← Chapters

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း(၆၅၂) လီဖုအတွက် လက်သီးတစ်ချက်

ဘမ်း

ချူးယွင်ဖန်းအတွင် ၎င်းသည် သာမန်လက်သီးတစ်ချက်မျှသာဖြစ်သော်လည်း လီဖုအတွက်မူ ၎င်းသည် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံး ပြိုကွဲသွားလုလောက်သော လက်သီးတစ်ချက်နှင့်တူသည်။ ထိုလက်သီးထွက်လာသောအခါ ကမ္ဘာမြေတစ်ခုလုံးပြိုကျသွားပြီးနောက် အရာအားလုံးပျောက်ဆုံးသွားကာ ချူးယွင်ဖန်း၏ လက်သီးသာလျှင် ကျန်ခဲ့ပေလိမ့်မည်။

ချူးယွင်ဖန်းသည် ဒေါသဖြစ်နေသော ကျားတစ်ကောင်က ကောင်းကင်တစ်ခွင် ဟိန်းဟောက်၍ အရာအားလုံးကို ဖျက်ဆီးဖြစ်တော့မည့်အလား ပြောင်းလဲသွားသည်ထင်ရ၏။ လီဖုသည် ဤအရာနှင့် အလွန်ရင်းနှီးနေသည်။ ဤသည်က လက်သီး၏ စွမ်းအားဖြစ်ကာ သိုင်းပညာကို အမှန်တကယ်ကျင့်ကြံထားသောသူများသာလျှင် ၎င်းတို့၏ တိုက်ခိုက်မှုကို ဤကဲ့သို့သော နည်းလမ်းဖြင့် ပြင်းထန်လာစေနိုင်သည်။ ဤအခိုက်အတန့်တွင် လီဖုသည် ချူးယွင်ဖန်း၏ လက်သီးဖြင့် ထိမိသွားပြီဖြစ်ရာ ထိုအခါမှ ထန်ရှင်းယဲ့က အဘယ်ကြောင့် ဆိုးရွားစွာ ရှံးနိမ့်ခဲ့ရသည်ကို နားလည်သွားသည်။

‘ငါအားအကုန်ထုတ်သုံးရတော့မယ်’ လီဖုကတွေးသည်။ ဤခံစားချက်က သူ့ကို အလွန်အမင်းစိတ်ဓာတ်ကျစေသည်။ သူက ခုခံရန် ကြိုးစားလျှင်ပင် ရှံးနိမ့်မှုကို ခံစားမိနိုင်နေပြီဖြစ်သည်။ တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်မှာ ဒုတိယနှစ်သာရှိသေးသော ချူးယွင်ဖန်းက အဘယ်ကြောင့် ဤမျှထိ စွမ်းအားကြီးနေရသည်ကို နားမလည်နိုင်တော့ပေ။ လီဖု၏ ဒုတိယနှစ်ကျောင်းသားဘဝတွင် သူ ဤသည်ကို လုံးဝပင်မယှဥ်နိုင်ခဲ့ပေ။ ထို့အပြင် ဤအခိုက်အတန့်တွင် သူ့ထပ်မံတွေးရန် အချိန်မရှိတော့ပေ။ လီဖုက ကျယ်လောင်စွာကြုံးဝါး၍ ချူးယွင်ဖန်း၏ လက်သီးစွမ်းအားကို ဖြိုခွင်းရန် ကြိုးစားလိုက်သည်။ သို့သော် ၎င်းသည် လုံးလုံးလျားလျားအသုံးမဝင်တော့ပေ။

သူက လက်သီးတစ်ချက်သာ ပြန်လည် တုံ့ပြန်ရန် ကြိုးစားနိုင်လိုက်သဖြင့် ချူးယွင်ဖန်း၏ လက်သီးစွမ်းအားသည် သူ့ကို ပေပေါင်းများစွာ လွင့်ထွက်သွားစေခဲ့သည်။

ဘမ်း

လီဖုသည် ကျယ်လောင်စွာ ငိုကြွေးလျက် လွင့်ထွက်သွား၏။ သူက ချူးယွင်ဖန်း၏ လက်သီးဖြင့် မထိခဲ့သော်လည်း ထိုလက်သီးစွမ်းအားတစ်ခုတည်းကပင် ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်သည်။

၎င်းသည် ချက်ချင်းရှံးနိမ့်ခြင်းသာဖြစ်၏။

ဤအရာများအားလုံးကို ဖော်ပြရန် အချိန်များစွာကြာသော်လည်း အပြင်လူများအတွက်မူ ၎င်းသည် စက္ကန့်ဝက်အတွင်းတွင်ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ပထမဆုံးလှုပ်ရှားမှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသဖြင့် လူတိုင်းက သူသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျွမ်းကျင်သူဖြစ်ကြောင်း သိလိုက်ကြသည်။ ထိုသို့င် လီဖုသည် ချူးယွင်ဖန်း၏လက်ထဲ၌ အလွန်ပြင်းထန်စွာရှံးနိမ့်သွား၏။

“ဆက်တိုက်နှစ်ခါရှုံးတာပဲ။ မရီးဒျန်သန့်စင်ခြင်းအထွတ်အထိပ်အဆင့် သိုင်းသမားနှစ်ယောက်လုံး တစ်ဆက်တည်းရှံးသွားတာ။ သူတို့ရဲ့နာမည်တွေကို ငါကြားဖူးတဲ့အထိ သူတို့က အရမ်းနာမည်ကြီးတာ။ ဒါတောင် ဒီလောက် ကြောက်စရာကောင်းအောင် ရှုံးသွားကြသေးတယ်”

“ချူးယွင်ဖန်းက ကောလဟာလတွေပြောထားထက် ဆယ်ဆလောက်စွမ်းအားကြီးတယ်။ သူ မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေပြီများလား”

“ဘာလို့ ဒီလောက် စွမ်းအားကြီးနေရတာလဲ။ သူကအသက်နှစ်ဆယ်တောင်မပြည့်သေးဘူးလေ”

ချူးယွင်ဖန်းက လီဖုကို နောက်ထပ်လက်သီးတစ်ချက်ဖြင့်အနိုင်ယူလိုက်သည်။ မြောက်ဘက်တက္ကသိုလ် ကျောင်းသားကောင်စီဝင်များဖြစ်နေစေကာမူ၊ သန့်ရှားအဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်နေစေကာမူ ၎င်းတို့အားလုံး အလွန်ကြောက်ရွံ့နေကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့တွေးထားသည်ထက် များစွာ စွမ်းအားကြီး၏.

