← Chapters

အခန်း ၁၁၈-၁၂၀

Vol. 8 Ch. 118-120

အခန်း ၁၁၈-၁၂၀

Vol. 8 Ch. 118-120

အခန်း (၁၁၈) : ကျင့်ရှင်းအား ရပ်တန့်ခြင်း

ရှုကျန့်ကော်မှာ ထိုစကားကိုကြားသောအခါ ‌မျက်မှောင်ကြုတ်မိလိုက်သည်။သူသည် ကျိုးဟောင်အကြောင်းကို အနည်းနှင့်အများတော့ ကြားဖူးလေသည်။ သူ့သမီးနဲ့ အရမ်းနီးကပ်သော ထိုကောင်လေးအကြောင်းကို သူမသိဘဲနေမည်တော့မဟုတ်ပေ။

သို့သော် သူ့သမီးပုန်ကန်မည်စိုး‌သော‌‌ကြောင့် သူတို့နှစ်ယောက်ကြားတွင် သူ၀င်ရောက်မစွက်ဖက်ခဲ့ပေ။ယခူမူ သူ့သမီးမှာ ထိုကောင်လေးအပေါ်အတော် စိတ်၀င်စားနေကြောင်းသေချာလေသည်။ အဘယ့်ကြောင့်ဆို သူ့သမီးမှာ ဘယ်လောက်အခက်အခဲတွေရှိရှိ သူ့အား အကူအညီတောင်းခဲလေသည်။

"အဖေ....."

ရှုကျန့်ကော်က ဘာမှ ပြန်မပြောသောကြောင့် ရှုလင်ကစိတ်မရှည်ထဲ ထပ်အော်ခေါ်လိုက်သည်။

"သမီးငယ် ရဲ့ အတန်းဖော်ကို ဘယ်လိုကူညီစေချင်တာလဲ"

ရှုကျန့်ကော်သည် သူ့စိတ်ထဲတွင် ရှိသော အရာများကို မျိုသိပ်ပြီး ပြန်မေးလိုက်သည်။

"အဖေတို့ ကုမ္ပဏီမှာ ကျင့်ကြံရေးအဆင့်ကိုချက်ချင်းတိုးမြှင့်ပေးတဲ့ အထူးဆေးဝါးတွေဘာတွေမရှိဘူးလားဟင်။ ရှိရင် သမီး ကျိုးဟောင်ကိုပေးချင်လို့ပါ"

ရှုလင်က ခဏလောက် ငြိမ်သက်နေပြီးနောက်ပြန်ပြောလိုက်သည်။

"မရှိဘူး"

ရှုကျန့်ကော်က ခါးသီးစွာ ငြင်းဆိုလိုက်သည်။

"ဘာလို့လဲ အဖေ"

ရှုလင်လည်း ကြောင်သွားခဲ့သည်။ သူ့အဖေအခုလိုပြတ်ပြတ်သားသားငြင်းမည်ဟု မထင်ထားခဲ့ပေ။

" သမီးငယ်လေး အဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကအရမ်းပြင်းတယ်။ အဲ့ဆေးတွေက သမီးသူငယ်ချင်းကို အဆင့်မြင့်သိုင်းပညာရှင်အဆင့်ရောက်အောင်ချက်ချင်းလုပ်ပေးနိုင်သော်လည်း သူ့တသက်လုံး အဲ့အဆင့်မှာပဲ ပိတ်မိသွားလိမ့်မယ်"

ရှုကျန့်ကော်က သူ့အသံမာသွား‌ကြောင်းသဘောပေါက်လိုက်ပြီး အသံဖျော့ကာ သူ့သမီးအားရှင်းပြလိုက်လေသည်။

" အဖေ ဒါ... ဒါပေမဲ့ နောက်ဆုံးအကြိမ်ပြောခဲ့တုန်းက အဲ့လိုမဟုတ်ဘူးလေ"

ရှုလင်ကခေါင်းလေးခါပြီးပြောလေသည်။

" နောက်ဆုံးအကြိမ်တုန်းကလား.... အဲ့တုန်းက အဖေတို့ ဘေးထွက်ဆိုးကျိုးကို စမ်းသပ်လို့မပြီးသေးဘူး"

ရှုကျန့်ကော်က သူ့သမီးလေးအား လေးနက်စွာကြည့်ပြီးပြောလိုက်သည်။

" သမီးလေး အရမ်းကြင်နာတတ်တာ အဖေသိပါတယ်။ ဒါပေမဲ့ အတင်းလောလို့မရဘူး။ သမီးအတန်းဖော်ကို ဒီတခါ တိုက်ခိုက်ရေးစာမေးပွဲအောင်ဖို့ ကူညီလိုက်နိုင်ရင်တောင်မှ နောက်အခါတွေကျ ဘယ်လိုလုပ်မလဲ။ သမီးတသက်လုံးသူ့ကိုလိုက်ကူညီမနေနိုင်ဘူးလေ"

သူက ရှုလင်အားပြန်ပြောခွင့်မပေးဘဲ ဆက်ပြောလေသည်။

" ဒါ့အပြင် သမီးက ရေခဲကြွက်သားခန္ဓာကိုပိုင်ဆိုင်နေပြီ။ ရှေ့လျောက် သမီးရဲ့ ကံတရားက ထူးခြားနေမှာ အဲ့‌တာကြောင့် ဒီလို သာမာန်ကျောင်းသားလေးအပေါ်မှာ လက်လျော့လိုက်ပါတော့"

ရှုလင်သည် အလွန်ထက်မြက်သူဖြစ်သောကြောင့် သူ့အဖေဘာကိုဆိုလိုချင်မှန်းချက်ချင်းသဘောပေါက်လေသည်။ သူမသည် ဆိုဖာပေါ်ထိုင်နေရာမှ ထလိုက်ပြီးပြောလိုက်သည်။

" သမီးနားလည်ပြီ အဖေ အလုပ်ဆက်လုပ်ပါ"

ထိုသို့ပြောပြီးနောက် တံခါးဆီသို့ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

"သမီးငယ်လေး..."

