အခန်း (၆၄၃-၆၄၅)
Vol. 43 Ch. 643-645
အခန်း (၆၄၃) မင်းကိုယ်မင်း အရမ်းအထင်ကြီးနေတာပဲ
လောင်းကြေးထပ်လိုလျှင် အရှုံးကို ဝန်ခံလိုစိတ်ရှိရမည်။ ဤစကားများသည် မှန်ကန်သောကိစ္စတစ်ခုကဲ့သို့ ထင်ရကာ ယင်းကို မည်သူမျှ ဆန့်ကျင်ပြောဆိုခြင်းမရှိပေ။ သာမာန်ကိစ္စသာဖြစ်လျှင် အဆင်ပြေသော်လည်း လောင်းကြေး၏အကြောင်းအရာသည် ဒူးထောက်ရန် လိုအပ်သည်။ ထို့ကြောင့် ဤသည်မှာ အရှက်ခွဲခြင်းဖြစ်ကြောင်း သေချာ၏။
"ချူးယွင်ဖန်း၊ မင်း တခြားသူတွေကို ခွင့်လွှတ်နိုင်ရင် သူတို့ကို ခွင့်လွှတ်လိုက်ပါ။ မင်း ဒီလောက်ထိ ရန်လိုနေစရာ မလိုဘူး မဟုတ်လား" မာဝူက ပြောသည်။
"ရန်လိုနေတယ်ဟုတ်လား။ ဒီကိစ္စကို စပြောတဲ့သူက ငါမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက ရန်လိုနေတာမဟုတ်ဘူး” ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာပြောသည်။ ငါ့မှာ ဘာ ထူးထူးခြားခြားတောင်းဆိုချက်မှမရှိဘူးလေ။ သူ့အရှုံးကို လက်ခံဖို့ပဲလိုတယ်။ အရှုံးကို လက်မခံနိုင်ရင် လောင်းကစားမလုပ်နဲ့။ အေး လောင်းကစားလုပ်ရင်လည်း အရှုံးကို လက်ခံနိုင်ရမယ်”
"ချူးယွင်ဖန်းဒါက နင့်အပြစ်ပဲ။ စီနီယာကျာ့က နောက်နေတာပဲ။ နင်ဘာလို့ ဒီလောက် ရေးကြီးခွင်ကျယ်လုပ်နေရတာလဲ" တုယွဲ့အာက မကျေနပ်လှသောအမူအရာမျိုးဖြင့် သံယောင်လိုက်ပြောသည်။
"မှန်တယ် ချူးယွင်ဖန်း။ ဒီကိစ္စကို ငါတို့ မေ့ထားလိုက်ကြရအောင်လေ” ယန်လီလီက အနည်းငယ် စိုးရိမ်သော အမူအရာဖြင့် ပြောသည်။ ကျာ့ထိုက်ဟွာ၏ အင်အားကို သူမ သိသည်။ သူသည် အကောင်းဆုံးမဟုတ်သော်လည်း သူမကဲ့သို့ သာမန်လူများအတွက်မူ အနိုင်ယူရန် ခက်ခဲလှသည်။ ချူးယွင်ဖန်း ရှုံးနိမ့်သွားရမည်ကို စိုးရိမ်လျက်ရှိသည်။
နောက်ဆုံးတွင်မူ ချူးယွင်ဖန်းကို အဖွဲ့ထဲသို့ ခေါ်လာသူမှာ ယန်လီလီပင်ဖြစ်သည်။ ထို့ကြောင့် ကိစ္စများကို ရှုပ်ထွေးဆိုးရွားသွားစေရန်မလုပ်ချင်ခဲ့ပေ။ သို့သော် ချူးယွင်ဖန်း၏ ခေါင်းမာသော အမူအရာကို တွေ့လိုက်ရသောကြောင့် သူမ အနည်းငယ် အကူအညီမဲ့သွားသည်။
"ငါမှားနေတာလား။ တကယ်က ဟာသတစ်ခုပဲလား။ ငါရှုံးခဲ့ရင် မင်းဒါကို ဟာသတစ်ခုအနေနဲ့ မေ့ပစ်လိုက်မှာလား" ချူးယွင်ဖန်းက ရယ်မောကာ ပြောလိုက်သည်။
တုယွဲ့အာ၊ မာဝူနှင့် ယန်လီလီတို့သည် ချူးယွင်ဖန်း၏ စကားကြောင့် တုန်လှုပ်သွားကြသည်။ သူပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ရှုံးနိမ့်သွားသူမှာ ချူးယွင်ဖန်းဖြစ်ပါက ကျာ့ထိုက်ဟွာလည်း သူ့ကို လွှတ်ထားမည်မဟုတ်ပေ။ ကျာ့ထိုက်ဟွာသည် ဤမျှလောက် သဘောထားကြီးသူဖြစ်ပါက၊ ထိုကဲ့သို့ လောင်းကြေးထပ်ရန် အဆိုပြုမည်မဟုတ်ပေ။ ကျာ့ထိုက်ဟွာသည် ချူးယွင်ဖန်းကို အပြစ်ပေးရန်အတွက် အခွင့်အရေးကို ရှာဖွေလိုသည်မှာ ထင်ရှားလှသည်။ ဤအကြောင်းကို ၎င်းတို့ မသိခဲ့ကြသော်လည်း ယခင်ကတစ်စုံတစ်ခု မှားနေသည်ဟု မခံစားရပေ။ သို့သော် ယခု ချူးယွင်ဖန်း၏ အပြုအမူများသည် ၎င်းတို့၏ အထက်လူကြီးများကို စော်ကားနေသည့်နှယ်ခံစားရသောကြောင့် လက်မခံနိုင်ကြပေ။
"မင်းက ငါ့ကို ဒူးထောက်ခိုင်းချင်တာလား။ မင်းကိုယ်မင်း ဘာကောင်လို့ထင်နေတာလဲ" ကျာ့ထိုက်ဟွာက ချူးယွင်ဖန်းကို အေးစက်စွာကြည့်လိုက်သည်။ မျက်လုံးများသည်လည်း အေးစက်လျက်ရှိ၏။
"ငါ မင်းကို သင်ခန်းစာကောင်းကောင်းမပေးရင် ကောင်းကင်နဲ့မြေကြီးရဲ့ ကြီးကျယ်မှုကို မင်းနားလည်မှာမဟုတ်ဘူး"
ကျာ့ထိုက်ဟွာသည် ချူးယွင်ဖန်းကို သင်ခန်းစာတစ်ခုသင်ပေးရန် ရည်မှန်းထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ခွန်အားကိုပြသရန် ဤအခွင့်အရေးကိုအသုံးချ၍ ချူးယွင်ဖန်းကို လက်သီးတစ်ချက်ထိုးပစ်လိုက်၏။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သော ကျာ့ထိုက်ဟွာ၏ တိုက်ခိုက်မှုသည် လျှပ်စီးတစ်စင်းနှယ်မြန်ဆန်စွာဖြင့် လေထုကို ခွင်းကာ ကြောက်မက်ဖွယ်လှိုင်းလုံးတစ်ခုနှင့်အတူ ထွက်ပေါ်လာသည်။
