← Chapters

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း (၆၄၉-၆၅၁)

Vol. 44 Ch. 649-651

အခန်း(၆၄၉) ပစ်မှတ်

အခြားတက္ကသိုလ်များနှင့် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများသည် ချူးယွင်ဖန်းက အသေးအဖွဲမဟုတ်ကြောင်း သိသော်လည်း ထိုမျှသာဖြစ်သည်။ သူ့ကို ရန်စခြင်းမှ ရှောင်ကြဥ်သည်မှာ အကောင်းဆုံးသာဖြစ်သည်။ လက်ရှိပြည်ထောင်စုတက္ကသိုလ်သည် ချူးယွင်ဖန်းက ဆုံးဖြတ်ချက်များလုပ်နိုင်သော နေရာမဟုတ်ပေ။

ချူးယွင်ဖန်းသည် ယခု ကျန်းလင်းရှောင်ကဲ့သို့ပင် တစ်နေ့တွင် ပြည်ထောင်စုတက္ကသိုလ်ကို အုပ်စိုးရပေမည်။ ကျန်းလင်းရှောင်သည် သူ့အမည်ဖြင့် လူတိုင်းကို ဦးညွှတ်စေနိုင်သည်။ သို့သော် ချူးယွင်ဖန်းသည် ၎င်း၏ တက္ကသိုလ် လေးနှစ်တွင် နှစ်နှစ်အတွင်း၌ ဤအဆင့်အထိရောက်လာခြင်းဖြစ်၏။ ယခုအချိန်တွင် သူကသာ လမ်းဖွင့်ပေးလျှင် လူတိုင်းက ထွက်လာ၍ သူ့ကို သင်ခန်းစာပေးကြပေလိမ့်မည်ဖြစ်သည်။ သို့သော် ယင်းမှာ ၎င်းတို့၏ အတွေးသက်သက်သာဖြစ်သည်။ ချူးယွင်ဖန်းက စည်းမျဥ်းစည်းကမ်းများကို နားလည်သဘောပေါက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ လက်သီးချက်ကြီးသော သူများသာလျှင် စည်းမျဥ်းစည်းကမ်းများချမှတ်ရန် အရည်အချင်းပြည့်မှီသည်။ ညီနောင်စည်းလုံးခြင်းအဖွဲ့ကဲ့သို့ အပြင်းထန်ဆုံး မွေးဖွားခြင်းကျွမ်းကျင်အဆင့် ကျွမ်းကျင်သူများကသာ စည်းကမ်းသတ်မှတ်ပိုင်ခွင့်ရှိသည်။

ယခုတွင် ချူးယွင်ဖန်းသည် ဟိုးရှေးရှေးမှရှိခဲ့သော အချို့သောယုံကြည်ချက်များကို ပြောင်းလဲသင့်သည်ဟု လူတိုင်းကို ပြောပြရန်ရောက်လာခဲ့ခြင်းဖြစ်၏။ ချူးယွင်ဖန်းသည် ဧကရာဇ်နန်းတော်ပိုင်ဟု ယူဆရသည့် တဲကို အမြန်ရှာတွေ့ခဲ့သည်။ ရုတ်တရတ်ဖြစ်သွားသည့်အတွက် ဆိုင်းဘုတ်နှင့် ခေါင်းစည်းကို မဖယ်ရသေးပေ။ သို့သော်လည်း ယင်းကို တစ်စုံတစ်ယောက်က သိမ်းပိုက်နေပြီဖြစ်ကြောင်း ထင်ရှားသည်။

အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်စုသည် ၎င်းတို့ တံဆိပ်ဆိုင်းဘုတ်နှင့် ခေါင်းစီးများကို တပ်ဆင်နေကြသည်။ ၎င်းသည် မြောက်ဘက်တက္ကသိုလ်၏ ကျောင်းသားကောင်စီဖြစ်သည်။ မြောက်ဘက်တက္ကသိုလ်သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ တစ်ခုဖြစ်ရာ ၎င်းကို ထိပ်တန်းတက္ကသိုလ်သုံးခုဖြစ်သည့် ပြည်ထောင်စုတက္ကသိုလ်၊ ချင်းဟွာတက္ကသိုလ်နှင့် မြောက်ပိုင်းတက္ကသိုလ်တို့နှင့် မနှိုင်းယှဥ်နိုင်သော်လည်း ပြည်ထောင်စု၏ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ တစ်ခုဖြစ်သည်။ ထို့ကြောင့် ယင်းတွင် ကျော်ကြားသော သမိုင်းရှိနေဆဲဖြစ်၏။

ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့ပင် မြောက်ဘက်တက္ကသိုလ်သည် ဆိုးရွားသော ကာလတွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းကို မြောက်ပိုင်းရှိတက္ကသိုလ်များစွာဖြင့် ဖွဲ့စည်းထားသည်။ စတင်တည်ထောင်ချိန်မှစ၍ ပြည်ထောင်စု၏ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ တစ်ခုဟူသော ခေါင်းစီးကို သိမ်းပိုက်နိုင်ခဲ့သည်။ တက္ကသိုလ်အားလုံဂကဲ့သို့ပင် မြောက်ဘက်တက္ကသိုလ်၏ ကျောင်းသားကောင်စီသည် ထိုနေရာတွင်ရှိသော အဖွဲ့အစည်းများစွာအနက် စွမ်းအားအကြီးဆုံး အဖွဲ့အစည်းဖြစ်သည်။

ချူးယွင်ဖန်းနှင့် အခြားလူများ လမ်းလျှောက်လာသည်ကို တွေ့လိုက်သောအခါ မြောက်ဘက်တက္ကသိုလ်တက္ကသိုလ်မှ ကျောင်းသားကောင်စီဝင်များ ချက်ချင်းပင် တုန်လှုပ်သွားကြသည်။ ရှင်းနေသည်မှာ ၎င်းတို့သည် ယခင်က ဖြစ်ပျက်ခဲ့သည်များကို လုံးလုံးလျားလျား မသိခဲ့ကြခြင်းမဟုတ်ပေ။ တကယ်တမ်းတွင် ယင်းကိစ္စ၌ ၎င်းတို့လည်း ပါဝင်ခဲ့ကြ၏။

"ချူးယွင်ဖန်းမင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ" အဖွဲ့ဝင်များကြားမှ အသက်နှစ်ဆယ်ကျော် အရပ်ရှည်သော လူငယ်တစ်ဦးက ချူးယွင်ဖန်းထံ လျှောက်လာကာ တားဆီးလိုက်သည်။

"ငါဘယ်သူလဲဆိုတာ မင်းသိလား" ချူးယွင်ဖန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။

ဤလူ၏တုံ့ပြန်မှုကြောင့် ချူးယွင်ဖန်းက ဤသည်မှာ သန့်ရှားအဖွဲ့မှ သဘောတူညီချက်ကို ရုတ်တရက်ချိုးဖောက်၍ ၎င်းတို့၏ဆန္ဒကို ကျော်၍ ဧကရာဇ်နန်းတော်၏အခန်းကို အခြားအဖွဲ့တစ်ဖွဲ့အား ပေးအပ်ခဲ့ကြောင်း ခန့်မှန်းနိုင်သည်။

