← Chapters

အခန်း ၆၄-၆၆

Vol. 5 Ch. 64-66

အခန်း ၆၄-၆၆

Vol. 5 Ch. 64-66

အခန်း (၆၄) : ပုံရိပ်ယောင်ပတ်ဝန်းကျင်ရှိ တိုက်ခိုက်ရေးစွမ်းရည်

လေ့ကျင့်ရေးအတန်း၏ကျောင်းသားများမှာ ယေဘုယျအားဖြင့် မိမိအခန်းထဲရှိအတန်းဖော်များဖြင့်သာ အဖွဲ့ဖွဲ့ထားကြခြင်းဖြစ်သည်။ အဖွဲ့တစ်ခုစီတွင် ကျောင်းသား ၃ယောက်မှ ၅ယောက်အထိပါဝင်ပြီး တစ်ကောင်တည်းနေသောအဆင့်နိမ့်မိစ္ဆာစစ်သည်များကိုတောင် ကိုင်တွယ်နိုင်ရုံမျှသာရှိသည်။

အဆင့်နိမ့်မိစ္ဆာစစ်သည် ၅ကောင်ထက်ပိုသွားသည်နှင့် အချို့အဖွဲ့များမှာဆိုးဝါးသောအခြေအနေနှင့် အဆုံးသတ်သွားရလေသည်။

တစ်ချို့အသင်းများဆိုလျှင် ၁၀မိနစ်အတွင်းမှာပင် ရှင်းထုတ်ခံလိုက်ရလေသည်။

မျက်နှာပြင်ကိုကြည့်နေသော ကျောင်းအုပ်ကျန်း၏ပုံစံမှာ ရှက်နေဟန်ပေါ်ပြီး ဒုကျောင်းအုပ်၏မျက်နှာမှာလည်း ဖြူလျော်နေလေသည်။

ကျိုးဟောင် ကျန်းယိနှင့် ရှုလင်တို့မှာ မြက်တောများဘေးမှ သတိဝီရိယရှိရှိနှင့်သွားလာနေကြလေသည်။

တောနက်ပိုင်းကိုပိုရောက်လာလေ သွေးအနှစ်သာရစွမ်းအားမှာ တိုက်ခိုက်ရေးစွမ်းအားမဟုတ်ကြောင်း သူတို့ပိုနားလည်လာလေဖြစ်သည်။ ဥပမာဆိုရသော် ရှုလင်မှာသွေးအနှစ်သာရတတိယအဆင့်ဖြစ်ပြီး အထွတ်အထိတ်အဆင့်ရောက်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ အကယ်၍ သူမအားကုန်သုံးတိုက်ပါက အဆင့်နိမ့်မိစ္ဆာစစ်သည်များကို သတ်ရန်မှာမခက်ခဲပေ။

သို့သော် အဓိကအချက်မှာ သူမသည်အများဆုံးမှ အဆင့်နိမ့်မိစ္ဆာစစ်သည် ၂ ကောင်ကိုသာကိုင်တွယ်နိုင်သည်။

တစ်ဖက်တွင်တော့ ကျန်းယိ၏စွမ်းဆောင်ရည်မှာ အနည်းငယ်ပိုကောင်းလေသည်။ သူသည်သွေးအနှစ်သာရဒုတိယအဆင့်သာရှိသော်လည်း အဆင့်နိမ့်မိစ္ဆာစစ်သည်တစ်ကောင်အား အလွယ်တကူသတ်နိုင်ပေသည်။ ထို့အပြင် အခြေအနေကပို၍အန္တရာယ်ကြီးလေ ကျန်းယိမှာပိုတည်ငြိမ်လေဖြစ်သည်။

"ဒါကသူတို့ပြောတဲ့ တိုက်ခိုက်ရေးစွမ်းရည်ဆိုတာဖြစ်မယ်"

ကျိုးဟောင်မှာ ရှေ့မှလျှောက်နေသောကျန်းယိကိုကြည့်ရင်း စိတ်ထဲမှတွေးလိုက်လေသည်။

ဝှစ်! ဝှစ်!

မြက်ပင်များမှာ ယိမ်းထိုးသွားလေသည်။

ကျန်းယိမှာချက်ချင်းပင်ရပ်လိုက်ပြီး လက်ပြကာတားလိုက်သည်။

ရှုလင်မှာခေါင်းညိတ်ပြပြီး ကျန်းယိထံသို့လျှောက်သွားလေသည်။

သူတို့နှစ်ယောက်အနောက်မှာရပ်နေသော ကျိုးဟောင်မှာ မြက်တောထဲရှိအခြေအနေအား အစောပိုင်းကတည်းကသတိထားမိနေတာဖြစ်သည်။ သို့သော် သန္ဓေပြောင်းသားရဲအနည်းငယ်သာရှိသောကြောင့် သူတို့နှစ်ယောက်အားဒုက္ခခံကာပြောမနေတော့ပေ။

အချိန်ခဏကြာပြီးနောက် ရှုလင်နှင့်ကျန်းယိ၏ဘေးတွင် အလောင်းပေါင်းများစွာပေါ်လာလေသည်။

သူတို့၏နဖူးတွင်ချွေးများဖြင့် ပြည့်နှက်နေလေရာ သန္ဓေပြောင်းသားရဲများကပင် သူတို့အားစိတ်လှုပ်ရှားအောင်လုပ်နိုင်ကြောင်း ပေါ်လွင်ပေသည်။

သူတို့နှစ်ယောက်မှာအေးဆေးဖြစ်နေသောကျိုးဟောင်အား ကြည့်လိုက်လေသည်။

ရှုလင်မှာကြည့်နေရင်း ဒေါသထွက်လာလေတော့သည်။

"ကျိုးဟောင် နင်အနည်းဆုံးတော့နည်းနည်းပါးပါးကူညီပါဦးလား"

