အခန်း ၄-၆
Vol. 1 Ch. 4-6
အခန်း(၄) -မမျှော်လင့်ထားသောအဆင့်အထိ ရောက်လာသောစွမ်းအား
ကြုံသလို သူ့ရဲ့ကျင့်ကြံရေးနည်းလမ်းကို ခန္ဓာကိုယ်ထဲလှည့်ပတ်လိုက်ရုံဖြင့် သွေးအနှစ်သာရစမ်းသပ်စက်ပေါ်က ပမာဏကမထင်မှတ်ထားတဲ့အဆင့်အထိ ရောက်သွားမည်ဟု ကျိုးဟောင် အိပ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ဖူးပေ။
" ဒါကဘယ်လိုအစုတ်အပြတ်ပစ္စည်းလဲ!" ဟုနှုတ်မှရေရွတ်ရင်း ကျိုးဟောင်တစ်ယောက် ခွန်အားစမ်းသပ်ရေးစက်ဆီ လျှောက်သွားလိုက်သည်။ခုနကအခြေအနေကြောင့် သူအားသိပ်မသုံးရဲဘဲ စက်ကိုထိတယ်ဆိုရုံလေးထိလိုက်သည်။
ဘုန်း
သိုင်းပညာရှင်တစ်ယောက်ရဲ့ အားအပြည့်နဲ့ရိုက်နှက်ချက်ကိုတောင် ခံနိုင်ရည်ရှိတဲ့စမ်းသပ်စက်မှာ ယခုတော့ကွဲကြေသွားသော အသံနှင့်အစိတ်စိတ်အမြွှာမြွှာဖြစ်သွားလေတော့သည်။
ကျိုးဟောင်ကြက်သေသေသွားခဲ့သည်။ သူကျိန်ဆိုကျိန်ရဲပေသည်။ သူဒီနေ့ဒီကိုလာရသည့်အကြောင်းအရင်းမှာ သူ့စွမ်းအားကိုစမ်းသပ်ချင်ရုံသာဖြစ်ပြီး ပစ္စည်းများကိုဖျက်ဆီးဖို့မဟုတ်ပေ။
"ငါတို့ကျောင်းရဲ့လေ့ကျင့်ရေးခန်းမဆောင်ကို တစ်ယောက်ယောက်ကျူးကျော်နေပြီ အချက်ပေးဘဲလ်တီးလိုက်" မြေကြီးပေါ်တွင်လဲနေသော အစောင့်ကိုမြင်သွားသော အစောင့်တစ်ယောက်ဆီက အော်သံနှင့်အတူ ကလင် ကလင် ဟူသော နားကွဲမတတ်ကျယ်လောင်သော အချက်ပေးအသံကထွက်ပေါ်လာခဲ့သည်။
ကျိုးဟောင်မှာ နှစ်ခါတောင်မစဉ်းစားဘဲထွက်ပြေးလေတော့သည်။ ကျိုးဟောင်၏အရှိန်နှုန်းမှာ မြန်လွန်း၍အစောင့်မှာ လေ့ကျင့်ရေးခန်းမထဲဘာဖြစ်သွားသလဲမသိလိုက်မီမှာပင် သူ့အရိပ်ပင်မတွေ့ရတော့ချေ။
သိပ်မကြာခင်မှာပင် ထိုကျောင်းတွင်းကျူးကျော်သူ၏ သတင်းမှာလည်းကျောင်း၏ခေါင်းဆောင်တွေဆီ ရောက်သွားလေတော့သည်။
ညနက်နေပြီဖြစ်သော်လည်း ကျောင်းအုပ် ဒုကျောင်းအုပ်နှင့် ကျောင်းရဲ့ရာထူးမြင့်လူများအားလုံး ကျောင်းသို့အပြေးအလွှားရောက်လာကြသည် ။လေ့ကျင့်ရေးခန်းမဆောင်ရှိ စမ်းသပ်ရေးစက်တွေမှာ သူတို့ကျောင်း၏ပင်မအရင်းအမြစ်ဖြစ်ပေသည်။ အကယ်၍ ထိုအရာတွေသာ ပျက်စီးသွားပါက ကျောင်း၏တစ်ဝက်လောက်က ရှိတော့မည်မဟုတ်ချေ။
"မြန်မြန် ပျောက်နေတဲ့စက်ဘာညာရှိလား စစ်ကြည့်ကြ " ကျောင်းအုပ်ကျန်းက စိုးရိမ်တကြီးနဲ့ အော်ပြောလိုက်သည်။ အကြိမ်ပေါင်းများစွာစစ်ဆေးပြီးသော အစောင့်မှာ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးရပြန်သည်။ သူနှင့်အတူ ဒုကျောင်းအုပ်တောင်မှ လိုက်လံစစ်ဆေးနေလေသည်။
သို့ပေမဲ့ စစ်ဆေးပြီးနောက်မှာတော့ ဒုကျောင်းအုပ်မှာ ကြက်သေသေနေတော့သည်။
ဒုကျောင်းအုပ်ရဲ့တုံ့ပြန်ပုံကိုမြင်လိုက်တဲ့ ကျောင်းအုပ်ကျန်းမှာ သူ့စိတ်ထဲသွေးအနှစ်သာရစမ်းသပ်စက်များ ပျောက်သွားပြီလားလို့တွေးရင်း နှလုံးခုန်နှုန်းတွေပင်မြန်လာတော့သည်။
သူအပြေးကလေး အနားကိုတိုးသွားလိုက်သည်။
သွေးအနှစ်သာရစမ်းသပ်မှုစက် အဆင်ပြေတာတွေ့ရမှသာ စိတ်ချနိုင်တော့သည်။ သို့သော် သူအနားကိုထပ်လျှောက်သွားပြီး သွေးအနှစ်သာရစမ်းသပ်စက်မှာပေါ်နေတဲ့ တန်ဖိုးကို မြင်လိုက်တဲ့အချိန်မှာတော့ သူပါကြက်သေသေသွားတော့သည်။
"အမှတ်၂ထောင်"
စမ်းသပ်စက်ရှိ အမှတ်ပြညွှန်တံက ညာဘက်အစွန်ဆုံးနေရာတွင် ရောက်နေလေသည်။
"ဒါ..ဒါ...."