ရှုကျန့်ကော်က စိုးရိမ်တကြီးလှမ်းခေါ်လိုက်သည်။

" အဖေ.. ကျိုးဟောင်ကသာ ရေခဲအပ်မှိုက ရှာတွေ့ခဲ့သူဖြစ်ပြီး သူ့ကြောင့်သာ မဟုတ်ရင် သမီးလည်း အနက်ရောင်လူသဏ္ဌာန်စပါးအုံးမြွေလက်ချက်နဲ့သေနေလောက်ပြီ။ ခုလိုပြောပြနေတာကလည်း သူ့ကိုကူညီစေချင်လို့မဟုတ်ဘူး အမှန်တရားကို‌သိစေချင်လို့။ တကယ်လို့ ကျိုးဟောင် သာ လေ့ကျင့်ရေးအတန်းကနေ ထုတ်ပယ်ခံရရင် သမီးလည်း သူနဲ့အတူ အတန်းကနေ နှုတ်ထွက်မယ်"

ရှုလင်က ခဏလောက်ရပ်ပြီးပြန်ပြောလိုက်လေသည်။ပြီးနောက် သူမသည် ရုံးခန်းက အမြန်ထွက်လာခဲ့ပြီး ပြန်လှည့်မကြည့်ခဲ့ပေ။

ရှုကျန့်ကော်လည်း သူ့သမီး၏ကျောပြင်လေးကိုကြည့်ရင်း သူ့စကားများအတွက်နောင်တရနေမိသည်။

" ငါနက်ဖြန်ကျရင် ကျိုးဟောင်ကို ကိုယ်တိုင်သွားတွေ့ပြီး ငါ့သမီးကသူ့အတွက် ဘာလို့ အရမ်းဖြစ်စေချင်နေလဲ ကြည့်ကြည့်ရမယ်"

....

နောက်တနေ့မနက် ချူမြို့အထက်တန်းကျောင်း၏ လေ့ကျင့်ရေးအတန်းတွင်

တတိယနှစ်ကျောင်သားအကုန်လုံး နှင့် ဆရာ၊ဆရာမများ ပွဲကြည့်စင်ပေါ်တွင် ပြည့်နှက်နေခဲ့လေသည်။ ကျောင်းသားမိဘအများအပြားလည်း အထူးပွဲကြည့်စင်ထက်တွင် ရှိနေကြလေသည်။ပြီးခဲ့သော တိုက်ခိုက်ရေးစွမ်းရည် ပြိုင်ပွဲကဲ့သို့ပင်ဖြစ်လေသည်။

"တူညီ‌တဲ့ တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲကို တူညီတဲ့နေရာမှာပဲထပ်ကျင်းပပြန်ပြီ။ ဒီတခါရော မတော်တဆ ထိခိုက်ပျက်စီးမှုတွေရှိဦးမှာလား"

" ပေါက်ကရတွေမပြောစမ်းနဲ့။ ငါအသက်အရှည်ကြီးနေချင်သေးတယ်"

"အခုဆို တောနက်ဧရိယာကြီးက အတော်ရှင်းလင်းနေပြီ။ အဆင့်နိမ့် နတ်ဆိုးဘုရင်တွေလောက်ပဲကျန်တော့တာ သူတို့တွေကတော့ ချူမြို့အထက်တန်းကျောင်းကို ထပ်ကျူးကျော်ရဲမယ်မထင်ဘူး"

" ဟုတ်တယ်။ ကိုယ့်ကိုယ်ကို ပြန်ခြောက်မနေနဲ့"

တတိယနှစ်ကျောင်းသားများမှာ တီးတိုးပြောဆိုနေကြပြီး မိဘများနှင့် ဆရာများမှာလည်း အချင်းချင်းဆွေးနွေးနေကြလေသည်။

" ဥက္ကဌ ရှုကတော့ သမီးကောင်းလေးကို ပျိုးထောင်နိုင်ခဲ့တာပဲ"

" ရေခဲကြွက်သားခန္ဓာက တကယ်ကို အံဖွယ်ကောင်းတဲ့ ကိုယ်ခန္ဓာနည်းစနစ်ပဲ။ ဥက္ကဌ ရှု အနာဂတ်မှာအောင်မြင်သွားရင် ကျုပ်တို့ကိုမမေ့သွားနဲ့ဦးနော်"

" ဥက္ကဌ ရှုကတော့ ခုရက်ပိုင်း ယန်ကျင်း မြို့ကစက်ရုံတွေရဲ့ ဖိတ်စာတွေရနေမှာပဲ"

