အခန်း (၆၂၅-၆၂၇)
Vol. 42 Ch. 625-627
အခန်း (၆၂၅) ထိတ်လန့်ခြင်းနှင့် ကြောက်ရွံ့ခြင်း
မိသားစုနှစ်စု၏ ပေါင်းစပ်ကြိုးပမ်းမှုထက် ပိုကြောက်မက်ဖွယ်ကောင်းသည်မှာ အမှန်တကယ် မအောင်မြင်ခဲ့ခြင်းဖြစ်သည်။ မည်သို့သော အခြေအနေမျိုးဖြစ်မည်ကို မည်သူမျှ တွေးကြည့်၍ မရပေ။
နာမည်ကြီးမြို့များမှ ထိပ်တန်းကျွမ်းကျင်သူများသည် ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်းရှိသော်လည်း ချူးယွင်ဖန်းသည် ထိုထိပ်တန်းကျွမ်းကျင်သူများထဲမှ တစ်ယောက်မဟုတ်သည်မှာ သေချာသည်။
‘ဒါဆို သူတို့ဘာတွေမြင်နေတာလဲ’
ကျန်းမိသားစုနှင့် ဟွမ်မိသားစုမှ ကျွမ်းကျင်သူများသည် မြေပြင်ပေါ်၌ လဲကျနေကာ အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့ မသိသော လူများ များစွာရှိသော်လည်း အလယ်အလတ်တိုက်ခိုက်ရေးမက်ခါများအကြောင်း သိကြသည်။ အခြေခံတိုက်ခိုက်ရေးမက်ခါများကို ဘေးဖယ်ထားခြင်းဖြင့် ထိုအလယ်အလတ် တိုက်ခိုက်ရေးမက်ခါများသည် မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည်။ ဤအလယ်အလတ်တိုက်ခိုက်ရေးမက်ခါရှစ်ခုသည် မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်ရှစ်ဦးနှင့် နှိုင်းယှဉ်နိုင်သည်။ ထို့အပြင် ဒါဇင်နှင့်ချီသော မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများစွာပါဝင်နေသည့်တိုင် ချူးယွင်ဖန်းက ၎င်းတို့အားလုံးကို သတ်ပစ်ခဲ့သည်။
မကြာခင်၌ပင် ကျန်းရို့ရှုနှင့် ဟွမ်တုတို့၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ၎င်းတို့နှစ်ယောက်၏ အလောင်းများကို တွေ့လိုက်ရသောအခါ အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။
တခြားသူများ၏ ခွန်အားကို အဆုံးအဖြတ်ပေးနိုင်ရုံသာဖြစ်သော်လည်း ၎င်းတို့ထဲမှ အများစုသည် ကျန်းမိသားစုနှင့်ဟွမ်မိသားစုတို့၏ လျှို့ဝှက်တပ်များ ဖြစ်ကြသောကြောင့် ၎င်းတို့ကို အမည်ပေးရန် နည်းလမ်းမရှိပေ။ သို့သော် ကျန်းရို့ရှု နှင့်ဟွမ်တုတို့သည်မူ မတူကြပေ။ ၎င်းတို့သည် တကယ့် အထွတ်အထိပ် ကျွမ်းကျင်သူများဖြစ်ကြသည်။
၎င်းတို့သည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ အပြင်းထန်ဆုံး ကျွမ်းကျင်သူများ မဟုတ်သော်လည်း ၎င်းတို့ထက် များစွာ သန်မာသည်မှာ သေချာသည်။ ကျန်းရို့ရှု ဖြစ်စေ ဟွမ်တုဖြစ်စေ နှစ်ယောက်စလုံးက ၎င်းတို့ကို ရှင်းပစ်ရန် ခွန်အားအလုံအလောက်ရှိသည်။ အဆုံးသတ်တွင် ၎င်းတို့သည် မသန်မာလှကြပေ။ ၎င်းတို့ တကယ် သန်မာသည်ဆိုလျှင် ဤမျှ မြန်မြန် ပြေးလာနိုင်လိမ့်မည်မဟုတ်ပေ။
ကျန်းရို့ရှု နှင့် ဟွမ်တုနှစ်ဦးစလုံးသည် ပြည်ထောင်စုတစ်ခုလုံးကို စိုးမိုးရန် ခွန်အားရှိကြသည်။ ယခုမူ နှစ်ယောက်လုံး ဤနေရာတွင် သနားဖွယ်ကောင်းစွာ ကွယ်လွန်သွားကြပြီဖြစ်သည်။ ဤသည်က ကြောက်မက်ဖွယ် အကောင်းဆုံးအပိုင်းဖြစ်သည်။
‘ဘယ်သူလုပ်ခဲ့တာလဲ’
ယင်းနှင့်ပတ်သက်နေသည်မှာ အသေအချာပင် ချူးယွင်ဖန်းဖြစ်သည်။
ထို့အပြင် ဤအရာက ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်သည်။ မူလက ချူးယွင်ဖန်းကို အဘယ်ကြောင့် အမှီမလိုက်နိုင်ရခြင်းပေါ်မူတည်၍ ၎င်းတို့ ညည်းညူနေခဲ့ကြသည်။ ယခုမူကား သူတို့သည် စိတ်သက်သာရာရသကဲ့သို့ ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့သည် သူ့ကို လိုက်မမီနိုင်ခဲ့ပေ။ မဟုတ်ရင် အကျိုးဆက်များကို မှန်းဆ၍ ရမည်မဟုတ်ပေ။
ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် လက်ရွေးစင်တစ်ရာကျော် မွေးဖွားခြင်းနယ်မြေအဆင့် သခင်တစ်ဒါဇင်ကျော်ကို စေလွှတ်ခဲ့ရာ ကျန်းရို့ရှု နှင့် ဟွမ်တုကဲ့သို့သော လူများပင် ပါဝင်သည်။ သို့တိုင် သူတို့အားလုံးသည် ချူးယွင်ဖန်း၏လက်ဖြင့် ဝမ်းနည်းစွာ သေဆုံးသွားကြသည်။ ပြန်တိုက်ရန် အင်အားပင်မရှိကြပေ။ ၎င်းတို့သာဖြစ်လျှင် အကျိုးဆက်များသည် ကို ခန့်မှန်း၍ ရနိုင်မည်မဟုတ်ပေ။
၎င်းတို့ ပါဝင်ပက်သက်နေသည်နှင့် သေဆုံးရမည်မှာ သေချာသည်။
