← Chapters

မင်းကနာမည်ကြီးပဲ

Vol. 184 Ch. 2747

မင်းကနာမည်ကြီးပဲ

Vol. 184 Ch. 2747

အဆုံးစွန်ဓားတောင်ထွတ်မှာ..။

လူငယ်တစ်ယောက်က သူ၏ လိုဏ်ဂူခန်းဝါထဲမှာ တံခါးပိတ်ကျင့်ကြံနေသည်။

ထက်ရှသောဓားတစ်လက်ကို သူ၏ ဘယ်ဘက်မှာ လွင့်မျောနေပြီး လျှပ်စီးများက လွှမ်းခြုံထားလေသည်။ ဓားအလင်းက တဖျတ်ဖျတ်တလက်လက်နှင့် ထက်ရှနေ၏။

သူ၏ ညာဘက်မှာ နက်မှောင်၍ သိပ်သည်းလေးလံသောဓားတစ်လက်ရှိပြီး မည်သည့်ထက်ရှမှုကိုမှ ထုတ်ဖော်မထားပေ။ တကယ်ဆို ထိုဓားမှာ ထက်ရှသောအနားစောင်းတစ်ခုပင် မပါရှိပေ။

လူငယ်သည် မျက်လုံးနှစ်ဖက်ကိုမှိတ်ပြီး သူ၏ မျိုးဆက်သွေးကို လှည့်ပတ်နေ၏။ ဓားချီက တုန်ခါ၍ ဓားတေးသံက ပြင်းထန်ကြမ်းတမ်းနေသည်။

သို့သော်လည်း သူ၏ အော်ရာကို ပို၍ပင်ချုပ်ထိန်းထားပြီး သူ၏ ချွေးပေါက်များထဲမှ ဓားချီတစ်စွန်းတစ်စပင် ထွက်မလာခဲ့ပေ။ သူက မည်သည့်အနားစောင်းမှမပါရှိသည့် သိပ်သည်းလေးလံသော ဓားတစ်လက်ကဲ့သို့ဖြစ်နေသည်။

ရုတ်တရက်ဆိုသလို...။

လူငယ်က တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

သူ၏ မျက်လုံးထဲမှာ ထက်ရှသောအလင်းတစ်ခုဖျတ်ခနဲလက်သွားပြီးနောက် သူကကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာသည်။

“စီနီယာအစ်ကိုတို့... ဘာများကိစ္စရှိလို့လဲ”

လူငယ်က အံ့အားသင့်သွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ ရောက်ရှိလာသော ဓားကျင့်ကြံသူရှစ်ဦးကို ထောက်လှမ်းမိသွားသည်။ သူနားလည်ထားသလောက် သူတို့ရှစ်ယောက်သည် ဓားတောင်ထွတ်ရှစ်ခု၏ ထိပ်သီးပကတိအင်မော်တယ်ပညာရှင်များဖြစ်ကြလေသည်။

သို့သော်လည်း လူငယ်က မတ်တတ်ထရပ်မလာသေးဘဲ လိုဏ်ဂူခန်းဝါထဲကနေသာ လှမ်းမေးလိုက်၏။

လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ ခဏမျှတိတ်ဆိတ်ငြိမ်သက်ပြီးနောက် ဓားအင်မော်တယ်ထိုက်လိုင်က အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

“ဂျူနီယာညီယွင်... အနိဋ္ဌာရုံဓားတောင်ထွတ်မှာ ကိစ္စတစ်ခုတကယ်ပဲဖြစ်သွားခဲ့တယ်... မင်းအဲဒါကို ကူညီဖြေရှင်းပေးနိုင်ဖို့ ငါတို့မျှော်လင့်တယ်”

“ဘာများဖြစ်လို့လဲ”

လူငယ်က စိတ်ဝင်စားပုံမရဘဲ သာမန်ကာလျှံကာမေးလိုက်သည်။

ဓားအင်မော်တယ်ထိုက်လိုင်က ပြောလိုက်သည်။

“ဂျူနီယာညီ... မင်းက ဂျူနီယာညီမပေမင်ရွှယ်ကို ကြားဖူးမှာပေါ့... သူ့ဆရာက ငါတို့ဓားကမ္ဘာကိုရောက်လာတယ်... တောင်ထွတ်ရှစ်ခုက ဂျူနီယာညီတစ်စုက သူနဲ့လက်ရည်စမ်းခဲ့ကြပေမယ့် အပြတ်အသတ်ရှုံးနိမ့်ပြီး ပြန်လာကြရတယ်”

“အို... အဲလိုလား”

