← Chapters

အခန်း ၁၃-၁၅

Vol. 1 Ch. 13-15

အခန်း ၁၃-၁၅

Vol. 1 Ch. 13-15

အခန်း(၁၃) - အထူးတာဝန်

တာဝန်ရွေးချယ်ရာခန်းမမှာ စင်တာ၏ ၅ထပ်မြောက်တွင်ရှိလေသည်။ ကျိုးဟောင်မှာ ၅ထပ် သို့ရောက်ရှိလာပြီး ခန်းမထဲဝင်တော့မည့် အချိန်မှာပင် အမဲရောင်အင်္ကျီဝတ်ထားသော ခန္ဓာကိုယ်ထွားထွားနှင့်အမျိုးသားနှစ်ယောက်က လက်ဆန့်ထုတ်၍ သူ့အားတားလေသည်။

"ဒါက မြေအောက်မဟာမိတ်အဖွဲ့ စင်တာရဲ့ တာဝန်ရွေးချယ်တဲ့ခန်းမ ဖြစ်တာမလို့ သိုင်းပညာရှင်တွေပဲ ဝင်ခွင့်ရှိပါတယ်။ ကျေးဇူးပြုပြီး လူကြီးမင်းရဲ့သိုင်းပညာရှင်ဖြစ်ကြောင်း သက်သေအထောက်အထား ကိုထုတ်ပြပေးပါ" ဘယ်ဘက်ခြမ်းက လူမှ အေးစက်စွာပြောလိုက်သည်။

ကျိုးဟောင်မှာအခြေအနေကို နားမလည်မီ ယာယီကြက်သေသေသွားသည်။

သူတို့ပြောသည့်စကားမှာ အဓိပ္ပာယ်ရှိပေသည်။

သက်သေခံအထောက်အထားအတွက် မည်သည့်ကန့်သတ်ချက်၊ မည်သည့်လိုအပ်ချက်မှမလိုဘူးဆိုသော်လည်း လာရောက်သူ၏စွမ်းအားကို မစစ်ဆေးတာမျိုးတော့ မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အနိမ့်ဆုံးအဆင့်တာဝန်တောင် မြို့ပြင်ထွက်၍ထမ်းဆောင်ရမည်ဖြစ်ရာ သိုင်းပညာရှင်တစ်ယောက်၏စွမ်းအားမျိုးမရှိပါက တစ်ယောက်တည်းရပ်တည်ရှင်သန်ဖို့ရာ အလွန်ခက်ခဲမည်ဖြစ်သည်။

သို့သော် ကျိုးဟောင်မှာ သိုင်းပညာရှင်ဖြစ်ကြောင်းသက်သေအထောက်အထားမရှိပေ။

သူသည် ယခုလတ်တလောမှသူ့စွမ်းအားကိုတိုးမြှင့်ထားခြင်းဖြစ်ပြီး ဦးစွာသိုင်းပညာအဖွဲ့အစည်းထံသို့သွား၍ စမ်းသပ်ခြင်းနှင့်စာရင်းသွင်းခြင်းတို့ကို လုပ်ဆောင်ရဦးမည်ဖြစ်သည်။ အချိန်ခဏလောက်စဉ်းစားပြီးနောက် သူသည်ရုတ်တရက်လေဟာနယ်ထဲသို့ လက်သီးတစ်ချက်ထိုးချလိုက်သည်။

ဘန်း!

လက်သီးနဲ့ထိုးခံလိုက်ရသော လေဟာနယ်မှာ ရစ်ဘီးလုံးတစ်ခုပမာပေါက်ကွဲသွားသည်။

အမဲရောင်ဝတ်စုံနှင့်လူနှစ်ယောက်မှာ ချက်ချင်းပင်မျက်လုံးပြူးသွားပြီးနောက် "ဒီ....ဒီလူကကြုံသလိုထိုးလိုက်တဲ့လက်သီးတစ်ချက်နဲ့တောင် ဆန်းကြယ်တဲ့ဖြစ်ရပ်မျိုးဖြစ်စေတာ သေချာပေါက်အဆင့်မြင့် သိုင်းသမားပဲဖြစ်ရမယ်"

"အခုဝင်သွားလို့ရပြီလား?" ကျိုးဟောင်ကတည်ငြိမ်စွာပင်မေးလိုက်သည်။

"ရပါပြီ ရပါပြီ"

"ဒီဘက်ပါ ဆရာ" အမဲဝတ်လူနှစ်ယောက်မှာ ချက်ချင်းပင်တရိုတသေပြောလိုက်သည်။ သူတို့ပုံစံမှာ အတော်လေးနှိမ့်ချနေပြီး ဦးတောင်ညွှတ်နေသေးသည်။

ကျိုးဟောင်သည် ခန်းမထဲသို့အေးဆေးစွာပင် လမ်းလျှောက်ဝင်သွားသည်။ ခန်းမမှာ အတော်လေး ခမ်းနားပြီး ကျယ်ဝန်းလေသည်။

အခန်းရဲ့အလယ်တွင် ကြီးမားသော ဖန်သားမျက်နှာပြင်တစ်ခုရှိနေပြီး ထိုမျက်နှာပြင်ပေါ်တွင် တာဝန်အများအပြားမှာ အချိန်နှင့်အလိုက်အဆက်မပြတ်ပြောင်းလဲနေလေသည်။ သို့သော် သိုင်းပညာရှင်အများစုမှာ တာဝန်ရွေးချယ်ရာကောင်တာအနားတွင်သာ စုဝေးနေကြသည်။

ကျိုးဟောင်လည်း အလျင်မလိုပေ။ သူ့စွမ်းအားနဲ့ပတ်သက်လို့ သူသေချာနားမလည်သေးပေ။ သူ့အတွက် တာဝန်တစ်ခုကိုအလောတကြီး လက်ခံလိုက်ဖို့က မသင့်တော်ပေ။ အချိန်ခဏလောက် အကြမ်းဖျဉ်းလေ့လာပြီးနောက် သူကောင်တာရှိဧည့်ကြိုလေးအားမေးလိုက်လေတော့သည်။

နောက်ဆုံး၌ သူစောင့်ရှောက်ရေးတာဝန်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ထိုကဲ့သို့တာဝန်မျိုးအတွက် ဆုကြေးမှာ မမြင့်သလို အန္တရာယ်လည်းသိပ်မများရာ ဤတာဝန်မျိုးက သူ့စွမ်းအားကိုစမ်းသပ်ဖို့ရာ ကျိုးဟောင်အတွက်အလွန်ပင်သင့်တော်လေသည်။

အစောင့်အရှောက် တာဝန်တစ်ခု အတွက် သိုင်းပညာရှင်၇ယောက်လိုအပ်သည်။ ဆုကြေးနိမ့်၍ကြောင့်လားမသိ အခြားသိုင်းပညာရှင်များရောက်မလာမီ ကျိုးဟောင်အချိန်ခဏလောက် စောင့်လိုက်ရသည်။

"ကောင်းပေ့ဆိုတဲ့အဆင့်မြင့်တာဝန်တွေမှန်သမျှ အကုန်လုယူခံလိုက်ရပြီ။ ဒီလိုအဆင့်နိမ့် အစောင့်အရှောက်တာဝန်ပဲကျန်တော့တယ်"

