← Chapters

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀) သီးသန့်လေ့ကျင့်ခြင်း ထွက်လာသော မိုကြိုးတောင်ပံသားရဲက စတင်၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

ချူးယွင်ဖန်းသည် အရှေ့ဘက်သို့ အပြင်းအထန် ပြေးလွှားနေသော်လည်း သူပြုလုပ်ခဲ့သော ရူးသွပ်မှုသည် ကနဦးသာ ရှိသေးသည်။

လူများစွာသည် ချူးယွင်ဖန်းကို အနောက်မှ လိုက်ခြင်း မဟုတ်လျှင် သူ့ကိုရှေ့မှ လမ်းကြောင်းများကို ပိတ်ဆို့ရန် ကြိုးစားနေကြသည်။

သူ၏ထွက်ပေါ်လာမှုသည် ရုတ်တရတ် ဆန်လွန်းသောကြောင့် လူအများစုက ပြင်ဆင်မှု မပြုလုပ်ထားကြပေ။ တိုက်ပွဲသည် စတင်ရန် ပြင်ဆင်မှုပြုနေလေသည်။

အရာအားလုံးသည် ရုတ်ချည်း ဖြစ်ပျက်သွားခဲ့ရာ၊ ၎င်းသည် ရုတ်တရတ် အလှည့်အပြောင်းဟုပင် ယူဆနိုင်သည်။ နေရာအနှံ့မှ လူအများအပြားသည် သတင်းရရှိပြီးသည်နှင့် ချူးယွင်ဖန်းကို တားဆီးရန်အတွက် အပြေးနှင်နေကြသည်။

မကြာမီတွင် ထိုတွေ့ဆုံမှု၏ ရလဒ်များ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသတင်းသည် အသိုင်းအဝိုင်းတစ်ခုလုံးကိုပင် တုန်လှုပ်စေခဲ့သည်မှာ သေချာသည်။

ဤအသိုင်းအဝိုင်းရှိ လူအများအပြားသည် ချူးယွင်ဖန်းအပေါ် မကောင်းသည့် ရည်ရွယ်ချက်များရှိနေကြသည်။ သို့သော် သူ၏ခွန်အားနှင့်ပတ်သက်၍ ၎င်းတို့၏ယခင်က ဝေဖန်ပိုင်းခြားချက်များ လုံးလုံးလျားလျား မှားယွင်းနေသည်မှာ သေချာသည်။ တာအိုညီလာခံပြီးဆုံးသည့် အချိန်မှစ၍ လအနည်းငယ်သာ ကြာမြင့်သေးသော်လည်း ချူးယွင်ဖန်း၏ အင်အားသည် အလွန်အပြောင်းအလဲကြီး ပြောင်းလဲလာခဲ့သည်။

အရေးအကြီးဆုံးမှာ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်လာခဲ့သည်။ ပြည်ထောင်စုတွင် မွေးဖွားခြင်းနယ်မြေသို့ တက်လှမ်းခြင်းသည် ကျွမ်းကျင်သူများ၏ အဆင့်သို့ တက်လှမ်းခြင်းဟု ဆိုလိုသည်။ အသိုင်းအဝိုင်းတစ်ခုတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်လာစေသောအချက်သည် ချူးယွင်ဖန်း၏ အသက်အရွယ်သာ မဟုတ်ပေ။

ပန်းချီကားနှင့် အူတိုင်ကို ရယူနိုင်ခြင်းက မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်နိုင်မည့် ၎င်းတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်သော်လည်း၊ ကံတရားကို စမ်းသပ်ကြည့်လိုသည့် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်ရှိ ဝါရင့် ကျွမ်းကျင်သူများစွာက ၎င်းတို့၏ အစီအစဉ်များကို ရပ်တန့်ရန်အပြင် အခြား ရွေးချယ်စရာမရှိပေ။

သို့သော် အခက်အခဲများကို နှစ်ပေါင်းများစွာကြာ ဖြတ်သန်းလာကြသော ကျွမ်းကျင်သူများအနေဖြင့် ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်လာသည့်နောက်တွင် ၎င်းတို့က ဆက်လက်၍ ကြားဝင် စွက်ဖက်နိုင်မည့်သူ မဟုတ်ကြောင်း သိရှိခဲ့ကြသည်။ အခြားသော အဆင့်ရှိ ကျွမ်းကျင်သူများကြားက တိုက်ပွဲသို့ မဆင်မခြင် ပါဝင်ပတ်သက်ခြင်းသည် သေခြင်းတရား၏ လမ်းစရှာဖွေခြင်းသာ ဖြစ်ပေလိမ့်မည်။

မိုးကြိုးသွားအဖွဲ့ပြီးနောက်၊ အခြားသော အုပ်စုနှစ်ခု၏ လူသေအလောင်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။ ယခင်အချိန်ကနှင့် အလားတူ ၎င်းတို့အားလုံး သေဆုံးသွားကြသည်။ ယခုတစ်ကြိမ်တွင် ပို၍ပင် ဆိုးရွားသည့် အခြေအနေတစ်ခု ဖြစ်ပေါ်ခဲ့လေသည်။ အကြောင်းမှာ သွေးနက်ကန်နှင့် မိုးကြိုးသွားတို့၏ သင်ခန်းစာများမှ သင်ယူခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ရာ၊ ဤအုပ်စုနှစ်စုသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစွာ၏ ခွန်အားဖြင့် တစ်ချိန်တည်း တိုက်ခိုက်ခဲ့ကြသည်။

သို့သော် ခြွင်းချက်မရှိစွာ၊ ၎င်းတို့အားလုံး ပျက်သုဉ်းသွားကြသည်။

“ဘာလဲ ဟ… သူတို့တွေ သေတဲ့အထိ တိုက်ခိုက်ခံရပုံမပေါ်ဘူး။ အဲဒီအစား၊ မွန်းစတားတွေနဲ့ ကြုံတွေ့ခဲ့ပုံပဲ"

ချူးယွင်ဖန်းကို လိုက်ဖမ်းနေသော မိုးကြိုးသွားအဖွဲ့၏ ခေါင်းဆောင် ကျန်းလေ့ထင်သည် မြေပြင်တွင် သွေးများဖြင့် စိုရွှဲပျံ့နှံ့ကာ ကျွမ်းကျင်သူ အယောက်တစ်ရာကျော်ခန့်၏ အလောင်းများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်ကို ကြည့်လိုက်သည်။

ပြင်းထန်သော သွေးညှိနံ့သည် မွန်းစတားများစွာကို စစ်မြေပြင်၏ အနီးတစ်ဝိုက်သို့ လှည့်လည်သွားလာရန် ဆွဲဆောင်စေခဲ့သည်။ သို့သော် ၎င်းတို့သည် ကြောက်မက်ဖွယ်ရာ ကိုယ်ရောင်ကိုယ်ဝါမျိုးကို ခံစားနေရသကဲ့ အနီးအနားသို့ လက်လွတ်စပယ် ချဉ်းကပ်ဝံ့ခြင်း မရှိကြပေ။

"ဟုတ်တယ်။ လူသားတွေက ချုံခိုတိုက်ခိုက်တဲ့ ပုံလည်းမပေါ်ဘူး။ မွန်စတားတွေပဲဖြစ်ရမယ်”