ဤ မြောက်ဘက်တက္ကသိုလ်ကျောင်းသားများက မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို မသိဘဲနေကျလိမ့်မည်ဟု ချူးယွင်ဖန်းမထင်ပေ။ ပွဲတော်သို့ တက်ရောက်လာကြသော တက္ကသိုလ်များစွာရှိသည်။ သို့သော် မည်မျှပင်စိုးရိမ်နေပါစေ ပြည်ထောင်စု၏ထိပ်တန်းတက္ကသိုလ်ဆယ်ခုအနက်မှတစ်ခုဖြစ်သော မြောက်ဘက်တက္ကသိုလ်၏ ကျောင်းသားကောင်စီအတွက် တဲများမရှိတော့မည်ကို စိုးရိမ်နေရန်မလိုအပ်ပေ။

တက္ကသိုလ်များကို အတန်းအမျိုးမျိုး ခွဲခြားထားကာ ကျောင်းသားအဖွဲ့အစည်းများလည်း ကွဲပြားသည်။ မြောက်ဘက်တက္ကသိုလ်၏ ကျောင်းသားကောင်စီသည် ပထမအဆင့် ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ဖြစ်တည်မှုကို မည်သူကမျှ လျစ်လျူရှု့ဝံ့လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ယခုအခါတွင် ဧကရာဇ်နန်းတော်၏တဲများကို သိမ်းကာ မြောက်ဘက်တက္ကသိုလ်၏ ကျောင်းသားကောင်စီကို ပေးအပ်လိုက်သောကြောင့် အရာများစွာကို ပြန်လည်စဉ်းစားရမည်ဖြစ်သည်။

သန့်ရှားအဖွဲ့အစည်းက ချူးယွင်ဖန်းကို ပစ်မှတ်ထားနေသည်မှာ ရှင်းသည်။ ထိုကဲ့သို့သောအခြေအနေအောက်တွင် မြောက်ဘက်တက္ကသိုလ်၏ကျောင်းသားကောင်စီသည် သန့်ရှားအသင်း၏ လက်ပါးစေဖြစ်ရန်ဆန္ဒရှိခဲ့သည်။ ထို့ကြောင့် ဤသည်ကပင် တစ်စုံတစ်ခု၏ လက္ခဏာဖြစ်နေပြီဖြစ်သည်။

ချူးယွင်ဖန်းမှန်းဆထားသကဲ့သို့ပင် ကောင်းသောအရာတစ်ခု၏ လက်အောက်တွင် အမြဲတစေ ဖုံးကွယ်ထားသောအရာများရှိသည်။ ယခုအချိန်တွင် ချူးယွင်ဖန်းကို ပစ်မှတ်ထားရန် ရောက်ရှိလာသူ အများအပြားရှိဖွယ်ရှိကာ သူ့ကို ပန်းသီးအပုတ်တစ်လုံးကဲ့သို့ ယူဆသူများလည်းရှိသည်။ ပန်းသီးအပုတ်ကဲ့သို့ မဆက်ဆံလိုပါက သူ့ဆန္ဒကို ဖော်ထုတ်ရမည်ဖြစ်၏။

"မင်းက ချူးယွင်ဖန်းပဲ။ မင်းက ပြည်ထောင်စုတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားတွေရဲ့ ပထမအဆင့်ကျောင်းသားဖြစ်တဲ့အပြင် တာအိုညီလာခံရဲ့ ချန်ပီယံလည်းဖြစ်တယ်။ မင်းက မင်းနဲ့ သက်တူရွယ်တူတွေကြားမှာ နံပါတ်တစ်ကျောင်းသားအဖြစ်လူသိများတယ်မလား။ ငါက ဒါကို ဘယ်လိုလုပ်မသိဘဲနေမလဲ”

အရပ်ရှည်သောလူငယ်က ချူးယွင်ဖန်းကို ခပ်ရိုင်းရိုင်းပြောလိုက်သည်။ သူက ချူးယွင်ဖန်း၏ ဂုဏ်သတင်းများအကြောင်း ပြောနေခြင်းဖြစ်သော်လည်း သူ့မျက်နှာတွင် လှောင်ပြောင်သော အမူအရာမျိုးရှိနေသည်။ ချူးယွင်ဖန်း၏ ဂုဏ်သတင်းသည် အမှန်တကယ်ပင် ကျယ်ပြောလှ၏။ သို့သော် သူသည် တက်ကာစကြယ်တစ်ပွင့်မျှသာ ဖြစ်သည်။

အသက်အရွယ်ကွာဟချက်က ရှိနေဆဲပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ပါရမီရှင်တစ်ယောက်ဖြစ်ကာ ထိုမျှလောက်ကြီးမြတ်သူမဟုတ်ပေ။

‘ဘာလို့ ကြောက်နေရမှာလဲ’

အကယ်၍ ချူးယွင်ဖန်းက ဆုံးဖြတ်ချက်ချလိုပါက နောက်ထပ် နှစ်အနည်းငယ်စောင့်ဆိုင်းရန် လိုအပ်ပေလိမ့်မည်ဖြစ်သည်။

“မင်းတို့က သန့်ရှားအဖွဲ့နဲ့ ပေါင်းနေတဲ့ပုံပဲ’ ချူးယွင်ဖန်းက အေးစက်စွာပြုံး၍ ပြောလိုက်သည်။

“ငါ မင်းကို ဘာပြောလိုက်လဲ။ ငါနားမလည်ဘူး” အရပ်ရှည်သောသူတစ်ယောက်က ပြောသည်။

ချူးယွင်ဖန်း၏ အကြည့်သည် တဖြည်းဖြည်းအေးစက်လာပြီးနောက် သူက တည့်တိုးပင်ပြောလိုက်၏။

“ငါနဲ့ ဒီလိုလာမကစားနေနဲ့။ မင်းတို့ကောင်တွေက သန့်ရှားအဖွဲ့အစည်းနဲ့ပူးပေါင်းပြီး ငါတို့ ဧကရာဇ်နန်းတော်ရဲ့ နေရာကိုယူလိုက်တယ်။ ဒါကို မင်းတို့က ဘာမှမသိသလို ဟန်ဆောင်နေကြတာလား။ ဒါမှမဟုတ် ငါက လွယ်လွယ်နဲ့အနိုင်ကျင့်လို့ရမယ့်ရုပ်ပေါက်နေတာလား”

“နေရာတွေကို သန့်ရှားအဖွဲ့က စီစဥ်ပေးတာ။ အဲ့တာ နင့်ကိစ္စမဟုတ်ဘူး”

“ဟားဟားဟား တကယ်စိတ်ဝင်စားစရာပဲ။ မင်းက ငါ့ရှေ့မှာ အရှက်မရှိဟန်ဆောင်နေတာပဲ” ချူးယွင်ဖန်းက ဒေါသဖြစ်စွာဖြင့် မျက်ခုံးကို ပင့်၍ ပြောလိုက်သည်။

