ပိတ်မိခြင်း
Vol. 1 Ch. 14
"အင်း…" မိန်းမကြီးသည် ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အားနည်းဖျော့တော့ပြီး သေမတတ်ပုံစံနှင့် မတူတော့ချေ။ သူမသည် လင်းရှန်အား ကောက်ကျစ်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး
''အဲဒီထဲက အငွေ့တွေနဲ့ သိပ်ကိုဆိုးရွားတာပဲ။ သူ အဲဒီထဲမှာ သေချင်တယ်ဆိုရင်၊ သေပလေ့စေ''
''ဟုတ်တယ်၊ အဲဒီနေရာက ဒီဘက်ထက်တောင် ပိုပြီးအနံ့ဆိုးတယ်။ သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်ရအောင်'' ချွေးစီးချွေးပေါက်များကျနေသော အမျိုးသမီးငယ်က လက်ဖြင့် ယပ်ခတ်ရင်း ညည်းတွားလိုက်သည်၊ ''ဒါပေမယ့် ဒီရေခဲခန်းတွေရဲ့ အသံလုံစနစ်က သိပ်ကိုကောင်းလွန်းတယ်။ အော်လိုက်ရတာ လည်ချောင်းကွဲမတတ်ပဲ''
မိန်းမကြီးက သူမအား မကျေနပ်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ''နင်ဘာသိလို့လဲ၊ သေသေချာချာ ဟန်မဆောင်ရင်၊ ငါးကို ဘယ်လိုမျှားမှာလဲ''
''မေမေ့ရဲ့ နည်းပရိယာယ်တွေက အမြဲတမ်း အလုပ်ဖြစ်တယ်''
ရေခဲခန်းထဲတွင် လင်းရှန်၏ မျက်နှာအမူအရာ မှောင်မိုက်လာသည်။ ဤမိသားစုသည် ဤကဲ့သို့သော လုပ်ရပ်များကို ယခင်ကလည်း ပြုလုပ်ခဲ့ဖူးပြီးပြီဟု သူ ခံစားမိသည်။ ကံကောင်းစွာဖြင့်၊ သူသည် သတိထားနိုင်ခဲ့ပြီး လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။ သို့မဟုတ်ပါက စက္ကန့်ဝက်အတွင်း၊ သေနတ်ပြောင်းဝတွင် သူ၏အသက်ဆုံးရှုံးသွားပေလိမ့်မည်။
ယခုအချိန်တွင်၊ သူ၏ အေးစက်သော အကြည့်များသည် အပြင်ဘက်ရှိ လူလေးဦးထံသို့ စူးစိုက်လျက်ရှိသည်။ မိန်းမကြီးသည် ဤမိသားစု၏ ဦးဆောင်သူဖြစ်ပြီး၊ ကျန်နှစ်ဦးမှာ သူမ၏သားများနှင့် အမျိုးသမီးအငယ်မှာ ချွေးမဖြစ်ကြောင်း သိရှိရန် မခက်ခဲပေ။
''ဒါပေါ့၊ ‘နှစ်ချို့ဝိုင်က ပိုကောင်းတယ်' ဆိုတာ မကြားဖူးဘူးလား'' မိန်းမကြီးက လင်းရှန်အား အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ ''ဒီနေ့ရတဲ့ငါးက သွက်လက်ပေမယ့် သိပ်တော့ ဉာဏ်မထက်ဘူးထင်တယ်၊ လမ်းဆုံးတဲ့ နေရာထဲကို တည့်တည့်ပြေးသွားတာပဲ''
''ဟေ့၊ ညီအစ်ကို၊ အပြင်ထွက်လာပြီး ရထားသော့တွေ လာပေးလိုက်ပါဦး။ မင်းကို လွှတ်ပေးမယ်လို့ ကတိပေးတယ်'' သက်လတ်ပိုင်း အမျိုးသားက ရေခဲခန်းထဲရှိ လင်းရှန်အား စကားပြောလိုက်သည်။
