← Chapters

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း (၆၁၆-၆၁၈)

Vol. 42 Ch. 616-618

အခန်း(၆၁၆) မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်

“သူ့ကို ဝိုင်းထားကြ၊ ဒီလောက် ရောင့်တက်နေအောင်လွှတ်ထားလို့မရဘူး” ကျန်းဖေးယန်က ကြုံးဝါး၏။

နောက်ဆုံးတွင် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါ (mecha မြန်မာလိုအတိအကျပြောရရင် စက်ရုပ်ကိုဆိုလိုတာပါ ) ရှစ်ခုသည် ချူးယွင်ဖန်းကို ဝိုင်းထားလိုက်ကြ၏။ ကျန်းဖေးယန်၏ ယခင်အစီအစဥ်သည် လုံးဝ ပျက်သုဥ်းသွားသည်။ ချူးယွင်ဖန်းကို အလွယ်တကူ သတ်ပစ်ရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ သူသည် သူမျှော်လင့်ထားသည်ထက် များစွာ သန်မာ၍ ကိုင်တွယ်ရ ပိုခက်သည်။ ဤသည်က သာမန်ဂျူနီယာတစ်ယောက်ကို စိတ်ကူး၍ မရနိုင်လောက်သည်အထိ ကိုင်တွယ်၍ ရနိုင်သော ပြီးပြည့်စုံသည့်အစီအစဥ်ဖြစ်သည့်တိုင် အစမှ ပြန်စနိုင်ခဲ့လျှင် ကျန်းဖေးယန်သည် ယခုထက်ပို၍ ပြည့်စုံသော အစီအစဥ်ကို ပြန်လည် ပြင်ဆင်လာခဲ့လိမ့်မည်ဖြစ်သည်။

ဤသို့သော ဖွဲ့စည်းတိုက်ခိုက်ပုံမျိုးသည် ချူးယွင်ဖန်းကိုအမှန်ပင် မကိုင်တွယ်နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြပေ။ ချူးယွင်ဖန်း မသိခဲ့သည်မှာ သူကို ကိုင်တွယ်ရန်အတွက် ၎င်းတို့က ကျန်းယွမ်ပင်နှင့် ချူးမိသားစုတို့ကဲ့သို့ ဖြစ်နိုင်ချေအရှိဆုံး စစ်ကူများကိုပင်လျှင် ထည့်တွက်ခဲ့သည်။ ထိုသူများက အမြန်ပြေးလာ၍ သူ့ကို အကာအကွယ်မပေးနိုင်ကြောင်း သေချာမှသာလျှင် ၎င်းတို့က ချူးယွင်ဖန်းကို ကိုင်တွယ်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်သည်။ ‘ထောင်ချောက်များအားလုံးကို တွက်ဆပြီးသား’ ဟူသည့် ဆိုရိုးစကားအတိုင်းပင် ၎င်းတို့သည်ဖြစ်နိုင်ခြေရှိသော အခြေအနေများအားလုံးနီးပါးကို တွက်ဆခဲ့ကြသည်။ ၎င်းတို့က အဆုံးသတ်တွင် အဓိက ပြဿနာမှာချူးယွင်ဖန်းဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ကြပေ။

သို့သော် ဤအခိုက်အတန့်တွင် ၎င်းတို့ နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။ ဤသို့သော ကြီးမားသော တန်ကြေးကို ပေးခဲ့ပြီးသည့်တိုင် ချူးယွင်ဖန်းကို မချေမှုန်းနိုင်ကြသေးလျှင် ကျန်းမိသားစုသည် လူအများရယ်စရာဖြစ်လာပေလိမ့်မည်။ သာမန် တိုက်ခိုက်ရေးမက်ခါများနှင့် နှိုင်းယှဥ်လျှင် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါများသည် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

၎င်းတို့၏ ပစ်ခတ်မှုပြင်းအားသည် သာမန်တိုက်ခိုက်ရေးမက်ခါများယှဥ်၍ ရသောအရာမျိုးမဟုတ်ပေ။ တစ်ခဏချင်း၌ပင် ချူးယွင်ဖန်းမတ်တပ်ရပ်နေသည့် နေရာသည် သတ္တုကျည်ဆံမိုးများဖြင့် ဖုံးအုပ်သွားသည်။ တစ်ချိန်တည်း၌ပင် ဤတိုက်ခိုက်ရေးမက်ခါရှစ်ခုက ဆက်လက်၍ ဝိုင်းရံထားဆဲဖြစ်သော်လည်း အဆုံးမဲ့သော သတ္တုကျည်ဆံများက အရာအားလုံးကို အုပ်မိုးလွှမ်းခြုံသွားသည့်အခိုက်အတန့်တွင်ပင်လျှင် ချူးယွင်ဖန်းက ထို အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါများရှေ့၌ ရုတ်တရက် ပေါ်လာ၏။

ဤအလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါများသည် ထိုအခြေခံအဆင့်တိုက်ခိုက်ရေးမက်ခါများထက် များစွာပို၍ ပြင်းထန်အားကောင်းသည်။ ၎င်းက ၎င်း၏ အနောက်ရှိ လက်နက်ကို ဆွဲထုတ်လိုက်သည်။ ယင်းမှာ ဆယ်ပေမျှရှည်၍ ကြီးမား‌သော ဓားသွားကြီးတစ်ခုဖြစ်သည်။ ယင်းက ရုတ်တရက် ချူးယွင်ဖန်းကို ထိမှန်သွားကာ ဓားသွားမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြာထွက်လာသည်။ ၎င်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၍ ချီစွမ်းအင်ထပ်ပင် ပို၍ ပြင်းထန်သည်။

“တောင်တန်းဖြိုခွင်းသိုင်း”

အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါများ၏ ကြောက်မက်ဖွယ်ကောင်းမှုများအားလုံး ပေါ်လွင်လာသည်။ သာမန်တိုက်ခိုက်ရေးမက်ခါများနှင့် နှိုင်းယှဥ်လျှင် ယင်း၏ ခံစစ်မှာ ပိုမိုသန်မာရုံမျှမက အရွေ့စွမ်းအင်နှင့် ပစ်ခတ်ရေးပြင်းအားသည်လည်း ပို၍ပြင်းထန်သည်။ အရေးအကြီးဆုံးမှာ ၎င်းသည် သာမန်တိုက်ခိုက်ရေးမက်ခါများမလုပ်နိုင်သည့် လူသားသိုင်းပညာရှင်များနှင့် ပူးပေါင်းခြင်းပင်ဖြစ်သည်။

ချွင်

တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်း၏ ဓားက လက်ထဲ၌ပေါ်လာကာ ပစ်ခတ်မှုကို တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ အနှိုင်းမဲ့သော ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၍ ကြောက်မက်ဖွယ်လက်နက်များထိပ်တိုက်ထိမှန်သွားမှုနှင့်အတူ ချီစွမ်းအင်များနှင့် တိုက်ခိုက်ရေးမက်ခါစွမ်းအင်များတစ်ခုနှင့်တစ်ခု ရောယှဥ်၍ တိုက်ခိုက်ကုန်သည်။

