← Chapters

အခန်း ၇၆-၇၈

Vol. 6 Ch. 76-78

အခန်း ၇၆-၇၈

Vol. 6 Ch. 76-78

အခန်း (၇၆) : အမှောင်နတ်ဘုရားများ၏ပုန်းခိုရာကို ရှာတွေ့ခြင်း

"ကျန်းယိ ငါတို့ တချက်လှည့်ပတ်ကြည့်ရအောင်"

ကျန်းယိက ခေါင်းညိတ်လိုက်ပြီး ကျိုးဟောင်နှင့် အတူ လူနေထူထပ်သော အိမ်ယာများဘက်လို့ထွက်လာခဲ့သည်။

တံခါး၀တွင်ရှိသော အစောင့်များမှာ လုံခြုံရေး မတင်းကျပ်သောကြောင့် သူတို့သည် အခြားအိမ်ယာများသို့ ချောချောမွေ့မွေ့၀င်ရောက်သွားလာနိုင်ခဲ့သည်။

အိမ်ယာ၏လမ်းတလျှောက် တွင် ၅ မိနစ် ၆မိနစ်ခန့်လောက် လမ်းလျှောက်ပြီးနောက် သူတို့၂ယောက်သည် မြင့်မားသော အဆောက်အအုံကြီးအောက်သို့ ရောက်ရှိသွားလေသည်။

"ကျိုးဟောင် ငါတို့ဒီအဆောက်အအုံထဲ ၀င်ရှာကြည့်ကြမလား"

ကျန်းယိကမေးလိုက်သည်။

" ဒီမှာပဲ စောင့်ရအောင်"

ကျိုးဟောင်က ပြန်ဖြေလိုက်သည်။

နာရီ၀က်လောက်ကြာချိန်တွင် အခြားကျောင်းသားအဖွဲ့များသည် သူတို့အတွက်သတ်မှတ်ပေးထားသော အိမ်ရာဧရိယာများကိုရှာဖွေခြင်းပြီးဆုံးကြပြီး အခြား ‌အပိုင်းများကို စတင်စစ်ဆေးဖို့ ပြင်ဆင်နေကြလေသည်။

"ကျိူးဟောင် ငါတို့ဒီမှာစောင့်နေတာကြာလှပြီ။ တခြားတနေရာသွားစစ်ရအောင် "

ကျန်းယိက စိတ်မရှည်တော့ဘဲ ကျိုးဟောင်အားပြောလေသည်။သူသည် အရမ်းစိတ်လောနေပြီး ထိုနေရာတွင် အကြာကြီးစောင့်နေခြင်း ကျိုးဟောင်အပေါ်သူယုံကြည်၍ဖြစ်သည်။

ကျိုးဟောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အလိုလိုသိစိတ်ကပင် မှားယွင်းနေသလား ပြန်တွေးမိသည်။

"သွားကြရအောင်"

ကျိုးဟောင်သည် ခဏလောက်တုံ့ဆိုင်းနေပြီးနောက်သက်ပြင်းချပြီးပြောလိုက်သည်။သူတို့နှစ်ယောက် ဒီနေရာတွင် အချိန်အတော်ဖြုန်းလိုက်မိကြလေသည်။

ကျိုးဟောင်သူ လှည့်ထွက်ဖို့ ဟန်ပြင်လိုက်ပြီးနောက် သူ၏ခြေလှမ်းများမှာ ရပ်တန့်သွားခဲ့သည်။

"တခုခုတော့မှားနေပြီ"

"ဘာမှားနေတာလဲ"

ကျန်းယိက စဉ်းစားမရဖြစ်ပြီး ပြန်မေးလိုက်သည်။

"ကျန်းယိ ဒီနေရာက အရမ်းတိတ်ဆိတ်နေတယ်မထင်ဘူးလား"

ကျိုးဟောင်က ပတ်ပတ်လည်ရှိ အဆောက်အအုံများကိုကြည့်ရင်းပြောလိုက်သည်။

"မင်းပြောတာဟုတ်တယ်။ ဒီနေရာက လူနေထပ်ထူတဲ့ အိမ်ရာဖြစ်ပြီး ဒီမှာ လူဦးရေအများအပြားနေထိုင်ကြတယ်။ အခုက အလုပ်ချိန်ဖြစ်နေတာကြောင့် ဒီအိမ်ရာကလူတွေ အလုပ်ခွင်ရောက်နေလို့ ပြန်မရောက်ကြသေးတာ ဖြစ်မယ် "

ကျန်းယိလည်း အံ့ဩစွာပြန်ပြောလိုက်သည်။

"အလုပ်ချိန်မို့လို့ အိမ်ရာထဲမှာ လူအနည်းငယ်ပဲရှိနိုင်တယ်ဆိုတဲ့အဖြေက နည်းနည်းချဲ့ကား‌ပြောသလိုဖြစ်နေပြီ။ ငါတို့ ဒီနေရာမှာ နာရီ၀က်ကျော်လောက်ရှိနေခဲ့တာတောင် လူတယောက်တောင်မှ မမြင်မိခဲ့ဘူး"

ကျိုးဟောင်က ခေါင်းခါပြီးပြောသည်။

မြို့တော်၏မြေတစ်လက်မကတောင် တန်ဖိုးရှိပြီး ယခုလို တိုးတက်ထွန်းကားသော ရပ်ကွက်မှာ လူတွေစည်ကားနေသင့်လေသည်။ဒီလိုမျိုး တိတ်ဆိတ်ခြောက်ကပ်မနေသင့်ပေ။

ကျိုးဟောင်က သူ၏မျက်လုံးများကိုမှေးလိုက်ပြီး သူ့ကိုယ်တွင်းတွင် သွေးအနှစ်သာရကို ဖြည်းညှင်းစွာလှည့်ပတ်လိုက်ကာ စွမ်းအားကြီးသော‌အရှိန်အဝါကိုထုတ်လွှတ်လိုက်သည်။

ထိုအရှိန်အဝါသည် ကျန်းယိအနားတွင် လှည့်ပတ်ပြီးနောက် အဘက်ဘက်သို့ပျံ့နှံ့သွားလေသည်။

"ဟမ်...."

