အခန်း (၆၃၄-၆၃၆)
Vol. 43 Ch. 634-636
အခန်း(၆၃၄) မွေးဖွားခြင်းနယ်မြေအဆင့် စွမ်းအား
လွန်ခဲ့သော တစ်နှစ်နှင့် နှိုင်းယှဉ်ပါက ရှဖန်သည် ပြီးပြည့်စုံစွာ အသွင်ကူးပြောင်းခဲ့သည်။ သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ ပဉ္စမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ဤအရှိန်သည် ဒုံးပျံစီးသည်နှင့်ပင်တူ၍ အနာဂတ်တွင် သူသည် မွေးဖွားခြင်းနယ်မြေသို့ဝင်ရောက်နိုင်ဖွယ်ရှိသည်။ ရှဖန်၏ မိသားစုအတွက် မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူတစ်ယောက်သည် မိသားစုကို ဦးဆောင်ရန် လုံလောက်သည်။
သို့သော် ချူးယွင်ဖန်း၏ တိုးတက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၎င်းသည် ကလေးကစားနည်းသာသာသာဖြစ်သည်။ ရှဖန်၏ ခန့်မှန်းချက်ကို အခြေခံ၍ပြောရလျှင် သူသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ချူးယွင်ဖန်းနှင့် မယှဉ်နိုင်ပေ။ ယခုမူ ရှဖန်သည် ချူးယွင်ဖန်း၏ အင်အားကို မဆုံးဖြတ်နိုင်တော့ပေ။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် မွေးဖွားခြင်းနယ်မြေအဆင့်ထက် သာလွန်ကြောင်း သူသိသည်။ နောက်ဆုံးတွင်၊ ချူးယွင်ဖန်း သည် ကျောင်းသားကောင်စီ၏ ဒုတိယဥက္ကဋ္ဌဝမ်ချီကို အနိုင်ယူခဲ့ကြောင်း လူတိုင်းသိသည်။
ချူးယွင်ဖန်း အတွက်မူ ဤသည်က သာမန်နှင့်မဆိုင်ပေ။ ဒါက သာမာန်နဲ့ ဘာမှမဆိုင်ပါဘူး။ တင်းယင်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေကာ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေတွင်ရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်သည် ယခုအချိန်တွင် မရီးဒျန်သန့်စင်ခြင်းအဆင့်ထက် များစွာ ကျော်လွန်နေပြီဖြစ်သောကြောင့် တင်းယင်ကို အနိုင်ယူရန်မှာ သေချာလှသည်။
တစ်ဖက်တွင် တင်းယင်၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများပြည့်နှက်နေသည်။ ချူးယွင်ဖန်းသည် မိမိထက် သန်မာနေလိမ့်မည်ကို ကြိုတင်တွက်ချက်ထားသော်လည်း ချူးယွင်ဖန်းက ဤမျှထိ သန်မာနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုသိုင်းကွက်တစ်ခုတည်းက ၎င်းတို့ကြားရှိ ကွာဟချက်ကို အဆုံးမဲ့သမုဒ္ဒရာအဖြစ် ခံစားရစေသည်။ ဤသည်မှာ ခက်ခက်ခဲခဲလုပ်၍ရသောအရာမဟုတ်ပေ။ တင်းယင်သည် ယခု ရှဖန်နှင့်မယှဥ်နိုင်သေးသော်လည်း အနှေးနှင့်အမြန် ရှဖန်ကို ကျော်တက်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိသည်။ သို့သော် တင်းယင်သည် ချူးယွင်ဖန်းကို တစ်သက်တာလုံးအနိုင်မရနိုင်တော့မည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်၏။
ပုရွက်ဆိတ်သည် နတ်နဂါးကို မည်သို့အနိုင်ယူနိုင်မည်နည်း။
“သင်ခန်းစာအတွက် ကျေးဇူးတင်ပါ စီနီယာချူး။ ငါ မာန်တက်လွန်း” တင်းယင်က ခါးသက်စွာပြုံး၍ ပြောသည်။
“ဒီလောက်ထိ စိတ်ညစ်နေဖို့ မလိုပါဘူး။ ငါက မင်းထက်တစ်နှစ်ပဲ ပိုကြီးပေမယ့် ငါ့အတွေ့အကြုံက မင်းစိတ်ကူးယဉ်နိုင်တဲ့ အရာမဟုတ်ဘူး။ ငါတို့ကြားမှာ ကွာဟချက်ရှိနေတာက သဘာဝပါပဲ။ မင်းရဲ့အရည်အချင်းတွေနဲ့ ဆရာကျန်းရဲ့ လမ်းညွှန်မှုတွေကြောင့် မင်းရဲ့အနာဂတ်ဟာ အကန့်အသတ်မရှိဖြစ်လာမှာပါ"
ထိုစကားကြောင့် ချူးယွင်ဖန်းသည် အငယ်တန်းကို သင်ပေးနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော်လည်း ပြသနာရှိနေသည်ဟု မည်သူမျှ မခံစားခဲ့ကြပေ။ ဤသည်က အလွန်သာမန်ကျသည်ဟု ၎င်းတို့အားလုံး ခံစားမိသည်။ မှန်သည်၊ သူ၏ ပြင်းထန်၍ လွှမ်းမိုးနိုင်သော ခွန်အားကြောင့်မဟုတ်ပါက ဤသို့ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
“အိုး ဟုတ်သားပဲ၊ ခေါင်းဆောင် မင်းအတွက် ဖိတ်စာတစ်ခုရှိ" ရှဖန်သည် ရှေ့သို့ လျှောက်သွား၍ ချူးယွင်ဖန်းကို ဖိတ်စာပေးလိုက်သည်။
“ဒီကိုလာတော့ မင်းက သီးသန့်ကျင့်ကြံနေတာနဲ့ ငါမင်းကိုယ်စားလက်ခံထားခဲ့တာ”
