အခန်း ၁၀၆-၁၀၈
Vol. 8 Ch. 106-108
အခန်း (၁၀၆) : သတိထား
ဝှစ်!
ရုတ်တရက်ဆိုသလိုပင် ရေကန်ထဲမှ အေးစက်သောအမဲရောင်စပါးအုံးမြွေတစ်ကောင် ခုန်ထွက်လာခဲ့သည်။
"သတိထား ဒါမဟူရာမိစ္ဆာစပါးအုံးမြွေပဲ"
ကျန်းယိမှာ ဆူညံသံကိုကြားပြီး စိတ်ပူစွာဖြင့်အော်လိုက်သည်။
ကျိုးဟောင်၏တုံ့ပြန်မှုမှာ အလွန်ပင်လျင်မြန်လှသည်။ လက်တစ်ဖက်မှ ရှုလင်၏လက်ကိုဆွဲကာ တခြားလက်တစ်ဖက်နှင့်သူတို့ကြားမှနေရာလွတ်ဆီဓားဖြင့်ရွယ်ကာ အလျင်အမြန်နောက်ပြန်ဆုတ်လိုက်လေသည်။
ရွှီ!
မဟူရာမိစ္ဆာစပါးအုံးမြွေမှာ အလင်းကဲ့သို့သော အရှိန်မျိုးဖြင့်ခုန်အုပ်လာလေရာ ထိုသတ္တဝါမှာဓားသွားကိုမမြင်လိုက်ခင်မှာပင် ၎င်း၏သွေးဆာနေသောပါးစပ်ကြီးကိုဟကာ ဓားထိပ်အားမျိုချလိုက်လေတော့သည်။
ဓားမှာ ချက်ချင်းဆိုသလိုပင် မဟူရာမိစ္ဆာစပါးအုံးမြွေ၏ အပေါ်မေရိုးအားဖောက်ထွက်သွားလေသည်။
"ကျန်းယိ"
ကျိုးဟောင်မှ အော်လိုက်လေသည်။
ထိုအခါမှကျန်းယိမှာ သတိပြန်ဝင်လာပြီးအရှေ့သို့တိုးကာ လက်ထဲရှိဓားဖြင့် မဟူရာမိစ္ဆာစပါးအုံးမြွေ၏ခေါင်းအားပိုင်းချလိုက်လေတော့သည်။
ဝှစ်..
ထက်ရှသောဓားသွားမှာ မဟူရာမိစ္ဆာစပါးအုံးမြွေ၏ခေါင်းအားဖြတ်တောက်လိုက်လေရာ အမဲညစ်ရောင်သွေးများထွက်လာပြီး အောက်ရှိကျောက်တုံးအားတိုက်စားသွားသော တစီစီအသံများပင်ထွက်ပေါ်လာလေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ရှုလင်၏လှပသောမျက်နှာလေးမှာ ဖြူလျော်နေလေသည်။ အကယ်၍ကျိုးဟောင်သာ သူမအားအချိန်မီမဖမ်းဆွဲခဲ့ပါက သူမ သေချာပေါက် မရှုမလှသေဆုံးရမည်ဖြစ်သည်။
မဟူရာမိစ္ဆာစပါးအုံးမြွေမှာ အဆိပ်အပြင်းဆုံး အဆင့်မြင့်မိစ္ဆာစစ်သည်ဖြစ်သည်။အကယ်၍ ထိုအဆိပ်သာ T-3 ချပ်ဝတ်အားထိလိုက်ပါက စက္ကန့်ပိုင်းအတွင်း ထိုချပ်ဝတ်မှာ အရည်ပျော်သွားမည်ဖြစ်သည်။
"ကျိုးဟောင် ကျေးဇူးတင်ပါတယ်"
သူမကျိုးဟောင်ဘက်ကိုလှည့်ကာ စိတ်ရင်းဖြင့်ကျေးဇူးတင်စကားဆိုလိုက်လေသည်။
"ဘာတွေအားနာနေစရာလိုလို့လဲ ဘာပဲဖြစ်ဖြစ် နင်ငါ့ဇနီးလုပ်ဖို့သဘောတူထားပြီးပြီပဲမဟုတ်ဘူးလား"
ကျိုးဟောင်မှာပြုံးရင်းပြောလိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ ရှုလင်မှာကျိုးဟောင်အားစိုက်ကြည့်မနေတော့ပေ။
ထိုအချိန်တွင်ကျန်းယိမှ စကားပြောလာလေသည်။
"ရှုလင် ကျိုးဟောင် ငါတို့ခန္ဓာဗေဒအစိတ်အပိုင်းအကြောင်းအတန်းမှာတုန်းက ဆရာမတစ်ခါပြောပြဖူးတာ မဟူရာမိစ္ဆာစပါးအုံးမြွေတွေနေတဲ့နေရာနားမှာ ရှားပါးအပင်တွေရှိတယ်တဲ့ ဒီရေကန်ထဲမှာ အဖိုးတန်ရတနာတွေရှိလောက်တယ်"
ဗွမ်း
ကျန်းယိစကားဆုံးသည်နှင့် ကျိုးဟောင်မှာတွေဝေနေခြင်းမရှိဘဲ ကန်ထဲခုန်ချသွားလေသည်။
"သတိထား"
ရှုလင်မှာ စိုးရိမ်တကြီးဖြင့်သတိပေးလိုက်လေသည်။
ဝှစ်
သိပ်မကြာခင်မှာပင် ကျိုးဟောင်မှာရေကန်အနက်ပိုင်းမှပြန်တက်လာပြီး ရယ်မောကာပြောလိုက်လေသည်။
