← Chapters

မဟာတာအို ဝိဥာဥ်

Vol. 39 Ch. 542

မဟာတာအို ဝိဥာဥ်

Vol. 39 Ch. 542

ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းအား အံ့သြတုန်လှုပ်နေသည့် မျက်လုံးအစုံဖြင့် ကြည့်လိုက်သည်။

ထိုအချိန်မှာပင်..

" ဟင်... ဘာတွေ ဖြစ်သွားခဲ့တာလဲ "

လောထျန်း၏ မျက်လုံးများ ဖြည်းငြင်းစွာ ပွင့်လာကာ ထျန်းယွမ်ကမ္ဘာသခင်ကြီးအား လှည့်ကြည့်လာ၏။

သူက သာမာန်သာ ကြည့်လိုက်ခြင်း ဖြစ်သော်လည်း..

ဝုန်း..

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ စိတ်ဝိဥာဥ်အရိပ်မှာ အနောက်ဘက် ပေထောင်ချီ အကွာအဝေးအထိ ချက်ချင်း လွင့်ထွက်သွားတော့သည်။

သူ့ စိတ်ဝိဥာဥ်အရိပ် တုန်သွားကာ ပြင်းပြင်းထန်ထန်ပင် ခံစားလိုက်ရသည်။

" ဟင်.. ဘာဖြစ်သွားတာလဲ "

လောထျန်းက တအံ့တသြ ကြည့်ကာ သူ့ထံသို့ လျှောက်လာ၏။

" ဒီကို မလာခဲ့နဲ့ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး အလန့်တကြား အော်ဟစ်လိုက်သည်။

သို့သော်.. သူ့အော်သံက ခြေတစ်လှမ်းစာခန့် နောက်ကျသွားခဲ့ပါသည်။

ဘုန်း...

ထိုစဥ်မှာပင် လောထျန်းက သူ့အနီးသို့ တိုးလာသည့်အတွက် ထျန်းယွမ်ကမ္ဘာသခင်ကြီး နောက်သို့ လွင့်ထွက်သွားရပြန်၏။

ဤတစ်ကြိမ်တွင်ကား သူ့စိတ်ဝိဥာဥ်အရိပ်ပင် အရောင်အနည်းငယ် မှိန်သွားရတော့သည်။

သူ ရလိုက်သည့်ဒဏ်ရာက ပြင်းထန်သည်မှာ သိသာပါ၏။

" သခင်ကြီး.. ဘာတွေလုပ်နေတာလဲ "

လောထျန်း က သူ့ကိုကြည့်ရင်း နားမလည်နိုင်စွာ မေးလာသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ငိုချလိုက်တော့မလိုပါပင်..

" ငါ့ကို ဘာလုပ်နေလဲ ဟုတ်လား.. မင်းနောက်ကိုလဲ ​လှည့်ကြည့်လိုက်ပါဦး ။ အဲ့ဒါ ဘာကြီးလဲ "

သူ ဒေါသတကြီး အော်လိုက်တော့သည်။

လောထျန်း အံ့အားသင့်သွားပြီး နောက်လှည့်ကြည့်လိုက်ရာ.. သူကိုယ်တိုင် တုန်လှုပ်သွားပါ၏။

" အဲ့ဒါ ဘာကြီးလဲ.. "

သူ တအံ့တသြ မေးလိုက်သည်။

" ဘာဖြစ်ရမှာလဲ.. အဲ့ဒါ မဟာတာအို စိတ်ဝိဥာဥ်အစစ်ပေါ့ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ဒေါသတကြီး ပြန်အော်လိုက်၏။

" မဟာတာအို စိတ်ဝိဥာဥ်အစစ်.. ဟုတ်လား.. အဲ့ဒါ ဘာကြီးလဲ "

လောထျန်း မှာ နားမလည်နိုင် ဖြစ်နေဆဲပင် ။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အံကြိတ်၍ ပြန်ပြောသည်။

" အဲ့ဒါ မသေမျိုးကမ္ဘာဘုရင်ကြီးတွေပဲ ပိုင်ဆိုင်နိုင်တဲ့ မှော်အစွမ်းပဲကွ။ အဲ့အစွမ်းက အရမ်းကြောက်စရာကောင်းတယ်။ ဒါပေမယ့်.. မသေမျိုး ကမ္ဘာဘုရင်ကြီး အပြင်ကို အဆင့်နှစ် အရှုပ်အထွေးခန္ဓာကိုယ် ကို ပိုင်ဆိုင်တဲ့သူတွေလဲ မဟာတာအိုစိတ်ဝိဥာဥ်အစစ်ကို ပေါ်လာအောင် လုပ်နိုင်ကြတယ် "

