ဓားပညာရပ်များ ပြန်လည်ရောက်ရှိလာခြင်း
Vol. 184 Ch. 2757
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခု ပျက်ပြယ်သွားပြီးနောက် ဓားကျင့်ကြံသူများစွာသည် သူတို့၏ သက်ဆိုင်ရာ ဓားတောင်ထွတ်များသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ဤလေ့လာစောင့်ကြည့်မှုသည် ဓားကျင့်ကြံသူအများစုကို ဓားတာအိုမှာ အသိမြင်အသစ်များစွာ ရရှိလာစေသည်။
လောကမှာရှိသော မည်သူမဆို ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်နိုင်မည်ဆိုလျှင် အဲဒါသည် တစ်လောကလုံးရှိ ကျင့်ကြံသူများအတွက် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်ပေါ်တွင်…
တောင်ထွတ်သခင် ရှစ်ဦးသည် ဤနေရာမှာ စုစည်းရောက်ရှိနေပြီး ပေမင်ရွှယ်သည် စောစောက ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ခဲ့သည့်မြင်ကွင်းကို ပြန်လည်စဉ်းစားနေကြ၏။ သူတို့က ခဏခဏသက်ပြင်းချနေကြသည်။
“ငါထင်တာ မမှားဘူးဆိုရင် ပေမင်ရွှယ်က မဟာဓားပညာရပ်သုံးခုရဲ့ ရှေးဟောင်းမူလစာလိပ်တွေကို ရရှိထားတာဖြစ်ရမယ်”
ဖြတ်တောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
အခြားသူများသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်မသွားကြပေ။
ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုသည် အရမ်းကို စွမ်းအားကြီးမားလွန်းလေသည်။ ပေမင်ရွှယ်၏ ခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန် ရရှိသွားရုံသာမက သူမ၏ သိုလှောင်အိတ်ကလည်း ကြေမွလုမတတ် ဖြစ်ခဲ့ရ၏။
ကြေမွသွားသော သိုလှောင်အိတ်ကနေတစ်ဆင့် တောင်ထွတ်သခင်ရှစ်ဦးသည် မဟာဓားပညာရပ်သုံးခု၏ အော်ရာများကို အာရုံခံမိခဲ့ကြသည်။
ဒါ့အပြင် အဲဒါသည် မဟာဓားပညာရပ်သုံးခု၏ ရှေးအကျဆုံးနှင့် အသန့်စင်ဆုံး ဓားချီဖြစ်လေသည်။
ဒြပ်စင်ငါးမျိုးဓားတောင်ထွတ်၏ တောင်ထွတ်သခင်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်၏။
“သူ့ရဲ့အင်မော်တယ်နှိမ်နင်းဓားက အခုချိန်ထိ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့အဆင့်ကို မရောက်ရှိသေးပေမဲ့ အဲဒါက တစ်ဝက်တစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်နေပြီ… အဲဒီ ဂမ္ဘီရစိတ်ဝိညာဉ်နဲ့ သူမ ပိုင်ဆိုင်ထားတဲ့ ဓားစိတ်ဆန္ဒက မှားစရာမရှိတော့ဘူး”
အနိဋ္ဌာရုံရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပြောလိုက်၏။
“ငါလည်း သူ့ရဲ့ကျင့်ကြံမှုကို အာရုံစိုက်ကြည့်နေတာ… အနည်းဆုံးတော့ သူက လွန်ခဲ့တဲ့သုံးနှစ်တုန်းက မဟာဓားပညာရပ်သုံးခုကို ပေါင်းစည်းပြီး အင်မော်တယ်နှိမ်နင်းဓားအဖြစ် စုဖွဲ့နိုင်ခဲ့ခြင်း မရှိသေးဘူး”
“သူက အင်မော်တယ် နှိမ်နင်းဓားကို ကျင့်ကြံနိုင်ခဲ့တယ်ဆိုတာ သူက မဟာဓားပညာရပ်သုံးခုရဲ့ ရှေးဟောင်းမူလစာလိပ်သုံးလိပ်ကို ဖတ်ရှုထားခဲ့လို့ ဖြစ်ရမယ်”
ပုံရိပ်ယောင်ဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ရေရွတ်ပြောဆိုလိုက်၏။
“ပေမင်ရွှယ်က တကယ့်ကို ကောင်းချီးပေးခံရတာပဲ… သူက မဟာဓားပညာရပ်သုံးခုရဲ့ အတွဲသုံးတွဲကို ရရှိထားတယ်ဆိုတော့...”
အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က တွေဝေရှုပ်ထွေးစွာဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ သူက ပြီးခဲ့တဲ့ သုံနှစ်အတွင်း အနိဋ္ဌာရုံဓားတောင်ထွတ်မှာပဲ ကျင့်ကြံနေတာ… ဘယ်ကိုမှ ထွက်ခွာမသွားခဲ့ဘူး… သူက ဓားပညာရပ်သုံးခုကို ဘယ်လိုလုပ်ပြီး ရရှိလာတာလဲ”
“လွန်ခဲ့တဲ့ သုံးနှစ်က...”
ဓားတောင်ထွတ်သခင်ရှစ်ဦးက အကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းမှာပင် လူတစ်ယောက်ကို တွေးမိသွားကြသည်။
လွန်ခဲ့သည့် သုံးနှစ်သည် ကောင်းကင်ဘုံကမ္ဘာက ဆူကျူးရောက်ရှိလာသည့်အချိန်ဖြစ်လေသည်။
“သူက ပေမင်ရွှယ်ကို အဲဒါသင်ကြားပေးနိုင်တာလား”
“အဲ့လိုသာဆိုရင် သူကလည်း မဟာဓားပညာရပ်သုံးခုကို ကျင့်ကြံထားလောက်တယ်”
မဟာဓားပညာရပ်သုံးခုကို ပေမင်ရွှယ်အား သင်ကြားပေးခဲ့သည်မှာ သူက သူမကို ဘယ်လောက်ထိ တန်ဖိုးထားသလဲ သိသာစေလေသည်။
လက်ရင်းတပည့်များပင်လျှင် မဟာဓားပညာရပ်သုံးခုကဲ့သို့ ကျင့်ကြံရေးနည်းစနစ်များကို မြင်တွေ့ခွင့် ရချင်မှရပေလိမ့်မည်။
ဒါ့အပြင် ဆူဇီမိုသည် မဟာဓားပညာရပ်သုံးခု၏ အတွဲသုံးတွဲကို ပေမင်ရွှယ်အား ချက်ချင်းပင် ထုတ်ပေးခဲ့လေသည်။
“ဘာပဲဖြစ်ဖြစ် မဟာဓားပညာရပ်သုံးခုရဲ့ မူလအတွဲတွေက ပျောက်ဆုံးသွားခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ… အဲဒါက နောက်ဆုံးတော့ ဒီဘက်မျိုးဆက်မှာ ဓားကမ္ဘာက ကျင့်ကြံသူတစ်ယောက်လက်ထဲကို ပြန်ရောက်လာပြီပေါ့”
“ဆူကျူးက တကယ်ပဲ မဟာဓားပညာရပ်သုံးခုကို ပေမင်ရွှယ်ကို သင်ကြားပေးထားတာဆိုရင်… ညီအစ်ကိုလူ… မင်းက သူ့ကို ကိုယ်တိုင်ကျေးဇူးတင်စကား သွားပြောသင့်တယ်”
“မဟာဓားပညာရပ်သုံးခု ဓားကမ္ဘာကို ပြန်ရောက်လာတာက အရမ်းကို အရေးကြီးတယ်”
တကယ်တော့ အနိဋ္ဌာရုံဓားတောင်ထွတ်သခင်သည်လည်း ဤကိစ္စ၏ အရေးပါမှုကို သိရှိထားလေသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ သူက အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပြီး ဆူကျူးသည် ပကတိအင်မော်တယ်တစ်ဦးသာ ဖြစ်လေသည်။ သူ့မှာ မာန်မာနအနည်းငယ် ရှိနေသေးပြီး သူက အဲဒါကို လက်မခံလိုသေးပေ။
ဒါ့အပြင် ပေမင်ရွှယ်၏ ကံကြမ္မာက ဘာမှန်းမသိရပေ။ မဟာဓားပညာရပ်သုံးခုက ပြန်လည်ရောက်ရှိလာခဲ့သည်ဆိုလျှင်တောင် သူက ကောင်းမွန်သော စိတ်အခြေအနေမှာ ရှိမနေပေ။
အနိဋ္ဌာရုံဓားတောင်ထွတ်သခင်က ပြောလိုက်၏။
“အဲဒါတွေအားလုံးက ထင်မြင်ယူဆချက်တွေပဲ… မဟာဓားပညာရပ်သုံးခုကို အဲဒီလူက ပေမင်ရွှယ်ကို တကယ်ပဲ သင်ကြားပေးထားတာဆိုရင် ငါက သူ့ကို ကျေးဇူးတင်စကားပြောဖို့အတွက် ကိစ္စမရှိဘူး”