"ကျန်းယိ မင်းခန္ဓာဗေဒအစိတ်အပိုင်းအတန်းချိန်တုန်းက သေချာလိုက်နားထောင်ထားတာ တကယ်ကောင်းတယ် ထင်ထားသလိုပဲငါရတနာတစ်ခုတွေ့ခဲ့တယ် ဒီမှာရေခဲအပ်မှိုပဲ"
"ဘာ တကယ်ကြီးရေခဲအပ်မှိုလား"
ရှုလင်နှင့်ကျန်းယိမှာနှစ်ယောက်လုံးမှင်တက်နေသော််လည်း သိပ်မကြာခင်မှာပင် နှစ်ဦးစလုံး၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လာလေတော့သည်။
ရေခဲအပ်မှိုမှာ ရှားပါးသောဝိဉာဉ်စွမ်းအားရှိသော အဖိုးတန်အပင်တစ်မျိုးဖြစ်သည်။
ဝိဉာဉ်စွမ်းအားရှိသော အပင်ဖြစ်ရုံနှင့်ပင် ၎င်းတွင်အလွန်အားကောင်းသော ဆေးဖက်ဝင်အကျိုးသက်ရောက်မှုမျိုးရှိပေသည်။ ၎င်းမှာခရမ်းရောင်မြေဂျင်ဆင်း၊ မှန်ကူကွက်မြက်စိမ်းနှင့် အနီရောင်သွေးသစ်သီးတို့ထက် အဆရာချီ ပိုမိုတန်ဖိုးရှိပေသည်။
ဝိဉာဉ်စွမ်းအားရှိသောအပင်များမှာ စင်စစ်ကို သဘာဝ ၏အဖိုးတန်ရတနာများဖြစ်ကြသည်။
"ကျိုးဟောင်မြန်မြန် ဒီရေခဲအပ်မှိုပေါ်မှာ သွေးရောင်အကြောင်းဘယ်နှစ်ကြောင်းရှိလဲကြည့်လိုက်"
ရှုလင်မှာတစ်ခုခုတွေးမိပုံပေါ်ပြီး အလျင်အမြန်မေးလိုက်လေသည်။
ကျိုးဟောင်မှာလည်းအသိဝင်လာပြီး ရေခဲအပ်မှို၏နောက်ဘက်အား ကြည့်လိုက်လေသည်။
"သွေးရောင်အကြောင်း ၃ကြောင်းရှိတယ်"
ရှုလင်မှာချက်ချင်းပင်သက်ပြင်းချပြီး စိတ်လှုပ်ရှားစွာပြောလိုက်လေသည်။
"အဲဒါဆိုကောင်းတယ် သွေးရောင်အကြောင်း ၂ကြောင်းပါတဲ့ရေခဲအပ်မှိုက ဘာဆေးဖက်ဝင်တဲ့အကျိုးသက်ရောက်မှုမှမရှိသလို အဆိပ်အရမ်းပြင်းတယ် ဒါပေမဲ့ သွေးရောင်အကြောင်း ၃ကြောင်းပါတဲ့ရေခဲအပ်မှိုကတော့ ဝိဉာဉ်စွမ်းအားရှိတဲ့ အကောင်းဆုံးအပင်ပဲ သူ့ကိုစားလိုက်ရင် လူတစ်ယောက်ကအချိန်တိုအတွင်း အဆင့်မြင့်ဆရာသခင်အဆင့်ကိုရောက်နိုင်တယ်"
ကျိုးဟောင်မှာ ရေကန်အစပ်ဆီရေကူးလာပြီး ကမ်းပေါ်သို့ပြုံးကာတက်လာလေသည်။
"အဲဒီလိုဆို ငါတို့တော့ဒီတစ်ခေါက်သေချာပေါက်နိုင်ပြီပဲ"
ကျန်းယိမှာလေးပင်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
"ဒီ ရေခဲအပ်မှိုက သွေးရောင်အကြောင်း၃ကြောင်းပဲပါပြီး အပြည့်အဝမကြီးထွားသေးပေမဲ့ သူ့ရဲ့တန်ဖိုးက သေချာပေါက် ငါတို့အရင်ကရှာတွေ့ခဲ့တဲ့အရင်းအမြစ် ၁၈ခုထက်အများကြီးပိုတန်ဖိုးကြီးတယ် ပြီးတော့ ဝိဉာဉ်စွမ်းအားရှိတဲ့အပင်တွေက အတော်လေးရှားပါးတယ် ငါတို့ဒီတစ်ခုကိုတွေ့တာ အတော်ကံကောင်းတယ်"
"အဲဒီဖန်းယွီကတော့ ဒီလောက်ကံမကောင်းလောက်ဘူး"
ရှုလင်၏အပြုံးမှာ ပိုမိုတောက်ပလာလေသည်။
"ဒီတစ်ခေါက်တော့ ဖန်းယွီသေချာပေါက်ရှုံးပြီ"
ကျိုးဟောင်မှာခေါင်းယမ်းရင်း ပြောလိုက်လေသည်။
"ငါအစကတော့ မှန်ကူကွက်မြက်စိမ်းကို လောင်းကြေးအနေနဲ့လိုချင်တာ ငါတို့ရေခဲအပ်မှိုကို ရလိမ့်မယ်လို့မထင်ထားဘူး။ မှန်ကူကွက်မြက်စိမ်းက အခုဘာမှတန်ဖိုးမရှိတော့ဘူး ဒါပေမဲ့ ဖန်းယွီစိတ်သောကရောက်နေတာကိုမြင်ရမှာလည်း ဆိုးတော့မဆိုးသေးပါဘူး"
ရှုလင်နှင့်ကျန်းယိမှာထိုစကားအားကြားသောအခါ မနေနိုင်ဘဲထရယ်မိလေသည်။
ဧရိယာ ၂၅၁၏ အနက်ပိုင်းတွင်......
