာသောအခါ လူတိုင်း အံ့ဩသွားရပေလိမ့်မည်။
အခန်း(၅၉၃) တက္ကသိုလ်တွင်း မုန်တိုင်း
ပြည်ထောင်စု တက္ကသိုလ်တွင် ကျောင်းသားများသည် အလျင်အမြန်ပြေးလာကြသည်။ သတင်းအချက်အလက်များကို လွယ်ကူစွာရရှိနိုင်စေရန်အတွက် စာပေပညာကျောင်းသားများသည် စာကြည့်တိုက်တွင် အချိန်ပိုသုံးကြ၏။ သိုင်းပညာာကျောင်းသားများအတွက်မူ လေ့ကျင့်ရေးခန်းကို ၎င်းတို့၏ သတင်းရယူခြင်းနေရာအဖြစ် သတ်မှတ်သည်။
နှစ်စဉ် နှစ်ကုန် အကဲဖြတ်မှုထွက်လာပါက ပျက်ကွက်ခြင်းမျိုးမရှိပေ။ ရှုံးနိမ့်သွားရမည်ကို ၎င်းတို့ လက်မခံနိုင်ကြပေ။
ပြိုင်ဆိုင်မှုပြင်းထန်သော ပြည်ထောင်စုတက္ကသိုလ်တွင် မည်သူမျှ နောက်မကျချင်ကြပေ။ လူတိုင်းက ထိပ်ဆုံးကိုရောက်ရန် ကြိုးစားချင်ကြသည်။ သို့မဟုတ် လူစုလူဝေးကြားတွင် ပေါ်လွင်လိုကြသည်။ အဆင့်မြင့်လေ၊ အရင်းအမြစ်များ ပိုမိုရရှိလေဖြစ်သည်။ ထို့နောက် လာမည့်အကဲဖြတ်မှုတွင် ၎င်းတို့၏ အဆင့်အတန်းကို ပိုမြှင့်နိုင်မည်ဖြစ်သည်။
အကဲဖြတ်မှုသည် အသေးအဖွဲကိစ္စမဟုတ်ပေ။ အနာဂတ်တွင် ၎င်းတို့ရရှိမည့် အကျိုးကျေးဇူးများသည် တက္ကသိုလ်အဆင့်သတ်မှတ်ချက်နှင့် များစွာသက်ဆိုင်သည်။ ထူးချွန်သောကျောင်းသားများသည် အဆင့်ပိုမြင့်လေ၊ ပံ့ပိုးကူညီမှုနှင့် အရင်းအမြစ်များ ပိုမိုရရှိမည်ဖြစ်သည်။ အကဲဖြတ်မှုတစ်ခုစီတိုင်းတွင် ကျောင်းသားများကြား ကွာဟချက် ကျယ်ပြန့်လာမည်ဖြစ်သည်။
ကျောင်းသားသစ်များအတွက်၊ ဤသည်မှာ ပထမဆုံးနှစ်ပတ်လည် အကဲဖြတ်စစ်ဆေးမှုဖြစ်သဖြင့် အထူးအရေးကြီးလှသည်။ ဤပထမနှစ်ပတ်လည်အကဲဖြတ်မှုတွင် အဆင့်သတ်မှတ်ချက်အများစုကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ တက္ကသိုလ်တွင်း လေဆိပ်တွင်၊ ချူးယွင်ဖန်းသည် အကဲဖြတ်ခြင်းကို သုံးရက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုတက္ကသိုလ်မှ အကြောင်းကြားစာရရှိထားသောကြောင့် လွန်းပျံယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။