"မတတ်နိုင်ဘူး ငါတို့လိုအားနည်းတဲ့သိုင်းပညာရှင်တွေဆီမှာက ထောက်ပံ့ပေးမဲ့အဖွဲ့တွေဂိုဏ်းတွေမှမရှိတာ အဆင့်မြင့်တဲ့ တာဝန်ရဖို့တာ ဘယ်လိုမှမဖြစ်နိုင်ဘူး"

"ဟုတ်တယ် ဒီတာဝန်ပြီးရင်ငါစွန့်စားပြီး အလယ်အလတ်သိုင်းပညာရှင်အဆင့်ရောက်အောင် ကြိုးစားကြည့်ဖို့ပြင်ဆင်ထားတယ်။ ဒါမှသာ အဖွဲ့အစည်းတစ်ခုခုထဲဝင်လို့ရမှာ"

အမျိုးသားနှင့်အမျိုးသမီးအနည်းစုမှာ အသံတိုးတိုးဖြင့်ဆွေးနွေးနေကြသည်။ ယခုလို အဆင့်နိမ့်တာဝန်နှင့်ပတ်သက်၍ သူတို့အများကြီးမစဉ်းစားပေ။

ကျိုးဟောင်မှာ အစွန်နားမှာသာ ရပ်နေပြီးစကားတစ်ခွန်းမှဝင်မပြောပေ။ ယခုသူ့အနားတွင်ရှိနေသော သိုင်းပညာရှင်များမှာ သူတစ်ပါးထံမှလေးစားခံရမှုအား လိုလားနေသူများ ဖြစ်ကြောင်း သူသိသည်။

မည်သို့ပင်ဆိုစေကာမူ သိုင်းပညာရှင်များမှာ ပေါ့ပေါ့ပါးပါး တောနက်ဧရိယာဆီခရီးသွားရင်တောင် ယွမ်သောင်းနဲ့ချီရှာနိုင်သည်။ ဤအဆင့်နိမ့်အစောင့်အရှောက်တာဝန်အတွက်ဆုကြေးမှာ ယွမ်တစ်သောင်းသာရှိသည်ဖြစ်ရာ ယခုပမာဏမှာသူတို့အတွက် အမှန်ပင်အလွန်နည်းပါးသောပမာဏဖြစ်ပေသည်။

"သွားကြမယ် တာဝန်လုပ်ရမဲ့နေရာကမြို့ရဲ့တောင်ဘက်ပိုင်းက စခန်းမှာ အဲဒီကိုအရင်သွားကြတာပေါ့" အရပ်ရှည်ရှည် ကိုယ်ထည်ကောင်းကောင်းနှင့်လူတစ်ယောက်ကပြောလိုက်သည်။

ကျိုးဟောင်အပါအဝင် ကျန်လူများမှာခေါင်းညိတ်ပြလိုက်ကြသည်။ မြေအောက်မဟာမိတ်အဖွဲ့စင်တာမှ ထွက်လာပြီးနောက် ကျိုးဟောင်မှလွဲ၍ အခြားသိုင်းပညာရှင်များမှာ သူတို့၏ကိုယ်ပိုင်ကားများပေါ် အသီးသီးတက်သွားကြလေသည်။

"ညီလေး ငါ့ကားထဲလာထိုင်" အရပ်ရှည်ရှည် ကိုယ်ထည်ကောင်းကောင်းနှင့်လူမှာ ဘေးရှိခရီးသည်ခုံကိုပုတ်ပြပြီး ရယ်ရင်းပြောလိုက်လေသည်။

သူ့မျက်လုံးထဲ၌ ကျိုးဟောင်မှာသိုင်းပညာရှင်များသာ ဝင်ခွင့်ရှိသော တာဝန်ရွေးချယ်ရာခန်းမထဲသို့ ဝင်ရောက်နိုင်သော သိုင်းပညာရှင်တစ်ယောက်ပင်ဖြစ်လေသည်။ ကျိုးဟောင်၏ပုံစံမှာ ပိန်သွယ်ပြီးအားနည်းသည့်ပုံပေါ်သော်လည်း တစ်ဖက်လူမှာသူ့အားအထင်သေးသည့် ရည်ရွယ်ချက်မျိုးမရှိပေ။

ကျိုးဟောင်မှာယဉ်ကျေးမှုအနေနှင့် ငြင်းမနေတော့ဘဲ ကားရှေ့ခန်းခရီးသည်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဘွန်း

ကားအမျိုးအစားမှာ ဖယ်လ်ကွန်အမျိုးအစားပြိုင်ကားဖြစ်လေရာ အရှိန်မှာအလွန်ပင်မြန်လေသည်။ ယခုလိုတန်ဖိုးကြီးကားမျိုးထဲတွင် ထိုင်စီးဖူးသည်မှာ ကျိုးဟောင်အတွက် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ကြည့်ရသလောက် ဤကားရဲ့တန်ကြေးတစ်ခုတည်းပင် ယွမ်၂သိန်းကျော်ပေလိမ့်မည်။

နာရီဝက်ကြာပြီးနောက် တာဝန်ထမ်းဆောင်မည့်အဖွဲ့မှာ မြို့တောင်ပိုင်းရှိစခန်းသို့ ရောက်ရှိလာလေသည်။

လက်နက်အပြည့်အစုံနှင့် စစ်သားတို့မှာဝင်ပေါက်၌ မတ်မတ်ရပ်နေကြသည်။ လမ်းနှစ်ဖက်စလုံးတွင် ပြောင်းဝကျယ်နတ်ဘုရားတိုက်ခိုက်အမြောက်‌များရှိနေပြီး ဤအမြောက်များမှာ စက်ရုပ်မျိုးနွယ်များထံမှ ပုံစံကိုတုပထုတ်လုပ်ထားခြင်းဖြစ်ပြီး နတ်ဆိုးမျိုးနွယ်နှင့် အင်းဆက်ပိုးမွှားမျိုးနွယ်များ၏ စစ်သူကြီးအဆင့်ပညာရှင်များအား အလွယ်တကူ အပိုင်းပိုင်းဖြစ်စေနိုင်သည်။

သို့သော် ဤအရာမှာကာကွယ်ရေးတပ်၏ တတိယမြောက်ရှေ့တန်းသာရှိသေးသည်။

ရှေ့တွင် ပိုစွမ်းအားကြီးသောလက်နက်များနှင့် တည်ဆောက်ထားသော ကာကွယ်ရေးရှေ့တန်းနှစ်ခုရှိသေးသည်။

"ခင်ဗျားတို့က ဒီတစ်ခေါက်အစောင့်အရှောက်တာဝန်ကိုလက်ခံထားတဲ့ ယာယီသိုင်းပညာရှင်အဖွဲ့မလား" ကျိုးဟောင်နှင့်အခြားလူများရောက်သည်နှင့် မျက်မှန်နဲ့အမျိုးသားတစ်ယောက်က သူတို့ဆီလျှောက်လာပြီးမေးလိုက်သည်။