ဧကရာဇ်နန်းတော်၏ အဖွဲ့ဝင်များအတွက်မူ ၎င်းတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့၏ ခွန်အားဖြင့် ၎င်းတို့ကို အင်အားနည်းသည်ဟုပင် ယူဆနိုင်၏။ ၎င်းတို့ကို ပြည်ထောင်စုတက္ကသိုလ်၏ လက်ရွေးစင်များဟု ယူဆနိုင်သော်လည်း တကယ်တမ်းတွင် ၎င်းတို့သည် အနာဂတ်၌ မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ခြေများစွာရှိသည်။ ၎င်းတို့က ဧကရာဇ်နန်းတော်သို့ အလွယ်တကူ ဝင်လာခဲ့ကြခြင်းမဟုတ်ပေ။ ဤနေရာသို့ဝင်လာခဲ့ခြင်းမှာ ချူးယွင်ဖန်းကြောင့်သာဖြစ်သည်။ ချူးယွင်ဖန်း၏ ဆောင်ရွက်မှုသည် ထူးချွန်လှကာ အနာဂတ်သည်လည်း အကန့်အသတ်မဲ့သည်။ လူတိုင်းက ချူးယွင်ဖန်းနောက်သို့လိုက်လျှင် စိတ်မကူးနိုင်လောက်သော အကျိုးအမြတ်များရလာနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။

အကြောင်းပြချက်မရှိလျှင် ချစ်ခြင်းမေတ္တာပင် မရှိသကဲ့သို့ အကြောင်းပြချက်မရှိသော အမုန်းတရားများလည်းမရှိပေ။ ၎င်းတို့သည် ၎င်းတို့၏ ရေရှည်အနာဂတ်ကို တွေးထားခဲ့ကာ ချူးယွင်ဖန်းသည် အနာဂတ်တွင် ပြည်ထောင်စုတစ်ခုလုံးကို အုပ်စိုးနိုင်မည့် ပုဂ္ဂိုလ်ကြီးများထဲမှ တစ်ယောက်ဖြစ်နိုင်ကြောင်း သေချာသည်။ ၎င်းတို့က မိမိတို့ကိုယ်မိမိတို့ အားကိုးမှီခိုနေလျှင် အများဆုံးအနေဖြင့် ပြည်ထောင်စု၏ သာမန် အထက်တန်းစားလက်ရွေးစင်များသာဖြစ်လာနိုင်သည်။ သို့သော် အကယ်၍ ချူးယွင်ဖန်းနောက်သို့လိုက်လျှင် အခြေအနေသည် လုံးဝကွဲပြားပေလိမ့်မည်ဖြစ်သည်။

၎င်းတို့က အနာဂတ်တွင် နောက်ထပ်ခြေတစ်လှမ်းပင် လှမ်းနိုင်ကြပေလိမ့်မည်။

ကျန်းလင်းရှောင်တွင် ထိုသို့သော အလားအလာမျိုးရှိသော်လည်း သူနာမည်ကြီးခဲ့သည်မှာကြာပြီဖြစ်၍ မရေမတွက်နိုင်အောင်များပြားသော နောက်လိုက်များလည်းရှိနေပြီဖြစ်သည်။ ဝမ်ချီကဲ့သို့ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများပင်လျှင် သူ၏နောက်လိုက်များဖြစ်၏။

ထို့အပြင် ကျောင်းသားကောင်စီ၌ ၎င်းတို့အဆင့်တွင်ရှိနေသောသူများစွာရှိသည်။ ထို့ကြောင့် ထိုနေရာတွင်အရေးကြီးသော နေရာများရနိုင်ရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းသည်မူ ကွဲပြားသည်။ သူသည် လတ်တလောတွင်မှ စွမ်းအားများတိုးတက်လာသည်ဖြစ်ကာ သူ၏ အနာဂတ်သည် အကန့်အသတ်မဲ့သည်။ အကယ်၍ ၎င်းတို့က ယခု သူနှင့်ပူးပေါင်းလျှင် ပံ့ပိုးသူကောင်းများဖြစ်လာနိုင်သည်။

ထို့အပြင် ယခုလည်း ချူးယွင်ဖန်းက ၎င်းတို့ ယခင်တွေးထားသည်ထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းတို့ မော့ကြည့်ရသော ထန်ရှင်းယဲ့နှင့် လီဖုတို့ကဲ့သို့ စွမ်းအားကြီးသူများပင်လျှင် ထိုကဲ့သို့ ရှုံးနိမ့်သွားရသည်။ ၎င်းတို့သည် လက်သီးချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားကြရ၏။

ထို့အပြင် ချူးယွင်ဖန်းသည် ၎င်းတို့၏ သိက္ခာကို ပြန်လည်ဆယ်ယူပေးရန် အနည်းငယ်မျှ တုံ့ဆိုင်းမနေပေ။ သူသည် ညီနောင်စည်းလုံးခြင်းအဖွဲ့ကဲ့သို့သော ကြီးမားသော အာဏာပိုင်များကိုပင် ဆန့်ကျင်ရန် တုံ့ဆိုင်းမနေပေ။ မိမိ၏လူများကို ကာကွယ်ပေးတတ်သော ထိုသို့သော သူမျိုးအတွက် နောက်လိုက်ဖြစ်ရခြင်းက တန်သည်။

၎င်းတို့ မည်မျှ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသောအခါ ချူးယွင်ဖန်းကခေါင်းညိတ်ပြလိုက်သည်။ ဤသည်က သူ၏ ပန်းတိုင်ပင်ဖြစ်သည်။ သူ၏ စွမ်းအားကို ပြသခြင်းမှ ပြဿနာရှာနေသော အပြင်လူများအတွက်သာမက သူ့နောက်လိုက်ချင်သော ကျွမ်းကျင်သူများအတွက်လည်းဖြစ်သည်။ အကယ်၍ သူ့နောက်လိုက်များကို အခြားသူများအနိုင်ကျင့်ခွင့်ပြုထားကာ ဂရုမစိုက်ပါက ဧကရာဇ်နန်းတော်သည် စစ်မှန်သော ကျွမ်းကျင်သူများကို ရနိုင်လိမ့်မည်မဟုတ်ပေ။

ဖွီး

လီဖု၏ ပါးစပ်မှ သွေးအပြည့်အန်ထွက်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ကျိုးကြေသွားစေနိုင်သည့် စွမ်းအားကြီးသော လက်သီးစွမ်းအားတစ်ခု ဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ့မျက်လုံးများထဲမှ မယုံမကြည်နိုင်ဖြစ်နေသည့်အငွေ့အသက်များကို ထွင်းဖောက်မြင်နေရသည်။ လက်သီးတစ်ချက်တည်းကပင် သူ၏ ခုံခံအားများအားလုံးကို ပျောက်ကွယ်သွားစေသည်။ ဤစွမ်းအားသည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်း၏။