သိုင်းပညာကျောင်းသားတစ်ယောက်အနေဖြင့် ပထမနှစ်ရက်တွင် စာပေပညာဘာသာများပါဝင်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် အတန်းသို့ မကြာခဏ မရောက်သော်လည်း သူ၏ ဓာတ်ပုံမှတ်ဉာဏ်ဖြင့် အမှတ်ပြည့်ရရန်မှာ မခက်ခဲပေ။ ပြည်ထောင်စုတက္ကသိုလ်သည် ကျောင်းသားများအား စံပညာရေးစနစ်တစ်ခုပေးရန် သို့မဟုတ် ၎င်း၏ကျောင်းသားများကို အတန်းမှန်မှန်လာရောက်စေခြင်းအပေါ် အာရုံစိုက်ခြင်း မရှိပေ။ ဤကျောင်းသားအားလုံးသည် သာမန်လူများ၏အမြင်တွင် ထူးချွန်သူများဖြစ်သောကြော ထိုသို့သောလူများအတွက်၊ စံစနစ်သည် ၎င်းတို့ကို နှေးကွေးစေမည်ဖြစ်ရာ၊ လုံးလုံးလျားလျားအသုံးမဝင်ပေ။
လူများစွာက အတန်းမတက်လျှင်ပင် အမှတ်ပြည့်ရနိုင်သည်။ အကယ်၍ တက္ကသိုလ်က၎င်းတို့ကို အတန်းတက်ရန် တွန်းအားပေးခဲ့မည်ဆိုပါက ဤသည်မှာ ထူးချွန်ကျောင်းသားများ၏ အချိန်များကို ဖြုန်းတီးပစ်ရာကျလိမ့်မည်။ အကဲဖြတ်သည့်နောက်ဆုံးနေ့တွင် သိုင်းပညာအကဲဖြတ်ပွဲကို ကျင်းပမည်ဖြစ်သည်။ အခြေခံစာမေးပွဲများအပြင် လာမည့်နှစ်အတွက် အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ရန်အတွက် အဆင့်ပြိုင်ပွဲအသစ်တစ်ခု ကျင်းပမည်ဖြစ်သည်။
နောက်ဆုံးအဆင့်ပြိုင်ပွဲမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြစ်သည်။ ယခုအခါ တက္ကသိုလ်သည် ကတ်များကို ပြန်လည် လဲလှယ်ရန် အခွင့်အရေး ပေးထားသည်။ တစ်ချိန်တည်း၌ပင် အောက်ခြေအဆင့်ရှိ ကျောင်းသားအချို့ကို ဖယ်ထုတ်မည်ဖြစ်သည်။ အခြေခံ စာမေးပွဲများကို မအောင်မြင်ပါက ဖယ်ထုတ်ခံရမည်ဖြစ်သည်။
"ချူးယွင်ဖန်းပြန်လာပြီ"
ချူးယွင်ဖန်းပြန်လာကြောင်း သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နှစ်လကျော် ကြာပြီးနောက် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံး၏ အာရုံစူးစိုက်မှုဖြစ်လာခဲ့သည်။ တာအိုညီလာခံအတွင်း သူ၏သတ်ပစ်မှုသည် လူအများ၏အာရုံစိုက်မှုကို ရခဲ့သည်မှာသေချာသည်။ လွန်ခဲ့သည့် နှစ်လအတွင်း၊ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်တွင် ပြန်လည်မပေါ်စေရန်ဤအကြောင်းပြချက်ကို အသုံးပြုခဲ့သည်။ ယင်းကြောင့် လူအများ၏ စူးစမ်းလိုစိတ်များ အဆက်မပြတ် စုပုံလာစေသည်။ ယခုအချိန်တွင် ပေါက်ကွဲတော့မည်ဖြစ်သည်။
ချူးယွင်ဖန်းပေါ်ထွက်လာမှုနောက်တွင်၊ လွန်ခဲ့သည့်နှစ်လအတွင်း စုပြုံလာခဲ့သည့် လူကြိုက်များမှုနှင့် စူးစမ်းလိုစိတ်များသည် စတင်၍ ပြန်လည်ပေါ်ပေါက်လာသည်။ ဤအရာက သူ၏ လှုပ်ရှားမှုများအပေါ် လူအများအာရုံစိုက်လာစေသည်။