"ချူးယွင်ဖန်းက ငါတို့နဲ့ ကိုင်တွယ်နိုင်တဲ့သူတစ်ယောက်မဟုတ်တော့ဘူး" လူတစ်ယောက်က တံတွေးမျိုချလျက်ပြောလိုက်သည်။
"မှန်တယ်။ ဆက်လုပ်နေရင် အကျိုးဆက်က မှန်းဆလို့ မရဘူး” အခြားတစ်ယောက်သည် မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်ကာ ယုံကြည်မှု ပျောက်ဆုံးသွားသည်။
အကယ်၍ တစ်စုံတစ်ဦးသည် ၎င်းတို့၏ မြင်သောအရာကြောင့် ကြောက်လန့်ရကြောင်း ကြိုပြောခဲ့လျှင် ထိုကဲ့သို့ အဓိပ္ပါယ်မဲ့သော အရာကို ယုံကြမည်မဟုတ်ပေ။ သူတို့သည် ရာနှင့်ချီသော တိုက်ပွဲများကို ဖြတ်သန်းခဲ့ရ၍ စစ်မြေပြင် အမျိုးမျိုးကို ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့ မြင်သောအရာကြောင့် မည်ကဲ့သို့ ကြောက်ရွံ့နိုင်ကြလိမ့်မည်နည်း။
သို့သော် ယခုအချိန်တွင်မူ ၎င်းတို့၏ ဆံပင်များအားလုံး ထောင်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အကြောင်းပြချက်က ရိုးရှင်းသည်။ အခင်းဖြစ်ပွားရာနေရာနှင့် ကျန်ရစ်ခဲ့သော သဲလွန်စများမှ ၎င်းတို့သည် ပြင်းထန်သော တိုက်ပွဲမဟုတ်ကြောင်း ပြောနိုင်သည်။
ယင်းမှာ ပြီးပြည့်စုံသော လူသတ်ပွဲတစ်ခုပင်ဖြစ်၏။
ချူးယွင်ဖန်းကို စတင်ခြေရာခံပြီး အချိန်တိုမျှသာ ကုန်လွန်သွားခဲ့သည်။ ကြားကာလက မကြာလှသော်လည်း ချူးယွင်ဖန်းက သူ၏ သတ်ဖြတ်မှုကို အပြီးသတ်ခဲ့ပြီဖြစ်၏။
ဤသည်မှာ ကြောက်မက်ဖွယ်အကောင်းဆုံးအပိုင်းဖြစ်သည်။ ၎င်းက အံ့သြဖွယ်ကောင်းလှသော သတ်ဖြတ်မှုပင်ဖြစ်၏။
ဤလူအုပ်စု ထွက်သွားပြီးသည့်နောက် နောက်လူတစ်စု အမြန်ရောက်လာသည်။ ဤစစ်မြေပြင်ကို မြင်သောအခါ စကားမပြောနိုင်ဘဲ မည်သို့ ပြောရမည်ကိုမသိ ဖြစ်နေကြသည်။ တစ်နည်းအားဖြင့် ချူးယွင်ဖန်း၏ ရက်စက်မှုကြောင့် ၎င်းတို့အားလုံး ထိတ်လန့်သွားကြသည်။
ချူးယွင်ဖန်း၏ အလိုဆန္ဒအတိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသတင်း စတင်ပျံ့နှံ့လာခဲ့သည်။ ချူးယွင်ဖန်း၏ ပန်းချီကား နှင့် အတွင်းအူတိုင်ကို ဖယ်ထုတ်ရန် ကြိုးစားသူများ တွန့်ဆုတ်လာကြသည်။ ပစ္စည်းများသည် အလွန်တန်ဖိုးရှိသော်လည်း ၎င်းတို့ကို ရယူနိုင်စွမ်းရှိမရှိကို ကြည့်ရှုရမည်ဖြစ်သည်။
"ကျန်းမိသားစုနဲ့ ဟွမ်မိသားစုကလူတွေအားလုံး သုတ်သင်ခံလိုက်ရတာလား”
ထိုသတင်းကို လူအများကြားသိပြီးနောက် မယုံနိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားကြသည်။
“ဒီကလေးက ကိုင်တွယ်ဖို့ မလွယ်ဘူး။ သူအရမ်းရက်စက်တာပဲ"
"မှန်တယ်။ မိုးကြိုးမုန်တိုင်း ကြေးစားအဖွဲ့က အရမ်းကြီးတဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့ဖြစ်ပေမယ့် ချူးယွင်ဖန်းက သူတို့ လက်ရွေးစင်တစ်ဝက်လောက်ကို သတ်ဖြတ်ခဲ့တယ်။ ခံနိုင်ရည်ရှိမယ်လို့ ပြောကြပေမယ့် ဆုံးရှုံးမှုကြီးကြီးမားမား ခံလိုက်ကြရတာပဲ။ ချူးယွင်ဖန်းနဲ့ ပြဿနာရှာဖို့ သူတို့ လက်လျှော့လိုက်ပြီဆိုပြီး ငါကြားတယ်”
“အမှောင်သွေးကန်လည်း ရှိတယ်။ သူတို့လည်း မွေးဖွားခြင်းနယ်မြေအဆင့် သခင်ငယ်ကို ဆုံးရှုံးခဲ့လို့ လက်စားချေကြလိမ့်မယ်။ အနည်းစုကပဲ သူတို့ကို ဆင်းရဲဒုက္ခဖြစ်စေပြီး သူတို့ရဲ့မာနကို ချိုးနိုင်တာ”
“သူတို့ လုပ်မယ်လို့ ထင်တယ်။ ဒါပေမယ့် မကြာခင်မှာ အခွင့်အရေးတစ်ခုကို ရှာတွေ့ဖို့ အရမ်းခက်ခဲလိမ့်မယ် ထင်တယ်။ မွေးဖွားခြင်းနယ်မြေအဆင့် သခင်ငယ်သည် အမှောင်သွေးကန်ရဲ့ လက်ရွေးစင်တွေထဲက တစ်ယောက်ပဲ။ အဲ့သခင်လေးကလွဲပြီး တိုက်ပွဲတစ်ခုတည်းမှာ ချူးယွင်ဖန်းသတ်တာခံလိုက်ရတဲ့ သွေးကျွန်အများကြီးလည်း ရှိသေးတယ်။ အခြေအနေ အရပ်ရပ်ကို မင်းတို့ မမြင်ကြဘူး။ ဒါက ပြည်ထောင်စုတပ်မတော်ကိုတောင် ထိတ်လန့်စေတယ်။ ငါရလာတဲ့အချက်အလက်အရ အဲသခင်လေးက ချက်ချင်းပဲ အသတ်ခံခဲ့ရတယ်”
သတင်းမျိုးစုံသည် စက်ဝိုင်းငယ်တစ်ခုအတွင်း ပျံ့နှံ့သွားသည်။ ချူးယွင်ဖန်း၏ ရတနာများကို လိုချင်တပ်မက်သူ အများအပြားအတွက် ဤသည်မှာ သတင်းကောင်း မဟုတ်သည်မှာ သေချာသည်။
