← Chapters

အခန်း ၉၇-၉၉

Vol. 7 Ch. 97-99

အခန်း ၉၇-၉၉

Vol. 7 Ch. 97-99

အခန်း (၉၇) : နေရာရွေ့ပြောင်းရေးလက်နက်အသစ်

"နတ်ဆိုးဘုရင် တကောင်ရဲ့ ဉာဏ်ရည် ဉာဏ်သွေးကမနိမ့်ဘူး ဒါ့အပြင် သူတို့ရဲ့ အရှိန်အဝါကိုသုံးပြီးအဆင့်နိမ့်နတ်ဆိုးသားရဲတွေကိုလည်း ခြိမ်းခြောက်ထိန်းချုပ်နိုင်တယ်။ ပြီးတော့သူတို့က အရမ်းလည်းလျင်မြန်ကြတယ်။ တကယ်လို့ ငါတို့သာ နေရာရွေ့ပြောင်းရေးပစ္စည်းအနေနဲ့ သူတို့ကို အသုံးချမယ်ဆို ဒီလို ပြဿနာတွေကို ထိန်းချုပ်နိုင်မယ်။"

ဟန်ဖူက ဆက်ရှင်းပြနေသည်။

"မဟာအက်ကွဲကြောင်းကြီးနားမှာရှိတဲ့ ရှေ့တန်းခံတပ်မှာ လည်း နတ်ဆိုးသားရဲကြီးတွေကို ရွှေ့ပြောင်းရေးကိရိယာ‌တွေအဖြစ် အသုံးချပြီးပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ကြတယ်"

ကျိုးဟောင်၏မျက်လုံးများတွင် စိတ်၀င်စားမှုများဖြင့် ပြည့်နှက်သွားလေသည်။ ဒီရုတ်တရက် ပေါ်ပေါက်လာခဲ့သော အက်ကွဲကြောင်းကြီးကြောင့် ကမ္ဘာလော‌ကကြီးမှာ ကြီးမားသောပြောင်းလဲမှုကြီးဖြစ်ပေါ်ခဲ့ပြီး နှစ်သန်းပေါင်းများစွာ ဒုက္ခကြုံတွေ့ခဲ့ရသည်။

မြို့အသီးသီးမှာလည်း မျိုးနွယ်ခြားသားရဲတွေပြည့်နှက်နေတဲ့ တောနက်ဧရိယာကြီးများက ပိုင်းခြားထားလေသည်။ ဒါကြောင့်လမ်းပန်းဆက်သွယ်ရေးမှာလည်း အလွန်ပင်ခက်ခဲလာခဲ့သည်။

ဥပမာအနေဖြင့် နည်းပြရှန်း၊ ယွမ်ချန်း နှင့် အခြား ယန်ကျင်းကျောင်းသားများမှာ ဟွာတုန်းမြို့သို့ရောက်ရန် ခက်ခက်ခဲခဲ ခရီးထွက်ခဲ့ရလေသည်။ ဒါတောင် ယန်ကျင်းမြို့နှင့် ဟွာတုန်းမြို့မှာ အဝေးကြီးမဟုတ်ပေ။

ယန်ကျင်းမြို့မှ ဟွမ်နန်မြို့သို့ သွားရန်မှာတော့ အခက်အခဲများစွာရှိလှပေသည်။ ယန်ကျင်းလူရည်ချွန်များပင် မဆိုထားနှင့် နည်းပြရှန်းအတွက်တောင် နေရာရွှေ့ပြောင်းရေးကိရိယာကို အသုံးပြုပြီးသွားရန်လိုအပ်လေသည်။

ဒါ့ကြောင့် ဟန်ဖူပြောသလို နတ်ဆိုးဘုရင် သားရဲများကို နေရာရွှေ့ပြောင်းရေးပစ္စည်းများအဖြစ် အသုံးပြုခြင်းမှာ ပို၍သင့်တော်သည်မှာ အမှန်ပင်ဖြစ်သည်။

"လောင်..လောင်ဟန် ဒီနတ်ဆိုးဘုရင်က ငါ့အတွက်တော့အတင်းဖိအားပေးခိုင်းစေနိုင်ပေမဲ့ တခြား ကျွမ်းကျင်သူတွေကတော့ ဒီလိုနတ်ဆိုးဘုရင်အများအပြားကို ဖိနှိပ်ထားဖို့ မလွယ်ကူဘူး"

ကျိုးဟောင်က မဝံ့မရဲပြောလိုက်သည်။

" ဟုတ်တယ် စီနီယာဟန် နတ်ဆိုးဘုရင်တွေက လူသားမျိုးနွယ်တွေရဲ့ ရွှေ့ပြောင်းရေးကိရိယာတွေအဖြစ်တော့လိုလိုလားလား လုပ်ပေးမယ်မထင်ဘူး"

စစ်သေနာပတိချုပ် ကျောက်နှင့်အခြားလူများက ခေါင်းညိတ်ရင်းပြောကြသည်။

" အဲ့တာက အရမ်းမခက်ခဲပါဘူး။ နတ်ဆိုးဘုရင်တွေလည်းသေမှာတော့ကြောက်ကြပါတယ်။ ရှေ့တန်းအခြေစိုက်စခန်းက စက်ယန္တရားမျိုးနွယ်ရဲ့ နည်းပညာတွေကို လေ့လာပြီးနောက် ချိပ်စ်ပြားလေးတမျိုးကို တီထွင်နိုင်ခဲ့ကြတယ်။ ထိုချိပ်စ်ပြားလေးကို သားရဲတွေရဲ့ ဦးနှောက်ထဲထည့်ထားပြီး အထူးစွမ်းအင်အတက်အကျ ကြိမ်နှုန်းတွေသုံးပြီး ထိန်းချုပ်နိုင်တယ်"