လောထျန်း အံ့အားသင့်သွားကာ ထပ်မေးလိုက်သည်။

" မသေမျိုးကမ္ဘာဘုရင်ကြီး.. ဟုတ်လား.. ၊ အဲ့ဒါ ကမ္ဘာပေါ်က မသေမျိုးထက် ပိုမြင့်တဲ့အဆင့်လား "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြော၏။

" ကမ္ဘာပေါ်က မသေမျိုး.. ဟုတ်လား ။ အဲ့ဒါက ပိုနိမ့်တဲ့ ကျင့်ကြံခြင်းအဆင့်တွေကိုပဲ ခေါ်တဲ့နာမည်ကွ။ အခု ဒီအဆင့်ကမှ မသေမျိုးလမ်းစဥ်ရဲ့ ပထမအဆင့် ။ မသေမျိုးဘုရင်ဆိုတာကတော့ မသေမျိုးတွေရဲ့ ဘုရင်ဖြစ်နေပြီလို့ ပြောချင်တာ ။ အဲ့နှစ်ခုကို ဘာမှယှဥ်လို့မရဘူး "

လောထျန်း ခေါင်းညိတ်၍ ဆက်မေးသည်။

" သခင်ကြီးပြောတာ.. အဆင့်နှစ် အရှုပ်အထွေးခန္ဓာကိုယ် မှာမှ အဲ့လို မဟာတာအိုစိတ်ဝိဥာဥ်အစစ်ကို တွေ့ရတာ.. ဟုတ်လား ။ ဒါဆို ကျုပ်ရဲ့ အရှုပ်အထွေးခန္ဓာကိုယ် က အဆင့်တက်သွားပြီဆိုတဲ့ သဘောပေါ့ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက လောထျန်းအား မျက်စောင်းဖြင့် ကြည့်လိုက်သည်။

" ဘာတွေ ပြောနေတာလဲ ။ မင်းရဲ့ အရှုပ်အထွေးခန္ဓာကိုယ် ကို မြန်မြန်သိမ်းလိုက်ဦး ။ မင်းက ဒီအစွမ်းနဲ့ ခုထိ မရင်းနှီးသေးဘူးကွ။ ဒီတိုင်းသာ ဆက်လုပ်နေရင် မင်းကြောင့် ငါ သေရတော့မယ် "

သူ့စကားကို ကြားပြီးနောက် လောထျန်း ချက်ချင်းခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့.. "

သူ ပြောပြောဆိုဆိုပင် အရှုပ်အထွေးခန္ဓာကိုယ်အား ပြန်သိမ်းလိုက်၏။

" ဒါနဲ့... သခင်ကြီးက အရှုပ်အထွေးခန္ဓာကိုယ် အကြောင်း သေချာသိတယ်နော် "

လောထျန်း ထျန်းယွမ်ကမ္ဘာသခင်ကြီးကိုကြည့်ကာ ပြောလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေါင်းညိတ်၍ ပြန်ပြောသည်။

" ငါ ကံကောင်းပြီး အဲ့လိုခန္ဓာကိုယ်ပိုင်ရှင်နဲ့ အရင်က တွေ့ဖူးတယ်လေ "

လောထျန်း စိတ်ဝင်တစား ဆက်မေးလိုက်၏။

" ဒါဆို အရှုပ်အထွေးခန္ဓာကိုယ်မှာ အဆင့်တွေ ဘယ်နှဆင့်ရှိလဲ သိလားဗျ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ပြောသည်။

" ဒဏ္ဍာရီတွေမှာ ပြောထားတာတွေက ၉၀% လောက် မှန်တယ်ကွ "

လောထျန်း ဆက်မေး၏။

" ဒါဆို... နောက်အဆင့်တွေက ဘယ်လိုမျိုးလဲဟင် "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက အိုးတို့အမ်းတမ်း ပြန်ပြောသည်။

" ငါက ဘယ်လိုလုပ် သိမှာလဲကွ ။ ငါ့ဘဝ တလျှောက်လုံးမှာတောင် အဆင့်နှစ် အရှုပ်အထွေးခန္ဓာကိုယ် ပိုင်ရှင်နဲ့ နှစ်ကြိမ်ပဲ တွေ့ခဲ့ဖူးတာ "

" နှစ်ကြိမ်... ဘယ်သူလဲဗျ "

လောထျန်း မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသော ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ နာကျင်စရာ မှတ်ဉာဏ်များအား ပြန်သတိရသွားဟန် တူပါသည်။