သူ့ကို အလွယ်တကူ အနိုင်ကျင့်၍ရသော ပန်းသီးပုတ်အဖြစ် သဘောထားခံနေရပြီမဟုတ်သလော။ လူတိုင်းက သူ့ကို ချနင်းဝံ့ကြသည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ ကျောင်းသားများအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။

“သူတို့က တကယ်တစ်ခုခုပဲ။ ချူးယွင်ဖန်းက ကောလဟာလတွေကအတိုင်း ကောင်းတဲ့ကောင်မဟုတ်ဘူးပဲ။ သူ့မျက်နှာအရိုက်ခံလိုက်ရတော့ လက်စားချေဖို့ ပြန်ရောက်လာတာဖြစ်မယ်”

“သူက ဘယ်လိုလုပ် ဒီလောက် သဘောကောင်းနိုင်မှာလဲ။ တာအိုညီလာခံမှာ သူ လူတွေအများကြီး သတ်ခဲ့တယ်လို့ သတင်းကြားတယ်။ သွေးတွေ ပင်လယ်လို မစီးသွားခင်အထိ အကုန်သတ်ခဲ့တာတဲ့”

“ဘယ်လိုပဲဖြစ်ဖြစ် မြောက်ဘက်တက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီကလည်း သေချာပြင်ဆင်ထားလောက်မှာ စိုးတယ်။ သူတို့ခေါင်းဆောင်ပေါ်မလာသေးပေမယ့် ဒုခေါင်းဆောင် ထန်ရှင်းယဲ့က နှစ်တွေအကြာကြီး နာမည်ရထားတဲ့ ကျွမ်းကျင်သိုင်းသမားတစ်ယောက်ပဲ။ သူက မွေးဖွားခြင်းနယ်မြေအဆင့်ရောက်ပြီး အကောင်ကြီးကြီးဖြစ်လာဖို့ ခြေလှမ်းတစ်ဝက်ပဲလိုတော့တာ”

ပတ်ဝန်းကျင်လူများထံမှ ဆွေးနွေးသံများက ချူးယွင်ဖန်း၏နားအနားသို့ ပျံ့လွင့်လာသည်။ သူ့ရှေ့မှ မြောက်ဘက်တက္ကသိုလ်၏ ဒုခေါင်းဆောင်သည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်တွင်ရှိနေ၏။ ဤအရပ်ရှည်သောလူငယ်က အလွန်မာန်တက်နေသည်မှာ အံ့သြနေဖွယ်မဟုတ်ပေ။ ထိုသို့သောသူမျိုးသည် ပြည်ထောင်စုတက္ကသိုလ်၌ပင် ရှားပါးသည်ဖြစ်၍ မြောက်ဘက်တက္ကသိုလ်တွင် ထိပ်တန်းဆယ်ယောက်စာရင်းဝင်နိုင်သည်။

“မင်းဘာလို့ အရှက်မရှိချင်ယောင်ဆောင်နေတာလဲ။ ငါတို့အားလုံးစည်းမျဥ်းတွေအရ အလုပ်လုပ်နေတယ်လို့ပဲ ငါသိထားတာ” ထန်ရှင်းယဲ့က ခပ်ပါးပါးလှောင်ရယ်လိုက်သည်။

ချူးယွင်ဖန်းသည် ဂုဏ်သတင်းကျော်ဇောလျက်ရှိသော်လည်း ထန်ရှင်းယဲ့က အလေးအနက်မထားပေ။ လွန်ခဲ့သောနှစ်ဝက်ခန့်က ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များသည်အလွန်ထူးချွန်လှသည်။ သို့သော် ယင်းသည် ကျောင်းသားသစ်များအကြား၌သာဖြစ်သည်။ ယခုနှစ်တစ်ဝက်သာကြာခဲ့ပြီဖြစ်၍ သူမည်မျှထိသန်မာနေနိုင်လိမ့်မည်နည်း။

“ပထမတုန်းကတော့ မင်းတို့ကောင်တွေက စည်းမျဥ်းတွေအကြောင်းမပြောချင်ကြဘူး။ အခုတော့ ဘာလဲ စည်းမျဥ်းတွေအကြောင်း ပြောချင်နေကြပြီလား” ချူးယွင်ဖန်းက အေးစက်စွာပြုံး၍ ပြောသည်။ သူကို ပစ်မှတ်ထားနေကြသည်မှာ ကြာနှင့်ပြီဖြစ်ကြောင်း သိထားသော်လည်း ဒေါသစိတ်က ပြင်းထန်လျက်ရှိနေသေးသည်။

“မင်းက အချိန်အကြာကြီး စွမ်းအားကြီးပြီး ပြိုင်ဘက်ကင်းဖြစ်ကောင်းဖြစ်ခဲ့ဖူးတော့ မင်း မေ့ကောင်းမေ့နေပြီထင်တယ်။ မင်းတိုက်ခိုက်ဖို့ မတတ်နိုင်တဲ့လူတွေရှိသေးတယ်ကွ။ အချို့အရာတွေကို စည်းမျဥ်းတွေနဲ့ရှင်းပြလို့မရနိုင်ဘူး။”

“မင်း ငါ့လက်သီးကို လက်ခံပြီးတဲ့အထိ ဆက် မတ်တပ်ရပ်ပြီး စကားဆက်ပြောနိုင်သေးရင် မင်းရဲ့ စည်းကမ်းတွေကို ဆက်ပြောကြည့်လေ”

အခန်း(၆၅၀) လက်သီးတစ်ချက်ကို ခုခံခြင်း

“မင်းဘာပြောလိုက်တာလဲ။ လက်သီးတစ်ချက်ဟုတ်လား” ထန်ရှင်းယဲ့က အရယ်ရဆုံးသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။

ထန်ရှင်းယဲ့က ချူးယွင်ဖန်း၏ ဂုဏ်သတင်းကို အထင်အမြင်သေးလျက်ရှိသည်။ တကယ်တမ်းတွင် သူ့နှလုံးသားထဲ၌ မနာလိုမှုအချို့ကိန်းအောင်းနေသည်။ လူတိုင်းက တာအိုညီလာခံချန်ပီယံဖြစ်လာရခြင်း၏ တန်ဖိုးကိုသိကြသည်။ ထန်ရှင်းယဲ့က ချူးယွင်ဖန်းကို ယခု လက်ရှိ အထင်သေးနေသော်လည်း ဤသို့ တိုးတက်မှုနှုန်းဖြင့် သူ့အသက်သို့ရောက်လာပါက လောကတစ်ခွင်လုံးကို အုပ်စိုးနိုင်လိမ့်မည်မှာသေချာသည်ဟု ခံစားမိသည်။ ပြည်ထောင်စုတက္ကသိုလ်မှ မရေမတွက်နိုင်အောင်များပြားလှသော ကျောင်းသားများကို အနိုင်ယူနိုင်ခဲ့ခြင်းက သာမန်ကိစ္စမျိုးမဟုတ်ပေ။