"စီနီယာကျိုးရဲ့ အကူအညီနဲ့ဆို ဒီနတ်ဆိုးဘုရင်တွေထဲ ချိပ်စ်ပြားလေးတွေထည့်ဖို့ လိုလိုလားလားလက်ခံကြမှာပါ"

"ငါဒီလို နည်းပညာရှိမှန်း မသိခဲ့ဘူး"

စစ်သေနာပတိချုပ်ကျောက်က အထူးအဆန်းဖြစ်နေခဲ့သည်။

" စက်ယန္တရားမျိုးနွယ်ရဲ့ နည်းပညာတွေက အလွန်အဆင့်မြင့်တယ်။ သူတို့နည်းပညာတွေကို အချိန်ယူလေ့လာပြီးနောက်မှာတော့ ချိုးဖေါက်နိုင်ခဲ့ကြပြီ"

ဟန်ဖူကပြောပြလေသည်။

"ဒါဆို မျိုးနွယ်ခြားတွေကလည်း ငါတို့အပေါ် ဒီနည်းလမ်းအတိုင်း အခွင့်အရေးယူလာနိုင်သလား"

ကျိုးဟောင်က စိုးရိမ်စိတ်ဖြင့်မေးလိုက်သည်။

"စီနီယာကျိုး စိတ်မပူပါနဲ့။ ချိပ်စ်ပြား နဲ့ ထိန်းချုပ်ဖို့ဆို တဖက်ကလိုလားမှုရှိဖို့လိုသည့်အပြင် အထူး နည်းပညာလုပ်ဆောင်ချက်တွေလည်း လိုသေးတယ်။

ဒါ့အပြင် အသုံးချခံက ခုခံလာရင်လည်း ချိပ်စ်ပြားရဲ့ အထူးစွမ်းအင်လှိုင်းတွေက သူ့ကို‌အနှောင့်အယှက်တွေပေးလိမ့်မယ်"

ဟန်ဖူက အလျင်အမြန်ပြန်ရှင်းပြသည်။

"ဒီလိုဆိုရင်တော့ လောင်ဟန် ကျုပ်မင်းကို အဲ့ချိပ်စ်ပြားတွေအမြန်ရဖို့ အပူကပ်ရတော့မှာပဲ"

ကျိုးဟောင်လည်း စိတ်ချလက်ချဖြစ်သွားခဲ့လေသည်။

"စိတ်မပူပါနဲ့ မဟာအက်ကွဲကြောင်းကြီးအနီးက ရှေ့တန်းအခြေစိုက်စခန်းက ဟွာတုန်းမြို့ကို သားရဲလှိုင်း၀င်တိုက်ခဲ့တာကိုကြားသိပြီး နတ်ဆိုးဘုရင် ၅၂ကောင် ကို အရှင်ဖမ်းမိထားတာကိုလည်း သတင်းရထားပြီးပါပြီ။ အဲ့‌တာကြောင့် သူတို့သေချာပေါက် ချိပ်စ်ပြားတွေထောက်ပံ့မှာပါ"

ဟန်ဖူက‌ပြန်ပြောလိုက်သည်။

"ဒါတွေအားလုံးက စီနီယာ ဟန် နဲ့ စီနီယာကျိုးတို့ရဲ့ကျေးဇူးတွေပါ"

စစ်သေနာပတိချုပ်ကျောက်နှင့် အခြားသူများက ရယ်ပြီးပြောလိုက်ကြသည်။

"ဟုတ်တယ် ဒီဆရာ နှစ်ယောက်ကြောင့်သာမဟုတ်ရင် ဟွာတုန်းမြို့ကြီးက အဆုံးသတ်သွားခဲ့မှာ"

" ကျုပ်အများကြီးဘာမှ မကူညီလိုက်ရပါဘူး။ စီနီယာကျိုးကြောင့်သာမဟုတ်ရင် ကျုပ်လည်း ဒီနေရာမှာသေနေလောက်ပြီ။ တိမ်လွှာမြွေပါဘုရင်လို အရှင်သခင်အဆင့် မိစ္ဆာတွေက မြို့တွေကိုတိုက်ခိုက်ခဲတယ်"

ဟန်ဖူက ခေါင်းခါပြီး ပြန်ပြောလေသည်။

"ကောင်းပါပြီ ကျုပ်လည်း အကြာကြီးနေလို့မရဘူး။ ယန်ကျင်းမြို့ကို တတ်နိုင်သမျှအမြန်ပြန်ပြီး ဒီကအခြေအနေကို ရှေ့တန်း‌အခြေစိုက်စခန်းဆီမသွားခင် တင်ပြရမယ်"

ဟန်ဖူလည်း သူ့စကားဆုံးသည်နှင့် ကောင်းကင်ပေါ်သို့ပြန်တက်သွားပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။

ကျိုးဟောင်က ပြိုကျ‌နေသော အကာအကွယ်နံရံကြီးများကိုကြည့်ရင်းသက်ပြင်းချပြီးပြောလိုက်သည်။

"ဒီတခေါက် ကပ်ဘေးကြီးကို အချိန်တိုအတွင်းတားလိုက်နိုင်ပေမဲ့ မြို့ကတော့ အတော်ပျက်စီးသွားခဲ့တာပဲ။ အကာအကွယ်နံရံလေးခုလုံးလည်း အကုန်ပြိုကျလုနီးပါးဖြစ်ကုန်ပြီး ပြန်လည်တည်ဆောက်ဖို့လိုအပ်နေပြီ"

