လိပ်ခဲတည်းလည်းအခြေအနေ
Vol. 184 Ch. 2756
ဓားအလင်းက ရောက်ရှိလာသည့်ခဏမှာပင် သိပ်သည်းပြင်းထန်သော ဓားစိတ်ဆန္ဒက ပေမင်ရွှယ်၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လောကတစ်ခုလုံးကို လှုပ်ခါသွားစေ၏။
သွေးကဲ့သို့ နီရဲနေသောဓားတစ်လက်က ပေမင်ရွှယ်၏ ခန္ဓာကိုယ်ထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ပုံသဏ္ဌာန်ယူလာခဲ့၏။
အဲဒါက ဓားအလင်းရောင်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
“အင်မော်တယ်နှိမ်နင်းဓား”
လူအုပ်ကြားထဲမှ အံအားတသင့်ရေရွတ်သံက ထွက်ပေါ်လာ၏။
ဓားတောင်ထွတ်ပေါ်မှ တောင်ထွတ်သခင်ရှစ်ဦးကလည်း ငေးမောမှင်တက်နေကြ၏။ အင်မော်တယ်နှိမ်နင်းဓားသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ အဆင့်ထိ မရောက်ရှိသေးသော်လည်း ၎င်းသည် တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်နေလေပြီ။
ဝုန်း...
ဓားတာအိုနှစ်ခုက ထိတွေ့ရိုက်ခတ်သွား၏။
နောက်ခဏ၌ ကပ်ဘေးတိမ်စိုင်များက ပျက်ပြယ်သွားလေသည်။
လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။
လက်ရှိအင်မော်တယ်ဘုရင်များနှင့် တောင်ထွတ်သခင်ရှစ်ဦးအပါအဝင် ဓားကျင့်ကြံသူများအားလုံးသည် နေရာမှာပင် ငေးမောမှင်တက်ပြီး ထိုဓားချက်ကနေ ထုတ်ဖော်လိုက်သည့် ဓားစိတ်ဆန္ဒမှာ လက်ခံယုံကြည်သွားကြသည်။
ထိုဓားချက်၏ အံအားသင့်ဖွယ်ရာကောင်းမှုကို ဖော်ပြစရာ မည်သည့်စကားလုံးမှမရှိပေ။
ကောင်းကင်ထက်မှာ ပေါ်ထွက်ခဲ့သည့် ထိုစကားလုံးများမှာသာ အဲဒါကို ရှာတွေ့နိုင်ကောင်းရှာတွေ့နိုင်ပေလိမ့်မည်။
“ယစ်မူးဖွယ်ရာ ပန်းများ၏ ကောင်ကင်... ဆီးနှင်းဓားတစ်လက်”
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားအသစ်က ပေမင်ရွှယ်ကြောင့် ဓားကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။
တောင်ထွတ်ပေါ်မှာ လင်းရွှင်ကျန်း၏ တည်ငြိမ်နေသော မျက်လုံးများကလည်း ဝဲဂယက်ဖြာထွက်သွားပြီး သူမက ရင်တထိတ်ထိတ်ဖြစ်လာသည်။
ယွင်ထင်သည် တွေဝေရှုပ်ထွေးသောအမူအရာနှင့်အတူ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ထား၏။
ပေမင်ရွှယ်သည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်ခဲ့သော်လည်း ထိုအချက်က သူ့အပေါ် များစွာမသက်ရောက်စေခဲ့ပေ။
ကောင်းကင်ဘုံကပ်ဘေးသည် အပြင်ပန်းမျှသာဖြစ်သည်။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ရှစ်ခုကို ဆွဲဆောင်ခဲ့သည့် ကျင့်ကြံသူများသည် အနာဂတ်မှာ ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်ခဲ့သည့် ထိုသူများနှင့် ရင်ဆိုင်ရာမှာ ရှုံးနိမ့်ချင်မှရှုံးနိမ့်ပေလိမ့်မည်။
လောကမှာ အသန်မာဆုံး ဧကရာဇ်ပညာရှင် မဟာအရိုင်းကမ္ဘာ၏ သားရဲဧကရီသွေးလိပ်ပြာသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခဲ့စဥ်က သူမသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ငါးခုကိုသာ ဆွဲဆောင်နိုင်ခဲ့သည်ဟု ဆိုကြလေသည်။
ယေဘုယျအားဖြင့်ပြောရလျှင် သက်ရှိများစွာသည် သူတို့၏ တာအိုသစ်သီးများကို စုဖွဲ့ပြီးနောက် သူတို့သည် အနည်းဆုံး ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ခြောက်ခုကို ဆွဲဆောင်နိုင်ကြသည်။
