အခန်း ၈၂-၈၄
Vol. 6 Ch. 82-84
အခန်း (၈၂) : ဟွာတုန်းမြို့ အန္တရာယ်ရှိနေပြီ
ဤအနီစက်များမှာ ဘုရင်အဆင့် မိစ္ဆာသားရဲများအားကိုယ်စားပြုခြင်းဖြစ်ကြောင်း သူသေချာသိပေသည်။ ထို့အပြင် ဧရိယာ ၂၈၃ တွင် ထိုကဲ့သို့သောအနီစက်မျိုးအနည်းဆုံး ၃၀ နီးပါးလောက်ရှိနေလေသည်။
ဤအဓိပ္ပာယ်မှာ ဧရိယာ ၂၈၃တွင် ဘုရင်အဆင့် မိစ္ဆာသားရဲအကောင် ၃၀ ကျော် ရုတ်တရက်ပေါ်လာသည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်သည်။
"ကျွန်တော်ဟဲ့ပျောင်း၊ ကျန်းဟုန်နဲ့ တခြားလူတွေကို သွားမစုံစမ်းခိုင်းရဲဘူး"
စစ်သေနာပတိချုပ်ကျောက်၏အသံမှာ တိုးတိုးသာထွက်လာလေသည်။
မဟာဆရာသခင်တစ်ယောက်မှာ မြို့၏အသန်မာဆုံး တိုက်ပွဲဝင်စစ်သည်တစ်ယောက်ဖြစ်ပြီးကာကွယ်ရေးခံတပ်၏ နောက်ဆုံးလိုင်းပင်။
ကျိုးဟောင်မှာ မတ်တတ်ထရပ်လိုက်သည်။
"ကျုပ်သွားစစ်ဆေးမယ်"
"မဖြစ်ဘူး"
စစ်သေနာပတိချုပ်ကျောက်မှာ ခေါင်းခါရင်းအသည်းအသန်ငြင်းဆိုလေသည်။
"စီနီယာကျိုး ခင်ဗျားကအသန်မာဆုံးနဲ့ မြို့ရဲ့မျှော်လင့်ချက်ပဲ ကျွန်တော်တို့အားလုံးတစ်ခုခုဖြစ်သွားရင်တောင် ခင်ဗျားရှိနေရင် မြို့ကဘေးကင်းပြီးလုံခြုံမှာ"
"ကျွန်တော် နောက်ထပ်စစ်တပ်အဖွဲ့နည်းနည်း ထပ်လွှတ်လိုက်ပါ့မယ်"
ကျိုးဟောင်မှာလက်ကာပြပြီးကြားဖြတ်ပြောလိုက်သည်။
"ခင်ဗျားလွှတ်လည်း သူတို့ကိုသေတွင်းထဲတွန်းပို့သလိုပဲဖြစ်မှာ"
"ဒီမှာ ကျုပ်တစ်ယောက်ပဲ ဘုရင်အဆင့် မိစ္ဆာသားရဲတွေကို သတ်နိုင်တဲ့အစွမ်းမျိုးရှိတာ ဒီတော့ကျုပ်ကအသင့်တော်ဆုံးပဲ စိတ်ချပါ ကျုပ်ချက်ချင်းပြန်လာခဲ့မယ် အဲဒီမိစ္ဆာသားရဲတွေနဲ့ အချိန်မဖြုန်းပါဘူး"
စစ်သေနာပတိချုပ်ကျောက်မှာ ထပ်ပြောမည့်ဟန်ပြင်နေဆဲမှာပင် ကျိုးဟောင်မှာပျောက်သွားပြီဖြစ်သည်။
သူအလျင်အမြန်ပင်ထွက်လာပြီး ကောင်းကင်ပေါ်ရှိပုံရိပ်အားကြည့်ကာ လေးပင်စွာ သက်ပြင်းသာချလိုက်မိလေသည်။
"စစ်ရေးသတင်းအချက်အလက်ဌာန အခုချက်ချင်းထောက်လှမ်းရေးကိရိယာကိုအသက်သွင်းပြီး အမြင့်ဆုံးအဆင့်ထား ပြီးရင်စီနီယာကျိုးရဲ့အရှိန်အဝါရှိတဲ့တည်နေရာကို သေချာစောင့်ကြည့်ထား"
စစ်သေနာပတိချုပ်ကျောက်မှာ အသံနက်နက်ဖြင့် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ စစ်သေနာပတိချုပ်"
ထိုအချိန်တွင် ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များလည်း အလောတကြီးဖြင့်ရောက်လာကြလေသည်။
စစ်သေနာပတိချုပ်ကျောက်ဘာမှမပြောလျှင်တောင် အခြားချန်နယ်များမှတစ်ဆင့် ဧရိယာ ၂၈၃ ၏အခြေအနေအား သိနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ဆရာသခင်အဆင့်ဦးဆောင်သော အဖွဲ့များအဆက်မပြတ်ပျောက်ဆုံးနေခြင်းမှာ ဟွာတုန်းမြို့ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်စေလေသည်။
"အဲဒါစီနီယာကျိုးမဟုတ်ဘူးလား သူထပ်ပြီးတောနက်ဧရိယာထဲသွားဦးမလို့လား"
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ ကောင်းကင်ပေါ်ရှိအနီရောင်ပုံရိပ်အား လှမ်းကြည့်လိုက်မိကြလေသည်။
စစ်သေနာပတိချုပ်ကျောက်မှာ ခေါင်းခါပြလိုက်သည်။
"သူ ဧရိယာ ၂၈၃ကို သွားတာ"
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ အချိန်ခဏလောက်ကြက်သေသေသွားပြီးနောက် အလျင်အမြန်ပင်တုံ့ပြန်လာကြလေသည်။
"စစ်သေနာပတိချုပ်ကျောက် ဧရိယာ ၂၈၃ မှာဘာဖြစ်နေတာလဲ"
စစ်သေနာပတိချုပ်ကျောက်မှာ အခြေအနေအားထပ်မံရှင်းပြလိုက်လေသည်။
"ဘာရယ် ဘုရင်အဆင့် မိစ္ဆာသားရဲအကောင် ၃၀ကျော်"
"မဟုတ်မှ အရင်ကထွက်ပြေးသွားတဲ့ ဘုရင်အဆင့် မိစ္ဆာသားရဲတွေ ပြန်လာတာများလား"
တောနက်ဧရိယာ၏အနက်ပိုင်းတွင်
ကျိုးဟောင်မှာ အရှိန်အပြည့်ဖြင့်ထွက်လာရာ ၁၀မိနစ်မပြည့်ခင်မှာပင် ဧရိယာ ၂၈၃၏အစပ်နားသို့ရောက်လာလေသည်။
