← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း(၆၁၉) မင်း ငါ့ဒေါသကို ခံကြည့်မလား

ဤလုပ်ကြံသတ်ဖြတ်မှုသည် အလွန်လျင်မြန်သော အရှိန်ဖြင့်ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်း တိုက်ခိုက်ရေးမက်ခါကိုယ်တိုင် ဖျက်စီးမှုမှ ဖြစ်ပေါ်လာသော ပြင်းထန်သော မုန်တိုင်းက လုံးလုံးလျားလျား မပျောက်ကွယ်သွားသေးသော်လည်း သတ်ဖြတ်ခြင်း ပြီးဆုံးလုနီး ဖြစ်နေပြီ ဖြစ်သည်။ အလယ်အလတ် တိုက်ခိုက်ရေးမက်ခါတစ်ခုသာ ကျန်တော့သည်။

ယခင်က ယုံကြည်မှုအပြည့်ရှိခဲ့သော ကျန်းမိသားစုအတွက်မူ ဤအရာသည် အလွန်ရှက်ဖွယ်ကောင်းသောအရာကြီးတစ်ခုဖြစ်ကြောင်း သံသယဖြစ်နေရန်ပင်မလိုပေ။

"ပြေး သူ့ကို ထိပ်တိုက်မတိုက်နဲ့ ငါ့အနားကိုလာ"

ဤအခိုက်အတန့်တွင် ကျန်းရို့ရှု့သည် နောက်ဆုံးတွင် မိုးကြိုးတောင်ပံသားရဲ၏ ချည်နှောင်မှုမှ လွတ်မြောက်၍ စစ်မြေပြင်သို့ ပြေးသွားခဲ့သည်။

ကျန်းမိသားစုမှ ကျွမ်းကျင်သူများကို မိုးကြိုးတောင်ပံသားရဲ သတ်ဖြတ်ခြင်းမှ တားဆီးရန် သူနှင့်ဟွမ်တုတို့သည် မိုးကြိုးတောင်ပံသားရဲကို စစ်မြေပြင်မှ အဝေးသို့ မျှားခေါ်ခဲ့သည်။

ထို့ကြောင့် သူတို့သည် စစ်မြေပြင်နှင့် အလွန် အလှမ်းဝေးနေခဲ့၏။ ၎င်းတို့တွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိသော်လည်း ဤအခြေအနေအထိ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ချူးယွင်ဖန်း ယခင်က ထင်ခဲ့သည့်အတိုင်း ပညာရှင်များ တိမ်များကဲ့သို့ များပြားသည့် ကျန်းမိသားစုအတွင်း၌ပင် ဤအဆင့် ကျွမ်းကျင်သူများကို ထောက်ပံရေးမဏ္ဍိုင်အဖြစ် သတ်မှတ်ထားကြသည်။ ၎င်းတို့တစ်ဦးစီကို အစမှအဆုံးအထိ ပြုစုပျိုးထောင်ပေးမည်ဖြစ်ကာ သန်းဆယ်နှင့်ချီသော အသုံးစရိတ်မှာ အနိမ့်ဆုံးကုန်ကျစရိတ်ဖြစ်၏။ အကယ်၍ လူတစ်ဦး သေဆုံးသွားလျှင်ပင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုနှင့် သန်းနှင့်ချီသော သို့မဟုတ် သန်းဆယ်ဂဏန်းပင်ကျော်သော ကုန်ကျငွေများအားလုံး ပြာဖြစ်သွားပေလိမ့်မည်။

အထူးသဖြင့် ၎င်းတို့အားလုံးသည် ကျန်းရို့ရှု့၏လက်အောက်ခံများဖြစ်ကြ၏။ ကျန်းမိသားစုတွင် ကျွမ်းကျင်သူများစွာရှိကာ အလားတူ ဂိုဏ်းခွဲများစွာရှိသည်။ ကျန်းမိသားစုအတွင်းရှိ စွမ်းအားရှင်များစွာ၏အမြင်တွင် ချူးယွင်ဖန်းကို ဝိုင်းပြီးတိုက်ခိုက်ခြင်းသည် ကောင်းသောကိစ္စဖြစ်၏။

ချူးယွင်ဖန်း၏ ခွန်အားသည် မွေးဖွားခြင်းကို ကျော်ဖြတ်ပြီးသော်လည်း ကျန်းမိသားစုကဲ့သို့ အဖွဲ့အစည်းကြီးတစ်ခုအတွက်မူ မည်သည့်အဆင့်မျှမရှိပေ။

ချူးယွင်ဖန်း၏လက်ဝယ်ရှိပစ္စည်းများသည် လူတိုင်းမက်မောခဲ့သောရတနာများဖြစ်သောကြောင့် ဤသည်မှာ ကောင်းသော ကိစ္စတစ်ခုဖြစ်သည်မှာသေချာ၏။ ဤသို့သော ကောင်းမွန်သော ကိစ္စမျိုးက နောက်ဆုံး၌ ဤသို့ အဆုံးသတ်ရလိမ့်မည်ဟု မည်သူက ထင်ထားလိမ့်မည်နည်း။

ထိုအလယ်အလတ်တိုက်ခိုက်ရေးမက်ခါမှ ကျန်းမိသားစုမှ ကျွမ်းကျင်သူသည် ဤအခြေအနေ၏ လေးနက်မှုကို သဘောပေါက်သည်။ ၎င်းသည် ဆက်လက်ခုခံရန် မဝံ့မရဲဖြစ်ကာ ကျန်းရို့ရှု့၏ ဦးတည်ရာဆီသို့ အလျင်အမြန် ပြေးသွားကြသည်။

"ပြေးဖို့ကြိုးစားနေတာလား။ အခု"

ချူးယွင်ဖန်းက ရယ်မော၍ ကျန်းဖေးယန်၏ အလောင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်ပြီးနောက် ကျူးချွဲ့ကို ဆွဲထုတ်လိုက်သည်။

" ရှင်ကျာမုနိရဲ့ ဆင်ပစ်သိုင်း"

ချူးယွင်ဖန်းက ရုတ်တရက်ပစ်ထုတ်လိုက်ရာ ချက်ချင်းဆိုသကဲ့သို့ပင် သူ့လက်ထဲမှ ဧရာမဓားကြီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၍ နောက်ဆုံးကျန်သည့် အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါဆီသို့ ပျံသန်းသွားသည်။

"မင်းလုပ်ရဲတယ်ပေါ့" ကျန်းရို့ရှု့က ကြိမ်းဝါးလိုက်သည်။ ဤမြင်ကွင်းကို သူ ယခင်က မြင်ခဲ့ဖူး၏။ ဤဓားသည် အလွန်လျင်မြန်လွန်းလှသဖြင့် သူအချိန်မီပြန်မတုံ့ပြန်နိုင်ခဲ့ပေ။

