← Chapters

အခန်း (၆၄၀-၆၄၂)

Vol. 42 Ch. 640-642

အခန်း (၆၄၀-၆၄၂)

Vol. 42 Ch. 640-642

အခန်း (၆၄၀) ယင်းကို မှတ်ထားရန် စိတ်မဝင်စားပါ

"မှန်တယ်။ ချူးယွင်ဖန်း၊ နင် စင်ပေါ်တက်ပြီး ဘာလို့ မစမ်းကြည့်တာလဲ" တုယွဲ့အာက သံယောင်လိုက်၍ပြောသည်။

“နေပါ‌ေစ” ချူးယွင်ဖန်းခေါင်းယမ်းလိုက်သည်။ သူသည် ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သူ့ရဲ့ လက်ရှိ ကျင့်ကြံရေးအဆင့်ဖြင့် စင်ပေါ်သို့တက်လိုက်ပါက သူတစ်ပါးကို အနိုင်ကျင့်နေခြင်းပင်မဟုတ်သလော။

ယင်းသည် အဓိပ္ပါယ်မရှိပေ။

"သူ့ကို ခက်အောင်မလုပ်ပါနဲ့" ယန်လီလီက ရှေ့သို့ လှမ်း၍ ပြောလိုက်သည်။ ချူးယွင်ဖန်းသည် ထိုအချိန်က အတန်းထဲတွင် အလွန်မထူးချွန်ခဲ့လှသည်ကို သူမ သတိရမိသည်။ ထိုအချိန်က သူမ၏ မှတ်ဉာဏ်သည် အနည်းငယ် မှုန်ဝါးနေသော်လည်း၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်၏။ သို့ထိတိုင် သိသာထင်ရှားသော အရာတစ်ခုရှိသည်။ ထိုအချိန်က ချူးယွင်ဖန်း၏ အရည်အချင်းမှာ ထူးချွန်ပါက သူမက မှတ်မိနေမည်မှာ သေချာသည်။ ချူးယွင်ဖန်းကို စင်ပေါ်တက်ခိုင်းခြင်းသည် အနိုင်ကျင့်ခြင်းကဲ့သို့ပင်ဖြစ်၏။

"နှ‌မျောစရာပဲ။ ဒါက အခွင့်ကောင်းပဲ။ စီအီးအိုတွေ၊ အကြီးအကဲတွေနှင့် အခြားနာမည်ကျော်တွေ အများကြီးကြည့်နေတာ ဘယ်သူသိမလဲ။ မင်းသာ ကောင်းကောင်းလုပ်နိုင်ရင် သူတို့မင်းကို သတိထားမိဖို့ အခွင့်အရေးရနိုင်ကွ” မာဝူက သနားစွာကြည့်၍ ပြောလိုက်သည်။

ချူးယွင်ဖန်းတိတ်တဆိတ် ရယ်မောလိုက်သည်။ မရေမတွက်နိုင်သော စီအီးအိုများ၊ အကြီးအကဲများနှင့် သူ့အား မျက်နှာသာပေးလိုသော အခြားသူများ ရှိခဲ့သည်။ သူသည် ၎င်းတို့ကို အလွန်အမင်း မစဉ်းစားခဲ့ပေ။ သို့သော် သာမန်လူတွေအတွက်မူ ဤလူများသည် ပုဂ္ဂိုလ်ကြီးများဖြစ်ကြ၏။

“ဒါပေမယ့် ပုံမှန်ပါပဲ။ စီနီယာကျာ့လောက် လူတိုင်းက မထူးချွန်နိုင်ပါဘူး။ အစ်ကို မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ရောက်နေပြီလား။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ ဘွဲ့ယူဖို့ စံသတ်မှတ်ချက်က မရီးဒျန်အဆင့်မှာ ရှိလို့ ညီမကြားမိသေးတယ်” တုယွဲ့အာက တုန်လှုပ်ချောက်ချားသည့်ပုံစံဖြင့် ပြောသည်။

ကျာ့ထိုက်ဟွာသည် ပေါ့ပါးစွာ ခေါင်းညိတ်လိုက်သည်။ သူ့မျက်နှာထက်တွင် ဂုဏ်ယူမှုအငွေ့အသက်များရှိသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်ဟူသော ဘွဲ့အဆင့်သတ်မှတ်ချက်သည် ပြည်ထောင်စုတက္ကသိုလ်အတွက် သာမန်ဟု ယူဆနိုင်သော်လည်း အခြားတက္ကသိုလ်များမှ လူများအတွက်မူ ကောင်းကင်ဘုံသို့ တက်သကဲ့သို့ ခက်ခဲလှသည်။ ဘွဲ့မရခင်၌ မရီးဒျန်အဆင့်သို့ တက်လှမ်းနိုင်ရန်မှာ တွေးကြည့်၍ပင် ရနိုင်သောအရာမဟုတ်ပေ။ ထိုသို့ အဆင့်ဖြတ်ကျော်နိုင်ခဲ့သူများ ဘွဲ့ရပြီးလျှင် ၎င်းတို့၏ အနာဂတ်အလားအလာသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများနှင့် တန်းတူဖြစ်နိုင်သည်။

ကျာ့ထိုက်ဟွာအတွက် ဤကဲ့သို့ ဂုဏ်ယူမှုမျိုးရှိနေခြင်းမှာ သာမန်သာဖြစ်၏။

“ငါက နောက်နှစ်မှာ ဘွဲ့ရတော့မှာဆိုတော့ ကိုယ်ပိုင်ကုမ္ပဏီကို စလုပ်နေပါပြီ။ အနာဂတ်မှာ မင်းအလုပ်ရှာနေဆိုရင် ငါ့ကိုရှာလို့ရတယ်။ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုမှာ စကားလုံးတွေမလိုဘူး” ကျာ့ထိုက်ဟွာက မောက်မာစွာပြောလျက် ယန်လီလီကို ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ယန်လီလီက ထိုစကားကိုကြားသောအခါ သူမ၏မျက်လုံးများ ချက်ချင်းပင် တောက်ပလာသည်။

ထိပ်တန်း နာမည်ကြီး တက္ကသိုလ် ဆယ်ခုမှ ကျောင်းသား ကျောင်းသူ များသည် ကျောင်းသား အရွယ်မှစ၍ ကုမ္ပဏီ တစ်ခု စတင်ကြသည်။ ၎င်းတို့ကဲ့သို့ သာမာန်ကျောင်များ၏ ကျောင်းသားများအတွက် ဤအရာက အလွန်အထင်ကြီးဖွယ်ရာပင်ဖြစ်သည်။

"ကျေးဇူးတင်ပါ စီနီယာကျာ့၊ ညီမတို့နှစ်ယောက် အစ်ကို့အင်္ကျီစကို ဆွဲပြီးလိုက်ခဲ့မယ်။ ဟုတ်လား လီလီ” တုယွဲ့အာက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။