ချူးယွင်ဖန်းသည် ရွှေရောင်ဖိတ်စာဖြစ်သည်ကို တွေ့လိုက်ရပြီးနောက် ဖိတ်စာကိုယူလိုက်ရာ ၎င်းတွင် ဝိဉာဥ်စွမ်းအင်အချို့ပင်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ဤဖိတ်စာကို လုပ်ထားသော ပစ္စည်းမှာ အလွန်ထူးကဲလှသည်။ ချူးယွင်ဖန်း နာမည်ရလာခဲ့စဥ်မှစ၍ သူနေ့စဥ်လက်ခံနေရသော ဖိတ်စာအရေအတွက်သည် အလွန်များပြားလှသည်။ သို့သော် ၎င်းတို့အားလုံးသည် အီလက်ထရွန်းနစ်ဖိတ်စာများဖြစ်၍ ယခုခေတ်တွင်အားလုံးက ထိုသို့သာဆောင်ရွက်ကြသည်။ ပတ်ဝန်းကျင်အတွက် ဒုက္ခဖြစ်စေသဖြင့် စစ်မှန်သော ဖိတ်စာများကို အသုံးပြုသူ အလွန်နည်းပါသည်။ သို့သော် ဤအရာသည်မူ ထင်ရှားစွာခြားနားနေသည်ဖြစ်ရာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချူးယွင်ဖန်းသည် ဤဖိတ်စာ၏တန်ဖိုးမှာ ယွမ်တစ်သိန်းကျော်ဖြစ်ကြောင်း ပြောနိုင်၏။
‘ဒီစာရွက်ပေါ်မှာ ပိုက်ဆံအများကြီးသုံးထားတာ ဘယ်သူလဲ။’
ချူးယွင်ဖန်းက ဖိတ်စာကို ဖယ်၍ ခေါင်းညိတ်ကာ ထွက်သွားခဲ့သည်။ ချူးယွင်ဖန်း၏ တဖြည်းဖြည်း ထွက်သွားသည်ပုံကို ကြည့်၍ နောက်ဆုံးတွင် ကျောင်းသားသစ်များက သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ ချူးယွင်ဖန်းပေးခဲ့သော ဖိအားသည် ကြီးမားလွန်းလှသည်။
“သူက အရမ်းသန်မာ။ ထင်ထားတဲ့အတိုင်း ဒုတိယနှစ်ကျောင်းသားတွေရဲ့ ပထမတန်းကျောင်းသားပဲ” ကောင်မလေးက ရင်ဘတ်ကို ပွတ်၍ပြောသည်။
"ပြော၊ စီနီယာချူးက အခု ဘယ်လောက် သန်မာလို့ ထင်လဲ။ သူ မရီးဒျန်သတ္တမအဆင့်ကိုရောက်နေပြီလား” အခြားကျောင်းသားတစ်ယောက်က မေးသည်။
"မင်း အရူးပဲ။" တင်းယင်က မြေပြင်မှထကာ ပြောလိုက်သည်။ ချူးယွင်ဖန်းသည် သတ္တမအဆင့် သိုင်းပညာရှင်တစ်ဦးသာဖြစ်ခဲ့ပါက မယှဉ်နိုင်သေးသော်လည်း ချူးယွင်ဖန်းက သူ၏ ရောင်ဝါသက်သက်ဖြင့် မိမိကို ချေမှုန်းနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေသို့ တက်လှမ်းနေပြီဖြစ်သည်မှာ ထင်ရှားသည်။
တင်းယင်သည် အခြားသူများကို မကြည့်ဘဲ လေ့ကျင့်ရေးခန်းဆီသို့ တိုက်ရိုက် လျှောက်သွားသည်။ ယနေ့ကိစ္စသည် သူ့ကို အလွန်တုန်လှုပ်စေသည်။ သူ့အပေါ်ထားသော ဖြောင့်မတ်သော မာနကို ချူးယွင်ဖန်းက လုံးလုံးလျားလျား ချေမှုန်းပစ်လိုက်သည်။ မြို့ကို လွှမ်းမိုးထားသည် နံပါတ်တစ် အထက်တန်းကျောင်းသားဖြစ်ခဲ့လျှင်ပင် ကျွမ်းကျင်သူများနှင့်ပြည့်နေသော ပြည်ထောင်စုတက္ကသိုလ်တွင် ဘာမှမဟုတ်ပေ။
အခြေစိုက်စခန်းမှ ချူးယွင်ဖန်းထွက်သွားသည်။ ၎င်းသည် တက္ကသိုလ်မြို့တော်မှ အလွန်ဝေးကွာသောနေရာတစ်ခုဖြစ်သည်။ ကျန်းယွမ်ပင်၏ အခြေစိုက်စခန်းသည် မြို့တော်အတွင်း၌ တည်ရှိ၍ ၎င်း၏ အကာအကွယ်ကို ရရှိနိုင်ကာ အလုံခြုံဆုံးနေရာဖြစ်သည်။
အခြေစိုက်စခန်းမှ ထွက်ခွာပြီးနောက် ချူးယွင်ဖန်းက ဖိတ်စာကို နောက်ဆုံးတွင် ဖတ်ကြည့်လိုက်၏။
[မစ္စတာ ချူးယွင်ဖန်း၊ ကို ကောင်းကင်ဘုံနဂါးအကြီးအကဲရဲ့ နှစ် ၁၈၀ ပြည့် မွေးနေ့ပွဲကို ဖိတ်ခေါ်ထား။ ဒီ ၁၁ လပိုင်း ၁၃ ရက်နေ့ရောက်ရင် ကောင်းကင်ဘုံနဂါးဗီလာမှာ ကျင်းပမှာဖြစ်ပါ။ တွေ့ရဖို့ မျှော်လင့်ပါ။]
‘ကောင်းကင်ဘုံနဂါးဗီလာ၊ ကောင်းကင်ဘုံနဂါးကြီးဟုတ်လား’
ချူးယွင်ဖန်းက အံ့အားသင့်သွားသည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ စွယ်စုံကျမ်းထဲတွင် ကောင်းကင်နဂါးဗီလာသည် ပြည်ထောင်စုအတွင်း၌ နတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ကျွမ်းကျင်သူအနည်းငယ်မှ တစ်ဦးဖြစ်သည်ကို ဖတ်ရှု့ခဲ့ဖူးသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ခန့်က စ၍ ကျော်ကြားလာခဲ့ရာ နတ်အဆင့်သို့ တက်လှမ်းပြီးသည်မှစ၍ သူ၏ဂုဏ်သိက္ခာသည် တစ်ဟုန်ထိုးကြီးထွားလာသည်။ ခွန်အားနှင့် အခြေခံပိုင်းအရဆိုလျှင် သူသည် ချူးမိသားစု၊ ကျန်းမိသားစုတို့ကဲ့သို့ မိသားစုကြီးများထက် မနိမ့်ကျပေ။