သို့သော် လူအများစုက မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မသိကြပေ။ ချူးယွင်ဖန်းသည် တစ်နာရီကျော်အကြာတွင် တက္ကသိုလ်မြို့တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကံကောင်းထောက်မစွာ သူသည် သူ၏ဆေးဖက်ဝင်ဆေးများကို အလကားရသကဲ့သို့ ဂေါင်ဟုန်ချီအတွက် အသုံးပြုခဲ့သည်။ ထို့ကြောင့် ဂေါင်ဟုန်ချီ၏ အခြေအနေ တည်ငြိမ်သွားခဲ့သည်။ ထို့အပြင် တောင်မြစ်ပန်းချီကားအတွင်းတွင်ရှိနေပါက ခရီးသွားတစ်လျှောက် ကြုံရမည့် အခက်အခဲများကို ဖြတ်သန်းရန် မလိုအပ်ပေ။ ထို့အပြင် ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသဖြင့် သူကို ကယ်တင်နိုင်၏။
မည်သို့ပင်ဆိုစေကာမူ ဂေါင်ဟုန်ချီ၏ဒဏ်ရာများသည် ဆေးရုံမှမဆင်းမီ နှစ်လခန့်အနားယူရမည်ဖြစ်သည်။ ခေတ်မီဆေးဘက်ဆိုင်ရာနည်းပညာဖြင့်ပင် ၎င်းကို ပြင်းထန်သောဒဏ်ရာဟု ယူဆရ၏။ ချူးယွင်ဖန်းသာ အချိန်မီ မရောက်ပါက ကျန်းဖေးယန်နှင့် အခြားသူများ မလှုပ်မရှားပင်လျှင် ဂေါင်ဟုန်ချီထိန်းထားနိုင်မည်မဟုတ်ပေ။
ဂေါင်ဟုန်ချီကို ကယ်တင်နိုင်ခဲ့သော်လည်း ဤအဖြစ်အပျက်သည် ချူးယွင်ဖန်းကို ထိတ်လန့်စေခဲ့သည်။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် သူထင်ထားသည်ထက် ပို၍ အရှက်မရှိကြပေ။ ၎င်းတို့က အရာအားလုံးကို လုပ်ကြပေလိမ့်မည်။
ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရသည်။ သူသည် ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ မာနထောင်လွှားမှုကို ရက်စက်စွာ ချိုးနှိမ်ဖျက်ဆီးပစ်ခဲ့သည်။ သို့သော ဤမိသားစုနှစ်ခု၏ အခြေအနေအရတော့ ၎င်းတို့က ယင်းကို အလွယ်တကူ အလွတ်ပေးကြမည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ဂေါင်ဟုန်ချီကို အခြေချပေးပြီးနောက် သူ့ကို လာရှာသော ဆရာဖြစ်သူ ကျန်းယွမ်ပင်နှင့်တွေ့၏။
ဂေါင်ဟုန်ချီ၏ လူနာဆောင်အပြင်ဘက်တွင် ကျန်းယွမ်ပင်က ချူးယွင်ဖန်းကို ကြည့်၍ ပြောသည်။
"သူတို့ ဒီလောက် စက်ဆုပ်ဖို့ ကောင်းလိမ့်မယ်လို့ ငါမထင်ထားဘူး။ သူတို့က ငါ့ကို အချိန်ဆွဲဖို့ လှည့်ကွက်တွေသုံးတယ်။ ဒီတစ်ခါတော့ မင်းနည်းနည်း သတိလွတ်သွားတာပဲ”
“ဒါက ပုံမှန်ပါပဲ။ သူတို့က ကျွန်တော့်ကိုသတ်ပြီး ရှောင်မရတဲ့ ပိုက်ကွန်တစ်ခုကို ထူထောင်ချင်တာကြောင့် သူတို့ဟာ နေရာတိုင်းမှာ သေချာပေါက် ပါဝင်လာလိမ့်မယ်” ချူးယွင်ဖန်းက ခေါင်းယမ်း၍ ပြောလိုက်သည်။
“ကျွန်တော် နည်းနည်း သတိမထားလိုက်မိပေမယ့် ဆင်မခြင်ဖြစ်နေပေမယ့် ကျွန်တော့်မှာ ရွေးချယ်ခွင့်မရှိလိုက်ဘူး။ အဲ့တာ ကျွန်တော့် ညီကိုကောင်းပါ။ သူ့ကို ဒီတိုင်းအသေခံခိုင်းလို့မရဘူးလေ”
ကျန်းယွမ်ပင်က သက်ပြင်းချလိုက်သည်။
“ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ရအောင်။ မင်းအရင်ကပေးခဲ့တဲ့ စာရင်းထဲက ဆေးဖက်ဝင်အပင်တွေအားလုံးကို ငါစုဆောင်းပြီးပြီ။ ဘယ်အချိန်မှာ မင်း ဆေးစစပ်နိုင်မလဲ”
အခန်း(၆၂၆) အစွမ်းရှိသမျှဖြင့် တိုက်ခိုက်ခြင်း
ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ ဤကာလအတွင်း သူအကောင်းဆုံးလုပ်ဆောင်၍ ချူးယွင်ဖန်းပေးသောစာရင်းမှ ဆေးဖက်ဝင်ပစ္စည်းများကို စုဆောင်းရန် ရင်းမြစ်များနှင့် အဆက်အသွယ်များအားလုံးကို အသုံးပြုခဲ့သည်။
လူတစ်ဦးကို နတ်စွမ်းအင်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်စေနိုင်မည့် ဆေးလုံးသည် သာမာန်ဆေးဖက်ဝင်ပစ္စည်းများဖြင့် ပြုလုပ်နိုင်သော အရာမဟုတ်ပေ။ ဆေးလုံး၏ ဆေးဖက်ဝင်ထိရောက်မှုသည် အသုံးပြုထားသော ပါဝင်ပစ္စည်းများ၏ အဖိုးတန်မှုနှင့် အချိုးကျသည်။
ဤသည်မှာ ဆေးလောက၏ ထာဝရအမှန်တရားဖြစ်သည်။ ဆေးပညာနယ်ပယ်တွင် ထာဝရဖွံ့ဖြိုးတိုးတက်မှု၏ အဓိကဦးတည်ချက်ဖြစ်မည့် လမ်းကြောင်းနှစ်ခုရှိသည်။ မတူညီသော လိုအပ်ချက်များအရ မတူညီသော ဆေးဖော်မျူလာများကို လေ့လာရန်ဖြစ်ကာ နောက်တစ်ခုသည်မူ ရှိပြီးသား ဖော်မြူလာများကို စဉ်ဆက်မပြတ် မြှင့်တင်ရန်ဖြစ်သည်။