ကျောင်းအုပ်ကျန်းမှာ အံ့ဩလွန်းလို့စကားတစ်လုံးပင် ထွက်မလာတော့ပေ။ သူတို့လန့်မည်ဆိုလည်း လန့်လောက်စရာပေ။ စင်စစ်အမှတ်၂ထောင်ဆိုသည်မှာ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်၏ အမြင့်ဆုံးစွမ်းအားပမာဏပင်ဖြစ်သည်။ ကျောင်းကအထူးချွန်ဆုံးကျောင်းသူဖြစ်သည့် ရှူလင် စမ်းသပ်တုန်းကတောင် အမှတ်၃၀၀ပဲရတာဖြစ်သည်
"ကျောင်းအုပ် ဒါကိုကြည့်ပါဦး" ဒုကျောင်းအုပ်က ခွန်အားစမ်းသပ်စက်ကို ညွှန်ပြလိုက်သည်။
ကျောင်အုပ်ကျန်းမှာ အပြေးရောက်လာပြီး စမ်းသပ်စက်ပေါ်က အမြင့်ဆုံးတန်ဖိုးကိုစိုက်ကြည့်နေမိသည်။
"၁၃၀၀၀ကီလိုဂရမ်"
အလားတူပင် ဤပမာဏမှာလည်း အဆင့်မြင့်သိုင်းပညာတစ်ယောက်၏ အကန့်အသတ်ပမာဏပင်ဖြစ်လေသည်။ သို့သော် ဤအဓိပ္ပာယ်မှာ တစ်ဖက်လူမှာ အဆင့်မြင့်သိုင်းသမားနီးပါးသာ သန်မာသည်ဆိုသော အဓိပ္ပာယ်မဟုတ်ပေ။ တစ်နည်းဆိုသော် တစ်ချို့လူများကစမ်းသပ်မှုမှာ ၁၀၀ရသည်မှာ သူ၏လုပ်နိုင်စွမ်းက ၁၀၀ပဲရှိတာကြောင့်ဖြစ်သော်လည်း တစ်ချို့လူများအတွက်တော့ စက်ပေါ်ကအမြင့်ဆုံးပမာဏက ၁၀၀ဖြစ်နေ၍သာ ၁၀၀ပဲရခြင်းဖြစ်ပေသည်။
ယခုလိုအခြေအနေတွင် လက်ရှိစက်တွေနှင့်စမ်းသပ်သွားသောထိုလူက သေချာပေါက် ဒုတိယအမျိုးအစားထဲတွင်ပါဝင်တာ သိသာပေသည်။
ကျောင်းအုပ်ကျန်းက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် "အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ယောက်က သူ့စွမ်းအားကိုစမ်းသပ်ချင်လို့ ငါတို့ကျောင်းကို ရောက်လာတာများလား" ဟုပြောလိုက်လေသည်။
သို့သော် သူကိုယ်တိုင်လည်းဒီစကားကိုမယုံကြည်ပေ။
အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်က သူ့စွမ်းအားကိုစမ်းသပ်ချင်ရုံနှင့် ဘာလို့များသူတို့ကျောင်းကိုလာမည်လဲ။ အကယ်၍ သူတို့သာသူတို့စွမ်းအားကို စမ်းသပ်ချင်ပါက သေချာပေါက် သိုင်းလောကအဖွဲ့အစည်း ဒါမှမဟုတ် မြေအောက်မဟာမိတ်အဖွဲ့ရဲ့ကုန်သည်ဆိုင်ကိုသာ သွားမည်ဖြစ်သည်။
"ခေါင်းဆောင်ဝမ် ဒီညဆရာတွေထဲကတစ်ယောက်ယောက်လာသေးလား?" ဒုကျောင်းအုပ်မှာ ဆရာတွေကိုတွေးမိပြီး အလျင်အမြန်ပင်မေးလိုက်လေသည်။
လုံခြုံရေးခေါင်းဆောင်က ခေါင်းခါရင်းတွေဝေစွာဖြင့် "ဆရာတွေတော့မလာဘူး ဒါပေမဲ့ တတိယနှစ်ကကျောင်းသားတစ်ယောက်တော့လာတယ်" ဟုပြန်ဖြေလေသည်။
"တတိယနှစ်ကျောင်းသားတစ်ယောက်"
ကျောင်းအုပ်ကျန်းနှင့်ဒုကျောင်းအုပ်မှာ သံပြိုင်ပင် အံ့အားသင့်စွာပြန်မေးလိုက်သည်။
"ဟုတ်ပါတယ် ကျောင်းဝတ်စုံနဲ့ အမဲရောင်ခေါင်းစွပ်ပါတဲ့အနွေးထည်ဝတ်ထားတဲ့ ကျောင်းသားတစ်ယောက်ပါ" တခြားလုံခြုံရေးတစ်ယောက်က ပြန်ဖြေလေသည်။ ကျောင်းအုပ်ကျန်းမှာစိတ်လှုပ်ရှားသွားပြီး "လုံခြုံရေးရုံးခန်းကိုသွားမယ်" လို့ပြောရင်း ရှေ့ကဦးဆောင်ထွက်သွားလေတော့သည်။ သိပ်မကြာမီပင် ကျောင်းရဲ့အကြီးအကဲတစ်စုသည် လုံခြုံရေးအခန်းထဲသို့ အပြေးအလွှားရောက်ရှိလာကြပြီး စောင့်ကြည့်ကင်မရာများအား ဖွင့်လိုက်လေတော့သည်။
တကယ့်ကို ချူချန်းအထက်တန်းကျောင်း၏ ကျောင်းဝတ်စုံကိုဝတ်ထားသော ကျောင်းသား တစ်ယောက်ဖြစ်ပေသည်။ သို့သော် ကင်မရာရှူထောင့်ကြောင့် ထိုကျောင်းသားရဲ့မျက်နှာကိုတော့ မမြင်ရပေ။ ထို့နောက် လေ့ကျင့်ရေးခန်းမဆောင်၏ စောင့်ကြည့်ရေးကင်မရာများအား အလျင်အမြန်ပင်စစ်ဆေးလေတော့သည်။
လုံခြုံရေးပြောသော အမဲရောင်ခေါင်းစွပ်ပါသောအနွေးထည်ဝတ်ထားသော ထိုကျောင်းသားပင်။
ကျောင်းအုပ်ကျန်းနှင့် ဒုကျောင်းအုပ်မှာ အချင်းချင်းကြည့်လိုက်ကြပြီး သူတို့မျက်နှာပေါ်ကပီတိကို ကိုယ်စီမြင်လိုက်ကြသည်။
သွေးအနှစ်သာရအမှတ် ၂၀၀၀
အင်အားအမှတ် ၁၃၀၀၀