သူ့အရှိန်အဝါပျံ့နှံ့သွားပြီးနောက်ပြီးနောက် ကျိုးဟောင်သည် တက်လိုက်ကျလိုက်ဖြစ်နေသော စွမ်းအင်တခုကို အာရုံခံမိလေသည်။

ထိုစွမ်းအင်အတင်အကျမှာ အလွန် မှေးမှိန်လေသည်။ သူ၏ပြီးပြည့်စုံပြီး အပြစ်အနာအဆာမရှိသော အရှိန်အဝါကြောင့်သာ မဟုတ်ရင် ထို စွမ်းအင်လေး အာရုံခံနိုင်ဖို့ အတော်ပင်ခက်ခဲနိုင်လေသည်။

" ကျန်းယိ ဒီအဆောက်အအုံထဲ အရှိန်ပြင်းပြင်းနဲ့ ပြေး၀င်သွားလိုက်ပါ"

ကျိုးဟောင်က အသက်ပြင်းပြင်းရှူပြီးနောက် ကျန်းယိအားပြောလိုက်သည်။

ကျိုးဟောင်နောက်ပြောင်ခြင်းမဟုတ်သည်ကို သူမြင်လိုက်သောအခါ အံကြိတ်ပြီးအရှိန်အဟုန်အပြည့်ဖြင့်အဆောက်အအုံထဲသို့ ပြေး၀င်သွားသည်။

ဘမ်း.......

ကျန်းယိသည် အဆောက်အအုံထဲသို့ ခုန်၀င်လာသောအသံကြီးမှာ ပျံ့နှံ့သွားခဲ့သည်။ကျိုးဟောင်က ဟန်ချက်ပျက်သွားသော ကျန်းယိကို လှမ်းဆွဲလိုက်လေသည်။

"ကျန်းယိ အဆင့်မှီချပ်၀တ်ကို အသက်သွင်းလိုက်တော့"

ကျိုးဟောင်က အလောတကြီး သတိပေးလိုက်သည်။

ကျန်းယိမတုံ့ပြန်နိုင်ခင်မှာပဲ အသွင်ပြင်တချို့သည် မှုန်ပြပြအလင်းရောင်နှင့်အတူ အဆောက်အအုံထဲမှ ခုန်ထွက်လာကြလေသည်။

ဝှစ် ဝှစ် ...

မြှားကဲ့သို့အေးစက်စက် အလင်းတန်းများ သူတို့နားမှဖြတ်သန်းသွားခဲ့သည်။ အဆင့်မှီချပ်၀တ်ကို ၀တ်ဆင်ပြီးသော ကျိုးဟောင်သည် ကျန်းယိအား ဖမ်းဆွဲလိုက်ပြီး အလျင်အမြန် ပြန်ဆုတ်လေသည်။

"ပစ်မှတ်ရှာတွေ့ပြီ။ ပစ်မှတ်ရှာတွေ့ပြီ"

ပြန်ဆုတ်နေရင်းကျိူးဟောင်သည် သူ၏နားကြပ်မှ အကြောင်းကြားနေ‌ခဲ့သည်။ကြိုးမဲ့ဆက်သွယ်ရေးစက်မှ အသံမှာ ဟိန်းထွက်လာခဲ့လေသည်။

" ဘာ တယောက်ယောက်က အမှောင်နတ်ဘုရားအဖွဲ့ကိုရှာတွေ့ခဲ့ပြီလား"

"ဘယ်သူရှာတွေ့တာလဲ"

"အဲ့ဒါ ကျိုးဟောင်ရဲ့ အသံပဲ"

"မကောင်းတော့ဘူး။ သူအဲ့မှာ တိုက်ခိုက်ခံနေရပြီထင်တယ်။ ငါတို့ အမြန်သွားပြီး ကူညီရမယ်"

ကျောင်းသားအားလုံးသည် ကျိုးဟောင်ဆီမှ အသံများကို ကြားပြီး စိုးရိမ်သွားကြသည်။

သို့သော်လည်း သူတို့အားလုံး ကျိုးဟောင် နှင့် ကျန်းယိ ဆီ ကူညီဖို့သွားနေတုန်း၌ပင် ကျိူးဟောင်နှင့် ကျန်းယိတို့၏ တည်နေရာအချက်ပြများပျောက်ကွယ်သွားလေသည်။

ထိုအချိန်တွင် နည်းပြရှန်းသည်လည်း ယွင်ယန်၏စိုးရိမ်တကြီးသတင်းပို့မှုကို ရရှိခဲ့သောကြောင့် စစ်သေပနာပတိချုပ်ကျောက်ဆီ အမြန် သတင်း ပို့လိုက်လေသည်။

တည်းခိုခန်းထဲတွင်.....