"အသေးအဖွဲလှည့်ကွက်တွေပဲ။ ဒူးထောက်စမ်း” ချူးယွင်ဖန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများပျံ့လွင့်သွားပြီးသည့်နောက် ကျာ့ထိုက်ဟွာသည် သူ့ရှေ့ရှိ ချူးယွင်ဖန်းမှာ လူသားမဟုတ်တော့သည့်နှယ် ချက်ချင်းခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတစ်ကောင်ကဲ့သို့ပြောင်းလဲသွားသည့်အလား ကျာ့ထိုက်ဟွာ၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ ကောလဟာလများအရ စစ်မှန်သော သိုင်းပညာကျွမ်းကျင်သူတစ်ဦး၏ အကြည့်သည် လူတစ်ယောက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သေစေနိုင်သည်။
ချူးယွင်ဖန်းသည် သဘာဝအတိုင်း ထိုကဲ့သို့သော အဆင့်သို့ မရောက်နိုင်ခဲ့ပေ။ သို့သော် သူ၏လက်ရှိစွမ်းအားဖြင့် ဤသည်မှာ သာမန်လူတစ်ယောက် ခံနိုင်ရည်ရှိသောအရာမဟုတ်ပေ။ ကျာ့ထိုက်ဟွာသည် လုံးဝပြင်ဆင်ထားခြင်းမရှိပဲ ဒူးထောက်ကျသွား၏။
ဘမ်း
တုယွဲ့အာ၊ မာဝူနှင့် ယန်လီလီတို့အားလုံး အံသြသွားကြသည်။ ကျာ့ထိုက်ဟွာ၏ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းလှသဖြင့် တုံ့ပြန်ရန် အချိန်မရှိခဲ့ကြပေ။ ချူးယွင်ဖန်းက ကြီးကြီးမားမားရှုံးနိမ့်ရတော့မည်ဟု ၎င်းတို့ ထင်ခဲ့ကြသည်။
သို့သော် ချူးယွင်ဖန်း၏ ကြွေးကြော်သံမျှဖြင့် ကျာ့ထိုက်ဟွာက အမှန်တကယ် ဒူးထောက်ကျသွားလိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။
ကျာ့ထိုက်ဟွာသည် လူတိုင်းရှေ့၌ ဒူးထောက်လျက်ရှိသည်။ ၎င်းတို့က ချူးယွင်ဖန်းကို တစ်ဖန်ပြန်လှည့်ကြည့်သောအခါတွင် ၎င်းတို့၏ အကြည့်များအားလုံး ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းမည်ကဲ့သို့လုပ်ဆောင်ခဲ့သည်ကို ၎င်းတို့မသိကြသော်လည်း ယန်လီလီ ယခင်ကပြောခဲ့ဖူးသော သာမန်အတန်းဖော်သည် ကြီးမားသောလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည်မှာ သေချာသည်။
ယန်လီလီ၏ မယုံကြည်နိုင်မှုများပြည့်နေသော အကြည့်များကို ကြည့်၍ ချူးယွင်ဖန်းက ဆက်ပြောသည်။
"ဒီကောင်က စရိုက်မကောင်းဘူး။ သူမင်းကိုလိုက်နေတာဆိုရင် ဒီလူဟာ မင်းဘဝအတွက် အပ်နှင်းခံထိုက်သူ ဟုတ်မဟုတ် သေချာစဉ်းစားသင့်တယ်”
ချူးယွင်ဖန်း၏စကားကိုကြားသောအခါ ယန်လီလီ၏မျက်နှာငယ်လေးသည် ချက်ချင်းနီမြန်းသွားသည်။ သူမသည် မသိနားမလည်သော်လည်း မမိုက်မဲခဲ့ပေ။ သူမကဲ့သို့ အတန်းထဲမှ အလှပဂေးလေးသည် ငယ်စဥ်ကတည်းက အကြိမ်ပေါင်းများစွာ ပိုးပန်းခြင်းခံခဲ့ရသည်။ ယန်လီလီက တစ်လအတွင်း ဝန်ခံခဲ့သည့်အကြိမ်အရေအတွက်သည် ၎င်းတို့၏တစ်သက်တာတွင် ဝန်ခံရမည့်အကြိမ်အရေအတွက်ထက်ပင် ပိုများနေမည်ဖြစ်သည်။ ကျာ့ထိုက်ဟွာက သူမကိုစိတ်ဝင်စားနေသည်ကို သူမ မည်သို့ မသိဘဲနေလိမ့်မည်နည်း။ ယန်လီလီသည် ကျာ့ထိုက်ဟွာက အလွန်တော်သည်ဟု အစတွင် ထင်ခဲ့သည်။ သူ့ရုပ်ရည်၊ ခွန်အား၊ ပညာရေးပင်ဖြစ်နေစေကာမူ ကဏ္ဍပေါင်းစုံ၌ အလွန်ထက်မြက်လှသည်။ ယခု ချူးယွင်ဖန်းက သူ့ကို ဖော်ထုတ်လိုက်ပြီဖြစ်သောကြောင့် သူမ ရှက်ရွံ့ဒေါသဖြစ်ရုံမျှတပါး အခြားမတတ်နိုင်တော့ပေ။
“မင်း ဘာပြောလိုက်တာလဲ”
နှိမ့်ချခြင်းခံခဲ့ရသော ကျာ့ထိုက်ဟွာသည် ပို၍ပင်ဒေါသထွက်လာ၏။ သူသည် လတ်တလော ထိတ်လန့်မှုမှ ပြန်လည် မသက်သာသေးပေ။ သူအဘယ်ကြောင့် ရုတ်တရက် ဒူးထောက်ကျသွားရသည်ကို သူမသိပေ။ ချူးယွင်ဖန်းကို သင်ခန်းစာပေးချင်သော်လည်း ချူးယွင်ဖန်းက သူ့ကို အော်သံတစ်ခုတည်းဖြင့် ဒူးထောက်ကျစေခဲ့သည်။ ထို့အပြင် ၎င်းသည် လူအများ၏ မျက်လုံးများရှေ့၌ ဖြစ်သွားခြင်းဖြစ်ရာ ကြီးမားစွာအရှက်ခွဲလိုက်ခြင်းပင်ဖြစ်၏။