လီဖုက ချီရှောင်ဟွား၏ အကြံကို သိသည်။ ဤအချိန်တွင် ၎င်းက သေချာလုနီးနေသည်ဟု သူခံစားမိ၏။ သို့သော် အပြင်မှကြည့်လျှင်ပင် ၎င်းသည် ဤမျှမရိုးရှင်းပေ။

“ချူးယွင်ဖန်း မင်းက တကယ်ပဲ ငါ့လူတွေကို ဒဏ်ရာရအောင်လုပ်ရဲတယ်ပေါ့။ ဘယ်လောက်တောင် ရဲတင်းနေတာလဲ”

ထိုအခိုက်အတန့်တွင် ကျယ်လောင်သော ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာကာ အဝေးမှကြားလျှင်ပင် အလွန်ပြင်းထန်သော ဒေါသကို ခံစားမိနိုင်သည်။

ချူးယွင်ဖန်း၏ အမူအရာက အေးစက်သွားသည်။ စစ်မှန်သော ဆရာတစ်ဆူရောက်လာပြီဖြစ်ကြောင်း ချူးယွင်ဖန်းသိလိုက်သည်။ လီဖုသည် အသုံးခံတစ်ကောင်မျှသာဖြစ်သည်။

“မင်းဘာတွေ ဟန်ဆောင်နေတာလဲ။ ရောက်နေပြီဆိုမှတော့ ထွက်လာခဲ့စမ်းပါ” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောသည်။

လူတိုင်းက ထိတ်လန့်သွားကြသည်။ ကြားနေများအားလုံးက ၎င်းမှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းပြီးလိုက်ကြပြီဖြစ်သည်။ ၎င်းမှာ ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံးတွင် ဒုတိယအသန်မာဆုံးဖြစ်သည့် သန့်ရှားအဖွဲ့အစည်း၏ ဥက္ကဌ ချီရှောင်ဟွားမှတပါး မည်သူဖြစ်လိမ့်မည်နည်း။

နောက်ထပ် အချိန်အနည်းငယ်အကြာတွင် ချီရှောင်ဟွား၏ အလွန်နူးညံ့သည့်ထင်ရသော ခန္ဓာကိုယ်သည် ခန်းမအလယ်၌ ထွက်ပေါ်လာ၏။ သူသည် နူးညံ့သည့်ပုံထင်ရသော်လည်း သူ့ကိုယ်မှထွက်နေသော ပြင်းထန်ကြမ်းတမ်းသော ရောင်ဝါသည် လူတိုင်းကို အနားသို့ကပ်ခြင်းမှတုံ့ဆိုင်းသွားစေသည်။

“အဲ့တာပဲ။ ချီရှောင်ဟွားရောက်နေပြီ။ ချူးယွင်ဖန်းတော့ ဒီတစ်ခါ ပြဿနာတက်ပြီ”

“အင်း ချူးယွင်ဖန်းကအရမ်းမာန်တက်နေလွန်းတယ်။ ဒီတစ်ခေါက်က ဒီပွဲတော်မှာ ချီရှောင်ဟွားတာဝန်ယူတဲ့ ပထမဆုံးအကြိမ်ပဲ။ ချူးယွင်ဖန်းက ပြဿနာရှာပြီး ချီရှောင်ဟွားနဲ့ထိပ်တိုက်တွေ့ရတော့မယ်”

“ငါသာ ချီရှောင်ဟွားဆိုရင် ဒီကိစ္စကို ကြေအေးပေးမှာမဟုတ်ဘူး”

လူတိုင်းက စိတ်အားထက်သန်စွာဆွေးနွေးနေကြသည်။ တစ်ဖက်တွင်မူ ကျောင်းသားဟောင်းဖြစ်ကာ တစ်ဖက်သည် တက်သစ်စကြယ်ပွင့်တစ်ပွင့်ဖြစ်သည်။ ၎င်းတို့အားလုံး အလွန်စွမ်းအားကြီးသည်ဟုထင်ရသည်။

သို့သော် ၎င်းတို့၏ နှလုံးသားထဲ၌ ချီရှောင်ဟွားကို ပို၍ နေရာပေးထားသည်မှာ သံသယဖြစ်နေရန်ပင်မလိုပေ။ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျွမ်းကျင်သူဖြစ်၍ ကျန်းလင်းရှောင်၏ ဒုတိယဖြစ်သည်။ ကျန်းလင်းရှောငအပြင် မည်သူကမျှ ချူးယွင်ဖန်းက ချီရှောင်ဟွားကို အနိုင်ယူနိုင်သည့်သတင်းမကြားကြဖူးသေးပေ။

ဤဆွေးနွေးမှုများက ဂေါင်ဟုန်ချီနှင့် ဧကရာဇ်နန်းတော်မှ အခြားသူများကို စိုးရိမ်လာစေသည်။ ၎င်းတို့က ချူးယွင်ဖန်းကို မယုံကြခြင်းမဟုတ် ချီရှောင်ဟွား၏ ဂုဏ်သတင်းသည် အလွန်ကြီးမားလှ၍ လူတိုင်းနီးပါးက ချီရှောင်ဟွားမည်မျှသန်မာသည်ကို သိကြသည်။

ချီရှောင်ဟွားသည် ထိုအဖြစ်အပျက်၏ အလယ်သို့ဝင်လာကာ ချူးယွင်ဖန်းကို အဝေးမှ မျက်နှာချင်းဆိုင်လိုက်သည်။

တိုက်ပွဲစစ်တစ်ပွဲသည် အချိန်မရွေးစတင်တော့မည်ဖြစ်သည်။

အခန်း(၆၅၃) မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလေးယောက် စုဝေးခြင်း

"ချူးယွင်ဖန်း၊ မင်းက သတ္တိကောင်းတာ သေချာတယ်" ချီရှောင်ဟွားက မနာလိုသောအမူအရာဖြင့် ပြောသည်။

“နောက်ဆုံးတော့ မင်းပေါ်လာပြီပေါ့၊ ပြီးတော့ မင်းဘေးမှာထိုင်ပြီး စောင့်ကြည့်နေမယ်လို့ ငါထင်နေတာ” ချူးယွင်ဖန်းက လှောင်ပြောင်၍ ပြော၏။ "

"မင်းက ပြဿနာတွေဖြစ်အောင်လုပ်ပြီး ညီနောင်စည်းလုံးခြင်းအဖွဲ့ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တာပဲ။ ငါဒါကို သည်းခံမှာမဟုတ်ဘူး” ချီရှောင်ဟွားက အေးစက်စွာကြည့်၍ ပြောသညသည်။