"ကံကောင်းစွာနဲ့ မြို့နေလူထူဘေးကင်းခဲ့လို့တော်သေးတယ်"

စစ်သေနာပတိချုပ်ကျောက်က ပြောလိုက်သည်။

"ကျောက်လောင် မင်းဘေးဥပဒ်ရဲ့နောက်ဆက်တွဲအတွက် သင့်လျော်တဲ့အစီအစဉ်တွေလုပ်ရမယ်။ သူတို့ရဲ့ ဆုံးရှုံးမှုတွေအတွက်လည်း မြို့သူမြို့သားတွေကို လျော်ကြေးပေးရမယ်…”

ကျိုးဟောင် က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"စိတ်ချပါ။ ကျွန်တော်ကိုယ်တိုင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ကြီးကြပ်လုပ်ဆောင်ပါ့မယ်"

စစ်သေနာပတိချုပ်ကျောက်လည်း အလျင်အမြန်ပြန်ပြောလိုက်သည်။

" ကျုပ် စစ်သေနာပတိချုပ်ကျောက်ကို ယုံပါတယ်။‌ထပ်လောင်းပြောချင်တာကတော့ ဒီတခေါက်တိုက်ခိုက်မှုကြောင့် မြို့ကအတော်နစ်နာခဲ့ရတယ်။ အဲ့တော့ အခုဆို တောနက်ဧရိယာထဲက မိစ္ဆာသားရဲတွေလည်း ကုန်သလောက်ဖြစ်နေပြီဆိုတော့ ငါတို့မြို့ရဲ့ ကာကွယ်ရေးစည်းကို အပြင်ဘက်ကို ထပ်ချဲ့ရမယ်"

ကျိုးဟောင်ကခေါင်းညိတ်ပြီးပြန်ပြောသည်။

"သဘောတူတယ်"

"ထောက်ခံပါတယ်"

ဟဲ့ပျောင်း ကျန်းဟုန် နှင့် အခြား မဟာဆရာသခင်များက စိတ်လှုပ်တရှား ပြန်ပြောကြလေသည်။

လွန်ခဲ့သောနှစ်တွေအတွင်း မြို့အသီးသီးမှာ သူတို့၏ကာကွယ်ရေးလိုင်းများကို တဖြည်းဖြည်းကျုံလာခဲ့ရသည်။ ယခုလို တန်ပြန်တိုက်စစ်ဆင်ပြီး ကာကွယ်ရေးစည်း တိုးမြှင့်ခြင်းမှာတော့ အလွန်ရှားပါးလေသည်။

သူတို့ဟွာတုန်းမြို့မှာ ဒီတခေါက်တိုက်ခိုက်ခံရမှုကနေ အကျိုးအမြတ်ရခဲ့ခြင်းဖြစ်လေသည်။ ဒါ့အပြင် မြို့အပြင်ရှိ တောနက်ဧရိယာထဲ၌ တိမ်လွှာမြွေပါအရှင်သခင်လိုမျိုး အင်အားကြီးတည်ရှိမှုမျိုးပါ မရှိတော့ပေ။

အခြားမျိုးနွယ်ခြားများ၏ တော်၀င်မျိုးစုများသာ စုပေါင်းနေခြင်းမရှိပါက တောနက်ဧရိယာကြီးမှာ ဟွာတုန်းမြို့အတွက် အန္တရာယ်မရှိတော့ပေ။

"စီနီယာကျိုးရဲ့ အကြံပေးချက်က အရမ်းကောင်းတယ်။ စီနီယာဟန်ဆီက ချိပ်စ်ပြားတွေရရင် ဒီနတ်ဆိုးဘုရင်တွေကို ထိန်းချုပ်ပြီး အကြီးစားရှင်းလင်းရေး စစ်ဆင်ရေးလုပ်ဆောင်မယ်"

စစ်သေနာပတိချုပ်ကျောက်က ရယ်ပြီးပြောလိုက်သည်။

.................…...........................................................

အခန်း (၉၇) ပြီးပါပြီ။

အခန်း (၉၈) : သေနတ်များကို အမြောက်အဖြစ်ပြောင်းလဲခြင်း

ဟန်ဖူသည် အလွန်ထိ‌ထိရောက်ရောက်အလုပ်လုပ်သူဖြစ်ပြီး သူသည် အရှေ့တန်းခံတပ်ဆီမှ ချိပ်စ်ပြားများနှင့်အတူ ချက်ချင်းပြန်ရောက်လာခဲ့လေသည်။

ထိုချပ်စ်ပြားများမှာ တပ်ဆင်ရလွယ်ကူပေသည်။ နတ်ဆိုးဘုရင်များက ငြင်းဆန်ခြင်းမရှိပါက ထိုချပ်စ်ပြားများကို သူတို့ဦးနှောက်ထဲသို့ အလွယ်တကူထည့်လို့ရပေသည်။

နတ်ဆိုးဘုရင် ၅၂ကောင်မှာ ထိုချိပ်စ်ပြားများ ဘယ်လို အလုပ်လုပ်သလဲ မသိကြသော်လည်း သူတို့အတွက် အန္တရာယ်ရှိကြောင်းကိုတော့ ရိပ်မိကြလေသည်။