သဲလွန်စများကို ကောက်ချက်ချနေသည့် အခြားသော ကျွမ်းကျင်သူတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများစွာနှင့် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာသည် လုံးလုံးလျားလျား ပျက်သုဉ်းသွားခဲ့သည်။ ထို့အပြင် အခင်းဖြစ်ပွားရာ အခြေအနေကို ကြည့်ခြင်းအားဖြင့် ၎င်းတို့သည် တိုက်ခိုက်မှု တစ်ခုကိုပင် ခံနိုင်ရည် ရှိခဲ့ပုံ မပေါ်ပေ။ ၎င်းတို့အားလုံး တစ်ချက်တည်းဖြင့် သေဆုံးသွားကြပုံအရ ၎င်းသည် သာမန်မွန်းစတားတစ်ကောင် မဟုတ်ပေ။

“သူတို့အားလုံးက နာမည်ကြီး ပုဂ္ဂိုလ်တွေချည်းပဲ။ သွေးကျီးကန်းကြေးစားအဖွဲ့က လူတွေ၊ ဝိညာဉ်သုတ်သင်ခြင်း လိပ်ပြာအဖွဲ့က လူတွေနဲ့ တစ်ဦးတည်း လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တစ်ချို့ရောပဲ။ သူတို့အားလုံးက မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေ။ အသန်မာဆုံးလူက မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်မှာရှိနေပြီး အားအနည်းဆုံးလူက မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေကြပြီ။ သူတို့အကုန်လုံးက နာမည်ကျော်ပုဂ္ဂိုလ်တွေချည်းပဲ၊ ဒါပေမယ့် အခုတော့ ဒီနေရာမှာ သေကုန်ကြပြီ"

“အားလုံး သတိကပ်ထားကြ"

ကျန်းလေ့ထင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

ဤအဆင့်တွင်ရှိနေသည့် မွန်းစတားသည် ၎င်းတို့ကဲ့သို့သော လက်ရွေးစင်အဖွဲ့များကိုပင် အလွယ်တကူ ရှင်းပစ်နိုင်သည်။ လူသားများ၏ ရှာဖွေရေးသမိုင်းတွင် ပြီးပြည့်စုံသည့် အမြစ်ပြတ်ချေမှုန်းမှုများစွာ ရှိခဲ့ဖူးသည်။

သို့သော် ချူးယွင်ဖန်းက သတ်ဖြတ်ခဲ့သော သူ၏လက်အောက်ငယ်သားများကို ကျန်းလေ့ထင်က တွေးလိုက်မိသည်နှင့် သူ၏ဒေါသစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။ သူသည် ချူးယွင်ဖန်းကို တိုက်ခိုက်ရန်အတွက် ဦးစွာပထမ လူများစေလွှတ်ခဲ့သူဖြစ်သည်ကို သူ လုံးလုံးလျားလျား မေ့သွားခဲ့ပုံပေါ်သည်။

ကျန်းလေ့ထင်သည် ကနဦးတွင် အူတိုင်နှင့် ပန်းချီကားကိုသာ လုယူလိုခြင်းဖြစ်သည်။ သို့သော် သူ၏ လက်အောက်ငယ်သားများ သေဆုံးသွားသည့်နောက်တွင် သူနှင့် ချူးယွင်ဖန်းတို့ နှစ်ဦးအနက် တစ်ဦးက မသေဆုံးသရွေ့ ၎င်းတို့၏ကိစ္စ ပြီးဆုံးမည်မဟုတ်ဟု သူ ခံစားနေရသည်။ သူ၏နှလုံးသားရှိ အမုန်းတရားများကို ဖြေရှင်းရန်အတွက် ချူးယွင်ဖန်းကို သတ်ဖြတ်ရပေလိမ့်မည်။

သို့သော် ချူးယွင်ဖန်း၏အမြင်တွင် အူတိုင်နှင့် ပန်းချီကားကို သိမ်းပိုက်လိုလျှင် သေသည်အထိ တိုက်ပွဲဝင်ရမည်ဖြစ်သည်ကို ကျန်းလေ့ထင်က မသိခဲ့ပေ။ ၎င်းအချက်ကို မည်သူမျှ ရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင် အပြာရောင်လျှပ်စီးကြောင်းနှင့် ဆင်တူသော ပုံရိပ်တစ်ခုက တောအုပ်ထဲတွင် ခုန်ပေါက်ပျံသန်းနေသည်။ ဤအပြာရောင် လျှပ်စီးကြောင်းကဲ့သို့ ပုံသဏ္ဍာန်၏အထက်တွင် လူသားပုံသဏ္ဍာန်တစ်ခုရှိနေသည်။

ထိုလူသည် ချူးယွင်ဖန်းမှလွဲ၍ အခြားလူမဟုတ်ပေ။ ချူးယွင်ဖန်းက ထိုင်နေသည့် သတ္တဝါသည်လည်း မိုးကြိုးတောင်ပံသားရဲမှလွဲ၍ အခြားမဟုတ်ပေ။ ချူးယွင်ဖန်း၏ တောင်မြစ်ပန်းချီကားထဲတွင် တစ်နှစ်ခွဲကျော်မျှ မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတား၏အူတိုင်ကို မျိုချချေဖျက်နေသည့် မိုးကြိုးတောင်သားရဲသည် အဆုံးတွင် အူတိုင်ကို လုံးလုံးလျားလျား ချေဖျက်နိုင်ခဲ့သည်။

ယခင်က ချူးယွင်ဖန်းကို တားဆီးခဲ့သူများအနက် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအများပြားပါဝင်ခဲ့သည်။ သန်မာသူများသည် မွေးဖွားခြင်းနယ်မြေ စတုတ္ထအဆင့်သို့ပင် တက်လှမ်းခဲ့ကြသည်။ ထိုသို့သော ထိပ်တန်း ကျွမ်းကျင်သူများကို မွေးဖွားခြင်းနယ်မြေအဆင့်များကြားတွင် အားနည်းသည်ဟု မယူဆနိုင်ပေ။

ထိုလူများနှင့်တွေ့ဆုံရချိန်တွင် သူ၏ဝှက်ဖဲမပါရှိဘဲ ချူးယွင်ဖန်းက ၎င်းတို့၏ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည့် မိုးကြိုးတောင်သားပံရဲ၏အရှေ့တွင် ၎င်းတို့က အချည်းအနှီးသာဖြစ်သည်။

သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာခဲ့သော မိုးကြိုးတောင်ပံသားရဲ၏ ခွန်အားသည် မရီးဒျန်သန့်စင်ခြင်းအဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ ထို့အပြင် ၎င်း၏ခွန်အားသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ ခုန်ပျံကျော်လွှား၍ ရောက်ရှိခဲ့သည်။

မိုးကြိုးတောင်ပံသားရဲသည် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်ရှိ ကျွမ်းကျင်သူများကြားတွင်ပင် အကြွင်းမဲ့ စွမ်းအားကြီးသော သားရဲဖြစ်သည်။

ချူးယွင်ဖန်းကို လိုက်ဖမ်းနေသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်ပါက အခြေခံ ကွာခြားချက်တစ်ခုရှိနေသည်။ ထို့အပြင် မိုးကြိုးတောင်ပံသားရဲ၏ ဖြစ်တည်မှုကို မည်သည့်အချိန်ကမှ ၎င်းတို့ တွေးခဲ့ဖူးကြမည် မဟုတ်ပေ။ ချူးယွင်ဖန်းနှင့် ပတ်သက်သော ထောက်လှမ်းရေး အစီရင်ခံစာ အများအပြားတွင် မိုးကြိုးတောင်ပံသားရဲကို ရံဖန်ရံခါမှသာ ဖော်ပြခဲ့ကြသည်။ ၎င်းကိုဖော်ပြခဲ့လျှင်ပင်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခဲ့ခြင်းမရှိဘဲ ချီပင်လယ်အဆင့်တွင်သာ ရှိသည်ဟုဆိုကြသည်။