“သူက ပေမင်ရွှယ်ကို ကယ်တင်ပေးနိုင်မယ်ဆိုရင် ငါက သူ့ကို ကျေးဇူးတင်ရုံတင်မဟုတ်ဘူး… သူ့အတွက် ကြီးမားတဲ့လက်ဆောင်တစ်ခု ပြင်ဆင်ပြီး ကိုယ်တိုင်သွားပေးပို့ဖို့က ပြဿနာမရှိဘူး”
ပေမင်ရွှယ်သည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဆွဲဆောင်ပြီး အနှိုင်းမဲ့နတ်ဘုရားစွမ်းအားအသစ်တစ်ခုကို မွေးဖွားပေါ်ထွက်လာစေတော့မည့် ပြန်ဝင်စားမွန်းစတားတစ်ဦး ဖြစ်လေသည်။ သူမ အသက်ရှင်နိုင်သည်နှင့်အမျှ သူမသည် ဓားကမ္ဘာ၏ အနာဂတ်မျှော်လင့်ချက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။ အဲဒါသည် မည်သည့်လက်ဆောင်နှင့်မှ လဲလှယ်ရယူ၍ မရနိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။
အချိန်က တဖြည်းဖြည်းစီးဆင်းပြီး တစ်ခဏချင်းမှာပင် တစ်လတာ ကုန်ဆုံးသွားသည်။
ဤအချိန်အတောအတွင်း တောင်ထွတ်ရှစ်ခုမှ ဓားကျင့်ကြံသူအားလုံးနီးပါးသည် ယခင်ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုအကြောင်းကို ဆွေးနွေးပြောဆိုနေကြသည်။
ဝမ်တုန်နှင့် အနိဋ္ဌာရုံဓားတောင်ထွတ်မှ အခြားသောဓားကျင့်ကြံသူများသည် အထဲမှာ သတင်းတစ်ခုခု ထွက်ပေါ်လာမည်ကို မျှော်လင့်ရင်း ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါအပြင်ဘက်မှာ နေ့စဉ်နေ့တိုင်း အလှည့်ကျ သွားရောက်စောင့်ကြပ်နေကြ၏။
သို့သော်လည်း လိုဏ်ဂူခန်းဝါကို တစ်ချိန်လုံးပိတ်ထားထားပြီး အထဲမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင်က ပေါ်ထွက်မလာသော်လည်း သူက ထိုနေရာကို မကြာမကြာကြည့်ရှုနေဆဲဖြစ်လေသည်။
ဤနေ့မှာ…
တစ်လကြာ ပိတ်ဆို့ထားသော လိုဏ်ဂူခန်းဝါ၏ တံခါးက ဖြည်းဖြည်းချင်းပွင့်သွားပြီး လိုဏ်ဂူခန်းဝါ၏ အနက်ပိုင်းထဲကနေ ခပ်သွယ်သွယ်ပုံရိပ်တစ်ခု လျှောက်လှမ်းထွက်လာလေသည်။
လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ စောင့်ကြပ်နေသော ဓားကျင့်ကြံသူများက ချက်ချင်းပင် လှမ်းကြည့်ပြီး သူတို့၏ မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားလေသည်။
ပေမင်ရွှယ်က တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာခဲ့သည်။
ဤသတင်းသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ တောင်ထွတ်ရှစ်ခုကို တိုက်ခတ်ကာ ကြီးမားသော ရုတ်ရုတ်သဲသဲ အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်လာစေပေလိမ့်မည်။
ထိုနေ့က ပေမင်ရွှယ်၏ ထိခိုက်ဒဏ်ရာများကို လူတိုင်းက တွေ့မြင်ခဲ့ရသည်။ အင်မော်တယ်ဘုရင်ပညာရှင်များပင်လျှင် ဘာမှမတတ်နိုင်ခဲ့ပေ။ ပေမင်ရွှယ်သည် နောက်ဆုံးမှာ ရှင်သန်နိုင်ခဲ့ပြီး အပြည့်အဝပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ဝမ်တုန်နှင့် အခြားသူများက ထိုသတင်းကို လက်ခံရရှိသောအခါ သူမကို ဂုဏ်ပြုစကားပြောဆိုဖို့အတွက် ချက်ချင်းပင် ရောက်ရှိလာကြ၏။
