← Chapters

တိရစ္ဆာန်ဟုပင်မခေါ်ထိုက်သူ

Vol. 1 Ch. 6

တိရစ္ဆာန်ဟုပင်မခေါ်ထိုက်သူ

Vol. 1 Ch. 6

လျန်ဝေ့သည် သူ၏ခွန်အားကို အလွန်အကျွံတွက်မိသွားသည်။ သူ၏ အသက်လေးဆယ်ကျော် တုတ်ခိုင်သောခန္ဓာကိုယ်က သံမဏိလုံခြုံရေးတံခါးကို ဖျက်ဆီးဖို့ လုံးဝမဖြစ်နိုင်ပေ။ နောက်ဆုံးတွင် သူသည် စိတ်တည်ငြိမ်လာပြီး တံခါးကို ကန်ခြင်းကို ရပ်လိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ဆူညံလွန်းလျှင် ဖုတ်ကောင်များကို ဆွဲဆောင်မိပြီး ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေပေမည်။

သူ၏မျက်လုံးများသည် အကြံအစည်ဖြင့် တောက်ပနေပြီး ယုတ်မာသောလေသံဖြင့်

''ကောင်းပြီ၊ ဆရာမချန်။ ငါ့မှာ ကျန်နေတဲ့ စည်သွတ်အသားဘူးတွေ ရှိနေတာပဲ။ ငါ့ရဲ့ ရိုးသားမှုကို ပြဖို့ မင်းတံခါးရှေ့မှာ ထားခဲ့မယ်။ ဘာပဲဖြစ်ဖြစ် မကြာခင် မှောင်တော့မယ်။ မင်း တံခါးဖွင့်ပြီး စားလိုက်လို့ရတယ်၊ ဒါမှမဟုတ်...အနံ့ရသွားတဲ့ သားရဲတွေ မင်းကိုလာစားပါစေ''

''ဘယ်သူသိနိုင်မလဲ။ ဒီည မင်းသေသွားရင် မင်းရဲ့အလောင်း ပူနွေးနေတုန်းမှာ ငါတွေ့ပြီး''

သူ၏ယုတ်မာသော ခြိမ်းခြောက်မှု မပြီးမီတွင် တံခါးအပြင်ဘက်မှ တစုံတရာ ထိခိုက်မိသံ ထွက်ပေါ်လာသည်။

လျန်ဝေ့၏ ညစ်ညမ်းသောအသံက ရုတ်တရက် တိတ်ဆိတ်သွားသည်။

“ဒုန်း”

လေးလံသောအရာတစ်ခု ပြိုကျသံ နောက်မှ လိုက်ပါလာသည်။

ချန်ဆီရွှမ် ထိတ်လန့်တုန်လှုပ်သွားသည်။ သူမသည် တံခါးပေါက်သို့ ဖြည်းညင်းစွာ လျှောက်လာပြီး မျက်စိကို ထိုနေရာနှင့် ကပ်ထားလိုက်သည်။ တံခါးအပြင်ဘက်မှ မြင်ကွင်းသည် သူမ၏မျက်လုံးအိမ်ကို ပြင်းထန်စွာ ကျုံ့သွားစေသည်။

အပြင်ဘက်တွင်…

ရင်းနှီးသော လူငယ်တစ်ဦးသည် လျန်ဝေ့၏ခေါင်းမှ ဓားမြှောင်ကို ဆွဲထုတ်နေသည်။

လင်းရှန်…

ဒါရိုက်တာ လျန်ဝေ့သည် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

ချန်ဆီရွှမ် မယုံနိုင်စွာ အသက်ရှူသွင်းလိုက်သည်။ သူမသည် မြင်နေရသည့်အရာကို အပြည့်အဝ နားမလည်သေးမီတွင် လင်းရှန်၏အသံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။

''ဆရာမချန်၊ မင်းအသက်ရှင်နေသေးရင် ငါတို့ အချိန်မဖြုန်းသင့်ဘူး''