ကျန်းလင်းရှောင်ကဲ့သို့ ချူးယွင်ဖန်းတွင်လည်း နောင်တွင် စွမ်းအားများစွာရှိလာနိုင်သည်။ ချူးယွင်ဖန်းအရွယ်က ကျန်းလင်းရှောင်သည် ဤမျှထိ စွမ်းအားမကြီးခဲ့ပေ။ ထို့အပြင် ချူးယွင်ဖန်းသည် စံချိန်တစ်ခုချိုးနိုင်ခဲ့သည်။ သူသည် ကောင်းကင်ဘုံနဂါးအကြီးအကဲ၏ အထူးဖိတ်စာကို ရခဲ့သည့် အငယ်ဆုံးသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။

ထန်ရှင်းယဲ့က အနည်းငယ်မနာလိုဖြစ်လျက်ရှိကာ ယင်းကို ကောင်းစွာဖုံးကွယ်ထားသည်။ သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်း၏ စကားလုံးများက သူ့ကို လုံးလုံးလျားလျား ဒေါသဖြစ်စေလျက်ရှိသည့်အပြင် ချူးယွင်ဖန်းကိုလည်း အထင်သေးလျက်ရှိသည်။

“ချူးယွင်ဖန်း မင်း အခု ဘယ်အဆင့်မှာရှိနေလဲဆိုတာ မင်းသိလား။ မင်းကိုယ်မင်း ဘာထင်နေလဲ။ တာအိုညီလာခံချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်က မင်းကို မျက်ကန်းတစ္ဆေဖြစ်သွားစေပြီလား။ မင်းက တက်သစ်စကြယ်တစ်ပွင့်ပဲကွ။ မင်းသာ လောကကြီးကို အုပ်စိုးချင်ရင် နှစ်နည်းနည်းလောက် ထပ်စောင့်ရဦးမှာပဲ”

ထန်ရှင်းယဲ့က အလွန်ဒေါသဖြစ်လွန်းလှသဖြင့် အထိန်းအကွပ်မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေကာမူ နောက်ထပ်တစ်နှစ်ကြာလျှင် သူက ဘါဲ့ရတော့မည်ဖြစ်ရာ၊ သူ့စိတ်ထဲတွင် ချူးယွင်ဖန်း၏ တိုးတက်မှုက မိမိကိုအကျိုးသက်ရောက်မှုရှိလိမ့်မည်မဟုတ်ဟု ထင်မိသည်။

“ဘယ်အဆင့်ရောက်နေလဲဆိုတာ နားမလည်တဲ့သူက မင်းပဲကွ။ ငါရထားတဲ့ ဖိတ်စာက အတုလို့မင်းထင်နေလား။ ပစ္စည်းတစ်ခုအနေနဲ့အသုံးခံရတာမျိားလွန်းလို့ မင်းက အဲ့တာကိုတောင် သတိမထားမိတော့ဘူးလား။ မင်းက အရူးပဲ” ချူးယွင်ဖန်းက အော်ပြောသည်။ သူက ထိုသို့သော အရူးမျိုးကို မည်ည့်စကားပြောရမည်ကို မသိပေ။

ချူးယွင်ဖန်းက လက်သီးကို ကျစ်ကျစ်ပါဆုပ်၍ ချက်ချင်းပင် ချီစွမ်းအင်များစုစည်းကာ ထိုးချလိုက်သည်။ သို့သော် ဤပြင်းထန်လှသော စွမ်းအင်များကို သူ၏ ခန္ဓာကိုယ် သုံးလက်မအတွင်း၌ ထိန်းချုပ်ထား၏။ သူ့ချီစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် ပြီးပြည့်စုံအဆင့်သို့ရောက်နေပြီဖြစ်သည်။

ဘွန်း

၎င်းသည် သာမန်ရိုးရှင်းသော လက်သီးချက်မျှသာဖြစ်သော်လည်း အလွန်ပြင်းထန်သော စွမ်းအားများကို စုစည်းထားသည်။ ချီစွမ်းအင်များထွက်ပေါ်လာကာ ချူးယွင်ဖန်း၏ လက်တစ်ဖက်တွင် ကြီးမားသော စွမ်းအင်မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ဤအချိန်တွင် ထန်ရှင်းယဲ့က အလွန်ထိတ်လန့် အံ့သြလျက်ရှိသည်။ သူက ချူးယွင်ဖန်းသည် စည်းမျဥ်းများကို ဂရုမစိုက်ဘဲ ချက်ချင်းတိုက်ခိုက်လိမ့်မည်ဟု မတွေးထားခဲ့ပေ။ ချူးယွင်ဖန်းက တိုက်ခိုက်လာသောအခါမှသာ ယခင်က သူထင်ထားခဲ့သည့်အရာများအားလုံး မှားယွင်းနေကြောင်း သိလိုက်ရသည်။

‘လုံးဝမှားသွားပြီ’

မူလက ထန်ရှင်းယဲ့၏ အတွေးတွင် ချူးယွင်ဖန်းသည် သူ့ကို ယှဥ်နိုင်သည့် မရီးဒျန်သန့်စင်ခြင်းအဆင့်အထွတ်အထိပ်သို့ရောက်နေသော ပါရမီရှင်ဟု တွေးထားခဲ့သည်။ မရီးဒျန်သန့်စင်ခြင်း နဝမအဆင့်ရောက်နေသော သူတစ်ယောက်ကို တွေ့နိုင်ရန်ပင် အလွန်ခက်ခဲလှသည်။

သို့သော် ချူးယွင်ဖန်း၏ ခွန်အားသည် ထန်ရှင်းယွီတွေးဆထားသည်ထက် များစွာကျော်လွန်လျက်ရှိသည်။ သူ၏ ယခင်တွက်ချက်မှုများနှင့် အချက်အလက်များအားလုံးတွင် ချူးယွင်ဖန်းက ဤမျှ သန်မာနေလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ဖူးပေ။ စစ်မှန်သော သိုင်းပညာရှင်များကြားတိုက်ပွဲတွင် လူတိုင်းက သိုင်းကွက်တစ်ကွက်တည်းဖြင့်ပင် သန်မာမှုနှင့် အင်အားနည်းမှုအကြားကွာဟချက်ကို ပြောနိုင်ကြသည်။ ဤအခိုက်အတန့်တွင် ထန်ရှင်းယဲ့တွင် အခြားအတွေးမရှိတော့ပေ။ ချူးယွင်ဖန်းပြောခဲ့သော လက်သီးတစ်ချက်ဟူသည် ဟာသတစ်ခုမဟုတ်ကြောင်း သူနားလည်လိုက်ပြီဖြစ်သည်။

ထန်ရှင်းယဲ့က အလျင်အမြန်ပြန်လည်ဆုတ်ခွာလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ယောက်က သူ့ကို ပိတ်ထားသည်ကို သတိထားမိလိုက်၏။ သူမည်မျှပင် ပြန်လည် ဆုတ်ခွာနေစေကာမူ ချူးယွင်ဖန်း၏ လက်သီးချက်ကို ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်ပေ။ ဤခံစားချက်က အလွန် ဆိုးရွားလွန်းလှသည်။