ကျိုးဟောင်မှာသူ့ရှေ့ရှိ ကျက်တီးမြေဖြစ်နေသောတောင်တန်းအပိုင်းအခြားအားကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူထိုနေရာရောက်သည်နှင့် နဂါးနှင့်ဆင်ဉာဏ်ပညာသိုင်း၏ သွေးအနှစ်သာရမှာအလိုအလျောက်လှည့်ပတ်လာလေသည်။ တောင်၏အခြားတစ်ဖက်ခြမ်းတွင် အလွန်အမင်းကြောက်မက်ဖွယ်ရာအန္တရာယ်ရှိနေသည်မှာ သိသာပေသည်။
မဟုတ်လျှင် သူ၏ကျင့်ကြံရေးသိုင်းမှာ အလိုအလျောက်စတင်လာဖို့ မဖြစ်နိုင်ပေ။
"မဟူရာလိပ်ချပ်ဝတ်ရဲ့ကာကွယ်နိုင်စွမ်းနဲ့ဆို ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားက မဟာဆရာသခင်အဆင့်ရဲ့ အထွတ်အထိပ်အဆင့်ကိုရောက်နေပြီ တကယ်လို့ ကြောက်စရာကောင်းတဲ့ အရှင်သခင်အဆင့် မိစ္ဆာသားရဲနဲ့တွေ့ရင်တောင် အေးဆေးထွက်ပြေးလို့ရသေးတယ်"
ထိုအတွေးနှင့်အတူ ကျိုးဟောင်မှာ ခြေထောက်အားခပ်ဖွဖွဆောင့်လိုက်လေရာ သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင်ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ အချိန်တိုအတွင်းမှာ သူ့မျက်စိရှေ့ရှိ တောင်အပိုင်းအခြားနယ်မြေအား ကျော်လာလေသည်။
ဂါး!!
ဂါး....
သို့သော် သူတောင်အားကျော်လိုက်သည်နှင့် ကြက်သေသေသွားလေသည်။
တောင်၏တစ်ဖက်ခြမ်းတွင် မိစ္ဆာသားရဲအများအပြားမှာ စုဝေးနေကြလေသည်။ကြောက်မက်ဖွယ်ရာအရှိန်အဝါ ဖြင့် ဘုရင်အဆင့် မိစ္ဆာသားရဲအကောင်ပေါင်း ရာကျော်ရှိနေသည်။
ထိုမိစ္ဆာသားရဲများ၏နောက်တွင် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်ကြီးမားသော သားရဲကြီး၃ကောင်ရှိနေလေသည်။ ထိုသတ္တဝါကြီးများထံမှ ထွက်ပေါ်လာသောအရှိန်အဝါမှာ အသူတရာနက်သောချောက်ကဲ့သို့ပင် လောကကြီးရှိစွမ်းအင်အတက်အကျအပေါ်ကိုပင် သက်ရောက်မှုရှိပေသည်။
အရှင်သခင်အဆင့်ပင်
ဤကြီးမားသောသားရဲကြီး ၃ကောင်မှာ သေချာပေါက် အရှင်သခင်အဆင့် မိစ္ဆာသားရဲများဆိုသည်မှာ သံသယဝင်စရာတောင်မလိုပေ။
ဂါး!!!
ကျိုးဟောင်အားသတိထားမိသွားသည်နှင့် အရှင်သခင်အဆင့်မိစ္ဆာသားရဲကြီးတစ်ကောင်မှာ မိုးခြိမ်းသံသဖွယ်ကျယ်လောင်လှသောအသံဖြင့် အော်ဟစ်လာလေသည်။
ထိုအချိန်မှာပင်
ဘုရင်အဆင့်မိစ္ဆာသားရဲရာကျော်၊ မိစ္ဆာစစ်သူကြီးသောင်းကျော်နှင့် မိစ္ဆာစစ်သည်တစ်သန်းနီးပါးမှာ သံပြိုင်အော်ဟစ်လာကြလေရာ ထိုဧရိယာအားပုံပျက်ပန်းပျက်တုန်ခါလာစေသည်အထိပင်။
ဝုန်း
မြေပြင်တုန်ခါလာသည်နှင့် တစ်သန်းနီးပါးရှိသော မိစ္ဆာစစ်သည်များမှာ ကြောက်မက်ဖွယ်ရာမုန်တိုင်းတစ်ခုသဖွယ် ကျိုးဟောင်ထံပြေးဝင်လာကြလေသည်။
ကျိုးဟောင်လည်းသတိဝင်လာပြီး အလျင်အမြန်ပင်ထိုမြင်ကွင်းအား မှတ်တမ်းတင်ကာ ရေဒါနာရီမှတစ်ဆင့်ပို့လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူစိတ်ပူစွာဖြင့်အော်လိုက်သည်။
"မြန်မြန် မြန်မြန် မိစ္ဆာသားရဲအုပ်စုက မြို့ကိုတိုက်ခိုက်တော့မယ်"
ဤကဲ့သို့ရုတ်တရက်ကြီး မိစ္ဆာသားရဲသန်းချီပေါ်လာသည်မှာ ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။
ထိုအရာမှ မြို့ကိုဝိုင်းဖို့စီစဉ်ထားခြင်းသာဖြစ်သည်။
ထို့အပြင်သူ့ရှေ့တွင် မိစ္ဆာစစ်သည်သန်းချီတင်မကဘဲ ဘုရင်အဆင့်မိစ္ဆာသားရဲရာကျော်နှင့် အရှင်သခင်အဆင့်မိစ္ဆာသားရဲ ၃ကောင်ပါရှိနေလေသည်။
ဤအရာမှာမြို့အားဝိုင်းရုံမဟုတ်တော့ပေ။ သူတို့သည်ဟွာတုန်းမြို့အား ဖျက်ဆီးချင်နေခြင်းသာဖြစ်သည်။
အရှေ့ပိုင်းစခန်းဌာနချုပ်၌
စစ်သေနာပတိချုပ်ကျောက်၊ ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များ၏မျက်နှာတွင် လေးနက်သောအမူအရာများဖြင့်ပြည့်နေလေသည်။
ဧရိယာ ၂၈၃ရှိအခြေအနေမှာ သူတို့အားနိမိတ်မကောင်းသောခံစားချက်မျိုး ပေးနေလေသည်။
တီ တီ!
