← Chapters

အခန်း ၁၀၃-၁၀၅

Vol. 7 Ch. 103-105

အခန်း ၁၀၃-၁၀၅

Vol. 7 Ch. 103-105

အခန်း (၁၀၃) : လောင်းကြေးကိုလက်ခံရဲလား ဖြေ

ဝမ်မင်၊ လီကျိနှင့်အတန်းထဲရှိ အခြားကျောင်းသားများမှာ မှန်ကူကွက်မြက်စိမ်းကိုကြည့်ပြီး တံတွေးမျိုချနေကြလေသည်။

မည်သို့ပင်ဖြစ်စေ မှန်ကူကွက်မြက်စိမ်းမှာ အကောင်းစားထောက်ပံ့ရေးအရင်းအမြစ်ဖြစ်သည်။

ထိုအရာအားကြည့်ခြင်းဖြင့် ရှုလင်ကြိုးစားကြည့်ချင်မှန်း သိလိုက်လေသည်။

"ကောင်းပြီလေ"

ကျိုးဟောင်မှာ တန်းအဖြေပေးလိုက်လေသည်။

"အရမ်းကောင်းတယ် တကယ်လို့နင်ရှုံးရင် မှန်ကူကွက်မြက်စိမ်းနဲ့ယှဉ်လို့ရတဲ့ အရင်းအမြစ်မျိုးပေးစရာမလိုဘူး။ ဒီတိုင်းငါကအတန်းရဲ့အစ်မကြီးပါဆိုတာကိုပဲ လူတိုင်းရှေ့မှာဝန်ခံရမယ်။ ပြီးတော့နင်ရောပဲ ကျိုးဟောင် ဟမ့်ငါနင့်ကိုကြည့်မရနေတာကြာပြီ တကယ်လို့နင်ရှုံးရင် ငါ့ရှေ့မှာဒူးထောက်ပြီး ၃ကြိမ်ဦးချရမယ်"

ဖန်းယွီမှာ အေးစက်စွာပြောလိုက်လေသည်။

ရှုလင်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်စိတ်ဆိုးစွာဖြင့်ပြောလာလေသည်။

"ဖန်းယွီ နင်သိပ်တရားလွန်သွားပြီ"

ယွမ်ချန်းနှင့် ယွင်ယန်မှာလည်း မျက်မှောင်ကြုတ်သွားကာ ဖန်းယွီ၏စကားမှာအတော်လေးတရားလွန်နေသလို ခံစားလိုက်ရလေသည်။

သူတို့နှစ်ယောက်လုံးမှာ အတန်းဖော်များဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် ရေရှည်ဆက်ဆံရမည့်သူများဖြစ်လေရာ ယခုလိုတောင်းဆိုမှုမျိုးကို လောင်းကြေးအနေနှင့်တောင်းဆိုရန် မလိုအပ်ပေ။

ဖန်းယွီမှာနှာခေါင်းရှုံ့ကာ ထပ်ပြောလာလေသည်။

"လောင်းကြေးကိုလက်ခံရဲလား ဖြေလိုက်"

အတန်းထဲတွင် ရှုလင်မှာသူမထက်ပိုလှပြီး ပြီးခဲ့သောတစ်ခေါက်က ပုံရိပ်ယောင်တိုက်ပွဲတွင်လည်း ရှုလင်မှာသူမအားအနိုင်ပိုင်းခဲ့ရာ လူအများကြားသူမအတွက်အရှက်ရစရာဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် ဖန်းယွီမှာရှုလင်အား အလွန်မုန်းတီးနေခြင်းပေ။

ကျိုးဟောင်ကိုတော့ ပုံရိပ်ယောင်လေ့ကျင့်ရေးအတောအတွင်း အချိန်တိုင်းရှုလင်နှင့် ကလူကျီစယ်နေတာကိုမြင်ပြီး ပိုလို့တောင်မုန်းပေသည်။

"ငါတို့လက်မခံ...."

ရှုလင်ပြန်ပြောမည့်ဆဲဆဲမှာပင် ကျိုးဟောင်မှကြားဖြတ်ပြောလိုက်လေသည်။

"ငါတို့ လက်ခံတယ်"

ရှုလင်မှာ ကျိုးဟောင်အားဆူလေတော့သည်။

"ကျိုးဟောင် နင်တကယ်သူ့ရှေ့ဒူးထောက်ပြီး သူ့ကိုဦး ၃ကြိမ်ချမလို့လား"

ကျိုးဟောင်မှာရှုလင်အား သူ့ဘေးကိုဆွဲလိုက်လေသည်။

"ရှုလင် နင်သွေးအနှစ်သာရတတိယအဆင့်မှာရပ်နေတာ တအားကြာပြီ တကယ်လို့မှန်ကူကွက်မြက်စိမ်းကိုသာရရင် နင်မြန်မြန်အဆင့်ချိုးဖောက်နိုင်ပြီး သိုင်းပညာရှင်အဆင့်ကိုရောက်သွားနိုင်တယ်"

ရှုလင်မှာကျိုးဟောင်ကိုကြည့်ပြီး ရင်ထဲလှုပ်ရှားသွားကာ အောက်နှုတ်ခမ်းလေးအား ကိုက်လိုက်လေသည်။

"ကျိုးဟောင် နင်ဒါကိုငါကောင်းဖို့လုပ်တယ်ဆိုတာသိပါတယ် ဒါပေမဲ့ငါတို့အဖွဲ့ရဲ့အင်အားက...."