"ငါတို့ အမြန်လှုပ်ရှားမှရတော့မယ် ။ ကျောင်းသားတွေက အမှောင်နတ်ဘုရားအဖွဲ့ ပုန်းခိုရာကို ရှာတွေ့သွားပြီ"

" ငါသူတို့ တကယ်ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"အားလုံး မြန်မြန် လုပ်ကြတော့ ပုန်းခိုတဲ့‌နေရာကိုရှာနိုင်ခဲ့တဲ့ကျောင်းသားတွေ အန္တရာယ်တွေ့နေပြီ"

ဝုန်း ဝုန်း ဝုန်း.....

မဟာဆရာသခင်များသည် အထပ်မြင့်တည်းခိုခန်းကြီးကနေ ကျိုးဟောင် နှင့် ကျန်းယိတို့ပျောက်သွားသည့်နေရာသို့ အလျင်အမြန်ထွက်လာခဲ့ကြသည်။

"မ... မဟာဆရာသခင်တယောက်လား"

ယွင်ယန်သည် အသံလှိုင်းပေါက်ကွဲသံများကိုကြားလိုက်ရပြီး အံ့ဩသွားခဲ့သည်။

"ဟားဟား စစ်သေနာပတိချုပ်ကျောက်က အရမ်းအားထားရတာပဲ။ ကျောင်းသားတွေကို ကာကွယ်ဖို့ မဟာဆရာသခင်တွေ လွှတ်လိုက်တာပဲ"

နည်းပြရှန်းမှာ ၀မ်းသာသွားခဲ့သည်။

"လာသွားကြည့်ကြရအောင်။ မဟာဆရာသခင်တွေ အဖွဲ့လိုက် ပတ်ပတ်လည်မှာရှိနေရင် ဒီအမှောင်နတ်ဘုရားတွေဘာမှ တတ်နိုင်မှာ မဟုတ်ဘူး "

သူက စိတ်သက်သက်သာသာအသံဖြင့်ပြောလိုက်သည်။

မဟာဆရာသခင်များသည် မြို့ထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အားအကောင်းဆုံးလူများဖြစ်ကြသည်။ ဒါ့အပြင် ယခုလို ၇ယောက် အဖွဲ့‌လိုက်ရောက်ရှိလာခြင်းကြောင့် ပြိုင်ဘက်သည် အမှောင်နတ်ဘုရားများအဖွဲ့ဖြစ်နေရင်တောင် ထိုမဟာဆရာသခင်များကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

အခြားကျောင်းသားများလည်း ကျိုးဟောင်နှင့် ကျန်းယိ ရှိသည့်နေရာသို့ရောက်လာကြသည်။

ဘမ်း ဘမ်း ဘမ်း....

လူနေအိမ်ရာထဲရှိ အထပ်မြင့်အဆောက်အအုံကြီးဆီမှ ပေါက်ကွဲသံများထွက်လာခဲ့သည်။ အနီးအနားတွေ နေထိုင်သူများမှာ ထိတ်လန့်တကြားထွက်ပြေးနေကြလေသည်။

ယွမ်ချန်း ၊ ရှုလင် နှင့် အခြားကျောင်းသားများကလည်း ထိုနေထိုင်သူများကို ဘေးလွတ်ရာသို့ အလျင်အမြန်ရွှေ့ပြောင်းနေကြလေသည်။

အုန်း.... ဝုန်းးးးး.....

ဟဲ့ပျောင်းနှင့် အခြားမဟာဆရာသခင်များ ထိုလူနေအိမ်ရာသို့ ရောက်ရှိလာခိုက်တွင် ဘဲဥပုံသဏ္ဌာန်အလင်းတန်းတခုသည် လူနေအိမ်ရာ၏အထက်ကောင်းကင်ယံ၌ ပေါက်ကွဲသွားလေသည်။

ထိုအလင်းတန်းမှာ မီးခိုးရောင်အငွေ့အသက်များဖြင့်လွှမ်းခြုံသွားသည်။ မကြာမီပင် ထိုမီးခိုးရောင်အငွေ့အသက်များသည် လူနေအိမ်များနှင့် နီးစပ်ရာ လမ်းမများကို ပျံ့နှံ့ဖုံးအုပ်သွားလေသည်။

ဂါး ဂါး......

မကြာမီပင် ထိုအငွေ့အသက်များနှင့် ထိမိ‌ ရှူမိသော နထိုင်သူများသည် အရေပြားတွင် အစိမ်းရောင် အဖုအပိမ့်များထွက်လာလေသည်။ နောက်ထပ်စက္ကန့်အပိုင်း၌ပင် ထိုသူများ၏ ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များ အဆမတန်ကြီးထွားလာပြီး ထိုလူများသည် ရက်စက်ကြုမ်းကြုတ်သောသတ္တဝါကြီးများအသွင်သို့ပြောင်းလဲသွားလေသည်။

....................................................................................

အပိုင်း(၇၆) ပြီးပါပြီ။

အခန်း (၇၇) : အခု မင်းအလှည့်ပဲ.....

"သတိထားကြ....."

"အမြန်ပြန်ဆုတ်ကြ......"