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူက ခေါင်းညိတ်ပြလိုက်သည်။

မျက်မှန်နှင့်အမျိုးသားမှာ အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူအား အစုန်အဆန်ကြည့်နေလေရာ ကျိုးဟောင်နှင့်အခြားလူများမှာ အနည်းငယ်ပင်မျက်မှောင်ကြုတ်သွားမိလေသည်။ ထိုအမျိုးသားမှ "ခင်ဗျားတို့တွေ အဆင့်မြင့်ကာကွယ်ရေးဝတ်စုံတွေသွားလဲလိုက်ကြပါ။ဘေးချင်းကပ်အခန်းက လက်နက်ခန်းပဲ အဲဒီမှာခင်ဗျားတို့ကို ကူညီပေးမဲ့အထူးဝန်ထမ််းတွေရှိပါတယ်"

"အဆင့်မြင့်ကာကွယ်ရေးဝတ်စုံတောင် ဝတ်ရမှာလား"

"ဒီအစောင့်အရှောက်တာဝန်က ဒီလောက်မရိုးရှင်းလောက်ဘူး"

အခြားသိုင်းပညာရှင်များမှာ ဘေးခန်းရှိအထူးသီးသန့်လက်နက်ခန်းဆီလမ်းလျှောက်လာရင်း အံ့ဩနေကြသည်။

အဆင့်မြင့်ကာကွယ်ရေးဝတ်စုံများ၏ ကာကွယ်နိုင်စွမ်းမှာ သိပ်မမြင့်ပေ။ မိစ္တာမျိုးနွယ်နှင့်အင်းဆက်မျိုးနွယ်တို့၏ အဆင့်နိမ့်စစ်သည်များ၏ တိုက်ခိုက်မှုကိုသာ ခုခံပေးနိုင်သော်လည်း ဝတ်စုံတစ်စုံ၏တန်ဖိုးမှာ ယွမ်၅သိန်းကျော်ရှိလေသည်။

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူကဲ့သို့သော အဆင့်နိမ့်သိုင်းပညာရှင်များတွင်လည်း သူတို့၏ကိုယ်ပိုင်ကာကွယ်ရေးဝတ်စုံများရှိကြလေသည်။ သို့သော် အတော်အန္တရာယ်များသော တာဝန်မျိုးမဟုတ်ပါက ထုတ်မဝတ်ကြပေ။ အဘယ့်ကြောင့်ဆိုသော် ဝတ်စုံပြင်ဆင်စရိတ်မှာ အတော်လေးကုန်ကျလို့ဖြစ်သည်။ ထို့အပြင် ဝတ်စုံမှာပြင်မရဘဲလုံးဝပျက်စီးသွားပါက နောက်တစ်စုံဝယ်ရမည်ဖြစ်သည်။

မကြာမီပင် သူတို့ခုနစ်ယောက်လုံး အဆင့်မြင့်ကာကွယ်ရေးဝတ်စုံများအား လဲလှယ်ပြီးစီးသွားကြလေသည်။ ဤဝတ်စုံမှာ ပတ်ဝန်းကျင်ပေါ်မူတည်၍ အရောင်တောင်ပြောင်းလဲနိုင်ပေသည်။

ကျိုးဟောင်အတွက် ကာကွယ်ရေးဝတ်စုံဝတ်ဖူးသည်မှာ ယခုအကြိမ်မှာပထမဆုံးပင်ဖြစ်သည်။ ထိုဝတ်စုံအားဝတ်ထားရသည်မှာ မလေးသည့်အပြင် အလွန်ပေါ့ပါးပြီးအဆင်ပြေတာကို သူသိလိုက်ရလေသည်။ ဝတ်စုံဝတ်ထားသည်ဆိုသော်လည်း သူ့လှုပ်ရှားမှုအားလုံးဝသက်ရောက်မှု မရှိသော ကုတ်အင်္ကျီဝတ်ထားရသလိုပေ။

"ဒီတာဝန်ကအရမ်းအရေးကြီးတယ်။ ခင်ဗျားတို့က ယာယီသိုင်းပညာရှင်အဖွဲ့ဆိုပေမဲ့ လေးလေးနက်နက်ဆောင်ရွက်ဖို့တော့ လိုလိမ့်မယ်။ ဒီတာဝန်အတွက် အထက်တန်းကျောင်းပေါင်းစုံက ရွေးချယ်ထားတဲ့ ထူးချွန်ကျောင်းသားတွေ ကို ကာကွယ်ပေးရမယ်။ သူတို့အကုန်လုံးက သွေးအနှစ်သာရ တတိယအဆင့်ရှိတဲ့ ပါရမီရှင်တွေပဲ။ သူတို့ရဲ့အလားအလာက သာမန်မဟုတ်တဲ့အတွက် သူတို့ကိုဆုံးရှုံးလို့မရဘူး" မျက်မှန်နှင့်အမျိုးသားမှာ ထူးထူးကဲကဲလေးနက်သောအမူအရာနှင့် ပြောလာလေသည်။

အရပ်ရှည်ရှည် ကိုယ်ထည် ကောင်းကောင်းလူနှင့် အခြားသိုင်းပညာရှင်များမှာ ခေါင်းညိတ်ပြလိုက်သည်။ အားလုံးကို အဆင့်မြင့်ကာကွယ်ရေးဝတ်စုံတွေပေးသည်မှာ မထူးဆန်းတော့ပေ။ စင်စစ် သူတို့၏တာဝန်မှာ ကျောင်းအသီးသီးက‌ရွေးချယ်ထားသော ပါရမီရှင်ကျောင်းသားကျောင်းသူများအား ကာကွယ်ပေးရမှာဖြစ်သည်။

၁၀မိနစ်ကြာပြီးနောက် ဘတ်စ်ကားတစ်စီးရောက်ရှိလာသည်။

ကားတံခါးပွင့်သွားပြီးနောက် ကျောင်းသား၈ယောက်နှင့် သက်တော်စောင့်၈ယောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြလေသည်။

ထိုကျောင်းသားများအားမြင်လိုက်ရသည့်အခါ ကျိုးဟောင်၏မျက်ဆံများမှာအနည်းငယ်လှုပ်ရှားသွားသည်။

ထိုကျောင်းသားများထဲတွင် ရှုလင်ပါပါနေလေသည်!.......

....................................................................................

အခန်း(၁၃) ပြီးပါပြီ

အခန်း(၁၄) : သန္ဓေပြောင်းသားရဲ

သို့သော် ကျိုးဟောင်ရဲ့ထိတ်လန့်မှုမှာ ကြာကြာမခံလိုက်ပေ။

ရှူလင်သည် ချူမြို့အထက်တန်းကျောင်း၏ သွေးအနှစ်သာရတတိယအဆင့်ရှိသော ပါရမီရှင်ဖြစ်သလို သူမရဲ့မိသားစုနောက်ခံမှာလည်း အထင်သေးလို့မရသည့်အထဲတွင်ပါပေသည်။ယခုအချိန်တွင် သူမသည်ကျောင်းပြီးတော့မည်ဖြစ်ရာ တကယ့်သိုင်းပညာရှင်တစ်ယောက်ဖြစ်လာစေရန် သေချာပေါက်စတင်လေ့ကျင့်ပြီး အဆင့်ချိုးဖောက်နိုင်ရန် ပြင်ဆင်မည်သာဖြစ်သည်။

ကျိုးဟောင်သည် အခြားမရင်းနှီးသောကျောင်းသားများကိုလည်း ကြည့်လိုက်သည်။

ယခုကိစ္စမှာ အထက်တန်းကျောင်းပေါင်းစုံ၏ ပူးပေါင်းစွမ်းအားစမ်းသပ်မှုဖြစ်နိုင်ကြောင်း ကျိုးဟောင်ရုတ်တရက်သဘောပေါက်လိုက်သည်။

ကျိုးဟောင်၏အတွေးမှာမှန်ပေသည်။

သို့သော်ကျိုးဟောင်မသိလိုက်သည်မှာ ပြိုင်ဘက်ကင်းပါရမီရှင်ပေါ်ပေါက်လာမှုကြောင့် ကျောင်းများ၏ခေါင်းဆောင်များမှာ တွန်းအားပေးခံရ၍သာ ပူးပေါင်းစွမ်းအားစမ်းသပ်မှုအား ရုတ်တရက်ပြုလုပ်ရခြင်းဖြစ်သည် ဆိုတာကိုပင်။

ကျိုးဟောင်ထင်သည့်အတိုင်းပင်.....