သို့သော်လည်း သားရဲဧကရီသွေးလိပ်ပြာသည် ထိုစဥ်တုန်းက အရမ်းကို အားနည်းခဲ့ပြီး ကောင်းကင်ဘုံကပ်ဘေး ကိုးခုထဲက ခြောက်ခုကပင် ပေါ်ထွက်မလာခဲ့ပေ။ ထိုသို့ဆိုလျှင်တောင် နောက်ပိုင်းမှာ သူမသည် လောက၏ အထွတ်အထိပ်မှာရပ်တည်၍ သက်ရှိများအားလုံးကို အပေါ်စီးကနေ ကြည့်ရှုနိုင်ဆဲဖြစ်လေသည်။
ယွင်ထင်သည် ပေမင်ရွှယ်ထက် ကောင်းကင်ဘုံကပ်ဘေးတစ်ခုသာ နိမ့်ကျလေသည်။ အဲဒါက သူ၏ တာအိုနှလုံးသားကို မကိုင်လှုပ်နိုင်ပေ။ သို့သော်လည်း စောစောက ဓားချက်ကို တွေ့မြင်သည့်အခါ သူက နက်ရှိုင်းစွာ တုန်လှုပ်သွားရဆဲဖြစ်သည်။
ထိုဓားချက်က ဘယ်လောက်တောင်ကြောက်စရာကောင်းသလဲ သူက မဖော်ပြနိုင်ပေ။
သူက ပေမင်ရွှယ်နေရာမှရှိနေမည်ဆိုလျှင် သူသည် ထိုဓားချက်ကို ခုခံနိုင်ချင်မှ ခုခံနိုင်မည်ဟုသာ သိထားလေသည်။
လူတိုင်း၏ အကြည့်က ပေမင်ရွှယ်အပေါ် ကျရောက်လာကြသည်။
သူမသည် ဆိုးဆိုးဝါးဝါးအခြေအနေမှာ ကျရောက်သွားသည့်ပုံပင်။
သူမ၏ အသက်ဓာတ်အားက အားပျော့သွားရုံသာမက သူ၏ အသိစိတ်ထဲရှိ သူမ၏ အမြုတေစိတ်ဝိညာဥ်ကပင် ဒဏ်ရာအပြင်းအထန်ရရှိပြီး ကြေမွလုနီးပါးဖြစ်နေသည်။
“ပြီးသွားပြီ”
အရာရာတိုင်းကို အာရုံခံရင်း ဓားကျင့်ကြံသူများစွာက သူတို့၏ ခေါင်းများကို ခါယမ်းကာ သက်ပြင်းချလိုက်ကြ၏။
ယွင်ထင်၏ မျက်လုံးများကလည်း သနာဂရုဏာသက်မှုဖြင့် တဖျတ်ဖျတ်လက်သွား၏။
ထိုစဥ်မှာပင် အစိမ်းရောင်ပုံရိပ်တစ်ခုက ရိပ်ခနဲလှုပ်ရှားပြီး ပေမင်ရွှယ်၏ ဘေးသို့ ရောက်ရှိလာခဲ့သည်။ ထိုသူက ဆူဇီမိုဖြစ်လေသည်။
ဆူဇီမိုသည် သုန်မှုန်နေသောအမူအရာဖြင့် ရှေ့သို့တက်လှမ်းပြီး သတိလစ်နေသောပေမင်ရွှယ်ကို သယ်ပိုးကာ သူမ၏ လိုဏ်ဂူခန်းဝါရှိရာသို့ ပြန်သွားဖို့ ပြင်လိုက်လေသည်။
နောက်ခဏ၌ ဘေးတစ်ဘက်မှာရှိသော လေဟာနယ်က ရုတ်တရက်ပွင့်ထွက်သွားပြီး မနှိုင်းယှဥ်သာအောင် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အော်ရာတစ်ခုက ဆင်းသက်ရောက်ရှိလာ၏။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ရောက်ရှိလာလေသည်။
“သူ့ကိုချပေး... ငါခေါ်သွားလိုက်မယ်”
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က သူ၏ မျက်လုံးထဲရှိ အေးစက်စက်အလင်းတစ်ချက်နှင့် ဆူဇီမိုကို ဖိခြေနိုင်သည့် အင်အားကြီးမားသော စွမ်းပကားနှင့်အတူ ဆူဇီမိုကို တားဆီးလိုက်လေသည်။
“မရဘူး”
ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့သောအမူအရာဖြင့် ဖြည်းဖြည်းချင်းပြောလိုက်၏။
သူ၏ လေသံက တည်ကြည်ခိုင်မာနေပြီး ပြန်လှန်မေးခွန်းမထုတ်နိုင်ပေ။
အင်မော်တယ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်ရချိန်မှာတောင် ဆူဇီမိုသည် လုံးဝရှောင်တိမ်းခြင်းမရှိဘဲ အကြည့်ချင်းဆုံလိုက်၏။
ဘေးပတ်ဝန်းကျင်မှာရှိသောကျင့်ကြံသူများက ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်နှင့် ရင်ဆိုင်နေရပြီး အော်ရာချင်းယှဥ်ရာမှာ သူက အရေးနိမ့်မှုမရှိဟု လူတိုင်းက ထင်ယောင်ထင်မှားမြင်မိလာသည်ပုံပင်။
“အဲဒါဘယ်သူလဲ”
တောင်ထွတ်ပေါ်မှာ လင်းရွှင်ကျန်းက ဆူဇီမိုကိုကြည့်ပြီး ရုတ်တရက် မေးလိုက်လေသည်။
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။
“သူက အောက်ဘုံလောကက ပေမင်ရွှယ်ရဲ့ဆရာပဲ”
လင်းရွှင်ကျန်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်၏။
“အာ..”
