← Chapters

အခန်း (၆၄၆-၆၄၈)

Vol. 44 Ch. 646-648

အခန်း (၆၄၆-၆၄၈)

Vol. 44 Ch. 646-648

အခန်း (၆၄၆) တစ်စက္ကန့် စီတုကျီယင်း :

"နင်တို့နှစ်ယောက်ကြားမှာ ဘာဖြစ်နေတာလဲ" ခေတ္တနားပြီးနောက် လဲ့ယွီကျူက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လဲ့ယွီကျူက ဤသို့ပြောလာသည်နှင့် ချူးယွင်ဖန်းကို သူမကပင် သိကြောင်း လူတိုင်းနားလည်သွားကြသည်။ ဤအရာက ချူးယွင်ဖန်းကို မည်သူမည်ဝါဖြစ်ကြောင်း ပို၍ နားလည်လာစေသည်။

“ဒါက မင်းကိစ္စမဟုတ်ဘူး။ မဆိုင်တဲ့ကိစ္စကို ဝင်မရှုပ်ပါနဲ့” ချူးယွင်ဖန်းက အေးစက်စွာပြန်ပြောလိုက်သည်။

ထိုစကားကို သူမကြားလိုက်သောအခါ လဲ့ယွီကျူ၏ မျက်နှာသည် ချက်ချင်းပင် စိမ်းသွားပြီးနောက် ဖြူဖျော့သွားသည်။ မည်သူကမျှ သူ့ကို ဤသို့မပြောခဲ့ဖူးပေ။ သို့သော် ယခုအချိန်တွင် သူမက ၎င်းကို လက်ခံရုံသာရှိသေးသည်။

"စီတုကျီယင်း၊ ငါမင်းကိုနောက်တစ်ကြိမ်မေးမယ်။ မင်း သူ့အတွက် ရပ်တည်ချင်သလား" ချူးယွင်ဖန်းက အေးစက်စွာပြောသည်။

လူတိုင်း၏အကြည့်များသည် စီတုကျီယင်းဘက်သို့ လှည့်သွားကြသည်။ သူက အသက်ပြင်းပြင်းရှူ၍ ဖြေ၏။

“ရှုံးနိမ့်တာကို ဝန်ခံဖို့ပဲရှိတယ်။ ဒါပေမယ့် ချူးယွင်ဖန်း၊ ယနေ့ ချင်းဟွာတက္ကသိုလ်ကို အနိုင်ကျင့်တာက မင်းအရမ်းလွန်သွားပြီ။ ငါအေးဆေး ငြိမ်ခံနေမှာမဟုတ်ဘူး”

‘ချူးယွင်ဖန်းလား’

တက်ရောက်လာကြသော ကျောင်းသားအများစုသည် ယခင်က ဤအကြောင်း တစ်နေရာရာ၌ ကြားခဲ့ဖူးသကဲ့သို့ပင် ဤအမည်ကို အလွန်ရင်းနှီးသည်ခံစားမိကြသည်။

"ချူးယွင်ဖန်းဟုတ်လား။ သူက ပြည်ထောင်စုတက္ကသိုလ်ရဲ့ ပထမအဆင့်အကျောင်းသားမလား”

ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် ချူးယွင်ဖန်းဟူသော နာမည်ကို အဘယ်ကြောင့် ဤမျှထိရင်းနှီးနေသည်ကို ပြန်သတိရမိသည်။ ချက်ချင်းဆိုသကဲ့သို့ပင် ပြည်ထောင်စုတက္ကသိုလ်၏ ဒုတိယနှစ်ကျောင်းသားများအကြားမှ ဒဏ္ဍာရီလာ ပထမအဆင့် ကျောင်းသားကို တွေးလိုက်မိကြသည်။

"သူက ချူးယွင်ဖန်းလား”

လူများစွာက ပင့်သက်ရှိုက်လိုက်မိကြသည်။ ချူးယွင်ဖန်းနှင့် ပတ်သက်သော ကောလဟာလများစွာရှိခဲ့သော်လည်း ကောလဟာလများကို သံသယဝင်နေရန်မလိုအပ်ပေ။ ချူးယွင်ဖန်းက လူကောင်းတစ်ယောက်မဟုတ်သည်မှာ သေချာသည်။ သူ့တွင် ခွန်အားအပြည့်ရှိကာ သူ၏တိုက်ခိုက်မှုများသည်လည်း အလွန်ပြင်းထန်၍ ရက်စက်ကြမ်းကြုတ်သည်။

ချူးယွင်ဖန်းသည် တာအိုညီလာခံတွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာ မည်မျှရှိသည်ကိုပင် မခန့်မှန်းနိုင်ပေ။ တာအိုညီလာခံသို့ တက်ရောက်နိုင်သူများသည် တက္ကသိုလ်များနှင့် ဂိုဏ်းပေါင်းစုံမှ ထိပ်တန်းများဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်ထားသကဲ့သို့ ၎င်းတို့ထဲမှ အများအပြားကို သတ်ပစ်ခဲ့သည်။ ဤသည်ကို တွေးမိသောအခါ ၎င်းတို့၏ ချူးယွင်ဖန်းအပေါ်သို့ အမြင်များပြောင်းလဲသွားသည်။

ယန်လီလီနှင့် အခြားသူများသည် ချူးယွင်ဖန်း၏အမည်က မည်သို့ဆိုလိုသည်ကို မသိကြသေးသော်လည်း၊ ၎င်းတို့၏တက္ကသိုလ်သည် ဤသြဇာကြီးသူများနှင့် ဝေးကွာသောကြောင့် သူတို့၏အသုံးအနှုန်းများမှတစ်ဆင့် ချူးယွင်ဖန်းသည် ကြင်နာတတ်သူမဟုတ်ကြောင်း ခန့်မှန်းရန်မခက်ခဲပေ။ ထို့အတူ သူ့တွင် ကျောထောက်နောက်ခံကောင်းရှိရမည်။

ယခင်က ချူးယွင်ဖန်းသည် ကျာ့ထိုက်ဟွာကို စော်ကားခြင်းဖြင့် သူ့ကိုယ်သူ အထင်ကြီးနေသည်ဟု ထင်ခဲ့ကြသော်လည်း ယခု ၎င်းတို့ စဥ်းစားမိသည်မှာ ဟာသတစ်ခုပင်ဖြစ်သည်။

"ဟားဟားဟားဟားဟား ကောင်းပါတယ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်း မင်းဘယ်လောက် ကြီးပြင်းလာလဲဆိုတာ ငါအရမ်းကြည့်ချင်တယ်" ချူးယွင်ဖန်းက ရယ်မော၍ ပြောလိုက်သည်။