တိုက်ခိုက်ရေးမက်ခါထဲမှ ကျန်းမိသားစု၏ ကျွမ်းကျင်သူသည် သူ့ရှေ့မှ အဖြစ်အပျက်၏ အမြန်နှုန်းကို မြင်လိုက်ရကာ သူ့မျက်စိရှေ့တွင် အလွန်ပြင်းထန်သော သတိပေးချက်များအဆက်မပြတ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။

“ကောင်းကင်ဓား” ရုတ်တရက် ချူးယွင်ဖန်းက အော်လိုက်သည်။

ဓားအလင်းထွက်ပေါ်လာကာ ကျန်းမိသားစု၏ ကျွမ်းကျင်သူသည် သူ၏ ဆဌမအာရုံကို အသုံးပြု၍ လက်မတင်လေးတင် ရှောင်တိမ်းလိုက်ပြီးနောက် အလွန်ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုမှသာ ဓားကိုင်ထားသော သူ့လက်မောင်းတစ်ခုလုံး အခုတ်ခံလိုက်ရပြီဖြစ်ကြောင်းသိလိုက်၏။

ပြင်းထန်သော ပေါက်ကွဲမှုများနေရာတိုင်းတွင် ဖြစ်ကုန်သည်။

“ချီးပဲ”

ဤအခိုက်အတန့်တွင် ကျန်းမိသားစုမှ ကျွမ်းကျင်သူက ထွက်ပြေးလွတ်မြောက်ချင်သော်လည်း ချူးယွင်ဖန်းထံမှ သူမည်သို့ လွတ်မြောက်နိုင်မည်နည်း။ ကျူးချွဲ့ထွက်ပေါ်လာကာ အလွန်ပြင်းထန်သော ချီစွမ်းအင်များက ဓားအလင်း၌ စုစည်းသွား၍ ခုတ်ပိုင်းကျလာသည်။ ထွက်ပြေးရန် ကြံစည်နေသော ကျန်းမိသားစု၏ ကျွမ်းကျင်သူသည် ဓားချက်တစ်ချက်တည်းဖြင့်ပင် နှစ်ပိုင်းပြတ်သွားရ၏။

ကျန်းမိသားစု၏ အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဥ်နိုင်သော်လည်း ဓားချက်တစ်ချက်တည်းဖြင့်ပင် ချူးယွင်ဖန်း၏ သတ်ဖြတ်ခြင်းခံလိုက်ရသည်။ ထို့အပြင် ဤအရာများအားလုံးသည် လက်ရှိ ချူးယွင်ဖန်းအတွက် ထမင်းစားရေသောက်မျှသာဖြစ်၏။

ချူးယွင်ဖန်း၏ အကြည့်သည် ပို၍ ပို၍ အေးစက်လာသည်။ ကျန်းမိသားစု၊ ဟွမ်မိသားစုနှင့် ဤလူများ၏ အပြုအမူများသည် သူ့ကို အလွန်အမင်းဒေါသဖြစ်စေသည်။ နှစ်ဖက်လုံးသည် သေသေ ကြေကြေ ဆက်ဆံရေးမျိုးတွင်ရှိနေပြီဖြစ်၍ ညှာတာထောက်ထားနေရန် အကြောင်းမရှိပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းနှင့် သုံးမီတာအဝေး၌ အခြားသော တိုက်ခိုက်ရေးမက်ခါတစ်ခုရှိနေသည်။ ဤအကွာအဝေးသည် ထိုတိုက်ခိုက်ရေးမက်ခါအတွက် ခြေတစ်လှမ်းစာပမာဏသာဖြစ်သည်။

“သေစမ်း”

သူ၏ သာမန်တိုက်ခိုက်မှုများက ချူးယွင်ဖန်းကို မည်သို့မျှ အန္တရာယ်ပေးနိုင်လိမ့်မည်မဟုတ်ကြောင်းသိနေသည်။ ထို့ကြောင့် သူက တိုက်ခိုက်ရေးမက်ခါထဲမှ ခုနှစ်ပေခန့်ရှည်လျားသော လှံကို ဆွဲထုတ်လိုက်သည်။ လှံသည် အလွန်အဆိပ်ပြင်းသော နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားလာပြီးနောက် ကောင်းကင်ကို ဖြိုခွင်းသွားသည်။ ၎င်းသည် ကြယ်တစ်စင်းကြွေဆင်းလာသည့်နှယ် ချူးယွင်ဖန်းဆီသို့တိုက်ရိုက် ဦးတည်လာ၏။

ဤအခြေအနေကို မျက်နှာချင်းဆိုင်၍ ချူးယွင်ဖန်းသည် လှံကိုပင် မကြည့်ဘဲ ဓားကို ဝှေ့ယမ်းလိုက်သည်။

ဘမ်း

ကျူးချွဲ့က လေကို တိုက်ခိုက်ဖြိုခွင်းကာ အလင်းတန်းတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။ ကျန်းမိသားစု၏ ကျွမ်းကျင်သူသည် တုံ့ပြန်ရန် အချိန်ပင် မရှိဘဲ ဓားဖြင့် ထိမှန်သွားသည်။ သူနှင့် သူ၏ တိုက်ခိုက်ရေးမက်ခါနှစ်ခုလုံး ဖြိုခွင်းဖျက်ဆီးခံရကာ မြေပြင်ပေါ်သို့ လဲကျသွား၏။

ယခင် ပညာရှင်နှင့် နှိုင်းယှဥ်လျှင် ဤလူသည် ပြန်လည် တုံ့ပြန်ခွင့်ပင်မရလိုက်ဘဲ အလွန်ဆိုးရွားစွာဖြင့် နိဂုံးချုပ်သွားခဲ့ရသည်။ ထိုသို့ ကျွမ်းကျင်သူနှစ်ယောက်ကို တစ်ဆက်တည်း ချေမှုန်းပစ်လိုက်သည်ကို ကြည့်၍ ကျန်းမိသားစုမှ လူများအားလုံး ထိတ်လန့်ကုန်ကြသည်။ အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါများပေးအပ်ခြင်းခံထားရသည်ကို ကြည့်လျှင် ဤပညာရှင်များသည် ကျန်းမိသားစုထဲမှ လက်ရွေးစင်များဖြစ်သည်မှာ သေချာလှသည်။ ၎င်းတို့ ထဲမှ နှစ်ယောက်ကို တစ်ဆက်တည်းအနိုင်ယူခဲ့ခြင်းကို မဆိုနှင့် တစ်ယောက်က ရှုံးနိမ့်သွားခြင်းပင်လျှင် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်၏။ ဤအခိုက်အတန့်တွင် ကျန်ရှိသောကျန်းဖေးယန်အပါအဝင် ကျန်ရှိသော လူခြောက်ယောက်ခန့်သည် ချူးယွင်ဖန်းဆီသို့ တစ်ဟုန်ထိုးပြေးလာကြ၏။