ကျိုးဟောင်မှာပြုံးရင်း ကြားဖြတ်ပြောလိုက်လေသည်။

"ငါတို့မကြိုးစားကြည့်ဘဲနဲ့ ရလဒ်ကိုဘယ်လိုသိမှာလဲ ပြီးတော့ငါတို့ရှုံးရင်တောင် ကိစ္စမရှိဘူး ငါကအရည်ထူတယ် ၃ကြိမ်လောက်ဦးချတာက ငါ့အတွက်အေးဆေးပဲ"

"ကျိုးဟောင် ကျေးဇူးတင်ပါတယ်"

ရှုလင်စကားဆုံးသည်နှင့် ကျိုးဟောင်မှာပြုံးကာစလိုက်လေသည်။

"နင်တကယ်ငါ့ကိုကျေးဇူးတင်ချင်ရင် ငါ့ကို ဒီတိုင်းလက်ထပ်လိုက်လေ......"

ရှုလင်မှာထိုစကားအားကြားသောအခါ ချက်ချင်းပင်စိတ်ကူးယဉ်နေရာမှာရပ်သွားကာ ဒေါသတကြီးထအော်လေတော့သည်။

"မကောင်းတဲ့ကောင် နင်အရိုက်ခံချင်နေတာလား"

ဖန်းယွီနှင့်အခြားလူများမှာ ကျိုးဟောင်နှင့်ရှုလင် ထပ်မံကလူကျီစယ်နေသည်ကိုမြင်လိုက်ရသောအခါ ဒေါသတကြီးဖြင့်ပြောလာလေသည်။

"နင်တို့တွေ ဒီတစ်သက်ပြောလို့ပြီးဦးမှာလား"

ထိုအခါမှသာရှုလင်မှာ သူတို့ဘက်ကိုလှည့်ပြီး သဘောတူလိုက်လေသည်။

"ကောင်းပြီလေ ဖန်းယွီ လောင်းကြတာပေါ့"

"ကောင်းပြီ ဒါဆိုသဘောတူပြီးပြီ"

ဖန်းယွီမှာ ပြုံးလိုက်လေသည်။ ရှုလင်ယခုတစ်ခေါက် ဒီလောက်ကံကောင်းမည်ဟု သူမမယုံပေ။ ပိုအရေးကြီးသည်မှာ ယခုတစ်ခေါက်တွင် မိစ္ဆာစစ်သူကြီးများမရှိတော့တာပင်ဖြစ်သည်။

"နေဦး"

ကျိုးဟောင်မှာ ရုတ်တရက်အော်လိုက်လေသည်။

"ဘာလဲ လောင်းကြေးလက်ခံပြီးမှနောင်တရသွားလို့လား"

ဖန်းယွီမှာ မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။

ကျိုးဟောင်မှာ ပခုံးသာတွန့်လိုက်လေသည်။

"သေချာပေါက်မဟုတ်ဘူးပေါ့ ငါတို့လောင်းကြပြီဆိုမှတော့ ဘယ်သူကမိစ္ဆာစစ်သည်တွေကိုပိုသတ်နိုင်လဲဆိုတာကိုပဲလောင်းလို့မရဘူး တောနက်ထဲမှာ ကျင့်ကြံရေးအရင်းအမြစ်တွေလည်းရှိတယ် ဒီနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးရဲ့စည်းမျဉ်းအရ အရင်းအမြစ်စုဆောင်းနိုင်မှုကို စုစုပေါင်းအမှတ်ထဲထည့်ထားမှတော့ ဒါကိုလည်းထည့်တွက်ရမယ်"

ဖန်းယွီမှာထိုစကားအားကြားသောအခါ ထရယ်လေသည်။

"ကောင်းပြီလေ စုစုပေါင်းအမှတ်ကိုပဲ ပြိုင်ကြတာပေါ့ နင်တို့တွေဒီလောက်ဆက်တိုက်ကြီး ကံကောင်းမယ်ဆိုတာ ငါတော့မယုံဘူး"

အခြားကျောင်းသားများမှာ ထိုမြင်ကွင်းကိုကြည့်ပြီး ခေါင်းသာယမ်းမိလေသည်။

"ရှုလင်တို့အဖွဲ့ကတော့ ဒီတစ်ခေါက်သေချာပေါက်ရှုံးတော့မှာပဲ"

"ဟုတ်တယ် ဒါကတောနက်ဧရိယာ ပြီးတော့ဒီမှာဘာမိစ္ဆာစစ်သူကြီးမှမရှိဘူး မိစ္ဆာစစ်သည်တွေကိုသတ်တဲ့‌နေရာမှာ သူတို့အဖွဲ့ရဲ့အရှိန်က ဖန်းယွီတို့အဖွဲ့ကို သေချာပေါက်ကျော်နိုင်မှာမဟုတ်ဘူး"

"ရှားပါးတဲ့ ကံကောင်းစေတဲ့ပစ္စည်းဖြစ်တဲ့ ကံကောင်းလက်ကောက်တောင် သူတို့ကံကိုမထောက်ပံ့ပေးနိုင်တော့ဘူး"

"ဟုတ်တယ် အမယ်လေး ငါတို့အတန်းမှာနောက်ဆိုမာနကြီးတဲ့ အစ်မကြီးတစ်ယောက်တိုးလာမှာကြောက်ရတယ်"

