← Chapters

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂-၆၂၄)

Vol. 42 Ch. 622-624

အခန်း (၆၂၂) ဟွမ်တုကို သုတ်သင်ခြင်း

အဆင့်သုံး ခရမ်းရောင်ရွှေဆေးလုံး၏ ဆေးဖက်ဝင်ထိရောက်မှုဖြင့် ဖွဲ့စည်းထားသော ချီစွမ်းအင်၏ ပံ့ပိုးမှုအောက်တွင် ချူးယွင်ဖန်း၏ စွမ်းအားနှင့် ခွန်အားသည် ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်လာသည်။

ချူးယွင်ဖန်းသည် ၎င်းတို့နှင့် မည်သည့်လှည့်ကွက်ကိုမျှ ကစားရန် မလိုအပ်ပေ။ ကျိုးကြောင်းဆီလျော်မှုမရှိသော တိုက်ပွဲပုံစံဖြင့် သူတိုက်ခိုက်ခဲ့သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအားဖြင့် သူ့ရှေ့တွင် တန်ခိုးကြီးသော ရန်သူအားလုံးကို သုတ်သင်နိုင်ခဲ့သည်။

ဟွမ်တုသည် ချောင်းဆိုး၍ သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။ ချူးယွင်ဖန်းကို ချေမှုန်းရန် သူ၏ မြင့်မားသော ကျင့်ကြံရေးနယ်ပယ်နှင့် သိုင်းပညာဆိုင်ရာ အားသာချက်များကို အသုံးပြုရန် မူလက စီစဉ်ခဲ့ခြင်းကြောင့် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

ချူးယွင်ဖန်းအစား ဟွမ်တုက ရိုက်နှက်ခံရလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

ချူးယွင်ဖန်းက လိုက်ဖမ်းတော့မည်ဖြစ်သော်လည်း ယခုအချိန်တွင် ကျန်းရို့ရှုသည် နောက်ဆုံးတွင် စတင်လှုပ်ရှးာလိုက်၏။ ချူးယွင်ဖန်းက သူ့ကို ပြန်တွန်းထုတ်သည်မှာ ခဏတာသာရှိသေးသည်။ ဤစက္ကန့်ပိုင်းခွဲတွင် ချူးယွင်ဖန်းသည် ဟွမ်တုကို ဒဏ်ရာအပြင်းအထန်ရကာ ဆုတ်ခွာရန်အတင်းအကျပ်လုပ်နိုင်မည်ဟု သူမထင်ထားခဲ့ပေ။

ထို့အပြင် ချူးယွင်ဖန်းသည် တိုက်ခိုက်ခြင်းကို မရပ်တန့်ခဲ့ပေ။ ကျန်းရို့ရှုသည် အလိုလိုနီးပါး သူ့လှံကို ချူးယွင်ဖန်း၏ ဦးတည်ရာသို့ ထိုးလိုက်၍ ချူးယွင်ဖန်းကို ရှေ့ထပ်မတိုးစေရန် တားဆီးလိုက်သည်။

သို့သော် ချူးယွင်ဖန်းသည် ဤအခွင့်အရေးကို မည်သို့လက်လွှတ်နိုင်မည်နည်း။ သူ့ဆီသို့ လာနေသော လှံကို မျက်နှာမူကာ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ချူးယွင်ဖန်းက တွန့်ဆုတ်ခြင်းအလျင်းမရှိ၊ သူ့လက်ထဲက ကျူးချွဲ့ ရုတ်တရက် ထွက်လာ၍ ဓားက လှံကို ထိသွားသည်။

"ငါ့လမ်းက ထွက်သွား”

ချွင်

လှံနှင့် ဓားတို့ ထိပ်တိုက်တွေ့ရာ သတ္ထုနှစ်ခု တိုက်မိသည့် အသံမျိုးချက်ချင်းထွက်ပေါ်လာသည်။ ကြီးမားသော အသံကြီးအဖြစ်ပြောင်းလဲသွားပြီးနောက် လေသည် လှိုင်းလုံးကြီးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျန်းရို့ရှုသည် သူ့လက်မောင်းများမှတဆင့် မထင်မှတ်နိုင်သော စွမ်းအားတစ်ခု တိုးဝင်လာသဖြင့် သူ၏လက်များ ပြင်းထန်စွာ တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ တခဏချင်းအတွင်းတွင် လွင့်ထွက်လုနီးပါး ဖြစ်သွားသည်။ သူ့ရင်ဘတ်အတွင်း၌ ကြီးမားသော စွမ်းအားတစ်ခု ပွက်ပွက်ဆူလာပြီး ပါးစပ်မှ သွေးများအန်ထွက်လာ၏။

ချူးယွင်ဖန်းသည် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ဟွမ်တုကို အမီလိုက်ခဲ့သည်။

သို့သော် ဟွမ်တုသည် ထိပ်တန်းမွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူဖြစ်သည်။ ချူးယွင်ဖန်းက သူ့ကို ဒဏ်ရာရစေခဲ့သော်လည်း ယင်းကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နိုင်ခဲ့၍ သူ၏ ရောင်ဝါက အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိသွားခဲ့သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတစ်ဦးအတွက် သူ၏ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မှုသည် စေ့စေ့စပ်စပ်ဖြစ်၍ ကြွက်သားတိုင်းအထိ ကျယ်ပြန့်သည်။ ယခုကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် သူ့ဒဏ်ရာများကို ထိန်းချုပ်ရန် ဤနည်းလမ်းကို အသုံးပြုရုံမှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။

"ချူးယွင်ဖန်း" ဟွမ်တုက အော်လိုက်သည်။ သူ့လက်ထဲကဓဓားသည် ကမ္ဘာကြီး၏ အမှောင်ကို ဖြတ်သွားသော လျှပ်စီးတစ်စင်းနှင့်တူသည်။

"ကမ္ဘာကို ဗုဒ္ဓကြွချီခြင်း”

ဒီဓား ၏ စွမ်းအားက ယခင်ဓားထက် အနည်းငယ်မျှ အဆင့်မနိမ့်ပေ။

"ကမ္ဘာ့သခင်၊ ကောင်းကင်ဓား"