မျက်မှန်နှင့်အမျိုးသားမှာ ရှေ့ကိုလျှောက်လာပြီးနောက် ရှုလင်နှင့်အခြားပါရမီရှင်ကျောင်းသားကျောင်းသူ ၇ယောက်အား ပြောလိုက်လေသည်။ "မင်းတို့ရဲ့တာဝန်က ဝံပုလွေဖြူချိုတွေ ကိုယူဖို့ပဲ များများပိုရလေဆုလာဘ်ကလည်း ပိုများလေပဲ"

"မင်းတို့ရဲ့သက်တော်စောင့်တွေမှာ ကူညီခွင့်မရှိဘူး သူတို့ကမင်းတို့ရဲ့လုံခြုံရေးအတွက်ပဲ တာဝန်ယူပေးလို့ရမယ်။ ငါတို့ခန့်ပေးထားတဲ့ တခြားယာယီသိုင်းပညာရှင်အဖွဲ့ကလည်း ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ဖြေရှင်း‌ပေးဖို့ပဲ တာဝန်ယူပေးမှာ"

"မင်းတို့အားလုံး ကိုယ့်အားကိုယ်ကိုးရမယ်"

ဝံပုလွေဖြူဆိုသည်မှာ စစ်သည်အဆင့်ရှိသော မိစ္ဆာသားရဲမျိုးဖြစ်ပြီး သွေးအနှစ်သာရတတိယအဆင့်ရှိသော ကျောင်းသားတစ်ယောက် သတ်နိုင်စွမ်းရှိသော သားရဲမျိုးဖြစ်ပေသည်။

ရှုလင်နှင့်အခြားကျောင်းသားများမှာလည်း မလာမီကြိုတင်ပြင်ဆင်မှုများလုပ်လာကြပုံပင်။ သူတို့၏ အမူအရာမှာ မပြောင်းလဲသွားပေ။

"သွားကြမယ်!"

ကလစ်

အားကောင်းသောအလင်းရောင်အောက်တွင် လေးလံသောသံတံခါးမှာ ဖြည်းဖြည်းချင်းပွင့်လာလေသည်။

ကျိုးဟောင်နှင့် သိုင်းပညာရှင်၆ယောက်မှာ အရှေ့မှလျှောက်ပြီး ရှုလင်အခြားကျောင်းသားကျောင်းသူများနှင့် သက်တော်စောင့်တို့မှာ နောက်မှနီးကပ်စွာလိုက်ပါလာကြသည်။

ကာကွယ်ရေးတပ်ရှေ့တန်း၃ခုကိုဖြတ်သန်းလာပြီးနောက် သူတို့အဖွဲ့မှာ မြို့ပြင်သို့ရောက်လာကြသည်။

မြို့ထဲမှထွက်လာပြီးနောက် ပတ်ဝန်းကျင်မှာ ရုတ်တရက်ပြောင်းလဲသွားသည်ကို အားလုံးသတိထားမိလိုက်ကြသည်။

သူတို့မျက်စိရှေ့တွင် မီတာထောင်ချီရှည်သော ရှေးသောင်းသစ်ပင်များရှင်သန်နေပြီး ၎င်းတို့၏အကိုင်းအခက်များနှင့်အရွက်များက နေရောင်ကိုပင်မမြင်ရအောင် ဖုံးကွယ်ထားလေသည်။ မြေပြင်ပေါ်တွင် ပေါင်းပင်များနှင့် ပြည့်နှက်နေပြီး သစ်ရွက်များမှာဓားသွားသဖွယ် ချွန်မြနေလေသည်။ အမှောင်ထု၏ဝါးမျိုမှုအောက်တွင် ထူးထူးကဲကဲအန္တရာယ်များသည့်အငွေ့အသက်မျိုး ခံစားနေရသည်။

ယခုလိုပတ်ဝန်းကျင်မျိုးတွင် ကားမောင်းသွားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ယခုသစ်တောမှာ ရှေးဟောင်းသစ်တောထက်ပင်ပို၍ရှုပ်ထွေးလေရာ လမ်းလျှောက်သွားရန်သာ တတ်နိုင်ပေသည်။

ရှုလင်နှင့်အခြားကျောင်းသားများကို အဖော်ပြုပေးနေရခြင်းကြောင့် အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းလူနှင့် အခြားသိုင်းပညာရှင်များမှာလည်း မြန်မြန်မသွားကြပေ။

တစ်ဖွဲ့လုံး မီတာထောင်ချီခရီးပေါက်ဖို့ ၁၀မိနစ်ကျော်နီးပါး ကြာလေသည်။

ဤနေရာမှ မြို့၏မီးပြတိုက်ကိုတောင်မမြင်ရတော့ပေ။

ပတ်ဝန်းကျင်တွင် ပေါင်းပင်အများအပြားနှင့် အရောင်မျိုးစုံရှိသောမြက်ပင်တို့ဖြင့်ပြည့်နှက်နေလေသည်။

"သတိထား ငါတို့တောနက်ဧရိယာထဲရောက်နေပြီ" အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူကအချိန်မရွေးတိုက်ခိုက်နိုင်သည့်အနေအထားမျိုးပြင်လိုက်ပြီး အားလုံးကိုသတိပေးလိုက်သည်။

ယာယီသိုင်းပညာရှင်အဖွဲ့မှ အခြားသိုင်းပညာရှင်များမှာလည်း အတူတူပင်ဖြစ်သည်။

သူတို့အနောက်မှ သက်တော်စောင့်များတွင်လည်း လေးနက်သောအမူအရာများရှိနေလေသည်။ တောနက်ဧရိယာမှာ မည်မျှအန္တရာယ်များကြောင်း သူတို့သိပြီးသားဖြစ်သည်။

ကျိုးဟောင်မှာ မြို့ထဲမှတစ်ခါမှမထွက်ဖူးသော်လည်း သူ၏ပြည့်စုံသောအဆင့်မြင့်ကျင့်ကြံရေးနည်းလမ်းက ကိုယ်တွင်းရှိသွေးအနှစ်သာရတို့ကို ချောမွေ့စွာလည်ပတ်နေစေသည့်အပြင် အာရုံ၆ပါးကိုလည်း အဆ၁၀၀လောက်တိုးမြှင့်ပေးလေရာ မီတာပေါင်းထောင်ချီအဝေးက ဆူညံသံကိုပင် ကြားနိုင်သည်ဖြစ်ရာ အနည်းငယ်ပင် စိတ်လှုပ်ရှားမနေပေ။

