← Chapters

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စိတ်ထဲမှ လွန်ဆွဲပွဲ

Vol. 39 Ch. 540

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စိတ်ထဲမှ လွန်ဆွဲပွဲ

Vol. 39 Ch. 540

" ဒါ .. ဘယ်လိုပါရမီမျိုးလဲ ... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး လုံးဝ ဆွံ့အသွားရတော့သည်။

သို့သော် လောထျန်းက ထုံရွှယ်အဆင့် ကျင့်ကြံခြင်းဖြင့် အဘယ့်ကြောင့် ဤမျှအစွမ်းထက်နေရသည်ကို သူ နောက်ဆုံး နားလည်လိုက်ရလေပြီ ။

လူတစ်ယောက်သည် ပါရမီထူးလွန်းလျှင် ပတ်ဝန်းကျင်မှ သတ်မှတ်ထားသော သဘောတရားများနှင့် သွေဖယ်သွားလေပြီ ။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်းကိုကြည့်ရင်း ရင်ထဲ၌ ခံစားချက်များဖြင့် ပြည့်သွားတော့၏။

လောထျန်းတစ်ယောက်တည်း၏ အစွမ်းဖြင့်ပင် သူတို့ ထျန်းယွမ်ကမ္ဘာ၏ ရှေးခေတ်တစ်ခေတ်လုံးစာကို ကျော်လွန်သွားခဲ့ပြီဖြစ်ရာ...

သူတို့ မလုပ်နိုင်ခဲ့သော အရာကို လုပ်နိုင်တော့မည်လား.. ။

တဖက်မှ လောထျန်းမှာ သူ့ရှေ့မှ ကြယ်အစုအဝေးကြီး ကိုကြည့်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။

" သခင်ကြီး ၊ ဒီလောက်နဲ့ဆို အဆင်ပြေလား "

သူ လှည့်လာပြီး မေးလိုက်သည်။

အဆင်ပြေလားတဲ့...

ထျန်းယွမ်ကမ္ဘာသခင်ကြီး ဒေါသထွက်သွားတော့သည်။

သို့သော်... သူ့မာနကြောင့် အတင်းအားတင်း၍ ပြုံးပြီး ခေါင်းအသာညိတ်ကာ ပြောလိုက်၏။

" မဆိုးပါဘူး.. ဒါဆို နောက်တစ်ဆင့်ကို တက်လို့ရပြီ "

လောထျန်းမှာ သူ့စကားကြောင့် မျက်မှောင်ကြီး ကြုံ့သွားတော့သည်။

" ဒါ မကောင်းသေးဘူးလား.. ဒါဆို ကျုပ် နည်းနည်းထပ်ပြီးလေ့လာလိုက်မယ် .... "

အတွင်းကမ္ဘာငယ်၏ အရေးကြီးမှုကို လောထျန်း အကြမ်းဖျင်း နားလည်ပါ၏။

ထို့ကြောင့်လည်း သူ အကောင်းဆုံးကိုသာ လုပ်နိုင်ချင်ပါသည်။

" ခဏ... ခဏနေပါဦးကွာ။ တကယ်တော့ အဲ့လောက်ကြီး အသည်းအသန် လုပ်စရာမလိုပါဘူး.. "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မြန်မြန်ဝင်ပြောလိုက်သည်။

လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" မဟုတ်ဘူးဗျ.. ကျုပ်က လုံးဝ ပြီးပြည့်စုံတဲ့ အတွင်းကမ္ဘာငယ်ကို ဖန်တီးချင်တာ ။ ကျုပ် ထပ်ပြီး လေ့လာလိုက်မယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ဆွံ့အသွားရပြန်တော့သည်။

ပြီးပြည့်စုံသည့် အတွင်းကမ္ဘာငယ်တစ်ခု တဲ့လား..