ထို့ကြောင့် ၎င်းတို့က သားရဲကို အလေးအနက် ထည့်စဉ်းစားခြင်း မရှိကြပေ။ မိုးကြိုးတောင်ပံသားရဲသည် နတ်စွမ်းရည်အဆင့်သို့ တက်လှမ်းနိုင်သည့် အလားအလာရှိသော်လည်း ယင်းမှာ အလားအလာတစ်ခုသာဖြစ်သည်။ ၎င်းသည် ယခုအချိန်တွင် ထိုကဲ့သို့အဆင့်မျိုးတွင်ရှိနေသည့် ဖြစ်တည်မှုမျိုး မဟုတ်သေးပေ။

အတိအကျပြောရမည်ဆိုလျှင် ၎င်းတို့ကို သေစေနိုင်သော ထိုးနှက်ချက်များ ပေးစွမ်းခဲ့သူမှာ ၎င်းတို့လျစ်လျူရှုထားသည့် မိုးကြိုးတောင်ပံသားရဲဖြစ်သည်။ ချူးယွင်ဖန်းကို ဝိုင်းရံထားစဉ်တွင် မိုးကြိုးတောင်ပံသားရဲက လျှပ်စီးသကဲ့သို့ ပေါ်ပေါက်လာပြီးနောက် ချူးယွင်ဖန်းနှင့် ပူးပေါင်းကာ ၎င်းတို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင်၊ တစ်နာရီကျော်မျှ ပြေးလွှားနေပြီးနောက် မိုးကြိုးတောင်ပံသားရဲက အဆုံးတွင် မွန်းစတားအူတိုင်ကို ချေဖျက်နိုင်ခဲ့သည်။ ၎င်းသည် သီးသန့်ကျင့်ကြံခြင်းမှ ထွက်လာသည်နှင့် ချူးယွင်ဖန်းကို သူ၏နောက်ကျောတွင် သယ်ဆောင်ကာ ကျန်ခရီးကို ခရီးဆက်ခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်းကို အချိန်နာရီဝက်ခန့်မျှ မြန်ဆန်စေခဲ့သည်။

ချူးယွင်ဖန်းသည် အဆုံးတွင် ရရှိထားသည့် ကိုသြဒိနိတ်၏အစွန်အဖျားသို့ ရောက်ရှိလာသည်။ သူသည် တုနှိုင်းမဲ့အောင် ကြီးမားကျယ်ပြန့်သည့် တောအုပ်တစ်ခုသို့ ရောက်ရှိခဲ့သည်။ ကောင်းကင်၏ ပသာဒကို ဖျက်ဆီး၍ နေကို ဖုံးလွှမ်းနေသည့် သစ်ပင်ကြီးများက နေရာတိုင်းတွင် ပေါက်ရောက်နေသည်။ ဤနေရာအတွင်းမှ မွန်းစတားများစွာ၏ ကြွေးကြော်သံများ ထွက်ပေါ်နေသည်။ ရံဖန်ရံခါတွင်၊ ဧရာမ သားရဲကြီးများ၏ ရွေ့လျားသံများ မိုးခြိမ်းသံများကဲ့သို့ ထွက်ပေါ်နေသည်။

ဧရိယာတစ်ခုလုံးသည် လူသူဆိတ်ငြိမ်နေသည့် နေရာတစ်ခုဖြစ်သည်။

ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲပေါ်မှ ဆင်းသက်ပြီးသည်နှင့် ၎င်းကို တောင်မြစ်ပန်းချီကားထဲတွင် ပြန်လည်သိမ်းဆည်းလိုက်သည်။ ယခုအချိန်တွင် သီးသန့်ကျင့်ကြံခြင်းမှ ထွက်ခွာလာသည့် မိုးကြိုးတောင်သားရဲ၏ စွမ်းအင်သည် သိသိသာသာ တိုးမြင့်လာခဲ့ရာ၊ ၎င်းသည် မိမိ၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်လာမည်မှာ သေချာသည်။

ချူးယွင်ဖန်းက ကောင်းမွန်စွာ အသုံးပြုလျှင် သူ၏လမ်းကြောင်းတွင် ပိတ်ဆို့နေခဲ့သည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သကဲ့သို့ မထင်မှတ်ထားသည့် အကျိုးသက်ရောက်မှုမျိုးရှိမည်မှာ သေချာသည်။

အခန်း (၆၁၁) မင်းတို့ လုပ်ခဲ့တဲ့ အပြုအမူတွေအတွက် ပေးဆပ်စေရမယ်

ချူးယွင်ဖန်းသည် မြေပြင်ပေါ်တွင် တည်မြဲစွာ ရပ်တည်နေ၏။ သူ၏စာဝင်ပုံးမှတစ်ဆင့် လျှပ်စစ်သံလိုက် ဖြတ်တောက်မှုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဤနေရာတွင် ရှောင်လွှဲ၍မရသော ကျော့ကွင်းတစ်ခုကို တပ်ဆင်ထားခြင်းဖြစ်သည်မှာ သိသာထင်ရှားသည်။ ၎င်းသည် ချူးယွင်ဖန်းက ဤနေရာသို့ ရောက်လာ၍ သူ၏အသက်ကို စွန့်ပစ်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

အရာအားလုံး ပြင်ဆင်ပြီးပြီဖြစ်ရာ၊ တစ်ဖက်လူက ဤထောင်ချောက်ကို လက်လွတ်စပယ် ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ ၎င်းတို့က စနစ်တကျ ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်သည်မှာ သေချာသည်။

"မင်းဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းရဲ့ ဒီဆုံးဖြတ်ချက်ကိုတော့ နောင်တရအောင် လုပ်ပြမယ်"

ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ဤနောက်ကွယ်တွင် မည်သူရှိနေသည်ကို မသိခဲ့ပေ။ သို့သော် ပြည်ထောင်စုတက္ကသိုလ်မှ တစ်စုံတစ်ဦးကို ပြန်ပေးဆွဲဝံ့သူမှာ လူအနည်းငယ်သာရှိသည်။ ပြည်ထောင်စုတက္ကသိုလ်၏ တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ယုံကြည်မှုရှိသူ အများအပြား မရှိလှပေ။

တစ်ဖက်လူသည် ချူးယွင်ဖန်းက ဤနေရာသို့ အရောက်လာ၍ သူ၏အသက်ကို စွန့်ပစ်မည့်အချိန်ကို မျှော်လင့်စောင့်စားနေခဲ့သည်။ သို့သော် ချူးယွင်ဖန်းသည် ကြိုတင်ပြင်ဆင်မှု မပြုလုပ်ဘဲ ရောက်လာခဲ့ခြင်း မဟုတ်ပေ။

ချူးယွင်ဖန်းသည် ဤနေရာသို့ သေဆုံးရန်အတွက် မဟုတ်ဘဲ လူကယ်တင်ရန် ရောက်လာခဲ့ခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ဝှက်ဖဲများကို လူတိုင်းက လျှော့တွက်ခဲ့ကြသည်။ သူ၏ ခွန်အားများနှင့် ပတ်သက်၍ ထိုးဖောက်မြင်ရောက်ပြီးပြီဟု ၎င်းတို့က ထင်မှတ်ကြသည်။ မွေးဖွားခြင်းနယ်မြေအဆင့်သည် သူ၏ကန့်သတ်ချက်ဟု ၎င်းတို့က ထင်ထားကြသည်။

