အခန်း ၁၆-၁၈
Vol. 2 Ch. 16-18
အခန်း(၁၆) - အဆင့်မြင့်မိစ္ဆာ စစ်သူကြီး
ထိုအချိန်တွင် အရပ်ရှည်ရှည် ကိုယ်ထည်ကောင်းကောင်းနှင့် လူအပါအ၀င် အခြား သိုင်းပညာရှင်များပါ အံ့ဩသွားကြလေသည်။
ဘာပဲဖြစ်ဖြစ် ဤအရာတွေက အလယ်အလတ်အဆင့်မိစ္ဆာ စစ်သည်တွေ ဖြစ်လေသည်။ သူတို့ထဲမှတစ်ကောင်ကိုသတ်ရန် အလယ်အလတ်အဆင့် သိုင်းပညာရှင်တစ်ယောက် အတွက်ပင် အတော် ရုန်းကန်ရသည်။ အဆင့်မြင့် သိုင်းပညာရှင် တစ်ယောက် အတွက်တောင် တစ်ကောင်ကို သတ်နိုင်ရန် အနည်းငယ်တော့ အားစိုက်ရလေသည်။
သို့သော် ကျိုးဟောင် အတွက် ကျ ကြက်ကလေး တစ်ကောင်ကို သတ်သကဲ့သို့ လွယ်ကူလှပေသည်။ " ဒါက ဆရာအဆင့် ကျွမ်းကျင်သူတွေသာ လုပ်နိုင်တဲ့အရာပဲ။"
" သူက တကယ့်ကို ဆရာအဆင့် ကျွမ်းကျင်သူပဲ " ဟု ယာယီ အစောင့်အရှောက် သိုင်းပညာရှင်များသာမက သက်တောင်စောင့် များက ပါ တစ်ပြိုင်ထဲ ရေရွတ်မိကြသည်။
ကျိုးဟောင် က သွေးများဖုံးလွှမ်းနေသော အရပ်ရှည်ရှည် ကိုယ်ထည်ကောင်းကောင်းနှင့်လူဆီသို့ လျှောက်သွား လိုက်ပြီး " မင်း အဆင်ပြေရဲ့လား" ဟု သူဘာမှ မလုပ်ပေးနိုင်သော်လည်း မေးတော့မေးကြည့်လိုက်လေသည်။
" ငါ.. ငါ အဆင်ပြေပါတယ် " ဟု ထိုလူမှ ပြန်ဖြေလိုက်ပြီး
" အကူအညီအတွက် ကျေးဇူးတင်ပါတယ် ဆရာသခင်! " ဟု ရိုကျိုးစွာ ပြန်ပြောလေသည်။
" ဆရာသခင်"ဟု ဆိုပြီး ကျိုးဟောင်လည်း ကြက်သေသေသွားလေသည်။ သိုင်းပညာရှင်များထက် ပို၍ ကျွမ်းကျင်သူများသည် ဆရာသခင်အဆင့်များဖြစ်လေသည်။
ထိုလူများသည် မြို့၏ အဓိက ပြယုဂ် များဖြစ်လေသည်။အရင်ကတော့ ကျိုးဟောင်သည် ဆရာသခင် တစ်ယောက် ဖြစ်ဖို့တောင် မတွေးကြည့်ခဲ့ဖူးပေ။ အခုချိန် မှာတော့ သူသည် ထိုအဆင့်ကို ရောက်ရှိနေခဲ့ပြီလား!!!!
ဒါကလည်း အဓိပ္ပါယ်ရှိလေသည်။ ကျိုးဟောင် အတွက် ဒီလို အလယ်အလတ်အဆင့် မိစ္ဆာစစ်သည်များကို အလွယ်တကူ သတ်နိုင်ရန် ဆရာသခင်တစ်ယောက်ရဲ့ တိုက်ခိုက်စွမ်းရည်မျိုး ရှိဖို့လိုအပ်လေသည်။
သို့သော် ကျိုးဟောင်သည် သူ၏နက်နဲတဲ့ အခြေခံကျင့်စဉ် အပေါ် လုံး၀ မှီခိုအားထားလို့ရပြီဖြစ်သော်လည်း ဆရာသခင် အဆင့်ကို တော့ မရောက်ရှိသေးကြောင်း ကောင်းစွာနားလည်လေသည်။
"မိန်းကလေးရှု မြန်မြန်ထပြီး ဆရာသခင်ကို အကူအညီအတွက် ကျေးဇူးတင်လိုက်လေ"
"သခင်လေးဟွေ့ မြန်မြန်ထလေ၊ ဆရာသခင်သာမကူညီရင် ငါတို့အကုန် ကိစ္စတုံး ကုန်မှာ "
" သခင်လေးကျင့် ဆရာသခင်တစ်ယောက်ရဲ့ အကာအကွယ်ကို ရထားတာကံကောင်းတာပဲ။ ဒီအခွင့်ရေး ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ပါ။"
သက်တောင်စောင့်များ လည်း စိတ်နဲ့ကိုယ်နဲ့ ပြန်ကပ်လာကြပြီး မြေပြင်ပေါ်တွင် လဲကျနေကြသော ရှုလင် အပါအ၀င် ကျောင်းသားများကို လိုက်ထူနေကြသည်။
ထို့နောက် တစ်ယောက်နားတစ်ယောက်ကပ် ကာအစိုးရိမ်တကြီး တိုးတိုး တိုးတိုး ပြောနေကြလေသည်။ ရှုလင်အပါအဝင် ကျောင်းသားအားလုံး အံ့အားသင့်ကုန်ကြသည်။
"ဆရာသခင် တစ်ယောက်!!! "
"သူတို့တွေ ဆရာသခင်တစ်ယောက်ရဲ့ အကာအကွယ်ကို ရခဲ့ကြတာလား? "
သခင်လေးကျင်းက အထူးပင် ထိတ်လန့်သွားခဲ့သည်။ အဘယ့်ကြောင့်ဆို သူသည် စောစောကတင် ကျိုးဟောင်အား ထိတ်လန့်နေတာလားဟု ပြောခဲ့လေသောကြောင့်ဖြစ်သည်။ သူငိုချနေတာတောင် မျက်ရည်မကျနိုင်လောက်တဲ့ အထိ ထိတ်လန့်နေလေသည်။
"မင်းတို့ ဘာစောင့်နေတာလဲ ဆရာသခင်ကို မြန်မြန် ကျေးဇူးတင်လိုက်လေ" ဟု သက်တောင်စောင့်များ ကတိုက်တွန်းလိုက်လေသည်။ ရှုလင် အပါအ၀င် ကျောင်းသားအားလုံးလည်း ခပ်မြန်မြန်ပင် တယောက်ချင်းစီ ရှေ့ထွက်လာကြ ပြီး
"ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီး"
"ကျေးဇူးတင်ပါတယ် ဆရာသခင်ကြီး" ဟု နှုတ်ဆက်ကြလေသည်။
ရှုလင် အပါအ၀င် ကျောင်းသားအားလုံးကို တစ်ချက်ကြည့်လိုက်ပြီး ဂုဏ်ယူစွာ ပြုံးလိုက်မိလေသည်။ မကြာသေးမီက ပင် ကျိုးဟောင်သည် သွေးအနှစ်သာရ ပထမ အဆင့်ကိုတောင် မရောက်သေးသော သာမန် ဆင်းရဲသောကျောင်းသား လေးတယောက်ဖြစ်လေသည်။
ထိုကဲ့သို့သောပုံစံဖြင့် ယခုကဲ့သို့ ထူးချွန်ကျောင်းသားများရှေ့ မတ်တပ်သွားရပ်ခဲ့ရင်တောင် သူ့ကို အရေးလုပ်ကြမည် မဟုတ်ပေ။ သို့ပေမဲ့ အခုတော့ သူတို့ ကျိုးဟောင်ကို လေးလေးစားစားဖြင့် ကျေးဇူးတင်နေရလေပြီ။
" ခွန်အား ဒါဟာ ခွန်အားကြောင့် ဖြစ်ပေါ်လာတဲ့အပြောင်းအလဲပဲ" ဟု ဆိုလိုက်ပြီး ကျိုးဟောင်တစ်ယောက် ဒီထက်ပို သန်မာ လာဖို့အတွက်လည်း ဆန္ဒပြင်းပြနေလေသည်။
ဝုန်း
ကျိုးဟောင်က ယခုကဲ့သို့ အရမ်းရိုသေနေစရာ မလိုကြောင်း ပြောနေစဉ်တွင်းမှာပဲ မနီးမဝေးတနေရာမှ အသံလှိုင်းပေါက်ကွဲမှ တခုကိုကြားလိုက်ရလေသည်။သိပ်မကြာမီပဲ အားလုံးရှေ့တွင် အသွင်အပြင်တခု ပေါ်လာခဲ့လေသည်။
အရပ်ရှည်ရှည် ကိုယ်ထည်ကောင်းကောင်းနှင့်လူသည် ထိုအသွင်အပြင် ကို မြင်လိုက်တာနဲ့ ချက်ချင်း " တပ်မှူးချုပ်ချူ" ဟု တန်းသိလိုက်လေသည််။တခြားသိုင်းပညာရှင်များသည်လည်း " တပ်မှူးချုပ်ချူ" ဆိုပြီး ဟစ်ကြွေးကြလေသည်။
တပ်မှူးချုပ်ချူ သည် အားလုံးကို သေချာ စစ်ဆေးကြည့်ရှုပြီး ကျောင်းသားအားလုံး အဆင်ပြေနေကြောင်း မြင်ရမှ စိတ်အေးသွားလေသည်။ " ကံကောင်းထောက်မစွာ နဲ့ မင်းတို့ လုပ်နိုင်ခဲ့ပြီပဲ" ဟု ဆိုလေသည်။
"တပ်မှူးချုပ်ချူ"
ရှုလင် အပါအ၀င် ကျောင်းသားအားလုံးသည် ချမ်းသာသော မိသားစုမှဆင်းသက်လာသူများဖြစ်သည်။
တပ်မှူးချုပ်ချူ သည် မြို့တော်၏ တောင်ပိုင်းစစ်စခန်းတွင် ကာကွယ်ရေးခံတပ်ကို စောင့်ကြပ်နေသော ဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်ကို သူတို့သိကြသည်။ သို့သော် သူတို့ အနေအထားဖြင့် ထိုကဲ့သို့ အထူးပုဂ္ဂိုလ်ကို အမြဲမြင်တွေ့နိုင်ဖို့ မလွယ်ကူလှပေ။သူတို့၏ မိဘများနှင့် အကြီးအကဲများတောင် တပ်မှူးချုပ်ချူ ကို မြင်တွေ့ဖူးသူ ရှားလှသည်။
"ဟမ် ဦးချိုမှာအစင်း ၂ကြောင်းနဲ့ အလယ်အလတ်အဆင့် အကောင်တွေလား" ဟုဆိုပြီး တပ်မှူးချုပ်ချူ သည် မြေပြင်ပေါ်ရှိ ဝံပုလွေအသေကောင်များကို စိတ်အေးလက်အေး ကြည့်နေလေသည်။
"မဆိုးပါဘူး။ ဒီလို အလယ်အလတ်အဆင့် မိစ္ဆာစစ်သည်တွေကို သတ်နိုင်တဲ့အတွက် မင်းတို့တွေ တော်တော်သန်မာတာပဲလို့ ငါပြောနိုင်တယ်။ မင်းတို့တွေ ချမ်းသာတဲ့မိသားစုတွေရဲ့ သက်တော်စောင့်များ ဖြစ်သွားပေမဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ခဲ့ဘူးပဲ " ဟု ဆိုပြီး တပ်မှူးချုပ်ချူ က သူမကူညီနိုင်ခဲ့သော်လည်း သက်တောင်စောင့်များကိုတော့ ချီးကျူးနေလေသည်။
သက်တော်စောင့်များကတော့ ရှက်ကြောက်နေကြလေသည်။အဘယ့်ကြောင့်ဆိုသော် ထိုအသေကောင်များထဲ တွင် သူတို့ ရှေ့တွင်ရှိသော နှစ်ကောင်သာ သူတို့သတ်နိုင်ခဲ့ခြင်းဖြစ်လေသည်။
သက်တော်စောင့်ရှစ်ဦးနဲ့အတူ အရပ်ရှည်ရှည်ကိုယ်ထည်ကောင်းကောင်းနှင့်လူပါ၀င်သည့် ယာယီအစောင့်အရှောက်အဖြစ်လိုက်ပါလာသော အခြား သိုင်းပညာရှင်များ ပါ ပေါင်းပြီး သတ်ခဲ့ရခြင်းဖြစ်လေသည်။