အမှန်တွင်မူ လောထျန်း ပထမဆုံး ဖန်တီးခဲ့သည့် ကြယ်ကပင် လုံလောက်နေခဲ့လေပြီ ။

သို့သော်... သူ အစောပိုင်းက ဟန်ဆောင်ပန်ဆောင်ဖြင့် မဆိုးဘူး ဟုသာ ပြောထားပေရာ.. ယခုမှလည်း စကားပြင်၍ မရတော့ပါချေ။

ထို့ကြောင့် သူချောင်းဟန့်၍သာ ပြောလိုက်ရ၏။

" ဒီလိုကွ... ဒီ ကြယ်ဖန်တီးတဲ့ ပထမဆုံးအဆင့်က အဲ့လောက်အရေးမကြီးဘူး ။ မင်း ပြီးပြည့်စုံတဲ့ အတွင်းကမ္ဘာငယ်ကို ဖန်တီးရင်ချင် နောက်ပိုင်းအဆင့်တွေမှ လုပ်လို့ရတယ် "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" အဲ့လိုလား... ဒါဆို ကျုပ်ကို ကျေးဇူးပြုပြီး အကြံပေးပါဦး သခင်ကြီး "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ပြော၏။

" အစွမ်းထက်တဲ့ အတွင်းကမ္ဘာငယ်ဆိုတာ လူရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတာကွ။ ဒါပေမယ့် အတွင်းကနေရာကတော့ အင်မတန်ကျယ်ပြီး အကန့်အသတ်မဲ့တယ်။ ဒါက သစ်စေ့လေး တစ်စေ့ထဲမှာ ဆုမီတောင်လို လေထုမျိုး ရှိနေတာနဲ့တူတယ် ။ အဲ့ဒါကြောင့်မို့ အတွင်းကမ္ဘာငယ်ကို ဖန်တီးတဲ့ ဒုတိယအဆင့်က လေထုပညာရပ်ကို ကျင့်ကြံဖို့ပဲ "

" ပြီးတော့ .. မင်းဖန်တီးထားတဲ့ ကြယ်တွေကို တတ်နိုင်သလောက် ဖိနှိပ်ဖို့လဲ နည်းလမ်းရှာရမယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြောလိုက်သည်။

သို့သော်.. ဤတစ်ကြိမ်တွင်ကား သူ သတိထားပြီး မည်မျှပမာဏအထိ ဖိနှိပ်ရမည်ကို တမင်မပြောလိုက်ပါချေ။

လောထျန်းက ခေါင်းညိတ်ပြသည်။

" ကျုပ် ကြိုးစားကြည့်မယ်ဗျာ "

သူ ထိုသို့ပြောပြီးသည်နှင့် ထျန်းယန်ကျမ်းစာ ဒုတိယပိုဒ်အား အသံတိတ်ရွတ်ကာ လေထုစည်းမျဥ်းများကို စတင်ထိန်းချုပ်လိုက်သည်။

တဖက်မှ ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ လောထျန်းကိုကြည့်ကာ ခေါင်းအသာယမ်းလိုက်၏။

" သူ ဖန်တီးထားတဲ့ ကြယ်အစုအဝေးက ကြီးလွန်းနေတော့ အခုတောင် လေထုကို ဖိနှိပ်ပြီး ပြဿနာဖြစ်နေပြီ။ ထားလိုက်ပါလေ... ဒီကောင်လေးကို နံရံခေါင်းနဲ့ ဝင်တိုးခိုင်းလိုက်ပါဦးမယ် ။ ပြဿနာတစ်ခုခုရှိနေတာ သူ သိသွားရင် ငါ့ဆီ အကြံတောင်းလာမှာပါ "

သူ တွေးလိုက်သည်။

ထိုစဥ်တွင် တဖက်မှ လောထျန်းခေါင်းပေါ်ရှိ ကြယ်အစုအဝေးကြီးက တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်လာပါ၏။

" ဟင်... "

၎င်းကိုကြည့်နေသော ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ မျက်လုံးထဲတွင် ဂုဏ်ယူနေဟန် အငွေ့အသက်တို့ ပေါ်လာသည်။