ဘွန်း

ဘွန်း

ဘွန်း

မရေမတွက်နိုင်လောက်သည်အထိ များပြားလှသော သတ္တုကျည်ဆံများနှင့် ဒုံးကျည်များ အဘက်ဘက်မှ ထွက်ပေါ်လာကာ အမျိုးမျိုးသော လေဆာများသည်လည်း လေကို ခွင်း၍ ပေါ်ထွက်လာသည်။ တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် အလျင်လိုခြင်းအလျင်းမရှိပေ။ သူက ဤတိုက်ခိုက်မှုများထဲမှ အချို့ကို အလွယ်တကူ ရှောင်တိမ်းကာ အချို့ကိုမူ ဥပက္ခာပြုထားသည်။ ထိုလက်နက်များက သူ့ကိုယ်ပေါ်သို့ ထိမှန်သွားလျှင်ပင် သူ့ ချီစွမ်းအင်၏ ပြင်းထန်သော ခုခံရေးစွမ်းအားကြောင့် မည်သို့မျှ အန္တရာယ်မဖြစ်စေနိုင်ပေ။ ချူးယွင်ဖန်းက ခြေလှမ်းတစ်လှမ်းရှေ့တိုး၍ လျှပ်စီးမိုးကြိုးတစ်စင်းကဲ့သို့ ပျံကာ သူ့ကို လတ်တလော ပစ်ခတ်နေသည့် တိုက်ခိုက်ရေးမက်ခါဆီသို့ သွားလိုက်သည်။ ထို့နောက် ကျူးချွဲ့ကို ဆုတ်ကိုင်လျက် နဂါးတစ်ကောင်ကဲ့သို့ ခုတ်ပိုင်းချလိုက်ရာ လေထုတစ်ခုလုံးပြိုကွဲလျက် ပြင်းထန်သော ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။

ဤအမြန်နှုန်းသည် အလွန်လျင်မြန်လှသဖြင့် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါသည်ပင်လျှင် ယင်းကို မခုခံနိုင်တော့ဘဲ ကျူးချွဲ့နှင့် ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် နှစ်ပိုင်းပြတ်သွားခဲ့သည်။ ဤအဖြစ်အပျက်များအားလုံး ယခုလေးတင်မှ ရုတ်တရက်ဖြစ်သွားသည်ထင်ရသော်လည်း လူတိုင်းက ချူးယွင်ဖန်းသည် အမှန်အကန်တွက်ချက်၍ တစ်ချက်တည်းဖြင့် အပြီးသတ်လိုက်ခြင်းဖြစ်ကြောင်းသိကြသည်။

“ချူးယွင်ဖန်း” ကျန်းဖေးယန်က ကြိမ်းဝါး၏။ သူမ၏ မျက်လုံးများ ထွက်ကျလုမတက် ပြူးနေကာ ကြိမ်းဝါးသံသည်လည်းသူမ၏ နှလုံးတစ်ခုလုံးကို ဆုတ်ဖြဲပစ်တော့မည့်အလားထင်ရ၏။

“လောစရာမလိုပါဘူး။ မင်းအလှည့်မကြာခင်ရောက်မှာပါ” ချူးယွင်ဖန်း၏ အကြည့်သည် အေးစက်လျက်ရှိသည်။ သူက ပြုံးရယ်နေသော်လည်း သူ့အပြုံးသည် အလွန်အမင်းအေးစက်နေ၏။

ကျန်းဖေးယန် ဤနေရာတွင်ပေါ်လာခြင်းက အရာအားလုံးကို သက်သေပြရန် လုံလောက်သည်။ အကယ်၍ သူမက ဤကိစ္စ၏ နောက်ကွယ်မှ အဓိက ချုပ်ကိုင်သူမဟုတ်လျှင်ပင် ယင်းနှင့် ဝေးကွာလိမ့်မည်မဟုတ်ပေ။ ဂေါင်ဟုန်ချီကို နှိပ်စက်ခဲ့သည်ကိုတွေး၍ ချူးယွင်ဖန်း ဆက်လက်၍ သူ့ဒေါသကို ထိန်းချုပ်မထားနိုင်တော့ပေ။

ချူးယွင်ဖန်းက ခြေတစ်လှမ်းရှေ့သို့ လှမ်းလိုက်ရာ တခဏချင်း၌ပင် သူ့ခန္ဓာကိုယ်မှ အရောင်အဝါများအလွန်မြင့်တက်လာသည်။ သူ့ကျင့်ကြံရေးအဆင့်သည် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်ကို ကျော်တက်ခဲ့ပြီးဖြစ်သည်။

ပိုလျှံသော ဆေးစွမ်းပကားများထွက်လာပြီးနောက် သူ၏ ရန်နှင့်တု မရီးဒျန်များကို စတင်၍ တိုက်ခိုက်တော့ရာ ယင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

အခန်း(၆၁၇) လူများကို ဘဲသတ်သကဲ့သို့ သတ်ခြင်း

ချူးယွင်ဖန်းက ဆေးဖက်ဝင် အဆင့်သုံးခရမ်းရောင်ရွှေဆေးလုံး၏ ဆေးဖက်ဝင် အာနိသင်ကို အပြည့်အဝ စုပ်ယူရန် မဖြစ်နိုင်သဖြင့် အများစုသည် အလဟဿဖြစ်သွားရမည်ဖြစ်သည်။ မူလက အဆင့်သုံးခရမ်းရောင်‌ရွှေဆေးလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများ ချေဖျက်နိုင်သည့်အရာမဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်ရန်အသုံးမပြုနိုင်ပါက ချူးယွင်ဖန်းသည် ၎င်းကို မွေးဖွားခြင်းနယ်မြေ၏နှောင်းပိုင်းအဆင့်များတွင် ကျင့်ကြံရန် စီစဥ်ထားသည်။ ယင်းက သူ့ကို အချိန်ကုန် သက်သာစေပေလိမ့်မည်။ မည်သို့ပင် ဆိုစေကာမူ ချူးယွင်ဖန်းသည် ယင်းကို ထိုသို့သော အခြေအနေများတွင် အသုံးပြုရသည်ကို နောင်တရခြင်းမရှိပေ။ ဆေး၏အာနိသင်ကို အပြည့်အဝအသုံးမချနိုင်သော်လည်း လက်ရှိစုပ်ယူထားသောအပိုင်းသည် အဆင့်ဆက်တက်ရန် လုံလောက်သည်။

မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်သို့ရောက်ပြီးနောက် ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာလိုတော့၏။

ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ချီစွမ်းအင်များ မြင့်တက်လာသည်ကို ခံစားမိနိုင်သည်။ သူ့ခန္ဓာကိုယ်ထဲမှ အောင့်သက်သက်ဖြစ်နေသော နာကျင်မှုကို ထိန်းချုပ်နိုင်ရန် ချီစွမ်းအင်များကို အပြည့်အဝ ထုတ်သုံးရန် လိုအပ်သည်။