အလယ်အလတ်အဆင့် တိုက်ခိုက်ရေးမက်ခါသည် လေထဲမှ သူ့ထံသို့ ဦးတည်လာသည့် ဓားကို ရှင်းလင်းစွာမြင်နေရသော်လည်း သူမတုံ့ပြန်နိုင်ခင်၌ပင် သူ့ရင်ဘတ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် ဓားဖြင့် တိုက်ရိုက်ထိုးဖောက်ခြင်းခံလိုက်၏။

ကျူးချွဲ့သည် ဤအလယ်အလတ်တိုက်ခိုက်ရေးမက်ခါကို ထိုးဖောက်၍ မြေပြင်ပေါ်သို့ ထိုးစိုက်ပစ်လိုက်သည်။

“ပြီးပြည့်စုံတယ်” ချူးယွင်ဖန်း ပြုံးလိုက်သည်။

"ချူးယွင်ဖန်း ငါမင်းကိုသေစေချင်တယ်" ကျန်းရို့ရှု့၏ ဒေါသ ပေါက်ကွဲသွားသည်။

"မင်း အခုမှ တုံ့ပြန်နေတာလား။ နည်းနည်းနောက်ကျနေပြီမဟုတ်လား ငါ့ဒေါသကို မင်းခံကြည့်မလား" ချူးယွင်ဖန်းက အေးစက်စွာပြောသည်။

သူ့ထံသို့ ပျံလာသော ကျန်းရို့ရှု့ကို ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှ မကြောက်ပေ။

ဘမ်း

ကျန်းရို့ရှု့သည် အလွန်လျှင်မြန်လှသဖြင့် ခဏအကြာတွင် ချူးယွင်ဖန်းရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ့လက်မှ လှံရှည်တစ်ချောင်းသည် ချူးယွင်ဖန်းကို နဂါးတစ်ကောင်ကဲ့သို့ ချက်ချင်းပင် တည့်တည့် ချိန်ရွယ်လိုက်သည်။

လှံအလင်းက ကောင်းကင်ကို ထိုးဖောက်သွားရာ မျက်စိတစ်မှိတ်အတွင်း၌ပင် လေထုတစ်ခုလုံး ပေါက်ကွဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းသည် ချူးယွင်ဖန်းကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

"သစ်တော်ပွင့်မုန်တိုငး"

၎င်းက ချူးယွင်ဖန်းဆီသို့ ရောက်ခါနီးတွင် ကျန်းရို့ရှု့၏လှံသည် မရေမတွက်နိုင်သောလှံအရိပ်များအဖြစ်သို့ ပေါက်ကွဲသွားကာ ချူးယွင်ဖန်း၏တစ်ကိုယ်လုံးကို ချက်ခြင်းလွှမ်းခြုံသွားသည်။ ယခုအချိန်တွင် ချူးယွင်ဖန်း၌ လွတ်မြောက်ရန် အခွင့်အရေးမရှိပေ။

"ဟားဟား အချိန်မီပဲ" ချူးယွင်ဖန်းသည် ကြောက်လန့်ခြင်းအလျင်းမရှိဘဲ ကြိမ်းဝါးလိုက်သည်။

ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေကို ဆုပ်ကိုင်ထားသကဲ့သို့ လက်သီးကို ဆုပ်ထားသည်။ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ သူ၏လက်ချောင်းများကြားရှိ ကွက်လပ်များမှ စိမ့်ထွက်လာ၍ ကောင်းကင်ယံတွင် ပြည့်နေသော လှံအရိပ်များဆီသို့ ချက်ခြင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဤလက်ချက်ကြောင့် ကမ္ဘာမြေတစ်ခုလုံးတုန်လှုပ်သွားရာ တခဏချင်းမှာပဲ ကောင်းကင်ပြင်ကို လွှမ်းခြုံထားတဲ့ လှံရိပ်များ သဲလွန်စပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းတို့အားလုံး အချည်းအနှီးဖြစ်သွားသည်။ လှံ နှင့် လက်သီးတို့ အရှိန်ပြင်းပြင်း တိုက်မိသွားရာ "ဘမ်း" ဟူသောအသံနှင့်အတူ အရာအားလုံး ပေါက်ကွဲသွားသည်။ တခဏချင်းအတွင်း၌ပင် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

လက်သီးက လှံကို ထိသွားသည်။

ကျန်းရို့ရှု့သည် သူ၏လှံကို မူလက အလွန်ယုံကြည်မှု ရှိခဲ့သည်။ ချူးယွင်ဖန်း၏ လက်သီးဖြင့် လှံကို ထိုးဖောက်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။ ဆန့်ကျင်ဘက်အနေနှင့် သူက ယင်းကို နတ်တောင်သို့ ထိုးစိုက်လိုက်သကဲ့သို့ပင်ဖြစ်သွား၏။

ချူးယွင်ဖန်း လုံးဝလှုပ်ခြင်းမရှိပေ။ လှံအတွင်းသို့ အလွန်ပြင်းထန်သော ချီစွမ်းအင်များတိုးဝင်သွားသည်။

ကျန်းရို့ရှု့သည် သူ၏လှံက တုန်တုန်ယင်ယင်ဖြစ်နေသည်ကို ခံစားလိုက်ရသည်။ ယင်းကို ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက လွှမ်းခြုံသွား၏။ ကျန်းရို့ရှု့သည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။ ချူးယွင်ဖန်း၏ လက်သီးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ ခံစားနိုင်သည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်တွင် လှောင်အိမ်ထဲမှ လွတ်မြောက်သွားသည့် ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင် ရှိနေသကဲ့သို့ပင်။

“တဖန်”

ချူးယွင်ဖန်းသည် ဤလက်သီးချက်က အလွန်ကောင်းမွန်သည်ဟု ခံစားမိသည်။ လက်သီးတစ်ချက်က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သော ချီစွမ်းအင်များစွာကို ထွက်ပေါ်လာစေနိုင်သည်။ ကျန်းရို့ရှု့တုံ့ပြန်မှုကို စောင့်ဆိုင်းမနေတော့ဘဲ ကျန်းရို့ရှု့ဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်မံချီတက်သွား၏။

ချူးယွင်ဖန်းသည် သူ၏ လေ့ကျင့်မှုအဆင့်မှာ သူ၏ အားနည်းချက်ဖြစ်ကြောင်းသိသောကြောင့် သိုင်းပညာနည်းစနစ်များကို လုံးဝဂရုမစိုက်ပေ။ သူသည်မွေးဖွားခြင်းနယ်မြေအဆင့်သို့မလှမ်းရသေးသော်လည်း ကျန်းရို့ရှု့သည်မွေးဖွားခြင်းနယ်မြေ သတ္တမအဆင့်သို့ တက်လှမ်းနေပြီဖြစ်သည်။

