← Chapters

အခန်း ၅၅-၅၇

Vol. 4 Ch. 55-57

အခန်း ၅၅-၅၇

Vol. 4 Ch. 55-57

အခန်း (၅၅) : ယန်ကျင်းလေ့ကျင့်ရေးစခန်း၏ ပါရမီရှင်

မနေ့ညကနှင့်မတူဘဲ စစ်သေနာပတိချုပ်ကျောက်နှင့် အခြားလူများမှာ ယခုတစ်ကြိမ်တွင်တော့ စိတ်အေးလက်အေးရှိနေကြလေသည်။

မည်သို့ပင်ဖြစ်စေ ဤဧရိယာအတွင်းရှိမိစ္ဆာဘုရင်များအားလုံး ထွက်ပြေးသွားပြီဖြစ်သည်။ကျန်ရှိနေသော မိစ္ဆာစစ်သူကြီးများနှင့် အင်းဆက်များမှာ သူတို့ကိုမခြိမ်းခြောက်နိုင်ပေ။

ကျိုးဟောင် တောနက်ဧရိယာထဲသို့ဝင်သွားသည်နှင့် မနေ့ကလိုနည်းလမ်းဖြင့် ကံကြမ္မာအမှတ်ကိုသုံးကာ အရိပ်ပိုးကောင်များအားရှာလေတော့သည်။

သူ၏ကံကြမ္မာအမှတ်များမှာ တကယ့်ကိုအတော်လေးအထင်ကြီးစရာကောင်းပေသည်။ နာရီဝက်မပြည့်ခင်မှာပင် သူအရိပ်ပိုးကောင် ၁၀ကောင်ကျော်တွေ့ပြီး အားလုံးကို သတ်ပစ်လိုက်လေတော့သည်။

သို့သော် အချိန်ကုန်လာသည်နှင့်အမျှ ရှာတွေ့သောအရိပ်ပိုးကောင်အရေအတွက်မှာ လျော့လျော့လာလေသည်။

တစ်နာရီကျော်ကြာပြီးနောက် ကျိုးဟောင်မှာ တစ်မိနစ်ကို ကံကြမ္မာအမှတ် ၂၀၀ ၃၀၀နီးပါးသုံးတာတောင် သူ့အတွက်တစ်ကောင်ရှာတွေ့ဖို့ကိုပင် အလွန်ခက်လာလေသည်။

"ကြည့်ရတာ မြို့ပြင်တောနက်ဧရိယာထဲက အရိပ်ပိုးကောင်တွေ အားလုံးကို အမြစ်ဖြတ်လို့ပြီးသွားတဲ့ပုံပဲ" ထိုအတွေးနှင့်အတူကျိုးဟောင်မှာ ကံကြမ္မာအမှတ်သုံးခြင်းကိုရပ်တန့်ပြီး အရိပ်ပိုးကောင်ရှာခြင်းကိုလည်း ရပ်လိုက်လေတော့သည်။

သို့သော် စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များမှာတော့ ဆက်လက်ရှာဖွေနေကြဆဲပင်။

အစောကအတွေးမှာ သူ၏ကိုယ်ပိုင်ခန့်မှန်းချက်ဖြစ်၍ ကျိုးဟောင်မှာဘယ်သူ့ကိုမှထုတ်မပြောပေ။

ခေတ္တအနားယူပြီးနောက် ကျိုးဟောင်မှာ မိစ္ဆာစစ်သူကြီးနယ်မြေကို အလောတကြီးထွက်သွားလေတော့သည်။ မည်သို့ပင်ဖြစ်စေ သူ့မှာတခြားလုပ်စရာအလုပ်လည်းမရှိပေ။

မိစ္ဆာစစ်သူကြီးနှင့်အင်းဆက်များကို သတ်ခြင်းမှရသော ကံကြမ္မာအမှတ်က သိပ်မများသော်လည်း စုပေါင်းလိုက်လျှင်တော့ အကျိုးရှိသေးပေသည်။

ဧရိယာ ၂၂၆

သိုင်းပညာရှင်အဖွဲ့တစ်ဖွဲ့မှာ ဖြေးညှင်းစွာခရီးသွားနေလေသည်။

သို့သော်သူတို့၏ပုံစံကိုကြည့်ရသည်မှာ တောနက်ထဲအမဲလိုက်ထွက်လာသည့်ပုံမဟုတ်ပေ။ ထိုအစားသူတို့၏ပုံစံမှာ ခရီးသွားနေသလိုဖြစ်ပြီး အလွန်အမင်းအေးဆေးသည့်ပုံပေါက်နေလေသည်။

"နည်းပြရှန်းကအရမ်းတရားလွန်တာပဲ သူကတကယ်ကြီးငါတို့ကို လူရည်ချွန်လေ့ကျင့်ရေးစခန်းကနေ ဒီလိုစိတ်ပျက်စရာဟွာတုန်းမြို့ကို ပြောင်းခိုင်းရတယ်လို့"

"မတတ်နိုင်ဘူးလေ နည်းပြရှန်းက ယန်ကျင်းမှာ ဒီလောက်အဆက်အသွယ်တွေအများကြီးရှိတာ ထပ်ပြောရရင် လေ့ကျင့်ရေးစခန်းရဲ့ နည်းပြချုပ်ကလည်း အရင်ကသူ့ဆရာပဲကို အဲဒါကြောင့် သူ့စကားတစ်ခွန်းနဲ့တင် ငါတို့နာခံပြီးလာရတာပေါ့"

"ငါကြားတာတော့ ငါတို့တွေဒီတစ်ခေါက် ချူမြို့အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ လေ့ကျင့်ရမယ်ဆိုလားပဲ"

"ချူမြို့အထက်တန်းကျောင်း ဒါကဘယ်လိုကျောင်းအစုတ်အပျက်မျိုးလဲ"

"ပုံစံကြည့်ရတာ ဟွာတုန်းမြို့ကအထက်တန်းကျောင်း အားလုံးထဲမှာအားအနည်းဆုံးပဲဖြစ်မယ်ထင်တယ်"

ချပ်ဝတ်အမျိုးမျိုးဝတ်ဆင်ထားသော အမျိုးသား၅ဦးနှင့် အမျိုးသမီး၅ဦးမှာ စိတ်ဆိုးမာန်ဆိုးဖြင့်ပြောနေလေသည်။

စင်စစ်ထိုလူများမှာ ယခုတစ်ကြိမ်ယန်ကျင်းလူရည်ချွန်လေ့ကျင့်ရေးစခန်းမှ နည်းပြရှန်း ပြောင်းလာခိုင်းသော ပါရမီရှင်အဖွဲ့ဖြစ်သည်။

"ကောင်းပြီ မပြောကြနဲ့တော့ နည်းပြရှန်းငါတို့ကိုဒီပြောင်းလာခိုင်းတယ်ဆိုမှတော့ သူ့မှာသေချာပေါက် အကြောင်းပြချက်တစ်ခုခုရှိလို့ပဲနေမှာ။ မင်းတို့လုပ်ရမှာကကြိုးစားဖို့ပဲ ဘယ်မှာလေ့ကျင့်သလဲဆိုတာကအရေးမကြီးဘူး ကိုယ့်အားကိုယ်ကိုးဖို့ပဲလိုတယ်"

တည်ငြိမ်ပုံပေါက်သော လူငယ်တစ်ယောက်က ဝင်ပြောလိုက်လေသည်။

ကလစ်!