ချူးယွင်ဖန်းသည် လျှပ်စီးလတ်သကဲ့သို့ ချက်ချင်း ပျံထွက်လာသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် အနှိုင်းမဲ့ အလွန်စွမ်းအားကြီးလှသည့် သားရဲကြီးတစ်ကောင်နှင့်တူသည်။ ထိုကြောက်မက်ဖွယ်ကောင်းလှသည့် အငွေ့အသက်များသည် အရာအားလုံးကို ဖြိုခွင်းတော့မည်ဖြစ်၏။

ကျန်းဖေးယန်၏ အမူအရာသည် ပြတ်သားသည်။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုအရှိန်ကြောင့်ကြောက်လန့်နေရန် သူမတွင် အချိန်မရှိပေ။

"နှလုံးသားလုယူ သတ်ဖြတ်ခြင်း" ကျန်းဖေးယန်က အော်လိုက်သည်။ ယခင်ကလည်း ချူးယွင်ဖန်းက သူမကို မြေပြင်ပေါ်သို့ အပြီးသတ်မလှဲချနိုင်ခင်၌ သူမ တစ်ချက်ကလေးမျှပင် ပြန်လည် မတုံ့ပြန်နိုင်ခဲ့ပေ။

ကျန်းဖေးယန်သည် သူမ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ကြီးမားသော ဝိဉာဥ်စွမ်းအားအဖြစ်ပြောင်းလဲ၍ ချူးယွင်ဖန်းဆီသို့ ဦးတည်သွားသည်။ ဤအရာသည် လူတစ်ယောက်၏ ဝိဉာဥ်ကိုပင် ထိခိုက်စေနိုင်သော အလွန်စွမ်းအားကြီးသည့် သိုင်းပညာတစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။ သာမန်လူတစ်ဦးသာ သတိမထားလျှင် ၎င်းတို့အားလုံး ဤတိုက်ခိုက်မှုအောက်၏ သားကောင်ဖြစ်သွားနိုင်သည်။ ဤသို့သော သိုင်းပညာမျိုးသည် ဝိဉာဥ်နှင့် စွမ်းအားကိုအသုံးပြုရာတွင် ပြီးပြည့်စုံသည်။

ကံမကောင်းစွာဖြင့်ပင် ကျန်းဖေးယန်က ချူးယွင်ဖန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ၊ ဤမျှသော တိုက်ခိုက်မှုက ချူးယွင်ဖန်းကို အနည်းငယ်လေးမျှပင် မထိခိုက်စေနိုင်ပေ။

ချူးယွင်ဖန်းက ရိုးရှင်းစွာဖြင့်ပင် ယင်းကို လျစ်လျူရှု့လိုက်သည်။

"တောတွင်းဘုရင်" ချူးယွင်ဖန်း အော်လိုက်သည်။ သူ့တစ်ကိုယ်လုံးရှိ စစ်မှန်သော စွမ်းအင်များ ပေါက်ကွဲထွက်ကာ လက်သီးထဲသို့ စီးဝင်သွား၏။ သူက လက်သီးပစ်သွင်းလိုက်သောအခါ ကြောက်မက်ဖွယ်ကောင်းသော ဟာရီကိန်းမုန်တိုင်းကြီးထွက်လာသကဲ့သိုပင်ထင်ရ၏။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များထွက်ပေါ်လာရာ ယင်းလက်သီးသည် ဒုံးကျည်တစ်ခုကဲ့သို့ ထင်ရ၏။

ဘမ်း

ကျယ်လောင်သော အသံနှင့်အတူ ချူးယွင်ဖန်း၏ လက်သီးများသည် ကျန်းဖေးယန်၏ လက်ဖဝါးနှင့် ထိပ်တိုက်တွေ့သွား၏။

အက်ကွဲသောအသံများထွက်ပေါ်လာပြီးနောက် တိုက်ခိုက်ရေးမက်ခါ၏ လက်သည် တစ်လက်မချင်းကွဲသွား၏။ ကျန်းဖေးယန်ထံမှ ကျယ်လောင်သော ငိုကြွေးသံထွက်ပေါ်လာသည်။ တိုက်ခိုက်ရေးမက်ခါ၏ စက်လက်မောင်း ကွဲအက်သွားသည်နှင့်အမျှ ကျန်းဖေးယန်၏ လက်မောင်းသည်လည်း တစ်လက်မချင်းကွဲထွက်သွား၏။

တိုက်ခိုက်ရေးမက်ခါသည် အကာအရံအဖြစ်အသုံးဝင်သော်လည်း ယခုအချိန်တွင် ချူးယွင်ဖန်း ပြသသော အံ့အားသင့်ဖွယ် အင်အားနှင့် နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက် ရှိနေသေးသည်။

"အား" ကျန်းဖေးယန်အော်ဟစ်လိုက်သည်။ သူမသည် ဤကဲ့သို့သော သေခြင်းတိုက်ပွဲကို တစ်ခါမျှ မကြုံဖူးပေ။ ရှေးခေတ်က ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့် တွေ့ခဲ့ရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါက သူမကို ဖိနှိပ်သွား၏။ ထိုအချိန်တွင် ကျန်းဖေးယန်၏ အခြားလက်တစ်ဖက်ထွက်လာ၍ ချူးယွင်ဖန်းဆီသို့ ထပ်မံချိန်ရွယ်လိုက်ပြန်သည်။

ဘမ်း

ဤတိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏လက်သီးနှင့်လည်း ထပ်မံ တွေ့ဆုံသွားပြန်သည်။ အဆုံးမဲ့စစ်မှန်သောစွမ်းအင်များ တဟုန်းဟုန်းတောက်လောင်ကာ ကျန်းဖေးယန်၏အခြားတစ်ဖက်ကို တစ်စထက်တစ်စ ကွဲကြေသွားစေသည်။ ထို့နောက် တစ်လက်မချင်းကွဲကြေသွား၍ သွေးအခိုးအငွေ့များအဖြစ်ပြောင်းလဲသွားသည်။

ကျန်းဖေးယန်သည် နာကျင်စွာ အော်ဟစ်ကာ အမြန်ပြန်ဆုတ်သွားသည်။ သူမက လက်များကို ဆုံးရှုံးလိုက်ရလျှင် ပြန်လည်တပ်ဆင်နိုင်သော်လည်း အသက်ဆုံးရှံးသွားလျှင်မူ အမှန်တကယ်ပင် ပြီးဆုံးသွားမည်ဖြစ်သည်။

ကျန်းဖေးယန်လှည့်၍ ထွက်ပြေးသွားသည်ကို မြင်သောအခါ ကျန်ရှိသော အလယ်အလတ်အဆင့် တိုက်ခိုက်သူငါးယောက်က ရှေ့သို့ တက်လာကာ ချူးယွင်ဖန်းကို ဝိုင်းထားသည်။