လူငယ်က သူ၏ မျက်ခုံးကို အနည်းငယ်ပင့်ပြီး စိတ်ဝင်စားသွားသည့်အလား သူ၏ လေသံက ပြောင်းလဲသွားသည်။

သူသည် ဓားကမ္ဘာမှတိုက်ပွဲများက အမြဲတမ်းမျှတမှုရှိသည်ကို သိထားသည်။

တစ်နည်းအားဖြင့်ဆိုသော် ပေမင်ရွှယ်၏ ဆရာသည် သူ့လိုမျိုး ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးပင် ​ဖြစ်ပေလိမ့်မည်။

“သူက တောင်ထွတ်ရှစ်ခုက ပေါင်းစည်းခြင်းပကတိအင်မော်တယ်အားလုံးကို တကယ်ပဲအနိုင်ယူနိုင်ခဲ့တာလား... စိတ်ဝင်စားစရာပဲ”

လူငယ်က တီးတိုးရေရွတ်လိုက်၏။

သူသည် တိုက်ခိုက်ရသည်ကို အမြဲတမ်းနှစ်သက်သဘောကျလေသည်။ သို့သော်လည်း ဓားကမ္ဘာမှကျင့်ကြံမှုနယ်ပယ်တူတွင် မည်သည့်ဓားကျင့်ကြံသူကမှ သူ့ကို မယှဥ်နိုင်ပေ။ အဲဒါက သူ့အတွက် အလွန်တရာစိတ်ရှုပ်စရာကောင်းသောအရာဖြစ်လာခဲ့သည်။

သူသည် ကျင့်ကြံမှုနယ်ပယ် ပိုမိုမြင့်မားသော တစ်ယောက်ယောက်ကို စိန်ခေါ်ချင်သည်ဆိုလျှင်တောင် ဓားကမ္ဘာက အဲဒါကို ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

အနိဋ္ဌာရုံ​ဓားတောင်ထွတ်မှာ သူမနှင့် အဆင့်တူများကြားမှာ ပြိုင်ဘက်ကင်းသော ပေမင်ရွှယ်ဟုခေါ်သည့် ဓားတာအိုပါရမီရှင်တစ်ဦးရှိကြောင်း သူကြားသိထားလေသည်။ ကံဆိုးစွာနှင့်ပင် သူမသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာဖို့ မျှော်လင့်ချက်မရှိပေ။

သူတို့နှစ်ယောက်က တိုက်ခိုက်ဖို့အခွင့်အရေး လုံးဝမရပေ။

သူသည် ဖြတ်တောက်ဓားတောင်ထွတ်၏ လင်းရွှင်ကျန်းကို စိန်ခေါ်တိုက်ခိုက်ရန် သုခဘုံလေဟာနယ်နယ်ပယ်သို့ တတ်နိုင်သမျှမြန်မြန်ကျင့်ကြံလိုလေသည်။

လိုဏ်ဂူခန်းဝါထဲမှာ မည်သည့်အသံမှ မကြားရသည်ကို ဝမ်တုန်နှင့် အခြားသူများတွေ့ရသောအခါ လူငယ်က စိတ်ဝင်စားခြင်းမရှိဟု သူတို့တွေးလိုက်ကြ၏။ ရုတ်တရက် ဓားအင်မော်တယ်ထိုက်လိုင်က ပြောလိုက်၏။

“အဲဒီလူကလည်း ကောင်းကင်ဘုံကမ္ဘာကလာတာလို့ ငါကြားတယ်... ဂျူနီယာညီယွင် မင်းက သူ့ကို သိချင်သိနေမှာ”

ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါတံခါးက ပွင့်သွားလေသည်။ လူငယ်က သူ့ကျောပေါ်မှ ဓားနှစ်လက်နှင့်အတူ လျှောက်လှမ်းထွက်လာပြီး ပြုံးပြလိုက်၏။

“ကောင်းကင်ဘုံကမ္ဘာက ဘယ်သူရောက်လာလဲ ကျုပ်တစ်ချက်လိုက်ကြည့်မယ်”

လူငယ်က ဤကိစ္စမှာ ဝင်ပါလာသည်ကိုတွေ့ရသောအခါ လူတိုင်းက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။

ဓားအင်မော်တယ်ထိုက်လိုင်က ပြုံးပြလိုက်၏။

“မင်တို့နှစ်ယောက်စလုံးက ကောင်းကင်ဘုံကမ္ဘာကနေလာကြတာပဲ... ဂျူနီယာညီယွင် မင်းက သူ့ကို သိချင်သိနေမှာ”