သူ ချောင်းဟန့်၍ လည်ချောင်းရှင်းပြီး အပြုံးဖြင့် ပြောလိုက်၏။

" ကောင်လေး... အလျင်စလိုလုပ်ရင် အမှားတွေ ပါတတ်တယ်လို့ ငါ ပြောခဲ့ပါတယ်ကွာ။ အဲ့ဒါကြောင့်မို့ ဘာကိုမှ အလျင်စလို မလုပ်ပါနဲ့ ။ ဒါပေမယ့်.. စိတ်ဓာတ်ကျသွားစရာလဲ မလိုဘူးနော်။ အရှုံးရှိမှ အောင်မြင်မှုဆိုတာ ရတာ။ ငါ့တုန်းကတောင် ပထမတစ်ကြိမ်နဲ့ မအောင်မြင်ခဲ့ဘူး.. ကဲ.. နောက်ထပ်နည်းနည်းလောက် ထပ်ကြိုးစားကြည့်ကြတာပေါ့ကွာ "

သူ့စကားက အားပေးစကားများ ဖြစ်သော်လည်း သူ့မျက်နှာထက်မှ အပြုံးကိုမူ မဖုံးကွယ်ထားနိုင်ပါချေ။

တဖက်မှ လောထျန်းက သူ့ကိုကြည့်ကာ မေးလာသည်။

" အင်... ဘာဖြစ်လို့ ထပ်လေ့ကျင့်ဖို့ လိုတာလဲ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး အံ့သြမှင်သက်သွားကာ ပြန်ပြော၏။

" ဟင်.... မင်း ကျရှုံးသွားခဲ့တာ မဟုတ်ဘူးလား ။ အခု မင်းဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေက ပျောက်ကုန်ကြပြီလေ "

လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တစ်နေရာသို့ လက်ညိုးညွှန်၍ ပြောရှာသည်။

" ပျောက်သွားတာမဟုတ်ဘူး.. ဒီမှာရှိတယ်လေ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ၎င်းကိုမြင်သည်နှင့် စိတ်ထဲတွင် ထူးခြားသော ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး ..

အသက်ပြင်းပြင်းရှိုက်၍ လောထျန်းဆီသို့ လျှောက်လာလိုက်သည်။

သူ ဘာကိုမှ မြင်မနေရပါ ။

သို့သော် လောထျန်း လက်ညိုးညွှန်ရာသို့ သေချာကြည့်နေရင်း... ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ ခေါင်းထဲသို့ အကြံတစ်ခု ဝင်လာပါတော့၏။

သူ ချက်ချင်းပင် စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်၍ ထိုနေရာတဝိုက် လေထုအား ကြည့်လိုက်သည်။

တခဏအကြာတွင်မူ... သူ အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။

လောထျန်း၏ လက်ညိုးရှေ့ရှိ လေထုတွင်ကား ဖုန်မှုန့် တစ်မှုန့်စာထက်ပင် ပိုသေးငယ်သော ကြယ်အစုအဝေးကြီး တစ်ခုက တည်ငြိမ်စွာ လည်ပတ်နေသည်။

" ဒါ.... "

ထျန်းယွမ်ကမ္ဘာသခင်ကြီး ခေတ္တမျှ မှင်သက်နေတော့၏။

လောထျန်း ဖန်တီးခဲ့သည့် ကြယ်အစုအဝေးကြီးမှာ မိုင် သန်းပေါင်းများစွာ အရွယ်အစား ရှိပါသည်။

သို့သော်.. ယခု ၎င်းက ဖုန်မှုန့်လေး တစ်မှုန်ထက်ပင် ပိုသေးနေသတဲ့လား..