သူ၏အသံသည် သူမ၏နောက်ကျောပြင်လေးကို တုန်ခါစေသည်။

သူလာပြီ။ သူမကို ခေါ်ဆောင်ဖို့ သူလာပြီ။

ချန်ဆီရွှမ်၏မျက်နှာပေါ်တွင် သိသာထင်ရှားသော စိတ်ခံစားမှုလှိုင်းတစ်ခု လွှမ်းမိုးသွားသည်။ လျန်ဝေ့၏အသက်မဲ့သောကိုယ်ခန္ဓာကို မြင်ရခြင်းသည် သူမကို သက်သာရာရစေသော ခံစားမှုဖြင့် ပြည့်နှက်သွားစေသည်။ သူမတွင်မရှိခဲ့သော သတ္တိကို စုစည်းကာ တံခါးကို မဆိုင်းမတွ ဖွင့်လိုက်သည်။

''လင်း... လင်းရှန်''

သူမသည် စိတ်ရင်းဖြင့် တုန်လှုပ်စွာ ပြောလိုက်ပြီး သူ၏လက်ထဲမှ သွေးစွန်းနေသော ဓါးကို ကြည့်လိုက်မိသည်။

လင်းရှန်က ဓါးမှ‌သွေးများကို သုတ်သင်နေသည်ကို ကြည့်ရင်း သူမချွေးစေးများပြန်လာသည်။

လျန်ဝေ့၏အလောင်းပေါ် သူမ၏အကြည့်ကျရောက်သွားသည်။ သူ၏ခေါင်းသည် နောက်စေ့မှ မျက်ခုံးနှစ်ခုကြားအထိ ထုတ်ချင်းပေါက်နေသည်။ သူသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး မျက်လုံးများ ပြူးကျယ်နေကာ အနီရောင်နှင့် အဖြူရောင် အရည်များ ယိုစိမ့်ထွက်နေပြီး ရွံရှာဖွယ် ပေပွနေသည်။

“အော့…”

ချန်ဆီရွှမ်သည် ထပ်မံမထိန်းသိမ်းနိုင်တော့ဘဲ ထိုင်ချကာ အန်ထုတ်လိုက်သည်။ သို့သော် နှစ်ရက်ကြာ အစာမစားရသောကြောင့် အစာအိမ်အက်ဆစ်သာ ထွက်လာသည်။

လင်းရှန်သည် သူ့ရှေ့ရှိ အားနည်းပြီး ပုံစံပြောင်းနေသော ချန်ဆီရွှမ်ကို ကြည့်လိုက်သည်။ သူမှတ်မိထားသော တက်ကြွပြီး ယုံကြည်မှုရှိသည့် ''ဆရာမချန်'' နှင့် မတူတော့ပေ။ သူ၏ရင်ဘတ်တွင် သနားကြင်နာမှုတစ်ခု ပေါက်ဖွားလာသည်။

ယနေ့တွင် ချန်ဆီရွှမ်သည် ဂျင်းဘောင်းဘီတစ်ထည်၊ တီရှပ်တစ်ထည်ကို ပေါ့ပါးသော ဂျက်ကက်တစ်ထည်နှင့် တွဲဖက်ဝတ်ဆင်ထားသည်။ ဖြစ်ကောင်းဖြစ်လာနိုင်သော ခရီးစဉ်အတွက် သူမ၏ပြင်ဆင်မှုဖြစ်သည်။

''ငါအားလုံး ကြားပြီးပြီ။ သူလိုလူစုတ်တွေက တိရစ္ဆာန်နဲ့ မခြားနားဘူး။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မနေနဲ့။ မင်းရဲ့ပစ္စည်းတွေ ထုပ်ပိုးထားပြီးပြီလား'' လင်းရှန်၏အကြည့်သည် ဖိနပ်ဗီရိုဘေးရှိ ဒေါက်ဖိနပ်များကို ဝေ့ကြည့်ပြီးနောက် သူမ၏ခြေဗလာများပေါ်သို့ ကျရောက်သွားသည်။

''ဟုတ်... အဆင်သင့်ဖြစ်နေပါပြီ''