ထိုပမာဏက မည်မျှပင်ဖြစ်ပါစေ ဤအရာသည် အဆင့်မြင့်သိုင်းသမားတစ်ယောက်ရဲ့ ကန့်သတ်ချက်ကိုကိုယ်စားပြုပေသည်။ ကျောင်းအုပ်ကျန်းနှင့်ဒုကျောင်းအုပ်မှာ မြို့ပြင်ကတောထဲမှာနေတဲ့ စီနီယာသိုင်းပညာရှင်တစ်ယောက်က ယခုလိုအဆင့်မျိုးရောက်သည်ဆိုရင်တောင် အံ့ဩမည်မဟုတ်ပေ။
သို့သော်ယခုတွင်မူ ဤအစွမ်းမှာတတိယနှစ်ကျောင်းသားတစ်ယောက်က ပိုင်ဆိုင်ထားသောစွမ်းအားပေ။
ဒီကိစ္စမှာ သူတို့ရဲ့နားလည်နိုင်စွမ်းအားအသစ်ဖြည့်ပေးလိုက်သလိုပေ။
"လောလောဆယ် တိုင်းပြည်ထဲကအခြေစိုက်စခန်း၉ခုရဲ့ အထက်တန်းကျောင်းတွေအားလုံးထဲမှာ အထူးချွန်ဆုံးက ချန်မိသားစုရဲ့မျိုးဆက်ပဲ ၊ပြီးတော့ သူ့စွမ်းအားကလည်း အလယ်အလတ်အဆင့် သိုင်းပညာရှင်အဆင့်ပဲရှိတာ" ဒုကျောင်းအုပ်က တစ်လုံးချင်းပြောလိုက်သည်။
ကျောင်းအုပ်ကျန်းရဲ့မျက်နှာမှာ ပုံမှန်မဟုတ်သော စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။ သူသည်ခဏကြာငြိမ်သက်နေပြီးနောက် ရုတ်တရက်သူ့မျက်လုံးများက တောက်ပလာပြီးရေရွတ်လာသည်က
"ပါရမီရှင်၊ ပြိုင်ဘက်ကင်းပါရမီရှင်”' ဟူသောစကားပင်ဖြစ်သည်။
ထိုစကားအားကြားသော ဒုကျောင်းအုပ်မှာလည်း ခေါင်းညိမ့်ရင်းထပ်ပြောလာသည်မှာ "သူကအထက်တန်းတတိယနှစ်ပဲရှိသေးတယ် အဆင့်မြင့်သိုင်းပညာရှင်အဆင့်ကို ရောက်နေပြီ။ သူက ကမ္ဘာကြီးလွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်က တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ပြောင်းလဲမှုတွေနောက်ပိုင်း မွေးဖွားလာတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ပဲ!!"
"အရေးအကြီးဆုံးက ဒီလိုပြိုင်ဘက်ကင်းပါရမီရှင်က ကျွန်တော်တို့ချုမြို့အထက်တန်းကျောင်းကလူဖြစ်နေတာပဲ" ဟူသောစကားပင်ဖြစ်သည်။
ကျောင်းအုပ်ကျန်း၏ပုံစံမှာ မျောက်လက်ထဲသေနတ်အပ်လိုက်သည့်ပမာပင်။ ဒုကျောင်းအုပ်၏ ချူချန်းအထက်တန်းကျောင်းက ဟူသောစကားကို ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားလွန်းလို့တုန်ယင်လာလေသည်။
သူကျောင်းအုပ်လုပ်လာတာ ဆယ်စုနှစ်နဲ့ချီကြာနေပြီဆိုသော်လည်း ယခုလိုရုတ်တရက်ဆန်သောဖြစ်ရပ်မျိုး တစ်ခါမှမကြုံဖူးပေ။သူပင်စင်ယူခါအနီးအချိန်တွင် ကျောင်း၌ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ပေါ်လာခဲ့သည်။ သူဘယ်လိုစိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်လဲ။
"ကျောင်းအုပ် အခုအရေးကြီးဆုံးက ကျွန်တော်တို့ကျောင်းက ဒီပါရမီရှင်ကျောင်းသားကိုရှာပြီး ဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ စဉ်းစားဖို့ပါပဲ" ကျောင်းအုပ်ထက်တည်ငြိမ်တဲ့ဒုကျောင်းအုပ်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။
ထိုစကားကြားလိုက်သည်နှင့်တစ်ပြိုင်နက် ကျောင်းအုပ်မှာတဖြည်းဖြည်းချင်း စိတ်တည်ငြိမ်လာလေသည်။
မည်သို့ပင်ဖြစ်စေ စောင့်ကြည့်ရေးကင်မရာတွေက ထိုကျောင်းသားရဲ့မျက်နှာကို မရိုက်ယူနိုင်ခဲ့ပေ။
ထို့အပြင် ကျောင်းတွင်ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ထွက်ပေါ်လာခြင်းက အလွန်ကြီးမားသော ကိစ္စဖြစ်သည့်အလျောက် ဒီကိစ္စကိုမည်သို့မည်ပုံကိုင်တွယ်မည်ကိုလည်း အသေအချာစဉ်းစားရမည်ဖြစ်သည်။
အလေးအနက်တွေးတောပြီးနောက် ကျောင်းအုပ်ကျန်းက ကျောင်းလုံခြုံရေးနှင့် တခြားအကြီးအကဲများကိုလှည့်ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် "ဒီညဖြစ်ခဲ့တဲ့ကိစ္စကို ဘယ်သူမှလျှောက်ပြောခွင့်မရှိဘူး။ အဲဒီပါရမီရှင်ကျောင်းသားကိုရှာတွေ့မှ ဒီကိစ္စကိုကြေညာမယ်" ဟုပြောလိုက်လေသည်။
အခြားအကြီးအကဲများနှင့်လုံခြုံရေးများမှာ ခေါင်းညိမ့်ပြကြသော်လည်း အားလုံးသေချာသိပြီးသားပင်.....
ဒီလိုကိစ္စကြီးကို မည်ကဲ့သို့ဖုံးကွယ်ထားနိုင်ပါမည်နည်း။
အခန်း(၄) ပြီးပါပြီ.........
