အခန်း (၆၅၈-၆၆၀)
Vol. 44 Ch. 658-660
အခန်း (၆၅၈) မြှားချက်
ယခုအခိုက်အတန့်တွင်၊ ဟွမ်ကျန်ကျွင်းသည် ယခင်က ဝမ်ချီ ခံစားရသည့်ခံစားချက်ကို အမှန်တကယ်ခံစားမိခဲ့သည်။ ချူးယွင်ဖန်း၏တိုက်ခိုက်မှုများသည် ခေတ္တခဏပင် ရပ်တန့်ခြင်းမရှိသော မုန်တိုင်းများနှင့်တူသည်။
"သက်တံ့ပျံဓား"
ဟွမ်ကျန်ကျွင်းသည် ဓားဖြင့် ရှေ့သို့ ထိုးရုံမှတပါး အခြားရွေးချယ်စရာမရှိပေ။ ၎င်းသည် ၎င်း၏ပတ်ဝန်းကျင်ကို ဖြတ်ကျော်ကာ သက်တံအဖြစ်သို့ ပြောင်းလဲသွားသည်။ ချူးယွင်ဖန်း ယခင်ကပြောခဲ့သည့်အတိုင်းကောင်းကင်ပျံဓားသည် အလွန်အရည်အသွေးမြင့်သော ဓားသိုင်းတစ်ခုဖြစ်သည်။ တစ်ချက်တည်းဖြင့်၊ ၎င်းသည် အနီးနားပတ်ဝန်းကျင်တစ်ခုလုံးသည် သက်တံ့တစ်ခုအောက်၌ ချက်ချင်းဖုံးလွှမ်းသွားသည်။
"ဟမ်"
ဟွမ်ကျန်ကျွင်း၏တိုက်ခိုက်မှုကိုရင်ဆိုင်ရသောအခါ ချူးယွင်ဖန်းသည် မထိတ်လန့်ဘဲ လက်သီးတစ်ချက်သာ ထိုးသွင်းလိုက်သည်။ သူ့လက်သီးချက်က အရာအားလုံးကို ကွဲကြေသွားစေသည့် ကြီးမားသော လေ့ကျင့်မှုတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ဟွမ်ကျန်ကျွင်း၏ တိုက်ခိုက်မှုမှ ဓားအလင်းသည် ချူးယွင်ဖန်း၏ လက်သီးပေါ်သို့ ကျရောက်သွားကာ ချက်ချင်းကွဲအက်သွားသည်။ လက်သီးချက်၏ စွမ်းအားများပျံ့နှံ့သွားသောအခါ အရာအားလုံး အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်။
"မင်းက ထိုးချက်တစ်ခုကိုတောင် မခံနိုင်ဘူး" ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးသည်။
ထိုအချိန်တွင် ဟွမ်ကျန်ကျွင်း၏ မျက်နှာသည် ပြာနှမ်းသွား၏။ ချူးယွင်ဖန်းသည် ပထမအကြိမ် သူ၏ဓားအလင်းကို အလွယ်တကူ ချိုးဖျက်လိုက်ခြင်းက မတော်တဆဖြစ်ခဲ့လျှင်ပင် ဤဒုတိယဖြစ်ရပ်က မတော်တဆမှုမဟုတ်ကြောင်း သက်သေပြနိုင်သည်။ ဤအချက်က ချူးယွင်ဖန်းသည် ကံကောင်းနေခြင်းမဟုတ်ကြောင်း သေချာစေ၏။
ချူးယွင်ဖန်းသည် အမှန်တကယ် အစွမ်းထက်သည်။ ဝမ်ချီက ထိုးနှက်ချက်တစ်ခုတည်းကို ခံနိုင်ရည်မရှိရခြင်းမှာ အင်အားနည်းလွန်းသောကြောင့်မဟုတ်ဘဲ ချူးယွင်ဖန်းက အလွန်အမင်းသန်မာလွန်းသောကြောင့်သာဖြစ်သည်။
သို့သော် ချူးယွင်ဖန်းက ထပ်မံမတိုက်ခိုက်မီတွင် ကျားဟန်ဟိုင်၏တိုက်ခိုက်မှုသည် ကွင်းတစ်ဖက်မှရောက်လာသည်။ သို့သော် ဟန်ကျန်ကျွင်းနှင့် အနီးကပ်တိုက်ပွဲနှင့်မတူသည်မှာ ကျားဟန်ဟိုင်သည် လေးကို ကိုင်လျက် မြှားတစ်စင်းပစ်လွှတ်လိုက်ခြင်းဖြစ်သည်။ ကောင်းကင်ကြီးတစ်ခုလုံးပြိုကျသွားရာ ရွှေနှင့် ကျောက်တုံးတို့ပင်လျှင် ပြိုကွဲသွားပေလိမ့်မည်။
ချူးယွင်ဖန်းသည် ပထမဆုံးအကြိမ်အဖြစ် လေးမြှားကျွမ်းကျင်သူတစ်ယောက်နှင့်တိုက်ခိုက်ဖူးခြင်းဖြစ်သည်။ ပြည်ထောင်စုအတွင်းတွင် ဤကဲ့သို့ ကျွမ်းကျင်သူအများအပြားမရှိပေ။
လူတွေတွင် တာဝေးတိုက်ခိုက်နည်းလမ်းများစွာရှိသည်။ ၎င်းတို့သည် ယခုအခါ၌ ကြယ်တာရာ ဒုံးကျည်များပင် တီထွင်ထုတ်လုပ်လာကြသည်။ ရွေးချယ်ရန် စနိုက်ပါ ရိုင်ဖယ် အမျိုးအစား အမျိုးမျိုးရှိသည်။ သို့သော် လေးမြှားကို အထူးပြုလေ့ကျင့်သူမှာ အလွန်နည်းပါး၏။ ဤမြှားကြောင့် လူတိုင်း အံ့ဩသွားကြသည်။ ပစ်ခတ်ပြီးနောက် ကျားဟန်ဟိုင်သည် သူ၏အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဓာတ်များ ကုန်ဆုံးသွားသည်ကို ခံစားလိုက်ရသည်။ ထိုမြှားသည် သူ၏ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်ကို အမြောက်အမြား စုပ်ယူ၏။
ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရသည်မှာ မလွယ်ကူကြောင်း ကျားဟန်ဟိုင်သိသည်။ ထို့ကြောင့် ချက်ချင်းစတင်မလှုပ်ရှားဝံ့သဖြင့် ချူးယွင်ဖန်းကို ထိန်းထားရန် ဟန်ကျန်ကျွင်းကို လျှို့ဝှက်ပြောထားကာ မြှားဖြင့် ပစ်သတ်ရန် လုပ်ဆောင်ခဲ့သည်။ ထိုအချိန်တွင်၊ ၎င်းသည် အကောင်းဆုံးအခွင့်အရေးမဟုတ်သော်လည်း ကျားဟန်ဟိုင်၌ အခြားရွေးချယ်ရန်လမ်းမရှိပေ။ ဟွမ်ကျန်ကျွင်းသည် ချောင်ပိတ်မိနေပြီဖြစ်၏။