"မင်းတို့နဲ့ပဲလား။ မင်းတို့က ငါ့ကို တားချင်တာလား” ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။

"ချူးယွင်ဖန်း မင်းလုပ်ရဲလား”

ကျန်းရို့ရှု၏ ကျယ်လောင်သော ကြုံးဝါးသံကို အဝေးမှပင် ကြားနိုင်သည်။ သူသည် အပြေးအလွှား ချီတက်ရန် အသဲအသန် ကြိုးစားနေသော်လည်း မိုးကြိုးတောင်ပံသားရဲက သူ့ကို တားဆီးထားသည်။

တစ်ဖက်တွင် ကျန်းရို့ရှုနှင့် ဟွမ်တုတို့သည် မိုးကြိုးတောင်ပံသားရဲကို ထိန်းထားရန် အသည်းအသန်ကြိုးစားနေကြသည်။ ခဏအကြာတွင် မြင်ကွင်းတစ်ခုလုံးက ဝေဝါးသွားကာ တိုက်ပွဲသည်လည်းပိုမိုပြင်းထန်လာ၍ လေထုအလယ်တွင် ယင်းကို ခွဲခြားရန် ခက်ခဲသည်။ ကျန်းရို့ရှုက ချူးယွင်ဖန်းကိုကြည့်နေစဉ် ချူးယွင်ဖန်း ၏လက်ထဲမှ ကြီးမားသောဓားက ရုတ်တရက် လွင့်ထွက်လာသည်။

ကြီးမားသော တိုက်မိမှုတစ်ခုကဲ့သို့ ကြောက်စရာကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ယင်းသည် ရှင်ကျာမုနိ၏ ဆင်ပစ်သိုင်းကိုအသုံးပြုခဲ့သော ချူးယွင်ဖန်းထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ကိုယ်ပိုင်အစွမ်းတစ်ခုတည်းကပင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးနေပြီဖြစ်ရာ ဆင်ပစ်သိုင်းကို အသုံးပြုပြီးနောက် မည်မျှ ထိတ်လန့်ဖွယ်ကောင်းလိမ့်မည်ကို ဖော်ပြ၍ မရနိုင်ပေ။

ကျူးချွဲ့သည် ကောင်းကင်ကိုဖြတ်သွားသော အလင်းတန်းတစ်ခုကဲ့သို့ပင် ထင်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော လေမုန်တိုင်းတစ်ခုတိုက်ခိုက်သွားသည်။ သို့သော်လည်း ပထမဆုံး ထိုးဖောက်ခံရသူမှာ ကျန်းဖေးယန်မဟုတ် အခြားသော အလယ်အလတ်အဆင့် တိုက်ခိုက်သူပင်ဖြစ်သည်။

ဤအလယ်အလတ်အဆင့် တိုက်ခိုက်သူသည် ချူးယွင်ဖန်း ကိုရပ်တန့်ရန်နှင့် ကျန်းဖေးယန်ကိုအကာအကွယ်ပေးရန်အကောင်းဆုံးကြိုးစားခဲ့သည်။ သူတို့အားလုံးသည် လက်ရွေးစင်များဖြစ်သော်လည်း ကျန်းမိသားစုတွင်မူ ကျန်းဖေးယန်၏ အဆင့်က ပို၍ မြင့်သည်။ သူမ၏ အနာဂတ်တွင် မိသားစုကို ထောက်ပံ့ပေးမည့် မိသားစု၏ မဏ္ဍိုင်ဖြစ်သည်။ ဤသို့မှမဟုတ်လျှင် ကျန်းဖေးယန်သည် ချူးယွင်ဖန်းအတွက် ဤမျှကြီးမားသော တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်မဟုတ်ပေ။ လုံလောက်သော စွမ်းအားနှင့် သြဇာမရှိပါက ထိုသို့လုပ်ရန် မလုံလောက်ပေ။

ချူးယွင်ဖန်းကို သူ၏ တိုက်ခိုက်ရေးမက်ခါဖြင့်တားဆီးနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင်မူ ချူးယွင်ဖန်းကို လျှော့တွက်ထားမိကြောင်းသိလိုက်ရသည်။

ချူးယွင်ဖန်း၏ဓားတွင် ရှင်ကျာမုနိ၏ ဆင်ပစ်သိုင်းပါဝင်ကာ ယင်းသည် အလွန်စွမ်းအားကြီးလှ၏။ ထိုသူက ဓားကို ဖမ်းရန် ကြိုးစားလိုက်သော်လည်း သူ့လက်များက ကျူးချွဲ့ကို ထိလိုက်သည်နှင့် ချက်ချင်းဆိုသကဲ့သို့ပင် သွေးမြူများအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက် ဧရာမဓားကြီး၏ အရှိန်သည် လျော့သွားခြင်းမရှိပေ။ ၎င်းက ချက်ချင်းပင် တိုက်ခိုက်ရေးမက်ခါမှတစ်ဆင့် ထိုးဖောက်ဝင်ရောက်ကာ ကြီးမားသော အပေါက်ကြီးတစ်ခုဖြစ်၍ သွေးများပန်းထွက်လာသည်။ တိုက်ခိုက်ရေးမက်ခါအတွင်းမှလူသည် လုံးဝမယုံနိုင်ဖြစ်နေသည်။ အလွယ်တကူ အပြင်းအထန်ဒဏ်ရာရသွားသည်မှာ မယုံချင်စဖွယ်ကောင်းလှသည်။ နှလုံးမပါအဝင် သူ၏အတွင်းအင်္ဂါများသည်လည်း တခဏချင်း၌ အငွေ့ပျံသွားသည်။ သူ့ အသက်ဆက်ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။

ဤတိုက်ခိုက်ရေးမက်ခါကို ဖောက်ထွင်းသွားပြီးသည့်တိုင် ကျူးချွဲ့၏အရှိန်အဟုန်က လျော့မသွားပေ။ မျက်စိတစ်မှိတ်အတွင်း၌ပင် ကျန်းဖေးယန်ကို အမှီလိုက်နိုင်သွား၏။ ကျန်းဖေးယန်သည် သူမနောက်၌ ရပ်သွားသည့် လေသံကို ခံစားမလိုက်ကာ ခေါင်းပင်လှည့်မကြည့်ဝံ့တော့ပေ။ သူမသည် အလွန်ကြောက်လန့်လွန်းလှသဖြင့် ခန္ဓာကိုယ်ထဲမှ ဝိဉာဥ်သည်ပင်လျှင် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။

ကျန်းဖေးယန်သည် ထွက်ပြေးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူမ ရှောင်တိမ်းရန် နည်းလမ်းမရှိပေ။

ဓားကသည် လျှပ်စီးကဲ့သို့ အလွန်မြန်လှသည်ဖြစ်ရာ ချက်ချင်းဆိုသကဲ့သို့ပင် ၎င်းသည် တိုက်ခိုက်ရေးမက်ခါကို ကျော်ဖြတ်၍ ကျန်းဖေးယန်၏နောက်သို့ လိုက်သွားခဲ့သည်။