နှလုံးသားအတွင်း ပွက်ပွက်ဆူနေသော စိတ်လှုပ်ရှားမှုကို အတင်းအကျပ်ဖိနှိပ်ပြီး ချန်ဆီရွှမ်သည် သူမ၏စိတ်ကို လျင်မြန်စွာ ပြန်လည်ရယူလိုက်သည်။ သူမသည် လင်းရှန်ရှေ့တွင် အားနည်းနေပုံမပေါ်စေလိုပေ။ သူမသည် ကိုယ်ကိုငုံ့ကာ အားကစားဖိနပ်ကိုစီးလိုက်ပြီး လျန်ဝေ့၏အလောင်းကို တမင်မကြည့်မိအောင်နေလိုက်သည်။

လင်းရှန်သည် စကားများများမပြောဘဲ အတွင်းသို့ဝင်လာပြီး တိုက်ခန်းကို စူးစမ်းရှာဖွေသည်။ သူသည် ကတ်ထူပုံးတစ်လုံးကို ကောက်ယူပြီး ကော်ဖီဖျော်စက်နှင့် သစ်သီးညှစ်စက်အပါအဝင် မီးဖိုချောင်မှ သေးငယ်သော စက်ပစ္စည်းအချို့ကို ထည့်ကာ သူမ၏လက်ထဲသို့ တွန်းပို့လိုက်သည်။

''ဒါကိုကိုင်ထား''

''ဟမ်…ဒါတွေဘာလုပ်ဖို့လဲ'' ချန်ဆီရွှမ်သည် သိချင်စိတ်နှင့် စိုးရိမ်ပူပန်မှုတို့ ရောယှက်နေသော အသံဖြင့် အလိုလိုမေးလိုက်မိသည်။ သူမသည် လင်းရှန်က ဘာကြောင့် ကြုံရာကျပန်းပစ္စည်းများ ကောက်ယူနေသည်ကို နားမလည်နိုင်ပေ။

သို့သော် သူမ၏ကယ်တင်ရှင် လင်းရှန်က ပြန်မဖြေသဖြင့် သူမ၏မေးခွန်းများကို လျင်မြန်စွာ မျိုချလိုက်သည်။ သူမသည် နာခံစွာဖြင့် ပုံးကိုကိုင်ကာ သူ့နောက်သို့ လိုက်သည်။

ချန်ဆီရွှမ်၏ ''ခရီးဆောင်အိတ်'' တွင် အဝတ်အစားအနည်းငယ်သာ ပါဝင်ပြီး အခြားအရေးပါသော အရာများ မရှိသလောက်ပင်။ ကွန်ဒုံး တစ်ထုပ်မှလွဲ၍။

သူမသည် မည်သူနှင့်မျှ မနေဖူးသော်လည်း ပညာတတ်ပြီး လွတ်လပ်သောအမျိုးသမီးတစ်ဦးအနေဖြင့် အကာအကွယ်သတိ အမြဲရှိခဲ့သည်။

ယခု ကမ္ဘာပျက်ကပ်…

ဤပြင်းထန်သောပတ်ဝန်းကျင်တွင် ကိုယ်ဝန်ရှိခြင်းသည် သေဒဏ်နှင့် ညီမျှသည်။

နောင်တွင်ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူမ၏နောက်ဆုံးကာကွယ်မှုအလွှာဖြစ်သည်။ ထို့အပြင် သူမတွင် အစားအစာနှင့် ရေများ ကျန်မရှိတော့ပေ။

အထက်ထပ်၊ အခန်း ၁၂၀၃၊ လျန်ဝေ့၏အခန်း။

တံခါးကို သော့ခတ်ထားသော်လည်း လင်းရှန်သည် ၎င်းပေါ်တွင် လက်တင်လိုက်သည်နှင့် သော့ပွင့်သံ ထွက်ပေါ်လာသည်။

လျန်ဝေ့သည် အစားအစာနှင့် ရေ အမြောက်အမြားရှိကြောင်း ပြောဆိုခဲ့ပြီး လင်းရှန်သည် ထိုကဲ့သို့သော ပစ္စည်းများကို ဖြုန်းတီးမည်မဟုတ်ပေ။

သို့သော် တံခါးဖွင့်လိုက်သည်နှင့် ညီစို့စို့ အနံ့ကြီး ထွက်ပေါ်လာသည်။

ချန်ဆီရွှမ်သည် လင်းရှန်၏ပခုံးပေါ်မှ လှမ်းကြည့်လိုက်ရာ အတွင်းဘက်ရှိ မြင်ကွင်းသည် သူမကို မေ့မျောလုနီးပါး ဖြစ်သွားစေသည်။

