← Chapters

သူ့ရဲ့ဓားကို မင်းနဲ့စမ်းသပ်မယ်

Vol. 184 Ch. 2750

သူ့ရဲ့ဓားကို မင်းနဲ့စမ်းသပ်မယ်

Vol. 184 Ch. 2750

ယွင်ထင်က လေထဲမှာ တိုက်အိမ်ဆောက်ရင်း ရူးသွပ်စွာ ပြုံးနေ၏။

သို့သော်လည်း သူက သိပ်မကြာခင် အသိစိတ်ပြန်ကပ်လာပြီး မကျေနပ်သောအမူအရာဖြင့် သက်ပြင်းချလိုက်၏။

“ဒါပေမဲ့ ဂျူနီယာညီမပေမင်က သူကျင့်ကြံနေတဲ့ သိုင်းတာအိုနဲ့ ဘယ်အချိန်ကျမှ ပကတိအင်မော်တယ်တစ်ဦးဖြစ်လာမလဲ မသိဘူး”

“ဂျူနီယာညီမပေမင်က ပကတိဧကနယ်ပယ်ကို တက်လှမ်းတဲ့အချိန်မှာ ငါက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်နေမယ်ဆိုရင်ရော… အဲဒီချိန်မှာ ငါတို့တွေက ဘယ်လိုယှဉ်ပြိုင်နိုင်တော့မှာလဲ”

ထို့သို့တွေ့ရင်းဖြင့် ယွင်ထင်က ဆူဇီမိုကို မကျေမချမ်းကြည့်လိုက်၏။

“အဲဒါ မင်းကြောင့်ပဲ… မင်းကိုယ်တိုင်ကျတော့ အင်မော်တယ်တာအိုနဲ့ ဗုဒ္ဓတာအိုတွေကို ကျင့်ကြံပြီး မင်းတပည့်ကိုတော့ အဓိပ္ပါယ်မရှိတဲ့ သိုင်းတာအိုကို ကျင့်ကြံခိုင်းထားတယ်”

ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။

“မင်းပြန်သွားပြီးတော့ ကောင်းကောင်းပြင်ဆင်ထားတော့… မင်းက အဲဒီတိုက်ပွဲအတွက် သိပ်ကြာကြာစောင့်ရမှာမဟုတ်ဘူး”

သူသည် ပေမင်ရွှယ်၏ ကျင့်ကြံမှုကို တစ်ချိန်လုံးအာရုံစိုက်နေခဲ့သည်။

ဤအချိန်အတောအတွင်း သူ၏ အကူအညီနှင့်အတူ ပေမင်ရွှယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက ပြန်လည်မွေးဖွားလာပြီး သူမ၏ ကံကြမ္မာစက်ကွင်းနယ်ပယ်က ပြီးပြည့်စုံဖို့အတွက် အရမ်းကို နီးကပ်နေပြီဖြစ်သည်။

မဟာဓားပညာရပ်သုံးခုမှာလည်း ပေမင်ရွှယ်၏ ကျင့်ကြံမှုက တိုးတက်လာခဲ့လေသည်။

ယခုအချိန်မှာ သူမ လိုအပ်နေသည်မှာ အစစ်အမှန်သိုင်းနယ်ပယ်သို့ တက်လှမ်းမည့် အခွင့်အလမ်းတစ်ရပ်ဖြစ်လေသည်။

“ငါလည်းအဲ့လိုမျှော်လင့်တာပဲ”

ယွင်ထင်က မယုံကြည်နိုင်သေးပဲ ညင်သာစွာ သက်ပြင်းချလိုက်၏။

ဆူဇီမိုက ထိုသည်ကို တွေ့မြင်သောအခါ သူက အဓိပ္ပါယ်ပါပါပြောလိုက်သည်။

“ညီကိုယွင်… ငါ မင်းကို သတိပေးစရာတစ်ခုရှိတယ်… ပေမင်ကို ငါက မင်းနဲ့လက်ရည်စမ်းဖို့ စီစဥ်ပေးတယ်ဆိုတာ ငါက မင်းတို့နှစ်ယောက်ကို အောင်သွယ်ပေးဖို့ မဟုတ်သလို… မင်းအတွက် ပြိုင်ဘက်တစ်ယောက် ရှာပေးဖို့လည်း မဟုတ်ဘူး”

