← Chapters

အခန်း ၆၇-၆၉

Vol. 5 Ch. 67-69

အခန်း ၆၇-၆၉

Vol. 5 Ch. 67-69

အခန်း (၆၇) : လှုပ်ရှားမှုပုံရိပ်များအား ပြန်လည်ရယူခြင်း

ဝှစ် ဝှစ် ဝှစ်....

ကျောင်းအုပ် ကျန်း ၊ နည်းပြ ရှန်း ၊ အခြားသူများနှင့် ကျောင်းသားများ အားလုံး အသံလာရာသို့လှည့်ကြည့်လိုက်ကြသည်။

ဖန်းယွီ၏ မျက်နှာလှလှလေးမှာ ခက်ထန်နေခဲ့လေသည်။

" နည်းပြ ရှုလင်က အခုမှ သွေးအနှစ်သာရ တတိယအဆင့်သာရှိပြီး ကျိုးဟောင်ကလည်း သွေးအနှစ်သာရ ပထမအဆင့်လေ။ ဒီလို လူတွေက ဘယ်လိုလုပ် လူသစ်စံချိန်ကို ချိုးပြီး ကျွန်မတို့ကို ကျော်တက်သွားရတာလဲ"

ဖန်းယွီကအံကြိတ်ကြီးပြောလေသည်။

"သူတို့ လှည့်စားထားတာပဲဖြစ်ရမယ်...."

"ဟုတ်တယ် ဟုတ်တယ်။ ဒီလို သိုင်းပညာရှင် အဆင့်တောင် မရောက်သေးတဲ့ ကျောင်းသား ၂ယောက်အတွက် နတ်ဆိုးစစ်သည်တွေကို အနိုင်ယူဖို့တောင်ခက်ခဲနိုင်တယ်။ ဒါပြင့် အချိန်ကြာလာသည်နှင့်အမျှ ပုံရိပ်ယောင်လေ့ကျင့်ရေးထဲမှာ အဆင့်မြင့်နတ်ဆိုးစစ်သည်တွေ နတ်ဆိုးစစ်သူကြီးတွေ ပေါ်လာသေးတာလေ "

လိန်ကျင်းဖုန် ကလည်း အလျင်အမြန်ထပြောလေသည်။ယွမ်ချန်းနှင့် ယွင်ယန်မှာလည်း မျက်မှောင်ကြုတ်နေလေသည်။ကျိုး‌ဟောင်တို့နှစ်ယောက် သည်တကယ် သံသယ၀င်စရာကောင်းနေသည်။

အရင်လူသစ်စံချိန်ကို တင်ခဲ့သော ယန်ကျင်းကျောင်းသားသည် အဆင့်နိမ့် သိုင်းပညာရှင်ဖြစ်‌သည်။ဒါ့ပြင် သူ့တွင် ထူးခြားသော သိုင်းပညာတခုကို အမွေဆက်ခံရရှိကာ သူ၏တိုက်ခိုက်ရေးစွမ်းရည်‌သည် အဆင့်မြင့် သိုင်းပညာရှင်တဦးနီးပါး ရှိလေသည်။ သူ့အတွက်တောင် ထိုစံချိန်တင်နိုင်ဖို့ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ခဲ့ကလေသည်။

" ဟ ဟ ဟ ဒါက ယန်ကျင်းလူရည်ချွန်ကျောင်းသားတွေရဲ့ပုံစံအမှန်ပေါ့"

" ကျွတ် ကျွတ် မင်းတို့ အင်အားနဲ့ အနိုင်မယူနိုင်တော့ စကားလုံးတွေနဲ့ အနိုင်ယူဖို့ လုပ်နေတာလား"

" ဟားဟား မင်းတို့က ကျိုးဟောင်တို့ကို လိမ်တယ်ထင်ပြီး စွပ်စွဲနေကြပြီပေါ့"

ချူမြို့အထက်တန်းကျောင်းက ကျောင်းသားများလည်း အသိပြန်၀င်လာကြပြီး စိတ်လှုပ်ရှားသွားကြလေသည်။ သူတို့သည် မယုံကြည်နိုင်သေးသော်လည်း ကျိုးဟောင်နှင့် ရှုလင် မှာ ယန်ကျင်းပါရမီရှင်များကို ကျော်တက်ပြနိုင်သောကြောင့် ဂုဏ်ယူနေကြလေသည်။ ချူမြို့အထက်တန်းကျောင်း၏ စည်းလုံးမှုပင်ဖြစ်သည်။

ဖန်းယွီ၏အမူအရာများမှာ ပိုမိုဆိုးရွားလာပြီး လိန်ကျင်း၏ မျက်နှာမှာလည်း ခက်ထန်လာခဲ့လေသည်။ဒါသည် သူတို့အတွက် လူသစ်များ၏ လှောင်ပြောင်ခြင်းကို ပထဆုံးအကြိမ် ခံရခြင်းဖြစ်လေသည်။

"ဖန်းယွီ မင်းလည်း သိပြီးသားပါ။ ဒီ ပုံရိပ်ယောင်လေ့ကျင့်ရေး က ဒီလို အလွယ်တကူလှည့်စားလို့ မရနိုင်ဘူး"

နည်းပြရှန်းက မတ်တပ် ထရပ်ပြီးပြောလိုက်လေသည်။

ဖန်းယွီ၏ ခန္ဓာကိုယ်မှာ တုန်ရီလာပြီး အံကိုကြိတ်ထားကာ မျက်နှာတွင်လည်း အလိုမကျမှုများ ပြည့်နှက်လာလေသည်။

"နည်းပြ ရှုလင်နဲ့ ကျိုးဟောင်၏ တိုက်ခိုက်မှု ဗီဒီယိုဖိုင်ကို ကြည့်ခွင့် တောင်းဆိုပါတယ်"

ဖန်းယွီကထပြောလိုက်သည်။

နည်းပြရှန်းမှာ မျက်မှောင်ကြုတ်သွားလေသည်။ သူ့တွင် ဗီဒီယိုကြည့်ခွင့် အခွင့်အာဏာ ရှိသော်လည်း ယန်ကျင်း‌လေ့ကျင့်ရေးစခန်းရှိ နည်းပြချုပ်၏ ခွင့်ပြုချက်ကိုတော့ တောင်းခံရန်လိုအပ်လေသည်။ ဒါပြင့် စနစ်မှ ဗီဒီယိုဖိုင်ကို ဖွင့်မကြည့်မှီ အခြားနည်းပြဆရာများနှင့်လည်း တိုင်ပင်ရန်လိုအပ်သေးသည်။

