အခန်း ၁၀၉-၁၁၁
Vol. 8 Ch. 109-111
အခန်း (၁၀၉) : အံ့ဩစရာအကြီးစား
နည်းပြရှန်းမှာ ရှုလင်ကိုကြည့်ပြီးပြောလိုက်သည်။
"ရှုလင် ဒီတောနက်ဧရိယာရှင်းလင်းရေးစစ်ဆင်ရေးမှာပါတဲ့ တခြားကျောင်းသားတွေရဲ့ ရလဒ်တွေအကုန်ဒီမှာရှိနေပြီ အခုမင်းတို့အသင်းပဲကျန်တော့တယ်"
ရှုလင်မှာခေါင်းညိတ်ပြကာ ရှေ့ထွက်လာပြီး သူမ၏သိုလှောင်ရေးအိတ်ထဲမှ ပစ္စည်းအားလုံးကို ထုတ်လိုက်လေသည်။
ဝှစ်! ဝှစ်!
မိစ္တာစစ်သည်အလောင်းပုံကြီးမှာ မြေပြင်ပေါ်သို့ ကျလာလေသည်။
အဆင့်မြင့်မိစ္ဆာစစ်သည်အလောင်း ၆ကောင်၊ အလယ်အလတ်အဆင့် အကောင်၂၀နှင့် အဆင့်နိမ့်မိစ္ဆာစစ်သည် အကောင် ၁၀၀ကျော်သော်လည်း အခြားကျောင်းသားများမှာအထင်မကြီးပေ။ ဖန်းယွီတို့အဖွဲ့မှရလာသောပစ္စည်းများကိုတွေ့ပြီးနောက် အခြားကျောင်းသားများမှာ အချိန်ခဏသာ အံ့ဩသွားပြီး အခြားတုံ့ပြန်မှုမျိုးမရှိပေ။
နည်းပြရှန်းမှာ ပြုံးလိုက်လေသည်။
"မဆိုးဘူး ရှုလင်မင်းတို့အဖွဲ့လုပ်တာကောင်းတယ်"
ရှုလင်၏အဖွဲ့တွင် လူ၃ယောက်သာရှိပြီး ထို၃ယောက်ထဲတွင် ကျိုးဟောင်ပါကြောင်း သူသိပေသည်။ ထို့ကြောင့် ယခုလိုမိစ္ဆာစစ်သည်အလောင်းအများကြီးရလာခြင်းမှာ သူတို့အတွက်အတော်ကောင်းနေပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ် နည်းပြ"
ရှုလင်မှ ပြုံးကာပြောလိုက်လေသည်။
ထိုအချိန်တွင် အဖွဲ့ထဲတွင်မတ်တတ်ရပ်နေသောဖန်းယွီမှာ ရှေ့ကိုလျှောက်လာပြီး ခပ်လွန့်လွန့်ပြုံးလိုက်လေသည်။
"နည်းပြ ကြည့်ရတာ ရှုလင်တို့အဖွဲ့ကလောင်းကြေးကိုရှုံးသွားပြီထင်တယ် စည်းမျဉ်းတွေအရဆို ကျောင်းသားတွေအားလုံးရှေ့မှာ သူကျွန်မကို အစ်မကြီးလို့ခေါ်ရမှာ ပြီးတော့ကျိုးဟောင်ရောပဲ သူဒူးထောက်ပြီး ကျွန်မကို ၃ကြိမ်ဦးချရမယ်"
ရှန်းကျင့်မှာ မျက်မှောင်ကြုတ်ကာ ဖန်းယွီကိုကြည့်လိုက်လေသည်။
"မင်း ဒီလိုလုပ်ချင်တာသေချာလား"
ချူမြို့အထက်တန်းကျောင်းမှကျောင်းသားများသာမက အခြားကျောင်းမှကျောင်းသားများပါရှိနေသည်ဖြစ်လေရာ ရှုလင်နှင့်ကျိုးဟောင်မှာ ဖန်းယွီပြောသလိုလုပ်လိုက်သည်နှင့် ဘယ်တော့မှခေါင်းဖော်နိုင်တော့မည်မဟုတ်ပေ။
ကျိုးဟောင်၏ခွန်အားမှာအတော်လေးနည်းလေရာ သူ့အားထည့်မတွက်လည်းရပေသည်။
သို့သော်ရှုလင်မှာ ရှန်းကျင့်အထင်ကြီးပြီးအလားအလာကောင်းသည်ဟု မှတ်ယူထားသော ထူးချွန်သည့်ကျောင်းသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့်ဖန်းယွီအား ရှုလင်ကိုအရှက်ခွဲခွင့်မပြုနိုင်ပေ။