“ကျုပ်သူ့ကို မှတ်မိချင်မှမှတ်မိလိမ့်မယ်”

လူငယ်က ညင်သာစွာခေါင်းခါပြီး ဝင့်ကြွားစွာဖြင့် စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါပေမဲ့ ကောင်းကင်ဘုံကမ္ဘာကလာတာဆိုရင် သူက ကျုပ်နာမည်ကို သေချာပေါက်ကြားဖူးလိမ့်မယ်”

“ဟားဟား”

ချင်ကျုံးက အသံထွက်၍ရယ်မောလိုက်၏။

“ကောင်းတာပေါ့... ဂျူနီယာညီယွင်... ငါတို့က မင်းနာမည်ကို ထုတ်ဖော်ပြောဆိုလိုက်တာနဲ့ တိုက်ခိုက်စရာမလိုဘဲ အဲဒီလူက နောက်ဆုတ်ချင်ဆုတ်သွားမှာ”

ဝမ်တုန်ကလည်း ခေါင်းညိတ်ပြီး ပြုံးပြလိုက်၏။

“ဒီလိုဆိုရင်တော့... ငါတို့ဓားကမ္ဘာက နာမည်ဂုဏ်သတင်းတချို့ကို ပြန်ပြီးအဖတ်ဆယ်နိုင်တော့မယ်”

လူငယ်က မှင်သေသေဖြင့် ပြောလိုက်၏။

“အဲဒီလူမှာကျုပ်နဲ့ တိုက်ခိုက်မယ့်သတ္တိရှိဖို့ပဲ မျှော်လင့်တယ်... အဲဒါမှကျုပ်က ကျုပ်သင်ယူထားတဲ့အရာတွေကိုပြသနိုင်ပြီး ကျုပ်စိတ်ကျေနပ်အားရတဲ့အထိ တိုက်ခိုက်နိုင်မှာ”

ဤတစ်ခေါက်မှာ ဝမ်တုန်နှင့် အခြားသူများသည် လူငယ်နှင့်အတူ လိုက်ပါဖို့ ပြင်ထားကြလေသည်။

ဝမ်တုန်ကလွဲလျှင် အခြားမည်သူကမှ ပေမင်ရွှယ်၏ ဆရာကို မတွေ့မြင်ဖူးကြပေ။

ဤသည်က ဤလူ၏ နည်းလမ်းများကို တွေ့မြင်ရဖို့ သူတို့အတွက် အခွင့်ကောင်းတစ်ရပ်ဖြစ်သည်။

.........

“မင်းကြားပြီးပြီလား... စီနီယာအစ်ကိုဝမ်နဲ့ တခြားသူတွေက ရောင်းရင်းဆူကို ကိုင်တွယ်ဖို့အတွက် အဆုံးစွန်ဓားတောင်ထွတ်က ဟိုပြန်ဝင်စားမွန်းစတားကို သွားပြီးဖိတ်ခေါ်နေကြတယ်”

“အဲဒါကောင်းတာပေါ့... စီနီယာအစ်ကိုယွင် ဝင်ပါလာမယ်ဆိုရင် သူက ရှုံးနိမ့်ရလိမ့်မယ်”

“ငါတို့ အဲလိုတပ်အပ်သေချာပြောလို့တော့မရဘူး... အရင်တုန်းက စီနီယာအစ်ကိုတွေအားလုံးကလည်း မောက်မာဝင့်ကြွားခဲ့ကြတာပဲ...နောက်ဆုံးတော့ သူတို့အပြတ်အသတ်ရှုံးနိမ့်ပြီး ပြန်လာကြရတာပဲမလား”

“စီနီယာအစ်ကိုယွင်ကတော့... သူတို့နဲ့မတူဘူး... စီနီယာအစ်ကိုယွင်က ပကတိဧကနယ်ပယ်ကိုဝင်ရောက်တဲ့အချိန်မှာပဲ... အဲဒီစီနီယာအစ်ကိုတွေကို စိန်ခေါ်တိုက်ခိုက်ပြီး သူတို့အားလုံးကို သက်တောင့်သက်သာနဲ့ အနိုင်ရခဲ့တယ်”

သတင်းက ရက်အနည်းငယ်ကြာပျံ့နှံ့ပြီးနောက် အနိဋ္ဌာရုံဓားတောင်ထွတ်၏ ကိစ္စသည် ဓားတောင်ထွတ်ရှစ်ခုမှာ အတော်လေးကြီးကြီးမားမားရုတ်ရုတ်သဲသဲဖြစ်လာခဲ့သည်။