အခန်း(၅) - ဒီတော့ ငါကပြိုင်ဘက်ကင်းပါရမီရှင်ပဲ
နောက်တစ်နေ့တွင် ချူမြို့အထက်တန်းကျောင်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေလေသည်။
"ဘာ ငါတို့ချူမြို့အထက်တန်းကျောင်းမှာ ပြိုင်ဘက်ကင်းပါရမီရှင်ရှိနေတယ်တဲ့လား "
"မဖြစ်နိုင်တာ ငါတို့ချူမြို့အထက်တန်းကျောင်းက မြို့ထဲမှာဘိတ်ချေးအဆင့်သတ်မှတ်ခံထားရတာ ၅နှစ်၆နှစ်လောက်ရှိနေပြီ ဘယ်လိုဖြစ်ပြီးရုတ်တရက်ကြီး ပါရမီရှင်ပေါ်လာနိုင်မှာလဲ"
"မင်းငါ့ကိုမယုံဘူးလား လေ့ကျင့်ရေးခန်းမဆောင်ရဲ့ဝင်ပေါက်ကို ပိတ်ထားတာမင်းသတိမထားမိဘူလား တစ်ချို့ဆို သွေးအနှစ်သာရစမ်းသပ်စက်နဲ့ ခွန်အားစမ်းသပ်စက်ပေါ်က နံပါတ်တွေကို သူတို့မျက်လုံးနဲ့ ကိုယ်တိုင်မြင်လိုက်ရတာ"
"သွေးအနှစ်သာရအမှတ်က၂ထောင် ခွန်အားပမာဏအမှတ်က ၁၃၀၀၀ကီလိုဂရမ် လုံးဝမဖြစ်နိုင်တာကြီး"
ကျိုးဟောင်အတန်းထဲဝင်ဝင်ချင်း ဒီစကားများအားကြားလိုက်ရပြီးနောက်သူမှင်သက်သွားမိသည်။
"ဘာပြိုင်ဘက်ကင်းပါရမီရှင်လဲ မနေ့ညကငါလုပ်ခဲ့တဲ့ကိစ္စကြောင့်များလား?" ထိုအကြောင်းအရာကိုတွေး မိပြီး သူအလျင်အမြန်ပဲ ရှေ့ကိုထွက်ပြီးရှင်းပြဖို့လုပ်လိုက်သည်။မနေ့ညက သူကျောင်းကအကောင်းဆုံးစက်နှစ်ခုကို မတော်တဆဖျက်ဆီးခဲ့မိသည်။ သူအိမ်ပြန်ရောက်တဲ့အချိန်တွင် စိတ်မအေး၍ ကောင်းကောင်းပင် အိပ်မပျော်ခဲ့ပေ။
ကျိုးဟောင်ကိုမြင်တဲ့ အတန်းဖော်တွေက နှုတ်ခမ်းကိုလျှာနဲ့သပ်ရင်းပြောလာသည်။
"မင်းမသိလောက်သေးဘူး မနေ့ညကငါတို့ကျောင်းမှာကိစ္စအကြီးကြီးဖြစ်သွားတယ်"
"ဘာကိစ္စလဲ " ကျိုးဟောင်ကပြန်မေးလိုက်သည်။
"ကျောင်းသားတစ်ယောက်က မနေ့ညကစွမ်းအားစမ်းသပ်ဖို့ လေ့ကျင့်ရေးခန်းမဆောင်ထဲခိုးဝင်လာတယ်တဲ့ သူစမ်းသပ်သွားတဲ့အမှတ်တွေက အဆင့်မြင့်သိုင်းသမားတစ်ယောက်ရဲ့ ကန့်သတ်ချက်အထိ တောင်ရောက်တယ်တဲ့ မမိုက်ဘူးလား" ထိုအတန်းဖော်ပြောတဲ့ပြိုင်ဘက်ကင်းပါရမီရှင်မှာမိမိဖြစ်နေ၍ သူပိုပြောလေကျိုးဟောင်ပို၍စိတ်လှုပ်ရှားလာလေပင်ဖြစ်သည်။
"ဪ အဲဒီလိုကိုး"
အတန်းဖော်တွေ လက်ရှိပြောနေသော ပြိုင်ဘက်ကင်းပါရမီရှင်မှာ မိမိမှလွဲ၍တခြားလူမဖြစ်နိုင်မှန်း ကျိုးဟောင်သေချာသွားလေသည်။သို့သော်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သူကျောင်းကိုဆက်ပြီး မစုံစမ်းစေချင်တော့ပေ။
မည်သို့ပင်ဖြစ်စေ ဤစျေးကြီးသောစမ်းသပ်ရေးစက်နှစ်ခုရဲ့တန်ဖိုးကို သူမလျော်နိုင်ပေ။
"ဒါကမဟုတ်တဲ့သတင်းလည်းဖြစ်နိုင်တာပဲ ငါတို့ကျောင်းကအတော်ဆုံးကျောင်းသူက ရှူလင်လေပြီးတော့သူက သွေးအနှစ်သာရတတိယအဆင့်ပဲရှိသေးတာကို " သူခေါင်းခါရင်းပြောလိုက်သည်။
ကျောင်းသူတစ်ယောက်က သူ့အားအထင်သေးသလိုပုံစံဖြင့်ကြည့်ရင်း "ကျိုးဟောင် နင်ဘာသိလို့လဲ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ရဲ့စွမ်းအားကို နင်စိတ်ကူးကြည့်လို့ရလို့လား"
ကျန်သောအတန်းဖော်တစ်သိုက်မှာလည်း ဝင်ပြောလာလေသည် "ဟုတ်တယ် နွေဦးပိုးမွှားတစ်ကောင်က ရေခဲအကြောင်းမပြောနိုင်သလို ပြိုင်ဘက်ကင်းပါရမီရှင်တွေရဲ့လောကက မင်းနားလည်နိုင်တဲ့အရာမဟုတ်ဘူး ကျိုးဟောင်မင်းအနည်းဆုံး သွေးအနှစ်သာရရဲ့ပထမအဆင့်ဖြစ်ဖြစ်ရောက်အောင် ဘယ်လိုလုပ်ရမလဲသာ စဉ်းစားနေစမ်းပါ"
သူတို့စကားများကိုကြားလိုက်ရတဲ့ ကျိုးဟောင်မှာပြောစရာစကားတောင်မရှိတော့သလိုခံစားလိုက်ရသည်။
သူဒီဘာမှနားမလည်တဲ့ အတန်းဖော်တစ်သိုက်နဲ့ အဓိပ္ပာယ်မရှိတာတွေဆက်ပြီးပြောမနေချင်တော့ပေ။
သူစာသင်ခန်းကို တစ်ချက်ဝေ့ကြည့်ပြီးကျန်းယိကိုမတွေ့သည့်နောက် မျက်မှောင်ကြုတ်သွားမိသည်။ ပုံမှန်အားဖြင့် ကျန်းယိက အရင်ရောက်နေကျလူဖြစ်သည်။