" အလယ်အလတ်အဆင့် မိစ္ဆာ စစ်သည် နှစ်ကောင်အတွက်နဲ့တော့ အချက်ပြအကူအညီတောင်းဖို့ အကြောင်းအရင်း မလုံလောက်ဘူးလေ " ဟု တပ်မှူးချုပ်ချူ က မျက်မှောင်ကြုတ်ပြီးပြောလေသည်။
အရပ်မြင့်မြင့်လူမှ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ခြုံတွေနောက်ကို လက်ညိုးထိုးပြကာ " တပ်မှူးချုပ်ချူ ဟိုဘက်မှာ အများကြီးရှိသေးတယ်" ဟု ပြောလိုက်လေသည်။ တပ်မှူးချုပ်ချူလည်း လက်ညိုးညွှန်ရာသို့ လှမ်းကြည့်လိုက်လေသည်။ သူသည် အသေကောင် ပုံကြီးကို မြင်လိုက်သောအခါ ထိန်လန့်သွားလေသည်။
အို မြတ်စွာဘုရား
ထိုနေရာ တွင် ဝံပုလွေအသေကောင်ကြီးများ အကောင်၄၀လောက်ရှိနေလေသည်။
" ဘယ်သူသတ်ခဲ့တာလဲ။ဆရာသခင် အဆင့်တစ်ယောက်ယောက်များ ဖြတ်သန်းသွားခဲ့တာလား "ဟု တပ်မှူးချုပ်ချူ မှ မေးလေသည်။အရပ်မြင့်မြင့် လူမှ " ဒါ ကျွန်တော်တို့ကို ကူညီခဲ့တာ ဆရာသခင်ပါ" ဟုပြောလိုက်သောအခါ တပ်မှူးချုပ်ချူလည်း စိတ်မထိန်းနိုင်ပဲ ကျိုးဟောင်အား သေချာစိုက်ကြည့်မိလေသည်။
"မင်း က ဆရာသခင်တစ်ယောက်လား" ဟု ဆိုပြီး သံသယမျက်လုံများဖြင့်ကြည့်လေသည်။ ကျိုးဟောင်၏ သွေးအနှစ်သာရ ထဲတွင် အစွမ်းထက်သောအရောင်အဝါ မရှိသည့် အပြင် သူ့မျက်လုံးများသည် လည်း သာမန်သာဖြစ်နေခြင်းကြောင့် သူ့ကိုသံသယ၀င်စေလေသည်။ ကျိုးဟောင်သည် တခြားသော ဆရာသခင်အဆင့်များနှင့်လည်း လုံး၀မတူပေ။
ကျိုးဟောင်၏ စွမ်းအင်လမ်းကြောင်း ၁၀၈ ခု လုံးအကုန်ပွင့်ကာ သွေးအနှစ်သာရ ကို ခန္ဓာကိုယ်တွင်း ချောမွေ့စွာ အဆက်မပြတ်လည်ပတ်နေအောင် လုပ်နိုင်စွမ်းရှိနေသည်ကိုတော့ သူမသိသေးပေ။ကျိုးဟောင်၏ အသွင်အပြင်ကိုသာ ကြည့်ရုံပြီး ဆုံးဖြတ်ရန်မလွယ်ကူပေ။
ဂါးးးး! ဟိန်းသံကြီးတခုသည် မီတာ ၁ထောင်လောက်အကွာမှ ရုတ်တရက်ထွက်လာလေသည်။တုန်လှုပ်ချောက်ချားဖွယ် ဝံပုလွေအူသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် ကောင်းကင်ထက်မှာ ပျံ့နှံ့သွားသည်။
နတ်ဆိုးမီးလျှံများလည်း ကောင်းကင်သို့ လျှံတက်လာသည်နှင့်အမျှ မြေပြင်တခွင်မှာ အဆက်မပြတ် တုန်ခါသွားသည်။ တဟုန်ထိုးလာသော ရေလှိုင်းများ ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုသည် အရပ်ရပ်မှ ပျံ့လွင့်လာလေသည်။
မှောင်မဲနေသောကောင်းကင်ကို ထိုးဖောက်ပြီး သွေးရောင်ကဲ့သို့ အလင်းတန်းနှစ်ခု ကျလာခဲ့ကာ ထိုအလင်းရောင်သည် ရှုလင် အပါအ၀င် ကျောင်းသားအားလုံးကို ဖုံးလွှမ်းသွားလေသည်။
ထိုအချိန်တွင် အရပ်မြင့်မြင့်လူနှင့် အခြားသိုင်းပညာရှင်အားလုံးက ထိုအလင်းရောင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်လုံး တစ်စုံမှလာကြောင်းတွေ့လိုက်ရလေသည်။ ထိုမျက်လုံးများအထက်တွင် အလွန်ထင်ရှားသောဦးချိုကြီးတခုရှိလေသည်။ပိုထင်ရှားသည်မှာ က ထိုဦးချိုပေါ်ရှိ အစင်း၃ကြောင်းပင်ဖြစ်လေသည်။
"မကောင်းတော့ဘူး။ ဒါ အပြာရောင်ဦးချိုနဲ့ သွေးဝံပုလွေပဲ !! "
" အဆင့်မြင့် နတ်ဆိုးစစ်သူကြီးအဆင့်ပဲ "
ယာယီအစောင့်အရှောက် အဖြစ်လိုက်ပါလာသော သိုင်းပညာရှင်တို့၏ အမူအရာများ သိသိသာသာပြောင်းလဲသွား ယုံသာမက သက်တောင်စောင့်တို့၏ မျက်နှာများမှာလည်း ဖြူဖျော့သွားလေသည်။ တပ်မှူးချုပ်ချူ၏ မျက်လုံးများတွင်လည်း စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေလေသည်။
..............................................................................