ချူးယွင်ဖန်းသည် အကဲဖြတ်စာမေးပွဲအတွက် ပြင်ဆင်နေသော်လည်း ဤသတင်းသည် တက္ကသိုလ်၏ ခေါင်းစီးဖြစ်နေဆဲပင်ဖြစ်သည်။
“နောက်ဆုံးတော့ သူပြန်လာပြီ။ ဒီနတ်ဆိုးရတနာကြောင့် သူ့အသက်စွမ်းအား ခမ်းခြောက်သွားပြီးတော့ သူဘယ်တော့မှ ပြန်ကောင်းလာမှာမဟုတ်ဘူးလို့ ငါထင်နေတာ”
"ငါတို့တက္ကသိုလ်ရဲ့ ကျောင်းသားတွေကြားထဲမှာ ဒီလိုနတ်ဆိုးတစ်ကောင်ပေါ်လာမယ်လို့ မမျှော်လင့်ထားဘူး”
"ဟာဟားဟား၊ ဒါက တကယ်ကောင်းတဲ့ပွဲဖြစ်မယ်။ ဝမ်ချီက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ရရှိသူလို့ ဝန်ခံခဲ့တာကို ချူးယွင်ဖန်းက မကောင်းတဲ့နည်းနဲ့ခိုးသွားတာပဲ”
"ဂရုမစိုက်ဘူး။ ဘယ်သူသိမှာလဲ ဘာပဲဖြစ်ဖြစ် ရတနာက ချူးယွင်ဖန်းရဲ့လက်ထဲမှာပဲ ရှိတော့တယ်။"
“ပြီးတော့ နတ်စွမ်းအင်အဆင့် မွန်းစတားရဲ့အတွင်းအူတိုင်။ ကျစ်… ကျစ် အဲ့လိုအရာကို အဖိုးဖြတ်လို့မရနိုင်ဘူး။ မှောင်ခိုစျေးကွက်မှာ သူ့ခေါင်းနဲ့ပတ်သက်ပြီး ကြေးဖွင့်ထားတာ အဆက်မပြတ် တိုးလာပြီတဲ့ သူ့ခေါင်းက နှစ်ဘီလီယံကျော်လောက် တန်နေပြီလို့ ပြောတယ်”
“ဒီပမာဏအတွက် စလှုပ်ရှားချင်တဲ့လူတွေအများကြီးရှိတယ်။ ပုံမှန်ဆိုရင် ခေါင်းကို နှစ်ဘီလီယံနဲ့ ကြေးဖွင့်ခံထားရတဲ့လူတွေက မွေးဖွားခြင်းနယ်မြေအဆင့်တွင် ကျွမ်းကျင်သူတွေပဲဖြစ်လိမ့်မယ်။ ဟားဟား ကျန်းလင်းရှောင်မှာတောင် ဒီလောက်ကြီးကျယ်တဲ့ ဆုကြေးတွေ မပေးပါဘူး။”
“ဒါပေမယ့် ဒါက ဒီနောက်မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်ဆိုတာ လူတိုင်းသိပါတယ်။ လူတိုင်းက အဲဒီအတွင်းအူတိုင်နဲ့ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို လိုချင်ကြတာလေ”
ရုတ်တရက် ချူးယွင်ဖန်းအကြောင်း သတင်းမျိုးစုံ ပျံ့နှံ့သွားသည်။ ပြည်ထောင်စုတက္ကသိုလ်ရှိ အင်အားစုအားလုံး၏ အာရုံကို လူတစ်ယောက်က ဆွဲဆောင်သွားခဲ့ရာ၊ သူ့လက်ထဲတွင်ရှိသော ပစ္စည်းများသည် အလွန်ဆွဲဆောင်မှုရှိသောကြောင့် တိုင်းတာ၍မရနိုင်ပေ။