ရုတ်တရက် ရေဒါနာရီများမှ အရေးပေါ်သတင်းပို့သံတစ်ခု ထွက်ပေါ်လာလေသည်။
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာ ထိုသတင်းအားမြင်လိုက်သောအခါ သူတို့၏မျက်နှာများမှာ ဖြူလျော်သွားလေတော့သည်။
"ဒါ....ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
"အရှင်သခင်အဆင့် သားရဲ၃ကောင် ရှေ့တုန်းကတိုက်ခိုက်မှုမှာ တစ်ကောင်မှမပါဖူးဘူး"
"ငါတို့ဟွာတုန်းမြို့ အန္တရာယ်ရှိနေပြီ"
မဟာဆရာသခင်တိုင်း၏မျက်လုံးထဲတွင် မျှော်လင့်ချက်ပျက်သုဥ်းသော အရိပ်အယောင်များ ပေါ်လာလေသည်။
....................................................................................
အခန်း (၈၂) ပြီးပါပြီ။
အခန်း (၈၃) : တိုက်ပွဲကြီးဖြစ်လုနီးပြီ
ဘုရင်အဆင့်မိစ္ဆာသားရဲများဖြင့်ဖွဲ့စည်းထားသော မိစ္ဆာသားရဲအုပ်စုဖြင့် ရင်ဆိုင်ရပါက မဟာဆရာသခင်များမှာ မြို့၏အကူအညီဖြင့်ခုခံနိုင်သေးသည်။ သို့သော် မိမိတို့၏ပြိုင်ဘက်မှာ အရှင်သခင်အဆင့် မိစ္ဆာသားရဲများဖြစ်နေသည့်အခါ အခြေအနေများမှာ မတူတော့ပေ။ ၎င်းတို့မှာ နျူကလီးယားဗုံးနှင့် နှိုင်းယှဉ်၍ရသော ကြောက်မက်ဖွယ်ရာတည်ရှိမှုမျိုးဖြစ်သည်။
စစ်သေနာပတိချုပ်ကျောက်၏ခန္ဓာကိုယ်မှာ တုန်ယင်နေသော်လည်း သူ့ကိုယ်သူစိတ်အေးအေးထားရန်အားပေးကာ ချက်ချင်းပင်နားကြပ်မှတစ်ဆင့်အမိန့်ပေးလိုက်သည်။
"မြန်မြန် မြို့ရဲ့အထူးအချက်ပေးသံဖွင့်လိုက်တော့ မြို့ထဲကနေထိုင်သူတွေအားလုံးကို မြေအောက်စခန်းကိုရွှေ့ပြောင်းခိုင်းကြ"
"အမိန့်နာခံ သိုင်းပညာရှင်အဆင့်နဲ့အထက်ရှိတဲ့ဘယ်သူမဆို ၁၀မိနစ်အတွင်း ကာကွယ်ရေးခံတပ်တွေဆီသွားပြီး သားရဲအုပ်စုရဲ့တိုက်ခိုက်မှုကို ခုခံဖို့ပြင်ကြ"
သူ့စကားဆုံးသည်နှင့် ကျယ်လောင်လှသောအချက်ပေးသံမှာ တစ်မြို့လုံးအနှံ့ပျံ့နှံ့လာလေတော့သည်။
တီ တီ တီ တီ တီ
အချက်ပေးအသံကြောင့် မြို့၏အေးချမ်းမှုမှာ ချက်ချင်းပင်ပျောက်ကွယ်သွားလေတော့သည်။
"ဘာဖြစ်တာလဲ"
"တကယ်ကြီး တစ်ခါတည်းနဲ့အချက်ပေးသံ ၅ကြိမ်တောင်လွှင့်တာပဲ"
"ဒါ....ဒါကအထူးအဆင့် အရေးပေါ်အချက်ပေးသံပဲ"
မြို့ထဲရှိ အလုပ်လုပ်နေသူများ ဈေးဝယ်နေသူများနှင့် စာသင်နေသူများမှာ မိမိလုပ်လက်စအလုပ်များအားလုံးကိုပစ်ချပြီး အရေးပေါ်အချက်ပေးသံလာရာဘက်ကိုသာ စူးစိုက်ကြည့်နေကြလေသည်။
"မြန်မြန် မြန်မြန် သားရဲအုပ်စုလာတိုက်ခိုက်ဝောာ့မယ် အဖွဲ့ဝင်တွေအားလုံး မြေအောက်အခြေစိုက်စခန်းကိုရွှေ့ကြတော့"
"မြန်မြန် ဒါအထူးအရေးပေါ်အချက်ပေးသံပဲ မြို့ကတစ်ခါမှမကြုံဖူးတဲ့ အကျပ်အတည်းထဲရောက်နေပြီ"
အုပ်ချုပ်ရေးပိုင်းရှိ ရာထူးကြီးလူများ၊ ကျောင်းများ ကုမ္ပဏီများအားလုံးမှာ အလွန်အမင်း စိုးရိမ်နေကြလေသည်။
မြို့ထဲတွင်ကာကွယ်ရေးအချက်ပေးသံ ၅ကြိမ်ထွက်ပေါ်လာခြင်းသည် ယခုရောက်လာမည့် သားရဲအုပ်စုတိုက်ခိုက်မှုအား မြို့ကပင်မဖြေရှင်းနိုင်သော အခြေအနေကိုဖော်ပြလေသည်။
မကြာမီပင် သားရဲအုပ်စုမှမြို့အားတိုက်ခိုက်တော့မည်ဆိုသော သတင်းမှာ မုန်တိုင်းတစ်ခုပမာ တစ်မြို့လုံးကိုပျံ့နှံ့သွားလေတော့သည်။