ထိုကြောင့် ကျိုးဟောင် ဖိနှိပ်ထားသည့်တိုင်အောင် နတ်ဆိုးဘုရင် ၁၇ကောင်မှာ ခုခံငြင်းဆန်လာကြလေသည်။ ကျိုးဟောင်လည်း ထို ၁၇ကောင်ကို ချက်ချင်းရှင်းပစ်လိုက်ပြီး ကံကြမ္မာအမှတ် ၂သန်းရရှိခဲ့လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သောအခါ ကျန်သောနတ်ဆိုးဘုရင် ၃၅ကောင်မှာ ချိပ်စ်ပြားများတပ်ဆင်ခြင်းကို ငြိမ်ခံလိုက်ကြလေသည်။ ထိုနတ်ဆိုးဘုရင် ၃၅ကောင်ထဲတွင် အလယ်အလတ်အဆင့် ၂၁ ကောင်ပါ၀င်ပြီး ကျန် ၁၄ကောင်မှာ အဆင့်နိမ့်နတ်ဆိုးဘုရင်များသာဖြစ်ကြလေသည်။

သူတို့တပ်ဆင်ခြင်းပြီးဆုံးသွားသည့်အခါ ညပင် အတော်ညဉ့်နက်နေခဲ့လေပြီ။

မြို့နေလူထူအများအပြားမှာ မြို့ထဲသို့ပြန်ရောက်နေပြီဖြစ်သော်လည်း အချို့မှာတော့ မြေအောက်ပုန်းခိုကျင်းများတွင်သာရှိနေကြသေးသည်။

ထိုအခိုက်အတန့်တွင် ဆက်သွယ်ရေးလိုင်းများ ပြန်လည်ပွင့်လာခဲ့သည်။ မကြာမီပင် ကျိုးဟောင်၏ဖုန်းမှာ မြည်လာခဲ့လေသည်။

"သား... သား ဘယ်မှာလဲ ဘယ်လိုနေလဲဟင်"

သူချက်ချင်း ဖုန်းကိုင်လိုက်သည်နှင့် တဖက်မှ သူ့မိဘများ၏ စိုးရိမ်သံကိုကြားလိုက်ရသည်။

" အဖေ အမေ သား အဆင်ပြေပါတယ်။ အချက်ပေးသံကြားတာနဲ့ သား အတန်းဖော်တွေနဲ့အတူ မြေအောက်ပုန်းခိုစခန်းထဲ သွားခဲ့ကြတာပါ။ သားတို့က အခြားမြေအောက်စခန်းတခုထဲမှာပါ "

ကျိုးဟောင်က အလျင်အမြန်ပြန်ဖြေလိုက်သည်။

" သား အဆင်ပြေတယ်ကြားရလို့၀မ်းသာလိုက်တာ။ အမေတို့မှာ သေလောက်အောင်စိတ်ပူနေခဲ့တာ"

ကျိုးဟောင်၏မိဘနှစ်ပါးမှာလည်း ထိုအချိန်ကျမှသက်ပြင်းချနိုင်ကြသည်။

"အဖေနဲ့အမေ ဘာမှစိတ်မပူနဲ့တော့နော်။ သားတို့နည်းပြ‌ဆရာပြောတာတော့ အပြင်ဘက်က သားရဲလှိုင်းကို ဖြေရှင်းပြီးပြီတဲ့။ မနက်ဖြန်လောက်ဆို အပြင်ကိုပြန်ထွက်လို့ရပြီ"

ကျိုးဟောင်က ပြုံးပြီးပြောလိုက်သည်။

"အမ် သားရဲလှိုင်းကို ဖြေရှင်းပြီးသွားပြီပေါ့"

"ဘုရားသခင်ရဲ့ကျေးဇူးတွေပဲ"

ကျိုးရွှယ်ကောနှင့် ၀မ်ရှုယွင်တို့လည်း စိတ်လှုပ်ရှားသွားကြသည်။သူတို့အနားတွင်ရှိသော လူများကလည်းထိုစကားများကို သဲ့သဲ့ကြားလိုက်သောကြောင့် လာရောက်သတင်းမေးကြလေသည်။

ထိုသတင်းမှာ အမှန်ဖြစ်ကြောင်းသိရှိပြီးနောက် စိတ်လှုပ်ရှားသွားကြပြီး ထအော်ကြ‌လေသည်။

ကျိုးဟောင်လည်း ဖုန်းကိုချလိုက်ပြီး ပြုံးနေခဲ့လေသည်။ အခြေစိုက်စခန်းများ ပြန်လည် တည်ဆောက်ရေးအတွက် ဆွေးနွေးနေကြသော စစ်သေနာပတိချုပ်ကျောက်နှင့် အခြားမဟာဆရာသခင်များကိုလှမ်းကြည့်လိုက်‌ပြီး ခေါင်းကိုရမ်းကာ ထိုနေရာမှထွက်ခွာလာခဲ့သည်။

ကျိုးဟောင်သည် တောနက်ဧရိယာထဲသို့ရောက်သောအခါ သူ၏ လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ထုချလိုက်သည်။

ဘီးးးးးး...