ကျာ့ထိုက်ဟွာက မိမိကို လူအများက ဝိုင်းကြည့်နေသည့်နှယ်ခံစားလိုက်ရသဖြင့် အလွန်အမင်း ဒေါသဖြစ်လျက်ရှိ၏။ ထို့နောက် ကျယ်လောင်စွာအော်၍ ပေါက်ကွဲထွက်ကာ ချူးယွင်ဖန်းကို စတင်တိုက်ခိုက်တော့၏။
“ခေါင်းမာလိုက်တာ” ချူးယွင်ဖန်းက အေးစက်စွာ နှာခေါင်းရှုတ်လိုက်ပြီးနောက် ကျာ့ထိုက်ဟွာကို ဖြတ်ရိုက်လိုက်သည်။ ၎င်းတို့အကြား မီတာများစွာကွာဝေးသော်လည်း သူ၏ ပြင်းထန်သော စွမ်းအားက ကျာ့ထိုက်ဟွာ၏ ခန္ဓာကိုယ်သို့ ထိမှန်သွားသည်။
ဘမ်း
ကျာ့ထိုက်ဟွာက ချက်ချင်းပင် ကျယ်လောင်စွာညည်းညူ၍ အဝေးသို့ အရှိန်အဟုတ်ပြင်းစွာ လွင့်ထွက်သွားသည်။ သူ မြေပြင်ပေါ်သို့ ပြန်ကျလာသောအခါတွင်မူ သွေးတစ်ပွက်ပင် အန်ထွက်လာ၏။ ယန်လီလီအပါအဝင် အားလုံးက အလွန်အမင်း ထိတ်လန့်ကြောင်အသွားကြသည်။ ဤအခြေအနေသည် သူမ၏ လောကအမြင်ကို ပြောင်းပြန်လှန်ခြင်းလိုက်ခြင်းပင်ဖြစ်ရာ ချူးယွင်ဖန်းက သွေးအန်ထွက်လျှင် သာမန်ဖြစ်ပေလိမ့်မည်ဖြစ်သည်။
ဤသည်က ယန်လီလီ၏ နားလည်နိုင်သည့် အတိုင်းအတာတွင်ရှိသည်။ သို့သော် လက်ရှိအခြေအနေသည် လုံးလုံးလျားလျားကွာခြားနေ၏။ ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။
သူမ၏ ဤအတန်းဖော်ဟောင်းက နှစ်အနည်းငယ်အတွင်းတွင် မည်ကဲ့သို့ ဤမျှထိကြောက်မက်ဖွယ်ကောင်းလာခဲ့သနည်း။ ကျာ့ထိုက်ဟွာကို ဒူးထောက်ကျသွားစေသောအော်သံသည် တိုက်ဆိုင်ခြင်းတစ်ခု မဟုတ်ခဲ့ပေ။ ၎င်းသည် စစ်မှန်သော ခွန်အား၏ သက်ရောက်မှုသာဖြစ်သည်။
ယန်လီလီကဲ့သို့ မူလက ယုံကြည်မှုပြည့်နေသော တုယွဲ့အာနှင့် မာဝူတို့သည်လည်း ဤမြင်ကွင်းကို မြင်သောအခါ လုံးဝ ကြောင်အသွားကြ၏။ ဤဖြစ်ရပ်သည် ဤသို့ ဖြစ်မလာခဲ့သင့်ပေ။ ထိုအခိုက်အတန့်တွင် ၎င်းတို့ပတ်ဝန်းကျင်ရှိ လူများအားလုံး ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။ ၎င်းတို့အားလုံးက ကျာ့ထိုက်ဟွာ၏ လက်မောင်းထက်မှ အမှတ်အသားကို မြင်လိုက်ကြရသဖြင့် ချင်းဟွာတက္ကသိုလ်မှဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ ချင်းဟွာတက္ကသိုလ်သည် ပြည်ထောင်စုတက္ကသိုလ်မဟုတ်သော်လည်း အလွယ်တကူ အနိုင်ကျင့်ခံရမည့်တက္ကသိုလ်မျိုးမဟုတ်သည်မှာ သေချာသည်။ အကယ်၍ ချင်းဟွာတက္ကသိုလ်မှ တစ်စုံတစ်ယောက်က ဒဏ်ရာရရှိခဲ့ပါက တန်ပြန်တိုက်ခိုက်ခြင်းခံရမည်မှာ သေချာသည်။
“မင်းကိုယ်မင်း အရမ်းတွေ အထင်ကြီးနေတာပဲ” ချူးယွင်ဖန်းက လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လျက် ဤစကားလုံးများကို အေးစက်စွာပြောလိုက်သည်။
ယန်လီလီ၏ မျက်လုံးထဲတွင် သူမ၏ အတန်းဖော်ဟောင်းသည် လုံးဝ လူစိမ်းတစ်ယောက် ဖြစ်လာသည်ဟု မြင်မိသည်။
အခန်း(၆၄၄) ချူးယွင်ဖန်း၏ စွမ်းအား
ယန်လီလီမှတ်မိသည်မှာ ချူးယွင်ဖန်းသည် အလွန်သာမန်ကျသောသူတစ်ယောက်ဖြစ်သည်ဟူ၍သာဖြစ်သည်။ သူက နူးညံ့၍ ဤကဲ့သို့လည်း မသန်မာခဲ့ပေ။ ကျာ့ထိုက်ဟွာက အလွန်သန်မာသည့်ပုံပေါ်သော်လည်း ၎င်းတို့နှစ်ယောက်ကြားမှ ကွာဟချက်သည် အလွန်အမင်း သိသာမြင်သာလှသည်။ ဤသည်မှာ လူတစ်ယောက်၏ အတွင်းစိတ်ထဲမှ လာသော မောက်မာမှုမျိုးပင်ဖြစ်ရာ သူက မည်သူမျှ မသိမထားမိနိုင်အောင် ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။