ချူးယွင်ဖန်း၏ဓားသည် ကောင်းကင်နှင့် ကမ္ဘာကို ဖြတ်ကျော်သွားခဲ့သည်။ တခဏချင်း၌ပင် ကမ္ဘာကြီးသည် ပြင်းထန်စွာ တုန်ခါသွား၍ အရာအားလုံးကို ကွဲကြေသွားစေသော ကြောက်မက်ဖွယ်ကောင်းသည့် လေလှိုင်းအဖြစ် ပြောင်းလဲသွားသည်။

ဘမ်း

ဟွမ်တု၏ ဓားရောင်ဝါသည် အထွတ်အထိပ်သို့မရောက်မီ ချူးယွင်ဖန်း၏ဓားဖြင့် ကျိုးသွားခဲ့သည်။ ဤဖျက်ဆီးမှုသည် သာမန်အခြေအနေများအောက်တွင် ရှုံးနိမ့်ခြင်းထက် များစွာကျော်လွန်လှ၏။

ချူးယွင်ဖန်း၏ အဆင့်သုံး ခရမ်းရောင်ရွှေဆေး၏ စစ်မှန်သောစွမ်းအင်သည် ဟွမ်တု၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ရောက်ရှိသွားသည်။ ဟွမ်တုက ပြင်းပြင်းထန်ထန် ဖိနှိပ်ထားသည့် ဒဏ်ရာများ ရုတ်တရက် ချက်ချင်းပိုဆိုးလာသည်။ တစ်ချိန်တည်း၌ပင် ဟွမ်တုသည် သူ့ခြေထောက်ပေါ် မရပ်နိုင်တော့ဘဲ ကြိုးပြတ်နေသော စွန်တစ်စင်းကဲ့သို့ နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ထိုအချိန်တွင် အလင်းတန်းတစ်ခုသည် လေထဲသို့ဖြတ်သွားကာ နောက်ပြန်လွင့်ထွက်လာသော ဟွမ်တုကို ဖမ်းမိသွားသည်။ ထို့နောက် ဖောက်ထွင်း၍ မြေကြီးပေါ်သို့ ရိုက်ချလိုက်၏။ ဟွမ်တုသည် သူ့တစ်ကိုယ်လုံးရှိ အသက်စွမ်းအင်ကို ချက်ချင်းခံစားလိုက်ရကာ သူ့မျက်လုံးရှေ့မှ အရာအားလုံးသည်လည်း မှုန်ဝါးလာသည်။ သူထရန် ရုန်းကန်ခဲ့သော်လည်း မြေပြင်တွင် သံမှိုနှင့် စိုက်ခံထားရသကဲ့သို့ မလှုပ်နိုင်ခဲ့ပေ။

ချူးယွင်ဖန်းဟာ ရှင်ကျာမုနိ၏ ဆင်ပစ်သိုင်းကို အသုံးပြု၍ ဟွမ်တုကို ကျူးချွဲ့ဖြင့် မြေပြင်ပေါ်တွင် စိုက်ထားလိုက်ခြင်းဖြစ်သည်။

ဟွမ်တု၏ အတွင်းအင်္ဂါများသည် ချီစွမ်းအင်ကြောင့် လုံးဝစုတ်ပြဲသွားသည်။ သူ၏ အသက်ရှင်နိုင်စွမ်းသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကဲ့သို့ ပြင်းထန်၍ အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်များစွာတွင် ရှင်သန်နေနိုင်သော်လည်း ထိုသို့သောအခြေအနေအောက်တွင် သူသည် သေဆုံးရဆဲဖြစ်သည်။

ဟွမ်တုသာ သူ၏ စွမ်းအားအကြီးဆုံးအခြေအနေအောက်တွင် ရောက်နေလျှင် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုက သူ့ကို မည်သို့မျှမလုပ်နိုင်သော်လည်း ယခု အပြင်းအထန်ဒဏ်ရာရခဲ့ပြီဖြစ်၍ ချူးယွင်ဖန်း၏ ဓားရန်မှ ခုခံကာကွယ်နိုင်စွမ်းမရှိတော့ပေ။

တစ်ဖက်တွင်မူ ကျန်းရို့ရှုက ဤမြင်ကွင်းကိုမြင်၍ သူ့ဆံပင်များ ထောင်နေသကဲ့သို့ ခံစားလိုက်ရသည်။ ဟွမ်တုသည် ထိုကဲ့သို့ သေဆုံးသွားခဲ့သည်။

မယုံနိုင်စဖွယ်ကောင်းလှသည်။ ဟွမ်မိသားစုတွင်းရှိ ဟွမ်တု၏အဆင့်အတန်းသည် သူနှင့်ဆင်တူ၍ ဟွမ်တုသည် သူ့ထက်များစွာစောစီးစွာ ကျော်ကြားလာခဲ့သည်။ သူတို့ တိုက်ခိုက်ကြမည်ဆိုလျှင်ပင် ဟွမ်တုနှင့်သူ သရေကျပေလိမ့်မည်ဖြစ်ရာ ကျန်းရို့ရှုသည် ဟွမ်တုကိုသတ်ရန် မဖြစ်နိုင်ပေ။

ယခုမူ ကျန်းရို့ရှု၏ရှေ့တွင် ဟွမ်တုသည် ထိုကဲ့သို့ သေဆုံးသွားခဲ့သည်

ကျန်းရို့ရှု၏ ယခင်အစီအစဥ်အားလုံးသည် ပြာဖြစ်သွားသည်။ ထိုအရာများအားလုံး ယခုအချိန်တွင် အောင်မြင်ရန် မဖြစ်နိုင်တော့ပေ။ သို့သော် ယခုအချိန်တွင် ကျန်းရို့ရှုသည် အထွတ်အထိပ်ရောက်နေသော ချူးယွင်ဖန်း၏ခန္ဓာကိုယ်ရှိ စွမ်းအင်အစစ်အမှန်သည် တဖြည်းဖြည်း လျော့နည်းလာနေကြောင်း ရုတ်တရက် သိလိုက်ရသည်။

'ဒီဆေးရဲ့ ဆေးအာနိသင် ကုန်တော့မယ်’

ဤသို့တွေးကာ ကျန်းရို့ရှု၏ မျက်နှာထက်တွင် ဝမ်းသာမှုတစ်ခု ထင်ဟပ်လာသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဆေးတစ်လုံးကို ချူးယွင်ဖန်းသောက်ခဲ့ကြောင်း သူရှင်းရှင်းလင်းလင်းသိသည်။