ရုတ်တရက်ပင် ကျောင်းသားတစ်ယောက်နှင့်တူသည့် လူငယ်တစ်ယောက် လူအုပ်ထဲမှ ထွက်လာသည်။

ဤလူကို မြင်သောအခါ မူလ မာနကြီးသော ကျာ့ထိုက်ဟွာသည် ရိုသေသောအမူအရာဖြင့် မျက်နှာထက်သို့ လက်တင်ကာ ရှေ့သို့ လျင်မြန်စွာတိုးလျက် ဦးညွတ်၍ ပြောလိုက်သည်။

"မင်္ဂလာပါ စီနီယာနျဲ့"

စီနီယာနျဲ့က ကျာ့ထိုက်ဟွာကို စိုက်ကြည့်ပြီးနောက် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူ့မျက်လုံးထောင့်မှ လူတစ်ယောက်ကို တစ်ချက်မြင်လိုက်ရသဖြင့် ချက်ချင်းရပ်သွားသည်။ သူ့စိတ်ထဲအလွန် တုန်လှုပ်သွားရ၏။

စီနီယာနျဲ့၏ မျက်လုံးထောင့်တွင် အနက်ရောင် ၀တ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်သည် အပြုံးမပျက် ငြိမ်သက်စွာ ရပ်နေသည်။ ထိုလူကို အလွန်ရင်းနှီးနေသည်ဟုသူခံစားမိပြီးနောက် ညကောင်းကင်ကို ခွဲထုတ်နိုင်သော လျှပ်စီးတစ်ခု သူ့စိတ်ထဲတွင် လင်းလက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသူက မည်သူမည်ဝါဖြစ်ကြောင်း ရုတ်တရက် သတိရသွားပြီးနောက် တစ်ကိုယ်လုံး တုန်ယင်သွားသည်။

ဖာခ့် သေမင်းက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ

ချက်ချင်းဆိုသကဲ့သို့ပင် စီနီယာနျဲ့သည် အပြုံးမပျက်သော ဤလူငယ်က မည်သူဖြစ်‌ကြောင်း သတိထားမိလိုက်သည်။ ဤသည်မှာ လတ်တလော နာမည်ကြီးနေသော မျိုးဆက်သစ် သေမင်းနတ်ဘုရား ချူးယွင်ဖန်း မဟုတ်သလော။ ချူးယွင်ဖန်းသည် မကြာသေးမီကမှ ထင်ပေါ်ကျော်ကြားလာခဲ့သော်လည်း လူတိုင်းက သူ့ကိုသတိမထားမိသည်မှာ သဘာဝကျသည်။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားများကြားတွင်ပင် လူများစွာက သူ့နာမည်ကို ကြားဖူးရုံမျှဖြင့် သူ့အကြောင်း မသိလှကြပေ။ သူ့ပုံသဏ္ဍာန်ကို ၎င်းတို့သိရန်က ပို၍ပင်မဖြစ်နိုင်ပေ။

ဤသည်မှာ ကျာ့ထိုက်ဟွာက ချူးယွင်ဖန်း၏အမည်ကို အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။

ချက်ချင်းဆိုသကဲ့သို့ပင် စီနီယာနျဲ့က လှည့်၍ ချူးယွင်ဖန်းဘက်သို့ လျှောက်သွားခဲ့သည်။ ကျာ့ထိုက်ဟွာသည် စီနီယာနျဲ့က လှည့်၍ ၎င်းတို့ဆီသို့ လျှောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ တကယ်တမ်းတွင် စီနီယာနျဲ့သည် သြဇာကြီးသူဖြစ်သည်။ ကျာ့ထိုက်ဟွာသည် ဘွဲ့ရခါနီးတွင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ဝင်ရောက်ခဲ့ကာ ချင်းဟွာတက္ကသိုလ်တွင် အလွန်အမင်းကျော်ကြားသော်ဘလည်း စီနီယာနျဲ့နှင့် နှိုင်းယှဥ်ကြည့်လျှင် သူသည် အလွန်နိမ့်ကျသည်။ အဝေးမှသာ စီနီယာနျဲ့ကို နှုတ်ဆက်၍ အနားသို့ မချဉ်းကပ်ဝံ့ပေ။

ယခု စီနီယာနျဲ့က ဖြတ်လျှောက်သွားသောအခါ ကျာ့ထိုက်ဟွာက ယန်လီလီနှင့် တခြားသူများကို မပြောသော်လည်း အနည်းငယ် တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤလူကို ၎င်းတို့ ဒီလူကို မသိကြသော်လည်း ကျာ့ထိုက်ဟွာကို အလွန်ထိတ်လန့်စေနိုင်မည့်သူမှာ ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်ရပေလိမ့်မည်ဟု တွေးမိကြသည်။

တုယွဲ့အာက ယန်လီလီကို မျက်တောင်ခတ်ပြသည်။

အား အဲ့လိုလူမျိုးက စီနီယာကျာ့ကိုအထင်ကြီးနေတာဆိုတော့ ဒီလူ့မှာ တောက်ပတဲ့အနာဂတ်ရှိ။

သို့သော်လည်း စီနီယာနျဲ့သည် ကျာ့ထိုက်ဟွာကိုဖြတ်ကျော်၍ ၎င်းတို့နောက်မှလိုက်လာသော ချူးယွင်ဖန်း၏ရှေ့၌ ရပ်သွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။

"မင်းက ချူးယွင်ဖန်းလား" စီနီယာက မသေချာမရေရာဖြင့် မေးသည်။ ချူးယွင်ဖန်းကို မြင်ခြင်းက ထူးဆန်းမည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် သာမန်လူများဖြစ်သည့် ဤကျောင်းသားများနှင့် မည်သို့ပေါင်းစည်းခဲ့သနည်း။

ကျာ့ထိုက်ဟွာသည် ယခင်က ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့သကဲ့သို့၊ စီနီယာနျဲ့သည်လည်း အခြားသူများရှေ့တွင် ဝါကြွားနေသော ကျာ့ထိုက်ဟွာကို အလေးအနက်မထားခဲ့ပေ။

"ဘာလို့လဲ။ ငါတို့ အချင်းချင်း သိကြလား" ချူးယွင်ဖန်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

ချူးယွင်ဖန်းက သူ့ကို တစ်စုံတစ်ယောက်က မှတ်မိနေသည်ကို မအံ့သြပေ။ ဤပွဲသည် သိုင်းပညာရှင်များနှင့် ပြည့်နေသဖြင့် သူ့အကြောင်းကို သိကြသူ အများအပြားလည်းရှိသည်။ မကြာသေးမီမှစ၍ သူသည် ကြီးမားသော ကိစ္စများတွင်လည်း ပါဝင်ခဲ့သည်။

“မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူး” စီနီယာနျဲ့၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။ “အရင်က ဂျူနီယာကျီယင်းပြောတာ ကြားဖူးတာပါ။ မင်းကို ဒီမှာတွေ့မယ်လို့ မမျှော်လင့်ထားမိဘူး”

"တွေ့ရတာဝမ်းသာပါတယ်။" ချူးယွင်ဖန်းက ဤသို့ပြောလိုက်သောလည်း စီနီယာနျဲ့ကတ သဘောကျပုံမပေါ်ပေ။ ဤဂျူနီယာကျီယင်းက စီတုကျီယင်းဖြစ်ကြောင်း သူသိသည်။ စီနီယာနျဲ့က အနည်းငယ် ရှက်သွားသော်လည်း အဆင်မပြေသော အပြုံးသည် လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။ ချူးယွင်ဖန်းသည် သူ့မည်သူမည်ဝါဖြစ်သည်ကို ထုတ်ပြချင်သည့်ပုံမပေါ်သောကြောင့် ခေါင်းထောင်၍ အေးစက်နေသောနံရံကို မတိုက်ချင်တော့ပေ။

စီနီယာနျဲ့က စကားထပ်မပြောဘဲထွက်သွားသည်။ စီနီယာနျဲ့ထွက်သွားပြီးနောက် ကျာ့ထိုက်ဟွာနှင့် အခြားသူများသည် သရဲတစ္ဆေမြင်သွားသကဲ့သို့ ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။

"ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ" ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။

"စီနီယာနျဲ့ကို မင်းသိတာလား” ကျာ့ထိုက်ဟွာအမြန်မေးလိုက်သည်။

"မဟုတ်ဘူး" ချူးယွင်ဖန်းက ပြောသည်။

"ဘာလို့လဲ။ သူက အရမ်း အစွမ်းတာလား"

"ဟုတ်။ သူက ချင်းဟွာတက္ကသိုလ်ရဲ့ ထိပ်တန်းကျွမ်းကျင်သူတစ်ရာထဲက တစ်ယောက်ပဲ” ကျာ့ထိုက်ဟွာက ခပ်မြန်မြန်ပြောလိုက်သည်။ သူကိုယ်သူ ဂုဏ်ယူနေသော်လည်း သူနှင့် စီနီယာနျဲ့ကြားက ကွာဟချက်ကို သူသိသည်။

"ထိပ်တန်းတစ်ရာဟုတ်လား" ချူးယွင်ဖန်းအံ့အားသင့်သွားသည်။ သူက ချင်းဟွာတက္ကသိုလ်မှ ကျွမ်းကျင်သူအချို့ကို သိသော်လည်း စီတုကျီယင်းကဲ့သို့ အချို့ကိုသာဖြစ်သည်။ သူက ထိပ်တန်းအယောက်တစ်ရာကို မှတ်မိရန် စိတ်မဝင်စားပေ။

အခန်း(၆၄၁) အငြင်းပွားမှု

ချူးယွင်ဖန်းအတွက်မူ ချင်းဟွာတက္ကသိုလ်၏ ထိပ်တန်းအယောက်တစ်ရာထဲမှ လူများသည် အရေးပါသောသူများမဟုတ်ပေ။ ၎င်းတို့ကို မှတ်ထားရန် သူစိတ်မဝင်စားပေ။ သို့သော်လည်း ယန်လီလီအတွက်မူ ဤကိစ္စသည် လုံးလုံးလျားလျားခြားနားသော ကိစ္စများဖြစ်သည်။

ချင်းဟွာတက္ကသိုလ်မှ အဆင့်တစ်ထောင်ကျော်သော ကျာ့ထိုက်ဟွာသည် ၎င်းတို့၏ မျက်လုံးများတွင် အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိပ်တန်းအယောက်တစ်ရာဟူသည်လည်း အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ သေချာသည်။ ၎င်းတို့သည် ပြည်ထောင်စုအတွင်း ကြီးမားသော ပုဂ္ဂိုလ်ကြီများပင်ဖြစ်လာနိုင်သည်။ ပြည်ထောင်စုတက္ကသိုလ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း အခြားတက္ကသိုလ်များနှင့် အင်အားစုများရှေ့တွင် ချင်ဟွာတက္ကသိုလ်သည် နေရာတစ်ခုရထားမြဲဖြစ်သည်။

"ချင်းဟွာတက္ကသိုလ်မှာ ထိပ်တန်းတစ်ရာစာရင်းဝင်နိုင်ဆိုတော့ စာရင်းဝင်ရန် စီနီယာနျဲ့က အရမ်းစွမ်းအားကြီးထင်တယ်” တုယွဲ့အာက ပြောသည်။

"ဟုတ်တယ်၊ စီနီယာနျဲ့က ချင်းဟွာတက္ကသိုလ်မှာ ကျွမ်းကျင်သူနည်းနည်းလေးထဲက တစ်ယောက်ပဲ" ကျာ့ထိုက်ဟွာက ပြောသည်။ မာနကြီးသောသူပင်လျှင် ခေါင်းငုံ့ထားရသည်။ စီနီယာနျဲ့၏ အားသာချက်များကို လူတိုင်းက ရှင်းလင်းစွာ နားမလည်မည်ကို စိုးရိမ်နေသည့်နှယ် ကျာ့ထိုက်ဟွာက ရှင်းပြသည်။

"ချင်းဟွာတက္ကသိုလ်က စီနီယာတွေထဲမှာ စီနီယာနျဲ့က ထိပ်တန်းအယောက် ငါးဆယ်အဆင့်ရှိပီး ထိပ်တန်းကျောင်းသားတွေထဲမှာ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး"

တုယွဲ့အာ၊ မာဝူနှင့် ယန်လီလီတို့သည် မယုံကြည်နိုင်လောက်သည်အထိ အလွန် လေးစားနေသည့်ပုံပေါ်သည်။ သို့သော် ၎င်းတို့၏အကြည့်များသည် ချူးယွင်ဖန်းဆီသို့ လျင်မြန်စွာပြန်လည့်သွား၏။ ဤသို့သော ကြောက်မက်ဖွယ်ပုဂ္ဂိုလ်မျိုးက သူ့ကို အဘယ်ကြောင့် သိနေသနည်း။ သို့ရာတွင် ၎င်းတို့က လျင်မြန်စွာ လျစ်လျူရှု့လိုက်ကြသည်။ ချူးယွင်ဖန်းသည် သာမန်မျှသာဖြစ်ကာ စီနီယာနျဲ့က သူ့အကြောင်းကို အမှတ်တမဲ့ကြားလိုက်ရခြင်းဖြစ်နိုင်သဖြင့် ဤအကြောင်းကို ထူးခြားသည်ဟု မထင်ခဲ့ကြပေ။

