အခန်း ၂၅-၂၇
Vol. 2 Ch. 25-27
အခန်း (၂၅) : မိဘများအတွက် အံ့ဩစရာ
ကျိုးဟောင်မှာ မဟာဆရာသခင်အဆင့် သိုင်းပညာရှင်အုပ်စုက သူ့အားရှာဖွေနေမှန်းမသိပေ။
သံမဏိသွားနဂါးမိကျောင်းအား သတ်ပြီးနောက် သူရွှံနီတောမှ တန်းထွက်လာခဲ့သည်။ သို့သော် တောင်ပိုင်းစခန်း၏ ကာကွယ်ရေးခံတပ်ကိုမပြန်ဘဲ ထိုအစားအရှေ့ပိုင်းစခန်း၏ ကာကွယ်ရေးခံတပ်ဆီကိုသာ ပြန်လှည့်လာလေသည်။
ဘုန်း
အရှိန်အပြည့်ဖြင့်ဆိုပါက ကျိုးဟောင်မှာ တိုက်လေယာဉ်ထက်တောင် ပိုမြန်လေသည်။ သူ့ခန္ဓာကိုယ်ရှိ အဆင့်မြင့်ချပ်ဝတ်မှာတစ်စစီဖြစ်သွားသော်လည်း မဟူရာလိပ်ချပ်ဝတ်မှာ အနီရောင်ချပ်ဝတ်အဖြစ်ပြောင်းသွားလေသည်။
၁၀မိနစ်ကျော်အတွင်း အရှေ့ပိုင်းစခန်း၏ ကာကွယ်ရေးခံတပ်ဂိတ်ပေါက်ရှိရာ လမ်းတစ်လျှောက် အလောတကြီးပြန်လာခဲ့လေသည်။
ပြင်းထန်သောလေစီးကြောင်းများမှာရှင်းလင်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးအနှစ်သာရဖိအားက ပျံ့နှံ့လာလေသည်။
သို့သော် ကျိုးဟောင်မှာ သူ့အရှိန်အားတိကျသောပမာဏတစ်ခု၌ ဆက်လက်ထိန်းထားဆဲပင်။
အခြေစိုက်ကာကွယ်ရေးခံတပ်ရှိ လက်နက်အပြည့်အစုံကိုင်ဆောင်ထားစော စစ်သားများမှာ လက်ထဲရှိသေနတ်များအားနိုးကြားစွာဖြင့်ကိုင်ထားကြလေသည်။ ပေါ်လာသောပုံရိပ်သည် လူသားဖြစ်ကြောင်းမြင်လိုက်ရမှသာ သူတို့၏အမူအရာမှာ စိတ်အေးသွားလေတော့သည်။ ထို့နောက် သူတို့သည်ကျိုးဟောင်အားအလေးပြုပြီး "ပြန်လည်ကြိုဆိုပါတယ်" ဟုပြောလိုက်ကြလေသည်။
ကျိုးဟောင်လည်း လေးလေးစားစားဦးညွှတ်လိုက်ပြီး "အားလုံးကြိုးစားပေးကြတာ ကျေးဇူးတင်ပါတယ်"
ထိုစကားဆုံးသည်နှင့် သူသည်အခြေစိုက်မြို့၏ ကြီးမားလေးလံသောသတ္တုတံခါးကြီးထံသို့ လျှောက်သွားလေသည်။
လမ်းနှစ်ဖက်နှစ်ချက်စလုံးရှိစစ်သည်များမှာ ကျိုးဟောင်အားလေးစားမှုအပြည့်ဖြင့်ကြည့်နေကြလေသည်။
တောနက်ထဲသို့ တစ်ယောက်တည်းလှည့်လည်သွားရဲရန်မှာ ထိုပုဂ္ဂိုလ်၏ခွန်အားက အနည်းဆုံးဆရာသခင်အဆင့်ရှိမှရမည်ဖြစ်သည်။
ခံတပ်၏ အဓိကဂိတ်ပေါက်သုံးခုဆီဝင်လာပြီးနောက် အဝေးမှတောက်ပစွာတည်ရှိနေသော မိုးမျှော်တိုက်များအား တွေ့လိုက်ရလေရာ ကျိုးဟောင်မှာစိတ်သက်သာရာရသလို သက်ပြင်းတစ်ချက်ချရင်း ပေါ့ပါးသောအပြုံးတစ်ခုမှာ သူ့မျက်နှာပေါ်၌ ပေါ်လာလေသည်။
သူ့တိုက်ခိုက်ရေးစွမ်းအားက ရှိန်လောက်သော်လည်း တောနက်ထဲမှာရှိစဉ်က သူအမြဲတမ်းစိတ်ဖိစီးနေခြင်းဖြစ်သည်။
မြို့ကိုပြန်ရောက်မှသာ သူလုံးဝစိတ်ချနိုင်ခြင်းဖြစ်ပေသည်။
"အိမ်ပြန်ရမဲ့အချိန်ရောက်ပြီ!"