သို့သော် ယေဘူယျအားဖြင့် ကောင်းကင်ဘုံကို အံတုနိုင်သော ဆေးဖက်ဝင်ဆေးလုံးများပြုလုပ်ရန် အလွန်စျေးပေါသော ဆေးဖက်ဝင်ပစ္စည်းများကို အသုံးပြုလိမ့်မည်မဟုတ်ပေ။ ဤအရာသည် ပစ္စည်းထုတ်လုပ်ခြင်း၏ ရည်ရွယ်ချက်ဥပဒေနှင့် မကိုက်ညီပေ။
ချူးယွင်ဖန်း၏ ဆေးဧကရာဇ်နှင့်ပတ်သက်သော မှာတ်ဉာဏ်များကဲ့သို့ပင်ဖြစ်သည်။ ကုန်ကျစရိတ် မပြောင်းလဲသော အခြေအနေအောက်တွင် သူထုတ်လုပ်သော ဆေး၏ ဆေးအာနိသင်သည် နှစ်ဆထိရောက်သည်။ ဤအရာသည် ကောင်းကင်ဘုံကို အံတုနိုင်ရန်ပင် လုံလောက်၏။
ထိုကဲ့သို့ တိုးတက်အောင်ပြုလုပ်ခဲ့သူမှာ ဆေးပညာနယ်ပယ်မှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အခြားသူများက ဆယ်စုနှစ်ကျော်ကြာ လေ့လာ၍ ဆေးတစ်မျိုး၏ ဆေးအာနိသင်ကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခြင်းကသည်ပင် အလွန်တုန်လှုပ်ဖွယ်ကောင်းနေပြီဖြစ်သည်။
ထို့ကြောင့် ကျန်းယွမ်ပင်ပြောခဲ့သည့် ဒေဝါလီခံရခြင်းနှင့်ပတ်သက်သော အကြောင်းသည် ဟာသတစ်ခုမဟုတ်ပေ။ သူ့တွင်ရှိသမျှသော ပိုက်ဆံများအားလုံးကို အသုံးပြုရမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုစဥ်က ဝယ်ယူရန် များစွာကြိုးစားခဲ့ရသော သိမ်းငှက်နက်စစ်လေယာဥ်ကိုပင် ရောင်းချခဲ့ရသည်။
ကျန်းယွမ်ပင်သည် စိတ်ထဲ၌ နာကျင်ရသော်လည်း ထိုအရာများကို ပြုလုပ်သည့်အခါ မျက်တောင်မခတ်ခဲ့ပေ။ အချက်တစ်ချက်ကို သူ ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီးဖြစ်သည်။ ဆုံးရှုံးသွားသော အရာသည် ပြန်ရနိုင်သည်။ နတ်အဆင့်ကို ဖြတ်ကျော်နိုင်ပါက ဆုံးရှုံးသွားသောငွေ၏ ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် ပြန်လည်ရရှိမည်မှာ သေချာသည်။
နတ်အဆင့်ကျွမ်းကျင်သူများသည် မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်သို့ပင် ရောက်နေသော သိုင်းသမားများနှင့် များစွာကွာခြားသည်။ ကျန်းယွမ်ပင်သာ နတ်ဘုရားမဖြစ်လာပါက သူသည် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
ယခု အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို နတ်စွမ်းအင်ဖြည့်တင်းဆေး ပြုလုပ်ရန်စောင့်နေသည်။ ၎င်း၏အကူအညီဖြင့် သူသည် နတ်အဆင့်သို့ ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ထားသည်။
ထို့နောက် ကျန်းယွမ်ပင်သည် လောကတစ်ခွင်ရှိ ကျွမ်းကျင်ပညာရှင် အနည်းငယ်ထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်သည်။
မှန်သည်။ မအောင်မြင်ပါက ကျန်းယွမ်ပင်သည် အရာအားလုံးကို ဆုံးရှုံးသွားနိုင်သည်။ ထိုကဲ့သို့ ကြွယ်ဝမှုကို ထပ်မံစုဆောင်းရန် သူ့အတွက် အချိန်များစွာ ယူရဦးမည်ဖြစ်သည်။ သို့သော် ကျန်းယွမ်ပင်သည် ချူးယွင်ဖန်းကို ယုံကြည်သောကြောင့် လောင်းကြေးထပ်ရန် ဆန္ဒရှိသည်။
အကယ်၍ သူရှုံးခဲ့လျှင် သာမန်လူများအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာမှန်သမျှ ဆုံးရှုံးရပေလိမ့်မည်။ သို့သော် သူ့အဆင့်ရှိ ကျွမ်းကျင်သူများအတွက်မူ သူပြန်မလာနိုင်မီ အချိန်တစ်ခုသာဖြစ်သည်။
"ပြင်ဆင်မှုတွေလုပ်ပြီးမှ ကျွန်တော်စမယ်” ချူးယွင်ဖန်းက ပြောသည်။
ဤအဖြစ်အပျက်သည် ချူးယွင်ဖန်းအတွက် သတိပေးခေါင်းလောင်းသံတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ သူ အမှန်တကယ်ပင် ကြီးမားသော ကျောထောက်နောက်ခံတစ်ခုကို လိုအပ်လျက်ရှိသည်။ သာမန်လူတစ်ယောက်သည် ဤကျောထောက်နောက်ခံကို အားကိုးနိုင်မည်မဟုတ်သော်လည်း ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့သည် သူ့ကို အရိုးထဲမှနက်ရှိုင်းစွာ မုန်းတီးကြသည်။ ယခုအခါ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်၏ သတ္တမအဆင့်ကဲ့သို့သော ထောက်တိုင်တစ်ခုကို စုစည်းထားပြီးဖြစ်သည်။
ယခုအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် နောက်ဆက်တွဲအကျိုးဆက်များကို မှန်းဆ၍ပင်ရနိုင်မည်မဟုတ်ပေ။ ယခုတစ်ကြိမ် ကျန်းမိသားစုနှင့်ဟွမ်မိသားစုတို့၏ အစီအမံများ မအောင်မြင်ခဲ့သော်လည်း ၎င်းတို့၏ စရိုက်လက္ခဏာအရ ဤကိစ္စကို ငြိမ်ခံနေကြလိမ့်မည်မဟုတ်ပေ။