"စည်းမျဥ်းတွေကို ချိုးဖောက်တာလား လီဖုက မင်းခိုင်းလို့လုပ်ခဲ့တာမဟုတ်ပေမယ့် မင်းလှုံ့ဆော်ခဲ့တာပဲ။ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိမှန်းငါသိသားပဲ။ ငါဒီကို မပြင်မဆင်ဘဲလာလိမ့်မယ်လို့ မင်းထင်နေလား”

"ဟားဟားဟားဟားဟား ချူးယွင်ဖန်း မင်းက ငါထင်ထားတာထက် ဉာဏ်ပိုကောင်းသားပဲ”

ချီရှောင်ဟွားသည် သူ၏ ရည်ရွယ်ချက်အစစ်မှန်က သိသာနေပြီဖြစ်သောကြောင့် ဆက်လက်၍ ဟန်ဆောင်မနေတော့ဘဲ ရယ်မောလိုက်သည်။”

"ကောင်းကင်ဘုံနဂါးအကြီးအကဲရဲ့ ဖိတ်စာအတွက် မင်းဒီကို ရောက်လာတာလား" ချူးယွင်ဖန်း က ဖြည်းညှင်းစွာပြောသည်။

"မှန်တယ်။ အဲဖိတ်စာကို ရဖို့ ငါစိတ်ပိုင်းဖြတ်ထားတယ်၊”ချီရှောင်ဟွားက မဆိုင်းမတွ ပြောသည်။

“ငါ ကျန်းလင်းရှောင်နဲ့ တိုက်ပွဲဖြစ်တာ နှစ်အတော်ကြာပြီ။ အခု ငါဘွဲ့ရတော့မှာမို့ အနိုင်ရသူကို ဆုံးဖြတ်ရမယ့် အချိန်ပဲ။ မင်းနဲ့ ကျန်းလင်းရှောင်တို့ဟာ မရဏတိုက်ပွဲမှာ သဘောတူညီချက်တစ်ခုရှိတယ်ဆိုတာ ငါသိတယ်။ ဖိတ်စာကို လွှဲပေးရင် မင်းကို ငါကာကွယ်ပေးမယ်။ ဒါဆိုရင် ကျန်းလင်းရှောင်က မင်းကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

"ငါ့ကို ကာကွယ်ပေးမယ်ဟုတ်လား ဟားဟားဟား မင်းကများ… မင်း အခြေအနေကို မင်း မသိဘူးထင်တယ်”

ချူးယွင်ဖန်း တွေးနေပုံကိုလည်း မည်သူမျှမသိကြပေ။ ၎င်းတို့၏ ထင်မြင်ချက်အရ ကျန်းလင်းရှောင်ကို ချူးယွင်ဖန်းက စိန်ခေါ်ခဲ့ခြင်းသည် ကျော်ကြားမှုကို ရိုက်ချရန်မှတပါး အခြားအကြောင်းပြချက်မရှိဟု ထင်ခဲ့ကြသည်။ ချူးယွင်ဖန်းက မိမိကိုယ်မိမိ ကာကွယ်နိုင်လျှင် လုံလောက်နေပြီဖြစ်သည်ဟုထင်ကြကာ သူ့တွင် ကျန်းလင်းရှောင်ကို အမှန်တကယ်သတ်ချင်နေကြောင်းမသိကြပေ။

“မင်း ငါ့ရဲ့ ဖိတ်စာကို လိုချင်ရင် လာယူလိုက်ပါ။ ဒါပေမယ့် မင်းတစ်ယောက်တည်းနဲ့မလောက်မှာစိုးတယ်” ချူးယွင်ဖန်းက လက်နှစ်ဖက်ကို နောက်ကျော၌ ယှက်၍ ပြောလိုက်သည်။

"ချူးယွင်ဖန်း မင်းက နည်းနည်းမာန်တက်နေတာမဟုတ်ဘူးလား"

နောက်ထပ် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။ ခဏအကြာတွင် လူအုပ်ထဲမှ မြင်ဖူးနေကျသော အသွင်အပြင်ကို မြင်လိုက်ကြရသည်။

"ဒါက ဝမ်ချီပဲ။ ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားကောင်စီရဲ့ ဒုဥက္ကဌ”

တစ်ချို့လူများသည် ၎င်းတို့၏ရှေ့မှလူကို ချက်ချင်းမှတ်မိကြသည်။ သူသည်လည်း နာမည်ကြီးပုဂ္ဂိုလ်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့နေရာမျိုးမှ ကျောင်းသားကောင်စီ ဒုက္ကဌကို ဒဏ္ဍာရီလာအဖြစ်သတ်မှတ်ထားကြပြီးဖြစ်သည်။

“ဆိုတော့ မင်းက… ငါ့ဆီမှာရှုံးသွားတဲ့ကောင်ပဲ။ ကိုယ့်ကိုကိုယ် အရှက်ခွဲဖို့ သတ္တိရှိနေတုန်းပဲလား” ချူးယွင်ဖန်း သည် မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲခြင်းမရှိဘဲ ဝမ်ချီသည် ကြီးကြီးမားမားကိစ္စမဟုတ်သကဲ့သို့ပင် သာမန်ကာလျှံကာ ကြည့်လိုက်သည်။ ထိုမှသာ ပြည်ထောင်စုတက္ကသိုလ်မှမဟုတ်သော ကျောင်းသား အများအပြားသည် ယခင်က နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိသွားကြသည်။ ထိုပွဲ၌ ချူးယွင်ဖန်း အနိုင်ရသွားသကဲ့သို့ထင်ရ၏။ ချူးယွင်ဖန်း သည် အခြားတက္ကသိုလ်များတွင် ကျော်ကြားသော ဝမ်ချီကို အနိုင်ယူခဲ့သည်။

“ကောလဟာလတွေအရ ဝမ်ချီဟာ မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေပြီတဲ့ ဒါအမှန်လား”

“မမှန်လောက်ဘူးထင်တယ်။ တကယ်လို့ သူသာ မွေးဖွားခြင်းနယ်မြေအဆင့်ရောက်နေရင် ချူးယွင်ဖန်းက သူ့ကို ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ”

လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးကြသည်။

“မျှော်လင့်ထားသလိုပဲ အလကားကျွေးတာ မရှိဘူး။ ဒါပေမယ့် ဒီဟာက ထောက်ချောက်ဖြစ်နေရင်တောင် သေးလွန်းတယ်ကွ။ ချီရှောင်ဟွား ငါအရင်ကနိုင်ဖူးတဲ့ သူ့ဆီမှာ ငါရှုံးလိမ့်မယ်လို့ မင်းတကယ်မျှော်လင့်ထားလား။" ချူးယွင်ဖန်းက ချီရှောင်ဟွားဘက်သို့ကြည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ထိုသို့သောအခြေအနေအောက်တွင် ချူးယွင်ဖန်းသည် မာန်တက်နေဆဲဖြစ်၏။ သူ့ခွန်အားအစစ်အမှန်ကို မည်သူမျှ မသိကြပေ။