အမှန်တကယ်တော့ ကျောင်းသားတိုင်းတွင် သူတို့၏ ကိုယ်ပိုင် လျှို့ဝှက် နည်းစနစ်များနှင့် တိုက်ခိုက်ရေးနည်းစနစ်များရှိလေသည်။

ဒါကြောင့် လူတိုင်းက လှုပ်ရှားမှုဖိုင်ကို ကြည့်ပါက လျှို့ဝှက်နည်းစနစ်များပေါက်ကြားသွားနိုင်လေသည်။

"ကောင်းပြီ ဒီတကြိမ်ပဲရမယ်"

နည်းပြရှန်း ဖန်းယွီကို စိုက်ကြည့်ပြီးပြောလိုက်လေသည်။

ယန်ကျင်းလေ့ကျင့်ရေးစခန်း ဌာနချုပ်ရှိဇိမ်ခံ အိမ်ခန်းထဲတွင်....

နည်းပြချုပ် ချန်း မှာ ‌မျက်မှောင်တင်းကျပ်စွာ ကြုတ်ထားလေသည်။နည်းပြ အများအပြားလည်း ချူမြို့အထက်တန်းကျောင်းသား နှစ်ယောက်က အချိန်ကြာမြင့်စွာ တင်ထားနိုင်ခဲ့သော လူသစ်စံချိန်ကို ချိုးဖြတ်သွားသည့်အကြောင်း ကို လျင်မြန်စွာ သိရှိသွားကြလေသည်။ အဘယ့်ကြောင့်ဆို စံချိန်ကျိုးသွားသည့် ကြေငြာချက်သည် ပုံရိပ်ယောင် အခန်းငယ်စီတိုင်းသို့ ပို့ဆောင်သောကြောင့်ဖြစ်လေသည်။

သို့သော်လည်း အခြားနည်းပြများကဲ့သို့ပင် နည်းပြချုပ်ချန်းသည် ပုံရိပ်ယောင်လေ့ကျင့်ရေး၏ခက်ခဲမှုအဆင့်ကို မူကြိုကလေးအဆင့်လောက်ထိလျော့ချထားပြီး သူချီးမြှောက်ခံလိုသောကြောင့် ချူမြို့အထက်တန်းကျောင်းအား နာမည်ကြီးအောင်လုပ်နေသည်ဆိုပြီး ထင်နေခဲ့သည်။

ပုံမှန်အားဖြင့် ခက်ခဲမှု အဆင့်ကို မူကြိုအဆင့်ရောက်အောင် ချထားပါက စနစ်သည် အသုံးပြု၏ ပုံရိပ်ယောင်လေ့ကျင့်ရေးကို ဗီဒီယို မှတ်တမ်း မယူထားပေ။

သို့သော်လည်း နည်းပြတယောက်အနေဖြင့် ရှန်းကျင့်သည် ဗီဒီယို မှတ်တမ်းယူနိုင်ရန် လျှို့ဝှက်ကုဒ်အား ပြောင်းလဲခွင့်ရှိလေသည်။ ဒါပေမဲ့ ဒီလောကဘယ်သူမှထိုကဲ့သို့ လှည့်စားမှုမျိုး မပြုလုပ်ကြပေ။ အကယ်၍ လှည့်စားထားသည်မှာ ပေါ်ပေါက်သွားပါက လွန်စွာ ရှက်စရာကောင်းသောကြောင့်ဖြစ်လေသည်။

ဒါကြောင့် နည်းပြချုပ်ချန်းသည် နည်းပြရှန်း၏ဒီလိုအပြုအမူအတွက် စိတ်ပျက်နေခဲ့လေသည်။

ဒီ....

ချူမြို့အထက်တန်းကျောင်းမှ လှုပ်ရှားမှု ရုပ်သံကိုတောင်းခံသည့် စာကို သူမြင်လိုက်လေသည်။

"ဒီကောင် ရှန်းလောင် ဘာတွေလုပ်နေတာလဲ"

နည်းပြချုပ် ချန်းသည် ချက်ချင်း‌ဖုန်းခေါ်ပြီး နည်းပြရှန်းအား ဆဲဆိုကြိမ်းမောင်းချိန်သော်လည်း သူ့ဖုန်းကိုကိုင်ကာ ခေတ္တ တုံဆိုင်းသွားသည်။

နည်းပြရှန်းသည် သူကိုယ်တိုင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သူဖြစ်သောကြောင့် အခြားသူများရှေ့တွင် အရှက်တကွဲမဖြစ်စေလိုပေ။

"ထားလိုက်ပါတော့ ။ သူရုပ်သံကို ကြည့်ချင်ရင် ငါသူ့ကိုကြည့်ခွင့်ပေးလိုက်မယ်။ တကယ်လို့ စနစ်က မူမမှန်တဲ့ အချက်အလက်တွေ ပေါ်လာခဲ့ရင်လည်း အခွင့်အာဏာတချို့ကို သုံးပြီး သူ့ကို ဖုံးပေးလိုက်ပါ့မယ်"

နည်းပြချုပ် ကျန်းက ထိုသို့ စဉ်းစားပြီးနောက် နည်းပြအားလုံးဆီသို့ စာပို့လိုက်လေသည်။

....

ချူမြို့အထက်တန်းကျောင်းရှိ ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းမထဲတွင်

နည်းပြရှန်းက လျှပ်စစ်ဖန်သားပြင်အား စိုးထိတ်စွာကြည့်နေခဲ့သည်။ နည်းပြချုပ်မှာ လူသစ်စံချိန်ချိုးဖြတ်ခံလိုက်ရသည်ကို သိနေလောက်ပြီးဖြစ်ကြောင်းသူနားလည်သည်။ဒီစံချိန်ချိုးခံရခြင်းကရယ်စရာကောင်းပြီး ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်လေသည်။

ဒီ...