ချူးယွင်ဖန်းသည် ဤမှတ်ချက်များကို မြင်နိုင်သည်။ သူသည်လည်း အင်တာနက်သုံးသူဖြစ်သည့်အလျောက် ကောမန့်များကို ဖတ်နိုင်သည်။ သူ့ကို လူများစွာက ရည်ရွယ်ချက်ကြီးစွာ ကြံစည်နေကြကြောင်း သိသည်။ ချူးယွင်ဖန်း၏ လက်ရှိကျင့်ကြံစဥ်အရ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ နည်းပြအများစုထက်ပင် ပို၍သန်မာသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကသာ သူ့ထက် စွမ်းအားကြီး၏။
ချူးယွင်ဖန်း ပြန်လာရာလမ်းကြောင်းသည် မလွယ်ကူခဲ့ပေ။ သူ့အိမ်သို့ ပြန်သွားရာ လမ်းတစ်ဝက်တွင် လူအယောက်နှစ်ဆယ်ခန့်ရှိသော လူအုပ်တစ်အုပ်၏ တားဆီးခြင်းကို ခံလိုက်ရ၏။
"ဟားဟား၊ နောက်ဆုံးတော့ ပွဲကြီးစတော့မယ်။ တော်တော်များများက ချူးယွင်ဖန်းလက်ထဲရှိတဲ့ ပစ္စည်းတွေကြောင့် စိတ်မထိန်းနိုင်တော့ဘူး”
“ဒါက ကွမ်ဖူအသင်းပဲ ကွမ်ဖူအဖွဲ့က ပထမဆုံးစလှုပ်ရှားလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး”
“ဒါပေမယ့် အံ့သြစရာတော့ မဟုတ်ပါဘူး။ ဂိုဏ်းတော်တော်များများမှာ ကွမ်ဖူအသင်းက အားနည်းဆုံပဲ။ သူတို့က အရင်မလှုပ်ရှားရင် ဝေစုတွေရမှာမဟုတ်ဘူး။ ကွမ်ဖူအသင်းက အသင်းက အညံ့ဆုံးဖြစ်ပေမယ့် သူတို့ရဲ့ခေါင်းဆောင်ကသာ တိုက်ရင် ချူးယွင်ဖန်း ပြဿနာအကြီးကြီးဖြစ်နိုင်ပါတယ်”
"မှန်တယ်။ ကွမ်ဖူအသင်းခေါင်းဆောင်က ဟိုလလောက်က မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်ကို ရောက်ခဲ့တာ။ ကျန်းလင်းရှောင်နဲ့ အခြားသူတွေနဲ့ ရင်ဆိုင်ဖို့မလုံလောက်ပေမယ့် ကျောင်းသားသစ် ချူးယွင်ဖန်းအတွက်တော့ ကိုင်တွယ်ရခက်လိမ့်မယ်”
ချူးယွင်ဖန်းသည် သူ့ရှေ့မှ လူနှစ်ဆယ်ကို လှမ်းကြည့်လိုက်သည်။ ၎င်းတို့ အားလုံးသည် ရင်ဘတ်ပေါ်တွင် ကွမ်ဖူဟူသော စာလုံးဖြင့် အစိမ်းရောင် သိုင်းဝတ်စုံကို ၀တ်ဆင်ထားသည်။ ၎င်းတို့သည် ကွမ်ဖူအသင်း၏ လက်ရွေးစင်များဖြစ်ကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ကို စိုက်ကြည့်၍ တစ်ယောက်စီတိုင်းသည် အနည်းဆုံး သတ္တမအဆင့်၌ ရှိနေသည်ကို သိလိုက်သည်။
၎င်းတို့၏အလယ်တွင် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက် ရပ်နေသည်။ ဤလူငယ်သည် တခြားသူများထက် များစွာပို၍သန်မာသည်။ သူသည် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်၌ရှိနေကာ ဟွမ်ချိုးထက် အဆအနည်းငယ် ပို၍သန်မာသည်။ သူသည် လက်ရွေးစင်များ၏ စစ်မှန်သော လက်ရွေးစင်တစ်ဦးဖြစ်၏။