သို့သော် ချူးယွင်ဖန်း၏လက်ထဲတွင် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားရှိနေရာ၊ ၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် ၎င်း၏စွမ်းအင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ယခင်က၊ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်ကို ကျော်လွန်နိုင်သည့် တိုက်ပွဲစွမ်းရည်မျိုးကို ထုတ်ဖော်ပြသခဲ့၍ သွေးမင်းသားကိုပင် အလွယ်တကူ သတ်ဖြတ်ခဲ့သည်။

ယခုမူ ချူးယွင်ဖန်း၏ခွန်အားနှင့် ကျင့်ကြံမှုအဆင့်သည် ယခင်ကနှင့် မတူတော့ပေ။ ပုံမှန်အားဖြင့်၊ နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားသည် ကြီးမားသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်သည်။

ထို့အပြင် ချူးယွင်ဖန်းတွင် သုံးစင်း ရွှေခရမ်းရောင်ဆေးလုံးရှိနေသည်။ သူသည် အချိန်တန်သည်အခါ ၎င်းဆေးလုံးကို မွေးဖွားခြင်းနယ်မြေ ဆေးလုံးနှင့် တွဲဖက်အသုံးပြု၍ မွေးဖွားခြင်းနယ်မြေအဆင့်သို့ အဆင့်ဖြတ်ကျော်ရန် စီစဉ်ထားသည်။ ယခုမူကား ထိုအချိန်သို့ရောက်သည်အထိ စောင့်ဆိုင်းနိုင်မည့်ပုံ မပေါ်ပေ။

သုံးစင်း ရွှေခရမ်းရောင်ဆေးလုံး၏ အကျိုးသက်ရောက်မှုသည် တစ်စင်းရှိ ရွှေခရမ်းဆေးလုံးနှင့် ဆင်တူသည်။ ၎င်းသည် စားသုံးသူများ၏ ခွန်အားကို တိုးမြင့်စေရုံသာမကဘဲ အလွန်လျင်မြန်စွာ မြင့်တက်လာစေသည့် ဆေးလုံးဖြစ်သည်။

၎င်းသည် ချူးယွင်ဖန်း ပိုင်ဆိုင်ထားသည့် ဝှက်ဖဲများထဲက တစ်ခုဖြစ်သည်။ ထို့ကြောင့်သာ တစ်ဖက်လူက ရှောင်လွှဲ၍ မရနိုင်သော ထောင်ချောက်တစ်ခုကို တည်ဆောက်ထားမှန်း သိသော်လည်း ဤနေရာသို့ ရောက်လာဝံ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းက အပြည့်အ၀ မပြင်ဆင်ဘဲ မဆင်မခြင် ရောက်လာခဲ့လျှင် အမှန်တကယ် သေကြောင်းကြံစည်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဤနေရာသို့ လာရာလမ်းတွင် မိုးကြိုးတောင်ပံသားရဲသည် အူတိုင်ကို ချေဖျက်၍ မွေးဖွားခြင်းနယ်မြေ၏ သတ္တမအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။ ဤသည်မှာ ချူးယွင်ဖန်းအတွက် သတင်းကောင်းတစ်ခုဖြစ်သည်။ ယခုအချိန် သူ၏အောင်ပွဲကို ဆုံးဖြတ်ပေးရန် လုံလောက်မည့် ဝှက်ဖဲတစ်ခု ထပ်မံ ရှိနေပြီဖြစ်သည်။

မိုးကြိုးတောင်ပံသားရဲ၏ ခွန်အားသည် ထိုကြောက်မက်ဖွယ်ရာ မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ်တွင်ရှိနေသည့် ဧရာမ စပါးအုံးမြွေကြီးနှင့် ဝေးကွာသေးသော်လည်း အူတိုင်ကို စုပ်ယူလိုက်ရုံဖြင့် မိုးကြိုးတောင်ပံသားရဲက ယခုကဲ့သို့သော နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ၎င်းအချက်သည် မိုးကြိုးတောင်ပံသားရဲ၏ မွေးရာပါ အစွမ်းသတ္တိကို သက်သေပြရန် လုံလောက်နေသည်။

မွေးရာပါမျိုးရိုးဗီဇ ပိုမိုထူးခြားလေ၊ စွမ်းအင် စုပ်ယူနိုင်မှု ပိုမိုများပြားလေဖြစ်သောကြောင့် ကြီးထွားမှုသည်လည်း မြန်ဆန်မည်ဖြစ်သည်။ သာမာန်လူတစ်ဦးသာဆိုလျှင် ထိုကဲ့သို့ စုပ်ယူနိုင်မည်မဟုတ်ပေ။ ထိုသို့သော စွမ်းအင်များကို အတင်းအကျပ် စုပ်ယူခြင်းသည် မိမိကိုယ်မိမိ ပျက်စီးခြင်းမျိုးသာ သက်ရောက်စေမည်ဖြစ်ရာ၊ ဤသည်မှာ အလွန် ဖြစ်နိုင်ချေရှိသော အရာဖြစ်သည်။

ဝှက်ဖဲများ တစ်ခုပြီးတစ်ခု စုပုံနေခြင်းသည် ချူးယွင်ဖန်းကို အပြည့်အဝ ယုံကြည်မှုဖြစ်စေသည်။ တစ်ဖက်လူက မည်သူဖြစ်ပါစေ၊ အကြွင်းမဲ့ ပေးဆပ်မှုကိုသာ ပေးအပ်ရမည်ဖြစ်သည်။

ချူးယွင်ဖန်းက အသက်ပြင်းပြင်းရှူ၍ တောထဲသို့ လျှောက်လှမ်းသွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း၊ ရှောင်လွှဲ၍ မရနိုင်သော ပိုက်ကွန်တစ်ခုကို တောထဲတွင် မြှုပ်နှံထားခဲ့သည်။ မြောက်မြားစွာသော စက်လက်နက်များသည် သူ့ဆီသို့ အဝေးမှ အရှိန်ပြင်းထန်စွာ ပျံသန်းလာခဲ့သည်။ ဤစက်လက်နက်များ၏ အဆင့်သည် အမြင့် အနိမ့်ဟူ၍ ရောနှောနေသည်။ အများစုမှာ အဆင့်နိမ့် စက်လက်နက်များဖြစ်၍ ၎င်းတို့အနက် ရှစ်ခုသည် အလယ်အလတ်အဆင့် စက်လက်နက်များဖြစ်ကြသည်။

ချူးယွင်ဖန်း၏ အမူအရာသည် ပို၍ပင် အေးစက်လာသည်။ ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။ တိုက်ပွဲစွမ်းရည်အရ အခြေခံ စက်လက်နက်တစ်ခုလျှင်ပင် သာမန် မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများအောက် နိမ့်ကျမည် မဟုတ်ပေ။ တစ်ဖက်တွင် အလယ်အလတ်အဆင့် စက်လက်နက်များသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည့် အရာများဖြစ်သည်။

ဤစက်လက်နက်ပေါင်းများစွာသည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။

“ခမ်းနားလှချည်လား။ ကျုပ်ဖို့ သတ်ဖို့ ဒီလောက် ကြီးကြီးကျယ်ကျယ် စီစဉ်ထားတယ်ဆိုတော့ ဂုဏ်ယူစရာလို့တောင် ပြောရမလားပဲ"

ချူးယွင်ဖန်းက အေးစက်စက် အပြုံးဖြင့် ပြောလိုက်သည်။

"ချူးယွင်ဖန်း၊ ဒါက ရှောင်လွှဲလို့မရနိုင်တဲ့ ထောင်ချောက်မှန်း ရှင်းရှင်းလင်းလင်း သိထားတာတောင် ဒီကိုရောက်လာရဲသေးတယ်ဆိုတော့ ရှင်က ဘယ်ဆိုးလို့လဲ သတ္တိရှိသားပဲ”