ချူးယွင်ဖန်း၏ ခွန်အားသည် ဤသို့သော ခမ်းနားမှုမျိုးကို သယ်ဆောင်လာသည်။ ခြားနားချက်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ယင်းကို သိနိုင်သည်။ ကျာ့ထိုက်ဟွာ၏ ခွန်အားသည်မူ မောက်မာမှုဖြင့်ပင် ရပ်တန်သွားကာ လူများကို အလွန်စက်ဆုပ်ရွံရှာစေသည်။ သို့သော် ယန်လီလီသိထားသလောက် ချူးယွင်ဖန်းသည် ဤကဲ့သို့ တစ်ခါမျှမဟုတ်ခဲ့ပေ။ ဤသည်မှာ အပြည့်အဝ ယုတ္တိမရှိသော ကိစ္စတစ်ခုသာဖြစ်သည်။ ချူးယွင်ဖန်း အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတို့ပြီးနောက် လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် မည်သည့်ကိစ္စရပ်များ ကြုံတွေ့ခဲ့သနညး်။
ထိုအချိန်တွင် ယန်လီလီ၏ နှလုံးသားရှိ ချိန်ခွင်လျှာသည် သူမ၏ အတန်းဖော်ဟောင်းဘက်သို့ ကိန်းညွတ်လာသည်။ နောက်ဆုံးတွင်မူ ကျာ့ထိုက်ဟွာက လမ်းတစ်လျှောက်အလွန်မာန်တက်နေခဲ့သောလည်း ချူးယွင်ဖန်းသည် တိတ်ဆိတ်မြဲတိတ်ဆိတ်နေခဲ့သည်။ ယခု ရှုံးနိမ့်သွားသူမှာ ကျာ့ထိုက်ဟွာဖြစ်သော်လည်း ချူးယွင်ဖန်းသာ ရှုံးနိမ့်ခဲ့ပါက အကျိုးဆက်များသည် ပို၍ ပြင်းထန်ပေလိမ့်မည်ဖြစ်သည်။
“ချူးယွင်ဖန်း မြန်မြန် ထွက်သွား။ မဟုတ်၇င် ချင်းဟွာတက္ကသိုလ်က လူတွေရောက်လာရင် ငါတို့ ပြဿနာတက်လိမ့်မယ်”
ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှကျောင်းသားများသည် သွား၍ ရန်ဖြစ်သင့်သူများမဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ ခွန်အားကြောင့်သာမက ၎င်းတို့နောက်တွင်ရပ်တည်နေသော နာမည်ကြီးတက္ကသိုလ်များကြောင့်လည်းဖြစ်သည်။ ချူးယွင်ဖန်းက ယခုထွက်မသွားလျှင် ဖြစ်ပေါ်လာမည့်ပြဿနာများမှာ အဆုံးသတ်ရှိမည်မဟုတ်ပေ။
ချူးယွင်ဖန်းက ပြုံးလိုက်သည်။ အတန်းဖော်ဟောင်းက သူ့ကို စိတ်ပူနေသည်ကို မြင်သောအခါ သူ့စိတ်များအနည်းငယ်နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။
“ချူးယွင်ဖန်း မင်းမှာ သတ္တိရှိရင် ထွက်မသွားနဲ့” ကျာ့ထိုက်ဟွာက နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို သုတ်၍ ပြောလိုက်သည်။
ကျာ့ထိုက်ဟွာဘက်မှ အရန်အကူခေါ်ထားသည်မှာ သိသာရှင်းလင်းသည်။ ချူးယွင်ဖန်းက ကျာ့ထိုက်ဟွာကို ကြည့်၍ ခေါင်းကို အနည်းငယ်ခါလိုက်သည်။ ကျာ့ထိုက်ဟွာ၏ စိတ်ဓာတ်သည် ယခင်ကဲ့သို့ပင် မကောင်းတော့ပေ။ သူသည် အပြင်ဘက်တွင် ရွှေရောင်တောက်နေကာ အတွင်းထဲ၌ ပုပ်ပွနေသည်။
“ငါထွက်မသွားဘူး။ မင်းကြိုက်တဲ့လူကို ခေါ်လိုက်” ချူးယွင်ဖန်းက လှောင်ရယ်၍ ပြောလိုက်သည်။ ထို့အပြင် သူသည် ဤ ဆောင်းရာသီပွဲ၌ ပါဝင်ရန်ဆုံးဖြတ်ခဲ့စဥ်မှစ၍ ပဋိပက္ခများအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သ်ည။
“ကောင်းတယ်၊ မင်းက သတ္တိရှိသားပဲ” ကျာ့ထိုက်ဟွာက အော်လိုက်သည်။
လူများစွာ စတင်၍ ၎င်းတို့ အနားတွင် ဝိုင်းရံလာကြသည်။ ချင်းဟွာတက္ကသိုလ်ကို ရန်စပြီးနောက် ထိုနေရာ၌ ဆက်လက် ရပ်နေသည်ကို မြင်သောအခါ ကျာ့ထိုက်ဟွာက ၎င်းတို့ကို အကူအညီခေါ်ပြီးဖြစ်ကြောင်း သိလိုက်သည်။ နောက်ထပ်သော ပြဿနာတစ်ခု ဖြစ်တော့မည်မှာ သေချာသည်။
ဤနေရာရှိလူအများမှာ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှကျောင်းသားများဖြစ်၍ ချင်းဟွာတက္ကသိုလ်က ဒုက္ခရောက်နေသည်ကို မြင်သောအခါ မကြည့်ဘဲမနေနိုင်ကြတော့ပေ။ ထို့အပြင် ယခု ယန်လီလီ၊ မာဝူနှင့် တုယွဲ့အာတို့သည်လည်း တစ်စုံတစ်ခုက မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ ယခင်က ၎င်းတို့က ချူးယွင်ဖန်းမှာ ကောင်းကင်နှင့် မြေကြီး၏ ခြားနားချက်ကို မသိဟု ထင်ခဲ့ကြသော်လည်း ယမူ ယင်းက ပြဿနာမဟုတ်ပေ။ အကြောင်းပြချက်သည်အလွန်ရိုးရှင်းလှသည်။ ချူးယွင်ဖန်း၏ အကြောက်တရားကင်းသော အကြည့်သည် မိမိက သာမန်လူမဟုတ်ကြောင်းညွှန်ပြနေသည်။
တုယွဲ့အာက ချက်ချင်းပင် ယန်လီလီကို ဘေးသို့ဆွဲခေါ်၍ မေးလိုက်သည်။
“လီလီ နင့် သူငယ်ချင်းရဲ့ နောက်ခံကဘာလဲ”
