သိုင်းတစ်ကွက်
Vol. 3 Ch. 297
နှင်းငွေ့မိစ္ဆာသခင်မှ သူ့ထံသို့ပြေးဝင်လာကြသည့်လူနှစ်ယောင်ကိုကြည့်ကု နှုတ်ခမ်းတွန့်၍ပြုံးလိုက်ရင်း လကိဝါးတစ်ချက်စီရိုက်ထုတ်လိုက်သည်။
" ဝုန်း.....ဝုန်း.... "
ပြင်းထန်လှသည့်လက်ဝါးရိုက်ချက်မှာ စုတိချုံးကိုဖြတ်ကျော်သွားကာမာကျောသည့်ကျောက်သားမြေပြင်ထက်တွင်နက်ရှိုင်းသည့်ကျင်းကြီးတစ်ခုကျန်နေခဲ့သည်။
စုတိချုံး၏ခန္တာကိုယ်မှာ ရှေ့နောက်ယိမ်းယိုင်၍ နှင်းငွေ့မိစ္ဆာသခင်၏လက်ဝါးချက်ကိုရှောင်တိမ်းသွားခြင်းဖြစ်ကာ သူ၏ဦးတည်ရာမှာ မြေပြင်ပေါ်တွင်ကျနေခဲ့သည့်ခွေးရိုက်တုတ်ဆီသို့ဖြစ်သည်။
စုတိချုံးမှာ ခွေးရိုက်တုတ်သိုင်းကိုသာမက နဂါးနိုင်လက်ဝါးသိုင်းကိုပါတတ်မြောက်ထားသော်လည်း နှင်းငွေ့မိစ္ဆာသခင်နှင့်ထိတ်တိုက်တွေ့ခြင်းမှာ ကိုယ်ကိုယ်ကိုသတ်သေခြင်းနှင့်မခြားပေ။
ထို့ကြောင့် ခွေးရိုက်တုတ်သိုင်းဖြင့်နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုများကိုထိမ်းချုပ်ရန်ရည်ရွယ်ကာ ဝတ်စုံဖြူနှင့်ထင်းရှီတို့နှင့်ပူးပေါင်းတိုက်ခိုက်မည်ဟုဆုံးဖြတ်ထားသည်။
အဖြူရောင်ဝတ်စုံနှင့်လူလည်းစုတိချုံး၏ရည်ရွယ်ချက်ကိုနားလည်သည်။ သူတို့သုံးဦးပူးပေါင်းတိုက်ခိုက်မှသာ နှင်းငွေ့မိစ္ဆာသခင်ကိုတားဆီးနိုင်ရန်မျှော်လင့်ချက်အနည်းငယ်ရှိပေမည်။
ယခုအခြေအနေတွင်နှငိးငွေ့မိစ္ဆာင်မှာများစွာကြောက်မက်ဖွယ်ကောင်းနေကာ သိုင်းဝိဇ္ဇာအဆင့်များကိုပင် တိုက်ကွက်တစ်ခုတည်းဖြင့်အသေသတ်နိုင်သည့်အဆင့်သို့ရောက်နေပြီဖြစ်သည်။
သို့သော် သူတို့နှစ်ဦးတိုက်ခိုက်ရန်ပြင်လိုက်ကြသော်လည်း ထင်းရှီမှာ သူ၏နေရာတွင် ကျောက်ရုပ်သဖွယ်ရပ်နေကာ မျက်မှောင်ကြုတ်လျက်ရှိသည်။
သူ၏ပုံစံမှာ တစ်စုံတစ်ခုအားအပြင်းအထန်စဉ်းစားနေဟန်ရှိကာ သူ၏ခန္တာကိုယ်မှထက်ရှသည့်ဓားတစ်စင်း၏အငွေ့အသက်များတလိမ့်လိမ့်တတ်နေသည်။
စုတိချုံးနှင့်ဝတ်စုံဖြူတို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာနှင်းငွေ့မိစ္ဆာသခင်ကိုပြိုင်တူတိုက်ခိုက်လိုက်ကြသည် ။