ဤလူငယ်သည် ပြည်ထောင်စုတက္ကသိုလ်မှ ဆရာများနှင့် နှိုင်းယှဥ်နိုင်၏။ သူသည် တက္ကသိုလ်၏ မွေးဖွားခြင်းနယ်မြေအဆင့် ကျောင်းသားအနည်းငယ်မျှထက်သာ အဆင့်နိမ့်၏။
ဤလူသည် ကွမ်ဖူအသင်း ဥက္ကဋ္ဌ လီကွမ်ဟွာဖြစ်သည်။
သူသည် တက္ကသိုလ်တွင် ကျော်ကြားသော အခြားပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ပြည်ထောင်စုတက္ကသိုလ်၌ အဖွဲ့အစည်းတစ်ခု နိုင်ခြင်းကို ကြည့်လျှင် သာမန်လူတစ်ယောက်မဟုတ်ကြောင်း သိနိုင်၏။
အခန်း(၅၉၄) ကွမ်ဖူအသင်းပျက်ဆီးခြင်း
ဤသို့သောလူမျိုးသည် အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်မည်မှာသေချာသည်။ မူလက မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက်မရှိသော ချန်ရှန်နှင့်မတူဘဲ လီကွမ်ဟွာသည် ပို၍ အစွမ်းထက်သည်။ယခုမူ ချူးယွင်ဖန်း၏လက်ဝယ်ရှိပစ္စည်းများက အဖိုးတန်လွန်းသောကြောင့် ထိုကဲ့သို့သောလူသည် စတင်လှုပ်ရှားခဲ့ရသည်။ လုယူချင်သူအမြောက်အမြားရှိသည်ဖြစ်၍ လီကွမ်ဟွာကသာ ကြိုတင်အကွက်မချပါက သူ့အနေနှင့် အခွင့်အရေးပင်မရနိုင်ပေ။
"ချူးယွင်ဖန်း၊ ငါတို့ဘာလို့ဒီကိုရောက်နေတာလဲ မင်းသိမယ်ထင်တယ်" လီကွမ်ဟွာက ဘာသိဘာသာပြောသည်။
"ဘာလို့လဲ? မင်းငါ့ဆီက လုဖို့ ကြံနေတာလား။ ဒါပေမယ့် မင်းတို့လူလောက်နဲ့ မလောက်မှာစိုးတယ်” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြော၏။
"ချူးယွင်ဖန်း၊ မင်းရဲ့လက်ထဲမှာရှိတဲ့ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားကို လူဘယ်နှစ်ယောက်လောက် ယူဖို့ စီစဉ်ထားလဲဆိုတာ မင်းသိလား။ မင်းရဲ့ လက်ရှိအပြုအမူက ရွှေတုံးကိုင်ပြီး လမ်းလျှောက်နေတဲ့ ကလေးနဲ့မကွာဘူး”
“မင်း သူတို့ကို ဆုံးရှုံးလိမ့်မယ်။ အဲ့တာတွေကို မင်းယူထားဖို့ အခွင့်အရေးမရှိဘူး။ ပြီးတော့ သူတို့ကို အတင်းအဓမ္မ လုယူဖို့ ငါ မစီစဉ်ထားဘူး။ တစ်ဘီလီယံ။ အတွင်းအူတိုင်ကို လွှဲပေးရင် တစ်ဘီလီယံ မင်းအကောင့်ထဲ ချက်ချင်းလွှဲပေးမယ်။ ဒါက မင်းအတွက် အကောင်းဆုံး ရွေးချယ်မှုပဲ”
“တစ်ဘီလီယံ။ ဟားဟားဟား သူတောင်းစားကို လိုက်ဖို့ ကြိုးစားနေတာလား။" ချူးယွင်ဖန်းရယ်မောလိုက်သည်။