ကောင်းကင်ဘုံနဂါးအကြီးအကဲသည် ပြည်ထောင်စုအတွင်း၌ အင်အားအရှိဆုံးအင်အားစုမျာထဲမှ တစ်ဦးဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်က ပင်လျှင် သူ့ကို အလေးအနက်ထား၍ ဆက်ဆံရမည်ဟူသည်အထိ သြဇာလွှမ်းမိုးမှုရှိသည်။ သို့သော် ချူးယွင်ဖန်းသည် ကောင်းကင်နဂါးဗီလာနှင့် တစ်ကြိမ်တစ်ခါမျှ အဆက်အသွယ်မရှိခဲ့ပေ။ ကောင်းကင်ဘုံနဂါးအကြီးအကဲက သူ၏ အသက် ၁၈၀ ပြည့်မွေးနေ့အတွက် အဘယ်ကြောင့် ဖိတ်ကြားခဲ့သနည်း။ ဤသည်က ချူးယွင်ဖန်းနားမလည်နိုင်သော အရာတစ်ခုဖြစ်သည်။ သူ သီးသန့်လေ့ကျင့်နေခဲ့သည်မှာ အချိန်များစွာကြာခဲ့ပြီဖြစ်၍ များစွာသောအရာများကို နားမလည်နိုင်တော့ပေ။ အင်တာနက်ပေါ်တွင် အနည်းငယ်လေ့လာလိုက်သောအခါ ဤဖိတ်စာသည် ကြီးမားသော လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးနေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအကြားတွင်ဖြစ်သည်။ ချူးယွင်ဖန်းက ယင်းကို ပို၍ လေ့လာကြည့်လိုက်သောအခါ ဤဖိတ်ကြားလွှာက အဘယ်ကြောင့် ဤမျှထိ မုန်တိုင်းထန်စေသည်ကို ချက်ချင်းနားလည်သွားသည်။
ကောင်းကင်ဘုံနဂါးအကြီးအကဲသည် လောက၌ အသန်မာဆုံးကျွမ်းကျင်သူများထဲမှတစ်ဦးဖြစ်၍ သူ၏ ဆယ်နှစ်တစ်ကြိမ်ကျင်းပသော မွေးနေ့ကိုမဆိုနှင့် သူ၏ နာမည်သည်ပင် အလွန်ဆွဲဆောင်မှုရှိလှသည်။ ထို့အပြင် အချိန်တိုင်း ပြည်ထောင်စုအတွက် ခမ်းနားလှသော အခမ်းအနားတစ်ခုဖြစ်လာပေလိမ့်မည်။
ဖိတ်ကြားခံရသူအားလုံးသည် ပြည်ထောင်စု၏ အကြီးကျယ်ဆုံးနှင့် အထင်ရှားအကျော်ကြားဆုံးသူများဖြစ်သည်။ ပြည်ထောင်စု၏ ဒုသမ္မတပင်လျှင် ကောင်းကင်ဘုံအကြီးအကဲ၏ နောက်ဆုံးသော မွေးနေ့ပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့သည်။
ထို့ကြောင့် ကောင်းကင်နဂါးအကြီးအကဲ၏ ဂုဏ်သိက္ခာကို ခန့်မှန်းကြည့်၍ရနိုင်သည်။ အခြားနတ်ပညာရှင်များနှင့်ယှဥ်လျှင် ကောင်းကင်အကြီးအကဲသည် မျိုးဆက်သစ်လူငယ်များကို မြှင့်တင်ပေးရန်နှင့် အလင်းပြပေးရန် အထူးနှစ်သက်သည်။ နှစ်များတစ်လျှောက်တွင် သူအဆင့်မြှင့်ပေးခဲ့သည် လူအများအပြားသည် ပြည်ထောင်စုအတွင်း မြင့်မားသော ရာထူးများရခဲ့ကြသည်။
ထို့အပြင် ကောင်းကင်နဂါးအကြီးအကဲက သူ့မွေးနေ့ကို ကျင်းပသည့်အခါတိုင်း အရည်အချင်းရှိသော လူငယ်များစွာကို ဖိတ်ကြားစာပို့လေ့ရှိသည်။ ၎င်းတို့အနက် ထူးချွန်သူများသည် ကောင်းကင်နဂါးအကြီးအကဲ၏ ကိုယ်တိုင်သင်ကြားပို့ချမှုကို လက်ခံရရှိမည်ဖြစ်သည်။ ဤသို့ဖြစ်လာပါက ၎င်းတို့၏ ကျင့်ကြံစဥ်သည် ခုန်ပျံကျော်လွှား၍ တိုးတက်လာရန် ပြဿနာရှိမည်မဟုတ်ပေ။
ထို့ကြောင့် လူငယ်ထူးချွန်သူအများအပြားက ဤအရာကို ၎င်းတို့ကိုပေါ်လွင်စေမည့် စင်မြင့်အဖြစ်သဘောထားကြကာ ရှားပါးလှသော အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ ဖိတ်စာများ၏ စျေးနှုန်းသည် ကောင်းကင်တမျှအထိ မြင့်မားနိုင်သည်။ မှန်သည်။ ကောင်းကင်နဂါးဗီလာမှလူများသည် ဖိတ်စာများကိုသာ သတိထားမိကြသဖြင့် ဤဖိတ်ကြားလွှာများကို ရောင်းချနိုင်သည်။ ဖိတ်စာကို ကိုင်ထားသရွေ့ မည်သူမဆို ခန်းမထဲသို့ဝင်သွားနိုင်၏။
အခန်း(၆၃၅) ငါ့ကို စိတ်မပျက်စေနဲ့
ဤဖိတ်စာများထဲတွင် ချူးယွင်ဖန်းလက်ခံရရှိသည့် ရွှေရောင်ချထားသည့် ဖိတ်စာများသည် အထူးခြားဆုံးဖြစ်သည်။ အခမ်းအနားသို့သွားသူတိုင်းသည် ကောင်းကင်ဘုံနဂါးကြီး၏ လမ်းညွှန်မှုကို ရရှိမည်မဟုတ်ပေ။ ရွှေရောင်ဖိတ်စာများကို ကိုင်ဆောင်ထားသူများကသာ ကောင်းကင်ဘုံနဂါးကြီး၏ လမ်းညွှန်မှုကို ခံယူခွင့်ရမည်ဖြစ်သည်။ မွေးနေ့ပွဲသို့ သိုင်းပညာရှင်ထောင်ပေါင်းများစွာက တက်ရောက်ကြမည်ဖြစ်သော်လည်း အဆိုပါ ရွှေပိန်းချဖိတ်စာ ဆယ်စောင်ကိုသာ ထုတ်ထားသည်။ ထို့ကြောင့် ဤဖိတ်စာကတ်ကို ကောင်းကင်ကျက်သရေဆောင်ဖိတ်စာဟုခေါ်သည်။
အကယ်၍ လူတစ်ဦးသည် ဤကောင်းကင်ကျက်သရေဆောင်ဖိတ်စာကို လက်ခံရရှိပါက၊ ၎င်းသည် သင်္ကေတတစ်ခုဖြစ်လာမည်မှာ သေချာသည်။ ၎င်းသည် လျှို့ဝှက်အခွင့်အရေးတစ်ခုသာမက နာမည်ဂုဏ်သတင်းတစ်မျိုးကိုလည်း ကိုယ်စားပြုပါသည်။
ထိပ်တန်းအဆင့် ထူးချွန်သူများသာ ရရှိနိုင်သောဖိတ်စာ။
ဤဖိတ်စာများကို လိုချင်ကြသူ အများအပြားရှိသော်လည်း ယင်းတို့ထဲမှ ဆယ်ဦးသာရနိုင်သည်။ ထို့ကြောင့် ကောင်းကင်ကျက်သရေဆောင်ဖိတ်စာကိုထုတ်ပေးသည့်အခါတိုင်း ရူးသွပ်ကုန်ကြနိုင်သည်။
ကောင်းကင်ဘုံနဂါးဗီလာသည် ဖိတ်စာများကိုသာအသိအမှတ်ပြုသောကြောင့် လူများစွာက ဤဖိတ်စာများအတွက် တိုက်ပွဲဝင်လိုကြသည်။ မျိုးဆက်များတစ်လျှောက် ဤဖိတ်စာများကို လက်ခံရရှိခဲ့သူ အများအပြား၏ ဖိတ်စာများကို အခြားသူများက လုယူသွားကြသည်။