ချူးယွင်ဖန်းနှင့် ထန်ရှင်းယဲ့တို့ အကြားတွင် အကွာအဝေးတစ်ခုရှိနေသည်မှာ သိသာရှင်းလင်းလှသော်လည်း ချူးယွင်ဖန်းက သူ့မျက်လုံးရှေ့တည့်တည့်သို့ ချက်ချင်းချီတက်လာသည်ထင်ရ၏။

ထိုအခိုက်အတန့်တွင် ထန်ရှင်းယဲ့က စွမ်းအားအကုန်လုံးကို ထုတ်သုံးရန်သာ ရွေးချယ်ရန်လမ်းရှိတော့သည်။

ထန်ရှင်းယဲ့က အံကို ကြိတ်၍ နောက်သို့ပြန်ဆုတ်ရမည့်အစား ရှေံသို့ ခြေတစ်လှမ်းလှမ်းကာ ချူးယွင်ဖန်းကို တစ်ချက်ထိုးလိုက်သည်။ သူက ချူးယွင်ဖန်းကို ထိပ်တိုက်ရင်ဆိုင်ချင်၏။ ထန်ရှင်းယဲ့၏ အမြင်တွင် ဤသည်က အကောင်းဆုံးနည်းလမ်းဖြစ်သည်။ သို့သော် သူက ချက်ချင်းပင် ဤသည်မှာ မှားယွင်းသော ရွေးချယ်မှုတစ်ခုဖြစ်ကြောင်းသိလိုက်သည်။

ဘမ်း

လက်သီးနှစ်လုံးက ပြင်းထန်စွာ ရိုက်ခတ်သွားကြသည်။ တစ်ခဏချင်း၌ပင် ချီစွမ်းအင်များတစ်ဖက်နှင့်တစ်ဖက် ထိတိုက်သွားရာ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

“အား”

ထန်ရှင်းယဲ့က ချက်ချင်းပင် ကျယ်လောင်စွာ အော်ကြွေးလိုက်၏။ ၎င်းသည် ရိုက်ခတ်မှုတစ်ခုသာဖြစ်သော်လည်း သူ့လက်သီးသည် လက်သီးတစ်လုံးနှင့်ထိတိုက်မိလိုက်သည်ဟု မထင်ရပေ။ ၎င်းသည် ကြီးမားသော တောင်ကြီးတစ်လုံးဖြင့် ထိတိုက်ကာ ပြင်းထန်သော စွမ်းအားများတန်ပြန်ပေါက်ကွဲလာသကဲ့သို့ သူ့ခန္ဓာကိုယ်ထဲသို့ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများ ပြန်လည်ရိုက်ခတ်လာသည်။ ထို့ကြောင့် ထန်ရှင်းယဲ့က ဆက်လက် မရပ်တည်နိုင်တော့ဘဲ ချက်ချင်း လွင့်ထွက်သွားရာ မြောက်ဘက်တက္ကသိုလ်ကျောင်းသားများကိုပင် ထိတိုက်မိပြီးမှ ရပ်တန့်သွားသည်။

ဤအရာများကို ဖော်ပြရန် အချိန်များစွာကြာမြင့်သော်လည်း တစ်ချဏချင်းအတွင်း၌ ဖြစ်ပျက်သွားခြင်းဖြစ်သည်။ လူတိုင်း၏ မျက်လုံးထဲတွင် ချူးယွင်ဖန်းက သိုင်းကွက်တစ်ခုတည်းဖြင့် ထန်ရှင်းယဲ့ကို လွင့်ထွက်သွားစေသည်မှာ ရှင်းလင်းမြင်သာလှ၏။

တစ်ခဏချင်းအတွင်း၌ အရာအားလုံး ဖြစ်ပျက်သွားရာ လူတိုင်းက ထန်ရှင်းယဲ့ ရှုံးနိမ့်သွားသည်ကို မြင်လိုက်ကြရသည်။ ၎င်းတို့အားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ အထူးသဖြင့် မြောက်ဘက်တက္ကသိုလ်မှ ကျောင်းသားများသည် ကူညီရန်ပင် မေ့လျော့လျက်ရှိကြသည်။ ထန်ရှင်းယဲ့က မြောက်ပိုင်းတက္ကသိုလ်တစ်ခုလုံးမှ အထက်တန်းလက်ရွေးစင်များအနက် တစ်ဦးဖြစ်ကာ ကျောင်းသားကောင်စီ၏ ဒုခေါင်းဆောင်တစ်ဦးဖြစ်သည်။

ဆိုရလျှင် ထန်ရှင်းယဲ့သည် တက္ကသိုလ်တစ်ခုလုံးရှိ အသန်မာဆုံးကျောင်းသားများထဲမှ တစ်ဦးဖြစ်သည်။ ၎င်းတို့က ထန်ရှင်းယဲ့တစ်ယောက်အလွယ်တကူ ရှံးနိမ့်ကာ တန်ပြန်တိုက်ခိုက်ရန်ပင် အင်အားမဲ့လျက်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

အချိန်တစ်ခုကြာပြီးသည့်နောက်တွင် လူတစ်ယောက်က စတင်တုံ့ပြန်၏။

“ဒါ… ဒါ… အရမ်းသန်မာလွန်းတယ်။။ ထန်ရှင်းယဲ့က မြောက်ဘက်တက္ကသိုလ်ရဲ့ ကျွမ်းကျင်သူတွေထဲက တစ်ယောက်မလား။ သူက ဆရာတွေအများကြီးထက်တောင် ပိုတော်တာလေ။ ဒါတောင် လက်သီးတစ်ချက်တည်းနဲ့ရှုံးသွားတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ထန်ရှင်းယဲ့ရဲ့ ကျင့်ကြံရေးအဆင့်က မရီးဒျန်သန့်စင်ခြင်းအဆင့်အထွတ်အထိပ်ကိုရောက်နေပြီလို့ ငါကြားတယ်။ သူ မွေးဖွားခြင်းနယ်မြေအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာလေ၊ ဒါကို ချူးယွင်ဖန်းက လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တယ်ပေါ့။ ချူးယွင်ဖန်းက မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေပြီးတာများဖြစ်နိုင်လား”

“မဖြစ်နိုင်ဘူး။ သူက အသက်အရမ်းငယ်သေးတယ်။ ဘယ်လိုလုပ်မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နိုင်ဦးမှာလဲ”

“မဖြစ်နိုင်တာဘာရှိလို့လဲ။ သူက ကောင်းကင်ဘုံနဂါးအကြီးအကဲဆီက ဖိတ်စာတောင်ရထားသေတာလေ။ မင်းတို့က အဲ့ဖိတ်စာကိုရဖူးတဲ့အသက်နှစ်ဆယ်ကျော်ကျောင်းသားတစ်ယောက်ယောက်များမြင်ဖူးလို့လား”

လူတိုင်းကဆွေးနွေးနေကြစဥ်တွင် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က နောက်ဆုံး၌ စကားစပြောလာ၏။