မထင်မှတ်ထားစွာပင်၊ သူတို့သည် အနန္တရထား ပလက်ဖောင်းသို့ ရောက်ရှိလာသည်ကို ကြိုတင်သိရှိထားကြပြီးဖြစ်သည်။ သူ့ကို သတ်ပြီး ရထားကို သိမ်းယူရန် ဤငါးဖမ်းနည်းကို စီစဉ်ထားခြင်းဖြစ်သည်။
''မင်းတို့စကားကို ငါ ယုံမယ်ထင်လား''
လင်းရှန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
''ကောင်းပြီ၊ ထွက်မလာချင်ဘူးဆိုရင်လည်း၊ အဲဒီထဲမှာ ပုပ်သိုးသွားလိုက်တော့''
သေနတ်ရှည်ကိုင်ထားသော အမျိုးသားက လင်းရှန်အား အေးစက်စွာ ပြုံးပြလိုက်ပြီး၊ ဘယ်ကမှန်းမသိ သံကြိုးတစ်ချောင်းကို ယူကာ ရေခဲသေတ္တာတံခါးလက်ကိုင်အား ရစ်ပတ်၍ အပြင်မှ သော့ခတ်လိုက်သည်။
''အဖေ''
ထိုအချိန်တွင်၊ အသက်ဆယ်နှစ် ဆယ့်နှစ်နှစ်ခန့် ဖြူဖြူဖောင်းဖောင်း ကောင်လေးတစ်ဦးက စိတ်လှုပ်ရှားစွာ ပြေးဝင်လာပြီး၊ သက်လတ်ပိုင်း အမျိုးသားအား ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ''သားစစ်ဆေးကြည့်လိုက်တယ်။ အဲဒီရထားပေါ်မှာ မိန်းမတစ်ယောက်ရှိတယ်၊ အရမ်းလှတယ်''
သက်လတ်ပိုင်း အမျိုးသားမှာ ဟွမ်ကျောက်ကျန်း ဖြစ်ပြီး၊ နောက်တစ်ယောက်မှာ သူ၏ညီဖြစ်သူ ဟွမ်ကျယ်ဖြစ်သည်။
''လူနှစ်ယောက်နဲ့ ရထားမောင်းရဲတယ်ပေါ့၊ တော်တော်ရဲတင်းတယ်ပဲ'' ဟွမ်ကျယ်က သူ့တူလေး၏စကားကြောင့် ပြုံးရယ်လျက် မိန်းမကြီးထံ လှည့်ကာ ပြောလိုက်သည်။ ''မေမေ၊ ဘယ်လိုလုပ်မလဲ''
''မင်း ဘယ်လိုထင်လဲ'' မိန်းမကြီးက သူ့ကို စိတ်မသက်မသာဖြစ်စွာ ကြည့်လိုက်သည်။ ''မင်း တကယ်ပဲ အုတ်ခဲလို တုံးလိုက်တာ။ အဲဒီရထားပေါ်မှာ ပစ္စည်းတွေ အများကြီး ရှိမှာပေါ့။ မောင်းလို့လဲရတယ်ဆိုတော့၊ ဒီအနံ့ဆိုးတဲ့ ရေခဲသေတ္တာထဲမှာ ပုန်းနေရတာထက် အဲဒီထဲမှာ ပုန်းနေရတာ ပိုကောင်းမှာပေါ့''
''ဟုတ်တယ်'' ချွေးမဖြစ်သူ ကုံလီ၏ မျက်လုံးများ လင်းလက်လာသည်။ ''အဲဒီလိုဆိုရင် ဒီအမှောင်နေ့ရက်တွေထဲက ထွက်သွားနိုင်တော့မယ်''
ဟွမ်ကျောက်ကျန်းက သူ၏ဇနီးအား မျက်မှောင်ကျုံ့လျက် ကြည့်လိုက်သည်။ ''ဘာနဲ့ ထွက်သွားမှာလဲ၊ မင်း ရထားမောင်းတတ်လို့လား''
''ဟမ်၊ ငါ မမောင်းတတ်ပေမယ့် တခြားသူတွေ မောင်းတတ်တယ်လေ၊ အားလယ် ပြောတာ ရထားပေါ်မှာ မိန်းမတစ်ယောက်ရှိတယ်ဆို။ ဒီလူငယ်နှစ်ယောက်က မောင်းတတ်တာသိသာတယ်။ အဲဒါ ဘယ်လောက်ခက်မှာမို့လို့လဲ''