သက်ပြင်းချရင်း ကျောင်းသားအများစုမှာ လမ်းခွဲပြီးတောနက်ထဲသို့ဝင်သွားကြလေသည်။

ကျိုးဟောင် ရှုလင်နှင့် ကျန်းယိမှာ ဘယ်ဘက်ခြမ်းသို့လျှောက်သွားကြလေသည်။

ကျန်းယိစကားတစ်လုံးမှမပြောသည်ကိုကြည့်ပြီး သူ့ညီမလေးအတွက်စိုးရိမ်နေသေးမှန်း ကျိုးဟောင်သိလိုက်လေရာ ရှေ့ကိုလျှောက်သွားပြီး ကျန်းယိ၏ပခုံးအားပုတ်ကာ နှစ်သိမ့်လိုက်လေသည်။

"ကျန်းယိ စိတ်မပူပါနဲ့ မင်းညီမလေး ဘာမှဖြစ်မှာမဟုတ်ပါဘူး"

ကျန်းယိမှာအားတင်းပြီးပြုံးကာပြောလိုက်လေသည်။

"မျှော်လင့်ရတာပဲ"

ရှုလင်မှာထိုစကားအားကြားသောအခါ ခေါင်းသာယမ်းမိလိုက်လေသည်။ ထို့နောက်သူမသည်စကားလမ်းကြောင်းလွှဲကာပြောလိုက်လေသည်။

"ကျိုးဟောင် ကျန်းယိ ငါတို့ဘယ်သွားကြမှာလဲ"

ကျိုးဟောင်မှာ တွေးကာပြောလိုက်လေသည်။

"ဧရိယာ ၂၆၈ ကိုသွားကြတာပေါ့"

"ဧရိယာ ၂၆၈က နည်းနည်း...မဝေးလွန်းဘူးလား"

ရှုလင်မှာမနေနိုင်ဘဲထုတ်မေးလိုက်လေသည်။

"ဝေးတယ်ဆိုပေမဲ့ အဲဒီမှာရှားပါးအရင်းအမြစ်တွေရှာတွေ့ဖို့လွယ်တယ် မြို့နဲ့အနီး‌ဆုံးဧရိယာက သားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုမတိုင်ခင်က သိုင်းပညာရှင်အဖွဲ့အများကြီးက ရှာဖွေထားပြီးပြီ ပြီးတော့ဒီနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးမှာ တခြားကျောင်းကကျောင်းသားအများစုလည်း သေချာပေါက်ဒီဧရိယာတွေကိုပဲရွေးမှာပဲ အဝေးကြီးသွားဖို့ သတ္တိရှိကြမှာမဟုတ်ဘူး"

ကျိုးဟောင်မှ ရှင်းပြလိုက်လေသည်။

ကျန်းယိသည်လည်း ခေါင်းညိတ်ကာထောက်ခံလာလေသည်။

"ငါ ကျိုးဟောင်ပြောတာကို သဘောတူတယ် တကယ်လို့ငါတို့ဖန်းယွီတို့အဖွဲ့ကိုနိုင်ချင်ရင် စွန့်စားမှရမယ်"

ရှုလင်မှာတွေဝေနေသော်လည်း အ‌ဆုံးတွင်အံကြိတ်ပြီးပြောလိုက်လေသည်။

"ကောင်းပြီလေ နင်တို့ပြောတဲ့အတိုင်းလုပ်မယ်"

.....

......…......................…......................…......................

အခန်း (၁၀၃) ပြီးပါပြီ။

အခန်း (၁၀၄) : အဲ့လောက် မလွယ်ကူဘူး

ဧရိယာ ၂၆၈ မှာ အမှန်တကယ်ပင် ဝေးလွန်းသည်။ ကျိုးဟောင်အနေဖြင့် အမြန်ပြေးသွားပါက ခဏလေးအတွင်းရောက်နိုင်သော်လည်း ရှုလင် နှင့် ကျန်းယိတို့နဲ့ အတူသွားနေရသောကြောင့် သူ့စွမ်းအားကိုထုတ်သုံး၍မရပေ။

မိနစ်၅၀လောက်ကြာပြီးနောက် သူတို့မှာ ဧရိယာ ၂၆၈ ၏အနားသို့ရောက်လာခဲ့ကြသည်။

" ဟူးး ငါမောနေပြီ။ ငါတို့ခဏလောက်နားကြရအောင်"

ရှုလင်ကသူမ၏ ခေါင်းဆောင်းကို ချွတ်လိုက်သောအခါ နဖူးလေးတွင် ချွေးများစို့နေပြီး ဆံပင်များလည်း စိုနေခဲ့လေသည်။

ရာသီဥတုမှာ အရမ်းမပူသော်လည်းသူတိူ့၏ချပ်၀တ်များကြောင့်သာ ပူလောင်နေခဲ့ကြလေသည်။ ချပ်၀တ်ထဲတွင် အအေးပေးတဲ့စနစ်ပါသော်လည်း သူတို့မှာမောပန်းနွမ်းနွယ်မှုကိုခံစားနေရသေးသည်။ ထိုအအေးပေးစနစ်သာမပါက ဘယ်သူက ထိုချပ်၀တ်ကို၀တ်နိုင်ကြမည်မဟုတ်ပေ။

"ရော့ မင်းမျက်နှာကို ဒါနဲ့သစ်လိုက်။ အေးသွားလိမ့်မယ်"

ကျိုးဟောင်က ရှုလင်အား ရေတပုလင်းကမ်းပေးလိုက်သည်။

"နင်ကငါ့ကို အသုံးအဖြုန်းကြီးတယ်ထင်နေတာလား"