ရုတ်တရက်ဆိုသလို ရုပ်သံကကြည့်ရှုခွင့်တောင်းခံချက်ကို လက်ခံသည့်စာ ၀င်လာခဲ့လေသည်။

နည်းပြရှန်း၏ စိတ်ထဲ နွေးထွေးသွားပြီး နည်းပြချုပ်က သူ့ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးမည်ဖြစ်ကြောင်းကို သူသိရှိလိုက်သည်။

"ကောင်းပြီး ရုပ်သံကိုကြည့်ချင်တဲ့မည်သူမဆို လာကြည့်လို့ရတယ်"

သူက သက်ပြင်းချလိုက်ပြီး အသံကျယ်ကျယ်ဖြင့်ပြောလိုက်လေသည်။

ရွှတ် ရွှတ် ရွှတ်

ကျောင်းအုပ်ကျန်း ၊ ဌာနမှူး နှင့် ကျောင်းသားများအားလုံး ပျားတွေကဲ့သို့ အလျင်အမြန်ပြေးလွှားလာကြသည်။

ယွမ်ချန်း ၊ယွင်ယန်နှင့် အခြားယန်ကျင်းကျောင်းသားများလည်း စိတ်လောနေကြလေသည်။လူတိုင်းက ကျိုးဟောင်နှင့် ရှုလင်တို့ တောနက်ဧရိယာထဲတွင် ဘယ်လိုအသက်ရှင်ခဲ့သလဲ သိချင်နေကြလေသည်။

ဖန်းယွီနှင့် လိန်ကျင်းမှာလည်း သေချာ စူးစိုက်ကြည့်နေလေသည်။

ဝူးးးး..

ရုပ်သံလိုင်းများတက်လိုက်ကျလိုက်ဖြစ်နေလေသည်။ပြီး‌မှ တဖြေး‌ဖြေးကြည်လင်ပြတ်သားလာခဲ့သည်။ ထိုအချိန်တွင် သူတို့သည် ကျိူးဟောင်နှင့် ရှုလင်တို့ အမှောင်တောနက်ကြီးထဲရှိ ရှေးဟောင်းသစ်ပင်ကြီးများကြားတွင် လမ်းလျှောက်နေသည်ကိုတွေ့လိုက်ကြသည်။

အားလုံး၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့အားလုံး ရှေးဟောင်းသစ်တောကြီးသည် အလွန်အန္တရာယ်များကြောင်းသိလေသည်။

သို့သော် သူတို့သည် ဖန်သားပြင်ကို ချဲ့ကြည့်လိုက်သောအခါ အံ့အားသင့်သွားလေသည်။ ကျိုးဟောင်နှင့် ရှုလင်သည် အေးအေးလူလူလျှောက်သွားနေသော အချစ်ငှက်လေး ၂ကောင်ကဲ့သို့ဖြစ်နေလေသည်။ သူတို့ဆီတွင် ဘာအန္တရာယ်မှ ကျရောက်နေခြင်းမရှိပေ။

" မကောင်းတော့ဘူး။ အဲ့တာ နတ်ဆိုးစစ်သူကြီး ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးပဲ"

မျက်စိအားကောင်းသော ကျောင်းသားက ရှေး‌ဟောင်းသစ်ပင်များ၏ အကိုင်းအခက်များနှင့် အရွက်များကြားတွင် ကွယ်ဝှက်နေသောရွှေရောင်အဆင်းသဏ္ဍာန်ကို သတိပြုမိကာ ချက်ချင်းပင် အော်ပြောလိုက်သည်။

ကျောင်းသားတော်တော်များများက သူတို့နှစ်ယောက်အတွက် စိုးရိမ်တုန်လှုပ်နေကြလေသည်။

ဖန်းယွီက ရယ်မောလိုက်ပြီး သိုင်းပညာရှင်မဟုတ်သော သူတို့နှစ်ယောက်သည် ဤရွှေမြွေသဏ္ဌာန်မျောက်ဝံ၏တိုက်ခိုက်မှုကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်ကို သူမ မြင်ချင်နေလေသည်။

ယွမ်ချန်း၊ ယွင်ယန် ၊ လိန်ကျင်းဖုန် နှင့် အခြားထူးချွန်ကျောင်းသားများလည်း မျက်တောင်မခတ်ပဲ စိုက်ကြည့်နေကြသည်။

အားလုံးအသက်တောင် ပြင်းပြင်းမရှူကြတော့ပေ။

ဒီရွှေမြွေသဏ္ဌာန်မျောက်ဝံကြီး တိုက်ခိုက်လာပါက အဆင့်မြင့် သိုင်းပညာရှင်တောင်မှ ခုခံရန် မလွယ်ကူလှပေ။

ကျိုးဟောင်နှင့် ရှုလင်၏ အင်အားလောက်နဲ့တော့ ‌ဒီသားရဲကြီး၏တိုက်ခိုက်မှုကို ရှောင်ရှား နိုင်မည် မဟုတ်ပေ။

"အဲ့အနားကို မသွားကြနဲ့"

"ပြေးကြတော့"

ကျိူးဟောင် နှင့် ရှုလင်သည် ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးအနား ကပ်သထက် ကပ်လာသောအခါ ကျောင်းသားများမှာ စိတ်မထိန်းနိုင်ပဲ ထအော်ကြလေသည်။

နည်းပြရှန်းသည် တခြားသူများကဲ့သို့ မဟုတ်ဘဲ သူ့မျက်လုံးကိုမှေးကာ ကျိုးဟောင်အား သတိထားကြည့်နေလေသည်။ သူသည် ကျိုးဟောင်က ပုန်းကွယ်နေသော ပါရမီရှင်ထူးချွန်ကျောင်းသားဟုတ်သလား သိချင်နေလေသည်။

..............................................................................

အခန်း(၆၇) ပြီးပါပြီ။

အခန်း (၆၈) : ကံကောင်းစေသော လက်ကောက်

ဖန်သားပြင်ပေါ်တွင်...