ယန်လီလီက ရယ်ရခက်ငိုရခက်ဖြစ်သွား၏။
“ငါလည်း မသိဘူး။ ကျောင်းတုန်းက သူက အရမ်းသာမန်ကျတဲ့လူပဲ။ ငါ အခု သူ့အကြောင်း သိပ်မသိဘူး”
ယန်လီလီပြောခဲ့သည်မှာ အမှန်တရားပင်ဖြစ်သည်။ ချူးယွင်ဖန်းက ယခုထက်ပို၍ ပြောင်းလဲနေပါက ယန်လီလီသည် လမ်းတွင်ဆုံစဥ်၌ပင် မှတ်မိမည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဟိုးအစတည်းက ပါရမီရှင်ဖြစ်နေခဲ့ပါက ဤကိစ္စအားလုံးကို နားလည်နိုင်သည်။ ယန်လီလီသည် ထိုသို့သော သူမျိုးကို လုံးဝမေ့လျော့နေမည်မဟုတ်ပေ။ သို့သော် ယခုမူ ချူးယွင်ဖန်းသည် ယန်လီလီသိထားခဲ့သော သူတစ်ယောက်မဟုတ်တော့ပေ။
ထိုအလယ်တန်းကျောင်း၌ပင် သူမသိသော အထူးချွန်ဆုံးကျောင်းသား၏ ကိုယ်ရောင်ကိုယ်ဝါသည် လက်ရှိ ချူးယွင်ဖန်းထက် များစွာနိမ့်ကျသည်။ ချူးယွင်ဖန်းသည် ယန်လီလီ၏ virtual network ၌ မြင်ခဲ့ရသော ဗီဒီယိုထဲမှ ထိပ်တန်းကျွမ်းကျင်သူများနှင့်တူသည်။ ၎င်းတို့သည် ကမ္ဘာကြီးကို အထင်သေး၍ သက်ရှိအားလုံး၏ အထက်တွင်ရပ်တည်နေကြသည်။ ချူးယွင်ဖန်းက ထိုအဆင့်သို့မရောက်သေးသော်လည်း ကနဦးအဆင့်များတွင်ရှိနေပြီဖြစ်သ်ည။
“နင်တကယ်ပြောနေတာလား” တုယွဲ့အာက ယန်လီလီကို သံသယဝင်စွာဖြင့် မေးသည်။ အကယ်၍ သူမသာ ယန်လီလီကို ကောင်းစွာမသိလျှင် ယန်လီလီက လိမ်ညာနေသည်ဟု ထင်မိပေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်း၏ လက်ရှိသဘောထားသည် သူ၏သာမန်တည်ငြိမ်သောအမူအရာနှင့် လုံးဝမတူပေ။ သူ့မျက်လုံးများသည် မည်သူမျှ တည့်တည့်မကြည့်နိုင်လောက်သည်အထိ စူးရှနေသည်။
ထိုသို့သော ပုဂ္ဂိုလ်သည် အလယ်တန်းတတိယနှစ်၌ အဘယ်ကြောင့် ထိုမျှ တည်ငြိမ်နေခဲ့သနည်း။
“ငါလိမ်နေတာမဟုတ်ဘူး။ ငါ ငါတို့ အလယ်တန်းတတိယနှစ်တည်းက အထင်ကြီးစရာတစ်ကွက်မှမရှိခဲ့ဘူး။ သူဒီလောက်စွမ်းမှန်းငါမသိခဲ့ဘူး” ယန်လီလီက စိတ်ရှုပ်စွာပြောသည်။
ချူးယွင်ဖန်းသည် သူမနှင့်အလွန်လိုက်ဖက်သည်မှာ သေချာသည်ဖြစ်ရာ ယခင်က သတိမထားမိခဲ့ပေ။
“ဒါပေမယ့် ချူးယွင်ဖန်း ဘယ်လောက်စွမ်းအားကြီးကြီး ချင်းဟွာတက္ကသိုလ်က ကျွမ်းကျင်သူတွေကို မတားနိုင်မှာစိုးရတယ်” တုယွဲ့အာက ပြောသည်။
ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်သည် အလွန်အံ့မခန်းဖြစ်ခဲ့သော်လည်း ချူးယွင်ဖန်းကို ချင်းဟွာတက္ကသိုလ်မှ ပါရမီရှင်များနှင့်နှိုင်းယှဥ်ကြည့်လျှင်မူ အနိုင်ရရန် အခွင့်အလမ်းမရှိဟု ခံစားမိကြသည်။
“မဟုတ်ရင် ငါ သူ့ကို တခြားနည်းနဲ့ ဆွဲဆောင်နိုင်မယ်လို့ ထင်လား” ယန်လီလီက ခါးသက်စွာပြုံး၍ ပြောလိုက်သည်။ သူမသည်ငတုံးငအမဟုတ်ပေ။ ချူးယွင်ဖန်းက သူမ၏ အတန်းဖော်ဟောင်းကို မျက်နှာသာပေးထားသည်ကို မည်သို့ မမြင်ဘဲနေလိမ့်မည်နည်း။
“ချင်းဟွာတက္ကသိုလ်ရဲ့ကျောင်းသားကို ဘယ်သူက တိုက်ခိုက်ရဲတာလဲ” ထိုအခိုက်အတန့်တွင် အေးစက်သောအသံတစ်ခု အနီးနားမှ ထွက်ပေါ်လာသည်။ ထို့နောက် အသက်နှစ်ဆယ်ဝန်းကျင်ရှိမည်ထင်ရသော လူငယ်တစ်ဦး လမ်းလျှောက်လာ၏။ လူအုပ်ကြီးတစ်ခုလုံး ပင်လယ်နီကဲသို့ လူစုကွဲသွားကြသည်။ လူတိုင်းက တစ်ချက်ကြည့်လိုက်ကြသည်။ ဖြတ်လျှောက်လာသော ထိုလူငယ်သည် ဂုဏ်သိက္ခာရှိသော မျက်နှာမျိုးရှိကာ ကျာ့ထိုက်ဟွာက သူ့ကို မြင်သောအခါ အလွန်အံ့သြသွားသည်။
“အဲ့တာ စီတုကျီယင်းပဲ”
လူတိုင်းက ဤပုဂ္ဂိုလ်ကို ချက်ချင်း သတိထားမိလိုက်ကြသည်။ ဤသူသည် ချင်းဟွာတက္ကသိုလ်၏ ဒုတိယနှစ်ကျောင်းသားများကြားပထမအဆင့် ကျောင်းသားပင်ဖြစ်သည်မဟုတ်သလော။
တစ်နှစ်ကြာပြီးနောက် စီတုကျီယင်းသည်တက္ကသိုလ်ဝင်စကျောင်းသားလေးတစ်ယောက်မဟုတ်တော့ပေ။ သဘာဝအလျောက်ပင် သူသည် တဖြည်းဖြည်းနှင့် နာမည်ရလာခဲ့ရာ လူတိုင်းက သူ့ကို ချက်ချင်း သတိထားမိကြသည်။