ကျိုးဟောင်မှာမတတ်နိုင်သလိုပင်ပြန်ပြောလိုက်လေသည်။

"ရှူလင် နင်ပဲငါ့ကိုနိုးနိုးကြားကြားနေပြီး တစ်ခုခုဖြစ်ရင် နင်တို့ကိုသတိပေးဖို့ပြောထားတာလေ"

"နင်....ကောင်းပြီလေ နောက်ကျနင်လည်း တိုက်တဲ့နေရာမှာပါလို့ရတယ်"

ရှူလင်မှာ နှာခေါင်းရှုံ့လိုက်မိလေသည်။

"ကောင်းပြီလေ ဒါပေမဲ့နင်တို့ငါ့ကိုစောင့်ရှောက်ပေးရမယ်နော်။ ဘယ်လိုပဲဖြစ်ဖြစ် ငါကအရမ်းအားနည်းတယ်လေ"

ကျိုးဟောင်မှာ အထင်သေးခံရမည်ကို လုံးဝစိတ်ပူမနေပေ။

ကျိုးဟောင်အတွက် မိစ္ဆာသားရဲများကို သတ်သည့်ကိစ္စတွင် ပါဝင်ဖို့ဆိုသည်မှာ ခက်ခဲမည်ဖြစ်ကြောင်း ရှုလင်လည်းသိပေသည်။ သူမသည်ချက်ချင်းပင်ခေါင်းညိတ်ပြလိုက်လေသည်။

"ငါအကောင်းဆုံးကြိုးစားပေးမယ်"

သူတို့၃ယောက်မှာ အရှေ့ကိုဆက်လျှောက်သွားကြလေသည်။ တောအနက်ပိုင်းကိုဝင်လာသည်နှင့် စိမ်းစိုသောမြက်ပင်များမှာတဖြည်းဖြည်းပျောက်ကွယ်လာပြီး ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးများမှာ ကောင်းကင်နှင့်နေရောင်အား ပိတ်ဆို့ထားလေရာ အလင်းရောင်ပင်သိပ်မရချေ။

"သတိထား ဒီနေရာကမိစ္ဆာသားရဲနယ်မြေရဲ့ အစပ်ဖြစ်မယ်" ရှုလင်၏အေးစက်သောမျက်နှာလေးမှာ သတိဝီရိယအပြည့်ဖြင့်ရှိနေလေသည်။ သူမသည်ပတ်ဝန်းကျင်ကိုဝေ့ကြည့်ရင်း လက်ထဲရှိဓားကိုခပ်တင်းတင်းဆုပ်ကိုင်ထားလေသည်။

ကျန်းယိသည်လည်း ထိုနည်းတူစွာပင်။

ကျိုးဟောင်တစ်ယောက်သာ အလွန်အမင်းစိတ်အေးလက်အေးဖြစ်နေခြင်းဖြစ်သည်။

မတတ်နိုင်ပေ။ သူ့စွမ်းအားမှာအလွန်ကြီးလေရာ သူစိုးရိမ်ချင်ယောင်ဆောင်ချင်လျှင်တောင် သူ၏ခန္ဓာကိုယ်မှာ ရှုလင်နှင့်ကျန်းယိလိုမျိုး တင်းမာနေရန်မှာမဖြစ်နိုင်ပေ။

ရွှီ!

အဝေးဆီမှ အသံလှိုင်းအချို့က ပဲ့တင်လာလေသည်။ဘာကြောင့်မှန်းမသိ ပတ်ဝန်းကျင်မှာ အလွန်အမင်းကြောက်စရာကောင်းလာလေသည်။

ကျိုးဟောင်၏နားများမှာလှုပ်ရှားသွားပြီး တိုးတိုးလေးသတိပေးလိုက်လေသည်။

"ရှုလင် ကျန်းယိ ဘေးကိုလျှောက်ပတ်ကြည့်မနေနဲ့"

ရှုလင်မှာအနောက်လှည့်ကာ ကျိုးဟောင်အားစိုက်ကြည့်လိုက်လေသည်။

"ငါတို့က ဘေးကိုမကြည့်လို့ ဘယ်ကိုကြည့်ရမှာလဲ ပြီးတော့နင့်အသံကိုတိုးထား မိစ္ဆာစစ်သည်တွေကိုမဆွဲဆောင်မိစေနဲ့"

ကျိုးဟောင်မှာပြောစရာစကားပင်မရှိတော့ပေ။ သူအပေါ်ကို လက်ညှိုးညွှန်ပြလိုက်သည်။

"ငါတို့သစ်ပင်အောက်မှာပဲရှိသေးတယ်ဆိုတာ မမေ့ကြနဲ့ဦး"

ရှုလင်မှာအလျင်အမြန်တုံ့ပြန်ကာ အပေါ်မော့ကြည့်လိုက်သောအခါ သူမမျက်နှာမှာအကြောက်တရားဖြင့် ဖြူဖျော့သွားလေတော့သည်။

သူမတို့ပတ်ဝန်းကျင်ရှိ ရှေးဟောင်းသစ်ပင်များ၏ အကိုင်းများပေါ်တွင် နီရဲနေသောလျှာများကိုထုတ်ပြီး သူတို့အားအေးစက်စွာစိုက်ကြည့်နေသော အစိမ်းရောင်စပါးအုံးမြွေ ၃ကောင်အားတွေ့လိုက်ရလေသည်။

"ကျိုး ကျိုးဟောင် အကောင်စုတ်"

ရှုလင်၏ခန္ဓာကိုယ်မှာတောင့်တင်းသွားပြီး အစိမ်းရောင်စပါးအုံးမြွေ ၃ကောင်ကိုသာစိုက်ကြည့်နေလေသည်။

ကျန်းယိသည်လည်း ထိုအချိန်တွင်စပါးအုံးမြွေများအားသတိထားမိသွားပြီး အလျင်အမြန်ပင်တည်ငြိမ်လာလေသည်။