"ဒါပေမယ့် မင်းအကြောင်း ငါအရင်က ကြားဖူးတယ်။ မင်းက မင်းမယုံတဲ့ဟာကို ဘယ်တော့မှ မလုပ်ဖူးဘူး။ မင်းက ကျန်းလင်းရှောင်နဲ့ နှစ်အတော်ကြာ ရန်ဖြစ်နေပေမယ့် သူမင်းကို လုံးဝအနိုင်မယူနိုင်ခဲ့သေးဘူး။ မင်းက အမြဲတမ်း နည်းစနစ်ကျကျနဲ့ လုပ်တယ်။ ဒါက မင်းလုပ်နိုင်တဲ့အရာရဲ့ အဆုံးမဟုတ်ဘူးဆိုတာ ငါသေချာတယ်။ မင်းမှာ တခြားလှည့်ကွက်တွေရှိလား။ အဲဒါတွေအကုန်သုံးလိုက်” ချူးယွင်ဖန်း အေးစက်စွာပြုံး၍ပြောသည်။

ချီရှောင်ဟွားက သူ့ခေါင်းကို နောက်ပြန်ရိုက်ချလိုက်ပြီးနောက် ဝုန်းခနဲ ရယ်မောလိုက်သည်။

“ဟားဟားဟား၊ မင်းက ဒီလောက် တည့်တိုးဆန်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး”

"ချူးယွင်ဖန်း ငါတို့ မင်းနဲ့ ရန်မဖြစ်ချင်ဘူး။ ဖိတ်စာကို မင်းလွှဲပေးရင် ဒီကိစ္စကို လက်လွှတ်ပေးလိုက်မယ်” လူအုပ်ထဲမှ ကြံ့ခိုင်သန်မာသော ကိုယ်လုံးကိုယ်ပေါက်ရှိသော လူငယ်တစ်ဦးထွက်လာ၏။

ထိုအချိန်တွင် လူအုပ်ကြီးက ပို၍ပင် အံ့သြသွားသည်။

"ဒါ သူပဲ ကျားဟန်ဟိုင်ပဲ”

လူများစွာသည် ၎င်းတို့၏ အဆုတ်များပေါက်ကွဲလုသည်အထိ အော်လိုက်ကြသည်။ ဝမ်ချီသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း ၎င်းသည် မှန်ကန်ခြင်း ရှိ၊ မရှိကို လူအများက မသိခဲ့ကြပေ။ သို့သော် ကျားဟန်ဟိုင်က မတူပေ။ သူသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း လူတိုင်းသိသည်။

"ငါတို့က မွေးဖွားခြင်းနယ်မြေအဆင့်ကို ဝင်ရောက်နေပြီဖြစ်သော ဝမ်ချီပါ၀င်ပါက၊ ယခုအခါ မွေးဖွားခြင်းနယ်မြေကျွမ်းကျင်သူ သုံးဦးရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်းက အသားသေပဲ။”

“မွေးဖွားခြင်းနယ်မြေအဆင့်ကို ရောက်နေလောက်မယ့်ဝမ်ချီပါအပါအဝင်ဆိုရင် မွေးဖွားခြင်းနယ်မြေအဆင့် သိုင်းသမားသုံးယောက်ရှိတယ်။ ချူးယွင်ဖန်းက အသားသေပဲ”

"ဒီစာရင်းက နည်းနည်းချဲ့ကားလွန်းတယ်"

“ပြည်ထောင်စုတက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီကနဲ့ သန့်ရှားအဖွဲ့က အမြဲမတည့်ခဲ့ဘူးလေ။ အဲ့ပြင် ကျန်းလင်းရှောင်နဲ့ ချီရှောင်ဟွားတို့က နှစ်တွေအကြာကြီးတိုက်ခိုက်လာကြတာ။ ဝမ်ချီက တကယ်ပဲ ချီရှောင်ဟွားနဲ့ ပူးပေါင်းလိုက်လိမ့်မယ်လို့ ငါမထင်ထားဘူး။ ကျန်းလင်းရှောင်က သူ့ကို ခိုင်းလိုက်တာများဖြစ်နိုင်လား”

“အဲ့တာမဖြစ်နိုင်ဘူး။ ချူးယွင်ဖန်းက ကျန်းလင်းရှောင်ကို လူသိရှင်ကြားစိန်ခေါ်ထားတာ။ ကျန်းလင်းရှောင်က အဲ့လို ဝင်ပါဖို့မဖြစ်နိုင်မှာစိုးတယ်။ မဟုတ်ရင် နောင်မှာ လူထုရဲ့ ယုံကြည်မှုကို ဘယ်လိုလုပ်ရနိုင်တော့မှာလဲ”

လူတိုင်းက စိတ်အားထက်သန်စွာဆွေးနွေးနေကြသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့၏ မျက်လုံးထဲ၌ ချူးယွင်ဖန်း၏ ရှုံးနိမ့်မှုသည် အလွန်မဖြစ်နိုင်လှဟုထင်မိသည်။ ချီရှောင်ဟွားနှင့် အခြားသူများက ပြည်ထောင်စု၏ ဥပဒေများကို စိန်ခေါ်ဝံ့သည်အထိ မရဲတင်းကြသော်လည်း ဤတစ်ကြိမ်တွင် ချူးယွင်ဖန်း မျက်နှာပျက်ရမည်မှာသေချာသည်။ ဤသည်က သူ့ကဲ့သို့သော ဂျူနီယာမျိုးအတွက် ကြီးမားလှသည့် ထိုးနှက်ချက်ကြီးတစ်ခုပင်ဖြစ်သည်။

ဤသည်က အကြီးတန်းကျောင်းသားများ၏ ဆန္ဒနှင့် ကိုက်ညီနေသည်ဖြစ်ရာ ချူးယွင်ဖန်းကဲ့သို့ ကျောင်းသားသစ်မျိုးက အမှန်ပင် မာန်တက်နေခြင်းဖြစ်သည်။

“မလုံလောက်ဘူး။ မလုံလောက်ဘူး။ မင်းတို့ငါ့ကို ဦးညွတ်စေချင်ရင် ဒီလောက်နဲ့မလုံလောက်ဘူး”

“ချူးယွင်ဖန်း မင်းက တကယ် ကောလဟာလတွေအတိုင်းပဲ မာန်တက်နေတာပဲ။ မင်း ဒီနေ့ လွတ်မြောက်ဖို့ကို မေ့ထားလို့ရပြီ။ ငါတို့ မိသားစုရဲ့ ကျဆုံးသွားရတဲ့ သူရဲကောင်းအတွက် ငါ အတိုးပြန်ယူရမယ်”