ဖန်းယွီ၊ လိန်ကျင်းဖုန်းနှင့် အခြားယန်ကျင်းမှပါရမီရှင်များမှာ ရှာဖွေနေဆဲဖြစ်ပြီး သူတို့၏မျက်နှာတွင်လည်း ပျော်ရွှင်မှုများဖြင့်ပြည့်နေလေသည်။
"မိစ္ဆာသားရဲတွေရဲ့ အုပ်စုဖွဲ့တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်း တောနက်ဧရိယာထဲမှာ တကယ့်ကိုတန်ဖိုးရှိတဲ့အရာတွေနဲ့ပြည့်နေတာပဲ ဟွာတုန်းမြို့ရဲ့စစ်တပ်ခေါင်းဆောင်တွေက ဒီစစ်ဆင်ရေးမှာကျောင်းသားတွေကိုပါဝင်ခွင့်ပြုတာ တကယ့်ကိုရက်ရောတာပဲ"
လိန်ကျင်းဖုန်မှာ သက်သောင့်သက်သာအသံဖြင့်ပြောလိုက်လေသည်။
ထိုစကားအားကြားသောအခါ ဖန်းယွီမှာခပ်ဖျော့ဖျော့ပြုံးပြီးပြောလာလေသည်။
"ဟွာတုန်းတစ်မြို့လုံးရဲ့ပျှမ်းမျှစွမ်းအားက အတော်လေးအားနည်းတယ်။ အထက်တန်းကျောင်းအကုန်လုံးမှာ သိုင်းပညာရှင်တစ်ယောက်တောင်မရှိဘူး။ စစ်တပ်ခေါင်းဆောင်တွေက ဒီအခွင့်အရေးကိုအသုံးချပြီး ကျောင်းသားတွေရဲ့စွမ်းအားကို မြှင့်ပေးချင်တာဖြစ်မယ် ဘယ်လိုပဲဖြစ်ပါစေ မြို့တစ်မြို့ရဲ့အနာဂတ်က ကျောင်းသားတွေအပေါ်မူတည်နေတာလေ"
ယွင်ယန်သည်လည်း ခေါင်းညိတ်ကာညင်သာစွာပြောလိုက်လေသည်။
"စစ်သေနာပတိချုပ်ကျောက်နဲ့ အခြားလူတွေကလည်း မြို့အတွက်တစ်ခုခုလုပ်ပေးချင်တဲ့ဆန္ဒရှိကြတယ် ဒီတစ်ချက်နဲ့တင် ယန်ကျင်းမြို့ကရာထူးကြီးလူတွေထက် အများကြီးသာသွားပြီ"
ထိုအချိန်တွင် ယွမ်ချန်းမှာ ခေါင်းခါပြီးပြောလာလေသည်။
"ယန်ကျင်းမြို့က လူမှုအဖွဲ့အစည်းအဆင့်အတန်းတွေက တကယ့်ကိုပြင်းပြင်းထန်ထန်သတ်မှတ်ထားတာ ဒါပေမဲ့မြို့ကအနေအထားတစ်ခုထိ တိုးတက်သွားပြီဆို ဒါကပုံမှန်ပဲ ဟွာတုန်းမြို့ကအခုမှ ဖွံ့ဖြိုးဆဲအခြေအနေမှာပဲရှိသေးတယ် အဲဒီတော့တခမ်းတနားလုပ်တာကပုံမှန်ပဲ"
"အစ်ကိုယွမ်ပြောတာမှန်တယ်"
အားငယ်တတ်သောစရိုက်ရှိသော ပိန်ပိန်ပါးပါးကောင်လေးမှ သဘောတူသလိုဝင်ပြောလာလေသည်။
လိန်ကျင်းဖုန်းမှာ ဓားကိုပခုံးပေါ်တင်ကာပြောလာလေသည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ဒီတစ်ခေါက်အများကြီးရခဲ့တယ် ဒီပစ္စည်းတွေထဲကတစ်ချို့က ငါတို့စွမ်းအားတိုးဖို့ကို အထောက်အကူပြုတဲ့ပစ္စည်းတွေ ငါတို့ပြန်ရောက်တဲ့အခါ ငါတို့ရဲ့အဆင့်ကအဆင့်မြင့်သိုင်းပညာရှင်အဆင့်ကို ရောက်သွားနိုင်တယ်"
ဖန်းယွီမှာသူမ၏မျက်လုံးများကိုမှေးကာ ပြောလိုက်လေသည်။
"ရှုလင်တို့အဖွဲ့ဘယ်လိုနေမလဲမသိဘူး သူတို့ဧရိယာ ၂၆၈ဘက်ကိုသွားတာ ငါသတိထားမိလိုက်တယ် အဲဒီနေရာကငါတို့ခုရောက်နေတဲ့နေရာထက် အများကြီးပိုဝေးတယ်"
"ဝေးတော့ရောဘာဖြစ်လဲ တစ်ချို့အရင်းအမြစ်တွေက အတွေ့အကြုံမရှိဘဲရှာတွေ့ဖို့ အရမ်းခက်တယ်"
လိန်ကျင်းဖုန်းမှာ ယုံကြည်မှုအပြည့်ဖြင့် မထူးဆန်းသလိုပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ ဒီတစ်ခေါက်ဘာအမှားအယွင်းမှရှိမှာမဟုတ်ဘူး"
....................................................................................