"အသေးအဖွဲလှည့်ကွက်တွေ"
ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်တစ်ခု သူ့ဆီသို့ရောက်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ၎င်းတွင် လူတစ်ဦး၏ အနှစ်သာရ၊ စွမ်းအင်နှင့် စိတ်ဝိဉာဥ်နှင့် ကိန်းအောင်းနေရာ အရည်အသွေးမြင့် လေးပစ်နည်းစနစ်တစ်ခုဖြစ်ကြောင်းသေချာလှသည်။ သို့သော် ချူးယွင်ဖန်းကို တိုက်ခိုက်ရာတွင်မူ ယင်းက လုံးဝအသုံးမဝင်ပေ။
မြှားစွန်း ချူးယွင်ဖန်း၏ စိတ်ဝိဉာဥ် နက်နဲရာသို့ ဝင်ရောက်သွားကာ ပင်လယ်ထဲသို့ ဝင်သွားသော ရွှံ့နွားတစ်ကောင်ကဲ့သို့ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။
"ဟမ်"
ချူးယွင်ဖန်းသည် အေးစက်သောနှာခေါင်းရှုတ်လိုက်ပြီးနောက် ချက်ချင်းပင် စွမ်းအင်လှိုင်းလုံးများ ထွက်ပေါ်လာသည်။ ဤလှိုင်းလုံးများသည် လေ၏နံရံများအဖြစ်သို့ ပြောင်းလဲသွားသည်။ မြှားသည် လေ၏နံရံကိုဖြတ်၍ ချူးယွင်ဖန်း၏မျက်နှာဆီသို့ တည့်တည့် ပျံသန်းလာ၏။
သို့သော် ဤအဆင့်သို့ရောက်သောအခါတွင် မြှားသည် ပထမအကြိမ်ပစ်ခတ်ချိန်နှင့် ယှဉ်လျှင် များစွာနှေးကွေးနေပြီဖြစ်သည်။ မြှားတစ်စင်းသည် နောက်ဆုံးတွင် ၎င်း၏ပျံသန်းမှုအဆုံးသို့ ရောက်ရှိမည်ဟူသည့် ဆိုရိုးစကားကဲ့သို့ပင် ဖြစ်သော်လည်း သာမန်လူတစ်ယောက်အတွက်မူ တူညီလိမ့်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းအတွက်မူ ယင်းဖြင့် လုံလောက်သည်။
ချူးယွင်ဖန်းသည် သူ့လက်ကို ဆန့်ထုတ်၍ မြှားကို ဖမ်းလိုက်သည်။ မြှားတစ်ကိုယ်လုံးသည် ချူးယွင်ဖန်း၏အရေပြားကိုပွတ်တိုက်ကာ သတ္တုနှင့် သတ္တုတို့ တစ်ခုနှင့်တစ်ခု တိုက်မိသွားသကဲ့သို့ပင် မီးပွားများပျံ့လွင့်လာသည်။ သို့သော် ချူးယွင်ဖန်းက ၎င်းကို အခိုင်အမာ ဆုပ်ကိုင်ထားသည်။
" ရှင်ကျာမုနိရဲ့ ဆင်ပစ်သိုင်း"
မြှားကို ဖမ်းမိသောအခါ ချူးယွင်ဖန်းသည် တုံ့ဆိုင်းမနေဘဲ ကျားဟန်ဟိုင်၏ ဦးတည်ရာသို့ ပြန်ပစ်ချလိုက်သည်။ မြှားသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ကျားဟန်ဟိုင်၏မျက်နှာဆီသို့ လွင့်ပျံသွားသည်။
“ချီးတဲ့မှ”
တစ်ခုခုမှားနေပြီဖြစ်ကြောင်း ကျားဟန်ဟိုင်ချက်ချင်းသဘောပေါက်သွားသည်။ ဤအလင်းတန်းက အလွန်လျင်မြန်လွန်းလှသည်။ ရှင်ကျာမုနိဆင်ပစ်သိုင်းမှ ကြောက်မက်ဖွယ်စွမ်းအားသည် ယခုအချိန်တွင် အပြည့်အဝထွက်ပေါ်လာသည်။
ကျားဟန်ဟိုင်သည် သူ၏ ခွန်အားရှိသမျှကို အသုံးပြုကာ သူ့ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သော စွမ်းအင်အားလုံးကို ထုတ်လွှတ်၍ သူ့ရှေ့တွင် အကာအရံတစ်ခု ဖန်တီးလိုက်သည်။
သို့သော် ချူးယွင်ဖန်း၏ လေလှိုင်းတံတိုင်းများကို မြှားဖြတ်သွားပုံကဲ့သို့ ကျားဟန်ဟိုင်၏ စွမ်းအင်သည် ယင်းနှင့်ထိမှန်ပြီးနောက် စက္ကူကဲ့သို့ပင်ထင်ရ၏။ ၎င်းတို့ ချက်ချင်း ထိုးဖောက်ဝင်သွားပြီးနောက် မြှားက ကျားဟန်ဟိုင်၏ ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားသည်။
အတွင်းခံချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသောကြောင့် မြှားအလင်းတန်းသည် ကျားဟန်ဟိုင်၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခြင်းမရှိပေ။ ထိုအရေးကြီးသောအခိုက်အတန့်တွင် အတွင်းခံချပ်ဝတ်က သူ့ကိုကာကွယ်ပေးထားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။ ယင်းသည် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားသကဲ့သို့ပင်ဖြစ်သည်။
ဘမ်း
ကျားဟန်ဟိုင်သည် ချက်ချင်းပင် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွား၏။ ထို့နောက် သွေးတစ်ပွက်အန်ထွက်လာသည်။
တိုက်ခိုက်မှုတစ်ခုတည်းတွင်၊ ကျားဟန်ဟိုင်သည် သူ၏တိုက်ခိုက်နိုင်စွမ်းအားလုံးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ ဆက်လက်တိုက်ခိုက်ရန် သူ့အတွက် မဖြစ်နိုင်ပေ။ သို့တည်းမဟုတ် မိမိလက်ထဲ၌ ရှုံးနိမ့်သွားသည်ဟုပင်ဆိုခြင်းက ပို၍သင့်တော်ပေလိမ့်မည်။