အမျိုးသမီးတစ်ယောက်၏ ချပ်ဝတ်မျက်နှာဖုံးမှာပွင့်သွားပြီး ကျက်သရေရှိသောမျက်နှာလေးတစ်ခုပေါ်လာလေသည်။

"ယွမ်ချန်း နင့်မှာတော့သေချာပေါက် လန့်စရာအကြောင်းပြချက်မရှိဘူးပေါ့ ယွမ်မိသားစုက မြေအောက်မဟာမိတ်စင်တာကနေ အကျိုးအမြတ်ရပြီး ချမ်းသာတဲ့နောက်ခံရှိတာ ပြီးတော့မြို့တိုင်းမှာလည်း ဌာနအခွဲတွေရှိသေးတယ်။ နင့်အတွက် ကျင့်ကြံရေးအရင်းအမြစ်တွေက သေချာပေါက်မရှားဘူးပေါ့"

"ဒါပေမဲ့ ငါတို့ကတော့မတူဘူး"

အခြားလူငယ်တစ်ယောက်မှာလည်း သူ့မျက်နှာဖုံးကိုဖွင့်ပြီးစိတ်ဆိုးစွာဖြင့်ပြောလိုက်လေသည်။

"ဟုတ်တယ် ငါ့မိသားစုကဒီကိစ္စကိုသိပြီးတော့ လေ့ကျင့်ရေးစခန်းကငါတို့ကို တန်ဖိုးမထားတော့ဘူးလို့တွေးပြီး အရင်းအမြစ်ထောက်ပံ့ပေးတာတွေကိုတောင် ရပ်ပစ်လိုက်ကြပြီ"

ယွမ်ချန်းမှာပြောစရာစကားပင်မရှိတော့ပေ။

ထိုအချိန်၌ မိန်းမငယ်လေးတစ်ယောက်က သတိပေးလိုက်လေသည်။

"အားလုံးပဲ ‌ဒါကတောနက်ဧရိယာနော် ငါ့အထင်တော့ငါတို့သတိမပေါ့သင့်သေးဘူး"

ကျက်သရေရှိသောအလှပိုင်ရှင်မိန်းကလေးမှာ နှုတ်ခမ်းတွန့်ကာပြုံးလိုက်ပြီး

"ဘာကြောက်စရာရှိလို့လဲ ငါတို့အားလုံးမှာ အဆင့်မြင့်တိုက်ခိုက်ရေးစွမ်းအားရှိတယ် ပြီးတော့ အကောင်းစားချပ်ဝတ်တွေနဲ့ဓားတွေကိုင်ထားတာ မိစ္ဆာစစ်သူကြီးတစ်ကောင်နဲ့တွေ့ရင်တောင် ငါတို့ကိုင်တွယ်နိုင်တယ် ပြီးတော့ဒါကဒီဧရိယာရဲ့အစွန်အဖျားပဲရှိသေးတာ ဘာသတိထားစရာရှိလို့လဲ"

ထိုစကားအားကြားသောအခါ ယွမ်ချန်းမှာမနေနိုင်ဘဲဝင်ပြောလိုက်လေသည်။

"အဆင်အခြင်မမဲ့နဲ့"

ထိုအခါမိန်းမလှလေးမှာနှာခေါင်းရှုံ့ရင်း ဆက်သွားတော့မည့်အချိန်မှာပင် ရုတ်တရက်မြေပြင်ကတုန်ခါလာလေတော့သည်။

ဝှစ်! ဝှစ်! ဝှစ်!

ထိုလူငယ်အုပ်စုမှာ အလိုအလျောက်ပင် ဓားများအားထုတ်လိုက်ကြလေသည်။

ဘုန်း

စက္ကန့်ပိုင်းအတွင်းမှာပင် ရှေးဟောင်းသစ်ပင်အများအပြားမှာ ကျိုးကုန်လေသည်။ ၁၀မီတာကျော် အရှည်ရှိသော ချိုနီသံမဏိကျွဲများမှာ အသက်လုပြေးလာရသည့်ပုံဖြင့် တောနက်ထဲမှ အလောတကြီးပြေးထွက်လာကြလေသည်။

ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားပါရမီရှင်များမှာ အလွန်အမင်းထိတ်လန့်သွားကြလေရာ မျက်နှာများတွင် သွေးပင်မရှိတော့ပေ။

အရွယ်ရောက်ပြီးသား ချိုနီသံမဏိကျွဲတစ်ကောင်မှာ အဆင့်မြင့်သားရဲစစ်သည်အဆင့်ရှိပေသည်။ လက်ရှိအချိန်တွင် သူတို့ရှေ့ရှိချိုနီသံမဏိကျွဲအရေအတွက်မှာ ထောင်နှင့်ချီရှိလေသည်။

ဤမျှလောက်များပြားသော အရေအတွက်နှင့်ကြုံပါက ဤနေရာတွင် ဆရာသခင်အဆင့်ပညာရှင်တစ်ယောက်ရှိနေသည်ဆိုလျှင်ပင် ထွက်ပြေးရမည်ဖြစ်သည်။

"ပြေး"

အစောကအေးဆေးဖြစ်နေခဲ့သောမိန်းမလှလေးမှာ ပထမဆုံးလှည့်ပြီးထွက်ပြေးလေတော့သည်။

အခြားသူများမှာလည်း တုံ့ပြန်မှုမနှေးပေ။ အရေးပေါ်သတင်းပို့ရင်း အမြန်ဆုံးလှည့်ပြေးကြလေတော့သည်။

သို့သော် ချိုနီသံမဏိကျွဲများမှာအလွန်လျင်မြန်လှပေသည်။

"ငါတို့တော့သွားပြီ"