အစိမ်းရောင်အရိပ်များမှာ လေထုထဲတွင်ရောယှက်ကုန်သည်။ စုတိချုံး၏ခွေးရိုက်တုတ်မှာ နှင်းငွေ့မိစ္ဆာသခင်ကိုလှောင်ပိတ်ထားကာ ဝတ်စုံဖြူမှာမူ နှင်းငွေ့မိစ္ဆာသခင်၏သေကွင်းသေကွက်နေရာများသို့ကြောက်မက်ဖွယ်ဓားချက်များဖြင့် လျှက်တပြတ်တိုက်ခိုက်နေသည်။
" လှည့်ကွက်တွေအားလုံးက အကြွင်းမဲ့ခွန်အားအောက်မှာအရှုံးပေးရလိမ့်မယ် "
နှင်းငွေ့မိစ္ဆာသခင်မှ လှောင်ပြုံးပြုံး၍သူ၏လက်နှစ်ဖက်ကိုဝေ့ယမ်းလိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်၏ဖြူဖျော့သည့်လက်ဝါးနှစ်ဖက်မှာ လက်ရိပ်များစွာအဖြစ်ခွဲဖြာသွားကာ စုတိချုံး၏ခွေးရိုက်တုတ်ကိုတားဆီး၍ရိုက်ထုတ်လိုက်သည် ။
တစ်တက်တည်း သူ၏လက်ဝါးများမှာ လက်ချောင်းတိုကိကွက်အဖြစ်ပြောင်းလဲသွားကာ ဝတ်စုံဖြူ၏နဂါးစိမ်းဓားကိုတောက်ထုတ်လိုက်ပြန်သည်။
" ဝုန်း...... "
" ထန်း...... "
ကျယ်လောင်သည့်မည်သံများဆက်တိုက်ထွက်ပေါ်လာကာ စုတိချုံးနှင့်ဝတ်စုံဖြူတို့မှာ ကြိုးပြတ်သည့်စွန်များပမာနောက်ဘက်သို့လွင့်စင်သွားကြသည်။
သိုင်းလောကသားများမှာ နှင်းငွေ့မိစ္ဆာသခင်၏ကြောက်မက်ဖွယ်ပုံစံနှင့်နက်ရှိုင်းလှသည့်အတွင်းအားများကြောင့်တုန်လှုပ်နေရာမှ စုတိချုံးနှင့်ဝတ်စုံဖြူတို့မည်သို့မှမယှဥ်နိုင်ဘဲလွင့်စင်သွားကြသည့်အတွက် သူတို့၏လက်ကျန်မျှော်လင့်ချက်များပျောက်ဆုံးကုန်ကြသည် ။
ဝမ်းတ၊သံမဏိဘုရင်နှင့်ခရမ်းရောင်သွေးလဂိုဏ်းသားများမှာမူနှင်းငွေ့မိစ္ဆာသခင်အားကြောက်ရွံ့လေးစားသည့်မျက်ဝန်းများဖြင့်ကြည့်နေကြသည်။
ဝူတန်းဂိုဏ်းမှလူစုထဲမှ မုချန်း၏မျက်လုံးများကျဉ်းမြောင်းသွားကာ သူ၏လက်ထဲမှဓားကိုတင်းကြပ်စွာဆုပ်ကိုင်ကာ ရှေ့သို့တိုးထွက်ရန်ပြင်လိုက်သည်။။
သို့သော် သူ၏အမူအယာပြောင်းလဲသွားကာ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်စွာရှိနေသည့်ထင်းရှီကို ထိတ်လန့်ဟန်ဖြင့်ကြည့်လိုက်သည်။
ထင်းရှီ၏မျက်လုံးများပွင်လာသည် ။ သူနှင့်လမ်းလှမ်းလှမ်းတွင်လဲကျနေကြသည့်လူနှစ်ယောက်ကြောင့် ထင်းရှီမှာ မျက်နှာတစ်ချက်ပျက်သွားသည် ။
အစောပိုင်းတွင် သိုင်းသမားများအတွက် ရှားပါးသည့် ဉာဏ်အလင်းပွင့်ခြင်းအခြေအနေသို့ဝင်ရောက်သွားသည့်အတွက်သူပတ်ဝန်းကျင်ကိုသတိမရတော့ခြင်းဖြစ်သည်။