"ကျန်းယိရော" သူကျန်းယိနဲ့ရင်းနှီးတဲ့အတန်းဖော်တစ်ယောက်အားမေးလိုက်သည်။
"ဪ ကျန်းယိလား သူထမင်းစားဆောင်ကစားသောက်ဆိုင်မှာ အလုပ်လုပ်နေမယ်ထင်တယ်" သူ့အမေးကိုထိုအတန်းဖော်ကပြန်ဖြေသည်။
ကျိုးဟောက်စိတ်ထဲ ချက်ချင်းပင်အပြစ်ရှိသလိုခံစားလိုက်ရသည်။ သူမနေ့ကကျန်းယိဆီက ပိုက်ဆံ၁ထောင်ချေးခဲ့ခြင်းက သူ့အား ထမင်းစားဆောင်မှာ မနက်အစောကြီးအလုပ်လုပ်ရအောင် ဒုက္ခပေးလိုက်မိသလိုဖြစ်သွားသည်။
ထိုအတန်းဖော်ဆီက စကားကြားပြီးနောက် သူအမြန်ပဲအတန်းထဲကထွက်ပြီး ထမင်းစားဆောင်ကို ပြေးသွားလေတော့သည်။သူရောက်တဲ့အချိန်တွင် ထမင်းစားဆောင်မှာ လူရှင်းနေပေပြီ။
ကျိုးဟောင်လှည့်ပတ်ကြည့်လိုက်တော့ ထောင့်တစ်နေရာမှာထိုင်ပြီး ပေါက်စီနဲ့အသီးအရွက်ချဥ်စားနေတဲ့ ကျန်းယိကိုမြင်လိုက်ရသည်။ သူစားနေသောပေါက်စီမှာ ညစ်ပတ်နေပြီးတခြားတစ်ယောက်ကျန်ခဲ့တဲ့ဟာဖြစ်နိုင်သည်။
သူအနားကိုလျှောက်သွားရင်း "ကျန်းယိ" ဟုညင်သာစွာခေါ်လိုက်သည်။
ကျန်းယိကမော့ကြည့်လာပြီးသူ့ကိုမြင်တော့ ပြုံးပြလာကာ "မင်း ဘာလို့ဒီရောက်လာတာလဲ" ဟုမေးလေသည်။
ကျိုးဟောင် ကျန်းယိစားနေတာကိုမြင်ပြီးနောက် မနေနိုင်ဘဲထုတ်မေးလိုက်မိသည်။
"မင်း ဒါပဲစားနေတာလား"
"အသားကျနေပါပြီ ဘာမှမဖြစ်ဘူး" ကျန်းယိကပြုံးရင်းပြန်ဖြေသည်။
"ခဏလေး ငါစားလို့ပြီးတော့မှာ" ကျန်းယိကပြောရင်း စားနေသောပေါက်စီအား အတင်းမျိုချနေသည်။
"တောင်းပန်ပါတယ် ငါ့အမှားပါ ငါမင်းဆီကပိုက်ဆံမချေးခဲ့သင်ဘူး" ကျိုးဟောင်က သူ့လုပ်ရပ်ကိုနောင်တရစွာပြောလိုက်သည်။
ထိုအခါ ကျန်းယိမှာအလျင်အမြန်ပင် "မင်းဘာတွေပြောနေတာလဲ ငါတို့ကအတန်းဖော်တွေပဲကို မင်းဒုက္ခရောက်ရင် ငါကူညီရမှာပေါ့"
ကျိုးဟောင်ဆက်ပြောတော့မည်ကိုသိလိုက်သည်နှင့် ကျန်းယိကစကားလမ်းကြောင်းလွှဲလိုက်သည်။
"ဒါနဲ့ မနေ့ညကငါတို့ကျောင်းမှာပေါ်လာတဲ့ ပါရမီရှင်အကြောင်း မင်းကြားပြီးပြီလား?"
"လူအတော်များများဒီကိစ္စပဲပြောနေကြတယ် ငါတို့အတန်းကလူတွေတောင် ဒီအကြောင်းပဲပြောနေကြတာ"
လက်ရှိအချိန်တွင် သူကအသံတိုတိုးဖြင့် "မနေ့ညကဖြစ်ခဲ့တဲ့ကိစ္စက တကယ်အမှန်ဖြစ်လောက်တယ် ငါဒီနေ့ကျောင်းကခိုင်းလို့သန်ရှင်းရေးလုပ်ရင်း အဲဒီစက်နှစ်ခုပေါ်က ဂဏန်းတွေကို ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့ရတာ "
"အရမ်းအံ့ဩစရာကောင်းတာပဲ ငါသာအဲဒီလူရဲ့ဆယ်ပုံတစ်ပုံလောက်သာရောက်ရင်တောင် ငါ့အိပ်မက်ထဲကနေရယ်ရင်း နိုးလာမှာ"
ကျိုးဟောင်ကကျန်းယိရဲ့ အားကျနေတဲ့မျက်နှာကိုကြည့်ရင်း ကျန်းယိ ငါ့ကိုယုံ မင်းတစ်နေ့အဲဒီလိုဖြစ်လာမှာ ဟုအခိုင်အမာပြောလိုက်သည်။
"မျှော်လင့်ရတာပဲ"
ကျန်းယိကပြီးစလွယ်ဖြေလိုက်သည်။ ကျန်းယိရဲ့မိသားစုက ကျိူးဟောင်ထက်ပိုနွမ်းပါးသည့်အပြင် အငယ်တန်းအထက်တန်းကျောင်းတက်နေသော ညီမလေးတစ်ယောက်လည်းရှိသေးသည်။ ကျန်းယိအတွက် သူ့မိသားစုကထောက်ပံ့ပေးနိုင်သည့်ပမာဏမှာ အလွန်အမင်းကိုနည်းပါးသည်။
မျက်စိတစ်မှိတ်အတွင်း တစ်နေ့တာကကုန်ဆုံးသွားပေပြီ။
ချူမြို့အထက်တန်းကျောင်းမှာ ပါရမီရှင်တစ်ယောက်ရှိနေသည်ဆိုတဲ့သတင်းက မုန်တိုင်းတစ်ခုပမာတစ်မြို့လုံးကို ပျံ့နှံ့သွားပေပြီ။ တီဗီထဲမှာသာမြင်ရသည့် နာမည်ကြီးပုဂ္ဂိုလ်တွေတောင် ချူမြို့အထက်တန်းကျောင်းကို လာလည်နေကြသည်။
သို့သော် ဒီကိစ္စတွေသည်ကျိုးဟောင်နှင့်မသက်ဆိုင်ပေ။
သူကတော့ပိုက်ဆံဘယ်လိုမြန်မြန်ရမလဲဆိုတာသာ တွေးနေမိသည်။ သူကျန်းယိဆီကချေးထားတဲ့ပိုက်ဆံကို အမြန်ပြန်ပေးချင်ပြီး သူ့မိသားစုကိုလည်းထောက်ပံ့ချင်သည်။ ထို့အပြင် သူလျှို့ဝှက်သေတ္တာလည်း ထပ်ဝယ်ချင်သေးသည်။
ကျောင်းအုပ်ရုံးခန်းတွင်....