"မြန်မြန်ကြည့်၊ စီနီယာနျဲ့ ကွင်းထဲကို ဝင်သွားပြီ" တုယွဲ့အာသည် ရုတ်တရက် ၎င်းတို့၏ ရှေ့မှ ကွင်းကို ညွှန်ပြလိုက်သည်။

မကြာသေးမီက ၎င်းတို့နှင့် စကားပြောနေသော စီနီယာနျဲ့ကို ကွင်းထဲ၌ မြင်လိုက်ကြရသည်။

ချူးယွင်ဖန်းသည် တချက်ကြည့်ကာ စဉ်းစားနေသည်။ ဒီတွေ့ဆုံပွဲကို ရက်အနည်းငယ်ကြာ ကျင်းပခဲ့သော်လည်း ယနေ့သည် အမှန်စင်စစ်ထူးခြားသောနေ့ဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းတွင် ကွင်းများထဲ၌ ယှဥ်ပြိုင်တိုက်ခိုက်မှုများစွာရှိခဲ့သည်။ ဤလူများထဲတွင် အချို့က မိမိ နာမည်ကြီးစေရန် ရည်ရွယ်၍ အချို့က အဖွဲ့အစည်းအတွက် ကြိုးစားကြသည်။ စီနီယာနျဲ့သည် ဒုတိယတစ်မျိုးဖြစ်သည်။ ကျောင်းသားများကြားတွင် လက်ရွေးစင်ကျွမ်းကျင်သူများက တက်ကြွစွာ ပါဝင်လုပ်ဆောင်ခြင်းဖြင့် လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

ချူးယွင်ဖန်းသည် လူအများ၏ နောက်မှလိုက်ကာ စီနီယာနျဲ့၏ တိုက်ပွဲကို ဖန်သားပြင်ကြီးမှတစ်ဆင့် အဝေးမှကြည့်နေသည်။ ကျာ့ထိုက်ဟွာနှင့် ယှဥ်လျှင် သူက ပို၍ သန်မာသည်ဖြစ်ရာ သူသည် အနည်းဆုံး မရီးဒျန်သန့်စင်ခြင်း ဆဌမအဆင့်တွင်ရှိနေပြီဖြစ်သည်။ ယခင်က ချူးယွင်ဖန်းတွေ့ဖူးသည့် ပါရမီရှင်များနှင့် နှိုင်းယှဥ်ရန် မလုံလောက်သော်လည်း သာမန်လူတစ်ဦးနှင့် နှိုင်းယှဉ်လျှက်မု ၎င်းသည် ထောင်တစ်လုံးတမျှမြင့်သည်ဟု ဆိုနိုင်သည်။

စီနီယာနျဲ့သည် အကြိမ်ပေါင်းများစွာ အလွယ်တကူ အနိုင်ရခဲ့သည်။ မြောက်ပိုင်းတက္ကသိုလ်မှ ထူးချွန်သော မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားများပင်လျှင် သူ့ကို မယှဥ်နိုင်ပေ။

“ဒီတိုက်ပွဲအဆင့်က စီနီယာနျဲ့အတွက် အသေးအမွှားကိစ္စပဲ။ တက္ကသိုလ်မှာ တိုက်တာလောက်တောင် မပြင်းထန်ဘူး” ကျာ့ထိုက်ဟွာသည် မိမိတွင် ထိုကဲ့သို့စီနီယာတစ်ဦးရှိနေသည်ကို ဂုဏ်ယူနေသည့် အမူအရာမျိုးဖြင့် ပြော၏။

လက်တွေ့တွင် အကယ်၍ ပြည်ထောင်စုတက္ကသိုလ်သည် အခြားနာမည်ကြီးတက္ကသိုလ်များကို ဖိနှိပ်ခြင်းမပြုခဲ့ပါက ချင်းဟွာတက္ကသိုလ်သည် ပြည်ထောင်စုရှိ တက္ကသိုလ်အသီးသီးတွင် နံပါတ်တစ်အဆင့်အတွက် ပြိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ချူးယွင်ဖန်းက အဝေးမှကြည့်နေသည် ။ စီနီယာနျဲ့သည် ပွဲအနည်းငယ်ဆက်တိုက် အနိုင်ရခဲ့သော်လည်း ရပ်တန့်ရန် အနည်းငယ်မျှ ရည်ရွယ်ချက်မရှိခဲ့ပေ။ သူ့နှုတ်ခမ်းများက အောင်ပွဲခံပြုံးပြုံးလျက်ရှိသည်။

စီနီယာနျဲ့က ဒုက္ခရောက်တော့မည်မှာ သေချာသည်။ ဤသို့သောနေရာမျိုးတွင် အကြိမ်အနည်းငယ် အနိုင်ရလျှင် အဆင်ပြေသော်လည်း ကွင်းကိုဆက်လက် အပိုင်ယူထားပါက မကြာမီတွင် စစ်မှန်သော သိုင်းပညာရှင်များကို ဆွဲဆောင်မိပေလိမ့်မည်ဖြစ်သည်။

မှန်သည်။ ကွင်းကို သိမ်းပိုက်ရန် မဖြစ်နိုင်ပေ။ တကယ်တမ်းတွင် အခြေအနေပေါ်၌ မူတည်သည်။ ချူးယွင်ဖန်းသည် စင်ပေါ်တက်လိုပါက အကြိမ်တစ်ရာ ဆက်တိုက်အနိုင်ရလျှင်ပင် မည်သူမျှ ပြောဝံ့မည်မဟုတ်ပေ။ ဤစီနီယာနျဲ့သည် အလွန်သန်မာလှသည်မှန်သော်လည်း ကျွမ်းကျင်သူများစွာရှိသည်။ ချင်းဟွာတက္ကသိုလ်သည် ကြီးကျယ်ခမ်းနားသော နာမည်တစ်ခုဖြစ်သော်လည်း ပြိုင်ဘက်များစွာနှင့် ရန်သူများစွာရှိသည်။

မျှော်လင့်ထားသည့်အတိုင်း လှပသောပုံသဏ္ဍာန်တစ်ခု စင်မြင့်ပေါ်သို့ ပျံတက်သွားသည်။ ချူးယွင်ဖန်းကြည့်လိုက်သောအခါ မည်သူမည်ဝါဖြစ်ကြောင်းသိသွား၏။ ယင်းမှာ အသိမိတ်ဆွေဟောင်းတစ်ဦးဖြစ်သူ မြောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားသစ်များအနက် ပထမအဆင့်ကျောင်းသား လဲ့ယွီကျူဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်ခွဲနှင့် နှိုင်းယှဉ်ပါက၊ လဲ့ယွီကျူ၏ရောင်ဝါသည် ယခု သိသိသာသာ ပိုမိုတည်ငြိမ်လာသည်။ သူမသည် ချူးယွင်ဖန်းကိရှုံးနိမ့်ခဲ့ရသော်လည်း အခြားသူများအတွက်မူ ပါရမီရှင်တစ်ဦးဖြစ်နေဆဲဖြစ်သည်။