ရှုကျန့်ကော်သည် တခြားမိဘများက သူနှင့်သူ့သမီးအား ဝိုင်း၀န်းချီးကျူးနေကြသောကြောင့် ပြုံးရွှင်နေလေသည်။

မကြာမီတွင် နည်းပြရှန်းကျင့်က အထူးပွဲကြည့်စင်ထက်သို့တက်လာလေသည်။ရှုကျန့်ကော်လည်းချက်ချင်းထပြီး အရိုအသေပေးလိုက်သည်။

ရှန်းကျင့်ကလက်ကာပြပြီးပြောလိုက်သည်။

" ကျန့်ကော် မင်းငါ့ကို ယုံကြည်တယ်ဆိုရင် ငါ့အကြံပေးချက်ကိုလက်ခံပြီး ဆုံးဖြတ်ချက်ကိုအလောတကြီးမချနဲ့ဦး။ အချိန်ယူပြီး အခြေအနေတွေကို လေ့လာကြည့်ပါဦး"

"ကျုပ် နည်းပြကိုယုံပါတယ်။ ကျုပ်သမီးကိုလည်း သေချာအပ်ပါတယ်"

ရှူကျန့်ကော်က ခေါင်းညိတ်ပြီးပြန်ပြောသည်။

မကြာမီပင် လေ့ကျင့်ရေးအတန်းများကျောင်းသားအားလုံး တီ ၃ အဆင့်ချပ်၀တ်အား၀တ်ဆင်ပြီးထွက်လာကြသည်။

၀မ်မင် ၊ လီကျိ နှင့် အခြားကျောင်းသားများမှာ အဆင့်မြင့်တီ၃ ချပ်၀တ်ကို ပြည့်စုံစွာ၀တ်ဆင်ထားပြီးအမူအရာများမှာ လေးနက်မှုအပြည့်ဖြစ်နေခဲ့သည်။

ထိုချပ်၀တ်များကို ၀တ်ဆင်ထားပုံအရ သူတို့သည် ဒီတခေါက် တိုက်ခိုက်ရေးစွမ်းရည်အကဲဖြတ်ပွဲတွင် အနည်းဆုံး နတ်ဆိုးစစ်သည်လောက်နှင့် ရင်ဆိုင်ရမည်ဟုအဓိပ္ပါယ်ဖြစ်လေသည်။

နည်းပြရှန်းက အထူးပွဲကြည့်စင်ထက်မှ နေ၍ ထပြောလိုက်သည်။

" ဒီတခေါက်အကဲဖြတ်ပြိုင်ပွဲမှာ အနည်းဆုံး အဆင့်နိမ့် နတ်ဆိုးစစ်သည် ၂ ကောင်ကို သတ်နိုင်ရမှာပဲဖြစ်တယ်"

သူ့စကားဆုံးသည်နှင့် ပွဲကြည့်စင်ထက်မှ လူများက အုံးအုံးကြွကြွအားပေးကြလေသည်။

..............................................................................

အခန်း (၁၁၈)ပြီးပါပြီ။

အခန်း (၁၁၉) : မင်းကတကယ်မျှော်လင့်လို့မရတာပဲ

" ဘာ နတ်‌ဆိုးစစ်သည် ၂ကောင်သတ်ရမယ်။ ငါနားကြားများ မှားသလား"

" နတ်ဆိုးစစ်သည်တွေဆိုတာ သိုင်းပညာရှင်အဆင့်မှ ကိုင်တွယ်နိုင်တာမှတ်လား။ လေ့ကျင့်ရေးအတန်းစတာမှ ၁လပဲရှိသေးတာလေ။ သူတို့အဲ့လောက်တောင်သန်မာနေကြပြီလား"

"သူတို့တောနက်ထဲသွားတုန်းကတော့ အဖွဲ့လိုက်ပူးပေါင်းပြီးလုပ်ဆောင်ကြတာကြောင့် နတ်ဆိုးစစ်သည်တွေကိုသတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ အခုက တစ်ယောက်ချင်းရင်ဆိုင်ရမှာလေ"

" မြို့တော်ကချမှတ်ထားတဲ့ သိုင်းပညာရှင်အဖြစ်သတ်မှတ်ချက်တွေထဲမှာတော့ တစ်ယောက်ထဲက အနည်းဆုံး နတ်ဆိုးစစ်သည် ၂ကောင်ကိုသတ်နိုင်ရင် သိုင်းပညာရှင်အဖြစ်လျှောက်ထားနိုင်တယ်လို့ပါတယ်။တကယ်ကြီး လေ့ကျင့်ရေးအတန်းကလူတွေအကုန် သိုင်းပညာရှင်အဖြစ်သတ်မှတ်ခံရတော့မှာလား"

အခြား တတိယနှစ်ကျောင်းသားများအားလုံး ထိတ်လန့်သွားကြသည်။

"ငါးယောက်တစ်တန်း အမြန်တန်းစီကြစမ်း"

နည်းပြရှန်းကလှမ်းအော်လိုက်သည်။

နဂိုထဲက စနစ်တကျလေ့ကျင့်ခြင်းခံထားရသော လေ့ကျင့်ရေးအတန်းမှ ကျောင်းသားများမှာ အလျင်အမြန်ပင် တန်းစီပြီးသားဖြစ်သွားကြလေသည်။

ထို့နောက် သံလှောင်အိမ်များပေါ်ပေါက်လာခဲ့လေသည်။ဖုံးအုပ်ထားသော အမဲရောင်ပိတ်စကြီးများကို ဖယ်လိုက်သောအခါ နတ်ဆိုးစစ်သည်များ၏ ပုံပန်းသဏ္ဌာန်များကို ပရိတ်သတ်များမြင်တွေ့လိုက်ရလေသည်။

"ချိုတစ်ချောင်း၀က်ဝံ"

" ဝံပုလွေဖြူ"

"အနီရောင်စပါးအုံးဘုရင်"

"...."