စုတိချုံးမှာ တုတ်တုတ်မှမလှုပ်ဘဲလဲကျလျက်ရှိကာ သူ၏ခွေးရိုက်တုတ်မှာခပ်လှမ်းလှမ်းတွင်မြေပြင်၌စိုက်ဝင်လျက်ရှိသည် ။
ဝတ်စုံဖြူမှာမူ သူ၏လက်ထဲမှဓားကိုတင်းကြပ်စွာဆုပ်ကိုင်ကာဒယီးဒယိုင်ဖြင့်ထရပ်လာသော်လည်း သူ၏မျက်နှာသွေးဆုတ်ဖြူလျော်နေကာ လက်ညိုးနှင်လက်မကြားတွင်လည်းအက်ကွဲလျက်သွေးများစီးကျလျက်ရှိသည် ။
အလယ်ပိုင်းမှလူအလုံးမှာ မျှော်လင့်ချက်ကုန်ဆုံးသည့်မျက်နှာဖြင့်ရှိနေကြကာ နှင်းငွေ့မိစ္ဆာသင်ကြောင့်ဒဏ်ရာရနေကြသည့်သိုင်းဝိဇ္ဇာများသည်ပင် ခေါင်းယမ်းလျက်ရှိကြသည်။
အချို့လူများမှာ တင်းမာသည့်မျက်နှာများဖြင့်ရှိကြသော်လည်း သူတို့ထဲမှအတော်များများမှာ တိုက်ခိုက်ချင်စိတ်ပင်ပျောက်ဆုံးနေကြပြီဖြစ်သည်။
ထင်းရှီမှာအခြေအနေအားခြုံ၍အကဲခပ်ကာ မျက်မှောင်ကြုတ်ရင်း သူ၏ရှေ့တွင်လက်နောက်ပစ်၍ရပ်နေသည့်နှင်းငွေ့မိစ္ဆာသခင်ကိုစူးစိုက်ကြည့်လိုက်သည်။
ထင်းရှီ၏အကြည့်များမှာ စူးရှသည့်ဓားတစ်လက်နှင့်တူကာ သူ၏မျက်နှာသွင်ပြင်မှာမူ နက်ရှိုင်းသည့်ရေကန်တစ်ခုလိုတည်ငြမ်လျက်ရှိသည် ။
နှင်းငွေ့မိစ္ဆာသခင်လည်းထင်းရှီ၏မျက်လုံးများကိုအကြည့်မလွှဲဘဲစိုက်ကြည့်လိုက်သည်။ ထို့နောက်ခေါင်းညိမ့်၍ပြောလိုက်သည်။
" ကောင်းတယ် မထင်မှတ်ထားဘဲ မင်းကပိုပြီးတိုးတက်လာတာပဲ ။ ငါသိုင်းလောကထဲကိုရောက်တဲ့အချိန်ထဲက မင်းဆရာကလွဲလို့ ပြိုင်ဘက်ကောင်းကောင်းမတွေ့သေးဘူး "
နှင်းငွေ့မိစ္ဆာသခင်မှတည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။ သူလည်း ထင်းရှီ၏ခန္တာကိုယ်မှအပြောင်းအလဲအချို့ကိုသိရှိသည်။
" တစ်ကွက်ပဲ ခင်ဗျားကို သိုင်းတစ်ကွက်ထဲနဲ့အနိုင်မယူနိုင်ရင် ကျုပ်လုံးဝရှုံးပြီ "
ထင်းရှီမှ ခရမ်းဖျော့ဖျော့တောက်ပနေသည့်ဓားသွားကိုပွတ်သတ်ကာပြောလိုက်သည်။ သူ၏စကားကြောင့် အားလျော့နေသည့်သိုင်းလောကသားများပင် စိတ်ပျက်မိကြသည် ။
အစောပိုင်းကပင်နှင်းကွေ့မိစ္ဆာသခင်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှသိုင်းဝိဇ္ဇာခြောက်ယောက်၊ ခေါင်းဆောင်လေးယောက်ကိုအနိုင်ယူခဲ့သည်သာမက ထင်းရှီ၊စုတိချုံးနှင့်ဝတ်စုံဖြူတို့ပူးပေါင်းတိုက်ခိုက်သည်ပင်အနိုင်မရခဲ့ပေ ။