နေထိုင်သူများမှာအထိတ်တလန့်ဖြစ်သွားကြသော်လည်း ကံကောင်းသည်မှာ ယခုကဲ့သို့သော အခြေအနေမျိုးကိုသူတို့ယခင်ကကြုံဖူးကြပေသည်။ ခေတ္တ ထိတ်လန့်သွားပြီးနောက် အစိုးရဝန်ထမ်းများ၏စီစဉ်မှုဖြင့် မြေအောက်စခန်းသို့ လျင်မြန်စွာဖြင့် စနစ်တကျပြောင်းရွှေ့ကြလေတော့သည်။
သို့သော် မြို့ထဲတွင်နေထိုင်သူအရေအတွက်မှာအလွန်များပြားလှပေရာ အားလုံးကိုမြေအောက်စခန်းဆီသို့ပြောင်းရွှေ့ရန်မှာ ၂နာရီကျော်ကြာမည်ဖြစ်သည်။
ယေဘုယျကျကျပြောရလျှင် ဤသားရဲများမှာ ပြည်သူများဘေးလွတ်ရာရွှေ့ပြောင်းပြီးသည်အထိ စောင့်ကာတိုက်မည်မဟုတ်ပေ။
ဝုန်း
ကျိုးဟောင် ရုပ်သံသတင်းပေးချက်အားပေးပို့ပြီးမကြာမီမှာပင် မြို့ပြင်ရှိမြေပြင်မှာတုန်ခါလာလေသည်။
အရှေ့ပိုင်းစခန်း ဌာနချုပ်၌
စစ်သေနာပတိချုပ်ကျောက်မှာ စိုးရိမ်တကြီးဖြင့် ထပ်မေးလာသည်။
"စစ်ရေးသတင်းအချက်အလက်ဌာနက စီနီယာကျိုးနဲ့ အဆက်အသွယ်ရပြီလား"
"စစ်သေနာပတိချုပ် အပြင်ကစွမ်းအင်ဖုံးလွှမ်းမှုက အရမ်းအားကောင်းနေတယ် ကျွန်တော်တို့သူ့တည်နေရာကို တိတိကျကျရှာမရဘူးဖြစ်နေတယ်"
စစ်ရေးသတင်းအချက်အလက်ဌာနမှူးမှာ စိတ်ပူလွန်းနေ၍ သူ့နဖူးတွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နေလေသည်။ စီနီယာကျိုးသည် မြို့အတွက်မည်မျှအရေးကြီးကြောင်းကို သူကောင်းကောင်းသိပေသည်။
ကြိမ်းမောင်းခဲသောစစ်သေနာပတိချုပ်ကျောက်က ကြိမ်းမောင်းလေတော့သည်။
"အမှိုက်တွေ သုံးစားမရတဲ့အမှိုက်တွေ"
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာလည်း မျှော်လင့်ချက်ပျက်နေရာမှ သတိဝင်လာပြီဖြစ်ရာ သူတို့၏မျက်လုံးများထဲတွင် ပူပန်မှုများဖြင့်ပြည့်နေသော်လည်း သူတို့မျက်နှာအမူအရာများမှာ တည်ငြိမ်လျက်ရှိသည်။
"စစ်သေနာပတိချုပ်ကျောက် ကျွန်တော်တို့တတ်နိုင်သမျှအမြန်ဆုံး ယန်ကျင်းမြို့ကနေအကူအညီတောင်းရမယ်"
မဟာဆရာသခင်ယွီမှ အသံနက်နက်ဖြင့်ပြောလိုက်လေသည်။
အခြားမဟာဆရာသခင်များမှာလည်း စစ်သေနာပတိချုပ်ကျောက်အားကြည့်နေကြလေသည်။
စစ်သေနာပတိချုပ်ကျောက်မှာအံကြိတ်ပြီးသက်ပြင်းချလိုက်သည်။
"ငါအကူအညီတောင်းပြီးပြီ ဒါပေမဲ့မူလအဆင့်မဟာဆရာသခင်တစ်ယောက် အရှိန်ကုန်တင်ပြီးလာမယ်ဆိုရင်တောင် အနည်းဆုံးနာရီဝက်လောက်တော့ကြာမှာပဲ ပြီးတော့ဒီသားရဲအုပ်စုရဲ့ စွမ်းအားက အရမ်းကြောက်စရာကောင်းတယ် ငါတို့မခုခံနိုင်မှာဘဲ စိုးရိမ်တယ်"
ကျန်းဟုန်မှာမနေနိုင်ဘဲထပြောလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက် ကျွန်တော်တို့ဆီမှာ စွမ်းအားပြင်းလက်နက်ဖြစ်တဲ့ ရောင်ခြည်တန်းအမြောက် ရှိသေးတယ်မဟုတ်ဘူးလား ဒီလက်နက်က အရှင်သခင်အဆင့်မိစ္ဆာသားရဲတွေကိုတောင် ခြိမ်းခြောက်နိုင်တာပဲလေ"
ထိုစကားအားကြားသောအခါ အခြားမဟာဆရာသခင်များ၏မျက်လုံးများမှာ အရောင်တောက်လာလေသည်။
"ဘာ ကျုပ်တို့ဟွာတုန်းမြို့မှာလည်း ရောင်ခြည်တန်းအမြောက်ရှိတယ်ပေါ့"
"သိပ်ကောင်းတာပဲ ရောင်ခြည်တန်းအမြောက်နဲ့ဆို ကျုပ်တို့သေချာလုပ်ဆောင်နိုင်ရင် အရှင်သခင်အဆင့်သားရဲတစ်ကောင်ကိုတော့ သတ်နိုင်တယ်"
အားလုံးမှာ ထိုအကြောင်းကိုတွေးပြီး စိတ်လှုပ်ရှားနေကြလေသည်။