"ဒါ အလယ်အလတ်အဆင့် မိစ္ဆာစစ်သည်ဖြစ်တဲ့ အစိမ်းရောင်မီးစပါးအုံးမြွေပဲ ငါတို့ဘယ်လိုလုပ်ကြမလဲ"

ရှုလင်မှာ အံကြိတ်ကာ

"ဘာလုပ်လို့ရသေးလို့လဲ ထွက်ပြေးဖို့ပဲအကောင်းဆုံးကြိုးစားကြရမှာပေါ့"

ကျန်းယိမှာခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသည့်ဟန်မျိုး ပေါ်လာလေသည်။

"ရှုလင် ကျိုးဟောင် မင်းတို့နှစ်ယောက်အရင်ပြေး ငါအနောက်မှာနေခဲ့ပြီး အာရုံလွှဲထားလိုက်မယ်"

"မဖြစ်ဘူး ဒါအရမ်းအန္တရာယ်များတယ် နင်နေခဲ့ရင်အသက်ရှင်မှာမဟုတ်ဘူး"

ရှုလင်မှာ အကြောက်အကန်ငြင်းဆိုလေသည်။

ကျိုးဟောင်မှာ ကျန်းယိကိုကြည့်နေမိလေသည်။ ကျန်းယိတွင် ယခုလိုကိုယ်ကျိုးစွန့်တတ်သောစရိုက်မျိုးရှိနေမည်ဟု သူ မမျှော်လင့်ထားပေ။

အကယ်၍ ကျန်းယိသာ ပြင်ပရှိတကယ့်တောနက်ထဲတွင်လည်း ယခုလိုစရိုက်မျိုးကိုသာ ဆက်ထိန်းထားပါက မည်သည့်သိုင်းပညာရှင်အဖွဲ့မဆို သူ့အားလိုလိုလားလားကြိုဆိုကြမည်ဖြစ်သည်။

"ကိစ္စမရှိဘူး ဘယ်လိုပဲဖြစ်ဖြစ် ဒါကပုံရိပ်ယောင်တိုက်ပွဲတစ်ခုပဲကို အစစ်မှမဟုတ်တာ အများဆုံးမှ အမှတ်လျော့ရုံပေါ့"

ကျန်းယိမှာပြုံးပြီးပြောလိုက်လေသည်။

"ကောင်းပြီ အချိန်မဖြုန်းနဲ့ ပြေးကြတော့"

ကျိုးဟောင်မှာ ပခုံးတွန့်ပြီးပြောလိုက်လေသည်။

"ကျန်းယိ၊ ရှုလင် မင်းတို့ငြင်းခုံပြီးအချိန်ဖြုန်းမနေကြနဲ့တော့ ငါတို့ဘယ်သူမှပြေးလို့မလွတ်ဘူး အစိမ်းရောင်မီးစပါးအုံးမြွေက အုပ်စုလိုက်သွားလာတဲ့ ရှားပါးမျိုးစိတ်တစ်မျိုးပဲ ငါတို့နားမှာ သေချာပေါက် ၃ကောင်ထက်ပိုရှိတယ်"

သူ့စကားဆုံးသည်နှင့် ရှုလင်နှင့်ကျိုးဟောင်၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားလေသည်။

ထိုအခါမှသာ တစ်ခါတုန်းက သူတို့၏ဆရာမှာ မျိုးနွယ်ခြားခန္ဓာဗေဒအတန်းတွင် အစိမ်းရောင်မီးစပါးအုံးမြွေ၏ ဝိသေသလက္ခဏာနှင့် အလေ့အကျင့်များအကြောင်းပြောပြခဲ့ဖူးသည်ကို သူတို့သတိရသွားလေသည်။

"ငါတို့အစွမ်းကုန်ထုတ်သုံးရမယ်"

ကျန်းယိမှာ အံကြိတ်ပြီးပြောလိုက်လေသည်။

"ငါတတ်နိုင်သလောက်သတ်ပစ်မယ်"

ရှုလင်၏ လှပသောမျက်နှာလေးမှာ အေးစက်နေလေသည်။ သူမသည် နောက်ပြန်ဆုတ်၍မရသော အားပျက်စရာအခြေအနေကိုရောက်မှသာ သူမ၏စွမ်းရည်က အသက်ဝင်လာမည်ဖြစ်သည်။

သို့သော် ပထမဆုံးနောက်လှည့်ပြေးသူမှာ ကျိုးဟောင်ဖြစ်ပေသည်။

ရှုလင်နှင့်ကျန်းယိမှာ ပြောစရာစကားပင်မရှိတော့ပေ။

"ဒီသူရဲဘောကြောင်တဲ့ကောင်ကတော့"

ရှုလင်မှာ ဒေါသတကြီးဖြင့် အံကြိတ်မိလိုက်လေသည်။

....................................................................................

အခန်း (၆၄) ပြီးပါပြီ။

အခန်း (၆၅) : ငါတို့သေတော့မှာပဲကို နင့်ကိုတစ်ခါလောက်ဖက်ပါရစေ

သို့သော်မကြာမီပင် ကျိုးဟောင်၏အသံထွက်လာလေသည်။

"မင်းတို့ဘာစောင့်နေတာလဲ ဘာလို့မပြေးကြသေးတာလဲ။ အစိမ်းရောင်မီးစပါးအုံးမြွေက အလွယ်တကူသစ်ပင်ပေါ်ကမဆင်းဘူး ကံကောင်းရင်ငါတို့လွတ်နိုင်သေးတယ်"

ထိုစကားအားကြားသောအခါ ရှုလင်နှင့်ကျန်းယိ၏မျက်လုံးများမှာ အရောင်တောက်လာလေသည်။ ထိုအခါမှသာ စဉ်းစားမနေဘဲ လှည့်ပြေးကြလေတော့သည်။

"ကျိုးဟောင် နင်သစ္စာဖောက်ကောင် နင်ခုနကပဲ ငါတို့တစ်ယောက်မှပြေးမလွတ်ဘူးလို့ ပြောတာမဟုတ်ဘူးလား"

ရှုလင်မှာပြေးနေရင်း ကျိုးဟောင်အား သင်ခန်းစာပေးရန်လည်း မမေ့ပေ။

"တောင်းပန်ပါတယ် ငါခန္ဓာဗေဒအကြောင်းသင်တဲ့အချိန်ကို သိပ်အာရုံမစိုက်လို့ အစိမ်းရောင်မီးစပါးအုံးမြွေရဲ့ တခြားအကျင့်တွေကိုမေ့သွားတာ"

ကျိုးဟောင်မှာ ပြုံးရင်းပြောလိုက်လေသည်။

ဝှစ်! ဝှစ်!