သို့သော် ကောင်းကင်နဂါးဗီလာသည် ဤအခြေအနေကို လျစ်လျူရှုထားပုံရကာ ယင်းကိုပင် တိတ်တဆိတ်အားပေးခဲ့ကြသဖြင့် လူအများက အလွန်အံ့သြလျက်ရှိသည်။ အချို့က ဖိတ်စာ၏ တန်ကြေးကို မြှင့်တင်လိုသော ကောင်းကင်ဘုံနဂါးဗီလာ၏ နည်းဗျူဟာဖြစ်သည်ဟု ခန့်မှန်းကြသည်။ ဖိတ်ခေါ်မှုကို အစတွင် မည်သူက လက်ခံခဲ့ပါစေ ပွဲသို့ တက်ရောက်နိုင်သူသည်သာ နောက်ဆုံးတွင် နောက်ဆုံး အနိုင်ရသူဖြစ်၏။
သူတို့ရဲ့ ခွန်အားကို အားကိုးသည်ဖြစ်စေ၊ မျိုးနွယ်စု၏ စွမ်းအားကို အားကိုးသည်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်အသာစီးရခဲ့ပါက ၎င်းသည် မရေးမကြီးပေ။ ကျင့်ကြံရေးတွင် ၎င်းတို့၏တစ်ဦးချင်းခွန်အားဖြစ်စေ၊ ၎င်းတို့၏ နောက်မှ ကျောထောက်နောက်ခံကဖြစ်စေ၊ ကံကောင်းမှုဖြစ်စေ တစ်ခုစီတိုင်းသည် အရေးကြီးသည်။
ဆယ်စုနှစ်တစ်ခုစီ၏ အပြောင်မြောက်ဆုံး ပါရမီရှင်များကို ရွေးချယ်ရန် ဖိတ်စာကို အသုံးပြုခြင်း။ အိမ်တစ်အိမ်အတွက် ဘောပင်အရောင်းအဝယ်လုပ်သည့် ဤနည်းလမ်းသည် ရင်သပ်ရှုမောဖွယ်ရာကောင်းသည်။ သို့သော် ကောင်းကင်ဘုံနဂါးအကြီးအကဲသည် နှစ်များတစ်လျှောက် မျိုးဆက်သစ်လူငယ်များကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးခဲ့သည်။ ထိုနည်းဖြင့် သူသည် ထိုသို့သော ဂုဏ်သိက္ခာကို စုဆောင်းနိုင်ခဲ့သည်။ သာမန်လူတစ်ယောက်ဆိုလျှင် ဤအရာက မဖြစ်နိုင်ပေ။ ဒါက =
ပြည်ထောင်စုတက္ကသိုလ်၏ အွန်လိုင်းဖိုရမ်တွင်ပင်၊ ကောင်းကင်ကျက်သရေဆောင်ဖိတ်စာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။ ကောင်းကင်ဘုံနဂါးဗီလာမှထုတ်ပြန်သောစာရင်း၌ ယခုနှစ်တွင် ကောင်းကင်ကျက်သရေဆောင်ဖိတ်စာဆယ်ခုသာရှိ၍ ၎င်းတို့ထဲမှ နှစ်ခုသည် ပြည်ထောင်စုတက္ကသိုလ်သို့ ရောက်ရှိခဲ့သည်။
ဤသတင်းထွက်ပြီးသည်နှင့် ကြီးမားသော လှိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ ပါရမီရှင်များ များပြားသော နေရာတစ်ခုအဖြစ် လူသိများသည့် ပြည်ထောင်စုတက္ကသိုလ်သည်ပင် ကောင်းကင်ကျက်သရေဆောင်ဖိတ်စာများကို ရရှိခဲသည်။ များသောအားဖြင့် ၎င်းတို့သည် ဖိတ်စာတစ်ခုတစ်လေပင်မရခဲ့ကြပေ။
အကြောင်းမှာ ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားများသည် ငယ်လွန်းသောကြောင့် ဖြစ်သည်။ သူတို့၏အရည်အချင်းများက ထူးချွန်သော်လည်း သူတို့၏အသက်အရွယ်၏အားနည်းချက်ကို ဖြည့်ဆည်းရန် အလွန်ခက်ခဲသည်။ ၎င်းတို့ကို ငယ်ရွယ်၍ နုံ့အသေးသည်ဟု ယူဆကြလေ့ရှိသည်။
ကောင်းကင်ကျက်သရေဆောင်ဖိတ်စာများကို ကိုင်ဆောင်ထားသူများအတွက် အများဆုံးအသက်မှာ ၂၅ နှစ်ဖြစ်သည်။ ဤကာလသည် တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကာလဖြစ်သည်။ လက်ရှိ၎င်းတို့ထက် နှစ်အနည်းငယ် ကြီး။
အသက်အရွယ်၏ အားနည်းချက်မှာ ပေါင်းကူးရန် ခက်ခဲသော ကွာဟချက်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်က ဤသို့ဖြစ်ပါက အခြားတက္ကသိုလ်များအတွက် ပို၍ပင်ဆိုးဝါးပေသည်။ ၎င်းတို့တက္ကသိုလ်များမှ တစ်ယောက်ယောက်ဆီသို့ အလှည့်ကျရောက်ဖူးသည်ပင်လျှင်ရှား၏။
သို့သော် ယခုနှစ်တွင် ကောင်းကင်ကျက်သရေဆောင်ဖိတ်စာနှစ်ခုဟာ ပြည်ထောင်စုတက္ကသိုလ်သို့ ရောက်ရှိလာပါသဖြင့် ဖြစ်ပေါ်လာမည့် ခံစားချက်ကို ပုံဖော်ကြည့်နိုင်သည်။ ၎င်းတို့ထဲမှတစ်ဦးသည် ပြည်ထောင်စုတက္ကသိုလ် စတုတ္ထနှစ်တွင်ရှိနေသော လက်ရှိနံပါတ်တစ် ကျန်းလင်းရှောင်ဖြစ်သည်။
ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းဝါရင့်ကျွမ်းကျင်ပညာရှင်တစ်ဦးအနေဖြစ်သော ကျန်းလင်းရှောင်၏ဂုဏ်သတင်းကို တက္ကသိုလ်သို့ ရောက်ခါစ အသစ်များပင်လျှင်ကြားဖူးနားဝရှိမည်ဖြစ်သည်။ ၎င်းသည် လူတိုင်း၏ဦးခေါင်းပေါ်သို့ ဖိနှိပ်ထားသော နတ်တောင်ကြီးနှင့်တူသည်။ မျှော်ကြည့်နိုင်သော်လည်း မကျော်နိုင်ပေ။
ယင်းနှင့်ပတ်သက်၍ မည်သူကမျှ မအံ့သြကြပေ။ တကယ်တမ်းတွင် ဤသို့ ဖိတ်ခေါ်မှုမျိုးရှိခဲ့မည်ဆိုပါက ကျန်းလင်းရှောင်သာလျှင်ဖြစ်နိုင်သည်။ လူတိုင်းကို အံ့အားသင့်စေသူမှာ ဒုတိယဖိတ်စာ၏ ပိုင်ရှင်ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် တက္ကသိုလ် ဒုတိယနှစ်ကျောင်းသားဘဝ၌သာရှိသေးသဖြင့် ဖိတ်ကြားခြင်းခံခဲ့ရဖူးသည့် အသက်အငယ်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။