အခန်း(၁၆) ပြီးပါပြီ။
အခန်း(၁၇) - အရမ်းအားနည်းတယ်!!!!
" ဘယ်လို .....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
" မြို့နဲ့ မီတာ တသောင်း လောက် အကွာအဝေး
အတွင်းမှာ ဘယ်လိုလုပ် အဆင့်မြင့် နတ်ဆိုးစစ်သူကြီးအဆင့်ရှိနေရတာလဲ "
"စုံစမ်းထောက်လှမ်းရေး ဌာန ကလူတွေ ဘာလုပ်နေကြတာလဲ " ဟု တပ်မှူးချုပ် ချူ မှ ထပ်တလဲလဲ ကျိန်ဆဲနေလေသည်။ အဆင့်မြင့် နတ်ဆိုးစစ်သူကြီးများသည် အလွန်စွမ်းအားကြီးပြီး မြို့အသေးလေးကိုပင် အသာလေး ဖျက်စီးနိုင်စွမ်းရှိလေသည်။
သူတို့၏ အဖျက်စွမ်းအားသည် အနုမြူဗုံး အသေးစားတစ်လုံး လောက် လောက်နီးပါး ပြင်းထန်လေသည်။ ထိုကဲ့သို့ သောသတ္တဝါ အရှေ့တွင် ဆရာသခင် အဆင့် ကျွမ်းကျင်သူတောင် ထိတ်လန့်တကြား ထွက်ပြေးရနိုင်လေသည်။ မဟာဆရာသခင် အဆင့်မှသာ ထိုကဲ့သို့ သတ္တဝါ ကို တည်ငြိမ်စွာရင်ဆိုင်နိုင်မည်ဖြစ်သည်။
တပ်မှူးချုပ်ချူ သည် ထွက်ပြေးချင်နေသော်လည်း မလွတ်နိုင်မှန်းသူသိသည်။ အကယ်၍ သူလွတ်မြောက်နိုင်ခဲ့ရင်တောင် ကျန်နေခဲ့မည့် ကျောင်းသားများနှင့် ယာယီ စောင့်ရှောက်ရေးအဖွဲ့မှာ အလောင်းပါ အစမကျန်လောက်အောင်ထိ ရက်ရက်စက်စက် သေကြရလေမည်။
" ကျောင်းသားတွေကို မြန်မြန်ခေါ်ပြီးထွက်သွားကြတော့။ ငါ အပြာရောင်ဦးချိုနဲ့ သွေးဝံပုလွေကို အာရုံလွှဲထားလိုက်မယ်" ဟု တပ်မှူးချုပ်ချူမှာ လှမ်းအော်ပြောလေသည်။
ဘမ်း!!!!
သူ့စကားဆုံး သည်နှင့် တပြိုင်နက် ဝံပုလွေမိစ္ဆာကြီးဆီက လက်သည်းချက်သည် လျှပ်စီးကဲ့သို့ ၀င်းခနဲ ရောက်လာခဲ့လေသည်။ တပ်မှူးချုပ် ချူသည် ပြန်တောင် မတုံပြန်နိုင်ခဲ့ပဲ မီတာ ၁၀၀လောက်အထိ လွင့်ထွက်သွားလေသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် စစ်သူကြီးအဆင့်ချပ်၀တ်ကို ၀တ်ဆင်ထားသောကြောင့် တိုက်ခိုက်မှုကို အားလျော့စေခဲ့သည်။သို့သော်လည်း သူသည် ဒဏ်ရာအပြင်းအထန်ရပြီး သတိလစ်သွားခဲ့လေသည်။ အရပ်မြင့်မြင့်လူ နှင့် အခြားသူများပါ ထိတ်လန့်ကုန်ကြလေသည်။
တပ်မှူးချုပ် ချူ ကဲ့သို့ ဆရာသခင်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို အပြာရောင်ဦးချိုနဲ့ ဝံပုလွေကြီးသည် တစ်ချက်ထဲနဲ့ သတိလစ်သွားအောင် လုပ်နိုင်လိမ့်မည် ဟု သူတို့ မထင်ထားခဲ့ပေ။
" ဒါ အဆင့်မြင့်နတ်ဆိုး စစ်သူကြီးတစ်ယောက်ရဲ့ ကြောက်မက်ဖွယ် ခွန်အားပေါ့ " ဟု ဆိုပြီး သိုင်းပညာရှင်များ၊ သက်တော်စောင့်များ နှင့် ရှုလင်အပါအ၀င် ကျောင်းသားအားလုံး စိတ်အားငယ်သွားကြလေသည်။
ဆရာသခင်အဆင့် ကျွမ်းကျင်သူတောင် သူမ(ဝံပုလွေကြီး) ကို မယှဉ်နိုင်ခဲ့ပေ။ သူတို့အားလုံး ကယ်သူမဲ့ဖြစ်ကာ သေမှာကို သာထိုင်စောင့်နေရသကဲ့သို့ ဖြစ်နေလေသည်။
"ဝါးးးး ငါ မသေချင်သေးဘူး ။ ငါ သိုင်းပညာရှင် တစ်ယောက်တောင် မဖြစ်သေးဘူး" ဟုဆိုပြီး ကျောင်းသားအများအပြား စိတ်ဓာတ်ကျကာ ငိုကြွေးကုန်ကြလေသည်။ ရှုလင်လည်းငိုကြွေးမိလေသည်။သူမလည်း ယခုလိုအခြေအနေနှင့် မသေချင်သေးပေ။