“အော့…”

သူမသည် ထပ်မံအော့အန်လိုက်ပြီး အစာအိမ်သည် ပြင်းထန်စွာ ဆူပွက်လာသည်။

လင်းရှန်၏မျက်နှာပင် ဖြူဖျော့သွားသည်။ သူ၏မျက်ခုံးများ နက်ရှိုင်းစွာ ကျုံ့သွားပြီး မြင်ကွင်းကို စူးစမ်းသည်။

အိမ်ထဲတွင် အစားအစာနှင့် ရေ တစ်စက်ကလေးမျှ မရှိပေ။ ထိုအစား တိုက်ခန်းတစ်ခုလုံး သွေးများ၊ ကိုယ်တွင်းကလီစာများဖြင့် ပြန့်ကျဲနေသည်။

မီးဖိုချောင်တွင် လှီးဖြတ်လက်စ အလောင်းတစ်ပိုင်းရှိပြီး အမျိုးသမီးတစ်ဦးဖြစ်နိုင်သည်။

လင်းရှန်၏မျက်နှာသည် ပို၍ပင် မှောင်မိုက်လာပြီး အန်ချင်စိတ်ဖြစ်လာသည်။

အမှန်တော့ လျန်ဝေ့သည် အစားအစာများ စုဆောင်းခြင်းမပြုခဲ့ပေ။ သူသည် လူသားစားနေသည်။

၎င်းကို ဖြေရှင်းရန် မခက်ခဲပေ။ မီးဖိုချောင်ရှိ ကံဆိုးသောအမျိုးသမီးမှာ လျန်ဝေ့၏ ဇနီးဖြစ်လိမ့်မည်။

''တိရစ္ဆာန်တွေကို ငါတောင်းပန်ရမယ်။ သူ့ကို တိရိစ္ဆာန်လို့ခေါ်မိတာက တိရိစ္ဆာန်တွေအပေါ် ကြီးမားတဲ့စော်ကားမှုပဲ'' လင်းရှန်က အေးစက်စွာ ရေရွတ်လိုက်သည်။

''သွားကြစို့။ ငါ့နားမှာပဲနေ၊ အသံမထွက်စေနဲ့'' တန်ဖိုးရှိသော အရာများ မကျန်တော့ကြောင်း သဘောပေါက်လိုက်ပြီး သူ ဆုံးဖြတ်ချက်ချကာ ထွက်လာသည်။

''ဟုတ်'' ချန်ဆီရွှမ်၏မျက်နှာသည် ဖြူဖျော့နေပြီး သူမသည် ထိတ်လန့်နေသည်။

''အပြင်မှာ ဖုတ်ကောင်တွေ အများကြီးရှိတယ်။ မအော်နဲ့''

''ဟုတ်”

''လမ်းကိုသတိထား၊ မချော်စေနဲ့''

''ဟုတ်''

ထိုကဲ့သို့သော ကြောက်မက်ဖွယ်ရာများကို မြင်တွေ့ပြီးနောက် ချန်ဆီရွှမ်သည် လင်းရှန်ပြောသမျှကို ခေါင်းညိတ် နားထောင်တတ်သော ကျောင်းသူတစ်ဦးနှင့် တူလာသည်။

သူမ၏ပင်ကိုယ်အသိစိတ်က လင်းရှန်ပြောသမျှ လိုက်နာခြင်းသည် မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောပြသည်။

လင်းရှန်သည် ဘူတာရုံအတွင်းမှ ဖုတ်ကောင်အနည်းငယ်၏ခေါင်းများကို အသံတိတ် ဖြတ်တောက်လိုက်ပြီး ချန်ဆီရွှမ်ကို ပလက်ဖောင်းဘေးရှိ ကျဉ်းမြောင်းသော ပြုပြင်ထိန်းသိမ်းရေးလမ်းကြောင်းအတိုင်း ခေါ်ဆောင်လာသည်။