ကျိုးဟောင်နှင့်ရှုလင်သည် ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးရှိသော သစ်ပင်အောက်သို့ရောက်သွားလေသည်။ သူတို့နှစ်ယောက်မှာလည်း စကားများရန်ဖြစ်နေပုံရလေသည်။

သူတို့သည် ကျိုးဟောင်က ရှုလင်ကို ဖက်ဖို့ကြိုးစားနေသည်ကို မြင်တွေ့ရပြီး ရှုလင်ကလည်း စိတ်ဆိုးပြီးတွန်းထုတ်လိုက်သည်ကို တွေ့လိုက်ကြရသည်။

ရှုလင်သည် ကျိုးဟောင်အား ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးဆီသို့ တွန်းလိုက်သကဲ့သို့ဖြစ်သွားလေသည်။

ထိုအခိုက်အတန့်မှာပဲ ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးသည် ပုန်းနေသော သစ်ကိုင်များကြားမှ လျှပ်စီးကဲ့သို့အရှိန်ဖြင့်ထွက်တိုက်လေသည်။

ဖြီးးးးး

ကျောင်းသားအားလုံး မျက်လုံးများပြူးသွားကြလေသည်။ သူတို့အားလုံးသည် ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးက ကျိုးဟောင်အား နောက်မှ တိုက်ခိုက်သည်ကိုမြင်တွေ့လိုက်ရလေသည်။

ကျိုးဟောင်လည်း အလန့်တကြားနောက်သို့လှည့်လိုက်လေသည်။ သူ့လက်ထဲတွင်ကိုင်ထားသောဓားရှည်နှင့် ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးအား တိုက်ခိုက်လိုက်သလိုဖြစ်သွားပြီး သူ၏ဓားအချွန်ထိပ်သည်ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီး၏ နှလုံးသို့ ထိုးစိုက်လိုက်သလိုဖြစ်သွားလေသည်။

"ဘာ......"

"ဘယ်လိုတောင်....."

"ကောင်းလိုက်တဲ့ကံ"

ကျောင်းသားအားလုံး ကြောင်သွားကြလေသည်။သိထားရမည်က ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီး၏ အားနည်းချက်သည် သူ၏နှလုံးအလည်တည့်တည့်ဖြစ်လေသည်။ကျန်နေရာများတွင် မာ‌ကျောသော ကြေးခွံများဖြင့် ဖုံးအုပ်ထားလေသည်။

ကျိုးဟောင်၏ ဓားသွားထိပ် သည် ရွှေမြွေသဏ္ဌာန်မျောက်ဝံကြီး၏ အားအနည်းဆုံးနေရာသို့ ကွက်တိထိုးစိုက်လိုက်သလိုဖြစ်သွားခဲ့သည်။

ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ!

ထိုအချိန်တွင် ကျိုးဟောင်၏ဓားစိုက်ခြင်းခံရသောရွှေမြွေသဏ္ဌာန်မျောက်ဝံကြီးသည် ကျိုးဟောင်နှင့်အတူလုံးထွေးပြုတ်ကျလာလေသည်။

ရှုလင်လည်း လန့်သွားပြီး ကျိုးဟောင်ဆီသို့အမြန်ပြေးသွားလိုက်လေသည်။

ထိုအချင်းအရာကိုမြင်ပြီး ယွမ်ချန်းနှင့် ယွင်ယန်တို့ ပါးစပ် အဟောင်းသားဖြစ်သွားကြသည်မှာ ကြက်ဥတလုံးပင် အလွယ်လေး ၀င်သွားနိုင်လေသည်။

ကျောင်းအုပ်ကျန်း ၊ ဌာနမှူးနှင့် အခြားသူများလည်း ငိုရခက် ရီရခက်ဖြစ်သွားလေသည်။ ကျိုးဟောင်နှင့် ရှုလင်မှာ နတ်ဆိုးစစ်သူကြီး တစ်ကောင်ကို ဒီလို နည်းဖြင့် အနိုင်ယူလိမ့်မည် ဆိုပြီးသူတို့မထင်ထားခဲ့ပေ။

နည်းပြရှန်းလည်း မျက်မှောင်ကို ခပ်တင်းတင်းကြုတ်ထားလေသည်။ ကျိုးဟောင် ရွှေမြွေသဏ္ဌာန်မျောက်ဝံကို သတ်လိုက်သည့် အဖြစ်သည် အလွန်တိုင်ဆိုင်သောအဖြစ်အပျက်ဖြစ်ပြီး ဘာနည်းစနစ် ၊ ပရိယာယ်မှ မပါ၀င်ပေ။ သို့သော်လည်း သူက တခုခုမူမမှန်သည်ကို ခံစားမိလေသည်။

"ဘယ်လိုတောင် ကံကောင်းလိုက်တဲ့ခွေးကောင်လဲ"

ဖန်းယွီ နှင့် လိန်ကျင်းလည်း စိတ်ထဲကနေ ကျိန်ဆဲနေကြလေသည်။

ကျိုးဟောင်နှင့် ရှုလင် သည် နတ်ဆိုးစစ်သူကြီးအဆင့်သားရဲများကို နောက်ထပ်မတော်တဆ ပုံစံလိုလိုဖြင့် တယောက်ပြီး တယောက် သတ်ခဲ့ကြသည်ကို သူတို့မြင်တွေ့နေကြရသည်။

"ငါလုံး၀ ယုံပေးလိုက်တော့မယ်"

"ဒီရှုလင်နဲ့ ကျိုးဟောင်ကို ကံကောင်းခြင်းနတ်သမီးက ကူညီနေတာပဲ"

" ဟုတ်တယ် တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲတုန်းကလည်း အစွယ်နဲ့တော၀က်ကို ကံကောင်းပြီးသတ်နိုင်ခဲ့တယ်။ အခုပုံရိပ်ယောင်လေ့ကျင့်ရေးရောက်ပြန်တော့လည်း ကံကောင်းထောက်မပြီး နတ်ဆိုးစစ်သူကြီးတွေကို သတ်နိုင်ပြန်ပြီ"

"ကျိူးဟောင် တင် မဟုတ်ဘဲ ရှုလင်ကပါ တော်တော်ကံကောင်းတာပဲ။ ငါရေကြည့်သလောက် သူတို့နှစ်ပေါင်း နတ်ဆိုးစစ်သူကြီး ၆ကောင်ကို သတ်ခဲ့ပြီးပြီ။ အဲ့ထဲမှာ ရှုလင်ကချည်း ၄ကောင်သတ်ထားတာ"

"ငါမှတ်မိပြီ။ တခါတုန်းက ရှုလင်ရဲ့အဖေက ကံကောင်းစေတဲ့ အစွမ်းရှိတဲ့ လက်ကောက် တခုရခဲ့ဖူးတယ်။ အဲ့တုန်းက ဘယ်သူမှ မယုံဘဲ ရှုလင်အဖေကို လိမ်နေတယ်ထင်ခဲ့ကြတာ။ အခုတော့ အဲ့လက်ကောက် ကတကယ်ကံကောင်းစေတာပဲ"