ရှုလင်နှင့်အခြားပါရမီရှင်ကျောင်းသားကျောင်းသူများမှာလည်း သိပ်ပြီးမစိုးရိမ်သလိုပင်။

"ဟေ့ မင်းတို့သိပ်မစိုးရိမ်ကြဘူးမလား? ငါတို့သွားတာသိပ်ဝေးဝေးတောင်မရောက်သေးဘူး"

"ဟုတ်တယ် ငါတို့မှာရှိတဲ့သတင်းအရဆို မိစ္တာမျိုးနွယ် အင်းဆက်မျိုးနွယ်နဲ့ အခြားမျိုးနွယ်တွေရဲ့ သဲလွန်စတွေကို မြို့နဲ့မီတာသောင်းချီဝေးတဲ့ နေရာရောက်မှ တွေ့ရတာ။ တစ်ဖက်ကကြည့်ရင် ငါတို့လျှောက်လာတာ မီတာထောင်ကျော်ပဲရှိသေးတာဆိုတော့ အများဆုံးမှ သန္ဓေပြောင်းသားရဲလောက်နဲ့ပဲ တွေ့မှာ။"

"သန္ဓေပြောင်းသားရဲအများစုရဲ့ ခွန်အားကသာမန်ပဲရှိတာ ပြီးတော့သူတို့ကကမ္ဘာမြေပေါ်က သက်ရှိသတ္တဝါရိုင်းတွေပဲ။ဘာမှကြောက်စရာမလိုဘူး" အကောင်းစားကာကွယ်ရေးဝတ်စုံဝတ်ထားသော ကျောင်းသားအနည်းစုက တစ်ယောက်ပြီးတစ်ယောက် ဂရုမစိုက်ဟန်ဖြင့် ထပြောလေသည်။

သူတို့၏သွေးအနှစ်သာရမှာ တတိယအဆင့်သာရှိသော်လည်း သူတို့၏ကာကွယ်ရေးဝတ်စုံများနှင့်ကိရိယာများမှာ ကျိုးဟောင်နှင့်အခြားလူများ ဝတ်ဆင်ထားသော အဆင့်မြင့်ကာကွယ်ရေးဝတ်စုံထက် အများကြီးပိုကောင်းသည်ဖြစ်ရာ သ‌န္ဓေပြောင်းသားရဲများမှာ သူတို့ဝတ်စုံ၏ကာကွယ်ရေးကိုတောင် မချိုးဖောက်နိုင်ပေ။

တစ်ဖက်တွင် နူးညံ့သောရှုလင်မှာအတော်လေးစိတ်လှုပ်ရှားနေလေသည်။

ဤကဲ့သို့သောစွမ်းအားစမ်းသပ်မှုတွင် ပါဝင်ရန် မြို့တော်မှထွက်လာသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် တခြားကျောင်းသားတွေပြောသောစကားမှာလည်းဆီလျော်သည်ဟု သူမခံစားရသည်။ ယခုရောက်ရှိနေသောနေရာမှာ မြို့နှင့်မီတာထောင်ချီပဲဝေးသည်ဖြစ်ရာ သူမတို့အားခြိမ်းခြောက်နိုင်သည့် နတ်ဆိုး သို့မဟုတ် အင်းဆက်မျိုးနွယ်များနှင့်ကြုံနိုင်သော အလားအလာမရှိပေ။

ထို့အပြင် ယခုတစ်ခေါက်သူမတို့နှင့်အတူခေါ်လာသည့် သက်တော်စောင့်များမှာ အလယ်အလတ်အဆင့်သိုင်းပညာရှင်များဖြစ်သည်။ နတ်ဆိုးမျိုးနွယ်နှင့် အင်းဆက်မျိုးနွယ်များမှ အဆင့်နိမ့်စစ်သည်များနှင့်တွေ့လျှင်တောင် သက်တော်စောင့်များက အလွယ်တကူဖြေရှင်းနိုင်ပေသည်။

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူကပြုံးလိုက်ပြီး "ဂရုစိုက်ကြတာ ပိုကောင်းမယ်"

သူအရင်က အစောင့်အရှောက်တာဝန်တွေအများကြီးလက်ခံဖူးသည်ဖြစ်ရာ မြို့အပြင်ဘက်ရှိအန္တရာယ်ကို တစ်ခါမှမမြင်ဖူးသည့် အသက်ငယ်ငယ်သခင်လေးများနှင့် ယခုလိုပါရမီရှင်များ၏ တုံ့ပြန်ပုံအား အသားကျနေပြီဖြစ်သည်။

ယာယီအဖွဲ့မှ အခြားသိုင်းပညာရှင်များမှာလည်း အတူတူပင် အနည်းငယ်ပင်အံ့ဩပုံမပြပေ။

ရှုလင်နှင့်အခြားကျောင်းသူကျောင်းသားများ၏ သက်တော်စောင့်များမှာလည်း သတိထားရန် အသံတိုးတိုးဖြင့်သတိပေးနေလေသည်။

"ဘာကြောက်စရာရှိလို့လဲ? ငါ့အမြင်ပြောရရင် ငါတို့ခရီးစဉ်ကိုအရှိန်တင်ပြီး တာဝန်လုပ်ရမဲ့ဧရိယာကို အမြန်ဆုံးရောက်အောင်သွားရမယ်" အဖွဲ့ထဲမှကျောင်းသားတစ်ယောက်မှာ စိတ်မရှည်စွာပြောလိုက်သည်။

ဘုန်း

သူ့စကားဆုံးသည်နှင့်....

ပေါင်းပင်များကြားမှ ၁၀မီတာကျော်အရှည်ရှိသောစပါးအုံးမြွေကြီးတစ်ကောင်မှာ ရုတ်တရက်ထွက်လာလေတော့သည်။

"သန္ဓေပြောင်းသားရဲပဲ" အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူကအော်ပြောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလိုပင် သူ့လက်ထဲမှဓားသွားတစ်ခုမှာလည်းပျံထွက်သွားလေသည်။သူ ရှေ့တစ်လှမ်းတိုးလိုက်ပြီး အရှေ့ဘက်ကိုတာဝန်ယူလိုက်သည်။

အဖွဲ့မှလက်နက်ကိုင်ထားသော အခြားသိုင်းပညာရှင်များမှာလည်း ဝိုင်းဝန်းပစ်ကြလေသည်။

အထူးသတ္တုစပ်ကျည်ဆံမှာ တိတိပပ ပင် စပါးအုံးမြွေ၏မျက်လုံးပေါ်သို့ ကျရောက်သွားသည်။

ဖောက်!