တိမ်ကဲ့သို့ ပညာရှင် အများကြီးရှိသည် ကျန်းမိသားစုထဲ၌ပင် ကျန်းရို့ရှု့က ဆုံးဖြတ်ချက်ချနိုင်သော အာဏာရှိသည့် လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။

သို့သော်လည်း ခရမ်းရောင်ရွှေဆေးလုံး၏ ကြီးမားသော ဆေးဖက်ဝင်စွမ်းအားသည် ချူးယွင်ဖန်း၏ အကြီးမားဆုံးသော ယုံကြည်မှုဖြစ်သည်။

ဘမ်း

ဘမ်း

ချူးယွင်ဖန်းတိုက်ခိုက်ခဲ့သည်။ လက်သီးချက်တိုင်းသည် အမြောက်ကျည်များ ပေါက်ကွဲနေသကဲ့သို့ပင်ထင်ရသည်။ ကျန်းရို့ရှု့သည် ပြန်အရိုက်ခံခဲ့ရသည်။

သူသည် မိုးကြိုးတောင်သားရဲဘက်သို့ ဆုတ်သွား၏။ တစ်ဖက်တွင် ကျန်းရို့ရှု့မရှိ၍ ဟွမ်တုတစ်ယောက်တည်း မိုးကြိုးတောင်ပံသားရဲနှင့် ရင်ဆိုင်ရသဖြင့် သူ့အပေါ် ဖိအားများ ချက်ချင်း တိုးလာသည်။ မူလက ၎င်းတို့နှစ်ဦးသည် မိုးကြိုးတောင်ပံသားရဲကို နှိမ်နင်းနိုင်ခဲ့သော်လည်း ယခုအခါတွင် လူတစ်ဦးတည်းဖြစ်သဖြင့် သားရဲ၏ ဖိနှိပ်ခြင်းခံထားရ၏။

ဟွမ်တုက မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့သော ကျန်းရို့ရှု့သည် ချူးယွင်ဖန်းကို အပြီးသတ်၍ သူ့ကိုကူညီရန် ပြန်လာခဲ့ရမည့်အစား ကျန်းရို့ရှု့သည် ချူးယွင်ဖန်း၏ လက်သီးချက်များဖြင့် ထိုးနှက်ခြင်းခံခဲ့ရသည်။

ချူးယွင်ဖန်း၏ တိုက်ပွဲပုံစံသည် အလွန်ကြမ်းတမ်းသည်။ သူ၏ စစ်မှန်သော စွမ်းအင်ကို မှီခိုအားထားရာ သူ၏ ခွန်အားသည် အဆုံးမဲ့နေသကဲ့သို့ပင်ထင်ရ၏။ ကျန်းရို့ရှု့နှင့်ပတ်သက်၍ မည်သည့်လှည့်ကွက်မျှ မကစားခဲ့ပေ။ ဧကရာဇ်ခန္ဓာကိုယ်နည်းစနစ်မှ အံ့အားသင့်ဖွယ် တိုက်ခိုက်ရေးအင်အားနှင့်အတူတွဲဖက်ထားသဖြင့် ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော စစ်မှန်သောစွမ်းအင် သက်သက်ဖြစ်သည်။

ကျန်းရို့ရှု့ လက်သီးတစ်ချက်ပြီးတစ်ချက် အထိုးခံလျက်ရှိသည်ကို ကြည့်၍ ဟွမ်တုသည် သူ၏ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားတော့မည်ဟု ခံစားလိုက်ရသည်။

အခန်း(၆၂၀) မင်းက အမှိုက်တစ်စလား

မူလက ဟွမ်တုနှင့် ကျန်းရို့ရှု တို့သည် အခြေအနေအား လုံးလုံးလျားလျား ထိန်းချုပ်နိုင်ပြီဟု ထင်ကာ မာန်မာန ထောင်လွှား၍ ယုံကြည်မှုပြင်းထန်နေခဲ့ကြသည်။ ချူးယွင်ဖန်းသည် ကောင်းကင်ကို ဇောက်ထိုးလှန်ပစ်နိုင်မည်မဟုတ်ဟု သူတို့ထင်ခဲ့ကြသည်။

ယခုမူ ချူးယွင်ဖန်းသည် ကောင်းကင်ကို လှန်လိုက်ပြီဖြစ်၏။ ခရမ်းရောင်ရွှေဆေးလုံး၏ ထိတ်လန့်တုန်လှုပ်ဖွယ် ဆေးဖက်ဝင်အစွမ်းသတ္တိကို အားကိုး၍ ချူးယွင်ဖန်းသည် ကျန်းရို့ရှုကို ဖိနှိပ်နိုင်ခဲ့သည်။

လက်ရှိအခြေအနေအရ ချူးယွင်ဖန်း၏ လက်ရှိတိုက်ခိုက်ရေးအင်အားသည် ၎င်းတို့၏အထက်တွင် ရှိနေသည်။ ၎င်းတို့ကို ချုပ်နှောင်ထားသော မိုးကြိုးတောင်ပံသားရဲကို ထည့်တွက်လျှင် သူတို့ အသာစီးရနိုင်ချေမရှိတော့ပေ။ ၎င်းတို့နှစ်ဦးလုံး ပြီးပြည့်စုံစွာ အရေးနိမ့်နေပြီဖြစ်သည်။

ယခုအချိန်တွင် မြို့စွန်ရှိ အတားအဆီးနားရှိသူများသည် မဆုတ်ခွာနိုင်ကြသေးပေ။ ချူးယွင်ဖန်း၌ ထုတ်ဖော်မပြရသေးသော အခြားဝှက်ဖဲတစ်ခု ရှိသည်ကို ၎င်းတို့သိသည်။ အတားအဆီးက သူ့ကိုမဖိနှိပ်နိုင်ခဲ့ဘဲ အခြေအနေတစ်ခုလုံးပြောင်းလဲသွားခဲ့သည်။ ချူးယွင်ဖန်းသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှ၏။

ဟွမ်တုသည် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအချိန်က ချူးယွင်ဖန်းကို ထိန်းချုပ်၍ သူ့ကို သတ်ရန် ဤဆိတ်ညံသောတောင်တန်းသို့ မျှားခေါ်လာခဲ့သည်။ သို့သော် ယင်းသည် ၎င်းတို့အတွက် ပြင်းထန်သော အားနည်းချက် ဖြစ်လာခဲ့သည်။