ဖန်းယွီမှာ နည်းပြရှန်း၏အသံထဲတွင် မကျေနပ်သောအရိပ်အယောင်ပါနေသည်ကို သိသော်လည်း နည်းပြရှန်းအားပြန်ကြည့်ကာမရမကပြောလာလေသည်။
"သေချာပါတယ်"
နည်းပြရှန်း၏အမူအရာမှာ မဲမှောင်သွားလေသည်ာ
ကျိုးဟောင်မှာဖြည်းဖြည်းချင်းလျှောက်လာပြီး မထူးဆန်းသလိုပြောလာလေသည်။
"ဖန်းယွီ ငါ့အထင်တော့ငါတို့လောင်းကစားက သိပ်မမျှတသလိုပဲ"
ဖန်းယွီမှာ နှာခေါင်းရှုံ့လိုက်လေသည်။ ကျိုးဟောင်လှည့်ကွက်တွေသုံးပြီး လောင်းကြေးအတိုင်းမလုပ်ချင်မှန်း သူမသိပေသည်။
"ဘယ်နားကမတရားတာလဲ"
"သေချာပေါက် လောင်းကြေးထပ်ထားတဲ့ဟာကိုပြောတာပေါ့ နင်ရဲ့မှန်ကူကွက်မြက်စိမ်းကိုပေးမယ်ဆိုပေမဲ့ အဲဒါကငါနဲ့ရှုလင်ရဲ့ ဂုဏ်သိက္ခာနဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူး"
ကျိုးဟောင်မှာ အေးဆေးပင်ပြောလိုက်လေသည်။
"ဒါဆို နင်ကဘယ်လိုလုပ်ချင်လို့လဲ"
ဖန်းယွီမှာ ကျိုးဟောင်အားစိုက်ကြည့်နေလေသည်။ သူဘာတွေကြံစည်နေသလဲဆိုတာကို သူမသိချင်ပေသည်။
ကျိုးဟောင်မှာ လက်ချောင်းများကိုချိုးကာပြောလိုက်သည်။
"လွယ်ပါတယ် နင်ရှုံးရင် ငါနောက်ထပ်တောင်းဆိုချင်တာတစ်ခုရှိတယ် မှန်ကူကွက်မြက်စိမ်းအပြင် နင်ဦးညွှတ်ပြီး ရှုလင်ကို အစ်မကြီးလို့ခေါ်ရမယ်"
ထိုစကားအားကြားသောအခါ ဖန်းယွီမှာ အသံကျယ်ကျယ်ဖြင့်ထရယ်လေတော့သည်။
"ကျိုးဟောင် နင့်ခေါင်းကပုံမှန်မဟုတ်တာလား ငါတို့အဖွဲ့ကနိုင်တောင်နိုင်နေပြီကို နင်ဘာလို့လောင်းကြေးကိုပြောင်းချင်နေသေးတာလဲ"
ကျိုးဟောင်မှာနှာခေါင်းရှုံ့ကာ ပြန်ဖြေလာလေသည်။
"သဘောတူမတူက နင့်အပိုင်းပဲ"
"ကောင်းပြီလေ ငါသဘောတူတယ်"
ဖန်းယွီမှာစဉ်းစားမနေဘဲ ခေါင်းညိတ်လိုက်လေသည်။
ဖန်းယွီထံမှ သဘောတူသည်ဟူသောစကားအား ကြားလိုက်ရသောအခါ ကျိုးဟောင်မှာရယ်မောကာပြောလာလေသည်။
"ဖန်းယွီ နင်ကတအားစိတ်လောတာပဲ"
ရှုလင်သည်လည်း ပါးစပ်ကိုလက်ဖြင့်အုပ်ကာပြုံးနေလေသည်။ သူမဖန်းယွီကို အရူးလုပ်ချင်၍သာ အဖိုးတန်ပစ္စည်းများကို တမင်တကာမထုတ်ခြင်းဖြစ်သည်။ဖန်းယွီသည် ကျိုးဟောင်အားဒူးထောက်ပြီး ဦး ၃ကြိမ်ချခိုင်းဖို့ကြိုးစားကတည်းက သူမဒေါသဖြစ်နေခြင်းဖြစ်သည်။
ကျိုးဟောင်၏စကားအားကြားပြီးနောက် ဖန်းယွီ၏မျက်နှာရှိအပြုံးမှာ ပျောက်ကွယ်သွားလေသည်။ သူမရှုလင်ကိုစိုက်ကြည့်နေရင်း မကောင်းသောခံစားချက်မျိုးရလာလေသည်။
စင်စစ်ပေ။
ရှုလင်မှာ သူမ၏သိုလှောင်ရေးအိတ်ကိုဖွင့်ကာ အထဲရှိအဖိုးတန်အရင်းအမြစ်များအားလုံးကိုထုတ်လိုက်လေသည်။
"တြိဂံပုံစံခရမ်းရောင်ကင်းမြီးကောက်ပဲ"
"အနီရောင်သွေးသစ်သီး၊ ကြောင်မျက်လုံးနှလုံးသားကျောက်တုံး...