ပေါက်ကွဲသံနှင့်အတူ လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အရာအားလုံးက မြန်လွန်းလှသဖြင့် လူတိုင်း မှင်သက်နေကြသည်။ ချူးယွင်ဖန်းသည် ဟွမ်ကျန်ကျွင်းနှင့် ကျားဟန်ဟိုင်တို့၏ ပေါင်းစပ်တိုက်ခိုက်မှုကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့အပြင် တစ်ချက်တည်း ပစ်ခတ်မှုကြောင့် ကျားဟန်ဟိုင်သည်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။
ဤအံ့အားသင့်ဖွယ် တိုက်ပွဲစွမ်းရည်က ၎င်းတို့ကို အံသြသွားစေသည်။
'ဒါက ရက်စက်လွန်းတယ်”
‘ရက်စက်ကြမ်းကြုတ်လှသည်’ ဟူသော စကားလုံးက လူတိုင်း၏စိတ်ထဲတွင် ဖျတ်ခနဲထွက်ပေါ်လာသည်။ ၎င်းသည် virtual network တွင် ယခင်ကမြင်ဖူးသည့် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများနှင့် များစွာကွာခြားသည်။
လိုက်ဖက်ညီသည့် အင်အားမရှိသကဲ့သို့ ပြင်းထန်သောတိုက်ပွဲလည်း မရှိခဲ့ပေ။ ဤအရာသည် ဖျက်ဆီးခြင်းစွမ်းအား သက်သက်မျှသာဖြစ်သည်။ မည်သို့သော တိုက်ခိုက်မှုမျိုးဖြစ်နေစေကာမူ ချူးယွင်ဖန်းက သူ၏ လက်ဗလာဖြင့် လက်ခံနိုင်ခဲ့သည်။ ဤအံ့သြဖွယ်ကောင်းသော တိုက်ပွဲနည်းလမ်းသည် ‘ရက်စက်ကြမ်းတမ်း’သည်ဟူသော စကားလုံးဖြင့်မှတပါး အခြားစကားလုံးများဖြင့် မဖော်ပြနိုင်ပေ။
"နောက်တစ်ယောက် ကျသွားပြီ"
ချူးယွင်ဖန်းသည် သူ၏ရန်သူနောက်တစ်ဦးကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်ကို မြင်လိုက်ရသဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်လေးဦးတို့ ဝိုင်းရံထားသည့် အခြေအနေမှာ တစ်ဝက်တစ်ပျက်ဖြင့် ချက်ချင်းပျက်ဆီးသွားသည်။ ထိုင်ခုံ၌ မတ်မတ်ထိုင်နေသော လျို့ချင်းချင်းက ကုလားထိုင်၏ လက်ကိုင်များကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားသည်။ သူမကိုယ်သူမ အလွန်ကံကောင်းလှသည်ဟု ခံစားမိသည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ဤတိုက်ပွဲတွင် မပါဝင်ခဲ့ပေ။ သူမ အသာစီးရနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်မှာ အလွန်အမင်းသိသာလှသည်။
လျို့ချင်းချင်းသည် ချူးယွင်ဖန်း၏ တိုက်ပွဲစွမ်းရည်ကြောင့် ထိတ်လန့်သွားသည်။ မွေးဖွားခြင်းနယ်မြေပထမအဆင့် ဝမ်ချီ က သူ့နှင့်ယှဉ်နိုင်သည်မှာ မှန်သည် သို့သော် မွေးဖွားခြင်းနယ်မြေဒုတိယအဆင့် ကျားဟန်ဟိုင်သည် ချက်ချင်းပင် ချေမှုန်းခံလိုက်ရ၏။
ထိုအချိန်တွင် လျို့ချင်းချင်း၏ စိတ်ထဲတွင် ချူးယွင်ဖန်း၏ စစ်မှန်သော စွမ်းအားသည် လျှို့ဝှက်ဆန်းကြယ်နေမည်မှာ သေချာသည်။ သူ၏ စစ်မှန်သော ခွန်အားကို မည်သူကမျှ မတွန်းလှန်နိုင်သေးပေ။
အဲဒီလူက လုပ်နိုင်ပါ့မလား။
လျို့ချင်းချင်း၏ အကြည့်သည် မလှုပ်ရှားရသေးသည့် ချီရှောင်ဟွားကို လွှမ်းမိုးသွား၏။
အခန်း (၆၅၉) ဟန်ကျန်ကျွင်း
ယခုအချိန်တွင် ချီရှောင်ဟွားသည် လက်ပိုက်ထားကာ ယုံကြည်မှုရှိနေဆဲဖြစ်သော်လည်း သူ၏အမူအရာမှာ ယခင်ကဲ့သို့ မကောင်းတော့ပေ။ ချီရှောင်ဟွားသည် သူ၏ ခွန်အားကို အကြွင်းမဲ့ယုံကြည်မှုရှိသည်။ သူ့နှလုံးသားထဲမှ သူ့တစ်ခုတည်းသောပြိုင်ဘက်မှာ ကျန်းမိသားစုမှ ကျန်းလင်းရှောင် တစ်ဦးတည်းသာဖြစ်သည်။ သူ့မျက်လုံးထဲတွင် ကျန်းလင်းရှောင်ကို အခြားမည်သူမျှ မယှဉ်နိုင်ပ။ အကယ်၍ သူက ချူးယွင်ဖန်းဖြင့်ပင် မယှဥ်နိုင်လျှင် ကျန်းလင်းရှောင်ကို မည်သို့ ရင်ဆိုင်မည်နည်း။
သို့သော် ခွန်အားသည် ခွန်အားဖြစ်၍ ချူးယွင်ဖန်း၏ စွမ်းအားသည် ချီရှောင်ဟွားခန့်မှန်းထားသည်ထက် များစွာကျော်လွန်သွားခဲ့သည်။ အငယ်တန်းအနေဖြင့် ချူးယွင်ဖန်းသည် အနည်းငယ် အစွမ်းထက်မည်မှာ သေချာသည်။ ချီရှောင်ဟွားကဲ့သို့ မာနကြီးသူတစ်ယောက်ပင်လျှင် သူ့ဒုတိယနှစ်တွင်၊ ချူးယွင်ဖန်းကဲ့သို့ အစွမ်းထက်လှသည်မဟုတ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ ထိုအချိန်တွင် သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့သာ တက်လှမ်းနိုင်ခဲ့သည်။