လေထုမှ ဘဲလ်တခုကဲ့သို့မြည်ဟီးသွားပြီး အချိန်အတော်ကြာသည်အထိ ရပ်တန့်မသွားပေ။ သူ၏ခန္ဓာကိုယ်မှာလည်း လေးကြိုးတချောင်းကဲ့သို့တင်းမာလာခဲ့ပြီး သူ၏အရှိန်အဝါမှာလည်း မုန်တိုင်းကဲ့သို့ ပြင်းထန်လာခဲ့ကာ ရှေးဟောင်းသစ်ပင်များကိုပင် ယိမ်းထိုးသွားစေခဲ့သည်။

" အခြေခံကျင့်ကြံရေး အုတ်မြစ်တခုဖြစ်တဲ့ ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာသိုင်းက အတော် ထူးဆန်းတာပဲ။ ပြောင်းလဲခြင်းတတိယအဆင့်မှာတောင် ဒီလောက်စွမ်းအား တကယ်လို့ငါသာ အဆင့်ကိုးဆင့်လုံးကျွမ်းကျင်သွားရင် ဘယ်လောက်ထိသန်မာလာမလဲ အရမ်းသိချင်သွားပြီ "

ကျိုးဟောင်က အလွန်စိတ်လှုပ်ရှားနေခဲ့လေသည်။

ဝှစ်

ထို့နောက်သူသည် နတ်ဘုရားသတ်ဓားကို ထုတ်ပြီး လက်ချောင်းလေးများဖြင့် ဓားကိုထိကြည့်လိုက်သောအခါ မြည်သံသဲ့သဲ့လေးကြားလိုက်ရသည်။ ထိုဓားတွင် အတိတ်ရာဇ၀င်တခုရှိခဲ့ပုံရသည်။

ရွှတ်

သူ့တွေးလိုက်သည်နှင့် သူ၏အနီရောင်ချပ်၀တ်ပေါ်တွင် ရေလှိုင်းကဲ့သို့ လှိုင်းတွန့်လေးများပေါ်လာပြီး ခဏအတွင်းမှာပင် လိပ်ကြေးခွံကဲ့သို့ပြောင်းလဲသွားခဲ့လေသည်။

တိမ်လွှာမြွေပါအရှင်သခင်၏ လက်သည်းဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရတာတောင် ချပ်၀တ်မှာ အစင်းရာပင်မထင်ခဲ့ပေ။ ထိုအခြင်းအရာကို ကြည့်ခြင်းဖြင့် မဟူရာလိပ်နတ်ဘုရားချပ်၀တ်မှာ အလွန် အစွမ်းထက်ကြောင်း သိနိုင်လေသည်။ဒါ့အပြင် အဲ့အချိန်တုန်းက ကျိုးဟောင်မှာ သူ့ချပ်၀တ်ကို အပြည့်အ၀အသက်မသွင်းခဲ့ရသေးချေ။

"ဒီသားရဲလှိုင်းတိုက်ခိုက်မှု က ငါ့ရဲ့ သေနတ်တွေကို အမြောက်ဖြစ်အောင်လုပ်ပေးလိုက်သလိုပါလား"

ကျိုးဟောင်မှာ အရမ်းစိတ်လှုပ်ရှားနေခဲ့လေသည်။ ယွမ်၁၀သန်းကျော် သုံးစွဲပြီးနောက်မှာတော့ သူ၏လက်နက်များ ၊ ကျင့်ကြံရေး နည်းစနစ်များ ၊အသုံးအဆောင်များကို တတိယအဆင့်ထိရောက်အောင်အဆင့်မြှင့်တင်နိုင်ခဲ့ပြီး သူ့စွမ်းအားများမှာ အလွန်တိုးပွားလာခဲ့လေသည်။

အရင်တုန်းက သူ့မှာ အထွဋ်အထိပ် မဟာဆရာသခင်တယောက်ရဲ့စွမ်းရည်မျိုးသာရှိခဲ့ပြီး ယခုဆိုလျှင် မူလမဟာဆရာသခင်အဆင့်ကိုမှ န၀မမြောက်အဆင့် မူလမဟာဆရာသခင်လို့ ဟန်ဖူအထင်မှားရလောက်အောင် စွမ်းရည်မြင့်လာလေသည်။

ဒါ့အပြင် တိမ်လွှာမြွေပါ အရှင်သခင်အား ရှင်းလင်းစဉ်က သူ၏ခွန်အားရဲ့ ၃၀ ရာခိုင်နှုန်းသာအသုံးပြုခဲ့ရခြင်းဖြစ်ပြီး "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာနည်းစနစ်"ကြောင့် အစွမ်းတိုးမြှင့်နေခဲ့ခြင်းဖြစ်လေသည်။

သူသည် "ကောင်းကင်ခွဲနတ်ဘုရားသိုင်း"နှင့် "နတ်ဘုရားသတ်ဓား" တို့ကိုပင် အသုံးမချခဲ့ရပေ။ထိုအချိန်တုန်းက သူ၏ ကျင့်ကြံရေးအဆင့်မှာလည်း ဆရာသခင်အဆင့်သာရှိနေသေးသည်။

"ငါ့ရဲ့စွမ်းအားကို အပြည့်အ၀လွှတ်ထုတ်လိုက်ရင် ဘယ်အဆင့်ထိရောက်နေမလဲ စိတ်၀င်စားမိတယ်"

ကျိုးဟောင်၏မျက်လုံးများမှာ မျှော်လင့်ချက်ရောင်ခြည်များပြည့်နှက်နေခဲ့သည်။ သူအမှန်တကယ် ကြိုးစားစမ်းသပ်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူ့အတွက်အစမ်းသပ်ခံပစ်မှတ်ရှိ‌မနေခဲ့ပေ။

ကျိူးဟောင်လည်း စိတ်ညစ်စွာဖြင့် ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်ကိုဖွင့်လိုက်ပြီး ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာရှိ‌သောစာမျက်နှာကို ဖွင့်လိုက်သည်။