ချီးပဲ ခရမ်းရောင်အရွက်မြေဂျင်ဆင်းရောပဲ"
"ထပ်ရှိသေးတယ် ထပ်ရှိသေးတယ်"
"၁၂....၁၈ မတူတဲ့အဖိုးတန်အရင်းအမြစ် ၁၈ခုတောင်"
ရှုလင်ပစ္စည်းများကိုထုတ်လိုက်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိကျောင်းသားများမှာ ထိတ်လန့်တကြားအော်ဟစ်လာကြလေသည်။ မရေမတွက်နိုင်သောမျက်လုံးများမှာ ထိုအဖိုးတန်အရင်းအမြစ်များအပေါ်တွင်သာ ရှိနေကြလေသည်။
ဖန်းယွီ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားလေသည်။
ရှုလင်မှာ မတူညီသောအဖိုးတန်အရင်းအမြစ် ၁၈ခုကိုထုတ်လိုက်သော်လည်း ထိုပစ္စည်းများ၏စုစုပေါင်းတန်ဖိုးမှာ ဖန်းယွီတို့အသင်းရှာလာသောပစ္စည်းများ၏တန်ဖိုးကိုမကျော်သေးပေ။
သို့သော် သူမသည်အလျင်အမြန်သတိဝင်လာပြီး အေးစက်စွာပြောလိုက်လေသည်။
"ရှုလင် နင်ကံအရမ်းကောင်းတယ်ဆိုတာတော့ ဝန်ခံရမယ် ဒါပေမဲ့ ဒီအရင်းအမြစ် ၁၈ခု အများကြီးတန်ဖိုးရှိတယ်ဆိုရင်တောင်မှပဲ မိစ္ဆာစစ်သည်အလောင်းတွေကိုလည်း ထည့်တွက်ရဦးမယ်ဆိုတာ မမေ့နဲ့"
"ငါတို့ရှာလာတဲ့ မိစ္ဆာစစ်သည်အလောင်းနဲ့ အဖိုးတန်အရင်းအမြစ်တွေရဲ့စုစုပေါင်းတန်ဖိုးက နင်တို့ရှာလာတာထက် ပိုမြင့်သေးတာပဲဟုတ်တယ်မလား"
သူမသည်ပြောပြီးသည်နှင့် နည်းပြအားကြည့်လိုက်လေသည်။
နည်းပြရှန်းမှာသက်ပြင်းချလိုက်မိလေသည်။ ရှုလင်၏ လူ၃ယောက်သာပါသောအဖွဲ့မှာ အဖိုးတန်အရင်းအမြစ်ဒီလောက်အများကြီးကို ယူလာနိုင်မည်ဟု သူမမျှော်လင့်ထားပေ။ အကယ်၍ ဤပစ္စည်းများကိုသာ မြို့ထဲသွားထားပါက လိုချင်သူများမှာ အလုအယက်ငြင်းခုံကာဝယ်ကြမည်ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ...
"ဖန်းယွီတို့အဖွဲ့ကရှာလာတဲ့ပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက တကယ်ကိုရှုလင်တို့အဖွဲ့ကရလာတဲ့ပစ္စည်းတွေထက် ပိုမြင့်တယ် ဒါကဟွာတုန်းမြို့ရဲ့ ဈေးကွက်နှုန်းအရ တွက်ထားတာပဲ"
နည်းပြရှန်းမှာ ခေါင်းသာရမ်းမိလေသည်။
"အမယ်လေး နှမြောစရာကြီး"
"ဟုတ်တယ် သူတို့နိုင်ခါနီးလေးကို အဆုံးကျစုစုပေါင်းတန်ဖိုးနည်းလို့ ရှုံးသွားတာပဲ"
"ဒါမတရားဘူး ရှုလင်ရဲ့အဖွဲ့မှာက လူ ၃ယောက်ပဲရှိတာ ဖန်းယွီရဲ့အဖွဲ့မှာက လူ ၅ယောက်တောင် ပြီးတော့ သူတို့အကုန်လုံးကပါရမီရှင်တွေ ရှုလင်တို့အဖွဲ့မှာက သုံးစားမရတဲ့အကောင်တစ်ကောင်တောင်ပါသေးတယ်"
"မတရားတော့ရောဘာဖြစ်လဲ လောင်းကြေးကိုပြောတုန်းက သဘောတူခဲ့တာပဲမလား"
"ငါမှတ်မိသလောက်တော့ ကျိုးဟောင်သဘောတူခဲ့တာပဲ ဟုတ်တယ်မလား"
ကျောင်းသားအများစုမှာ သက်ပြင်းသာချနေကြပြီး ချူမြို့အထက်တန်းကျောင်းမှကျောင်းသားများမှာ ကျိုးဟောင်အား စိတ်ဆိုးစွာကြည့်နေကြလေသည်။
ကျိုးဟောင်မှာပခုံးသာတွန့်ပြီး ဘာမှမထူးဆန်းသလိုပင်။
ထိုအချိန်တွင် ရှုလင်မှာပြုံးကာပြောလာလေသည်။
"နည်းပြရှန်း ကျွန်မရဲ့သိုလှောင်ရေးအိတ်ထဲမှာ မထုတ်ရသေးတဲ့ အတော်လေးရှားပါးတဲ့ပစ္စည်းတစ်ခုကျန်ပါသေးတယ် ကျွန်မအဲဒါကိုမြေကြီးပေါ်ချမရလို့ ရေဇလုံလေးယူပေးလို့ရမလား"
နည်းပြရှန်းမှာမှင်တက်သွားကာမေးလိုက်လေသည်။
"ထပ်ရှိသေးတာလား"
ဘေးရှိကျောင်းသားအများစုမှာလည်း မှင်တက်သွားကြလေသည်။
....................................................................................