ရှုလင် ၊ ယွမ်ချန်း နှင့် အခြားလူများသည် နေထိုင်သူများအသွင်ပြောင်းသွားသည်ကို မြင်လိုက်သောအခါ အမူအရာများပြောင်းလဲသွားပြီး စိုးရိမ်တကြီး အော်ဟစ်သတိပေးနေကြသည်။

ကံကောင်းထောက်မစွာဖြင့် ကျောင်းသားအားလုံးသည် နေထိုင်သူများ အသွင်ပြောင်းလဲသွားချိန်တွင် အဆင့်မှီချပ်၀တ်များ ကို အသက်သွင်းပြီးလိုက်အနေအထားရှိသောကြောင့် တိုက်ခိုက်မှု အချို့ကို ခံနိုင်ရည်ရှိခဲ့ကြသည်။

ဟဲ့ပျောင်း နှင့် အခြား မဟာဆရာသခင်များလည်း ထိုအဖြစ်အပျက်များကို မြင်တွေ့လိုက်‌ကြသည်။

"ဒါ .....ဒါက"

" ဒီ လူမဆန်တဲ့ အမှောင်နတ်ဘုရားအဖွဲ့က တိရစ္ဆာန်တွေက တကယ်ကြီး အနုဇီ၀ဗိုင်းရပ်ပိုးတွေကို သုံးတာပဲ"

မဟာဆရာသခင်များဒေါသတကြီး ပြောဆိုနေကြသည်။

သို့သော်လည်း သူတို့ အပြေးအလွှား ဝင်ကူခါနီးတွင် မီးခိုးရောင်လျှပ်စီးကြောင်း စွမ်းအင်များက သူတို့ကို မဝင်ရောက်နိုင်အောင် ပိတ်ဆို့ထားသည်ကို တွေ့ရှိလိုက်ရသဖြင့် တုန်လှုပ်သွားကြသည်။

"မကောင်းတော့ဘူး ဒါက မိုးကြိုးအကျဥ်းထောင်ပဲ"

"ထိုအရာက ဆရာသခင်အဆင့် အထက်လူတိုင်းကို ၀င်‌ရောက်လို့မရအောင် တားထားတာပဲ"

"ချီးပဲ"

ဟဲ့ပျောင်း ၊ ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များမှ စိတ်တိုပြီး စိုးရိမ်နေကြလေသည်။

မိုးကြိုး အကျဉ်းထောင်မှာ စက်ယန္တရားမျိုးနွယ်၏ ကြောက်မက်ဖွယ်ကောင်းသော နည်းပညာတခုဖြစ်သည်။ ထိုအရာက အလွန်အားကောင်းပြင်းထန်သော အလင်းတန်းများကို ကွန်ရက်သဖွယ် ပြုလုပ်ထားပြီး ဆရာသခင် အဆင့် နှင့် အထက် ဖြစ်တည်မှုများကို မ၀င်ရောက်နိုင်အောင် တားမြစ်ပိတ်ပင်ထားနိုင်လေသည်။

ဝုန်း ဝုန်း....

ဟဲ့ပျောင်းသည် သူ့ဓားဖြင့် အကျည်းထောင်၏ အလင်းတန်းစွမ်းအင်များအပေါ် ခရမ်းရောင်လှိုင်းတွန့်လေးထလာသည်အထိ ခုတ်ဖြတ်နေလေသည်။

ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များကလည်း မိုးကြိုးပိုက်ကွန်ကို ဓားဖြင့် ဒေါသတကြီး ခုတ်ဖြတ်နေကြလေသည်။

"မရဘူး မိုးကြိုးအကျဉ်းထောင်က အရမ်း စွမ်းအားကြီးတယ်။ ဒီအရာကို အထဲကနေပဲ ချိုးဖြတ်လို့ရမယ်"

ဟဲ့ပျောင်း ခေါင်းခါပြီးပြောလိုက်သည်။

" ဒီလိုအခြေအနေဖြစ်လာမှတော့ ဆရာသခင်အဆင့်ရှိသူတွေကို အမြန်စုပြီး ဒီကျောင်းသားတွေကို ကူညီဖို့ စေလွှတ်ရမယ် "

ကျန်းဟုန်က အော်ပြောလိုက်သည်။

မဟာဆရာသခင်များလည်း တယောက်ကို တယောက်ကြည့်လိုက်ကြပြီး စစ်သေနာပတိချုပ်ကျောက်ဆီသို့ အခြေအနေအမှန်ကို သတင်းပို့လိုက်ကြသည်။

ရှန်းကျင့်သည် ထိုသတင်းကို ပထမဆုံးကြားလိုက်သောအခါ သူ၏တည်ငြိမ်နေသော စိတ်သည် ချက်ချင်းစိုးရိမ်ပူပန်မှုသို့ပြောင်းသွားလေသည်။

" ဘာ မိုးကြိုးအကျည်းထောင် ဟုတ်လား။ ဒါဆို မကောင်းတော့ဘူး။ ကျိုးဟောင် ၊ ကျန်းယိ နဲ့ ယွမ်ချန်းတို့ အန္တရာယ်ရှိနေပြီ"

သူဘာမှ မစဉ်းစားနိုင်တော့ပဲ အလျင်အမြန် သွားဖို့ကြိုးစားလေသည်။

မိုးကြိုးအကျည်းထောင်မှာ မဟာဆရာသခင်များကိုသာ တားဆီးနိုင်ပြီး သူတို့ထက် အဆင့်နိမ့်သူများကတော့ အလွယ်တကူပင် ၀င်ရောက်နိုင်လေသည်။

ထိုအချိန်တွင်.....