အကယ်၍ နတ်စွမ်းအင်အဆင့် မွန်းစတားတစ်ကောင်၏အတွင်းအူတိုင်သည် တစ်ဘီလီယံမျှသာ တန်ဖိုးရှိမည်ဆိုလျှင်၊ သူ၏ နည်းပြဆရာ ကျန်းယွမ်ပင်သည် ၎င်းတို့ကို ဒါဇင်နှင့်ချီ၍ ဝယ်ယူခဲ့ပေလိမ့်မည်။ တကယ်တမ်းတွင် ဤအရာသည် တစ်ဘီလီယံခန့်မျှသော ငွေဖြင့် ဝယ်ယူနိုင်မည့်အရာမဟုတ်ပေ။ သာမန်လူတစ်ဦးအတွက်၊ ၎င်းသည် အလွန်များပြားသောပမာဏဖြစ်သော်လည်း ဤအတွင်းအူတိုင်၏တန်ဖိုးနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးလှသည်။
“တစ်ဘီလီယံခွဲ။ ချူးယွင်ဖန်း၊ သိပ်အများကြီးမတောင်းဆိုပါနဲ့။ ပမာဏ နည်းလွန်းတယ်လို့ ထင်နေတာလား။ ဒါပေမယ့် မင်းအတွက်တော့ ဒါက လွတ်လမ်းပဲ။ မင်းခေါင်းကို မှောင်ခိုစျေးကွက်မှာ ဘယ်လောက်ပေးလဲဆိုတာ မင်းသိလား။ ငါသိသလောက်တော့ မင်းကို လုပ်ကြံသတ်ဖြတ်မယ့်သူတွေ အများကြီးရှိနေပြီ။ လောကတစ်ခွင်ကို ဆန့်ကျင်ချင်နေတာလား”
ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
“မင်းလိုချင်ရင် လိုချင်တယ်ပြော။ မြင့်မြတ်တဲ့ အကြောင်းပြချက်တွေအများကြီးကြွေးကြော်မနေနဲ့။ ဒီနေ့ သရဲတစ္ဆေတွေ နတ်ဆိုးတွေ ဘယ်လောက်တောင် ခုန်ထွက်ကြမလဲဆိုတာ ကြည့်လိုက်ချင်တယ်။ လာသမျှကို ရှင်းပစ်မယ်။ ဒီအကြံကို စွန့်လွှတ်လိုက်ပါ။ အတွင်းအူတိုင်ကို ငါမလွှဲပေးဘူး။ မင်းယူဖို့ မတန်ဘူး"
လီကွမ်ဟွာသက်ပြင်းချလိုက်သည်။
“အခြေအနေက ဒီလိုဖြစ်နေမှတော့ ငါ့ကို အကြင်နာမရှိဘူးဆိုပြီး အပြစ်မပြောနဲ့။ မင်းက လောဘကြီးလွန်းတယ်။ ဒါက မင်း ဆုပ်ကိုင်ထားနိုင်တဲ့ အရာမဟုတ်ဘူး။”
"ဟားဟား ငါလောဘကြီးတယ်ဟုတ်လား။ လောဘကြီးတာ ငါလား မင်းတို့ကောင်တွေလား”
"အတူတူ တိုက်ကြရအောင်။ သူက ညှိလို့ရတဲ့လူမဟုတ်ဘူး။ ငါတို့ အသာစီးရထားပြီး မြန်မြန်လုပ်ရမယ်”
လီကွမ်ဟွာသည် ချူးယွင်ဖန်းကို ဆန့်ကျင်ဝံ့သော လူများကြားတွင် သူ၏ အင်အားကို သိသည်။ သူသည် ၎င်းတို့အနက် အညံ့ဆုံးဖြစ်သည်။အခြားသူများရောက်မလာသေးသောကြောင့်သာ သူ့တွင် အခွင့်အရေးရှိနေခြင်းဖြစ်၏။ ထို့ကြောင့် သူ့တွင် အချိန်မကျန်လှတော့ပေ။
လီကွမ်ဟွာ၏ အမိန့်ကို ခံယူပြီးနောက်၊ ကွမ်ဖူအသင်း၏ ထိပ်တန်းကျွမ်းကျင်သူများအားလုံးသည် ချက်ချင်းပင် ပန်ကာအသွင်ဆောင်ကာ ချူးယွင်ဖန်းကို ဝိုင်းရံခဲ့ကြသည်။ တက္ကသိုလ်မှ ပြစ်ဒဏ်ချမှတ်ခြင်းကို ခံရနိုင်သော်လည်း ကျောခိုင်းရန် ဆန္ဒမရှိပေ။ ချူးယွင်ဖန်းကိုအနိုင်ယူပြီးနောက် ရရှိမည့်အကျိုးကျေးဇူးများနှင့် နှိုင်းယှဉ်ပါက ပြစ်ဒဏ်သည် ဘာမှမဟုတ်ပေ။