အခန်း (၁၀၉) ပြီးပါပြီ။
အခန်း (၁၁၀) : ဒါကမတရားတာပဲ
"ဟုတ်ကဲ့"
ရှုလင်မှာ လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပြီလေ"
နည်းပြရှန်းမှာ ရုတ်တရက်ဆိုသလိုပင်နေရာမှထွက်သွားပြီးနောက် အလျင်အမြန်ပင် စစ်တပ်စခန်းမှဇလုံတစ်လုံးကိုယူကာ ပြန်လာလေသည်။
ထို့နောက်လူအုပ်ဘက်လှည့်ကာ မေးလိုက်လေသည်။
"တစ်ယောက်ယောက်ဆီမှာ ရေကျန်သေးလား"
"ကျွန်တော့်မှာရှိတယ်"
ကျောင်းသားအများအပြားမှာ ရှေ့ထွက်လာကြပြီး ဇလုံးထဲသို့ရေလောင်းထည့်ပေးကြလေသည်။
ဖန်းယွီ၏အမူအရာမှာဆိုးဝါးနေပြီး လက်သီးတင်းတင်းဆုပ်ကာ ရှုလင်အားကြည့်နေလေသည်။
ရှုလင်မှာ ရေခဲအပ်မှိုကိုထုတ်ကာ ရေဇလုံထဲသို့ထည့်လိုက်လေသည်။
ရွှီ! ရွှီ!
ရေခဲအပ်မှို၏အေးစက်သောအရှိန်အဝါမှာ ချက်ချင်းဆိုသလိုပင် ရေဇလုံအားအေးခဲလာစေလေသည်။
"ဘုရားရေ ဒါ...ဒါကဝိဉာဉ်စွမ်းအားရှိတဲ့ ရေခဲအပ်မှိုပင်ပဲ"
"ဘာ ဒါတကယ်ကြီးရေခဲအပ်မှိုပင်လား"
"ဒါဘယ်လိုကံကောင်းမှုမျိုးလဲ"
"ရူးချင်စရာပဲ သူတို့ဘယ်လိုလုပ်ပြီးရေခဲအပ်မှိုပင်ကိုရှာတွေ့တာလဲ ဒါ...ဒါက အား...ငါမနာလိုလိုက်တာ"
"ရေခဲအပ်မှိုပင်က အနိမ့်ဆုံးအဆင့် ဝိဉာဉ်စွမ်းအားရှိတဲ့အပင်ဆိုပေမဲ့ ဘာပဲပြောပြော ဒါကဝိဉာဉ်စွမ်းအားရှိတဲ့အပင်ပဲလေ"
ဘေးရှိကျောင်းသားများ၊ ကျောင်းခေါင်းဆောင်များ၊ ဆရာ၊ ဆရာမများ နည်းပြများနှင့် သိုင်းပညာရှင်အဖွဲ့များမှာ ရေခဲအပ်မှိုပင်အားတွေ့လိုက်ရသည့်အချိန်တွင် သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ အံ့ဩမှုများဖြင့်ပြည့်နေလေသည်။
ဝိဉာဉ်စွမ်းအားရှိသောအပင်များမှာ သဘာဝရတနာအဖြစ်သတ်မှတ်ထားခြင်းခံရပြီး အလွန်အမင်းရှားပါးသော ကျင့်ကြံရေးအရင်းအမြစ်တစ်ခုဖြစ်သည်။ ဝိဉာဉ်စွမ်းအားရှိသောအပင်တိုင်းသည် လောကကြီး၏စွမ်းအင်ကို စုပ်ယူပြီးကြီးထွားလာခြင်းဖြစ်သည်။
ဝိဉာဉ်စွမ်းအားရှိသောအပင်တစ်ပင်မှာ ကံကောင်းမှသာရနိုင်သောရှားပါးရတနာဖြစ်သည်။
နည်းပြရှန်းလည်းမှင်တက်သွားလေသည်။ သူသည်ဇလုံထဲရှိရေအား ရေခဲအဖြစ်ချက်ချင်းအေးခဲသွားစေသော ရေခဲအပ်မှိုပင်ကိုသာ စိုက်ကြည့်နေလေသည်။ နောက်ဆုံးတွင်မနေနိုင်တော့ဘဲရှေ့တိုးကာ ရေခဲအပ်မှိုပင်၏အနောက်ဘက်ကို ငုံ့ကြည့်လိုက်လေသည်။
"သွေးရောင်အကြောင်း ၃ကြောင်း ဟဟဟ ရှုလင် မင်းရဲ့ကံကတော့တကယ်ကိုကောင်းတာပဲဟေ့"
ဤရေခဲအပ်မှိုပင်အား စားသုံးလို့ရကြောင်းအတည်ပြုပြီးနောက် နည်းပြရှန်းမှာ စိတ်လှုပ်ရှားစွာဖြင့်ထရယ်လေတော့သည်။
ဖန်းယွီမှာထိုစကားအားကြားသောအခါ သူမ၏မျှော်လင့်ချက်မှာ လုံးဝပျောက်ကွယ်သွားလေတော့သည်။
သူမ၏ကျက်သရေရှိသော မျက်နှာလေးမှာလည်း ထိတ်လန့်မှုတို့ဖြင့် ပြည့်နေကာ စိတ်လွတ်နေသူကဲ့သို့ တဖြည်းဖြည်းချင်းနောက်ဆုတ်သွားလေသည်။
လိန်ကျင်းဖုန်းမှာ ထိုမြင်ကွင်းအားမြင်သောအခါ အလျင်အမြန်ပင်ရှေ့ကိုလျှောက်လာပြီး ဖန်းယွီအားထိန်းပေးလိုက်ရင်း အံကြိတ်ကာသက်ပြင်းချလိုက်လေသည်။