“ဂျူနီယာကျီယင်း မင်း အစ်ကို့အတွက် တရားမျှတမှုကို ရှာပေးရမယ်။ ချင်းဟွာတက္ကသိုလ်က ကျွန်တော်တို့ကို လူတစ်ယောက်က အနိုင်ကျင့်ခဲ့တယ်” ကျာ့ထိုက်ဟွာက ကမန်းကတမ်းထပြောသည်။
ကျာ့ထိုက်ဟွာကို ဤကဲ့သို့ မြင်လိုက်ရသေအခါ စီတုကျီယင်း၏ မျက်နှာထက်၌ ရွံရှာမှုများ ဖြတ်ပြေးသွားသည်။ ချင်းဟွာတက္ကသိုလ်မှာ ဂုဏ်သိက္ခာရှိကျောင်းသားတစ်ဦးကို ဤကဲ့သို့ မြင်ရသည်မှာ ရှက်ဖွယ်ကောင်းလှသည်။
“စကားကို မှန်မှန်ကန်ကန်ပြောစမ်း” စီတုကျီယင်းက ပြော၏။
“ဒါဆို ရောက်လာတာ စီတုကျီယင်းပေါ့။ ပွဲကတော့ ကြည့်ကောင်းတော့မယ့်ပုံပဲ။ စီတုကျီယင်းက အရမ်းအံ့သြဖို့ ကောင်းတယ်”
“မှန်တယ်။ ချင်းဟွာတက္ကသိုလ်တစ်ခုလုံးမှာ သူနဲ့ နှိုင်းယှဥ်နိုင်တဲ့ ကျောင်းသားနည်းနည်းပဲရှိတယ်။ နောင်မှာ စီတုကျီယင်းက မွေးဖွားခြင်းနယ်မြေအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ကြိုပြီးကောက်ချက်ချလို့ရမယ်ထင်တယ်”
“သူ့မျိုးဆက်မှာ အသန်မာဆုံးလူတွေက ပြည်ထောင်စုတက္ကသိုလ်ထက် မနိမ့်ကျဘူး”
လူတိုင်းက စိတ်အားထက်သန်စွာ ဆွေးနွေးလိုက်သည်။ စီတုကျီယင်းနှင့် ပတ်သက်သော ကိစ္စများအားလုံး အဘက်ဘက်သို့ ပျံ့နှံ့လာသည်။
စီတုကျီယင်း၏ ကောလဟာလများကို ကြားသိပြီးနောက်၊ ယန်လီလီ၊ တုယွဲ့အာနှင့် မာဝူတို့၏ မျက်နှာပေါ်မှ အကြည့်များပြောင်းလဲသွားသည်။
အခန်း(၆၄၅) လှိုင်းကဲ့သို့ ဓားများ
စီတုကျီယင်းသည် ချင်းဟွာတက္ကသိုလ်၏ ဒုတိယနှစ်ကျောင်းသားများအကြား၌ ပထမအဆင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ပထမအဆင့်ဟူသောအရာအကြောင်း ကောင်းစွာသိထားကြသည်။ လဲ့ယွီကျူသည် ၎င်းတို့ကို စံနမူနာကောင်းပေးခဲ့သည်မှာ သေချာလှ၏။
ချင်းဟွာတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားတစ်ရာစာရင်း၌ပင်ပါသောသူတစ်ယောက်သည် လဲ့ယွီကျူ၏ ရှေံ၌ အသက်အရွယ်သာလွန်လျှင်ပင် အနိုင်ယူခြင်းခံခဲ့ရသည်။ ဤသည်မှာ ပထမအဆင့်ကျောင်းသား၏ ခွန်အားပင်ဖြစ်၏။
စီတုကျီယင်းကိုပင်မဆိုနှင့် လဲ့ယွီကျူပင်လျှင် အလွန်သန်မာလှ၏။ ဤသည်မှာ သူ၏ အိုင်ကျူကြောင့် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များသည် အလွန် သန်မာလှသော်လည်း သူသည် စီတုကျီယင်းကဲ့သို့ တစ်စုံတစ်ယောက်နှင့် ယှဥ်ပြိုင်ရန်မူ ဝေးကွာနေသေးသည်။ ထိုသို့သောသူကို စော်ကားပြီးနောက် ချူးယွင်ဖန်းသည် မည်သို့ အားသာချက်ရှိတော့မည်နည်း။
အထူးသဖြင့် ယန်လီလီ၏ မျက်နှာထက်တွင် ကြောက်ရွံ့ထိတ်လန့်မှုမျိုးရှိနေသည်။ သူမသည် ချူးယွင်ဖန်းကို အလျင်အမြန်လှမ်းကြည့်၍ ထွက်သွားရန်ပြောလိုက်သော်လည်း ချူးယွင်ဖန်းက သတိမထားမိသကဲ့သို့ ပြုမူခဲ့သည်။ သူသည် အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ထည့်၍သာရပ်နေကာ စီတုကျီယင်းကို လုံးဝ လျစ်လျူရှု့ထားသည်။
နောက်ဆုံးတွင် စီတုကျီယင်းသည် ချူးယွင်ဖန်းကို သတိထားမိလိုက်သည်။ ချူးယွင်ဖန်းကြောင့် သူရောက်လာခဲ့ခြင်းမဟုတ်ပေ။ လဲ့ယွီကျူသည် ချင်းဟွာတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်ကို သင်ခန်းစာပေးခဲ့ကြောင်း ကြားလိုက်ရသောကြောင့် အမြန်ပြေးလာခဲ့ခြင်းဖြစ်သည်။
ချင်းဟွာတက္ကသိုလ်နှင့် မြောက်ပိုင်းတက္ကသိုလ်တို့သည် နှစ်ပေါင်းရာချီ၍ ပြိုင်ဆိုင်ခဲ့ကြသော အလွန်ဂုဏ်သတင်းကြီးသည့် အဖွဲ့အစည်းကြီးနှစ်ခုဖြစ်သည်။ အချိန်များစွာကြာ ယှဥ်ပြိုင်ခဲ့ကြပြီးနောက် လဲ့ယွီကျူနှင့် စီတုကျီယင်းတို့သည် သက်ဆိုင်ရာတက္ကသိုလ်များ၏ ပထမအဆင့်ကျောင်းသားများဖြစ်ကြသောကြောင့် သဘာဝအတိုင်းပင် ပြိုင်ဘက်များဖြစ်လာသည်။