အချိန်ကျလာသောအခါတွင် ၎င်းတို့တွင် မွေးဖွားခြင်းနယ်မြေ အထွတ်အထိပ် ပညာရှင်တစ်ဦးပင် ရှိပေမည်။ ချူးယွင်ဖန်း၏ ခွန်အားသည် ပေါက်ကွဲ၍ တိုးမလာပါက၊ သူသည် ခိုင်မာသော ကျောထောက်နောက်ခံ လိုအပ်သည်။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် အချိန်၏အရေးကြီးမှုကို ခံစားလိုက်ရပြန်သည်။ သူ အမှန်တကယ်ပင် အချိန်ပိုလိုအပ်သည်။
"ကောင်းပြီ။ မင်းအဆင်သင့်ဖြစ်ရင် ငါ့လေ့ကျင့်ရေးခန်းမကို လာပါ။ အချိန်တန်ရင် ငါ့ရဲ့ ခံစစ်အစီအမံတွေအားလုံးကို အသက်သွင်းလိုက်မယ်။ အဲ့ကျရင် နတ်အဆင့်ကျွမ်းကျင်သူတွေတောင် ဝင်ဖို့ ခက်လိမ့်မယ်”
ကျန်းယွမ်ပင်၏လေ့ကျင့်ရေးခန်းမသည် သူ၏အရင်းအမြစ်များကို အများဆုံးသုံးစွဲသည့်နေရာဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ထဲကို ရောက်သွားစဥ်မှစ၍ သူ၏ လေ့ကျင့်ရေးခန်းမကို စတင်တည်ဆောက်ခဲ့သည်။
ဤအရာသည် သူ၏အသိုက်ဖြစ်၍ ၎င်း၏လျှို့ဝှက်ချက်အများစုပါရှိသည်။ သူသည် ကာကွယ်ရေးပစ္စည်းမျိုးစုံကို တစ်ခုပြီးတစ်ခု ဝယ်ယူခဲ့ရာ ယခုအချိန်တွင် လျှို့ဝှက်ခံတပ်ဖြစ်လာပြီဖြစ်သည်။ လက်နက်အပြည့်အစုံတပ်က ဖြုတ်ချချင်သည်ဆိုလျှင်ပင် အချိန်တိုအတွင်း ပြီးနိုင်မည့်အရာမဟုတ်ပေ။
သိုင်းပညာရှင်အများစုအတွက် ဤသည်က စံနှုန်းတစ်ခုဖြစ်သည်။ ကျင့်ကြံခြင်း၊ သီးသန့်လေ့ကျင့်ခြင်း သို့မဟုတ် သုတေသနပြုခြင်းဖြစ်စေ သိုင်းပညာရှင်များသည် လုံးဝလုံခြုံသော နေရာတစ်ခု လိုအပ်သည်။
မှန်သည်။ ချူးယွင်ဖန်းအတွက်မူ တောင်မြစ်ပန်းချီကားထက်ပို၍ လုံခြုံသော နေရာမရှိတော့ပေ။ ထို့ကြောင့် လေ့ကျင့်ရေးခန်းမမလိုအပ်ပေ။ ဤပန်းချီကားအတွင်း၌ အရာအားလုံးကို ပြီးမြောက်သည်အထိ လုပ်ဆောင်နိုင်သည်။
ချူးယွင်ဖန်းသည် အခြားအရာများအတွက် ပြင်ဆင်ရန်လိုအပ်သေးသည်။ အထူးသဖြင့် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်နိုင်ရန်ဖြစ်သည်။ သူ၏ ကျင့်ကြံရေးအခြေခံကို အဆင့်သုံးခရမ်းရောင်ရွှေဆေးလုံးဖြင့် တွန်းအားပေးထားကာ မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် အဆင့်သုံး ခရမ်းရောင်ရွှေဆေးလုံးသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ရန်နှင့်တု မရီးဒျန်အနည်းငယ်ကို ပွင့်စေခဲ့သည်။ သို့သော် လုံးလုံးပွင့်နိုင်ရန်မူ သွားရမည့်ခရီးက ရှည်သေး၏။ ယင်းတို့ကို ဖြည်းဖြည်းချင်းဖွင့်ရန် သူ့ကိုယ်သူ အားကိုးရန် မဖြစ်နိုင်ခြင်းမဟုတ်သော်လည်း ထိုလုပ်ငန်းစဥ်က ပို၍ကြာပေလိမ့်မည်။
ချူးယွင်ဖန်း ယခုအချိန်တွင် အလိုအပ်ဆုံးအရာမှာ အချိန်ဖြစ်သည်။ ကျန်းလင်းရှောင်နှင့် သူ့အကြားရှိ တစ်နှစ်စာချုပ်သည် နီးကပ်လာပြီဖြစ်၍ ထိုစဥ်ကထက် သူ့ခွန်အားကို မမြှင့်တင်နိုင်ပါက သူအနိုင်ရနိုင်မည့်အခွင့်အလမ်းအလွန် နည်းပါးပေလိမ့်မည်။ အနိုင်ရရန်အခွင့်အရေးရရန် သူသည် မွေးဖွားခြင်းနယ်မြေအဆင့်၏တံခါးခုံကို ဖြတ်ကျော်ရမည်ဖြစ်သည်။
မွေးဖွားခြင်းနယ်မြေအဆင့်ကို မွေးဖွားခြင်းနယ်မြေဆေးလုံးတစ်လုံးတည်းဖြင့် ဖြတ်ကျော်ရန် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သော်လည်း အဆင့်သုံး ခရမ်းရောင်ရွှေဆေးလုံးသည် ချူးယွင်ဖန်း၏ ရန်နှင့်တု မရီးဒျန်အချို့ကို ဖွင့်ပေးထားပြီးဖြစ်သည်။ မွေးဖွားခြင်းနယ်မြေဆေးလုံးကို သောက်သုံးနေသရွေ့ မွေးဖွားခြင်းနယ်မြေအဆင့်ကို ဖြတ်ကျော်ရန် အနည်းဆုံး ၈၀ ရာခိုင်နှုန်း အခွင့်အလမ်းရှိသည်။
ဤကဲ့သို့ အခွင့်အလမ်းကြီးမျိုးရှိခြင်းက ချူးယွင်ဖန်းကို သူ့တွင်ရှိသမျှ အကုန်ထုတ်သုံးစေရန် လုံလောက်သည်။
သို့သော် ထိုမတိုင်မီတွင် ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေဆေးလုံးအတွက် ဆေးဖက်ဝင်ပစ္စည်းများကို ဦးစွာစုဆောင်းရသည်။ သူလုပ်မည့် မွေးဖွားခြင်းနယ်မြေဆေးလုံးသည် သာမန် မွေးဖွားခြင်းနယ်မြေ ဆေးလုံးများဖြင့် မတူပေ။ ၎င်း၏ဆေးဖက်ဝင်အာနိသင်သည် အဆများစွာပိုမိုပြင်း၍ ၎င်း၏စျေးနှုန်းမှာလည်း သာမန် မွေးဖွားခြင်းနယ်မြေ ဆေးလုံး များနှင့် မနှိုင်းယှဥ်နိုင်ပေ။