အပြာရောင်ဦးချိုနှင့် ဝံပုလွေကြီးသည် သွေးကဲ့သို့ ရဲရဲနီနီ နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တလှမ်းချင်း လှမ်းလာလေသည်။ သေခြင်းတရားနှင့် ကြုံတွေ့ချိန်တွင် မည်သူမှ တည်ငြိမ်နိုင်မည် မဟုတ်ပေ။
သူတို့တော့ ဒီတောထဲမှာပဲ သေရတော့မည် ဟု တွေးနေချိန်တွင် တစ်စုံတစ်ခုက လှုပ်ရှားသွားလေသည်။
ထိုအရာမှာ ကျိုးဟောင်ပင်ဖြစ်လေသည်။
သူ့တစ်ကိုယ်လုံးရှိ သွေးအနှစ်သာရ စွမ်းအားသည် နက်ရှိုင်းအဆုံးထိ လည်ပတ်နေလေသည်။ သူ့သွေးအနှစ်သာရ ဖိအားသည် အလွန်ကြီးမားသော လှိုင်းလုံးကြီးများကဲ့သို့ ပျံနှံသွားပြီး သူ့နံဘေးတွင် တောင်တန်းများကဲ့သို့ ၀န်းရံနေလေသည်။
ရုတ်တရက်ဆိုသလို ပေါက်နေသော ပေါင်းပင်များမှာ လှုပ်ယမ်းလာလေသည်။ မီတာတစ်ရာနီးပါးမြင့်သော ရှေးဟောင်းသစ်ပင်ကြီးများပင် ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။
ကျိုးဟောင်၏ ၁၀၈ခုသော စွမ်းအင်လမ်းကြောင်းများ အလိုအလျောက် လည်ပတ်လာပြီး သူ့ သွေးအနှစ်သာရလည်း တရှိန်ထိုးတက်လာလေသည်။ သူသည်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရှေ့သို့ တလှမ်းတိုးလိုက်လေသည်။
ဘုန်း!!!!
လေထုသည် အရှိန်ပြင်းပြင်းဖြင့် ထိုးခွင်းခံလိုက်ရလေသည်။
ထိုကြောက်မက်ဖွယ် စွမ်းအားသည် ဂြိုဟ်တွေ၀င်တိုက်ကုန်သကဲ့သို့ ပြင်းထန်လှလေသည်။ ထိုစွမ်းအားသည် မီတာ ၁၀၀လောက် ကြီးမားသော ဝံပုလွေကြီး၏ ခန္ဓာကိုယ်တလျှောက်ပျံ့နှံ့သွားလေသည်။
ဂါးးးး!!!
အပြာရောင်ဦးချိုနှင့် သွေးဝံပုလွေကြီး၏ အမွှေးနှင့် အရိုးများသည် ဒုံးကျည်များပေါက်ကွဲမှုဒဏ်ကို တောင် ခံနိုင်သော်လည်း ယခုလိုလက်သီး ချက်အောက်တွင်တော့ ဥခွံကဲ့သို့ ကွဲအက်ခဲ့ရလေသည်။
နာနာကျင်ကျင် ဟိန်းဟောက်သံကြီး သည် ကောင်းကင်သို့ ပျံ့နှံ့သွားပြီး တစ်ခဏအတွင်း ငြိမ်သက်သွားခဲ့လေသည်။ မီတာ ၁၀၀ နီးပါး ကြီးမားသော ခန္ဓာကိုယ်ကြီးသည် မြေပေါ်သို့ ပစ်လဲကျသွားပြီး ဖုန်စိုင်များထလာခဲ့လေသည်။ ကျိုးဟောင်လည်း သူ့လက်ကို ပြန်ရုတ်လိုက်ပြီး သူ့ရှေ့တွင်လဲကျနေသော မီတာ ၁၀၀ရှိသော ဝံပုလွေကြီးကို တွေဝေစွာကြည့်နေမိလေသည်။
သေပြီ ဒီလောက်ပဲလား
အဆင့်မြင့် နတ်ဆိုး စစ်သူကြီးအဆင့် အပြာရောင်ဦးချိုရှိ သွေးဝံပုလွေကြီးသည် အရမ်းပျော့နေသောကြောင့် ကျိုးဟောင်အံ့ဩသွားလေသည်။သူသည် ယခုလက်သီးချက်ထဲတွင် သူ့အင်အား၏၂၀%သာ ထည့်သုံးခဲ့ခြင်းဖြစ်သည်။အပြာရောင်ဦးချိုနဲ့သွေးဝံပုလွေကြီးကို သတ်ရန် ကြိုးစားအားထုတ်ရမည်ဟု အစကထင်ခဲ့သော်လည်း ခုလို လက်သီးတစ်ချက်ထဲဖြင့်လုပ်နိုင်ခဲ့လိမ့်မည်ဟုဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
" ကြည့်ရတာ နဂါးနှင့်ဆင်တို့၏ စွမ်းအား ဉာဏ်ပညာကျင့်စဥ်ကိုသုံးပြီး ၁၀၈ဆင့်ထိ သွေးအနှစ်သာရကကို မြှင့်တင်နိုင်ခဲ့တာက ငါထင်ထားထက် ပိုကြီးကျယ်တာပဲ" ဟု ကျိုးဟောင် တွေးဆမိသည်။
အဆင့်မြင့် နတ်ဆိုးစစ်သူကြီးအဆင့်၏ တိုက်ခိုက်ရေးစွမ်းအား သည် မဟာဆရာသခင်အဆင့်နှင့် ညီမျှသည်။