ကျောင်းသားများ အားလုံး အပြင်းအထန်ဆွေးနွေးနေကြစဉ်တွင် တစုံတယောက်က လက်ကောက်အကြောင်းကို အသိပေးလိုက်သောကြောင့် အားလုံး မှတ်မိသွားလေသည်။ ရှုလင်အဖေသည် အဲ့လက်ကောက်၀ယ်လာခြင်းကြောင့် လှောင်ပြောင်ခံရသည်ကို သူတို့ ကြားဖူးကြလေသည်။ အခုတော့ ထိုလက်ကောက်မှ အမှန်တကယ်ပင်ကံကောင်းစေသည်ဆိုပြီး သူတို့ထင်နေကြလေသည်။

" ရှုလင်ရဲ့ လက်ကောက်အစွမ်းကြောင့်သာ သူတို့ တောနက်ဧရိယာထဲမှာ ဒီလောက်ကြာကြာနေနိုင်ကြတာဖြစ်မယ်"

ကျောင်းသားအများစုမှာ မနာလိုဖြစ်နေကြပြီး သူတို့တွင်ထိုလက်ကောက်လိုမျိုး ပစ္စည်း လိုချင်နေကြလေသည်။

နည်းပြရှန်းလည်း အစတုန်းက သံသယတွေရှိခဲ့သော်လည်း ကျောင်းသားတယောက်ပြောသောလက်ကောက်အကြောင်းကြားမိသောအခါမှ သူလည်း သဘောပေါက်သွားခဲ့သည်။

တချို့သော ပစ္စည်းများသည် လူတယောက် ၏ကံကြမ္မာကို မြှင့်တင်ပေးသော်လည်း ထိုကဲ့သို့ပစ္စည်းများမှာလည်း အလွန်ပင်ရှားပါးလေသည်။ရှုလင်တွင်ထိုကဲ့သို့ ပစ္စည်းရှိမည် သူမထင်ထားခဲ့ပေ။

သူကျိုးဟောင်အကြောင်း တွေးနေသည်မှာလည်း ပျောက်ကွယ်သွားလေသည်။

သိပ်မကြာခင်မှာပဲ ရှုလင် နဲ့ ကျိုးဟောင်တို့၏ ကံကောင်းခြင်းများ ကုန်ဆုံးသွားခဲ့လေသည်။သူတို့သည် အလယ်အလတ်အဆင့် နတ်ဆိုးစစ်သူကြီး တကောင်နှင့် ရင်ဆိုင်တွေ့ပြီး တချက်တည်းဖြင့် ရှင်းလင်းခံလိုက်ရလေသည်။

ကျောင်းသားများလည်း ထိုအချိန်မှ သက်ပြင်းချနိုင်ကြလေသည်။

"သူတို့နောက်ဆုံးတော့ ရှင်းလင်းခံလိုက်ရပြီ"

" စုစုပေါင်း ၂နာရီနဲ့ ၁၇မိနစ်။ ဒီစံချိန်ကို ဘယ်သူ့မှ မချိုးနိုင်မှာ ငါစိုးရိမ်မိတယ်"

"အတော် အထင်ကြီးဖို့ကောင်းတယ်။ ကံ‌ကို အမှီပြုပြီး ဒီလောက်ထိလုပ်နိုင်လို့မယ် ငါမထင်ခဲ့ဘူး"

"ငါ့မှာသာ ဒီလို ကံမျိုး ရှိခဲ့ရင်...."

" တယောက်ယောက်များ သိကြလား။ ယန်ကျင်းထူးချွန်ကျောင်းသားတွေရဲ့ ကြာချိန်ကို"

ယွမ်ချန်း၊ ယွင်ယန်နှင့် အခြား ယန်ကျင်းကျောင်းသားများအားလုံး အသံတိတ်နေကြလေသည်။

ယန်ကျင်းလေ့ကျင့်ရေးစခန်းရဲ့ အထူးချွန်ဆုံးကျောင်းသားတောင်မှ ၂နာရီနဲ့ ၃မိနစ်အထိသာ စံချိန်တင်ထားနိုင်ခဲ့သည်ကို သူတို့သေချာ နားလည်လေသည်။

အကြောင်းမှာ ပုံရိပ်ယောင်အခန်းထဲတွင် အချိန် ၂နာရီကျော်သွားပါက အလယ်အလတ်အဆင့် နတ်ဆိုးစစ်သူကြီးများသာ ကျန်ရှိတော့လေသည်။

အလယ်အလတ်အဆင့် ဆရာသခင် တယောက် ကသာ ထို နတ်ဆိုးစစ်သူကြီးများကို ကိုင်တွယ်နိုင်လေသည်။

"သိုင်းပညာရှင် အဆင့်တောင်မရောက်သေးတဲ့ ကျောင်းသား၂ယောက်ကို ရှုံးလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"

ယွမ်ချန်းက ငြီးတွားလိုက်လေသည်။

လိန်ကျင်းဖုန် နှင့် ဖန်းယွီ တို့၏ အမူအရာများတော်တော်ပျက်နေကြလေသည်။

" ဒါက ကံကောင်း လို့ပါ။ တကယ့်တောနက်ဧရိယာထဲက မျိုးနွယ်ခြားသတ္တဝါတွေနဲ့ ရင်ဆိုင်ရရင် ကံတရားက အသုံး မ၀င်ဘူး"

သူတို့နှစ်ယောက် ကအေးစက်စွာပြောလေသည်။

"ကံတရားက တခါတရံတော့ အင်အားရဲ့ အစိတ်အပိုင်းတခုပဲ။ တကယ်လို့ ငါတို့လူသားမျိုးနွယ်ရဲ့ အထွဋ်အထိပ် ကျွမ်းကျင်သူသာ ကံကောင်းခဲ့မယ်ဆိုရင် သူတိုက်ပွဲမှာ ကျရှုံးခဲ့မှာ မဟုတ်ဘူး"

ယွင်ယန်က သူ၏ခေါင်းကို ခါပြီးပြောလေသည်။

ဖန်းယွီ နှင့် လိန်ကျင်းဖုန် တို့လည်း နှုတ်ခေါင်းကို ရှုတ်ပြီး ဘာမှ ဆက်မပြောကြတော့ပေ။

ကလစ်

ကျိုးဟောင် နှင့် ရှုလင် တို့၏ ပုံရိပ်ယောင် ခန်းမငယ်လေးများ ပွင့်လာခဲ့လေသည်။

သူတို့နှစ်ယောက်ထွက်လာကြသောအခါ ကျောင်းသားအားလုံးမှာ သူတို့ နှစ်ယောက်အားဝိုင်းကြည့်နေကြလေသည်။