ဓားသည် ကျန်းဖေးယန်ကို ဖောက်ဝင်သွားပြီးနောက် ကျန်းဖေးယန်သည် အလွန်ပြင်းထန်သောအရှိန်ဖြင့် မြေပြင်ပေါ်သို့ သံမှိုစိုက်ခံထားရသကဲ့သို့ ထိုးစိုက်ခံလိုက်ရသည်။ သွေးများ တိုင်တစ်ခုကဲ့သို့ ပန်းထွက်လာ၏။

ဤသည်မှာ ချက်ချင်း နှစ်ယောက်လုံးကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။

ဤကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်မှုစွမ်းရည်သည် အခြားသော အလယ်အလတ် မက်ချာများကို တုန်လှုပ်စေခဲ့သည်။ အဝေးက ကျန်းရို့ရှုက ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒေါသကို မထိန်းနိုင်တော့ဘဲ ကောင်းကင်ယံထက်မှ ကြုံးဝါးလိုက်သည်။

"ချူးယွင်ဖန်း ငါမင်းကိုသေစေချင်တယ်"

"မင်းက ငါ့ကို သေစေချင်တာလား။ ဒါဆို စမ်းကြည့်ရအောင်” ချူးယွင်ဖန်းက အေးစက်သော အပြုံးဖြင့် ပြောသည်။

"မင်းငါ့ကိုသတ်ချင်နေတာလား။ ဒီနေ့ ဘယ်သူက ဘယ်သူ့ကိုသတ်မယ်ဆိုတာ မသေချာဘူးလို့ ငါထင်တယ်။ ငါအရင်ကပြောပြီးပြီ၊ မင်းဒီနေ့ထွက်ဖို့မစဥ်းစားနဲ့”

"အားလုံးသေရမယ်"

ချူးယွင်ဖန်းက ဤသို့ပြောပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များထပ်မံပေါက်ကွဲကာ ပို၍ပင် သန်မာလာသည်။

အခန်း (၆၁၈) ထို့နောက် နောက်တစ်ယောက်

ယခုအချိန်အထိ သတ်ဖြတ်မှုသည် လူတိုင်းမျှော်လင့်ထားသည်များကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ အထူးသဖြင့် ကျန်းမိသားစု နှင့် ဟွမ်မိသားစုများမှ ကျွမ်းကျင်သူများဖြစ်ကြသည်။ မူလက လွယ်ကူ၍ ပျော်ရွှင်ဖွယ်ကောင်းသော အမဲလိုက်စစ်ဆင်ရေးက ဤသို့ဖြစ်လာလိမ့်မည်ဟု ၎င်းတို့က မမျှော်လင့်ထားခဲ့ကြပေ။

သားကောင်သည် ရုတ်တရက် စွမ်းအားကြီး၍ ကြောက်မက်ဖွယ်ကောင်းသော မုဆိုးအဖြစ်သို့ ပြောင်းလဲသွားသည့်အပြင် မုဆိုးများကို လုံးဝ သုတ်သင်ပစ်လိုက်သည်။ ချူးယွင်ဖန်းသည် အမဲလိုက်သူ ဒါဇင်ပေါင်းများစွာကို ဆက်တိုက်သတ်ခဲ့ပြီးသည့်နောက် အလယ်အလတ် စက်လက်နက်များကိုင်ဆောင်ထားသည့် လူလေးယောက်သာ ကျန်ခဲ့သည်။

အလယ်အလတ် တိုက်ခိုက်ရေးမက်ခါများကို သူတို့သွားလေရာရာ၌ အလွန်စွမ်းအားကြီးမားလှသည်ဟု ယူဆကြသည်။ သို့သော် ၎င်းတို့ ချူးယွင်ဖန်းကိုရင်ဆိုင်လိုက်သောအခါတွင် ၎င်းတို့အားလုံး မည်မျှ စွမ်းအားနိမ့်လှသည်ကို ရှင်းလင်းစွာခံစားလိုက်ရသည်။

"မင်းတို့ထဲက တစ်ယောက်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး" ချူးယွင်ဖန်းက အေးစက်စက် ပြောလိုက်သည်။

“ဒီလိုမျိုးလူတွေစုထားတာကိုကြည့်ရင် ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေကို လက်ရွေးစင်လို့ သတ်မှတ်လို့ရတယ်။ မင်းတို့အားလုံး ဒီမှာပဲသေရင် လုပ်ငန်းကြီးကြီးမားမားရှိတဲ့ ဒီမိသားစုနှစ်စုတောင် နာကျင်ခံစားရလိမ့်မယ်ထင်တယ်”

ဤအခိုက်အတန့်တွင် ကျန်ရှိသော တိုက်ခိုက်ရေးမက်ခါများက အချင်းချင်း ကြည့်နေကြသည်။ ချူးယွင်ဖန်းကို လေးဘက်လေးတန်မှ တစ်ပြိုင်နက် ဝိုင်းရံကာ သင်္ကေတလေးသဏ္ဍန်ကို ဖွဲ့စည်းလိုက်သည်။ ချူးယွင်ဖန်းက တုံ့ပြန်ရန် အသင့်ပြင်ထားစဉ်၌ပင် ၎င်းတို့ထဲမှ တစ်ယောက်သည် ရုတ်တရက် အရှိန်မြှင့်၍ ချူးယွင်ဖန်းဆီသို့ ပျံသန်းလာ၏။

"မင်းတို့က သေချင်နေတာပဲ" ချူးယွင်ဖန်းက အော်လိုက်သည်။

ချူးယွင်ဖန်း၏ လက်ထဲတွင် ကျူးချွဲ့ရှိမနေသော်လည်း သူ့တွင် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိဟု မဆိုလိုပေ။ လက်ရှိ သူ့အတွက် သူ့ခန္ဓာကိုယ်တွင် သတ်ဖြတ်ရေး ကိရိယာအဖြစ် အသုံးမပြုနိုင်သော အစိတ်အပိုင်းတစ်ခုမျှ မရှိပေ။

သူ့ဆီသို့ ပျံသန်းလာသော ဤတိုက်ခိုက်ရေးမက်ခါမှ တောက်ပသော အနီရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် ယင်းသို့တိုက်ရိုက်ထိမှန်သွား၏။

‘ချီးပဲ သူ့ဘာသာ ဖျက်ဆီးတော့မယ်’

ချူးယွင်ဖန်း၏အမူအရာသည် ချက်ချင်းပင် အေးစက်သွားသည်။ ဤသည်မှာ ဤအလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါများ၏ ရန်သူကို သုတ်သင်ရှင်းလင်းရေး နောက်ဆုံးနည်းလမ်းဖြစ်သည်။ အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါများသည် အခြေခံ တိုက်ခိုက်ရေးမက်ခါများနှင့် ကွဲပြားသည်။ ၎င်းတို့၏ မောင်းနှင်အားသည် နျူကလီးယားစွမ်းအင်ဖြစ်၍ စွမ်းအင်ကုန်ခန်းခြင်းအန္တရာယ်ကို ရှောင်ရှားနိုင်ကြသည်။ သို့သော် တစ်ချိန်တည်း၌ပင် ၎င်းတို့ကိုယ်တိုင်ဖျက်ဆီးပါက ယင်းတို့၏ စွမ်းအားများသည် ထပ်တူထပ်မျှပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