“ဒါဆိုရင် အဲဒါဘာလဲ”

ယွင်ထင်က မေးလိုက်သည်။

ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ပေမင်က ပကတိအင်မော်တယ်တစ်ဦးဖြစ်လာတဲ့အခါ သူက သူ့ရဲ့ဓားကို စမ်းသပ်ဖို့နဲ့ ဓားကမ္ဘာမှာ သူ့ကိုယ်သူ သက်သေပြဖို့ တစ်ယောက်ယောက်ကို လိုအပ်နေတယ်… အဲဒါအတွက် မင်းက အသင့်လျော်ဆုံးလူပဲ”

တကယ်တော့ ပေမင်ရွှယ်၏ ဓားတာအိုကျင့်ကြံမှုသည် အစစ်အမှန်သိုင်းနယ်ပယ်ကို ဝင်ရောက်ပြီးနောက် ဘယ်လောက်များများတိုးတက်လာမလဲ ဆူဇီမိုပင် မသိရှိပေ။

အကောင်းဆုံးနည်းလမ်းမှာ သူမ၏ ဓားကို စမ်းသပ်ဖို့အတွက် သင့်လျော်သည့်လူတစ်ယောက်ကို ရှာဖွေခြင်းဖြစ်လေသည်။

ယွင်ထင်က ထိုကဲ့သို့သောလူဖြစ်သည်။

“မင်းက သူ့ရဲ့ဓားကို စမ်းသပ်ဖို့ ငါ့ကိုအသုံးချချင်တာလား”

ယွင်ထင်က ထိုစကားကို ကြားသည့်ခဏမှာပင် သူက အမျက်ဒေါသဖြင့် ပေါက်ကွဲထွက်ပြီးနောက် လှောင်ရယ်လိုက်လေသည်။

“မင်းနဲ့ မင်းတပည့်က သူများတွေကို တော်တော်အထင်သေးတာပဲ… မင်းက ငါ့ကို တကယ်ပဲ နှစ်ကြိမ်အနိုင်ရခဲ့တယ်… ဒါပေမဲ့ မင်းက မင်းတပည့်ကိုပါ ငါ့ကိုအနိုင်ရစေချင်ပြီး ငါနဲ့ သူ့ရဲ့ဓားကိုတောင်မှ စမ်းသပ်ချင်နေသေးတာလား”

“ရှုထောင့်တစ်ခုကနေကြည့်မယ်ဆိုရင် ပေမင်က ငါ့တပည့်မဟုတ်ဘူး”

ဆူဇီမိုက ပြောလိုက်သည်။

“သူက သိုင်းတာအိုရဲ့ နံပါတ်တစ် အရိုက်အရာဆက်ခံသူပဲ… မင်းကတော့ သိုင်းတာအိုနဲ့ ဓားတာအိုမှာ သူ့ရဲ့ပထမဆုံးအဟန့်အတားပဲ”

“ဟုတ်ပြီလေ”

ယွင်ထင်က လှောင်ရယ်လိုက်၏။

“ဂျူနီယာညီမပေမင်က ငါ့ကို ဘယ်လောက်ထိ အံ့အားသင့်စရာပေးနိုင်မလဲ ကြည့်ရသေးတာပေါ့”

“အဲဒါက သိပ်ပြီးအံ့အားသင့်စရာကောင်းမှာ မဟုတ်ဘူး”

ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

“အချိန်ကျလာတဲ့အခါ အဲဒါက သူ့ကိုပဲ စိတ်ပျက်သွားစေရလိမ့်မယ်”

ယွင်ထင်က ပြောစရာစကားမဲ့သွားရလေသည်။

ယွင်ထင်က ဒေါသချောင်းချောင်းထွက်နေပြီး အံကိုတင်းတင်းကြိတ်ထား၏။ သူက မည်သည့်စကားမှမဆိုတော့ဘဲ လှည့်ထွက်သွားလေသည်။