မြင့်မားသော အဆောက်အအုံကြီးရှေ့ ၌ ရာနဲ့ချီသော အမှောင်နတ်ဘုရားအဖွဲ့၀င်များသည် ကျိုးဟောင်တို့အား ဝိုင်းရံထားလေသည်။သူတို့ဘေးတွင်တော့ အလောင်းများ နေရာအနှံ့ပျံ့ကြဲနေလေသည်။ ထိုအလောင်းများသည် ဆရာသခင်အဆင့်ရှိသော အမှောင်နတ်ဘုရားအဖွဲ့၀င်များဖြစ်လေသည်။

ပုရွက်ဆိတ်သာသာလောက်သာ ထင်မှတ်ထားသောကျောင်းသား နှစ်ယောက် က ၁၀ စက္ကန့်အတွင်းရာနှင့်ချီသော ဆရာသခင်အဆင့် ကျွမ်းကျင်သူများကို သတ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ပေ။

ကျိုးဟောင်သည် သတိလစ်နေသော ကျန်းယိကို မြေပေါ်တွင် ချထားလိုက်ပြီး ဆရာသခင်အဆင့်ရှိသူများအဖွဲ့လိုက်ကို ဂရုမစိုက်သလို ကြည့်နေလေသည်။

အမှောင်နတ်ဘုရားအဖွဲ့သည် ကျွမ်းကျင်သူများကိုတောင် နာမည်ကြားရုံနှင့် ထိတ်လန့်သွားစေနိုင်သည့် အဖွဲ့အစည်းမျိုးဖြစ်လေသည်။

ထိုအဆောက်အအုံအမြင့်ကြီးထဲတွင် ဆရာသခင်အဆင့်အမှောင်နတ်ဘုရားအဖွဲ့၀င်များ ရာနှင့်ချီပုန်းခိုနေကြပြီး ထိုပမာဏသည် မဟာဆရာသခင်တယောက်အတွက်တောင် ခံတပ်ပမာဖြစ်နေလေသည်။

" ကျွတ် ကျွတ် ချူမြို့ အထက်တန်းကျောင်းမှာ ပုန်းကွယ်နေတဲ့ ပါရမီရှင်ထူးချွန်ကျောင်းသားက မင်းဖြစ်နေတာလား ကျိူးဟောင်"

ရာနှင့်ချီသော အမှောင်နတ်ဘုရားအဖွဲ့၀င်များနောက်တွင် ရပ်နေသော ကြေးနီရောင်မျက်နှာဖုံးနှင့် လူကပြောလိုက်သည်။

" မင်းက တကယ်ကြီး ငါတို့‌ပုန်းနေတဲ့နေရာကို ရှာနိုင်ခဲ့တာပဲ။ ဘယ်လောက်အံ့ဩဖို့ကောင်းလဲ"

ထိုလူကဆက်ပြောနေလေသည်။

" လေကုန်ခံမနေနဲ့တော့။ ငါ ဘယ်သူလဲဆိုတာ မင်းသိနေတဲ့ အတွက် ဒီနေ့ မင်းရဲ့သေနေ့စေ့ပြီ။ နောက်နှစ်ဒီအချိန်က မင်းရဲ့သေဆုံးကြောင်းနှစ်ပတ်လည်နေ့ ဖြစ်စေရမယ်ကွ....."

ကျိုးဟောင်က အစုအဖွဲ့ကို စိုက်ကြည့်လိုက်ပြီး ကြိမ်းဝါးလိုက်သည်။ကျိုးဟောင်စကားဆုံးသည်နှင့် သူသည်နေရာမှ ပျောက်ကွယ်သွားလေသည်။

"အားလုံး သတိထားကြဟေ့...."

သတိပေးသံများထွက်ပေါ်လာသော်လည်း ဓားချက် ၇ချက်လင်းခနဲ ထွက်ပေါ်လာခဲ့ပြီး ဆရာသခင်

အဆင့်အမှောင်နတ်ဘုရား၇ယောက်လဲကျသွားလေသည်။

ဝှစ် ဝှစ် ဝှစ်.....

ကျိုးဟောင်သည် တစ္ဆေတကောင်ကဲ့သို့ လှုပ်ရှားနေခဲ့သည်။ "အရိပ်ခုနှစ်သွယ်ဓားသိုင်း" ကို အပြည့်အ၀အသုံးချနေသော ကျိုးဟောင်သည် သေမင်းတမာန်ကဲ့သို့ဖြစ်နေပြီး ဆရာသခင်အဆင့်အမှောင်နတ်ဘုရား အဖွဲ့၀င်များ၏ အသက်ကို နှုတ်ယူနေခဲ့လေသည်။

ကြေးနီရောင် မျက်နှာဖုံးနှင့် လူ၏ အမူအရာမှာလည်းပြောင်းလဲသွားခဲ့သည်။ ကျိုးဟောင်ဒီလောက်အထိ အစွမ်းထက်လိမ့်မည်လို့ သူမထင်ခဲ့ပေ။

"ရပ်စမ်း..."

သူသည် သားရဲသဏ္ဌာန်ရှိသော ကျောက်စိမ်းဆွဲသီးကို ပစ်လွှတ်လိုက်ပြီး ထိုဆွဲသီးမှ ကြောက်မက်ဖွယ်အသံကြီးနှင့် စွမ်းအင်ရောင်ဝါများထွက်ပေါ်လာလေသည်။

ထိုစွမ်းအင်များသည် အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီး အသွင်ပြောင်းလဲသွားလေသည်။

ထိုသားရဲကြီးသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး စွမ်းအင်လှိုင်းလုံးများကို ဖန်တီးကာ ကျိုးဟောင်အား ဖုံးအုပ်လိုက်လေသည်။

ကျိုးဟောင်သည် အစက တစ္ဆေတကောင် ကဲ့သို့လှုပ်ရှားနေသော်လည်း ထိုလှိုင်းလုံးများဖုံးလွှမ်းခြင်းခံလိုက်ရပြီးနောက် နွံတောထဲ နစ်သွားသကဲ့သို့ဖြစ်ကာ လှုပ်ရှားမှုများနှေးကွေးသွားလေသည်။

"ပေါက်ကွဲထွက်လာစမ်း..."