ဤအခိုက်အတန့်တွင် နောက်ထပ် အေးစက်သော အသံတစ်ခုထွက်ပေါ်လာသည်။ အရပ်ရှည်၍ ပိန်ပါးသော လူငယ်တစ်ယောက်သည်လည်း ထပ်မံရောက်ရှိလာကာ အနားရှိ သီးသန့်ခန်းထဲမှ ပျံထွက်လာသည်။

“မင်းနာမည်ကို ပြောစမ်း” ချူးယွင်ဖန်းက ထိုလူငယ်ကိုကြည့်၍ တည့်တိုးပြောလိုက်သည်။

“ခေါင်းဆောင် မင်းရောက်ပြီပဲ”

“ဤလူကို မြင်သောအခါ မြောက်ဘက်တက္ကသိုလ်ကျောင်းသားကောင်စီဝင်များအားလုံး ချက်ချင်းပျော်သွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်း၏ လက်သီးဖြင့် ထန်ရှင်းယဲ့လွင့်ထွက်သွားသည်ကို မြင်၍ အလွန်ကြောက်လန့်နေခဲ့ကြရာ ယခု ၎င်းတို့၏ ထောက်တိုင်က ရောက်ရှိလာပြီဖြစ်၏။

ချူးယွင်ဖန်းက အရာအားလုံးကို ချိတ်ဆက်ကြည့်လိုက်ပြီးနောက် မြောက်ဘက်တက္ကသိုလ်ကျောင်းသားကောင်စီက သူနှင့်ရန်ငြှိုးမရှိဘဲ အဘယ်ကြောင့်လီဖုနှင့် ပူးပေါင်းကာ သူ့ကို အရှက်ခွဲရန် ကြိုးစားခဲ့သည်ကို နားလည်သွားသည်။

မြောက်ဘက်တက္ကသိုလ်ကျောင်းသားကောင်စီ ဥက္ကဌသည် ဟွမ်မိသားစုမှကျွမ်းကျင်သူတစ်ဦးဖြစ်၏။

ယခုအခါ အရာများအားလုံးက အဓိပ္ပါယ်ရှိလာပြီဖြစ်သည်။

အခန်း(၆၅၄) လူအုပ်တစ်အုပ်လုံး၏ စိတ်ဝင်စားမှု

မြောက်ဘက်တက္ကသိုလ် ကျောင်းသားကောင်စီဥက္ကဌသည် ဟွမ်မိသားစုဝင်တစ်ဦးဖြစ်နေ၏။ အရာအားလုံးက မျှော်လင့်ထားသကဲ့သို့ပင်ဖြစ်လာသည်။ ဟွမ်မိသားစုဝင်များက လာ၍ ပြဿနာရှာခြင်းသည် အလွန်ပုံမှန်မျှသာဖြစ်သည်။ ချူးယွင်ဖန်းနှင့် ကျန်းလင်းရှောင်တို့ကြား မကျေမနပ်ဖြစ်မှုမပါအဝင် ချူးယွင်ဖန်းသည် ကျန်းနှင့် ဟွမ်မိသားစုများ၏ ကျွမ်းကျင်သူများကို တယောက်ပြီးတယောက် သတ်ခဲ့သည့်အချက်တို့ကြောင့် မိသားစုနှစ်ရပ်စလုံးသည် ယခုအခါ ဘုံရန်သူအဖြစ်သို့ ရောက်သွားကြသည်။

နေ့စဉ်နေ့တိုင်း အတွင်းပဋိပက္ခများ မည်မျှပင်ရှိနေစေကာမူ ပြင်ပလောကနှင့်ရင်ဆိုင်ရသောအခါ၌လည်း တသမတ်တည်း ဖြစ်နေကြသည်။ ပြင်ပကလောက၌ ၎င်းတို့လုပ်ချင်သောအရာမှန်သမျှကို လုပ်နိုင်ကြောင်း ၎င်းတို့ သိသည်။ အတိုင်းအတာတစ်ခုအထိ ၎င်းတို့မိသားစု၏ နာမည်ဂုဏ်သတင်းကို မှီခိုအားထားကြသည်။

ယခုတွင် တစ်စုံတစ်ယောက်သည် မိသားစုနှစ်စုကို နှောင့်ယှက်ခဲ့သဖြင့် ၎င်းတို့၏ ရှင်သန်မှုအခြေခံအုတ်မြစ်ကို အန္တရာယ်ဖြစ်စေခဲ့သည်။ ဤအရာကို သိရပြီးနောက် ချူးယွင်ဖန်းသည် ထူးဆန်းသည်ဟု မတွေးတော့ပေ။

“ဆိုတော့ မင်းက ဟန်ကျန်ကွင်းပေါ့”

ချူးယွင်ဖန်းသည် သူ၏စနစ်ရှိ စွယ်စုံကျမ်းမှတစ်ဆင့် ဤလူ၏အမည်ကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှာ မြောက်ဘက်တက္ကသိုလ်မှ အကြီးတန်းကျောင်းသား ဟွမ်ကျန်ကျွင်းဖြစ်သည်။ သူသည် မြောက်ဘက်တက္ကသိုလ်၏ လက်ရှိ နံပါတ်တစ် ကျွမ်းကျင်သူလည်း ဖြစ်သည်။ တကယ်တမ်းတွင် ဤနေရာသို့ရောက်နေကြသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူလေးယောက်လုံးသည် အကြီးတန်းကျောင်းသားများဖြစ်ကြသည်။

တတိယနှစ်ကျောင်းသားများမဆိုနှင့် အကြီးတန်းကျောင်းသားများပင်လျှင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ရန် ခက်ခဲလှသည်။ သို့ထိတိုင် ၎င်းတို့သည် သက်တူရွယ်တူများကြား၌ ထိပ်တန်းပုဂ္ဂိုလ်များဟု သတ်မှတ်ခံထားကြရသည်။ ဤသူများသည် အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်အထွတ်အထိပ်သို့ရောက်ရန် အခွင့်အလမ်းရှိကြသည်။

"မဆိုးပါဘူး"

ဟွမ်ကျန်ကျွင်းသည် ရှည်လျားသော သိုင်းဝတ်စုံကို ၀တ်ဆင်ထားကာ သွယ်လျသော အသွင်အပြင်ရှိ၍ နားလည်ရန်ခက်ခဲသော ရောင်ဝါမျိုးရှိသည်။