ယခုအခါနှင်းငွေ့မိစ္ဆာသခင်မှာပို၍ကြောက်မက်ဖွယ်ကောင်းလာရုံသာမက ထင်းရှီမှသိုင်းတစ်ကွက်ဖြင့်အနိုင်အရှုံးဆုံးဖြတ်မည်ဟုဆိုလာသည်။
ထိုအခြေအနေတွင်ထင်းရှီမှာ ရူးသွပ်နေ၍ပင်ဖြစ်ရမည်။
နှင်းငွေ့မိစ္ဆာသခင်၏မျက်နှာထက်မှခရမ်းရောင်သွေးကြောများပို၍ထင်ရှားလာသည် ။
" ကောင်းပြီလေ စလိုက်ကြတာပေါ့ "
စကားဆုံးသည်နှင့်နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှာပျောက်ကွယ်သွားသည်။။
ထင်းရှီလည်းဘယ်ဒူးကိုညွတ်၍ခန္တာကိုယ်တစ်ခုလုံးရှိအားအင်များကိုခြေထောက်နှစ်ဖက်ပေါ်တွင်စုထားသည်။
ဤသည်မှာ ပင်လယ်ရပ်ခြားလူထူးဆန်းချန်ယန်ကျိ၏ လကွယ်ကြယ်ပျောက်သိုင်းကွက်ဟန်ဖြစ်ကာ အတွင်းအားများကိုတိုက်ကွက်တစ်ခုထဲတွင်စုစည်းထားကာ ကိုယ်ဖော့ပညာအသုံးမပြုဘဲ ခန္တာကိုယ်လှုပ်ရှားမှုသက်သက်ဖြင့်တိုက်ခိုက်သည့်သိုင်းကွက်ဖြစ်သည် ။
အကယ်၍ အစောပိုင်းကသာထိုသိုင်းကွက်ကိုထုတိသုံးပါက နှင်းငွေ့မိစ္ဆာသခင်ကိုလုံးဝအနိုင်ယူနိုင်မည်မဟုတ်ပေ။
သို့သော်ယခုထင်းရှီမှာ သူ၏စိတ်ကိုဓားကွက်အပေါ်တွက်နှစ်မြုပ်ထားကာ သူ၏ဓားဆန္ဒသည်လည်းပေါက်ကွဲထွက်လာပြီး သူ၏လက်ထဲမှဓားတွင်စုဆုံသွားသည် ။
' ငါကိုယ်တိုင်ကဓားတစ်လက်ပဲ ငါ့မှာဓားကွက်တွေမလိုဘူး ငါ့ရဲ့လှုပ်ရှားမှုတိုင်းကဓားကွက်တွေပဲ '
ထင်းရှီ၏နှလုံးသားထဲတွင်ကျယ်လောင်စွာမည်ဟည်းနေရာ သူ၏ခြေထောက်ကိုကွေးညွှတ်၍ရှေ့သို့ခုန်ဝင်လိုက်သည် ။
တစ်ဆက်တည်းသူ၏လက်ထဲမှဓားကိုလည်းလှုပ်ရှားလိုက်သည် ။
" ဝှစ် "
သိုင်းလောကသားများ၏မျက်စေ့ထဲတွင် နှင်းငွေ့မိစ္ဆာသခင်၏လှုပ်ရှားမှုမှာ တစ်နေရာတွင်ပျောက်ကွယ်၍ကျန်နေရာတွင်ထွက်ပေါ်လာသလိုလွန်စွာလျှင်မြန်ပေသည် ။
တစ်ဖက်တွင်ထင်းရှီမှာ ရှေ့သို့တိုးဝင်သွားခြင်းမှန်သော်လည်း သူ၏လှုပ်ရှားမှုမှာ များစွာလျှင်မြန်ခြင်းမရှိပေ။
သို့သော် ထိုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကျော်ဖြတ်သွားပြီး တစ်စုံတစ်ရာလှုပ်ရှားမှုမရှိဘဲငြိမ်သက်နေကြသည်။