"နတ်နှံကောင်ကန်ချက်" ချူးယွင်ဖန်း ရုတ်တရက်ကန်ထုတ်လိုက်ရာ အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါကို ထိမှန်သွားသည်။

ဘမ်း

ဤအလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါသည် ချက်ချင်းပင် ကန်ထုတ်ခြင်းခံလိုက်ရ၏။ တိုက်ခိုက်ရေးမက်ခါတစ်ခုလုံးသည် ချူးယွင်ဖန်းဘက်သို့ ဦးတည်နေခဲ့သော်လည်း ယခုအခါ ချူးယွင်ဖန်း၏ ကန်ချက်ကြောင့် လွင့်ထွက်သွားခဲ့သည်။ ချူးယွင်ဖန်း၏ ကန်ချက်မှစွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဤသည် ဆယ်မီတာကျော်အကွာအထိ လွင့်ထွက်သွား၏။

ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် အက်တမ်များကို ပျက်ဆီးသွားစေသည်။ အခြေခံအကျဆုံးသော စွမ်းအားများမှ ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဤပေါက်ကွဲမှုသည် အရာအားလုံးကို လွှမ်းခြုံသွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်စေခဲ့ရာ အဝေးမှကြည့်လျှင်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ အနှိုင်းမဲ့ကြီးမား‌သော မှိုတိမ်တိုက်ကြီး တဖြည်းဖြည်း မြင့်တက်လာပြီးနောက် ဆယ်မီတာကျော်အကွာအဝေးအတွင်းရှိ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ဤပေါက်ကွဲမှု၏ စွမ်းအားကို အတိုင်းအတာတစ်ခုအတွင်း တင်းကြပ်စွာ ထိန်းချုပ်ထားသည်။ ဤသည်မှာ ရန်သူကို ချေမှုန်းရန် နောက်ဆုံးနည်းလမ်းဖြစ်သည်၊ သို့သော် လုံးလုံးလျားလျား ဖျက်ဆီးသည့်နည်းလမ်းမဟုတ်ပေ။ စစ်မြေပြင်တွင် တိုက်ခိုက်သူအားလုံးကို လုံးလုံးလျားလျား သုတ်သင်ရန် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးလိုက်သည့် တိုက်ခိုက်ရေးမက်ခါတစ်ခုသာ လိုအပ်သည်။

ပေါက်ကွဲမှုအပြီးတွင် ယင်းမှ စွမ်းအားများအဘက်ဘက်သို့ပျံ့နှံ့သွားခဲ့ရာ ပြင်းထန်သော လှိုင်းလုံးကြီးများကြောင့် လူများအားလုံး မျက်စိမဖွင့်နိုင်ဖြစ်သွားကြသည်။ ထို့နောက် မရေမတွက်နိုင်လောက်သည်အထိ များပြားသော မီးခိုးတိမ်တိုက်များ ထွက်ပေါ်လာ၏။ ကျန်သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

၎င်းတို့ မလှုပ်နိုင်ခင်၌ပင် ထိုစွမ်းအင်စီးကြောင်းထဲမှ လူတစ်ယောက် ရုတ်တရက် ခုန်ထွက်လာ၏။ လူများကို ဖျက်ဆီးနိုင်သည့် ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးမက်ခါစွမ်းအင်ပေါက်ကွဲမှုကြားမှ လူတစ်ယောက် ထွက်လာကာ ချက်ချင်းပင် တိုက်ခိုက်ရေးမက်ခါများအနက် တစ်ခု၏ ရှေ့၌ ပေါ်လာ၏။

ဤတိုက်ခိုက်ရေးမက်ခါ ကိုင်ဆောင်သူသည် ချူးယွင်ဖန်းက အသက်ဆက်ရှင်နေ၍ တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ၎င်းတို့အားလုံး လုံးဝ မပြင်ဆင်ထားကြပေ။

ချူးယွင်ဖန်းက ရှေ့သို့ ချီတက်လာသည်ကို မြင်သောအခါ ၎င်းတို့ ကိုယ်ကိုယ်ကာကွယ်ရန် လက်နှစ်ဖက်မြှောက်ရန်သာ အချိန်ရခဲ့ကြသည်။ ယင်းနောက်တွင် ချူးယွင်ဖန်း၏ ကျောက်တုံးနှင့်တူသော လက်သီးသည် စိတ်မကူနိုင်လောက်သည့်စွမ်းအားများဖြင့် ရှေ့သို့ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။

ဘမ်း

"အား"

ဤတိုက်ခိုက်ရေးမက်ခါကိုင်ထားသော ကျွမ်းကျင်သူသည် ကျယ်လောင်စွာအော်ဟစ်ရုံသာ အချိန်ရလိုက်ပြီးနောက် သူ၏ရင်ဘတ်၌ အပေါက်ကြီးတစ်ခု ပေါ်လာ၏။ လက်နှစ်ဖက်ကို မြှောက်ထားသော်လည်း ချူးယွင်ဖန်း၏ လက်သီးကို မတားဆီးနိုင်ပေ။ တိုက်ခိုက်ရေးမက်ခါ၏ ကိုယ်ထည်နှင့် လက်တံများကိုပင် ချက်ချင်း ထိုးဖောက်သွားသည်။

ဝိညာဉ်စွမ်းအင်သည် လူတစ်ဦး၏ အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများကို စိတ်ကူးမယဉ်နိုင်သော အတိုင်းအတာအထိ တိုးမြှင့်ပေးနိုင်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေသောအခါတွင်၊ ၎င်းသည် သူ့ရှေ့ရှိ အင်အားကောင်းလှသော ရန်သူအားလုံးကိုပင် သုတ်သင်နိုင်လောက်သည်အထိ ပြင်းထန်၏။

ကျန်သော တိုက်ခိုက်ရေးမက်ခါနှစ်ခုသည် အစပိုင်း၌ မိမိကိုယ်မိမိ ဖျက်ဆီး၍ စွမ်းအင်များပေါက်ကွဲစေရန် ကြိုးစားလိုစိတ်အပြည့်ရှိကြသည်။ ချူးယွင်ဖန်းရုတ်တရက် ပေါ်လာကာ ၎င်းတို့ထဲမှ တစ်ယောက်ကို သတ်လိုက်ကြောင်းမြင်လိုက်ပြီးနောက် ၎င်းတို့က မည်ကဲ့သို့ ဆက်လက်၍ ငြိမ်နေနိုင်ကြမည်နည်း။ ၎င်းတို့ ချက်ချင်းပေါက်ကွဲ၍ ချူးယွင်ဖန်းဆီသို့ ကျည်ဆန်မိုးရွာများ ရွာချပစ်လိုက်သည်။