အခုချိန်တွင် အကူအညီတောင်းလျှင်ပင် အလွန်နောက်ကျနေပြီဖြစ်၏။ အချက်ပြမှုအားလုံးကို ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသောအခါ ဟွမ်တုအံ့အားသင့်သွားသည်။ ၎င်းတို့သည် ဤပြင်ဆင်မှုများကို အစောပိုင်းက ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း အချက်ပြပိတ်ဆို့ခြင်းကို သူဖယ်ရှားလိုက်သည့်တိုင် ရလဒ်သည် အတူတူပင်ဖြစ်နေသေး၏။

အရာအားလုံးသည် အလွန်ရှင်းလင်းလှသည်။ တခြားတစ်ယောက်ယောက်က ဤသည်ကို လုပ်ခဲ့ခြင်းဖြစ်ရာ ချူးယွင်ဖန်းမှလွဲ၍ တခြားမည်သူက ဤသို့လုပ်လိမ့်မည်နည်း။

ထိုအချိန်တွင် ဟွမ်တုသည် ချူးယွင်ဖန်း၏ အတွေးများကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ၎င်းတို့မျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေသည်။ ယခင်က ၎င်းတို့သည် ချူးယွင်ဖန်းကို အလွန် စိတ်ပျော့လွန်းသည်ဟူ၍ လှောင်ပြောင်ခဲ့ဖူးသည်။ ချူးယွင်ဖန်းသည် သူ၏ စိတ်ခံစားမှုများကို ဦးစားပေး၍ ယင်းတို့၏ အသုံးပြုခြင်းခံခဲ့ရသည်။ ထိုကဲ့သို့သောလူအတွက် သူ၏အားနည်းချက်သည် ကြီးမားလွန်းလှသည်။

သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့စိတ်ကူးထားသည့်အရာနှင့် လုံးဝခြားနားကြောင်း ဟွမ်တု ယခုမှ သဘောပေါက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို ကယ်တင်ရန် အပြေးအလွှား ပြေးသွားသည်မှာ သူ၏ ပန်းတိုင်များထဲမှ တစ်ခုသာ ဖြစ်သည်။ အရေးကြီးဆုံးက ၎င်းတို့ကို လုံးဝရှင်းပစ်ရန်ဖြစ်သည်။

အကယ်၍သာ ယခင်ကဆိုလျှင် ဟွမ်တုသည် ဤရလဒ်ကို တွေးခဲ့လိမ့်မည်မဟုတ်ပေ။ တစ်ယောက်ယောက်က သူ့ကိုပြောလျှင်ပင် ယုံလိမ့်မည်မဟုတ်ပေ။ ဤအရာသည် ဆင်တစ်ကောင်ကို မျိုနေသော မြွေနှင့် ထူးမခြားနားပင်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဤမြွေသည် ဆင်တစ်ကောင်ကို မျိုနေသော မြွေမဟုတ်၊ ဆင်တစ်ကောင်ကို မျိုနေသော ဧရာမသားရဲကြီးတစ်ကောင်ဖြစ်နေသည်။

ချူးယွင်ဖန်းက ဤကိစ္စကို ပြင်းပြင်းထန်ထန် မဖြေရှင်းခဲ့ဘဲ ထောင်ချောက်ကို ထောင်ရန် အစပြုခဲ့သည်။ ဤထောင်ချောက်သည် ချူးယွင်ဖန်းကိုသတ်ရန် ဖွဲ့စည်းထားသည့်ပုံပေါ်သော်လည်း လက်တွေ့တွင် ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကို တစ်ကြိမ်တည်းဖမ်းရန် ဤအခွင့်အရေးကို ရယူလိုက်ခြင်းဖြစ်သည်။

သို့သော် သူ့ရှေ့တွင် ရပ်နေသော မိုးကြိုးတောင်သားရဲသည် အစွမ်းထက်လွန်းသောကြောင့် ဟွမ်တုသည် ယခုအချိန်တွင် အာရုံမပြောင်းနိုင်ပေ။ တူညီသော ကျင့်စဥ်အဆင့်တွင် ရှိနေသော်လည်း အလွန် ဆိုးယုတ်စွာဖိနှိပ်ခံထားရ၏။

ဟွမ်တု၏ တိုက်ခိုက်မှုများသည် မိုးကြိုးတောင်ပံသားရဲကို မထိမှန်ပေ။ ၎င်းတို့အားလုံးကို ၎င်း၏ကိုယ်ပေါ်မှ တောင်ပံများဖြင့် တားဆီးလျက်ရှိသည်။ တစ်ချိန်တည်း၌ပင် မိုးကြိုးတောင်ပံသားရဲပေါ်ရှိ တောင်ပံများသည် ဤအနီးကပ်တိုက်ခိုက်ရေးအခြေအနေတွင် သံမဏိဓားနှစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ တာဝေးတိုက်ခိုက်ရေးအခြေအနေများတွင်မူ အလွန်ကြောက်မက်ဖွယ်ကောင်းသော လေဓားများကို ထွေးထုတ်နိုင်သည်။

ဟွမ်တုက သူ့အာရုံကို မခွဲဝံ့ပေ။ အာရုံပျက်မှုတစ်ခုတည်းကပင် သူ့ဦးခေါင်းကို ဖြတ်သွားစေနိုင်သည်။

ဤအချိန်တိုလေးအတွင်းတွင် ချူးယွင်ဖန်း၏ထိုးနှက်ချက်များကြောင့် ကျန်းရို့ရှု သည် သူ့နံဘေးမှ ပျံသန်းသွား၏။ တခြားအချိန်များတွင်ဖြစ်လျှင် ဟွမ်တုက ကျန်းရို့ရှုကို လှောင်ပြောင်နေမည်မှာသေချာသော်လည်း ယခုမူကား သူစိတ်မဝင်စားပေ။

"ကျန်းရို့ရှု၊ ငါတို့ အားလုံး ထုတ်သုံးဖို့ကလွဲပြီးရွေးချယ်စရာ မရှိဘူး။ ဒီကလေးက ကိုင်တွယ်ရခက်နေပြီ။ ငါတို့ သူ့ကို ဆက်ပြီး ကြီးထွားအောင် လွှတ်ထားမယ်ဆိုရင် သူက ငါတို့ မိသားစုအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာမှာ သေချာတယ်”

ဘေးတွင်ရပ်နေသော ကျန်းရို့ရှု က ခါးသက်စွာရယ်မောလိုက်သည်။ တကယ့်ဟာသပင်ဖြစ်၏။ သူသည်လည်း ချူးယွင်ဖန်းကို သတ်ပစ်ချင်သော်လည်း ဤသည်က သူလုပ်ချင်ရုံမျှဖြင့် လုပ်နိုင်သောအရာမဟုတ်ပေ။