အခန်း (၁၀၆) ပြီးပါပြီ
အခန်း (၁၀၇) : အရမ်းစွမ်းအားကြီးတယ်
"ဖန်းယွီ နင်ဘာလို့ရှုလင်တို့အဖွဲ့နဲ့မဖြစ်မနေပြိုင်ချင်တာလဲ ငါတို့အားလုံးကတစ်တန်းတည်းသားတွေပဲကို နောက်ကိုမကြာခဏတွေ့နေရမဲ့လူအချင်းချင်း အဆင်ပြေအောင်နေဖို့စဉ်းစားသင့်တယ်"
ယွမ်ချန်းမှာ မနေနိုင်ဘဲထပြောလိုက်လေသည်။
ဖန်းယွီမှာနှာခေါင်းရှုံ့လိုက်လေသည်။
"ငါကဒီတိုင်း ရှုလင်နဲ့ကျိုးဟောင်ကိုသည်းမခံနိုင်တာ သူတို့ကဒီတိုင်းကံကိုပဲမှီခိုနေတဲ့လူတွေသာသာပဲ သူတို့ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းရဲ့လူသစ်မှတ်တမ်းကိုကျော်နိုင်တာ တကယ်အရှက်ရစရာပဲ"
ယွင်ယန်မှာ ဖန်းယွီ၏စကားကိုနားထောင်ရင်း ခေါင်းသာယမ်းမိလေသည်။
သူမ၏အမြင်တွင် ဖန်းယွီမှာအရည်အချင်းရှိသောသူဖြစ်သော်လည်း အနည်းငယ်အထက်စီးဆန်ပေသည်။
တဖြည်းဖြည်းအချိန်ကုန်လာပေပြီ။
တောင်ပိုင်းစခန်းကာကွယ်ရေးခံတပ်၏အပြင်ဘက်တွင် ကျောင်းပေါင်းစုံမှ ဆရာ ဆရာမများနှင့် နည်းပြများမှာ တောနက်ဧရိယာ၏အစပ်တွင် ရပ်နေကြပြီး လက်တွင်ပတ်ထားသောနာရီအားစိုးရိမ်တကြီးကြည့်နေကြလေသည်။
ပြီးခဲ့သော ၄ရက်တွင် တောနက်ထဲဝင်သွားသောကျောင်းသားများ၏အခြေအနေကို သူတို့မသိရပေ။
ရှန်းကျင့်၏အမူအရာမှာတော့ တည်ငြိမ်နေပေသည်။ဤတောနက်ဧရိယာရှင်းလင်းရေးစစ်ဆင်ရေးတွင် ကျောင်းသားအများအပြားဒဏ်ရာရခဲ့သော်လည်း သေဆုံးသူမရှိကြောင်း တပ်မှူးချုပ်ချူထံမှ သူသိထားပြီးပြီဖြစ်သည်။
အထက်တန်းကျောင်းသားအဖွဲ့အများစုမှာ ကြောက်ရွံ့နေကြပြီး တောနက်ထဲမသွားဘဲ အစွန်အဖျားတွင်သာရှာဖွေနေကြသောကြောင့် လုံးဝအန္တရာယ်မရှိပေ။
တစ်ဖက်တွင် ချူမြို့အထက်တန်းကျောင်းမှ ကျောင်းသားအဖွဲ့၏အခြေအနေမှာ အကြိမ်ရေအတော်များများ အန္တရာယ်ဖြင့်ကြုံပြီးပြီဖြစ်သည်။
ကံကောင်းသည်မှာ သူတို့တွင် ကျရောက်လာသောအန္တရာယ်ကိုဖြေရှင်းပေးမည့် စစ်တပ်မှသိုင်းပညာရှင်များ၏ အကူအညီရှိနေခြင်းပင်။
"ဒါကရှားပါးအခွင့်အရေးပဲ မင်းတို့တွေတစ်ခုခုရဖို့တော့ မျှော်လင့်တယ်"
ရှန်းကျင့်မှာ စိတ်ထဲမှသာသက်ပြင်းကြိတ်ချမိလေသည်။ ပုံမှန်အားဖြင့် သာမန်အရည်အချင်းသာရှိသော ကျောင်းသားများအတွက် သွေးအနှစ်သာရအတားအဆီးကိုချိုးဖောက်ရန်မှာ အလွန်ခက်ပေသည်။ ထို့အပြင် မိသားစုနောက်ခံကောင်းသောကျောင်းသားများအတွက် သိုင်းပညာရှင်အဆင့်ရောက်ရန်မှာ မခက်သော်လည်း ထိုကျောင်းသားများသည်လည်း ပိုမြင့်သောအဆင့်တစ်ခုရောက်ရန် ကျင့်ကြံရေးအရင်းအမြစ်အများအပြား လိုအပ်သေးပေသည်။
ထို့အပြင် ယခုတစ်ကြိမ်တွင် စစ်တပ်ခေါင်းဆောင်များမှာ သားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုပြီးနောက် လစ်လပ်နေသောကာလအတွင်း တောနက်ဧရိယာတစ်ခုလုံးကိုဖွင့်ပေးထားခြင်းဖြစ်လေရာ ဤသည်မှာကျောင်းသားအများစုအတွက် တိုးတက်နိုင်သောအခွင့်အရေးပင်ဖြစ်သည်။
အကယ်၍ သူတို့သာဤအခွင့်အရေးကိုအမိအရဆုပ်ကိုင်နိုင်ပါက သူတို့၏ကံကြမ္မာကိုပြောင်းလဲနိုင်မည်ဖြစ်သည်။
မဟုတ်ပါက သာမန်လူအနေဖြင့်သာဆက်လက်နေထိုင်သွားနိုင်မည်ဖြစ်သည်။
ကျောင်းအုပ်ကျန်းနှင့် ဒုကျောင်းအုပ်မှာလည်း ရှန်းကျင့်၏ဘေးတွင် မတ်တတ်ရပ်နေကြပြီး စိုးရိမ်နေသောမျက်နှာများဖြင့် တောနက်ထဲသို့ကြည့်နေကြလေသည်။
"သူတို့ပြန်လာပြီ သူတို့ပြန်လာပြီ"
ရုတ်တရက် လူတစ်ယောက်မှထအော်လာလေသည်။
မြို့၏တောနက်ဧရိယာဆီသို့ပြန်လာသောလမ်းတွင် ခြောက်သွေ့နေသောသွေးများဖြင့်ပေကျံနေသောကျောင်းသားအဖွဲ့များမှာ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ်လာလေသည်။
သူတို့အားလုံးမှာ ပင်ပန်းနေသောအမူအရာမျိုးဖြင့်လျှောက်လာကြလေသည်။
ဝှစ်! ဝှစ်!