"ချူးယွင်ဖန်း၊ သိပ်ဂုဏ်ယူမနေပါနဲ့။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ငါမင်းထက် အဆင့်နိမ့်ခဲ့တယ် ဒါပေမယ့် အခု မင်းထက်ငါ အဆင့်နိမ့်နေတုန်းလို့ မဆိုလိုဘူး” စီတုကျီယင်းက ဖြည်းညှင်းစွာပြောသည်။

စီတုကျီယင်း၏ ခန္ဓာကိုယ်ရှိ ရောင်ဝါများ စုစည်းလာသည်။ သူ့ရှေ့မှ လူက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူသိသည်။ ထိုပေါ့ပေါ့တန်တန် ထိုးနှက်ချက်က သူ့ကို မထိခိုက်စေနိုင်ပေ။ သူ၏ ခွန်အားအားလုံးကို အသုံးပြုမှသာ ချူးယွင်ဖန်းကို အနိုင်ယူနိုင်ပေလိမ့်မည်ဖြစ်သည်။

"ချူးယွင်ဖန်း မင်း ငါ့တက္ကသိုလ်ကို အရှက်ရစေတယ်။ ချင်းဟွာတက္ကသိုလ်က ကျောင်းသားတစ်ယောက်အနေနဲ့ ငါ ငြိမ်နေနိုင်မှာမဟုတ်ဘူး။ ငါ့လက်သီးကို ခံနိုင်ရည်ရှိလား”

"သွားရအောင်" ချူးယွင်ဖန်းကပြောသည် ။

လူတိုင်းက အသက်ရှုရပ်သွားကြကာ ၎င်းတို့နှစ်ယောက်ကို စူးစိုက်၍ ကြည့်နေကြသည်။ အထူးသဖြင့် လဲ့ယွီကျူသည် ကြီးမားသော ရန်သူကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေသည်။ သူ့မရှေ့မှ လူနှစ်ယောက်သည် သူမစိတ်ထဲတွင် သန်မာလှသော ရန်သူများဖြစ်နေသောကြောင့်ဖြစ်ရာ လက်ရှိ မျိုးဆက်၏ အစွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်လိုပါက ထိုသူနှစ်ဦးကို အနိုင်ယူရပေလိမ့်မည်ဖြစ်သည်။

"ငါလာပြီ”

ရုတ်တရက်ဆိုသကဲ့သို့ပင် စီတုကျီယင်း၏ ကိုယ်ရောင်ကိုယ်ဝါများ ပြောင်းလဲသွားသည်။ သူသည် အလွန်လျင်မြန်စွာဖြင့် နတ်ဘုရားတစ်ပါးနှယ် ချီတက်လာသည်။

"နဂါးနှစ်ကောင် ဧကရာဇ် လျှို့ဝှက်လက်သီး”

စီတုကျီယင်းက ဟိန်းဟော်က၍ အမြှောက်ကျည်ကဲ့သို့ ထွက်ပေါ်လာသည်။ ထို့နောက် လက်နှစ်ဖက်ကို တင်းတင်းဆုပ်၍ နဂါးနှစ်ကောင်ကဲ့သို့ ချူးယွင်ဖန်းကို ပြင်းထန်စွာ ထိုးလိုက်သည်။ စီတုကျီယင်း၏ လက်သီးချက်များမှ ချီစွမ်းအင်သည် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်လျက်ရှိသည်။ ပြင်းပြင်းထန်ထန် လှုပ်ခတ်လာသော လေပြင်းကြောင့် ယန်လီလီနှင့် သူမ၏ သူငယ်ချင်းများသည် တစ်ကိုယ်လုံး ကြေမွသွားသကဲ့သို့ ခံစားလိုက်ရသည်။‌ နောက်သို့ဆုတ်ရုံမျှတပါး အခြားရွေးချယ်ရန်မရှိကြတော့ပေ။ ၎င်းတို့၏ မျက်လုံးများတွင် တုနှိုင်းမရနိုင်သော ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ တစ်စုံတစ်ယောက်သည် ဤမျှထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားရှိနိုင်လိမ့်မည်ဟု ၎င်းတု့ိ မတွေးဝံ့ခဲ့ကြပေ။ ဗီဒီယိုများတွင် မြင်ခဲ့ကြဖူးသော်လည်း လူကိုယ်တိုင် မတွေ့ခဲ့ဖူးကြပေ။

"မရီးဒျန်သန့်စင်ခြင်း နဝမအဆင့်”

လဲ့ယွီကျူ၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ သူမနှင့် စီတုကျီယင်းတို့သည် သက်ဆိုင်ရာတက္ကသိုလ်များတွင် နံပါတ်တစ် ဒုတိယနှစ်ကျောင်းသားများဖြစ်ကြရာ အသက်အရွယ်တူကြ၍ တစ်ယောက်နဲ့တစ်ယောက် အမြဲယှဥ်ပြိုင်လေ့ရှိကြသည်။ သူမသည် အဋ္ဌမမြောက်အဆင့်၏ အထွတ်အထိပ်သို့ ခက်ခက်ခဲခဲ တက်လှမ်းခဲ့သည်။ လအနည်းငယ် သို့မဟုတ် တစ်နှစ်ခွဲအတွင်းတွင် နဝမအဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်ပေ။

ကျင့်ကြံရေး မြင့်လေ ခက်ခဲလေလေဖြစ်ကာ ယခုဆိုလျှင် စီတုကျီယင်းသည် အမှန်ပင် သူမ၏ရှေ့သို့ ခြေတစ်လှမ်းကြိုရောက်နေပြီဖြစ်သည်။ ဤသည်က စီတုကျီယင်းကို အမြဲယှဥ်ပြိုင်လိုသည့် လဲ့ယွီကျူအတွက် ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းထံမှ ကြောက်မက်ဖွယ်အရောင်အဝါများထွက်ပေါ်လာကာ သူ့ခြေထောက်တစ်ဖက်ဖြင့် ပေါ့ပါးစွာကန်ချလိုက်သည်။ ချူးယွင်ဖန်းသည် ချက်ချင်းပင် နှံကောင်တစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည့်နှယ်ထင်ရ၏။ ဤသည်မှာ နတ်နှံကောင်ကန်ချက်ပင်ဖြစ်သည်။ ဤကန်ချက်က စီတုကျီယင်း၏ လက်သီးမှစွမ်းအားကို ပျောက်ကွယ်သွာစေကာ ချူးယွင်ဖန်း၏ ခြေထောက်နှင့် စီတုကျီယင်း၏ လက်သီးနှစ်ဖက်တို့ ထိပ်တိုက်တွေ့ကြ၏။

