← Chapters

အခန်း ၄၉-၅၁

Vol. 4 Ch. 49-51

အခန်း ၄၉-၅၁

Vol. 4 Ch. 49-51

အခန်း (၄၉) : နောက်ကျသွားလို့ တောင်းပန်ပါတယ်

ဘုန်း......

စစ်သူကြီး ကျောက်လည်း ဒီတကြိမ်တွင် အဖြူရောင်အမြှီးကြီး၏ရိုက်ချက်ကို အချိန်မီ မရှောင်ရှားနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်သည် စွန်တခုကြိုးပြတ်သွားသကဲ့သို့ လွင့်စင်သွားလို့ မီတာ၁၀၀လောက် အဝေးတွင်ရှိသော ကျောက်တုံးကြီးနှင့်ရိုက်မိသွားလေသည်။

ဖူးးးး........

သူ့ပါးစပ်မှ သွေးများထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ်ရှိ ချပ်၀တ်မှာလည်း ကွဲအက်လာခဲ့သည်။

ရိုက်ချက်တချက်လောက် ထိလိုက်မိရုံနှင့်တင် သူ၏တိုက်ခိုက်ရန် ခွန်အားများ ဆုံးရှုံးလုနီးပါးဖြစ်သွားခဲ့သည်။ သို့သော်လည်း စစ်သူကြီးကျောက်သည် ပြန်ထလာနိုင်‌ခဲ့ပြီး ဆက်လက်အာရုံစူးစိုက်ထားလေသည်။

တကယ်လို့သာ အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးသည် ဟဲ့ပျောင်းနှင့်အခြားလူများအား တိုက်ခိုက်ခဲ့ပါက ဖြစ်ပေါ်လာမယ့်ရလဒ်သည် အလွန်ထိတ်လန့်ဖွယ်ကောင်းပေလိမ့်မည်။

စစ်သူကြီးကျောက်သည် သူ၏ ချပ်၀တ်တန်ဆာတွင်ပါရှိသော အိတ်ထဲမှ ပုလင်းတလုံး ကို ထုတ်ယူပြီး အကုန်မော့ချလိုက်သည်။ ကျိုးပဲ့သွားသော သူ၏နံရိုးများနှင့် ဒဏ်ရာများ ချက်ချင်းပြန်ကောင်းသွားလေသည်။

"လာစမ်းပါ အမှိုက်ကောင်ကြီးရဲ့"

သူကအော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"စစ်သေနာပတိချုပ် ကျောက်"

ဟဲ့ပျောင်းနှင့် အခြားလူများသည် အမြှီးများဖြင့်တိုက်ခိုက်နေမှု မှ ရုန်းထွက်ရန်ကြိုးစားရင်း လှမ်းအော်လိုက်ကြသည်။

ဘမ်း ဘမ်း ဘမ်း..........

စစ်သေနာပတိချုပ် ကျောက်၏ ခန္ဓာကိုယ်သည် အကြိမ်ကြိမ်လေထဲသို့ လွင့်စင်သွားပြီး သူ့ဒဏ်ရာများသည်လည်း အခြေအနေ ဆိုးသထက်ဆိုးလာခဲ့လေသည်။

ထိုအချိန်တွင် ကျန်းဟုန်တို့အဖွဲ့နှင့် အခြားမဟာဆရာသခင်တို့ အဖွဲ့မှာနောက်ဆုံးတော့ ရောက်ရှိလာခဲ့သည်။

သူတို့သည် စစ်သူကြီးကျောက် ရုန်းကန်နေရသည်ကို မြင်လိုက်ရသောအခါ သူတို့၏ လုံခြုံရေးကိုတောင်ဂရုမစိုက်တော့ပဲ အပြေးအလွှားကူညီကြလေသည်။

မဟာဆရာသခင်သုံးယောက်သည် အတူပူးပေါင်းပြီး အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီး၏ အမြှီးဖြင့်တိုက်ခိုက်မှု အပြင် ရေခဲနဂါးများ၏တိုက်ခိုက်မှုများကိုပါ ခုခံနေကြလေသည်။

ကျန်းဟုန်ကတော့ သတိလစ်လုနီးပါးဖြစ်သောနေသော စစ်သူကြီးကျောက် နားသို့ အမြန်ပြေးသွားလိုက်ပြီး သူ့အိတ်ထဲမှာ ဆေးလုံးတလုံးတိုက်လိုက်လေသည်။

" စစ်သေနာပတိချုပ် ကျောက်၊ တောင့်ထားပါဦး။ စီနီယာကျိုး လည်း မကြာခင်ရောက်လာတော့မယ်"

ကျန်းဟုန်သည် သတိလစ်လုနီးပါးဖြစ်နေသော စစ်သူကြီးကျောက်အား သတိလစ်မသွားစေရန် စိုးရိမ်တကြီး သတိပေးနေလေသည်။

စစ်သူကြီးကျောက်သည် သူ၏ဓားအား ခက်ခက်ခဲခဲ ကောက်ယူလိုက်ပြီး သူ့ခန္ဓာကိုယ်အား လှီးလိုက်လေသည်။သွေးများ ထွက်လာခဲ့ပြီး ရုတ်တရက် နာကျင်မှုကြောင့် သူ့သတိပြန်လည်လာခဲ့လေသည်။

စစ်သူကြီးကျောက်သည် မျက်လုံးများပြန်ပွင့်လာပြီး နာကျင်မှုကို ‌တောင့်ခံကာရင်း

" ကျန်း..ကျန်းဟုန် ၊ ငါတို့ ဟဲ့ပျောင်းနှင့် အခြားလူများကို အမြန် အဖွဲ့ ဖွဲ့ဖို့လိုအပ်တယ်။ ဒါမှ ငါတို့အသက်ရှင်နိုင်မယ်" ဟုပြောလေသည်။

ကျန်းဟုန်လည်းခေါင်းညိတ်ပြလိုက်သည်။အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးသည် ဘယ်လောက်စွမ်းအားကြီးကြောင်း သူသိလေသည်။

"သွားကြရအောင်"

ကျန်းဟုန်သည် ကြုံးဝါးလိုက်ပြီး စစ်သူကြီးကျောက်ကို သူ့ကျောတွင်ထမ်းကာ ဟဲ့ပျောင်းရှိရာ နေရာသို့ တဟုန်ထိုးပြေးသွားလေသည်။

အခြားမဟာဆရာသခင်များလည်း ဟဲ့ပျောင်းတို့ခုခံနေသည့်နေရာသို့ သွားကြလေသည်။

သူတို့လေးယောက်သည် လေးမိနစ်လောက်အချိန်အတွင်း မီတာ ၅၀၀လောက်အကွာအဝေးတွင် ရှိသော ဟဲ့ပျောင်းနှင့်အခြားလူများဆီသို့ရောက်ရှိသွားလေသည်။

ချက်ချင်းပင် မဟာဆရာခင် ၈ယောက်ပူးပေါင်းလိုက်ကြပြီး အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီး၏ အရှိန်အဝါအား ဖိနှိပ်ရန်ကြိုးစားကြလေသည်။

ကျီ........

အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးသည် ထူးဆန်းသောအသံတသံဟိန်းဟောက်လိုက်သည်။

မမြင်ရသော စွမ်းအင်လှိုင်းများပျံ့လွင့်လာခဲ့လေသည်။

"ဒါငါတို့ရဲ့ စိတ်ကိုလှည့်စားတိုက်ခိုက်ဖို့ကြိုးစားနေတာ။ စွမ်းအင်အကာအကွယ်မျက်နှာဖုံးတွေ တပ်ကြ‌ဟေ့"

စစ်သေနာပတိချုပ်ကျောက်က အလျင်အမြန်အော်ဟစ်သတိပေးလိုက်သည်။

ကလစ်...

ဟဲ့ပျောင်းနှင့် အခြားလူများအားလုံး ချက်ချင်းတုံ့ပြန်လိုက်ကြသည်။ အပြာရောင်စွမ်းအင်အလွှာတခု သူတို့၏မျက်နှာဖုံးပေါ်တွင် ပေါ်ပေါက်လာခဲ့ပြီး မမြင်ရသော စွမ်းအင်လှိုင်းများကို အားပျော့သွားစေသည်။

ဒါလိုကာကွယ်ထားခဲ့တာတောင် သူတို့သည် ရီဝေဝေခံစားနေရသေးသည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း.....

ထစ်ချုန်းမြည်သံကြီးတခုပေါ်ပေါက်လာပြီး သူတို့ဘေးနားရှိ လေထုမှာလည်း သိသိသာသာပြောင်းလဲသွားသည်။ ပင့်ကူနှင့်တူသော အမဲရောင်အင်းစက်ပိုးကောင်များပေါ်လာခဲ့လေသည်။

"ဒါ....ဒါတွေက အရိပ်ပိုးကောင်တွေပဲ"

ဟဲ့ပျောင်းနှင့်အခြားသူများသည် မူးဝေမှုကို အံတုနေရင်း အရိပ်ပိုးကောင်များကိုတွေ့လိုက်ရသောကြောင့်မျက်နှာများ ဖြူဖျော့သွားသည်။

ထိုအရိပ်ပိုးကောင်များ၏တိုက်ခိုက်ရေးအင်အားသည် မမြင့်သော်လည်း သူတို့၏တိုက်ခိုက်မှုက‌တော့ အလွန်လျင်မြန်လှသည်။

တကယ်လို့သာ သူတို့ အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးနှင့်တိုက်ခိုက်ပြီး အလုပ်ရှုပ်နေချိန်တွင် ထိုအရိပ်အင်းစက်များကပါ လာရောက်တိုက်ခိုက်ပါကသေစေနိုင်သည့် ထိခိုက်ဒဏ်ရာများရရှိမည်ဖြစ်သည်။

ရွှတ် ရွှတ် ရွှတ်.....

အရိပ်ပိုးကောင်၆ကောင် သည် ထွက်ပေါ်လာပြီးနောက် ချက်ချင်းစတိုက်လေသည်။

သူတို့၏ခြေချောင်းများသည် ပုံရိပ်ယောင်အလား အလွန်လျင်မြန်လှပြီး အဖြူရောင်အမြှီးများအပေါ်တွယ်တင်ကာ ဟဲ့ပျောင်းနှင့် မဟာဆရာသခင် ၈ယောက်အား တိုက်ခိုက်လေသည်။

ဖူး ဖူး ဖူးး.....

ဟဲ့ပျောင်းနှင့် ဆရာသခင်များသည် အကုန်လုံးကိုမခုခံနိုင်ကြတော့ပဲ သူတို့၏အကာအကွယ်ချပ်၀တ်များဖောက်ထွင်းခံလိုက်ကြရသည်။

"အားလုံးတောင့်ထားကြ....တောင့်ခံထားကြ...."

စစ်သူကြီးကျောက်မှာ အော်ဟစ်သတိပေးနေလေသည်။

စစ်သူကြီးကျောက်သည် အံကြိတ်ကာ မတ်တပ်ရပ်လိုက်ပြီး အရိပ်ပိုးကောင်များ၏ခြေထောက်များကို ဓားဖြင့် လိုက်ပိုင်းဖြတ်လေသည်။ သို့သော် ခြေထောက်တချောင်းပြတ်သွားသော်လည်း နောက်တချောင်းပြန်ထွက်လာလေသည်။

"အား..........."

မဟာဆရာသခင်တယောက်၏ ချပ်၀တ်သည် အပေါက်၁၀ပေါက်ကျော်အထိဖောက်ထွင်းခံလိုက်ရပြီး သွေးများ ယိုစိမ့်ထွက်လာခဲ့ကာ နာကျင်စွာအော်ဟစ်နေခဲ့သည်။

ဟဲ့ပျောင်းလည်း အခြေအနေသိပ်မဟန်တော့ပေ။သူသည် ဆောက်တည်ရာမရ အော်ဟစ်နေပြီး

"သေကြစမ်း မင်းတို့ခွေးကောင်တွေ အကုန်သေကြစမ်း" ဆိုပြီး အကုန်လိုက်ခုတ်နေလေသည်။

ထိုသို့ အော်ဟစ်လိုက်ခုတ်နေရင်း ဟဲ့ပျောင်းသည် အဖွဲ့ဆီမှ တဖြေးဖြေးခွဲထွက်သွားလေသည်။

"ဟဲ့ပျောင်း ပြန်လာခဲ့..."