သူတို့ ၃ယောက်ထွက်ပြေးသည်နှင့် ရှေးဟောင်းသစ်ပင်ပေါ်ရှိ အစိမ်းရောင်မီးစပါးအုံးမြွေများမှာ စတင်လှုပ်ရှားလာလေသည်။ ၎င်းတို့၏ရှည်လျားပြီး ပိန်သွယ်သောခန္ဓာကိုယ်များမှာ လျင်မြန်စွာပင် ရှေးဟောင်းသစ်ပင်များကြား ကူးလူးသွားလာနေလေသည်။ ထို့နောက်အလွန်လျင်မြန်သောအရှိန်နှုန်းဖြင့် မျောက်များသဖွယ် ခုန်ထွက်လာလေသည်။

ထိုသတ္တဝါ၂ကောင်မှာ ကျိုးဟောင်အားတိုက်ခိုက်လေတော့သည်။

"ချီးပဲ ငါ့နောက်မလိုက်ကြနဲ့ဟ"

ဤပုံရိပ်ယောင် တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်မှုအား တစ်ယောက်ယောက်ကြည့်နေမလားဆိုသည်ကို မသိရလေရာ ကျိုးဟောင်မှာ သူ၏ခွန်အားကို ထုတ်မပြချင်ပေ။ ထိုအစား အကဲဖြတ်စွမ်းရည်ပြိုင်ပွဲတုန်းကလိုပင် ပျာယာခတ်ချင်ယောင်ဆောင်နေလေသည်။

ခြေလှမ်းအနည်းငယ်ပြေးပြီးနောက် ကျိုးဟောင်မှာ ခလုတ်တိုက်ကာချော်လဲလေသည်။

အစိမ်းရောင်မီးစပါးအုံးမြွေ ခုန်အုပ်လာသည့်အချိန်မှာပင် ကျိုးဟောင်မှာမြေပြင်ပေါ်တွင်ရှိနေသေးသော ဓားအားမတော်တဆတက်နင်းမိလေရာ ဓားမှာခုန်တက်သွားပြီး စပါးအုံးမြွေအားတစ်ချက်တည်းဖြင့် သတ်လိုက်လေသည်။

အခြားစပါးအုံးမြွေတစ်ကောင်ကိုလည်း အလားတူနည်းလမ်းကိုသာသုံးပြီး သတ်လိုက်လေသည်။

စပါးအုံးမြွေနှစ်ကောင်အားရှင်းပြီးနောက် သူ့မျက်လုံးအားကျဉ်းလိုက်ကာ ရှုလင်ဆီတစ်ဟုန်ထိုးပြေးလေတော့သည်။

မကြာမီပင် ရှုလင်မှာ ကျိုးဟောင်အားတွေ့သွားလေတော့သည်။

"ရှူလင် ငါ့ကိုကယ်ပါဦး အစိမ်းရောင်မီးစပါးအုံးမြွေ ၂ကောင် ငါ့နောက်လိုက်နေလို့"

ကျိုးဟောင်မှာ အမြန်ပင်အော်ပြောလိုက်လေသည်။

"ကျိုးဟောင် မကောင်းတဲ့ကောင်"

ရှုလင်မှာ စိတ်ဆိုးစွာပြောလိုက်လေသည်။

ကျိုးဟောင်မှာရှုလင်နှင့်မဝေးသောနေရာဆီ ပြေးလာပြီးခလုတ်တိုက်ချင်ယောင်ဆောင်ကာ သူမပေါ်ခုန်အုပ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ဝါးမှာ ချက်ချင်းပင်သူမ၏ဓားအား ရိုက်လိုက်လေရာ ဓားမှာပျံထွက်သွားပြီး နောက်ထပ်‌စပါးအုံးမြွေတစ်ကောင်၏ ခေါင်းတွင်သွားစိုက်လေသည်။

"ဖယ်စမ်း"

ရှုလင်မှာ ကျိုးဟောင်အားအားဖြင့်တွန်းထုတ်လိုက်ပြီး သူမ၏လှပသောမျက်နှာလေးတွင် ရှက်ရွံ့မှုနှင့်ဒေါသတို့ဖြင့်ပြည့်နေလေသည်။

ကျိုးဟောင်မှာ‌မနေနိုင်ဘဲပြောလိုက်မိလေသည်။

"တကယ် နူးညံ့တာပဲ"

ရှုလင်မှာ အလွန်အမင်းရှက်သွားပြီး စိတ်ဆိုးသွားလေရာ သူမသည်ကျိုးဟောင်၏ခြေထောက်အား ကန်လိုက်လေသည်။

"ကျိုးဟောင် နင်ဒီလိုဆက်လုပ်နေရင် ငါနောက်ကျနင့်ကို တကယ်ဂရုမစိုက်တော့ဘူး"

ရှုလင်တကယ်စိတ်ဆိုးသွားသည်ကိုမြင်ပြီး ကျိုးဟောင်မှာအလျင်အမြန်ပင်ရှင်းပြလိုက်လေသည်။

"ရှုလင် ငါတကယ်တမင်လုပ်တာမဟုတ်ပါဘူး"

ရှုလင်မှာအံကြိတ်လိုက်လေသည်။ စင်စစ် ကျိုးဟောင် သူမအပေါ်ပြုတ်ကျလာသည်မှာ ခြေချော်သွား၍ဖြစ်ကြောင်း သူမသိပေသည်။

သို့သော် ကျိုးဟောင်သူမအားအသားယူသည့် ကိစ္စကိုတော့ သူမစိတ်ဆိုးနေဆဲပင်။ သို့ရာတွင် ယခုအခြေအနေကအရေးကြီးနေလေရာ သူမဆက်ပြီးစိတ်ဆိုးနေလို့မရပေ။

ဝှစ်! ဝှစ်!