သာမန် မွေးဖွားခြင်းနယ်မြေဆေးလုံးတစ်လုံး၏ စျေးနှုန်းမှာ ယွမ် သန်းတစ်ရာကျော်ဖြစ်သည်။ ချူးယွင်ဖန်းတီထွင်လိုသော မွေးဖွားခြင်းနယ်မြေ ဆေးအတွက် ဆေးဖက်ဝင်ပစ္စည်းများ၏ တန်ကြေးမှာ ယွမ်သန်း ငါးရာကျော်ရှိသည်။ ထို့အပြင်ယင်း၌ သူနှင့်အဆင့်တူသော ဆေးပညာရှင်ကို ငှားရမ်းခမပါပေ။
ချူးယွင်ဖန်း၏ရန်ပုံငွေအရင်းအမြစ်သည် ယခု သဘာဝအလျောက် ရှန်ဟဲဆေးကုမ္ပဏီ မှဖြစ်သည်။ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့၏ ခြိမ်းခြောက်မှုကို ဖယ်ရှားကာ ချူးမိသားစု၏ ကာကွယ်မှုကို ရရှိပြီးသည့်နောက် ရှန်ဟဲဆေးကုမ္ပဏီသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ချဲ့ထွင်နိုင်ခဲ့သည်။
လုချင်းရွှမ်သည် ကုမ္ပဏီ၏အထွေထွေမန်နေဂျာအနေဖြင့် အလွန်အလုပ်များလျက်ရှိသည်။ ချူးယွင်ဖန်း၏တောင်းဆိုချက်ကိုကြားပြီးနောက်တွင် သူမသည် မည်သို့ပင် ခက်ခဲသောအနေအထားတွင်ရှိနေစေကာမူ ဘဏ်မှ ယွမ်သန်းငါးရာ ချေးယူရန်နည်းလမ်းကို တွေးနေဆဲဖြစ်သည်။
ရှန်ဟဲဆေးကုမ္ပဏီ၏ လက်ရှိဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ဖြင့် ယွမ်သန်း ငါးရာ ချေးယူရန်လွယ်ကူသည်။ ရှန်ဟဲဆေးကုမ္ပဏီက အကြွေးပြန်ဆပ်နိုင်မည်ကို မစိုးရိမ်ကြဘဲ၊ ဘဏ်များက ရှန်ဟဲဆေးကုမ္ပဏီက ချေးငွေမယူမည်ကို ကြောက်ကြသည်။
မူပိုင်ခွင့်တင်ထားသော ချီဖြည့်တင်းဆေးသည် ရှန်ဟဲဆေးကုမ္ပဏီ အကြွေးပြန်ဆပ်ခြင်း၏ အကြီးမားဆုံးအာမခံချက်နှင့် ယုံကြည်မှုဖြစ်သည်။
တစ်ပတ်အကြာတွင် ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေဆေးလုံးကိုပြုလုပ်ရန် လိုအပ်သော ဆေးဖက်ဝင်အပင်များအားလုံးကို ဝယ်ယူပြီးဖြစ်သည်။ ထိုမှသာ ကျန်းယွမ်ပင်၏လေ့ကျင့်ရေးခန်းမသို့ သူနှင့်တွေ့ဆုံရန် အမြန်သွားခဲ့၏။
အခန်း (၆၂၇) ဆေးကျွမ်းကျင်သူ၏ ရည်မှန်းချက်
ယခုအချိန်တွင် ကျန်းယွမ်ပင်သည် ဆေးဓာတ်ခွဲခန်းတွင် ဆေးဖက်ဝင်ပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်သည်။ သူ့ဓာတ်ခွဲခန်းရှိ စက်ပစ္စည်းများသည် ရနိုင်သမျှထဲ အဆင့်အမြင့်ဆုံးဖြစ်၏။ လူသိရှင်ကြား မထုတ်ပြန်ရသေးသောအရာများစွာရှိသည်။ ကျန်းယွမ်ပင်သည် ဆေးသောက်ခြင်း၏ အောင်မြင်မှုနှုန်းကို တိုးမြင့်လာစေရန်အတွက် ၎င်း၏ ပုဂ္ဂိုလ်ရေး အဆက်အသွယ်များမှတစ်ဆင့် ၎င်းတို့ကို ရယူခဲ့သည်။
ကျန်းယွမ်ပင်သည် ဤတိုက်ပွဲကို ရှုံးနိမ့်ရန် တတ်နိုင်သော်လည်း အောင်ပွဲအတွက် အစွမ်းကုန် စွမ်းဆောင်ရမည်ဖြစ်သည်။
“ဆေးစပ်ဖို့ အချိန်လိုသလောက် အပြင်မှာ ငါစောင့်နေမယ်။ ငါ မင်းကို ကိုယ်တိုင် ကာကွယ်ပေးမယ်"
"ကောင်းပါပြီ”
နတ်စွမ်းအင်ဖြည့်တင်းဆေးသည် ၎င်းတို့နှစ်ဦးစလုံးအတွက် အလွန်အရေးကြီးပါသည်။ ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိထားသော်လည်း သူသည် ဧကရာဇ်မဟုတ်ပေ။ အကယ်၍ သူသည် ဆေးဧကရာဇ်ဖြစ်လျှင် ပြဿနာမရှိသည်မှာ သဘာဝကျသည်။ ဤအဆင့် ဆေးလုံးကို ဖော်စပ်ရာ၌ ကျရှုံးရန် မဖြစ်နိုင်ပေ။
သို့သော် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ဆေးဧကရာဇ်မဟုတ်ပေ။ ဆေးဧကရာဇ်၏ မှာတ်ဉာဏ်များကို အခြေခံ၍ ချူးယွင်ဖန်းတွင် အောင်မြင်ရန် အခွင့်အလမ်း ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရှိသည်။
ဆေးကျွမ်းကျင်သူသည် အဘယ်ကြောင့် သိုင်းပညာကျွမ်းကျင်သူဖြစ်သနည်း။ ဆေးလုံးထုတ်လုပ်သည့် လုပ်ငန်းစဉ်အတွင်း အဆန်းပြားဆုံး သိပ္ပံနည်းကျ တူရိယာများဖြင့်ပင် ရှာဖွေ၍မရသော မိနစ်ပိုင်းပြောင်းလဲမှုများစွာ ရှိခဲ့သည်။ ဤအရာများအားလုံးသည် ဆေးပညာရှင်၏ ခံယူချက်ပေါ်တွင်မူတည်သည်။
အကယ်၍ ဆေးဆရာသည် သေသူမျှသာဆိုလျှင် သူသည် ထိုကဲ့သို့သော ပြောင်းလဲမှုများကို သဘာဝအတိုင်း ခံစားနိုင်စွမ်းရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဤအရာသည် ဆေးပညာရှင်တစ်ဦးကို ထူးထူးခြားခြား ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးဖြစ်ရန် လိုအပ်သည်။