ဒင်... ကျေးဇူးပြု၍ဖော်ပြထားသော ခေါင်းစဉ်များအားဖြည့်စွက်ပါ : ကျင့်ကြံရေးနည်းစနစ် ၊ လက်နက် နှင့် ဆေးဝါးများ

စနစ်၏သတိပေးချက်ကိုမြင်သောအခါ ကျိုးဟောင်က ဖြည့်စွက်လိုက်လေသည်။ "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာသိုင်း" (မပြည့်စုံသေး) ၊ "ကောင်းကင်ခွဲနတ်ဘုရားသိုင်း" ၊ "နတ်ဘုရားသတ်ဓား" ၊ "မဟူရာလိပ်နတ်ဘုရားချပ်၀တ် " နှင့် "အာဒိကပ္ပ‌သွေးဆေးလုံး"

ဝှစ်....

ထို့နောက်သေတ္တာများပြန်လည် ပြန်ပေါ်လာခဲ့သည်။

ကျင့်ကြံရေးနည်းစနစ်: "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာသိုင်း" (မပြည့်စုံသေး) ( အဆင့်မြှင့်တင်ရန်လိုအပ်ခြင်း)

"ကောင်းကင်ခွဲနတ်ဘုရားသိုင်း"

လက်နက်: နတ်ဘုရားသတ်ဓား - ကောင်းကင်ဘုံဓား

မဟူရာလိပ်နတ်ဘုရားချပ်၀တ်

ဆေးဝါး : "အာဒိကပ္ပ‌သွေးဆေးလုံး"

ထိုအခြင်းအရာကိုမြင်သောအခါ ကျိုးဟောင်မှာ စိတ်ပျက်သွားလေသည်။ နတ်ဘုရားသတ်ဓားမှ လွဲ၍အခြားပစ္စည်းများအား အဆင့်မြှင့်တင်ရန်မဖြစ်နိုင်တော့ပေ။

..............................................................................

အပိုင်း (၉၈) ပြီးပါပြီ။

အခန်း (၉၉) : ကြည့်ရတာ ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာမှာ အခြားအမျိုးအစားတွေရှိပုံပဲ

" ကြည့်ရတာ ငါငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကနေရနိုင်မှုက ဂိတ်ဆုံးပြီထင်တယ်"

ကျိုးဟောင်က သူ့အတွေးထဲပြောခဲ့သည်။ "ပြောင်းလဲခြင်းကိုးသွယ်ရွှေခန္ဓာသိုင်း" ရဲ့ အရိပ်အမြွက်ပေးချက်အရ အဆင့်ထပ်မြှင့်ဖို့လိုသေးလေသည်။ နောက်ဆုံးတော့ ငွေရောင်သေတ္တာများမှ ပြောင်းလဲခြင်း ၅ဆင့်အထိသာရရှိနိုင်ပြီး ကျန်နေသေးသော ၃ဆင့်ကိုတော့ မရရှိနိုင်တော့ပေ။

ခဏလောက်တုံ့ဆိုင်းနေပြီးနောက် သူယွမ်သန်း ၅၀ဖြည့်သွင်းလိုက်သည်။ သူ့အကောင့်ထဲရှိပမာဏမှာ ၇၅၃,၁၀၀ ကောင်းကင်ဘုံဒင်္ဂါးများဖြစ်သွားလေသည်။

လက်ရှိအဆင့် : ၃၂,၁၇၃၀ / ၁၀,၀၀၀,၀၀၀ (ငွေအဆင့်)

သူအဆင့်တက်ဖို့ သေချာပေါက် ၇၀၀,၀၀၀ အတွေ့အကြုံအမှတ်လိုနေသေးသည်။

"ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာကတောင် င့ါစွမ်းအားကို ဒီလောက်တိုးစေခဲ့ရင် အခြား ဆန်းကြယ်သေတ္တာတွေကရော ဘယ်လိုအင်အားမျိုးပေးနိုင်မလဲ"

ကျိုးဟောင်ကတွေးလိုက်ပြီး ငွေရောင်သေတ္တာများကို ချက်ချင်းပဲ အကြိမ်၇၀ ဆက်တိုက်ဖွင့်လိုက်လေသည်။

သူ့ဖန်သားပြင်တွင် ချက်ချင်း လျှို့ဝှက်ဆန်းကြယ်သေတ္တာများဖြင့်ပြည့်နှက်သွားလေသည်။

"ဒင်... နှင်းဆီပန်း အပွင့် ၁၀၀ ရတဲ့အတွက် ဂုဏ်ယူပါတယ်"

"ဒင်.. ဂုဏ်ယူပါတယ်..."

"...."

စနစ်မှ ဆက်တိုက်အသံများမြည်နေခဲ့လေသည်။ အားလုံးကတော့ နှင်းဆီပန်းများနှင့် ကောင်းကင်ဘုံဒင်္ဂါးပြားဖြစ်လေသည်။

ကျိုးဟောင်အတွက် အံ့ဩစရာမဟုတ်တော့ပေ။ ကံကြမ္မာရဲ့ဖေးမမှုသာမပါရင် သူ့အတွက် ရှားပါးပစ္စည်းများရရှိရန် အခွင့်အရေးမရှိပေ။

ထိုအချိန်တွင် ငွေရောင်သေတ္တာ၏စာမျက်နှာအားကြည့်နေသောသူများမှာ ကျိုးဟောင်၏သေတ္တာများဆက်တိုက်ဖွင့်နေသော အချက်ပေးစားကို ဖတ်မိလိုက်ကြလေသည်။