ချန်ဆီရွှမ်သည် သူ့နောက်မှ အနီးကပ်လိုက်နေပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။ အစာအိမ်ထဲမှ ပွက်ပွက်ဆူနေသော အန်ချင်စိတ်ကိုလည်း အတင်းဖိနှိပ်နေရသည်။ အပြင်ဘက်ကမ္ဘာကြီးသည် ဤမျှလောက်ကြီး ငရဲဘုံအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု စိတ်ကူးမယဉ်ခဲ့ပေ။ တစ်မြို့လုံး၏ အဆိုးရွားဆုံးသော အိပ်မက်ဆိုးများမှ မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။

လျန်ဝေ့၏တိုက်ခန်းမှ ကြောက်မက်ဖွယ်ရာ မြင်ကွင်းသည် သူမ၏အိပ်မက်များကို ထာဝရ ခြောက်လှန့်နေလိမ့်မည်မှာ သေချာသည်။

မှောင်မိုက်နေသော မြေအောက်ရထားဥမင်အတွင်း၊ သူတို့၏ သုတ်ခြေတင် ခြေသံများနှင့် အသက်ရှူသံများသာ ကြားရသည်။

မကြာမီ အလင်းရောင်ဖျော့ဖျော့သည် အဝေးမှ ဧရာမအရိပ်မည်းကြီးတစ်ခုကို တဖြည်းဖြည်း ထင်ဟပ်လာစေသည်။ မှိန်ဖျော့သော လမ်းကြောင်းပြ မီးအလင်းရောင်များက ဧရာမသမဏိရထားကြီးကို ထုတ်ဖော်ပြသလိုက်သည်နှင့် ချန်ဆီရွှမ် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

ရထား၏အရွယ်အစားကြီးမားမှုသည် သူမကို အံ့အားသင့်စေသည်။ သို့သော် လင်းရှန်က ၎င်းကို ချဉ်းကပ်လိုက်သည်နှင့် လေးလံသော မီးရထားစက်ခေါင်းသည် မြည်ဟီးလာပြီး ရှေ့မီးများ၏ အလင်းရောင်ဖြင့် သူမအား ကြိုဆိုနေသယောင်။

''ကြောင်မနေနဲ့ တက်လိုက်'' လင်းရှန်က ပြောသည်။

''ဟုတ်''

လင်းရှန်က အပေါ်အရင်တက်ကာ သူမ၏ လက်ထဲမှ တိုလီမုတ်စများကို လက်လွှဲယူလိုက်သည်။ ပြီးနောက် သူမ၏လက်ကို မြဲမြဲ ဆုပ်ကိုင်ကာ ရထားပေါ်သို့ ဆွဲတင်လိုက်သည်။

ရထားမောင်းခန်းထဲသို့ ဝင်လာပြီး လင်းရှန်သည် သူတို့နောက်မှ ထူထဲသော သံတံခါးကို ပိတ်လိုက်သည်။

အတွင်းဘက်တွင်၊ တောက်ပသော မီးအလင်းရောင်နှင့် သံမဏိနံရံများက ချန်ဆီရွှမ်ကို လွှမ်းမိုးနိုင်စွမ်းရှိသော လုံခြုံမှုခံစားချက်ကို ချက်ချင်းပေးသည်။

''လင်း... လင်းရှန်... မင်း တကယ် ရထားမောင်းတတ်တာလား'' သူမ တုံ့ဆိုင်းစွာ မေးသည်။

''ငါ ဒါကြီးကို တွန်းလာတယ်ထင်လို့လား'' လင်းရှန်က ခပ်ဖျော့ဖျော့ပြုံးပြီး တံခါးကို သော့ခတ်လိုက်သည်။ သူ၏အမူအယာသည် အနည်းငယ် ပြေလျော့လာသည်။

သူ၏လက်ကို ကြမ်းပြင်ပေါ်တင်ကာ ယန္တရားနှလုံးသားကို လှုံ့ဆော်လိုက်ပြီး ရထား၏ရှေ့မီးများကို ပိတ်လိုက်သည်။ ထို့နောက် သူမကို နံပါတ် ၁ ရထားတွဲသို့ ခေါ်ဆောင်လာသည်။ ပစ္စည်းများကို နေရာချပြီး နောက်ဆုံးတွင် ပေါင်မုန့်တစ်လုံးနှင့် ရေတစ်ပုလင်းကို ဆွဲထုတ်ကာ သူမကို ပစ်ပေးလိုက်သည်။