ရောင်ခြည်တန်းအမြောက်မှာ နောက်ဆုံးပေါ်နည်းပညာဖြင့်ပြုလုပ်ထားသော လက်နက်ဖြစ်သည်။
စစ်သေနာပတိချုပ်ကျောက်မှာ ခါးသီးစွာပြုံးပြီးခေါင်းခါလိုက်သည်။
"ရောင်ခြည်တန်းအမြောက်က တကယ်စွမ်းအားကြီးတာတော့ အမှန်ပဲ ဒါပေမဲ့ သူ့စွမ်းအင်ကိုလှုံ့ဆော်ပေးဖို့တင် မိနစ်ဝက်ကြာတယ် ပြီးတော့ ငါတို့ဟွာတုန်းမြို့မှာရှိတဲ့စွမ်းအင်အရင်းအမြစ်နဲ့ဆို အဲဒါကို ၃ကြိမ်ပဲပစ်လို့ရမှာ"
ထိုစကားအားကြားလိုက်ရသောအခါ မျှော်လင့်ချက်ပြန်ရလာသော မဟာဆရာသခင်များမှာ ချက်ချင်းပင်အသံတိတ်သွားလေသည်။
အရှင်သခင်အဆင့်မိစ္ဆာသားရဲများမှာ အလွန်အမင်းလျင်မြန်ကြလေရာ သူတို့အားအမြှောက်ဖြင့်ပစ်ရန်မှာ အလွန်ခက်ခဲလှပေသည်။ ၃ကြိမ်သာပစ်လို့ရသည်ဆိုသော အချက်ကိုပါထည့်စဉ်းစားလိုက်ပါက ရောင်ခြည်တန်းအမြောက်မှာ အဟန့်အတားတစ်ခုသာသာ သာရှိတော့ပေသည်။
"ဘာပဲဖြစ်ဖြစ် ရောင်ခြည်တန်းအမြောက်နဲ့ဆို အနည်းဆုံးတော့ အဲဒီအရှင်သခင်အဆင့်မိစ္ဆာသားရဲတွေကို ကြောက်အောင်ခြောက်ပြီး မြိုကိုချက်ချင်းမတိုက်အောင် တားနိုင်သေးတယ် မူလအဆင့်မဟာဆရာသခင်တွေရောက်လာမဲ့အချိန်အထိသာ အချိန်ဆွဲထားနိုင်ရင် ကျုပ်တို့မြိုကိုကယ်တင်နိုင်သေးတယ်"
ဟဲ့ပျောင်းမှာခိုင်မာစွာဆိုလာလေသည်။
အခြားမဟာဆရာသခင်များမှာလည်း တစ်ယောက်ပြီးတစ်ယောက်ခေါင်းညိတ်လာကြလေသည်။ ယခုအချိန်တွင် သူတို့အံကြိတ်ပြီးသည်းခံရုံသာ တတ်နိုင်တော့သည်။
ကံကောင်းသည်မှာ သူတို့၏ကာကွယ်ရေးခံတပ်မှာ ခိုင်မာပြီး သန်းနှင့်ချီသော မိစ္ဆာစစ်သည်များ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပေသည်။
မြို့၏ကာကွယ်ရေးခံတပ်ရှိပါက သူတို့တွင်အခွင့်အရေးရှိနိုင်သေးသည်။
"စီနီယာကျိုးရဲ့ တည်နေရာကိုဆက်ခြေရာခံပြီး သူနဲ့အမြန်ဆုံးဆက်သွယ်နိုင်အောင်လုပ် ငါတို့သူ့ကိုလိုတယ်"
စစ်သေနာပတိချုပ်ကျောက်မှာ အကောင်းမြင်စိတ်မရှိတော့ပေ။ သူသည် စစ်ရေးသတင်းအချက်အလက်ဌာနအားလောကာ ချက်ချင်းပင်စစ်သားများအားလုံးကို ကာကွယ်ရေးခံတပ်လိုင်းဆီဝင်ဖို့ အမိန့်ပေးနေလေသည်။
"စီနီယာကျိုး ဘေးကင်းပါစေပဲဆုတောင်းတယ်"
ဝှစ်! ဝှစ်! ဝှစ်!
ဟဲ့ပျောင်း၊ ကျန်းဟုန်နှင့် အခြားမဟာဆရာသခင်များမှာတော့ ကျိုးဟောင်အတွက်စိတ်ထဲမှသာ ဆုတောင်းပေးနေကြလေသည်။ ထို့နောက်သူတို့သည် ချက်ချင်းပင် ကာကွယ်ရေးခံတပ်၏မြင့်မားသောနံရံဆီ ခုန်တက်သွားကြလေသည်။
သူတို့သည် ကြီးမားသောရေလှိုင်းကြီးများသဖွယ် အဝေးမှလာနေသောမိစ္ဆာသားရဲအုပ်ကြီးကိုကြည့်ပြီးနောက် အချင်းချင်းကြည့်လိုက်ကြလေရာ လူတိုင်း၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများအား တွေ့လိုက်ရလေသည်။
....................................................................................
အခန်း (၈၃) ပြီးပါပြီ။
အခန်း (၈၄) : ကံကြမ္မာအမှတ်တွေစုဖို့ အကောင်းဆုံးအခွင့်အရေး
တောင်ပိုင်းကာကွယ်ရေးစခန်းနှင့် ဝေးကွာသော တောနက်ဧရိယာထဲတွင်....
ကျိုးဟောင်မှာရူးသွပ်စွာပြေးလွှားနေပြီး သူ့နောက်တွင် ဘုရင်အဆင့်မိစ္ဆာသားရဲ ၁၀ကောင်ကျော်ပါလာလေသည်။
ဘုန်း! ဘုန်း! ဘုန်း!