"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ"

ရှုလင်မှာ အံအားသင့်သွားလေသည်။

ကျောင်းသားများမှာ သူတို့အားပြုံးပြပြီး လက်မများထောင်ပြနေကြလေသည်။

"မိုက်တယ် ရှုလင်ရေ"

" ကျိုးဟောင်ရေ ငါတကယ် အထင်ကြီးသွားပြီဟေ့"

" အထင်ကြီးစရာပဲဟေ့"

ကျောင်းသားများက ဝိုင်း၀န်းချီးကျူးနေကြလေသည်။

သူတို့ မျက်စိနဲ့ ကြုံတွေ့ရမှသာ ကျိုးဟောင် နှင့် ရှုလင်တို့ရဲ့ ကံကြမ္မာ ကို ယုံသွားကြလေသည်။

ရှုလင် မှာ ဘာတွေ ဖြစ်ပျက်နေလဲ နားမလည်နိုင်ဖြစ်နေလေသည်။ ကျိုးဟောင်မှာ ဘာတွေဖြစ်နေလဲဆိုတာ နား လည်ပေမဲ့ မသိသလိုသာ ဟန်ဆောင်နေခဲ့လေသည်။

နည်းပြရှန်း က လျှောက်လာခဲ့ပြီး သူတို့ကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး

" မင်းတို့နှစ်ယောက် မဆိုးဘူး။ အရမ်းလည်းထူးချွန်တယ်။ မင်းတို့နှစ်ယောက်က စံချိန်ချိုးနိုင်ရုံသာမက အမှတ်စာရင်းမှာ ပထမနေရာ ရခဲ့တာပဲ။ ဒီလိုပဲ ဆက်ကြိုးစားကြ" ဆိုပြီးပြောလေသည်။

"ငါကျောင်းသားတွေ ရည်းစားထားတာကို မပိတ်ပင်ပါဘူး။ ဒါပေမဲ့ မင်းတို့ အပြုအမူလေးတွေတော့ သတိထားစေချင်တယ်" ဆိုပြီး စနောက်လိုက်လေသည်။

..............................................................................

အခန်း (၆၈) ပြီးပါပြီ။

အခန်း (၆၉) : တောနက်ကြီးဆီသို့

ထိုစကားကိုကြားလိုက်သောအခါ ရှုလင်၏မျက်နှာလေး မှာ ရဲသွားလေသည်။

သူတို့တောနက်ဧရိယာထဲတွင် လုပ်ခဲ့သော အရာများကို နည်းပြရှန်းတို့ မြင်ခဲ့လိမ့်မည်ဆိုတာ သူမနားလည်လေသည်။ ထိုအခိုက်အတန့်တွင် သူမှာ ရှက်လွန်း၍ တွင်းတစ်တွင်းထဲသာ ၀င်ပုန်းနေချင်လေတော့သည်။

"နည်းပြ...ဒါက ဆရာထင်သလိုမဟုတ်ပါဘူး။ ကျွန်မနဲ့ ကျိုးဟောင်က ဒီ..ဒီ အတိုင်း သာမန်သူငယ်ချင်းတွေပါ"

သူမက ရှက်သွေးဖြာနေပြီး ပြန်ရှင်းပြနေလေသည်။

"ငါ သိပါပြီ ။သိပြီ"

နည်းပြရှန်း က ချက်ချင်းပြန်ဖြေခဲ့ပြီး အကျယ်ကြီး ထရယ်လေသည်။ ကျောင်းအုပ်ကျန်းနှင့် ဌာနမှူးများမှာလည်း ပြုံးစိစိဖြစ်နေကြလေသည်။

ယန်ကျင်းလေ့ကျင့်ရေးစခန်းတွင်...

နည်းပြချုပ် ချန်းမှာ လျှပ်စစ်ဖန်သားပြင်ရှေ့တွင် ထိုင်ကာ သက်ပြင်းချလျက် စနစ်က ပို့လာမည့် အသိပေးစာကို စောင့်နေလေသည်။

"နည်းပြရှန်းက အရမ်းတဇွတ်ထိုးလုပ်တာပဲ။ ပါရမီရှင်တွေကို ဖြည်းဖြည်းနဲ့မှန်မှန်လေ့ကျင့်ပျိုးထောင်ပေးရမယ်ဆိုတာကို ဒီကောင်နားမလည်ဘူးလား"

နည်းပြချုပ်မှာ တယောက်ထဲရေရွတ်နေလေသည်။

ရှန်းကျင့်သည် ဟွာတုန်းမြို့ကို သွားရသည့်အကြောင်းအရင်းကို သူသေချာသိသည်။ ရှန်းကျင့်သည် ယန်ကျင်းလေ့ကျင့်ရေးစခန်းတွင် အချိန်အတော်ကြာနေခဲ့ပြီး ပြဿာနာမျိုးစုံတိုးလာခဲ့ပြီး မဖြေရှင်းနိုင်သေးသည်ကို သူမြင်‌တွေ့လာခဲ့သည်။ ထို့ကြောင့် လေ့ကျင့်ရေးစခန်း‌အသစ်တခုကို ထပ်မံ တည်ထောင်ချင်ခဲ့သည်။

ဒါ့ကြောင့်ပဲ နည်းပြချုပ်ချန်းက ရှန်းကျင့် လိုအပ်သမျှကို အလုံးစုံ ထောက်ပံ့ပေးနေခြင်းဖြစ်လေသည်။

ယခုတွင်မူ ရှန်းကျင့်သည် အလွန်စိတ်မရှည်ဖြစ်နေပုံရပြီး ယန်ကျင်းလေ့ကျင့်ရေးစခန်းမှာဖြစ်သကဲ့သို့ပင် ပါရမီရှင်ကျောင်းသားများအား အလောတကြီး ရှာဖွေနေပုံရသည်ဆိုပြီး နည်းပြချုပ်ကထင်နေခဲ့လေသည်။

ဒီ.......