ကောင်းကင်ဘုံနဂါးအကြီးအကဲမွေးနေ့ပွဲကို ဆယ်ကြိမ်ထက်မနည်း ကျင်းပခဲ့ပြီးနောက် ဖိတ်စာကတ်ပိုင်ရှင် တစ်ရာကျော် ပေါ်လာခဲ့သည်။ ထိုလူများထဲတွင် အသက်နှစ်ဆယ့်နှစ်နှစ်အောက်ဖြစ်သော ကျန်းလင်းရှောင်က အငယ်ဆုံးဖြစ်ကာ ‘သန်မာလေ ပိုကောင်းလေ’ ဟူသော ဆိုရိုးစကားအတိုင်းပင် ချူးယွင်ဖန်းက အသက်နှစ်ဆယ်မပြည့်မီ၌ပင် ဖိတ်စာကို လက်ခံရရှိခဲ့သည်။
မူလက ဖိတ်စာနှစ်စောင်သည် ပြည်ထောင်စုတက္ကသိုလ်လက်ထဲသို့ရောက်ရှိသွားခဲ့သည်။ ၎င်းသည် ကောင်းမွန်သော်လည်း အထူးသဖြင့် ၎င်းတို့နှစ်ဦးလုံးသည် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသောကြောင့် ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်၏ ပို့ချသင်ကြားပေးမှုများကို အသိအမှတ်ပြုခြင်းလည်းဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်းက ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်အကြားမှ မေ့လုဆဲဖြစ်နေသော မရဏတိုက်ပွဲအကြောင်းကို ပြန်လည်သတိရသွားသည်။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့သည် သာမန်ပြိုင်ဆိုင်သူများမဟုတ်ကြပေ။ ၎င်းတို့နှစ်ဦးသည် ဤကိစ္စများကို မရဏတိုက်ပွဲ၌ အပြီးသတ်လိုကြသော သေမျိုးရန်သူများဖြစ်ကြသည်။ ကျောင်းသားကောင်စီဝင်အများစုသည် အင်တာနက်ပေါ်၌ စတင်၍ ရှာဖွေလာကြကာ၊ ၎င်းတို့၏ ဥက္ကဌ ကျန်းလင်းရှောင်က ဖိတ်စာကို လက်ခံရရှိခြင်းမှာ ပုံမှန်ဖြစ်သော်လည်း ချူးယွင်ဖန်းက မည်သည့်အစွမ်းအစဖြင့် ဖိတ်စာကို ရရှိခဲ့သနည်း။
ဖိတ်စာကတ်ကို ချူးယွင်ဖန်းကတတ်နိုင်သမျှ အမြန်ဆုံး စွန့်လွှတ်ရန် အကြံပေးသူအချို့ပင်ရှိသည်။ ၎င်းတို့အတွက်မူ ဤအရာသည် အခြေအနေကို အရှိန်မြှင့်လိုက်သကဲ့သို့ပင်ဖြစ်သည်။ ဖိတ်စာတစ်ခုစီ၏ပိုင်ရှင်သည် မရေမတွက်နိုင်သောစိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။ ၎င်းတို့၏ အစွမ်းအစကို မတန်တဆ တွက်ဆ၍ နောက်ဆုံးတွင် စွမ်းအားများ ပျောက်ဆုံးသွားရသူ အများအပြားပင်ရှိသည်။
ကျောင်းသားကောင်စီသည် ချမ်းသာ၍ သြဇာကြီးမားသော်လည်း ၎င်းတို့ကို မနှစ်သက်သူ အများအပြားလည်း ရှိသည်။ သူတို့သည် ချူးယွင်ဖန်းကို စိတ်ရင်းမှန်ဖြင့် မထောက်ခံသော်လည်း၊ ယခုအချိန်တွင်အပြည့်အဝထောက်ခံထားကြ၏။
ကျန်းလင်းရှောင်သည် ဝါရင့်ကျွမ်းကျင်ပညာရှင်ဖြစ်၍ အလွန်သန်စွမ်းသည်မှန်သော်လည်း ချူးယွင်ဖန်း၏ခွန်အားသည်လည်း ၎င်းတို့မျိုးဆက်တစ်ခုလုံးကို မျက်စိကွယ်လောက်စေနိုင်သည်အထိ ပြင်းထန်သည်။ ချူးယွင်ဖန်း၏တိုက်ပွဲရလဒ်များသည် မျိုးဆက်တစ်ခုလုံး၏မျက်စိကို ကွယ်စေလောက်အောင်ပင်။ သူသည် နည်းပြပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ပြီး တာအိုညီလာခံ၏ချန်ပီယံဖြစ်ခဲ့သည်။ သူရှုံးနိမ့်ခဲ့သောသူများထဲတွင် မွေးဖွားခြင်း ကျွမ်းကျင်သူများ မရှိခဲ့ပါ။
ချူးယွင်ဖန်းသည် သူအသက်နှစ်ဆယ်မပြည့်မီ၌ပင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း ဤအချက်များက သက်သေပြရန် လုံလောက်သည်။ ဤသို့သောလူကို မည်သည့်နေရာ၌ထားနေစေကာမူ ထူးချွန်နေလိမ့်မည်ဖြစ်သဖြင့် မည်သည့်နေရာကမျှ အကျင့်ပျက်နေကြောင်းနှင့် မပြည့်စုံကြောင်း ပြော၍မရပေ။
တစ်ခဏချင်း၌ပင် ပြည်ထောင်စုတက္ကသိုလ်၏ ဖိုရမ်၌ နှစ်ဖက်ကြားမှ အငြင်းအခုံများနှင့် ပြည့်နေသည်။
အခြားတစ်ဖက်တွင် လူအများအမြင်၏အလယ်၌ရှိသော ကျန်းလင်းရှောင်နှင့် ချူးယွင်ဖန်းတို့က စကားတစ်ခွန်းမျှဝင်မပြောပေ။ ကျန်းလင်းရှောင်သည် ဤကိစ္စနှင့် ပတ်သက်၍ မည်သို့တွေးသည်ကို မသိသော်လည်း ချူးယွင်ဖန်းသည် ဤအငြင်းပွားမှုတွင် ပါဝင်ရန် စိတ်မဝင်စားပေ။
ချူးယွင်ဖန်းက လက်ထဲမှ ရွှေရောင်ဖိတ်စာကို ကြည့်လျက် ပြုံး၍ပြောလိုက်သည်။
“ဒါက ရတနာတစ်ခုလို ဖြစ်လာပုံပဲ။ ပြီးတော့ ငါက ရတနာတွေကို ကြိုက်တယ်"