မြို့ထဲက အရေးကြီးဧည့်သည်အတော်များများကို ဧည့်ခံပြီးနောက် ကျောင်းအုပ်ကျန်းနှင့် ဒုကျောင်းအုပ်တို့မှာ အတော်လေးပင်ပန်းနေပြီဖြစ်ရာ သူတို့ရဲ့ဂုဏ်ကိုတောင်မငဲ့နိုင်တော့ဘဲ ခုံပေါ်မှာပစ်စလတ်ခတ်ထိုင်နေကြသည်။
ဒုကျောင်းအုပ်သည် ရေနွေးပူနှစ်ခွက်ပြင်ပြီး စားပွဲပေါ်တင်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ပြီး " ကျောင်းအုပ်ကျန်း ကြည့်ရတာဌာနချုပ်ကခေါင်းဆောင်တွေက ကျွန်တော်တို့ကျောင်းမှာ ပါရမီရှင်ပေါ်လာတယ်ဆိုတဲ့ကိစ္စကို မယုံကြဘူးထင်တယ် မြို့အုပ်ချုပ်သူရဲ့သဘောထားကိုလည်း ခန့်မှန်းရခက်တော့ ကြည့်ရတာဒီအခွင့်အရေးကို အသုံးချပြီးလိုအပ်တဲ့အရင်းအမြစ်ပစ္စည်းတွေ တောင်းဆိုဖို့က ခက်မယ်ထင်တယ်"
ကျောင်းအုပ်ကျန်းက စိတ်ထဲမထားဘဲပြန်ဖြေလိုက်သည်။ " ဌာနချုပ်ကခေါင်းဆောင်တွေနဲ့ မြို့အုပ်ချုပ်သူက သတိထားကြတာ နားလည်ပေးလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒါကကိစ္စကြီးပဲကို သူတို့ဘက်ကအမှားလုပ်လို့မရဘူးလေ ထပ်ပြောရရင် ဒီပါရမီရှင်ကို လူကိုယ်တိုင်မတွေ့ရဘဲနဲ့ ဘယ်လိုလုပ်ဒီလောက်အလွယ်တကူယုံနိုင်ကြပါ့မလဲ သေချာပေါက် ယုံမှာမဟုတ်ဘူးပေါ့"
ကျောင်းအုပ်ရဲ့အပြောကို ဒုကျောင်းအုပ်က ခေါင်းညိမ့်ရင်းထောက်ခံလိုက်သည်။
ကျောင်းအုပ်စကားကအမှန်ပင် ဤကိစ္စမှာ အမှန်တကယ်ကို မဖြစ်နိုင်သောကိစ္စဖြစ်ပေသည်။
သူတို့၏ ချူမြို့အထက်တန်းကျောင်းမှာ မြို့ထဲတွင်ဘိတ်ချေးအဆင့်အဖြစ် သတ်မှတ်ခံထားရသည်မှာ နှစ်ချီနေပေပြီ။ ဒီလိုကျောင်းကနေရုတ်တရက်ကြီး ပါရမီရှင်တစ်ယောက်ပေါ်လာသည်ဆိုသောစကားမှာ ကြားရသူတိုင်းအဖို့ ဒီကျောင်းကခေါင်းဆောင်များက လိမ်ပြောနေသည်ဟုသာ ထင်ကြမည်ဖြစ်သည်။
ယေဘုယျကျကျပြောရလျှင် သူတို့၏ဒီလိုလိမ်လည်ပြီးအကွက်ရွှေ့ခြင်းက မြို့တော်ကနေအရင်းအမြစ်တွေပိုပြီးရရှိနိုင်ပေသည်။
"အခုဘယ်လိုလုပ်ကြမလဲ" ဒုကျောင်းအုပ်ကမေးလိုက်သည်။
ကျောင်းအုပ်ကျန်းက ရေနွေးတစ်ကျိုက်သောက်လိုက်ပြီး မြေခွေးတစ်ကောင်လိုအပြုံးမျိုးဖြင့်ပြုံးလိုက်ပြီးနောက်ပြောလ်ိုက်သည်။ " ဒါကလွယ်ပါတယ် အဲဒီပါရမီရှင်ကို တွေ့အောင်ရှာရမှာပေါ့".....
အခန်း(၅) ပြီးပါပြီ........
အခန်း(၆)- ကြွယ်၀ ချမ်းသာစေမည့် ဆုလာဘ်
"ဘယ်လိုတောင်လဲ" ဟု ဒုကျောင်းအုပ်က စိတ်ထဲမှ ရေရွတ်မိသည်။
တတိယနှစ် တွင် အခန်းပေါင်း(၂၀)ကျော်နှင့် လေ့ကျင့်သူကျောင်းသား တစ်ထောင်ကျော်ရှိလေ
သည်။ ထို တတိယနှစ်ထဲရှိ ကျောင်းသားအားလုံးထဲမှ ပြိုင်ဘက်ကင်းပါရမီရှင်ကိုရှာရသည်မှ ကောက်ရိုးပုံထဲက အပ်ရှာရသကဲ့သို့ မလွယ်ကူပေ။ ဒါ့အပြင် မနေ့ညက စစ်ဆေးကြည့်ရှူခဲ့သည့် ဗီဒီယိုဖိုင် အရ ထိုပြိုင်ဘက်ကင်းပါရမီရှင် ကျောင်းသားဟာ သူ့အထောက်အထားအမှန် မပေါ်အောင် ကင်မရာများကို ရှောင်ရှားခဲ့ကြောင်း ပေါ်လွင်နေလေသည်။ ဒုကျောင်းအုပ်လည်း ထိုအချက်ကို စိတ်ပူနေခဲ့
သည်။
ကျောင်းအုပ်ကျန်းက မတ်တတ်ထရပ်ပြီး အပြင်ဘက်ရှိ ကျောင်းသားများကို ကြည့်ရန်
ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက “ငါ တတိယနှစ်တွေ အတွက် ပြိုင်ပွဲ တစ်ခု ကျင်းပဖို့ စီစဉ်ထားတယ်။ သွေးအနှစ်သာရ ပထမအဆင့်နဲ့ အထက်ရှိတဲ့ ဘယ်ကျောင်းသားမဆို စာရင်းသွင်းပြီး ပါဝင်လို့ရတယ်။ ထိပ်တန်းဆုရရှိတဲ့လူ ဆယ်ဦးကို ကြီးကြီးမားမား ဆုချီးမြှင့်မယ်" ဟု ပြောလေ
သည်။ဒုကျောင်းအုပ်က ခေါင်းခါပြီး “အဲဒီလူက သူ့ကိုယ်သူ မဖော်ထုတ်ချင်လို့ ဝင်ပြိုင်ဖို့ စာရင်း
သွင်းမှာ မဟုတ်ဘူး” ဟု ပြန်ပြောလိုက်သည်။
"အရင်ကလည်း ဒီလို စွမ်းအား စမ်းသပ်မှုပြိုင်ပွဲတွေ ကျင်းပပေးခဲ့ပေမဲ့ အဲဒီကျောင်းသားရဲ့အရိပ်အယောင်တောင် ပေါ်မလာခဲ့ဘူး"
ဒုကျောင်းအုပ်မှထပ်ပြောလေသည်။ ကျောင်းအုပ်ကြီးက တစ်ချက်
ပြုံးလိုက်ပြီး " ဒီတခါတော့ အရင်လို မဟုတ်တော့ဘူးလေ။ အနိုင်ရရှိတဲ့ ကျောင်းသား ၁၀ ယောက်ကို အနည်းဆုံး ယွမ်၁သိန်း ဆုချီးမြှင့်မှာ" ဟုပြန်ပြောလေသည်။
"ဘယ်လို.... ယွမ် ၁သိန်း ဟုတ်လား!!" ဟုဆိုကာ ဒုကျောင်းအုပ်လည်း တုန်လှုပ်သွားသည်။ ပြီးခဲ့သော ပြိုင်ပွဲတွေတုန်းက ပထမရရှိသူ တောင် ဆုကြေးအဖြစ် ယွမ် ၁သောင်း သာ ရရှိလေသည်။ အခုတော့ ဒဿမ ဆု
အတွက်တောင် ဆုကြေး ၁သိန်း ရရှိနိုင်မှာ ဖြစ်လေသည်။
ဒါ အရမ်းအရဲစွန့်လွန်းတဲ့ အကွက်ရွေ့မှု တစ်ခုပဲ!!!