မှန်သည်။ မှန်သည်။ မှန်သည်။

ချူးယွင်ဖန်းသည် ကျန်းရို့ရှု မျှော်မှန်းထားသည်ထက် ကိုင်တွယ်ရန် ပိုခက်ခဲသည်။

“မဟုတ်တဲ့စကားတွေမပြောနေနဲ့။ သူက ဒုက္ခရောက်နေပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သူ့ခွန်အားတိုးဖို့ ဆေးလုံးကို သုံးထားရတယ်။ ဒါကို ကိုင်တွယ်ဖို့ မခက်ပါဘူး။ ငါတို့သူ့ကိုအချိန်ဆွဲနိုင်ရင် သူရှုံးတာကို ငါတို့တွေ့လိမ့်မယ်။” ကျန်းရို့ရှု က ကျယ်လောင်စွာပြောသည်။

လက်ရှိအချိန်တွင် သူ့၌ အခြားရွေးချယ်ရန်လမ်းမရှိတော့ပေ။

ကျန်းရို့ရှု၏ အသံကျယ်ကျယ်စကားကိုကြားသောအခါ ကျန်းရို့ရှု သည် သူ၏ ကန့်သတ်ချက် နီးပါးတွင် ရှိနေကြောင်း ဟွမ်တုသိလိုက်သည်။ အနိုင်ရရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိလျှင် ကျန်းရို့ရှု သည် ထိုကဲ့သို့သော စကားမျိုး ပြောမည်မဟုတ်ပေ။

“အခု အဲ့တာက တစ်ခုတည်းသော နည်းလမ်းပဲ။ မိသားစုနဲ့ အဆက်အသွယ်မရရင် မကြာခင်မှာ တစ်ယောက်ယောက်ကို ပို့ပေးလိမ့်မယ်။ အဲ့ကျရင် ငါတို့ ဒီကောင်လေးကို သတ်နိုင်မှာသေချာတယ်” ဟွမ်တုက ပြောသည်။

“ဒီကလေးရဲ့ လက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေကို လုယူချင်တဲ့လူတွေအများကြီးယ်။ လောလောဆယ်တော့ သူတို့အားလုံး လာနေကြပြီ။ ငါတို့ အချိန်ကြာကြာဆွဲနိုင်ရင် သူသေချာပေါက်သေမှာပဲ”

၎င်းတို့၏ ယခင် မာန်တက်မှုနှင့် နှိုင်းယှဥ်လျှင် လက်ရှိ ဟွမ်တုနှင့် ကျန်းရို့ရှု့တို့သည် ယခင်ကကဲ့သို့ စိတ်အားမတက်ကြွတော့ပေ။ ၎င်းတို့၏ အကြီးမားဆုံးမျှော်လင့်ချက်မှာ အချိန်ဆွဲရန် ဖြစ်၍ ချူးယွင်ဖန်းက သူ့ကိုယ်သူဖျက်ဆီးမိမည့်အချိန်သို့မဟုတ် အပြင်လူများ လာကူမည့်အချိန်ကို စောင့်ဆိုင်းရမည်ဖြစ်သည်။

ဤနေရာသည် အလွန်ဝေးကွာလွန်းလှသည်။ မူလက ကျန်းယွမ်ပင်က သတင်းရ၍ ချူးယွင်ဖန်းကို လာကယ်မည်ကို တားဆီးရန်ဖြစ်ရာ ယခုမူ ဤအရာ၎င်းတို့၏ အားနည်းချက်ဖြစ်လာ၏။

“စစ်ကူတွေရောက်လာတာကို စောင့်ချင်နေကြတာလား” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်အောင်များပြားသော ချီစွမ်းအင်များ လက်၌ စုဝေးလာပြီးနောက် ကွင်း၏ အခြားတစ်ဖက်၌ရှိနေသော ကျူးခွဲ့ကို လှမ်းခေါ်လိုက်သည်။ ၎င်းသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်ပြောင်း၍ ချူးယွင်ဖန်း၏ လက်ထဲသို့ ပျံသန်းလာသည်။

“မင်းတို့အားလုံး ဒီနေ့ သေကြရမယ်ကွ”

“ကမ္ဘာသခင် ကောင်းကင်ဓား”

ထိုတိုက်ခိုက်မှုထွက်လာသောအခိုက်အတန့်၌ ကောင်းကင်နှင့် မြေကြီး၏ အရောင်သည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ သဘာဝ၏ ဝိဉာဥ်စွမ်းအင်များ ဤတိုက်ခိုက်မှုတွင် ရောယှက်လာသည်။ မရေမတွက်နိုင်အောင်များပြားလှသော ချီစွမ်းအင်များက ဓားထဲတွင်စုစည်း၍ လေထုကို ဆုတ်ဖြဲပစ်နိုင်သည့် အလွန်ပြင်းထန်သော စွမ်းအားများနှင့်အတူ ခုတ်ပိုင်းကျလာသည်။

သို့သော် ဓားသည် ကျန်းရို့ရှုကို ချန်ရွှယ်ထားခြင်းမဟုတ် ဟွမ်တုကို ချိန်ထားခြင်းသာဖြစ်သည်။ ဟွမ်တုသည် ချူးယွင်ဖန်းက သူ့ကို တိုက်ခိုက်လိမ့်မည်ဟု မထင်ထားသဖြင့် သတိကပ်မနေခဲ့ပေ။ ဤတိုက်ခိုက်မှုသည် ဟွမ်တုကို လက်တစ်လုံးခြားစာသာ လွဲချော်သွားခဲ့သည်။ သူက အလျင်အမြန်နောက်သို့ ခြေလှမ်းအနည်းငယ်လှမ်း၍ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့သည်။

သေရေးရှင်ရေးအခြေအနေမျိုးကို ကြုံရပြီးနောက် ဟွမ်တုက ကျိန်ဆဲလိုက်သည်။

“ကျန်းရို့ရှု မင်းကအမှိုက်လား။ ဒီကလေးကိုတောင် မနိုင်ဘူးလား”

အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ပုံကို မြင်လိုက်ရပြီးနောက် ကျန်းရို့ရှု၏ မျက်နှာသည် အစိမ်းရောင်မှ အဖြူရောင်သို့ပြောင်းလဲသွားသည်။ သူ သိုင်းပညာလောက၌ ကျဥ်လည်ခဲ့သည်မှာ နှစ်များစွာကြာပြီဖြစ်ကာ တစ်ကြိမ်တစ်ခါမျှ အဆူမခံခဲ့ရဖူးပေ။ နှစ်ဖက် ပူးပေါင်းခြင်းနှင့် ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ပံသားရဲတို့၏ တိုက်ခိုက်ခြင်းမရှိလျှင် သူက လက်ထဲမှလှံဖြင့် ဟွမ်တုကို တိုက်ခိုက်လိုက်မည်မှာ သေချာ၏။ သို့သော် ယခုအချိန်တွင်မူ သူ၏ ဒေါသစိတ်ကို မျိုသိပ်ထားရုံသာတတ်နိုင်တော့သည်။