ရှုလင်က ကျိုးဟောင်အားပင့်ပြီးကြည့်လိုက်သည်။

"စိတ်မပူပါနဲ့ ငါ့မှာ ရေတွအလုံအလောက်ပါပါတယ်"

ကျိုးဟောင်က ပြုံးပြီးပြောလိုက်သည်။

"နင်အစားအသောက်တွေအစားရေတွေယူလာခဲ့တာလား"

ရှုလင်လည်း အံ့ဩသွားပြီးမေးလိုက်သည်။

"ဟုတ်တယ်လေ"

ကျိုးဟောင်ကပြန်ဖြေလိုက်သည်။

"ငါတို့တောနက်ကြီးထဲမှာ ရက်အတော်ကြာနေရမှာကို နင်ကအစားအသောက်တွေယူမလာတော့ ဗိုက်ဆာနေမှာမစိုးရိမ်ဘူးလား"

ရှုလင်လည်း စိတ်ထဲထောင်းခနဲဖြစ်ပြီးပြောလိုက်သည်။

"အဆင်ပြေပါတယ် ငါ့မှာ အများကြီးပါတယ်လေ"

ကျန်းယိက ၀င်ပြောလေသည်။

ထိုကိစ္စနဲ့ပတ်သက်ပြီး ကျိုးဟောင်နှင့် ကျန်းယိမှာ မထွက်ခွာခင်ထဲက တိုင်ပင်ခဲ့ကြခြင်းဖြစ်သည်။ တယောက်က ရေတွေယူလာရန်ဖြစ်ပြီး အခြားတယေက်မှာ အစားအစာတွေသယ်လာရန် တိုင်ပင်ထားခဲ့ကြလေသည်။

"နင်တို့၂ယောက်ကိုတော့ ငါအထင်ကြီးသွားပြီ"

ရှုလင်ကခေါင်းလေးငြိမ့်ရင်းပြောလိုက်သည်။

ကျိုးဟောင်က တချက်လှည့်ပတ်ကြည့်လိုက်ပြီး မီတာ၃၀၀ -၄၀၀လောက်မြင့်သောတောင်တန်းဘက်ကိုလက်ညိုးထိုးပြပြီးပြောလိုက်သည်။

"ငါတို့အဲ့ဘက်မှာသွားနားရအောင်။ ဒီမှာက ရှေးဟောင်းသစ်ပင်တွေနဲ့ ပေါင်းပင်ကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရဘူး"

"အင်းဟုတ်ပြီလေ"

သူတိူ့သုံးယောက်သားပြန်ထလိုက်ပြီး ခပ်သွက်သွက်ပင် တောင်တန်းအနိမ့်လေးဆီသို့သွားလိုက်ကြသည်။

သူတို့တောင်တန်းဆီရောက်ပြီးနားတော့အချိန်မှာပဲ ကျန်းယိက ရုတ်တရက်ထပြောလေသည်။

" ရှုလင် ကျိုးဟောင် ကြည့်စမ်း။ အဲ့တာ တြိဂံပုံစံခရမ်းရောင်ကင်းမြီးကောက်မှတ်လား "

ရှုလင် နဲ့ ကျိုးဟောင်လည်း ကျန်းယိညွှန်ပြနေသောကျောက်တုံးကို ကြည့်လိုက်ကြလေသည်။

သူတို့ကြည့်လိုက်သောအခါ ထန်းရွက်လောက်ပမာဏရှိပြီးက ကျောတွင် တြိဂံပုံစံအမှတ်နဲ့ ခရမ်းရောင်ကင်းမြှီးးကောက်ကိုတွေ့လိုက်ရလေသည်။ ၎င်းမှာကျောက်တုံးနဲ့ကွယ်ပြီး ရှာမရအောင်ပုန်းနေလေသည်။

" တကယ်ကြီး တြိဂံပုံစံ ခရမ်းရောင်ကင်းမြှီးကောက်လား"

ရှုလင်လည်း စိတ်ထဲပျော်သွားလေသည်။

"ထွက်မပြေးသွားခင် မြန်မြန်ဖမ်းလိုက်"

ကျိုးဟောင်က အမြန်သတိပေးလိုက်သည်။ထို့နောက်သူ့စိတ်ထဲပြုံးနေခဲ့သည်။ကံကြမ္မာအမှတ်၃၀၀ သုံးထားခြင်းမှာ အချည်းအနှီး မဟုတ်ပေ။

သူသည်ထိုတောင်ကုန်းတွင် အနားယူရန် အလကားရွေးချယ်ခဲ့ခြင်းမဟုတ်ဘဲ သူ့အမှတ်၃၀၀ကို အသုံးပြု၍ရွေးချယ်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း တြိဂံပုံစံ ခရမ်းရောင်ကင်းမြှီးကောက်မှာ လူအရိပ်အခြေကိုအာရုံခံမိသောကြောင့် လျှပ်စီးကဲ့သို့အရှိန်ဖြင့်ထွက်ပြေးလေသည်။

" မြန်မြန်ဖမ်း... ကျန်းယိရေ။ သူ့ကိုတွင်းထဲ၀င်ပြေးခွင့်မပေးနဲ့"