"မင်းက သေချင်နေတာပဲ”
ချူးယွင်ဖန်းက သူ့ခြေထောက်ကို မြှောက်၍ ကန်ထုတ်ကာ ရယ်မောလိုက်သည်။ သူ၏ရှည်လျားသောခြေထောက်သည် ဓားကဲ့သို့ လွင့်ထွက်သွားသည်။ ဤသည်မှာ အကြီးအကဲကွမ်အသုံးပြုခဲ့သည့် နတ်နှံကောင်ကန်ချက် ဖြစ်သည်။ ယခု ချူးယွင်ဖန်းက ၎င်းကို ထုတ်သုံးလိုက်ခြင်းဖြစ်၏။ အမှန်မှာ၊ ချူးယွင်ဖန်းသည် သိုင်းကွက်၏ ချီစွမ်းအင် အတိအကျ လည်ပတ်မှုကို မသိသော်လည်း ထိုသိုင်းကို မြင်လိုက်ရသောအခါတွင် ၎င်းကို ချက်ချင်း မှတ်ယူထားခဲ့၏။ သူ၏ ဧကရာဇ်ခန္ဓာကိုယ်၏ ခွန်အားဖြင့် ကန်ချက်၏ အကျိုးသက်ရောက်မှုသည် အနည်းငယ်မျှ အင်အားနည်းနေမည်မဟုတ်ပေ။ ပို၍ပင် သန်မာအားပြင်းလှ၏။
ဘမ်း ဘမ်း ဘမ်း
ကွမ်ဖူအသင်းမှ ကျွမ်းကျင်သူများသည် ချူးယွင်ဖန်းကိုပင် မထိခဲ့ပေ။ ကောင်းကင်ယံ၌ ပြည့်နေသော ချူးယွင်ဖန်း၏ ခြေထောက်အရိပ်များကြောင့် ၎င်းတို့အားလုံး သူ့အနားပင် မကပ်နိုင်ခဲ့ကြပေ။
ဤသည်မှာ တစ်ချက်တည်းသာကန်ခဲ့ခြင်းဖြစ်သည်။
ကွမ်ဖူအသင်းမှ လက်ရွေးစင်အားလုံးကို တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့သည်။ ၎င်းတု့ိအားလုံး၏ ရင်ဘတ်သို့ ကန်ထုတ်လိုက်ခြင်းဖြစ်ကာ မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်း၏ ကန်ချက်က ၎င်းတို့၏ ရင်ဘတ်သို့ ထိမှန်၍ နောက်သို့ လွင့်ကုန်ကြသည်။
အသက်အနည်းငယ်ရှုစာခန့်ကာလတွင် ကွမ်ဖူအသင်း၏ ထိပ်တန်းကျွမ်းကျင်သူ နှစ်ဆယ်ကျော်သည် ၎င်းတို့၏ တိုက်ခိုက်ရေးအင်အား ဆုံးရှုံးသွားခဲ့သည်။ ရင်ဘတ်ကို ဆုပ်ကိုင်ထားလျက် ဒဏ်ရာ ပြင်းထန်စွာ ရသွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
"အဲတာဘာလဲ၊ အဲ့တာ နတ်နှံကောင်ကန်ချက်လား။ မဟုတ်ဘူး နည်းနည်းမတူဘူးထင်တယ်။ ဘုရားရေ ငါ ဒီသိုင်းကွက်ကို မြင်ဖူးတယ်။ အဲ့တာက ဘယ်တုန်းက ဒီလောက်ပြင်းလို့လဲ”
“သူ့ခြေထောက်က နှံကောင်ခြေထောက်နဲ့တူတယ်။ ပြီးပြည့်စုံအဆင့်ကို ရောက်နေပြီပဲ”
"အို တာအိုညီလာခံမှာ သူသတ်တဲ့ ဗီဒီယိုကို ငါမြင်ဖူးပေမယ့် ဒါကအရမ်းမပြင်းလွန်းဘူးလား”