ချူးယွင်ဖန်းသည် မြေပြင်ကို ဖိနင်းထားကာ မြေပြင်ပေါ်သို့ ခိုင်မြဲစွာအမြစ်တွယ်ထားသည့် သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ဖြစ်နေသည်။ ပေါက်ကွဲမှု၏ နောက်ဆက်တွဲ လှုပ်ခတ်မှု မည်မျှပင်ပြင်းထန်နေစေကာမူ သူက အနည်းငယ်မျှ မတုန်လှုပ်ပေ။

ချူးယွင်ဖန်းသည် ကောင်းကင်ယံတွင် ပြန့်ကျဲနေသော ကျည်ဆန်မိုးများကိုပင် မကြည့်ခဲ့ပေ။ သူ့ခန္ဓာကိုယ်ပေါ်ရှိ စစ်မှန်သောစွမ်းအင်သည် အလွန်သိပ်သည်းလှသဖြင့် ယင်းကို စွမ်းအားကြီးချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲရန် လုံလောက်သည်။ ဤကျည်ဆန်များသည် သူ့၏ အကာအကွယ် စွမ်းအင်ဒိုင်းကို မထိုးဖောက်နိုင်ခဲ့ပေ။

၎င်းသည် မူလက မွေးဖွားခြင်းနယ်မြေအဆင့်၏နည်းပညာတစ်ခုဖြစ်သော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူများသည်လည်း ဤနည်းလမ်းကို အသုံးပြုနိုင်သည်။ ဤသည်က ခံစစ်နည်းစနစ်တစ်မျိုးဖြစ်သည်။ ၎င်းသည် လူ၏ခန္ဓာကိုယ်ကို ခုခံကာကွယ်နိုင်သော်လည်း ချီစွမ်းအင်အသုံးပြုမှုသည်မူ အလွန်ပြင်းထန်လှ၏။

မရီးဒျန်သန့်စင်ခြင်းအဆင့်သိုင်းပညာရှင်များက ယင်းကို ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲသည်ဖြစ်၍ အများစုသည် ရံဖန်ရံခါသာ အသုံးပြုနိုင်သည်။

မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများသာလျှင် သဘာဝတရားမှ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ်ဆွဲယူ၍ ၎င်းတို့၏ကိုယ်ပိုင်စွမ်းအင်အဖြစ်သို့ ပြောင်းလဲနိုင်သည်။ သို့မှသာ ၎င်းတို့၏ခန္ဓာကိုယ်ကို ကာကွယ်ရန် ဤအကာအကွယ်စွမ်းအင်ဒိုင်းကို အဆက်မပြတ်ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

ထို့အပြင် မွေးဖွားခြင်းနယ်မြေသခင်များ၏ ရှင်သန်နိုင်စွမ်းသည်လည်း အလွန်တိုးမြင့်လာမည်ဖြစ်သည်။ ၎င်းတို့၏ ချီစွမ်းအင် ကုန်ဆုံးသွားခြင်း သို့မဟုတ် စွမ်းအင်ဒိုင်း၏ ကာကွယ်ရေးကန့်သတ်ချက်ကို ရုတ်တရက်ကျော်လွန်သွားခြင်းမရှိပါက ၎င်းတို့သည် ကျည်ဆန်မိုးရွာခြင်းကိုပင် ခံနိုင်ရည်ရှိကာ ရှေ့သို့ ဆက်လက်ချီတက်နိုင်သည်။

ကျည်ဆန်မိုးရွာခြင်းကို ခုခံကာကွယ်ရန် စစ်မှန်သောစွမ်းအင်ကို သုံးစွဲမှုပမာဏကို စိတ်ကူးမယဉ်နိုင်ပေ။ သို့သော် အဆင့်သုံး ခရမ်းရောင်-ရွှေဆေး၏ ဆေးဖက်ဝင် အာနိသင်သည် မပျောက်သေးသဖြင့် ဤစွမ်းအင်သုံးဆွဲမှုများအတွက် လုံလောက်သည်။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာဖြင့် ရွေ့လျားလာရာ ပုံရိပ်ယောင်အနည်းငယ်မျှ ချန်ရစ်ခဲ့ပြီးနောက် တိုက်ခိုက်ရေးမက်ခါတစ်ခုရှေ့တွင် ပေါ်လာ၏။ ချူယွင်ဖန်းကို အနားကပ်ရန် အခွင့်အရေးလုံးလုံးလျားလျားမပေးဘဲ ထိုသူက ချက်ချင်းပြန်ဆုတ်၍ ပစ်ခတ်လိုက်သည်။ အစောပိုင်းက ချူးယွင်ဖန်းထံ ချဉ်းကပ်ခံရသူများ၏ ရလဒ်ကို ၎င်းတို့တွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးသည် ပြင်းထန်သော ထိုးနှက်ချက်များကိုခံစားခဲ့ရ၏။

မွေးဖွားခြင်းနယ်မြေအဆင့်နှင့် ယှဉ်နိုင်သော အလယ်အလတ် တိုက်ခိုက်ရေးမက်ခါသည် ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိခဲ့ပေ။ သူ၏ ထိုးနှက်ချက်များသည် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများ၏ တိုက်ခိုက်မှုများကို ခုခံနိုင်သကဲ့သို့ ခုခံမှုများကိုလည်း ဖြိုခွင်းပစ်နိုင်သည်။

ချူးယွင်ဖန်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူသည် ၎င်း၏လှောင်အိမ်ထဲမှ ထွက်လာသော အလွန်ရက်စက်သည့် သားရဲနှင့်တူသည်။ ၎င်းတို့နှင့် ထိမိသည့် လူတစ်ယောက်သည် သေလျှင်သေ မသေလျှင် အလွန်အပြင်းအထန် ဒဏ်ရာရမည်ဖြစ်သည်။

သို့သော်လည်း တိုက်ခိုက်ရေးမက်ခါ၏အရှိန်သည် မရေမတွက်နိုင်သော ပစ်ခတ်မှုများကို ခံယူခဲ့သည့် ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ ခဏအကြာတွင် သူသည် တိုက်ခိုက်ရေးမက်ခါကို အမှီလိုက်နိုင်ခဲ့၏။

ချူးယွင်ဖန်း၏ခြေထောက်သည် သင်တုန်းဓားကဲ့သို့ အလယ်အလတ်တိုက်ခိုက်ရေးမက်ခါကို ခုတ်ပိုင်းပစ်လိုက်သည်။ ယင်းကိုကိုင်တွယ်နေသည့် ကျန်းမိသားစုကျွမ်းကျင်သူသည်လည်း အသတ်ခံလိုက်ရ၏။

ယခု ကွင်းထဲတွင် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါတစ်ခုသာ ကျန်ရှိတော့သည်။

All Chapters