အခြားသူဖြစ်ခဲ့လျှင်အဆင်ပြေသော်လည်း လဲ့ယွီကျူက စတင်လှုပ်ရှားခဲ့သဖြင့် စီတုကျီယင်းသာထိုနေရာတွင်ရှိနေပါက ယင်းကို အလွယ်တကူ အလွတ်ပေးလိမ့်မည်မဟုတ်ပေ။ မဟုတ်လျှင် ချင်းဟွာတက္ကသိုလ်က မျက်နှာပျက်ရပေလိမ့်မည်ဖြစ်သည်။
သို့သော် စီတုကျီယင်းရောက်လာသောအခါတွင် သူကိုင်တွယ်ရမည့် ပထမဆုံးအရာမှာ လဲ့ယွီကျူမဟုတ်ဘဲ အခြားတစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရသဖြင့် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ၏ အမူအရာသည် ချက်ချင်းပင် လေးနက်လာသည်။ ထိုနေရာ၌ ရပ်နေသူမှာ ချူးယွင်ဖန်းဖြစ်သည်။
စီတုကျီယင်းသည် ချူးယွင်ဖန်းကို လေးလေးနက်နက်မှတ်မိသည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ပထမအဆင့်ကျောင်းသားများထဲ၌ ပါဝင်၏။ သူသည် လူသားများကြားမှ နဂါးတစ်ကောင်ဖြစ်သည်။ စီတုကျီယင်း၏ မျက်လုံးများသည် မေ့ဟိုက်ယွင်ပေါ်၌သာ အမြဲရှိနေခဲ့ရာ၊ ချူးယွင်ဖန်းက ရုတ်တရက် နေရာတစ်ခုမှ ပေါ်လာ၍ လူတိုင်းကို ဖြတ်ကျော်သွားမည်ဟု မည်သူကထင်ခဲ့လိမ့်မည်နည်း။ ချူးယွင်ဖန်း၏ရှေ့တွင် မည်သူများရပ်နေစေကာမူ ၎င်းတို့အားလုံးကို သူက သုတ်သင်ပစ်လိုက်သည်။ မည်သူကမျှ သူ့ကို မယှဥ်နိုင်ပေ။
ထို့နောက် စီတုကျီယင်းက သူသည် ချူးယွင်ဖန်းနှင့် ယှဥ်နိုင်လိမ့်မည်မဟုတ်ကြောင်း သိသည်။။ ဤသည်မှာ သူ့ကို အလွန်အရှက်ရစေ၏။ တစ်နှစ်ခွဲကျော်ခန့် ဖြတ်သန်းသွားသော်လည်း သူသုတ်သင်ခံခဲ့ရသည့် မြင်ကွင်းကို သူ့စိတ်ထဲ၌ ကွက်ကွက်ကွင်းကွင်း မှတ်မိနေဆဲပင်ဖြစ်သည်။
“အဲ့တာ မင်းပဲ” စီတုကျီယင်းက အံကြိတ်၍ ပြောလိုက်သည်။
“အချိန်အတော်ကြာခဲ့ပြီပဲ” ချူးယွင်ဖန်း၏ အမူအရာသည် ပေါ့ပါးလျက်ရှိကာ ခပ်ပါးပါးအပြုံးကို ဆင်မြန်းထား၏။
ထိုမှသာလျှင် လူတိုင်းက ချူးယွင်ဖန်းနှင့် စီတုကျီယင်းတို့ တစ်ယောက်နှင့်တစ်ယောက်သိကြောင်း သတိထားမိလိုက်ကြသည်။
ချူးယွင်ဖန်းသည် ကောင်းကင်နှင့် မြေကြီး၏ ကွာဟမှုကိုမသိသောကြောင့် အစပိုင်းတွင် လူများစွာ မှန်းဆထားသည့်အတိုင်းမဟုတ်ဘဲ ချင်းဟွာတက္ကသိုလ်ကို နှိုးဆော်ခဲ့ခြင်းဖြစ်သည်။
ယန်လီလီနှင့် အခြားသူနှစ်ယောက်သည်လည်း အံ့အားသင့်သွားကြသည်။ ချူးယွင်ဖန်းသည် စီတုကျီယင်းကို သိနေသည့်အပြင် ၎င်းတို့သည် သာမန် အသိအကျွမ်းများမဟုတ်ကြပေ။
ထို့အပြင် စီတုကျီယင်း၏ အမူအရာအရ ချူးယွင်ဖန်း၏ လက်ထဲ၌ ဆုံးရှုံးခဲ့သည့်ပုံပေါ်သည်။ ၎င်းတို့၏ မျက်လုံးများထဲတွင် ချူးယွင်ဖန်းသည် နောက်ထပ်သောအဆင့်တစ်ခုသို့ရောက်ရှိသွားပြီဖြစ်သည်။ သူသည် မည်သူဖြစ်သနည်း။ စီတုကျီယင်းသည် ထိပ်တန်းလူနည်းစုထဲမှ တစ်ဦးဖြစ်သည်မှာ သေချာလှကာ ချူးယွင်ဖန်းက ထိုကဲ့သို့သောသူ့ကို အမှန်အကန်သိနေခြင်းဖြစ်သည်။
ထိုအခြေအနေတွင် စီနီယာနျဲ့သည် ချူးယွင်ဖန်းကို အသိအမှတ်ပြုမိရန် အလွန်ပုံမှန်ဖြစ်နေပုံရသည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ”
အခြားသူတစ်ဦးသာဖြစ်လျှင် စီတုကျီယင်းက ဟိုအရင်မှစ၍ လှုပ်ရှားခဲ့ပေလိမ့်မည်။ သို့သော် ဤသည်က ချူးယွင်ဖန်းပင်ဖြစ်၏။ ချူးယွင်ဖန်းသည် သွားရှုပ်၍ ရသော လူစားမျိုးမဟုတ်ကြောင်း သူသိသည်။
“ငါ သူ့ကို အရှုံးကို ဝန်ခံအောင်ပဲ လုပ်လိုက်တာပါ” ချူးယွင်ဖန်းက အေးစက်စွာပြုံး၍ပြောသည်။
“မင်း ငါ့ကို ပြောစမ်း ဒီမှာ ဘာဖြစ်နေတာလဲ” စီတုကျီယင်း၏ စူးရှသောအကြည့်က ကျာ့ထိုက်ဟွာပေါ်သို့ ကျရောက်သွားသည်။
သူ့ထက် နှစ်နှစ်ခန့်ငယ်သော ဂျူနီယာ၏ရှေ့တွင် ကျာ့ထိုက်ဟွာက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဝံ့ခဲ့ပေ။ စီတုကျီယင်းကသာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ကြောင်း သူသိသည်။