ချူးယွင်ဖန်းသည် ပြင်ပကမ္ဘာမှ ဖိအားများကို ဂရုမစိုက်ပေ။ သူ့အတွက်မူ ၎င်းတို့သည် ပုရွက်ဆိတ်ကလေးများဖြစ်သည်။ ပထမဆုံးအနေဖြင့် သူသည် နတ်ဆိုးဆင်းသက်ခြင်း ပန်းချီကား ကိုပိုင်ဆိုင်ထားသည်။ ဒုတိယအနေဖြင့် သူ့တွင် နတ်စွမ်းအင်အဆင့် မွန်းစတားတစ်ကောင်၏ အတွင်းအူတိုင်ရှိသည်။ လောဘကြီးသော မျက်လုံးများ မည်မျှကို စွဲဆောင်နေပြီဖြစ်ကြောင်း မသိရသေးပေ။ ယခုသူ့တွင် ထိုသို့သော ဖိတ်စာမျိုးရှိနေပြီဖြစ်သည်။
“ငါ သီးသန့်လေ့ကျင့်ရေးကနေထွက်လာပြီး ငါ့ရဲ့ ခွန်အားတွေ အရမ်းတိုးတက်လာ။ ဒီခေတ်ရဲ့ ထူးချွန်ထက်မြက်တဲ့ သူတွေ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ မြင်ချင်သေးတယ်”
“ငါ့ကို စိတ်မပျက်စေနဲ့”
ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
အခန်း (၆၃၆) သူတို့ ဘယ်လောက် အစွမ်းထက်ဆိုတာ သိဖို့ အချိန်တန်ပြီ။
လူအများ၏အမြင်တွင် ဤဖိတ်စာသည် အလွန်ဂုဏ်ယူဖွယ်ကောင်းလှသည်။ သို့သော် တစ်ချိန်တည်း၌ပင် ဤအရာသည် ကြီးမားသော ပြဿနာတစ်ခုလည်းဖြစ်။ ဖိတ်စာလက်ခံပြီးသည်နှင့် ဆုံးရှံးလိုက်ရသော သူအများလည်း ယခင်က ရှိခဲ့ဖူးသည်။ နောက်ဆုံးတွင် ကောင်းကင်ဘုံနဂါးဗီလာမှ ဖိတ်စာကို ပေးပို့ခဲ့ပြီးဖြစ်သော်လည်း သန်မာသောသူများကြားတွင် အမြဲတမ်း သန်မာသောသူတစ်ဦးရှိနေသောကြောင့် အရာရာတိုင်းသည် အခိုင်အမာပြောရန် ခက်ခဲသည်။
ပြည်ထောင်စု တက္ကသိုလ်အတွင်းတွင်ပင် ပြိုင်ဖက်တွေ များစွာရှိသည်။
ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်တွင်ရှိနေသည်။ သာမာန်လူတွေက တက္ကသိုလ်တွင်းသို့ ဝင်၍ ပြဿနာရှာရန် မဝံ့ရဲကြပေ။ ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများသည် သာမန်လူများ တတ်နိုင်သော အရာမဟုတ်ပေ။ သို့သော် ပြည်ထောင်စုတက္ကသိုလ်အတွင်းမှ လူတစ်ဦးဖြစ်လျှင်မူ ထိုသို့ဖြစ်လိမ့်မည်မဟုတ်ပေ။ လူတိုင်းက ချူးယွင်ဖန်း၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြချိန်တွင် သူ၏ အိမ်တံခါးသို့ ဖိတ်စာတစ်ဆောင်ရောက်လာခဲ့သည်။
ပြည်ထောင်စုတက္ကသိုလ် ညီနောင်စည်းလုံးခြင်းအဖွဲ့၏ ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲ။
သာမန်ဟုထင်ရသော စုဝေးပွဲတစ်ခုကို ပြင်ပလူတစ်ဦးက ကြားလိုက်ရလျှင်ပင် ၎င်းတို့ စိတ်ရှုပ်သွားလိမ့်မည်မှာသေချာသည်။ သို့သော် ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားများအတွက်မူ ၎င်းသည် နားနားကပ်၍ မိုးကြိုးပစ်နေသကဲ့သို့ထင်ရ၏။
ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများသည် ပြည်ထောင်စုတစ်ဝှမ်းမှ လက်ရွေးစင် ကျောင်းသားများဖြစ်သည်။ ပြင်ပလူများ၏ အမြင်တွင် အရည်အချင်းမရှိသောသူ တစ်ဦးမျှမရှိပေ။ ဤလူများသည် ချိတ်ဆက်မှုအမျိုးမျိုးကို တည်ဆောက်ရန် အလွန်အာရုံစိုက်လေ့ရှိသည်။ ပြည်ထောင်စုတက္ကသိုလ်အတွင်း အရွယ်အမျိုးမျိုးရှိသော အဖွဲ့အစည်းများစွာ အဆက်မပြတ်ပေါ်ပေါက်လာခဲ့သည်။
ယင်းတို့တွင် ချူးယွင်ဖန်းတည်ထောင်ခဲ့သော ဧကရာဇ်နန်းတော်လည်း ပါဝင်သည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုက ပို၍ပို၍ အံ့အားသင့်ဖွယ်ဖြစ်လာသည်နှင့်အမျှ တော်ဝင်နန်းတော်၏ ဂုဏ်သိက္ခာသည်လည်း မြင့်တက်လာခဲ့သည်။ မကြာသေးမီမှစတင်၍ တော်ဝင်နန်းတော်တွင် လူများစွာ ပါဝင်လာခဲ့သည်။ ဤအရာကို တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုဟုယူဆ၍ရ၏။ ပြည်ထောင်စုတက္ကသိုလ် ညီနောင်စည်းလုံးခြင်းအဖွဲ့သည် ထူးခြားသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ဤအသင်းအဖွဲ့ဝင်များသည် ပြည်ထောင်စုတက္ကသိုလ်အတွင်းရှိ အဆင့်အားလုံးမှကျောင်းသားများပါသည်။ သို့သော် ပါဝင်လိုသူများအတွက် လိုအပ်ချက်များမှာ ပြင်းထန်လှသည်။
စတင်တည်ထောင်ခဲ့ချိန် အစောပိုင်းတွင် ညီနောင်စည်းလုံးခြင်းအဖွဲ့သည် မွေးဖွားခြင်းနယ်မြေအဆင့် သို့မဟုတ် ယင်း၏ အထက်တွင်ရှိသော သိုင်းပညာကျောင်းသားများကိုသာ စုဆောင်းမည်ဖြစ်သည်။ တက္ကသိုလ်ဝင်ရန် အရည်အချင်းပြည့်မီသော ကျောင်းသားအများအပြားမရှိပေ။ သို့သော် ဤသေးငယ်သော ဆက်သွယ်မှုကွန်ရက်သည် တက္ကသိုလ်တစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိသည်။ ညီနောင်စည်းလုံးခြင်းအဖွဲ့မှ ဘွဲ့ရသည့် ပထမဆုံး ကျောင်းသား အများအပြားသည် ပြည်ထောင်စုအတွင်း အဆင့်အမြင့် သတ်မှတ်ခံထားရသည်။