ရုတ်တရက် ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်က သက်ပြင်းချလိုက်၏။
“ညီကိုလုက စိုးရိမ်စိတ်လွန်ကဲနေတဲ့အတွက် သူက နဲနဲစိတ်လှုပ်ရှားနေတယ်... ပေမင်ရွှယ်က ဒီလောက်ထိ ဒဏ်ရာအပြင်းအထန်ရပြီး သူ့ရဲ့အမြုတေစိတ်ဝိညာဥ်ကတောင် ကြေမွလုနီးပါးဖြစ်နေပြီ... ငါတို့ကို မပြောနဲ့ အသင်္ချေဓားနန်းတော်က ဧကရာဇ်တွေတောင်မှ သူ့ကို တစ်ခုခုလုပ်ပေးနိုင်မှာ မဟုတ်တော့ဘူး”
ပုံရိပ်ယောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်ကလည်း ခေါင်းညိတ်ကာပြောလိုက်၏။
“သူတို့တွေက ပေမင်ကိုကယ်တင်နိုင်မယ်ဆိုရင် အဲဒီရောင်းရင်းအိုကြီးတွေက ပေါ်ထွက်လာနေတာ ကြာနေလောက်ပြီ”
“ဝေါမီထောဖော်”
ဇင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။
“ညီကိုလုက စိတ်လိုက်မာန်ပါနဲ့ ပေမင်ရွှယ်ရဲ့ဆရာကို ထိခိုက်အောင်မလုပ်ဖြစ်ဖို့ ငါတို့တွေ သူ့ကိုသွားပြီး ဖျောင်းဖျသင့်တယ်... ဘာပဲပြောပြော အဲဒါက သူ့ဆရာနဲ့ ဘာမှမဆိုင်ဘူး”
“မင်းဘာပြောလိုက်တာလဲ”
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်သည် ဆူဇီမိုက သူ့ကို အမှန်တကယ်ဆန့်ကျင်ရဲသည်ကို တွေ့မြင်သောအခါ သူက ဒေါသချောင်းချောင်း ထွက်လာသည်။ သူ၏ မျက်လုံးထဲရှိဓားအလင်းက ပို၍ပင်ထက်ရှလာပြီး လျှံထွက်လာတော့မည့်မတတ်ဖြစ်သည်။
“ခင်ဗျား သူ့ကိုကယ်နိုင်လို့လား”
ဆူဇီမိုက တည်ငြိမ်သောအမူအရာဖြင့် ပြန်ပြောလိုက်၏။
“ငါ...”