စစ်သူကြီးကျောက်က ထိုအချင်းအရာကိုမြင်ပြီးအော်ဟစ်သတိပေးလေသည်။

ကျန်းဟုန်သည် အမြော်အမြင်ကြီး သတိရှိသူဖြစ်သည့်အလျောက် သူ့ပုခုံးများအလျင်အမြန်လှုပ်ခါလိုက်ပြီး သူ့ချပ်၀တ်မှ ကြိုးတချောင်းထွက်လာကာ ဟဲ့ပျောင်းအား လှမ်းဆွဲလိုက်လေသည်။

သို့သော်လည်း ထူထဲသိပ်သည်းသော ပင့်ကူခြေထောက်များသည် အခွင့်အရေးရသည်နှင့်တပြိုင်နက် ဟဲ့ပျောင်းအား ထောက်ချောက်ဆင်တိုက်ခိုက်လေသည်။

ချွန်ထက်လှသော ပင့်ကူခြေထောက်များသည် ဟဲ့ပျောင်း၏ခေါင်းဆောင်းအား ဖောက်၀င်သွားပြီး သူ့ဦးခေါင်းသို့ထိုးဖောက်လုနီးပါးဖြစ်နေသောကြောင်..........

အခြားမဟာဆရာသခင်ကြီးများလည်း ဒေါသတကြီးအော်ဟစ်ကာ ဟဲ့ပျောင်းအား ကယ်တင်ရန်ကြိုးစားကြလေသည်။

စစ်သူကြီးကျောက်လည်း အသည်းအသန်‌ရှေ့သို့ပြေးထွက်လာလေသည်။

သို့သော်လည်း စစ်သူကြီးကျောက်နှင့် အခြမဟာဆရာသခင်များအား အဖြူရောင်အမြှီးကြီးများနှင့် ပင့်ကူခြေထောက်များက ဟဲ့ပျောင်းအနား မရောက်နိုင်အောင် အနှောက်အယှက်ပေးနေလေသည်။

သူတို့နှင့် ဟဲ့ပျောင်းအကြား သုံး ၊လေးမီတာလေးသည် ချောက်နက်ကြီးတခုကိုကျော်ဖြတ်ရသကဲ့သို့ခက်ခဲနေလေသည်။

ကျီ ကျီ.......

ချွန်ထက်သောပင့်ကူခြေထောက်များသည် ဟဲ့ပျောင်း၏ ခေါင်းဆောင်းအား ဇကာပေါက်ဖြစ်အောင်လုပ်လိုက်လေပြီ။

ကျန်းဟုန်နှင့် အခြားလူများသည် ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ဟဲ့ပျောင်း ပြီးဆုံးသွားပြီထင်ကာ ငိုကြွေးကြလေသည်။

ဝုန်းးးး........

ထိုကဲ့သို့ အပြင်းအထန်အခြေအနေတွင်..

အလွန်ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော သွေးအနှစ်သာရ ဖိအားတခုသည် အားလုံးကို တိုက်စားသွားလေပြီး ပတ်၀န်းကျင်တခုလုံး ရေခဲသမျှ အေးစက်သွားလေသည်။

ဟဲ့ပျောင်း၏ဦးခေါင်းတွင် ကပ်တွယ်နေသော ပင့်ကူခြေထောက်များအား ကြီးမားသော အင်အားတခုက ဆွဲဖယ်လိုက်သည်။

ထို့နောက် ဓားသွားတချက်သည် ၀င်းလက်လာခဲ့ပြီး စစ်သူကြီးကျောက်နှင့်အခြားသူများအား တိုက်ခိုက်နေသော အဖြူရောင်အမြှီးများအား ရိုက်ချိုးသွားလေသည်။

အနီရောင်ချပ်၀တ်ကို ၀တ်ဆင်ထားသော ကျိုးဟောင်သည် စစ်သူကြီးကျောက်တို့၏ရှေ့၌ပေါ်လာခဲ့သည်။

"နောက်ကျသွားလို့တောင်းပန်ပါတယ်"

..............................................................................

အခန်း(၄၉)ပြီးပါပြီ။

အခန်း(၅၀) : တချက်တည်းဖြင့်သတ်ဖြတ်ခြင်း

စစ်သူကြီးကျောက်နှင့် အခြားသူများအားလုံး ၀မ်းသာလွန်း၍မျက်ရည်များဝဲလာခဲ့သည်။

"စီနီယာ ကျိုး..."

"ဒါ စီနီယာ ကျိုး ပဲဟေ့"

" စီနီယာကျိုး ဟဲ့ပျောင်းကို အမြန်ကယ်ပေးပါဦး"

ကျိုးဟောင်သည် ဟဲ့ပျောင်း၏ဆိုးဝါးနေသော အခြေအနေကို မြင်တွေ့ခဲ့ပြီး သူသည် အရိပ်ကဲ့သို့ ထပ်တလဲလဲလှုပ်ရှားလိုက်ပြီး မိုးရေစက်များကဲ့သို ဓားချက်အမြောက်အမြားဖြင့် ပင့်ကူခြေထောက်အများအပြားကို လျင်မြန်စွာခုတ်ဖြတ်လိုက်လေသည်။

အရိပ်ပိုးကောင်များလည်း နေရာအနှံ့သို့ ကြောက်လန့်တကြား ဆုတ်ပြေးကြလေသည်။၎င်းးတို့မှာ အလွန်လျင်မြန်လှပေသည်။ ကျိုးဟောင်သည်စစ်သူကြီးကျောက်တို့အဖွဲ့အား စိတ်မချသောကြောင့် ထိုအရိပ်ပိုးကောင်တွေနောက်သို့ ဆက်မလိုက်တော့ပေ။

ဘုန်း....

ဟဲ့ပျောင်းလည်းမြေပြင်ပေါ်သို့လဲကျသွားလေသည်။အခြားမဟာဆရာသခင်တို့လည်း သူ့တို့ဓားကို အားပြု၍ထလာခဲ့ကြသည်။

"မင်းတို့အားလုံး ဘယ်လိုနေသေးလဲ။ အားလုံးအဆင်ပြေကြရဲ့လား"

ကျိုးဟောင်သည်စစ်သူကြီးကျောက်နှင့်အခြားသူများ ရှေ့သို့အမြန်သွားလိုက်ပြီး စိုးရိမ်တကြီးမေးလိုက်လေသည်။

"ဒီဒဏ်ရာတွေက ငါတို့အတွက်မပြောပလောက်ပါဘူး။ အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးကိုသာ အခြားနတ်ဆိုးဘုရင်တွေအားဆင့်‌ခေါ်ခြင်းမပြုနိုင်အောင်တားဆီးပေးပါ။ မဟုတ်ရင် ငါတို့ဟွာတုန်းမြို့အတွက်ကြီးမားတဲ့ကပ်ဘေးကြီးဖြစ်သွားစေလိမ့်မယ် "