ကျိုးဟောင်အော်ဟစ်လိုက်သည် နှင့် သူ့ကိုယ်တွင်းရှိ သွေးအနှစ်သာရများ ဆူပွက်လာပြီး အရှိန်ဟုန်ပြင်းပြင်းလည်ပတ်လာလေသည်။

ဂါး

သူ့သွေးအနှစ်သာရသည် ကြီးမားပြီး ရှေးကျသော ‌နဂါးနှင့်ဆင်တို့သဏ္ဌာန်ရှိသော ရောင်ဝါပုံရိပ်အသွင်ထွက်ပေါ်လာခဲ့သည်။

ထို့နောင်ကျိုးဟောင်သည် သားရဲကြီး၏ ချုပ်နှောင်မှုလွတ်မြောက်သွားပြီး တစ္ဆေ တကောင်ကဲ့သို့ လေဟာနယ်ထဲတွင် ထပ်မံ ပျောက်ကွယ်သွားလေသည်။

ဝူး ဝူး ဝူး

ကျိုးဟောင်၏ အင်အားနှင့် အရှိန်အဟုန်မှာ တိုးလာခဲ့ပြီး ဓားတချက်ဝှေ့လိုက်တိုင်း ဆရာသခင်အဆင့် အမှောင်နတ်ဘုရားအဖွဲ့၀င်များ အတုံးအရုံးကျဆုံးကုန်လေသည်။

သွေးများ စမ်းချောင်းကဲ့သို့ စီးဆင်းနေပြီး သွေးညှီနံများလည်း တထောင်းထောင်းထနေလေသည်။

ကြေးနီရောင် မျက်နှာဖုံး နှင့်လူလည်း အံ့ဩသွားမှင်တက်နေလေသည်။ သူသည် တိုက်ခိုက်ရေးကျွမ်းကျင်သူအများအပြားတွေ့ဖူးသော်လည်း ယခုကဲ့သို့ အစွမ်းထက်လှသူကိုတော့ မကြုံခဲ့ဖူးပေ။ ဒ့ါအပြင် ထိုသူမှာ ကျောင်းသားတဦးသာဖြစ်နေလေသည်။

"အခု မင်းအလှည့်ပဲ....."

..............................................................................

အခန်း(၇၇) ပြီးပါပြီ။

အခန်း (၇၈): ငါ့သရုပ်မှန် ပေါ်ပေါက်သွားမှာကြောက်တယ်

‌ ဒါဇင်နှင့်ချီသော အရိပ်သဏ္ဌာန်များသည် တဖြေးဖြေးပြန်လည် ငြိမ်သက်လာခဲ့ပြီး အဆင့်မှီချပ်၀တ်ကို ၀တ်ဆင်ထားသော ကျိုးဟောင်အဖြစ်ပြန်လည်ပေါ်ပေါက်လာကာ ကြေးနီရောင်မျက်နှာဖုံးနှင့်လူအား တည်ငြိမ်စွာ စူးစိုက်ကြည့်နေလေသည်။

"ဟား ဟား .....ကျိုးဟောင် မင်းက ဆရာသခင်အဖွဲ့လောက်လေးကို သတ်နိုင်ရုံနဲ့ ငါ့လို မဟာဆရာသခင်အဆင့်တယောက်ကို စိန်ခေါ်နိုင်မယ်ထင်နေတာလား"

ကြေးနီရောင် မျက်နှာဖုံးနှင့်လူသည် သူ၏မျက်နှာဖုံးအားချွတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကို ထုတ်ပြခဲ့သည်။

"ဒီနေ့ ငါမင်းကို မဟာဆရာသခင်တယောက်ရဲ့ စွမ်းအားအစစ်အမှန်က ဘယ်လိုလဲဆို မြင်ဖူးအောင်ပြရသေးတာပေါ့"

ထိုသို့ပြောပြီးနောက် သူ၏လက်ကို မြှောက်ကာ သားရဲသဏ္ဌာန် ကျောက်စိမ်းအရုပ်လား ဆုပ်ကိုင်လိုက်သည်။ ထိုအချိန် ကျောက်စိမ်းအရုပ်သည် လေပေါ်တွင် မြှောက်တက်လာပြီး မိုးကြိုးကဲ့သို့ လျင်မြန်စွာ လည်ပတ်နေပြီး အလင်းတန်းများက သူ၏ကိုယ်အား ဖုံးအုပ်သွားလေသည်။

ထို့နောက် သူ့ဆီမှ သားရဲကဲ့သို့ ဟိန်းဟောက်သံများထွက်လာပြီး သူ့ခန္ဓာကိုယ်မှာ အဆများစွာကြီးမားသွားလေသည်။ ဒါ့အပြင် သူ၏အရှိန်အဝါများမှာလည်း တဟုန်ထိုးမြင့်တက်လာလေသည်။

ဂါးးးးးး...

မျက်စိတမှိတ်အတွင်းမှာပင် ကြေးနီရောင်မျက်နှာဖုံးနှင့် လူသည် ၇မီတာ၊ ၈မီတာ‌လောက်ရှိသော

သားရဲကြီးတကောင်အသွင်ပြောင်းလဲသွားလေသည်။

"ပါရမီရှင် ဟုတ်လား။ ဘယ်လိုပဲ ထူးချွန်လှသည့်ပါရမီရှင် ဖြစ်ဖြစ် မင်း ငါ့လက်နဲ့ သေရတော့မှာတော့ အသေအချာပဲ ကွ....."