''မင်း အစာမစားရတာ ရက်အတော်ကြာပြီထင်တယ်။ ဒီမှာ၊ စားလိုက်''

ချန်ဆီရွှမ်၏မျက်လုံးများတွင် မျက်ရည်များ စို့လာပြီး သူမသည် ကျေးဇူးတင်စွာဖြင့် အစားအစာကို လက်ခံယူလိုက်သည်။ သူမသည် နှုတ်ခမ်းကို ကိုက်ကာ စိတ်ခံစားမှု ပြိုကျတော့မည့်အလား တုန်လှုပ်နေသော အသံဖြင့် ''ကျေးဇူး...'' ဟု တိုးတိုးလေးပြောလိုက်သည်။

သူမသည် အမှန်တကယ် ဆာလောင်နေသည်။ ကျောပိုးအိတ်ကိုပင် မချွတ်ဘဲ ပေါင်မုန့်ထုပ်ကို ဖွင့်ကာ အလုတ်ကြီးကြီး နှစ်ကိုက်သုံးကိုက် စားပြီးနောက် မျက်ရည်များ စီးကျလာတော့သည်။

လင်းရှန်သည် သူမရှေ့တွင်ထိုင်ကာ အမောဖြေရင်း သူမကို စောင့်ကြည့်နေသည်။ ရင်းနှီးသောမျက်နှာကို မြင်ရခြင်းသည် သူ့ကို နှစ်သိမ့်မှုတစ်မျိုး ခံစားရစေသည်။

ဤကမ္ဘာပျက်ကပ်တွင် သေခြင်းနှင့် စိတ်ပျက်အားငယ်မှုများသည် နေရာတိုင်းတွင် ရှိနေပြီး မည်သူမျှ အထီးကျန်မှုမှ ကင်းလွတ်ခြင်းမရှိပေ။ လင်းရှန်လဲ အပါအဝင်ပင်။

လူသားများသည် လူမှုရေးသတ္တဝါများဖြစ်သည်။ အင်တာနက် ပြိုလဲပြီးနောက်၊ ထိုအထီးကျန်မှုသည် ခံနိုင်ရည်မရှိသလောက်ဖြစ်လာသည်။

အနန္တရထားကို လည်ပတ်ခြင်းနှင့် သူ၏ လေအမြောက် အသုံးပြုခြင်းတို့သည် အင်အားများစွာ စားသုံးသည်။ ၎င်းကို ဖော်ပြရန် ခက်ခဲသော်လည်း ထိုကဲ့သို့သော စွမ်းအားများကို အသုံးပြုခြင်းသည် သူ၏ကိုယ်ခန္ဓာအပေါ် ထင်ရှားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

''ချန်ဆီ...'' လင်းရှန်က စပြောသည်၊ သူ၏အကြည့်သည် တောက်ပနေပြီး ''အင်းပါ၊ ငါက မင်းကို ဆရာမချန်လို့ပဲ ဆက်ခေါ်မယ်''

သူမကို ပေါင်မုန့်ကို ဝါးမျိုနေပုံကို ကြည့်ရင်း လင်းရှန်သည် အခြေခံစည်းမျဉ်းများကို သတ်မှတ်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။

''ပထမဆုံး'' သူသည် အလေးအနက်စတင်ပြောဆိုသည်၊ ''ငါက စွမ်းအားရှင်တစ်ယောက်ပါ။ ဒီရထားကို ငါပဲ လည်ပတ်နိုင်တယ်။ ငါသေရင် မင်းလည်း သေမယ်။ မင်းကို ရထားပေါ် ခေါ်လာခဲ့တာကြောင့် ဒီနေ့ကစပြီး ငါတို့က မဟာမိတ်တွေဖြစ်တယ်။ ငါတို့က တဖွဲ့တည်း။ မင်းက ငါ့ကို ခြွင်းချက်မရှိ ယုံကြည်ပြီး ငါ့အမိန့်တွေကို လိုက်နာရမယ်။ မဟုတ်ရင် မင်းရဲ့အနာဂတ်က အရမ်းဆိုးရွားလိမ့်မယ်''