ကျန်းရို့ရှုသည် ထိုဆေး၏ ဆေးအာနိသင်ကြောင့် အလွန်တုန်လှုပ်သွားခဲ့သည်။ ၎င်းသည် ချူးယွင်ဖန်း၏ လေ့ကျင့်မှုကို အဆင့်တစ်ခုအထိ မြှင့်တင်ပေးခဲ့ရုံသာမက ၎င်း၏ တိုက်ပွဲစွမ်းအားကိုလည်း များစွာ တိုးမြင့်စေသည်။ သို့သော် ထိုဆေး၏ ဆေးအာနိသင်သည် နောက်ဆုံးတွင် ကန့်သတ်ချက်သို့ ရောက်သွားသည်။

နောက်ဆုံးတွင်၊ ၎င်းသည် ပြင်ပခွန်အားကို ငှားယူခြင်းဖြစ်၍ အကန့်အသတ်မရှိ အသုံးပြုရန် မဖြစ်နိုင်ပေ။

"ဟားဟားဟား ချူးယွင်ဖန်း၊ ကောင်းကင်ဘုံက ငါ့ကိုတကယ်ပြုံးပြနေတယ်။ ဒီနေ့မင်းက သေလူပဲ”

ချူးယွင်ဖန်း၏ခန္ဓာကိုယ်ရှိ စွမ်းအင်အမှန်တကယ် အားနည်းနေကြောင်း အတည်ပြုပြီးနောက် ကျန်းရို့ရှုသည် ရယ်မောလိုက်သည်။ ဒီခံစားချက်က ငရဲကနေ ကောင်းကင်ဘုံကို တခဏအတွင်း ရိုလာကိုစတာစီးလိုက်သကဲ့သို့ပင်ဖြစ်သည်။

“မင်း ဘယ်လောက်ကြာကြာခံနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်။ ဒီနေ့ ကျန်းမိသားစုအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်တဲ့ မင်းကို ဖယ်ရှားလိုက်မယ်”

ကျန်းရို့ရှုက စကားများများပြောလေ၊ သူ့ကိုယ်ပေါ်ရှိ လူသတ်ချင်စိတ်များ ပိုမို ပြင်းထန်လာလေလေဖြစ်သည်။ ချူးယွင်ဖန်းပြသခဲ့သော သေခြင်းတရားသည် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှလွန်းသည်။ သူ့ကို မဖယ်ရှားသရွေ့ ကျန်းရို့ရှုတစ်ယောက်‌ အေးဆေးစွာ အိပ်စက်နိုင်လိမ့်မည်မဟုတ်ပေ။

'အဆင့်သုံး ခရမ်းရောင်ရွှေဆေးလုံး၏ ဆေးစွမ်းအာနိသင်က ဒီမှာအဆုံးသတ်သွားပြီထင်တယ်’

ချူးယွင်ဖန်းသည်လည်း သူ၏ချီစွမ်းအင် လျော့နည်းလာသည်ဟု ခံစားမိသည်။ နောက်ဆုံးတွင် မည်သည့်ဆေးလုံး၏ အစွမ်းသတ္တိသည် အကန့်အသတ်မရှိသနည်း။

ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ပွဲကို အကန့်အသတ်မရှိ ပံ့ပိုးရန်မှာ မဖြစ်နိုင်ပေ။ မရေမတွက်နိုင်ဖွယ်များပြားသော ချီစွမ်းအင်များစုစည်းထားသည့် ရုတ်တရက် ထုတ်လွှတ်လိုက်သော တိုက်ပွဲ၏ ခွန်အားသည် ဤနေရာ၌ အဆုံးသတ်သွားပြီဖြစ်သည်။

"မှန်တယ် မင်းတော့ သေပြီပဲ"

ကျန်းရို့ရှုသည် သူ၏ လှံရှည်ကို ကိုင်၍ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။ သူ ကြာရှည်စွာ တောင့်ခံထားလေလေ ချူးယွင်ဖန်း ပို၍ အင်အားနည်းလာလေလေဖြစ်မည်ကို သူသိသည်။ ထိုအချိန်ရောက်သောအခါတွင် သူသည် ဤပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူနိုင်မည်ဖြစ်၏။

ထို့နောက် ရုတ်တရက် အော်ဟစ်သံနှင့်အတူ အတားအဆီးသည် ပြင်းထန်စွာ လှုပ်ခါ၍ ပြိုကျလာ၏။ ပြိုကျလာသည်။

အခန်း (၆၂၃) နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား

ဤ အဆားအဆီးသည် တစ်ခုတည်းသော အရာဖြစ်သည်။ အစိတ်အပိုင်းတစ်ခု ကျိုးသွားပါက ဖွဲ့စည်းမှုတစ်ခုလုံး ပြိုကျမည်ဖြစ်သည်။ ဤသည်မှာ မတူညီသောအစိတ်အပိုင်းများနှင့် ဖွဲ့စည်းထားသည့် အချို့ ဖွဲ့စည်းပုံအတားအဆီးများနှင့်မတူပေ။ ၎င်း၏ အပိုင်းတစ်ခုသာပျက်ဆီးသွားပါက ဖွဲ့စည်းပုံတစ်ခုလုံးကို ထိခိုက်စေနိုင်မည်မဟုတ်ပေ။

အချိန်အချို့ကြာပြီးနောက် မိုးကြိုးတောင်ပံသားရဲသည် နောက်ဆုံးတွင် ဖွဲ့စည်းတည်ဆောက်မှု၏ အူတိုင်တစ်ခုကို ချိုးပစ်လိုက်နိုင်ခဲ့သည်။ ဟွမ်မိသားစု၏ ပညာရှင်တစ်ဦးသည် မိုးကြိုးတောင်သားရဲ၏လက်တွင် သေဆုံးသွားခဲ့သည်။