အမျိုးသမီးတစ်ဦး၏ အသံသည် အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။

အလယ်အလတ်အဆင့် အနီရောင် စစ်လက်နက်တစ်ခုက ပျံသန်းလာခဲ့သည်။ ဤစက်လက်နက်၏ မျက်နှာဖုံးကို ဖွင့်လိုက်သည်နှင့် ကျန်းဖေးယန်၏မျက်နှာ ပေါ်ထွက်လာသည်။ ချူးယွင်ဖန်း၏ တည်ငြိမ်သော အမူအရာကို မြင်လိုက်ရချိန်တွင် သူမက အနည်းငယ် အံ့သြသွားခဲ့သည်။ မည်သို့ဆိုသော် ချူးယွင်ဖန်းက သူမကို မြင်တွေ့ချိန်တွင် အံ့အားသင့်ခြင်း မရှိခဲ့သောကြောင့်ဖြစ်သည်။

"ရှင်က ကျွန်မကိုတွေ့ရတာ မအံ့သြဘူးလား" ကျန်းဖေးယန်က မေးလိုက်သည်။

“ဒီတစ်နာရီခရီးအတွင်း ဖြစ်နိုင်ခြေတွေ အများကြီးကို ကျုပ် စဉ်းစားခဲ့ပြီးသား။ ဘယ်သူက ကျုပ်ကို ပစ်မှတ်ထားဖို့ ဖြစ်နိုင်ခြေအရှိဆုံးလဲ၊ ကျန်းမိသားစုက စာရင်းရဲ့ထိပ်ဆုံးမှာရှိနေတာ ဒီတော့ ခင်ဗျားလည်း ကျုပ်ရဲ့သံသယစာရင်းမှာ မပါဘူးလို့ ထင်နေတာလား"

ချူးယွင်ဖန်းက ဂရုမစိုက်ဘဲ ပြောလိုက်သည်။

ချူးယွင်ဖန်းသည် သတင်းကိုလက်ခံရရှိသည့်အခိုက်တွင်၊ သူ၏ဦးနှောက်သည် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေခဲ့ရာ ဖြစ်နိုင်ခြေအားလုံးကို ဖြတ်ထုတ်လိုက်သည်။ ၎င်းတို့အနက်မှ ကျန်းမိသားစုများက ထိပ်တန်းသံသယရှိသူများဖြစ်ကြသည်။

“ဒီလောက်များတဲ့ စက်လက်နက်ကို လွယ်လွယ်လေး စုစည်းနိုင်ခဲ့ပုံအရ ကျန်းမိသားစုက တကယ့်ကို မြင့်မြတ်တဲ့ မိသားစုကြီးရှစ်ခုထဲက တစ်ခုပါလား။ အခြေခံအုတ်မြစ် နက်နဲမှုအရကတော့ တကယ့်ကို အထင်ကြီးစရာပဲ”

ချူးယွင်ဖန်းက ပြောလိုက်သည်။

လူသားများသည် တိရစ္ဆာန်များနှင့် နှိုင်းယှဉ်ပါက အရေအတွက်နှင့် အရည်အသွေးအရ အားသာချက်မရှိပေ။ ထို့အပြင် ၎င်းတို့၏ ထူးချွန်သည့်မျိုးရိုးဗီဇကို အားကိုးခြင်းဖြင့် အလွန်အင်အားကြီးလာနိုင်သည့် မွန်းစတားများနှင့် နှိုင်းယှဉ်ပါက သိုင်းပညာ၏လမ်းစဉ်သည် လူသားများအတွက် ပို၍ခက်ခဲမည်ဖြစ်သည်။

ထိုအချိန်တွင်၊ စက်လက်နက်များ၏ ပေါ်ပေါက်မှုသည် မွန်းစတားများကို ရင်ဆိုင်ရန် လူသားတို့ အသုံးပြုနိုင်သည့် ထက်မြက်သော လက်နက်များဖြစ်လာသည်။ ထို့ကြောင့် ပြည်ထောင်စုအစိုးရသည် စက်လက်နက်များ၏ ထိန်းချုပ်မှုနှင့်ပတ်သက်၍ အမြဲတစေ စည်းကမ်း တင်းကြပ်ခဲ့သည်။ သို့တိုင်ပင်၊ ကျန်းမိသားစုများက စက်လက်နက်များစွာကို အလွယ်တကူ တပ်ဖြန့်နိုင်ခဲ့သည်။ ဤသည်မှာ ကျန်းမိသားစု၏ နက်ရှိုင်းသော အခြေခံအုတ်မြစ်နှင့် အင်အားကို သက်သေပြနေသည်။

“ရှင် ဒီလောက် အမြော်အမြင်ရှိမယ်လို့ မထင်ထားခဲ့ဘူး။ ဒါပေမယ့် နှမြောစရာကောင်းတာက ကျွန်မတို့မိသားစုနဲ့ ရန်သူတွေ ဖြစ်လာကတည်းက အရာအားလုံးက ကံစီမံရာပဲ။ ပညာရှိတစ်ဦးမှန်ရင် အခြေအနေနဲ့ အချိန်အခါကို ဦးညွှတ်ရတယ်တဲ့။ ဟိုပစ္စည်းနှစ်ခုကို လွှဲပေးမယ်ဆိုရင် ရှင်ကို မြန်မြန်ဆန်ဆန်နဲ့ သေခွင့်ပေးလိုက်မယ်"

ကျန်းဖေးယန်၏မျက်နှာတွင် အောင်ပွဲခံနေသည့် အသွင်အပြင်ကို ထုတ်ဖော်ပြသနေသည်။

ယခင်က ချူးယွင်ဖန်း၏ ပေါ့လျော့သော ရိုက်နှက်ချက်သည် ကျန်းဖေးယန်ကို လွင့်ပျံသွားစေခဲ့သည်။ ချူးယွင်ဖန်းသည် သူမကို လှည့်ကြည့်ခြင်းမရှိဘဲ အမှိုက်တစ်စကဲ့သို့ ဆက်ဆံခဲ့သည်။ သို့သော် ယခု သူသည် မိမိ၏လက်ထဲတွင် ပျက်သုဉ်းရတော့မည်ဖြစ်သည်။ ကောင်းကင်ဘုံ တာအို၏ လက်စားချေမှုကို ရောင်ပြန်ဟပ်ရန် ဤထက် ပို၍ကောင်းမွန်သော နည်းလမ်းမျိုးရှိနိုင်မည် မဟုတ်ပေ။

ချူးယွင်ဖန်း၏ သူမ၏အရှေ့တွင် ငိုယိုနေသည့်အသွင်အပြင်ကို စိတ်ကူးကြည့်ခြင်းက ကျန်းဖေးယန်ကို အလွန်ပျော်ရွှင်သွားစေသည်။

"အင်းပေါ့၊ ရှင်က ဒူးထောက်တောင်းပန်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီထက် အချိန်နည်းနည်းလောက် ပိုပြီး နေခွင့်ပေးရင် ပေးမှာပေါ့"

ချူးယွင်ဖန်းသည် ကျန်းဖေးယန်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် သူမ၏စကားများကို အလေးအနက်မထားဘဲ မေးလိုက်သည်။

“ကျုပ်ညီ ဘယ်မှာလဲ၊ ကျုပ် အခု ဒီကို ရောက်နေပြီဆိုတော့၊ သူ့ကို လွှတ်ပေးလိုက်ပါ"

“သူ့ကို ဒီခေါ်လာခဲ့”