အချိန်အတန်ကြာ တိတ်နေပြီးမှ သူ ပြောလာ၏။

" အပေါ်ကမ္ဘာက တစ်ယောက်ပါကွာ ။ သူက ငါတို့ ထျန်းယွမ်ကမ္ဘာရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင်ကို သတ်ခဲ့တာပေါ့ "

" ကျုပ်တို့ ထျန်းယွမ်ကမ္ဘာ မှာ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ပေါ်လာခဲ့ဖူးတာလား "

လောထျန်း တအံ့တသြ ဆက်မေးလိုက်သည်။

ယောင်ချီတွင် ရှိသော ထျန်းယွမ်ကမ္ဘာ၏ ရှေးဟောင်းမှတ်တမ်းများအရ သူတို့ထျန်းယွမ်ကမ္ဘာ၌ အရှုပ်အထွေးခန္ဓာကိုယ်ပိုင်ရှင် ပေါ်မလာခဲ့ဖူးဟုသာ သူ သိထားခဲ့ပါသည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သက်ပြင်းချ၍ ပြန်ပြော၏။

" ဟိုး အရင်ခေတ်တုန်းကတော့ တချို့ရှိခဲ့ဖူးတယ်ကွ။ ဒါပေမယ့် အားလုံးက အဲ့ခေတ်က ကမ္ဘာပျက်ကပ်ဘေးကြီးမှာ အသတ်ခံခဲ့ကြရတာ "

လောထျန်း ခေါင်းအသာညိတ်လိုက်သည်။

" အဲ့တုန်းက ထျန်းယွမ်ကမ္ဘာ ကြုံခဲ့ရတဲ့ ကပ်ဘေးကြီးက ဘယ်လိုကပ်ဘေးမျိုးလဲဗျ "

ထျန်းယွမ်ကမ္ဘာသခင်ကြီး လက်ပိုက်ကာ သက်ပြင်းထပ်ချလိုက်၏။

" တကယ်တော့ ငါကိုယ်တိုင်လဲ သေချာမရှင်းပြတတ်ဘူး ။ ငါက အဲ့ခေတ်နှောင်းပိုင်းမှ မွေးတာမို့ တချို့အရာတွေကို သိတာတော့ မှန်တယ် ။ ဒါပေမယိ့ အဲ့တုန်းက ငါက အစွမ်းတော်တော်နိမ့်သေးတော့ အဲ့ဒီ ကပ်ဘေးကြီးကို ရင်ဆိုင်ဖို့တောင် အရည်အချင်း မပြည့်ခဲ့ဘူးလေ "

" ငါသိတာတစ်ခုက အဲ့ကပ်ဘေးကြီးအတွင်းမှာ ထူးဆန်းတဲ့အဖွဲ့တွေ အများကြီး ပေါ်လာပြီးတော့ အပေါ်ကမ္ဘာကရော ၊ ထျန်းမင်ကမ္ဘာကရော တိုက်ခိုက်ခဲ့တယ် ဆိုတာပဲ။ တခြားဟာတွေတော့ ငါလဲ မသိဘူး "

" ဒါပေမယ့်.. အခု ငါမြင်သလောက် ပြောရရင်တော့ ။ မင်း ဒီတိုင်းသာ ဆက်ကြိုးစားသွားရင် အဲ့တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာနဲ့ ဘယ်လိုအဖွဲ့တွေ ပါခဲ့ကြတယ်ဆိုတာ တဖြည်းဖြည်း သိလာမှာပါ။ အဲ့အစွမ်းပိုင်ရှင်တွေနဲ့ ကြုံရဦးမယ်ထင်တယ် "

လောထျန်း အံ့အားသင့်သွားကာ မေးလိုက်သည်။

" ဘာဖြစ်လို့လဲဗျ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက သူ့အား မျက်နှာတည်ဖြင့် ပြန်ကြည့်ရင်း ပြော၏။

" ဘာဖြစ်လို့လဲဆိုတော့.. တချို့လူတွေက ထျန်းယွမ်ကမ္ဘာ အစွမ်းထက်လာမှာကို မလိုချင်ကြလို့ပဲကွ။ အခုလက်ရှိတောင် မင်းရဲ့အစွမ်းက တော်တော်ကြောက်စရာကောင်းနေပြီ ။ အဲ့တော့ သိပ်မကြာခင်မှာ မင်းကို ဒီတိုင်းကြည့်မနေနိုင်တဲ့ လူတွေ ထွက်လာကြတော့မယ်လို့ ငါ ထင်တယ် "

လောထျန်း အနည်းငယ် စိတ်လှုပ်ရှားသွားကာ ထိုအချက်ကို စိတ်ထဲကြိတ်ပြီး တေးမှတ်ထားလိုက်သည်။

သူ ရင်ဆိုင်ရမည့် အခက်အခဲများမှာ ကောင်းကင်ဘုံပျက်စီးခြင်းကိုးခု နှင့် မပြီးတော့ပါချေ...