စစ်သူကြီးကျောက်က သက်ပြင်းချပြီးပြောလိုက်သည်။

"စိတ်မပူကြပါနဲ့ ကျွန်တော့်ဆီသာလွှဲထားလိုက်ပါ"

ကျိုးဟောင်ကပြောကြားလိုက်ပြီး အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးအား ကြည့်လိုက်လေသည်။

အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးကလည်း သွေးနီရောင်မျက်လုံးများဖြင့် ကျိုးဟောင်အား ပစ်မှတ်ထားကြည့်နေလေသည်။

"လူသား သင်သည် ငါ့အတွက် ပုရွက်ဆိတ်သာသာအဆင့်လောက်ပဲရှိတယ်။ ငါ့လက်‌အောက်ငယ်သားတွေကို သတ်ခဲ့တာ မင်းမှတ်လား..."

အမြှီး၇‌ချောင်းတိမ်လွှာမြွေပါကြီးဆီက အသံနက်ကြီးထွက်လာခဲ့လေသည်။

အဆင့်မြင့်ဘုရင်အဆင့် နတ်ဆိုးမိစ္ဆာကြီးက စကားကောင်းစွာပြောနိုင်သောကြောင့် ကျိုးဟောင်အံ့အားသင့်သွားခဲ့သည်။

"မင်းဆိုလိုချင်တာက အမှိုက်သာသာအဆင့်လောက်ပဲရှိတဲ့ အတောင်လေးစင်း အရိပ်ကျားသစ်နဲ့အခြားအကောင်တွေမှတ်လား။ ဟုတ်တယ် အကုန်ငါသတ်ခဲ့တာ.."

ကျိုးဟောင်က နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။

ဂါး.....

အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးက ဟိန်းဟောက်လိုက်သည်။

"ဒီစောက်ပုရွက်ဆိ‌တ်ကောင်..... မင်းနာကျင်စွာပြန်ပေးဆပ်ရမယ်"

သတ္တဝါကြီးသည် စကားဆုံးသည်နှင့်တပြိုင်နက် သူ၏ကျိုးပဲ့သွားသော အဖြူရောင်အမြှီးကြီးများသည် မျက်စိတမှိတ်အတွင်း ကျိုးဟောင်ဆီသို့လာရောက်တိုက်ခိုက်လေသည်။

ထိုအခိုက်အတန့်တွင် ကျိုးဟောင်သည် ဘာမှ ထိန်းချုပ်မထားတော့ဘဲ တုံ့ပြန်ဖို့ပြင်ဆင်လိုက်သည်။

စင်စစ်တွင် သူ့ရှေ့တွင်ရှိသော ရန်သူသည် ဟွာတုန်းမြို့ရှိ တောနက်ကြီးအား အုပ်ချုပ်ကြီးစိုးနေသော အဆင့်မြင့်နတ်ဆိုးဘုရင်တပါးဖြစ်လေသည်။

ကျိုးဟောင်၏သွေးအနှစ်သာရများ တဟုန်ထိုးတိုးမြင့်လာပြီး ပြင်းထန်သော အရှိန်အဝါအငွေ့အသက်များ သူ့တကိုယ်လုံးမှ လွှတ်ထုတ်နေလေသည်။ထိုအငွေ့အသက်များသည် ရှေးဟောင်းနဂါးနှင့်ဆင်တို့၏အသွင် ကူးပြောင်း သွားပြီး နေရာအနှံ့သို့ ကြောက်မက်ဖွယ်ဖိအားများ ဆူနာမီလှိုင်းကဲ့သို့ ဖုံးလွှမ်းသွားလေသည်။

"ဒ..ဒါ အထွဋ်အထိပ်မဟာဆရာသခင်တယောက်ရဲ့ အင်အားပဲ"

စစ်သူကြီး ကျောက် နှင့် အခြားသူများ မျက်လုံးပြူးသွားကြလေသည်။

"အရမ်း...ရမ်းကို သန်မာတာပဲ"

ကျန်းဟုန်နှင့် မဟာဆရာသခင်များလည်း အလွန်အံ့ဩနေကြသည်။ ထိုအခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်ထဲရှိ သွေးအနှစ်သာရများပင် ဖိနှိပ်ထားခံရသကဲ့သို့ ခံစားကြရလေသည်။

"သေပေတော့ ပုရွက်ဆိတ်ကောင်...."

အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးလည်း ထိုသွေးအနှစ်သာရကို ခံစားမိသောကြောင့် ဟိန်းဟောက်လိုက်ပြီး မီတာ၁၀၀လောက်ရှိသော သူ့ခန္ဓာကိုယ်ကြီးကို မီတာ ၇၀၀အထိ ချဲ့လိုက်လေသည်။

ကြီးမားသော အကောင်ကြီးအသွင်ပြောင်းကာ ကျိုးဟောင်အား ငုံ့ကြည့်နေလေသည်။သူ၏ကြီးမားသောအမြှီးကြီးများသည် ကောင်းကင်ကို မမြင်ရလောက်အောင်နေရာအနှံ့ဖြန့်ကျက်နေလေသည်။

မြွေပါကြီးသည် ရေအေးများကို ရေခဲအစိုင်အခဲများအသွင်ဖြစ်အောင်ကူးပြောင်းလိုက်ပြီး အစိတ်အမြွှာမြွှာဖြစ်အောင်ကွဲစေလိုက်သည်။ ထို့နောက် ထိုရေခဲအချွန်စများကို မျက်စိဖြင့် မမြင်နိုင်လောက်သည့် အရှိန်ဖြင့် ကျိုးဟောင်ဆီပစ်လွှတ်လိုက်လေသည်။

" မင်းတတ်နိုင်တာ ဒါအကုန်ပဲလား"

ကျိုးဟောင်က တချက်‌ဝေ့ကြည့်လိုက်လေသည်။

ထို့နောက် သူ့စကားဆုံးသည်နှင့် တပြိုင်နက် သူ့ပုံရိပ်သည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးရှေ့သို့ လျှပ်တပြတ် ရောက်ရှိသွားလေသည်။

" အရိပ်ခုနှစ်သွယ်ဓားသိုင်း .... ပွင့်ထွက်လာစမ်း"

အရိပ်အသွင်၇ခုတို့သည် ဓားသွားအလင်းတန်းတခုအဖြစ် စုပေါင်းသွားလေသည်။

"ခုတ်ထွင်........"