ဘမ်း

ဤသည်က သန့်ရှင်းသော သုတ်သင်မှုတစ်ခုဖြစ်ကာ စီတုကျီယင်း၏ လက်သီးနှစ်လုံးကို တိုက်ရိုက်ဖြိုခွင်းပစ်လိုက်ပြီးသည့်နောက် သူ့ရင်ဘတ်သို့ တည့်တည့် ထိမှန်သွားသည်။ စီတုကျီယင်းထံမှ သွေးတစ်ပွက်အန်ထွက်လာရာ ချက်ချင်းပင် နောက်သို့ ဒုံးကျည်တစ်စင်းနှယ်လွင့်ထွက်သွားသည်။

ဤသည်က ချင်းဟွာတက္ကသိုလ်မှ သူနှင့် သက်တူရွယ်တူများအားလုံးကို ချေမှုန်းခဲ့ဖူးကာ ထိပ်တန်းတက္ကသိုလ်များအားလုံးတွင် နာမည်ကြီးသည့် စီတုကျီယင်းဖြစ်ရာ ချူးယွင်ဖန်း၏ သိုင်းကွက်တစ်ကွက်ကိုပင် မခံယူနိုင်ဘဲ ချက်ချင်းရှုံးနိမ့်သွားသည်။ စီတုကျီယင်းက မြေပြင်ပေါ်သု့ ပြင်းထန်စွာပြုတ်ကျသွားသည်။

ချူးယွင်ဖန်းက ဤတိုက်ခိုက်မှုတွင် သူ၏ စွမ်းအားအပြည့်ကို အသုံးမပြုခဲ့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သဖြင့် စီတုကျီယင်းက အလွယ်တကူ အနိုင်မယူနိုင်ပေ။

ဤအခိုက်အတန့်တွင် ကျာ့ထိုက်ဟွာက လုံးလုံးလျားလျား ကြောင်အနေမိသည်။ သူ များစွာ‌မျှော်လင့်ထားခဲ့သော ကယ်တင်သူသည် ချူးယွင်ဖန်း၏ ကန်ချက်တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားရလိမ့်မည်ဟု မထင်ခဲ့ကြပေ။ စီတုကျီယင်းသည် ချူးယွင်ဖန်းကို လုံးဝမယှဥ်နိုင်ပေ။

ကျာ့ထိုက်ဟွာ၏တုံ့ပြန်မှုက မည်မျှပင် နှေးကွေးနေစေကာမူ ထိုသူနှစ်ယောက်က တစ်ဆင့်တည်း၌ ရှိနေခြင်းမဟုတ်ကြောင်း သိနိုင်သည်။ သူအထင်သေးနေခဲ့သော ထိုသူသည် တကယ်တမ်းတွင် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဤအခိုက်အတန့်တွင် ကျာ့ထိုက်ဟွာက နောက်ဆုံး၌ ချူးယွင်ဖန်းမည်သူဖြစ်ကြောင်း ပြန်လည်မှတ်မိသွားသည်။ ထိုနာမည်ကို သူကြားဖူးနေသည်မှာ အံ့သြဖွယ်မဟုတ်တော့ပေ။ ချူးယွင်ဖန်းသည် လူသတ်နတ်ဘုရားတစ်ပါးပင်ဖြစ်၏။ ချူးယွင်ဖန်း၏ နာမည်ကို ယ‌ခုရက်များတွင် မကြာခဏကြားရလေ့ရှိသည်။ ကျာ့ထိုက်ဟွာက မိမိနှင့် အဆင့်အတန်းခြင်း အလွန်ဝေးကွာနေသောကြောင့်သာ ထိုနာမည်ကို အလေးအနက်မထားခဲ့ခြင်းဖြစ်၏။ ချူးယွင်ဖန်းက မိမိကို ကြည့်နေကြောင်း သူခံစားမိသောအခါ ကျောရိုးတစ်လျှောက် အေးခဲသွားရသည်။ ထိုသို့သော သူမျိုးကို သူအဘယ်ကြောင့် ရန်စခဲ့မိသနည်း။ စီတုကျီယင်းက သူ့ကို အရူးဟု အစောပိုင်းက ခေါ်ခဲ့သည်မှာ အံ့သြဖွယ်မဟုတ်ပေ။

လူတိုင်းက ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကန်ချက်၌ နစ်မြောနေကြသည်။

၎င်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။

အခန်း(၆၄၇) အကြောက်အရွံ့မဲ့ ခြိမ်းခြောက်မှု

“ဒီတိုက်ပွဲက ထိပ်တန်းကျောင်းသားတွေကြားတိုက်ပွဲလား” လူတစ်ယောက်က ကြောက်လန့်တကြားမေးသည်။

စီတုကျီယင်း၏ လက်သီးချက်သည် အလွန်စွမ်းအားပြင်းလှကာ တောင်နှင့် မြစ်များကိုပါ ရွေ့သွားစေနိုင်သည်မှာ သေချာလှသည်။ သို့ထိတိုင် ချူးယွင်ဖန်းက ယင်းကို ကန်ချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်နိုင်၏။ ဤအချက်က ချူးယွင်ဖန်းကို အလွန်အမင်း ကြောက်လန့်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်စေသည်။

“သူက အရမ်းသန်မာတယ်။ ချူးယွင်ဖန်းက သူ့နာမည်အတိုင်းပဲ” လူတစ်ယောက်က ပြောသည်။

လူအုပ်ကြားထဲ၌ ရပ်နေသော လဲ့ယွီကျူက အရာအားလုံးကို မြင်လိုက်ရသည်။ တကယ်တမ်းတွင် တိုက်ပွဲ၏အမြန်နှုန်းကို အမှီလိုက်နိုင်သူမှာ သူမတစ်ယောက်တည်းသာဖြစ်၍ သူမ၏မျက်နှာတစ်ခုလုံး ပြာနှမ်းလာသည်။

စီတုကျီယင်းသည် လဲ့ယွီကျူထက် ပိုသန်မာသည်။ အကယ်၍ သူမသာဖြစ်ပါက ချူးယွင်ဖန်းကိုမဆိုနှင့် စီတုကျီယင်းနှင့် တိုက်ခိုက်လျှင်ပင် အနိုင်ရနိုင်ရန် ခဲယဥ်းလှမည်ဖြစ်ကာ ချူးယွင်ဖန်း၏ ခွန်အားသည် အမှန်ပင် အနှိုင်းမဲ့လှ၏။

‘လဲ့ယွီကျူက တကယ်ပဲ သူမ သက်တူရွယ်တူတွေထက် နောက်ကျကျန်ခဲ့ပြီလား’