ချူးယွင်ဖန်းသည် အများသူငှာ ထင်ထားသည်ထက် ပိုထက်မြက်၍ စွမ်းအားကြီးသည်။ သို့သော် ဤသို့ဆိုလျှင်ပင် ယခုအချိန်သည် အဆုံးအဖြတ်ပေးရန် အချိန်မဟုတ်သေးပေ။ ချူးယွင်ဖန်းသည် ကျားဟန်ဟိုင်ကို မြှားတစ်စင်းဖြင့် အနိုင်ယူပြီးနောက် ချီရှောင်ဟွားက ခပ်ငြိမ်ငြိမ်ရပ်နေနိုင်သော်လည်း ဟန်ကျန်ကျွင်းသည်မူ မရပ်နေနိုင်တော့ပေ။
ကျားဟန်ဟိုင်သည် ချူးယွင်ဖန်းကို အာရုံလွှဲကာ ဟန်ကျန်ကျွင်းလွတ်မြောက်ရန် ကူညီပေးခဲ့သော်လည်း သူ့ကျောရိုးတစ်လျောက် အေးခဲတုန်ယင်နေသေးသည်ဟု ခံစားရသည်။ ဟွမ်မိသားစုအတွက် လက်စားချေရန် သူတွေးထားသမျှ ပျောက်သွားသည်။ ချူးယွင်ဖန်း၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုကို သူကြားသိခဲ့ရသော်လည်း ချူးယွင်ဖန်းသည် သူ၏နတ်ဆိုးဆင်းသက်ခြင်းပန်းချီကားကို အသုံးပြုခဲ့ခြင်းကြောင့်သာဟု သူထင်ခဲ့သည်။ ချူးယွင်ဖန်းက ထိုနတ်ဆိုးရတနာကို ဤနေရာတွင် မည်သို့အသုံးပြုဝံ့မည်နည်း။
ယခုမူ ဟန်ကျန်ကျွင်းသည် ကြီးမားသောအမှားတစ်ခုကို လုပ်မိကြောင်း သဘောပေါက်သွားခဲ့သည်။ ပန်းချီကားမပါသည့်တိုင် ချူးယွင်ဖန်းသည် ကြောက်မက်ဖွယ်ကောင်းလုနီးပါး သန်မာနေဆဲဖြစ်၏။
"ချီရှောင်ဟွား မင်းအဲ့မှာ ရပ်ပြီးဘယ်အချိန်ထိ စောင့်ကြည့်နေမှာလဲ”
ဟန်ကျန်ကျွင်း၏ ဒေါသတကြီးဟိန်းဟောက်သံသည် လူတိုင်း၏အာရုံကို စွဲဆောင်သွားသည်။ ဤအခိုက်အတန့်တွင် မြောက်ဘက်တက္ကသိုလ်မှ နံပါတ်တစ် ဟန်ကျန်ကျွင်းသည် အဘယ်ကြောင့် ချောင်ပိတ်တိုက်ခိုက်ခံခဲ့ရကြောင်းကို နားလည်သွားကြသည်။ မြောက်ဘက်တက္ကသိုလ်ကျောင်းသားများ၊ အထူးသဖြင့် ကျောင်းသားကောင်စီအဖွဲ့ဝင်များ အလွန်အံသြသွားကြသည်။ ဒုခေါင်းဆောင်ထန်ရှင်းယဲ့က ကူကယ်ရာမဲ့စွာ တိုက်ခိုက်ခံခဲ့ရရုံသာမက ခေါင်းဆောင်သည်လည်း အလားတူကံကြမ္မာမျိုးကြုံကြိုက်ခဲ့ရသည်။
ဤ ချူးယွင်ဖန်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်း၍ မည်မျှထိ ရက်စက်ကြမ်းကြုတ်လှသနည်း။
ထိုအချိန်တွင် ချီရှောင်ဟွားသည် ဆက်လက်၍ ငြိမ်သက်မနေနိုင်တော့ပေ။ နောက်ဆုံးတွင် သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ စုစည်းထားသည့် စွမ်းအင်လှိုင်းလုံးကြီးတစ်ခု သူ့ခန္ဓာကိုယ်မှ ဗဟိုပြု၍ ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ထွက်လာပြီး ချူးယွင်ဖန်းကို ဝန်းရံသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော မွေးဖွားခြင်းနယ်မြေအဆင့် ဖိအားများထွက်ပေါ်လာ၍ ချူးယွင်ဖန်းကိုအုပ်မိုးသွားသည်။ ကျန်းလင်းရှောင်ပြီးလျှင် ပြည်ထောင်စုတက္ကသိုလ်၏ ဒုတိယအဆင့်မှာ ချီရှောင်ဟွားဖြစ်သည်။
"ချူးယွင်ဖန်း မင်းက ဒါကို အလွယ်နည်းနဲ့လုပ်ဖို့ လက်မခံတဲ့အတွက် မယဥ်ကျေးလို့ဆိုပြီးငါ့အဆိုးမဆိုနဲ့”
ကွင်းအောက်မှ ကြည့်နေသောသူများ အလွန်စိတ်လှုပ်ရှားသွားကြသည်။ ကမ္ဘာကို တုန်လှုပ်စေမည့် တိုက်ပွဲကြီး ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ တက္ကသိုလ်အသီးသီးမှ ပညာရှင်များအပြင် ကုမ္ပဏီအသီးသီးမှ သူဌေးကြီးများ စိတ်လှုပ်ရှားစွာ တုန်လှုပ်နေကြသည်။ ဤအဆင့် မွေးဖွားခြင်းနယ်မြေပညာရှင်များတိုက်ပွဲမျိုးသည် ၎င်းတို့ နေ့တိုင်းမြင်နိုင်သောအရာမျိုးမဟုတ်ပေ။
"ချီရှောင်ဟွား မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ရပ်လိုက်။ နောက်ဆုံးတစ်ယောက်ကို ရှင်းပြီးမှ ငါမင်းကို ကိုင်တွယ်မယ်"
ချီရှောင်ဟွားသည် နောက်ဆုံးတွင် လှုပ်ရှားလိုက်သော်လည်း ချူးယွင်ဖန်းက ဂရုမစိုက်သကဲ့သို့ပြုမူနေဆဲဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဟန်ကျန်ကျွင်းကို လှမ်းကြည့်လိုက်၏။
“သေစမ်း”