ရှုလင်က စိုးရိမ်တကြီးအော်လိုက်သည်။ တြိဂံပုံစံ ခရမ်းရောင်ကင်းမြှီးကောက်များမှာ တွင်းတူအလွန်တော်ပြီး တွင်းထဲသို့ရောက်သွားပါက ရှာဖွေရန် အလွန်ခက်ခဲလေသည်။

ရှုလင်သည် အော်နေရင်းနှင့် ကင်းမြှီးကောက်ပြေးရာလမ်းကြောင်းသို့သွားလေသည်။သို့သော်လည်း ကျိုးဟောင်မှာ သူမထက်ပိုမြန်ပြီး ကင်းမြှီးကောက်ထွက်ပြေးမည့်နေရာသို့ တချက်လိမ့်လိုက်ရုံဖြင့်ရောက်သွားခဲ့လေသည်။

"မဆိုးပါဘူး။ နင်က အခွင်အရေးကိုဖမ်းဆုပ်တဲ့နေရာမှာတော်‌သားပဲ"

ရှုလင်က ပြောလိုက်သည်။

"အဲ့တာကို အရည်အချင်းလို့ခေါ်တယ်"

ကျိုးဟောင်က နှုတ်ခမ်းကိုတွန့်ပြီးပြန်ပြောလိုက်သည်။

"ငါကချီးကျူးလိုက်လို့ ဘ၀င်မြင့်မနေနဲ့ ဟွန့်.."

ရှုလင်က မျက်စောင်းလေးထိုးပြီးပြောလိုက်သည်။ထို့နောက်သူမ၏မျက်လုံးဝိုင်းလေးများဖြင့် တြိဂံပုံစံခရမ်းရောင်ကင်းမြှီးကောက်အားကြည့်နေလေသည်။

ကျန်းယိက အနားကိုလျှောက်လာရင်း သူ့အကြည့်တွေကကင်းမြှီးကောက်ဆီ ပြောင်းသွားလေသည်။ သူက အသက်ပြင်းပြင်းရှူပြီးပြောလိုက်သည်။

“တြိဂံပုံစံခရမ်းရောင်ကင်းမြှီး‌ကောက်ကို ထိပ်တန်းဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ် ပြုလုပ်ဖို့ အသုံးပြုနိုင်တယ်လို့ငါကြားဖူးတယ်"

"ဟုတ်တယ် အဲ့တာအမှန်ပဲ"

ရှုလင်၏မျက်နှာရဲရဲလေးတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေလေသည်။

"ဒါကို အခြောက်ခံ အမှုန့်ကြိတ်ပြီး အခြားပါ၀င်ပစ္စည်း အနည်းငယ်လောက်ထပ်ဖြည့်စွက်လိုက်ရင် အဆင့် တစ် သို့မဟုတ် နှစ်လောက် အရည်အသွေးရှိတဲ့ဆေးလုံးကိုရနိုင်တယ်။ ပြီးတော့အရမ်းလည်းဈေးကြီးတယ်"

ထိုအခိုက်အတန့်တွင် ရှုလင်သည် သူမလက်ကောက်၀တ်ကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။

" ငါတို့ ဧရိယာ ၂၆၈ကိုရောက်ပြီးမကြာခင်မှာဘဲ တြိဂံပုံစံခရမ်းရောင်ကင်းမြှီးကောက်လို ရှားပါးပစ္စည်းတခုရှာတွေ့တယ်ဆိုတော့ ကံကောင်းစေတဲ့လက်ကောက်က တကယ်ပဲ ကံကြမ္မာကို တိုးမြှင့်ပေးနိုင်ပုံပဲ"

ကျန်းယိလည်း မျက်လုံးမှာ ၀င်းခနဲဖြစ်သွားပြီး ရှုလင်အားမေးလိုက်သည်။

"ရှုလင် ငါတို့ ဒီကင်းမြှီးကောက်ကိုရောင်းမယ်ဆို ဘယ်လောက်လောက်ရနိုင်မလဲ"

" အနည်းဆုံး ယွမ်၅သိန်းပဲ"

ရှုလင်ကစဉ်းတောင်မစဉ်းစားဘဲပြန်ပြောလိုက်သည်။

" ဘာ ယွမ် ၅သိန်းဟုတ်လား"

ကျန်းယိလည်း အံ့ဩသွားလေသည်။

"ယူလိုက်ပါ"

ကျိုးဟောင်က ရှုလင်ဆီသို့ကမ်းပေးလိုက်သည်။

"နင်ဖမ်းခဲ့တာဆိုတော့ နင့်အပိုင်ပဲလေ"

"ငါတို့နှစ်ယောက်ကြားမှာ ခွဲခြားနေဖို့မလိုပါဘူး။ ငါ့အပိုင်ကလည်း နင့်အပိုင်ပဲလေ"

ကျိုးဟောင်က ရီပြီးပြန်ပြောလိုက်သည်။

ဖြန်း...