ကျောင်းအုပ်ကြီးက ခပ်ဆဆ ပြုံးလိုက်ပြီး "ဒီပြိုင်ဘက်ကင်းပါရမီရှင်ကျောင်းသားလည်း ဆုကြေး
အပေါ် စိတ်၀င်စားမှုရှိရင် သူလည်း ဒီတစ်ကြိမ်တော့ ဝင်ပြိုင်မှာပဲ" ဟု ပြောလေသည်။
"ကျောင်းအုပ်ရဲ့အမြော်အမြင်ကတော့ တကယ့်ကိုကြီးလှပါပေတယ်"
ဒုကျောင်းအုပ်လည်း သဘောပေါက်သွားပြီးမြှောက်ပင့်ပြောဆိုလိုက်သည်။ ကျောင်းအုပ်ကြီး လည်း သဘောကျလျက် ရယ်မောနေလေသည်။အနည်းဆုံး ဆုကြေး ယွမ် ၁သိန်း.... ဒါနဲ့ ပြိုင်ဘက်ကင်းပါရမီရှင်ကျောင်းသားအား ဆွဲဆောင်နိုင်လိမ့်မည်လို့တော့ သူမယုံကြည်သေးပေ။
အတန်းခေါင်းဆောင်တို့၏ လှုံ့ဆော်ကြေငြာချက်ကြောင့် စွမ်းအား စမ်းသပ်မှု ပြိုင်ပွဲသတင်းသည်
တတိယနှစ်တန်းခွဲ၏ အတန်းတိုင်းသို့ တောမီးပမာ ပျံနှံ့သွားလေသည်။ အတန်း ၂၃ တန်းလုံးလည်း အုံ
အုံကြွကြွဖြစ်သွားကြလေသည်။
"ဘုရားရေ!! ဒီပြိုင်ပွဲအတွက် ဆုကြေးတွေက အရမ်းများလွန်းတာပဲ။ ပထမဆု အတွက် ယွမ် ၃ သိန်း၊
ဒုတိယ ကနေ ပဉ္စမ အထိ ယွမ် ၂သိန်း နဲ့ ဆဌမ ကနေ ဒသမ အထိက ယွမ် ၁သိန်း ချီးမြှင့်မှာပဲ။ ဒါ လုံး၀ မကြုံစဖူးပဲ"
"ကျောင်းကလူတွေရူးသွားတာလား ဒါမှမဟုတ် လေ့ကျင့်ရေးပစ္စည်းတွေများ ရောင်းလိုက်သလား"
"မဟုတ်ဘူး ငါလည်း ၀င်ပြိုင်ချင်တယ်။တကယ်လို့ ငါသာ ထိပ်တန်း ၁၀ယောက်ထဲ ပါခဲ့ရင်....."
"မင်းလား လာစမ်းပါ။ ငါတို့ ဒီအတိုင်းပွဲကြည့် ပရိတ်သတ်ပဲလုပ်ရအောင်ကွာ".....
တတိယနှစ် ကျောင်းသား အားလုံးနီးပါး သည် အတန်းတက်ရန် စိတ်မ၀င်စားတော့ပါ။ အားလုံးက
ပြိုင်ပွဲအကြောင်းသာ ပြောနေကြလေသည်။ အနိမ့်ဆုံးဆုငွေ ယွမ် ၁သိန်း သည် ကျောင်းသားတိုင်းကို
စိတ်လှုပ်ရှားမှု ဖြစ်ပေါ်စေသည်။ တကယ်တော့ မြို့ထဲမှာ ယွမ်ငွေ ၁သိန်း ဟာ သာမန်မိသားစုအတွက်
တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် နေထိုင်ဖို့လုံလောက်တဲ့ပမာဏဖြစ်သည်။
၁၂ တန်း အတန်း (၄ )တွင်လည်း အလားတူပင် ကျောင်းသား အများစုသည် ပြင်းပြင်းထန်ထန်
ဆွေးနွေးနေကြလေသည်။ ထိုအထဲတွင် ရှုလင်ကဲ့သို့သော ထူးချွန် ကျောင်းသူတစ်ဦးပင် ပါဝင်
ဆွေးနွေးခဲ့လေသည်။
"ရှုလင် ဒီတစ်ခါ နင် ပထမ သာ ရသွားခဲ့ရင်တော့ ယွမ် ၃သိန်းရမှာ။ ငါတော့ မနာလိုဖြစ်မိတော့မှာ
ပဲ" ဟု ရှုလင်ဘေးမှ ခပ်၀၀ကောင်မလေးက ပြောလေသည်။
ရှုလင်ကခေါင်းကို ခပ်မြန်မြန် ခါလိုက်ပြီး " မနေ့ညက လို အရမ်းတော်တဲ့ ပါရမီရှင်သာ ၀င်ပြိုင်ခဲ့ရင်
ငါတော့ ပထမ ဘယ် ရနိုင်ပါ့မလဲ" ဟု ပြန်ပြောလိုက်သည်။
"မှန်တာပေါ့"
ခပ်၀၀ ကောင်မလေးလည်း နားလည်သွားပြီး ဒီတစ်ခေါက် ပြိုင်ပွဲ က အဲဲဒီ ပါရမီရှင်အတွက် အထူးစီစဉ်ထားပုံရတယ်ဟု စဉ်းစားကာ ပြန်ပြောလိုက်လေသည်။
"အဲ့သဘောပဲပေါ့" ဟုရှုလင် ခေါင်းညိမ့်သဘောတူလိုက်သည်။ “ပထမနေရာကို မရရင်
ဒုတိယနေရာကတော့နင့်အတွက် သေချာပါတယ်။ အနည်းဆုံး ယွမ် ၂သိန်းတော့ ရနိုင်ပါတယ်” ဟု
ခပ်၀၀ကောင်မလေးက အပြုံးဖြင့် ပြောလေသည်။
" ငါ ဒုတိယနေရာကို ရနိုင်ဖို့တော့မျှော်လင့်ပါတယ်။ဒါပေမဲ့ ဒီတစ်ခေါက် ပြိုင်ပွဲကတော့ အရင်ကထက်ပို
ပြင်းထန်လိမ့်မယ်" ရှုလင် ကပြုံးရင်း ပြန်ပြောသည်။ ယွမ် ၂သိန်းသည် ရှုလင် လို မိသားစု နောက်ခံ ကောင်းသူကို တောင် ဆွဲဆောင်နိုင်ခဲ့လေသည်။ ကျိုးဟောင် လည်း ရှုလင်နဲ့ သူ့အတန်း