ကျိုးဟောင်မှာ သူဒီတစ်ခေါက် တောနက်ထဲသွားရာမှရလာသော ပစ္စည်းများအားတွေးရင်း အလွန်ပျော်ရွှင်နေလေသည်။ ပဟေဠိသေတ္တာဆီမှရလာသည့် ရှားပါးအဆင့်ပစ္စည်းများကိုပဲဆိုဆို သို့မဟုတ် မိစ္ဆာသားရဲများအားသတ်ခြင်းမှရလာသော ပစ္စည်းများပဲဖြစ်ဖြစ် သူရလာသည်မှာအများကြီးဖြစ်ပေသည်။
သူသည်ခြေထောက်အား ဖွဖွလေးဆောင့်လိုက်ရာ ရှိနေသောနေရာမှလေထုပမာပျောက်ကွယ်သွားလေသည်။
သိပ်မကြာမီပင် အရှေ့ပိုင်းစခန်း၏ဝင်ပေါက်၌ ပုံရိပ်နှစ်ခုဆင်းသက်လာလေသည်။
သူတို့မှာမဟာဆရာသခင်အဆင့် သိုင်းပညာရှင်များဖြစ်ကြသော စစ်သေနာပတိချုပ်ကျောက်နှင့် ဟဲ့ပျောင်းတို့ဖြစ်သည်။ သူတို့ အနောက်ပိုင်းနှင့်မြောက်ပိုင်းစခန်းကို အသီးသီးသွားခဲ့ကြသော်လည်း ထိုမဟာဆရာသခင်အဆင့် ပညာရှင်ပြန်လာသည်ဟူသော သတင်းအားမကြားခဲ့ရအော
"ဒါကနောက်ဆုံးတစ်ခုပဲ တကယ်လို့ဒီမှာပါဘာမှမရှိသေးဘူးဆိုရင်...." ဟု ဟဲ့ပျောင်း မှာသက်ပြင်းချလိုက်သည် သူ၏မူလသုံးသပ်ချက်ကိုလည်း ယုံကြည်ချက်ပျောက်လာပြီဖြစ်သည်။
စစ်သေနာပတိချုပ်ကျောက်မှာ ဟဲ့ပျောင်းကို လျစ်လျူရှုလိုက်ပြီး အစောင့်အားမေးလိုက်လေသည်။ "တစ်ယောက်တည်းပြန်လာတဲ့ သိုင်းပညာရှင်ကိုတွေ့မိသေးလား"
အမေးခံရသောစစ်သားမှာလည်း အလျင်အမြန်ပင် "ဟုတ်ကဲ့ လွန်ခဲ့တဲ့၅မိနစ်လောက်က အနီရောင်ချပ်ဝတ်ဝတ်ထားတဲ့သိုင်းပညာရှင်တစ်ယောက် ကျွန်တော်တို့စခန်းကနေပြီးမြို့ထဲဝင်သွားပါတယ်"
စစ်သေနာပတိချုပ်ကျောက်နှင့်ဟဲ့ပျောင်း၏ မျက်လုံးများမှာတောက်ပသွားတော့သည်။
ဟဲ့ပျောင်းမှာ အလျင်အမြန်ပင် ကျိုးဟောင်၏ အရပ်နှင့်ကိုယ်ထည် ခန့်မှန်းခြေကိုပြောပြလိုက်လေသည်။
ထိုစစ်သားမှာခေါင်းကိုအထပ်ထပ်အခါခါညိတ်ရင်း "အဲဒီပုံစံပဲ" ဟုပြန်ပြောလေသည်။
စစ်သေနာပတိချုပ်ကျောက်နှင့်ဟဲ့ပျောင်းတို့မှာ ချက်ချင်းပင်ကျယ်လောင်စွာထရယ်လိုက်ကြလေတော့သည်။
"အဲဒီပုဂ္ဂိုလ်သာမြို့ထဲရှိနေသေးတာသေချာရင်သူ့ကိုရှာဖို့ကအလွယ်လေးပဲ" စစ်သေနာပတိချုပ်ကျောက်မှာ ပြောရင်းပြုံးလိုက်လေသည်။
ဟဲ့ပျောင်းမှာလည်း ခေါင်းညိတ်ပြပြီးပြန်ပြောလေသည်။ "ဟုတ်တယ် ပြီးတော့ အဲဒီမဟာဆရာသခင်အဆင့်သိုင်းပညာရှင်က သံမဏိသွားနဂါးမိကျောင်းရဲ့အလောင်းကိုယူသွားတာဆိုတော့ နောက်ဆုံးကျသူအဲဒီပစ္စည်းကိုထုတ်ရောင်းရမှာပဲဟုတ်တယ်မလား"
စစ်သေနာပတိချုပ်ကျောက်မှာ စိတ်ကောင်းဝင်နေသည်ဖြစ်လေရာ "ပါမောက္ခချုပ်ဟဲ့ ခင်ဗျားရဲ့သိုင်းပညာရှင်အဖွဲ့အစည်းက သတင်းစုဆောင်းတဲ့နေရာမှာတော်တယ်ဆိုတော့ သတင်းအသစ်များရရင်ကျုပ်ကိုလည်းအသိပေးပါဦး"
"သေချာတာပေါ့"
ယန်ဥယျာဉ်အိမ်ရာအိမ်အမှတ်(၂၁)၌ကျိုးဟောင်ပြန်ရောက်သောအခါ ည ၈နာရီပင်ခွဲနေလေပြီ။
ပုံမှန်ဆိုလျှင်ဒီလိုအချိန်၌သူ့မိဘများမှာ အိမ်ပြန်ဖို့ ရထားစီးနေကြတုန်းဖြစ်သော်လည်း ယနေ့လိုအထူးတလည်နေ့တွင်တော့သူတို့၏အိမ်အသစ်သို့ပြောင်းလာရန် ပြန်ရောက်နေလောက်ပေပြီ။