" စောက်ကောင် နင်ထပ်အရိုက်ခံချင်နေတာလား"

ရှုလင်ကကျိုးဟောင်ကို လှမ်းရိုက်ပြီးပြောလိုက်သည်။

"ငါယူထားလည်း အသုံးမ၀င်ပါဘူး။ နင့်မိသားစုကဆေးဖော်စပ်လေ အဲ့တော့ နင့်အတွက်ပိုအသုံးတည့်မှာပါ"

ကျိုးဟောင်ကလေးလေးနက်နက်ပြောလိုက်သည်။

"ကောင်းပြီလေ။ ငါအရင်သိမ်းထားလိုက်မယ်။ ငါတို့ပြန်ရောက်တော့မှပဲ ခွဲဝေယူကြတာပေါ့"

ရှုလင်က ခဏလောက်တုံ့ဆိုင်းသွားပြီးနောက်မှ ကင်းမြှီးကောက်အားယူ၍သူမ၏ ချပ်၀တ်တွင်ပါသောအိတ်ထဲထည့်လိုက်သည်။

" ငါတို့စစချင်းထဲက ဒီလိုပစ္စည်းကောင်းရှာတွေ့ခဲ့တာပဲ။ အဲ့တာကြောင့် ငါတို့ဆက်ရှာရင် ဒီထက်ပိုကောင်းတာတွေ ရနိုင်လောက်တယ်"

ကျိုးဟောင်က အကြံပေးလိုက်လေသည်။

"ငါတော့ အဲ့လောက်လွယ်မယ်မထင်ဘူး"

ရှုလင်က ခေါင်းခါရင်းပြန်ပြောလိုက်သည်။

..............................................................................

အခန်း (၁၀၄) ပြီးပါပြီ။

အခန်း (၁၀၅) : ငါအရည်အချင်းရှိတယ်ဆိုတာ နင်ဝန်ခံပြီလား

သို့သော် ၃မိနစ်ကြာပြီးနောက်

"ကြည့် ဒါကကြောင်မျက်လုံးနှလုံးသားကျောက်တုံးပဲ"

၅ မိနစ်ကြာပြီးနောက်

"ဝါး ဒါအနီရောင်သွေးသစ်သီးပဲ"

နာရီဝက်ကြာပြီးနောက်

"သေစမ်း ဒါကခရမ်းရောင်အရွက်မြေဂျင်ဆင်းပဲ ငါတို့တော့ချမ်းသာပြီ"

စမ်းချောင်းတစ်ခု၏ဘေးနားတွင် ကျန်းယိမှာအံ့ဩတကြီးဖြင့် မုန်လာဥနှင့်တူသော ခရမ်းရောင်အရွက်မြေဂျင်ဆင်းအား ဆွဲထုတ်လာလေသည်။

"ကြောင်မျက်လုံးနှလုံးသားကျောက်တုံး၊ ‌အနီရောင်သွေးသစ်သီး၊ ခရမ်းရောင်အရွက်မြေဂျင်ဆင်း.... ဧရိယာ ၂၈၆ မှာဒီလိုအရင်းအမြစ်တွေ အများကြီးရှိမယ်လို့မထင်ထားဘူး"

ရှုလင်၏နီရဲနေသောနှုတ်ခမ်းလေးမှာ ပွင့်ဟနေပြီး မျက်လုံးအားလက်ဖြင့်ပွတ်ကာ ခရမ်းရောင်အရွက်မြေဂျင်ဆင်းအား မယုံကြည်နိုင်သလိုကြည့်နေလေသည်။

ဤအပင်မှာ မှန်ကူကွက်မြက်စိမ်းထက်အများကြီးပို၍တန်ဖိုးရှိလေသည်။ ၎င်းမှာလူတစ်ယောက်၏အခြေခံအုတ်မြစ်ကိုတိုးမြှင့်ပေးပြီး သွေးအနှစ်သာရကိုအလျင်အမြန်တိုးတက်စေနိုင်လေသည်။ မြို့ထဲတွင် ခရမ်းရောင်အရွက်မြေဂျင်ဆင်းတစ်ပင်တည်းကိုပင် ယွမ်၁သန်းလောက်ဖြင့်ရောင်းလို့ရပြီး ထိုအပင်မှာလည်းမကြာခဏဆိုသလို ပစ္စည်းပြတ်တတ်လေသည်။

ကျိုးဟောင်မှာ အလွန်တည်ငြိမ်နေလေသည်။

"ဒါကသာမန်ပါပဲ သားရဲတွေရဲ့အုပ်စုဖွဲ့တိုက်ခိုက်မှုမတိုင်ခင်က ဧရိယာ ၂၈၆က ဘုရင်အဆင့်မိစ္ဆာသားရဲတွေရဲ့ပိုင်နက်ဖြစ်ခဲ့တာ သိုင်းပညာရှင်အဖွဲ့အနည်းစုပဲဒီနေရာကိုလာစွန့်စားပြီး အမဲလိုက်ရဲတာ အဲဒါကြောင့် ဒီဧရိယာကအရင်းအမြစ်အများစုက ဘယ်သူမှမခူးရသေးတာ ဒီတစ်ခေါက် ငါတို့တော့အကျိုးအမြတ်အများကြီးရပြီပဲ"

ကျန်းယိသည်လည်းခေါင်းညိတ်ပြီးပြောလာလေသည်။

"ကျိုးဟောင်ပြောတာမှန်တယ် ငါတို့ပိုဝေးတဲ့နေရာကိုရွေးတာမှန်သွားတယ်"

ရှုလင်မှာလည်း ထိုစကားမှာအဓိပ္ပာယ်ရှိသည်ဟုထင်လေသည်။

"အဲဒီလိုသာဆို ငါတို့တင်မကဘူး အခြားအဖွဲ့တွေလည်း အတော်လေးဝေးတဲ့ဧရိယာတွေကိုရွေးပြီး အများကြီးရနိုင်တာပဲ"

"အဲဒီလိုတော့မဖြစ်နိုင်လောက်ဘူး"