စီတုကျီယင်းသည် ဤမျှ သန်မာနေလျှင် သူ့ထက် စွမ်းအားကြီးကြသော အခြားသူများအပါအဝင် မေ့ဟိုက်ယွင်နှင့် သုန်ဖန်ဟောက်တို့က မည်မျှသန်မာလိမ့်မည်နည်း။ သူမ၏ မျက်လုံးထဲမှ ချူးယွင်ဖန်းသည် အလွန်စွမ်းအာကြီး မကောင်းဆိုးဝါးတစ်ကောင်အဖြစ်‌ ပြောင်းလဲသွားသည်။

လဲ့ယွီကျူသည် သူမကိုယ်သူမ အလွန် ဂုဏ်ယူလျက်ရှိကာ သန်မာသင့်သလောက်သန်မာပြီဟု ထင်ခဲ့၍ ဘွဲ့မယူခင်၌ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်မည်ဟုပင် အခိုင်အမာယုံကြည်ထားသည်။ အကယ်၍ အတိတ်ခေတ်များတွင်ဖြစ်ပါက သူမသည် သူမ၏ သက်တူရွယ်တူများအားလုံးကို ချေမှုန်းပစ်လိုက်နိုင်မည်မှာ သေချာလှသည်။ မည်သို့ပင်ဆိုစေကာမူ လဲ့ယွီကျူက ပြည်ထောင်စု၏ ခွန်အားမှာ အမှန်ပင် နှစ်စဥ်တိုးတက်လာသည်ကို ဝန်ခံရမည်ဖြစ်သည်။

ဤလတ်တလောဖြစ်သွားသော ဖြစ်ရပ်က လဲ့ယွီကျူကို အလွန်အမင်းထိတ်လန့်သွားစေသည်။ တစ်ဖက်တွင် တုယွဲ့အာသည် မာဝူ၏လက်ကို ဆုတ်ကိုင်လျက် ထိတ်လန့်နေ၏။

“ငါ့ကို ဆိတ်ဆွဲကြည့် ဒါတကယ်လား။ ကမ္ဘာကြီးက ရူးနေပြီပဲ။ လီလီ နင့်သူငယ်ချင်းက တကယ့်ကို အနှိုင်းမဲ့တဲ့လူပဲ”

“ငါလည်းမထင်ထားဘူး” ယန်လီလီက ခါးသက်စွာပြောလိုက်သည်။

လူတိုင်းက ယင်းအကြောင်းပြောနေကြစဥ်တွင် စီတုကျီယင်းက အားအနည်းငယ်စိုက်၍ မတ်တပ်ထရပ်လိုက်သည်။ ချူးယွင်ဖန်းက သူ့ကို မသတ်ခဲ့ခြင်းကြောင့်သာ လက်ရှိအချိန်ထိ အသက်ရှင်နေခြင်းဖြစ်သည်။

“ချူးယွင်ဖန်း ငါမင်းကို ရှုံးသွားပေမယ့် အဲ့တာက ချင်းဟွာတက္ကသိုလ်က မင်းကိုရှုံးတယ်လို့ မဆိုလိုဘူး။ မင်းက ချင်းဟွာတက္ကသိုလ်ကို စော်ကားလိုက်တာပဲ။ လူတစ်ယောက်ကတော့ မင်းကို တန်ရာတန်ကြေးပေးဆပ်ခိုင်းဖို့လာလိမ့်မယ်။ ဒီပွဲကို တက်ရောက်တြံလူတွေထဲမှာ ကျွမ်းကျင်သူတွေအများကြီးပဲ။ စောင့်နေစမ်းပါ” စီတုကျီယင်းက အံကြိတ်၍ ပြောသည်။

ချူးယွင်ဖန်းသည် စက်ဆုပ်ရွံရှာစွာဖြင့် မျက်ခုံးကို ပင့်လိုက်သည်။ သူက ချင်းဟွာတက္ကသိုလ်ကို စော်ကားသည်ဟူသော စကားမှာ မည်သည်ကို ဆိုလိုသနည်း။ ၎င်းတို့ကို လူတိုင်းကို အနိုင်ကျင့်ခွင့်ပြုထားခြင်းဖြစ်သလော။ အကယ်၍ အခြားသူများက ချင်းဟွာတက္ကသိုလ်ကို တန်ပြန်တိုက်ခိုက်လျှင် ယင်းကို အနိုင်ကျင့်သည်ဟူယူဆမည်လော။

ချူးယွင်ဖန်း ဆွံ့အသွားရသည်။

“ကြိုးစားကြည့်မယ်” သူက လှောင်ရယ်၍ ပြော၏။

စီတုကျီယင်းက ထိုစကားများကို ပြောပြီးသည်နှင့် ဤနေရာတွင်ဆက်လက်ရပ်နေကာ မိမိကိုယ်မိမိအရှက်ကွဲမခံနိုင်တော့သဖြင့် အခြားသူများ၏အကူအညီဖြင့် ထိုနေရာမှ ထွက်သွားသည်။ ကျာ့ထိုက်ဟွာသည်လည်း ဆက်လက်၍မနေနိုင်တော့ပေ။ သူက ပြင်းပြင်းထန်ထန်ဒဏ်ရာမရခဲ့သဖြင့် ထိုနေရာမှ အလျင်အမြန်ထွက်သွားကာ ချူးယွင်ဖန်းကို ကြည့်ပင်မကြည့်ဝံ့တော့ပေ။

တစ်ဖက်တွင်မူ လဲ့ယွီကျူသည် ချူးယွင်ဖန်းက သူမကို ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် မြောက်ပိုင်းတက္ကသိုလ်ကျောင်းသားများနှင့်အတူ ထွက်ခွာသွားသည်။ ယခုအချိန်တွင် သူမ ချူးယွင်ဖန်းနှင့် မတိုက်ခိုက်ချင်ပေ။ သိုင်းပညာရှင်များသည် ရှေ့သို့ ချီတက်ရန် သတ္တိရှိကြ၍ အကြောက်တရားကင်းမဲ့ကြသည်။ သို့သော် ၎င်းတို့က ချူးယွင်ဖန်းကို မယှဥ်နိုင်ကြောင်းသိနေလျက်ဖြင့် ဆက်လက်ချီတက်ရန်ကြိုးစားခြင်းသည် မိမိကိုယ်မိမိ အရှက်ခွဲခြင်းသာဖြစ်ပေလိမ့်မည်။