''သားရထားမောင်းချင်တယ်၊ သားရထားမောင်းချင်တယ်'' ဖြူဖြူဖောင်းဖောင်း ကောင်လေး အားလယ်က ရထားမောင်းရမည်ဟူသော အတွေးဖြင့် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။
''ဟုတ်တယ်၊ ရထားမောင်းတာ သိပ်ခက်မှာမဟုတ်ဘူး။ အကို၊ အဲဒီမိန်းမကို မသတ်နဲ့၊ ငါ့အတွက် ထားပေးဦး၊ ဟားဟား'' ဟွမ်ကျယ်က စိတ်အားတက်ကြွလာပြီး ပြုံးရယ်လိုက်သည်။
''ပါးစပ်ပိတ်ထား''
ဤအုပ်စုသည် စိတ်လွင့်မျောနေစဉ်၊ မိန်းမကြီးက ရေခဲခန်းထဲရှိ လင်းရှန်အား တစ်ချက်ကြည့်လိုက်ပြီး၊ ကျန်သူများအား မျက်လုံးဖြင့် အချက်ပြလိုက်သည်။
''ဟွမ်ကျယ်၊ မင်း ဒီမှာ နေပြီး စောင့်ကြည့်ထား'' သူမက အမိန့်ပေးလိုက်ပြီး၊ ကျန်သူများကို ဆွဲခေါ်ကာ ထွက်သွားရင်း၊ နောက်ထပ်လုပ်ဆောင်မှုများကို သီးသန့်ဆွေးနွေးလိုပုံရသည်။
''အဘွားကြီး၊ အိပ်မက်မက်နေလိုက်''
မိန်းမကြီး ထွက်သွားမည့်အချိန်တွင်၊ လင်းရှန်က ရေခဲသေတ္တာထဲမှ ရုတ်တရက် စကားပြောလိုက်သည်။ သူမနှင့် ရည်ရွယ်ချက်ကို သူခန့်မှန်းမိပြီးဖြစ်သဖြင့်၊ လူအားလုံးရှေ့တွင် တမင်တကာ လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်သည်။ သူသည် ကျောပိုးအိတ်ထဲမှ ဝေါ်ကီတော်ကီတစ်လုံးကို ဖြည်းဖြည်းဆွဲထုတ်လိုက်သည်။
''ဆရာမချန်၊ ငါ့ဘက်မှာ ပြဿနာနည်းနည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ရထားတံခါးတွေ မဖွင့်နဲ့'' သူက ခိုင်မာစွာ ပြောလိုက်သည်။
''ဟင်… ရှင် အဆင်ပြေရဲ့လား''
''ငါ ဘာမှမဖြစ်ဘူး''
''ကောင်းပြီ၊ ဘာဖြစ်ဖြစ် တံခါးတွေ မဖွင့်ဘူး'' ချန်ဆီရွှမ်၏ တင်းမာသော အသံက လက်ကိုင်ရေဒီယိုမှ ထွက်ပေါ်လာသည်။
''ခွေးမသား'' လင်းရှန်တွင် လက်ကိုင်ရေဒီယိုရှိကြောင်း သိရှိလိုက်ရသောအခါ ဟွမ်ကျောက်ကျန်း ဒေါသထွက်ကာ ရေခဲခန်းတံခါးကို ဆောင့်ကန်လိုက်သည်။
မိန်းမကြီးသည် သူမ၏အကြံအစည် ဖော်ထုတ်ခံရသည်ကို မြင်လျက်၊ နှုတ်ခမ်းကို ကိုက်ကာ စိတ်ပျက်လျက်ရှိသည်။ သို့သော် သူမသည် ရေခဲသေတ္တာထံသို့ လျင်မြန်စွာ ချဉ်းကပ်လာပြီး လင်းရှန်အား အေးစက်စွာ ပြုံးပြလိုက်သည်။
''လှောင်အိမ်ထဲမှာ ပိတ်မိနေတဲ့ ခွေးလေး။ ငါတို့နဲ့ ဒီလိုဆက်ကစားဖို့ စီစဉ်ထားတာလား၊ အဲဒီထဲမှာ လေက သိပ်မသန့်ရှင်းဘူးထင်တယ်နော်''