၎င်းကို ကြည့်နေရင်း သူ့ယခင် အတိတ်တွင်လည်း သူ ဖန်တီးခဲ့သော ကြယ်ကို ဤမျှအရွယ်အစားအထိ ဖိနှိပ်နိုင်ခဲ့မှန်း ထျန်းယွမ်ကမ္ဘာသခင်ကြီး သတိရမိသွားသည်။

သို့သော် သူ ကျင့်ကြံခြင်းထိပ်ဆုံး ဖြစ်နေချိိန်၌ ဖန်တီးခဲ့သည့်ကြယ်သည်ပင် မိုင်တစ်ထောင်ခန့် အရွယ်အစားသာ ရှိခဲ့ပါသည်။

ယခု လောထျန်း၏ ကြယ်အစုအဝေးနှင့် ယှဥ်လျှင်ကား သူတို့ကြားမှ ကွာဟချက်က ကြီးမားလှပါ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီး သက်ပြင်းချကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးနောက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။

ယခုအဖြစ်အပျက်မှာ စိတ်ပျက်အားငယ်စရာ ကောင်းလှပါတကား ...

သူသည် သူတို့ခေတ်တွင် ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သော်လည်း..

ယခု အဘယ့်ကြောင့်...

" သခင်ကြီး ၊ ဘာပြဿနာ ရှိလို့လဲဗျ ။ ကျုပ်လုပ်တာ မလုံလောက်လို့လားဟင်... ။ ခဏလေး... ကျုပ် အဲ့ထက်နည်းနည်းလေးပိုသေးအောင် ဖိနှိပ်နိုင်မယ်ထင်တယ် "

ဘေးမှ လောထျန်းက ပြောလာသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ မြေပြင်သို့ လဲကျမလိုပင် ဖြစ်သွား၏။

" မလို... မလိုပါဘူးကွာ ။ အဲ့လောက်နဲ့ဆို လုံလောက်ပါပြီ "

သူ မြန်မြန်ပင် ပြန်ပြောလိုက်ရသည်။

" အင်... တကယ်ကြီး လုံလောက်တာလား "

လောထျန်းက သေချာအောင် ထပ်မေးရှာ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ သူ မပြောလျှင် မရတော့မှန်း သိလိုက်သဖြင့် တည့်တိုး ပြောလိုက်တော့သည်။

" အင်း... မင်း အတွင်းကမ္ဘာငယ် မဖွင့်ခင်မှာ လိုအပ်တာတွေ အကုန်လုံးကို ကျင့်ကြံလို့ ပြီးသွားပြီ ။ အခု အတွင်းကမ္ဘာငယ် ဖွင့်ဖို့ပဲ ကျန်တော့တယ် "

လောထျန်း မှာထိုစကားကိုကြားသည်နှင့် ချက်ချင်း မျက်နှာတည်သွား၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက စကားဆက်သည်။

" တကယ်တော့... အတွင်းကမ္ဘာငယ် ဖွင့်တဲ့ သဘောတရားက မင်းခုနက လုပ်သွားတာနဲ့ ဘာမှမကွာဘူး "

" အရင်ဆုံး.. ထျန်းယန်ကျမ်းစာထဲက ဖန်တီးခြင်းနည်းတစ်ခုကို လိုတယ် ။ ပြီးရင် မင်းရဲ့ကိုယ်ထဲမှာ နေရာတစ်ခုရှာပြီးတော့ ကျမ်းစာနဲ့ လေထုတစ်ခု ဖန်တီးပါ ။ အဲ့ဟာက ကြယ်တစ်လုံး ဖြစ်လို့ရသလို ၊ မြေအပိုင်းအစလေး တစ်ခုလဲ ဖြစ်လို့ရတယ် "

" နောက်.. ဒုတိယကတော့ အဲ့လိုဖန်တီးနေတဲ့အချိန်အတွင်းမှာ ​ပုံရိပ်ယောင်ကနေ အစစ်အဖြစ် ပြောင်းသွားအောင်လုပ်ရမယ် ။ ကိုယ်ဖန်တီးထားက ပြစ်ချက်နည်းလေ.. အောင်မြင်ဖို့ ရာခိုင်နှုန်းလဲ ပိုများလေပဲ "