“ဒါက ထူးဆန်းလို့လား။ ပြည်ထောင်စုတက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီက ဒုခေါင်းဆောင်ဝမ်ချီတောင် ချူးယွင်ဖန်းလက်ထဲမှာ တစ်ကွက်တည်းနဲ့ ရှုံးသွားတယ်လေ။ နောက်ပြီး ဝမ်ချီက မွေးဖွားခြင်းနယ်မြေအဆင့်ကိုတောင်ရောက်နေပြီလေ”

ဤသည်ကို ကြားသောအခါ အထူးသဖြင့် မြောက်ဘက်တက္ကသိုလ်မှ ကျောင်းသားများအပါအဝင် လူတိုင်းက အလွန် ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။ အကယ်၍ ချူးယွင်ဖန်းတွင်ထိုသို့သော အနှိုင်းမဲ့နေသည့် တိုက်ပွဲရလဒ်မျိုးရှိသည်ကို သိခဲ့ကြပါက ၎င်းတို့က မိမိတို့ကိုယ်မိမိတို့ အရှက်ကွဲခံလိမ်မည်မဟုတ်ပေ။

အထူးသဖြင့် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားကောင်စီ၏ ဒုတိယခေါင်းဆောင်ပင်ဖြစ်သည်။ ခွန်အားအရဆိုရလျှင် ဝမ်ချီသည် ထန်ရှင်းယဲ့ထက်ပင် ပို၍ သန်မာသည်။ ထို့အပြင် သူသည် အလွန်ပြင်းထန်စွာရှုံးနိမ့်ခဲ့သည်ဖြစ်ရာ ထန်ရှင်းယဲ့က မည်ကဲ့သို့ အနိုင်ရနိုင်လိမ့်မည်နည်း။ မူလက ဤအရာသည် ချူးယွင်ဖန်းက ချူးယွင်ဖန်းကို ဖိနှိပ်ရန်အတွက် လုပ်ဆောင်မှုတစ်ခုဖြစ်ကာ ယခုမူဟာသတစ်ခုဖြစ်လာသည်။

ချူးယွင်ဖန်းကိုအသုံးပြု၍ သူ၏ အာဏာကို မြှင့်တင်ရမည့်အစား ချူးယွင်ဖန်း၏ အာဏာကို မြှင့်တင်နိုင်မည့် ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။ ထန်ရှင်းယဲ့သည် အသုံးပြုခံနေရသည်ကိုမသိသည့်အရူးဟု ချူးယွင်ဖန်းပြောခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။

ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားက ပြောခဲ့သည့်အရာအတွက်မူ ဝမ်ချီသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ဝင်ခဲ့ပြီးဖြစ်သော်လည်း ထန်ရှင်းယဲ့က ယင်းကိုမယုံကြည်ခဲ့ပေ။ နောက်ဆုံးတွင်မူ မျက်မြင်တွေ့ရခြင်းသည်သာ ယုံကြည်ရခြင်းဖြစ်သည်။ သို့သော် ချူးယွင်ဖန်းက ရယ်ဖွယ်ကောင်းလောက်အောင် သန်မာနေသည်မှာသေချာသည်။ ဤအခိုက်အတန့်တွင် ခြေသံများတဟုန်းဟုန်းကြားလိုက်ရသည်။ ဤအဖြစ်အပျက်၏ အလယ်ဗဟိုတွင် သန့်ရှားအဖွဲ့အစည်းဝင်များ နောက်ဆုံး၌ ပေါ်လာ၏။

အခန်း(၆၅၁) ကြီးနိုင်ငယ်နှင်းပဲလေ

ခြေသံတဟုန်းဟုန်းနောက်တွင် ဤပွဲ၏ တာဝန်ခံဖြစ်သော သန့်ရှားအဖွဲ့အစည်းခေါင်းဆောင်သည် နောက်ဆုံး၌ ရောက်ရှိလာ၏။ သာမန်ခန္ဓာကိုယ်အချိုးအစားရှိသည့်လူတစ်ယောက်ဦးဆောင်လာသော ကျောင်းသားများသည် ချူးယွင်ဖန်းကို ဝိုင်းရံထားကြသည်။

“အဲ့တာသူပဲ။ သူက စီနီယာထန်ကို ဒဏ်ရာရအောင်လုပ်လိုက်တာ”

အဓိကပုဂ္ဂိုလ်များရောက်လာပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ မြောက်ဘက်တက္ကသိုလ်မှ ကျောင်းသားကောင်စီဝင်များသည် ဆက်လက်၍ သည်းခံမနေကြတော့ပေ။ ဤမတိုင်မီတွင် ၎င်းတို့သည် ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ် နည်းလမ်းများဖြင့် ကြောင်အနေခဲ့ကြသည်။ ၎င်းတို့က ချူးယွင်ဖန်း၏ စွမ်းအားကို ဤမျှထိကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မထင်ခဲ့ကြပေ။ မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့်၌ရှိနေသည့် ထန်ရှင်းယဲ့သည် လက်သီးတစ်ချက်ကိုပင် မခံနိုင်ခဲ့သည်အထိ အလွန်အမင်း အင်အားနည်းခဲ့သည်။ သူက ချူးယွင်ဖန်း၏ လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ ရှုံးနိမ့်ခဲ့၏။ ၎င်းတို့‌ကျောင်းသားကောင်စီ၏ ခေါင်းဆောင်သည်ပင် ထိုကဲ့သို့ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။

ထန်ရှင်းယဲ့သည် မြေပြင်ပေါ်၌ လဲကျလျက် ငိုကြွေးနေသည်။ ၎င်းတို့က ချူးယွင်ဖန်းကို အလွန်ကြောက်ရွံ့နေကြသဖြင့် ရှေ့ထွက်ကာ သူ့ကို မကူညီဝံ့ကြပေ။ သို့သော် ယခုမူ ၎င်းတို့သည် သန့်ရှားအဖွဲ့အစည်းရောက်လာပြီဖြစ်ကြောင်းမြင်လိုက်ရသည်နှင့် လုံခြုံသွားပြီဟု ခံစားလိုက်ကြရသည်။

သန့်ရှားအဖွဲ့ဝင်များသည် ချူးယွင်ဖန်းနှင့် သူ့အဖွဲ့ကို ဝိုင်းရံထားကြသည်။ ၎င်းတို့က ဝိုင်းရံလိုက်သောအခါမှသာ သူသည် မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ကြရ၏။ အခြားတက္ကသိုလ်များစွာမှ လူများသည် ချူးယွင်ဖန်းကို သိကြသော်လည်း ၎င်းတို့က သူ့နာမည်ကိုသာသိကြခြင်းဖြစ်သည်။ သို့သော် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများအကြားတွင်မူ လူတစ်ဝက်ကျော်ခန့်က ချူးယွင်ဖန်း၏ အသွင်အပြင်ကို သိသည်။

ချူးယွင်ဖန်းသည် မကြာသေးမီမှစ၍ နာမည်ကြီးလာခဲ့ခြင်းဖြစ်ကာ သတင်းတစ်ခုပြီးတစ်ခု၌ သူ့နာမည်က ကျောင်းဖိုရမ်၏ အဓိကစာမျက်နှာ၌ ပေါ်လာတတ်သည်။ ၎င်းတို့က အာရုံမစိုက်ချင်လျှင်ပင် သူ့နာမည်ကို သတိထားမိကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းက သာမန်လူမဟုတ်ကြောင်းနှင့် ပန်းသီးပုတ်တစ်လုံးမဟုတ်ကြောင်း သိကြသည်။