ပေါက်ကွဲသံကြီးနှင့်အတူ ကြေးနီမျက်နှာဖုံးနှင့်လူသည် ကျိုးဟောင်ဆီသို့ အလွန်လျင်မြန်လှသော အရှိန်ဖြင့် ခုန်၀င်လာလေသည်။

ဘမ်း.......

ကျိုးဟောင်သည် မရှောင်တိမ်းတော့ပဲ ဓားဖြင့် လျင်မြန်စွာပြန်ခုတ်လိုက်သည်။

ချလွင်......

ကျိုးဟောင်၏ ဓားချက်မှာ တိုက်ရိုက်ထိမှန်သွားခဲ့ပြီး ပြင်းထန်သော အင်အားသက်ရောက်သွားကာ မျက်နှာဖုံးနှင့်လူမှာ လေထဲသို့လွင့်စင်ထွက်သွားလေသည်။ သူသည် လွင့်စင်သွားသည့်အရှိန်‌ကြောင့်အနီးအနားရှိ အဆောက်အအုံများနှင့်၀င်ဆောင့်မိပြီးမြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

အသွင်ပြောင်းသွားသော သားရဲများကိုတိုက်ခိုက်နေသည့် ရှုလင်၊ ယွမ်ချန်း နှင့် အခြားကျောင်းသားများမှာ သားရဲကြီးတကောင် လွင့်စင်လာသည်ကို မြင်လိုက်ရပြီး ထိတ်လန့်သွားကြလေသည်။

"အမြန် နောက်ဆုတ်ကြ ဒါ မဟာဆရာသခင်အဆင့် သားရဲကြီးပဲ"

အလောတကြီးပြေးလာသော ရှန်းကျင့်သည် သတ္တဝါကြီးဆီမှာ ထွက်ပေါ်နေသသော အရှိန်အဝါကို ခံစားမိပြီး စိုးရိမ်တကြီး အော်ဟစ်သတိပေးလိုက်သည်။

မျက်နှာဖုံးနှင့်လူသည် ရှန်းကျင့်နှင့် အခြားသူများအား လျစ်လျူရှုလိုက်ပြီး ‌ဖုန်မှုန့်နဲ့ မီးခိုးများကြားထဲရှိ ပုံရိပ်ကိုသာ သူ၏မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်နေခဲ့သည်။

"မင်း .....မင်း မဟာဆရာသခင်တယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်အဆင့် ကို တကယ်ကြီး ရောက်ရှိနေပြီပေါ့"

"ဘယ်အချိန်ထဲကလဲ ။ ဘာလို့ မင်းလို ကျောင်းတယောက်က ဒီလိုအဆင့်မျိုးထိရောက်နေရတာလဲ....."

သူ့အသံမှာ မိုးချိန်းသကဲ့သို့ ဟိန်းထွက်လာလေသည်။

ရှန်းကျင့်တင်သာမက ယွမ်ချန်း၊ ဖန်းယွီ ၊ ယွင်ယန် နှင့် အခြား ယန်ကျင်းကျောင်းသားများပါ ကြားကြလေသည်။ အကျည်းထောင်ကို ခုတ်ဖြတ်နေသော ဟဲ့ပျောင်း ၊ ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များလည်း ထိုအသံကို ကြားလိုက်လေသည်။

" ဟုတ်တယ် သူက ငါတို့ချူမြို့ အထက်တန်းကျောင်းရဲ့ ပါရမီရှင်ထူးချွန်ကျောင်းသားပဲ‌ကွ"

" ဟားဟား ကောင်းလိုက်တာ။ ငါတို့တော့ ကယ်တင်ခံရပြီဟေ့..."

"ငါသိနေ‌တယ်။ သူက ငါတို့အနားမှာ အမြဲတမ်းရှိနေခဲ့တာပဲ"

ချူမြို့အထက်တန်းကျောင်း၏ လေ့ကျင့်ရေးအတန်းမှ ကျောင်းသားများ အားလုံး အရမ်း၀မ်းသာပျော်ရွှင်နေကြလေသည်။

ချူမြို့အထက်တန်းကျောင်းသားများလို မဟုတ်လဲ ယန်ကျင်း လူရည်ချွန်ကျောင်းသားများနှင့် မဟာဆရာသခင်များကတော့ မှင်တက်နေခဲ့ကြလေသည်။

ပါရမီရှင်.....

မဟာဆရာသခင်....

ထိုအသံများက သူတို့စိတ်ထဲတွင် ပဲ့တင်ရိုက်ခတ်နေလေသည်။

ရှန်းကျင့် နှင့် အခြား မဟာဆရာသခင်များသည် ပုန်းကွယ်နေသော ပါရမီရှင်ထူးချွန်ကျောင်းသား၏ အင်အားကို အရိပ်အမွက်လောက် သိနေကြသောကြောင့် အံ့ဩနေမှုကို ပြန်လည်ထိန်းသိမ်းနိုင်ကြသည်။

သို့သော်လည်း ယွမ်ချန်း ၊ ဖန်းယွီ နှင့် အခြားယန်ကျင်းကျောင်းသားများမှာတော့ ကျောက်ရုပ်ကဲ့သို့ မှင်တက်နေကြဆဲပင်။

သူတို့မှာ အထက်တန်းကျောင်းသား‌တယောက်က မဟာဆရာသခင်ကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်ရှိခြင်းကို မယုံကြည်နိုင်ဖြစ်နေကြသည်။