သူသည် အပြာရောင်ဦးချိုရှိ သွေးဝံပုလွေကြီးကို တစ်ချက်ထဲဖြင့် အလဲထိုးနိုင်ခြင်းက သူ၏တိုက်ခိုက်ရေးစွမ်းအင်သည်လည်း မဟာဆရာခင်အဆင့်၏ အမြင့်ပိုင်းအဆင့်လောက်ထိရှိနေပြီဖြစ်သည်။ မဟာဆရာသခင် အဆင့်၏ အကြမ်းဆုံး အဆင့်လောက်တောင်ရှိနေနိုင်သည်။
ထိုအချိန်အတွင်းမှာပဲ ကျိုးဟောင်သည် သူ၏ခွန်အားကို ကောင်းစွာ သဘောပေါက်သွားပြီး စိတ်လှုပ်ရှားမိလေသည်။ တစ်နည်းဆိုရသော် ကျိုးဟောင်၏ လက်ရှိအင်အားသည် မြို့ကြီးတစ်မြို့ကိုပင် ကာကွယ်ကြီးကြပ်နိုင်လေသည်။
သို့သော်လည်း ကျိုးဟောင်သည် သူ့စွမ်းအားကို ချောချောမွေ့မွေ့နဲ့ ကျွမ်းကျင်စွာအသုံးမပြုနိုင်သေးကြောင်းနားလည်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးအနှစ်သာရ အနေအထားသည် အခြားသိုင်းပညာရှင်နယ်များနှင့် တူညီသော နယ်ပယ်တစ်ခုအတွင်းသာရှိသေးသည်။ သို့သော် သူ၏ တိုက်ခိုက်ရေးစွမ်းအားအရမ်းပြင်းထန်နေရခြင်းမှာ "နဂါးနှင့်ဆင်တို့၏ စွမ်းအား ဉာဏ်ပညာ" ကျင့်စဉ်က အဆင့်ရာဂဏန်းထိ တိုးမြှင့်ပေးထားခြင်း ကြောင့်ဖြစ်လေသည်။
ကြက်သွေးရောင် သွေးနွယ်ပင် နှင့် ကြံ့ချို ကို ရှာတွေးပြီးနောက် သူသည် ပိုမိုမြင့်မားသောကျင့်စဉ်များကို လျင်မြန်စွာရရှိနိုင်မည်ဖြစ်သည်။ သူ့သွေးအနှစ်သာရ စွမ်းအား တိုးလာသည်အမျှ သူသည်မဟာဆရာသခင် အဆင့်သို့ရောက်ရှိပြီး တိုက်ခိုက်ရေးစွမ်းအား ပို တိုးလာနိုင်ကြောင်းတွေးမိကာ စိတ်လှုပ်ရှားနေလေသည်။
ကျိုးဟောင် သည် သူ့ဖန်သားပြင်ကို ကြည့်လိုက်မိသောအခါ
သူ့ကံကြမ္မာ အမှတ်မှာ ၂၉,၇၂၂ အထိရှိနေလေပြီ။(လက်ရှိအဆင့်- ကြွယ်၀များပြားသော ကံကြမ္မာအမှတ်)
" ငါ့ကံကြမ္မာ အမှတ်တွေတောင် ၃သောင်းပြည့်တော့မယ် ဒါပေမဲ့ ခုချိန်ထိ ကြွယ်၀များပြားသော ကံကြမ္မာ အမှတ်များ အဆင့်ပဲ ရှိသေးတယ်။ နောက်တစ်ဆင့်ကို ဘယ်တော့ရောက်မလဲဆိုတာကို ငါ အရမ်းစိတ်၀င်စားနေပြီ။"
ကျိုးဟောင်သည် ပဟေဠိသေတ္တာကို တစ်ကြိမ်သာ ဖွင့်ဖူးသော်လည်း ကံကြမ္မာ အမှတ်များ ပိုစုဆောင်းမိလေလေ အဆင့်ပိုမြင့်ပြီး ပိုရှားပါးသော ပစ္စည်းများရဖို့ အခွင့်လမ်းများလေလေ ဖြစ်ကြောင်း သူသိသည်။ " ငါအခု တောနက်ကြီးထဲရောက်နေပြီဆိုတော့ ကံကြမ္မာ အမှတ်တွေ ပိုစုဆောင်းနိုင်တော့မှာပဲ" ဟုစိတ်ထဲတွင်တိတ်တဆိတ်တွေးနေလေသည်။
အဆင့်မြင့်နတ်ဆိုးသားရဲများနှင့် အခြားအဆင့်မြင့်မျိုးနွယ်ခြားသတ္တဝါများကို သတ်ဖြတ်ခြင်းသည် ကံကြမ္မာအမှတ်များစုဆောင်းရန် အမြန်ဆုံးနည်းလမ်းဖြစ်သည်ဟု ထင်ရသည်။ မြို့တော်ရှိ အင်းဆက်ပိုးကောင်များကို သတ်ပြီး အမှတ်စုဆောင်းရခြင်းမှာ အလွန်နှေးကွေးလေသည်။
" မင်း ....မင်းက မဟာဆရာသခင် အဆင့် ကျွမ်းကျင်သူလား " ဟုဆိုပြီး တုန်ရီနေသော အသံဖြင့်မေးလိုက်ခြင်းကြောင့် ကျိုးဟောင်၏အတွေးများရပ်တန့်သွားလေသည်။
..............................................................................
အခန်း(၁၇) ပြီးပါပြီ။
အခန်း(၁၈) - ဒါဆို မင်းက မဟာဆရာသခင်
အဆင့် ရောက်နေပြီးသားပေါ့!!