“မလုံလောက်သေးဘူးလို့ မင်းဆက်ပြီးပြောနေတာပဲ။ ဒါဆို ငါ့ကိုပါ ထည့်တွက်လိုက်။ အခုလုံလောက်ပြီလား”

ဟွမ်ကျန်ကျွင်းသည် ချူးယွင်ဖန်းကို ရွံမုန်းသော အကြည့်ဖြင့် ကြည့်နေသည်။ မိသားစုကြီးတစ်ခု၏ မိသားစုဝင်တစ်ဦးအနေဖြင့် သူသည် စည်းမျဥ်းများကို အကြီးမားဆုံးနားလည်ထားသူဖြစ်ကာ စည်းကမ်းဖောက်ဖျက်၍ ထင်ပေါ်ကျော်ကြားလာသူ ချူးယွင်ဖန်းကို အမြဲမုန်းတီးခဲ့သည်။ ဤအရာက

စိတ်ခံစားချက်များနှင့် လားလားမျှမသက်ဆိုင်ပေ။ ၎င်းသည် အမြင့်ကိုရောက်ရန် စိတ်ပိုင်းဖြတ်ထားသောအရာမျိုးပင်ဖြစ်သည်။ ဟွမ်ကျန်ကျွင်း၏ အဆင့်အတန်းက သူဤအရာကို လုပ်ရမည်ကို ဆုံးဖြတ်ပေးထား၏။

တစ်ယောက်သည် မိသားစုကြီးတစ်ခု၏ မိသားစုဝင်ဖြစ်နေကာ တစ်ယောက်သည် အရိုင်းပင်တစ်ပင်သာဖြစ်သည်။ ချူးယွင်ဖန်းတွင် ထူးခြားသော ကျောထောက်နောက်ခံရှိသော်လည်း သူက အပင်ရိုင်းဖြစ်သည်ဟူသောအချက်ကိုမူ မဖုံးကွယ်ထားနိုင်ပေ။

ဟွမ်ကျန်ကျွင်းသည် သူ၏သတ်ပစ်လိုသည့် ရည်ရွယ်ချက်ကိုဖုံးကွယ်ထားခြင်းမရှိပေ။

ဤအခိုက်အတန့်တွင် လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ဤ ဆောင်းရာသီ တွေ့ဆုံပွဲသည် မွေးဖွားခြင်းနယ်မြေအဆင့် ပါရမီရှင်ကျောင်းသားအချို့ကို စုစည်းပေးထားသည်။ ၎င်းတို့အားလုံးသည် ကြီးမားသည့် ပုဂ္ဂိုလ်ကြီးများဖြစ်ကာ ယခုအချိန်တွင်လည်း ၎င်းတို့လေးယောက်သည် ချူးယွင်ဖန်းကို သိသိသာသာကိုင်တွယ်ရန် ကြိုးစားလာကြသည်။ ချူးယွင်ဖန်းက ဤအရာကို ထောက်ချောက်ဟု ပြောနေခြင်းမှာ မထူးဆန်းတော့‌ပေ။

ဒါကို ထောင်ချောက်လို့ မယူဆရင် ဘာဖြစ်မလဲ။

ချူးယွင်ဖန်းက အနည်းငယ်ပြုံးလိုက်သည်။

"အခုတော့ အားလုံးရောက်နေကြပြီ၊ ဘာမှ ထပ်ပြောစရာ မလိုတော့ဘူး။ ဒါပေမယ့် ဒီနေရာက ငါတို့တိုက်ပွဲကို ခံနိုင်ရည်ရှိမယ် မထင်ဘူး။ တိုက်ဆိုင်စွာပဲ၊ တွေ့ဆုံပွဲကစတော့မှာမို့လို့ ကွင်းထဲကိုဝင်ပြီး အဲ့နေရာမှာ ဖြေရှင်းလိုက်ကြရအောင်”

ထိုသို့ပြောပြီးနောက် ချူးယွင်ဖန်းသည် အမြန်ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရာ သူ့တစ်ကိုယ်လုံးသည် အလယ်ဗဟိုကွင်းဆီသို့ရောက်သွားသည်။

"ဒီမှာ ရပ်လိုက်"

"ထွက်မသွားနဲ့"

သူ့နောက်တွင် ဝမ်ချီနှင့် အခြားလူများသည် ချူးယွင်ဖန်း၏နောက်သို့ လိုက်လာစဉ် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

“မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတွေ သူတို့အားလုံးက မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူတွေ” လူတစ်ယောက်က တုန်လှုပ်ခြောက်ခြားစွာအော်လိုက်သည်။

ယခင်က ၎င်းသည် လူအနည်းငယ်မျှ၏ ခန့်မှန်းချက်သာဖြစ်ပါက ယခုတွင် ထိုသူတို့အားလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြောင်း အတည်ပြုနိုင်ကြပြီဖြစ်သည်။ မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူလေးဦးသည် ချူးယွင်ဖန်းကို ပစ်မှတ်ထားနေကြ၏။

ထိုသို့သောအဖွဲ့ဖွဲ့ခြင်းသည် ပြည်ထောင်စုအတွင်း၌ ခမ်းနားသေအဖွဲ့ဟုပင် သတ်မှတ်ခံရမည်ဖြစ်သည်အထိ ကျောင်းသားများအကြား၌ အဖြစ်နည်းသည်။ အားလုံးက ကမန်းကတန်း နောက်က လိုက်ကြသည်။ လူတစ်ဦးတည်းကို တိုက်ခိုက်ရန် ကြီးမားသော မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်လေးဦးလုံးစုစည်းခြင်းက အလွန်ရှားပါးသည်။ ထို့အပြင် ဤလေးယောက်လုံးသည် ထူးခြားသော စွမ်းရည်များပိုင်ဆိုင်ထားသည်။ တစ်ခဏချင်းအတွင်း၌ပင် ၎င်းတို့သည် ခန်းမအလယ်မ ကွင်းကြီးထဲဝင်ဝိုင်းလိုက်ကြ၏။ ထိုအချိန်တွင် ဧကရာဇ်နန်းတော်မှ ပညာရှင်သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ၎င်းတို့မျက်နှာများတွင် စိုးရိမ်သောအမူအရာများ ပေါ်လာသည်။ ၎င်းတို့လေးယောက်ထဲမှ တစ်ယောက်သာဖြစ်လျှင် ၎င်းတို့က စိုးရိမ်ကြမည်မဟုတ်ပေ။ နောက်ဆုံးတွင်မူ ချူးယွင်ဖန်းသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့တက်လှမ်းပြီးဖြစ်သော ဝမ်ချီကို အနိုင်ယူနိုင်ခဲ့၏။