ကျိုးဟောင်၏ပါးစပ်မှ အေးစက်သောအသံထွက်လာခဲ့သည်။

အမြှီး၇‌ချောင်း တိမ်လွှာမြွေပါကြီးသည် ဘာမှ ပြန်မတုံပြန်နိုင်ခင်မှာပင် အလွန်ပြင်းထန်ပြီးချွန်ထက်လှသော လေဖိအားတခု ဖြတ်သန်းသွားသည်ကိုသာ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူ၏အနုမြူဗုံးကိုတောင်ခံနိုင်ရည်ရှိသော အမွှေးများနှင့် ဦးခေါင်းခွံသည် ဥခွံကဲ့သို့ ကွဲအက်သွားလေသည်။

ဝှစ်.ဝှစ်...

ရေခဲနဂါးကြီးများအသွင်ပြောင်းထားသောရေခဲများ တစစီကွဲအက်ပြုတ်ကျလာလေသည်။

မီတာ၇၀၀ကျော်နီးပါး ကြီးမားသော ‌အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီး၏ ခန္ဓာကိုယ်သည်လည်း လဲကျသွားပြီး ဖုန်လိပ်များစွာထသွားစေလေသည်။

စစ်သူကြီးကျောက်နှင့် အခြားသူများသည် စူးစိုက်စွာကြည့်နေကြလေသည်။

"ငါ‌ထင်ယောင်ထင်မှားဖြစ်နေတာလား"

" အဲ့အလောင်းကြီးက တကယ် အမြှီး၇ချောင်းတိမ်လွှာမြွေပါကြီးလား"

" ငါ့ကို မြန်မြန်ဆွဲဆိတ်ကြည့်စမ်းပါ အိပ်မက်များမက်နေတာလားလို့"

ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်ကြီးများသည် သတိပြန်၀င်လာကြပြီး မျက်လုံးပွတ်သူ ပွတ် ကိုယ့်အသားကိုပြန်ဆွဲဆိတ်ကြည့်သူက ကြည့် ဖြင့် သူတို့အရှေ့တွင်ရှိသော အလောင်းကောင်ကြီးအား မယုံနိုင်ဖြစ်နေကြလေသည်။

စင်စစ်တွင် ထိုသတ္တဝါကြီးမှာ ဟွာတုန်းမြို့ရှိတောနက်ကြီးထဲတွင် နှစ်ပေါင်းများစွာ ကြီးစိုးနေသော အဆင့်မြင့်ဘုရင်အဆင့် အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးဖြစ်လေသည်။

လွန်ခဲ့သော ရာစုနှစ်များစွာထဲက ထိုသတ္တဝါကြီးအား မည်သူမှ မထိပါးရဲကြပေ။ အနုမြူဗုံးတောင်မှ ထိုသတ္တဝါကြီးအား မဖျက်ဆီးနိုင်ခဲ့ပေ။

တချိန်က အထွဋ်အထိပ်မဟာဆရာသခင်ကြီးတယောက်လည်း ကြိုးစားခဲ့ဖူးသော်လည်း စိတ်ပျက်လက်ပျက် ထွက်ပြေးခဲ့ရသည်။

ဒီနေ့တွင်တော့ အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးမှာ သေဆုံးသွားခဲ့ရလေပြီ။

အထူးသဖြင့် တချက်ထဲဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်လေသည်။

သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင်မမြင်တွေ့ခဲ့ရပါက အမြှီး၇ချောင်း ‌တိမ်လွှာမြွေပါကြီးသည် တချက်ထဲနှင့်သေဆုံးသွားရသည်ကို ဘယ်သူမှ ယုံကြမည် မဟုတ်ပေ။

ထိုကဲ့သို့ ဘုရင်အဆင့်သတ္တဝါကြီးအား အထွဋ်အထိပ်မဟာဆရာသခင်တယောက်ကတောင် တချက်ထဲဖြင့် အနိုင်ယူရန် မဖြစ်နိုင်ချေ။

ဒါ့အပြင် အမြှီး၇ချောင်း ‌တိမ်လွှာမြွေပါကြီးမှာ အထက်တန်းမျိုးရိုးသွေးပါရှိပြီး အဆင့်မြင့်နတ်ဆိုးဘုရင်ဖြစ်ခဲ့သော်ငြား ၎င်း၏တိုက်ခိုက်ရေးစွမ်းအားသည် အုပ်စိုးရှင်အဆင့် နတ်ဆိုးဧကရာဇ် နီးပါး အားကောင်းလေသည်။

ကျိုးဟောင်လည်း စိတ်လှုပ်ရှားနေခြင်းမှ ပြန်လည်သက်သာလာခဲ့သည်။

မဟာဆရာသခင်တို့၏ကျိုးဟောင်အပေါ်အမြင်တွေလည်းပြောင်းလဲ သွားပြီး လေးစားကြည်ညိုလာကြလေသည်။

ထိုကဲ့သို့ သတ္တဝါကြီးအား တချက်ထဲဖြင့် သုတ်သင်နိုင်သည်ကိုကြည့်ခြင်းအားဖြင့် ကျိုးဟောင်၏ အဆင့်မှာ အထွဋ်အထိပ်မဟာဆရာသခင် အဆင့်ကိုတောင် ကျော်လွန်နေပြီ ဖြစ်လေသည်။

စစ်သူကြီးကျောက် နှင့် အခြားသူများ ဘယ်လိုခံစားနေရသည်ဆိုတာကို သူမရိပ်မိသော်လည်း အမြှီး၇ချောင်း တိမ်လွှာမြွေပါကြီးအား တချက်ထဲဖြင့် အနိုင်ယူရန် သူအားကုန်ထုတ်မသုံးရသေးပေ။

သို့သော်လည်း သူ့အတွက် အကျိုးကျေးဇူးအများအပြားရရှိခဲ့သည်။

..............................................................................