သူမပြောသည်မှာ မမှားပေ။ ရေခဲခန်းထဲရှိ ပုပ်သိုးသောအနံ့များက လင်းရှန်အား မူးဝေစေသည်။ သူ၏စွမ်းအားကို အသုံးပြု၍ ရေခဲခန်း၏ ယန္တရားတံခါးကို အတွင်းမှ သော့ခတ်ထားပြီး၊ ယခုအချိန်တွင် လုံခြုံမှုရှိနေသော်လည်း၊ သူသည် ပိတ်မိနေဆဲဖြစ်သည်။
''ငါxိုးမသား'' ဟွမ်ကျောက်ကျန်းက ရေခဲခန်းပြတင်းပေါက်ကို ရိုက်ချလျက်၊ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ''ကောင်စုတ်လေး၊ မင်း ထွက်ပြေးနိုင်မယ်ထင်လား၊ ဘယ်လောက်ကြာကြာ ခံနိုင်မလဲဆိုတာ ကြည့်ရအောင်။ ငါ့ကို စိတ်ဆိုးလာရင်၊ အဲဒီမိန်းမကို ဆွဲထုတ်ပြီး မင်းရှေ့မှာ သူ့ကို အဓမ္မကျင့်ပြမယ်''
မိန်းမကြီးသည် ပို၍ပင် ကျောက်ကျစ်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ ''မင်းသာ အကောင်းအဆိုး ခွဲခြားတတ်ရင်၊ ပူးပေါင်းဆောင်ရွက်သင့်တယ်။ မင်းနဲ့ အဲဒီမိန်းမက ရထားမောင်းပေးရင်၊ ငါတို့အားလုံး အတူတူ ထွက်ပြေးနိုင်မယ်။ မင်း အသက်ရှင်မယ်ဆိုတာ ငါ အာမခံတယ်။ ဘယ်လိုလဲ''
သူမ၏မျက်လုံးထဲတွင်၊ လင်းရှန်သည် လှောင်အိမ်ထဲတွင် ပိတ်မိနေသော ငှက်တစ်ကောင်သာဖြစ်သည်။ ယခုအချိန်တွင် သူတို့သည် အထဲမဝင်နိုင်သော်လည်း၊ ရေခဲခန်းထဲတွင် လေဝင်လေထွက်ညံ့ဖျင်းပြီး အနံ့ဆိုးသည်ကို သူမသိသည်။ ထိုနေရာတွင် အကြာကြီး နေနိုင်ရန် မဖြစ်နိုင်ပေ။ အခြားထွက်ပေါက်မရှိသဖြင့်၊ လင်းရှန်ခုခံနေခြင်းက အချည်းအနှီးသာဟု သူမထင်မြင်သည်။
မိခင်နှင့်သားတို့သည် ၎င်းတို့၏အခန်းကဏ္ဍများကို နာရီစက်ကဲ့သို့ ကျွမ်းကျင်စွာ ထမ်းဆောင်ကြသည်။ တစ်ဦးက ခြိမ်းခြောက်ပြီး တစ်ဦးက ချော့မော့သည်။ ဤအရာက လင်းရှန်အား ရယ်ချင်ပက်ကျိဖြစ်စေသည်။ သူတွင် လေအမြောက်စွမ်းရည်ရှိသော်လည်း၊ လက်နက်ကိုင်ထားသော အမျိုးသားနှစ်ဦးကို ရင်ဆိုင်တိုက်ခိုက်ရန်မှာ အန္တရာယ်များလွန်းသည်။
လင်းရှန်က တိုက်ရည်ခိုက်ရည်ပြည့်၀သော စစ်သားတစ်ဦးမဟုတ်၊ သူသည် သာမန်ကောလိပ်ကျောင်းသားတစ်ဦးသာဖြစ်သည်။ သူ၏တိုက်ခိုက်ရေးအတွေ့အကြုံသည် ထူးချွန်သည်မဟုတ်ပေ။ ယခင်က သူ၏လျင်မြန်သောတုံ့ပြန်မှုမရှိခဲ့ပါက၊ ဟွမ်ညီအစ်ကိုများ၏လက်ချက်ဖြင့် သူ သေဆုံးသွားပြီးဖြစ်လိမ့်မည်။
ယခုအခါ ရေခဲခန်းထဲတွင် ပိတ်မိနေပြီး၊ ချန်ဆီရွှမ်ကလည်း သူ့ကို ကူညီပေးနိုင်ခြင်းမရှိသဖြင့်၊ လင်းရှန်၏အတွေးများသည် ဝဲဝဲလည်နေသည်။ ရုတ်တရက်၊ ရဲရင့်သောအကြံတစ်ခု သူ၏စိတ်ထဲတွင် ပေါ်ထွက်လာသည်။