ကျိုးဟောင် လှည့်ကြည့်လိုက်သောအခါ အရပ်မြင့်မြင့် လူ၊ ယာယီအဖွဲ့သားများ၊ ကိုယ်ရံတော်များ၊ ရှုလင် နှင့် အခြားကျောင်းသား ခြောက်ဦးကို တွေ့လိုက်ရလေသည်။
သူတို့အားလုံးသည် နံဘေး၌ တလေးတစား ရပ်နေကြပြီး သူတို့၏ မျက်လုံးများသည် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။
"မဟာဆရာသခင် အဆင့်ကသာ အပြာရောင်ဦးချိုရှိ သွေးဝံပုလွေကြီးကို တိုက်ခိုက်နိုင်တယ်ဆို ရင် မင်းတို့ငါ့ကို မဟာဆရာသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်အဖြစ်သတ်မှတ်နိုင်ပါတယ်" ဟု ကျိူးဟောင်က မထူးဆန်းသလိုပြောလိုက်လေသည်။
အရပ်မြင့်မြင့်လူ အခြားသူများနှင့် ရှုလင် ပါ၀င်သော ကျောင်းသားများအားလုံးသည် " ကျေးဇူးတင်ပါတယ် မြင့်မြတ်တဲ့ မဟာဆရာသခင်ကြီး " ဟု လျင်မြန်စွာ ပြောလိုက်ကြလေသည်။
သူတို့အုပ်စုလိုက် ကိုယ်ကို ၁၈၀ဒီဂရီထိရောက်အောင် ကိုင်းကာအရိုအသေပေးနေကြပြီး ကျိုးဟောင်အပေါ် ကျေးဇူးတင်စိတ်နှင့် လေးစားမှုတို့မှာ အထွတ်အထိပ်ကိုရောက်နေခဲ့လေပြီ။
နောက်ဆုံးမှာ သူတို့ စိတ်ပျက်အားငယ်ပြီး ကူကယ်ရာမဲ့ချိန်တွင် အပြာရောင်ဦးချိုရှိ သွေးဝံပုလွေကြီးကို သတ်ပြီး ကယ်တင်ခဲ့သူမှာ ကျိုးဟောင်ပင်ဖြစ်လေသည်။
"အဟွတ်!! အဟွတ်!! အမြန်ပြေးကြတော့ " ဟု ဆိုတော့ အသံသည် အဝေးတစ်နေရာမှ ထွက်လာခဲ့သည်။အားလုံးလှည့်ကြည့်လိုက်သောအခါ သတိလစ်နေသော တပ်မှူးချုပ် ချူ မှာ ပြန်သတိလည်လာပြီး ကြိုမတ်တပ်ရပ်ဖို့ ကြိုးစားရင်း ကျိုးဟောင်သို့တသိုက်ကို လှမ်းအော်နေလေသည်။
" မြန်မြန် တပ်မှူးချုပ်ချူကို ထူပေးလိုက်ပါဦး" ဟု ကျိုးဟောင်မှ ချက်ချင်းသတိပေးလိုက်သည်။ ကာကွယ်ရေးတပ်ဖွဲ့၏ တပ်မှူးတယောက်အနေဖြင့် တပ်မှူးချုပ်ချူသည် မြို့၏ သာယာအေးချမ်းရေးအတွက် များစွာ ကူညီခဲ့ဖူးလေသည်။ထို့ကြောင့် ကျိုးဟောင်မှာ သူ့ကို အလွန်လေးစားသည်။
အရပ်မြင့်မြင့်လူနှင့် အခြားသိုင်းပညာရှင်များလည်း အပြေးအလွှား သွားထူပေးကြလေသည်။" ငါ့ကို စိုးရိမ်နေဖို့ မလိုဘူး၊ အဟွတ် အဟွတ်! မင်းတို့ဘာစောင့်နေတာလဲ? မြန်မြန်ပြေးကြလေ" ဟု တပ်မှူးချုပ် ချူ ကစိုးရမ်တကြီးပြောလေသည်။ သူ့ချပ်၀တ်၏ အကာအကွယ်မှာ အားနည်းနေခဲ့လေပြီ။ သို့သော်အပြာရောင်ဦးချိုရှိ သွေးဝံပုလွေကြီးက သူ့တိုက်ခိုက်မှုတွင် အားအကုန် မသုံးခဲ့သောကြောင့် တပ်မှူးချုပ် ချူမှာ ဒဏ်ရာ မပြင်းထန်ခဲ့ပေ။
"အမ်!! တပ်မှူးချုပ်ချူ ဝံပုလွေမိစ္ဆာကြီးက သေသွားပြီ " ဟု အရပ်မြင့်မြင့်နှင့်လူမှ ပြောလိုက်သည်။
" ဒီလို အချိန်မှာတောင် မင်း ဟာသလုပ်နေသေးတာလား။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့" ဟု တပ်မှူးချုပ် ချူမှ စိုးရိမ်တကြီးပြောလေသည်။အရပ်မြင့်မြင့်နှင့်လူသည် ဘာမှ ဆက်မပြောတော့ဘဲ မီတာ၁၀၀လောက်ရှိသော ဝံပုလွေ အသေကောင်ကြီးကို ညွှန်ပြပြီး " တပ်မှူးချုပ် ချူ ကျွန်တော်နောက်နေတာမဟုတ်ဘူး" ဟုပြောလိုက်လေသည်။
တပ်မှူးချုပ် ချူလည်း သူလက်ညွိုးညွှန်ရာသို့ လိုက်ကြည့်မိလိုက်သည်။ သူထိုမြင်ကွင်းကို တွေ့လိုက်ပြီး စိတ်ထဲ ဟာခနဲ ဖြစ်သွားလေသည်။
အချိန်အတော်ကြာပြီးနောက်မှ တပ်မှူးချုပ် ချူလည်း တုံ့ပြန်လာခဲ့သည်။ သူ အလျင်အမြန် ထရပ်ကာ သတိကြီးစွာဖြင့် ဝံပုလွေအသေကောင်ကြီးနားကပ်သွားခဲ့သည်။ ထို့နောက် နည်းလမ်းမျိုးစုံဖြင့် စမ်းသပ်ပြီးနောက်မှ ဝံပုလွေစစ်သည်သူကြီး တကယ်သေဆုံးကြောင်း အတည်ပြုခဲ့လေသည်။
"ဟားဟားဟား"