အခန်း(၅၀) ပြီးပါပြီ။

အခန်း (၅၁) : သာမန်ထက်ထူးကဲသော တည်ရှိမှု

ကျိုးဟောင်မှာ ပုံရိပ်ယောင်မျက်နှာပြင်ဆီအကြည့်ပို့လိုက်ပြီးနောက် သူ၏ယခုလက်ရှိကံကြမ္မာအမှတ်မှာ ၇၅၇,၄၀၀ ရှိနေသည်ကိုတွေ့လိုက်ရလေသည်။

"အဆင့်မြင့် မိစ္ဆာဘုရင်တွေကြားက စွမ်းအားကြီးတဲ့တည်ရှိမှုတစ်ခုဖြစ်သည့် ဒီအမြှီး၇ချောင်းတိမ်လွှာမြွေပါက မျှော်လင့်ထားသလိုပဲ ကံကြမ္မာအမှတ် ၂ သိန်းတောင် တန်းရတာပဲ"

ကံကြမ္မာအမှတ်ပမာဏကိုကြည့်ပြီး ကျိုးဟောင်မှာ အလွန်အမင်းစိတ်လှုပ်ရှားနေလေတော့သည်။

ယခုသူ့ထံတွက်ကံကြမ္မာအမှတ် ၇သိန်းကျော်ရှိနေပြီး ၁သန်းပြည့်ရန် သိပ်မလိုတော့ပေ။ သိပ်မကြာမီ ‌ထပ်မံ၍ ငွေ‌ရောင် လျှို့ဝှက်ဆန်းကြယ်‌သေတ္တာကို ဖွင့်နိုင်တော့မည်ဖြစ်သည်။

ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာထဲရှိ ပစ္စည်းများအားရရန် သူအလွန်စိတ်လှုပ်ရှားနေပြီဖြစ်သည်။ ၎င်းမှာ ထိပ်ဆုံးအဆင့်ကျင့်ကြံရေးနည်းလမ်းဖြစ်သော "၉သွယ်ပြောင်းလဲခြင်းရွှေခန္ဓာ" သို့မဟုတ် "ကောင်းကင်ခွဲနတ်ဘုရားသိုင်း" သို့မဟုတ် "မဟူရာလိပ်နတ်ဘုရားချပ်ဝတ်" ဖြစ်စေ ထိုအရာအားလုံးမှာ သူ့မျက်လုံးထဲတွင်ထိပ်တန်းပစ္စည်းများ ဖြစ်လေသည်။

အကယ်၍ သူသာထိုပစ္စည်းများထဲမှ တစ်ခုကိုရပါက သူ့စွမ်းအားမှာ တဟုန်ထိုးတိုးတက်သွားမည်ဖြစ်သည်။

ကျိုးဟောင်မှာ သူ၏စိတ်ခံစားချက်များကိုရှင်းပစ်ပြီးနောက် ပထမ‌ဆုံး အမြှီး၇ချောင်းတိမ်လွှာမြွေပါ၏ အလောင်းအား သိမ်းဆည်းလိုက်လေသည်။ ထို့နောက် ထိုနေရာမှလှည့်ထွက်လာပြီး စစ်သေနာပတိချုပ်ကျောက်နှင့်အခြားသူများရှိရာသို့ လျှောက်လာလေသည်။

ဤမဟာဆရာသခင်အဆင့် ပညာရှင်များမှာ သူတို့သည် အမြှီး ၇ချောင်းတိမ်လွှာမြွေပါ၏ပြိုင်ဘက်မဟုတ်မှန်း သေချာသိကြသော်လည်း သေမှာမကြောက်ဘဲတိုက်နေကြသေးရာ ဤအချက်ကိုကြည့်ပြီး ကျိုးဟောင်မှာသူတို့အားမလေးစားဘဲမနေနိုင်ပေ။

ကျိုးဟောင်မှာ အကယ်၍သူတို့နေရာတွင် သူသာဆိုပါက သူယခုလိုမလုပ်နိုင်လောက်ကြောင်း ခံစားနေရလေသည်။

သို့သော် သူရောက်သွားချိန်တွင် စစ်သေနာပတိချုပ်ကျောက်နှင့်အခြားသိုင်းပညာရှင်များမှာ သူ့ကိုထူးဆန်းစွာကြည့်နေကြကြောင်း သူသတိထားမိလိုက်လေသည်။

"စီ စီနီယာကျိုး ခင်ဗျားကအဆင့်ချိုးဖောက်ပြီး အထွတ်အထိပ်အဆင့် မဟာဆရာသခင်တစ်ယောက်ထက်တောင် ပိုပြီးသန်မာလာတာလား"

စစ်သေနာပတိချုပ်ကျောက်မှာ မမေးဘဲမနေနိုင်တော့ပေ။

အခြားမဟာဆရာသခင်အဆင့်ပညာရှင်များမှာတော့ ကျိုးဟောင်အားစိုက်ကြည့်နေကြလေသည်။

မဟာဆရာသခင်အဆင့်အထက်တွင် မူလအဆင့်ရှိပေသည်။

လူတစ်ယောက်မှာ မူလအဆင့်သို့ရောက်ပြီဆိုတာနှင့် ထိုလူ၏သေမျိုးခန္ဓာကိုယ်မှာအသစ်ဖြစ်ပေါ်လာကာ အကန့်အသတ်ကိုကျော်လွန်သွားပြီး ထိုသူမှာ ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းအား အားလုံးကိုရရှ်ိမည်ဖြစ်သည်။

ကမ္ဘာ‌မြေပေါ်ရှိ လူသားမျိုးနွယ်တို့မှာ အတိအကျ ယခုလိုပြိုင်ဘက်ကင်းတည်ရှိမှုမျိုးရှိနေ၍သာ သူတို့မှာယခုလို မျိုးနွယ်ခြားတို့၏ ရူးသွပ်သောကျူးကျော်တိုက်ခိုက်မှုများအားဆန့်ကျင်ကာ သူတို့အိမ်ကိုကာကွယ်နိုင်ခြင်းဖြစ်ပေသည်။

အချိန်ခဏလောက်မှင်တက်နေပြီးနောက် ကျိုးဟောင်မှာထရယ်မိလေတော့သည်။

"စစ်သေနာပတိချုပ်ကျောက် ကျုပ်က ဘာမူလအဆင့်ကိုမှမရောက်သေးပါဘူး။ ကျုပ် ဒီအမြှီး၇ချောင်းတိမ်လွှာမြွေပါကိုသတ်နိုင်ရတဲ့ အဓိကအကြောင်းအရင်းက ပြိုင်ဘက်ကင်းဓားသိုင်းတစ်ခုကြောင့်ပါပဲ"

"ဓားသိုင်း"