သို့သော် ကျိုးဟောင်အိမ်အသစ်ထဲဝင်လိုက်သည့်အချိန်၌ ဧည့်ခန်းနှင့်အိပ်ခန်းထဲတွင် ဘာမှမရှိတာကိုသတိထားမိလိုက်လေသည်။ကျိုးဟောင်မှာရေချိုးပြီး အဝတ်အစားလဲပြီးနောက် သူရှာလာသော ကြက်သွေးရောင်သွေးနွယ်ပင်နှင့် ကြံ့ချိုတို့အားထုတ်ယူကာ အိပ်ခန်းထဲရှိအိပ်ရာဘေးတွင်ထားလိုက်လေသည်။
သူ့မိဘတွေကတော့ပြန်မလာသေးပေ။ အချိန်ပိုဆင်းနေကြ၍ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ ယခုလိုဖိအားရှိနေသည့်အချိန်အခါမှာ သူတို့အလုပ်စောစောဆင်းနိုင်မည်မဟုတ်ပေ။
"ငါပစ္စည်းတစ်ချို့ကိုထုတ်ရောင်းပြီး အမေတို့ အလုပ်ထွက်အောင် ဖျောင်းဖျရမယ်။ သူတို့တစ်ဘဝလုံးရုန်းကန်လာရတာ အေးအေးဆေးဆေးစံစားရမဲ့အချိန်ရောက်ပြီ"
ကျိုးဟောင်ကြိုးစားပြီး တောနက်ထဲဝင်ခဲ့ရသည့် အဓိကအကြောင်းအရင်းမှာ သူ့မိဘများ၏ဒုက္ခကို လျှော့ချပေးချင်၍သာဖြစ်သည်။သူခဏလောက်ဖုန်းသုံးပြီးနောက် ၁၀နာရီလောက်၌ အပြင်ဘက်မှအသံများကိုကြားလိုက်ရသည်။
မကြာမီပင် ကျိုးရွှယ်ကောနှင့် ဝမ်ရှုယွင်တို့မှာ ပင်ပန်းနေသောပုံဖြင့် ဧည့်ခန်းသို့ဝင်လာကြလေသည်။
"အမေနဲ့အဖေ ပြန်လာတာနောက်ကျလိုက်တာ" ကျိုးဟောင်မှာအိပ်ခန်းအပြင်ကိုလမ်းလျှောက်လာရင်းပြောလိုက်သည် ။ကျိုးရွှယ်ကောမှာ သူ့အပေါ်ထပ်အင်္ကျီကိုထိုင်ခုံပေါ်ပစ်တင်လိုက်ပြီးပြုံးပြလိုက်သည်။
"ခုတစ်လော ကုမ္ပဏီဘက်က အမှာစာနည်းနည်းထပ်ထည့်လိုက်လို့ အဖေတို့အချိန်ပိုဆင်းနေရတာ"
ထိုအခါ ဘေးကဝမ်ရှုယွင်ထံမှစကားသံထွက်လာလေသည်။ "ယောက်ျား ကျွန်မအရင်ရေသွားချိုးလိုက်ဦးမယ် ရှင်ပြီးမှချိုးတော့"
ကျိုးရွှယ်ကောမှာ ခေါင်းညိတ်ပြပြီးပြန်ပြောလိုက်သည်။ "ကောင်းပြီလေ ကိုယ်တီဗီကြည့်ရင်းစောင့်နေလိုက်မယ်"
ထိုအခိုက်ကျိုးဟောင်မှာ သူ့အမေမရှိသည်ကိုအသုံးချပြီး သူ့အဖေအားအိပ်ခန်းထဲသို့ဆွဲခေါ်လာလေသည်။
"သား ဘာကိစ္စရှိလို့လဲ ဧည့်ခန်းထဲမှာပဲပြောလို့မရဘူးလား" ကျိုးရွှယ်ကောမှာသိလိုစိတ်ဖြင့်မေးလိုက်လေသည်။
ကျိုးဟောင်ကလည်းပြန်ဖြေလာသည်။ "အဖေ အိမ်မှာဘာတွေဖြစ်နေလဲ ကျွန်တော်သိတယ်"
ကျိုးရွှယ်ကောမှာ ခဏတာသဘောမပေါက်ဖြစ်သွားသည်
"ဘာကိုသိတယ်ပြောတာလဲ"
"အဖေ့အလုပ်အကြောင်း" ကျိုးဟောင်ကတိုးတိုးလေးပြောလိုက်သည်။
ထိုစကားကြားသောအခါ ကျိုးရွှယ်ကော၏အမူအရာမှာပြောင်းလဲသွားပြီး သက်ပြင်းချလိုက်လေသည်။ "ရှောင်ဟောင် ဒီကိစ္စမင်းအမေကိုအပြစ်မတင်ပါနဲ့ စိတ်ချပါ အဖေ့ဘာသာဖြေရှင်းနိုင်ပါတယ် သားက စာပဲကြိုးစားပြီးကျောင်းမှာလေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထား"
ကျိုးဟောင်မှာပြန်မဖြေပေ။ ထိုအစား သူနောက်လှည့်၍အိပ်ရာဘေးက ကြက်သွေးရောင်သွေးနွယ်ပင်နှင့် ကြံ့ချိုအား ယူလိုက်လေသည်။
....................................................................................
အခန်း (၂၅) ပြီးပါပြီ.......