ဟန်ကျန်ကျွင်းသည် မြေပြိုခြင်းနှင့် ဆူနာမီကဲ့သို့ လွင့်ပျံလာသော ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ချက်ချင်းခံစားလိုက်ရသည်။ သူ လွတ်မြောက်ချင်သော်လည်း ချူးယွင်ဖန်းက သူ့ကို အလွတ်ပေးမည်မဟုတ်ကြောင်းသူသိလိုက်သည်။ သူပြေးထွက်သွားသည့်နေရာတစ်လျှောက် မျက်ခြေမပြတ်ကြည့်နေသော မျက်လုံးတစ်စုံရှိနေသည်။ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုကြောင့် ဟန်ကျန်ကျွင်းသည် သူ့နှလုံးခုန်ရပ်သွားသကဲ့သို့ ခံစားလာရသည်။ သူနှင့် ချူးယွင်ဖန်းနှစ်ဦးစလုံးသည် မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ချူးယွင်ဖန်း၏ အစွမ်းဖြင့် ဤအတိုင်းအတာအထိ ဖိနှိပ်ခံထားရ၏။
"ငါ့မှာ ရှိသမျှ ထုတ်သုံးမယ်”
ဟန်ကျန်ကျွင်း၏ ခန္ဓာကိုယ်မှ မွေးဖွားခြင်းနယ်မြေအဆင့် ကိုယ်ရောင်ကိုယ်ဝါများထွက်ပေါ်လာကာ တစ်ခဏချင်း၌ပင် ချူးယွင်ဖန်း၏ ဖိနှိပ်မှုစွမ်းအားကို ကျော်ဖြတ်၍ တည်ငြိမ်မှုကို ပြန်လည်ရရှိလာသည်။
"ငန်းဓား"
ဤတိုက်ခိုက်မှုထွက်ပေါ်လာပြီး ချက်ချင်း၌ပင် ဓားအလင်းထွက်ပေါ်လာသည်။ အလင်းတန်းတစ်ခုသည် ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်သို့ ဦးတည်သွား၏။
"အသေးအဖွဲလှည့်ကွက်တွေ" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။
ဓားအလင်းသည် ချက်ချင်းပင် သူ့မျက်နှာဆီသို့ ဦးတည်လာပြီဖြစ်၏။ ထိုအခိုက်အတန့်တွင် ချူးယွင်ဖန်းက လက်ငါးချောင်းကို တင်းတင်းဆုပ်၍ ထိုးသွင်းလိုက်ရာ သူ့လက်သီးက ဓားအလင်းဆီသို့ တည့်တည့်ထိမှန်သွား၏။
ချွင်
စူးရှသော သတ္တုသံများ ထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ လက်သီးစွမ်းအားက အရာအားလုံးကို ဖြတ်ကျော်သွားရာ ဓားအလင်းသည် အပိုင်းပိုင်းကွဲထွက်သွား၏။ ဟန်ကျန်ကျွင်း၏ မျက်နှာသည် ထိတ်လန့်မှုအပြည့်ဖြင့် ဖြူဖျော့သွားသည်။ သူ၏တိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုကို အနည်းငယ်မျှပင် မနှောင့်နှေးစေနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်းက သူ့ရှေ့သို့ ရောက်နေပြီဖြစ်၏။
"တောဘုရင်သိုင်း"
ချူးယွင်ဖန်းက ကြုံးဝါးလိုက်သောအခါ အမှန်တကယ်ပင် ကျားတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားသည်ဟု ထင်ရသည်။ ဤကျားသည် တောထဲတွင် ထိုင်နေရာမှ ထွက်လာသကဲ့သို့ ကမ္ဘာ၏ ဘုရင်နှင့်တူသည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် အရာအားလုံးကို ဖြိုခွင်း၍ အရာအားလုံးကို ကြေမွသွားစေသည်။ ဤသည်မှာ နတ်ဆိုးကျားလက်သီး၏ စစ်မှန်သောအနှစ်သာရဖြစ်သည်။ ၎င်းတို့သည် မူလကချီပင်လယ်အဆင့်၏ ရိုးရှင်းသော လက်သီးသိုင်းဖြစ်သော်လည်း ချူးယွင်ဖန်း၏ ရက်စက်ကြမ်းကြုတ်လှသော စွမ်းအား၏ ဖိအားအောက်တွင် ၎င်းသည် စိတ်မကူးနိုင်လောက်မည့် စွမ်းအားများဖြင့် ပေါက်ကွဲသွားသည်။
မတူညီကွဲပြားလှသော လက်သီးသိုင်းများစွာရှိသည်။ သို့သော် အမှန်တကယ်ဆုံးဖြတ်ရမည့်အချက်မှာ လူတစ်ဦး၏ ခွန်အားဖြစ်သည်။ ဤလက်သီးမှလာသော လက်သီးစွမ်းအားသည် ဖြတ်ကျော်၍ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုသွားခဲ့သည်။
ဟန်ကျန်ကျွင်း၏ ဓားအလင်းနှင့် ဓားစွမ်းအင်တို့ အပိုင်းပိုင်းကွဲသွားသည်။ သူက အရှိန်ပြင်းပြင်းဖြင့် ဆုတ်ခွာ၍ လက်သီးစွမ်းအားကို ရှောင်တိမ်းရန်ကြိုးစားလိုက်သည်။ သို့သော် အသုံးမဝင်ပေ။ ယင်းသည် သူ့အနားသို့ရောက်နေပြီကို ခံစားမိ၏။
ချူးယွင်ဖန်းသည် တောထဲတွင် ကျင်လည်ကျက်စား ကြမ်းတမ်းသော ကျားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို လူအုပ်ကြီးက ခံစားလိုက်ရသည်။ အစာရှာရန် တောင်ပေါ်မှ ဆင်းသောအခါ ကမ္ဘာကို တုန်လှုပ်စေသည်။ ချူးယွင်ဖန်း၏ လက်သီးချက်သည် ထိတ်လန့်ဖွယ်ကောင်းလွန်းလှသဖြင့် စက္ကန့်အနည်းငယ်မျှကြာသည်အထိ ကြောင်အနေကြသည်။
"ချူးယွင်ဖန်း မင်းက ဒီလောက်ထိ မာန်တက်ဖို့ သတ္တိရှိသေးတယ်ပေါ့”
ချီရှောင်ဟွားဒေါသထွက်သွားသည်။ သူက ချူးယွင်ဖန်းကို တိုက်ခိုက်ချင်သော်လည်း ချူးယွင်ဖန်းက သူ့ကို လုံးလုံးလျားလျားလျစ်လျူရှု့၍ ဟန်ကျန်ကျွင်းကို တိုက်ခိုက်လိမ့်မည်ဟု မည်သူက ထင်လိမ့်မည်နည်း။ ဤသည်က အလွန်ရှက်ဖွယ်ကောင်းလွန်းလှသည့်အပြင် မခန့်လေးစားလုပ်ခြင်းပင်ဖြစ်၏။