သူသည် အပြင်ဘက်ရှိလူများကို လျစ်လျူရှုလိုက်ပြီး၊ သူ၏လွယ်အိတ်ထဲမှ ဓါတ်မီးကို ဆွဲထုတ်လျက်၊ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုလိုက်သည်။
အပြင်ဘက်တွင်တော့ မိန်းမကြီးသည် ရထားထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့်၊ သူမ၏သားများအား စစ်ဆေးရန် အချက်ပြလိုက်သည်။
“ချောက်…”
လင်းရှန် ဓာတ်မီးကို ဖွင့်လိုက်ရာ၊ ကြီးမားသော ရေခဲခန်းထဲတွင် အလင်းရောင်ထွန်းလင်းလာသည်။ စင်များသည် သပ်သပ်ရပ်ရပ် စီစဉ်ထားသော်လည်း၊ ကုန်ပစ္စည်းများသည် အစောကြီးကတည်းက လုယက်ခံထားရပြီးဖြစ်သည်။ အေးခဲထားသော အသားများမှ လက်ကျန် အရည်ပျော်လာသော သွေးများသည် ကြမ်းပြင်ပေါ်တွင် စုဝေးလျက်၊ လေထဲတွင် မအီမသာအနံ့များကို ဖြည့်ပေးထားသည်။
အလင်းရောင်ကို အခန်းအတွင်းပိုမိုနက်ရှိုင်းစွာ ရွှေ့လိုက်ရာ၊ အခြားတစ်ဖက်တွင် ရေခဲသေတ္တာဗီရိုကြီးများတန်းစီ ရှိနေသည်ကို သတိပြုမိသည်။ သူ၏မျက်လုံးများ လင်းလက်လာပြီး၊ ရေခဲသတ္တာများထံသို့ တစ်လုံးချင်း ချဉ်းကပ်သွားသည်။ ရေခဲသတ္တာများသည် ဗလာဖြစ်နေသော်လည်း၊ သူ့တွင် အခြားရည်ရွယ်ချက်တစ်ခုရှိသည်။ ဒါတွေကို ဝါးမျိုနိုင်သည်။
ယခုအချိန်တွင် သူ ထွက်ခွာနိုင်ခြင်းမရှိသဖြင့်၊ ရေခဲခန်းသည် သဘာဝခံတပ်တစ်ခုအဖြစ် ဆောင်ရွက်ပေးနေသည်။ ထို့ကြောင့် လင်းရှန်သည် ပတ်ဝန်းကျင်ရှိ ကြီးမားသော စက်ပစ္စည်းများကို လုံခြုံစွာ ဝါးမျိုစတင်နိုင်သည်ဟု ဆုံးဖြတ်လိုက်သည်။ ဤအတွေးဖြင့်၊ သူသည် လက်ကိုင်ရေဒီယိုကို ထပ်မံကောက်ယူလိုက်သည်။
''ဆရာမချန်၊ အစီအစဉ်ပြောင်းသွားပြီ။ ငါ ဒီမှာ ယာယီပိတ်မိနေတယ်။ ဒီညတော့ ရထားထဲမှာ နေပြီး၊ တံခါးမဖွင့်နဲ့၊ မီးမဖွင့်နဲ့၊ အသံမထွက်နဲ့။ ငါအချက်ပြတာကို စောင့်နေ''
ရထားပေါ်ရှိ ချန်ဆီရွှမ်သည် လင်းရှန်၏စကားများကို ကြားလိုက်ရသောအခါ မျက်နှာထက်တွင် ထိတ်လန့်မှုများ ထင်ရှားလာသည်။
သံချပ်ပြတင်းပေါက်မှတဆင့်၊ အဝေးတွင် လက်နက်ကိုင်ထားသော အမျိုးသားနှစ်ဦးသည် ရထားလမ်းကို ဖြတ်ကျော်လာပြီး ရထားထံသို့ ဦးတည်လာသည်ကို မြင်လိုက်ရသည်။ သူမ၏မျက်နှာအမူအရာ တင်းမာလာပြီး၊ တိုးတိုးပြောလိုက်သည်။ ''လင်းရှန်၊ တစ်ယောက်ယောက် လာနေတယ်''
''ငါ သိတယ်။ မကြောက်နဲ့။ တံခါးမဖွင့်သ၍၊ သူတို့ မင်းကို ဘာမှ လုပ်လို့မရဘူး''