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောစရာစကားမဲ့သွားပြီး နေရာမှာပင် ငေးမောမှင်တက်နေ၏။
သူသည် ပေမင်ရွှယ်ကို တကယ်ပင် မကယ်တင်နိုင်ပေ။ သို့သော်လည်း သူသည် သူမကို အရွယ်မတိုင်ခင် အမှန်တကယ်မသေဆုံးစေလိုပေ။
မည်သို့ပင်ဆိုစေ သူ့မှာရှိသမျှအကုန်ထုတ်ဖော်ကာ ကြိုးစားကြည့်ရမည်ဖြစ်သည်။
“ခင်ဗျားသူ့ကိုမကယ်နိုင်ဘူးဆိုမှတော့ ဘာလို့လမ်းပိတ်နေတာလဲ”
ထိုစဥ်မှာပင် ဆူဇီမိုက ပြောလိုက်၏။
“ကျုပ်တပည့်ကို ကျုပ်ကယ်မယ်... တစ်လအတွင်း တခြားဘယ်သူကမှ ကျုပ်ကိုလာပြီးမနှောက်ယှက်နဲ့”
ထိုသို့ပြောရင်း ဆူဇီမိုက ပေမင်ရွှယ်ကို လိုဏ်ဂူခန်းဝါရှိရာဘက်သို့ သယ်ပိုးလိုက်လေသည်။
ထိုစကားကိုကြားသောအခါ အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က အဲဒါကို ယုံကြည်လက်ခံနိုင်ခြင်းမရှိပေ။ သို့သော်လည်း သူ၏ ရင်ထဲမှာ မျှော်လင့်ချက်တစ်စွန်းတစ်စ ထွန်းညှိလာပြီး သူကအလိုလိုလမ်းဖယ်ပေးလိုက်မိ၏။
တစ်ခဏချင်းမှာပင် ဆူဇီမိုက ပေမင်ရွှယ်ကိုသယ်ပိုးကာ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားလေသည်။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က တွေဝေရှုပ်ထွေးသောအမူအရာဖြင့် မတ်တတ်ရပ်နေဆဲဖြစ်သည်။
တစ်ခဏကြာအောင် တွေးတောပြီးနောက် သူက ဆူဇီမိုနှင့်ပေမင်ရွှယ် ထွက်သွားရာဘက်ကို နက်ရှိုင်းစွာတစ်ချက်ကြည့်ပြီးနောက် ပြန်လှည့်လာခဲ့သည်။
တောင်ထွတ်ပေါ်မှာ လင်းရွှင်ကျန်းကလည်း ဆက်လက်၍တံခါးပိတ်ကျင့်ကြံရန် ဖြတ်တောက်ဓားတောင်ထွတ်သို့ ပြန်သွားခဲ့ပြီဖြစ်သည်။
သူမသည် ဤတစ်ခေါက်မှာ အင်မော်တယ်နှိမ်နင်းဓား၏ ဆင်းသက်လာမှုကို မတွေ့မြင်ခဲ့ရသော်လည်း ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားအသစ်သည် သူမကို ကြီးမားစွာ တုန်လှုပ်သွားစေဆဲဖြစ်သည်။
သူမသည် သူမ၏ နားလည်ဆင်ခြင်မှုကို တတ်နိုင်သမျှများများ ဖမ်းဆုပ်မိနိုင်ဖို့အတွက် တံခါးပိတ်ကျင့်ကြံမှုသို့ ဝင်ရောက်လိုလေသည်။
“ညီကိုလု... သူကြိုးစားကြည့်ပါစေ”
ဒြင်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်က သက်ပြင်းချကာ ပြောလိုက်၏။
“ခင်ဗျားက ပေမင်ရွှယ်ကို ခေါ်သွားမယ်ဆိုရင်တောင် ခင်ဗျားက နောက်ဆုံး ခင်ဗျားရဲ့ရှေ့မှာ သူသေဆုံးသွားတာကိုပဲ ကြည့်နေရလိမ့်မယ်”
ဖြတ်တောက်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်သည်။
“ဟုတ်တယ်... သူက ပေမင်ကို မကယ်တင်နိုင်ဘူးဆိုရင်တောင် ဘာပဲပြောပြော ပေမင်က သူ့ရဲ့တပည့်ဖြစ်နေတုန်းပဲ... သူ့ရဲ့နောက်ဆုံးခရီးကို သူကပဲ လိုက်ပို့ပေးသင့်တယ်”
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က နှုတ်ဆိတ်နေ၏။
သူသည် မျှော်လင့်ချက်တစ်စွန်းတစ်စနှင့်အတူ အဝေးမှာရှိသော ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါကို ငေးကြည့်နေ၏။
လိုဏ်ဂူခန်းဝါသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် ဘေးပတ်လည်မှာရှိသော အင်မော်တယ်ဝင်္ကပါများကို ချက်ချင်းပင်အသက်သွင်းကာ လိုဏ်ဂူခန်းဝါတစ်ခုလုံးကို ပိတ်ချလိုက်၏။