ချူးယွင်ဖန်းသည် လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပေ။ သို့သော် ချီရှောင်ဟွားက တိုက်ခိုက်ချင်လျှင်ပင် နောက်ကျသွားပြီဖြစ်သည်။ ချူးယွင်ဖန်း၏ လက်ချက်သည် ဟန်ကျန်ကျွင်းအပေါ်တိုက်ရိုက်သက်ဆင်းသွား၏။ ဟန်ကျန်ကျွင်းက ကွင်းထဲမှ ဥက္ကာပျံကဲ့သို့ လွင့်ထွက်သွားကာ အာခေါင်ခြစ်၍ အော်ချလိုက်သည်။ သူသည်လည်း ဝမ်ချီကဲ့သို့ပင် ထိုမျှ ရိုးရှင်းသော လက်သီးချက်ဖြင့် ရှုံးနိမ့်ခဲ့၏။
ချီရှောင်ဟွားသည် ချူးယွင်ဖန်း၏ ခွန်အားကို အပြည့်အဝ ခန့်မှန်းနိုင်ပြီဟု တွေးထင်ခဲ့သော်လည်း မွေးဖွားခြင်းနယ်မြေအဆင့် မရောက်မီကတည်းကပင် ချူးယွင်ဖန်းအတွက် ဟန်ကျန်ကျွင်းအဆင့် ပြိုင်ဖက်သည် အလွန်လွယ်ကူလှနေပြီဖြစ်ကြောင်း သူမသိခဲ့ပေ။
မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းပြီးနောက် ချူးယွင်ဖန်း၏ ခွန်အားသည် ခုန်ပျံကျော်လွှားတိုးတက်လာကာ ဟန်ကျန်ကျွင်းသည်ပင် သူ့ကို မယှဥ်နိုင်တော့ပေ။
"မင်းက လက်သီးတစ်ချက်ကိုတောင် မခံနိုင်ဘူးလား"
ဖုန်မှုန့်များပြေသွားပြီးနောက်ပြောလာသော ချူးယွင်ဖန်း၏ စကားများသည် သွေးချောင်းများဆိုးနေသော ဟန်ကျန်ကျွင်းကို ပို၍ စိတ်ဓာတ်ကျသွားစေသည်။
အခန်း (၆၆၀) မွေးဖွားခြင်းနယ်မြေ တတိယအဆင့် စွမ်းအား
ချူးယွင်ဖန်းက ဟန်ကျန်ကျွင်းကိုအနိုင်ယူခဲ့ကာ လက်သီးတစ်ချက်မျှပင် မတားဆီးနိုင်ခဲ့ပေ။ ဤအရာက မိမိကိုယ်မိမိ အလွန်အထင်ကြီးနေတတ်သော ဟန်ကျန်ကျွင်းအတွက် ထိုးနှက်ချက်ကြီးတစ်ခုပင်ဖြစ်သည်။
နောက်ဆုံးတွင် ဟန်ကျန်ကျွင်းသည် ချူးယွင်ဖန်း၏ ထိုးနှက်ချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိသူတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ကာ ဤသည်က သူ့မျက်နှာသို့ တည့်တည့်ဖြတ်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။
ချူးယွင်ဖန်းထံတွင် ရှုံးနိမ့်သွားသော ပြိုင်ဘက်များသည် အခြေအနေ အလွန်ဆိုးရွားနေလှသော်လည်း ချူးယွင်ဖန်းက ၎င်းတို့အတွက် အနည်းငယ်မျှ စာနာစိတ်မရှိပေ။ ဤလူများသည် သူရထားသည့် အခွင့်အရေးကို လုယူလိုကြခြင်းဖြစ်သည်။
ကောင်းကင်ဘုံနဂါးအကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူရန် အခွင့်အရေးတစ်ခုဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ပေ။ ကျင့်ကြံရေးလမ်းကြောင်းတွင် အဆင့်မမြင့်တက်လျှင် နောက်ကျကျန်ခဲ့မည်ဖြစ်၍ တစ်ကြိမ် နောက်ကျလျှင် ဆက်လက်၍ ယခုထက်နက ကျနေဦးမည်ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးသည် အလွန် အဖြစ်များလေ့ရှိသည်။
"တစ်ယောက်ပဲကျန်တော့တယ်"
လူများစွာ တုန်လှုပ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် မွေးဖွားခြင်းနယ်မြေအဆင့် သိုင်းပညာရှင် လေးဦးတို့က ချူးယွင်ဖန်းကို ဝိုင်းထားကြသည့်အခြေအနေမှ တစ်ဦးချင်း တိုက်ပွဲသို့ ပြောင်းလဲသွားခဲ့သည်။
ဝမ်ချီ၊ ကျားဟန်ဟိုင်နှင့် ဟန်ကျန်ကျွင်းတို့သည် ချက်ချင်းနီးပါး ရှုံးနိမ့်ခဲ့ကြသည်။
မျက်စိမမြင်သူများပင်လျှင် ၎င်းတို့၏ခွန်အားနှင့် ချူးယွင်ဖန်းအကြား ကြီးမားသောကွာဟချက်ရှိသည်ကို မြင်နိုင်ကြသည်။
ချူးယွင်ဖန်း၏အလွန်ယုံကြည်မှုရှိသောအကြည့်ကိုပြန်တွေးကြည့်သောအခါ ထိုစဉ်က ချူးယွင်ဖန်းသည် မာန်မာနကြီးလွန်း၍ ယုံကြည်မှုလွန်ကဲနေသည်ဟု မည်သူမျှ မထင်ကြတော့ပေ။ ချူးယွင်ဖန်းသည် သူ၏ ရွယ်တူများကို ဖိနှိပ်နိုင်သည့် ကြမ်းတမ်းရက်စက်သော အစွမ်းသတ္တိမျိုး အမှန်ပင် ရှိနေသည်။
“နောက်တစ်ယောက် ရှုံးသွားပြီ။ ချူးယွင်ဖန်းရဲ့ ခွန်အားက တကယ် အနှိုင်းမဲ့နေတာလား”
လျို့ချင်းချင်း၏ လှပသော မျက်နှာထက်တွင် ခါးသက်သော အပြုံးတစ်ခု ထင်ဟပ်လာသည်။ ဤတစ်ကြိမ်တွင် နောက်ဆုံးရလဒ်က မည်သို့ပင်ရှိစေကာမူ ချူးယွင်ဖန်းသည် ကျော်ကြားလာမည်ဖြစ်၍ သူ၏ကျော်ကြားမှုသည် ကျောင်းသားအသိုင်းအဝိုင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်သည်။ သူသည် သူ့နှစ်၌ပင် နာမည်ကြီးနေ၍ မဖြစ်ပေ။