နောက်ထပ်အစိမ်းရောင်မီးစပါးအုံးမြွေများမှာ ရှေးဟောင်းသစ်ပင်များကြားပတ်ရင်း သူတို့နောက်ကိုလိုက်လာလေသည်။

"နင် ဘာစောင့်နေတာလဲ ပြေးလေ"

ရှုလင်မှာကျိုးဟောင်အားကန်လိုက်ကာ လက်ဆွဲပြီးပြေးလေတော့သည်။

ကျိုးဟောင်မှာ သတိပြန်ဝင်လာချင်ယောင်ဆောင်ပြီး ဓားကိုကောက်ကိုင်လိုက်လေသည်။

သူတို့နှစ်ယောက်၏အရှိန်မှာမြန်သည်ဟုထင်ရသော်လည်း စင်စစ်သူတို့၏အရှိန်မှာ အစိမ်းရောင်မီးစပါးအုံးမြွေများထက် အများကြီးပိုနှေးလေရာ သိပ်မကြာမီမှာပင် အစိမ်းရောင်မီးစပါးအုံးမြွေ ၄ကောင်၏ ဝိုင်းရံခြင်းကိုခံလိုက်ရလေသည်။

"ငါတို့ပြေးလို့လွတ်မယ် မထင်တော့ဘူး"

ရှုလင်မှာ ခါးသီးစွာပြုံးပြီး သက်ပြင်းချလိုက်သည်။

ကျိုးဟောင်မှာပြုံးလိုက်ပြီး

"ငါနင်နဲ့အတူသေခွင့်ရတာ ကောင်းလိုက်တာ"

ရှုလင်မှာစိတ်ဆိုးစွာဖြင့်ပြောလိုက်လေသည်။

"အရူး နင်သိတာဆိုလို့ စကားကိုဘယ်လိုရွှန်းရွှန်းဝေအောင် ပြောရမလဲပဲသိတယ်"

ကျိုးဟောင်မှာ ရှုလင်၏အနောက်မှ သူတို့ထံခုန်အုပ်လာသော အစိမ်းရောင်မီးစပါးအုံးမြွေတစ်ကောင်အားတွေ့ပြီး ချက်ချင်းပင်ထပြောလိုက်လေသည်။

"ရှုလင် ငါတို့သေတော့မှာဆိုတော့ ငါနင့်ကိုတစ်ခါလောက်ဖက်ပါရစေ"

ရှုလင်ပြန်မတုံ့ပြန်နိုင်သေးခင်မှာပင် သူမသည်ကျိုးဟောင်၏ရင်ခွင်ထဲတွင်ရောက်နေပေပြီ။

ဘုန်း

သူတို့ဆီခုန်အုပ်လာသောစပါးအုံးမြွေမှာ

ကျိုးဟောင်မြှောက်လိုက်သော ဓားသွားထိပ်နှင့် ထိုးမိသွားလေသည်။

ထိုမြွေ၏ခုန်ဝင်လာသောအရှိန်ကြောင့် ရှုလင်မှာ ကျိုးဟောင်၏ကိုယ်ပေါ်သို့ ထပ်လျက်ကျသွားလေတော့သည်။

"နင်အခုထိ..."

ရှုလင်မှာ သူမ၏လည်ပင်းမှ အနွေးဓာတ်တစ်ခုအားခံစားလိုက်ရပြီး ကျိုးဟောင်အား ပြောတော့မည့်အချိန်မှာပင်နောက်သို့လှည့်ကြည့်လိုက်လေရာ ပြုတ်ကျလာသော အစိမ်းရောင်မီးစပါးအုံးမြွေ၏ခေါင်းအားတွေ့လိုက်ရလေသည်။

ကျိုးဟောင်မှာဖြူစင်သည့်ပုံဖြင့်

"ရှုလင် ဒါကတကယ်ငါနဲ့ဘာမှမဆိုင်ဘူးနော်"

ရှုလင်မှာ ကြောက်ရွံ့မှု ဒေါသနှင့် ရှက်ရွံမှုများကိုခံစားလိုက်ရသော်လည်း ကျိုးဟောင်အားထပ်အပြစ်မတင်တော့ပေ။

"မြန်မြန်ထ"

သူတို့နှစ်ယောက်ထလာပြီးနောက် ရှုလင်မှာကျိုးဟောင်၏အနောက်ဘက်မှ ခုန်အုပ်လာသော စပါးအုံးမြွေတစ်ကောင်အား ရုတ်တရက်တွေ့လိုက်ရလေရာသူမသည် စဉ်းစားမနေဘဲ သူမ၏ဓားအားဆုပ်ကိုင်ကာ ပိုင်းချလိုက်လေသည်။

တကယ်တမ်းတွင် ကျိုးဟောင်မှာသူ့ပတ်ဝန်းကျင်‌တွင်ဖြစ်ပျက်နေသမျှအရာအားလုံးအား သိပေသည်။ ရှုလင်တိုက်ခိုက်သည်ကိုတွေ့လိုက်ရသောအခါ သူသည်အလျင်အမြန်ပင် တစ်ပတ်လှည့်ကာ နောက်ဆုတ်လိုက်ပြီး ရှုလင်၏ပခုံးအားအသာအယာတွန်းလိုက်လေသည်။

ချက်ချင်းဆိုသလိုပင် ရှုလင်၏ဓားဆီသို့ကြီးမားသောအားတစ်ခုက ကူးပြောင်းသွားလေသည်။

ရွှစ်!