လူအုပ်သည် ထိုနေရာမှ ကျောင်းသားများ အဘက်ဘက်သို့ထွက်သွားသည်ကို ကြည့်နေကြကာ ဆက်လက်စောင့်ကြည့်ရန်အကြောင်းမရှိတော့သည့်အခါမှ ၎င်းတို့အားလုံးလည်း ထွက်သွားကြသည်။ သို့သော ချူးယွင်ဖန်း၏ ကန်ချက်မှ စွမ်းအားသည် ၎င်းတို့၏ နှလုံးသားထဲတွင် ဆွဲထင်လျက်ရှိသဖြင့် ယင်းကို မေ့လျော့ချင်လျှင်ပင် ၎င်းတို့ မေ့နိုင်ကြတော့မည်မဟုတ်ပေ။

ဤအခိုက်အတန့်တွင် ယန်လီလီက ရုတ်တရက် ချူးယွင်ဖန်းဆီသို့ လမ်းလျှောက်လာသည်။ သူမသည် သူမ၏ အတန်းဖော်ဟောင်းကို မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိပေ။ သူ့အပေါ် သူမအလွန်အေးစက်ခဲ့သည့်ပုံထင်ရသည်။ သူမ၏နှလုံးသားထဲမှ ထူးဆန်းသော အတွေးများလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ မူလက ယန်လီလီသည် ကျာ့ထိုက်ဟွာက သူမနှင့်လိုက်ဖက်သည်ဟု ထင်ခဲ့သော်လည်း ယခု သူ့ကို ထပ်ကြည့်လိုက်သောအခါတွင် ထိုသို့မခံစားမိတော့ပေ။

ကောင်းကင်ယံထက်မှ နတ်နဂါးသည် မြေပြင်ပေါ်မှ တွားသွားသတ္တဝါများဖြင့် မည်သည့်ဆက်ဆံမှုမျိုးမျှရှိလိမ့်မည်မဟုတ်ပေ။ ဤအချက်က အနည်းငယ်ရက်စက်ကြမ်းကြုတ်သော်လည်း အမှန်တရားပင်ဖြစ်၏။ သို့သော် ချူးယွင်ဖန်းနှင့် ယန်လီလီတို့ တစ်ယောက်ကိုတစ်ယောက်တစ်ခွန်းမျှ မပြောကြသေးခင်တွင် သူ့စနစ်မှ စာတစ်စောင်လက်ခံရရှိလိုက်သဖြင့် မျက်မှောင်ကြုတ်သွားရသည်။

ထို့နောက် ခေါင်းမော့၍ ယန်လီလီကို ပြန်ကြည့်လျက် ပြောသည်။

“ဆောရီးပါ လီလီ၊ ငါတစ်နေရာသွားစရာရှိလို့ သွားရတော့မယ်။ နောင်ကျ အချိန်ရရင် ပြန်တွေ့ကြတာပေါ့”

“ရတယ် နင့်ကိစ္စသွားလုပ်ပါ” ယန်လီလီက ကမန်းကတန်းပြောသည်။

ချူးယွင်ဖန်းထွက်သွားသည်ကို မြင်သောအခါမှ ယန်လီလီနှင့် အခြားသူများက သက်ပြင်းချလိုက်ကြသည်။ ၎င်းတို့ပေါ်တွင် ဖိထားသော တောင်ကြီးတစ်လုံး ပျောက်ကွယ်သွားသကဲ့သို့ စိတ်သက်သာရာရသွားကြရ၏။ ချူးယွင်ဖန်း၏ စွမ်အားကို အမှန်တကယ် သဘောပေါက်နားလည်သွားသောအခါတွင်မှ ယခင်က ၎င်းတို့ မည်မျှ အန္တရာယ်ရှိနေသည်ကို နားလည်လိုက်ကြသည်။ အကယ်၍ ချူးယွင်ဖန်းက ယန်လီလီကြောင့် မည်သည့်စကားမျှမပြောခဲ့ခြင်းကြောင့်သာမဟုတ်လျှင် ၎င်းတို့ အမှန်ပင် ဒုက္ခရောက်ခဲ့ကြရပေလိမ့်မည်။

ကျာ့ထိုက်ဟွာနှင့် စီတုကျီယင်းတို့ကို ဥပမာအဖြစ်ကြည့်ရုံဖြင့် ချူးယွင်ဖန်း၏ ခွန်အားကို သံသယဝင်နေရန်မလိုတော့ပေ။

“သူတကယ်သွားပြီ၊ ဖိအားတော်တော် ပြင်းတာပဲ။ ဘုရားရေ ငါ လူတွေမှာ ဒီလိုမျိုးအရှိန်အဝါမျိုးရှိတယ်လို့ တစ်ခါမှမထင်ခဲ့ဘူး။ အခုတော့ ယုံပြီ” တုယွဲ့အာက ချဲ့ကားပြောသည်။

သူမသည် ယင်းမှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတစ်ခုသာဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုမူ ထိုသို့စွမ်းအားကြီးသော အရှိန်အဝါရှိသည့်လူများနှင့် ရင်ဆိုင်ရလျှင် မည်မျှ ဖိအားများကြောင်း လက်တွေ့ခံစားလိုက်ရသည်။ အထူးသဖြင့် ချူးယွင်ဖန်းက ၎င်းတို့ ချင်းဟွာတက္ကသိုလ်၏ နံပါတ်တစ်ကျောင်းသားကို သင်ခန်းစာပေးသောအခါတွင်ဖြစ်ရာ ဤဖြစ်ရပ်က သူမ၏ နှလုံးသားထဲတွင် ဘဝတစ်လျှောက်လုံး စွဲထင်နေတော့မည့်ပုံပေါ်သည်။

“လီလီ နင့်သူငယ်ချင်းက မိုက်လိုက်တာ။ နင်တို့ ကျောင်းသေးသေးလေးကနေ အဲ့လိုနဂါးမျိုးထွက်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ မိုက်လိုက်တာ” တုယွဲ့အာက ဤသို့ပြောသောအခါ သူမဘေး၌ရပ်နေသော မာဝူကလည်း ကမန်းကတမ်း‌ခေါင်းညိတ်လိုက်သည်။

“အင်း ဘယ်သူမှ အဲ့လိုမထင်ထားဘူးထင်တယ်”

ယန်လီလီသည်လည်း ဆုံးရှုံးမှုတစ်ခုကို ခံစားလိုက်ရသည်။ သူမက ချူးယွင်ဖန်းနှင့် အနာဂတ်တွင် ပြောဆိုဆက်ဆံရေးမျိုး မရှိလောက်တော့မည်ကို ခံစားရသဖြင့် အနည်းငယ်ဆုံးရှုံးသွားရသကဲ့သို့တွေးမိသည်။