အောက်နှုတ်ခမ်းကို ကိုက်လျက်၊ ချန်ဆီရွှမ်က ခေါင်းညိတ်လိုက်သည်။ ''ကောင်းပြီ''
သူမ စကားပြောပြီးသည်နှင့်၊ ရထားရှေ့ခန်းတံခါးမှ တဒုန်းဒုန်းမြည်သံများ ထွက်ပေါ်လာသည်။
''ဖွင့်လိုက်၊ တံခါးဖွင့်လိုက်၊ မဟုတ်ရင် ငါပစ်မယ်''
''အဲဒီကောင်လေးက ငါတို့လက်ထဲမှာ၊ သူ မသေစေချင်ရင်၊ အခုချက်ချင်း တံခါးဖွင့်လိုက်''
ချန်ဆီရွှမ်သည် လက်ကိုင်ရေဒီယိုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လျက်၊ အမှတ် ၁ ရထားခန်းထဲသို့ ဆုတ်ခွာသွားသည်။ ဤကဲ့သို့သော အခြေအနေကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်းဖြစ်ပြီး၊ သူမ တည်ငြိမ်နေရန် မဖြစ်နိုင်ပေ။
သို့သော် လင်းရှန်၏စကားများသည် သူမ၏စိတ်ထဲတွင် ခိုင်မြဲစွာ စွဲထင်နေသည်။ သူတို့ ဘာပြောပြော၊ တံခါးကို လုံးဝမဖွင့်ရဟု သူမသိသည်။
ထိုအချိန်တွင်၊ သေနတ်ကိုင်ထားသော ဟွမ်ကျယ်သည် ရထားရှေ့မှန်ပြတင်းသို့ တက်လာသည်။ မှန်ပေါ်တွင် ကိုယ်ကို ကပ်လျက်၊ လက်နှစ်ဖက်ဖြင့် မျက်လုံးကို အုပ်ကာ အတွင်းသို့ လှမ်းကြည့်လိုက်သည်။
မှန်ကတဆင့်၊ သူသည် ထိတ်လန့်တကြားဖြစ်နေသော ချန်ဆီရွှမ်ကို ချက်ချင်းမြင်လိုက်ရသည်။ သူ၏မျက်လုံးများ လင်းလက်လာပြီး၊ သူသည် တံထွေးမျိုချမတတ် ဖြစ်သွားသည်။
''အကို၊ အဲဒီမိန်းမက ဒီမှာ၊ သူ အရမ်းလှတယ်''
''အကို၊ သူ့ကို ငါ့မိန်းမအဖြစ် ယူခွင့်ပေးပါ''
ကမ္ဘာပျက်ကပ်ရောက်ရှိလာပြီးကတည်းက၊ လူ့အဖွဲ့အစည်းသည် လုံးဝပြိုကျသွားခဲ့သည်။ ဟွမ်ကျယ်သည် အိမ်ထောင်မပြုရသေးသူတစ်ဦးဖြစ်ပြီး၊ ဤအရာကို တွေးမိတိုင်း ခါးသီးစွာ မျိုသိပ်ထားခဲ့ရသည်။ ယခု၊ ချန်ဆီရွှမ်ကဲ့သို့ ရင်သပ်ရှုမောဖွယ်ရာ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသောအခါ၊ စိတ်ထဲတွင် ပူပြင်းသောခံစားမှုတစ်ခု ထကြွလာသည်။
ဤဥပဒေမဲ့ပရမ်းပတာ ပတ်ဝန်းကျင်တွင်၊ လူသားတို့၏ ရိုင်းစိုင်းမှုသည် အဆုံးစွန်ထိ တွန်းပို့ခံရသည်။ ဟွမ်ကျယ်သည် သူ့ကိုယ်သူ ထိန်းချုပ်ရန် ခဲယဉ်းလှပြီး၊ ချက်ချင်း အတွင်းသို့ ဝင်ရောက်လိုသည်။
“ဒုန်း…ဒုန်း”
ဟွမ်ကျယ်၏ မျက်လုံးများသည် တပ်မက်မှုဖြင့် တောက်လောင်လျက်၊ သေနတ်ဒင်ဖြင့် အနန္တရထား၏ ရှေ့မှန်ပြတင်းကို ရိုက်ချလိုက်သည်။
သို့သော် သူမည်မျှ ပြင်းပြင်းထန်ထန် ထုရိုက်သည်ဖြစ်စေ၊ ရှေ့မှန်ပြတင်းသည် အက်ကွဲခြင်းမရှိခဲ့ပေ။