လူတိုင်းနီးပါးက ထိုအကြောင်းအရာကို အာရုံစိုက်၍ ဆွေးနွေး​​ပြောဆိုလာကြသည်။

အဆုံးစွန်ဓားတောင်ထွတ်၏ ပြန်ဝင်စားမွန်းစတားက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာသည့်ခဏမှာပင် ဤကိစ္စက ၎င်း၏ အထွတ်အထိပ်ထိ မြင့်တက်လာခဲ့သည်။

သာမန်တပည့်ဂိုဏ်းသားများဖြစ်စေ သို့မဟုတ် အမွေခံတပည့်များဖြစ်စေ ဓားတောင်ထွတ်ရှစ်ခုမှ ဓားကျင့်ကြံသူများသည် ထိုသတင်းကိုကြားသောအခါ တိုက်ပွဲကို စောင့်ကြည့်ရန် အနိဋ္ဌာရုံဓားတောင်ထွတ်သို့ ထွက်ခွာလာကြလေသည်။

ချက်ချင်းပင် အနိဋ္ဌာရုံဓားတောင်ထွတ်က ဓားကမ္ဘာတစ်ခုလုံး၏ စိတ်အာရုံဗဟိုချက်ဖြစ်လာခဲ့လေသည်။

ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါအပြင်ဘက်မှာ စုဝေးရောက်ရှိလာသော ဓားကျင့်ကြံသူများ​က ပို၍ပို၍များပြားလာသည်။ တစ်ချက်ကြည့်ရုံဖြင့် တစ်လောကလုံးက လူများဖြင့်ပြည့်နှက်နေ၏။

ကြီးမားသော လူအုပ်ကြီးနှင့်အတူ လူငယ်တစ်ဦးက လိုဏ်ဂူခန်းဝါရှေ့သို့ ရောက်ရှိလာလေသည်။

ဓားကျင့်ကြံသူအချို့က ဆက်လက်၍မချုပ်တည်းနိုင်တော့ဘဲ တံခါးကို ခေါက်လိုက်ကြ၏။

သိပ်မကြာခင် လိုဏ်ဂူခန်းဝါတံခါးက ပွင့်သွားလေသည်။ ပေမင်ရွှယ်က လျှောက်လှမ်းထွက်လာပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

“ရှင်တို့တွေ နေ့တိုင်းလာပြီးစိန်ခေါ်နေတာ မပြီးကြတော့ဘူးလား”

လူငယ်သည် ပေမင်ရွှယ်၏ နာမည်ကိုသာ အရင်ကကြားဖူးထားသည်။ ဤသည်မှာ သူသည် သူမကို ပထမဦးဆုံးအကြိမ်တွေ့မြင်ဖူးခြင်းဖြစ်ပြီး ငေးမောမှင်တက်သွားလေသည်။

ဝမ်တုန်မှာ တောင်းပန်လိုသော အမူအရာရှိပြီး သူက ရှေ့သို့တက်လှမ်းကာ ကတိစကားခံလိုက်၏။

“ဂျူနီယာညီမပေမင်... ဒီကိစ္စက နဲနဲလွန်ရာကျတယ်ဆိုတာ တကယ်ပါပဲ... နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒီနေ့တိုက်ပွဲက နောက်ဆုံးပါပဲ”

ပေမင်ရွှယ်က ပြောလိုက်၏။

“ကျွန်မ... ပကတိအင်မော်တယ်တစ်ဦးဖြစ်လာပြီးရင် တိုက်ခိုက်ချင်တဲ့ဘယ်သူ့ကိုမဆို ကျွန်မလက်ခံပေးမယ်”

ချင်ကျုံးက ဝင့်ကြွားစွာ​ဖြင့် လျှောက်လှမ်းလာပြီး ပြုံး၍ပြောလိုက်၏။

“ဂျူနီယာညီမပေမင်... မင်းဆရာကို ထွက်လာခိုင်းပါဦး... ဒီဂျူနီယာညီယွင်ကလည်း ကောင်းကင်ဘုံကမ္ဘာကလာခဲ့တာပဲ... ဘယ်ပြောရမလဲ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိချင်သိနေမှာ”

လူငယ်က ပေမင်ရွှယ်ကို ကြည့်ပြီး လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

“ဂျူနီယာညီမပေမင်... ကျုပ်က ယွင်ထင်ပါ သူက ကျုပ်နာမည်ကိုကြားဖူးလား သွားမေးပေးပါဦး”

“အာ... တာအိုရောင်းရင်းယွင်ထင်ပဲ... မင်းက တကယ့်နာမည်ကြီးပဲ”