‘မဟုတ်ဘူး။ ငါ ဒါကို ဒီအချိန်မှာလုပ်ရင်လုပ် မလုပ်ရင် ငါဆုံးရှုံးရလိမ့်မယ်’

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ပွဲ၏ အခြားတစ်ဖက်သို့ အမြန်အပြေးသွားနေပြီဖြစ်ရာ ထိုနေရာတွင် သူ့ကို လူများစွာစောင့်ဆိုင်းနေ၏။ ဤသည်မှာ ဂေါင်ဟုန်ချီမှတပါး အခြားသူမဟုတ်ပေ။ ထို့အပြင် သူ့ဘေးတွင် အခြားကျွမ်းကျင်သူများစွာရှိနေကာ ၎င်းတို့၏ အရှိန်အဝါများသည်လည်းအလွန်ပြင်းထန်ကြသည်။ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းခဲ့ကြပြီးဖြစ်သ်ည။

၎င်းတို့အားလုံးသည် ဧကရာဇ်နန်းတော်မှ ဂေါင်ဟုန်ချီခေါ်လာခဲ့သော အသန်မာဆုံးသိုင်းသမားများဖြစ်ကြ၏။ သို့သော် ဤအခိုက်အတန့်တွင် ထိုသူများသည် အခြေအနေမကောင်းလှပေ။ ၎င်းတို့ထဲမှတစ်ယောက်သည် ဒဏ်ရာရထားသည်မှာ သိသာထင်ရှားလှသည်။ သို့သော် ချူးယွင်ဖန်းကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏ စိတ်ဝိဉာဥ်များပြန်လည်တက်ကြွလာသည်။ ၎င်းတို့၏ စစ်မှသော ကျောရိုးက ရောက်လာပြီဖြစ်သည်။

ချူးယွင်ဖန်းက ၎င်းတို့နှင့်အတူမရှိသော်လည်း ဧကရာဇ်နန်းတော်၏ ကျောရိုးတစ်စင်းဖြစ်သည်မှာသေချာ၏။

အခန်း(၆၄၈) ငါ မင်းရဲ့ လောကအမြင်တွေကို ဖွင့်ပေးဖို့ ရောက်လာတာ

ချူးယွင်ဖန်းနောက်တွင် မရီးဒျန်သန့်စင်ခြင်းသတ္တမအဆင့် ကျွမ်းကျင်သူများသည် ဧကရာဇ်နန်းတော်၌အသန်မာဆုံးဖြစ်ကြသည်။ ၎င်းတို့အားလုံးသည် စီနီယာများဖြစ်ကြကာ လေးနှစ်တာတစ်လျှောက်အထူးချွန်ဆုံးပုဂ္ဂိုလ်များဖြစ်ကြ၏။ မူလက ၎င်းတို့ကဲ့သို့ ကျွမ်းကျင်သူများသည် ဧကရာဇ်နန်းတော်ကဲ့သို့သော အသစ်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းငယ်များဖြစ်သည့် အဖွဲ့အစည်းများတွင် ပါဝင်ကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ ချူးယွင်ဖန်းကြောင့်သာဖြစ်သည်။ ၎င်းတို့က ချူးယွင်ဖန်းကို မြင်ကြသောအခါ အလွန် စိတ်လှုပ်ရှားသွားကြသည်။

လူတိုင်း၏ အမူအရာကိုမြင်လိုက်ရပြီးနောက် ချူးယွင်ဖန်း မျက်မှောင်ကြုတ်လိုက်မိသည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ”

ချူးယွင်ဖန်းက ယင်းမှာ အနည်းငယ်ထူးဆန်းနေသည်ဟု ခံစားမိသည်။ ဤပါရမီရှင်များ၏ ခွန်အားဖြင့် ၎င်းတို့က ဂရုစိုက်နေသရွေ့ ပြဿနာဖြစ်နိုင်မည်မဟုတ်၊ မိမိတို့ကိုယ်မိမိတို့ ကာကွယ်နိုင်မည်ဖြစ်သည်။

“အဲ့တာ သန့်ရှားအဖွဲ့အစည်းကလုပ်တာ” ဂေါင်ဟုန်ချီက အံကြိတ်၍ ပြောသည်။

“သန့်ရှားအဖွဲ့အစည်းဟုတ်လား” ချူးယွင်ဖန်း အနည်းငယ်တွေဝေသွားသည်။ ဤနေရာသို့မလာခင်ကတည်းက အကြောင်းအရာများစွာကို လေ့လာထားခဲ့သဖြင့် သူ ဤနာမည်ကို ကြားခဲ့ဖူး၏။ သန့်ရှားအဖွဲ့အစည်းဟူသည် ပြည်ထောင်စုတက္ကသိုလ်ထဲမှ ကျောင်းသားဟောင်းအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းကိုကျောင်းသားကောင်စီကဲ့သို့သော အကောင်ကြီးကြီးအဖွဲ့အစည်းကြီးမျိုးဖြင့် နှိုင်းယှဥ်၍မရနိုင်သော်လည်း ၎င်းတွင် အခိုင်မာသော အခြေခံအုတ်မြစ်ရှိသည်။ အထိသဖြင့် ယခုနှစ်၏ သန့်ရှားအဖွဲ့အစည်းသည် ကျောင်းသားကောင်စီနှင့်ယှဥ်လျှင် ဒုတိယနေရာ၌ရှိသည်။

လက်ရှိသန့်ရှားအဖွဲ့အစည်း၏ ခေါင်းဆောင်သည် အလွန်စွမ်းအားကြီးလှသဖြင့် ကျန်းလင်းရှောင်နှင့်ယှဥ်လျှင် ဒုတိယဖြစ်ကာ အမည်ကား ချီရှောင်ဟွားဖြစ်သည်။ ထိုနာမည်သည် ပြည်ထောင်စုတက္ကသိုလ်တွင် မိုးကြိုးတစ်စင်းနှယ်ဖြစ်သည်။ ကျောင်းသားကောင်စီမှ ကျန်းလင်းရှောင်ပြီးလျှင် သန့်ရှားအဖွဲ့အစည်းမှ ချီရှောင်ဟွားသည် စွမ်းအားအကြီးဆုံးဖြစ်သည်။ သူသည် သန့်ရှားအဖွဲ့အစည်း၏ တည်ထောင်သူမဟုတ်သော်လည်း သန့်ရှားအဖွဲ့အစည်းကို အမြင့်ဆုံးသို့ရောက်စေသည်မှာ သူပင်ဖြစ်သည်။