သန့်ရှားအဖွဲ့အစည်းသည် ပြဿနာဖြစ်စေသူမှာ ချူးယွင်ဖန်းဖြစ်နေလိမ့်မည်ဟု မထင်ခဲ့ပေ။ သို့သော် ယခုအချိန်တွင် နောက်ပြန်ဆုတ်ရန်မှာအနည်းငယ်ခက်ခဲပေလိမ့်မည်။ ၎င်းတို့၏ အကြည့်များသည် ခေါင်းဆောင်သူ အသတ်လတ်ပိုင်းလူငယ်ဘက်သို့ရောက်သွားကြ၏။

ထိုလူငယ်၏ အမူအရာသည် အနည်းငယ်မသာမယာဖြစ်နေသည်။ သူသည်ကား သန့်ရှားအဖွဲ့အစည်းမှ ဒုခေါင်းဆောင်ဖြစ်သည့် လီဖုမှတပါး အခြားမဟုတ်ပေ။ သူသည် တွေ့ဆုံပွဲ၏ ကိစ္စများကို ကိုင်တွယ်ရန် တာဝန်ရှိသူဖြစ်သည်။ သန့်ရှားအဖွဲ့အစည်း၏ အခြားသူများက ဤကိစ္စကို ရှင်းရှင်းလင်းလင်းသိကြလိမ့်မည်မဟုတ်ပေ။ ရန်ငြှိုးရှိရန်မဆိုနှင့် ချူးယွင်ဖန်းနှင့် သန့်ရှားအဖွဲ့အစည်းသည် တစ်ကြိမ်တစ်ခါမျှပင် မတွေ့ခဲ့ဖူးကြပေ။

သို့သော် လီဖုသည် ဧကရာဇ်နန်းတော်က ယူထားသော နေရာကို မြောက်ဘက်တက္ကသိုလ် ကျောင်းသားကောင်စီသို့ ပေးခဲ့ခြင်းမှာ သူ့လုပ်ရပ်ဖြစ်ကြောင်း ကောင်းစွာသိသည်။ သူက ချူးယွင်ဖန်းကို ကောင်းမွန်စွာ ထွက်ပေါ်လာခွင့်မပေးလိုခဲ့သဖြင့် ချူးယွင်ဖန်း၏ မာန်တက်သောအပြုအမူများကိုလည်း ဖိနှိပ်ချင်ခဲ့သည်။

လီဖုလက်အောက်မှ လူများက ဤအရာကို မသိကြသော်လည်း လီဖုသည်မူ ချီရှောက်ဟွာက ချူးယွင်ဖန်းကို ပစ်မှတ်ထားနေကြောင်း သိသည်။ ၎င်းတို့အားလုံး ပြုတ်ကျပြီဖြစ်၍ သူလုပ်ခဲ့သည်နှင့်ပတ်သက်၍ အန္တရာယ်မရှိပေ။ ချူးယွင်ဖန်းက အတားအဆီးမရှိဘဲ ဤကဲ့သို့ တိုက်ခိုက်ဝံ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မြောက်ဘက်တက္ကသိုလ် ကျောင်းသားကောင်စီ၏ ဒုခေါင်းဆောင်သည် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ လီဖုက ချူးယွင်ဖန်းသည် သူ့ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း မသိသော်လည်း ဤအခြေအနေကိုကြည့်လျှင် ချူးယွင်ဖန်းက ထန်ရှင်းယဲ့ကို အလွယ်တကူအနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်ကို အတိအကျပြောနိုင်၏။

မည်သည်ကိုမျှမသိသော ထန်ရှင်းယဲ့နှင့်မတူသည်မှာ ချူးယွင်ဖန်းက ဝမ်ချီကို အနိုင်ယူခဲ့သည့်သတင်းသည် ပြည်ထောင်စုတက္ကသိုလ်တစ်ခွင်ပျံ့နှံ့လျက်ရှိသည်။ လူအများက ဝမ်ချီ မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ပြီဟူသော သတင်းကို ကောလဟာလတစ်ခုသာဖြစ်လိမ့်မည်ဟု ထင်ခဲ့သော်လည်း လီဖုကမူ မဟုတ်ကြောင်းသိသည်။ ချီရှောင်ဟွားသည် ကျန်းလင်းရှောင်ကို အမြဲတစေ သူ၏ ရန်ဘက်အဖြစ်မှတ်ယူထားခဲ့သဖြင့် ချီရှောင်ဟွာ၏ အကူ၊ လီဖု၏ ပစ်မှတ်မှာ ဝမ်ချီဖြစ်နေသည်မှာလည်း သဘာဝပင်ဖြစ်သည်။ မူလက ၎င်းတို့နှစ်ယောက်ကို အဆင့်တူသည်ဟု ပြော၍ရသော်လည်း ဝမ်ချီက မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းသွားကာ သူ့ထက်ခြေတစ်လှမ်းသာနေလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။ ဤသည်က လီဖုအတွက် ထိုးနှက်ချက်ကြီးတစ်ခုဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းပြီးဖြစ်သော ဝမ်ချီသည် ချူးယွင်ဖန်းကို ရှုံးနိမ့်သွားခဲ့သည်။ ဤအရာ လီဖုကို မည်ကဲ့သို့ မထိတ်လန့်စေဘဲ နေလိမ့်မည်နည်း။ လီဖုက ချူးယွင်ဖန်း ယင်းကို မည်ကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ကြာင်းမသိသော်လည်း ချူးယွင်ဖန်းက ဝမ်ချီကို အနိုင်ယူခဲ့သည်မှာ ငြင်းဆို၍မရသောအချက်သာဖြစ်သည်။

လီဖုက ညီနောင်စည်းလုံးခြင်းအဖွဲ့၏ စည်းမျဥ်းများကိုသုံးကာ ချူးယွင်ဖန်းကို ဖိနှိပ်ထားလိုသည်။ ချူးယွင်ဖန်းသည် တက်သစ်စကြယ်ပွင့်တစ်ပွင့်မျှသာဖြစ်သဖြင့် ယင်းကို သည်းခံရုံသာတတ်နိုင်လိမ့်မည်ဟု သူတွေးထားခဲ့သည်။ ယခုအချိန်တွင် မိမိ၏ အတွေးများလုံးဝမှားယွင်း‌သွားခဲ့ကြောင်း သိလိုက်သည်။ အချို့လူများသည် အရှက်ခွဲမှုကို သည်းခံရန် မွေးလာသောသူများမဟုတ်ပေ။ ယခု သူသည် ချူးယွင်ဖန်းကို ယင်းအရှက်ခွဲမှုကို သည်းခံခိုင်းနိုင်သည့် အခွင့်အရေးမျိုးမရှိကြောင်း သဘောပေါက်သွားသည်။