လေ့ကျင့်ရေးအတန်းမှ ကျောင်းသားများက ထိုနတ်ဆိုးစစ်သည်များကို ခါးသက်စွာကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် သာမန် အဆင့်နိမ်နတ်ဆိုးစစ်သည်များနှင့်သာ ရင်ဆိုင်ရမည်ဟုထင်ထားကြသော်လည်း ယခုမူ ထိုမိစ္ဆာများမှာ အလယ်အလတ်နတ်ဆိုးစစ်သည်အဆင့်ရှိကြလေသည်။

နည်းပြရှန်းသည် သူတို့အပေါ် အလွန်ယုံကြည်ပေးထားကြောင်းထင်ရှားသည်။

"အကဲဖြတ်ပြိုင်ပွဲ စတင်ပါပြီ"

ဝီစီသံကြားရသည်နှင့်တပြိုင်နက် ရှေ့တန်းမှာ ကျောင်းသား ၅ယောက်မှာရှေ့သို့တိုးလာကြလေသည်။

ဘုန်း ဘုန်း ဘုန်း...

လှောင်အိမ်တံခါးများပွင့်သွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးစစ်သည်များကမှာကမူးရှုးထိုး ပြေးထွက်လာကြလေသည်။ သူတို့သည် အလွန်ပင်လျင်မြန်လှပေသည်။

နောက်တွင် ကျန်နေခဲ့သော အဖွဲ့၌ ကျိုးဟောင်က ရှုလင်အားကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။

" ရှုလင် နင် ဒီ၂ရက်အတွင်းမျက်နှာက မာကြောနေတာပဲ။ ဘာလဲ နင်ရာသီလာနေပြန်တာလား"

ရှုလင်မှာ ဘာမှ ပြန်မပြောပေ။

"နင် အ သွားတာလား"

ကျိုးဟောင်က သူ့နှုတ်ခမ်းကိုကိုက်ပြီးပြောလိုက်သည်။

"ကျိုးဟောင် နင့်အတွက် ဒီတိုက်ခိုက်ရေးအကဲဖြတ်စာမေးပွဲက ဘာဖိအားမှ မရှိဘူးလား"

ရှုလင်က လှည့်ကြည့်ကာ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

"ဟီး ဟီး ငါ ဒီစာမေးပွဲကို မဖြတ်ကျော်နိုင်မှာကို နင်အရမ်းစိုးရိမ်နေတာလား။ နင့်ငါ့အပေါ် ဒီလောက်ဂရုစိုက်မှန်းငါမသိခဲ့ဘူး"

ကျိုးဟောင်ကရယ်လျက်ပြန်ပြောလေသည်။

"နင်ဒီလိုအချိန်မှာတောင် အဓိပ္ပါယ်မရှိတဲ့ဟာတွေကို တွေးနိုင်သေးတယ်ပေါ့"

ရှုလင်က ဒေါသထွက်သွားလေသည်။

"နင့်ရဲ့အထူးကိုယ်ခန္ဓာအသစ်ကြောင့်လားမသိဘူး နင်ဒေါသထွက်နေတာတောင်ချစ်ဖို့ကောင်းနေတယ်"

ကျိုးဟောင်က လျှာထုတ်ပြပြီး စလိုက်သည်။

" နင်ကတကယ့်ကိုမျှော်လင့်လို့မရတော့တဲ့အကောင်ပဲ"

ရှုလင်လည်း ကျိုးဟောင်ကို လျစ်လျူရှူလိုက်ပြီး ပြန်လှည့်သွားသည်။ အမှန်တကယ်တော့ ရှုလင်သည် ကျိုးဟောင်နဲ့အတူ လေ့ကျင့်ရေး အတန်းမှ ထွက်ရန် ဆုံးဖြတ်ထားလေသည်။

ဘန်း ဘန်း ဘန်း

ထိုအချိန်တွင် ရှေ့အဖွဲ့ ငါးယောက်ဆီမှာ တိုက်ခိုက်သံများ အဆက်မပြတ်ထွက်လာလေသည်။

ကျောင်းသားများမှာ ဝံပုလွေဖြူ၊ ချိုတစ်ချောင်း၀က်ဝံ နှင့် အခြား နတ်ဆိုးစစ်သည်များကို ရင်ဆိုင်ကြ‌ရတော့မည်ဖြစ်သည်။ အရင်တုန်းလိုဆိုလျှင်တော့ သူတို့အားလုံး သွေးပျက်မတတ်ကြောက်ရွံ့နေကြလိမ့်မည်။ ယခုမူ သူတို့မှာ ‌ပုံရိပ်ယောင်လေ့ကျင့်ရေးအတန်းတွင် အချိန်တစ်လကြာမျှလေ့ကျင့်ပြီးနောက် သူတို့၏ ကျင့်ကြံရေးသိုင်းများနှင့် တိုက်ခိုက်ရေးစွမ်းရည်များမှာ အမှန်တကယ်တိုးတက်ပြောင်းလဲလာခဲ့ကြလေသည်။