ချူးယွင်ဖန်းသည် ဝမ်ချီ၊ ကျားဟန်ဟိုင်နှင့် ဟန်ကျန်ကျွင်းတို့၏ ပခုံးကို ချနင်းကာ ကျော်ကြားလာတော့မည်ဖြစ်သည်။ ယင်းတို့ထဲတွင် ချီရှောင်ဟွားလည်း ပါဝင်နိုင်သည်။ ယခုအချိန်တွင် လျို့ချင်းချင်းသည် ချီရှောင်ဟွားက အနိုင်ရမည်ဟု မသေချာပေ။
ဤအရာက စီနီယာလည်းဖြစ်သည့် လျို့ချင်းချင်းကို အနည်းငယ် ဝမ်းနည်းသွားစေသည်။ ဂျူနီယာများက အလွန်သန်မာလွန်းလှသဖြင့် သက်တောင့်သက်သာနေရန် မလွယ်လှပေ။
ဟန်ကျန်ကျွင်းကို လက်သီးတစ်ချက်ဖြင့် ထိုးချပြီးနောက် ချူးယွင်ဖန်းက ချီရှောင်ဟွားကိုကြည့်၍ ပြောသည်။
"ကောင်းပြီ၊ မင်းအစား ဘယ်သူမှခံပေးလို့မရတော့ဘူး။ မင်းအလှည့်ပဲ”
“ဘာ ငါ့အစားခံဖို့ လူတစ်ယောက်လိုတယ် ထင်လား" ချီရှောင်ဟွားက ဤအရာသည် အလွန် ရယ်မောဖွယ်ကောင်းလှသည်ဟု ခံစားမိသည်။
"ချူးယွင်ဖန်း၊ မင်းငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နိုင်တာပဲ။ ဒီဖိတ်စာကို ပေးရုံနဲ့ ဒီကိစ္စက ဒီနေ့ပြီးမှာမဟုတ်ဘူး”
“အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် ဖိတ်စာကို ပေးဖို့လည်း ငါ့မှ အစီအစဉ်မရှိဘူးလေ။ မင်းလိုချင်ရင် မင်းလုပ်နိုင်မလား ကြည့်ကြသေးတာပေါ့" ချူးယွင်ဖန်းက လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ မတ်တပ်ရပ်ကာ ဘာသိဘာသာပြောလိုက်သည်။
"ချူးယွင်ဖန်းက အရမ်းသန်မာလွန်းတယ်။ အရင်က သူ့ကို ကြိုးကိုင်ဖို့ စဉ်းစားဖူးတယ်။ အခုကြည့်တော့လည်း အဲ့လိုလုပ်ဖို့ မဖြစ်နိုင်လောက်ဘူး။ သူ့လိုလူကို ကြိုးကိုင်ဖို့ မလွယ်လောက်ဘူး”
"မှန်တယ်။ သူ့ရဲ့ခွန်အားနဲ့ဆို သူကိုယ်တိုင်ကြီးကျယ်ခမ်းနားတဲ့ သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်တယ်”
"ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေက သူ့ကို တိတ်တဆိတ် ကိုင်တွယ်ဖို့ ကြိုးစားနေတယ်လို့ ငါကြားတယ်။ ငါ သူသေပြီလို့ထင်နေတာ။ မိသားစုကြီးနှစ်ခုကို စော်ကားပြီး ဘယ်သူမှ အသက်မယှဉ်နိုင်ဘူး။ အသင်းအဖွဲ့ကြီးတွေက သူ့နောက်ကနေ ပံ့ပိုးကူညီမယ်ဆိုရင်တောင် သူ့ကို ကာကွယ်ဖို့ စွမ်းအားကြီး ကျွမ်းကျင်သူတွေကို အမြဲတမ်း လွှတ်ပေးထားလို့မရဘူး။ သူသေရင် ချူးမိသားစုက လူသေတစ်ယောက်အတွက် မိသားစုကြီးနှစ်ခုကို တိုက်ခိုက်မှာလား”
"ကြည့်ရတာ ချူးမိသားစုရဲ့ ပံ့ပိုးမှု မရှိရင်တောင် သူ့ကိုယ်သူ ကာကွယ်ဖို့ ခွန်အားတွေ ရှိနေတဲ့ပုံပဲ”
“အခုတော့ သူက ကျန်းမိသားစုနဲ့ ဟွမ်မိသားစုတွေက ကျွမ်းကျင်သူတွေကို သတ်ခဲ့တယ်ဆိုတာ ငါယုံသွားပြီ။ အဲ့လို ဖြစ်နိုင်ခြေတကယ်ရှိတယ်”
“ကောင်းလိုက်တာ။ ကောင်းတယ်။” ချီရှောင်ဟွားက အေးစက်စွာ ရယ်မောလိုက်သည်။ သူက ဤသို့ပြောကာ လေထဲသို့ လက်ဖြင့်လမ်းဖမ်းလိုက်ရာ စင်၏ အပြင်ဘက်မှ ရှေးကျသော စစ်ပုဆိန်တစ်လက် ပျံသန်းလာသည်။ ယင်းကို ကြိုးကြာထိန်းချုပ်ခြင်းသိုင်းဟုခေါ်သည်။
ဤမျှအကွာအဝေးကပင် ချီရှောင်ဟွားသည် စစ်ပုဆိန်ကို အလွယ်တကူ ခေါ်နိုင်၏။ ဤသည်ကို ကြည့်လျှင် ချီရှောင်ဟွား၏ သိုင်းပညာသည် မည်မျှ စွမ်းအားကြီးကြောင်း ထင်ရှားသည်။
ချီရှောင်စွား၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လှိုင်းလုံးများ ထွက်ပေါ်လာပြီးနောက် သူက အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ ချီစွမ်းအင်သိပ်သည်းဆကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်သည်။
ဘမ်း ဘမ်း ဘမ်း
ချီရှောင်ဟွား၏လက်ထဲမှ စစ်ပုဆိန်သည် အသံမျိုးစုံကို ထုတ်လွှတ်လျက်ရှိသည်။ စစ်မှန်သော ချီစွမ်းအင်အချို့ ပေါက်ကွဲထွက်လာပြီးနောက် ချက်ခြင်းပင်၊ သူက စစ်ပုဆိန်ကို ဝှေ့ယမ်းကာ ချူးယွင်ဖန်းပေါ်သို့ တိုက်ရိုက်ရိုက်ချလိုက်သည်။
ဘမ်း