အခန်း (၂၆) - ဆုလာဒ်နှစ်ဆ
ကျိုးရွှယ်ကော သည် ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ သူ မျက်လုံးပြူးသွားလေသည်။ သူ ထစ်ထစ်ငေါ့ငေါ့ဖြင့် " ဒါ...ဒါက " ဆိုပြီးဖြစ်နေခဲ့လေသည်။
" ကြက်သွေးရောင် သွေးနွယ်နှင့် ကြံ့ချို " ဟု ကျိုးဟောင်က ခပ်ပေါ့ပေါ့ပင်ဆိုလေသည်။ "ဒီ၂ခု နဲ့ဆို ကုမ္ပဏီက အမေ့ အကြွေးတွေ ဆပ်နိုင်မယ်ထင်တယ်" ဟု ကျိုးဟောင်းမှ ဆက်ပြောလေသည်။
ကျိုးရွှယ်ကောလည်း အနားတိုးကပ်လာပြီး ကျိုးဟောင်၏ လက်ထဲမှာ အရာများကို စိုက်ကြည့်နေလေသည်။ ခဏလောက်ကြာပြီး နောက် သူသည် တုန်ရီစွာဖြင့် " သား ဒါတွေ ဘယ်ကရလာတာလဲ" ဟုမေးလေသည်။
ထိုပစ္စည်း ၂ခုသည် အလွန်ပင် တန်ဖိုးကြီးကြောင်း သူသိလေသည်။သူတို့သည် အနည်းဆုံး ယွမ် ၅သိန်းလောက်တန်ဖိုးရှိလေသည်။ထို့အပြင် အရည်အသွေးကောင်းရင် ကောင်းသလောက် ဈေးလည်း အများကြီးကွာလေသည်။
ကျိုးဟောင်သည် သူ့အဖေအကြောင်း ကောင်းစွာသိသည်။ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ထိုအရာကိုအကြွေးပြန်ဆပ်ဖို့ လက်ခံမည် မဟုတ်ပေ။
"ကျွန်တော့်ရဲ့ အတန်းဖော်တစ်ယောက်က ကူညီတာပါ" ဟု ကျိုးဟောင်က လိမ်ပြောလိုက်လေသည်။ " မင်းအတန်းထဲကဆို ရှုမိသားစုက ရှုလင်လား" ဟု မဆိုင်းမတွပြန်မေးလေသည်။
ကျိုးဟောင်က ခေါင်းညိတ်ပြလိုက်လေသည်။
ကျိုးရွှယ်ကောလည်း ချက်ချင်းနားလည်သွားပြီး ရယ်ရမလို ငိုရမလိုဖြစ်သွားကာ "သား ဘာလို့ သူတို့ကို ပြောလိုက်ရတာလဲ။ ဒါတွေက အရမ်းကိုဈေးကြီးတာလေ။ မင်းတို့ နှစ်ယောက် ဆက်ဆံရေးအဆင်ပြေတယ်ဆိုတိုင်း ဒီလို ၀န်များတဲ့အရာတွေကို တော့ အကူညီမတောင်းသင့်ဘူး။ ငါတို့ မနက်ဖြန်ပြန်သွားပေးကြမယ်" ဟု ပြောလေသည်။
ကျိုးဟောင်က ချက်ချင်းပဲ " အဖေ တကယ်လို့ သားတို့ ပြန်ပေးလိုက်ရင် ရှုလင် ဘယ်လိုထင်သွားမလဲ။ သူ့အပေါ်မလေးစားဘူးလို့ထင်သွားမှာပေါ့" ဟု ပြန်ပြောလိုက်လေသည်။
ကျိုးရွှယ်ကောသည် တစ်ချက်စဉ်းစားလိုက်ပြီး သူ့သားပြောတာ မှန်ကြောင်းလက်ခံလိုက်လေသည်။ဒီလိုအသိုင်းအဝိုင်းကြီးမားသော မိသားစုမှ သမီးလေးသည် ယခုလို ပေးလိုက်သော လက်ဆောင်အား ပြန်လာပေးခြင်းကို သဘောကျလိမ့်မည် မဟုတ်ပေ။
သူသည် ကျိုးဟောင်အား အတင်း သွားပြန်ပေးခိုင်းပါက သူမကို စိတ်ဆိုးအောင်လုပ်မိသလိုဖြစ်သွားနိုင်လေသည်။သို့သော်လည်း ရှုမိန်းကလေးသည် ထိုကဲ့သို့ ဈေးကြီးသော ပစ္စည်းများကို ပေါ့ပေါ့ပါးပါးပေးနိုင်ခြင်းကြောင့် သူတို့သားနှင့် သူမ၏ဆက်ဆံရေးမှာ သာမန်တော့မဟုတ်လောက်ပေ။
ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ကျိုးရွှယ်ကောသည် ကြက်သွေးရောင် သွေးနွယ်ပင်နှင့် ကြံ့ချိုအား လက်ခံလိုက်လေသည်။ သို့သော်လည်း သူသည် ဖြောင့်မတ်စွာဖြင့် " သားနောက် ဒါမျိုးထပ် မလုပ်နဲ့တော့။ ယခု ဒီပစ္စည်းနှစ်ခုကိုလည်း ခဏချေးငှားတယ်လို့ သဘောထားလိုက်မယ်။ပြီးရင် ငါ IOU(ငွေချေးကြောင်း ၀န်ခံလက်မှတ်) ရေးပေးမယ် မင်း သူ့ကိုပေးလိုက်ပါ " ဟု ပြောလေသည်။
ကျိုးဟောင်လည်း ခေါင်းညိတ်ပြလိုက်လေသည်။ ခဏကြာ အတွင် ကျိုးရွှယ်ကောသည် ငွေချေးကြောင်း၀န်ခံလက်မှတ်ကိုရေးပြီးလာပေးလေသည်။"သိမ်းထားလိုက် မပျောက်စေနဲ့" ဟု မှာခဲ့လေသည်။