သူက ဆူဇီမိုနှင့် ဆက်ပြီးစကားပြောနေမည်ဆိုလျှင် သူသည် စိတ်မထိန်းနိုင်ဘဲ ဆူဇီမိုကို တိုက်ခိုက်မိမှာ စိုးရိမ်ရလေသည်။

သူက လိုဏ်ဂူခန်းဝါထဲက ထွက်လာသည့်ခဏမှာပင် မလှမ်းမကမ်းမှာ ဘေးချင်းယှဉ်ရပ်နေသော ဝမ်တုန်နှင့် ဓားအင်မော်တယ်ထိုက်လိုင်ကို တွေ့လိုက်ရလေသည်။

ယွင်ထင်ပေါ်ထွက်လာသောအခါ သူတို့နှစ်ယောက်က သူ့ကိုနှုတ်ဆက်လိုက်၏။

“ဂျူနီယာညီယွင်… တစ်ခုခုဖြစ်ခဲ့လို့လား”

ဝမ်တုန်က လူကဲခတ်ကောင်းပြီး ယွင်ထင်၏ အမူအရာကို တွေ့မြင်သောအခါ သူက မေးလိုက်၏။

“အဆင်ပြေပါတယ်”

ယွင်ထင်က လက်ကာပြပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။

“စီနီယာအစ်ကိုတို့… ခင်ဗျားတို့ ဒီမှာဘာလုပ်နေကြတာလဲ”

သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဝမ်တုန်က ပြောလိုက်လေသည်။

“ဂျူနီယာညီယွင်… မင်းက တာအိုရောင်းရင်းဆူကျူးနဲ့ နက်ရှိုင်းတဲ့ ပတ်သက်ဆက်ဆံမှုရှိတယ်ဆိုမှတော့ သူက ပေမင်ရွှယ်ကို ဆက်ပြီးညှဉ်းပန်းနှိပ်စက်ခြင်းမပြုလုပ်ဖို့ မင်းသူ့ကို ဖျောင်းဖျပေးပါလား”

“တောင်ထွတ်သခင် ရှစ်ဦးကတောင်မှ ဓားတာအိုမှာ ဂျူနီယာညီမပေမင်ရဲ့ ပါရမီအရည်အချင်းကို ချီးကျူးကြတယ်… သူက ဒီတိုင်းဆက်ပြီးကျင့်ကြံနေမယ်ဆိုရင် သူက ဒုက္ခိတဖြစ်သွားမှာကို ငါတို့စိုးရိမ်နေကြတာ”

“ဒုက္ခိတဖြစ်သွားဖို့လား”

ယွင်ထင်က ထိုစကားကိုကြားသောအခါ မချင့်မရဲဖြစ်လာပြီး လှောင်ပြောင်သရော်လိုက်လေသည်။

“သူက ဘယ်လိုလုပ် ဒုက္ခိတဖြစ်နိုင်ပါ့မလဲ… သိုင်းတာအိုက အရမ်းကိုစွမ်းအားကြီးမားတယ်လေ… ဂျူနီယာညီမပေမင်က ပကတိအင်မော်တယ်တစ်ဦးဖြစ်လာတဲ့အခါ ကျုပ်တောင်မှ သူ့ကိုယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မယ်”

ဝမ်တုန်နှင့် ဓားအင်မော်တယ်ထိုက်လိုင်က ယွင်ထင်၏ ပြန်လည်ချေပစကားမှာ တွေဝေရှုပ်ထွေးသွားကြ၏။