ပကတိဧကနယ်ပယ်သို့ ပေမင်ရွှယ် တက်လှမ်းလာခြင်းသည် သူမက ဓားကမ္ဘာ၏ အမွေခံတပည့်တစ်ယောက် ဖြစ်လာပြီဟုလည်း ဆိုလိုလေသည်။
တောင်ထွတ်ပေါ်မှာ အနိဋ္ဌာရုံဓားတောင်ထွတ်၏ တောင်ထွတ်သခင် လုယွင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရယ်မောနေ၏။
“ဟားဟားဟားဟား…. ကောင်းကင်ဘုံက ဓားကမ္ဘာကို တကယ်ပဲ ကောင်းချီးပေးနေပြီပဲ”
လုယွင်သည် တောင်ထွတ်ပေါ်မှ ညှိုးနွမ်းနေသော ကြာပန်းများကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“စီနီယာ အင်မော်တယ်နှိမ်နင်း… ခင်ဗျား အဲဒါကို မြင်ရလား… ကျုပ်တို့ဓားကမ္ဘာမှာ အခု ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲက ကိုးခုကို ဖြတ်ကျော်နိုင်တဲ့ ပြိုင်ဝင်စားမွန်းစတားတစ်ဦး ရှိလာခဲ့ပြီ”
ပေမင်ရွှယ်၏ ကပ်ဘေးဖြတ်ကျော်မှုသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း ညှိုးနွမ်းနေသော ကြာပန်းများက သူထင်မှတ်ထားသည့်အတိုင်း သူတို့၏ အသက်ဓာတ်ကို ပြန်လည်ရရှိလာခြင်း မရှိပေ။
ထိုသို့ဆိုလျှင်တောင် လုယွင်က ပေမင်ရွှယ် မထိမခိုက်ရှင်သန်နိုင်ခဲ့သည်ကို တွေ့ရသောအခါ ကျေနပ်သဘောကျနေ၏။ တစ်ချိန်တည်းမှာပင် တခြားသောတောင်ထွတ်များမှ တောင်ထွတ်သခင်များကလည်း ထိုသတင်းကို လက်ခံရရှိသွားကြသည်။
“အနိဋ္ဌာရုံဓားတောင်ထွတ်က ဒီဘက်မျိုးဆက်မှာ မြင့်မားတိုးတက်လာတော့မယ်နဲ့တူတယ်”
“အနိဋ္ဌာရုံဓားတောင်ထွတ်က ပေမင်ရွှယ်ရဲ့ ပေါ်ထွက်လာမှုနဲ့ မဟာဓားပညာရပ်သုံးခုရဲ့ ပြန်လည်ရောက်ရှိလာမှုနဲ့ဆိုလျှင် လုယွင်က အိပ်နေရင်တောင်မှ ယောင်ပြီးရယ်နေလောက်တယ်”
“အဲ့လိုသေချာပြောလို့တော့ မရဘူး… ဒီဘက်မျိုးဆက်မှာ အဆုံးစွန်ဓားတောင်ထွတ်မှာ ယွင်ထင်ရှိတယ်… ဖြတ်တောက်ဓားတောင်ထွတ်မှာ လင်းရွှင်ကျန်း ရှိတယ်… ဓားတာအိုမှာ ဘယ်သူက ဘယ်လောက်ဝေးဝေး လျှောက်လှမ်းနိုင်မလဲဆိုတာ မသိရသေးဘူး”
“ဓားတောင်ထွတ်ရှစ်ခုရဲ့ အမွေခံတပည့်တွေကြားမှာ ပေမင်ရွှယ်၊ ယွင်ထင်နဲ့ လင်းရွှင်ကျန်းတို့က အင်မော်တယ်နှိမ်နင်းဓားကို တစ်ဝက်တစ်ပျက်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအဆင့်ထိ ကျင့်ကြံထားနိုင်ကြတယ်… အစစ်အမှန် အင်မော်တယ်နှိမ်နင်းဓားကို ဘယ်သူက အရင်စပြီး နားလည်ဆင်ခြင်နိုင်မလဲ ငါသိချင်မိတယ်”