ထိုစဥ်မှာပင် လိုဏ်ဂူခန်းဝါထဲကနေ အသံတစ်သံထွက်ပေါ်လာသည်။

ထိုအသံကိုကြားသောအခါ ယွင်ထင်က ဆတ်ခနဲတုန်ယင်သွားပြီး သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။

သူက ဘာကို ကြားနေရတာပါ့လိမ့်။

ဘာတွေဖြစ်ပျက်နေတာလဲ။

ထိုစဥ်မှာပင် အစိမ်းရောင်ဝတ်ကျင့်ကြံသူက လျှောက်လှမ်းထွက်လာပြီး မလှမ်းမကမ်းမှာရှိသောယွင်ထင်ကို ပြုံးစစဖြင့်ကြည့်နေ၏။

တကယ်တော့ ဆူဇီမိုသည်လည်း ဓားကမ္ဘာမှာ ယွင်ထင်ကို တွေ့ရမည်ဟု ထင်မှတ်မထားခဲ့ပေ။

ဂမ္ဘီရမိုးကောင်းကင်တွေ့ဆုံပွဲမှာတုန်းက ယွင်ထင်သည် ရှုံးနိမ့်ခဲ့ပြီးနောက် သူကလူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကို ထုတ်ပေးကာ ကောင်းကင်ဘုံကမ္ဘာကနေထွက်ခွာသွားပြီး သူက ဘယ်ဆီဘယ်ဝယ်ရောက်ရှိသွားသည်ကို မသိရတော့ပေ။

ယခု ယွင်ထင်ကလည်း ဓားကမ္ဘာသို့ ရောက်ရှိနေလေသည်။

ဒါ့အပြင် သူသည် အချိန်တိုအတွင်းမှာ တာအိုသစ်သီးတစ်လုံးကိုစုဖွဲ့၍ ပကတိဧကနယ်ပယ်သို့ပင်လှမ်းကာ ပကတိအင်မော်တယ်တစ်ဦးဖြစ်လာခဲ့လေပြီ။

ကောင်းကင်ဘုံကမ္ဘာကနေ ဓားကမ္ဘာထိ ယွင်ထင်က ဘာတွေနဲ့တွေ့ကြုံခဲ့ရသလဲ သူမသိပေ။ သို့သော်လည်း သူက အကျိုးအမြတ်ကြီးမားစွာရရှိခဲ့ပြီး ပကတိအသွင်ပြောင်းလဲသွားပုံရလေသည်။

ဆူဇီမိုက ယွင်ထင်ကို အကဲခတ်ကြည့်နေ၏။

အရင်တုန်းက ယွင်ထင်သည် ဂမ္ဘီရမိုးကောင်းကင်ဓားကဲ့သို့ ထုတ်ဖော်ထားသောထက်ရှမှုတစ်ခုကို ပိုင်ဆိုင်ထားခဲ့လေသည်။

ယခုအချိန်မှာ သူက ထက်ရှနေမြဲဖြစ်သော်လည်း ယွင်ထင်သည် ထိုထက်ရှမှုကို ရုပ်သိမ်းထားလေသည်။

အဲဒါသည် သူ၏ နောက်ကျောမှ အခြားသောဓားတစ်လက်ကဲ့သို့ဖြစ်သည်။

သိပ်သည်းလေးလံသောဓားမှာ မည်သည့်အနားစောင်းမှမရှိဘဲ ၎င်းကို ပြီးပြည့်စုံစွာ ပြုလုပ်ထားလေသည်။

ထိုအခိုက်အတန့်မှာ ယွင်ထင်သည် ဓားတာအိုမှ ရိုးရှင်းမှုသို့ပြန်သွားခြင်းသဘောတရားကို ရရှိထားပြီဖြစ်သည်။ သူသည် အရင်တုန်းက သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့စဥ်ကထက်ပင် ပို၍သန်မာလာလေသည်။

ဝမ်တုန်နှင့် အခြားသူများသည် တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိမထားမိကြပေ။ ယွင်ထင်၏ နာမည်က ထူးခြားအံ့မခန်းဖြစ်ပြီး ဆူဇီမိုပင် မှင်တက်သွားသည်ဟု သူတို့က တွေးလိုက်ကြသည်။

ချင်ကျုံးက သွားဖြီးကာ အော်ပြောလိုက်၏။

“ရောင်းရင်းဆူ... မင်းက ဂျူနီယာညီယွင်ရဲ့နာမည်ကို ကြားဖူးတယ်ဆိုမှတော့... မင်းသူနဲ့တိုက်ခိုက်ရဲလား။”

All Chapters