ထိုအရာက သူတို့အတွက် ဟာသတခုလိုဖြစ်နေခဲ့သည်။ ယန်ကျင်းလူရည်ချွန်စခန်းမှ ကျောင်းသားများဖြစ်သောကြောင့် သူတို့သည် ကျယ်ပြန့်သော အဆက်အသွယ် ၊ အသိုင်းအဝိုင်းများရှိကြပြီး များပြားလှသော ထူးချွန်ကျောင်းသားများကိုလည်း သူတို့ကျောင်းတွင် မြင်တွေ့ဖူးခဲ့သည်။

ကမ္ဘာ့အထူးချွန်အ‌ပြောင်မြောက်ဆုံး ပါရမီရှင်ကျောင်းသားတောင်မှ အဆင့်မြင့် ဆရာသခင်တယောက်၏ တိုက်ခိုက်‌ရေးစွမ်းရည် အဆင့်နှင့်သာ ယှဉ်နိုင်ခဲ့လေသည်။

တုန်တုန်ရီရီဖြင့် မျက်နှာဖုံးနှင့်လူမှာ မတ်တပ်ပြန်ရပ်လာခဲ့ပြီး ဖုန်မှုန့်နှင့် မီးခိုးများထဲရှိ ပုံရိပ် အသွင်အပြင်ကို ကြည့်ကာ ရီနေခဲ့သည်။

" ငါ၀န်ခံပါတယ်။ မင်းက ငါတွေ့ဖူးသမျှထူးချွန်ကျောင်းသားတွေထဲမှာ အသန်မာဆုံးပဲ"

"ဒါပေမဲ့ ဘာဖြစ်လဲ ထူးချွန်ကျောင်းသားက ထူးချွန်ကျောင်းသား သာသာပဲလေ။ မင်းမှာ မဟာဆရာသခင်တယောက်ရဲ့ တိုက်ခိုက်ရည်ရှိ‌ရင်တောင်မှ မျိုးနွယ်ခြားတွေက .........."

ကြေးနီရောင်မျက်နှာဖုံးနှင့်လူမှာ စကားတောင်ဆုံးအောင်မပြောနိုင်ခဲ့ပေ။

လျှပ်စီးကဲ့သို့ ဓားအလင်းရောင်တချက်ကို သူ၏အမြင်အာရုံ‌ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ကြီးမားသော အသံလှိုင်း ပေါက်ကွဲသံကြီးကို သူကြားလိုက်ရပြီးနောက် သူ၏နှလုံးခုန်သံမှာ ရပ်တန့်သွားခဲ့ရသည်။

ဘုန်း.....

သူ၏ကြီးမာသောခန္ဓာကိုယ်ကြီးမှာ မြေပေါ်သို့ လေးလံစွာ လဲကျသွားလေသည်။ ဓားရှည်တချောင်းကတော့ သူ၏ရင်ဘတ်တည့်တည့်တွင် စိုက်၀င်နေခဲ့လေသည်။

ကျန်းဟုန် ၊ ဟဲ့ပျောင်း နှင့် အခြားမဟာဆရာသခင်များ ထပ်မံအံ့အားသင့်သွားခဲ့သည်။

"ဒီဓားအလင်းတန်းက...."

" ဒါ ....ဒါက စီနီယာကျိုးရဲ့ ဓားသိုင်းနည်းစနစ်ပဲ"

"မဟုတ်ဘူး စီနီယာကျိုးရဲ့ ဓားသိုင်းနဲ့ယှဉ်ရင် ဒီဓားသိုင်းက အနည်းငယ်အားပျော့ပြီး ချုပ်ကိုင်လွှမ်းမိုးနိုင်တဲ့အရှိန်အဝါမရှိဘူး"

ဖန်းယွီ ၊ ယွင်ယန်နှင့် အခြားလူများမှာလည်း အံ့ဩနေကြလေသည်။

တခါကတောနက်ဧရိယာထဲတွင် သူတို့အား ကယ်တင်ဖူးသော ကျွမ်းကျင်ပညာရှင်၏ဓားသိုင်းနည်းစနစ်ကို သူတို့ မြင်‌တွေ့ဖူးပြီး ယခု တွေ့ရသောဓားသိုင်းနှင့် ဆင်တူနေခဲ့လေသည်။

" ဒီပါရမီရှင်က တချိန်တုန်းက ငါတို့ကို ကယ်တင်ခဲ့တဲ့သူများလား"

သူတို့၏စိတ်ထဲတွင်ရေရွတ်နေမိကြလေသည်။

ကြေးနီရောင်မျက်နှာဖုံးနှင့်လူ သေဆုံးသွားသည်နှင့် တပြိုင်နက် လမ်းတ၀က်လုံး နီးပါး ဖုံးလွှမ်းထားသောမိုးကြိုးအကျဉ်းထောင်ကြီးမှာ တဖြေးဖြေးပျောက်ကွယ်လာလေသည်။

ဟဲ့ပျောင်း ၊ ကျန်းဟုန် နှင့် အခြားမဟာဆရာသခင်များလည်း အလျင်အမြန်၀င်ရောက်လာကြသည်။

ကျိုးဟောင်သည် အလောင်းမှ သူ၏ဓားကို နှုတ်ယူလိုက်ပြီး အခြားသူများ အမြန်လာနေကြသည်ကို တွေ့လိုက်လေသည်။

သူ့စိတ်ထဲတွင် ခါးခါးသီးသီးဖြစ်နေသော်လည်း ပြုံးလိုက်ပြီး ဒီတကြိမ်တော့ သူ့ သရုပ်မှန်ပေါ်ပေါက်သွားပြီလို့ တွေးနေခဲ့လေသည်။

..............................................................................

အခန်း (၇၈) ပြီးပါပြီ။

All Chapters