ထို့အတွက် သူ့စိတ်ထဲ အန္တရာယ်အငွေ့အသက်ကို ခံစားမိကာ အစွမ်းပိုတိုးအောင် လုပ်ချင်စိတ်လည်း ဖြစ်သွားပါ၏။

" အခု အဲ့ဒါကို ထားလိုက်ပါဦးကွာ။ မင်းရဲ့ အတွင်းကမ္ဘာငယ်က ကောင်းကောင်းကြီး ပြီးသွားပြီလား "

ထျန်းယွမ်ကမ္ဘာသခင်ကြီး မေးလာသည်။

" အင်း... ပြီးသွားပြီလို့တော့ ပြောရမယ်ဗျ "

လောထျန်း ပြန်ဖြေ၏။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုသို့သော အဖြေမျိုးအတွက် စိတ်ထဲကြိုပြင်ဆင်ထားပြီး ဖြစ်သော်လည်း ရင်ထဲ ဗလောင်ဆူသွားဆဲပါပင် ။

ထိုကောင်လေးက အတွင်းကမ္ဘာငယ်ကို အမှန်တကယ် ဖွင့်လှစ်၍ ပြီးသွားပြီတဲ့လား...

ထိုသို့ဖွင့်လှစ်ရန်လည်း စက္ကန့်ပေါင်း တစ်ရာထက် အနည်းငယ်မျှသာ ပိုသတဲ့လား..

သူက အတွင်းကမ္ဘာငယ်ကို ဖွင့်နိုင်ခဲ့သည့်အပြင်... ထိုကမ္ဘာငယ်၏ အစွမ်းကိုသုံးပြီး အရှုပ်အထွေး အရောင်အဝါများအား စုပ်ယူကာ အဆင့်နှစ် အရှုပ်အထွေးခန္ဓာကိုယ် သို့ပင် အဆင့်တက်သွားခဲ့သေးပါသည်။

၎င်းမှာ မလွန်လွန်းပေဘူးလား...

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ ထိုကိစ္စကို မတွေးမိရန် ခေါင်းထဲမှ အတင်းထုတ်၍ ပြောလိုက်ရသည်။

" မင်း အတွင်းကမ္ဘာငယ်ကို ဖွင့်ပြီးသွားပြီဆိုတော့ အခု.. ဟင်းလင်းပြင်လေထုထဲမှာ လွတ်လွတ်လပ်လပ် သွားလို့ရပြီပေါ့ ။ အခု ထျန်းယွမ်ကမ္ဘာကို မြန်မြန်ပြန်ကြရအောင် "

လောထျန်းကလည်း သူ့စကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်၏။

" ကောင်းပြီဗျာ.. သွားကြစို့ "

သူ ထိုသို့ပြောပြီး ရှောက်ထျန်းလုံလေးကို ပုခုံးပေါ် တင်လိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း သူ့စိတ်ဝိဥာဥ်အား ကျောက်စိမ်းပြားတစ်ခုအတွင်းသို့ ထည့်ကာ လောထျန်းအား ၎င်းကို ယူသွားခိုင်းလိုက်၏။

" ကဲ.. အခု မင်းလုပ်ရမှာက မင်းရဲ့ အတွင်းကမ္ဘာငယ် အစွမ်းကို ထုတ်လွှတ်ပြီး ဟင်းလင်းပြင်လေထုကို ဖိနှိပ်ဖို့ပဲ ။ အဲ့ဒီ အတွင်းကမ္ဘာငယ်အစွမ်းက မင်းကို ဟင်းလင်းပြင်လေထုကြားထဲ ဖြတ်နိုင်အောင် ဦးဆောင်ပေးလိမ့်မယ်။ အခု.. မင်းရဲ့ အစွမ်းအားလုံးကို တစ်ခါတည်း ထုတ်လွှတ်ကြည့်လိုက်ပါဦး ။ မင်းရဲ့ အတွင်းကမ္ဘာငယ်အစွမ်းက ဘယ်လောက်ရှိလဲ ကြည့်ရအောင် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံ လောထျန်းနားထဲ ရောက်လာသည်။

" ကောင်းပါပြီ "

လောထျန်း ခေါင်းညိတ်ကာ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် အစွမ်းကုန်သုံး၍ အတွင်းကမ္ဘာအစွမ်းကို ထုတ်လွှတ်လိုက်သည်။

ဝုန်း..