ကျောင်းပေါင်းစုံမှ ဆရာ၊ ဆရာမများနှင့် နည်းပြများမှာလည်း စိုးရိမ်တကြီးဖြင့်ပြေးလာကြလေသည်။
ကျောင်းသားအများစုမှာ ဆရာ၊ ဆရာမများနှင့် နည်းပြများရှေ့တွင် သူတို့ကြုံတွေ့ခဲ့ရသောခါးသီးမှုများကိုတိုင်တန်းကာ ငိုကြွေးကြလေတော့သည်။
"အရမ်းခက်တာပဲဆရာ ကျွန်တော်တို့အဲဒီမှာသေတော့မလို့"
"ဟုတ်တယ် နောက်တစ်ခါဒီလိုစစ်ဆင်ရေးမှာထပ်မပါတော့ဘူး"
"အီးဟီး အဖေနဲ့အမေ့ကိုလွမ်းတယ် အိမ်ပြန်ချင်တယ်"
ကျောင်းသားအများစုမှာ ပင်ပန်းနေပြီဖြစ်လေရာ မြေပင်ပေါ်တွင်ဖြစ်သလိုသာထိုင်ချနေကြလေသည်။
ကျောင်းခေါင်းဆောင်များမှာလည်း အလျင်အမြန်ပင်ပြေးလာကာ နှစ်သိမ့်နေကြလေသည်။
"မင်းတို့အသက်ရှင်လျက်ပြန်လာတာကောင်းတယ်"
သိပ်မကြာမီမှာပင် ချူမြို့အထက်တန်းကျောင်းမှ ကျောင်းသားအဖွဲ့များလည်း လမ်းပေါ်တွင်တဖြည်းဖြည်းပေါ်လာလေသည်။ သူတို့၏အခြေအနေသည်လည်း သိပ်မကောင်းပေ။
ကျောင်းအုပ်ကျန်း၊ ဒုကျောင်းအုပ်နှင့် ဌာနမှူးဟုန်တို့မှာ အပြေးအလွှားရောက်လာကြလေသည်။
"ဘယ်လိုလဲ မင်းတို့တစ်ခုခုရခဲ့လား"
သူတို့သည် ကျောင်းသားများအားမြင်သောအခါမနေနိုင်ဘဲ မေးလိုက်မိလေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ချူမြို့အထက်တန်းကျောင်း၏ တတိယနှစ်ကျောင်းသားများအား မျှော်လင့်ချက်မြင့်မြင့် ထားပေသည်။
ကျောင်းသားအဖွဲ့များမှာ ခေါင်းသာယမ်းပြီးပြန်ဖြေလေသည်။
"ဆရာ၊ ကျောင်းအုပ် ဒီမိစ္ဆာစစ်သည်တွေကအရမ်းစွမ်းအားကြီးတယ် ကျွန်တော်တို့သူတို့ကိုမခုခံနိုင်လို့ပုန်းနေရုံပဲတတ်နိုင်တာကို တခြားပစ္စည်းရှာဖို့ဘယ်မှာအချိန်ရှိမှာလဲ"
"ဟုတ်တယ် သူတို့အသက်ရှင်တာပဲအတော်ကောင်းနေပြီ"
ကျောင်းအုပ်ကျန်းနှင့် ဒုကျောင်းအုပ်၏မျက်နှာမှာ မည်းမှောင်သွားပြီးစိတ်ပျက်သွားလေသည်။
ကောင်းကင်မှာမှောင်သထက်မှောင်လာသည်နှင့် ပြန်ရောက်လာသောကျောင်းသားအရေအတွက်မှာလည်း တဖြည်းဖြည်းတိုးလာလေသည်။ ထိုအဖွဲ့များကြားတွင် ချူမြို့အထက်တန်းကျောင်းလေ့ကျင့်ရေးအတန်းမှ အဖွဲ့များစွာပါလေသည်။
မလှုပ်မယှက်ရပ်နေသော နည်းပြရှန်းမှာ တဖြည်းဖြည်းချင်းရှေ့ကိုလျှောက်လာလေသည်။
ဗဟိုလေ့ကျင့်ရေးအတန်းမှကျောင်းသားများမှာ နည်းပြရှန်းအားမြင်သောအခါ အလိုလိုပင် ထကာတန်းစီလာကြလေသည်။
"ဝမ်မင် မင်းတို့အဖွဲ့ရဲ့စွမ်းဆောင်ချက်က ဘယ်လိုနေလဲ"
နည်းပြရှန်းမှာ ဝမ်မင်နှင့်အခြားသူများကို ကြည့်ကာမေးလိုက်လေသည်။
ဝမ်မင်မှာရှေ့တိုးလာပြီး သူ၏ချပ်ဝတ်နှင့်သိုလှောက်ရေးအိတ်ထဲမှပစ္စည်းများအားလုံးကို အလျင်အမြန်ပင်ထုတ်ယူလိုက်လေသည်။
ဝှစ် !ဝှစ်!