ကျိုးရွှယ်ကော ထွက်သွားပြီးနောက် ကျိုးဟောင်လည်း အခန်းထဲသို့ပြန်လာကာ အိပ်ယာပေါ်တွင် တစ်ယောက်ထဲစဉ်းစားနေလေသည်။
ထိုပစ္စည်းနှစ်ခုရလာသည့် အပေါ်တွင် ကျိုးရွှယ်ကောဆက်ဆံပုံကို ကြည့်ခြင်းအားဖြင့် သူ့ပိုက်ဆံကတ်ရှိငွေအများအပြား ကို ပြသလိုက်ပါက သူ့ မိဘနှစ်ပါးသည် အလွန်ထိတ်လန့်စိုးရိမ်သွားမည်ဖြစ်သည်။
နောက်ဆုံးတော့ ကတ်ထဲတွင် ပိုက်ဆံ ယွမ် ၆သန်းသာ ကျန်တော့သည်။ အခြားရရှိလာသည့် နတ်ဆိုး သတ္တဝါပစ္စည်းများကို ရောင်းချပြီးရင် တော့ သူသည် ယွမ် ၁၀သန်းကျော်လောက်စုဆောင်းနိုင်မည်။
ထိုပိုက်ဆံအများအပြားကို ဘယ်ကရရှိလာသလဲဆိုတာ ရှင်းပြရန် သူ့အတွက် ခက်ခဲလှပေသည်။ သူ့စွမ်းအားတွေ အားထုတ်ပြလိုက်ရင်တော့ တစ်မျိုးတစ်ဖုံဖြစ်နိုင်ပေသည်။
သို့သော်လည်း ထိုသို့ ထုတ်ပြလိုက်ပြန်လျှင်လည်း သူ့မိဘများ မှာ ပို၍ စိုးရိမ်သွားမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ သည် ပိုစွမ်းအားကြီးလေလေ ပို တာ၀န်၀တ္တရား ကြီးကြီးလေလေ ဆိုသည့် အကြောင်းကို ကောင်းစွာနားလည်ကြသည်။ ဒါ့အပြင် သူ့မိဘများ၏ စိတ်ဓာတ်အရ သူ့ကို မြို့အတွင်းပုန်းအောင်းကာ သူရဲဘောကြောင်ပြီး နေခိုင်းမည်မဟုတ်ပေ။
"ပိုက်ဆံ ရှိရှိ မရှိ ငါ့မှာ စိုးရိမ်ရတာတွေတော့ မဆုံးနိုင်အောင်ပါလား။ အရင်ကလို ကျောင်းမှာပဲအေးဆေးနေလို့ မရတော့ဘူးပဲ" ဟု ခေါင်းအောက်ထဲသို့ လက်များထည့်ထားရင်း တွေးနေလေသည်။
နွေးထွေးသာယာသော မနက်ခင်းနေရောင်ခြည်လေးသည် ချူမြို့ အထက်တန်းကျောင်း ပေါ်သို့ ကျရောက်နေလေသည်။ ကျိုးဟောင်သည် အခန်းထဲသို့ ၀င်လိုက်သည် နဲ့ အသည်းအသန် ဆွေးနွေးနေကြသံများကြားလိုက်ရသည်။
တစ်နေ့က ကျင်းပခဲ့သော ပြိုင်ပွဲအကြောင်းမှာ ခုထိတိုင် မပြီးဆုံးနိုင်သေးပေ။ အတန်းထဲရှိ ကျောင်းသားအတော်များများဆွေးနွေးနေကြသည်မှာလည်း ထိုပြိုင်ပွဲ အကြောင်းများပင်ဖြစ်သည်။
ကျိုးဟောင်လည်း သူ့နေရာတွင်ထိုင်နေရင်း ကောင်းကင်ဘုံလမ်းကြောင်းဆော့ဝဲလ်ကို ဖွင့်ကြည့်နေလေသည်။
ကံကြမ္မာ အမှတ်များ - ၅၃,၀၀၀ (ယခုလက်ရှိအဆင့်- ကြွယ်၀များပြားသော အမှတ်များ) ဟု ပြသနေလေသည်။
မနေ့ညက ပဟေဠိသေတ္တာတွေကို ဖွင့်ပြီးနောက် ကျိုးဟောင်မှာ အနီရောင် စပါးအုံးမြွေ နှင့် သံမဏိသွား နဂါးမိကျောင်းကို သတ်ခဲ့ပြီး ကံကြမ္မာ အမှတ်ပေါင်း ၅သောင်း ကျော်အထိ စုဆောင်းနိုင်ခဲ့လေသည်။
ဘုရင်အဆင့် သံမဏိသွားနဂါးမိကျောင်း တစ်ကောင်တည်းနှင့်ပင် ကံကြမ္မာအမှတ် ၅သောင်းထိရခဲ့လေသည်။သို့သော်လည်း ကျိုးဟောင်သည် ပဟေဠိသေတ္တာများကို အလျင်စလိုမဖွင့်လိုပေ။ သူသည်ကံကြမ္မာအမှတ် များများ စုဆောင်းပြီးမှ ပဟေဠိသေတ္တာများဖွင့်ရန် ကြံရွယ်ထားလေသည်။
သူသည် ဖန်သားပြင်ကို မပိတ်မှီ နောက်ထပ်အချက်အလက်များအတွက် စကားပြောခန်းအတွင်း၀င်ကြည့်နေခဲ့လေသည်။
ထိုအချိန်တွင် သင်းပျံ့သော ရနံ့တခု သူ့နှာခေါင်းထဲသို့ ၀င်လာခဲ့လေသည်။ သူမော့ကြည်လိုက်သောအခါ ရှူလင်၏ မျက်၀န်းတစုံလည်းတွေ့လိုက်ရလေသည်။
" အကြွေးပြန်ဆပ်ပြီးပြီ ဆိုတော့ အေးဆေးနေနိုင်ပြီ ထင်နေတာလား။ နင် သွေးအနှစ်သာရ ပထမအဆင့်ကိုတောင် မဖြတ်ကျော်နိုင်ပဲ ကျောင်းပြီးရင် အလုပ်ကောင်းကောင်းရမယ် ထင်မနေနဲ့" ဟု ရှုလင် က အေးစက်စွာ ပြောကာ သူ့နေရာသို့ ပြန်သွားထိုင်နေသည်။