ကျန်းရို့ရှုက တွေးလိုက်သည်။

‘မင်း‌စောင့်နေ။ ငါ ဒီကောင်ကို ရှင်းပြီးရင် မင်းကို သေချာပေါက် တန်ရာတန်ကြေးတောင်းမယ်’

ကျန်းရို့ရှုက ချူးယွင်ဖန်းသည် သူ့ကို ကျော်၍ ဟွမ်တုကို တိုက်ခိုက်လိမ့်မည်ဟု တစ်ခါမျှ မတွေးထားခဲ့ပေ။ ၎င်းတို့နှစ်‌ယောက် ကျိန်ဆဲနေကြချိန်တွင် မိုးကြိုး‌တောင်ပံသားရဲက ချူးယွင်ဖန်း၏ အကူအညီဖြင့် ဟွမ်တု၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လာသည်။ ၎င်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲ၍ အတားအဆီး၏ နယ်နိမိတ်ဆီသို့ ပြေးသွားသည်။

၎င်း၏ ပစ်မှတ်မှာ အတားအဆီးကို တည်ဆောက်ခဲ့သည့် ဟွမ်မိသားစုမှ ကျွမ်းကျင်သူများပင်ဖြစ်၏။

အခန်း (၆၂၁) ဓားသုံးစင်း

ဟွမ်တုနှင့် ကျန်းရို့ရှုတို့သည် ရာနှင့်ချီသော တိုက်ပွဲများကို တွေ့ကြုံခဲ့ရသော ကျွမ်းကျင်သူများဖြစ်ကြသဖြင့် ဖြစ်ပျက်နေသည်များကို ချက်ချင်း သဘောပေါက်သွားကြသည်။

"သားရဲကို ရပ်လိုက်။ အတားအဆီးကို ငါတို့ မဖျက်ဆီးနိုင်ဘူး” ကျန်းရို့ရှုက အော်လိုက်သည်။

ဟွမ်တုသည် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ ကျန်းရို့ရှု၏သတိပေးချက်ကို သူမလိုအပ်ပေ။ မိုးကြိုးတောင်ပံသားရဲက အတားအဆီးကို ဖျက်ဆီးပစ်ခြင်း၏ အကျိုးဆက်ကိုလည်း သူသိသည်။ ချူးယွင်ဖန်း လက်ထဲရှိ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ကြောက်သောကြောင့် ၎င်းတို့သည် ဤအတားအဆီးကို ထူထောင်ခဲ့ကြသည်။ ပန်းချီကိုအသုံးမပြုခင်ကတည်းကပင် ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။ ၎င်းကိုစသုံးလိုက်သည်နှင့် နောက်ဆက်တွဲအကျိုးဆက်များသည် အမှန်တကယ်ပင် ကြောက်စရာကောင်းပေလိမ့်မည်။

"မထွက်ခင် မင်းငါ့ကိုခွင့်ပြုချက်အရင်တောင်းရမယ်"

ချူးယွင်ဖန်းသည် ဟွမ်တုမသိလိုက်ခင်တွင်ပင် ရှေ့သို့ ရောက်ရှိလာ၍ သွာားမည့်လမ်းကို တားဆီးလိုက်သည်။

ချူးယွင်ဖန်း၏ကိုယ်ခန္ဓာရှိ ရောင်ဝါသည် ဆက်လက်မြင့်တက်နေပြီကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ဖြာထွက်လာသည်။ ယင်းသည် ကောင်းကင်ယံ၌ ပြည့်နေသော ဖုန်မှုန့်များကို အဆက်မပြတ် တိုက်ထုတ်နေသည့် ဟာရီကိန်းမုန်တိုင်းနှင့်တူသည်။

“အရင်က ပြောဖူးတယ်။ ဒီနေ့ မင်းသေလိမ့်မယ်။ ကျန်းမိသားစုနဲ့ ဟွမ်မိသားစုက ငါထင်တာထက် ပိုပြီး အရှက်မရှိတာပဲ။ ဒီနေ့ ငါခံစားရသလိုပဲ မင်းတို့ အသားပြတ်သွားတဲ့ နာကျင်မှုကို ငါသေချာပေါက် ခံစားရစေမှာပါ"

ကျန်းရို့ရှုနှင့် ဟွမ်တုတို့သည် မိုးကြိုးတောင်ပံသားရဲနောက်သို့ မလိုက်နိုင်ကြပေ။ သူတို့သည် ချူးယွင်ဖန်းကို ပြာနှမ်းနေသောမျက်နှာဖြင့် ကြည့်ကြသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

"ငါတို့ ဒီကလေးကို မသတ်ရင် အနှေးနဲ့အမြန်ဆိုသလို ငါတို့မိသားစုနှစ်ဘက်စလုံးမှာ ဆူးတွေဖြစ်လာလိမ့်မယ်။ ငါတို့ သူ့ကို မသတ်ရင် အနာဂတ်မှာ ဘေးဒုက္ခတွေ ရှိလာနိုင်တယ်။” ကျန်းရို့ရှုက ပြော၏။

ဟွမ်တုက ခေါင်းညိတ်လိုက်သည်။ ယခင်ကလည်း ချူးယွင်ဖန်းသည် မိသားစုနှစ်ရပ်စလုံးကို ဤကဲ့သို့ ဘေးဒုက္ခဖြစ်စေနိုင်သည်ဟု သူဘယ်သောအခါမှ မယုံခဲ့ပေ။ သို့သော် ယခုအချိန်တွင် ၎င်းတို့၏ ထင်မြင်ချက် လွဲသွားပြီဖြစ်၏။ ချူးယွင်ဖန်းသည် ၎င်းတို့ထင်ထားသည်ထက် ပိုကြောက်မက်ဖွယ်ကောင်းသည်မှာ ထင်ရှားသည်။

ချူးယွင်ဖန်းသည် အသက်နှစ်ဆယ်ပင်မပြည့်သေးသော်လည်း ကြီးမားသောဆုံးရှုံးမှုများကို ခံနိုင်ရည်ရှိနေပြီဖြစ်သည်။ ဆက်လက်ကြီးထွားလာပါက အကျိုးဆက်များကို တွေး၍ပင်မရနိုင်တော့ပေ။