သူဧရိယာ ၂၆၁ အားရောက်သည့်အချိန်တွင် မြို့ဘက်မှ အမြောက်ပစ်သံအားကြားလိုက်လေသည်။
ကျိုးဟောင်မှာ ရပ်ပြီးမြို့ဘက်ကိုလှမ်းကြည့်လိုက်လေသည်။
"သားရဲအုပ်စုက မြို့ကာကွယ်ရေးခံတပ်ဆီတောင်ရောက်နေပြီလား"
စုဝေးနေသော မိစ္ဆာသားရဲအဖွဲ့အားတွေ့ပြီးနောက် ကျိုးဟောင်မှာ သားရဲများအားအချိန်ဆွဲပြီး အာရုံပြောင်းကာ ဘုရင်အဆင့်မိစ္ဆာသားရဲအဖွဲ့ထဲမှ ၁၈ကောင်အား သူ့နောက်လိုက်လာစေရန် အကောင်းဆုံးကြိုးစားခဲ့ပေသည်။
ဤသည်မှာသူလုပ်နိုင်သော အတိုင်းအတာပမာဏပင်ဖြစ်သည်။
အရှင်သခင်အဆင့်မိစ္ဆာသားရဲများကိုတော့ သူမျှားခေါ်ချင်ပါသော်လည်း ထိုမိစ္ဆာသားရဲ ၃ကောင်မှာ တုတ်တုတ်မျှပင်မလှုပ်ပေ။ သူတို့၏ပထမဦးစားပေးမှာ မြို့ကိုတိုက်ခိုက်ရန်ပင်ဖြစ်ပေသည်။
"မုန်းစရာ လူသားမျိုးနွယ်ကပုရွတ်ဆိတ် ဘာလို့မပြေးတော့တာလဲ"
"ဟမ့် မင်းကငါတို့ရဲဘော်ရဲဘက်တွေကို သတ်ခဲ့တဲ့ စီနီယာကျိုးဆိုတဲ့တစ်ယောက်မလား ဒီနေ့မင်းဘယ်ပြေးမလဲ ကြည့်ကြရသေးတာပေါ့"
ကျိုးဟောင်အား လိုက်မှီသွားသောဘုရင်အဆင့်မိစ္ဆာသားရဲ ၁၈ ကောင်မှာ သူ့အားဝိုင်းလိုက်လေသည်။
သူတို့အားလုံးမှာ အနည်းဆုံးအလယ်အလတ်အဆင့် မိစ္ဆာဘုရင်များဖြစ်လေရာ အတော်လေးဉာဏ်ရည်ရှိကြလေသည်။
ကျိုးဟောင်မှာ မြေပြင်ပေါ်တွင်မြဲမြံစွာရပ်နေပြီး မျက်နှာအမူအရာမှာအေးဆေးတည်ငြိမ်နေလေသည်။
"ဟုတ်တယ် ငါထပ်မပြေးတော့ဘူး ဒီနေရာကရှုခင်းလှတယ်ဆိုတော့ မင်းတို့ကောင်တွေကို မြေမြှုပ်ဖို့ဆိုကွက်တိပဲ"
ကျိုးဟောင်မှာ မထူးဆန်းသလိုပင်ပြောလိုက်လေသည်။
"ဟဟ လူသားမျိုးနွယ်ကပုရွတ်ဆိတ် ငါတို့တွေက အရေအတွက်အများကြီးရှိနေတာကို မင်းကငါတို့ကိုသတ်နိုင်မယ်ထင်နေတာလား"
"အရှက်မရှိ ကြွားနေသေးတယ်"
မိစ္ဆာဘုရင်များမှာ အထင်အမြင်သေးစွာဖြင့်ပြောလာကြလေသည်။
ကျိုးဟောင်မှာ အေးဆေးပင်ပြုံးလိုက်သည်။
"ငါကြွားနေတာ ဟုတ်မဟုတ် မင်းတို့မကြာခင်သေချာသိရမှာပါ"
ကျိုးဟောင်၏စကားဆုံးသည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးအနှစ်သာရအစွမ်းများမှာ ရုတ်တရက်ဆူပွက်လာလေသည်။ သူ၏ကျယ်ပြန့်သော သွေးကြောများမှ တရွှစ်ရွှစ်အသံများထွက်ပေါ်လာပြီး နဂါးနှင့်ဆင်ဉာဏ်ပညာသိုင်း အဆင့် ၁၀၀မြောက်၏ စွမ်းအားကြီးသောသွေးအနှစ်သာရမှာ ချက်ချင်းပင်သူ့ကိုယ်တွင်းရှိ ဆဲလ်တိုင်းဆီပြည့်နှက်လာလေသည်။
ဖျစ် ဖျစ်
သူ၏အရည်ပြားမှာတုန်ခါနေပြီး မူလကသူ၏ရိုးရှင်းသောအရှိန်အဝါမှာ တစ်ဟုန်ထိုးမြင့်တက်လာလေသည်။
ဂါး!!
မကြာမီပင် သူ့အနောက်တွင်ပြိုင်ဘက်ကင်းပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းနဂါးနှင့်ဆင်၏ပုံရိပ်ထွက်ပေါ်လာပြီး အော်ဟစ်လာလေသည်။
ကြီးမားသောသွေးအနှစ်သာရဖိအားမှာ ပတ်ဝန်းကျင်အား လွှမ်းခြုံသွားလေသည်။
ဘုရင်အဆင့်မိစ္ဆာသားရဲ ၁၈ ကောင်မှာ ချက်ချင်းပင်သူတို့၏ သွေးအနှစ်သာရမှာဖိနှိပ်ခံလိုက်ရသလိုခံစားလိုက်ရပြီး သူတို့၏စိတ်ဝိဉာဉ်များမှာလည်း တုန်ယင်လာလေတော့သည်။
"မင်း...မင်း..."
မိစ္ဆာဘုရင်အားလုံး၏မျက်လုံးထဲတွင် အကြောက်တရားများပေါ်လာပြီး စင်စစ် ဤနေရာတွင်ရှိနေသော တကယ့်မိစ္ဆာဘုရင်အစစ်မှာ ကျိုးဟောင်ဖြစ်ကြောင်းကို ခံစားလာရလေသည်။
ထိုအချိန်တွင် "အရိပ်ဓားခုနစ်ချောင်း" ဟူသော အသံထွက်ပေါ်လာလေသည်။
ကျိုးဟောင်၏ခန္ဓာကိုယ်မှာ စက္ကန့်ပိုင်းအတွင်း ခုနစ်ကြိမ်ပေါ်လာပြီး တစ်ကြိမ်စီတွင်ထွက်ပေါ်လာသော ဓားအလင်းရောင်က လေထုကိုပင်တုန်ခါသွားစေလေသည်။
ထိုဓားအလင်းရောင်မှာ မိစ္ဆာဘုရင် ၇ကောင်၏ နဖူးပေါ်တွင်ပေါ်ပေါက်လာပြီးသွေးရောင်အမှတ်အသားအဖြစ်ပြောင်းလဲသွားလေသည်။
ဝှစ်!