"ငါတို့ရှုံးသွားပြီ ရှုလင်ကဝိဉာဉ်စွမ်းအားရှိတဲ့အပင်ရှာနိုင်မယ်လို့မထင်ထားခဲ့ဘူး မတရားလိုက်တာ"
ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားလူများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ပြီး အားလုံး၏မျက်လုံးထဲရှိခိုကိုးရာမဲ့မှုနှင့် ခါးသီးသောအပြုံးကိုမြင်လိုက်ရလေသည်။
တစ်ဖက်အဖွဲ့မှ ဝိဉာဉ်စွမ်းအားရှိသောအပင်တစ်ပင်ကို ရှာလာနိုင်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
သို့သော်သူတို့အရှုံးကိုဝန်ခံရန်သာ တတ်နိုင်သည်။ တစ်ဖက်အဖွဲ့မှာ ရှားပါးသောဝိဉာဉ်စွမ်းအားရှိသောအပင်မျိုး ရလာသည်အထိ တကယ်ကိုကံကောင်းလေသည်။
"အဲဒီကံကောင်းစေတဲ့လက်ကောက်က တကယ်ကြီးထိပ်တန်းအဆင့်ပစ္စည်းပဲ"
ယွမ်ချန်းမှာ ရှုလင်၏လက်ရှိလက်ကောက်ကိုကြည့်ရင်း အားကျနေလေသည်။
ယွင်ယန်သည်လည်း ခေါင်းညိတ်ကာထောက်ခံလာလေသည်။
"ဟုတ်တယ်"
"မဟုတ်ဘူး"
ရုတ်တရက် ဖန်းယွီမှာ လိန်ကျင်းဖုန်း၏လက်ထဲမှရုန်းကာ ခြေလှမ်းအနည်းငယ်သာကွာသော ရှုလင်၏ရှေ့သို့ရောက်လာပြီး အံကြိတ်ကာပြောလာလေသည်။
"နင် နင်လိမ်နေတာ"
ရှုလင်အားစကားပြောခွင့်မပေးဘဲ သူမသည်အသံကျယ်ကျယ်ဖြင့် ထပ်ကာအော်ပြောလာလေသည်။
"ဘယ်လိုလုပ်ပြီး ဒီလိုရှားပါးတဲ့ဝိဉာဉ်စွမ်းအားရှိတဲ့အပင်ကို တောနက်ထဲမှာရှာတွေ့မှာလဲ နင်အရင်ကတည်းကကြိုပြင်ထားတာပဲနေမှာ သေချာပေါက် အဲဒီလိုပဲနေမှာ"
ဝှစ်! ဝှစ်! ဝှစ်!
မြောက်များစွာသောမျက်လုံးများမှာ ဖန်းယွီအား သနားသလိုကြည့်နေကြလေသည်။
"ဒီယန်ကျင်းကပါရမီရှင်က အတော်ဆိုးဝါးတဲ့အရှုံးသမားပဲ"
"ဟုတ်ပ သူကနည်းနည်းလွတ်နေတာ"
"ပြီးတော့ ရှုလင်ရဲ့မိသားစုနောက်ခံက ကောင်းတယ်ပဲထားဦး ဒီလိုဝိဉာဉ်စွမ်းအားရှိတဲ့အပင်မျိုး သူ့လက်ထဲကိုင်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဟုတ်တယ် တကယ်လို့ရှုမိသားစုမှာသာ ဝိဉာဉ်စွမ်းအားရှိတဲ့အပင်မျိုးရှိရင် ရှုလင်အဖေက အဆင့်မြင့်ဆရာသခင်အဆင့်ရောက်တာကြာပေါ့ မဟုတ်လည်း ရှုလင်ကိုပေးသုံးလို့ အခုလောက်ဆိုအဆင့်မြင့်မဟာဆရာသခင်တောင်ဖြစ်နေလောက်ပြီ"
"ဒါကကလေးတွေတောင် သိတဲ့ကိစ္စပဲကို"
ကျောင်းသားများမှာ ပေါ်တင်ပင်ဆွေးနွေးနေကြလေသည်။
ရှုလင်မှာစကားတစ်လုံးမှမပြောဘဲ ဖန်းယွီကိုသာ အေးစက်စွာစိုက်ကြည့်နေလေသည်။
ဖန်းယွီမှာထိုစကားများအားကြားသောအခါ သူမ၏ခန္ဓာကိုယ်မှာတုန်ယင်လာပြီး ခပ်တိုးတိုးရေရွတ်လာလေသည်။
"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး နင်တို့အားလုံးညာနေတာ"
ကျိုးဟောင်မှာ ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလာပြီး မထူးဆန်းသလိုပင်ပြောလာလေသည်။
"ဖန်းယွီ နင်ဒီလောင်းကြေးရဲ့အဆုံးသတ်ကိုတော့ သဘောမတူဘဲ မနေဘူးမလား"
ကျိုးဟောင်မှာ ပြောရင်းပင် သူ့ကိုယ်ထဲရှိသွေးအနှစ်သာရအား ချည်မျှင်တစ်ခုသဖွယ်ဖွဲ့စည်းကာ ရုတ်တရက် ဖန်းယွီထံပစ်လိုက်လေသည်။
မူလကအသိစိတ်ဝေဝါးနေသောဖန်းယွီမှာ ချက်ချင်းပင်အသိဝင်လာလေသည်။
"ငါ ငါ..."