၎င်းတို့အားလုံးတွင် သတ်ပစ်လိုစိတ် ပြင်းထန်စွာ ပေါ်လာသည်။ ဤသည်မှာ ၎င်းတို့ ယခင်က ရှုတ်ချသောပုံစံနှင့် မတူပေ။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် အမှန်တကယ် သတ်ဖြတ်ချင်နေကြပြီဖြစ်သည်။ ချူးယွင်ဖန်းကိုသတ်ရန်အတွက် ကြီးလေးသောအဖိုးအခ ပေးရလျှင်ပင် အရာအားလုံးသည် ထိုက်တန်ပေလိမ့်မည်။

“မိုးကြိုးတောင်ပံသားရဲက အတားအဆီးကို ဖျက်ဆီးဖို့ အချိန်အနည်းငယ်ယူရဦးမယ်။ အဲဒီမတိုင်ခင်မှာ ဒီသားရဲကို သတ်ဖို့ အခွင့်အရေးယူနိုင်တယ်” ဟု ဟွမ်တုက ပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် မိုးကြိုးတောင်ပံသားရဲကို မသတ်နိုင်သော်လည်း ချူးယွင်ဖန်းကို မသတ်နိုင်ဟု မယုံခဲ့ကြပေ။

"မှန်တယ်။ သူ့ကိုသတ်လိုက်” ကျန်းရို့ရှုသည် စကားကို တစ်လုံးချင်းပြောလိုက်၏။

"ငါ့ကိုသတ်မယ်ဟုတ်လား။ ဟားဟားဟားဟား။ အခြေအနေကို နားမလည်ကြသေးဘူးလို့ ငါထင်တယ်” ချူးယွင်ဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူငယ်ချင်းကောင်းအပေါ် ထားရှိသော သူ့စိတ်ထဲမှ အပြစ်တင်စိတ်သည် ပြင်းထန်သော ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

ဘမ်း

ကျန်းရို့ရှုချက်ခြင်းပင် လှုပ်ရှားလိုက်သည်။ သူသည် ချူးယွင်ဖန်း၏ ဘယ်ဘက်ခြမ်းမှ စတင်တိုက်ခိုက်ခဲ့သည်။ သူက လှံရှည်တစ်ချောင်းကို ထုတ်လိုက်ရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော တုန်လှုပ်ချောက်ချားဖွယ် လှိုင်းလုံးကြီးများ ပေါ်ထွက်လာ၍ ကမ္ဘာကြီးတစ်ခုလုံး ပြိုကွဲသွားတော့မည့်အလား ထင်လိုက်ရသည်။

ချူးယွင်ဖန်းသည် အနည်းငယ်မျှ မကြောက်ခဲ့ပေ။ သူ့လက်ထဲမှ ကျူးချွဲ့သည် ထိတ်လန့်တုန်လှုပ်ဖွယ် ဓားအလင်းဖြင့် ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ကမ္ဘာကြီးကို ပြိုပျက်သွားစေသည့် လှိုင်းလုံးကြီးများ လှုပ်ခတ်သွားခဲ့သည်။ ဓားနှင့် လှံတို့ ထိပ်တိုက်တွေ့ကြရာ အရာအားလုံးကို လွှမ်းခြုံသွားနိုင်သည်အထိ ပြင်းထန်သော ချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။

တစ်ဖက်တွင် ဟွမ်တုသည်လည်း သူ၏ သိုင်းကွက်ကို ပြုလုပ်ခဲ့သည်။ ရွှေရောင်ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ဖြာထွက်လာသည်။

“ကမ္ဘာကို ဗုဒ္ဓကြွချီခြင်း” ဟွမ်တုက လက်ထဲမှ ကြီးမားသော ဓားကြီးကို ဆွဲထုတ်လျက် အော်လိုက်သည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ နတ်ဆိုးအားလုံးကို ချေမှုန်းပစ်ချင်သည့်ပုံပေါ်၏။ ယင်းမှာ ဟွမ်မိသားစု၏ အလွန်ထူးခြားသော သိုင်းပညာတစ်မျိုးဖြစ်သည်။ ဆိုးယုတ်သော ခေတ်များကျော်ခဲ့ပြီးနောက် ဟွမ်မိသားစု၏ ဘိုးဘေးများသည် ဤစိတ္တိဂါဘဥပဒေသကို အမွေဆက်ခံခဲ့ကြသည်။ ဤသိုင်းပညာသည် ငရဲသည် အမြဲဗလာဖြစ်နေလျှင် ဘုရားဖြစ်မလာဟူသော စိတ္တိဂါဘဘုရား၏ ဆုတောင်းမှုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဤအရာကို ဓားသိုင်းနှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းသည် ဝိဇ္ဇာနတ်ဆိုးသုတ်သင်ခြင်းဓားဟူ၍ ပြောင်းလဲသွား၏။ ၎င်းသည် ကမ္ဘာလောကတစ်ခုလုံးရှိ မကောင်းမှုအားလုံးကိုဖျက်ဆီးပစ်ရန်ဟူသော ရည်ရွှယ်ချက်မျိုးဖြင့် သတ်ဖြတ်မှုကို ရပ်တန့်ရန် သတ်ဖြတ်၍ ကောင်းမွန်သောလမ်းကို လျှောက်လှမ်းရန်ဖြစ်သည်။ ၎င်းသည် အလွန်အမင်း အဆင့်မြင့်သော သိုင်းပညာမျိုးဖြစ်သည်။ သို့သော် ဟွမ်တုက ယင်းကိုသုံးလိုက်သောအခါ သူကိုယ်တိုင်က အလွန်ကြီးမားသော နတ်ဆိုးမျိုးဖြစ်နေ၍ အလွန်ရယ်ရသည်။

ဓားက သက်ဆင်းလာသောအခါ အလွန်ပြင်းထန်သော အလင်းတန်းကြီးတစ်ခု ဖြတ်ကျော်လာ၍ တစ်ခဏချင်း၌ပင် ချူးယွင်ဖန်းရှေ့သို့ ရောက်လာသည်။ ဟွမ်တုသည် ဤဓားသိုင်းတွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ရာ အလွန်လေးနက်သောအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ဒေါသမျက်လုံးဝိဇ္ဇာအဖြစ် လက်တွေ့ကျကျ ပြောင်းလဲသွားခဲ့သည်။

“ချိုး”

ချူးယွင်ဖန်းက မရပ်ပေ။ ကျန်းရို့ရှုကို ချေမှုန်းပြီးနောက် သူသည် ဓားကို ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။ ကောင်းကင်ဓားကို ခုတ်လိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံး ကျွမ်းထိုးမှောက်ခုန်ဖြစ်သွားသည်။ စူးရှသော အလင်းတန်းတစ်ခုက မိုးကုတ်စက်ဝိုင်းကိုဖြတ်သွားသကဲ့သို့ ထင်ရ၏။