ဓားမှာ စပါးအုံးမြွေအား တို့ဟူးတစ်တုံးသဖွယ် ဖြတ်ချလိုက်လေသည်။

ကျန်စပါးအုံးမြွေနှစ်ကောင်မှာလည်း ခုန်အုပ်လာလေရာ ကျိုးဟောင်မှာ တူညီသောနည်းလမ်းကိုသာသုံးပြီး ထိုနှစ်ကောင်လုံးကိုသတ်ရန် ရှုလင်အားကူညီလိုက်လေသည်။

လက်ရှိတွင် အလယ်အလတ်အဆင့်စစ်သည်မိစ္ဆာလေးကောင်လုံး သေသွားပြီဖြစ်သည်။

ရှုလင်မှာ သူမအရှေ့ရှိမြွေအလောင်း ၄ခုကိုကြည့်ပြီး မယုံကြည်နိုင်စွာပြောလိုက်လေသည်။

"သူ...သူတို့ကိုငါသတ်လိုက်တာလား"

ကျိုးဟောင်မှာပြုံးရင်းပြောလိုက်လေသည်။

"ဒါပေါ့ နင်ကလွဲပြီးဘယ်သူရှိမှာလဲ ရှုလင်နင်ဘယ်တုန်းက ဒီလောက်စွမ်းအားကြီးလာတာလဲ။ နင်အဆင့်ချိုးဖောက်ပြီး သိုင်းပညာရှင်ဖြစ်လာတာတော့ မဟုတ်ဘူးမလား"

ထိုအခါမှရှုလင်မှာ အသိပြန်ဝင်လာလေသည်။

"သိုင်းပညာရှင်ဖြစ်လာဖို့က အဲဒီလောက်လွယ်တယ်လို့ နင်တကယ်ထင်နေတာလား။ ထားလိုက်တော့ ဘာပဲဖြစ်ဖြစ် နင်မှနားမလည်တာ မြန်မြန်ကျန်းယိကိုသွားရှာကြရအောင်"

....................................................................................

အခန်း (၆၅) ပြီးပါပြီ။

အခန်း (၆၆) : စံချိန်ချိုးခြင်း

ပုံရောင်ယောင်လေ့ကျင့်ရေး စပြီး နာရီ၀က်လောက်သာ ကြာမြင့်သည့်အချိန်အတွင်း ကျိုးဟောင် နှင့် ရှုလင် မှလွဲ၍ ကျန်သည့်ကျောင်းသားအားလုံး ရှင်းလင်းခံလိုက်ရလေသည်။

ယန်ကျင်းမြို့မှ ပါရမီရှင် ကျောင်းသား ၅ယောက်မှာလည်း မျှော်လင့်ထားသလိုပင် အရှင်းလင်းမခံရသေးပေ။

လေ့ကျင့်ရေးခန်းမ ထဲတွင် ‌ကျောင်းသားအတော်များများ ၀မ်းနည်း ငို‌ကြွေးနေကြလေသည်။

"ဒါက အရမ်းခက်ခဲတာပဲ"

" ဟုတ်တယ် တောနက်ဧရိယာထဲမှာ နတ်ဆိုးစစ်သည်တွေ အရမ်းများလွန်းတာပဲ။ ငါတို့ သူတို့ အကုန်လုံးကိုတော့ ကိုင်တွယ်မရှင်းလင်းနိုင်ဘူး"

" ငါတို့ နည်းပြ ရှန်း ပြောတာကို နားထောင်ပြီး ငါတို့အတူပူးပေါင်း လုပ်ခဲ့သင့်တာ"

" ခုမှတော့ နောင်တရ‌မနေနဲ့တော့။ ကံကောင်းထောက်မလို့အကုန် အတူတူရှင်းလင်းခံလိုက်ရတာပဲ။ အဲ့ဒါကြောင့် ငါတို့ အမှတ်တွေ အကုန် အတူတူလောက်ပဲဖြစ်လိမ့်မယ်"

ကျောင်းသားများ တယောက်ပြီး တယောက် သက်ပြင်းချနေကြသည်။ ထို့နောက် သူတို့၏ ပုံရိပ်ယောင် အခန်းငယ်လေးထဲမှ ထွက်လာသောအခါ ကျောင်းသား ၇ယောက် ဆက်လက်လေ့ကျင့်နေသည်ကို မြင်ရသောကြောင့် အံဩသွားကြ‌သည်။

"ဒါ ယွမ်ချန်း နဲ့ အခြား လူတွေပဲ"

" ငါတို့ သူ့တို့ကို ကြည့်မရရင်တောင်မှ ငါတို့ရဲ့ အင်အား ကွာခြားချက်က အလွန်ကြီးမားတာပဲ"

" ဘယ်တတ်နိုင်မလဲ။ သူတို့က ယန်ကျင်းလေ့ကျင့်ရေးစခန်းကပဲလေ"

"ဟာ ဒီခွေးကောင် ကျိုးဟောင်က အထဲမှာပဲရှိသေးတာလား"

‌

ကျောင်းသားတယောက်သည် ကျိုးဟောင်၏ ပုံရိပ်ယောင်အခန်း မီးအစိမ်းလေး လင်းနေဆဲဖြစ်သည်ကို သတိပြုမိသွားသည်။ထိုအခြင်းအရာသည် ပုံရိပ်ယောင်လေ့ကျင့်ဆဲဖြစ်ကြောင်း ‌ဖော်ပြခြင်းဖြစ်လေသည်။