ယွင်ထင်၏ ဤစိတ်သဘောထားက ဘယ်နေရာကနေရောက်လာသလဲ သူတို့မသိကြတော့ပေ။

ယွင်ထင်က ပြောလိုက်၏။

“ကျုပ်က သူ့ကို ဖျောင်းဖျပေးမှာ မဟုတ်ဘူး… ဂျူနီယာညီမပေမင်က တာအိုသစ်သီးတစ်လုံးကို မစုဖွဲ့နိုင်ဘဲ ပကတိဧကကောင်းကင်ဘုံကပ်ဘေးကို ဘယ်လိုဆွဲဆောင်နိုင်မလဲ… ပကတိအင်မော်တယ်တစ်ဦး ဘယ်လိုဖြစ်လာနိုင်မလဲပဲ ကျုပ်က တွေ့ချင်နေတာ”

“ဒါက…”

ဝမ်တုန်နှင့် ဓားအင်မော်တယ်ထိုက်လိုင်က အကြည့်ချင်းဖလှယ်လိုက်ကြ၏။

စောစောကတင် ယွင်ထင်သည် သူ့ယောက်ဖနှင့် အရမ်းကိုချစ်ခင်နေခဲ့ကြသည် မဟုတ်ပါလား။ ယခု သူတို့က အချေအတင်ဖြစ်လာခဲ့ကြပြီလား။

ခဏမျှရပ်တန့်ပြီးနောက် ယွင်ထင်က ဆက်ပြောလိုက်သည်။

“စီနီယာအစ်ကိုတို့… ထပ်ပြီးပြောရရင် အရှက်မကွဲရအောင် ခင်ဗျားတို့တွေက တခြားတောင်ထွတ်တွေက ဓားတာအိုကျင့်ကြံသူတွေကို ထိန်းထားတာ ပိုကောင်းလိမ့်မယ်… ကျင့်ကြံမှုနယ်ပယ်တူမှာ သူ့ကိုစိန်ခေါ်ဖို့ လုပ်မနေကြနဲ့တော့”

“တူညီတဲ့ကျင့်ကြံမှုနယ်ပယ်က လူတွေက တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ဖို့ မပြောနဲ့… သူတို့က အတူပူးပေါင်းတိုက်ခိုက်ရင်တောင်မှ သူ့ကိုနိုင်ချင်မှနိုင်လိမ့်မယ်”

အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်ပေါ်တွင်…

ဤနေရာသည် အနိဋ္ဌာရုံဓားကုန်းမြေတိုက်၏ အလယ်ဗဟိုဖြစ်သလို ဓားချီအသန်မာဆုံးရှိရာနေရာလည်းဖြစ်သည်။ ကောင်းကင်လိုဏ်ဂူနယ်ပယ် ကျင့်ကြံမှုမရှိဘဲ တစ်ယောက်တစ်ယောက်က ဤတောင်ထွတ်ပေါ်မှာ ရပ်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်မှာ ကျင့်ကြံသူ ရှစ်ဦးက တောင်ထွတ်ပေါ်မှာ စုဝေးရောက်ရှိနေကြ၏။ သူတို့က ထိုင်သူထိုင်၊ မတ်တတ်ရပ်သူရပ်၊ လက်ဖက်ရည်သောက်သူသောက်နှင့် စကားပြောသူပြောရှိနေကြပြီး သူတို့၏ အမူအရာများက ပေါ့ပေါ့ပါးပါးပင်ရှိနေလေသည်။

သူတို့ရှစ်ယောက်ထဲမှာ အမျိုးသားကခုနှစ်ဦးဖြစ်ပြီး အမျိုးသမီးကတစ်ဦးဖြစ်လေသည်။ သူတို့သည် ဓားတောင်ထွတ်ရှစ်ခု၏ တောင်ထွတ်သခင်များဖြစ်ကြသည်။

သူတို့ရှစ်ယောက်ထဲမှာ တစ်ဦးတည်းသောအမျိုးသမီးဖြစ်သည့် ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က အနိဋ္ဌာရုံဓားတောင်ထွတ်၏ခြေရင်း ဓားချီရေတံခွန်တွင် ရေစီးကြောင်းများကိုဆန်၍ ကူးခတ်နေသော ပုံရိပ်ကိုကြည့်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

“ပေမင်က ပြီးခဲ့တဲ့ရက်တွေအတွင်း အတော်လေးထိခိုက်ခံစားခဲ့ရတဲ့ပုံပဲ”