ချက်ချင်းဆိုသလိုပင် စပါးအုံးမြွေ၏မျက်လုံးမှ‌သွေးများ ပေါက်ထွက်လာပြီး အရှိန်နှုန်းမှာလည်းနှေးသွားလေတော့သည်။

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူက အခွင့်အရေးကိုအရယူပြီး သတ္တုစပ်ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်ပြီး ခန္ဓာကိုယ်ကိုလှည့်၍ ရုတ်တရက်ဆိုသလိုပင် စပါးအုံးမြွေ၏ခေါင်းအား ဓားဖြင့်ပိုင်းချလိုက်သည်။

ရွှပ်

ထက်ရှသောသတ္တုစပ်ဓားသွားမှာ စပါးအုံးမြွေ၏ခေါင်းအား တို့ဟူးတုံးသဖွယ် ဖြတ်ချလိုက်လေသည်။

ရှုလင်နှင့်အခြားကျောင်းသူကျောင်းသား ၇ယောက်မှာ သန္ဓေပြောင်းသားရဲ၏ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် ထိတ်လန့်သွားသော်လည်း သိုင်းပညာရှင်အဖွဲ့က စပါးအုံးမြွေအား အလွယ်တကူဖြေရှင်းလိုက်သည်ကိုမြင်သောအခါ စိတ်အေးသွားလေသည်။

"ကြည့် ငါဘာပြောခဲ့လဲ?ဒါကဒီတိုင်း သန္ဓေပြောင်းသားရဲတစ်ကောင်ပဲ အရမ်းအားနည်းပါတယ်ဆို"

"ဟုတ်တယ် နောက်တစ်ခါ ဘယ်လိုသန္ဓေပြောင်းသားရဲနဲ့တွေ့တွေ့ ငါတို့တာဝန်ထားလိုက် ဘာပဲဖြစ်ဖြစ်ငါတို့လည်းလေ့ကျင့်ရမှာပဲကို"

ကျိုးဟောင်မှာ ခြုံထဲတွင်ပုန်းကွယ်နေသော စပါးအုံးမြွေ၏လှုပ်ရှားသံအားယခင်ကတည်းကကြားနေခြင်းဖြစ်သည်။ ထိုအဖွဲ့ထဲတွင် သူတစ်ယောက်ပဲမလှုပ်ရှားခြင်းဖြစ်သည်။

"သန္ဓေပြောင်းသားရဲကိုသတ်ရင် ကံကြမ္မာအမှတ်များရမလား?" ခေါင်းပြတ်နေသောစပါးအုံးမြွေကိုကြည့်ပြီး သူ့ခေါင်းထဲတွင်နောက်တစ်ကြိမ်ကျ စမ်းသပ်ကြည့်ရမလားဟု တွေးတောနေလေသည်။

ကံကြမ္မာအမှတ်၏ အကျိုးသက်ရောက်ပုံအား သူမြင်ဖူးပြီးပြီဖြစ်သည်။

သန္ဓေပြောင်းသားရဲအားရှင်းလင်းပြီးနောက် သူတို့အဖွဲ့မှာ သတ်မှတ်နယ်မြေသို့ ဆက်လက်ပြီးလမ်းလျှောက်သွားကြလေသည်။

၇ကီလိုမီတာ ၈ကီလိုမီတာခန့်လမ်းလျှောက်ပြီးနောက် ကျိုးဟောင်ရဲ့နားများမှာ လှုပ်ရှားသွားပြီး ခြေလှမ်းများမှာရပ်တန့်သွားလေတော့သည်........

အခန်း(၁၄) ပြီးပါပြီ..............

အခန်း(၁၅) - ကြွယ်ဝသော နွားကံကြမ္မာအမှတ်

"ဘာဖြစ်လို့လဲ?" အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူက မသိစိတ်၏လှုံ့ဆော်မှုအရ မေးလိုက်သည်။

"လှုပ်ရှားသံကြားတယ်" ကျိုးဟောင်ကခပ်တိုးတိုးပြန်ပြောလိုက်သည်။

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူ၊ အခြားသိုင်းပညာရှင်များနှင့်သက်တော်စောင့်များမှာ ချက်ချင်းပင် သတိကြီးကြီးထားကာ ပတ်ဝန်းကျင်အား စူးစမ်းနေကြလေသည်။

ရှုလင်နှင့်အခြားကျောင်းသားများမှာလည်း အနည်းငယ်စိုးရိမ်လာကြပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုသူတို့ရောက်နေသောနေရာမှာ မြို့နှင့်မီတာ၁သောင်းနီးပါး ဝေးနေပြီဖြစ်သည်။

စောင့်ကြည့်နေရင်း မိနစ်ပေါင်းများစွာကြာသွားသော်လည်း ဘာမှဖြစ်မလာပေ။

"ဟမ့် ခင်ဗျားကဘယ်လိုသိုင်းပညာရှင်မျိုးလဲ အရမ်းကြောက်တတ်တာပဲ"

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူ၏ အကြည့်မှာချက်ချင်းပင် ထိုကျောင်းသားအပေါ်ရောက်ရှိသွားပြီး မျက်မှောင်ကြုတ်ကာ စကားပြောတော့မည့်ဆဲဆဲမှာပင်

"သတိထား!"

အဖြူရောင်ပုံသဏ္ဍာန်တစ်ခုက လျှပ်စီးကဲ့သို့အရှိန်နှုန်းနှင့်တိုက်ခိုက်လိုက်ပြီး စကားပြောလိုက်သော ကျောင်းသားအားမြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်လေသည်။

ဒုတ်!

အသံတိတ်လက်ဖြောင့်သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး အဖြူရောင်ပုံသဏ္ဍာန်၏ဦးခေါင်းအားဖောက်ဝင်သွားလေသည်။

ထိုအချိန်မှသာ ထိုအဖြူရောင်ပုံသဏ္ဍာန်မှာ ဝံပု‌လွေဖြူဖြစ်ကြောင်း သိလိုက်ရခြင်းဖြစ်သည်။

ဝှစ်! ဝှစ်! ဝှစ်!

သေနတ်သံမှာ လှိုင်းထောင်ချီထစေသော ကျောက်တုံးတစ်တုံးပမာပင်။

ချက်ချင်းဆိုသလိုပင် ဘေးနားရှိရှေးဟောင်းသစ်ပင်များနှင့် ပေါင်းပင်များကြားမှ အဖြူရောင်ပုံသဏ္ဍာန်များ ခုန်ထွက်လာလေတော့သည်။

"စတိုက်ကြတော့" အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူကအော်ပြောလိုက်သည်။

ကျိုးဟောင်အပါအဝင် ကျန်သိုင်းပညာရှင်၆ယောက်မှာလည်း ချက်ချင်းပင် စတင်တိုက်ခိုက်ကြလေတော့သည်။

သက်တော်စောင့်များမှာတော့ တွေဝေနေပေသည်။ မည်သို့ပင်ဆိုစေကာမူ ဤဝံပုလွေဖြူများမှာ ကျောင်းသားကျောင်းသူများ၏ ပစ်မှတ်တာဝန်ဖြစ်သည်။ ကျောင်းသားများအတွက် အန္တရာယ်မရှိပါက သူတို့မှာဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။

ဝူး! ဝူး!