ပေမင်ရွှယ်သည် ဆီးနှင်းဓား၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ရရှိထားခဲ့သော်လည်း သူမသည် အဲဒါကို အပြည့်အဝ နားလည်ဆင်ခြင်နိုင်မည်ဟု မဆိုလိုပေ။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ကာ ကျွမ်းကျင်ပိုင်နိုင်အောင် ပြုလုပ်ရခြင်းသည် မိုးကောင်းကင်ကို တက်လှမ်းရသလောက် ခက်ခဲလေသည်။
ပေမင်ရွှယ်သည် ဆက်လက်ကျင့်ကြံ၍ နားလည်ဆင်ခြင်ရဦးမည်ဖြစ်သည်။ သူမသည် အားလုံးကို ကြေညက်အောင် ပြုလုပ်ကာ အခွင့်အလမ်းတစ်ခု ရရှိလာဖို့ အချိန်တစ်ခု လိုအပ်လေသည်။
သူမကို ဆီးနှင်းဓားကို နားလည်ဆင်ခြင်ဖို့ အမြင့်မားဆုံး အခွင့်အရေးနှင့် ဓားကျင့်ကြံသူတစ်ဦးဟုသာ ဆိုနိုင်လေသည်။
တောင်ထွတ်ပေါ်မှာ လုယွင်သည် သူမ၏ လိုဏ်ဂူခန်းဝါထဲကနေ ယခုတင် လျှောက်လှမ်းထွက်လာပြီး ဓားကျင့်ကြံသူများစွာထံမှ ဂုဏ်ပြုစကားများကို လက်ခံရရှိနေသည့် ပေမင်ရွှယ်ကို ငေးကြည့်နေ၏။
ခဏနေပြီးနောက် သူက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ရုတ်တရက်ပို့လွှတ်ကာ ပေမင်ရွှယ်ကို အနိဋ္ဌာရုံဓားတောင်ထွတ်ပေါ်သို့ လာရောက်ရန် ပြောလိုက်လေသည်။
ပထအချက်… သူသည် ပေမင်ရွှယ်က တောင်ထွတ်ပေါ်မှ ကြာပန်းများကို ပြန်လည်ရှင်သန်အောင် ပြုလုပ်နိုင်မလား စမ်းသပ်ကြည့်လို၏။
ဒုတိယအချက်… သူသည် မဟာဓားပညာရပ်သုံးခုနှင့် ပတ်သက်သည့်ကိစ္စကို မေးမြန်းရပေမည်။
သိပ်မကြာခင် ပေမင်ရွှယ်သည် အနိဋ္ဌာရုံဓားတောင်ထွတ်သို့ ရောက်ရှိလာလေသည်။ သူမသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်။ သူမ၏ ဘေးပတ်လည်မှ ညှိုးနွမ်းနေသော ကြာပန်းများကို ကြည့်ရင်း သူမ၏ မျက်လုံးထဲမှာ အံ့အားသင့်မှုအကြည့်တစ်ခု ပေါ်ထွက်လာ၏။
လုယွင်၏ မျက်လုံးထဲတွင် စိတ်ပျက်လက်ပျက် အကြည့်တစ်ခု ပေါ်ထွက်လာလေသည်။
ဘေးပတ်လည်မှာရှိသော ကြာပန်းများထံမှ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
လုယွင်သည် ထိုကိစ္စကို ခဏဘေးဖယ်ထားပြီး ပြုံး၍မေးလိုက်၏။
“ပေမင်ရွှယ်… ငါ မင်းဆီကနေ အတည်ပြုချင်တဲ့ ကိစ္စတချို့ ရှိတယ်… မဟာဓားပညာရပ်သုံးခုကို မင်းဆရာက မင်းကို သင်ပေးခဲ့တာလား”
မဟာဓားပညာရပ်သုံးခုနှင့် ဆူဇီမိုအကြောင်းပြောဆိုချိန်မှာ ပေမင်ရွှယ်က ရုတ်တရက် စိုးရိမ်ပူပန်လာခဲ့၏။
လုယွင်က ပြုံးပြလိုက်၏။
“ဘာမှ မစိုးရိမ်နဲ့… မဟာဓားပညာရပ်သုံးခုက မင်းနဲ့အတူ ရှိနေတယ်ဆိုမှတော့ အဲဒါက မင်းအပိုင်ပဲ… ဘယ်သူကမှ မင်းရဲ့ခွင့်ပြုချက်မရှိဘဲ အဲဒါကို မယူနိုင်ဘူး”
“မင်းဆရာကတော့ ငါ သူ့ကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး… တကယ်ဆို သူက မင်းကို မဟာဓားပညာရပ်သုံးခု သင်ကြားပေးခဲ့တဲ့သူဆိုရင် ငါက သူ့ကို ကိုယ်တိုင်ကျေးဇူးတင်စကားပြောဖို့အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ရလိမ့်မယ်။”