"လှလိုက်တာ"

" အထင်ကြီးစရာပဲ။ ဒီဗဟိုလေ့ကျင့်ရေးအတန်းကတော့ မြို့ရဲ့မျှော်လင့်ချက်ပဲ"

"နည်းပြရှန်းက သူ့ဂုဏ်သတင်းကြီးသလို တကယ်အစွမ်းထက်တာပဲ။ ဒီကျောင်းသားတွေကို တစ်လအတွင်းဒီလောက်ထိဖြစ်လာအောင်လေ့ကျင့်ပေးနိုင်ခဲ့တာပဲ"

" အထောက်အပံ့တွေက တကယ်အရေးပါတာပဲ။ ဒီကျောင်းသားတွေက အခုဆို သွေးအနှစ်သာရ တတိယအဆင့်ကိုရောက်နေကြပြီ တစ်ချို့ဆို သိုင်းပညာရှင်အဆင့်ကိုတောင်ရောက်နေကြပြီ"

အထူးပွဲကြည့်စင်ပေါ် ရှိ မိဘများက တစ်ယောက်နှင့် တစ်ယောက် ပြုံးပြီးကြည့်နေကြသည်။

အခြားအတန်းမှ ကျောင်းသားများသည်လည်း လုံးဝ အံ့အားသင့်နေကြလေသည်။ လေ့ကျင့်ရေး အတန်းက သူတို့ကို ကြီးကြီးမားမား ပြောင်းလဲဖို့ ပေးနိုင်လိမ့်မည်လို့မမျှော်လင့်ထားခဲ့ကြ‌ပေ။

လွန်ခဲ့သည့်တစ်လကျော်က အဆိုပါ လေ့ကျင့်ရေး အတန်းမှ ကျောင်းသားများသည် အခြားအတန်းများမှ ကျောင်းသားများနှင့် ခွန်အားမှာသူမသာ ကိုယ်မသာ‌လောက်သာရှိကြ‌လေသည်။

ထို့အပြင် ဗဟိုလေ့ကျင့်‌ရေးအတန်းထဲမှ ကျောင်းသားအချို့မှာ အခြားအတန်းမှ ကျောင်းသားများထက်ပင် အားနည်းကြသေးသည်။ ယခုမူ ဗဟိုလေ့ကျင့်ရေးအတန်းမှ ကျောင်းသားများသည် အဆင့်နိမ့်နတ်ဆိုးများကိုပင် သတ်နိုင်စွမ်းရှိနေကြပြီဖြစ်သည်။

"လေ့ကျင့်ရေးအတန်းက နောက်ထပ်လူသစ်တွေထပ်ခေါ်ရင်ကောင်းမှာပဲ"

" သေချာတာပေါ့။ ဒီတစ်ခေါက် အကဲဖြတ်ပြိုင်ပွဲပြီးရင် သူတို့အဆင့်မမှီတဲ့ကျောင်းသားတွေကိုထုတ်ပယ်ပြီး အသစ်တွေထပ်ခေါ်မယ် ကြားတယ်"

" အဲ့တာဆို အဲဒီအတန်းမှာပါနိုင်ဖို့ ဘာတွေ လိုအပ်လဲ"

" ငါမသိဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါစာရင်းပေးမယ်။ ဘယ်လောက်ပဲခက်ခဲပါစေ လေ့ကျင့်ရေးအတန်းကို ရအောင်၀င်နိုင်ဖို့ကြိုးစားမယ်"

ကျောင်းသားအတော်များများ အထင်ကြီးနေကြလေသည်။

အချိန်ကုန်လာသည်နှင့် အမျှ လေ့ကျင့်ရေးအတန်းမှ ကျောင်းသားများ တစ်သုတ်ပြီး တစ်သုတ် နတ်ဆိုးစစ်သည်များနှင့် ရင်ဆိုင်နေကြလေသည်။

ခုချိန်ထိရလဒ်အကောင်းဆုံးမှာတော့ ယွမ်ချန်း ၊ ယွင်ယန် နှင့် အခြား ယန်ကျင်းလူရည်ချွန်ကျောင်းသားများဖြစ်ကြသည်။ သူတို့တစ်ယောက်ချင်းစီမှာ အနည်းဆုံး နတ်ဆိုး စစ်သည် ၁၀ကောင်လောက်အထိသတ်နိုင်ခဲ့ကြပြီး အကဲဖြတ်ပြိုင်ပွဲ၏ထိပ်ဆုံးတွင်ရပ်တည်နေကြလေသည်။

သိုင်းပညာရှင်အဆင့်သို့‌ ရောက်ရှိနေသော ၀မ်မင် ၊ လီကျိ နှင့် အခြား ထူးချွန်ကျောင်းသားများကတော့ တယောက်ကိုအနည်းဆုံး ၆ကောင်လောက်သတ်နိုင်ခဲ့ကြလေသည်။