“မင်းက သန့်ရှားအဖွဲ့ရဲ့ ဒုခေါင်းဆောင် လီဖုပေါ့” ချူးယွင်ဖန်းက မေးသည်။

သူက သန့်ရှားအဖွဲ့အစည်းအကြောင်းစုံစမ်းထားပြီးဖြစ်သဖြင့် ယင်း၏ ဒုခေါင်းဆောင်များအကြောင်းကိုလည်း ကောင်းစွာသိထားသည်။

“ဧကရာဇ်နန်းတော်ရဲ့ တဲကို ဖျက်သိမ်းလိုက်တာ မင်းဆုံးဖြတ်ချက်လား” ချူးယွင်ဖန်းက အေးစက်စွာမေးသည်။

လီဖုက ငြင်းဆိုလိုသည့်သဘော ဖြင့် ပါးစပ်ဟလိုက်သောအခါ ချူးယွင်ဖန်းကဆက်ပြော၏။

“မင်း ငြင်းနေစရာမလိုပါဘူး။ ချီရှောင်ဟွားလုပ်တာမဟုတ်ဘဲ မင်းလုပ်တာပဲဖြစ်ရမယ်”

လူတိုင်းက ချူးယွင်ဖန်းကို သိချင်စိတ်ပြင်းပျစွာဖြင့် ကြည့်နေကြသည်။ ယင်းသည် လီဖု၏ လုပ်ရပ်ဖြစ်ကြောင်း ချူးယွင်ဖန်းက အဘယ်ကြောင့် ဤမျှထိသေချာနေသနည်း။

လီဖုသည်ပင်လျှင် နားမလည်နိုင်တော့ပေ။

“ချီရှောင်ဟွားက ငါ့ကို တရားဝင်ဖိတ်စာပို့ထားတာဆိုတော့ ငါ့ခွန်အားနဲ့ ငါက အဆင့်မှီတယ်ဆိုတာကို သိပြီးသားဖြစ်ရမယ်။ ဒါ့ကြောင့် ဖိတ်စာပို့လိုက်တာ။ သူ အဲ့လို ခိုးကြောင်ခိုးဝှက် နည်းတွေသုံးမှာမဟုတ်ဘူး။ ငါ့ကိုအဲ့နည်းတွေနဲ့လုပ်လို့ အသုံးမဝင်တာ သူသိပြီးသားပဲ။ သူ့သိက္ခာသူချတာမျိုးပဲဖြစ်နေလိမ့်မယ်”

လူတိုင်းက သဘောပေါက်သွားကြသည်။ သို့သော် ချူးယွင်ဖန်း၏ စကားများအရ ၎င်းတို့က အခြားအရာတစ်ခုကိုပါ နားလည်သဘောပေါက်သွားကြ၏။ ချူးယွင်ဖန်းနှင့် ချီရှောင်ဟွားတို့သည် အဆင့်တူတွင်ရှိနေသဖြင့် တစ်ယောက်ကိုတစ်ယောက်ထိုသို့သော နည်းလမ်းများသုံး၍ စမ်းသပ်လျှင် အသုံးမဝင်ကြောင်း သိထားကြပြီးဖြစ်သည်။ တက္ကသိုလ်တက်နေစဥ်ကာလ၌ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ ၎င်းတို့သည် လူသားမျိုးနွယ်၏ အနာဂတ်လက်ရွေးစင်များဖြစ်ကြသည်ဟု ဆိုလိုသည်။

“ချူးယွင်ဖန်း လွန်မလာနဲ့ မင်းက ညီနောင်စည်းလုံးခြင်းအဖွဲ့ရဲ့ စည်းမျဥ်းတွေကို ဖောက်နေတာပဲ။ မင်း ညီနောင်စည်းလုံးခြင်းအဖွဲ့ကို တစ်ယောက်တည်းတိုက်နိုင်မယ်လို့ ထင်နေလား။ ဒီစည်းမျဥ်းတွေက မျိုးဆက်တွေအများကြီးကြာအောင် တည်မြဲနေတာကွ”

ညီနောင်စည်းလုံးခြင်းအဖွဲ့အကြောင်း ထည့်ပြောပြီးနောက် လီဖုက သူ့ယုံကြည်မှုများ ပြန်ပြည့်လာသည်ဟု ခံစားလိုက်ရသည်။ သူ့အမြင်တွင် ချူးယွင်ဖန်းသည် ညီနောင်စည်းလုံးခြင်းအဖွဲ့ကို ဘယ်သောအခါမျှ ဆန့်ကျင်နိုင်လိမ့်မည်မဟုတ်ပေ။ မည်သူကမျှ ၎င်းတို့ကို မဆန့်ကျင်နိုင်ပေ။ ညီနောင်စည်းလုံးခြင်းအဖွဲ့၏ အာဏာသည် ကျောင်းသားကောင်စီထက်ပင် ကြီးမား၏။

“စည်းမျဥ်းတွေဟုတ်လား။ မင်းသေချာနားမလည်သေးဘူးထင်တယ်။ စည်းမျဥ်းတွေဆိုတာ အားနည်းတဲ့လူတွေလိုက်နာဖို့ သန်မာတဲ့ကောင်တွေက ချမှတ်ထားတာ။ ဆိုတော့ ငါစည်းမျဥ်းအသစ်တွေထုတ်ရင် မင်းလိုက်နာရမှာပဲ” ချူးယွင်ဖန်းက လက်နှစ်ဖက်ကို နောက်သို့ပစ်၍ ဂုဏ်ယူစွာပြောသည်။

“ညီနောင်စည်းလုံးခြင်းအဖွဲ့ကို သုံးပြီး ငါ့ကို အနိုင်ယူဖို့ဆိုတာ တကယ့်ဟာသပဲ။ ထန်ရှင်းယဲ့က ငါ့တဲကို လုသွားလို့ ငါသူ့ကို လက်သီးတစ်ချက်ပေးလိုက်တယ်။ မင်းက ငါ့ကို အကွက်ချရဲတယ်ဆိုတော့ ငါမင်းကို သင်ခန်းစာမပေးလို့ရမလား”

“မင်းလုပ်ရဲလား” လီဖုက လေးနက်သောအသံဖြင့် ပြောသည်။

“ငါက ဘာလို့မလုပ်ရဲရမှာလဲ။ ချီရှောင်ဟွားက ငါ့ကို ခေါ်ဖို့ ဒီပွဲကို စီစဥ်လိုက်တာ။ အခု ငါရောက်လာပြီလေ။ သူ့မှာ ဘယ်လို အကွက်လေးတွေရှိလဲဆိုတာ ကြည့်ချင်သေးတယ်”

ချူးယွင်ဖန်က ဤသို့ပြော၍ လီဖုကို ပိတ်ကာ ချက်ချင်းပင် စတင်လှုပ်ရှားလိုက်သည်။ သူက ဒုံးပျံတစ်စင်းကဲ့သို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လက်သီးကြီးတစ်လုံးထွက်ပေါ်လာ၏။

၎င်းသည် လီဖုထံသို့ လေကိုခွင်းကာ တိုက်ရိုက် ဦးတည်သွားသည့် အရိပ်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။

All Chapters