ယွမ်ချန်းမှာ အနောက်တွင်ပါလာသော ချိုနီသံမဏိကျွဲအများအပြားကိုတွေ့လိုက်ရသောအခါ သူ၏မျက်လုံးများထံတွင် အားငယ်မှုများပေါ်လာလေတော့သည်။

အခြားလူများမှာလည်း အတူတူပင်။ ယခုညတွင် အမဲလိုက်ဖို့ထွက်လာပြီး စိတ်အေးလက်အေးနေမိသည်ကို သူတို့အားလုံးနောင်တရနေကြလေသည်။

သို့သော် ချိုနီသံမဏိကျွဲများမှာ သူတို့အားမတိုက်ခိုက်ပေ။ ထိုအစား သူတို့၏ သဘာဝရန်သူများထံမှ အလိုက်ခံရသလိုမျိုး ရူးသွပ်စွာထွက်ပြေးနေကြလေသည်။

ထိုအရာကိုမြင်လိုက်ရတော့မှ ယွမ်ချန်းနှင့်အခြားလူများမှာ သက်ပြင်းချနိုင်ပြီး ပဟေဠိဖြစ်သွားလေသည်။

"မကောင်းတော့ဘူး အဆင့်မြင့်မိစ္ဆာစစ်သူကြီးဖြစ်တဲ့ မဟူရာစပါးအုံးမြွေပဲ"

ချိုနီသံမဏိကျွဲများထွက်ပြေးသွားသည်နှင့် အနောက်မှမီတာရာချီရှည်သော မိစ္တာစပါးအုံးတစ်ကောင်၏တိုက်ခိုက်မှုကို မြင်လိုက်ရသော ပါရမီရှင်တစ်ယောက်၏ မျက်လုံးများမှာ ပြူးကျယ်သွားလေတော့သည်။

"ဒါဘယ်လိုဖြစ်နိုင်မှာလဲ အဆင့်မြင့်မိစ္ဆာစစ်သူကြီးတွေက ပုံမှန်ဆိုတောနက်ထဲမှာပဲနေပြီး အပြင်ထွက်လာခဲတယ် ဘာလို့မဟူရာစပါးအုံးမြွေက တောစပ်ကိုရောက်လာရတာလဲ"

ထိုပါရမီရှင်များမှာကြောက်လွန်း၍ နှလုံးတွေပါတုန်ပြီး ခြေထောက်ပင်မကြွနိုင်ကြတော့ပေ။

အဆင့်မြင့် မိစ္တာစစ်သူကြီးတစ်ကောင်အတွက် သူတို့ကိုသတ်ရန်မှာအလွန်လွယ်ကူလှပေသည်။

"ဒီလိုမှန်းသာကြိုသိရင် သေအောင်ရိုက်ခံရရင်တောင် ဟွာတုန်းမြို့ကိုမလာပါဘူး" မဟူရာစပါးအုံးမြွေမှာ တဖြည်းဖြည်းချင်း သူတို့အနီးရောက်လာသည်ကိုကြည့်ပြီး ယွမ်ချန်းမှာ ခါးသက်စွာပြုံးလိုက်လေသည်။

ဝှစ်!

ရုတ်တရက် ကောင်းကင်တွင် ‌ဓားအလင်းတန်းတစ်ခုပေါ်လာလေသည်။

ထိုဓားအလင်းရောင်မှာ အမှောင်ထုကိုထိုးခွင်းကာထွက်ပေါ်လာသလိုပင်။ ကြောက်မက်ဖွယ်ရာကောင်းသော ချွန်ထက်သည့်အရှိန်အဝါကိုသယ်ဆောင်ထားပြီး ဦးတည်ရာအနှံ့ခွဲဖြာကာပျံ့နှံ့သွားလေသည်။

ဘန်း

ကြီးမားသောမဟူရာစပါးအုံးမြွေ၏ တြိဂံပုံမျက်ဝန်းများမှာ ချက်ချင်းဆိုသလိုပင်အရောင်မဲ့သွားကာ သူ၏ကြီးမားလှသောခန္ဓာကိုယ်ကြီးမှာ ပြုတ်ကျလာပြီး ယွမ်ချန်းနှင့်အခြားပါရမီရှင်များဘေးမှ ချော်ထွက်သွားလေည်။

ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားပါရမီရှင်များမှာ လုံးဝကြက်သေသေသွားကြလေသည်။

ထိုမဟူရာစပါးအုံးမြွေ၏အလောင်းဘေးသို့ အနီရောင်ချပ်ဝတ်နှင့်ပညာရှင်တစ်ယောက် ဆင်းသက်လာပြီးသည့်အချိန်အထိတောင် အစောပိုင်းကမြင်တွေ့ခဲ့ရသော ထိတ်လိန့်စရာကောင်းသောဓားချက်မှာ သူတို့စိတ်ထဲတွင်ဆက်ပြီးတဝဲလည်လည်ရှိနေဆဲပင်။

....................................................................................

အခန်း (၅၅) ပြီးပါပြီ။

အခန်း (၅၆) : အသက်စွမ်းအင်မှော်ကျောက်တုံးအားရယူခြင်း

ရောက်ရှိလာသောသူမှာ အခြားသူမဟုတ် ကျိုးဟောင်ပင်ဖြစ်လေသည်။

မိစ္ဆာစစ်သူကြီးများအား ရူးသွပ်စွာသတ်ဖြတ်ပြီးနောက် သူဧရိယာ ၂၂၆ ကိုရောက်ခါစမှာပင် မဟူရာစပါးအုံးမြွေနှင့်အခြားမိစ္ဆာသားရဲများမှာအလန့်တကြားထွက်ပြေးကြလေရာ ကျိုးဟောင်မှာ ပြောစရာစကားပင်မရှိတော့ပေ။

ကံကောင်းသည်မှာ သူ၏အရှိန်မှာအရမ်းမနှေးပေ။ တောအစပ်နားတွင် ဤအဆင့်မြင့် မိစ္ဆာစစ်သူကြီးအား လိုက်မှီပြီး ထိုသတ္တဝါအားအချိန်မီသတ်လိုက်နိုင်လေသည်။

ယွမ်ချန်းနှင့်အခြားလူများကိုကြည့်ပြီး ဟွာတုန်းမြို့သိုင်းပညာရှင်များဟုထင်ကာ ပြုံးပြီးမေးလိုက်လေသည်။

"မင်းတို့အဆင်ပြေကြရဲ့လား"

ထိုစကားအားကြားလိုက်မှသာ ယွမ်ချန်း ယွင်ယန်နှင့်အခြားလူများမှာ သတိပြန်ဝင်လာလေတော့သည်။