လေထုတစ်ခုလုံး ချက်ချင်း ကွဲထွက်သွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားက စင်မြင့်အောက်က လူများကို မျက်လုံးပြူးသွားစေသည်။ ၎င်းသည် အမြောက်ကျည်တစ်ခုကဲ့သို့ ပေါက်ကွဲသွား၏။
ဓားနှင့်လှံများနှင့် နှိုင်းယှဉ်ပါက စစ်ပုဆိန်ကို အသုံးပြုရန် လှည့်ကွက်များစွာရှိသည်။ ယင်းကို စစ်တပ်၏ အုပ်စိုးသူဟုပင် ဆိုနိုင်သည်။ သို့သော် ၎င်းကို ကောင်းကောင်းသုံးနိုင်သူ အများအပြားမရှိပေ။ ထို့အပြင် ၎င်းကို အသုံးပြုနိုင်သူနိုင်သူများသည်လည်း အထင်ကြီးလောက်သော သမိုင်းကို ချန်ထားခဲ့နိုင်ကြသည်။
ယခုအခိုက်တွင် ချီရှောင်ဟွားပြသထားသည့် စစ်ပုဆိန်၏ စွမ်းအားသည် အလွန်အမင်း လွန်ကဲနေကြောင်း ထင်ရှားသည်။
သာမာန်လူများက စစ်ပုဆိန်ကို အသုံးပြုသော သိုင်းပညာရှင်နှင့် ထိပ်တိုက်တွေ့ရန် ရွေးချယ်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် ခြွင်းချက်ဖြစ်သည်။ သူသည် ကျူးချွဲ့ဓားကို ယူဆောင်လာခြင်းမရှိသော်လည်း၊ ကျူးချွဲ့သည် လက်ရှိတွင် တောင်မြစ်ပန်းချီကားထဲတွင် ရှိနေသည်။ သို့သော် ၎င်းကို လူသိရှင်ကြား ထုတ်ပြရန် အဆင်မပြေပေ။
ချူးယွင်ဖန်းကလည်း လေကို လှမ်းကိုင်လိုက်ရာ စင်အောက်က ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ကျောင်းသားတစ်ယောက်သည် မိမိလက်ထဲမှ လက်နက်ကို မထိန်းချုပ်နိုင်တော့ဟု ရုတ်တရက် ခံစားလိုက်ရ၏။ ထို့နောက်တွင် ၎င်းသည် အလင်းတန်းတစ်ခုအဖြစ်သို့ လွင့်ထွက်သွားကာ ချူးယွင်ဖန်း၏လက်ထဲသို့ ကျရောက်သွားသည်။
"မင်းရဲ့ဓား ခဏငှါး"
ထိုကျောင်းသားက လုံးလုံးလျားလျား အံ့ဩသွားသော်လည်း ငြင်းဆိုခြင်းမရှိခဲ့ပေ။ သူသည် ချူးယွင်ဖန်း၏ အံ့မခန်းခွန်အားကို ခံစားမိသဖြင့် အလွန်စိတ်လှုပ်ရှားနေ၏။
ဤလောက၌ အကြွင်းမဲ့ ခွန်အားသည် အလွန်အရေးပါသည်။ ချူးယွင်ဖန်း၏ ခွန်အားသည် ဤကျောင်းသားများကို အချိန် များစွာကြာဖိနှပ်ထားနိုင်ခဲ့သည်။
ရန်လိုသောကျောင်းသားအနည်းငယ်မှလွဲ၍ ဤကမ္ဘာ့တုန်လှုပ်ချောက်ချားသော တိုက်ပွဲတွင်ပါဝင်ရန် ဤနည်းဖြင့်ပင်လျှင် ကျောင်းသားအများစုက အလွန်ကူညီလိုကြသည်။
ကျောင်းသားက စိတ်လှုပ်ရှားစွာဖြင့် လှမ်းပြော၏။
“အဆင်ပြေပါတယ်။ မင်းဆန္ဒအတိုင်းသုံးပါ!"
သို့သော် သူကိုယ်တိုင်မှလွဲ၍ အခြားမည်သူမျှ မကြားခဲ့ရကြောင်း ထင်ရှားသည်။
ဓားတစ်လက်ကို ရပြီးနောက် ချူးယွင်ဖန်းသည် သူ့ဆီသို့ ခုတ်ပိုင်းကျလာသည့် စစ်ပုဆိန်ကို ရင်ဆိုင်လိုက်၍ အနည်းငယ်မျှ မဆိုင်းမတွဘဲ ဓားဖြင့်ထိုးလိုက်သည်။ ဓားအလင်းသည် အမြောက်ကျည်ကဲ့သို့ ကောင်းကင်ကို ဖြတ်သွားကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖြိုခွဲပစ်လိုက်သည်။
"ကမ္ဘာ့သခင်၊ ကောင်းကင်ဓား”
ဓားအလင်းသည် အရာခပ်သိမ်းကို ဖြတ်သွားကာ စစ်ပုဆိန်နှင့် ထိမှန်သွားသည်။ နှစ်ဖက်စလုံးမှ ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာ၍ ချက်ချင်းဆိုသကဲ့သို့ပင် ၎င်း၏လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို လွှမ်းခြုံသွားသည်။
နှစ်ဖက်စလုံးမှ စစ်မှန်သော စွမ်းအင်များသည် အချင်းချင်း တိုက်မိပြီးနောက် သွားစရာနေရာမရှိပေ။ သူတို့လုပ်နိုင်တာက အထက်ကိုတက်ပြီး ကောင်းကင်ကို ပစ်လွှတ်လိုက်တဲ့ စွမ်းအင်တိုင်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
နှစ်ဖက်စလုံးမှ ချီစွမ်းအင်များ အချင်းချင်းတိုက်မိကာ သွားရန် နေရာမရရှိတော့ပေ။ ထို့ကြောင့် ထိုစွမ်းအင်များသည် အထက်သို့တက်၍ ကောင်းကင်သို့ ပစ်လွှတ်လိုက်သော စွမ်းအင်ထောက်တိုင်အဖြစ်သို့ ပြောင်းလဲသွားသည်။
အစောပိုင်းနှင့် နှိုင်းယှဉ်ပါက တိုက်ပွဲသည် အဆင့်သစ်တစ်ခုသို့ သိသိသာသာ ရောက်ရှိသွားခဲ့သည်။
ချူးယွင်ဖန်းနှင့် ချီရှောင်ဟွားနှစ်ဦးစလုံးသည် ဝမ်ချီ၊ ဟန်ကျန်ကျွင်းနှင့် ကျားဟန်ဟိုင်တို့ထက် များစွာ ပို၍ သန်မာလှသည်။
"မွေးဖွားခြင်းနယ်မြေအဆင့်၏တတိယအဆင့် ချီရှောင်ဟွားက ငါတို့ထက် သာတယ်”
လျို့ချင်းချင်းက ခါးသက်စွာပြုံး၍ ပြောလိုက်သည်။