သူမ ၏ နက်မှောင်သောဆံကေသာများဖြင့် လွှမ်းခြုံထားသည့် ကျောပြင်လေးကို သူ့ဘက်ကျောပေးထိုင်ကာ လှည့်မကြည့်ဘဲနေလေသည်။ ကျိုးဟောင်လည်း ရယ်ချင်စိတ်ကိုထိန်းမရတော့ပေ။
ရှုလင်သည် အပြောဆိုးသော်လည်း သိမ်မွေ့သော နှလုံးသားရှိကြောင်း သူ အစက မသိရှိခဲ့ပေ။
သို့သော်လည်း ရှုလင် သည် သူ့အား ပညာလာပေးနိုင်သည့်ပုံအရ သူမ က မနေ့ညက ကြုံတွေ့ခဲ့ရသော ကြောက်မက်ဖွယ်အဖြစ်အပျက် ကြောင့် ရရှိခဲ့သည့် စိတ်ဒဏ်ရာမှ ပြန်ကောင်းလာကြောင်း ယူဆလို့ရလေသည်။
ကလင် ကလင်
ကျောင်းတက်ခေါင်းလောင်းထိုးပြီးနောက် အတန်းပိုင်ဆရာ ၀င်ရောက်လာသောအခါ ကျောင်းသားများအံ့ဩသွားကြလေသည်။
"ဘာလို့ အတန်းပိုင်ဆရာကဒီရောက်နေတာလဲ"
"ငါသေချာ မှတ်မိတာကပေါ ဒီအချိန်က ရုပ်၀တ္ထုသိပ္ပံအချိန်ပါ။"
"ငါလည်း မသိဘူးလေ။"
အတန်းပိုင်ဆရာသည် တီးတိုးပြောသံများကို လျစ်လျူရှူလိုက်ပြီး ရှုလင်နှင့် ကျန်းယိအား ပြုံးပြီးကြည့်ကာ " ငါတို့အတန်းက ပြိုင်ပွဲမှာကောင်းကောင်းစွမ်းဆောင်နိုင်တာပဲ။ ရှုလင်နဲ့ ကျန်းယိက ထိပ်ဆုံး ၅ယောက်ထဲ ပါခဲ့တာ ချီးကျူးစရာပဲ " ဟု ပြောလေသည်။
သူကိုယ်တိုင် လက်ခုပ်စတီး ပြီးနောက် ကျန် ကျောင်သားများပါ လက်ခုပ်တီးဂုဏ်ပြုကြလေသည်။
"ဒါပေမဲ့ " ဟု ဆိုကာ အတန်းပိုင် ဆရာ၏ အသံမှာပြောင်းလဲသွားပြီး " မနေ့က ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေကြောင့် ကျောင်းသား အတော်များများ ပြိုင်ပွဲမှာ မပါ၀င်နိုင်ခဲ့ကြဘူး။ အဲဒီအကြောင်းကို ကျောင်းရဲ့ အကြီးပိုင်းတွေ ညလုံးပေါက်ဆွေးနွေးခဲ့ပြီး နောက်ပြိုင်ပွဲတစ်ခုကို နောက် ၃ရက်အကြာမှာ ထပ်ကျင်းပမယ်။ ဒီတစ်ခါတော့ ဆုကြေးက နှစ်ဆဖြစ်မယ်။" ဟု ပြောကြားလေသည်။
..............................................................................
အခန်း(၂၆) ပြီးပါပြီ။
အပိုင်း (၂၇): သတင်းအချက်အလက်ပေါက်ကြားခြင်း
အတန်းပိုင်ဆရာမှ ပြိုင်ပွဲထပ်ကျင်းပမည့် အကြောင်းကို ပြောလိုက်သောအခါ တစ်ခန်းလုံး ဆူညံသွားလေသည်။
" ဟ ငါတို့ကျောင်းက တကယ်ရူးသွားပြီပဲ"
" မှန်တယ် ပြိုင်ပွဲကို နှစ်ခါဆက်တိုက်ကျင်းပလို့ ကုန်ကျငွေ က ဆုကြေးတစ်ခုထဲနဲ့တင် ယွမ် ၅သန်းကျော်နေပြီ။"
" ယွမ် ၅သန်းတင် ဘယ်ကမလဲ စမ်းသပ်ရေးပစ္စည်းစရိတ်တွေလည်း ကျန်သေးတယ်လေ။"
ကျိုးဟောင်လည်း အံ့ဩသွားလေသည်။ ကျောင်းကနောက်ပြိုင်ပွဲတစ်ခု ဘာလို့ထပ်ကျင်းပလဲ သူနားမလည်နိုင်အောင်ဖြစ်နေလေသည်။
"တိတ်တိတ်နေကြစမ်း"
အတန်းပိုင်ဆရာက အားလုံးကို တချက်ကြည့်ကာ အော်လိုက်ပြီး ခုံကို လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။ အခန်းထဲကအသံတွေ အားလုံးလည်း တိတ်ဆိတ်သွားလေသည်။
အတန်းပိုင်ဆရာက " ဒီပြိုင်ပွဲက အရင်တစ်ခေါက်နဲ့မတူဘူး ။ ဒီတစ်ခါက တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်မယ့်ပြိုင်ပွဲပဲ။ တစ်နည်းပြောရရင် တခြားအတန်းက ကျောင်းသားတွေနဲ့ တိုက်ခိုက်ရမှာ မဟုတ်ဘဲ တောတွင်းက သန္ဓေပြောင်းသတ္တဝါတွေနဲ့တိုက်ခိုက်ရမယ်" ဟု ပြောလိုက်လေသည်။
ထိုစကားကိုကြားသောအခါ တစ်ခန်းလုံးငြိမ်သက်သွားပြီး မယုံကြည်နိုင်ဖြစ်သွားကာ မျက်လုံးပြူသွားကြလေသည်။
အိုမြတ်စွာဘုရား…..
တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲ ဒါ့အပြင် တောထဲက သန္ဓေပြောင်းကောင်တွေနဲ့တိုက်ရမယ်။ ကျောင်းသားအားလုံး တစ်ခုခုလွဲနေတာဖြစ်မယ်လို့သာတွေးထားကြသည်။
ကမ္ဘာကြီးဟာ အခြားမျိုးနွယ်ခြားသတ္တဝါများ၏ ကျူးကျော်ခြင်းကို ခံနေရသော်လည်း အထက်တန်းကျောင်းအများစုကတော့ တိုက်ခိုက်ရေးလေ့ကျင့်မှုမျိုး ပြုလုပ်လေ့မရှိပေ။ ဒါ့အပြင် အထက်တန်းကျောင်းသားများသည် သူတို့၏ ကိုယ်ပိုင်သွေးအနှစ်သာရ ကို တည်ဆောက်နေဆဲအဆင့်များသာ ရှိကြသေးသည်။ တိုက်ခိုက်ရေးလေ့ကျင့်မှုများကိုတော့ တက္ကသိုလ်ရောက်မှ သာ သင်ကြားလေ့ကျင့်ကြခြင်းဖြစ်သည်။
တစ်ချို့သော အဆင့်မြင့်အထက်တန်းကျောင်းများတွင် တိုက်ခိုက်ရေးလေ့ကျင့်မှုများ ရှိတတ်လေသည်။သို့သော်လည်း သူတို့၏ ချူမြို့အထက်တန်းကျောင်းသည် သာမန် အထက်တန်းကျောင်းတကျောင်းသာဖြစ်လေသည်။
ထိပ်တန်းအဆင့် မပြောနှင့် သူတို့ကျောင်းမှာ အဆင့်မြင့်ကျောင်းတွေထဲတောင် မပါခဲ့ပေ။ ယခုတော့ ကျောင်းသားများကို တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲ တွင် ၀င်ပြိုင်စေချင်နေကြပေသညါ။
" ကျောင်းရဲ့အထက်လူကြီးတွေ သေချာရော တွေးကြရဲ့လား..."
"မင်းပြောတာမှန်တယ်။ ငါတို့က သိုင်းပညာရှင်အဆင့်တောင် မရောက်သေးတာ ဘာလို့တိုက်ခိုက်ရေးအကဲဖြတ်ပြိုင်ပွဲ၀င်ပြိုင်ရမှာလဲ "
" တစ်ယောက်ယောက်များ ကြက်တစ်ကောင်လောက်သတ်ဖူးကြလား"
"ငါကြက်တော့ မသတ်ဖူးဘူး ဒါပေမဲ့ အင်းဆက်ပိုးကောင်အစိမ်းတွေတော့သတ်ဖူးတယ်"
တိတ်ဆိတ်နေသော စာသင်ခန်းမှာ ဆူညံသံအများအပြားဖြင့် ပြန်လည် ပြည့်နှက်လာလေသည်။
စာသင်ခန်း အပြင်ဘက်ကနေ လည်းဆူညံများ ကြားရလေသည်။ ကြည့်ရတာ လူတိုင်း ဒေါသထွက်နေပုံရလေသည်။
ကျောင်းအုပ်ကြီးရုံးခန်းတွင်......
ကျောင်းအုပ်ကျန်းမှာ ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး သူ့ဘေးရှိ တောင်တလုံးကဲ့သို့ တည်ငြိမ်နေသော သူအားတချက်ကြည့်ပြီးနောက် " နည်းပြရှန်း ကျုပ်တော့ ခင်ဗျားညွှန်ကြားသလို လုပ်ပြီးပြီ။ အတန်းပိုင်ဆရာတွေက တစ်ဆင့် ပြိုင်ပွဲကျင်းပမယ့် သတင်းလွှင့်လိုက်ပြီ။ ဒါပေမဲ့ ကျုပ်တို့ကျောင်းမှာ တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲမျိုးမကျင်းပဖူးဘူး။ ပြီးတော့ သုံးရက်ထဲနဲ့ ကျောင်းသားတွေလည်း လေ့ကျင့်ပြင်ဆင်ဖို့မလုံလောက်ဘူး။ သူတို့တစ်ခုခုဖြစ်ခဲ့ရင် ကျုပ်အပေါ်ပြဿနာတွေကျလာလိမ့်မယ်။" ဟု စိတ်ပျက်စွာပြောနေလေသည်။
ဘယ်ဘက်တံခါးနားတွင်ရပ်နေသော ဌာနမှူးဟုန်မှ " နည်းပြတစ်ယောက် အနားမှာရှိနေတာပဲ ဘာအမှားအယွင်းမှ မဖြစ်နိုင်ပါဘူး " ဟု ထောက်ပြပြောဆိုလေသည်။
တည်ငြိမ်နေသော နည်းပြရှန်း သည် ဌာနမှူး ဟုန်အား တချက်ကြည့်လိုက်လေသည်။ ခက်ထန်သော ဌာနမှူးဟုန် သည် ကလေးတစ်ယောက်ကဲ့သို့ ရိုကျိုးစွာခေါင်းငုံ့သွားလေပြီး " နည်းပြရှန်းရယ် ကျောင်းအုပ်ကျန်းရော ကျွန်တော်ရော ခင်ဗျားရော ပါရမီရှင်ထူးချွန်သူကို ရှာချင်နေမှန်းသိပါတယ် ဒါပေမဲ့ တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲကတော့ အန္တရာယ်နည်းနည်းများတယ်" ဟု တိုးတိုးလေးရေရွတ်မိလေသည်။
နည်းပြရှန်း က လက်ဖက်ရည် တစ်ကျိုက် သောက်လိုက်ပြီး ဖြေးဖြေးလေးထကာ " ငါပြောခဲ့သလိုပဲ မင်းတို့ပေးတဲ့ အချက်အလက်တွေနဲ့ ပါရမီရှင်ကျောင်းသားရဲ့အစွမ်းအစကို ငါအတည်မပြုနိုင်သေးဘူး။ဒါ့ကြောင့် ဒီပြိုင်ပွဲက မဖြစ်မနေကျင်းပဖို့လိုအပ်တယ်။ လုံခြုံရေးအတွက် စိတ်မပူပါနဲ့ ငါဒီမှာရှိနေမှာမို့ သူတို့အတွက် အဆင်ပြေမှာပါ " ဟု ပြောလေသည်။
ဘုန်း…..