ကျန်သော သွေးအနှစ်သာရတတိယအဆင့်ကျောင်းသားများမှာလည်း တစ်ယောက်ကို အနည်းဆုံး ၃ကောင်စီသတ်နိုင်ခဲ့ကြပြီးနည်းပြရှန်း သတ်မှတ်ထားသော အရေအတွက် ကိုအောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြလေသည်။

မကြာမီ ကျိုးဟောင် နှင့် ရှုလင်တို့ အလှည့်ကျရောက်လာလေသည်။

မရေမတွက်နိုင်သော ကျောင်းသားများနှင့် မိဘများက ရှုလင်အား အာရုံစူးစိုက် ကြည့်နေကြလေသည်။

"ယွမ်ချန်း ၊ ယွင်ယန် နှင့် တခြား ယန်ကျင်းလူရည်ချွန်ကျောင်းသားတွေက နတ်ဆိုးစစ်သည်၁၀ကောင်ကို သတ်နိုင်ဖို့ မိနစ်၀က်လောက်ပဲ အချိန်ယူခဲ့ကြတာ ရှုလင်ကရော ဘယ်လောက် အချိန်ယူမလဲ"

" အချိန်ပိုတိုလောက်တယ်။ဘာလို့ဆို ရှုလင်က ဆရာသခင်အဆင့်ကျွမ်းကျင်သူဖြစ်နေပြီလေ"

" မပြောတတ်ဘူး။ ရှုလင် အချိန်တိုအတွင်း ဆရာသခင်အဆင့်ကိုတက်လှမ်းသွားတာဆိုတော့ သူ့ခွန်အားနဲ့ အသားတကျမဖြစ်လောက်သေးဘူး"

မိဘများက အချင်းချင်းဆွေးနွေးနေကြလေသည်။

အခြားအတန်းကကျောင်းသားများမှာလည်း ရှုလင်ကိုမြင်သောအခါ အံ့ဩမှင်တက်နေကြလေသည်။

...................................................................................

အခန်း (၁၁၉)ပြီးပါပြီ။

အခန်း (၁၂၀) : အားလုံးကိုထိတ်လန့်စေခြင်း

"ချီးပဲ အဲဒါရှုလင်လား"

"လှလိုက်တာ"

"သူ မျက်နှာခွဲစိတ်ထားတာလား"

"ဘာမှမသိတဲ့အရူးတွေ အခုရှုလင်ကသူ့ရဲ့ရေခဲကြွက်သားခန္ဓာကိုယ်ကို အသက်သွင်းပြီးပြီ သူ့ရဲ့အသားအရည်၊ ခန္ဓာကိုယ်နဲ့ အရှိန်အဝါက မတူတော့တာ ပုံမှန်ပဲလေ"

"မရတော့ဘူး ငါတော့သူ့ကိုကြွေသွားပြီ"

ယောက်ျားလေးများမှာ မျက်လုံးအပြူးသားဖြင့် အရှေ့ကိုပြေးသွားပြီး ရှုလင်ကိုအနီးကပ်ကြည့်ချင်‌နေကြပြီး မိန်းကလေးများမှာတော့အားကျနေကြလေသည်။

ကျိုးဟောင်နှင့် အခြားလူများမှာလည်း ရှေ့ကိုလျှောက်လာကြသည်။

"ကြိုးစားထား"

ကျန်းယိမှာ လက်သီးမြှောက်ပြလာလေသည်။

"အတူတူကြိုးစားကြတာပေါ့"

ကျိုးဟောင်မှ ပြုံးပြီးပြန်ပြောလိုက်သည်။

စင်မြင့်ပေါ်ရှိနည်းပြရှန်းမှာ ကျိုးဟောင် ၊ ကျန်းယိနှင့် အခြားလူများအား အပြန်ပြန်အလှန်လှန်ကြည့်ပြီး ကျောင်း၏ပုန်းကွယ်နေသော ပါရမီရှင်မှာ မည်သူဖြစ်မလဲဆိုတာကို သိချင်နေလေသည်။

ရှုလင်၏ ရုတ်တရက်ပြောင်းလဲမှုမှာ ထိုကိစ္စအပေါ်စိတ်လှုပ်ရှားမှုလျော့သွားစေသော်လည်း သူသည်ထိုပြိုင်ဘက်ကင်းပါရမီရှင်အား ရှာဖွေချင်နေဆဲပင်ဖြစ်သည်။

"စတော့"

ဘုန်း! ခွပ်!

ဝီစီမှုတ်သံနှင့်အတူ သံတံခါးများမှာ တစ်ခုပြီးတစ်ခုပွင့်လာလေသည်။

ကျိုးဟောင်မှာ အနီရောင်စပါးအုံးမြွေနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ ဤအနီရောင်စပါးအုံးမြွေ၏အရှိန်မှာ အခြားအဆင့်နိမ့်မိစ္ဆာစစ်သည် ၄ကောင်ထက်သာကြောင်း သူမြင်တွေ့ပြီးပြီဖြစ်သည်။ ထိုသတ္တဝါမှာ မီတာရာချီအကွာအဝေးကို ၁၀စက္ကန့်မပြည့်ခင်ပင်ရောက်လာလေသည်။

"ဟဟ ဒီကျိုးဟောင်တော့ သေပြီပဲ"