မျက်နှာဖုံးဖြင့်ဖုံးကွယ်ထားသော သူတို့၏မျက်နှာများတွင် ထိတ်လန့်မှုများဖြင့်ပြည့်နေလေသည်။

ဓားချက်တစ်ချက်တည်းဖြင့် ဤပုဂ္ဂိုလ်မှာ အဆင့်မြင့်မိစ္ဆာစစ်သူကြီးအား သတ်ခဲ့လေသည်။

သူတို့ရှေ့ရှိပုဂ္ဂိုလ်မှာ သေချာပေါက်မဟာဆရာသခင်တစ်ယောက်ဖြစ်ကြောင်း ချက်ချင်းပင်သဘောပေါက်လိုက်ကြလေသည်။

"စီ....စီနီယာ အသက်ကယ်ပေးလို့ကျေးဇူးတင်ပါတယ်"

ယွင်ယန်မှာပထမဆုံးအသိဝင်လာကာ ကျေးဇူးတင်သည့်အနေဖြင့် မျက်နှာဖုံးကိုချွတ်ကာ တုံ့ပြန်ပြောဆိုလာလေသည်။

ယွမ်ချန်းနှင့်အခြားလူများမှာလည်း အလျင်အမြန်ပင်ကျေးဇူးတင်လာကြလေသည်။

ကျိုးဟောင်မှာမှင်တက်သွားလေသည်။ ဤသိုင်းပညာရှင်အဖွဲ့မှာ ယခုလောက်အသက်ငယ်မည်ဟု သူမထင်ထားပေ။

"မင်းတို့ကမြို့တော်ကကျောင်းသားတွေလား" ကျိုးဟောင်မှမေးလိုက်လေသည်။

ယွင်ယန်မှာအလျင်အမြန်ပင်ပြန်ဖြေလိုက်လေသည်။

"ဆရာ ကျွန်တော်တို့က ယန်ကျင်းလေ့ကျင့်ရေးစခန်းက ကျောင်းသားတွေပါ လေ့ကျင့်ရေးအတန်းတစ်ခုမှာပါဖို့ ဟွာတုန်းမြို့ကိုအပြောင်းခံရတာပါ"

ကျိုးဟောင်မှာထပ်ပြီးမှင်တက်သွားပြန်သည်။

"ယန်ကျင်းလေ့ကျင့်ရေးစခန်းလား"

ဖန်းယွီဟုခေါ်သော တခြားမိန်းကလေးမှာ ဝင်ဖြေလိုက်လေသည်။

"ဟုတ်ပါတယ် ဆရာ ကျွန်မတို့ကိုဒီကိုပြောင်းခိုင်းတဲ့လူက ချူမြို့အထက်တန်းကျောင်းက နည်းပြရှန်းပါ"

ထိုအချိန်မှသာ ကျိုးဟောင်မှာသဘောပေါက်သွားပြီး ဝေဝေဝါးဝါးဖြင့်မေးလိုက်လေသည်။

"ဆိုလိုချင်တာက မင်းတို့လည်း ချူမြို့အထက်တန်းကျောင်းမှာ လေ့ကျင့်ရေးဆင်းဖို့ ဒီကိုရောက်လာကြတာပေါ့"

"ဆရာက ချူမြို့အထက်တန်းကျောင်းရဲ့လေ့ကျင့်ရေးအတန်းအကြောင်းသိတာလား"

ယွမ်ချန်းမှာအခွင့်အရေးကိုအရယူပြီး တိုက်ရိုက်မေးလိုက်လေတော့သည်။

မည်သို့ပင်ဖြစ်စေ ယခုသူ့ရှေ့ရှိပုဂ္ဂိုလ်မှာ မဟာဆရာသခင်တစ်ယောက်ဖြစ်ဖို့များသည်။ ယခုလိုမဟာဆရာသခင်တစ်ယောက်ရှေ့တွင် ယွမ်ချန်းမှာ ထိုပုဂ္ဂိုလ်၏အထောက်အပံ့ကိုလိုချင်သည်မှာ သဘာဝပေ။

ကျိုးဟောင်မှာ သူ့အသံတစ်မျိုးဖြစ်သွားသည်ကို သဘောပေါက်လိုက်ပြီး အမြန်ပင်သူ့အတွေးကိုစုစည်းလိုက်ပြီး ဘာမှမဖြစ်သလိုပင်ပြောလိုက်လေသည်။

"မဆိုးပါဘူး ဒါကမင်းတို့အတွက် အခွင့်အရေးကောင်းပဲ ချူမြို့အထက်တန်းကျောင်းရဲ့ လေ့ကျင့်ရေးအတန်းမှာ ကြိုးစားဖို့မမေ့နဲ့"

ထိုစကားအားပြောပြီးသည်နှင့် မဟူရာစပါးအုံးမြွေအားသိမ်းဆည်းရေးအိတ်ထဲထည့်လိုက်ပြီး ကောင်းကင်ဆီသို့ပျံတက်သွားလေတော့သည်။

မိုးကုပ်စက်ဝိုင်းတွင်ပျောက်ကွယ်သွားသော အနီရောင်ချပ်ဝတ်ကိုကြည့်ရင်း ယွမ်ချန်းနှင့်အခြားလူများ၏မျက်နှာပေါ်တွင် စိတ်ပျက်သောအမူအရာများပေါ်လာလေသည်။

"ခုနကဓားချက်.....အရမ်းလန့်စရာကောင်းတယ်"

"ဟုတ်တယ် ငါတို့နည်းပြချုပ်တောင် ဒီလိုဓားသိုင်းမျိုး မသုံးနိုင်လောက်ဘူး"

"ဟုတ်တယ် ကြည့်ရတာဒီလောကကြီးမှာ အဲဒီဓားအလင်းရောင်ပဲရှိတော့သလိုပဲ အဲဒီဓားသိုင်းရဲ့အကွက်နည်းနည်းလေးပဲသင်လို့ရရင်တောင် ကျေနပ်ပါတယ်"

"ထားလိုက်ပါတော့ အဲဒီလိုဓားသိုင်းမျိုးကို ဘယ်လိုလုပ်ပြီးအလွယ်တကူသင်နိုင်မှာလဲ ပြီးတော့ဒီပညာရှင်ကသင်ပေးချင်ရင်တောင် တတ်ဖို့ကအရမ်းခက်ဦးမှာပဲ"

အားလုံးသက်ပြင်းချလိုက်မိလေသည်။ သူတို့သည်ကျိုးဟောင်သုံးခဲ့သော ဓားသိုင်းကိုကြည့်ပြီး လုံးဝမှင်တက်သွားရပေသည်။

ယန်ကျင်းလေ့ကျင့်ရေးစခန်းမှ ယွမ်ချန်းနှင့်အခြားပါရမီရှင်များမှာ လျှို့ဝှက်သိုင်းများစွာနှင့် တိုက်ခိုက်ရေးနည်းလမ်းပေါင်းစုံကိုတွေ့ဖူးသော်လည်း ယခုလိုကြောက်စရာကောင်းသောဓားသိုင်းမျိုးကို တစ်ခါမှမမြင်ဖူးပေ။

"ကောင်းပြီး မြန်မြန်ပြန်ကြစို့ ပြီးတော့ အရေးပေါ်သတင်းပို့ထားတာကိုလည်း ဖျက်လိုက်ဦး"

ဟွာတုန်းမြို့ အရှေ့ပိုင်းစခန်း၏ စစ်တပ်စခန်း၌.....