အတားအဆီးကို ပြုလုပ်ထားသူများဖြစ်သည့် ဟွမ်မိသားစုပညာရှင်များသည် သဘာဝအတိုင်း ပြင်ဆင်ခဲ့ကြသည်။ အတားအဆီးကို ထူထောင်ထားသူများသည် ကျွမ်းကျင်သူများဖြစ်သည်။ သူတို့သည် မိမိတို့ပတ်ဝန်းကျင်တွင် ခံစစ်အတားအဆီးတစ်ခုကို ထူထောင်ခဲ့ကြလျှင် တစ်ယောက်ယောက်က သူတို့ကို တိုက်ခိုက်လျှင်ပင် အလွယ်တကူ ချိုးဖျက်ပစ်ရန် မဖြစ်နိုင်ပေ။ သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူပင်လျှင် ၎င်းကို ချိုးဖျက်ရန် ခက်ခဲသည်ဟုပင် ဆိုနိုင်သည်။ ဤသို့မျှမဟုတ်လျှင် ဤ အတားအဆီးဖိနှိပ်မှုသည် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်ဖြစ်သည်။

မိုးကြိုးတောင်ပံသားရဲပင်လျှင် အတားအဆီးတစ်ခုကိုဖြတ်ကျော်ကာ အတားအဆီးကိုထိန်းထားသော ဟွမ်မိသားစုကျွမ်းကျင်ပညာရှင်ကို သတ်ပစ်နိုင်ရန် အချိန်တစ်ခုယူခဲ့ရသည်။

ဤပညာရှင်သေဆုံးပြီးသည်နှင့် ဖွဲ့စည်းမှုတစ်ခုလုံး ပြိုကျသွားသည်။

"ချီးပဲ" ကျန်းရို့ရှုကျိန်ဆဲလိုက်သည်။

သူသည် ချူးယွင်ဖန်း၏ အဆင့်သုံး ခရမ်းရောင်ရွှေဆေးလုံး၏ အကျိုးသက်ရောက်မှုကို ပျောက်ကွယ်သွားစေရန် ခက်ခက်ခဲခဲ စောင့်ဆိုင်းခဲ့ရသည်။ ယခုမူ အတားအဆီး တစ်ခုလုံး ပြိုကျသွားပြီး ဖြစ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကို အမှန်ပင် တွေး၍ မရနိုင်တော့ပေ။

ကျန်းရို့ရှုက ချက်ချင်းတုံ့ပြန်၍ ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့သည်။ သို့သော် နောက်ကျနေပြီဖြစ်သည်။

ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင်က သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုခံစားချက်က ဖော်ပြရခက်သည်။။ ရှေးဟောင်း ပြင်းထန်သော သားရဲတစ်ကောင်က သူ့ကို စိုက်ကြည့်နေသည်ဟု ထင်ရသည်။ ဤရှေးဟောင်း ပြင်းထန်သော သားရဲသည် ဆိုးယုတ်၍ ကြောက်မက်ဖွယ်ကောင်းသည်။

ထို့နောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ကြီးမားသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာသည်။ ကျန်းရို့ရှုမှန်းဆထားသည့်အတိုင်း အတားအဆီးကျိုးသွားသည့်အခိုက် ချူးယွင်ဖန်းက နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို ပြတ်ပြတ်သားသား ထုတ်သုံးလိုက်သည်။

သိပ်မကြာခင်၌ပင် သေးငယ်သော လေထုထဲမှ ကြီးမားသော အရိုးစုတစ်ခု ထွက်ပေါ်လာသည်။ ၎င်းကို အဆုံးမရှိ သွေးနတ်ဆိုး စွမ်းအင်ဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် လူ့အရိုးစုတစ်ခုမျှသာဖြစ်သော်လည်း အဆပေါင်းများစွာကြီးမား၏။

ချက်ချင်းဆိုသကဲ့သို့ပင် ပေသုံးဆယ်ကျော်မြင့်သော သွေးနီဥအရိုးစုကြီးတစ်ခုက လူတိုင်းရှေ့တွင်‌ ပေါ်လာသည်။ ထိုသွေးနီရောင်စွမ်းအင်များသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မရေမတွက်နိုင်အောင်များပြားသော သစ်ပင်များသည် ချက်ခြင်းသွေ့ခြောက်သွားသကဲ့သို့ ၎င်းတို့၏ ရှင်သန်မှုကို နိဂုန်းချုပ်ပေးလိုက်သကဲ့သို့ ထင်ရသည်။

အဝေးမှပင်လျှင် မွန်းစတားများစွာသည် ဤအလွန်ဆိုးရွားသော နတ်ဆိုးစွမ်းအင်ကို ခံစားနိုင်သည်။ မရေမတွက်နိုင်သော ဒေါသစိတ်ဝိညာဉ်များ၏ အော်ဟစ်သံကို ၎င်းတို့ ကြားလိုက်ရသကဲ့သို့ပင်ဖြစ်ရာ ၎င်းတို့က ခန္ဓာကိုယ်ကို နှိမ့်ချ၍ အသံတိုးတိုးပြုသော်လည်း အနီးနားမကပ်ဝံ့ကြပေ။

ဤမွန်းစတားများသည် အလွန်ဉာဏ်နည်းသော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ပေါ်လာသည်ကို အလိုလို ခံစားနိုင်ကြသည်။ ၎င်းတို့အားလုံး မျက်နှာမပြဝံ့ကြပေ။

သွေးနီရောင်အရိုးစုဖြင့် ဖုံးအုပ်ထားသော ချူးယွင်ဖန်းသည် လေထုထဲသို့ မြင့်တက်လာကာ သူ့အမြင်အာရုံက ရုတ်တရက် ပွင့်သွားသည်။ သူ့မျက်လုံးများသည် သွေးရောင်များပင် စွန်းထင်းနေသည်။ သူ့နားထဲတွင် မရေမတွက်နိုင်သော ဒေါသစိတ်ဝိညာဉ်များ၏ အော်ဟစ်သံများဖြင့် ပြည့်နေကာ သူ့ခန္ဓာကိုယ်သည် နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နေသည်။

ချူးယွင်ဖန်းသည် ဤခံစားချက်ကို တစ်ကြိမ် ခံစားဖူးပြီးဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် အတွေ့အကြုံရှိနေပြီးဖြစ်သည်။