"ငါမှတ်မိသလောက် ပြီးခဲ့တဲ့တစ်ခေါက်တိုက်ခိုက်ရေးစွမ်းရည် အကဲဖြတ်ပြိုင်ပွဲတုန်းက ကျိုးဟောင်ကကံကောင်းပြီး သန္ဓေပြောင်းသားရဲတစ်ကောင်သတ်နိုင်ပြီး လေ့ကျင့်ရေးအတန်းကိုဝင်ခွင့်ရသွားတာ ဒါပေမဲ့ ဒီတစ်ခေါက်တော့...သူတကယ်ကြီး အနီရောင်စပါးအုံးမြွေနဲ့ကြုံပြီ"

"ငါအရင်ကပြောဖူးသားပဲ မင်းဘယ်လောက်ပဲကံကောင်းနေပါစေဦး အဲဒီကံကောင်းမှုမရှိတော့တဲ့နေ့ဆိုတာ ရှိလာမှာပဲ"

"ငါလောင်းရဲတယ် အဲဒီကောင် ၁၀စက္ကန့်ကျော်ထက်ပိုမခံဘူး"

"မင်းကသူ့ကိုအရမ်းအထင်ကြီးနေတာပဲ သူအများဆုံးမှ ၃စက္ကန့်ပဲခံမှာ"

တတိယနှစ်ကျောင်းသားအများစုမှာ ရယ်မောပြီးဆွေးနွေးနေကြလေသည်။ သူတို့ကျိုးဟောင်နှင့်မရင်းနှီးသော်လည်း ကျိုးဟောင်သည်လေ့ကျင့်ရေးအတန်းအား တက်ခွင့်ရသည်မှာ ကံကြောင့်သာဖြစ်သည်ဟု ထင်နေကြခြင်းဖြစ်သည်။

လေ့ကျင့်ရေးအတန်း၏ အကဲဖြတ််မှုကိုအောင်မြင်ပြီးသော အချို့ကျောင်းသားများမှာလည်း ခိုးကာနှာခေါင်းရှုံ့နေကြလေသည်။

စင်မြင့်ပေါ်ရှိ မိဘအများစု၏အကြည့်များမှာ ရှုလင်ထံတွင်သာရှိနေကြသော်လည်း ရှုကျန့်ကော်မှာ ကျိုးဟောင်အားစိုက်ကြည့်နေလေသည်။

ရွှီ!

အနီရောင်စပါးအုံးမြွေမှာ လျှပ်စီးကဲ့သို့သောအရှိန်ဖြင့်ခုန်အုပ်လာခဲ့သည်။ ကျိုးဟောင်မှာ ပျာယာခတ်ချင်ယောင်ဆောင်ပြီး ဘေးဘက်သို့ရှောင်လိုက်လေရာ သူ၏ခန္ဓာကိုယ်မှာ အနီရောင်စပါးအုံးမြွေ၏ ကြေးခွံချပ်ဝတ်အားတိုက်မိမလိုပင်ဖြစ်သွားလေသည်။

အနီရောင်စပါးအုံးမြွေ၏ခုန်အုပ်မှုမှာ လွဲချော်သွားပြီးနောက် ၎င်းသည်ချက်ချင်းဆိုသလိုပင် အမြှီးဖြင့်ကျိုးဟောင်အားလှမ်းရိုက်လေသည်။

ကျိုးဟောင်မှာ ဓားကိုခန္ဓာကိုယ်အရှေ့တွင်ထားလိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်လေသည်။

ဘန်း!

အနီရောင်စပါးအုံးမြွေ၏အမြီးမှာ အရှိန်ပြင်းပြင်းဖြင့် ကျိုးဟောင်၏ကျောဘက်သို့ရောက်ရှိလာလေသည်။

သို့သော် ကျိုးဟောင်ရပ်နေသောရှုထောင့်မှာ အနီရောင်စပါးအုံးမြွေ၏အမြီးအား သူ့ခေါင်းကိုသူရိုက်မိစေသလိုဖြစ်သွားလေသည်။

ရွှီ!

ထို့နောက်ကျိုးဟောင်မှာ ဓားကိုလက်နှစ်ဖက်လုံးဖြင့်မြှောက်ကာ ပိုင်းချလိုက်လေသည်။

အနီရောင်စပါးအုံးမြွေ၏ခေါင်းမှာ တို့ဟူးတုံးသဖွယ် ထက်ပိုင်းပြတ်သွားလေသည်။

"ဘာရယ်"

ကျိုးဟောင်အားစိုက်ကြည့်နေသော ရှူကျန့်ကော်မှာ ရုတ်တရက်မတ်တတ်ထရပ်လိုက်မိလေသည်။

အခြားကျောင်းသားမိဘများမှာလည်း ရှူကျန့်ကော်၏အမူအရာကိုကြည့်ပြီး အံ့ဩသွားကြလေသည်။ သို့သော် သိပ်မကြာမီမှာပင် ဆူနာမီလှိုင်းကဲ့သို့သော တဝေါဝေါဆူညံသံများကို ကြားလိုက်ရလေသည်။

ပွဲကြည့်စင်ရှိ ကျောင်းသားများမှာလည်း အံ့ဩတကြီးမတ်တတ်ရပ်လာကြလေသည်။

မူလက ရှုလင်၏တိုက်ပွဲကိုကြည့်နေခဲ့သော နည်းပြရှန်းမှာလည်း ပုံမှန်မဟုတ်သောအခြေအနေအား သတိထားမိလိုက်လေရာ ပတ်ဝန်းကျင်သို့ဝေ့ဝဲကြည့်ပြီးနောက် သူပါမှင်တက်သွားလေသည်။

"ဒါ....မိစ္ဆာစစ်သည်ကိုပထမဆုံးသတ်လိုက်တဲ့လူက ကျိုးဟောင်လား"

ဘုန်း! ခွပ်!