ဝံပုလွေဖြူများ၏အရေအတွက်မှာ တစ်စထက်တစ်စတိုးလာလေသည်။

"ခင်ဗျားတို့ ဘာတွေစောင့်နေကြသေးတာလဲ! အခြေအနေကပြောင်းသွားပြီ" အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူက အော်ဟစ်လိုက်လေသည်။

ဝံပုလွေဖြူတွေအများကြီးပေါ်လာခြင်းက သူတို့မျှော်လင့်ထားခဲ့သည်နှင့် အတော်လေးကွဲပြားနေပေသည်။

"ကံကြမ္မာအမှတ် +၁၅"

"ကံကြမ္မာအမှတ် +၂၀"

သက်တော်စောင့်များစတိုက်ခိုက်နေသလို ကျိုးဟောင်မှာလည်းသူ့ဆီခုန်ဝင်လာသော ဝံပုလွေဖြူများအား အလွယ်တကူပင်သတ်ပစ်နေလေသည်။

ဤဝံပုလွေဖြူများ၏စွမ်းအားမှာ သူ့အမြင်၌အရမ်းအားနည်းလွန်းသည်။

အင်းဆက်မျိုးနွယ်က သတင်းစုဆောင်းရန်လွှတ်ထားသော အစိမ်းရောင်အင်းဆက်များနှင့် သိပ်မကွာလှသည်ဖြစ်ရာ သာမန်လက်သီးတစ်ချက်က သူတို့၏ ကိုယ်တွင်းအင်္ဂါများအား အစိတ်စိတ်အမြွှာမြွှာဖြစ်စေဖို့လုံလောက်ပေသည်။

ထို့ကြောင့် ကျိုးဟောင်မှာသူ့ရဲ့စွမ်းအင်အများစုကို ပုံရိပ်ယောင်မျက်နှာပြင်ပေါ်ရှိ ကံကြမ္မာအမှတ်တွင်သာ အာရုံစိုက်ထားလေသည်။

တိုးလာသော အမှတ်အရေအတွက်က သူ့အားအလွန်ပင်ပျော်ရွှင်စေလေသည်။

ဂီး!

သက်တော်စောင့်များ စတင်တိုက်ခိုက်လိုက်သည်နှင့် များပြားသောဝံပုလွေဖြူအုပ်ကြီးမှာ အလျင်အမြန်ပင် ဖရိုဖရဲဖြစ်လာသည်။

ရုတ်တရက် ဝံပုလွေတစ်ကောင်၏အူသံက ညအချိန်ကိုထိုးဖောက်လို့ထွက်ပေါ်လာသည်။

များပြားလှသော ဝံပုလွေဖြူအုပ်မှာ အလျင်အမြန်ပင်ပြန်လည်ဆုတ်ခွာသွားပြီးနောက် စည်ပိုင်းအရွယ်အစားရှိသော ဝံပုလွေကြီးများပေါ်လာတော့သည်။

သူတို့၏နဖူးပေါ်တွင် ကွေးနေသောအဖြူရောင်ဦးချိုများရှိပြီး အစောကတိုက်ခိုက်ခဲ့သော ဝံပုလွေများနှင့်မတူသည့်အချက်မှာ ဤဝံပုလွေများ၏ဦးချိုတွင် အစင်းနှစ်ခုပါနေခြင်းပင်ဖြစ်သည်။

"မကောင်းတော့ဘူး! အဲဒါတွေက အလယ်အလတ်အဆင့် မိစ္ဆာစစ်သည်‌တွေပဲ!!"

သက်တော်စောင့်များ၏အမူအရာမှာ မြင်မကောင်းလောက်အောင်ပင် ပြောင်းလဲသွားတော့သည်။

ဝံပု‌လွေဖြူများ၏စွမ်းအားအား သူတို့၏ချိုပေါ်ရှိအစင်းကြောင်းအရေအတွက်နှင့် ခွဲခြားလို့ရပေသည်။ အစင်းကြောင်းပိုပါလေ ပိုပြီးသန်မာလေပင်ဖြစ်သည်"

ယခုတစ်ကြိမ်၌ ကျောင်းသားများမှာ ချိုပေါ်တွင်အစင်းကြောင်းမပါသော ဝံပုလွေဖြူများနှင့်တိုက်ရမည်ဖြစ်သည်။ အစောပိုင်းက သူတို့အားတိုက်ခိုက်ခဲ့သော ဝံပုလွေဖြူတွေ၌ပင် ချိုပေါ်၌အစင်းကြောင်းတစ်ခုပါလေရာ

ယခု အစင်းကြောင်းနှစ်ခုပါသော ဝံပုလွေဖြူများထပ်ပေါ်လာပေပြီ။

ဤအခြေအနေတွင် ကျောင်းသားများမဆိုထားနှင့် သူတို့၏သက်တော်စောင့်များတောင် ဂရုမစိုက်ပါက ဝန်းရံခံရပြီးအသတ်ခံရမည်ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ အလယ်အလတ်အဆင့် မိစ္ဆာစစ်သည်များ ယခုလိုတိုက်ခိုက်ရခြင်းနောက်ကွယ်တွင် ဝံပုလွေဖြူမိစ္ဆာစစ်သူကြီး ရှိနေလို့ပင်ဖြစ်သည်။

"ပြန်ဆုတ်တော့!" အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူကအော်ပြောလိုက်သည်။

ယခုအခြေအနေမှာ ပေးထားသောတာဝန်အတိုင်းအတာထက် ကျော်နေပေပြီ။

ကြီးမားသောဝံပုလွေဖြူများမှာ စတင်တိုက်ခိုက်လေတော့သည်။

ရှုလင်နှင့်အခြားကျောင်းသားများမှာ အသည်းခိုက်အောင်ကြောက်နေကြပြီဖြစ်သည်။

အားလုံးမြေပြင်ပေါ်တွင်လဲနေကြပြီး စည်ပိုင်းအရွယ်ဝံပုလွေများအား သွေးမရှိသောမျက်နှာများနှင့်သာ ကြည့်နေကြလေသည်။

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူမှာလည်း ဘာပြောရမလဲမသိတော့ပေ။သူ့တွင် ဆဲဖို့တောင်အချိန်မရဘဲ သက်တော်စောင့်များကိုသာအော်ပြောနေရလေသည်။ "မြန်မြန် အခြေစိုက်စခန်းကို အန္တရာယ်ဖြစ်နေကြောင်းအချက်ပြလိုက်တော့ ငါတို့အများဆုံးမှ ၁မိနစ်လောက်ပဲတောင့်ခံနိုင်တော့မှာ"

ထိုစကားမှာအလွန်လျှော့ပေါ့ပြောထားခြင်းသာဖြစ်သည်။ စင်စစ်သူတို့၁မိနစ်တောင် တောင့်ခံနိုင်မည်မဟုတ်ပေ။

အကယ်၍ ၁၀ကောင်နှင့်အထက်ရှိသောအလယ်အလတ်အဆင့်မိစ္ဆာစစ်သည်များသာ သူတို့အားဝိုင်းလိုက်ပါက ဤဝံပုလွေဖြူများမှာ ၁၀စက္ကန့်အတွင်းပင် သူတို့အားအပိုင်းပိုင်းအစစဖြဲပစ်နိုင်လေသည်။

"ဒီတစ်ခေါက်တော့ ငါတို့ရှုံးပြီ!" အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းလူနှင့်အခြားသိုင်းပညာရှင်များမှာ အချင်းချင်းကြည့်လိုက်ကြပြီး အားလုံး၏မျက်လုံးထဲတွင် ခါးသီးမှုများအား ကိုယ်စီတွေ့လိုက်ရသည်။

အဆင့်နိမ့်အစောင့်အရှောက်တာဝန်တစ်ခုက သူတို့အားယခုလိုဆိုးဆိုးဝါးဝါး အခြေအနေအားရောက်စေလိမ့်မည်ဟု မည်သူမျှမမျှော်လင့်ထားပေ။

အူး! အူး!