ချီရှောင်ဟွားသည် ပြည်ထောင်စုတက္ကသိုလ်၌ ချူးယွင်ဖန်းမှတပါး ကျန်းလင်းရှောင်ကို စိန်ခေါ်ဝံ့သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆောင်းရာသီပွဲတော်ကု သန့်ရှားအဖွဲ့အစည်းက စီစဥ်ကျင်းပပေးသည်။ ဤသည်က ညီနောင်စည်းလုံးခြင်းအဖွဲ့၏ စည်းမျဥ်းများထဲမှ တစ်ခုဖြစ်၏။ ပွဲတော်ကို မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများရှိသော အဖွဲ့အစည်းများမှ စီစဥ်ပေးရလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်မူ ဤသည်က စုဝေးပွဲကြီးတစ်ခုဖြစ်၍ အဖွဲ့အစည်းက လုံလောက်စွာမသန်မာလျှင် တက်ရောက်လာသော ဟီးရိုးများအားလုံးကို ဖိနှိပ်ထားနိုင်လိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းက ယခု ဆောင်းရာသီပွဲတော်သည် ထောက်ချောက်တစ်ခုမှန်းသိထားပြီးဖြစ်၍ သူ ကြိုတင် စုံစမ်းလာခဲ့သည်။

“ဘာဖြစ်သွားတာလဲ” ချူးယွင်ဖန်းက လူတိုင်း၏ ဒဏ်ရာများကို အလျင်အမြန်ကုသပေးလိုက်သည်။ ယင်းသည် နတ်ဘုရားကျင့်စဥ်ထဲမှ အကျိုးရလဒ်တစ်ခုဖြစ်၏။ မကြာမီ၌ပင် လူတိုင်း၏ အခြေအနေက ပြန်လည် တည်ငြိမ်လာသည်။ ၎င်းတို့တွင် မည်သည့် ဒဏ်ရာအပြင်းအထန်မျှမရခဲ့ကြဘဲ ပုံမှန်ဒဏ်ရာများသာဖြစ်သည်။

“ပွဲခန်းမရဲ့အလယ်က တဲကို ငါတို့ပိုင်တယ်လို့ ဆုံးဖြတ်ထားပြီးသား။ ဒါပေမယ့် သန့်ရှားအဖွဲ့က သူတို့စကားကို ရုတ်တရက်ကြီးရုတ်သိမ်းပြီးတော့ အခြားတစ်ယောက်ဆီကို တဲကို ပေးလိုက်တယ်” ဂေါင်ဟုန်ချီက အံကြိတ်၍ ပြောသည်။

“ငါတို့ကလည်း အဲ့တာကို လက်လျှော့လိုက်ဖို့ ဆန္ဒမရှိလို့ ပဋိပက္ခဖြစ်ခဲ့တာပဲ။ နောက်ဆုံးကျတော့ သူတို့ ငါတို့ကို လိုက်ဖမ်းတော့တာပဲ”

ထိုအချိန်တွင် ဧကရာဇ်နန်းတော်မှ အခြားကျွမ်းကျင်သူများကလည်း ဒေါသဖြစ်လာကြသည်။ လူမြင်ကွင်းတွင် လိုက်ဖမ်းခံရခြင်းသည် အလွန်အရှက်ရဖွယ်ကောင်းလွန်းလှသည်။ ၎င်းတို့သည် ပါရမီရှင်အချို့ကို ခေါ်ယူစုဆောင်းနိုင်ရန်အတွက် ချူးယွင်ဖန်း၏ အမည်ကို အသုံးပြုလိုကြသည်။ သို့သော် ၎င်းတို့ နှင်ထုတ်ခံရ၍ ဤမျှထိ မျက်နှာပျက်ရလိမ့်မည်ဟု မထင်ခဲ့ကြပေ။ ထိုသို့ ဆိုးရွားသောအခြေအနေတွင် ပါရမီရှင်များကို မည်ကဲ့သို့ စုဆောင်းနိုင်ကြလိမ့်မည်နည်း။

ဧကရာဇ်နန်းတော်သို့ ကျောင်းသားများစိတ်ဝင်စားလာစေရန် မလွယ်ကူသော်လည်း ထိုသို့သော အခြေအနေမျိုးတွင် ၎င်းတို့က တစ်ယောက်ပြီးတစ်ယောက်ပြန်ဆုတ်ခဲ့ကြရသည်။ အစောပိုင်းက ခေါ်ယူထားသောသူများသည်လည်း ၎င်းတို့၏လျှောက်လွှာများကို ရုတ်သိမ်းခဲ့ကြသည်။

၎င်းတို့အားလုံး အပြင်းအထန် ရှုံးနိမ့်ခဲ့ကြ၏။

“အဲ့တာ အရေးမကြီးပါဘူး။ စိတ်ဓာတ်ပျော့တဲ့လူတွေခေါ်လည်း ဘာအသုံးဝင်မှာလဲ”

ချူးယွင်ဖန်းက ၎င်းတို့၏လျှောက်လွှာများကို ရုတ်သိမ်းသွားသူများကို လုံးဝဂရုမစိုက်ပေ။ ထိုသူများကို စုဆောင်းခြင်းက အသုံးမဝင်လှပပေ။ သို့သော် သန့်ရှားအဖွဲ့သည် ဂေါင်ဟုန်ချီနှင့် အခြားသူများကို ပစ်မှတ်ထားနေခြင်းမဟုတ်၊ သူ့ကို ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သူသိသည်။

“ဟေးဟေး သူတို့က ငါ့ကို အကွက်ချနေကြတာပဲ” ချူးယွင်ဖန်းက လှောင်ရယ်လိုက်၏။

“မင်းတို့ လှုပ်ရှားလို့ရလား”

“ရတယ်” ဂေါင်ဟုန်ချီနှင့် အခြားသူများက အလျင်အမြန်ပြန်ဖြေ၏။ ချူးယွင်ဖန်းက တန်ပြန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ၎င်းတို့သိကြသည်။

“ဒါဆို ခန်းမကို ဖျက်ဆီးဖို့ ငါ့နောက်လိုက်ခဲ့ကြ” ချူးယွင်ဖန်းက ပြော၏။ ထို့နောက်နောက်လှည့်၍ ခန်းမအလယ်ဗဟိုသို့ ဦးတည်ကာ အဖွဲ့အစည်းအသီးသီး၏ တဲများဆီသို့ ဦးတည်သွားခဲ့ကြသည်။ ဂေါင်ဟုန်ချီနှင့် အခြားသူများသည်လည်း အလျင်အမြန်လိုက်ပါလာခဲ့ကြ၏။ နောက်ဆုံးတွင် ၎င်းတို့၏ ဒေါသကို လျင်မြန်စွာ ဖြေဖျောက်နိုင်တော့မည်ဖြစ်သည်။