အလွန်ပြင်းထန်သော သွေးအနှစ်သာရ စွမ်းအားသည် သူ့ကိုယ်မှ ထွက်လာလေသည်။ ကျောင်းအုပ်ကျန်းနဲ့ ဌာနမှူးလည်း လန့်ကာ မတ်တပ်ထရပ်ကြလေသည်။
အဆင့်မြင့် မဟာဆရာသခင်...
ဌာနမှူးဟုန် ဖိတ်ကြားခဲ့သောနည်းပြရှန်း သည် အဆင့်မြင့် မဟာဆရာသခင် ဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားကြပေ။ မဟာဆရာသခင် အဆင့်တွေသာ သွေးအနှစ်သာရ ဖိအားကို ပေါ့ပေါ့ပါးပါးလွှင့်ထုတ်နိုင်ကြလေသည်။
"သခင်ရှန်းနဲ့သာဆို ကျုပ်တို့ စိတ်ချလို့ ရပါတယ်" ဟု ကျောင်းအုပ်ကျန်းမှ ကမန်းကတန်းပြောလိုက်လေသည်။
မဟာဆရာသခင်တစ်ယောက်သာ ရှေ့မှ ထွက်တိုက်မယ်ဆိုလျှင် သန္ဓေပြောင်း သားရဲ မဆိုထားနှင့် နတ်ဆိုးစစ်သူကြီး အဆင့်တွေကိုပါ အေးဆေးကိုင်တွယ်နိုင်လေသည်။
နည်းပြရှန်း သည် ကျောင်းအုပ်ကျန်းနှင့် ဌာနမှူးတို့၏အမူအရာကို ဂရုမစိုက်ဘဲ သူ့နေရာတွင် ပြန်ထိုင်လိုက်ပြီး " တကယ်လို့ ငါတို့သာ ပါရမီရှင်ကျောင်းသားရဲ့အစွမ်းက အဆင့်မြင့် သိုင်းပညာရှင်လောက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ရင် ငါကိုယ်တိုင်သူ့ကို အထူးနည်းလမ်းတွေနဲ့ ပြုစုပျိုးထောင်ပေးမယ်" ဟု ပြုံးပြီးပြောလေသည်။
ထို့နောက် ဌာနမှူးဟုန်ကို ကြည့်ကာ လေသံပြောင်းသွားပြီး " တကယ်လို့ မဟုတ်ခဲ့ရင်တော့ အကျိုးဆက်ကိုမင်းသိပါတယ်" ဟု ပြောလိုက်လေသည်။
ဌာနမှူးဟုန်လည်း အသံပြောင်းသွားကာ" နည်းပြရှန်းပဲ ကျွန်တော့်ကို ဒီရာထူးပေးခဲ့တာပါ။ကျွန်တော့်ကို ဒီတစ်ကြိမ်ထပ်ပြီး အခွင့်အရေးလေးပေးပါ" ဟု ပြာပြာသလဲပြောလေသည်။
"ကဲ ကဲကြည့်ရသေးတာပေါ့" ဟု နည်းပြရှန်းက ပြုံးပြီးပြောလေသည်။
စာသင်ခန်း၂၃ ခန်းလုံး ဆူညံပွက်လောရိုက်နေချိန်တွင်......
ကျောင်းထဲရှိ စွန့်ပစ်အဆောင်တစ်ခု၌ ရေဘဝဲလက်တံနှင့်တူသည့် ပါးလွှာသော နွယ်ပင်များသည် လေထဲတွင် ရစ်ဝဲနေလေသည်။၎င်းသည် အဆင့်နိမ့် နတ်ဆိုး သတ္တဝါဖြစ်ပြီး နတ်ဆိုးမျိုးနွယ်၏သူလျှိုလည်းဖြစ်လေသည်။ သူတို့ကိုတော့ ပန်းနွယ်တစ်ထောင် မိစ္ဆာများဟုခေါ်ကြလေသည်။
အစိမ်းရောင် အင်းဆက်ပိုးကောင်များနှင့် မတူသည်မှာနတ်ဆိုးမျိုးနွယ်မှ ပန်းနွယ်တစ်ထောင်မိစ္ဆာတို့သည် ပို၍လျှို့ဝှက်ကာ ရှာတွေ့ရန်လည်း ခက်ခဲလေသည်။ ထို့ပြင် သူတို့ စုဆောင်းရရှိသွားသော သတင်းအချက်အလက်အမျိုးမျိုးသည် လူသားမျိုးနွယ်တို့အတွက် ပျက်စီးခြင်းများယူဆောင်လာလေသည်။
"ပြိုင်ပွဲ၊ တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်မှု၊ ပါရမီရှင်ထူးချွန်သူ ...." နွယ်ပင်များသည် သူ၏လက်တံများကို ချိတ်ဆက်ပြီး သတင်းအချက်အလက်များရယူနေလေသည်။ ပန်းနွယ်တစ်ထောင်မိစ္ဆာသည် သူ၏ လက်တံနွယ်ပင်များဖြင့် သတင်းအချက်အလက်ကို အမြန်ရယူပြီး အထူးနည်းလမ်းဖြင့် နတ်ဆိုးမျိုးနွယ်ဆီသို့ပို့ပေးလေသည်။
သို့သော် အင်းဆက်ပိုးကောင်များနှင့် မယှဉ်နိုင်သည့်တချက်မှာ သူတို့၏ သတင်းအချက်အလက်ပေးပို့နှုန်းသည် အလွန်နှေးကွေးလေသည်။
ထိုအခိုက်အတန့်တွင် ကျောင်းရဲ့ အကြီးအကဲများနှင့် နည်းပြရှန်း တို့သည် ဘာတွေ ဖြစ်ပျက်နေလဲ မရိပ်မိကြသေးပေ။
..............................................................................
အခန်း(၂၇)ပြီးပါပြီ။