ချက်ချင်းဆိုသလိုပင် မိစ္ဆာစစ်သည်အလောင်းများနှင့် အဖိုးတန်အရင်းအမြစ်အချို့မှာ မြေပြင်ပေါ်တွင်ပေါ်လာလေသည်။
"ဝါး ဒါကအနီရောင်သွေးသစ်သီးနဲဲ့ မျက်နှာတစ်ထောင်ပန်းပဲ"
"ချီးပဲ အဆင့်နိမ့်မိစ္ဆာစစ်သည်အလောင်း ၃၀ကျော်နဲ့ အလယ်အလတ်အဆင့်မိစ္ဆာစစ်သည်အလောင်း ၃လောင်းရောပဲ"
"တော်လိုက်တာ"
အခြားကျောင်းများမှ ကျောင်းသားအများစုမှာ မြေပြင်ပေါ်ရှိပစ္စည်းများကိုစုပြုံကြည့်နေကြရင်း အားလုံးမှာ အံ့ဩပြီးအားကျနေကြလေသည်။
ထိုအခါမှ ကျောင်းအုပ်နှင့်နည်းပြမှာ သက်ပြင်းချနိုင်လေသည်။
"ပညာရေးအဖွဲ့အစည်းက အလေးထားလေ့ကျင့်ပေးထားတဲ့လေ့ကျင့်ရေးအတန်းကလို့မပြောရဘူး သူတို့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကိုအထင်ကြီးစရာပဲ"
"အမယ်လေး ငါတို့ကျောင်းရောလေ့ကျင့်ရေးအတန်းတစ်ခုလောက်ဖွင့်ကြမလား"
နည်းပြရှန်းမှာပတ်ဝန်းကျင်ရှိ ဆွေးနွေးနေသံများကိုနားထောင်နေသော်လည်း သူ၏အမူအရာမှာမပြောင်းလဲသွားပေ။ နည်းပြရှန်းသည် အနီရောင်သွေးသစ်သီးနှင့် မျက်နှာတစ်ထောင်ပန်းတို့အားကြည့်ကာ မထူးဆန်းသလိုပင်ပြောလိုက်လေသည်။
"မင်းတို့ရလာတာတွေက သာမန်ပဲ"
ဝမ်မင်နှင့်အခြားလူများ၏အမူအရာမှာ စိတ်ဓာတ်ကျသွားသလိုဖြစ်သွားလေသည်။
"လီကျိ"
နည်းပြရှန်းမှာ ထပ်မံပြီး လီကျိ၏လူ ၇ယောက်ပါသော အဖွဲ့အားကြည့်လိုက်လေသည်။
ဝှစ်! ဝှစ်!
ဝမ်မင်တို့အဖွဲ့လိုပင် လီကျိမှာရှေ့သို့လျှောက်လာပြီး ရလာသမျှပစ္စည်းအားလုံးအားထုတ်လိုက်လေသည်။ မိစ္ဆာစစ်သည်အလောင်းများ၊ အဖိုးတန်အရင်းအမြစ်များအပြင် သူရခဲ့သည့်ပစ္စည်းများမှာ ဝမ်မင်တို့အဖွဲ့ထက်ပိုများလေသည်။
ယခင်ကဖန်းယွီ ထုတ်လာပြသော မှန်ကူကွက်မြက်စိမ်းထက် ပိုတန်ဖိုးကြီးသောမှန်ကူကွက်မြက်စိမ်းတစ်ပင်ပင်ပါသေးသည်။
"မဆိုးဘူး"
နည်းပြရှန်းမှာ နောက်ဆုံးမှပြုံးလာလေတော့သည်။
လီကျိနှင့်အဖွဲ့သား ၇ယောက်မှာ လက်သီးကိုတင်းတင်းဆုပ်ပြီး သူတို့၏မျက်နှာများတွင် စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နေလေသည်။ တင်းကျပ်သောနည်းပြရှန်းဆီမှ ချီးကျုးခံရသည်ဆိုသောသဘောမှာ သူတို့ယခုတစ်ခါရလာခဲ့သောပစ္စည်းများသည် တကယ်မဆိုး၍သာဖြစ်သည်။
အခြားအထက်တန်းကျောင်းသားများမှာ အားကျကာမနာလိုနေကြလေသည်။ ဤအရင်းအမြစ်တစ်ခုစီတိုင်းမှာ သူတို့၏သွေးအနှစ်သာရအတားအဆီးကိုချိုးဖောက်ပေးပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ရန် အကူအညီပေးနိုင်ပေသည်။
"ကြည့်စမ်း ယန်ကျင်းပါရမီရှင်အဖွဲ့က ယွမ်ချန်းနဲ့ ဖန်းယွီတို့ပဲ"
ရုတ်တရက် တစ်ယောက်ယောက်မှအော်ပြောလာလေသည်။
....................................................................................
အခန်း (၁၀၇) ပြီးပါပြီ။
အခန်း (၁၀၈) : သူတို့ပြန်လာပြီ
ဝှစ်! ဝှစ်! ဝှစ်!
တစ်ယောက်ပြီးတစ်ယောက် လူတိုင်း၏အကြည့်များမှာ အေးဆေးပြီးတည်ငြိမ်နေသော ယွမ်ချန်းနှင့်အခြားလူများထံ ရောက်နေကြလေသည်။
"သူတို့ကယန်ကျင်းလေ့ကျင့်ရေးစခန်းကပြောင်းလာတဲ့ ပါရမီရှင်တွေလား"
"ပြောကြတာတော့ အဲဒီကလူတိုင်းက အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်နီးပါးကို သန်မာကြတယ်တဲ့"
"သူတို့ဒီတစ်ခေါက်ရော ဘယ်လိုစွမ်းဆောင်ရည်တွေပြမလဲဆိုတာ ငါတော့သိချင်နေပြီ"
ယွမ်ချန်း၊ ဖန်းယွီနှင့်အခြားလူများမှာ နည်းပြရှန်းအားတွေ့သောအခါ အလျင်အမြန်ပင်လျှောက်လာပြီး လူစုနားရောက်လာလေသည်။
"မင်းတို့အသင်းရလဒ်ကရော ဘယ်လိုလဲ"
နည်းပြရှန်းမှာ ဖန်းယွီနှင့်သူမ၏အဖွဲ့သားများကို ကြည့်လိုက်လေသည်။ ထို့အပြင် ဖန်းယွီနှင့်ရှုလင်တို့ကြားမှ လောင်းကစားအကြောင်းကိုလည်း သူကြားထားလေသည်။
ဖန်းယွီမှာ ဂုဏ်ယူစွာလျှောက်လာပြီး သူမ၏ချပ်ဝတ်အိတ်ထဲမှာပစ္စည်းများအားလုံးကို ထုတ်လိုက်လေသည်။
ဝှစ်!