စစ်သေနာပတိချုပ်ကျောက်၊ ကျန်းဟုန်နှင့် အခြားသိုင်းပညာရှင်များမှာ ကြက်သေသေသွားလေတော့သည်။

သို့သော် သူတို့ထိုထိတ်လန့်စရာကောင်းသောဓားသိုင်းအကြောင်းကို အလျင်အမြန်ပင်သတိရသွားကြလေသည်။

ကျန်းဟုန်မှာ ဝိုးတိုးဝါးတားနှင့်ပင် သူကျောင်းမှာတွေ့ခဲ့သော ပြိုင်ဘက်ကင်းပါရမီရှင်ဖန်တီးထားသော ဓားသိုင်းအားတွေးမိသွားလေသည်။ ဤဓားသိုင်း နှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်သောအခါ သူတို့နှစ်ခုမှာ ဘာကြောင့်မှန်းမသိတူနေသလို ခံစားရပေသည်

ထိုအချိန်တုန်းက ပြိုင်ဘက်ကင်းပါရမီရှင်သည်လည်း အဆင်မြင့်မိစ္ဆာစစ်သူကြီး ၃ ကောင်အား ကောင်းစွာဖိနှိပ်ပြီး သတ်ပစ်ရန် ဓားသိုင်းကိုသာသုံးခဲ့ခြင်းဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ဤလောကကြီး၌ ကျင့်ကြံရေးအဆင့်သည် အရာအားလုံးမဟုတ်ပေ။ လျှို့ဝှက်ကျင့်ကြံရေးနည်းလမ်းများနှင့် တိုက်ခိုက်ရေးနည်းလမ်းများကသာ ပိုအရေးပါလေသည်။

ထိုအခြင်အရာကိုတွေးမိသောအခါ ကျန်းဟုန်မှာ‌မနေနိုင်ဘဲမေးလိုက်မိလေသည်။

"စီ စီနီယာကျိုး ခင်ဗျားချူမြို့အထက်တန်းကျောင်းက ပြိုင်ဘက်ကင်းပါရမီရှင်ကိုသိလား အဲဒီကျောင်းသားသုံးတဲ့ဓားသိုင်းက ခင်ဗျားသုံးတဲ့ဓားသိုင်းနဲ့အတော်ဆင်တယ် အတော်လေးလည်းစွမ်းအားကြီးတယ်"

ထိုမေးခွန်းအားကြားသောအခါ ကျိုးဟောင်မှာ ထိတ်ခနဲဖြစ်သွားလေသည်။ သူ အမြှီး ၇ချောင်းတိမ်လွှာမြွေပါကိုအလွန်အာရုံစိုက်ထားမိလေရာ သူ၏ဓားသိုင်းကို ဖုံးကွယ်ဖို့ရာမေ့သွားခဲ့လေသည်။

"ချူမြို့အထက်တန်းကျောင်းလား"

သူမသိသလိုပင်မေးလိုက်လေသည်။

"ကျုပ်ဖြင့်တစ်ခါမှမရောက်ဖူးပါဘူး။ ကျုပ်မှာအချိန်ရှိရင် ဒီကျောင်းသားနဲ့တွေ့ဖို့စိတ်ဝင်စားတယ် ကျုပ်ရဲ့ဒီဓားသိုင်းက လုံးလုံးလျားလျားကို နားလည်နိုင်စွမ်းပေါ်မူတည်တယ်။ ဒါက "အရိပ်ဓားသိုင်း" ကနေအသွင်ပြောင်းထားတာပါ။ ဒီတော့ တခြားလူတွေဒါကိုသိဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"အရိပ်ဓားသိုင်း တကယ့်ကိုပဲ အဲဒီတုန်းကဓားသိုင်းကို ကျွန်တော်ဘယ်လိုကြည့်ကြည့် နည်းနည်းရင်းနှီးသလိုခံစားခဲ့ရတာ လတ်စသတ်တော့ ဒါကတကယ့်ကို အရိပ်ဓားသိုင်းကနေ ဆင်းသက်လာတာပဲ"

စစ်သေနာပတိချုပ်ကျောက်မှာ ကျိုးဟောင်အားကြည့်ပြီး မနေနိုင်ဘဲပြောလိုက်မိလေသည်။

"စီနီယာကျိုးကတကယ်အထင်ကြီးစရာပဲ မူလဓားသိုင်းကနေ ဒီလိုဓားသိုင်းမျိုးကိုတောင် ဖန်တီးနိုင်တယ်"

ကျိုးဟောင်မှာအလျင်အမြန်ပင်လက်ခါပြပြီး သာမန်ကာလျှံကာပြောလိုက်လေသည်။

"ဒါကဘာမှမဟုတ်ပါဘူး ကျုပ်ကဒီတိုင်းအကောင်းဆုံးကြိုးစားခဲ့ရုံပါ"

ကျန်းဟုန်နှင့်အခြားလူများမှာ ထိုစကားအားကြားသောအခါ ပြောစရာစကားပင်မရှိတော့ပေ။

သူတို့အားလုံးသည် ဝီရိယရှိရှိနှင့်နှစ်ပေါင်းများစွာ သိုင်းပညာများနှင့် လျှို့ဝှက်နည်းပညာများအား သုတေသနလုပ်ခဲ့ကြသော်လည်း ဘာမှရှာမတွေ့ခဲ့ပေ။

မကြာမီပင် ကျိုးဟောင်၏စကားသံအားကြားလိုက်ရလေသည်။

"စစ်သေနာပတိချုပ်ကျောက် မျိုးနွယ်ခြားတွေက လောလောဆယ် သောင်းကျန်းနေကြတာ။ တကယ်လို့အဲဒီကျောင်းသားကတကယ် ကျုပ်ဓားသိုင်းနဲ့ဆင်တဲ့ဓားသိုင်းကိုသိနေတယ်ဆို ခင်ဗျားတို့သူ့အကြောင်းလျှို့ဝှက်ထားပြီး လုံခြုံအောင်ကာကွယ်ပေးရသင့်တယ်။ဒါမှ မျိုးနွယ်ခြားတွေရဲ့ မိုက်မဲတဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကိုရှောင်ရှားနိုင်မှာပဲဖြစ်တယ်"

စစ်သေနာပတိချုပ်ကျောက်မှာ ချက်ချင်းပင်လေးနက်စွာဖြင့်ပြောလိုက်‌လေသည်။

"စီနီယာကျိုး အဲဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်မပူပါနဲ့ ကျွန်တော်တို့သေချာပေါက် ချူမြို့အထက်တန်းကျောင်းနဲ့ အဲဒီကျောင်းသားရဲ့လုံခြုံရေးကိုကာကွယ်ပေးမှာပါ"