သူမသည်ထစ်ငေါ့နေပြီး စကားမပြောနိုင်ပေ။
"တော်ကြတော့"
နည်းပြရှန်းမှ အော်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိအသံများမှာ ပျောက်ကွယ်သွားလေသည်။
နည်းပြရှန်းမှာ ဖန်းယွီကိုကြည့်ပြီးခေါင်းခါမိလေသည်။
"ဖန်းယွီ ငါမင်းကိုအရမ်းစိတ်ပျက်မိတယ် ထပ်ပြောရရင် မင်းအလောင်းအစားလုပ်ထားမှတော့ သဘောတူထားတဲ့လောင်းကြေးကိုပေးရမှာပဲ ယန်ကျင်းလေ့ကျင့်ရေးစခန်းကကျောင်းသားတွေက ဆိုးဝါးတဲ့အရှုံးသမားတွေမဟုတ်ဘူး"
ဖန်းယွီမှာ နှုတ်ခမ်းကိုသာကိုက်ထားမိလေသည်။ သူမသည်အလွန်ဂုဏ်မောက်သူဖြစ်လေရာ ကျောင်းသားအများကြီးရှေ့တွင် ရှုလင်အားဦးညွှတ်ပြီး အစ်မကြီးဟုခေါ်မည့်အစား အသေခံလိုက်တာကမှ ကောင်းပေဦးမည်။
ဖန်းယွီမှာ လောင်းကြေးအတိုင်းမလုပ်ချင်မှန်း ရှုလင်သိပေရာ ဝင်ကာပြောလိုက်လေသည်။
"နည်းပြရှန်း ထားလိုက်ပါတော့ ဒါပေမဲ့ ကျွန်မအကြံပြုချင်တာရှိတယ် တကယ်လို့သူဒီလောင်းကြေးကိုသဘောမတူချင်ရင် ဒါဆိုသူဒီအတိုင်းလေ့ကျင့်ရေးအတန်းကနေ နှုတ်ထွက်လိုက်လို့ရတာပဲ"
ထိုစကားအားကြားသောအခါ ဖန်းယွီ၏မျက်လုံးများမှာ ပြူးကျယ်သွားလေတော့သည်။
....................................................................................
အခန်း(၁၁၀) ပြီးပါပြီ။
အခန်း (၁၁၁) : သတင်းကြီး....သတင်းထူး..
နည်းပြရှန်း မှာ အံ့အားသင့်သွားသော်လည်း နှုတ်ဆိတ်နေခဲ့သည်။ သူအမှန်တကယ်ပင် ဖန်းယွီအား အဝေးသို့ ပြောင်းရွှေ့ရန်စဉ်းစားနေခဲ့ခြင်းဖြစ်သည်။ ဖန်းယွီ၏ တခြားလုပ်ရပ်များကလည်း သူ့အားစိတ်ပျက်စေခဲ့ပေသည်။
"မလုပ်ရဘူး"
ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြားယန်ကျင်းကျောင်းသားများတစ်ယောက်ပြီးတစ်ယောက်ရှေ့ထွက်လာကြသည်။
"နည်းပြရှန်း ...ဖန်းယွီကို လေ့ကျင့်ရေးအတန်းကနေထုတ်ပစ်လိုက်ရင်ဖြစ်လာမဲ့နောက်ဆက်တွဲတွေကို သတိပြုပေးပါ။ ဒီလိုအထုတ်ခံရရင် သူ့ကို လေ့ကျင့်ရေးစခန်း ကရော သူ့မိသားစုကပါ ပြန်လက်ခံမှာမဟုတ်ဘူး"
"နည်းပြရှန်း နည်းပြဒီလိုလုပ်လို့တော့မရဘူး။ ကျွန်တော်တို့ ၅ယောက်က ဒီကို အတူတူပြောင်းလာခဲ့တာ။ တကယ်လို့ ဖန်းယွီကို ထုတ်မယ်ဆိုရင် ကျွန်တော်တို့ပါ ထွက်သွားမယ်"
ဖန်းယွီလည်း ယွမ်ချန်း၊ ယွင်ယန် နှင့် အခြားယန်ကျင်းကျောင်းသားများ၏စကားများကိုကြားသောအခါ မျက်ရည်များစီးကျလာလေသည်။
နည်းပြရှန်းလည်း သက်ပြင်းချမိသည်။ အကျင့်စရိုက် နှင့် ခွန်အားအရာတွင် ယွမ်ချန်း နှင့် ယွင်ယန်မှာ အလွန်ထူးချွန်လှသည်။ ထို့ကြောင့်သူတို့ကိုတော့ မထုတ်ပစ်လိုပေ။
သို့သော်လည်း ရှုလင်နှင့် ဖန်းယွီ ကြောင့်ဖြစ်သော
ပဋိပက္ခကြောင့် လေ့ကျင့်ရေးအတန်းမှာ လိုက်လျောညီထွေမဖြစ်နိုင်တော့ပေ။
"အစ်မကြီး.."