ဓားနှစ်ချောင်း တိုက်ရိုက်ထိသွားရာ ထိုအချိန်တွင် ဓားသွားအင်းက ပို၍ပြင်းထန်လာ၍ ဗုဒ္ဓဘာသာနိုင်ငံအဖြစ်ပြောင်းလဲသွဦးသော ငရဲအဖြစ်ပြောင်းလဲသွားသည်။

ဤသည်မှာ ဝိဇ္ဇာနတ်ဆိုးသုတ်သင်ခြင်းဓား ၏အမြင့်ဆုံးအဆင့်ဖြစ်သည်။ လောကတွင် မကောင်းမှု မရှိပေ။ ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာနိုင်ငံရှိလျှင် ကမ္ဘာသည် သန့်ရှင်းသောပြည်ဖြစ်သည်။

ဟွမ်တုသည် ဤဓားပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ရာ အနည်းဆုံး ဆယ်စုနှစ်များစွာကြာခဲ့၍ ဤနယ်ပယ်နှင့် နီးကပ်နေခဲ့သည်။ သို့သော်လည်း ဤဗုဒ္ဓဘာသာနိုင်ငံတော် ပေါ်ပေါက်လာချိန်တွင် ကျူးချွဲ့၏အလင်းရောင်ကြောင့် ပျက်စီးသွားခဲ့သည်။ ဓားအလင်း ဖြတ်သွားရာ လမ်းတစ်လျှောက် ဗုဒ္ဓဘာသာနိုင်ငံလည်း ပြိုလဲသွားသည်။ ဤဓား၏ရှေ့တွင် မည်သည့်အရာမျှမရှိနိုင်ပေ။ နတ်ဆိုးဖြစ်စေ၊ ဗုဒ္ဓ၏ သားတော်ဖြစ်စေ အရာအားလုံးဟာ အချည်းနှီးဖြစ်သွားသည်။ ဖြစ်ပေါ်လာသော အယူအဆမှန်သမျှ တခဏချင်းအတွင်း ပျက်ဆီးသွားသည်။

ဟွမ်တု၏ဓားသွားအလင်းကို ဖျက်ဆီးခံလိုက်ရသောအခါ သူသည် မထင်မှတ်လောက်အောင် ကြီးမားသော စွမ်းအားတစ်ခု သူ့လက်နက်ပေါ်သို့ သက်ရောက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ဓားရှည်သည် ပြင်းထန်စွာ တုန်လှုပ်သွား၍ ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် ဟွမ်တုကို လွှမ်းခြုံသွားသည်။ ကျန်းရို့ရှု ချူးယွင်ဖန်း၏ ရိုက်နှက်ခြင်းကို ခံရပုံကို ယခုမှပင် သူနားလည်သွားခဲ့သည်။

ချူးယွင်ဖန်းသည် အလွန်သန်မာပုံမပေါ်သော်လည်း သူနှင့် စစ်မှန်သော တိုက်ပွဲတစ်ခုပြီးနောက်တွင် သူသည် အမှန်တကယ်မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို နားလည်လာပေလိမ့်မည်။ ရက်စက်ကြမ်းကြုတ်သော သားရဲ၏ ထိခြင်းခံရသကဲ့သို့ ချူးယွင်ဖန်းကိုရင်ဆိုင်ရသောအခါ မွန်းစတားတစ်ကောင်နှင့် ရင်ဆိုင်ရသည်နှင့် တူညီသော ခံစားချက်ကို ခံစားရပေလိမ့်မည်ဖြစ်သည်။ ပေါ့ပေါ့ပါးပါး တိုက်မိရုံမျှဖြင့် ခန္ဓာကိုယ်ရှိ အရိုးအားလုံးကို တုန်လှုပ်သွားလောက်သည်အထိဖြစ်စေနိုင်သည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် လူသားအသားအရည်ကို ဝတ်ဆင်ထားသည့် ကြမ်းတမ်းသော သားရဲနှင့်တူသည်။ တစ်ချက်ထိုးရုံဖြင့် ဟွမ်တုသည် ကျန်းရို့ရှုကဲ့သို့ အဆုံးသတ်သွားခဲ့သည်။ ခြေလှမ်းပေါင်းများစွာနောက်ဆုတ်၍ သူ့ကိုယ်သူ ဟန်ချက်ထိန်းခဲ့ရ၏။

တစ်ဖက်တွင် ချူးယွင်ဖန်းသည် ဘာမှမဖြစ်သကဲ့သို့ ပေါ်လာသည်။ ခပ်သွက်သွက် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရုံဖြင့်၊ သူသည် ဟွမ်တုရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

“အရမ်းပြောင်မြောက်တဲ့ လှုပ်ရှားမှုနည်းပညာပဲ” ဟွမ်တုသည် ချူးယွင်ဖန်းကို နောက်ဆုံးတွင်တွေ့လိုက်ရသည်။ သူတို့တိုက်ခိုက်သောအခါမှ ချူးယွင်ဖန်းကို ရင်ဆိုင်ရန် မည်မျှခက်ခဲသည်ကို သူနားလည်ခဲ့သည်။

"ကောင်းကင်ဓား"

ချူးယွင်ဖန်းက တိုက်ခိုက်ပြန်သည်။ သူက ဟွမ်တုကို ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ ဓားအလင်းသည် ကောင်းကင်ကို ဖြတ်၍ ဟွမ်တု၏ မျက်နှာဆီသို့ ဦးတည်သွားသည်။ ယခုအချိန်တွင် ဟွမ်တု၌ စဉ်းစားရန် အချိန်မရှိပေ။ ခုခံရန် သူ၏ဓားကို အလျင်အမြန် မြှောက်လိုက်သည်။ နောက်ထပ် ပြင်းထန်သော ထိုးနှက်ချက်ကြောင့် သူ့ဓားကို လွတ်ကျလုနီးပါးဖြစ်သွားရ၏။

ဟွမ်တုက သူ့ကိုယ်သူ တည်ငြိမ်အောင် မထိန်းနိုင်ခင်၌ပင် ချူးယွင်ဖန်း၏ အေးစက်သော တိုက်ခိုက်မှုတစ်ခု ထပ်မံပေါ်ထွက်လာသည်။

"ကောင်းကင်ဓား"

ဘမ်း

"ကောင်းကင်ဓား"

ဘမ်း

သုံးကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ဓားချက်တိုင်းသည် တစ်ကြိမ်ထပ်တစ်ကြိမ် ပို၍ ကြောက်မက်ဖွယ်ကောင်း၏။ ဟွမ်တုသည် နောက်ဆုံးတွင်တောင့်မခံနိုင်တော့ဘဲ သွေးတစ်ပွက်အန်ထွက်ပြီးနောက် လွင့်ထွက်သွားသည်။

All Chapters