ကျန်းဖေးယန်၏အသံ ထွက်ပေါ်လာသည်နှင့် ပုံရိပ်တစ်ခု ပျံသန်းလာသည်။ ဤပုံရိပ်သည် ချူးယွင်ဖန်းကို ယခင်က ရှုံးနိမ့်ခဲ့သည့် အကြီးအကဲကွမ်မှလွဲ၍ အခြားလူ မဟုတ်ပေ။

အကြီးအကဲကွမ်သည် ဆေးကုသမှုခံယူပြီးနောက် လွန်ခဲ့သော ရက်အနည်းငယ်တွင် ပြန်လည်ကောင်းမွန်လာခဲ့သည်။ ချူးယွင်ဖန်းကို ထပ်မံ မြင်တွေ့လိုက်ရချိန်တွင် သူ၏မျက်လုံးများ နီရဲလာသည်။ ချူးယွင်ဖန်းကို ကြည့်နေသည့် အကြည့်တွင် သတ်ချင်စိတ်များနှင့် ပြည့်နှက်နေသည်။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းလာသည့်အချိန်မှစ၍ ဤမျှကြီးမားသည့် ဆုံးရှုံးမှုမျိုးကို တစ်ခါမှ မကြုံခဲ့ဖူးပေ။

အကြီးအကဲကွမ် သယ်ဆောင်လာသော ပုံရိပ်သည် ဂေါင်ဟုန်ချီမှလွဲ၍ အခြားလူ မဟုတ်ပေ။ ယခုအချိန်တွင် ဂေါင်ဟုန်ချီသည် လူပုံသဏ္ဌာန် မပေါက်သည့်အထိ နှိပ်စက်ခံထားရသည်။ အကောင်းပကတိရှိနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းဟူ၍ သိပ်မကျန်ရစ်တော့ဘဲ သူ၏ခန္ဓာကိုယ်ရှိ အရိုးများကိုပင် မြင်တွေ့နိုင်သည်အထိ ဒဏ်ရာပြင်းထန်စွာရရှိထားသည်။

အခန်း (၆၁၂) ရှောင်လွှဲ၍မရသော ကျော့ကွင်း

အကြီးအကဲကွမ်သည် ဂေါင်ဟုန်ချီကို ဂရုမစိုက်သကဲ့သို့ ချူးယွင်ဖန်းထံသို့ လွှင့်ပစ်လိုက်သည်။ အဆုံးတွင်၊ ချူးယွင်ဖန်းကို ဤနေရာသို့ ဆွဲဆောင်ရန် ဖမ်းယူခဲ့သော ဓားစာခံတစ်ယောက်သာဖြစ်သည်။ ချူးယွင်ဖန်းက ရောက်ရှိလာသရွေ့ ၎င်းကို လိုအပ်တော့မည် မဟုတ်ပေ။

၎င်းတို့၏အမြင်တွင် ချူးယွင်ဖန်း၏ လက်ရှိ အခြေအနေကို "အိုးထဲက လိပ်" ဟူသော စကားလုံးဖြင့်သာ ဖော်ပြနိုင်ပေလိမ့်မည်။

အရာအားလုံးသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို ဖမ်းယူပြီးနောက် ညင်သာစွာ ထိကိုင်လိုက်သော်လည်း ၎င်းသည် မျက်မှောင်ကြုတ်၍ ပလုံးပထွေး ညည်းတွားနေသည်။ သူသည် အရိုးတစ်ခု နှစ်ခုထက်မက ကျိုးကြေထားသည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် အနည်းငယ် ထိကိုင်လိုက်ရုံဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားနေရခြင်းဖြစ်သည်။

ချူးယွင်ဖန်းက နှုတ်ဆိတ်နေခဲ့သည်။ သူသည် ဂေါင်ဟုန်ချီကို အောက်သို့ ညင်သာစွာ ချလိုက်ပြီးနောက် တောင်မြစ်ပန်းချီကားအတွင်းရှိ နေရာလွတ်ကို ဖွင့်လိုက်သည်။ ချူးယွင်ဖန်းသည် ကုသရေးနှင့်ပတ်သက်သည့် ဆေးမျိုးစုံကို အထဲတွင် သိမ်းဆည်းထားခဲ့သည်။ သူသည် အလကားရနေသကဲ့သို့ ၎င်းဆေးလုံးကို ဂေါင်ဟုန်ချီ၏ ပါးစပ်ထဲသို့ လောင်းထည့်နေသည်။

ကျန်းဖေးယန်နှင့် အကြီးအကဲကွမ်တို့ နှစ်ဦးစလုံးက မှင်သက်သွားကြသည်။

'သူတို့ ဘာကိုမြင်လိုက်တာလဲ'

လေထုထဲတွင် နေရာလွတ်တစ်ခု ရုတ်တရက် ပွင့်လာခဲ့သည်။

၎င်းက မည်သည်ကို ဆိုလိုခြင်းဖြစ်သနည်း။ ဤအရာသည် နေရာလွတ် ရတနာတစ်ခုဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

ဤသတင်းသာ ပျံ့နှံ့သွားခဲ့လျှင် ပြည်ထောင်စုရှိ ကျွမ်းကျင်သူများ စတင်လှုပ်ရှားလာကြမည်မှာ သေချာသည်။ ၎င်း၏တန်ဖိုးသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကားနှင့် နတ်အဆင့် မွန်းစတား အူတိုင်တို့ထက် များစွာမြင့်မားသည်။

လျှို့ဝှက်နေရာနည်းပညာသည် ပြည်ထောင်စုအတွက် အမြဲတစေ ခက်ခဲသည့် ပြဿနာတစ်ခုဖြစ်ခဲ့သည်။ ပြည်ထောင်စုသည် ရှေးဟောင်း လူသားများကာလ၏ အကြွင်းအကျန်များကို တူးဖော်ခြင်းမှ နေရာလွတ် ကိရိယာအများအပြားကို ရရှိခဲ့ကြသည်။ ၎င်းတို့အားလုံးသည် ရှေးဟောင်း လူသားများကာလရှိ ထိပ်တန်းကျွမ်းကျင်သူများက ဖန်တီးထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဤအရေအတွက်ကိုသာ ယခုအချိန်၏ မရေတွက်နိုင်သော ကျွမ်းကျင်သူများကြားတွင် ဖြန့်ဝေမည်ဆိုပါက ဖီးနစ်အမွှေးနှင့် ချီးလင်၏ ဦးချိုများကဲ့သို့ ရှားပါးနေမည်ဖြစ်သည်။ ၎င်းတို့အားလုံးကို မိသားစုကြီးများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် အစိုးရဌာနများက ထိန်းချုပ်ထားသည်။ ထိုသို့သော ပစ္စည်းမျိုးကို ပိုင်ဆိုင်ထားသူ တစ်ဦးတစ်ယောက်မျှ မရှိခြင်း မဟုတ်သော်လည်း နတ်အဆင့် ထိပ်တန်း ကျွမ်းကျင်သူများတွင်သာ ထိုကဲ့သို့သော အရာများရှိမည်ဖြစ်သည်။

အကြောင်းမှာ ၎င်းပစ္စည်းများသည် အရေအတွက် အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ တစ်ဦးချင်း ထိန်းချုပ်နိုင်သည့် စက်ပစ္စည်း အနည်းငယ်မှလွဲ၍ အများစုကို ဗျူဟာမြောက် ကိရိယာအဖြစ် အသုံးပြုခဲ့ကြသည်။ အထူးသဖြင့် ဗျူဟာမြောက်ပစ္စည်းများနှင့် အခြားအရာများ သယ်ယူပို့ဆောင်ရာတွင် အလွန်အသုံးဝင်ခဲ့သည်။