ရှားပါးပစ္စည်း ၆ခုဆက်တိုက်ရရှိထားသောသူ ဖြစ်သောကြောင့် အခြားသူများက သူ့ကို အာရုံစိုက်နေခဲ့ကြလေသည်။

"အရမ်းမနာလိုဖြစ်မနေကြနဲ့။ နောက်ဆုံးတခေါက်တုန်းက သူ ထိပ်ဆုံးအဆင့် ရှားပါး ပစ္စည်း၆ခုရရှိခဲ့ပြီး အားလူံက တတိယအဆင့်‌တွေချည်းပဲ။သူ့ကံကို အားကျမနေနဲ့ဦး။ သူအကြိမ်၁၀၀ဆက်တိုက်ဘာမှမပေါက်ရင်တောင်မှ သူ့အတွက် မြတ်နေပြီးသားဖြစ်နေပြီ"

" ဟုတ်တယ်။ ငွေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာက တတိယအဆင့် ဘာပစ္စည်းတွေပေးလဲဆိုတာ အားလုံးသိတာပဲ"

" နောက်ဆုံးအကြိမ်တုန်းက သူသာမန်လျှို့ဝှက်ဆန်းကြယ်သေတ္တာ ထောင်ချီဖွင့်ပြီး ငွေရောင်အဆင့်ကိုမြှင့်တင်ခဲ့တာ။ အခုငွေရောင်သေတ္တာအခု၇၀ဖွင့်နေတာဆိုတော့ သူထပ်အဆင့်မြှင့်တင်နေတာဖြစ်မယ်"

" ဟုတ်သား ‌မင်းပြောမှ သတိထားမိတယ်။ ဒါကဖြစ်နိုင်တာပဲလေ ငွေရောင်သေတ္တာရဲ့ ထိပ်ဆုံးရှားပါးပစ္စည်းတွေကို သူရပြီးပြီလေ"

အသုံးပြုသူအများအပြားခန့်မှန်းကြသလိုပင် ကျိုးဟောင်မှာ အဆင့်ထပ်မြှင့်နေခြင်းဖြစ်လေသည်။သေတ္တာ ၇၀ဆက်တိုက်ဖွင့်ပြီးနောက်မှာတော့ ကျိုးဟောင် ကသတိ‌ပေးစာများကို မကြည့်တော့ပဲသူ့၏ကိုယ်ရေးအချက်အလက်စာမျက်နှာသို့တန်းသွားလိုက်သည်။

အဆင့် : ၁,၀၂၁,၇၃၀/ ၁၀၀,၀၀၀,၀၀၀ (ရွှေရောင်)

ကျိုးဟောင်ကသူလို‌သော‌ရွှေရောင်အဆင့်ရောက်သွားသည်ကိုမြင်ပြီးခပ်ထေ့ထေ့ပြုံးလိုက်သည်။ အတွေ့အကြုံအမှတ် သန်း ၁၀၀ သည် ယွမ် ၁၀ကုဋေနှင့်ညီမျှနေလေသည်။

သို့သော်လည်း သူ၏တိုးတက်လာသောစွမ်းအားဖြင့် ထိုပိုက်ဆံပမာဏကိုရှာဖွေရန်မခက်ခဲပေ။ သူသတ်ခဲ့သော ‌တိမ်လွှာမြွေပါအရှင်သခင်ကြီးကိုဈေးကွက်တွင်သွားရောင်းရင်တောင် ယွမ် ၁၀ကုဋေကျော်ရနိုင်လေသည်။

ယခုငွေကြေးလဲလှယ်မှုသည် အရင်တုန်းကနှင့်မတူတော့ပေ။ ပမာဏအများအပြားကို တခါတည်းအသွင်းအထုတ်လုပ်ရန်မလွယ်ကူတော့ပေ။

မကြာမီပင် ကျိူးဟောင်သည် ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာရှိသော စာမျက်နှာသို့ကြည့်လိုက်သည်။

သူထင်ထားသလိုပင် ငွေရောင်သေတ္တာ၏အပေါ်တွင် ရွှေရောင်သေတ္တာတခုပေါ်နေခဲ့လေသည်။

ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာ....

"ဒါကပိုအဆင့်မြင့်တဲ့လျှို့ဝှက်ဆန်းကြယ်သေတ္တာဖြစ်မယ်"

ကျိုးဟောင်က ချက်ချင်းပင်ညာဘက်ထောင့်တွင်ရှိသော သေတ္တာအညွှန်းကို နှိပ်လိုက်သည်။သူသေချာဖတ်ကြည့်ပြီးနောက် နားလည်သွားခဲ့သည်။ ရွှေရောင်သေတ္တာမှာ ငွေရောင်သေတ္တာနှင့် အတူတူပင်ဖြစ်လေသည်။

ကိုယ့်ရဲ့ ကျင့်ကြံရေးနည်းစနစ်များ ၊ လက်နက်များ နှင့်ဆေးဝါးများကို ဖြည့်စွက်ရန်လိုအပ်လေသည်။ သို့သော် အဆင့်မြှင့်ပစ္စည်းများရနိုင်ခြေပိုများလာပြီး သေတ္တာတလုံးကို ကောင်းကင်ဘုံဒင်္ဂါး ၁သန်း ကျသင့်မည်ဖြစ်သည်။