သက်တော်စောင့်များမှာလည်း အားနည်းသူများမဟုတ်ရာ ခုခံဖို့ရာအကောင်းဆုံးကြိုးစားနေကြပေသည်။

သို့သော်ကြောက်လန့်နေသော ရှုလင်နှင့်အခြားကျောင်းသားများမှာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပေသည်။ သူတို့အားလုံးမှာ မလှုပ်မယှက်နှင့်မြေပြင်ပေါ်လဲနေကြပြီး သက်တော်စောင့်များအား ဘေးကနေမခွာမရသည့်အခြေအနေမျိုးရောက်အောင် တွန်းပို့နေသလိုပင်။

မကြာမီမှာပင် ၁၀စက္ကန့်ကျော်မှာကုန်ဆုံးသွားပေပြီ အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူမှာ ဝံပုလွေဖြူများပျော်ပါးလို့ဝပြီဖြစ်ရာ တိုက်ခိုက်တော့မည့်အချိန်ရောက်ပြီဟု တွေးလိုက်သည့်အချိန်မှာပင် ကြီးမားလှသောဝံပုလွေများရဲ့တစ်ဝက်လောက်မှာ မရှိတော့သည်ကို သတိထားမိသွားလေသည်။

အခြားသိုင်းပညာရှင်များမှာလည်း ဤကိစ္စကိုသိသွားပြီး မှင်တက်သွားကြလေသည်။

"ကြည့်လိုက်!" အမျိုးသမီးသိုင်းပညာရှင်တစ်ယောက်က အံ့အားသင့်စွာပြောလိုက်သည်။

အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူ၊ အခြားသိုင်းပညာရှင်များအပါအဝင် သက်တော်စောင့်များ ကျောင်းသားများပါမကျန် သိမ်မဝေးသည့်နေရာမှာရှိနေသည့် အလောင်းပုံကြီးကိုကြည့်လိုက်ကြလေသည်။

ကြီးမားသောဝံပုလွေများ၏အလောင်းများမှာ တောင်ငယ်တစ်လုံးသဖွယ် စုပုံနေလေသည်။

"အဲဒီညီလေးပဲ သူ့...သူ့စွမ်းအားက...."

သူတို့အသေအကျေတိုက်နေရသောအလယ်အလတ်အဆင့်မိစ္ဆာစစ်သည်များအား ကျိုးဟောင်မှာသာမန်လက်သီးတစ်ချက်နှင့်ထိုးရုံဖြင့် မြေကြီးပေါ်လဲကျပြီး နာကျင်စွာအသက်မဲ့သွားအောင် လုပ်နိုင်သည်ကိုကြည့်ရင်း အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူ၏မျက်လုံးများမှာ ပြူးကျယ်နေလေတော့သည်။

"၃၅၊ ၃၈ ....၄၀!"

ကျိုးဟောင်မှာ စည်ပိုင်းအရွယ်ဝံပုလွေများအား သာမန်အတိုင်းပင်လက်သီးဖြင့်ထိုးကာ တစ်ကောင်ပြီးတစ်ကောင်သတ်နေပြီး သူစိမ်ပြေနပြေသတ်နေသည့် ဝံပုလွေအရေအတွက်ကိုပင် ရေထားလိုက်သေးသည်။

ဤအလယ်အလတ်အဆင့်မိစ္ဆာစစ်သည်များမှာ သူ၏သွေးအနှစ်သာရအား ထုတ်သုံးရအောင်စွမ်းဆောင်နိုင်သော အရည်အချင်းပင်မပြည့်ပေ။

"နဂါးနှင့်ဆင်ဉာဏ်ပညာများနည်းလမ်း ၁၀၈ဆင့်" ကြောင့်ဖြစ်ပေါ်လာသော ကြမ်းတမ်းသော သွေးအနှစ်သာရအခြေခံအုတ်မြစ်မှာ ကျိုးဟောင်မျှော်လင့်ထားတာထက်ပင် အများကြီးကျော်လွန်လေသည်။ ၎င်းကတိုးမြှင့်ပေးလိုက်သောစွမ်းအားမှာ နဂါးနှင့်ဆင်၁၀ကောင်ကျော်ပေါင်းစပ်ထားသော စွမ်းအားထက်ပင် ပို၍သန်မာလေသည်။

ကျိုးဟောင်၏ ကြုံသလိုထိုးလိုက်သောလက်သီးတစ်ချက်မှာ အလယ်အလတ်အဆင့်မိစ္ဆာစစ်သည်တစ်ကောင်၏ခန္ဓာကိုယ်အား အစိတ်စိတ်အမြွှာမြွှာဖြစ်စေနိုင်ပေသည်။

"အလယ်အလတ်အဆင့်မိစ္ဆာစစ်သည်တစ်ကောင်ကိုသတ်ရင် ကံကြမ္မာအမှတ်၂၀၀ရတယ် အဆင့်နိမ့်မိစ္ဆာစစ်သည်တစ်ကောင်ကို သတ်လို့ရတဲ့ပမာဏထက် ၁၀ဆတောင်ပိုများတယ်!"

ကျိုးဟောင်မှာ ပုံရိပ်ယောင်မျက်နှာပြင်ကိုကြည့်ရင်း သူ့အတွေးနဲ့သူစဉ်းစားနေလေသည်။

ကံကြမ္မာအမှတ်: ၉၇၂၂(လက်ရှိအဆင့် : ကြွယ်ဝသောနွားကံကြမ္မာအမှတ်)

နောက်ထပ်တစ်ကြိမ် ကံကြမ္မာအမှတ် ၁သောင်းရဖို့ရာ နီးကပ်နေပေပြီ။

ပြီးခဲ့သောအခေါက်ကကျောင်းတွင် သူ အစိမ်းရောင်အင်းဆက်များအား ရိုက်သတ်ဖို့ရာ အချိန်၃နာရီ ၄နာရီလောက်ကြာခဲ့သည်။

သို့သော်ယခုတော့ မိစ္ဆာစစ်သည်များအားသတ်ရန် အချိန်၅မိနစ်၆မိနစ်လောက်သာယူလိုက်ရပြီး ထိုစဉ်ကရသောအမှတ်ပမာဏနှင့် အတူတူနီးပါးရအောင်ရှာနိုင်နေပေပြီ။

"ကြည့်ရတာ ကံကြမ္မာအမှတ်မြန်မြန်လိုချင်ရင် အဆင့်မြင့်မိစ္ဆာသားရဲတွေကို သတ်မှရမယ်ထင်တယ်" ထိုကဲ့သို့တွေးရင်း ကျိုးဟောင်မှာလက်ကို ဖုန်ခါသကဲ့သို့ခါလိုက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်လေသည်။ နောက်ထပ်ခုန်အုပ်လာမည့် ဝံပုလွေကြီးများမရှိတော့ကြောင်းသေချာအတည်ပြုပြီးမှ ပြန်လှည့်လာပြီးအရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့် လူထံသို့ လမ်းလျှောက်လာလေသည်။

....................................................................................

အခန်း(၁၅) ပြီးပါပြီ။

All Chapters