ရုတ်တရက်ဆိုသလို အချက်ပေးသံ၀င်လာခဲ့သည်။

" စနစ်ရဲ့ စစ်ဆေးချက်အရ ချူမြို့ အထက်တန်းကျောင်းက လူသစ်စံချိန်ချိုးသည့်မှတ်တမ်းတွင် သံသယဖြစ်စရာအချက်အလက်မရှိပါ။ ထိုစံချိန်မှာ တရားဝင်ဖြစ်ပါသည်။"

ထိုအသံကိုကြားလိုက်သောအခါ နည်းပြချုပ်ကျန်းမှာ အံ့ဩသွားလေသည်။

ပုံရိပ်ယောင်လေ့ကျင့်ရေး၏ ပထမဆုံးနေ့မှာတင် ကျိုးဟောင် နှင့် ရှုလင်မှာ ရေပန်းအစားဆုံးဖြစ်ခဲ့လေသည်။ သို့သော် ကျိုးဟောင်မှာ ဂရုမစိုက်ပေ။ ရှုလင်ကတော့ နည်းပြရှန်းစကားကြောင့်ရှက်ပြီး ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ခဲ့ပေ။

ကျောင်းဆင်းတော့လည်း သူမ သည် ကျိုးဟောင်အား လျစ်လျူရှုကာ အရင်အိမ်ပြန်သွားလေသည်။ဒါ့အပြင် သူမသည် ကျိုးဟောင်ကို သူစိမ်းကဲ့သို့ မသိချင်ယောင်ဆောင်ကာ ဘာစကားမှ မပြောခဲ့ပေ။

မြို့၏တောင်ဘက်ကာကွယ်ရေးစည်းနားတွင်...

အဆင့်မြင့်နတ်ဆိုးစစ်သူကြီးများနှင့် အင်းစက်ပိုးကောင်များသည် ဟော့ပေါ့အိုးထဲပြုတ်ကျသော ပုရွက်ဆိတ်များကဲ့သို့ပင် အသဲအသန်အသက်လုပြေးနေကြလေသည်။

အနီချပ်၀တ်နှင့် ကျိုးဟောင်မှာ ထိုအခြင်းအရာကြောင့် ခေါင်းကို ခါရမ်းနခဲ့သည်။ ထို့နောက် သူသည် ထုံးစံအတိုင်း ဖန်သားပြင်သို့ ကြည့်လိုက်သည်။

ကံကြမ္မာအမှတ် : ၈၃၇,၁၀၀ ( လက်ရှိအဆင့်: ကြွယ်၀များ‌ပြားသော ကံကြမ္မာအဆင့်)

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျိုးဟောင်သည် ကျောင်းဆင်းတိုင်း တောနက်ဧရိယာထဲသို့လာကာ နတ်ဆိုးစစ်သူကြီးမျိုးစုံအား သတ်ဖြတ်နေခဲ့လေသည်။ သို့သော်လည်း သူ၏ကံကြမ္မာ အမှတ်များစုဆောင်းနှုန်းမှာတော့ နှေးနှေးလာခဲ့လေသည်။

အဓိကအကြောင်းအရင်းကတော့ သူသည် အလွန်သန်မာလာပြီး နတ်ဆိုးသားရဲများကိုအလွန်လျင်မြန်စွာ သုတ်သင်လိုက်သောအခါ အဆင့်မြင့်နတ်ဆိုးစစ်သူကြီးအများအပြားနှင့် အင်းစက်ပိုးကောင်များမှာ ကြောက်လန့်ပြီး ထွက်ပြေးသွားလေသည်။ တောနက်ဧရိယာထဲတွင် အဆင့်နိမ့်နတ်ဆိုးစစ်သည်များလောက်သာကျန်ရစ်ခဲ့လေသည်။

"ငါ အမှတ်တသန်းပြည့်ဖို့ နောက်ထပ် အမှတ်တသိန်းလောက်ထပ်စုဖို့လိုသေးတယ်"

ကျိုးဟောင်သည် ၀ယ်ယူခြင်းအပိုင်းကိုဖွင့်လိုက်ပြီး ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာရှိသောစာမျက်နှာကို ကြည့်နေလေသည်။ သူသည် ငွေရောင်သေတ္တာကို ဖွင့်သင့် မဖွင့်သင့် ချီတုံချတုံဖြစ်နေလေငည်။ လက်ရှိအခြေအနေအရ အမှတ်၁သိန်းရအောင် စုဖို့လည်း အချိန်အရမ်းကြာနိုင်သည်။

အချိန်အတော်အကြာစဉ်းစားပြီးနောက် သူ၏ကံကြမ္မာအမှတ်တွေကို သုံးပြီး ငွေရောင်သေတ္တာကို ဖွင့်မည့်အစီအစဉ်အား လက်လျော့လိုက်သည်။ သူပိုကောင်းတာလိုချင်ရင် စိတ်ရှည်ရမည် ဆိုပြီး ဆုံးဖြတ်ခဲ့သည်။

"ငါအရင်ဆုံး အဆင့်မြှင့်တင်တာပဲကောင်းမယ်"

ထို‌သို့တွေးပြီး ကျိူးဟောင်က သူ၏ ကိုယ်ရေးစာမျက်နှာကို ကြည့်လိုက်သည်။

အဆင့် : ၁၁၇၃၀ / ၁၀,၀၀၀,၀၀ (ငွေရောင်အဆင့်)

သူချက်ချင်းပဲ ယွမ် သန်း၅၀ဖြည့်လိုက်လေသည်။သူ့အကောင့်ထဲက လက်ကျန်ငွေက ချက်ချင်း ၅၁၀,၀၀၀ ကောင်းကင်ဘုံဒင်္ဂါးပြားများ ဖြစ်သွား‌‌လေသည်။

ကောင်းကင်ဘုံဒင်္ဂါးပြားတွေ အများကြီးရှိပုံရသော်လည်းထိုငွေပမာဏသည် သူ့အတွက် လျှို့ဝှက်ဆန်းကြယ်သေတ္တာတစ်ရာကို ဝယ်ဖို့တောင် မလုံလောက်ခဲ့ပေ။

ထို့နောက်ကျိုးဟောင်က ငွေရောင်သေတ္တာကို ၁၀ခုဆက်တိုက်ဖောက်လိုက်လေသည်။ အကုန်လုံးက သူထင်ထားသလို နှင်းဆီပွင့်များနှင့် ကောင်းကင်ဘုံဒင်္ဂါးပြားများသာဖြစ်နေခဲ့သည်။

သို့သော်လည်း သူ့အကောင့်ထဲတွင် နှင်းဆီပွင့်များ အနည်းဆုံး အပွင့် ၅၀လောက်ရှိလာလေသည်။