သို့သော် ချူးယွင်ဖန်းဆေးစတင် ဖော်စပ်တော့မည့်အချိန်တွင် ကျန်းယွမ်ပင်ဆီသို့ ဧည့်သည်တစ်ဦးရောက်လာ၏။ ယင်းမှာ အသက်ငါးဆယ်ခန့်ရှိပုံရသော လူတစ်ယောက်ဖြစ်၍ မျက်နှာသည် အနည်းငယ်အရုပ်ဆိုးသည်။
“ကျန်းယွမ်ပင်၊ မင်း နတ်အဆင့်ကိုဖြတ်ကျော်ဖို့ ကူညီပေးနိုင်တဲ့ ဆေးလုံးတစ်ပြားထုတ်ဖို့ မင်းစီစဉ်နေတာလား"
"မင်းဘယ်လိုသိတာလဲ ဆရာကြီးလု မင်းက သတင်းတော်တော် ရထားတာပဲ”
ကျန်းယွမ်ပင်သည် ဤကိစ္စကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ မပြောခဲ့ဖူးဘဲ ဤပုဂ္ဂိုလ်သည် သူ၏အကြီးမားဆုံးလျှို့ဝှက်ချက်ကို တိုက်ရိုက်ညွှန်ပြခဲ့သည်။ သူ မည်သို့မျှ ပြန်မငြင်းနိုင်တော့ပေ။
ကျန်းယွမ်ပင်နောက်ကွယ်မှ ချူးယွင်ဖန်းသည်လည်း ဤဆရာကြီးလုကို သိသည်။ ဤပုဂ္ဂိုလ်ကို စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။ သူသည် ဆေးကျွမ်းကျင်သူပိုင်ဟုန့်နှင့် တန်းတူဖြစ်သည်။ တကယ်တမ်းတွင် ဤလူသည် ထိုသူထက် ပို၍ နာမည်ကြီး၏။
သူသည် ဆေးပညာရှင် လုယောင်နင်ဖြစ်သည်။
ဆေးလောကတွင် နာမည်ကြီးဆေးဘုရင်မှလွဲ၍ ထိပ်တန်းဆေးဆရာအချို့လည်း ရှိသေးသည်။ ဤလူတိုင်းသည် ပြည်ထောင်စုအတွင်း သိသာထင်ရှားသော သြဇာအာဏာရှိကြသည်။ လေနှင့် မိုးကို ခေါ်နိုင်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောခြင်းဟုတ်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ အဆင့်အတန်းသည် ကျန်းယွမ်ပင်ကဲ့သို့ပင် အထွတ်အထိပ်သို့ ကျော်လွန်သွားခဲ့သည်။
ဤအဆင့် ဆေးကျွမ်းကျင်ပညာရှင်များသည် ကျန်းယွမ်ပင်ကဲ့သို့သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများထက် အဆများစွာ ရှားပါးသည်။ ထို့အပြင် ဤလူများသည် ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်သူများနှင့် မိတ်ဖွဲ့ရန် ဆေးဖက်ဝင်ဆေးလုံးများကို မကြာခဏ အသုံးပြုကြသည်။ ထိပ်တန်းကျွမ်းကျင်သူများနှင့် အဆက်အသွယ်မည်မျှရှိသည်ကို မည်သူမျှ အတိအကျမသိပေ။
ထို့အတွက်ကြောင့် ဆေးပညာရှင်များသည် အသေးအမွှားမဟုတ်ဘဲ အမြဲတစေ ထိပ်တန်းအဆင့် သတ်မှတ်ခံထားကြရသည်။
"ကျန်းယွမ်ပင်၊ ဒီလိုမဖြစ်ပါနဲ့" လုယောင်နင်က ပြုံး၍ ပြောလိုက်သည်။ သို့သော် သူ၏ နဂိုက ယုတ်မာသော အမူအရာသည် ယခုအခါ ပို၍ပင် ဆိုးသွမ်းလာပြန်သည်။
"မင်းတကယ် လျှို့ဝှက်နိုင်ခဲ့တယ်လို့ ထင်နေတာလား။ နတ်အဆင့်ကို ဖြတ်ကျော်ဖို့ မင်း ဆေးတစ်လုံးလုပ်နေတယ်ဆိုတဲ့သတင်းက အချိန်အကြာကြီး ပျံ့နေလောက်မှာစိုးတယ်” လုယောင်နင်က ပြောသည်။
ချူးယွင်ဖန်းသည် ထိုစကားကိုကြားသောအခါ ပြဿနာရှိရာအရပ်ကို ချက်ခြင်းနားလည်လိုက်သည်။ ယင်းမှာ ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။ နတ်စွမ်းအင်ဖြည့်တင်းဆေး၏ အဓိကပါဝင်ပစ္စည်းမှာ နတ်အဆင့်မွန်းစတား၏ အတွင်းအူတိုင်ဖြစ်သော်လည်း ကျန်သောဖြည့်စွက်ဆေးများနှင့် ဆေးဖက်ဝင်ပစ္စည်းများသည် အလွန်အဖိုးတန်သည်။
ဆေးဖက်ဝင် အပင်တစ်ပင်ချင်းစီ၏ ဈေးနှုန်းသည် သာမန်မွေးဖွားခြင်းနယ်မြေအဆင့်ပညာရှင်များကို ဒေဝါလီခံစေရန် လုံလောက်သည်။ ဤဆေးဖက်ဝင်အပင်များ၏ တည်နေရာသည် လူများစွာ၏ သူလျှိုများ စောင့်ကြည့်နေသည့် အရာဖြစ်သည်မှာ သေချာသည်။
ကျန်းယွမ်ပင်၏ ဆေးဖက်ဝင်အပင်များ ဝယ်ယူမှု အရှိန်သည် အလွန်နှေးကွေး၍ နှစ်များစွာ ခွဲထားမည်ဆိုပါက မျက်စိကျစရာဖြစ်မည် မဟုတ်ပေ။ သို့သော် သူသည် ဆေးဖက်ဝင်အပင်များကို အမြန်ဝယ်၍ သူ့ပိုက်ဆံများ အားလုံးကို ယင်းအတွက် အသုံးပြုခဲ့သည်။ အခြေခံအားဖြင့် သူသည် ဆေးဖက်ဝင်အပင်များအားလုံးကို ငွေအလုံးအရင်းသုံး၍ ဝယ်ယူခဲ့သည်။
အကယ်၍ ကျန်းယွမ်ပင်သည် ဆေးဖက်ဝင်အပင်များကို နှစ်အနည်းငယ်ကြာအောင် ဖြည်းညှင်းစွာဝယ်ယူခဲ့ပါက၊ သူသည် အနည်းဆုံးသုံးဆယ်ရာခိုင်နှုန်းခန့် အသုံးပြုရမည့် ငွေပမာဏလျော့သွားမည်ဖြစ်သည်။