"ကျွန်မက မြောက်ပိုင်းတက္ကသိုလ်က လဲ့ယွီကျူပါ။ သိုင်းကွက်အနည်းငယ်ဖလှယ်ကြည့်ဖို့ ဒီရောက်လာတာပါ”

"လဲ့ယွီကျူလား သူဘာလို့ဒီမှာရှိနေတာလဲ" ကျာ့ထိုက်ဟွာသည် မျက်မှောင်ကြုတ်ကာ အချိန်များစွာကြာစဥ်းစားပြီးမှ လဲ့ယွီကျူဖြစ်ကြောင်း သတိထားမိသွားသည်။

"ဘာဖြစ်နေတာလဲ စီနီယာကျာ့ ဒီလဲ့ယွီကျူက အရမ်း အစွမ်းထက်လို့လား" မာဝူက မေးသည်။

“ငါ သူ့အကြောင်း ကြားဖူး။ သူက မြောက်ပိုင်းတက္ကသိုလ်မှာ ဒုတိယနှစ်ကျောင်းသားတွေကြား ပထမအဆင့်ပဲ” ကျာ့ထိုက်ဟွာမှ ပြောသည်။ ချင်းဟွာတက္ကသိုလ်မှ ကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက မြောက်ပိုင်းတက္ကသိုလ်မှ ကျောင်းသားများကို ပိုမိုနားလည်သဘောပေါက်ကြသည်။ ၎င်းတို့အချင်းချင်း ယှဥ်ပြိုင်နေခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။

"စီနီယာနျဲ့အဆင်ပြေမယ်မလား” တုယွဲ့အာက အနည်းငယ်စိုးရိမ်နေသည့်ပုံပေါ်သည်။

အကယ်၍ ယင်းမှာ မြောက်ပိုင်းတက္ကသိုလ်၏ သာမန်ကျောင်းသားတစ်ယောက်ဖြစ်လျှင် ကိစ္စကြီးမည်မဟုတ်သော်လည်း သူမသည် ဒုတိယနှစ်ကျောင်းသားများအကြား၌ ပထမအဆင့်ကျောင်းသူဖြစ်နေသဖြင့် တုယွဲ့အာက မည်မျှပင် မာန်တက်နေစေကာမူ မြောက်ပိုင်းတက္ကသိုလ်၏ ဒုတိယကျောင်းသားများကြား၌ ပထမအဆင့်ရထားခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ လဲ့ယွီကျူသည် ၎င်းတို့မျိုးဆက်၌ အသန်မာဆုံးကျောင်းသားတစ်ယောက်ဖြစ်သည်။

မြောက်ပိုင်းတက္ကသိုလ်နှင့် ချင်းဟွာတက္ကသိုလ်တို့အကြားမှ ရန်ညှိုးမျာဖြင့် လဲ့ယွီကျူက စီနီယာနျဲ့ဆိုသူကို ယခု ညှာတာပေးမည်မဟုတ်သည်မှာ ကွင်းထဲကိုယ်တိုင်ကိုယ်ကျဝင်လာပုံကို ကြည့်လျှင်သိနိုင်သည်။

“ပြဿနာမရှိပါဘူး။ လဲ့ယွီကျူက ဒုတိယနှစ်ကျောင်းသားတွေကြား ပထမအဆင့်ရထားရင်တောင် သူက ငယ်ပါသေး။ စီနီယာနျဲ့က ပြဿနာရှိမှာမဟုတ်ပါဘူး” ကျာ့ထိုက်ဟွာက သေချာခိုင်မာစွာပြောသည်။ အသက်အရွယ်သည် အကောင်းမွန်ဆုံးသော အားသာချက်ဖြစ်သည်။ အထူးသဖြင့် ခုန်ပျံကျော်လွှား၍ အဆင့်တတ်တတ်သော ၎င်းတို့ အရွယ်တွင်ဖြစ်သည်။

“မှန်တယ်။ ပြဿနာမရှိလောက်ပါဘူး။ အသက်ဆိုတာ အားသာချက်တစ်ခုပဲ”

တုယွဲ့အာနှင့် အခြားသူများက ခဏတာမျှတွေးပြီးနောက် ပြိုင်တူ ကောက်ချက်ချလိုက်ကြသည်။ ချူးယွင်ဖန်းက ယင်းကို နားထောင်၍ ခေါင်းအနည်းငယ်ခါလိုက်သည်။ အသက်သည် အရေးကြီးကိစ္စတစ်ခုဖြစ်သော်လည်း ရလဒ်ကို ဆုံးဖြတ်ရာတွင်မူ ယင်းက တစ်ခုတည်းသော အကြောင်းအရာမဟုတ်ပေ။ အထူးသဖြင့် လဲ့ယွီကျူကဲ့သို့သော ပါရမီရှင်မျိုးနှင့်ပတ်သက်လျှင်ဖြစ်၏။

“ဘာဖြစ်လို့လဲချူးယွင်ဖန်း၊ အခြားတစ်ခု တွေးမိလို့လား” ကျာ့ထိုက်ဟွာက ချူးယွင်ဖန်း ခေါင်းခါနေသည်ကို တွေ့သဖြင့် မကျေနပ်စွာဖြင့် ချက်ချင်းမေးလိုက်သည်။ မူလက ချူးယွင်ဖန်းသည် ပြန်ဖြေရန်အလွန်ပျင်းရိနေသော်လည်း ကျာ့ထိုက်ဟွာ၏ စိတ်ဓာတ်က ချူးယွင်ဖန်းကို စိတ်မသက်မသာဖြစ်စေသည်။ အကယ်၍ သူ့အတန်းဖော်ဟောင်းကြောင့်သာမဟုတ်လျှင် ဤလူ့ကြောင့် စိတ်ရှုပ်ခံမည်မဟုတ်ပေ။

“ငါ လဲ့ယွီကျူကို အရင်က မြင်ဖူးတယ်။ သူက အရမ်းသန်မာပြီးတော့ သာမန်လူမဟုတ်တာ သေချာတယ်။ စီနီယာနျဲ့က သူ့ကို မယှဥ်နိုင်မှာစိုးတယ်” ချူးယွင်ဖန်းက ပြောင်ပြောင်ဘွင်းဘွင်းပြောလိုက်သည်။