ဘမ်း

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များသည် အလွန်ကြီးမားသော သွေးနီဥအရိုးစုမှ ထွက်လာပြန်သည်။ တောင်မြစ်ပန်းချီကားရှိ ဝိညာဉ်ကျောက်တုံးများက စွမ်းအင်အများစုကို ထောက်ပံ့ပေးခဲ့သော်လည်း ချူးယွင်ဖန်းသည် သူ၏အသက်စွမ်းအားအားလုံးနီးပါးကို စုပ်ယူသွားတော့မည်ဟု ခံစားမိသေးသည်။

နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသည် အမှန်တကယ်ပင် နတ်ဆိုးရတနာတစ်ခုဖြစ်သည်။ နောက်ဆုံးအခြေအနေသို့သာ တွန်းပို့ခြင်းမခံရပါက အကျိုးဆက်များသည် အလွန်ပြင်းထန်သောကြောင့် ချူးယွင်ဖန်းက ယင်းကို အသုံးပြုလိမ့်မည်မဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းသည် ဒေါသနှင့် တောက်လောင်နေသည်။ သူက ဂရုမစိုက်သကဲ့သို့ ကြည့်နေလေလေ သူတကယ်ကို ဒေါသထွက်လေလေဖြစ်ရာ သူ၏ ဒေါသသည် မထင်မှတ်ထားသော အဆင့်သို့ ရောက်ရှိသွားသည်။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုများ၏ လုပ်ရပ်များသည် သူ့ကို အလွန်အမင်းဒေါသဖြစ်စေခဲ့သည်။

"ကျန်းရို့ရှု၊ မင်း ငါ့ကို သတ်နိုင်ပြီလို့ မင်းထင်နေသေးလား" ချူးယွင်ဖန်းက ပြတ်သားသော အသံဖြင့် ပြောသည်။

ချူးယွင်ဖန်း၏စကားများအပြီးတွင် သွေးနီရောင်စွမ်းအင်များသည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးတစ်ခုအဖြစ် ပြောင်းလဲကာ လွင့်ထွက်လာသည်။ ကျန်းရို့ရှုဆီသို့ ယင်းစွမ်းအင်များမရောက်ခင်၌ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသကဲ့သို့ ခံစားချက်မျိုးကို ခံစားခဲ့ရပြီးဖြစ်သည်။ ၎င်းသည် သူ့ကို လွင့်စင်စေလုနီးပါးဖြစ်သွား၏။

ကျန်းရို့ရှု၏အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားသည် လက်တွေ့တွင် ဖော်ပြထားသည့် အချက်အလက်ထက် များစွာ ပိုကြောက်မက်ဖွယ်ကောင်းသည်။ ကျန်းမိသားစုမှစုဆောင်းရရှိသောအချက်အလက်များအရ ချူးယွင်ဖန်းသည် တာအိုညီလာခံတွင် ထုတ်သုံးခဲ့သည့် သွေးနီရောင်အရိုးစုသည် ချူးယွင်ဖန်းကိုယ်တိုင်၌သာရှိသောကြောင့် မွေးဖွားခြင်းနယ်မြေပဥ္စမအဆင့် ၏ခွန်အားကိုပြသနိုင်သည်ဟုကောက်ချက်ချနိုင်သည်။ ထိုစဥ်က သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၌သာရှိခဲ့သည်။

သို့သော် ယခင်ကနှင့် နှိုင်းယှဉ်ပါက ချူးယွင်ဖန်းသည် ယခုထက် အနည်းငယ်ပို၍ တိုးတက်လာသည်။ ထို့အပြင် တောင်မြစ်ပန်းချီကားရှိ နတ်ကျောက်တုံး အရေအတွက်မှာလည်း ယခင်ကထက် များစွာများပြားလှသည်။ ထို့ကြောင့် သူခေါ်ဆောင်နိုင်ခဲ့သော သွေးနီရောင် အရိုးစုသည် ယခင်ကထက် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။

ကျန်းရို့ရှု၏ ကနဦး ခန့်မှန်းချက်အရ ပုန်းချီကား၏ စွမ်းအားသည် နတ်အဆင့်သို့ မရောက်ရှိသေးသော်လည်း ၎င်းသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ နဝမအဆင့်သို့ တက်လှမ်းပြီးသည့်သဖွယ်ရှိသည်။ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း အလွန်နီးကပ်နေပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လွန်ခဲ့သည့်အခိုက်အတန့်က ချူးယွင်ဖန်းထက်ပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ကျန်းရို့ရှုက ပန်းချီကားကို ဖိနှိပ်ရန်အတားအဆီးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အမှန်ပင် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်။

သို့သော် ကျန်းရို့ရှ၏ မျက်နှာထက်တွင် ကျေနပ်မှု အနည်းငယ်မျှ အရိပ်အမြွက်မရှိပေ။ ပြဿနာအစစ်က မည်သည့်နေရာသို့ရောက်နေပြီဖြစ်ကြောင်း သူသဘောလိုက်ပြီးဖြစ်သည်။

ကျန်းရို့ရှု ဆက်လက်၍ မနေဝံ့တော့သဖြင့် ချက်ချင်းလှည့်ကာ အဝေးကို ပြေးသွားသည်။

"အခု ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နည်းနည်းနောက်ကျသွားပြီမဟုတ်လား" ချူးယွင်ဖန်းက အေးစက်စွာပြောသည်။

ထို့နောက် လက်ကြီးတစ်ချောင်း ရုတ်တရက် ထွက်လာသည်။ သွေးနီရောင်အရိုးစုမှ အနှိုင်းမဲ့ကြီးမားသော သွေးနီ‌ရောင်အရိုးစုလက်သည် ရုတ်တရက် လေထုကိုဖြတ်၍ ပေ သုံးရာကျော်ကိုဖြတ်ကာ ကျန်းရို့ရှုကို လှမ်းဖမ်းလိုက်သည်။

ဤသွေးနီရောင် အရိုးစုလက်၏ အရှိန်သည် တုနှိုင်းမရလောက်သည်အထိ မြန်ဆန်ကာ ကျန်းရို့ရှုကို တစ်ခဏအတွင်း၌ ဖမ်းမိသွားသည်။ ကျန်းရို့ရှုသည် တုံ့ပြန်ရန် အချိန်မရှိတော့သဖြင့် နောက်သို့ လှည့်ကာ ထို ကြီးမားလှ‌သော သွေးနီရောင်အရိုးစုလက်ကြီးကို လှံဖြင့် ထိုးလိုက်သည်။