ညသန်းခေါင်တွင် စစ်သေနာပတိချုပ်ကျောက်နှင့်အခြားမဟာဆရာသခင်များမှာ ပြန်ရောက်လာကြလေတော့သည်။

အခြားမဟာဆရာသခင်များမှာ ယခုညရှင်းလင်းရေးတာဝန်မှ အကျိုးအမြတ်တစ်ချို့ရရှိလာကြပေသည်။ အဓိကအကြောင်းအရင်းမှာ ကျိုးဟောင်မဖမ်းနိုင်ခဲ့သော အရိပ်ပိုးကောင်များနှင့်တိုးခဲ့၍ဖြစ်သည်။

ဘုတ် ဘုတ် ဘုတ်

တစ်ခဏအတွင်း စစ်တပ်စခန်း၏မြေပြင်တစ်ခုလုံးတွင် အရိပ်ပိုးကောင်များ၏ အလောင်းများဖြင့်ပြည့်နှက်သွားလေတော့သည်။

"အရိပ်ပိုးကောင် ၂၀၀ကျော် ကျုပ်အထင်တော့ အခုလောက်ဆိုမြို့ပြင်မှာ အရိပ်ပိုးကောင်အနည်းအကျဉ်းပဲကျန်တော့မယ် ကျန်သေးရင်တောင် အင်းဆက်ဘုရင်က ပြန်ဆုတ်ဖို့ဆင့်ခေါ်သွားလောက်ပြီ"

ဟယ့်ပျောင်းမှာအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်လေသည်။

ကျန်းဟုန်မှာ ခေါင်းညိတ်လိုက်ပြီးပြောလိုက်လေသည်။

"အရင်ကတည်းက အရိပ်ပိုးကောင်တွေက အရေအတွက်နည်းတာ ပြီးတော့သူတို့က အင်းဆက်မျိုးနွယ်ရဲ့အဖိုးတန်တွေ။ အခုတစ်ခါတည်းနဲ့ အများကြီးဆုံးရှုံးလိုက်ရတာ အင်းဆက်ဘုရင်တော့ ပူလောင်နေလောက်ပြီ"

စစ်သေနာပတိချုပ်ကျောက်မှာရယ်မောလိုက်လေသည်။

"ကောင်းတယ် အခုမြို့ထဲမှာ ဘာမှစိုးရိမ်စရာမရှိတော့ဘူး အားလုံးစီနီယာကျိုးရဲ့ကျေးဇူးကြောင့်ပဲ"

"ဟုတ်တယ် စီနီယာကျိုးရဲ့အကျိုးဆောင်မှုကြောင့် ကျွန်တော်တို့အရိပ်ပိုးကောင်တွေကို ရှာနိုင်ခဲ့တာ"

မဟာဆရာသခင်ယွီသည်လည်း ဝင်ပြောလာလေသည်။

သူတို့မှာဉာဏ်မရှိသူများမဟုတ်ကြပေ။ သူတို့အရိပ်ပိုးကောင်များအားတွေ့ချိန်တွင် အရိပ်ပိုးကောင်များမှာ ထွက်ပြေးနေကြခြင်းဖြစ်သည်။ ထို့အပြင် သူတို့ထွက်ပြေးလာသည့်နေရာမှာ ကျိုးဟောင်ရှိနေသောနေရာမှဖြစ်သည်။

အခြားမဟာဆရာသခင်များမှာလည်း ခေါင်းညိတ်လိုက်ကြလေသည်။

ဝှစ်!

ထိုအချိန်တွင် အနီရောင်ပုံရိပ်တစ်ခု ဆင်းသက်လာလေသည်။

"စီနီယာကျိုး"

စစ်သေနာပတိချုပ်ကျောက်နှင့်အခြားလူများမှာကြိုဆိုရင်း ပြုံးပြလိုက်ကြလေသည်။

ကျိုးဟောင်မှာ စစ်တပ်စခန်းမြေပြင်ရှိ အရိပ်ပိုးကောင်အလောင်းများကိုကြည့်ပြီး ပြုံးလိုက်လေသည်။

"ကြည့်ရတာ အားလုံးလည်း ဒီတစ်ခေါက်အကျိုးအမြတ်အများကြီးရခဲ့ကြတဲ့ပုံပဲ"

"အားလုံး စီနီယာကျိုးရဲ့ကျေးဇူးကြောင့်ပါ"

"စီနီယာကျိုးရဲ့ကံကကျွန်တော်တို့ထက် အများကြီးကောင်းတယ်"

ဟယ့်ပျောင်းနှင့်အခြားလူများမှာ အလွန်တက်ကြွနေကြလေသည်။

ကျိုးဟောင်မှာပြုံးလိုက်ပြီး သူ၏သိမ်းဆည်းရေးအိတ်ထဲမှ အရိပ်ပိုးကောင်အလောင်းများကို ထုတ်လိုက်လေသည်။ စုစုပေါင်း အကောင် ၇၀ကျော်ရှိလေရာ ရှေ့ကသတ်ခဲ့သော ၁၀၀ကျော်ပါထည့်ပေါင်းထည့်လိုက်ပါက ယခု ၂၀၀ကျော်သွားပြီဖြစ်သည်။

"ပြိုင်ပွဲကအဆုံးသတ်သွားပြီ အရိပ်ပိုးကောင်အများဆုံးသတ်နိုင်ခဲ့တဲ့လူဖြစ်တဲ့အတွက် အသက်စွမ်းအင်မှော်ကျောက်တုံးကိုရသွားတဲ့လူက စီနီယာကျိုးပဲ"

စစ်သေနာပတိချုပ်ကျောက်မှာ အရိပ်ပိုးကောင်အလောင်းများကိုတွေ့သောအခါ အချိန်ဖြုန်းမနေဘဲအသက်စွမ်းအင်မှော်ကျောက်တုံးအား ကျိုးဟောင်ကို တန်းပေးလိုက်လေသည်။