“ဟာသပဲ။ မင်းဘာသိလဲ။ မင်းလိုမျိုးကောင်မျိုးက အဲ့အဆင့်လူတစ်‌ယောက်ရဲ့ စွမ်းအားကို ခန့်မှန်းလို့ရမယ်တဲ့လား။ နောက်ပြီး မင်းက ယုံကြည်ချက်ရှိရှိတောင်ပြောလိုက်သေးတယ်။ လဲ့ယွီကျူကို မင်းအရင်က မြင်ဖူးထားပါတော့။ လဲ့ယွီကျူက မင်းကို သတိတောင်ထားမိလို့လား” ကျာ့ထိုက်ဟွာက ဆက်လက်သည်းမခံနိုင်တော့ဘဲ အထင်သေးစွာပြောလိုက်သည်။

ကျာ့ထိုက်ဟွာသည် ချူးယွင်ဖန်းကို အနည်းငယ်မျှ အထင်မကြီးပေ။ ယန်လီလီ၏ ဆက်ဆံရေးကြောင့်သာမဟုတ်လျှင် သူက ချူးယွင်ဖန်းနှင့် စကားပြောလိမ့်မည်ပင်မဟုတ်ပေ။ ချူးယွင်ဖန်းနှင့် စကားပြောရသည်မှာပင် အလွန်နှိမ့်ချလွန်းနေပြီဖြစ်ရာ ဤငနှောင့်သားသည် သူ့ကိုပင် ဆန့်ကျင်ပြောဆိုရဲ၏။ ဤသည်က အမှန်ပင် ရဲတင်းလွန်းခြင်းပင်ဖြစ်သည်။

“ချူးယွင်ဖန်း” ယန်လီလီသည်လည်း ချူးယွင်ဖန်းက ဤမျှထိလေးစားမှုမရှိပြုမူပြောဆိုလိမ့်မည်ဟု မထင်ထားပေ။ ပို၍ အရေးကြီးသည်မှာ သူမက ကျာ့ထိုက်ဟွာ၏ စကားများမှာ ပို၍ ယုံကြည်ဖွယ်ကောင်းသည်ဟု ခံစားမိသည်။ ၎င်းတို့က သူ့ကို မယုံကြည်ကြသည်ကို မြင်သောအခါ ချူးယွင်ဖန်းသည် ငြင်းဆိုရန် ပျင်းလွန်းလှသဖြင့် ကွင်းကိုကြည့်၍ ဆက်ပြော၏။

“ပွဲကစတော့မယ်။ ရလဒ်တွေထွက်လာတဲ့အခါ ငါတို့ သိရပါလိမ့်မယ်”

အခန်း(၆၄၂) မင်း အရှံးကို ဝန်ခံသင့်ပြီ

ချူးယွင်ဖန်းက အလျှော့မပေးတော့ဘဲ တင်းတင်းမာမာ ဆက်လုပ်နေသည်ကို မြင်လိုက်ရသောအခါ ယန်လီလီက သူ၏ အင်္ကျီထောင့်ကိုဆွဲ၍ ခေါင်းငုံ့ခံရန် အချက်ပြလိုက်သည်။ ယန်လီလီ၏အမြင်အရ ကျာ့ထိုက်ဟွာကိုစော်ကားခြင်းသည် ပညာရှိရွေးချယ်မှုမဟုတ်ပေ။ ချူးယွင်ဖန်းသည် သူမ၏ သိသာထင်ရှားသော အရိပ်အမြွက်ကို နားမလည်သောကြောင့် သူမကိုအံ့သြသင့်သွားစေ၏။

ယန်လီလီသတိရမိသည့်အချက်မှာ ချူးယွင်ဖန်း၌ ဤကဲ့သို့ ခိုင်မာသောကိုယ်ရည်ကိုယ်သွေးကို တစ်ခါမျှ မတွေ့ခဲ့ရဖူးပေ။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ချူးယွင်ဖန်းမည်မျှပြောင်းလဲသွားသည်ကို သူမမသိခဲ့ပေ။ ကျာ့ထိုက်ဟွာတစ်ဦးတည်းမဆိုနှင့်၊ ကျန်းမိသားစုနှင့် ဟွမ်မိသားစုတို့ကိုပင် သူခေါင်းငုံ့မခံခဲ့ပေ။

ယန်လီလီလုပ်နေသည်များကို မြင်လိုက်ရသောအခါ ကျာ့ထိုက်ဟွာ၏ အမူအရာက ပို၍ပင် ဆိုးရွားလာသည်။ သူက အေးစက်စွာပြုံးလိုက်၏။ လမ်းတစ်လျှောက်တွင် လူတိုင်းပြောခဲ့သည့်စကားအရ ကျာ့ထိုက်ဟွာသည် ချူးယွင်ဖန်းသည် သာမန်ကျောင်းသားတစ်ယောက်သာဖြစ်သည်ဟု ခံယူထားခဲ့သည်။ ပုံမှန်အားဖြင့် သူသည် ထိုကဲ့သို့သောလူကို မကြည့်တတ်သော်လည်း ယခုအခါ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် သူ့ကို ဆန့်ကျင်ရဲနေပြီဖြစ်သည်။

"ကောင်းတယ်။ ချူးယွင်ဖန်းရော ဘယ်လိုလဲ။ လောင်းကြေးထပ်ကြမလား။ စီနီယာနျဲ့နိုင်ရင် မင်းက ဒူးထောက်ပြီး မင်းမှားပါတယ်လို့ ဝန်ခံရမယ်”

ထိုအချိန်တွင် ယန်လီလီ၊ တုယွဲ့အာနှင့် မာဝူတို့သည် ရန်လိုနေသည့် ကျာ့ထိုက်ဟွာကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ကျာ့ထိုက်ဟွာသည် လုံးလုံးလျားလျားဒေါသဖြစ်နေပြီဖြစ်ကြောင်း သူသိသည်။

“ချူးယွင်ဖန်း…” ယန်လီလီက သူ့ကိုတားချင်သော်လည်း ချူးယွင်ဖန်းက မျက်ခုံးပင့်၍ လက်ကို အိပ်ကပ်ထဲထည့်၍ ဆက်ပြောသည်။

“စိတ်ဝင်စားစရာပဲ။ လဲ့ယွီကျူနိုင်ရင်ရော ဘယ်လိုလဲ”

"ငါရှုံးမယ် ထင်လား" ကျာ့ထိုက်ဟွာသည် ချူးယွင်ဖန်းက အလှည့်တိုင်းတွင် သူ့ကို ဆန့်ကျင်နေသည်ဟု ခံစားရသဖြင့် ဒေါသတကြီးပြောသည်။