“အော်မီတောဖော”

ဇင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ဗုဒ္ဓအာလုပ်စကားတစ်ခုကို ရွတ်ဆိုကာ ညင်သာစွာပြောလိုက်၏။

“ဒါပေမဲ့ သူ့ရဲ့ကိုယ်ကာယနှင့် မျိုးဆက်သွေးက လုံးဝကို အသွင်ပြောင်းလဲသွားတဲ့ပုံပဲ… သူက တာအိုသစ်သီးတစ်လုံးကို မစုဖွဲ့နိုင်သေးဘူးဆိုပေမဲ့ သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အရင်ကထက်တောင် ပိုပြီးသန်မာလာပြီ… အဲဒါက ပေမင်ရွှယ်အတွက် အကျိုးမယုတ်လောက်ဘူး”

“ဟမ့်…”

အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။

“အဲ့လိုကြောင့်သာမဟုတ်ရင် ငါက သူ့ဆရာဆိုတဲ့လူကို ဓားကမ္ဘာကနေ မောင်းထုတ်လိုက်တာကြာပြီ… အဲဒါအတွက် ငါက အပြစ်တင်ခံရမယ်ဆိုရင်တောင်မှ ဂရုမစိုက်ဘူး”

“မင်းရဲ့စိတ်နေစရိုက်ကတော့ အမြဲတမ်း အရင်ကအတိုင်းပါပဲလား”

တခြားသူများက ရယ်ပြုံးကာ ပြောလိုက်ကြ၏။

အဆုံးစွန်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်သည်။

“ပြောရမယ်ဆိုရင် သူ့ဆရာက ယွင်ထင်လိုမျိုး ကောင်းကင်ဘုံကမ္ဘာကနေလာခဲ့တာပဲ… သူက ယွင်ထင်နဲ့ ဒီလိုမျိုးပတ်သက်ဆက်ဆံမှုတစ်ခုတောင် ရှိနေတယ်ဆိုတော့…”

ပုံရိပ်ရောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ယွင်ထင်ရဲ့အစ်မက ကောင်းကင်ဘုံကမ္ဘာမှာ မဟာနတ်မိမယ်လေးပါးထဲက တစ်ပါးဖြစ်တယ်လို့ ငါကြားတယ်… သူ့မှာ တာအိုလက်တွဲဖော်တစ်ဦးရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး”

“ငါလည်း အဲဒါနဲ့ပတ်သက်ပြီး သေချာမပြောတတ်ဘူး”

အခြားသူများက သူ့တို့ခေါင်းများကို ညင်သာစွာခါပြလိုက်ကြ၏။

“ကောင်းကင်ဘုံကမ္ဘာဆိုတော့…”

မိစ္ဆာဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ခဏမျှစဉ်းစားတွေးတောပြီး ပြောလိုက်၏။

“ကောင်းကင်ဘုံကမ္ဘာမှာ ဖန်တီးခြင်းကြာပဒုမ္မာက ပေါ်ထွက်လာပြီး လူပုံဏ္ဌာန်ခန္ဓာကိုယ်တစ်ခုအဖြစ် စုဖွဲ့ထားတယ်လို့ ငါကြားတယ်… အဲဒါက အဆင့်-၁၂ထိတောင်မှ ကျင့်ကြံခဲ့ပြီးပြီ”

“ငါလည်း အဲဒါကိုကြားမိတယ်”

ဒြပ်စင်ငါးမျိုးတောင်ထွတ်၏ တောင်ထွတ်သခင်က စိတ်မကောင်းသောအမူအရာဖြင့် ပြောလိုက်၏။

“ကံဆိုးစွာနဲ့ပဲ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနဲ့ အဲဒီလူက ဧကရာဇ်ဂူသင်္ချိုင်းထဲကို တွန်းပို့ခံရပြီး သေဆုံးသွားခဲ့တယ်”

“အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာက ဘယ်လောက်တောင် အဖိုးတန်လိုက်လဲ… ဧကရာဇ်အင်မော်တယ်နှိမ်နင်းတောင်မှ အရင်တုန်းက အဲဒါကို အဲဒီအဆင့်အထိ မပျိုးထောင်နိုင်ခဲ့ဘူး”

“အား…”

အာဏာရှင်တောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“အဲဒီပြိုင်စံရှားအတွက်ကတော့ နှမြောစရာပဲ… သူက သူ့ကိုလှည့်စားခဲ့တဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မယ်… သူသာ ငါတို့ဓားကမ္ဘာမှာ မွေးဖွားလာခဲ့မယ်ဆိုရင် သူက ဒီလိုမျိုးအဆုံးသတ်ရမှာ မဟုတ်လောက်ဘူး”

“ဟုတ်တာပေါ့”

ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။

“သူသာ ဓားကမ္ဘာမှာ မွေးဖွားလာမယ်ဆိုရင် တောင်ထွတ်ရှစ်ခုက ပညာရှင်တွေက သူ့ကိုသေချာပေါက်ကာကွယ်ပေးပြီး သူ့ကိုချောချောမွေ့မွေ့ကြီးပြင်းလာစေလိမ့်မယ်… အဲဒါက အရင်တုန်းက ဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ ဂုဏ်ကျက်သရေကို ပြန်လည်ဆောင်ကြဉ်းပေးနိုင်လာလိမ့်မယ်”

ဧကရာဇ်အင်မော်တယ်နှိမ်နင်းအကြောင်း ပြောဆိုချိန်မှာ သူတို့သည် အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်ကို အလိုလိုကြည့်လိုက်ကြ၏။

မည်သို့ပင်ဆိုစေ သူတို့၏ အောက်ဘက်ရှိ အနိဋ္ဌာရုံဓားတောင်ထွတ်ကို ဧကရာဇ်အင်မော်တယ်နှိမ်နင်းက တည်ထောင်ခဲ့လေသည်။

ထိုအခိုက်အတန့်မှာ အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က တွေဝေရှုပ်ထွေးသောအမူအရာနှင့် ရောထွေးနေသော စိတ်ခံစားချက်များနှင့်အတူ တောင်ထွတ်ပေါ်မှာ ပေါက်ရောက်နေသော ညှိုးနွမ်းနေသည့် ကြာပန်းများကို ကြည့်လိုက်လေသည်။

တောင်ထွတ်ပေါ်မှာ ဓားချီက ပြင်းထန်ကြမ်းတမ်းပြီး ထက်ရှလေသည်။ ပကတိအင်မော်တယ်များပင်လျှင် အဲဒါကို ခံနိုင်ရည်မရှိပေ။ သို့သော်လည်း ညှိုးနွမ်းနေသော ကြာပန်းများက ဤနေရာမှာ တစ်ချိန်လုံးပေါက်ရောက်နေပြီး အဲဒါက ထူးဆန်းသော မြင်ကွင်းတစ်ခုဖြစ်နေသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြန်ပြောင်းတမ်းတသော အမူအရာတစ်ခုကို ထုတ်ဖော်ပြီး လေးတွဲ့စွာ သက်ပြင်းချလိုက်၏။

“သူက အရင်တုန်းက အနိဋ္ဌာရုံဓားတောင်ထွတ်ကို တည်ထောင်ခဲ့တုန်းက ဧကရာဇ်အင်မော်တယ်နှိမ်နင်းက အဲဒီကြာပန်းတွေကို ကိုယ်တိုင်စိုက်ပျိုးခဲ့တာပဲ”

“ကံဆိုးစွာနဲ့ပဲ ဧကရာဇ်အင်မော်တယ်နှိမ်နင်း ကွယ်လွန်ပြီး ဖန်တီးခြင်းကြာပဒုမ္မာ ကြေမွသွားပြီးတဲ့နောက် ကြာပန်းတွေက ညှိုးနွမ်းသွားပြီး ထပ်ပြီးတော့ ဖူးပွင့်မလာတော့ဘူး။”

All Chapters