သို့သော်လည်း ကျန်းယွမ်ပင်နှင့် ချူးယွင်ဖန်းနှစ်ဦးစလုံးသည် ဤမျှကြာသည်အထိ မစောင့်နိုင်ကြပေ ကျန်းယွမ်ပင်သာ နတ်အဆင့်သို့ တက်လှမ်းနိုင်လျှင် ယခုကာလပတ်လုံးသူသုံးစွဲခဲ့သည့် ငွေထက် ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် ပိုရလာမည်မှာ သေချာသည်။
ဤသို့သော လုပ်ရပ်မျိုးက လူအများ၏အာရုံကို မဆွဲဆောင်မိရန် မဖြစ်နိုင်ပေ။ သာမာန်လူသည် မည်သည့်အရာကိုမျှ ပိုင်းခြားနိုင်စွမ်းမရှိသော်လည်း ဆေးပညာ ကျွမ်းကျင်သူများသည် ကျန်းယွမ်ပင်က မည်သည့်ဆေးလုံးမျိုး ဖန်တီးမည်ကို အတိအကျ မသိသော်လည်း မှန်းဆနိုင်သည်။
ကျန်းယွမ်ပင်၏ လက်ရှိ ခွန်အားနှင့် အနေအထားအရ ဆေးဖက်ဝင်ပစ္စည်းများကို ဈေးနှုန်းမခွဲခြားဘဲ အမြန်ဝယ်လိုက်သောကြောင့် မည်သို့ဖြစ်တော့မည်ကို ခန့်မှန်းရန် မခက်ပေ။ ထို့ကြောင့် ကျန်းယွမ်ပင်၏ လုပ်ရပ်များသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံရမည်မှာ သေချာသည်။
နတ်အဆင့် ပညာရှင်တစ်ဦးဖြစ်ပေါ်လာသည့်အခါတိုင်း ၎င်းသည် ပြည်ထောင်စုအတွင်းကြီးမားသော အရှုပ်အထွေးကို ဖြစ်စေသည်။ သို့သော် ၎င်းတို့က မလှုပ်ရှားသေးသည့် အကြောင်းရင်းမှာ ဤဆေးလုံးပြုလုပ်ခြင်း၏ အောင်မြင်မှုနှုန်းမှာ အလွန်နည်းသောကြောင့် ဖြစ်သည်။
ဆေးဘုရင်က စတင်ပြုလုပ်လျှင်ပင် အောင်မြင်မှုနှုန်းမှာ သုံးဆယ်ရာခိုင်နှုန်းခန့်သာရှိမည်ဖြစ်သည်။ နတ်အဆင့်ကို ဖြတ်ကျော်ခြင်း၏ အပိုဆုကြေးကို တိုးမြင့်ပေးနိုင်သော ဆေးလုံးကို တီထွင်ခြင်း၏ အောင်မြင်မှုနှုန်းမှာ ၂၀ မှ ၃၀ ရာခိုင်နှုန်းသာဖြစ်သည်။
ဤအချက်နှစ်ခုကို ပေါင်းထည့်လိုက်ခြင်းဖြင့် လူများစွာ၏အမြင်တွင် ကျန်းယွမ်ပင်၏ အောင်မြင်မှုနှုန်းမှာ အလွန်မြင့်မားခြင်းမရှိပေ။ ဤအရာက မှန်းဆချက်သက်သက် မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်များစွာအတွင်း မွေးဖွားခြင်းနယ်မြေအဆင့်၏ အထွတ်အထိပ်မှ ကျွမ်းကျင်သူ အများအပြားသည် ၎င်းကို စမ်းသပ်ခဲ့ပြီးဖြစ်သည်။ အောင်မြင်သူအချို့ရှိသော်လည်း အများစုမှာ မအောင်မြင်ခဲ့ကြပေ။
"အဲ့တော့ ဘာဖြစ်လဲ” ကျန်းယွမ်ပင်က ဘာသိဘာသာပြောသည်။
ယခုတော့ အားလုံးအဆင်သင့်ဖြစ်၍ ချူးယွင်ဖန်းသည် လေ့ကျင့်ရေးခန်းမထဲတွင်ရှိနေပြီဖြစ်ရာ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးလာလျှင်ပင် ကျန်းယွမ်ပင်က အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ဖြစ်သည်။
"မင်း ဒီလိုလုပ်စရာ မလိုဘူး။ ငါဒီကိုလာမေးရုံပါပဲ။ ပါဝင်ပစ္စည်းတွေကို မင်းဝယ်ပြီးပြီဆိုတော့ မင်းမှာ ရှေးဖော်မြူလာတစ်ခုရှိကိုရှိရမယ်။ ဒါပေမယ့် ဆေးစပ်ပေးမယ့်လူကို မရွေးချယ်ရသေးဘူးလား။ ဒါဆို ငါ့ကိုယ်ငါ အကြံပြုချင်တယ် ဘယ်လိုလဲ” လုယောင်နင်က ဖြည်းညှင်းစွာပြောသည်။
ဒီခရီးစဉ်အတွက် သူ၏ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်သော ဤဆေးကို ဖော်စပ်လိုသည့်အကြောင်းကို နောက်ဆုံးတွင် သူပြောခဲ့သည်။
ချူးယွင်ဖန်းသည် လုယောင်နင် ၏ စစ်မှန်သော ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သည်။ လုယောင်နင် သည် သတင်းရရှိပြီးနောက် အမြန်ပြေးလာခဲ့၏။ ရှင်းနေသည်မှာ သူသည် ဆေးလုံးကို ဖော်စပ်ရန် အခွင့်အရေးအတွက် တိုက်ပွဲဝင်ချင်နေခြင်းဖြစ်ကြောင်း ထင်ရှားသည်။
ကျန်းယွမ်ပင်အတွက် ဤအရာသည်သေရေးရှင်ရေးကိစ္စဖြစ်သည်။ လုယောင်နင် ကဲ့သို့သော ဆေးပညာရှင်ကြီးအတွက် ၎င်းသည် အလွန်ရှားပါးသော အခွင့်အရေးတစ်ခုလည်းဖြစ်သည်။
ဆေးပညာရှင်တစ်ယောက် တိုးတက်ရန်အတွက် အတွေ့အကြုံများစွာ လိုအပ်သည်။ သာမာန်ဆေးလုံးများ ပြုလုပ်ရန် အခွင့်အလမ်းမနည်းပါးသော်လည်း ဤအဆင့် ဆေးလုံးများဖော်စပ်ရန်မူ ဆေးဘုရင်ပင်လျှင် ကြုံခဲသည့်အရာဖြစ်သည်။ သာမန်ဆေး ပညာရှင်များသည် ၎င်းတို့၏ တစ်သက်တာတွင် ထိုအရာကို ပြုလုပ်ရန် အခွင့်အလမ်းပင်မရနိုင်ပေ။
၎င်းတို့၏ အတွေ့အကြုံအလွန် နည်းပါးသည်။ ၎င်းတို့သာ ဆေးဘုရင် ဖြစ်ချင်ပါက ဤအရာသည် လိုအပ်သော လမ်းဖြစ်သည်။ အတွေ့အကြုံများလေလေ အဆင့်တက်နိုင်လေဖြစ်ကာ နောက်ထပ် ဆေးဘုရင် ဖြစ်လာရန် အလားအလာ ပိုများလေလေဖြစ်သည်။