ထို့ကြောင့်၊ မည်ကဲ့သို့သော နေရာလွတ် ကိရိယာများ ပေါ်ထွက်လာမှုဖြစ်ပါစေ ၎င်းသည် လူအများကို ရုတ်ရုတ်သဲသဲ ဖြစ်ပွားစေနိုင်သည်။ နေရာလွတ်ပစ္စည်းများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်၍ အများသူငှာကို ဖြန့်ကျက်နိုင်သည့်နေ့သို့ မရောက်သရွေ့ နေရာလွတ် ကိရိယာများ၏စျေးနှုန်းသည် ဘယ်သောအခါမှ ကျဆင်းသွားမည် မဟုတ်ပေ။

ချူးယွင်ဖန်းတွင် နေရာလွတ် ကိရိယာတစ်ခု အမှန်တကယ် ရှိနေခဲ့သည်။ ဤသည်မှာ ကျန်းဖေးယန်နှင့် အခြားလူများက မမျှော်လင့်ထားသည့် အရာဖြစ်သည်။

ထိုသို့ဆိုလျှင် ချူးယွင်ဖန်း၏ လက်ဝယ်ရှိပစ္စည်းများ၏ စုပေါင်းတန်ဖိုးသည် ခန့်မှန်းရ ခက်ခဲပေလိမ့်မည်။ ချူးယွင်ဖန်းကို သတ်ဖြတ်ခြင်းက အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ပြဿနာကို ဖယ်ရှားပစ်ရုံသာမက မမျှော်လင့်ထားသည့် အကျိုးအမြတ်တစ်ခုလည်း ဖြစ်ပေလိမ့်မည်။

ချူးယွင်ဖန်းက ထုတ်ဖော်ပြသခဲ့သည့် ပစ္စည်းအချို့လျှင်ပင် အဖိုးမဖြတ်နိုင်သည့် အရာများဖြစ်သည်။

"မင်းမှာ ဒီလိုပစ္စည်းမျိုးရှိနေမှန်း ငါမသိခဲ့ဘူး။ ကြည့်ရတာ ငါတော့ ကံကောင်းနေပုံပဲ”

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

အသက် ၅၀ ခန့် အမျိုးသားတစ်ဦးက ကောင်းကင်ယံမှ ရောက်ရှိလာသည်။ သူသည် တစ်လှမ်းချင်း လျှောက်လှမ်း၍ ရောက်ရှိလာခဲ့သည်။

'အဆင့်မြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူ'

ချူးယွင်ဖန်၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ အလယ်အလတ်အဆင့် စက်လက်နက် ဝတ်ဆင်ထားသည့် ကျန်းဖေးယန်သော်လည်းကောင်း အကြီးအကဲကွမ်သော်လည်းကောင်း၊ ၎င်းတို့သည် သူ၏အမြင်တွင် မပြောပါ့လောက်သူများသာဖြစ်သည်။ သို့သော် ဤအမျိုးသား ပေါ်ပေါက်လာသည့် အချိန်မှစ၍ ကြီးမားသည့် ခြိမ်းခြောက်မှုမျိုးကို ခံစားရစေသည်။

ဤသည်မှာ ယခင်က ချူးယွင်ဖန်း မကြုံတွေ့ဖူးသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူမျိုးဖြစ်သည်။ ဤအမျိုးသားသည် ကျန်းယွမ်ပင်နှင့် မယှဉ်နိုင်လျှင်ပင် ကျန်းလင်းရှောင်ထက် သာလွန်သူဖြစ်သည်မှာ သေချာသည်။

မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် သဘာဝတရား၏ စိတ်ဝိညာဉ်စွမ်းအင်များကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်သောကြောင့် လေထုထဲတွင် ပျံသန်းခြင်းကဲ့သို့သော အံ့သြဖွယ်မြင်ကွင်းကို ဖန်တီးနိုင်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် အစစ်အမှန် ပျံသန်းနိုင်ခြင်းအဆင့်မှ ခြေလှမ်းတစ်ဝက်မျှသာ ဝေးကွာတော့သည်။

သို့သော် သဘာဝလွန် စွမ်းအင်များကို ဖန်တီးနိုင်သည့် ထိပ်တန်း ကျွမ်းကျင်သူများကသာ ပျံသန်းနိုင်စွမ်းရှိကြမည်ဖြစ်သည်။ ပျံသန်းခြင်းသည် သိုင်းပညာမဟုတ်ဘဲ သဘာဝလွန် စွမ်းအင်တစ်မျိုးသာ ဖြစ်သောကြောင့်ဖြစ်သည်။

'သဘာဝလွန် စွမ်းအင်ဆိုတာ ဘာလဲ'

သဘာဝလွန် စွမ်းအင်သည် အမျိုးမျိုးသော စည်းမျဥ်းများနှင့် စိတ်ကူးမယဉ်နိုင်ဖွယ် အရာအားလုံးကို အပြည့်အဝ ဆန့်ကျင်ထားသော အရာတစ်မျိုးဖြစ်သည်။ အတောင်ပံ မပါရှိသော လူသားတစ်ဦးကို ပျံသန်းစေနိုင်သည့် အရာသည် သဘာဝလွန် စွမ်းအင်ဖြစ်သည်။

သာမာန် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသည် ဤမျှတည်ငြိမ်၍ ဣန္ဒြေရှိနေမည် မဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်၏ အထက်တွင်ရှိနေသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများသာလျှင် သဘာဝတရား၏ စိတ်ဝိညာဉ်စွမ်းအင်ကို ထိုအတိုင်းအတာအထိ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ဤသို့ပြုလုပ်ရာတွင် ချီစွမ်းအင် ကုန်ဆုံးမှုသည်လည်း အလွန် ပြင်းထန်မည်ဖြစ်သည်။

ထိုကဲ့သို့သော အဆင့်တွင်ရှိနေသည့် ကျွမ်းကျင်သူများသည် လူ့အဖွဲ့အစည်းတွင် အလွန်ရှားပါးသည်။ မရီးဒျန်သန့်စင်ခြင်း အထွတ်အထိပ်မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိခြင်းသည် ကံတရားအပေါ်တွင် မူတည်နေသည်။ ထို့အပြင် မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့် ၏ အထွတ်အထိပ် သို့မဟုတ် အထက်သို့ ကျင့်ကြံနိုင်သည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်တစ်ဦး၏ ဖြစ်နိုင်ခြေသည် အယောက်တစ်ရာတွင် တစ်ယောက်သာရှိနေသည်။

မဟုတ်လျှင် ပြည်ထောင်စုတက္ကသိုလ်ရှိ ကျန်းယွမ်ပင်၏ အဆင့်အတန်းသည် တက္ကသိုလ်၏ ခေါင်းဆောင်များနှင့်ပင် ရင်ဘောင်တန်းနိုင်သည်အထိ မြင့်မားနေမည်မဟုတ်ပေ။

ကျန်းမိသားစုသည် ချူးယွင်ဖန်းကို သုတ်သင်ရန်အတွက် အရင်းအနှီးများစွာ ပေါင်းထည့်ထားခဲ့သည်။

ချူးယွင်ဖန်းသည် ဤအမျိုးသားကို သတိထားမိလိုက်သည်။ ကျန်းမိသားစုမှ ကျန်းရို့ရှုကို ကျင့်ကြံခြင်းစွယ်စုံကျမ်းတွင် ဖော်ပြထားခဲ့သည်။ စွယ်စုံကျမ်းတွင် ကျွမ်းကျင်သူများအတွက် စာရင်းတစ်ခုရှိရာ၊ ဤစာရင်းတွင် ပါဝင်နိုင်သူများသည် နာမည်ကျော်ကြားသည့် ကျွမ်းကျင်သူများဖြစ်ကြသည်။