ကျာ့ထိုက်ဟွာသည် သူနှင့်တူညီသောအဆင့်အတန်းရှိသူတစ်ဦးက ပြောလာပါက ဒေါသဖြစ်မည်မဟုတ်ပေ။ သို့သော် သူသည် ချူးယွင်ဖန်းကို ဟိုးအစမှစ၍ ရှုံ့ချအထင်သေးခဲ့ခြင်းဖြစ်သဖြင့် ဤသို့ ပြုမူလာသောအခါ အထူးပင် ဒေါသဖြစ်ရသည်။ ချူးယွင်ဖန်းကို ဤမျှထိ ခေါင်းမာနေခွင့်မပြုနိုင်ပေ။

ချူးယွင်ဖန်းသည် ထိုကဲ့သို့သောလူများ၏ စိတ်သဘောထားကိုကောင်းစွာသိသည်။ အချို့လူများသည် ပါရမီရှင်များဟု ဂုဏ်ဆာလျက်ရှိကြသည်။ လိမ္မာပါးနပ်သော်လည်း ဒေါသထွက်လွယ်ကြသည်။ ပုရွက်ဆိတ်များက ၎င်းတို့ကို ရန်စလာမည်ကို ခွင့်မပြုကြပေ။ တူညီသောအဆင့်ရှိသူများသည် အလွဲသုံးစားလုပ်မှု၊ စော်ကားမှုများကိုပင် သည်းခံနိုင်ကာ လက်စားလည်းချေနိုင်သည်။ သို့သော် ဤအဆင့်နိမ့်ပုရွက်ဆိတ်များကသာ ခုန်ပေါက်ရန် သတ္တိရှိနေပါက ဖိနင်း၍ ဇီဝိန်ချုပ်ခံရမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ဤကဲ့သို့သောလူကို အကြိမ်များစွာမြင်ဖူးသဖြင့် စိတ်ထဲမထားဘဲ လှောင်ရယ်လိုက်သည်။

“ဒီလိုဆိုမဖြစ်ဘူး။ ငါရှုံးရင် မင်းအတွက် ဒူးထောက်မယ်။ မင်းရှုံးရင် ဒီအတိုင်း ပြီးသွားမှာလား။ မင်းငါ့ကိုအခွင့်ကောင်းယူဖို့ကြိုးစားနေတာလား"

"ကောင်းပြီ ငါရှုံးရင် မင်းအစား ဒူးထောက်မယ်" ကျာ့ထိုက်ဟွာက ရယ်မောလိုက်သည်။ ချူးယွင်ဖန်းသည် တည်ငြိမ်လွန်းသောကြောင့် တစ်စုံတစ်ခု မမှန်ကြောင်း အလိုလို ခံစားမိသွားသည်။

‘ချူးယွင်ဖန်းက ဘာလို့ဒီလောက် မာန်တက်နေတာလဲ’

သို့သော်လည်း ကျာ့ထိုက်ဟွာသည် ဤသံသယကို သူ့စိတ်နောက်သို့ ချက်ချင်း လွှင့်ပစ်လိုက်သည်။ သူက စီနီယာနျဲ့ကို အလွန်ယုံကြသည်။ စီနီယာနျဲ့သည် အသက်အရွယ်တူ ကလေးမလေးကို မည်သို့ ရှုံးနိမ့်နိုင်မည်နည်း။ နှစ်ဖက်စလုံးက အလေးအနက်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ အလယ်၌ရှိနေသော ယန်လီလီသည်လည်း အလွန်ထိတ်လန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အတန်းဖော်ဟောင်းသည် ယခု အနည်းငယ် ကွဲပြားသွားသည်ဟု ခံစားမိသည်။ သူ့ပုံသဏ္ဍာန် ပိန်သွားရုံသာမက သူမနားမလည်သော အပြောင်းအလဲများစွာလည်း ရှိလာသည်။

တစ်ဖက်တွင် မာဝူနှင့် တုယွဲ့အာတို့က စိတ်ရှုပ်ထွေးစွာကြည့်နေကြ၏။ ချူးယွင်ဖန်းသည် ကောင်းကင်နှင့်မြေကြီး၏ကွာဟမှုကို မသိဟု ၎င်းတို့ခံစားမိသည်။ ကျွမ်းကျင်ပညာရှင်များကိုပင် တွေ့ရခဲသည်ဖြစ်သော်လည်း သူသည် ထိုအဆင့်ရှိလူများကြား တိုက်ပွဲ၏ရလဒ်ကို အမှန်တကယ်ပင် ပြောဆိုဝံ့သည်။ ယခုအချိန်တွင် စီနီယာနျဲ့နှင့် လဲ့ယွီကျူအကြား တိုက်ပွဲစတင်နေပြီဖြစ်သည်။ မြောက်ပိုင်းတက္ကသိုလ်နှင့် ချင်ဟွာတက္ကသိုလ် ကျောင်းသားအများအပြားသည် ကွင်းပတ်ပတ်လည်တွင် စုရုံးလာကြသည်။

တက္ကသိုလ်နှစ်ခုမှ ကျောင်းသားများသည် ရှည်လျားသော ရန်ငြိုးဖွဲ့မှု သမိုင်းကြောင်းရှိခဲ့သည်။ ၎င်းတို့ကြားရှိ သဘောထားကွဲလွဲမှုများနှင့် ရန်ငြှိုးရန်စများကြောင့် ဤသို့သော တိုက်ပွဲမျိုးအတွက် အဆင်သင့်ပြင်ထားကြသည့်ပုံပေါ်သည်။ အစပိုင်းတွင် ကျာ့ထိုက်ဟွာသည် သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိနေသည်။ သို့သော် သူ၏အမူအရာသည် လျင်မြန်စွာပြောင်းလဲသွား၏။

ကျာ့ထိုက်ဟွာက မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့သည့် စီနီယာနျဲ့သည် အလွန်အံ့အားသင့်စရာကောင်းသော ခွန်အားကို ပြသခဲ့သည်။ သို့သော် စီနီယာနျဲ့သည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ ဆဋ္ဌမအဆင့်ထက် ခွန်အားကို ပြသထားသော်လည်း သူလှုပ်ရှားလိုက်သောအခါတွင် လုံးလုံးလျားလျား ဖိနှိပ်ခံနေရဆဲဖြစ်သည်။

လက်တွေ့တွင် စီနီယာနျဲ့သည် ပထမဆုံးတစ်ကြိမ်သာ အသာစီးရနိုင်ခဲ့ကာ ယင်းနောက်တွင် လဲ့ယွီကျူက အပြည့်အဝ ဖိနှိပ်ထား၏။ သူမကို မတွေ့သည်မှာ တစ်နှစ်ခွဲကျော်ကြာပြီးနောက်၊ လဲ့ယွီကျူ၏ ခွန်အားသည် အနည်းငယ်တိုးလာသည်။ ချူးယွင်ဖန်းသည် သူမအား ပေါ့ပေါ့ပါးပါ လှမ်းကြည့်လိုက်သောအခါ အံ့သြစရာကောင်းစွာဖြင့် သူမသည် မရီးဒျန်သန့်စင်ခြင်း အဌမအဆင့်၌ ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။ ဤအရှိန်အရ သူမ၏အကြီးတန်းနှစ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းကောင်းရှိသည်။