ဒုတိယမြောက်သံလှောင်အိမ်ပွင့်လာပြီး ချိုတစ်ချောင်းပါတောဝက်မှာ ကျိုးဟောင်ဆီပြေးဝင်လာလေသည်။

ယခုတစ်ကြိမ်တွင် နည်းပြရှန်း၊ ကျောင်းသားမိဘများ၊ ရှုကျန့်ကော်နှင့် အခြားကျောင်းသားများမှာ ကျိုးဟောင်အားကြည့်နေကြလေသည်။

ဝှစ်!

ကျိုးဟောင်၏ခန္ဓာကိုယ်မှာ ပေါ့ပါးနေပြီး ချိုတစ်ချောင်းပါတောဝက်ပြေးဝင်လာသည့်အချိန်မှာပင် အနောက်သို့အနည်းငယ်ခုန်ဆုတ်လိုက်ပြီး ဘေးကိုတိမ်းကာ ဓားဖြင့်ပိုင်းလိုက်လေသည်။

ဘန်း

ချိုတစ်ချောင်းပါတောဝက်၏ခေါင်းမှာမြေပြင်ပေါ်သို့ပြုတ်ကျလာသော်လည်း ၎င်း၏ခန္ဓာကိုယ်မှာ ပြေးလာသောအရှိန်အတိုင်း ရှေ့သို့ရောက်သွားလေသည်။

ပရိတ်သတ်အုပ်ထံမှ အံ့ဩနေသောအသံမှာ ထပ်မံထွက်ပေါ်လာလေသည်။

ကျိုးဟောင်၏ ချိုတစ်ချောင်းပါတောဝက်အား သပ်သပ်ရပ်ရပ်ဖြင့်သတ်ဖြတ်လိုက်ပုံမှာ သူတို့မျှော်မှန်းထားတာထက် အများကြီးပိုနေပေသည်။

အနီရောင်စပါးအုံးမြွေအား သတ်နိုင်ခြင်းမှာ ကံကောင်း၍သာသတ်နိုင်သည်ဟု သတ်မှတ်နိုင်သော်လည်း ဤချိုတစ်ချောင်းပါတောဝက်အားသတ်သည့်ကိစ္စတွင်တော့ အားလုံးအရူးမဟုတ်လေရာ ကျိုးဟောင်ဖော်ပြသွားသော တိုက်ခိုက်ရေးစွမ်းရည်ကို သိလိုက်ရလေသည်။

စင်မြင့်ပေါ်ရှိ ရှုကျန့်ကော်မှာမအံ့ဩဘဲမနေနိုင်တော့ပေ။

"ဒီ...ဒီကျိုးဟောင်ရဲ့ ခွန်အားက..."

ရှန်းကျင့်မှာ လက်ကာပြပြီးကြားဖြတ်ပြောလာလေသည်။

"အသံမထွက်နဲ့ ဆက်စောင့်ကြည့်နေ"

အခြားစကားပြောချင်နေသော ကျောင်းသားမိဘများမှာလည်း ချက်ချင်းပင်ပါးစပ်ပိတ်သွားကြလေသည်။ ရှုကျန့်ကော်သည်လည်း အံ့ဩမှုကိုချိုးနှိမ်ကာ ဆက်ကြည့်နေလေသည်။

နောက်သတ္ဆဝါများမှာ ဝံပုလွေဖြူနှင့် နှင်းကျားသစ်ဖြစ်သည်။

သို့သော် စစ်သည်အဆင့်မိစ္ဆာသားရဲတိုင်းမှာ အလျင်အမြန်ပင် ကျိုးဟောင်၏သတ်ဖြတ်ခြင်းအား ခံလိုက်ရပြီး ထိုဖြစ်စဉ်တစ်ခုလုံးမှာလည်း ၅စက္ကန့်တောင်မကြာပေ။

မိစ္ဆာစစ်သည် ၁၀ကောင်အားသတ်ရန် ကျိုးဟောင်ယူလိုက်ရသောအချိန်မှာ ၂မိနစ်ပင်မပြည့်ပေ။

ယခုလိုသတ်ဖြတ်မှုအရှိန်နှုန်းက ယွမ်ချန်း၊ ယွင်ယန်နှင့် အခြားယန်ကျင်းမှပါရမီရှင်များနှင့် ယှဉ်နိုင်ပေသည်။

ကျိုးဟောင် တကယ့်တိုက်ပွဲမှပြန်ဆုတ်ခွာလာသည့်အချိန်တွင် လေ့ကျင့်ရေးကွင်းတစ်ခုလုံး တိတ်ဆိတ်နေလေတော့သည်။

....................................................................................

အခန်း (၁၂၀) ပြီးပါပြီ။

All Chapters