ဖော် ပြောနေတာကို ကြားပြီး စိတ်တွေလှုပ်ရှားသွားလေသည်။
တကယ်တော့ ဒီသတင်းကို သူကြားလိုက်တာနဲ့ ကျောင်းရဲ့ခေါင်းဆောင်တွေက သူ့အတွက်ပဲ ဒီပြိုင်ပွဲ
ကို အထူးတလည် စီစဉ်ပေးခဲ့ခြင်းဖြစ်နိုင်သည်ဟု မှန်းဆမိခဲ့သည်။ ပထမဆုအတွက် ချီးမြှင့်ငွေမှာ
ယွမ် သုံးသိန်း ဖြစ်ပြီး ငွေအလွန်အမင်းလိုအပ်နေသူတစ်ဦးအတွက်တော့ ဤပမာဏသည် ကြီးမား
သည်မှာ အသေအချာဖြစ်သည်။
ကျိုးဟောင်သည် သတင်းကို စကြားမိကတည်းကက စိတ်၀င်စားသွားမိခဲ့သည်။ သို့သော်လည်း စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းပြီး သွေးအေးအေးဖြင့် လှည့်ထွက်လာခဲ့ခြင်းဖြစ်သည်။ ၀င်ပြိုင်လိုက်ရုံဖြင့် ပထမ ဆု
ရဖို့သည် သူ့အတွက် သိပ်အားထုတ်စရာမလိုကြောင်း သူသိသည်။ သို့သော်လည်း မနေ့ညက လေ့ကျင့်ရေး ခန်းမဆောင်ထဲသို့ ခိုး၀င်ခဲ့သည့် ကျောင်းသားမှာ သူဖြစ်ကြောင်းခ၀န်ခံပြီးသားလည်း ဖြစ်သွားနိုင်ပြန်သည်။ အဲဒီလို ဖြစ်သွားပါက ကျောင်းရဲ့ ခေါင်းဆောင် အကြီးပိုင်းတွေရဲ့ အာရုံစိုက်ခြင်းကိုခံရ ရုံသာမက မြို့ထဲတွင်လည်း သတင်းကြီးဖြစ်သွားနိုင်သည်။ သို့သော် ဤပြိုင်ပွဲမှ သူ့အတွက် ကျင့်ကြံရေး နည်းလမ်း အများအပြားရရှိဖို့ အခွင့်အလမ်းရှိသော်လည်း တခြား မျိုးနွယ်တို့၏ အာရုံစိုက်ခြင်းကိုခံရမှာတော့ အသေအချာပင်။ ဒါကတော့ ကြောက်စရာ အကောင်းဆုံး အချက်ပဲဖြစ်သည်။
ထို့အပြင် နတ်ဆိုးမျိုးနွယ် ဖြစ်ဖြစ်၊ အင်းဆက်ပိုးမွှား မျိုးနွယ်ဖြစ်ဖြစ်၊ စက်ရုပ် မျိုးနွယ်ဖြစ်ဖြစ်
ကမ္ဘာပေါ်ရှိ လူသားများရဲ့ ထူးဆန်းဖြစ်စဉ်များ ကို သိရှိနိုင်တဲ့ သတင်းအရင်းအမြစ်များရှိကြသည်။ယခု
လို ထူးချွန်ပါရမီရှင် တစ်ဦး ထွက်ပေါ်လာသည်ဟုကြားပါက သူတို့ရှိသမျှ အင်အား အကုန်သုံး၍ လာ
ရောက် လုပ်ကြံကြမှာ အသေအချာပင်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က ကမ္ဘာမြေပေါ်ရှိ လူသားများ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရ သည့် တိုက်ပွဲ
အကြောင်းတွေကို သမိုင်းဆရာမှ သင်ကြားချိန်တိုင်း သက်တမ်းစေ့သည်အထိ နေထိုင်မသွားရဘဲ အသက်
ငယ်ငယ်ဖြင့် လုပ်ကြံခံရပြီး ကျဆုံးသွားသော ပါရမီရှင်များ အကြောင်းကြားတိုင်း သူ့မှာ စိတ်မကောင်း
ဖြစ်ခဲ့ရသည်။
ကျိုးဟောင် သည် စာသင်ချိန်တိုင်း သူ့နားထဲခုလုခုလုဖြစ်ကာ မနှစ်သက်ပေ။ သို့သော် ဒီတစ်ကြိမ် သူ့မှာ
ဘယ်အန္တရာယ် ရှိနေကြောင်း ဆင်ခြင်နိုင်သည့်အတွက် သမိုင်းဆရာအား ကျေးဇူး တင်နေ
မိသည်။ ကျောင်းရဲ့ အကြီးအပိုင်းတွေက ဒီလိုပြိုင်ပွဲ လုပ်ခြင်းဖြင့် သူထွက်လာလိမ့်မည်ဟု လျော့တွက်
ထားပုံရသည်။
" ငါတော့ လုံး၀ ၀င်ပြိုင်လို့ မသင့်ဘူး " ဟု ကျိုးဟောင် တယောက် ကိုယ့်ကိုယ်ကို ပြန်နားချ
ကြည့်သည်။ သို့သော် ဒီတခေါက် က ပထမ ၁၀ ယောက်ထဲ ပါရုံဖြင့် ဆုကြေးအမြောက်အမြားရရှိ
နိုင်သည်။ဒီလို အခွင့်အရေးမျိုးကိုတော့ သူလက်မလွှတ်ချင်ပေ။အချိန်အတော်ကြာ စဉ်းစားပြီးနောက်
အလွန်ကောင်းသော အကြံတစ်ခုကြောင့် သူ့မျက်လုံးများ ၀င်းလက်သွားလေသည်။
……….......................................................................
အခန်း(၆) ပြီးပါပြီ။