ယွမ်ချန်း သည် နည်းပြရှန်းကို ကြည့်ကာအံကြိတ်လျက် ရှုလင်ထံသို့ တိုက်ရိုက် လျှောက်သွားကာ ဦးညွှတ်ပြီး အော်ပြောလိုက်သည်။
"အစ်မကြီး..."
ယွင်ယန်လည်း ထို့အတူတူပင်။
လိန်ကျင့်ဖုန် နှင့် အခြားယန်ကျင်းကျောင်းသားများအားလုံးလည်း ထိုကဲ့သို့ပြုလုပ်ကြလေသည်။
"ယွမ်ချန်း ယွင်ယန် ဒီလိုမလုပ်ပါနဲ့။ ငါဒီလိုဖြစ်စေချင်တာမဟုတ်ဘူး"
ရှုလင်က အတင်းလက်ကာပြပြီး ငြင်းဆိုနေခဲ့သည်။သူမနှင့် ယွမ်ချန်း၊ ယွင်ယန်တို့နှင့်ဆက်ဆံရေးမှာ မဆိုးလှပေ။
ဖန်းယွီလည်း ထိုအရာကိုမြင်လိုက်သောအခါ သူမ၏စိတ်ထဲရှိ ဂုဏ်မောက်နေမှုမှာလည်း ပြိုကွဲသွားခဲ့လေသည်။ သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရှုလင်ဆီသို့ လျှောက်လာခဲ့သည်။ ထို့နောက် ကိုယ်ကို ၁၈၀ ဒီဂရီအထိကိုင်းကာ အရိုအသေပေးပြီးပြောလိုက်သည်။
"အစ်မကြီး....."
ထို့သို့ပြုလုပ်ပြီးနောက် သူမသည် ကျိုးဟောင်ရှေ့သို့ထပ်လျှောက်လာကာပြောလိုက်သည်။
"ငါတောင်းပန်ပါတယ်"
ကျိုးဟောင်က မျက်မှောင်ကြုတ်လိုက်မိလေသည်။ မာနကြီးလွန်းသော ဖန်းယွီဆီမှ တောင်းပန်စကားကြားရလိမ့်မည်လို့ သူမထင်ထားချေ။
"ကောင်းပြီလေ ရှေ့လျှောက် နင့်ရဲ့မာန်မာနတွေကိုဖယ်ထားလိုက်ပေါ့ ငါတို့ ကအတန်းအတူတူပဲလေ ဒါကြောင့် ရှေ့လျှောက် အတူသင့်သင့်မြတ်မြတ်နေသွားကြရအောင်"
"အင်းပါ ငါနားလည်ပါပြီ"
ဖန်းယွီကခေါင်းညိတ်ပြီးပြောလိုက်သည်။
ချုမြို့အထက်တန်းကျောင်းကကျောင်းသားများလည်း ထိုအခြင်းအရာကိုမြင်သောအခါ ပြောစရာစကားမဲ့လောက်အောင် အံ့ဩသွားကြသည်။
"ဒီကောင်ကျိုးဟောင်က အထာကျကျဘယ်လိုတုံ့ပြန်ရမလဲသိသားပဲ"
" ဖန်းယွီကအတော်မောက်မာတာပဲ။ သူမအတွက်ဒီတစ်ခါတောင်းပန်ဖို့ ဦးညွှတ်ရတာတော်တော်၀န်လေးနေပုံပဲ။ ဒါပေမဲ့လည်း သူ့ကို သင်ခန်းစာပေးတဲ့လူက ကျိုးဟောင်တော့မဖြစ်သင့်ဘူး"
"ဟုတ်တယ်။ ရှုလင်ပဲဖြစ်သင့်တာ"
"ဒီတစ်ခါတော့ ငါကျိုးဟောင်ဘက်ကမနေတော့ဘူး"
ကျောင်းသားများအများအပြားမှာ တီးတိုးပြောနေကြလေသည်။ သူတို့မှာ ကျိုးဟောင်ကို မနာလိုဖြစ်နေကြပြီး ဖန်းယွီဦးညွှတ်တောင်းပန်ခြင်းကို ခံရသည့်လူနေရာမှာ သူတို့ဖြစ်ချင်နေကြလေသည်။
"အားလုံး တိတ်တိတ်နေကြ။ တောနက်ဧရိယာနယ်မြေရှင်းလင်းရေး စစ်ဆင်ရေး ပြီးဆုံးပြီ"
နည်းပြရှန်းက လက်ခုပ်တီးပြီးပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့် အခြားကျောင်းသားများမှာ ကျောင်း၏တာ၀န်ရှိသူများ နှင့်ဆရာများ၏ ဦးဆောင်မှုအောက်တွင် မြို့ထဲသို့ပြန်၀င်သွားကြလေသည်။
သိုင်းပညာရှင်အဖွဲ့များကလည်း ရေခဲအပ်မှိုအား စိတ်မပါသလိုကြည့်ပြီးနောက် လှည့်ထွက်သွားကြလေသည်။
မကြာမီတွင် ဂိတ်အပြင်ဘက်၌ ဗဟိုလေ့ကျင့်ရေးအတန်းမှ ကျောင်းသားများသာကျန်တော့လေသည်။ အခြားချူမြို့အထက်တန်းကျောင်းသားများကတော့ ကျောင်းအုပ်ကျန်း၊ ဌာနမှူး ဟုန် နှင့် ဆရာများ၏ ဦးဆောင်မှု အောက်တွင်တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြသည်။