ပြည်ထောင်စုတက္ကသိုလ်မှ ဘွဲ့ရသည့် ကျောင်းသားများသည် လူ့အဖွဲ့အစည်းအတွင်း အနည်းဆုံး လူလတ်တန်းစားနှင့် အထက်တန်းစားများဖြစ်ကြကာ ၎င်းတို့၏ တက္ကသိုလ် နေ့ရက်များအတွင်း မွေးဖွားခြင်းနယ်မြေအဆင့်နှင့် အထက်သို့ ဝင်ရောက်နိုင်သူများသည် ပြည်ထောင်စုတွင် အထက်တန်းစား ပုဂ္ဂိုလ်များ ဖြစ်လာရန် ရာနှုန်းပြည့်သေချာသည်။ ပြည်ထောင်စု၏ သမ္မတတစ်ဦးပင်လျှင် ညီနောင်စည်းလုံးခြင်းအဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည်။
ယင်းကို မသိသူများက အဆင်ပြေသော်လည်း ညီနောင်စည်းလုံးခြင်းအဖွဲ့အကြောင်း သိလိုက်ရသူများသည်မူ အလွန် အံ့သြသွားကြသည်။ သို့သော်လည်း သာမန်လူများသည် ဖိတ်ကြားခြင်းခံရရန် အရည်အချင်းမပြည့်မီကြပေ။ မကြာသေးမီနှစ်များအတွင်း ချဲ့ထွင်မှုလမ်းကြောင်းတစ်ခုရှိခဲ့ရာ သိုင်းပညာကျောင်းသားများကို မွေးဖွားခြင်းနယ်မြေအဆင့်နှင့်အထက်အထိ ကန့်သတ်မထားတော့ပေ။ သို့သော်လည်း ပါဝင်ခွင့်ရနိုင်ရန် မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်တွင်ရှိနေရန် လိုအပ်သည်။ ၎င်းတို့ကို ယာယီအဖွဲ့ဝင်အဖြစ် သတ်မှတ်ခံထားကာ အဖွဲ့ဝင်အစစ်များအဖြစ် မသတ်မှတ်ထားကြသေးပေ။
ချူးယွင်ဖန်း၏ ခွန်အားနှင့် ယခုနှစ်တစ်လျှောက် အံ့အားသင့်ဖွယ် စွမ်းဆောင်မှုများကြောင့် ညီနောင်များစည်းလုံးခြင်းအဖွဲ့ထံမှ ဖိတ်စာတစ်စောင် ရရှိခြင်းသည် သူ့အတွက် ပုံမှန်ဖြစ်သည်။ သို့သော်လည်း ဤအကဲဆတ်သောအချိန်တွင် သူလက်ခံရရှိခဲ့သည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှ၏။
“စိတ်ဝင်စားဖို့ကောင်း။ မင်းတို့မှာ ဘယ်လို လှည့်ကွက်တွေ ရှိပါစေ ထုတ်ပြလိုက်စမ်းပါ”
ချူးယွင်ဖန်းသည် သူ၏စနစ်မှတစ်ဆင့် ဤဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲအကြောင်း ရှာဖွေခဲ့သည်။ အင်တာနက်တွင် ဆောင်းရာသီဂုဏ်ပြုဆောင်ပွဲအကြောင်း အချက်အလက်များစွာရှိသည်။ စွယ်စုံကျမ်းပါ အချက်အလက်များနှင့် ပေါင်းစပ်လိုက်သောအခါ၌မူ မကြာခင်၌ပင် ချူးယွင်ဖန်းက အရာအားလုံးကို ရှင်းလင်းသွား၏။
ဤတွေ့ဆုံပွဲကို နွေဦးနှင့် ဆောင်းဦးဟူ၍ နှစ်ပိုင်းခွဲထားသည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျောင်းသားတိုင်းက ဤစုဝေးပွဲကို တက်ရောက်မည်မဟုတ်ပေ။ ဤကျောင်းသားများသည် အလွန်အလုပ်များကြ၏။ သို့သော် မတက်ရောက်နိုင်ခဲ့လျှင်ပင် ၎င်းတို့၏ အရည်အချင်းအရှိဆုံး နောက်လိုက်များကို စေလွှတ်၍ ပွဲကို တက်ရောက်စေကြသည်။ မူလက ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်မှ ထိပ်တန်းကျောင်းသားအချို့၏ စုဝေးတစ်ခုမျှသာဖြစ်သည်။ သို့သော်လည်း တက္ကသိုလ်အတွင်း အထူးအာရုံစိုက်ခံရသော ခမ်းနားသော ပွဲကြီးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။
၎င်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ တက်ရောက်မည့် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများသာမက ဤပွဲကို ပြည်ထောင်စု၏ အခြားတက္ကသိုလ်ဆယ်ခုမှ လက်ရွေးစင်ကျောင်းသားများလည်း ပါဝင်ဆင်နွှဲကြသည်။
ဤအခမ်းအနားတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသော ကျောင်းသားဦးရေကို ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်၍မရပေ။ သို့သော် ဤပွဲကို တက်ရောက်သော ကျောင်းသားအရေအတွက် အလွန်များလှသည်။ ထို့အပြင် နိုင်ငံရပ်ခြား ဂိုဏ်းဂဏများနှင့် သီးသန့်မိသားစုကြီးများ လူငယ် ထူးချွန်သူများလည်း ရှိမည်ဖြစ်သည်။
ထို့ကြောင့် ဆောင်းရာသီ ဂုဏ်ပြုဆောင်ပွဲသည် မျိုးဆက်သစ်လူငယ်များအတွက် ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ပွဲဖြစ်သည်။ အချင်းချင်း အသိပညာ ဖလှယ်ကြခြင်းနှင့်တစ်ဦးနှင့်တစ်ဦးရှင်ပြိုင်တိုက်ခိုက်ကြခြင်းက ဂုဏ်ပြုဆောင်ပွဲ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ယင်းတွင် ထင်ရှားကျော်ကြားသူများလည်း ပေါ်လာတတ်ကြသည်ဖြစ်ရာ အချို့သော အဖွဲ့အစည်းကြီးများ၏ ခေါင်းဆောင်များနှင့် မိသားစုကြီးများ၏ အကြီးအကဲများလည်း တက်ရောက်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ထူးချွန်သော ပါရမီရှင်များကို ရှာဖွေ၍ ၎င်းတို့၏ ကိုယ်ပိုင်အဖွဲ့အစည်းများဆီသို့ ခေါ်ယူမည်ဖြစ်သည်။