ထိုသွေးရောင်အမှတ်အသားမှာ သိပ်မကြာခင်မှာပင်ပေါက်ကွဲသွားပြီး သွေးနှင့်ဦးနှောက်များမှာ နေရာအနှံ့ပျံ့ကျဲသွားလေတော့သည်။
ဘုန်း!
ကြီးမားသော မိစ္ဆာဘုရင် ၇ကောင်မှာ မြေပြင်ပေါ်သို့လဲကျသွားလေသည်။ သူတို့သေသွားသည့်အချိန်ထိတောင် ကျိုးဟောင်သူတို့အားဘယ်လိုသတ်လိုက်မှန်း သူတို့မသိလိုက်ပေ။
ကျန်ရှိနေသော မိစ္ဆာဘုရင် ၁၁ကောင်မှာ ထိုမြင်ကွင်းအားကြည့်ပြီး အလွန်ထိတ်လန့်သွားကြလေသည်။
ဤမြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။
အလယ်အလတ်အဆင့် မိစ္ဆာဘုရင် ၇ကောင်မှာ ချက်ချင်းပင် ကျိုးဟောင်လက်ချက်ဖြင့်သေသွားပေပြီ။
"ပြေး"
မိစ္ဆာဘုရင်များ၏စိတ်ထဲတွင် တုန်လှုပ်သွားလေတော့သည်။ သူတို့ကျိုးဟောင်အား မည်ကဲ့သို့ပုံဖြင့် ဆက်ဝိုင်းပြီးတိုက်ခိုက်ရဲမည်နည်း။ အားလုံးမှာအသက်ရှင်ရေးအတွက် ထွက်ပြေးကြလေတော့သည်။
ဝှစ်! ဝှစ်!
သို့သော်ဓားအလင်းတန်းမှာ သူတို့နောက်လိုက်နေသော မိစ္ဆာနတ်ဘုရားပမာပင်။
ခေတ္တကြာပြီးနောက် ကျိုးဟောင်မှာနောက်ဆုံးကျန်သော မိစ္ဆာဘုရင်၏အလောင်းရှေ့တွင်မတ်တတ်ရပ်လိုက်ပြီး ထိုအလောင်းအား မဟူရာလိပ်ချပ်ဝတ်၏ သိုလှောင်ရေးအိတ်ထဲ ထည့်သိမ်းလိုက်လေသည်။
"ဘုရင်အဆင့်ဓားနဲ့ ဘုရင်အဆင့်မိစ္ဆာတွေကိုသတ်ဖို့က ငါ့အတွက်အတော်လေးလွယ်တာပဲ" ကျိုးဟောင်မှာပုံရိပ်ယောင်မျက်နှာပြင်ကိုဖွင့်ရင်း ရေရွတ်လိုက်သည်။
မူလကတော့ သူ၏ကံကြမ္မာအမှတ်တိုးလာရန်နည်းလမ်းရှာဖို့ကိစ္စနှင့်ပတ်သက်ပြီး သူစိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
သို့သော်ယခုတော့ မိစ္ဆာသားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်ခြင်းမှာ မြို့အတွက်ကြီးမားသောကပ်ဘေးဖြစ်သော်လည်း သူ့အတွက်မူ ကံကြမ္မာအမှတ်များတိုးရန် အခွင့်အရေးကောင်းဖြစ်လာပေပြီ။
ကံကြမ္မာအမှတ် : ၂၈၇၂၁၀၀ (လက်ရှိအဆင့် : ကြွယ်ဝသောကံကြမ္မာအဆင့်)
ထိုစာတန်းအားကြည့်ပြီး ကျိုးဟောင်မှာစိတ်လှုပ်ရှားလာလေသည်။
"ထင်ထားတဲ့အတိုင်းပဲ မိစ္ဆာဘုရင်တွေကိုသတ်ရတာ ပျော်စရာအကောင်းဆုံးပဲ ငါ့ကံကြမ္မာအမှတ်ကနောက်ဆုံးတော့ ၁သန်းကျော်သွားပြီ"
အသက်ဝဝရှူပြီးနောက် ကျိုးဟောင်မှာစိတ်တည်ငြိမ်လာလေသည်။
သူ၏ကံကြမ္မာအမှတ်များမှာ သန်းကျော်သွားပြီဖြစ်လေရာ သူဆက်ပြီးရှာနေလျှင်လည်း အလကားဖြစ်မည်သာဖြစ်သည်။
သူ၏ကံကြမ္မာအမှတ်မှာမြင့်လာလေလေ ထိပ်တန်းအဆင့် အဆင့်မြင့်ပစ္စည်းရရန်အခွင့်အရေးများလေဆိုသော်လည်း လက်ရှိတွင် မြို့မှာကြောက်မက်ဖွယ်ရာ မိစ္တာအရှင်သခင်များဦးဆောင်သောအဖွဲ့၏ အဖွဲ့လိုက်တိုက်ခိုက်မှုအား ရင်ဆိုင်နေရပေသည်။
ဤပြဿနာအား အေးဆေးကိုင်တွယ်နိုင်ရန်မှာ သူ့စွမ်းအားအား သေချာပေါက်မြှင့်တင်မှရမည်ဖြစ်သည်။
ထို့အပြင် မိစ္ဆာအရှင်သခင် ၃ကောင်တောင်ရှိနေသည့်အတွက် သူ့ကံကြမ္မာအမှတ်ကိစ္စနှင့်ပတ်သက်ပြီး စိတ်ပူစရာမလိုပေ။
ကျိုးဟောင်မှာ တွေဝေမနေဘဲ ဈေးဆိုင်ကဏ္ဍအားဖွင့်ပြီး ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာစာမျက်နှာသို့ဝင်လိုက်လေသည်။
"ကဲ လျှို့ဝှက်ဆန်းကြယ်သေတ္တာဖွင့်မယ်ဆိုမှတော့ ငါ့ကံကြမ္မာအမှတ်ကိုအကုန်သုံးပြီး ဘာပစ္စည်းကောင်းရမလဲကြည့်ရမယ်"
ထိုအတွေးနှင့် ကျိုးဟောင်မှာအံကြိတ်ပြီး ကံကြမ္မာအမှတ်အားလုံးကို သုံးလိုက်လေသည်။