အသက်စွမ်းအင်မှော်ကျောက်တုံးအား ကိုင်လိုက်သည်နှင့်ချက်ချင်းပင်လန်းဆန်းသောခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးကိုစီးဆင်းသွားသည်ကိုခံစားလိုက်ရလေရာ ကျိုးဟောင်မှာအလွန်ပင်စိတ်လှုပ်ရှားလာလေသည်။

"စစ်သေနာပတိချုပ်ကျောက် ကျေးဇူးတင်ပါတယ်"

ပထမနေရာရရန် သူ၏ခွန်အားနှင့်ကံကိုအသုံးချခဲ့ခြင်းဖြစ်သော်လည်း စစ်သေနာပတိချုပ်ကျောက်က ဤအသက်စွမ်းအင်မှော်ကျောက်တုံးရရန်အတွက် ကူညီပေးသည်မှာ ကိုယ်ကျိုးမမျှော်ကိုးသောကူညီမှုဖြစ်ကြောင်း သူကောင်းကောင်းသိလေသည်။

အကယ်၍ အခြားလူသာဆိုပါက သူတို့အတွက်အသုံးမဝင်လျှင်တောင် အလွယ်တကူထုတ်ပေးမည်မဟုတ်ပေ။

စစ်သေနာပတိချုပ်ကျောက်မှာ ထိုစကားကြားသောအခါခေါင်းခါပြလိုက်သည်။

"စီနီယာကျိုး အားနာလွန်းနေပါပြီ ခင်ဗျားကမြို့အတွက် အများကြီးအကျိုးပြုခဲ့တာပဲကို ဒီကျောက်တုံးရဖို့ထိုက်တန်ပါတယ်"

အခြားမဟာဆရာသခင်များမှာလည်း ခေါင်းညိတ်လိုက်ကြလေသည်။

ထို့နောက် သူတို့အားလုံးစားသောက်ပွဲတွင်ပါဝင်ဆင်နွှဲကြပြီး စစ်သေနာပတိချုပ်ကျောက်မှာလည်း ရှင်းလင်းရေးတာဝန်မှာ ယာယီပြီးဆုံးသွားပြီဖြစ်ကြောင်းကြောလေသည်။ အနာဂတ်တွင် အရိပ်ပိုးကောင်များထပ်ပေါ်လာပါက ဤတာဝန်အားဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

ထိုအချိန်အတွင်း မဟာဆရာသခင်အများစုမှာ အမြှီး၇ချောင်းတိမ်လွှာမြွေပါအလောင်းအား ကျိုးဟောင်မည်သို့စီရန်စီစဥ်ထားသည်ကို မေးမြန်းနေကြလေသည်။

ခေတ္တလောက်စဥ်းစားပြီးနောက် ကျိုးဟောင်မှာ အမြှီး၇ချောင်းတိမ်လွှာမြွေပါအလောင်းအား စစ်သေနာပတိချုပ်ကျောက်ထံလက်လွှဲပေးရန်ဆုံးဖြတ်လိုက်လေသည်။

တခြားအဖွဲ့များနှင့်ယှဉ်ပါက စစ်တပ်စခန်းကဤပစ္စည်းအားအလိုအပ်ဆုံးပေ။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာရှေ့တန်းတွင် ကာကွယ်နေကြသူများဖြစ်ပြီး ပိုကောင်းသောပစ္စည်းကိရိယာများရရှိရန်အတွက် သုတေသနလုပ်ဖို့ရာ အဆင့်မြင့်မိစ္ဆာဘုရင်များ၏ ပစ္စည်းများလိုအပ်ပေသည်။

....................................................................................

အခန်း(၅၆) ပြီးပါပြီ။

အခန်း (၅၇) :အကျော်အမော်တစ်ယောက်

ကျိုးဟောင်မှာ မြေအောက်မဟာမိတ်အဖွဲ့စင်တာသို့ ထပ်မံရောက်ရှိလာလေသည်။ သူ၏သိမ်းဆည်းရေးအိတ်ထဲတွင် အတောင်လေးစင်းအရိပ်ကျားသစ်အလောင်းနှင့်တစ်တန်းတည်းထား၍ရသော မိစ္ဆာဘုရင်အလောင်းပေါင်းများစွာ ပါရှိပေသည်။

စင်စစ် စားသောက်ပွဲ၌ ဥက္ကဌကျန်းဟုန်နှင့်အခြားမဟာဆရာသခင်များအား အလောင်းများကို တိုက်ရိုက်ရောင်းလိုက်လို့ရသော်လည်း သေချာစဉ်းစားလိုက်ပြီးနောက် သူကိုယ်တိုင်ပဲအပြင်မှာရောင်းရန် ဆုံးဖြတ်လိုက်လေသည်။

ယခုလိုနည်းလမ်းဖြင့်ဆိုပါက ဘယ်သူ့ကိုမှလည်းကျေးဇူးကြွေးတင်စရာမလိုပေ။

မဟာမိတ်စင်တာ၏၁၂ထပ်မြောက်၏ အစွန်အဖျားတွင် ပစ္စည်းကိရိယာဆိုင်တစ်ခုတည်ရှိနေလေသည်။

ကြီးကြပ်ရေးမှူးတာဝန်ယူထားသော ချောင်ယင်းအာမှာ အာဏာသုံးပြီးသူ့ဆိုင်အား ဓာတ်လှေကားနှင့်နီးသောနေရာကို ပြောင်းရွှေ့ခြင်းမျိုးမလုပ်ပေ။

ထို့အပြင် သူမသည် များသောအားဖြင့် တခြားဆိုင်များကိုကင်းလှည့်ခြင်းမျိုးမလုပ်ဘဲ သူမဆိုင်တွင်သာအနေများလေသည်။

"အဲဒီမဟာဆရာသခင် ထပ်လာပါ့မလားမသိဘူး"

ယခုရက်တွေအတွင်း ချောင်ယင်းအာမှာ အထွဋ်အထိပ်အဆင့်မဟာဆရာသခင်ပညာရှင်အကြောင်းကို တွေးမိနေလေသည်။

သူမ၏ယခုလက်ရှိရာထူးကိုရခဲ့ခြင်းမှာ ထိုအကြီးအကဲကြောင့်ဖြစ်ကြောင်း သူသေချာသိပေသည်။

ဆိုင်၏ဝင်ပေါက်တွင် အနီရောင်အရိပ်တစ်ခု ရုတ်တရက်ပေါ်လာလေရာ ချောင်ယင်းအာမှာ မှင်တက်သွားလေသည်။