အလွန်ကျယ်လောင်သော အသံနှင့်အတူ ကျန်းရို့ရှု၏လက်ထဲမှ လှံသည် ကြီးမားသော စွမ်းအားဖြင့်ထွက်ပေါ်လာသည်။ သို့သော်လည်း လှံသည် သွေးနီရောင် အရိုးစုလက်၏ အရေပြားကိုပင် မထိခဲ့ပေ။ ယခုအချိန်တွင် နှစ်ဖက်စလုံး၏ အင်အားသည် လုံးဝပြောင်းပြန်ဖြစ်နေပြီဖြစ်သည်။

လှ့ဖြင့် ထိုးလိုက်ပြီးသည့်တိုင် သွေးနီရောင် အရိုးစုလက်သည် အရှိန်လျော့ကျသွားခြင်းမရှိဘဲ ကျန်းရို့ရှု၏ ခန္ဓာကိုယ်ကိုထိသွားသည်။

ဘမ်း

ကျန်းရို့ရှုသည် လက်ဖြင့် တိုက်ရိုက်ထိမှန်ခဲ့ရာ သူ့ရင်ဘတ်သည် ချက်ချင်းပင် သွေးများလွှမ်းလျက် လွင့်ထွက်သွားသည်။ သူသည် သူ့ကိုယ်သူ ထိန်း၍ လေထုအလယ်၌ ထွက်ပြေးလွတ်မြောက်ချင်သော်လည်း ချူးယွင်ဖန်းက သူ့ကို မည်သို့ ထိုကဲ့သို့ အခွင့်အရေးမျိုး ပေးနိုင်မည်နည်း။

နောက်တစ်စက္ကန့်ခန့်တွင်ပင် လက်သည် ကျန်းရို့ရှုကို ဖမ်းဆုတ်ထားပြီဖြစ်၏။

အရိုးစုလက်သည် ကျန်းရို့ရှု၏ရင်ဘတ်ပေါ်သို့ ဆုပ်ကိုင်လိုက်ရာ မျက်လုံးတစ်မှိတ်အတွင်း၌ပင် ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။

အခန်း(၆၂၄) ကြက်သီးများ

ကျန်းရို့ရှုသည် သန်မာသော်လည်း နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို မခုခံနိုင်ခဲ့ပေ။ ပန်းချီကားကို ပိုင်ဆိုင်ထားသည့် စွမ်းအားဖြင့် ၎င်းသည် အလွန်နိမ့်ကျသောအဆင့်ရှိ ကျန်းရို့ရှုကိုသာမက တူညီသော ကျင့်စဥ်ရှိ လူတစ်ဦးကိုပင် ချေမှုန်းနိုင်သည်။ ဤအခိုက်အတန့်တွင် အတားအဆီးကို တည်ဆောက်ခဲ့သော ဒါဇင်နှင့်ချီသည့် ဟွမ်မိသားစု၏ ကျွမ်းကျင်သူများသည် အတားအဆီးကို စွန့်လွှတ်၍ ထွက်ပြေးကြတော့သည်။ ချူးယွင်ဖန်းသည် ကျန်းမိသားစု၏ ကျွမ်းကျင်ပညာရှင်အားလုံးကို သတ်ဖြတ်ခဲ့ပြီးနောက် ဟွမ် မိသားစုမှ အကြီးအကဲဟွမ်တုကိုပင် သတ်ပစ်ခဲ့သည်ကို သူတို့ကိုယ်တိုင် မျက်စိဖြင့် မြင်ခဲ့ကြရသည်။

ဤကဲ့သို့အခြေအနေမျိုးတွင် ၎င်းတို့အတွက် တိုက်ပွဲဝင်ရန် စိတ်ကူးမျိုးရှိနေရန် မဖြစ်နိုင်တော့ပေ။ ထို့အပြင် ၎င်းတို့သည် အတားအဆီးဆရာများသာဖြစ်ကြ၍ အတားအဆီးများကို တည်ဆောက်ခြင်းတွင်သာ အတော်ဆုံး အကောင်းဆုံးဖြစ်ကြသည်။

သို့သော် ချူးယွင်ဖန်း၏ သတ်ပစ်လိုစိတ်သည် သူ့နှလုံးသားထဲတွင် ပွက်ပွက်ဆူနေပြီဖြစ်ကာ ၎င်းတို့ကို လွတ်မြောက်ခွင့်ပေးရန် မဖြစ်နိုင်တော့ပေ။ ၎င်းတို့က ဂေါင်ဟုန်ချီကို ဤသို့ အခြေအနေမျိုးအထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည့်အချက်ကို ဖယ်လိုက်မည်ဆိုလျှင်ပင် တောင်မြစ်ပန်းချီကား၏ တည်ရှိမှုကို ဖော်ထုတ်မိစေ၍ မရပေ။

ချူးယွင်ဖန်းသည် တောင်မြစ်ပန်းချီကားကို သိရှိသွားကြသည်နှင့် ပြည်ထောင်စုမှ ကျွမ်းကျင်သူများအားလုံး သူ့တံခါးကို လာခေါက်ကြမည်ကို ကောင်းစွာသိသည်။ နတ်ဆိုးဆင်းသက်ခြင်းပန်းချီကား သို့မဟုတ် နတ်အဆင့်မွန်းစတား၏ အတွင်းအူတိုင်ကို ကျွမ်းကျင်သူများအားလုံးက စိတ်ဝင်စားမည်မဟုတ်ပေ။ သို့သော် သူတို့သည် နေရာလွတ် ကိရိယာများကို စိတ်ဝင်စားကြမည်မှာ သေချာသည်။ ၎င်းတို့သည် ပိုက်ဆံဖြင့်ပင် ဝယ်၍ မရသော ပစ္စည်းကောင်းများဖြစ်သည်။

မိုးကြိုးတောင်ပံ သားရဲသည်မူ ချူးယွင်ဖန်း၏ ညွှန်ကြားချက်များ မလိုအပ်ပေ။ ၎င်းက အလွန်လျင်မြန်စွာ ရွေ့လျားသွား၍ ခြေလှမ်းအနည်းငယ်အတွင်း ဟွမ်မိသားစု၏ ကျွမ်းကျင်သူတစ်ဦးကို လှမ်းဖမ်းကာ တစ်ချက်တည်း ကိုက်သတ်လိုက်သည်။