ထို့နောက်တွင်ကား.. သူ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွား၏။

သူ ယခင်ရှိနေခဲ့သည့် ဟင်းလင်းပြင်လေထုထဲတွင်မူ တွင်းပေါက်ကြီးတစ်ခုသာ ကျန်ခဲ့ပြီး... အချိိန်အတန်ကြာသည်အထိ ပျောက်ကွယ်မသွားဘဲ ရှိနေတော့သည် ။

ထိုအချိန်တွင် လောထျန်းမှာ အခြား ဟင်းလင်းပြင်လေထုတစ်ခုဆီသို့ ရောက်လျက်...

" သခင်ကြီး ၊ ကျုပ် အမြန်နှုန်းက ဘယ်လိုလဲ "

လောထျန်း မေးလိုက်သည်။

" အား... မြန်လွန်းတယ် "

ထျန်းယွမ်ကမ္ဘာသခင်ကြီး၏ အသံမှာ အနည်းငယ်ပင် တုန်နေသယောင် ။

" အဲ့လိုလား.. ဒါဆို ကျုပ်တို့တွေ ထျန်းယွမ်ကမ္ဘာ ရှိတဲ့ဘက်ကို မြန်မြန်လှည့်မှ ဖြစ်မယ် ။ ထျန်းယွမ်ကမ္ဘာက ဘယ်ဘက်မှာလဲဗျ ။ သခင်ကြီး ကျေးဇူးပြုပြီးတော့ ကျုပ်ကို လမ်းညွှန်ပေးပါဦး "

လောထျန်း အလောတကြီး မေးလိုက်သည်။

" ငါလဲ မသိဘူးကွ "

ထျန်းယွမ်ကမ္ဘာသခင်ကြီးက ပြန်ဖြေ၏။

" ဘယ်လို... သခင်ကြီးက ဘာလို့မသိရတာလဲ " လောထျန်း ဒေါသထွက်သွားတော့သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း ပြန်ရန်တွေ့၏။

" ငါကလဲ မင်းကို တစ်စက္ကန့်လောက် အချိန်အတွင်း အဲ့လောက်အဝေးကြီး ပြေးခိုင်းလိုက်မိလို့ စိတ်ပျက်နေတာ ။ အခု ထျန်းယွမ်ကမ္ဘာရဲ့ အယောင်အဝါကို အာရုံခံလို့တောင် မရတော့ဘူး "

လောထျန်း ပြန်ပြောသည်။

" သခင်ကြီးပဲ ကျုပ်ကို ပြောတော့ အစွမ်းကုန် ထုတ်ဆို "

ထျန်းယွမ်ကမ္ဘာသခင်ကြီးကလည်း ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြော၏။

" တစ်စက္ကန့်လောက် အချိန်အတွင်း အဲ့လောက်အဝေးကြီး ရောက်လာမယ်လို့ ဘယ်ထင်မိမှာလဲကွာ "

ဤတစ်ကြိမ်တွင်ကား ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာ အမှန်တကယ် အပြစ်ကင်းစင်သူပါပင် ။

သူ လောထျန်းကိုယ်ထဲမှ အတွင်းကမ္ဘာငယ်၏ အစွမ်းကို လျှော့တွက်ခဲ့ကြောင်း သိသာပါသည်။

ယခု လောထျန်း၏ အမြန်နှုန်းက သူ ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေပါ၏။

" ဒါဆို ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ ။ ဒီ ဟင်းလင်းပြင်လေထုထဲမှာပဲ လမ်းပျောက်တော့မှာလား "

လောထျန်း စိုးရိမ်တကြီး ပြောလိုက်သည်။

ထျန်းယွမ်ကမ္ဘာသခင်ကြီးမှာလည်း ကူကယ်ရာမဲ့နေဟန် ဖြစ်နေပါ၏။

သို့သော် ထိုစဥ်မှာပင် သူ့မျက်လုံးများ ရုတ်တရက်အရောင်လက်သွားကာ ပြောလိုက်သည်။

" ခဏနေဦး... ဒီအရောင်အဝါက... ရှေးဟောင်းနတ်ဆိုးကမ္ဘာပဲ ။ ရှေးဟောင်းနတ်ဆိုးကမ္ဘာရဲ့ အရောင်အဝါကို ငါ အာရုံခံလို့ ရနေတယ် "

All Chapters