၎င်းတို့နှင့် တွေ့ဆုံသူမှာ ပြည်ထောင်စုတက္ကသိုလ်ရှိ ကျောင်းသားများဖြစ်လျှင်ပင် ချက်ချင်း ထွက်ပြေးခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ မည်သို့ဆိုသော် ၎င်းသည် အောင်မြင်နိုင်ရန် အခွင့်အလမ်း မရှိသောကြောင့်ဖြစ်သည်။ ကျန်းလင်းရှောင်ကဲ့သို့သော ကောင်းကင်ဘုံ၏ ပါရမီရှင်တစ်ဦးလျှင်ပင် ၎င်းက အသက်ရှင်နိုင်ခဲ့လျှင် ကံကောင်းမည်ဟု ယူဆနိုင်သည်။

"ကျန်းမိသားစုက ဒီနေရာလွတ် ကိရိယာကို အလွယ်တကူ ယူသွားနိုင်မှာ မဟုတ်ဘူးနော်"

ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံရှည်ကို ၀တ်ဆင်ထားသည့် အဖိုးအိုတစ်ဦးက အဝေးမှ ပေါ်ပေါက်လာသည်။ သူသည် ကောင်းကင်ကို ဖြတ်ကျော်၍ ပျံသန်းနေပုံပေါ်သည်။

ဤအဘိုးကြီး၏ ကိုယ်ရောင်ကိုယ်ဝါသည် ကျန်းရို့ရှုအောက် နိမ့်ကျခြင်း မရှိပေ။ ၎င်းသည်လည်း စွယ်စုံကျမ်းတွင် ဖော်ပြထားသော ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သို့သော် သူသည် ကျန်းမိသားစုမှ ကျွမ်းကျင်သူ မဟုတ်ပေ။ ယင်းအစား၊ မြင့်မြတ်သော မိသားစုကြီးရှစ်ခုမှ တစ်ခုဖြစ်သည့် ဟွမ်မိသားစု၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

'ဟွမ်တု'

ချူးယွင်ဖန်း၏ အမူအရာ တည်ငြိမ်နေသည်။ မျှော်လင့်ထားသည့်အတိုင်း၊ ၎င်းသည် ကျန်းမိသားစုသာမက ဟွမ်မိသားစုပင် ပါဝင်ပတ်သက်နေကြသည်။

ထိုသို့သော ဖွဲ့စည်းမှုမျိုးကို ပြီးပြည့်စုံသည်ဟုပင် ဖော်ပြနိုင်သည်။

ဤပတ်၀န်းကျင်၏ အပြင်ဘက်ဆုံးအလွှာကို ဝန်းရံမှုကြီးတစ်ခု ဖြစ်ပေါ်လာစေသည်အထိ အဝေးတစ်နေရာမှ ဝိုင်းရံထားသည့် လူပေါင်းများစွာ ရှိနေကြောင်းကို ချူးယွင်ဖန်းက ချက်ချင်း သတိပြုမိလိုက်သည်။ ၎င်းတို့၏ တည်နေရာသည် သူ၏သူငယ်အိမ်များကို ကျဉ်းမြောင်းသွားစေခဲ့ရာ၊ ၎င်းတို့သည် ဖွဲ့စည်းပုံတစ်မျိုး ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထိုလူများနှင့် ချူးယွင်ဖန်းကို ဝန်းရံထားသော ကျန်းမိသားစုများမှ ကျွမ်းကျင်သူများ၏ ကိုယ်ရောင်ကိုယ်ဝါသည် အခြားအကြောင်းအရာတစ်ခုဖြစ်သည်။ ၎င်းတို့ ကျင့်ကြံထားသော သိုင်းပညာများက ခြားနားနေသည့်အပြင် ၎င်းတို့သည် မတူညီသော စနစ်တစ်ခုနှင့် သက်ဆိုင်နေကြသည်မှာ သိသာထင်ရှားသည်။

၎င်းတို့သည် ဟွမ်မိသားစု၏ ကျွမ်းကျင်သူများဖြစ်ပေလိမ့်မည်။

ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ စုပေါင်း ကျွမ်းကျင်သူ အရေအတွက်သည် တစ်ရာကျော်မျှရှိနေသည်။ ၎င်းတို့အနက် မွေးဖွားခြင်းနယ်မြေအဆင့်နှင့် ၎င်းအထက်တွင်ရှိနေသူ အယောက်နှစ်ဆယ်ကျော်မျှရှိသည်။ ထို့အပြင် အလွန် ကြောက်မက်ဖွယ် ပုဂ္ဂိုလ်မျိုးဖြစ်သည့် ကျန်းရို့ရှုနှင့် ဟွမ်တုတို့လည်း ရှိနေသည်။

ဝန်းရံထားခြင်းသော်လည်းကောင်း၊ ဖိနှိပ်ခြင်းသော်လည်းကောင်း ထွက်ပြေးလွတ်မြောက်မှုသည် မဖြစ်နိုင်သလောက် အလွန်နည်းပါးသည်။ ဤဝန်းရံမှုကို မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

“ဘာလုပ်ဖို့ ဆုံးဖြတ်ထားတာပဲဖြစ်ဖြစ်ပဲ ဒီကလေးကို အရင်သတ်ရမယ်။ သူ့ဆီက ရှာတွေ့သမျှကိုပြီးမှ ဝေစုခွဲကြတာပေါ့"

ကျန်းရို့ရှုက ပြောလိုက်သည်။

ကျန်းရို့ရှုသည် ချူးယွင်ဖန်းကို သေလူတစ်ယောက်ဟု မှတ်ယူထားပြီးဖြစ်သည်။ ချူးယွင်ဖန်းက မည်သို့သောအချိန်တွင် သေဆုံးခြင်းက အရေးမကြီးပေ။

“ဒါဆို ကောင်းပြီလေ"

အရေးအကြီးဆုံး အချက်သည် ချူးယွင်ဖန်းကို သတ်ဖြတ်ရမည့် အကြောင်းအရာဖြစ်သည်ကို ဟွမ်တုသည်လည်း သိထားသည်။ သူ၏အမြင်တွင် ချူးယွင်ဖန်းသည် သူ၏ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ချူးယွင်ဖန်း၏ ဖြစ်တည်မှုသည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့အတွက် ၎င်းတို့၏လည်ချောင်းတွင် ထိုးစိုက်နေသည့် ငါးရိုးတစ်ချောင်းသကဲ့သို့ ခံစားစေခဲ့သည်။

ချူးယွင်ဖန်း၏ မြန်ဆန်သော ကြီးထွားမှုသည် ကြောက်မက်ဖွယ်ကောင်းလွန်းသည်။ ဤသို့သောလူမျိုးကို မစော်ကားခြင်းက အကောင်းဆုံးဖြစ်သော်လည်း ယခုကဲ့သို့ ပြုလုပ်မိချိန်တွင် ၎င်းကို သုတ်သင်ခြင်းက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ရှေးခေတ်ကတည်းက အချိန်မတန်မီ သေဆုံးခဲ့ရသည့် ပါရမီရှင်များစွာရှိခဲ့သည်။ ပါရမီရှင်များက အချိန်မတန်မီ သေဆုံးသွားမည်ဆိုလျှင် ၎င်းတို့သည် သာမန်လူများသာဖြစ်ကြသည်။

All Chapters