သို့သော် ယခုတွင် ၎င်းလေးယောက် အတူတူ လက်တွဲလုပ်ဆောင်ခြင်းဖြင့် ချူးယွင်ဖန်းအတွက် သေလမ်းခင်းထားသည်မှာသေချာသည်။ ချူးယွင်ဖန်းရှုံးနိမ့်ခဲ့ပါက အမြစ်စတွယ်ခါစ ဧကရာဇ်နန်းတော်အတွက် အကြပ်အတည်းဖြစ်လိမ့်မည်။

၎င်းတို့က ဂေါင်ဟုန်ချီကိုလှည့်ကြည့်လိုက်ကြသည်။ ဂေါင်ဟုန်ချီ၏ ကျင့်ကြံစဥ်သည် အမြင့်မားဆုံးမဟုတ်သော်လည်း သူသည် သေချာပေါက် ခေါင်းဆောင်ဖြစ်သည်။ ဂေါင်ဟုန်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း မကြာမီတွင် သူ့မျက်ခုံးများ ပြေလျော့သွားသည်။

“စိတ်မပူပါနဲ့။ ချူးယွင်ဖန်းက အရမ်းနည်းကျလမ်းကျလုပ်တတ်တယ်။ သူ မသေချာတာတွေအများကြီးလုပ်ခဲ့ဖူးပေမယ့် သေချာပေါက် သတိမထားတဲ့လူမဟုတ်ဘူး။ သူယုံကြည်ချက်အပြည့်ရှိတယ်”

အန္တရာယ်များသောအခြေအနေများတွင် ချူးယွင်ဖန်းသည် မသေချာသောအရာများစွာကို လုပ်ခဲ့ဖူးသည်။ သို့သော် တူညီသောအခြေအနေများတွင် သူက ယုံကြည်မှုအပြည့်မရှိဘဲလုပ်လိမ့်မည်မဟုတ်ပေ။ ဂေါင်ဟုန်ချီက ချူးယွင်ဖန်းအကြောင်း ကောင်းစွာသိသည်။ ချူးယွင်ဖန်းသည် အောင်မြင်မှုအချို့ရထားရုံဖြင့် စိတ်လွတ်ကိုယ်လွတ် မသေချာဘဲလုပ်မည့်သူမျိုးမဟုတ်ပေ။ ထို့နောက် သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်မှုများဖြင့် ကြည့်လိုက်ကြသည်။ သို့သော် ဤအချိန်တွင် ၎င်းတို့၌ အခြား ရွေးချယ်ရန်လမ်းမရှိတော့ပေ။ အရာအားလုံးသည် ချူးယွင်ဖန်းပေါ်၌ မူတည်နေသည်။

ဤသို့ အဖြစ်အပျက်များပြောင်းလဲသွားခြင်းသည် ပတ်ဝန်းကျင်ရှိ ကုမ္ပဏီပိုင်ရှင်များနှင့် အကြီးအကဲများစွာကို စိတ်ဝင်စားလာစေသည်။

“အဲ့တာ ချီရှောင်ဟွားမဟုတ်ဘူးလား”

“ကျားဟန်ဟိုင်၊ ဝမ်ချီ၊ ချူးယွင်ဖန်းနဲ့ ဟွမ်ကျန်ကျွင်းတို့လည်းရှိတယ်”

ဤသူဌေးများသည် ဤလူများ၏ နာမည်များကို အလွယ်တကူခေါ်နိုင်ကြသည်။ ၎င်းတို့အားလုံးသည် လက်ရှိ ကျောင်းသားအဆင့်နှင့် နောင်အနှစ်သုံးဆယ်အကြာတွင် သြဇာရပုဂ္ဂိုလ်များဖြစ်လာနိုင်သည်။

“သူတို့အားလုံးက ချူးယွင်ဖန်းကို ပစ်မှတ်ထားနေကြတဲ့ပုံပဲ။ ဖိတ်စာကြောင့်များလား” လူတစ်ယောက်ကပြောသည်။

မှန်သည်။ ၎င်းတို့အားလုံးက ကောင်းကင်ဘုံအကြီးအကဲ၏ အထူးဖိတ်စာဆယ်ခုကိုသိကြသည်။ ၎င်းတို့ငယ်စဥ်ကတည်းက ထိုဖိတ်စာများသည် မြို့တော်အတွင်း၌ ပြဿနာများစွာဖြစ်စေခဲ့ဖူးသည်။ ၎င်းသည် လက်ရှိကျောင်းသားများနှင့်သက်ဆိုင်သောအရာများသာဖြစ်သဖြင့် ၎င်းတို့က ဂရုမစိုက်လှပေ။

“ဒါ စိတ်ဝင်စားစရာပဲ။ ငါတို့ နှစ်အတော်ကြာ စောင့်ကြည့်လေ့လာခဲ့ဖူးတဲ့ အခြားသူတွေအကြောင်းကို မေ့လိုက်။ ချူးယွင်ဖန်းတစ်ယောက်တည်းကိုပဲ လတ်တလော ထင်ပေါ်ကျော်ကြားလာတယ်လို့ ပြောလို့ရရတယ်။ တချို့လူတွေဆိုရင် သူ့ကို ရှားတဲ့ ပါရမီရှင်လို့တောင် ပြောကြတယ်။ အခု ငါတို့ သူဘယ်လောက်တော်လဲဆိုတာ မြင်ရတော့မယ်” သူဌေးကြီးများထဲမှတစ်ယောက်က ခပ်ပါးပါးပြုံး၍ ပြောသည်။

ပွဲတစ်ခုလုံး၏ အာရုံသည် ကွင်းအလယ်သို့ရောက်လာ၏။ ၎င်းတို့ပတ်ပတ်လည်မှ ကြီးမားသော စက်ခရင်ကြီးများထက်တွင် ဤအဖြစ်အပျက်ကို စတင်ထုတ်လွှင့်လာသည်။

“လီလီ အဲ့တာ ချူးယွင်ဖန်းမလား” ဤအခိုက်အတန့်တွင် ပွဲထောင့်၌ရပ်နေ‌သော တုယွဲ့အာက စက်ခရင်ကြီးကို ညွှန်ပြလိုက်သည်။

ယန်လီလီနှင့် မာဝူတို့က ခေါင်းလှည့်ကြည့်လိုက်သောအခါ အမှန်ပင် ချူးယွင်ဖန်းဖြစ်နေကြောင်း မြင်လိုက်ကြရ၏။ ဤအခိုက်အတန့်တွင် စက်ခရင်ကြီးပေါ်၌ ချီရှောင်ဟွားနှင့် အခြားသုံးယောက်သည် ချူးယွင်ဖန်းကို ဝိုင်းရံ၍ လေးဘက်လေးတံ၌ ရပ်နေကြသည်။

All Chapters