ကျိုးဟောင်မှာ ခေါင်းယမ်းရင်းပြုံးလိုက်လေသည်။

"အရင်းအမြစ်က ပိုရှားပါးပြီးအဖိုးတန်လေ သူတို့ကိုရှာတွေ့ဖို့ခက်လေပဲ ဥပမာပြောရရင် ငါတို့အစက ရှာတွေ့ခဲ့တဲ့ တြိဂံပုံစံခရမ်းရောင်ကင်းမြီးကောက်က ကျောက်တုံးရဲ့အရိပ်ကိုကွယ်ပြီးပုန်းနေတာ တကယ်လို့ငါတို့သေချာသာမရှာရင် ရှာတွေ့ဖို့အရမ်းကိုခက်မှာ အဲဒါကြောင့် ဒီလိုအဖိုးတန်အရင်းအမြစ် ၄ခုကိုငါတို့အမြန်ရှာနိုင်ရတဲ့အကြောင်းအရင်းက အားလုံး နင့်လက်ကောက်ရဲ့ကျေးဇူးကြောင့်ပဲ"

ကျန်းယိမှာပြုံးကာ အလိုလိုပင်ရှုလင်၏လက်ကောက်အား ကြည့်လိုက်လေသည်။

"ရှုလင် နင့်ရဲ့ကံကောင်းစေတဲ့လက်ကောက်ကမှ အဖိုးတန်ဆုံးဟာပဲ"

ရှုလင်မှာ ချစ်စဖွယ်ကောင်းအောင် လျှာထုတ်ကာပြန်ပြောလိုက်လေသည်။

"ဒါကအသုံးဝင်မှန်း ငါလည်းမသိခဲ့ပါဘူး ဆက်ရှာကြတာပေါ့"

မတူညီသောအရင်းအမြစ် ၄ခုအားဆက်တိုက်ရှာတွေ့သည့်အပေါ် သူမသည်အလွန်စိတ်လှုပ်ရှားနေကာ နောက်ထပ်အရင်းအမြစ်များကို ထပ်ရှာရန်လည်းမစောင့်နိုင်တော့ပေ။ သို့သော် ကံတရားကသူတို့ဘက်တွင်မရှိတော့ပုံပင်။

ထိုပစ္စည်းများအားရှာတွေ့ပြီးနောက် တန်ဖိုးရှိသောအရင်းအမြစ် များများစားစားရှာမတွေ့တော့ပေ။ ထိုအစားသူတို့အဖွဲ့သည် အဆင့်မြင့်မိစ္ဆာစစ်သည်အပါအဝင် မိစ္ဆာစစ်သည်ပေါင်းမြောက်များစွာနဲ့ကြုံလာရလေသည်။

"ဟူး သီသီလေး ကံကောင်းလို့ ကျိုးဟောင်အခွင့်အရေးကိုအရယူပြီး အဲဒီအဆင့်မြင့်မိစ္ဆာစစ်သည်ရဲ့ ဒဏ်ရာကိုဓားနဲ့ပိုင်းလိုက်လို့ မဟုတ်ရင် ငါနဲ့ကျန်းယိ သေချာပေါက်ဒဏ်ရာရမှာ"

တိုက်ပွဲမှာ အဆုံးသတ်သွားပြီး သူတို့ ၃ယောက်မှာလည်း မြေပြင်ပေါ်တွင်လှဲကာ ဟောဟဲလိုက်နေကြလေသည်။ ရှုလင်မှာ အကြောက်မပြေသေးသည့်ပုံနှင့် ရင်ဘတ်အား ခပ်ဖွဖွပုတ်နေလေသည်။

ကျိုးဟောင်မှာတော့ ပင်ပန်းချင်ယောင်ဆောင်နေခြင်းဖြစ်သည်။ သူ့စွမ်းအားနှင့် အဆင့်မြင့်မိစ္ဆာစစ်သည်မဆိုထားနှင့် အဆင့်မြင့်မိစ္ဆာအရှင်သခင်တစ်ကောင်ကိုပင် လွယ်ကူစွာကိုင်တွယ်နိုင်လေသည်။

"ရှုလင် ငါကအခွင့်အလမ်းတွေရှာတဲ့နေရာမှာ အရည်အချင်းရှိတယ်ဆိုတာ နင်အခုယုံပြီလား"

ရှုလင်မှာရေတစ်ငုံသောက်ပြီးနောက် ကျိုးဟောင်အားကမ်းပေးကာ စိုက်ကြည့်နေလေသည်။

"ဘယ်လိုအရည်အချင်းဖြစ်ဖြစ် နင့်ဆီရှိနေရင်အလကားပဲ"

ကျိုးဟောင်မှာပြုံးပြီးပြောလိုက်လေသည်။

"ဒီအဓိပ္ပာယ်က ငါ့မှာအရည်အချင်းရှိတယ်ဆိုတာကို နင်လက်ခံတယ်ပေါ့"

ရှုလင်မှာနှာခေါင်းရှုံ့ကာ ကျိုးဟောင်အားလျစ်လျူရှုထားလေသည်။

ထိုအချိန်တွင် ကျန်းယိမှထပြောလာလေသည်။

"ကျိုးဟောင်က အခွင့်အရေးတွေရှာတဲ့နေရာမှာတော့ တကယ်အရည်အချင်းရှိတယ်။ ခုနကအဆင့်မြင့်မိစ္ဆာစစ်သည်တွေအပြင် အစောပိုင်းက အလယ်အလတ်အဆင့် မိစ္ဆာစစ်သည် ၄ ၅ကောင်ကိုလည်း သူပဲရှင်းပစ်ခဲ့တာ"