"မိန်းကလေးချောင် ကျွန်တော်တို့ထပ်တွေ့ပြန်ပြီ"

ကျိုးဟောင်မှာရယ်မောရင်း ပြောလိုက်လေသည်။

ချောင်ယင်းအာမှာ အလွန်အံ့ဩသွားလေသည်။ သူမ၏လှပသော မျက်လုံးလေးများမှာ အနီရောင်ချပ်ဝတ်အားတွေ့လိုက်ရသည့်အချိန်တွင် ချက်ချင်းဆိုသလိုပင် နုပျိုသောမျက်နှာလေး၌အံ့ဩပျော်ရွှင်သွားသော အရိပ်အယောင်များပေါ်လာလေသည်။

"လူ လူကြီးမင်း ကျွန်မတို့ဆိုင်ကိုလာတယ်"

သူမမှာခဏလောက်စိတ်လွတ်သွားသည်ဖြစ်လေရာ စကားပင်သေချာမပြောနိုင်ပေ။

ကျိုးဟောင်မှာရှေ့ကိုလျှောက်သွားပြီး ခေါင်းခါလိုက်သည်။

"လန့်စရာမလိုပါဘူး ကျွန်တော့်ကိုသာမန်ဖောက်သည်လိုပဲ ဆက်ဆံပါ"

ချောင်ယင်းအာမှာ ဆန်စေ့ကောက်စားနေသောကြက်ပေါက်လေးသဖွယ် အလျင်အမြန်ပင်ခေါင်းညိတ်ပြလိုက်သော်လည်း သူမရင်ထဲတွင်တော့ စိတ်လှုပ်ရှားပြီးပျော်နေလေသည်။

"ကျွန်တော် ပစ္စည်းရောင်းဖို့လာတာ ဒီတစ်ခေါက်ကနည်းနည်းတော့များတယ် တကယ်လို့ခင်ဗျားမှာ ငွေအလုံအလောက်မရှိရင် ထပ်တောင်းထားသင့်တယ်နော်"

ကျိုးဟောင်မှာ တွေးဆဆဖြင့်ပြောလိုက်လေသည်။

ကျိုးဟောင်မှာ သူ၏အသုံးပြုသူအဆင့်အား ငွေအဆင့်မှရွှေအဆင့်သို့ အဆင့်မြှင့်ရန်အတွက် ကောင်းကင်ဘုံဒင်္ဂါးပြား ၁ သန်းသုံးရန်လိုပေသည်။ တစ်နည်းပြောရသော် သူယွမ်သန်း ၁၀၀ သုံးရမည်ဖြစ်သည်။

သူ့ထံတွင် ပြီးခဲ့သည့်တစ်ခေါက် သံမဏိသွားမိချောင်းရောင်းချထားခြင်းမှ ကျန်ရှိသောငွေ ယွမ်သန်း ၃၀ ကျော်ရှိသေးသည်။

ထို့ကြောင့် ယခုတစ်ခေါက်တွင် အလယ်အလတ် ဘုရင်အဆင့်မိစ္ဆာသားရဲနှစ်ကောင်အား ရောင်းရန်ဆုံးဖြတ်ထားလေသည်။

ဈေးကွက်ဈေးနှုန်းအရ အလယ်အလတ် ဘုရင်အဆင့်မိစ္ဆာသားရဲတစ်ကောင်၏ပစ္စည်းများကပင် ယွန်သန်း ၄၀ နှင့် ၅၀ကြား တန်ဖိုးရှိပေသည်။

အလယ်အလတ် ဘုရင်အဆင့်မိစ္ဆာသားရဲနှစ်ကောင်အား ရောင်းချသည့်ငွေမှာ သူ့အကောင့်အားရွှေအဆင့်သို့ တိုးမြှင်ရန် လုံလောက်ပေသည်။

ချောင်ယင်းအာမှာအလျင်အမြန်ပင်ပြောလိုက်လေသည်။

"ကောင်းပါပြီ ခဏလောက်စောင့်ပေးပါဦး ဆရာ ကျွန်မခုချက်ချင်းပဲ ခရိုင်အကြီးအကဲဆီကိုသွားအကြောင်းကြားလိုက်ပါ့မယ်"

"ဘာ အဲဒီအထွတ်အထိပ်အဆင့်မဟာဆရာသခင် ရောက်လာတာလား"

ခရိုင်အကြီးအကဲဝူမှာ ချောင်ယင်းအာထံမှဖုန်းရပြီးနောက် စားပွဲမှမတ်တတ်ထရပ်လိုက်မိလေသည်။ ဖုန်းချပြီးနောက် ရုံးခန်းအပြင်သို့အလောတကြီးပြေးလေတော့သည်။

နားပါးသောအလုပ်သမားအချို့မှာ အထွတ်အထိပ်အဆင့်မဟာဆရာသခင်ဟူသောစကားအားကြားလိုက်ရလေရာ ပြီးခဲ့သည့်တစ်ခေါက်က သံမဏိသွားမိချောင်းကိုအနိုင်ယူပြီးရောက်လာခဲ့သော ပညာရှင်ဖြစ်ကြောင်း ချက်ချင်းပင်နားလည်သွားကြလေသည်။

ဝှစ်!

ပစ္စည်းရောင်းဝယ်ရေးဌာနမှအလုပ်သမားအားလုံးမှာ ၁၂ထပ်ဆီသို့ ရူးသွပ်စွာ အလောတကြီးပြေးလာကြလေသည်။

မည်သို့ပင်ဖြစ်စေ ဤပုဂ္ဂိုလ်မှာအထွတ်အထိပ်အဆင့်မဟာဆရာသခင် တစ်ယောက်ဖြစ်လေရာ အဝေးကမြင်ရရင်တောင် သူတို့အတွက်ဂုဏ်ယူစရာဖြစ်သည်။

ပစ္စည်းရောင်းဝယ်ရေးဌာနမှမိန်းမလှအများစုမှာ သတင်းကြားသည့်အချိန်တွင် အားလုံးစိတ်လှုပ်ရှားနေကြလေသည်။ အားလုံးအလောတကြီးပြင်ဆင်ပြီး ၁၂ထပ်သို့ အပြေးအလွှားသွားကြလေတော့သည်ာ

အခြားမိန်းမလှလေးများမှာလည်း ၁၂ထပ်တွင်စုဝေးနေကြလေသည်။

ပစ္စည်းရောင်းဝယ်ရေးဌာနတွင် ပြီးခဲ့သောရက်ပိုင်းအတွင်း ချောင်ယင်းအာ ဌာနမှူးအနေနှင့်ရာထူးတိုးသွားသည့်အကြောင်းမှာ မဟာမိတ်စင်တာတွေ တောမီးသဖွယ် ပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်။