"အားလုံးပြီးသွားပြီလား"
တပ်မှူးချုပ်ချူက လာမေးသည်။
" ဒုက္ခပေးသလိုဖြစ်သွားလို့တောင်းပန်ပါတယ်"
နည်းပြရှန်းကပြန်ပြောလိုက်သည်။
"သူတို့တွေကကျောင်းသားလေးတွေပဲရှိသေးတာမို့ ဒါတွေကသာမန်ဖြစ်စဉ်လေးတွေပါ။ ပြီးတော့ အပြိုင်အဆိုင်ရှိတော့ ကောင်းတာပေါ့။ ဒီနေ့ဆို ခင်ဗျားတို့ လေ့ကျင့်ရေးအတန်းကအထင်ပေါ်ဆုံးဖြစ်ခဲ့တာပဲလေ။ ကျုပ်တောင်ခင်ဗျား ရသွားတာတွေကို မနာလိုဖြစ်မိတယ်"
တပ်မှူးချုပ်ချုပ်က လက်ကိုဝှေ့ယမ်းပြီးပြောလိုက်သည်။
" တောနက်ဧရိယာထဲမှာ အရင်းအမြစ်တွေ အများကြီးရှိပါသေးတယ်။ ကျောင်းသားလေးတွေ ၃ ၊ ၄ ရက်ရှာဖွေခဲ့ရုံနဲ့ မကုန်သွားလောက်ပါဘူး။ ကျန်တဲ့ အရင်းအမြစ်တွေအားလုံး ခင်ဗျားတို့ စစ်တပ်ဆီပဲရောက်မှာပါ"
နည်းပြရှန်းက နှုတ်ခမ်းကို တွန့်ကာပြောလေသည်။
"စစ်သားတွေက အများဆုံး ထိခိုက်ခံစားရတာပဲ။ သူတို့အတွက်ထိုက်တန်ပါတယ်"
ချူယင်းကပြန်ပြောလိုက်သည်။
နည်းပြရှန်းလည်း တိတ်ဆိတ်သွားခဲ့သည်။ တပ်မှူးချုပ်ချူပြောတာလည်း မှန်ပေသည်။ ယခုတစ်ခေါက် သားရဲများ၏အုပ်စုဖွဲ့တိုက်ခိုက်မှုတွင် စစ်သား ၁သောင်းကျော်သေဆုံးခဲ့ရသည်။
"ကောင်းပြီ ခင်ဗျားရဲ့ ကျောင်းသားတွေလိုအပ်တာတွေသိမ်းဆည်းကြတော့။ သူတို့ကမြို့ရဲ့မျှော်လင့်ချက်လေးတွေပဲ။ ရှန်းလောင် သူတို့ကို သေချာ ပျိုးထောင်ပေးပါ"
တပ်မှူးချုပ်ချူမှာ ပြောပြီးနောက်လှည့်ထွက်သွားလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်၂ရက်ကုန်ဆုံးသွားလေသည်။
ချူမြို့အထက်တန်းကျောင်း၏ ဗဟိုလေ့ကျင့်ရေးအတန်းတွင်....
ကျောင်းသားအတော်များများမှာ ပျော်နေသော အမူအရာဖြစ်နေကြလေသည်။ ထူးချွန်ကျောင်းသားများဖြစ်သော ၀မ်မင် နဲ့ လီကျိတို့၏မျက်နှာမှာလည်း ပြုံးရွှင်နေလေသည်။
တောနက်ဧရိယာရှင်းလင်းရေး စစ်ဆင်ရေးမှ ရရှိသော အရင်းအမြစ်များသည် သူတို့၏ ခွန်အားကို များစွာ တိုးမြင့်စေခဲ့သည်။
ဒုတိယသွေးအနှစ်သာရအဆင့်တွင် ရှိနေသော ကျောင်းသားများသည် သွေးအနှစ်သာရတတိယအဆင့်သို့ ရောက်ရှိခဲ့ကြပြီး ၀မ်မင်၊ လီကျိ နှင့် သွေးအနှစ်သာရတတိယအဆင့်ရှိသော ကျောင်းသားများမှာ သိုင်းပညာရှင်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ကြပြီဖြစ်သည်။
မြို့တော်ရှိ အထက်တန်းကျောင်းသားတိုင်း သိုင်းပညာရှင်မဖြစ်နိုင်ပေ။ အထက်တန်းကျောင်းသားဘ၀မှာတင် သိုင်းပညာရှင်အဆင့်တက်လှမ်းနိုင်ပါက ပိုမိုကောင်းမွန်သော အကယ်ဒမီကျောင်းများကို တက်ရောက်ခွင့်ရရှိနိုင်ပြီး အများကြီးလည်းတိုးတက်သွားနိုင်လေသည်။
"သတင်းကြီး သတင်းထူးဟေ့"
သတင်းယူဆောင်လာသောကျောင်းသားမှာလေ့ကျင့်ရေးအခန်းထဲသို့ပြေး၀င်လာခဲ့သည်။
....................................................................................
အခန်း (၁၁၁) ပြီးပါပြီ။