ချန်ဆီရွှမ်သည် ပေါင်မုန့်တစ်ဝက်ခန့် ကုန်အောင်စားပြီးနောက် သူမ၏မျက်လုံးများ နီရဲလာကာ လင်းရှန်ကို စိုက်ကြည့်နေသည်။ သူမသည် လေးနက်စွာ ခေါင်းညိတ်ပြီး ''ငါနားလည်တယ်။ ဒီနေ့ကစပြီး ငါမင်းစကားနားထောင်မယ်''

လင်းရှန်သည် ကျေနပ်စွာ ခေါင်းညိတ်သည်။ ''ငါ့ရဲ့စွမ်းရည်က ဘာလဲဆိုတာကို မင်းသိဖို့ မလိုဘူး။ ဒီရထားက ငါတို့ရဲ့ခံတပ်ပဲ။ အရမ်းခိုင်ခံ့တယ်၊ ဒါပေမယ့် အပြင်မှာရှိတဲ့ “အရာ” တချို့ကိုတော့ မကာကွယ်နိုင်ဘူး။ ပြီးတော့ ငါတို့ရဲ့ပစ္စည်းတွေကို တပ်မက်သူတွေ ရှိလိမ့်မယ်။ ရွေးချယ်စရာမရှိတော့တဲ့အခါ လူသားရဲ့လောဘက တခါတရံမှာ မကောင်းဆိုးဝါးတွေထက် ပိုကြောက်စရာကောင်းတယ်''

''ဒါက ပြဿနာတွေကို ဖြေရှင်းဖို့၊ ပစ္စည်းတွေ ရှာဖွေဖို့၊ ရထားကို စောင့်ကြပ်ဖို့တောင် မင်းရဲ့အကူအညီလိုအပ်မယ့်အချိန်တွေ ရှိလိမ့်မယ်လို့ ဆိုလိုတာပါ''

''နားလည်ပါတယ်။'' အစာစားပြီးပြီမို့ ချန်ဆီရွှမ်သည် အင်အားအချို့ကို ပြန်လည်ရရှိပုံရသည်။

''နောက်တစ်ခုကတော့ ဆရာမချန်'' လင်းရှန်သည် ဖြည်းဖြည်းချင်း ထလာပြီး သူ၏အကြည့်က သူမ၏မျက်ဝန်းထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာသည်။

''မင်း ကိုယ့်ကိုကိုယ် ပြင်ဆင်ထားတာ အကောင်းဆုံးပဲ။ ငါ မင်းနဲ့ သေချာပေါက် အိပ်မယ်''

ချန်ဆီရွှမ်၏ကိုယ်ခန္ဓာသည် သူ၏စကားများကြောင့် သိသာထင်ရှားစွာ တုန်လှုပ်သွားသည်။ သူမသည် မသိစိတ်ဖြင့် လက်ထဲမှ ပေါင်မုန့်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမ၏ ပြေလျော့နေသော ဆံပင်က မျက်နှာပေါ်တွင် ကျရောက်ကာ သူမ၏ပဋိပက္ခဖြစ်နေသော မျက်နှာအမူအယာကို ဖုံးကွယ်ထားသည်။

တချိန်က သူမ၏ကျောင်းသားဟောင်းဖြစ်သော လင်းရှန်ထံမှ ထိုမျှ ပွင့်လင်းသော စကားကို ကြားရခြင်းသည် သူမ၏နှလုံးသားကို တုန်လှုပ်စေသည်။

ခေါင်းကိုပိုငုံ့လိုက်ပြီး ''အင်း'' ဟု ဖျော့တော့စွာ အဖြေပေးလိုက်သည်။

သူမသည် ပေါင်မုန့်ကို တိတ်တဆိတ် ဆက်လက်စားသုံးနေသော်လည်း သူမ၏နှလုံးသားသည် ရင်ဘတ်ထဲတွင် ပြင်းထန်စွာ ခုန်လှုပ်နေ၏။

All Chapters