လမ်းတစ်လျှောက်မှာ သူသည် ပေမင်ရွှယ်၏ ထိခိုက်ဒဏ်ရာများကို နဖူးမှခြေဖျားထိ စမ်းသက်စစ်ဆေးခဲ့ပြီဖြစ်သည်။ သူမသည် အမှန်တကယ်ပင် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူမ၏ အသက်က တည်းတည်းသာရှိတော့လေသည်။
ကြောက်စရာအကောင်းဆုံးအရာမှာ ပေမင်ရွှယ်၏ အသိစိတ်ထဲရှိ ဓားဝိညာဥ်ဖြစ်သော သူမ၏ အမြုတေစိတ်ဝိညာဥ်က ကြီးမားသော ထိတွေ့ရိုက်ခတ်မှုကို တွေ့ကြုံခဲ့ရပြီး ကြေမွလုနီးပါးဖြစ်နေ၏။
သို့သော်လည်း ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ကိုးခု၏ နောက်ဆုံးဓားချက်က လုံးလုံးလျားလျားသတ်ဖြတ်ဖို့မရည်ရွယ်သည်ကို ဆူဇီမိုက ရှင်းလင်းစွာတွေ့မြင်ခဲ့ရသည်။
တကယ်ဆို ၎င်းသည် ပေမင်ရွှယ်ထံမှာ အသက်ဓာတ်တစွန်းတစ်စကိုပင် ချန်ထားပေးခဲ့လေသည်။
အဲဒါသည် ယခင်က သူတွေ့ကြုံခဲ့ရသသော ကောင်းကင်ဘုံကပ်ဘေးနှစ်ခုနှင့် လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။
သူသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို နှစ်ကြိမ်ဆွဲဆောင်ခဲ့စဥ်က နောက်ဆုံးကောင်းကင်ဘုံကပ်ဘေးများသည် သူ့ကို ဖျက်ဆီးပစ်ဖို့ လုံးလုံးလျားလျားရည်ရွယ်ထားခဲ့လေသည်။
သို့သော်လည်း ဓားတာအို၏ ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားမှ ဓားအလင်းသည် ပေမင်ရွှယ်၏ ခန္ဓာကိုယ်ထဲသို့ နောက်ဆုံးအခိုက်အတန့်ဝင်ရောက်လာသည့်အခါ ၎င်းသည် သူမ၏ အသက်ကို ယာယီအားဖြင့် ထိန်းသိမ်းပေးရန် အသက်ဓာတ်တစ်စွန်းတစ်စကို ချန်ပေးထားခဲ့လေသည်။
ထိုအသက်ဓာတ်တစ်စွန်းတစ်စရှိနေသရွေ့ ဆူဇီမိုမှာ ပေမင်ရွှယ်ကိုကယ်တင်ဖို့ နည်းလမ်းတစ်ခုရှိနေလေသည်။
အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးကို မှီခိုပြီး သူသည် တစ်လကြာအောင် အသက်ဓာတ်ကြာလက်ချောင်းကို အသုံးပြုမည်ဆိုလျှင် သူသည် ပေမင်ရွှယ်၏ ထိခိုက်ဒဏ်ရာများကို လုံးလုံးလျားလျားကုသပေးနိုင်ပေလိမ့်မည်။
ကုသဖို့အခက်ခဲဆုံးဖြစ်သည့် ဓားဝိညာဥ်ဒဏ်ရာကိုတော့ သူ၏ သိုလှောင်အိတ်ထဲမှာ သူမကို တိုက်ကျွေးနိုင်သည့် အသောကသစ်သီးတချို့ရှိနေသေးသည်။
သစ်သီးတစ်လုံးက မလုံလောက်ဘူးဆိုလျှင် သူက သစ်သီးနှစ်လုံးကို အသုံးပြုရပေလိမ့်မည်။
သူသည် ပေမင်ရွှယ်၏ ဓားဝိညာဥ်ကို အားဖြည့်ပေးရန် တစ်ချိန်တည်းမှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ စကားလုံးများကို ရွတ်ဆိုနေမည်ဆိုလျှင် သူမကို လုံးလုံးလျားလျားကုသပေးနိုင်ဖို့ ခုနှစ်ဆယ်ရာခိုင်နှုန်း အခွင့်အရေးရှိလေသည်။
မနှိုင်းယှဥ်သာအောင်ကြွယ်ဝသော အသက်ဓာတ်အားကို ပိုင်ဆိုင်ထားသည့် အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကသာ သေအံ့ဆဲဆဲ ပေမင်ရွှယ်ကို ကယ်တင်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်လေသည်။
ပြန်လည်သက်သာပျောက်ကင်းလာပြီးလျှင် ပေမင်ရွှယ်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်မည့် အခွင့်အရေးရှိနေလေသည်။