ကျိုးဟောင်မှာအရည်အချင်းရှိမှန်း ရှုလင်သေချာပေါက်သိပေသည်။ သို့သော် ကျိုးဟောင်မာန်တက်သွားမှာစိုး၍ သူမဝန်မခံချင်သော်လည်း ကျန်းယိကပါထုတ်ပြောလာ၍ သူမဆက်ဟန်မဆောင်နေချင်တော့ပေ။

ထို့ကြောင့်သူမ၏အိတ်ထဲမှ ချောကလက်တောင့်လေးအားထုတ်ကာ ကျိုးဟောင်အားကမ်းပေးလိုက်လေသည်။

"ဒီမှာ ဒါကနင့်အတွက်ဆု"

"ဟီးဟီး ဒါကနင့်အကြိုက်မုန့်ပဲ"

ကျိုးဟောင်မှာ အပြုံးဖြင့်လက်ခံလိုက်ရင်း တိုးတိုးရေရွတ်လိုက်လေသည်။

"ငါ့အထင် နင့်အပိုင်ကလည်းငါ့ဟာပါပဲ"

"နောက်ကျလာပြီ ငါတို့လုံခြုံတဲ့နေရာမြန်မြန်ရှာရမယ်"

ရှုလင်၏မျက်နှာလေးမှာ ကျိုးဟောင်၏ရေရွတ်သံကိုကြားပြီးနောက် နီရဲသွားလေသည်။ သူမသည်ချက်ချင်းပင်မတ်တတ်ထရပ်ကာ စကားလမ်းကြောင်းလွှဲလိုက်လေသည်။

ညဘက်တွင်တောနက်ဧရိယာမှာ ပိုအန္တရာယ်များလေသည်။

ယခုအချိန်တွင် မိစ္ဆာစစ်သည်များမရှိတော့လျှင်တောင် ကိုင်တွယ်ရန်ခက်သော မိစ္ဆာစစ်သည်အများစုမှာ ညဘက်တွင်အမဲလိုက်ရန် ထွက်လာတတ်ကြပေသည်။ ထို့အပြင်ထိုသတ္တဝါအများစုမှာ အဆိပ်ရှိလေရာ တစ်ယောက်ယောက်သာ သတိမထားမိဘဲအကိုက်ခံလိုက်ရပါက T-3 ချပ်ဝတ်တောင် မကယ်နိုင်ပေ။

ကျန်းယိမှာထိုကိစ္စအားသိထားလေရာ အလျင်အမြန်ပင်ထရပ်လာလေသည်။

မျက်စိတစ်မှိတ်အတွင်း ၃ရက်ကုန်ဆုံးသွားပေပြီ။

ကျိုးဟောင်တို့အဖွဲ့မှာ ဧရိယာ ၂၆၈ တစ်ခုလုံးကိုရှာဖွေပြီးပြီဖြစ်သည်။ ယခုအချိန်အတောအတွင်း သူတို့အဖွဲ့သည် အဆင့်မြင့်မိစ္ဆာစစ်သည်များစွာနှင့် ကြုံတွေ့ခဲ့ရသော်လည်း ပတ်ဝန်းကျင်ကိုကြည့်တတ်သောကျိုးဟောင်ကသာ အားလုံးကိုကိုင်တွယ်သွားလေသည်။ ဤကိစ္စမှာ ကျိုးဟောင်အပေါ်ရှုလင်၏အမြင်အား တစ်မျိုးဆန်းသွားစေလေသည်။

ထပ်ပြောရလျှင် သူတို့အဖွဲ့မှာ အဖိုးတန်ပစ္စည်းစုစုပေါင်း (၁၈) မျိုးအထိတွေ့ခဲ့ပြီး ထိုပစ္စည်းများထဲမှအချို့မှာ ခရမ်းရောင်အရွက်မြေဂျင်ဆင်းထက်ပင်ရှားပါးလေသည်။

ဤအရာများမှာ ကျိုးဟောင်၏အကူအညီနှင့်ရခဲ့ခြင်းပေ။ အကယ်၍သူ၏ကံကြမ္မာအမှတ်များကိုသာမသုံးပါက အရင်းအမြစ်အများစုကို ရှာတွေ့ဖို့ရန် အလွန်ခက်ခဲမည်ဖြစ်သည်။

ကန်ဘေးရှိ ချောမွေ့နေသောကျောက်တုံးတစ်တုံးပေါ်တွင်....

ကျိုးဟောင်တို့အဖွဲ့မှာ ထိုင်ပြီးအနားယူနေကြလေသည်။

"ငါတို့မမှောင်ခင်ပြန်မှဖြစ်မယ် နည်းနည်းဝေးတယ်ဆိုတော့ နေ့လယ်လောက်ထွက်ကြတာပေါ့"

ရှုလင်မှာပေါင်မုန့်စားရင်းပြောလိုက်လေသည်။

"သဘောတူတယ်"

ကျန်းယိသည်လည်း ခေါင်းညိတ်ပြလာလေသည်။

ကျိုးဟောင်မှာ ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်လေသည်။ သူယခုနေရာအား အနားယူရန်ရွေးချယ်လိုက်ခြင်းမှာ ကြုံသလိုရွေးလိုက်ခြင်းမဟုတ်ပေ။

....................................................................................

အခန်း (၁၀၅) ပြီးပါပြီ။

All Chapters