အခြားသိုင်းပညာရှင်များမှာလည်း လေးလေးနက်နက်ခေါင်းညိတ်လိုက်ကြလေသည်။

အောင်မြင်စွာ စကားလမ်းကြောင်းပြောင်းလိုက်နိုင်မှ ကျိုးဟောင်မှာသက်ပြင်းချနိုင်လေတော့သည်။ ထို့နောက် သူရှေ့သို့လျှောက်သွားလိုက်ပြီး ဟယ့်ပျောင်းကိုကြည့်ကာမေးလိုက်လေသည်။

"ဒဏ်ရာတွေ ဘယ်လိုနေလဲ"

"အဟွတ် အဟွတ်...ကျွန်တော့်အသက်ကိုကယ်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာကျိုး"

ဟယ့်ပြောင်းမှာ ထစ်ထစ်ငေါ့ငေါ့နှင့်ပြောလိုက်သည်။

မဟာဆရာခင်တိုင်းတွင် အားကောင်းသော အသက်စွမ်းအားမျိုးရှိကြပေသည်။ မည်မျှပင်ဒဏ်ရာပြင်းထန်ပါစေ လျင်မြန်စွာ ပြန်လည်သက်သာလာနိုင်စွမ်းရှိကြလေသည်။

ကျိုးဟောင်မှာထိုအခါမှစိတ်ချသွားလေသည်။

"အဲဒီအရိပ်ပိုးကောင်တွေက တကယ်ဉာဏ်နီဉာဏ်နက်များတယ်။ သူတို့ကမင်းရဲ့အခြေအနေကိုအသုံးချပြီး မင်းအဝိုင်းခံထားရတဲ့အချိန်မှာ တိုက်ဖို့ရွေးချယ်ခဲ့တာပဲ။ ကြည့်ရတာဒင်းတို့ကိုမဖြစ်မနေရှင်းထုတ်မှရမယ် မဟုတ်ရင် ပြဿနာတွေဆုံးမှာမဟုတ်ဘူး"

စစ်သေနာပတိချုပ်ကျောက်လည်းဝင်ရောက်ပြောဆိုလာလေသည်။

"ဟုတ်တယ် ဒီအရိပ်ပိုးကောင်တွေက ချိန်ကိုက်ဗုံးလိုပဲ။ သူတို့ကြောင့် မြို့ကိုအမြဲစောင့်ကြပ်ရရုံတင်မကဘူး တောနက်ထဲကို အမဲလိုက်ဖို့လာတဲ့အဖွဲ့တွေလည်း သတိထားနေရတယ်။ သူတို့သာရှိနေရင် အဖွဲ့တွေက တခြားမိစ္ဆာသားရဲတွေနဲ့ ပိုးကောင်တွေကိုအေးအေးဆေးဆေး ရှင်းပစ်နိုင်မှာမဟုတ်ဘူး"

ကျန်းဟုန်လည်းဝင်ပြောလာလေသည်။

"စီနီယာကျိုး၊ စစ်သေနာပတိချုပ်ကျောက် အခုအမြှီး၇ချောင်းတိမ်လွှာမြွေပါလည်းသေသွားပြီ တခြားမိစ္ဆာဘုရင်တွေကလည်း ဒီလောက်အန္တရာယ်မရှိ‌တော့ဘူး။ ကျွန်တော်အကြံပေးချင်တာကတော့ ခဏနားပြီး ကျွန်တော်တို့ဒဏ်ရာတွေသက်သာလာရင် တာဝန်ကိုဆက်လုပ်ပြီး အရိပ်ပိုးကောင်တွေကို သုတ်သင်ကြမယ်"

"သဘောတူတယ်"

"ဟုတ်တယ်"

အခြားမဟာဆရာသခင်များလည်း ခေါင်းညိတ်ကြလေသည်။

အစောပိုင်းက စိတ်ပျက်စရာမျိုးကိုကြုံတွေ့ရပြီးနောက်ပိုင်း သူတို့မှာအရိပ်ပိုးကောင်များ၏ အန္တရာယ်ကို ပိုပြီးသိလာကြလေသည်။

စစ်သေနာပတိချုပ်ကျောက်မှာမတ်တတ်ထရပ်ပြီးပြောလိုက်လေသည်။

"ကောင်းပြီလေ နာရီဝက်လောက်နားပြီး စီစဉ်ထားတဲ့အတိုင်းလုပ်ကြတာပေါ့"

အမြှီး၇ချောင်းတိမ်လွှာမြွေပါအား ကျိုးဟောင်သတ်လိုက်ပြီးနောက် ကျန်ရှိနေသော အန္တရာယ်ဧရိယာများတွင် အလယ်အလတ်အဆင့် မိစ္ဆာဘုရင်များသာကျန်တော့လေသည်။ မဟာဆရာသခင်တစ်ယောက်တည်းလာပါက အန္တရာယ်ရှိနိုင်သော်လည်း ယခုသူတို့မှာအဖွဲ့လိုက်လာသည်ဖြစ်ရာ အလယ်အလတ်အဆင့် မိစ္ဆာဘုရင်များနှင့်ကြုံလျှင်တောင် ဘာအန္တရာယ်မှရှိမည်မဟုတ်ပေ။

ထို့ကြောင့် နာရီဝက်ကြာပြီးနောက် စစ်သေနာပတိချုပ်ကျောက်နှင့် ဒဏ်ရာသက်သာလာသော အခြားမဟာဆရာသခင်များမှာ သူတို့၏အရှိန်ကိုမြင့်ပြီး အရိပ်ပိုးကောင်များအားရှာလေတော့သည်။

ကျိုးဟောင်မှာ မူလက အခြားမိစ္ဆာဘုရင်များကိုသတ်ပြီး ကံကြမ္မာအမှတ်တိုးအောင်လုပ်ချင်သော်လည်း သိပ်မကြာမီပင် မြေပုံပေါ်ရှိအနီရောင်ဧရိယာ ၃၀ကျော်၌ ဘုရင်အဆင့်မိစ္ဆာတစ်ကောင်တောင် မကျန်တော့သည်ကို သူတွေ့လိုက်ရလေသည်။

....................................................................................

အခန်း(၅၁) ပြီးပါပြီ။

All Chapters