ဆိုင်ဆုံးရှုံးလုနီးပါးဖြစ်နေသော ချောင်ယင်းအာ မှာ ယခုလိုကြီးကြပ်ရေးမှူးအနေနှင့် ရာထူတိုးသွားရခြင်းမှာ အထွတ်အထိပ်အဆင့်မဟာဆရာသခင်တစ်ယောက်ဖြင့် သာမန်အရောင်းအဝယ်တစ်ခုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်ကို အားလုံးသိကြပေသည်။

ယခုလိုကံကောင်းမှုမျိုးသည် လူတိုင်းကိုအားကျပြီးမနာလိုဖြစ်စေသည်မှာ အမှန်ပင်။

သူတို့ကိုယ်သူတို့ ချောင်ယင်းအာထက်ပိုဆွဲဆောင်မှုရှိသည်ဟုထင်သော မိန်းမများမှာ ပိုလို့ပင်မနာလိုဖြစ်ကြလေသည်။

ဝုန်း!

၃မိနစ်မပြည့်ခင်အချိန်မှာပင် အဆောက်အဦးတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်နေလေသည်။

၁၂ထပ်တွင်တော့ အချိန်တိုအတွင်းလူအများအပြားဖြင့်ပြည့်နှက်နေပြီး တစ်ယောက်ပြီးတစ်ယောက် ဆက်ပြီးရောက်လာကြလေသည်။

၁၂ထပ်တွင် အလုပ်လုပ်သော အလုပ်သမားများနှင့်ဆိုင်ရှင်များအားလုံးမှာ လူအများအပြားအလောတကြီးရောက်လာကြသည်ကိုကြည့်ပြီး မှင်တက်နေကြလေသည်။ သို့သော်အကြောင်းအရင်းအားသိရပြီးနောက် အလွန်အမင်းစိတ်လှုပ်ရှားကာ လုပ်လက်စများကိုရပ်ပြီး ချောင်ယင်းအာ၏ဆိုင်ဆီသို့ ပြေးကြလေတော့သည်။

ဆိုင်ခန်းသေးသေးလေးထဲတွင်ထိုင်နေသော ကျိုးဟောင်မှာ ဆူဆူညံညံအသံများကိုကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်သွားလေသည်။

ထိုအချိန်၌ ခရိုင်‌အကြီးအကဲဝူမှာ အလောတကြီးဖြင့် ရောက်လာလေတော့သည်။

"ထပ်တွေ့ရတာ ဝမ်းသာပါတယ် ကောင်းကောင်းဧည့်မခံနိုင်တာ ခွင့်လွှတ်ပါ"

ခရိုင်‌အကြီးအကဲဝူမှာ နဖူးမှချွေးများကို သုတ်ရင်းပြောလိုက်လေသည်။

ကျိုးဟောင်မှာ သာမန်လိုပင်ပြောလိုက်သည်။

"ခရိုင်‌ခေါင်းဆောင်ဝူ အရမ်းအားနာနေပါပြီ ကျွန်တော်ဒီတစ်ခေါက်လာရတဲ့ အဓိကရည်ရွယ်ချက်က အလယ်အလတ် ဘုရင်အဆင့်မိစ္ဆာသားရဲနှစ်ကောင် ရောင်းချင်လို့ပါ။ ဂိုဒေါင်ကိုသွားကြတာပေါ့"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ခရိုင်‌အကြီးအကဲဝူမှာ အလျင်အမြန်ပင်ခေါင်းညိတ်လိုက်လေသည်။ သို့သော်သူ‌နောက်လှည့်ကြည့်လိုက်ချိန်တွင် အလွန်လန့်သွားလေတော့သည်။

ဆိုင်အပြင်ဘက်တွင် လူများဖြင့်ပြည့်နှက်နေလေသည်။

"အား...အားလုံးဒီမှာဘာလုပ်နေကြတာလဲ"

သတိဝင်လာပြီးနောက် ခရိုင်‌အကြီးအကဲဝူ၏မျက်နှာမှာ ခက်ထန်သွားလေတော့သည်။

မည်သူမျှစကားမပြောကြသော်လည်း ဆိုင်ရှေ့တွင်မတ်တတ်ရပ်နေသောလူများမှာ လည်ဆန့်ပြီးဆိုင်ထဲသို့သာလှမ်းကြည့်နေကြလေသည်။

ခရိုင်‌ခေါင်းဆောင်ဝူမှာ မည်သည့်စကားမျှမဆိုနိုင်တော့ပေ။ ဒီလူတွေဘာစဉ်းစားနေကြမှန်း သူမသိဘဲနေမည်လော။ သူ သည်းမခံနိုင်တော့ဘဲ ချက်ချင်းပင် ထပြောလိုက်လေတော့သည်။

"ကောင်းပြီ အမြန်ပြန်သွားကြတော့ ငါသတိမပေးဘူးမပြောနဲ့နော် ဒီဧည့်သည်က ပစ္စည်းတွေရောင်းချင်တာ ဒါကြောင့်..."

သူစကားပြောလို့မပြီးခင်မှာပင်

အားလုံးမှာပျားများသဖွယ်လူခွဲသွားကြပြီး လှေကားမှအမြန်ပြေးဆင်းကာ ဂိုဒေါင်ဧရိယာဆီပြေးကြတော့သည်။

ကျိုးဟောင်နှင့် ချောင်ယင်းအာမှာ သူ့ထံလျှောက်လာကြလေသည်။

ခရိုင်‌ခေါင်းဆောင်ဝူမှာခြောက်ကပ်ကပ်ရယ်ပြီးပြောလိုက်လေသည်။

"ဆရာ တောင်းပန်ပါတယ် သူတို့ကတကယ်အရှက်ခွဲတဲ့ဟာ‌တွေ"

ကျိုးဟောင်မှာလက်ကာပြလိုက်ပြီး

"ကိစ္စမရှိပါဘူး အရောင်းအဝယ်ကိစ္စကိုပဲ အမြန်ဆုံးလုပ်ကြတာပေါ့ ကျွန်တော်လုပ်စရာရှိသေးလို့"

ထိုစကားအားကြားသောအခါ ခရိုင်‌ခေါင်းဆောင်ဝူမှာအလျင်အမြန် ပြန်ပြောလိုက်လေသည်။

"ကောင်းပါပြီ ကျွန်တော်တို့အခုပဲ ဂိုဒေါင်ကိုသွားကြတာပေါ့"

....................................................................................

အခန်း (၅၇) ပြီးပါပြီ။

All Chapters