"ဒီဆော့လ်ဝဲလ်က တော်တော်ပရိယာယ်များတာပဲ။ "

သူသက်ပြင်းချလိုက်လေသည်။ကံကြမ္မာအမှတ်တွေသာမရှိ သူလည်း အခြားအသုံးပြုသူတွေလို လှည့်စားခံနေရမှာပဲ တွေးနေခဲ့သည်။

နောက်တကြိမ်ထပ်လှည့်ပြီးသည့်တိုင်အောင် ကျိုးဟောင်သည် ကောင်းတာ တခုမှ မရရှိပေ။ ဒါကြောင့် သူရပ်တန့်လိုက်သည်။ သူသည် အဆင့်မြှင့်တင်ချင်ယုံသာဖြစ်ပြီး ပိုက်ဆံမဖြုန်းတီးလိုပေ။ ထိုပိုက်ဆံများကို သူခက်ခက်ခဲခဲ ရှာထားခဲ့ရခြင်းဖြစ်လေသည်။

သူသစ်ပင်ပေါ်က ခုန်ချလိုက်ပြီးနောက် တောနက်ဧရိယာကြီးအား လှည့်ကြည့်နေခဲ့သည်။ သူသည် ခေါင်းကိုခါခဲ့ပြီး နောက်ရက်အနည်းငယ်လောက်အကြာတွင် တောနက်ကြီး၏ပိုနက်သော အပိုင်းသို့သွားရန်ဆုံးဖြတ်လိုက်သည်။

ဟွာတုန်းမြို့၏အရှေ့ပိုင်းခရိုင် အဓိကစစ်ဌာနချုပ်တွင်.....

"ဘာ.....စီနီယာကျိုး ဟိုးတောအနက်ကြီးထဲကို သွားချင်လို့ဟုတ်လား"

စစ်သေနာပတိချုပ်ကျောက်မှာ ကျိုးဟောင်၏စကားကိုကြားသောအခါ စိုးရိမ်တကြီးပြန်မေးလေသည်။

"တခုခုအဆင်မပြေတာများရှိလို့လား"

ကျိုးဟောင်လည်း စစ်သူကြီးကျောက်ကို ကြည့်ပြီးအံ့ဩသွားလေသည်။

"စီနီယကျိူး ဒီတောနက်ကြီးရဲ့ အနက်ဆုံးအပိုင်းရဲ့အလွန်ကြောက်မက်ဖွယ်ကောင်းတယ်။အဲ့မှာ အရှင်သခင်အဆင့် နတ်ဆိုးမိစ္ဆာတွေ အင်းစက် ပိုးကောင်ကြီးအပြင် စက်ယန္တရားမျိုးနွယ်တွေပါရှိနေကြတယ်။ စီနီယာကြီး တယောက်ထဲသွားဖို့က အလွန်အန္တရာယ်များလှတယ်"

စစ်သူကြီးကျောက်က အလျင်အမြန်ပြန်ဖြေလေသည်။

" ငါဘာလုပ်ရမလဲသိပါတယ်။ မင်းသာငါ့ကို တိကျတဲ့မြေပုံအညွှန်းထောက်ပံ့ရင် အဲ့ အန္တရာယ်ဧရိယာတွေကို ငါရှောင်သွားနိုင်မှာပေါ့"

ကျိုးဟောင်ကလည်းမျက်မှောင်ကြုတ်ပြီးပြန်ပြောလေသည်။

"စီနီယာကျိုး ငါ့မှာသာ ရှင်းလင်းတဲ့မြေပုံရှိရင် သင့်ကိုပေးခဲ့တာကြာပါပြီ။ ဒါပေမဲ့ တောနက်ကြီးရဲ့အနက်ဆုံးအပိုင်းက အလွန်အန္တရာယ်များလှပြီး တနှစ်ပတ်လုံး စွမ်းအင်လှိုင်းတွေ ကာရံထားတာကြောင့် ကျွန်တော့်ထောက်လှမ်းရေးစက်တွေနဲ့လည်း ထောက်လှမ်းဖို့ မလွယ်ခဲ့ဘူး။ ဒါ့အပြင် ပုံမှန်အခြေအနေတွမှာဆို ထိုအနက်ဆုံးနေရာကို မသွားဖို့ ပိတ်ပင်ထားပါတယ်"

စစ်သူကြီးကျောက်က ရှင်းပြလေသည်။

" စီနီယာကျိုးအနေနဲ့ အနက်ရှိုင်းဆုံးနေရာကို သွားဖို့ မဖြစ်နိုင်ပါဘူး။ အဲ့ဒီအစား ဟွားနန်မြို့ကို ပြောင်းပေးပါ့မယ်။ အဲ့မှာ အန္တရာယ်ကြီးမားသောနေရာတွေကို ထောက်လှမ်းမိထားခဲ့တယ်"

စစ်သူကြီးကျောက်ကဆက်ပြောလေသည်။

ထိုစကားကိုကြားသောအခါ ကျိုးဟောင်ကခေါင်းခါလိုက်ပြီး

" ဟွားနန် မြို့ကဝေးလွန်းတယ်။ ထားလိုက်တော့" ဟုပြန်ပြောလေသည်။

စစ်သူကြီးကျောက်လည်း သက်ပြင်းရှည်ကြီးချလိုက်လေသည်။ သူသည် ကျိုးဟောင်ကို ဟွားနန်မြို့သို့ မသွားစေလိုပေ။ ဟွာတုန်းမြို့တွင် ယခုကဲ့သို ကျွမ်းကျင်သူတယောက် ရှိနေခြင်းက များစွာအကျိုးရှိလေသည်။

တခြားအရာတွေကို မေ့ထားလိုက်ပြီး ပြီးခဲ့သော ရက်အတွင်းကပင် တောနက်ဧရိယာ‌ထဲရှိ နတ်ဆိုးမိစ္ဆာများကို ကျိုးဟောင်ရှင်းလင်းပေးသောကြောင့် သိုင်းပညာရှင်အဖွဲ့များအပေါ် ကျရောက်နေသော ဖိအားများလျော့သွားလေသည်။

"ဒါနဲ့နေပါဦး တခြား မဟာဆရာသခင်တွေကို မတွေ့ပါလား။ ဘယ်တွေရောက်နေကြလဲ"

ကျိုးဟောင်ကမေးလိုက်လေသည်။

……….............................................................................

အခန်း(၆၉)ပြီးပါပြီ။

All Chapters