“ တကယ်ပဲ သူက ညီလာခံကထက်တောင် ပိုသန်မာလာတယ်ထင်တယ်။ အဲ့တုန်းက မရီးဒျန်သန့်စင်ခြင်းအဌမအဆင့်မှာပဲရှိသေးတာတဲ့။ အခုတော့ အဲ့အဆင့်မှာရှိတဲ့ ကွမ်ဖူခေါင်းဆောင်တောင် သူ့ကန်ချက်ကြောင့် လဲတော့မယ်”
“ငါက ချူးယွင်ဖန်း ဒီတစ်ခါ အသေအကြေရှုံးတော့မယ်ထင်တာ။ ဒါပေမယ့် ဘယ်သူရှုံးမလဲဆိုတာ မသေချာဘူး”
“မင်းကများ…” လီကွမ်ဟွာက အဖြစ်အပျက်ကို သူ့မျက်လုံးများထွက်ကျလုမတက်ဖြစ်လျက် ကြည့်နေသည်။ ဤသည်မှာ ကွမ်ဖူအသင်းမှ ချူးယွင်ဖန်းကို ရင်ဆိုင်ရန် အထူးလွှတ်လိုက်သည့် လက်ရွေးစင်များဖြစ်သည်။ သူက ၎င်းတို့အားလုံး ချူးယွင်ဖန်း၏ ကန်ချက်ကြောင့် ချက်ချင်းကျရှုံးသွားကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ချူးယွင်ဖန်း ဒီနေ့ မင်းကို ဘယ်သူမှ မကာကွယ်နိုင်ဘူး” လီကွမ်ဟွာက ကြုံဝါးလိုက်သည်။
“မင်းလုပ်ခဲ့တာအတွက် မင်းပြန်ပေးဆပ်ရမယ်”
ဤသို့ပြော၍ လီကွမ်ဟွာက ချူးယွင်ဖန်းဆီသို့ ပျံတက်လာသည်။ သူက ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သော်လည်း ယခုမူသူကိုယ်တိုင်တိုက်ခိုက်ရန် လိုပြီဖြစ်သည်။
“ဟာသပဲ။ ငါ့ကို ကာကွယ်ဖို့ ဘယ်သူမှမလိုဘူး။ မင်းလိုအမှိုက်တစ်စတည်းနဲ့ မလုံလောက်ဘူးကွ”
ချူးယွင်ဖန်းသည် သူ့ထံသို့ ချီတက်လာသော လီကွမ်ဟွာကို လှည့်ပင်မကြည့်ဘဲ ခြေထောက်ကို မြှောက်၍ ကန်ထုတ်ပစ်လိုက်သည်။ သူ၏ ခြေထောက်တစ်ချောင်းလုံးသည် ရှည်လျား၍ ဖြောင့်တန်းနေကာ လေကို ထက်ခြမ်းပိုင်းနိုင်သော ဓားတစ်ချောင်းနှင့်တူသည်။ လီကွမ်ဟွာသည် အမှန်ပင် အလွန်သန်မာလှသဖြင့် ဟွမ်ချိုးထက်ပင် ပို၍ သန်မာ၏။ အကယ်၍ ချူးယွင်ဖန်းသာ အဆင့်မတက်ဘဲ လီကွမ်ဟွာနှင့်တိုက်ခိုက်ပါက ခက်ခဲပေလိမ့်မည်ဖြစ်ကာ အင်အားအများအပြားအသုံးပြု၍ပေလိမ့်မည်။
လီကွမ်ဟွာက တုံ့ပြန်ရန် အချိန်ပင်မရှိပေ။ ချူးယွင်ဖန်း၏ကန်ချက်သည် သူ၏ တိုက်ခိုက်မှုကို ပျောက်ကွယ်သွားစေသည်ဟု သူခံစားမိသည်။ ထို့နောက် ကန်ချက်သည် ရင်ဘက်ထဲသို့ နစ်ဝင်ကာ ထောပတ်ကို ဓားတစ်ချောင်းဖြင့် လှီးသကဲ့သို့ ခုတ်ပိုင်းသွား၏။
ဘမ်း
လီကွမ်ဟွာ လုံးဝရှုံးနိမ့်သွားပြီးနောက် အဝေးသို့လွင့်ထွက်သွားသဖြင့် ကျယ်လောင်စွာအော်လိုက်သည်။
ကွမ်ဖူအသင်းတစ်ဖွဲ့လုံးရှုံးနိမ့်သွား၏။