ဒါကတော်တော်ကြီးကိုဈေးကြီးလေသည်။ဒါ့အပြင် နောက်ထပ် ရွှေရောင်သေတ္တာနှစ်လုံးလည်းထပ်ရှိလေသည်။တလုံးမှာ အသုံးပြုသူ၏ ပေါင်းစပ်ဖွဲ့စည်းရေးအတွက်ဖြစ်ပြီး နောက်တလုံးမှာ အိမ်‌မွေးတိရစ္ဆာန်အတွက်ဖြစ်လေသည်။

ကျိူးဟောင်က ထိုရွှေရောင်သေတ္တာများကိုသေချာကြည့်နေခဲ့သည်။ ပေါင်းစပ်ဖွဲ့စည်းရေးအတွက် သေတ္တာဖွင့်ရန် ကောင်းကင်ဘုံဒင်္ဂါးများမလိုအပ်ပဲ နှင်းဆီပွင့်များကို အသုံးပြုရမည်ဖြစ်ပြီး သေတ္တာတခုကိုနှင်းဆီပွင့် ၁၀ပွင့် ကျသင့်မည်ဖြစ်သည်။

အခြေခံအားဖြင့် ပေါင်းစပ်ဖွဲ့စည်းခြင်းသေတ္တာများမှာ ကျင့်စဉ်များ၊ လက်နက်များ နှင့် ဆေးဝါးများကို ကျပန်းပေါင်းစပ်ပြီး အသစ်တခုပြုလုပ်ရန်ဖြစ်လေသည်။

အိမ်‌မွေးတိရစ္ဆာန်သေတ္တာကတော့ရိုးရှင်းသည်။တိရစ္ဆာန်အမျိုးအစားတခုဖြည့်သွင်းလိုက်သည် နှင့် စနစ်မှ ထိုတိရစ္ဆာန်ကို အလိုအလျောက်အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်လေသည်။ထပ်ပေါင်းအနေဖြင့် ‌တိရစ္ဆာန်များကိုလည်း ပေါင်းစပ်ထုတ်လုပ်လို့ရလေသည်။

"ဒီရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာတွေက ပိုပြီးတော့ကွဲပြားခြားနားတာပဲ"

ကျိုးဟောင်က အံ့ဩနေခဲ့လေသည်။ သူအတန်ကြာတွေးပြီးနောက် ရွှေရောင်လျှို့ဝှက်ဆန်းကြယ်သေတ္တာ၏ အချက်အလက်‌စုဆောင်းရာနေရာသို့ကြည့်လိုက်သည်။

အဲ့ဒီတွင် စာတိုပေါင်း‌ရာဂဏန်းသာရှိလေသည်။ ငွေရောင်သေတ္တာတုန်းက ထောင်နဲ့ချီရှိနေခဲ့လေသည်။ ထိုအရာကို ကြည့်ခြင်းဖြင့် ရွှေရောင်အဆင့်အသုံးပြုသူမှာ နည်းပါးကြောင်းသိလိုက်ရလေသည်။

သို့သော်လည်း ပေါင်းစပ်သေတ္တာများနှင့် ပတ်သက်သည့်အချက်အလက်များကတော့ သာမာန်လျှို့ဝှက်ဆန်းကြယ်သေတ္တာတုန်းကလိုပင် သောင်းနဲ့ချီရှိလေသည်။

" ရွှေရောင်လျှို့ဝှက်ဆန်းကြယ်‌သေတ္တာဖွင့်ရန်ကောင်းကင်ဘုံဒင်္ဂါးတသန်းလိုအပ်တာပဲ။ ဒါကတော့ နှင်းဆီ ၁၀ပွင့်လိုတော့ ဈေးပေါမနေဘူး"

ကျိူးဟောင်က ပြုံးလိုက်သည်။ သူ့တွင်ကောင်းကင်ဘုံဒင်္ဂါး ၅သောင်းကျော်ရှ်ိသာကျန်ရှိပြီး ရွှေရောင်သေတ္တာဖွင့်ရန်မလုံလောက်တော့ပေ။ သို့သော်လည်း သူ့မှာ နှင်းဆီပွင့်အများအပြားရှိလေသည်။ သူ့တွင် နှင်းဆီပွင့် ၁၂၀,၀၀၀ ပွင့်ရှိပြီး သေတ္တာ ၁သောင်းကျော်ဖွင့်လို့ရလေသည်။

သို့သော်လည်း သူ့အတွက် ပေါင်းစပ်ဖွဲ့စည်းလိုသောအရာရှိမနေသေးပေ။

"ငါလျှို့ဝှက်ကျင့်စဉ်တွေ လက်နက်တွေ ဆေးဝါးတွေရနိုင်ဖို့ ငါပိုက်ဆံအများအပြားရှာဖို့လိုတယ်"

သူ့သည် စိတ်ထဲတွင်မျှော်လင့်ချက်များစွာဖြင့် ဖန်သားပြင်အားပိတ်လိုက်လေသည်။ ကောင်းကင်ဘုံလမ်းကြောင်းဆော့လ်ဝဲလ်က လျှို့ဝှက်ဆန်းကြယ်သေတ္တာများက သူ့အား လုံး၀ပြောင်းလဲသွားစေခဲ့လေသည်။ ပေါင်းစပ်ဖွဲ့စည်းခြင်းသေတ္တာနှင့် အိမ်မွေးတိရစ္ဆာန်သေတ္တာများက ဘယ်လိုအံ့ဖွယ်ရာများ ယူဆောင်လာမလဲ တွေးရင်းသူစိတ်လှုပ်ရှားနေခဲ့လေသည်။

....................................................................................

အခန်း (၉၉) ပြီးပါပြီ။

All Chapters