ပစ္စည်းများမှာ တောင်အသေးလေးတစ်လုံးသဖွယ် စုပုံသွားလေသည်။
"ချီးပဲ များလိုက်တာ"
"အဆင့်မြင့်မိစ္ဆာစစ်သူကြီးအလောင်း ၁၃ကောင် အလယ်အလတ်အဆင့် မိစ္ဆာစစ်သည်အလောင်းက ၅၀ထက်မနည်းဘူး'
"သတ္တိရှိလိုက်တာ ယန်ကျင်းလေ့ကျင့်ရေးစခန်းကပါရမီရှင်တွေလို့ မပြောရဘူး"
"အဖိုးတန်အရင်းအမြစ်တွေလည်း အများကြီးပဲ ချီးပဲ ၂၃မျိုးတောင်မှ"
"အားကျလိုက်တာ သူတို့ရလာတာတွေကအများကြီးပဲ"
"ဟုတ်တယ် တကယ်လို့တောနက်ဧရိယာထဲမှာ တကယ်ကြီးပစ္စည်းကောင်းတွေဒီလောက်အများကြီးရှိမှန်းသိရင် ငါတို့လည်း ဒီထက့်ဝေးဝေးသွားမှာပေါ့"
အခြားကျောင်းများမှ ကျောင်းသားများမှာ မနာလိုလွန်း၍ မျက်လုံးများပင်နီရဲလာကာ သူတို့၏ဆုံးဖြတ်ချက်ကိုပင်နောင်တရလာကြလေသည်။
ဝမ်မင်၊ လီကျိနှင့် ချူမြို့အထက်တန်းကျောင်းမှ အခြားကျောင်းသားများမှာ မျက်စိရှေ့ရှိပစ္စည်းအပုံလိုက်ကိုကြည့်ကာ ခေါင်းယမ်းရင်း ခါးသီးစွာသာပြုံးမိလေသည်။
"ရှုလင်၊ ကျိုးဟောင်နဲ့ ကျန်းယိရော သူတို့ဘာလို့ပြန်မလာကြသေးတာလဲ"
"မသိဘူး တစ်ခုခုဖြစ်နေတာများလား"
"သူတို့ရတာအရမ်းနည်းလို့ အရှက်ကွဲမှာစိုးလို့ တောနက်ထဲမှာအမဲလိုက်နေတုန်းဖြစ်မယ်"
တစ်ယောက်မှ အော်ပြောလိုက်လေသည်။
ဖန်းယွီမှာထိုစကေားအားကြားသောအခါ သူမ၏နှုတ်ခမ်းများမှာကွေးတက်သွားကာ သရော်ပြုံးပြုံးလိုက်လေသည်။ သူမသည် ဝမ်မင်၊ လီကျိနှင့် အခြားကျောင်းသားများကို ဝေ့ကြည့်ကာပြောလိုက်လေသည်။
"အခုကစပြီး ငါကအတန်းရဲ့အစ်မကြီး ဖြစ်လာတော့မှာ"
ဝမ်မင်၊ လီကျိနှင့် အခြားကျောင်းသားများမှာ ဖန်းယွီကိုကြည့်ပြီး ခေါင်းငုံ့သွားကြလေသည်။
ယွမ်ချန်းနှင့် ယွင်ယန်မှာထိုမြင်ကွင်းအားကြည့်ပြီး ပြောစရာစကားမရှိသလို ခေါင်းသာယမ်းနေလေတော့သည်။
"မဆိုးဘူး"
နည်းပြရှန်းမှာပြုံးလိုက်လေသည်။ သူသည်ထိုအဖွဲ့ကိုကြည့်ပြီးနောက် နာရီကိုကြည့်လိုက်လေသည်။
"ပြန်မရောက်သေးတဲ့လူတွေရှိသေးတယ် အားလုံးပဲ ဆက်စောင့်ကြတာပေါ့"
အချိန်မှာတဖြည်းဖြည်းကျော်လွန်လာပြီး ကျောင်းသားအများစုမှာလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြန်ရောက်လာကြပြီဖြစ်သည်။ တောနက်ထဲသို့စောစီးစွာဝင်သွားသော သိုင်းပညာရှင် ၁၀ဖွဲ့တောင်ပြန်ရောက်လာပြီဖြစ်သည်။
သို့သော် သူတို့၏အရည်အသွေးနိမ့်ချပ်ဝတ်များကြောင့် ယခုတစ်ခေါက်တောနက်ထဲတွင် သူတို့အဖွဲ့မှ ၃ပုံပုံ ၁ပုံနီးပါး သေဆုံးသွားခဲ့လေသည်။
သို့သော် သူတို့မှာကျင့်သားရနေသလိုပင် သူတို့၏မျက်နှာများမှာ ပူဆွေးနေသောအရိပ်အယောင်မျိုးမမြင်ရပေ။
ကျောင်းသားအဖွဲ့အများအပြား စုဝေးနေသည်ကိုကြည့်ပြီး ထိုသိုင်းပညာအဖွဲ့များမှာလည်း စူးစမ်းလိုစွာဖြင့် ရှေ့ကိုလျှောက်လာကြလေသည်။
"ဒါကျောင်းတစ်ခုလုံးကရလာတဲ့ ပမာဏလား အရမ်းနည်းတာပဲ"
မြေပြင်ပေါ်ရှိပစ္စည်းများကိုကြည့်ပြီး ထိုသိုင်းပညာရှင်အဖွဲ့မှာ နှာခေါင်းရှုံ့ကာခေါင်းခါလိုက်ကြလေသည်။
ထိုအချိန်တွင်ကျောင်းသားတစ်ယောက်မှ ဒေါသတကြီးထအော်လာလေသည်။
"ခင်ဗျားတို့ဘာသိလို့လဲ ဒါကလေ့ကျင့်ရေးအတန်းတစ်တန်းတည်းက ရလာတဲ့ဟာပဲရှိသေးတာ"
"ဘာ အတန်းတစ်ခုတည်းကရလာတဲ့ဟာလား"
"တကယ်ပြောနေတာလား"
"နောက်နေတာလား ကျောင်းသားတွေထဲမှာ ဘယ်သူမှသိုင်းပညာရှင်အဆင့်ကိုမရောက်သေးဘူး ဘယ်လိုလုပ်ပြီးအတန်းတစ်တန်းတည်းက ကျောင်းသားတွေက ဒီလောက်မိစ္ဆာစစ်သည်အလောင်းအများကြီးကို စုလာနိုင်မှာလဲ"
သိုင်းပညာရှင်အဖွဲ့မှာ ထိုကိစ္စအားလုံးဝမယုံပေ။
ကျောင်းသားတစ်ယောက်မှ ပြန်ငြင်းတော့မည့်အချိန်မှာပင် ချူမြို့လေ့ကျင့်ရေးအတန်းမှ ကျောင်းသားတစ်ယောက်မှာထအော်လာလေသည်။
"နည်းပြ ရှုလင်၊ ကျိုးဟောင်နဲ့ ကျန်းယိတို့ပြန်လာပြီ"
ဝှစ်! ဝှစ်! ဝှစ်!