အခြားလမ်းကြောင်းမှ ဟွမ်မိသားစု ကျွမ်းကျင်သူများသည် လမ်းခွဲထွက်ပြေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ဤနည်းဖြင့်သာ ၎င်းတို့သည် လွတ်မြောက်ရန်အခွင့်အလမ်းကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ အတူတူထွက်ပြေးခြင်းက သေလမ်းသာဖြစ်၏။

ချူးယွင်ဖန်းအဖမ်းခံရသည့်သူအတွက်မူ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ ကံကြမ္မာဟုသာ သတ်မှတ်ကြရပေလိမ့်မည်။ နောက်ဆုံးတွင်မူ ၎င်းတို့အားလုံးသည် အစောပိုင်းက တိုက်ပွဲကို မြင်လိုက်ကြရသည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် သေမျိုးလောကသို့ ဆင်းသက်လာသော နတ်ဆိုးတစ်ကောင်ကဲ့သို့ပင်ထင်ရသည်။ ဤအရာသည် လူသားတစ်ယောက်အနေဖြင့် တိုက်ခိုက်နိုင်သော အရာမဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းက ၎င်းတို့ကို မည်ကဲ့သို့ လွတ်မြောက်ခွင့်ပေးလိမ့်မည်နည်း။ သူ့လက်မောင်းကို လှုပ်လိုက်သည်နှင့် ကြီးမားလှသော သွေးနီရောင် အရိုးစုလက်ပေါ်ရှိ လက်ချောင်းအရိုးများသည် သွေးနီရောင်အရိုးစုမှ ချက်ချင်းပင် ခွဲထွက်သွားသည်။

ဤလက်ချောင်းအရိုးများသည် ချွန်ထက်သောမြှားများကဲ့သို့ဖြစ်၍ ဟွမ် ပညာရှင်များကို ဖမ်းနိုင်ခဲ့သည်။

ဤသွေးနီလက်ချောင်းအရိုးများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့သည် ၎င်း၏သားကောင်၏ အရေးကြီးသော အချက်အားလုံးကို ထိမှန်သွားရာ တခဏချင်း၌ပင် သားကောင်၏ အသက်စွမ်းအားအားလုံးကို စုပ်ယူပစ်လိုက်၏။

ချူးယွင်ဖန်းနှင့် မိုးကြိုးတောင်ကြားသားရဲအကြား အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဟွမ်ကျွမ်းကျင်ပညာရှင်အားလုံး မိနစ်ပိုင်းအတွင်း သေဆုံးသွားခဲ့သည်။ ဟွမ် နှင့် ကျန်း ပညာရှင်များအားလုံး သေဆုံးကြောင်း အတည်ပြုပြီးနောက် ချူးယွင်ဖန်းသည် ပန်းချီကားကိုပယ်ချလိုက်သည်။

ယခင်ကနှင့်ကွဲပြားစွာ ဤတစ်ကြိမ်တွင် အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့၏။

ပထမအချက်မှာ ချူးယွင်ဖန်းသည် ပထမအကြိမ် ပုန်းချီကားကို အသုံးပြုခြင်းထက် များစွာ သန်မာနေခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ဤတစ်ကြိမ်တွင် ဝိညာဉ်ကျောက်တုံးများ အလုံအလောက် ပြင်ဆင်ထားခဲ့သည်။ အချိန်များစွာကြာပြီးနောက် သူသည် ၎င်းတို့ထဲမှ အနည်းငယ်မျှသာ အသုံးပြုသဖြင့် သူ၏ အသက်စွမ်းအားကို မကုန်ဆုံးစေနိုင်ခဲ့ပေ။

သို့သော် ပန်းချီကား၏ စွမ်းအားသည် အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ဝမ်ချီက ယင်းကို လက်မလွှတ်နိုင်သည်မှာ မထူးဆန်းလှပေ။ ၎င်းသည် သေချာသောသေလမ်းတစ်ခုဖြစ်သော်လည်း နောက်ဆုံးတွင် ချူးယွင်ဖန်းက ၎င်းကိုအပြီးသတ်နိုင်ခဲ့သည်။

"ကျန်း မိသားစု။ ဟွမ် မိသားစု။ မင်းတို့ရဲ့ တွေရောက်လာပြီး မြေပြင်ပေါ်က အလောင်းတွေကို တွေ့တဲ့အခါ မင်းတို့မျက်နှာပေါ်က အကြည့်တွေကို ငါမြင်ချင်သေးတယ်"

ချူးယွင်ဖန်းသည် အရာအားလုံးကို စူးရှစွာကြည့်၍ ပြောလိုက်သည်။ နေရာတိုင်းတွင် အလောင်းများရှိနေ၍ နတ်ဘုရားများ၏ စစ်မြေပြင်နှင့်ပင်တူသည်။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့တွင် ကျွမ်းကျင်သူ အမြောက်အများရှိသော်လည်း ၎င်းတို့က ကျွမ်းကျင်ပညာရှင် တစ်ရာကျော်ကို တစ်ချက်တည်းဆုံးရှုံးလိုက်ရသည့်ခံစားချက်ကို ခံစားကြရပေလိမ့်မည်ဖြစ်သည်။

‘ငါ့ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ မဟုတ်ရင် ငါအဆင်ပြေမှာမဟုတ်ဘူး’ ချူးယွင်ဖန်းသူ့ဘာသာ တွေးနေမိသည်။

သူ့အတွက် ဤကဲ့သို့ လက်စားချေခြင်းက လုံလောက်သည်။ သို့သော် သူ၏ လက်ရှိအင်အားသည် ယခုထက်ပို၍ မထောက်ပံ့နိုင်ပေ။ ယခု ချူးယွင်ဖန်း၏လမ်းရှေ့တွင် ရပ်နေသူမှာ ကျန်းလင်းရှောင် ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် လက်ရှိတွင် ပြည်ထောင်စုတက္ကသိုလ်၏ နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။

ချူးယွင်ဖန်း၌ အချိန်မကျန်လှတော့ပေ။ သူရင်ဆိုင်ရမည့်အရာမှာ ကျန်းလင်းရှောင် သာမက ကျန်းမိသားစုလည်းဖြစ်သည်။

ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲကို ဆင့်ခေါ်၍ ၎င်း၏ကျောပေါ်သို့ ခုန်တက်သွားသည်။ ထို့နောက် ပြည်ထောင်စုတက္ကသိုလ်ဘက်သို့ ထွက်ခွာသွားကြသည်။ ဂေါင်ဟုန်ချီ၏ကုသမှုကို နှောင့်နှေးစေရန်မသင့်တော်ပေ။

စစ်မြေပြင်မှ ချူးယွင်ဖန်းထွက်ခွာပြီး မကြာမီတွင် ပထမအသုတ်လူများ ရောက်လာကာ အလောင်းများစွာကို မြေပြင်‌ပေါ်၌ တွေ့လိုက်ရသဖြင့် အံ့သြသွားကြသည်။ ၎င်းတို့ အားလုံး၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာများကို ဖုံးကွယ်ထား၍မရပေ။ အားလုံးက အလွန်ထိတ်လန့်သွားကြသည်။ ဤနေရာသို့ ရောက်ရှိလာသောအခါတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကိုမြင်ရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။

သတင်းရပြီးနောက် ၎င်းတို့ ပြေးသွားကြသည်။ ပြတ်ပြတ်သားသားပြောရလျှင် လူတစ်ယောက်က ၎င်းတို့ကို ထိုးနှက်မည်ကို ကြောက်နေကြခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ဤကဲ့သို့ လူများအားလုံးကို သတ်လိုက်ပုံရကာ သူ၏ ခွန်အားနှင့် ပတ်သက်၍ လူတိုင်း၏ ထင်မြင်ယူဆချက်များကို ချိုးဖျက်လိုက်သော်လည်း ဤမျှထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့ရမည်ကို မမျှော်လင့်ထားသေးပေ။

"ဒါတွေ... ဒါတွေအကုန်လုံးက ကျန်း နဲ့ ဟွမ် မိသားစုက ကျွမ်းကျင်သူတွေပဲ"

မကြာခင်၌ပင် ၎င်းတို့ အတည်ပြုခဲ့ကြသည်။ ဤလူများစွာသည် တစ်ချိန်က ကမ္ဘာကြီးကို လှုပ်ခတ်သွားစေသည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။ အထူးသဖြင့် ကျန်းရို့ရှုနှင့် ဟွမ်တု တို့ဖြစ်သည်။ ဤအဆင့် ကျွမ်းကျင်သူများသည် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူများစာရင်းတွင် ပါဝင်သည်။ ဤကဲ့သို့သော သူမျိုးကို အချို့သူများသည် ရန်စ၍မရကြောင်း မျိုးဆက်သစ်လူငယ်များကို သတိပေးရန် အသုံးပြုခဲ့သည်။

ကျန်းရို့ရှုနှင့် ဟွမ်တုတို့သည် ပတ်ဝန်းကျင်တွင် အထူးခြားဆုံးသော တည်ရှိမှုများ မဟုတ်သော်လည်း၊ ဤစာရင်း၏ အဆုံးတွင်ပင် သာမန်လူများအတွက် လူသတ်နတ်ဘုရားများကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများပင် ဖြစ်သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဟွမ်မိသားစုနဲ့ ကျန်းမိသားစုတို့က ချူးယွင်ဖန်းကို တိုက်ခိုက်ဖို့ ပူးပေါင်းခဲ့ကြတာ” လူတစ်ယောက်က အံ့သြစွာအော်သည်။

“ကြည့်ရတာ အမှားအယွင်းမရှိသလိုပဲ။ ချူးယွင်ဖန်း ဘာလို့ တက္ကသိငုလ် မြို့တော်က အမြန်ထွက်သွားလဲဆိုတာကို အံ့သြနေတာ။ ကျန်းမိသားစု နှင့် ဟွမ်မိသားစု တို့ရဲ့ နည်းလမ်းတွေနဲ့ သူ့ကို ဒီနေရာထိ မျှားခေါ်လာတယ်ထင်တယ်။ ချူးယွင်ဖန်းက ဒီလောက် ကြောက်ဖို့ကောင်းလိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ကြလောက်ဘူး”

တက်ရောက်လာသူ အများစုမှာ အတွေ့အကြုံရင့် စစ်မှုထမ်းဟောင်းများ ဖြစ်သည်။ အခင်းဖြစ်ပွားရာ အခြေအနေကို အခြေခံ၍ အခြေအနေကို အများစု ခန့်မှန်းနိုင်ခဲ့ကြသည်။ လုံး၀ မတိကျသော်လည်း ဖြစ်ပျက်ခဲ့သည်ကို ဆုံးဖြတ်ရန် လုံလောက်သည်။

ထိုမှသာ လူအုပ်ကြီးက တုံ့ပြန်လာခဲ့သည်။ ချူးယွင်ဖန်း ဤမျှ အလျင်လိုနေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ဤအကြောင်းအရာ၏ အဓိကဇာတ်ကောင်များသည် ၎င်းတို့မဟုတ်ဘဲ ကျန်းမိသားစု၊ ဟွမ်မိသားစု နှင့် ချူးယွင်ဖန်းတို့ဖြစ်ကြောင်း သိလာရသည်။ ၎င်းတို့ လမ်းတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသော အတားအဆီးများသည် အသေးအမွှားများသာဖြစ်သည်။

ဤအရာကို လူများစွာက တွေးမိပြီးနောက် ဆံပင်များထောင်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျန်းမိသားစု နှင့် ဟွမ်မိသားစုတို့သည် ပြည်ထောင်စုတစ်ခုလုံးတွင် ထိပ်တန်းအင်အားစုများဖြစ်သည်။ လူတစ်ဦးတည်းကို ကိုင်တွယ်ရန် မိသားစုနှစ်စုက ပူးပေါင်းခဲ့ကြသည်မှာ မည်သို့သော မြင်ကွင်းမျိုးဖြစ်မည်ကို သူတို့ ရိုးရိုးရှင်းရှင်းပင် မတွေးနိုင်ကြပေ။

ပိုကြောက်မက်ဖွယ်ကောင်းသည်မှာ မိသားစုနှစ်စုက ချူးယွင်ဖန်းကို ဝိုင်း၍ မချေမှုန်းနိုင်ခဲ့ကြခြင်းဖြစ်သည်။

All Chapters