"ကောင်းကင်ဘုံက စောင်မ ကြည့်ရှုတာပဲ"
" ဘယ်မဟာဆရာသခင်လာကူညီတာလဲ? ဒီလို အပြာရောင်ဦးချိုရှိ သွေးဝံပုလွေကို သတ်နိုင်ဖို့ဆို မဟာဆရာသခင် အဆင့်မှာ အလယ်အလတ်လောက်ရှိသူမှ တတ်နိုင်လိမ့်မယ်။" ဟု တပ်မှူးချုပ် ချူမှ အရပ်မြင့်မြင့်လူအား ရယ်ရင်းပြောလိုက်လေသည်။
သူကပြောရင်း ခန့်မှန်းနေလေသည်။ " ဟွာတုန်းမြို့ တစ်ခုလုံးမှာ ပါမောက္ခချုပ် တစ်ယောက်တည်းပဲ ဒီလိုအစွမ်းရှိပြီး အခုလိုအချိန်မှီရောက်လာပြီး တားဆီးနိုင်စွမ်းရှိတာ။ပြီးတော့သူက သိုင်းပညာရှင်များအစည်းအရုံးဌာနခွဲ ရဲ့ အကြီးအကဲဖြစ်သလို အလယ်အလတ် မဟာဆရာသခင် အဆင့်ရှိသူဆိုလည်းဟုတ်တယ်။" ဟုဆိုလေသည်။
သူစကားဆုံးသည်နှင့် တစ်ပြိုင်နက် မိုးကုတ်စက်ဝိုင်းဆီမှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး အဝါရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူတစ်ဦးသည် လေလှိုင်းလုံးကြီးများဖြင့် အလျင်အမြန်ရောက်လာခဲ့လေသည်။
ထိုလူသည် ကျိုးဟောင်တို့နှင့် မနီးမဝေးတွင် ဆင်းသက်လိုက်လေသည်။ လေပြင်းများဖြတ်တိုက်သွားသောကြောင့် ရှုလင် တို့နှင့် အရပ်မြင့်မြင့်လူတို့မှာ အလျင်အမြန် အသင့်အနေအထားပြန်လုပ်လိုက်ကြလေသည်။
"တပ်မှူးချုပ် ချူ မင်း အသက်ရှင်နေသေးတာပဲ။ ဒါအကောင်းဆုံးပဲ။ ကဲ ဘယ်မှာလဲ အပြာရောင်ဦးချိုနဲ့ ဝံပုလွေကြီး? " ဟု စိုးရိမ်တကြီးအော်ပြောလိုက်သော်လည်း တပ်မှူးချုပ်ချု အပါအ၀င် အားလုံး ဘာမှ မဖြစ်သောကြောင့် ၀မ်းမြောက်နေလေသည်။
တပ်မှူးချုပ် ချူလည်း ထိုသူမှာ ဘယ်သူလဲ မြင်လိုက်သောအခါ ကြောင်သွားလေသည်။
"ပါ...ပါမောက္ခဟဲ့ ဟုတ်တယ်မှတ်လား?"
"ငါကလွဲ ပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ " ဟု ဟဲ့ပျောင်း မှ တပ်မှူးချုပ်ချူ အား မာန်မဲလိုက်လေသည်။
ဟွာတုန်း မြို့တစ်ခုလုံးမှာ လူသိရှင်ကြား ထင်ရှားကျော်ကြားတဲ့ မဟာဆရာသခင်အဆင့် ပညာရှင် ခုနစ်ဦးရှိတာ သူတို့ကလည်းသူတို့အလုပ်နဲ့သူတို့။ စစ်သေနာပတိချုပ်ကျောက်ဆို မြို့တစ်ခုလုံးကို ကြီးကြပ်နေရတာ လွယ်လွယ်ကူကူ သွားလာလို့မရဘူး ဒါကြောင့် အလျင်စလို လာကူညီနိုင်တဲ့လူကငါပဲရှိတယ်!” "တောင်ဘက်အရပ်ကနေ အန္တရာယ်အချက်ပြလိုက်တာမြင်လို့ အမြန်ပြေးလာခဲ့ရတာ ဟအကျိုးနည်း!!" သူ့စကားတစ်၀က်မှ ပင် ဟဲ့ပျောင်း သည် ကျိန်ဆဲလိုက်မိလေသည်။အဝေးတွင် ရှိသော ဝံပုလွေအလောင်းကြီးကို မြင်ပြီး သူ့မျက်လုံးများပြူးသွားခဲ့လေသည်။ သူ အလျင်စလို လာခဲ့ရသောကြောင့် ထို အလောင်းကို သတိမထားခဲ့မိပေ။
"ချူ တပ်မှူးချုပ် ချူ အပြာရောင်ဦးချိုနဲ့ သွေး ဝံပုလွေကြီးကို မင်းသတ်ခဲ့တာလား " ဟု မယုံကြည်နိုင်ဖွယ်ကြည့်ရင်းမေးလိုက်သည်။တပ်မှူးချုပ် ချူလည်း အံ့အားသင့်သွားလေသည်။ အဘယ်ကြောင့်ဆို ဒီဝံပုလွေကြီးကို လာပြီးသတ်နိုင်သူမှာ ပါမောက္ခချုပ်ဟဲ့သာ ဖြစ်နိုင်ကြောင်း အားလုံးကို သူပြောနေခဲ့သောကြောင့်ဖြစ်လေသည်။
"အမ်!! ပါမောက္ခဟဲ့ နဲ့ တပ်မှူးချုပ် ချူ … တကယ်တော့ ဒီမဟာဆရာအဆင့် ကျွမ်းကျင်သူက ဝံပုလွေကြီးကို နှိမ်နှင်းခဲ့တာပါ" ဟူသော ခပ်တိုးတိုး အသံလေးကြောင့် သူတို့ နှစ်ယောက်လုံး အံဩမှင်တက်သွားလေသည်။
ဝှစ် ! ဝှစ် ! ဝှစ်! သူတို့နှစ်ယောက်လုံး၏ အကြည့်သည် ရှင်းပြနေသော ရှုလင်ကို ကျော်ကာ ကျိုးဟောင်ဆီသို့ ရောက်ရှိသွားခဲ့လေသည်။
..............................................................................
အခန်း (၁၈) ပြီးပါပြီ။