ချက်ချင်းပင် သူ့ကံကြမ္မာအမှတ်များမှာ ကုန်သွားလေတော့သည်။
"ဆက်တိုက်ဖွင့် လျှို့ဝှက်ဆန်းကြယ်သေတ္တာ ၁၀လုံး"
ကျိုးဟောင်မှာ ဆက်တိုက်ဖွင့် ပဟေဠိသေတ္တာ ၁၀လုံးဆိုသော နေရာအားတန်းနှိပ်လိုက်လေသည်။
"ဒင်.....ကျေးဇူးပြုပြီးသင်၏လက်နက်များ၊ ဆေးလုံးများ၊ ကျင့်ကြံရေးသိုင်းများကိုဖြည့်ပါ "
စနစ်မှစာတစ်ခုပေါ်လာလေသည်။
ကျိုးဟောင်မှာ အလျင်အမြန်ပင်ဖြည့်လိုက်လေသည်။
မကြာမီပင် အချက်အလက်များမှာ နေရာလွတ်တွင်ပေါ်လာလေသည်။
ကျင့်ကြံရေးသိုင်းများ : "သွေးပြောင်းလဲသိုင်း" "သွေးလောင်ကျွမ်းသိုင်း" "ပြောင်းလဲမှု ၃သွယ်နတ်ဘုရားသွေးသိုင်း" "ပြောင်းလဲမှု ၉သွယ်ရွှေခန္ဓာသိုင်း"
အရိပ်ဓားသိုင်း : "တံလျှပ်ဖြတ်သိုင်း" "အရိပ်ခုနစ်သွယ်ဓားသိုင်း" "ကောင်းကင်ခွဲနတ်ဘုရားသိုင်း"
လက်နက်များ :
လက်နက်များ : မဟူရာလိပ်ချပ်ဝတ်၊ အထွတ်အမြတ်မဟူရာလိပ်ချပ်ဝတ်၊ မဟူရာလိပ်နတ်ဘုရားချပ်ဝတ်
ဘုရင်အဆင့်ဓား : သွေးသောက်ဓား၊ နတ်ဘုရားသတ်ဓား၊ နိဗ္ဗာန်ဘုံဓား
ဆေးလုံးများ : အဆင့်မြင့် သွေးတိုးပွားဆေးလုံး၊ နတ်ဘုရားသွေးဆေးလုံး၊ အာဒိကပ္ပသွေးဆေးလုံး
ယခုတစ်ခေါက်တွင် ကျိုးဟောင်သည် နဂါးနှင့်ဆင်ဉာဏ်ပညာသိုင်းအားမဖြည့်လိုက်ပေ။ သူယခုကျင့်ကြံနေသည်မှာ နဂါးနှင့်ဆင်ဉာဏ်ပညာသိုင်း၏ကန့်သတ်ချက်ကို ရောက်ပြီးနေပြီဖြစ်သည်။
ဘုန်း!
အချက်အလက်များအားဖြည့်ပြီးနောက် ငွေရောင်သေတ္တာမှာလည်ပတ်လာပြီး ပုံရိပ်ယောင်မျက်နှာပြင်တစ်ခုလုံးအား ဖုံးလွှမ်းသွားလေသည်။
ဘန်း!
ထို့နောက် ငွေရောင်သေတ္တာမှာ ပေါက်ကွဲထွက်လာလေသည်။
ချက်ချင်းပင် ပစ္စည်း ၁ဝခုမှာ မျက်နှာပြင်တွင်ပေါ်လာလေသည်။
"ဒင်.... ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ရှားပါးအဆင့်ကျင့်ကြံရေးသိုင်းဖြစ်သော "ကောင်းကင်ခွဲနတ်ဘုရားသိုင်း" အားရရှိသည့်အတွက် ဂုဏ်ပြုပါသည်"
"ဒင်.... နှင်းဆီပန်း ၁၀၀ အားရရှိသည့်အတွက်ဂုဏ်ပြုပါသည်"
"ဒင် ....ကောင်းကင်ဘုံဒင်္ဂါး ၁၀၀အား ရရှိသည့်အတွက်ဂုဏ်ပြုပါသည်"
"....."
"ဒင်... ရှားပါးအဆင့်လက်နက် "နတ်ဘုရားသတ်ဓား" အားရရှိသည့်အတွက်ဂုဏ်ပြုပါသည်"
"ဒင်... ရှားပါးအဆင့်ဆေးလုံး "သွေးနတ်ဘုရားဆေးလုံး" အားရရှိသည့်အတွက်ဂုဏ်ပြုပါသည်"
"ပစ္စည်းများအား သင့်အိတ်ထဲတွင်သိမ်းဆည်းပြီးပါပြီ ကျေးဇူးပြုပြီးမှတ်သားထားပေးပါ"
တစ်ချိန်တည်းမှာပင် မျက်နှာပြင်ပေါ်၌ စနစ်မှကြေညာချက်တစ်ခု ပေါ်လာလေသည်။
"ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ရှားပါးအဆင့်ကျင့်ကြံရေးသိုင်းရရှိသွားသည့်အတွက် "ငါကသာမန်လူပါပဲ" အားဂုဏ်ပြုပါသည်"
"ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှ ရှားပါးအဆင့်လက်နက်ရရှိသွားသည့်အတွက် "ငါကသာမန်လူပါပဲ" အားဂုဏ်ပြုပါသည်"
"ရှားပါးအဆင့်ဆေးလုံးရရှိသွားသည့်အတွက် ဂုဏ်ပြုပါသည်"
ကြေညာချက် ၃ခုမှာ တစ်ခုပြီးတစ်ခုပေါ်လာလေသည်။
ကြေးအဆင့်အသုံးပြုသူများမှလွဲ၍ အသုံးပြုသူအားလုံး ထိတ်လန့်သွားလေသည်။
သူတို့အားလုံး ငွေပဟေဠိသေတ္တာစာမျက်နှာဆီ အလောတကြီးရောက်လာကြပြီး ကြေညာချက်အားကြည့်နေကြလေသည်။
....................................................................