ကျောင်းသားများမှာ တောနက်ဧရိယာဆီလှမ်းကြည့်နေကြလေသည်။
ကောင်းကင်မှာမှောင်နေပြီဖြစ်သော်လည်း မြို့ပြင်ဘက်ရှိမီးတိုင်များမှာ အလွန်လင်းထိန်နေလေသည်။ ကျိုးဟောင်နှင့် အခြားနှစ်ယောက်အနားရောက်လာသည်နှင့် ကျောင်းသားအများစုမှာ သူတို့ချပ်ဝတ်ပေါ်တွင်ပေနေသော သွေးများအားတွေ့လိုက်ရလေသည်။
"သူတို့ကြည့်ရတာ အတော်လေးအခြေအနေဆိုးတဲ့ပုံပဲ မိစ္ဆာစစ်သည်တွေအများကြီးနဲ့ တွေ့ခဲ့တာဖြစ်မယ်"
"ယွမ်ချန်း၊ ဖန်းယွီတို့အဖွဲ့နဲ့ယှဉ်ရင် သူတို့အဖွဲ့အခြေအနေက အများကြီးပိုဆိုးတယ်"
"သူတို့နဲ့ယှဉ်စရာအကြောင်းကိုမရှိတာ သူတို့ ၃ယောက်ကြားထဲမှာ ရှုလင်တစ်ယောက်ပဲသန်မာတာ ကျန်းယိကကူညီပေးနိုင်တယ်ဆိုရုံပဲ ကျိုးဟောင်ကတော့လုံးဝဝန်ထုပ်ဝန်ပိုးသာသာပဲ"
လေ့ကျင့်ရေးအတန်းမှကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက်စတင်ဆွေးနွေးလာကြပြီး သူတို့၏လေသံထဲတွင်လည်း ကျိုးဟောင်အားအထင်သေးမှုများဖြင့် ပြည့်နေလေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သာဤအလောင်းအစားကိုရှုံးသွားပါက အတန်းထဲရှိကျောင်းသားများမှာ အစ်မကြီးအသစ်ဖြစ်သော ဖန်းယွီ၏ဖိနှိပ်ခြင်းကို ခံရမည်ဖြစ်သည်။
ကျိုးဟောင်တို့အဖွဲ့လျှောက်လာသည်နှင့် စက်ဝိုင်းသဖွယ်စုနေသောကျောင်းသားများမှာ အလိုအလျောက်လမ်းဖယ်ပေးလာကြလေသည်။
သူတို့၃ယောက်မှာ တွေဝေစွာဖြင့်ထိုလမ်းကြောင်းတစ်လျှောက် လျှောက်လာကြလေသည်။
နည်းပြရှန်းရှေ့တွင်ရပ်နေသော အဖွဲ့ကိုမြင်ပြီးနောက် သူတို့အဖွဲ့သည်လည်း အလိုလိုရှေ့လျှောက်လာပြီးအဖွဲ့ထဲတွင်ဝင်တန်းစီလိုက်လေသည်။
အခြားကျောင်းများမှ ကျောင်းသားများသည်လည်း သူတို့အဖွဲ့အား ထပ်မံဝန်းရံလာလေသည်။ သူတို့စောင့်နေရင်း လေ့ကျင့်ရေးအတန်းမှ ယန်ကျင်းပါရမီရှင်များနှင့် ချူမြို့အထက်တန်းကျောင်းမှ အထူးချွန်ဆုံးကျောင်းသူ ရှုလင်တို့ကြားမှ လောင်းကြေးအကြောင်းကို အားလုံးသိထားပြီးပြီဖြစ်သည်။
ဖန်းယွီဖြစ်စေ ရှုလင်ဖြစ်စေ နှစ်ယောက်လုံး၏ပုံသဏ္ဍာန်မှာ ထူးကဲလှပေသည်။
ထို့ကြောင့် အဆုံးသတ်တွင် မည်သူအနိုင်ရမည်ဆိုတာကို အားလုံးကသိချင်နေကြပေသည်။
အခြားကျောင်းများမှ ကျောင်းအုပ်နှင့် ဆရာ၊ဆရာမများပင် ထိုအလောင်းအစားအားကြည့်ရန် အခွင့်အရေးရှာပြီး နေခဲ့ကြလေသည်။
....................................................................................
အခန်း (၁၀၈) ပြီးပါပြီ။