"ချီးပဲ။ ငါတို့အကုန် ရှင်းလင်းခံလိုက်ရတာတောင်မှ ကျိုးဟောင်က အဲ့မှာ ကျန်နေခဲ့တုန်းလား"

"သူပုန်းစရာနေရာများရှာတွေ့သွားလို့လား"

" တောနက်ဧရိယာက ဒီ‌လောက် အန္တရာယ်တွေ ပြည့်နေတာ။သူ ဘယ်နေရာမှာ သွားပုန်းနိုင်မှာလဲ"

" ကျွတ်.. အဲ့မှာ မြက်တောတွေအများကြီးရှိတယ်လေ။ သူတွားသွားပြီး ဘာမှမလုပ်ပဲ ပုန်းနေလို့ရတယ်"

ဗဟိုလေ့ကျင့်ရေးအတန်းတွင်ရှိသော ကျောင်းသားအများစုမှာ ကျိုးဟောင်ကို အထင်သေးကြသည်။ထိုသို့ အထင်သေးရသည့် အကြောင်းမှာ ရိုးရှင်းလှသည်။

ကျိုးဟောင်သည် အတန်းထဲတွင် အားအနည်းဆုံး သူဖြစ်ပြီး သူသည် ကံကောင်း၍ အစွယ်နှင့်တော၀က်ကြီးကို သတ်နိုင်ခဲ့ခြင်းဖြစ်သည် ဆိုပြီး ယူဆ‌ကြလေသည်။

ဒါကြောင့် ကျိုးဟောင် ရှင်းလင်း မခံရသေးသည်ကို မြင်လိုက်သောအခါ သူတို့ ပထမဆုံး ယူဆသည်က ကျိုးဟောင် ပုန်းစရာ နေရာ ရှာတွေ့သွားသောကြောင့် ဖြစ်နိုင်သည် ဆိုပြီး ဖြစ်လေသည်။

ဒီယူဆချက်ကသာ သူတို့အတွက် ကျိုးဟောင်တခြားတဖက်တွင် အသက်ရှင်နေနိုင်မည့် နည်းလမ်းဖြစ်လေသည်။

နောက်ဆုံးတော့ သူတို့အားလုံး တောနက်ဧရိယာကြီးနှင့်ပတ်သက်သည့် အတွေ့အကြုံများရရှိခဲ့လေပြီ။

" ကျိုးဟောင်က ပုန်းမနေဘူး။ သူက ငါနဲ့ ရှုလင်တို့နဲ့ အဖွဲ့တခုအဖြစ်ပေါင်းပြီး တိုက်ခိုက်နေတာ။ အဲ့တာကြောင့် ထေ့ငေါ့ ပြောနေတာတွေ ရပ်လိုက်ကြ‌တော့"

ကျန်းယိက ဒေါသတကြီး ထပြောလေသည်။

သူထို့သို့ပြောလိုက်သည်နှင့် ကျောင်းသားများမှာ တစုံတခုကို သဘောပေါက်သွားကြသကဲ့သို့ ဖြစ်သွား‌လေသည်။

" ဪ သူက ရှုလင်နဲ့ အတူရှိနေလို့သာပေါ့။ မဟုတ်ရင် သူ့ အင်အားနဲ့သာဆို ပထမဆုံး အရှင်းလင်းခံရမှာပဲ"

" ဟမ် မိန်းမ တယောက်အပေါ် မှီခိုနေတာလား။ အတော်ရှက်စရာကောင်းတာပဲ။"

"ရှုလင်က ဘာလို့ ဒီကောင့်ကို ကူညီနေရတာလဲ"

" သူတို့က အတန်းအတူတူမို့လို့နေမယ်"

ကျောင်းသားအတော်အများက လှောင်ပြောင်နေကြလေသည်။ကျိုးဟောင်အသက်ရှင်နေသေးတာက သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ ဖြစ်နေခဲ့သည်။

"တိတ်တိတ်နေကြစမ်း"

အသံနက်ကြီးတခု ခန်းမထဲမှ ဟိန်းထွက်လာခဲ့သည်။

ထိုအချိန်ကျ ကျောင်းသားများသည် နည်းပြရှန်း ၊ ဌာနမှူး ၊ကျောင်းအုပ် ကျန်းနှင့် အခြားသူများ စင်မြင့်ပေါ်တွင် ရှိနေကြသည်ကို သတိပြုမိကြသည်။သူတို့အားလုံး ပါးစပ်ပိတ်သွားကြလေသည်။

"မင်းတို့တွေရဲ့ အရည်အချင်းက အတော် စိတ်ပျက်စရာပဲ။ ပုံရိပ်ယောင်လေ့ကျင့်ရေးက အန္တရာယ်အလွန် နည်းတဲ့ လေ့ကျင်းရေးပဲ။ ဒါတောင် မင်းတို့တွေ နာရီ၀က်တောင် မကြာပဲ အနိုင်ယူခံလိုက်ရတယ်။ တကယ့်တောနက်ဧရိယာထဲမှာသာဆိုရင် မင်းတို့ကောင်တွေ ၁၀မိနစ်တောင် ခံမှာ မဟုတ်ဘူး"

ကျောင်းအုပ်ကျန်းက ပထမဆုံး စပြောလေသည်။ကျောင်းသားများမှာ ရှက်ပြီးခေါင်းငုံနေကြလေသည်။

"ရလဒ်ထွက်လာရင်သာ မင်းတို့မျက်လုံးတွေကို ပြူးပြီး သေချာကြည့်ကြစမ်း"

ကျောင်းအုပ်ကျန်း က ခေါင်းခါပြီး သက်ပြင်းချလိုက်လေသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာခဲ့လေသည်။ တစ်နာရီ‌ပြီး နောက်တစ်နာရီ ကုန်ဆုံးလာချိန်မှာတော့ ယွမ်ကျန်းနှင့် အခြားလူများလည်း တယောက်ပြီး တယောက် အရှင်းလင်းခံလိုက်ရလေသည်။