ထင်းရှီ၏ဓားမှာ ရေပြင်ညီအတိုင်းဖြစ်နေကာ တဆက်ဆက်တုန်လာပြီး သူ၏ခန္တာကိုယ်သည်လည်းအားအင်လျော့နည်းဟန်ဖြင့်လဲကျသွားသည်။။
ထင်းရှီ၏မျက်နှာမှာ ဖြူဖျော့နေကာ မောပန်းနွမ်းနယ်နေဟန်ရသည် ။
" အဆုံးသတ်သွားပြီ "
အလယ်ပိုင်းသိုင်းလောကသားများမှာ လွန်စွာစိတ်ပျက်သွားကြသည် ။
ယိုင်နဲ့နဲ့ရပ်နေသည့်ဝတ်စုံဖြူနှင့် မက်တပ်မရပ်နိုင်သေးသည့် တေလေဂိုဏ်းချုပ်ကြီးတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လွန်စွာအံ့အားသင့်နေဟန်ရသည် ။
ထိုစဉ် နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏ရင်ဘက်ဆီသို့ရောက်နေသည့်လက်ကိုပြန်၍ချကာ ထင်းရှီကို လှည့်ကြည့်လိုက်သည် ။
" အတော်လေးမြန်တဲ့ဓားချက်ပဲ ဓားသမားတွေကိုအထင်မသေးသင့်ဘူး "
စကားဆုံးသည်နှင့် နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏လည်ပင်းမှသွေးများပနိးထွက်လာကာ တအိအိဖြင်ပလဲပြိုသွားသည်။
ရုတ်ချည်းဖြစ်ပေါ်လာသည့်အပြောင်းအလဲကြောင့် သိုင်းလောကသားများမှာ စကားတစ်ခွန်းမဆိုမိကြဘဲ ငြိမ်သက်နေကြသည်။
သူတို့၏မျက်နှာများထက်တွင် အံ့ဩဆွံ့အမှုများအတိုင်းသားထွက်ပေါ်နေသည် ။
" ဆရာ "
" သခင် "
ဝမ်းတနှင့်သံမဏိဘုရင်တို့မှာ လဲကျနေသည့်နှငိးငွေ့မိစ္ဆာသခင်ဆီသို့ပြေးဝင်သွားကြသည် ။
ထိုအခါမှ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှလူများနှင့် အလယ်ပိုင်းသိုင်းလောကသားများမှာ ရှေ့သိုဘကမန်းကတန်းပြေးထွက်လာကာ ထင်းရှီ၊ စုတိချုံးနှင့် ဝတ်စုံဖြူတို့ကိုကာကွယ်ပေးလိုက်ကြသည် ။
သူတောင်းစားဂိုဏ်းသားများလည်း သူတို့၏ဂိုဏ်းချုပ်အနီးတွင်ရှိနေကြသည် ။ ဝတ်စုံဖြူ၏အနီးတွင်မူ သွေးလဖျက်ဆီးသူအဖွဲ့မှလူများမှာ တည်ကြည်သည့်မျက်နှာများဖြင့်လက်နက်ကိုယ်စီကိုင်ရာစောင့်ကြပ်လျက်ရှိသည် ။
ထင်းရှီ၏အနီးတွင်မူ မုချန်း ၊ ဝူတန်းဂိုဏ်ဝင်များနှင် ကျန်သိုင်းသမားများရှိသော်လည်း ထင်းရှီမှာ အားအင်လျော့နည်းနေသည့်မျက်နှာဖြင့် မိန်းကလေးတစ်ယောက်၏ရင်ခွင်ထဲတွင်ထိုင်လျက်ရှိသည် ။
----------------------------------