မွေးဖွားခြင်းနယ်မြေအဆင့် ကျောင်းသားများလည်း မကြာခဏပေါ်လာတတ်သည်။ အခမ်းအနားသို့ မိမိတို့၏အဖွဲ့အစည်းမှ ထိပ်တန်းကျွမ်းကျင်သူများကို ခေါ်ဆောင်လာခြင်းသည် သိုင်းပညာဆိုင်ရာ သေးငယ်သော စုဝေးပွဲတစ်ခုနှင့်ပင်တူ၏။
ထို့အပြင်၊ အခြားကျောင်းများ၏ လက်ရွေးစင်ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် အခွင့်အလမ်းကောင်းတစ်ခုလည်းဖြစ်သည်။ ဥပမာအားဖြင့် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားကောင်စီဖြစ်၍ ၎င်းတို့၏ လွှမ်းမိုးမှုအလွန်ကြီးမားသည်။ အခြားကျောင်းများတွင်လည်း အဖွဲ့ခွဲများရှိသဖြင့် ၎င်းတို့က အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။
ထိုသို့သော လုပ်ရပ်များသည် ဒေသတွင်းအင်အားကြီးသူများ၏ လက်တုံ့ပြန်မှုကို မလွဲမသေခံရမည်ဖြစ်ကာ မြစ်ကိုဖြတ်ကူးသော နဂါးမဟုတ်ပါက၊ သာမာန်စွမ်းအားများသည် တက္ကသိုလ်များစွာကို လွှမ်းမိုးနိုင်မည်မဟုတ်ပေ။
ဖိတ်စာလက်ခံရရှိပြီးစဥ်မှစ၍ ချူးယွင်ဖန်းက ဤအချက်ကို မကြောက်ခဲ့ပေ။ ဤတစ်ကြိမ်တွင် သူသည် လူတိုင်းတစ်ချက်တည်းသော စွမ်းဆောင်မှုမျိုးဖြင့် အံ့အားသင့်စေချင်သည်။ သူ၏ ခွန်အားသာမက ဤသည်မှာဧကရာဇ်နန်းတော်၏ ခွန်အားလည်းဖြစ်သည်။ ၎င်းသည် အလွန်အင်အားနည်းနေသေးသော်လည်း သူ ထပ်မံ၍ ပါရမီရှင်များကို စုဆောင်းလိုသည်။
ထို့အတူ ဤသည်မှာ မိမိ၏ ဂုဏ်သိက္ခာကို မြှင့်တင်ရမည့်အချိန်ကောင်းတစ်ခုလည်းဖြစ်သည်။ ထိုအသက်ကြီးနေပြီဖြစ်သော မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများကို မေ့ထား၍ သူ့ကဲ့သို့သော သူတစ်ယောက်အတွက် ဤသည်မှာ ပြီးပြည့်စုံသော အခွင့်အရေးပင်ဖြစ်သည်။
ချူးယွင်ဖန်းက ဂေါင်ဟုန်ချီကို ခေါ်လိုက်သည်။ ယခုအချိန်တွင် ဂေါင်ဟုန်ချီသည် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။ ယခင်ကနှင့် ယှဥ်ပါက သူသည် ပို၍ တိုးတက်လာသည်။ ထိုသို့သော အတွေ့အကြုံကို ဖြတ်သန်းပြီးနောက် ချူးယွင်ဖန်းအမြဲကြုံတွေ့နေရသော အန္တရာယ်များကို သူ ပထမဆုံးအကြိမ် သိရှိလာသည်။
ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်း၏ လျင်မြန်သောတိုးတက်မှုကို အမြဲမနာလိုခဲ့ပေ။ သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်းကြုံတွေ့ခဲ့ရသောအရာများသည် သာမန်လူများစိတ်ကူးယဥ်နိုင်သည့်အရာများမဟုတ်ကြောင်း သူသဘောပေါက်နားလည်လိုက်ပြီဖြစ်သည်။ ထို့နေ့က သူကြုံခဲ့ရသည်မှာ ရေခဲတောင်၏အစွန်းပိုင်းသာဖြစ်သည်။
ဂေါင်ဟုန်ချီသည် ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်းနှင့်ပတ်သက်နေသော်လည်း စကားတစ်ခွန်းမှ မပြောခဲ့ပေ။
“တစ်နည်းအားဖြင့်ပြောရရင် မင်းက ငါ့ကို ဒီဂုဏ်ပြုဆောင်ပွဲကို ဧကရာဇ်နန်းတော်ကိုယ်စားပြုလာစေချင်တယ်။ ဒါပေမယ့် ငါတို့မှာ တက်ရောက်ဖို့ အရည်အချင်းမရှိဘူး”
“ငါ့မှာ ဖိတ်စာတစ်စောင်ရှိ။ မင်းငါ့နာမည်သုံးလို့ရ။ နောက်ပြီး ဤဂုဏ်ပြုဆောင်ပွဲက စင်မြင့်ပေါ်တက်မယ့်သူတွေပဲ အရည်အချင်းရှိဖို့လိုတာ။ တခြားသူတွေအတွက် လိုအပ်ချက်တွေ အများကြီး မရှိဘူး ဒါဟာ ဧကရာဇ်နန်းတော်ကို ချဲ့ထွင်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ တခြားအဖွဲ့အစည်းတစ်ခု တက်လာဆိုတာ သူတို့ကို အသိပေးဖို့ အချိန်ရောက်ပြီ။”
“ကောင်းပြီ၊ ကိစ္စမရှိဘူး။ မင်းကြောင့် ဧကရာဇ်နန်းတော်က အရင်နှစ်မှာ ဒါဇင်နဲ့ချီတဲ့ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေကို ခေါ်နိုင်ခဲ့။ အဲဒီအထဲမှာ မရီးဒျန်သန့်စင်ခြင်းအဆင့် သတ္တမအဆင့် ကျောင်းသားသုံးယောက်ရှိတယ်မလား။ ငါသူတို့ကို ဂုဏ်ပြုဆောင်ပွဲဆီခေါ်သွားလိုက်မယ်” ဂေါင်ဟုန်ချီကပြောသည်။
“ကောင်းတယ်” ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။
ဤရှုထောင့်တွင်၊ ဂေါင်ဟုန်ချီ၏အမြင်ကို သူအလွန်စိတ်ချ၏။