ထိုအချိန်တွင် ကွင်းလယ်ကောင်တစ်ဝိုက်ရှိ ဧရိယာသည် အလွန်အမင်းအသက်ဝင်နေသည်။ အဖွဲ့အစည်းအားလုံးက လူများကို စုဆောင်းနိုင်ရန် အသည်းအသန် ကြိုးစားနေကြသည်။ တစ်ချိန်တည်း၌ပင် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူအများအပြားသည် တစ်စုံတစ်ခုကို ရောင်းချရန် စောင့်ဆိုင်းနေကြသည်။

ဤသည်က ပါရမီရှင်စျေးကွက်တစ်ခုဖြင့်ပင်တူသည်။ တကယ်တမ်းတွင် ဤကျောင်းသားများသည် အဖွဲ့အစည်းကောင်းတစ်ခု၌ ပါဝင်ရန် ၎င်းတို့အတွက် မည်မျှအရေးကြီးကြောင်းသိကြသည်။ အဖွဲ့အစည်းက သန်မာလျှင် ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်း သို့မဟုတ် အလုပ်ရနိုင်ခြင်း အစရှိသည့် ကြီးမားသော အာမခံချက်ရှိနိုင်သည်။

ဤတဲများထဲတွင် တစ်ခုနှင့် တစ်ခု ခြားထားသည်။ အချို့က အလွန်ကြီးမား၍ အချို့က အလွန်သေးကြသည်။ အဖွဲ့အစည်းတစ်ခု ချင်းစီ၏ မတူညီသော အားသာချက်များအလိုက် ရှင်းလင်းစွာ ခွဲထားကြ၏။

၎င်းတို့အနက် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများရှိနေသည့် အဖွဲ့အစည်းများသည် အကောင်းဆုံး အခွင့်အရေးများကို ခံစားလျက်ရှိကြသည်။ ချူးယွင်ဖန်းက ဂေါင်ဟုန်ချီနှင့် အခြားသူများကို ခေါ်ဆောင်လာသောအခါတွင် လူအုပ်ကြီးတစ်ခုလုံး၏ အာရုံကို ဆွဲဆောင်နိုင်လိုက်သည်။ ဤသည်က ယခုတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်ပင်ဖြစ်သည်။ ဂေါင်ဟုန်ချီနှင့် အခြားသူများသည် ယခုလေးတင် လိုက်ဖမ်းခံခဲ့ရသည်။ ဤအချိန်တွင် ဂေါင်ဟုန်ချီနှင့် အခြားသူများက တစ်စုံတစ်ယောက်နှင့်အတူ ပြန်လာခဲ့ကြပြီဖြစ်သည်။ အဘယ်ကြောင့်ဖြစ်သည်ကို သိရန်အများအစားမှန်းဆရန်မလိုပေ။

“လိုက်ဖမ်းခံရတဲ့ အဖွဲ့ကို ဧကရာဇ်နန်းတော်လို့ခေါ်တယ်မလား”

“ဟုတ်တယ်။ သူတို့က စစ်ကူခေါ်ဖို့သွားကြတယ်”

“ဘာထူးဆန်းလို့လဲ။ ဒီအဖွဲ့အစည်းထဲမှာ ဘယ်အဖွဲ့က ကျောထောက်နောက်ခံမရှိလို့လဲ။ ဟိုအရင်က တာဝန်ခံခဲ့တဲ့ ဖက်တီးက ကျောထောက်နောက်ခံအစစ်မဟုတ်တာ သိသာပါတယ်”

“သူ့ကို အရင်က တွေ့ဖူးတဲ့နေရာကို အခုမှမှတ်မိတယ်။ အဲ့တာ ပြည်ထောင်စုတက္ကသိုလ်က ချူးယွင်ဖန်း မဟုတ်ဘူးလား”

ထိုအချိန်တွင် လူအုပ်ထဲမှ အချို့က ချူးယွင်ဖန်းကို မှတ်မိလာကြသည်။ ယင်းကြောင့် ကြီးမားကျယ်လောင်သော ကြွေးကြော်သံထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် မကြာသေးမီမှစ၍ ထင်ပေါ်ကျော်ကြားလာခဲ့သည်။ သူ့ပုံသဏ္ဍာန်ကို လူတိုင်းမသိကြသော်လည်း သူ့အကြောင်းကို ကြားဖူးကြသူ အများအပြားရှိကြသည်။

“မှန်တယ်။ အဲ့တာ သူပဲ”

ဧကရာဇ်နန်းတ်ောကို ကျောထောက်နောက်ခံပေးထားသူသည် အမှန်ပင် ချူးယွင်ဖန်းဖြစ်နေကြောင်း ယခုအချိန်မှ လူတိုင်း သဘောပေါက်သွားကြသည်။ သို့သော် ၎င်းတို့က ယင်းကို အများအပြားမစဥ်းစားခဲ့ကြပေ။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသားများအကြား ပထမအဆင့်ကျောင်းသားသာဖြစ်၍ ပြည်ထောင်စုတက္ကသိုလ်မှ နံပါတ်တစ်ပုဂ္ဂိုလ်မဟုတ်ပေ။ ၎င်းတို့နှစ်ယောက်ကြားကွာဟချက်သည် အလွန်ကြီးမားလွန်းလှသည်။

အကယ်၍ ကျန်းလင်းရှောင်သာဆိုလျှင် မည်သူက သူ့ကို လျစ်လျူရှု့ဝံ့လိမ့်မည်နည်း။ ဤသည်က မဖြစ်နိုင်ပေ။ ကျန်းလင်း‌ေရှာင်၏ နာမည်ကို ပြောရုံဖြင့် ငချွတ်လေးများကို ခြိမ်းခြောက်ရန် လုံလောက်သည်။

သို့သော် ချူးယွင်ဖန်း၏ အမညသည် ထိုအကျိုးသက်ရောက်မှုကို ရရှိရန် မလုံလောက်ကြောင်း ထင်ရှားသည်။ လူများစွာအတွက် သူသည် ဂျူနီယာမျှသာဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်အတွက် သူက ဆုံးဖြတ်ချက်ချပေးရမည့်အလှည့်မကျသေးပေ။ သို့သော် ယနေ့တွင် ချူးယွင်ဖန်းသည် ၎င်းတို့၏ ကြာမြင့်နေ၍ ခေါင်းမာလှသော လောကအမြင်ကို ပြောင်းလဲပေးတော့မည်ဖြစ်သည်။

အချို့အခြေအနေများသည် ယခင်ကတည်းက ပြောင်းလဲသင့်သည်။

All Chapters