" တတိယတစ်ခုကတော့ အဲ့လိုဖန်တီးနေစဥ်အတွင်းမှာ ကိုယ်ဖန်တီးထားတဲ့ဟာကို များနိုင်သမျှများများ ဖိနှိပ်ရမယ် ။ အဲ့လိုမဟုတ်ဘဲ သတိလက်လွတ်ဖြစ်သွားရင် မင်းရဲ့ အတွင်းကမ္ဘာငယ် ပေါက်ကွဲထွက်ပြီးတော့ မင်းအသက်ကိုပါ ခြွေယူပစ်နိုင်တယ်ကွ။ အတွင်းကမ္ဘာငယ်ကို ဖန်တီးတာနဲ့ပတ်သက်ပြီး အန္တရာယ်အများဆုံး အချက်ကလဲ အဲ့ဒါပဲ "

စကားဆုံးအောင် နားထောင်ပြီးနောက် လောထျန်းခေါင်းအသာညိတ်လိုက်သည်။

" ကျုပ် သဘောပေါက်ပြီ ။ အဲ့လို အန္တရာယ်မျိုးလဲ ရှိသေးတာပဲနော် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သူ့ကိုကြည့်ကာ ပြန်ပြော၏။

" ဒါပေမယ့် မင်းကတော့ အဲ့အချက်တွေကို စိတ်ပူစရာလိုမယ်လို့ ငါ မထင်ဘူး ။ မင်းစိတ်ပူရမယ့်ဟာက.. အတွင်းကမ္ဘာငယ်ကို ဖွင့်ပြီးတာနဲ့ မင်းရဲ့ ခန္ဓာကိုယ်က အပြောင်းအလဲတွေ အများကြီး ဖြစ်မှာကိုပဲ "

" ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဥ်းတွေက မင်းခန္ဓာကိုယ်ကို အလိုအလျောက် အစွမ်းထက်အောင် လုပ်ပေးပြီးတော့ မင်းရဲ့ အတွင်းကမ္ဘာငယ်ကိုပါ အသွင်ပြောင်းပေးကြလိမ့်မယ်။ ဒါပေမယ့်... အဲ့လိုလုပ်နေတဲ့အချိန်မှာ မင်း အင်မတန်နာကျင်ခံစားရလိမ့်မယ်။ ဒါပေမယ့်.. အောင်မြင်သွားရင်လဲ မင်းရမယ့် အကျိုးအမြတ်က အင်မတန်ကိုများတယ် "

လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားပြီး ပြန်မေးလိုက်သည်။

" အဲ့လိုမျိုးလဲ ရှိသေးတာလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အပြုံးဖြင့် ပြန်ပြော၏။

" ဒါပေါ့ကွ... ၊ အတွင်းကမ္ဘာငယ်တစ်ခု ဖန်တီးတာက ထူးခြားတဲ့ခန္ဓာကိုယ်တစ်ခု ရလိုက်တာနဲ့ သိပ်မကွာဘူး ။ ဒါ့ကြောင့်မို့လဲ ငါတို့ခေတ်က အစွမ်းထက်ကျင့်ကြံသူတွေဆိုရင် အတွင်းကမ္ဘာငယ်ကို ဖန်တီးဖို့အတွက် အများကြီး စွန့်လွတ်ကြတာ "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" ခုလို သေချာလမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး ။ ဒါဆို ကျုပ်အခုပဲ စလုပ်လိုက်တော့မယ် "

လောထျန်းက ထိုသို့ပြောပြီးသည်နှင့် တင်ပျင်ခွေ ထိုင်ချလိုက်ပြီး မျက်လုံးများမှိတ်၍ စတင်ကျင့်ကြံလိုက်တော့သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း သူ့ကိုကြည့်ရင်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။

" ဒီကောင်လေးက ဘယ်လို အတွင်းကမ္ဘာငယ်မျိုး ဖွင့်လာမလဲ မသိဘူး "

သူ တွေးမိလိုက်သည်။

All Chapters