လဲ့ယွီကျူသည် မြောက်ပိုင်းတက္ကသိုလ်တွင် တစ်နှစ်တာကြာ ပထမအဆင့် ကျောင်းသူဖြစ်ခဲ့သဖြင့် ထိုသို့သော ခွန်အားမျိုးရှိနေခြင်းမှာ သဘာဝကျသည်။ သူမက ချူးယွင်ဖန်းနှင့် မယှဥ်နိုင်သော်လည်း ၎င်းသည်ပင် ထိတ်လန့်ရန် လုံလောက်နေပြီဖြစ်သည်။

စီနီယာနျဲ့သည် အလွန်သန်မာလှသဖြင့် သူနှင့် လဲ့ယွီကျူအကြားတွင် ကွာဟချက်ကြီးတစ်ခု ရှိနေသည်မှာ သေချာသည်။ သူက အလွယ်တကူပင် ဖိနှိပ်ခံထားရ၏။ နှစ်ဖက်စလုံးမှ သိုင်းကွက် ဆယ်ကွက်ခန့်ဖလှယ်ပြီးနောက် စီနီယာနျဲ့ ရှုံးနိမ့်သွားသည်။ ၎င်းတို့နှစ်ဦးကြားတွင် ခွန်အားကွာဟချက် ကြီးမားလွန်းလှသဖြင့် တောင့်ခံထားရန်ပင် မဖြစ်နိုင်ခဲ့ပေ။ ဤသည်ကို မြင်သောအခါ ကျာ့ထိုက်ဟွာ၏ မျက်နှာက ပြာနှမ်းလာကာ ကျန်သူများသည်မူ ချူးယွင်ဖန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ ချူးယွင်ဖန်းက ၎င်းတို့ကို အလွန်အံ့အားသင့်စေခဲ့၏။

‘ဒီရလဒ်ကို ချူးယွင်ဖန်း ဘယ်လိုလုပ်ခန့်မှန်းလိုက်တာလဲ။ သူက တကယ်ပဲ လဲ့ယွီကျူကို သိတာလား’

‘ဒါပေမယ့် သူ လဲ့ယွီကျူကို သိရင်တောင် တိုက်ပွဲရလဒ်ကို လွယ်လွယ်နဲ့ ခန့်မှန်းလို့မရသင့်ဘူးမလား’

ဤအခိုက်အတန့်တွင် စီနီယာနျဲ့က ချူးယွင်ဖန်းကို စကားပြောသည့်ပုံစံကို ပြန်လည်သတိရသွားကြသ်ည။ ယင်းကို ထိုစဥ်က မခံစားမိသော်လည်း ယခုမူ တစ်စုံတစ်ခုက လွဲမှားနေကြောင်း ရုတ်တရက် ခံစားလိုက်မိကြသည်။ ဤသို့တွေးလျှင် ထိုစဥ်က စီနီယာနျဲ့က လက်ပါးစေတစ်ယောက်နှင့်တူကာ ချူးယွင်ဖန်းကမူ ထူးမခြားနား၊ အလေးမထားသည့်ပုံပေါ်သည်။

၎င်းတို့က အသည်မှာ ချူးယွင်ဖန်းနှင့် စီနီယာနျဲ့တို့က မရင်းနှီးကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် အေးစက်နေခြင်းဟု ထင်ခဲ့ကြသော်လည်း ယခုမူ သံသယဖြစ်ဖွယ်အချက်များစွာကို ခံစားမိခဲ့ကြသည်။ ယန်လီလီက ရုတ်တရက် သူမ၏ အတန်းဖော်ဟောင်းက ပုံမှန်မဟုတ်ဟု ခံစားမိသည်။ ချူးယွင်ဖန်း၏ ယခင်က ဘာသိဘာသာအမူအရာသည် မာန်တက်ခြင်း ခေါင်းမာခြင်းတို့နှင့် မတူဘဲ ယင်းသည် လုံးဝဂရုမစိုက်ခြင်းသာဖြစ်သည်။

လူတိုင်း၏ အတွေးများပြန့်ကျဲနေချိန်တွင် တိုက်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်၏။ လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်လာရာ အထူးသဖြင့် ချင်းဟွာတက္ကသိုလ်မှ ကျောင်းသားများက စီနီယာနျဲ့က အလွယ်တကူရှုံးလိမ့်မည်ဟု မမျှော်လင့်ထားကြသဖြင့် ဆူပူအော်ဟစ်ကုန်ကြသည်။

“အမ်” ကျာ့ထိုက်ဟွာက နှာခေါင်းရှုတ်၍ ထွက်သွားရန် နောက်သို့လှည့်လိုက်သည်။

“ခဏနေပါဦး”

“မင်းဘာလိုချင်လို့လဲ” ကျာ့ထိုက်ဟွာက ချူးယွင်ဖန်းကို ဒေါသဖြစ်စွာဖြင့် ပြော၏။

“ငါဘာလိုချင်လဲဟုတ်လား။ ငါ့မှာ မင်းကို ပြောဖို့ စကားနည်းနည်းပဲရှိပါတယ်။ မင်းက လောင်းကြေးထပ်ချင်တယ်ဆိုတော့ အရှုံးကိုလည်း ဝန်ခံရဲရမှာပေါ့” ချူးယွင်ဖန်းက မျက်ခုံးပင့်၍ လှောင်ရယ်လိုက်သည်။

ချူးယွင်ဖန်းသည် မိမိဘက်မှ စတင်ရန်စတတ်သောသူမျိုးမဟုတ်ပေ။ တစ်နည်းအားဖြင့် သူ့ကို တစ်စုံတစ်ယောက်က မလှုံ့ဆော်သရွေ့ သူက ဒေါသဖြစ်လိမ့်မည်မဟုတ်ပေ။ မူလက ယန်လီလီကြောင့် ချူးယွင်ဖန်းက ကျာ့ထိုက်ဟွာကို သည်းခံခဲ့သော်လည်း ကျာ့ထိုက်ဟွာသည် အမှန်ပင် သူနှင့် လောင်းကြေးထပ်ချင်ခဲ့သည်။ ဤလောင်းကြေးက သူ့ကို ဒူးထောက်စေရန်ဖြစ်၏။

ချူးယွင်ဖန်းက မိမိကို အနိုင်ကျင့်သူများကို တစ်ကြိမ်တစ်ခါမျှ သက်ညှာပေးခဲ့ခြင်းမရှိပေ။

All Chapters