အချိန်ကြာသည်နှင့်အမျှ အန္တရာယ်အဆင့်မှာလည်း တိုးတိုးလာသောကြောင့် ဖြစ်လေသည်။ဒါ့ကြောင့် ယန်ကျင်းလေ့ကျင့်စခန်းမှ ကျောင်းသားအတွက်တောင် တစ်နာရီခွဲဆိုသော ကြာအချိန်သည် အလွန်ထူးချွန်သောစွမ်းဆောင်ရည်ပင်ဖြစ်လေသည်။

"မဆိုးဘူး။ ငါတို့ တနာရီခွဲကျော်ကြာအောင် နေနိုင်ခဲ့တာပဲ။ အားလုံးတိုးတက်လာကြပါတယ်"

ယွမ်ချန်းနှင့် အခြားလူများသည် ပုံရိပ်ယောင် အခန်းငယ်လေးများဆီမှ ထွက်လာကြလေသည်။ထို့နောက် အစိမ်းရောင်မီးလေးဘေး၌ ပြသထားသော နံပါတ်ကိုကြည့်ပြီး ရီလိုက်‌ကြလေသည်။

ဖန်းယွီလည်း ဘေးပတ်လည်ကို တချက်ကြည့်လိုက်သောအခါ ကျောင်းသားအုပ်ကြီးကို တွေ့လိုက်လေသည်။

"ရို ... မင်းတို့ ထွက်လာကြပြီပေါ့"

သူမက သရော်သလိုပြောလိုက်သည်။

"မင်းတို့က နာရီ၀က်တောင် မခံဘူးပဲ။ ဒါက မင်းတို့လုပ်နိုင်စွမ်းအကုန်ပဲလား"

လိန်ကျင်းဖုန် က ရယ်နေလေသည်။

ဖန်းယွီ၏ သရော်ခြင်းကို ခံရသော်လည်း ကျောင်းသားအများစုမှာ နှုတ်ဆိတ်နေကြလေသည်။သို့သော် ဖန်းယွီက သူတို့ကို ဆက်လက်လှောင်ပြောင်နေလေသည်။

ရုတ်တရက်ဆိုသလို လျှပ်စစ်သတိပေးသံသည် ပုံရိပ်ယောင် အခန်းငယ်နှစ်ခုဆီမှ ထွက်လာခဲ့လေသည်။

"ချုမြို့အထက်တန်းကျောင်းမှ ကျိုးဟောင် နှင့် ရှုလင် အား လူသစ်ပုံရိပ်ယောင်လေ့ကျင့်ရေးစံချိန် ကို ချိူးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်။ သင်တို့ နှစ်ယောက်လုံး တစ်နာရီနှင့် ၄၅မိနစ်ကြာအောင်နေနိုင်ခဲ့ပါတယ်။"

ကလစ်..

လျှပ်စစ်သတိပေးသံ ထွက်လာပြီးနောက် ခန်းမတခုလုံး တိတ်ဆိတ်သွားလေသည်။ ကျောင်းအုပ်ကျန်း နှင့် ဌာနမှူးမှာ လည်း တယောက်မျက်နှာ တယောက်ကြည့်လိုက်ကြလေသည်။

"နည်းပြ ဒါအတွက် တကယ့်ကို စံချိန်သတ်မှတ်ထားတာလား"

ဌာနမှူးဟုန်က မနေနိုင်တော့ပဲ မေးလိုက်သည်။

"ဒီအတန်းတွေအတွက် ပုံရိပ်ယောင်အခန်းငယ်တွေက တကမ္ဘာလုံးမှာ တသမတ်ထဲ သတ်မှတ်ထားတယ်။ အရင်က ယန်ကျင်းလေ့ကျင့်စခန်းက ထူးချွန်ကျောင်းသားက ၁နာရီနဲ့ ၅မိနစ် ဆိုတဲ့ လူသစ်စံချိန်ကို တင်ထားနိုင်ခဲ့တယ်။ ဒီစံချိန်ကို ချူမြို့‌က ချိုးဖြတ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး"

နည်းပြရှန်း ကခေါင်းညိတ်ပြီးပြောလေသည်။သူစကားပြောနေရင်း လျှပ်စစ်ဖန်သားပြင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေလေသည်။

ကျိုးဟောင်နှင့် ရှုလင်၏လှုပ်ရှားမှုကို ပြသည့် မျက်နှာပြင်မှာ မှောင်နေလေသည်။ အချိန်တနာရီကျော်သွားသည်နှင့် ပုံရိပ်ယောင်စနစ်က လှုပ်ရှားမှု ပုံရိပ်များကို ပိတ်လိုက်ပြီး အထဲတွင် ဖြစ်ပျက်နေသည်ကို မမြင်နိုင်တော့ပေ။

ဒါကြောင့် နည်းပြကျန်းသည် ကျိုးဟောင် နှင့် ရှုလင် တို့ တောနက်ဧရိယာထဲတွင် အကြာကြီး ဘယ်လို ရှင်သန်ခဲ့သလဲဆိုတာကို မဖော်ထုတ်နိုင်ဖြစ်နေလေသည်။

ဒါဆို ကျိုးဟောင်က ပုန်းကွယ်နေတဲ့ ပါရမီရှင်လား .....

ထိုအတွေးသည် သူ့စိတ်ထဲ မမျှော်လင့်ပဲ၀င်လာခဲ့ပြီး သူစိတ်လှုပ်ရှားသွားလေသည်။

" မဖြစ်နိုင်ဘူးဟေ့...."

အသံတခု သည် ခန်းမထဲမှ ရုတ်တရက်ထွက်လာခဲ့သည်။

..............................................................................

အခန်း(၆၆) ပြီးပါပြီ။

All Chapters