ချက်ချင်းပင် ကျာ့ထိုက်ဟွာက သူ့ကို အရာအားလုံး ပြောပြလိုက်သည်။ သူသည် မီးထဲသို့ လောင်စာမထည့်ဝံ့ပေ။
“မင်း အရူးပဲ”
စီတုကျီယင်းက ခေါင်းကိုက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ကျာ့ထိုက်ဟွာသည် ချူးယွင်ဖန်းနှင့် လောင်းရန် သတ္တိရှိခဲ့သည်။ ၎င်းတို့ကဲ့သို့ ပါရမီရှင်များအတွက် ဤသည်က တိုက်ရိုက်စိန်ခေါ်မှုမျိုးမဟုတ်လျှင် မည်သို့နည်း။ တရားမျှတစွာပြောရလျှင် တစ်စုံတစ်ယောက်က သူနှင့် စကားများရန် သတ္တိရှိပါက သူသည် ချူးယွင်ဖန်းထက်ပင် ပို၍ ရက်စက်ကြမ်းကြုတ်ပေလိမ့်မည်။
သို့သော် စီတုကျီယင်းသည် ၎င်း၏ ပုံမှန်နည်းလမ်းများကို အသုံးပြု၍ ၎င်းကို မဖြေရှင်းနိုင်ပေ။ နောက်ဆုံးွင်မူ ဤအရာသည် ချင်းဟွာတက္ကသိုလ်၏ မျက်နှာနှင့် သက်ဆိုင်သည်။ ချင်းဟွာတက္ကသိုလ်သည် ပြည်ထောင်စုတက္ကသိုလ်ကို ကြောက်နေခြင်းဖြစ်သလော။
“ဘယ်လိုလဲ စီတုကျီယင်း။ မင်း သူ့အတွက် တရားမျှတမှုကို ရှာပေးချင်သေးလား” ချူးယွင်ဖန်းက မေးသည်။
ချူးယွင်ဖန်းက ထိုသို့ပြောပြီးသည်နှင့် လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ စီတုကျီယင်းကဲ့သို့ သော အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်မည့် ပုဂ္ဂိုလ်မျိုးကို ရင်ဆိုင်နေရသည့်တိုင် ချူးယွင်ဖန်းက ရန်လိုပြနိုင်သေးသည်။
‘သူက ဘယ်သူလဲ’
စီတုကျီယင်း ခေါင်းကိုက်နေတုန်းတွင် ရုတ်တရက် လူတစ်စု ဖြတ်လျှောက်လာသည်။ ဦးဆောင်သူမှာ စီတုကျီယင်း၏ စစ်မှန်သော ပစ်မှတ်ဖြစ်၍ မြောက်ပိုင်းတက္ကသိုလ်မှ လဲ့ယွီကျူပင်ဖြစ်သည်။
လဲ့ယွီကျူက အချင်းချင်း ထိပ်တိုက်တွေ့နေကြသော လူနှစ်ယောက်ကို မြင်လိုက်သောအခါ သူမ၏ အမူအရာ ချက်ချင်းပြောင်းသွားသည်။ စီတုကျီယင်းသည် ဤနေရာတွင် ရှိနေကြောင်း သူမကြားသိလိုက်ရသောကြောင့် စိန်ခေါ်မှုကို လက်ခံရန် သူမကိုယ်တုငိ်လာခဲ့သည်။ သူမရောက်လာသောအခိုက်အတန့်၌ လူသတ်နတ်ဘုရားကို မြင်လိုက်ရမည်ဟု မည်သူက သိလိမ့်မည်နည်း။
လဲ့ယွီကျူက ချူးယွင်ဖန်းကို တွေ့လိုက်သောအခိုက်တွင် ၎င်းတို့အတူတွဲ၍ ချူးယွင်ဖန်းကို တိုက်ခိုက်ရန် ကြိုးစားခဲ့ရသောအချိန်ကို ပြန်လည်အမှတ်ရသွားသည်။ ယင်းသည် အိမ်မက်ဆိုးတစ်ခုသာဖြစ်သည်။ ယင်းမတိုင်မီက သူမသည် အမြဲတစေ ပြိုင်ဘက်ကင်းဖြစ်ခဲ့၍ ထိုမျှကြီးမားသော ဆုံးရှုံးမှုကို မခံစားဖူးခဲ့ပေ။
လဲ့ယွီကျူသည် ချူးယွင်ဖန်း၏ အသတ်ခံရလုနီးပါးဖြစ်ခဲ့၏။
လဲ့ယွီကျူသည် ထိုတိုက်ပွဲကို လုံးလုံးလျားလျားမမေ့လျော့ခဲ့ပေ။ ထို့အပြင် ယခုမူ ချူးယွင်ဖန်းက သူမ၏ ရှေ့၌ တစ်ဖန်ပြန်၍ ပေါ်လာသဖြင့် သူမ အလိုလို ကြောက်ရွံ့စိတ်ဝင်လာသည်။ မြောက်ပိုင်းတက္ကသိုလ် ကျောင်းသားတစ်စုသည် လဲ့ယွီကျူ၏ နောက်မှ လိုက်လာ၏။ သူမ ရုတ်တရက် ရပ်သွားသည်ကို မြင်လိုက်ရသောအခါ ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူမ မည်သို့ဖြစ်သွားသည်ကို မသိကြသော်လည်း ၎င်းတို့က ယင်းကို ခံစားမိသည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ သတိလက်လွတ်ဖြစ်သွားခြင်းဖြစ်၏။
လဲ့ယွီကျူရောက်ရှိလာခြင်းမှာ တက်ရောက်သူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ လူများစွာက သူမကို သိကြ၏။
“လဲ့ယွီကျူလည်းရောက်နေပြီ။ ဒီကိစ္စက စိတ်ဝင်စားဖို့ကောင်းတော့မှာပဲ။ ဒီနေရာမှာ မြောက်ပိုင်းတက္ကသိုလ်နဲ့ ချင်းဟွာတက္ကသိုလ်က ထိပ်တန်းကျောင်းသားနှစ်ယောက်ရှိနေတယ်။ ဒီလိုလူတွေကို ဆွဲဆောင်နိုင်တာဆိုတော့ ဒီကောင်က ဘယ်သူလဲ”
“စီတုကျီယင်းက လဲ့ယွီကျူကို လာရှာတာလို့ ကြားတယ်။ အခုတွေ့ပြီဆိုတော့ တိုက်ခိုက်ကြတော့မှာပဲ”
ပတ်ဝန်းကျင်လေထုက ပို၍ တင်းမာလာသည်။